YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

The Ying Yang Crossover Man 2023 1080p WEB-DL CM.mp4

612.68 MB N/A video/mp4 1462 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Sandlot
7.5

Imdb 7.8/10 rottentomatoes 65% ၁၉၉၃ ခုနှစ်ကထွက်ရှိထားတဲ့ The Sandlot ဟာဆိုရင်  ရပ်ကွက်လေးတစ်ခုကိုပြောင်းလာတဲ့ ကောင်လေးတစ်ယောက်နဲ့ သူရဲ့ အဲ့က သူငယ်ချင်းတွေနဲ့အတူ ဘေ့စ်ဘောဆော့လေရှိတဲ့ ကွင်းပြင်လွတ်ကြီးထဲကသူတို့လေးတွေရဲ့ ပျော်စရာကောင်းလှတဲ့ စွန့်စားခန်းတွေကို ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာ ဘေ့စ်ဘောရဲ့ သဘောသဘာဝတွေလည်းပါဝင်သလို ကလေးတွေရဲ့ ကိုယ့်အားကိုယ် ကိုးပြီးကြိုးစားကြတာလေးကိုပြထားပါသေးတယ်။ ဒီ ကားထဲမှာပါတဲ့ ဇာတ်ကောင်တွေကတော့ Scotty Smalls, Benny Rodriguez, Yeah-Yeah, Squints, Hamilton,စတဲ့ ကလေးတွေကိုအခြေခံပြီးရိုက်ကူးထားတဲ့ကားပဲဖြစ်ပါတယ်။ Slice of Life, Comedy, Drama, Sport အမျိုးအစားဖြစ်တဲ့အပြင် ကြည့်သူတိုင်းကို ရင်ထဲနွေးသွားအောင်ပြုလုပ်ပေးနိုင်တဲ့ဇာတ်ကားမလို့ ကြည့်သင့်တဲ့ ကားလေးတစ်ကားပဲဖြစ်ပါတယ်။ File size…(1.7 GB)/(1.5 GB)/(776 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:41:00 Genre...Family, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phyo Phill

Action • Crime • Mystery • Thriller
7.5 1993 101 mins
The Sandlot
Tell It Like a Woman
4.7

Tell it Like A Woman က အမျိုးသမီးတွေအကြောင်း အမျိုးသမီးတွေကပြောပြထားတဲ့ဇာတ်လမ်းတိုခုနှစ်ခုပေါင်းစပ်ထားတဲ့ဇာတ်ကားပါ။ အမျိုးသမီးတွေပြောပြထားပေမယ့် အမျိုးသမီးတွေအတွက်ချည်းမဟုတ်ပဲ ခံစားနိုင်လည်နိုင်သူအားလုံးအတွက်ရည်ရွယ်တဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ကမ္ဘာအဝှမ်းက အမျိုးသမီးဒါရိုက်တာတွေပူးပေါင်းထားပြီး ဂျပန် အီတလီ အိန္ဒိယ အမေရိကန်တို့မှာရိုက်ကူးထားပါတယ်။ မင်းသမီးတွေကလဲဒီနိုင်ငံတွေကအစုံပါဝင်ပါတယ်။ အဓိကဖော်ပြချင်တာကတော့ နိုင်ငံအစုံက အလွှာအစုံကအမျိုးသမီးတွေရင်ဆိုင်ရတဲ့အခက်အခဲတွေ ဘဝအမောတွေ သဘာဝအရရင်ဆိုင်ရတဲ့ဒဏ်တွေ အမျိုးသမီးဖြစ်နေလို့ရင်ဆိုင်ရတဲ့ဒဏ်တွေ သူတို့ရဲ့ဒီအခက်အခဲတွေကိုကျော်လွှားပုံတွေကို ဇာတ်လမ်းရှည်ကြီးနဲ့ဇာတ်နာပြမနေပဲ ဇာတ်လမ်းတိုလေးတွေနဲ့ထိထိမိမိဖော်ကျူးထားပါတယ်။ ဒီလိုဇာတ်လမ်းတိုညွှန့်ပေါင်းဇာတ်ကားတွေမှာ ဇာတ်လမ်းသွားတစ်ခုစီဖြစ်နေတဲ့ဇာတ်လမ်းတွေကို မရရအောင်ချိတ်ဆက်ပေးနိုင်တာက အသက်ပဲလို့ထင်ပါတယ်။ ဇာတ်လမ်းတိုတစ်ပုဒ်ကနေ နောက်တစ်ပုဒ်ပြောင်းသွားတာကို ပရိသတ်ကမသိလောက်အောင်လိုက်ပါစီးမြောသွားဖို့ကအခရာပါပဲ။ ဒီ Tell It Like A Woman မှာတော့ ဇာတ်လမ်းတစ်ခုနဲ့တစ်ခုအကူးအပြောင်းတွေက ကြမ်းလွန်းတာ ရုတ်တရက်ဖြစ်လွန်းတာတွေရှိပေမယ့် ဇာတ်လမ်းတိုခုနှစ်ပုဒ်ထဲမှာ တစ်ချို့ဇာတ်လမ်းတွေက ထိမိလွန်းပြီး ပေးချင်တဲ့မက်ဆေ့ချ်ကလဲ ထင်းလွန်းပါတယ်။ ဖြစ်ရပ်မှန်ဇာတ်လမ်းတွေလဲပါဝင်ပါသေးတယ်။ ဘယ်ဇာတ်လမ်းကို ကိုယ်က ပိုသဘောကျတယ်နားလည်စာနာနိုင်တယ်ဆိုတာတော့ ပရိသတ်တစ်ဦးချင်းစီရဲ့အမြင် အတွေ့အကြုံတွေနဲ့သက်ဆိုင်မယ်လို့ထင်ပါတယ်။ Bonus အနေနဲ့ ဒီဇာတ်ကားထဲက ဘောလိဝုဒ်မင်းသမီး ဂျက်ကလင်းပါဝင်သရုပ်ဆောင်ထားတဲ့ နောက်ဆုံးဇာတ်လမ်းတိုမှာပါဝင်တဲ့ "Applause" သီချင်းဟာ အော်စကာမှာ "Best original Song" အဖြစ် ဆန်ကာတင်စာရင်းဝင်ခဲ့ပါသေးတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။ Genre..... Action, Comeday, Drama Quality…. 1080p | 720p | 480p File size… 2.8GB | 1GB | 513MB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida Encoder ..... Aaron

Comedy • Romance
4.7 2022 112 mins
Tell It Like a Woman
A Ghost Story
7.1

IMDb - 6.9/10_____Rotten - 91% ဇာတ်ကားနာမည်လေးကြည့်လိုက်ရုံနဲ့သရဲကားဆိုပြီးပြေးမြင်မိမှာပါ။ ဟုတ်ပါတယ်သရဲကားတော့သရဲကားပါပဲ။ ဒါပေမယ့်သရဲဖက်ကနေရိုက်ပြထားတဲ့သရဲကားလေးပါဗျာ။ နာမည်လေးအတိုင်းပါပဲသရဲတစ်ကောင်ရဲ့ဇာတ်လမ်းလေးပါ။ ကျွန်တော်တို့သေဆုံးသွားရင်ဘာတွေဖြစ်သွားမလဲ။ ဘယ်ကိုရောက်သွားမလဲ။ ဒီမေးခွန်းတွေဟာတော်တော်များများယခုထိငြင်းခုံနေကြဆဲပါ။ ဘာသာအမျိုးအမျိုးမှာပါရှိပြီးဖြစ်ပေမယ့်ဒီမေးခွန်းကိုတစ်ခါလောက်ဖြစ်ဖြစ်တော့လူတိုင်းတွေးဖူးကြမှာပါပဲ။ ဒီကားလေးဟာတကယ်ကိုရိုးရိုးရှင်းရှင်းလေးရိုက်ပြထားတဲ့ကားလေးဖြစ်ပါတယ်။ ကျွန်တော်တို့နေ့စဉ်ဓူဝလုပ်ရှားနေတဲ့ပုံကိုကင်မရာချထားပြီးရိုက်ထားသလိုပါပဲ။ တကယ်ကိုရိုးရိုးရှင်းရှင်းရိုက်ပြထားတာမို့ပရိသတ်အများစုအတွက်ပျင်းစရာဖြစ်နိုင်ပါလိမ့်မယ်။ ရိုးရှင်းလွန်းလို့သရဲတောင်ရိုးရိုးလေးပဲပြထားတာပါ။ ဒါပေမယ့်သည်းခံပြီးဆက်ကြည့်မယ်ဆိုရင်တော့ဖြင့်ဇာတ်ကားလေးအပြီးမှာတစ်ခုခုတော့စဉ်းစားစရာကျန်မယ်လို့ထင်ပါတယ်။ သရဲကားကြောက်တဲ့သူတွေအတွက်Horrorကားထက်Mystryပုံစံဇာတ်ကားမျိုးပါ။ ကြောက်ဖို့မကောင်းသလိုတွေးစရာတွေပဲပေးမယ့်ကားလေးပါ။ ကျွန်တော်တို့ကြုံတွေ့နေရတဲ့လူနေမှုပုံစံတွေပြီးတော့သေပြီးသွားရင်ဘယ်လိုဖြစ်မလဲဆိုတဲ့အမြင်လေးတွေ။ သေဆုံးသွားသူနဲ့ကျန်ရစ်သူကြားသံယောဇဉ်ချည်နှောင်မှုတွေ၊ဒါတွေကိုလက်တွေ့ကျကျကိုယ်ပိုင်အတွေးအခေါ်တရပ်နဲ့ရိုက်ပြထားတဲ့ကားလေးဖြစ်ပါတယ်။ ပြောခဲ့တဲ့အတိုင်းလက်တွေ့ကျပြလွန်းလို့ပျင်းကောင်းပျင်းသွားနိုင်စရာတော့ရှိပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ်လေးကိုပြောပြပါမယ်။ အိမ်တစ်အိမ်ကိုပြောင်းလာတဲ့စုံတွဲတစ်တွဲကနေစတာပါပဲ။ သူတို့နှစ်ယောက်ကတကယ်ကိုချစ်ကြတဲ့သူတွေပါ။ တနေ့မှာတော့ကောင်လေးဟာကားတိုက်မှုဖြစ်ပြီးကွယ်လွန်သွားပါတယ်။ အဲဒီလိုနဲ့အထီးကျန်ရစ်ခဲ့တဲ့ကောင်မလေးတစ်ယောက်တည်းရှိတဲ့အိမ်လေးကို ကောင်လေးရဲ့ဝိညာဉ်ပြန်ရောက်လာပါတော့တယ်။ ကောင်လေးအနေနဲ့သူ့အမျိုးသမီးကိုပြန်ဆက်သွယ်ဖို့ကြိုးစားရှာပါတယ်။ အမြဲတမ်းသူ့ဘေးမှာရှိနေပေးတယ်။ သူလုပ်သမျှကိုကြည့်နေပေးတယ်။ အဲဒီအပိုင်းတွေကြည့်ရင်းကိုယ့်ကိုဘယ်သူများကြည့်နေမလဲဆိုပြီးကလိကလိဖြစ်နေပါလိမ့်မယ်။ တကယ်လည်းကိုယ့်ဘေးပတ်ဝန်ကျင်မှာသွားလာလှုပ်ရှားနေသူတွေရှိနေနိုင်တာပါပဲ။ ဇာတ်လမ်းလေးကရိုးရိုးလေးဆိုပေမယ့်လူတွေတွေးတတ်ပုံစံတွေ၊လူ့သဘာဝတွေ၊အတွေးအခေါ်တချို့ကိုပါထည့်သွင်းပြထားပါတယ်။ စဉ်းစားစရာအပြည့်နဲ့ရိုးရိုးရှင်းရှင်းကားလေးတစ်ကားပါပဲ။ နိုင်ငံတကာမှာလည်းဝေဖန်မှုအမျိုးမျိုးရရှိထားပြီးRatingအနေနဲ့လည်း7.7ထိရရှိထားတဲ့အပြင်ဆု၂ဆုပါရရှိထားပြီးပါပြီ။ တစ်ခုတော့ရှိပါတယ်Horrorကားမဟုတ်တဲ့အတွက်Horrorကြိုက်တဲ့ပရိသတ်တွေအတွက်တော့စိတ်ကျေနပ်စရာဖြစ်မှာမဟုတ်ပါဘူး။ ဒါပေမယ့်တစ်ခုခုတွေးစရာတော့ရလိမ့်မယ်လို့ပြောပါရစေ။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ သူရဇာနည်အောင်ပါ) File Size : (650 MB) Quality : 720p Bluray Running Time : 1hr 32min Format : Mp4 Genre :Drama, Fantasy, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Thura Zarni Aung Encode by Thanhtike Zaw

Crime • Drama
7.1 2017 93 mins
A Ghost Story
Strange Wilderness
5.2

Strange Wilderness (2008) ==================== ဒီတစ်ခါတော့ ကျွန်တော်တို့ ၂၀၀၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဟာသ ကားလေးကို ပြန်ကြည့်လိုက်ရအောင်ဗျာ။ သူ့ရဲ့ဟာသတွေက အညှီအနှောက်တွေမပါဘဲ တွေးတွေးပြီးရယ်ရမဲ့ ပြက်လုံးလေး တွေ သုံးထားတယ်။ ပြီးတော့ တောရိုင်းတိရစ္ဆာန်လေးတွေအ ကြောင်းလည်း ပါသေးတာမို့ ကလေးရော လူကြီးပါမကျန် ကြည့် ရှုလို့ရမဲ့ ဇာတ်လမ်းတစ်ခုပါပဲ။ ဇာတ်လမ်းအညွှန်း – ပီတာကတော့ တောရိုင်းတိရစ္ဆာန်တွေရဲ့ သဘာဝတွေကို ရိုက်ကူး တင်ဆက်ပေးနေတဲ့ Strange Wilderness ဆိုတဲ့ တီဗွီအစီအစဉ်က အစီအစဉ်တင်ဆက်သူတစ်ယောက်ပါ။ သူ့ရဲ့ဖခင် တင်ဆက်စဉ်က တော့ အစီအစဉ်က အရမ်းကိုအောင်မြင်ခဲ့ပြီး ရွှေခေတ်ဖြစ်ခဲ့တယ် လို့တောင် ဆိုလို့ရပါတယ်။ ဖခင်ဆုံးပါးသွားပြီး သူ့လက်ထက်မှာတော့ ပေါချာချာ plot တွေကြောင့် ကြည့်ရှုနှုန်းတွေလည်း ကျလာခဲ့ပါပြီ။ ကြည့်ရှုနှုန်းကျဆို သူ့အဖွဲ့သားတွေကိုလည်း ကြည့်ဦးလေ။ ၂၄ နာရီလုံး ဆေးကွဲနေတဲ့ကောင်ရယ်၊ အရက်နဲ့ မျက်နှာသစ်တဲ့ကောင်ရယ်၊ အသံ ဖမ်းပါဆို စကားချည်းဝင်ပြောနေတဲ့ကောင်ရယ်၊ တလွဲ plot တွေချည်း ရေးပေးတဲ့ ဇာတ်ညွှန်းရေးဆရာရယ် ဒီလို ဇော်တွေချည်း စုနေမှတော့ တွေးသာကြည့်ကြပါတော့။ ဒီလိုနဲ့ ဂယောက်ဂယက်တွေဖြစ်နေတဲ့ ပီတာတို့အဖွဲ့ကို ထုတ်လုပ်သူက အစီအစဉ်ဖျက်သိမ်းတော့မဲ့အကြောင်း ခေါ်ပြောလာတဲ့အချိန်မှာတော့ ဆက်ပြီးတင်ဆက်ခွင့်ရဖို့ တောတွင်းစွန့်စားခန်းတစ်ခု ထွက်ကြရပါတော့ တယ်။ သူတို့ တင်ဆက်မဲ့ အစီအစဉ်က လူဝံကိုရှာဖွေခြင်း တဲ့။ ကဲ ရှုစား လိုက်ကြပါဦးဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size……….(2.07 GB) / (766 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 27Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Adventure, Comedy Translator……May Thet Khine Soe Encoder……….Zin Phyo Aung

5.2 2008 87 mins
Strange Wilderness
Stolen
5.5

တစ်ချိန်တစ်ခါက ဟုန်းဟုန်းတောက်ကျော်ကြားခဲ့ပြီး အခုအချိန်မှာလည်း ပြန်လည်တွေ့မြင်နေရပြီဖြစ်တဲ့မင်းသားကြီး Nicolas Cage ရဲ့ ဇာတ်ကားဟောင်းလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Stolen ဖြစ်ပြီးတော့ သူ့ကိုအများဆုံးတွေ့ရတဲ့ ဇာတ်ရုပ်ဖြစ်တဲ့ ရာဇဝတ်သားတစ်ယောက်နေရာကနေ သရုပ်ဆောင်ထားတာကို တွေ့ရမှာပဲဖြစ်ပါတယ်။ ဒီထဲမှာတော့ ဝေလ်ဆိုတဲ့ဉာဏ်ကြီးရှင် သူခိုးတစ်ယောက်နေရာကနေ တွေ့ရမှာပဲဖြစ်ပါတယ်။ဇာတ်လမ်းအစမှာ ဘဏ်တစ်ခုထဲက ပိုက်ဆံတွေကို ခိုးယူပြီးထွက်ပြေးနေတာကို တွေ့ရမှာပါ။ဒါပေမယ့် အကြောင်းအရင်း တစ်ခုခုကြောင့် သူ့တွဲဖက်ဖြစ်သူ ဗင်းဆင့်နဲ့သဘောထားကွဲလွဲပြီး သူတစ်ယောက်တည်း ပိုက်ဆံတွေနဲ့ ကျန်ခဲ့ပြီးအဖမ်းခံလိုက်ရပါတော့တယ်။ ဒါပေမယ့် ထူးဆန်းတာက သူ့ကိုဖမ်းမိတဲ့အချိန်မှာ ပိုက်ဆံတွေကမရှိတော့ပါဘူး။ ဒီလိုနဲ့ ထောင်ရှစ်နှစ်ကျပြီး ပြန်ထွက်လာတဲ့အချိန်မှာတော့ သူ့ဘဝမှာ အချစ်ရဆုံးသူဖြစ်တဲ့ သူ့သမီးနဲ့သွားတွေ့ခဲ့ပါတယ်။ဒါပေမယ့် ခါးခါးသီးသီး ငြင်းလွှတ်ခံလိုက်ရလို့ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေနဲ့ သွားတွေ့နေတဲ့အချိန်မှာ သူ့သမီးပြန်ပေးဆွဲခံလိုက်ရပြီး လွန်ခဲ့တဲ့ရှစ်နှစ်ကပိုက်ဆံတွေကို တောင်းပါတော့တယ်။ ဒီလိုနဲ့ ဝေလ်တစ်ယောက်သမီးကိုပြန်ရဖို့အတွက် ဘယ်လိုတွေရုန်းကန်ရမလဲ အဲ့ဒီပိုက်ဆံတွေကရော တကယ်တမ်းဘယ်ရောက်သွားလဲဆိုတာတွေအပြင် တခြားစိတ်ဝင်စားစရာ ဇာတ်လမ်းဇာတ်ကွက်တွေကိုလည်း ကြည့်ရမဲ့ ဇာတ်ကားဟောင်းထဲးကမှ ဇာတ်ကားကောင်း တစ်ကားပဲဖြစ်ပါတယ်။ File size…1.93 GB / 769MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 36m Genre ….. Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.5 2012
Stolen
The Seventh Day
4.5

The Seventh Day (2021) ================= ဖာသာပီတာဟာ ဂုဏ်သတင်းကြီးတဲ့အပနှင်သူတစ်ဦးဖြစ်ပြီး ကျောင်းဆင်းကာစ လူငယ်လက်သင်တစ်ယောက်ဖြစ်တဲ့ ဖာသာ ဒင်နီယယ်ကိုလေ့ကျင့်ပေးဖို့အကြောင်းဖန်လာပါတယ်။ သူတို့ရဲ့ ပထမဆုံးနေ့မှာပဲ မကောင်းဆိုးဝါးပူးပြီး တစ်မိသားစုလုံးကို သတ် လိုက်တဲ့ ချာလီဆိုတဲ့ ကလေးငယ်တစ်ယောက်ကိုအပနှင်ပေးရမယ့် အမှုနဲ့ကြုံရပါတယ်။ ဖာသာဒင်နီယယ်က ဒီအမှုတစ်ခုလုံးကို သူ့လက်ထဲပုံအပ်ပြီးဘေး ကနေလမ်းကြောင်းပေးတာလောက်ပဲလုပ်ဆောင်ပေးတဲ့အတွက် ဒင်နီယယ်တစ်ယောက်တည်း အစအဆုံးဖြေရှင်းဖို့ကြိုးစားရာကနေ ဒီအမှုရဲ့ထူးခြားချက်တွေကိုတွေ့မြင်လာတဲ့အခါမှာတော့။ အပနှင်တဲ့ ကားဆိုပေမယ့် စုံထောက်ကားတစ်ကားလို သဲလွန်စရှာပုံ ထောက်လှမ်း ပုံတွေလှည့်ကွက်တွေနဲ့စိတ်ဝင်တစားကြည့်ရှုရမယ့် horror ကား ကောင်းတစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်) File Size……….(973 MB) / (342 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 27Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror, Mystery Translator…….Alias Encoder……….SWM

Horror
4.5 2021 87 mins
The Seventh Day
[18+] Zillion
7.4

IMDb 7.4 အထိရရှိပြီး ၂ နာရီ ၁၈ မိနစ်ကြာတဲ့ Crime/Drama အမျိုးအစားရုပ်ရှင်ပါ။ ဒီရုပ်ရှင်က Nightlife အကြောင်းကိုရိုက်ပြထားတဲ့ရုပ်ရှင်ပါ။ အချိန်ကာလအားဖြင့် ၁၉၉၇ခုနှစ်ပါ။ ဘယ်လ်ဂျီယံနိုင်ငံရဲ့ အကြီးဆုံး ဒစ်စကိုနိုက်ကလပ်ကြီးရဲ့ ပိုင်ရှင်သူဌေး၊ ဘယ်လ်ဂျီယံရဲ့အလှဆုံး အမျိုးသမီး မစ္စဘယ်လ်ဂျီယံ ၁၉၉၇ ရဲ့ဘေးမှာ မနက်တိုင်းနိုးထခွင့်ရတဲ့သူ အသက် ၂၇ နှစ်အရွယ် ခရန့်ခ်ဟာ မူလအစမှာတော့ အီလက်ထရောနစ်ပစ္စည်းတွေကို မှောင်ခိုတင်သွင်းတဲ့ ကွန်ပျူတာဉာဏ်ကြီးရှင်လေးတစ်ယောက်ပါ။ ဒါပေမဲ့ တစ်ခုခုကိုလိုချင်ပြီဟေ့ဆိုရင် ရအောင်ယူတတ်တဲ့ ဉာဏ်ကြီးရှင်ဖရန့်ခ်ဟာ မှောင်ခိုပစ္စည်းရောင်းတဲ့အလုပ်နဲ့ပဲ မတင်းတိမ်နေဘဲ ဘယ်လ်ဂျီယံမှာ တစ်ခါကမှမရှိခဲ့ဖူးတဲ့ နည်းပညာတွေ ၀န်ဆောင်မှုတွေနဲ့ ဒစ်စကိုကလပ်ကြီးကိုတည်ဆောက်ဖို့အတွက် မဟာဗျူဟာမြောက်စီမံကိန်းကြီးကို အကောင်အထည်‌ဖော်လိုက်တဲ့နောက်မှာတော့ Nightlife ဘုရင် ဖရန့်ခ်ရဲ့ အောင်မြင်မှုတွေ၊ ဘ၀ အနိမ့်အမြင့်အတက်အကျတွေ နဲ့ ဒစ်စကိုခရီးစဉ်ကြီးကို ဆက်လက်ကြည့်ရှုရမှာပါ။ ဒီရုပ်ရှင်ထဲမှာ ၉၀ နှစ်တွေတုန်းက Nightlife ကို ဒစ်စကိုမီးတွေ Techno သီချင်းတွေနဲ့ တစ်ကားလုံး မြိုင်မြိုင်ဆိုင်ဆိုင်ကို ပုံဖော်ရိုက်ပြထားပါတယ်။ သရုပ်ဆောင်ချက်တွေကလည်း ပြောစရာမ‌ရှိအောင်ကောင်းသလို ပေးချင်တဲ့မက်ဆေ့ခ်ျတွေလည်းပါတာမလို့ သေချာပေါက်မြည်းစမ်း ကြည့်ရှုကြည့်ဖို့ ညွှန်းပေးလိုက်ပါတယ်။ Nudeရိုက်ချက်တွေ၊ Sex scene တွေပါတာကြောင့် ၁၈ နှစ်အောက် ကြည့်ရှုဖို့မသင့်ပါဘူး။ File size…(2.6 GB)/(1.5 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:18:00 Genre…Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

Mystery
7.4 2022 138 mins
[18+] Zillion
Hit Man
7.2

IMDb 7.2 Tomato 97% ဒီရုပ်ရှင်ကတော့ ဟာသအက်ရှင်အမျိုးအစားပါ၊ Netflix ရဲ့ ပေါကားတွေကြားထဲမှာ ရှားရှားပါးပါး စိတ်ဝင်စားစရာ ကားကောင်းလေးပါပဲ။ ဒါရိုက်တာက Before Trilogy ရဲ့ ဖန်တီးရှင် Richard Linklater ဆိုတော့ ဒိုင်ယာလော့ လန်းလန်းတွေ ပါတာပေါ့။ ဇာတ်လမ်းကတော့ နာမည်အတိုင်း ကြေးစားလူသတ်သမား တစ်ယောက်အကြောင်းလို့ ထင်မိရင် မှားမယ်။ မဟုတ်ပါဘူး။ ဒီဇာတ်လမ်းအရဆိုရင် ကြေးစား လူသတ်သမားဆိုတာ တကယ်မရှိပါဘူး။ ဘယ်ကောင်မှ သေဒဏ်ကျနိုင်တဲ့ကိစ္စကို ငွေလေးနှစ်ပဲတစ်ပြားနဲ့ မလုပ်ပါဘူးတဲ့။ ဒီတော့ လူတစ်ယောက်ကို သတ်ချင်လို့ လိုက်ငှားတဲ့သူတွေကို ရဲက စုံစမ်းမိပြီဆိုရင်သူတို့ရဲ့ လက်ရွေးစင် အသွင်ယူ ကြေးစားလူသတ်သမားကြီးကို ခေါ်လိုက်ပါတယ်။ သူက ကလိုင်းယန့်တွေကိုလေ့လာပြီး သူတို့ယုံမဲ့ပုံစံ စကားတွေနဲ့ အလုပ်အပ်တာကိုလက်ခံပြီးမှ ရဲတွေက သက်သေနဲ့ တစ်ခါတည်း ဖမ်းပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ ယောကျာ်းကိုသတ်ဖို့ အလုပ်လာအပ်တဲ့ ကောင်မလေးတစ်ယောက်ကို မဖမ်းဘဲ ဆုံးမပြီး ပြန်လွှတ် လိုက်ပါတယ်။ အဲဒီကောင်မလေးနဲ့ ပြန်တွေ့ရကနေ နောက်ဆက်တွဲတွေ ရှုပ်ကုန်ပြီး တကယ့် လူသတ်သမားတွေ အဖြစ် ဘယ်လိုပြောင်းသွားလဲ ကြည့်ရမှာပါ။ အစအဆုံး ဘာဖြစ်မလဲ သိချင်စိတ်ဖြစ်စေတဲ့ရုပ်ရှင်မျိုးမို့ သေချာပေါက် ကြည့်လိုက်ကြပါဦး။ File size…(8.2 GB) / (2.84GB) / (873MB) Quality…WEB-DL 4K/ 1080p 5.1CH / 720p Format…mp4 Duration….1h 55m Genre ….. Action , Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson

Comedy • Drama
7.2 2023
Hit Man
The Haunted Graduation Photo
5.8

ကိုယ့်ရဲ့ ပျော်စရာအပန်းဖြေခရီးဟာ နောက်ဆုံးခရီးဖြစ်သွားမယ်ဆိုရင်…… ကိုယ်ချစ်ခဲ့ရတဲ့လူက ကိုယ်မရှိတော့တဲ့နောက်ပိုင်း သူများအပေါ် မေတ္တာတွေ ပိုနေရင်…… တက္ကသိုလ်တတိယနှစ် ကျောင်းသားတစ်ဖွဲ့ဟာ အပန်းဖြေစခန်းတစ်ခုကို ခရီးထွက်ချိန်မှာ ကျောင်းသူလေး ရီဖြောင်းဖြောင်းဟာ ခြေချော်ပြီး ချောက်ကမ်းပါးပေါ်က ပြုတ်ကျခဲ့ပြီး သေဆုံးသွားခဲ့ပါတယ်။ ချစ်ရသူ ဖြောင်းဖြောင်းကို မေ့မရတဲ့ စူးလျန့်ဟာ တစ်နှစ်ကြာတဲ့အထိ အိပ်မက်ဆိုးတွေက နိုးထလာရပါတယ်…… တစ်နေ့မှာ မိန်းကလေးနဲ့ ယောကျာ်းလေးအဆောင်တွေမှာ ဖြောင်းဖြောင်းက သေဆုံးခြင်းနှစ်ပတ်လည်နေ့ကို သူသေခဲ့တဲ့ နေရာမှာ သူငယ်ချင်းတွေနဲ့ ပြန်ဆုံချင်ကြောင်းရေးထားတာ တွေ့ရပါတယ်။ အားလုံးက ကြောက်နေကြပေမဲ့ သူငယ်ချင်းရဲ့ တောင်းဆိုမှုဆိုတော့ လိုက်လျောကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်…… အပန်းဖြေခရီးမှာ ဘယ်လို ထိတ်လန့်တုန်လှုပ်စရာတွေနဲ့ ကြုံတွေ့ရမလဲ…… ထိတ်လန့်စရာတွေရဲ့ နောက်ကွယ်မှာရော ဘယ်သူက ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့ ကြိုးကိုင်ထားမလဲ…… သေဆုံးခြင်းရဲ့ ခြေလှမ်းတွေ နီးကပ်လာချိန်မှာ လမ်းဆုံးကို ရောက်နေတဲ့အားလုံးက ဘယ်လို ရွေးချယ်မှုတွေ လုပ်ကြမလဲ…… ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

Drama • Comedy
5.8 2017
The Haunted Graduation Photo
Hercules
6

Hercules (2014) IMDb Rating (6.0) ဒီကားကတော့ The Rock (Dwayne Johnson) နဲ့လိုက်ဖက်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်သလို၊ Hercules ရဲ့ ဇာတ်လမ်းကို မထင်မှတ်ထားတဲ့ ရှုထောင့်ကနေတင်ဆက် ပေးထားတာဖြစ်ပါတယ်။ ရှေးပုံပြင်တွေမှာ Hercules က Demi-God ဖြစ်ပြီး Zeus ရဲ့ သားဖြစ်တယ်လို့အာလုံး က လက်ခံထားကြသလို၊ Hercules ကာတွန်းကားကလည်း ဒီအတိုင်းပဲ သရုပ်ဖော်ထားခဲ့ပါတယ်။ ဒီကားကတော့ Hercules ရဲ့ ဂုဏ်သတင်း နဲ့ အားလုံးသိထားတဲ့ ပုံပြင်တွေ၊ စွန့်စားခန်းတွေ က တကယ်တော့ လူတွေ လုပ်ကြံပြောဆိုတာပါဆိုပြီး ရိုက်ကူးခဲ့ပါတယ်။ ဇာတ်လမ်းမှာ Hercules ရဲ့ တူဖြစ်သူက ခရီးလှည့်လည်သွားလာရင်းနဲ့ ရောက်လေရာမှာ သူ့ဦးလေးရဲ့ အကြောင်းကို လူတွေ အထင်ကြီး လေးစားလာအောင် ရန်သူတွေ ကြောက်ရွံ့ အောင် ပြောဆိုလေ့ရှိပါတယ်။ Hercules က ခေါင်းသုံးနဲ့ နဂါးကြီးကို ဘယ်လို ရင်ဆိုင်ခဲ့တာ၊ တောဝက်ကြီးကို ဘယ်လို နှိမ်နင်းခဲ့တာ၊ ခြေင်္သေ့ကြီးကို ဘယ်လို ရင်ဆိုင်ခဲ့တာ စသဖြင့် ပုံပြင်တွေ လုပ်ပြီး ပြောပြရာကနေ Hercules ရဲ့ ဂုဏ်သတင်းက ပြန့်နှံ့ခဲ့ပါတယ်။ တကယ်လည်း Hercules က ဒီသတ္တဝါတွေကို နှိမ်နင်းခဲ့တာဖြစ်ပေမယ့် သူတစ်ယောက်တည်း မဟုတ်ပါဘူး။ Hercules မှာ သူ့ ကိုလေးစားချစ်ခင်ပြီး သူ့နောက်က အမြဲလိုက်နေတဲ့ မိတ်ဆွေတွေရှိပြီး သူတို့အဖွဲ့က နှိမ်နင်းခဲ့တာဖြစ်ပါတယ်။ တနေ့တော့ သူ့တို့အဖွဲ့ဆီကို အာဂျင်နီးယားဆိုတဲ့ မိန်းမလှလေးတစ်ယောက်ရောက်ရှိလာပြီး သူတို့တိုင်းပြည်ကိုကျူးကျော်ဖို့ကြိုးစားနေတဲ့ စစ်ဘုရင်/မှော်ဆရာ ရီးဆပ်စ်ရဲ့အန္တရာယ်က ကာကွယ်ပေးဖို့ရွှေတွေ ပုံပေးပြီး ကမ်းလှမ်းလာခဲ့ပါတယ်။ အဲ့ဒီကမ်းလှမ်းချက်ကို သူတို့အဖွဲ့လက်ခံလိုက်ချိန်မှာတော့ သူတို့ဟာ ကြိုတင်မခန့်မှန်းနိုင်တဲ့ လှည့်ကွက်တွေ ပရိယာယ်တွေ သစ္စာဖောက်မှုတွေ အစုံစုံနဲ့တကွ ကြုံဖူးသမျှမှာ အကြီးမားဆုံးစွန့်စားခန်းကြီးရှည်ကြီးနဲ့ အတိတ်ကရန်ကြွေးတွေကိုပါ ဖြေရှင်းရင်ဆိုင်ဖို့ဖြစ်လာပါတော့တယ်။ ဇာတ်ကားက Hercules ကို ပုံပြင်တွေထဲကလို စွမ်းအားရှင်၊ အဖြစ် ပုံမပေါ်ထားဘဲ၊ သာမန်လူတစ်ယောက် ကနေ၊ သာမန်လူတွေထက် အင်အားပိုသန်သလို၊ နည်းပရိယာယ်ကြွယ်ဝတဲ့ လူစွမ်းကောင်း တစ်ယောက်အဖြစ် သဘာဝကျကျ ရိုက်ကူးတင်ဆက်ထားပါတယ်။ ဒီအချက်တစ်ချက်တည်းနဲ့ တင် ပရိတ်သတ်ကိုကြည့်ဖို့ ကျွန်တော် တိုက်တွန်းလိုပြီး၊ သရုပ်ဆောင်၊ ဇာတ်လမ်း၊ ဒါရိုက်တာ ဇာတ်ရှိန်အတက်အကျ ကောင်းမွန်ပါတယ်။ထွက်ရှိခဲ့စဉ်ကလဲ BO မှာအောင်မြင်ခဲ့သလို ဝေဖန်သူတွေကြားမှာလည်းမျက်နှာပန်းလှခဲ့တဲ့ ရုပ်ရှင်ကားကြီးပါ။ ဟာကျူလီကို ပုံဖော်ကြတဲ့ ရောမခေတ်ကားတွေထဲမှာ တမျိုးတဘာသာ အရသာပေးစွမ်းထားပါတယ်။

6 2014 98 mins
Hercules
On the Beach at Night Alone
6.8

On the Beach at Night Alone (2017) ~ IMDb – 6.8/10, RT – 92%, Meta – 80% ~ On the Beach at Night Alone ကို ဟုန်းဆန်းဆူရဲ့ မာစတာပိစ်ကားလို့ ဆိုကြတယ်။ Right Now, Wrong Then ထဲက မင်းသားနဲ့မင်းသမီးဖြစ်ခဲ့တဲ့ Jung Jae-young နဲ့ Kim Min-hee ကိုပဲ သုံးထားတယ်။ သူ့ရဲ့လက်စွဲတော်လည်းဖြစ်ခဲ့ သူ့မိန်းမလည်းဖြစ်တဲ့ Kim Min-hee ကတော့ ဒီတစ်ကားလုံးရဲ့ အခရာပါပဲ။ ပြောရရင် ဒီကားက Right Now, Wrong Then အပြီး သူနဲ့ကင်မင်ဟီးဖောက်ပြန်နေတာကို လူသိသွားပြီးတဲ့နောက် ရိုက်ခဲ့တဲ့ကား။ အဲဒီအခြေအနေကလည်း ဒီကားမှာ ထင်ဟပ်နေတယ်။ ဆိုတော့ အဲဒီအခြေအနေကို သိထားရင်တော့ ဒီကားရော သူ့နောက်ပိုင်းကားတွေရောက အရသာနည်းနည်းပိုရလိမ့်မယ်။ ဒီကားရဲ့မိတ်ဆက်ပွဲမှာပဲ ဟုန်းဆန်းဆူနဲ့ ကင်မင်ဟီးက သူတို့အခြေအနေကို အတည်ပြုပေးခဲ့တယ်။ ဇာတ်လမ်းကလည်း အိမ်ထောင်ရှိတဲ့ဒါရိုက်တာနဲ့ ဖောက်ပြန်ပြီး နာမည်ကျသွားတဲ့မင်းသမီးတစ်ယောက်ရဲ့ စိတ်အခြေအနေနဲ့ ဖြတ်သန်းမှုတချို့အကြောင်းသက်သက်ပဲ။ ဟုန်းဆန်းဆူဟာ ကိုရီးယားဒါရိုက်တာတွေထဲတော့ ရိုးရှင်းမှုနဲ့ အလှတရားကို‌ပေါင်းစပ်တတ်တဲ့ထဲ အကြမ်းဆုံးလို့ပြောရမယ်။ သူ့ကားမှန်သမျှက အင်မတန်ရိုးရှင်းလွန်းလို့ ပုံမှန်ကိုရီးယားပရိသတ်ဆို ပျင်းဖို့ကောင်းလွန်းလို့ စိတ်ပျက်သွားနိုင်တယ်။ ဒါပေမဲ့ ဟုန်းဆန်းဆူဟာ ငြိမ်နေတဲ့လူတွေနဲ့ ငြိမ်နေတဲ့စကားပြောခန်းတွေသက်သက်မှာပဲ အမြဲ စိတ်ရဲ့တစ်လွှာလွှာကို ခွာချပြတတ်တယ်။ ဒါကို ကင်မင်ဟီးရဲ့ သရုပ်ဆောင်စွမ်းရည်နဲ့ ပေါင်းစပ်ထားပြီး သူတို့ဆက်ဆံရေးရဲ့ အခရာအကျဆုံးကာလ စိတ်ခံစားချက်အများဆုံးကာလမှာ ရိုက်ခဲ့တာဆိုတော့ မာစတာပိစ်ဖြစ်နေတာလည်း ဆန်းတော့မဆန်းဘူး။ ဒီရုပ်ရှင်မှာ ပြိုလဲနေတဲ့လူတစ်ယောက်ရှိတယ်။ အဲဒီလူနဲ့ သူ့ဘေးကလူတွေရဲ့ သာမန်ညောင်ညစကားပြောခန်းတွေရှိတယ်။ ဒီဘာမှမဟုတ်တဲ့ စကားဝိုင်းတွေနဲ့ ဘာမှဖြစ်မလာတဲ့ဇာတ်ကနေပဲ ဒီရုပ်ရှင်က ခင်ဗျားမှာရှိပြီးသား လောကအမြင်ကိုပိုခိုင်မာစေတာဖြစ်ဖြစ် လောကအမြင်အသစ်တစ်ခုခုရစေတာဖြစ်ဖြစ် ဖြစ်စေနိုင်တယ်။ အဲဒါကိုက ဟုန်းဆန်းဆူရဲ့ အရသာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 870MB Quality – 1080p, 720p IMDb Rating – 6.8/10 Format – mp4 Duration – 1H 41Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Documentary
6.8 2017 101 mins
On the Beach at Night Alone
The Fast and the Furious: Tokyo Drift Fast and Furious 3
6.1

Fast and Furious ရုပ်ရှင်ကားတွေအကုန်လုံးကို 4K DD.5.1 Quality နဲ့ Extended Version တွေချည်း တင်ဆက်လိုက်ပါတယ်… ဒီမှာ https://www.channelmyanmar.to/category/special-package/fast-and-furious/ ကြည့်ပါ။ +++++++++++++++++++ The Fast and the Furious: Tokyo Drift (2006) IMDb Rating (6.1) / Rotten Tomatoes (38%) ရှောင်ဆိုတဲ့လူငယ်လေးဟာ တကယ်ပြဿနာအိုးကောင်..ကျောင်းတက်ရင်လည်း ပြဿနာမျိုးစုံတက်သလို ရန်ပွဲတွေလည်းခဏ ခဏဆင်နွှဲလေ့ရှိတယ်။ ဒီလို ဂျစ်ကန်ကန်ကောင်လေးကြောင့်အမေဖြစ်သူဟာ ခဏ ခဏ နေရပ်ပြောင်းရလေ့ရှိတယ်။ နောက်ဆုံးအဆင်မပြေတဲ့အဆုံးအမေဖြစ်သူဟာ ရှောင်ကို အဖေဖြစ်သူနေထိုင်တဲ့ ဂျပန်နိုင်ငံ တိုကျိုမြို့ကိုလွှတ်လိုက်တယ်။ အဖေနဲ့အတူနေပြီး နိုင်ငံခြားကျောင်းမှာ ခြေငြိမ်မယ်အထင်နဲ့ပေါ့။ သို့ပေမဲ့ ဂျပန်ရောက်မှာ ပိုဆိုးပါတော့တယ်။ File Size : (5.9 GB) /(1.8 GB) / (1.2 GB) Quality : BluRay 4K HEVC/ 1080p HEVC/ 720p Running Time : 1hr 44 min Format : Mkv/Mp4 Genre :Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Saw Lay Encoded by Phyo Pyae/Ka Naung

Romance • Comedy • Drama
6.1 2006 104 mins
The Fast and the Furious: Tokyo Drift Fast and Furious 3
The Straight Story

ဒီရုပ်ရှင်ကားက သူ့ နာမည်အတိုင်းပဲ Alvin Straight ဆိုတဲ့ စစ်ပြန်အဖိုးကြီး အကြောင်း ရိုက်ထားတာပါ။ သိပ်မကြာသေးခင်က ဆုံးပါးသွားတဲ့ ဒါရိုက်တာကြီး David Lynch ရဲ့ လက်ရာကောင်းတစ်ခုလည်းဖြစ်ပါတယ်။ Alvin Straight က အသက် ၇၀ကျော် ခေါင်းတအားမာပြီး လုပ်ချင်တာ ဇွတ်လုပ်တဲ့ အဖိုးကြီးပါ။ သူက Roseလို့ခေါ်တဲ့ သမီးတစ်ယောက်နဲ့ အတူ နေပါတယ်။ တစ်ရက်သူ့ဆီကို Wisconson မှာနေတဲ့ ညီဖြစ်သူက လေဖြတ်သွားပြီ ဆိုပြီး တူ ဖြစ်သူက အကြောင်းကြားလာပါတယ်။ Alvin နဲ့ Lyle တို့ ညီအစ်ကိုက ရန်ဖြစ်ပြီး စကားမပြောတာ ၁၀ စုနှစ် တစ်ခုရှိပါပြီ။ သူ့ညီ သတင်းကြားတာနဲ့ Alvin က သူ့အိမ်က မြက်ရိတ်စက်ကြီးကို နောက်တွဲတစ်ခု ဆွဲပြီး သူ့ညီဆီခရီးထွက်ဖို့ပြင်ပါတော့တယ်။ သူကိုယ်တိုင် ကျန်းမာရေးမကောင်းတာကြောင့် သမီးဖြစ်သူက တားပေမယ့် လက်မခံပဲ ဇွတ်တရွတ် ထွက်သွားတာပါ။ လမ်းမှာ ညဘက်တွေ လယ်ကွင်းထဲ စခန်းချပြီး နောက်တွဲထဲ အိပ်ပါတယ်။ သူနေတဲ့ Iowa ကနေ သူ့ညီနေတဲ့ Wisconsin ကို ၃၁၇မိုင် အကွာအဝေးရှိပါတယ်။ Alvin ရဲ့ ခရီးတစ်လျှောက်မှာ အမေရိကန် ကျေးလက် ရှုခင်းတွေကိုလည်း လှလှပပ မြင်တွေ့ရမှာပါ။ File size…(1.8 GB)/(961 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by leonie

Drama • Romance
0 1999
The Straight Story
Beauty and the Beast
8

Beauty and Beast (1991) IMDB : 8 Rottern Tomatoes : 95% Genre : Family/Fantasy ကိုယ်တွေ ကလေးဘဝတုန်းက ဘုမသိဘမသိနဲ့ ကာတွန်းကားဆိုပြီးတော့ ကြည့်ခဲ့ကြတဲ့ ဇာတ်လမ်းလေးတွေကို အသက်အရွယ်တစ်ခုရောက်လို့ သိတတ်တွေးတတ်တဲ့ အချိန်မှာ ပြန်ကြည့်မိရင် ရတဲ့ ခံစားချက်က ကလေးဘဝတုန်းက ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေကို အိမ်ပြန်တဲ့တစ်ရက်မှာ စိမ်ပြေနပြေ အယ်လ်ဘမ်ကို ပြန်ဖွင့်ပြီး ထိုင်ကြည့်ရတဲ့ ခံစားချက်နဲ့တောင် ခပ်ဆင်ဆင်လို့ ပြောလို့ရတယ်။ တချို့သော ကာတွန်းကားလေးတွေက ဆယ်ကျော်သက်မကလို့ နှစ်ဆယ်ကျော်သွားတောင် ကြည့်ရတဲ့ အရသာပြောင်းလဲမသွားတဲ့ ဘယ်တော့ပြန်ကြည့်ကြည့် အဓိပ္ပါယ်ရှိနေမယ့် ဇာတ်ကားလေးတွေလို့တောင် ပြောလို့ရပါတယ်။ အန်နီမေးရှင်းအရုပ်လေးတွေကို မြင်ရင်ပဲ သဘောကျနေတတ်တဲ့ ကလေးလေးတွေကနေစပြီးတော့ အသက်အရွယ်တစ်ခု ရောက်သွားတဲ့အချိန်ထိတောင် ကျွန်တော်တို့ သဘောတကျနဲ့ ပြန်ကြည့်မိမယ့် အယ်လ်ဘမ်လေးထဲက ဇာတ်ကားလေးတွေကို ရွေးကြည့်စမ်းပါလို့ဆိုရင် (၁၉၉၁)တုန်းက ထွက်ခဲ့တဲ့ “Beauty and the Beast” ဆိုတဲ့ ဒစ်စနေးရဲ့ ဇာတ်ကားလေးကလည်း မပါမဖြစ်ပါလောက်ပါတယ်။ “Beauty and the Beast”(1991)ဆိုတဲ့ ဇာတ်ကားလေးမှာတော့ မြတ်နိုးတန်ဖိုးထားခံရတဲ့ ဘဲလ်ဆိုတဲ့ ဇာတ်ကောင်နဲ့ သွင်ပြင်ဆိုးဆိုး သားရဲကောင်ကြီးတို့ကြားက (သေချာလေး ကြည့်ကြည့်မိရင် သတိထားမိရင်) အဓိပ္ပါယ်တွေများစွာရှိတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့။ စာဂျပိုးလေးလို့ ပြောလို့ရတဲ့ ဘဲလ်ဟာ သူ့မြို့ငယ်လေးမှာတော့ လူတောမတိုးတဲ့ မိန်းကလေးတစ်ယောက်လို၊ ထူးဆန်းပြီး ကြောင်တောင်တောင်လို့ ထင်မြင်ခံရတဲ့ မိန်းကလေးတစ်ယောက်လို သတ်မှတ်ခံရတဲ့ မိန်းကလေးတစ်ယောက်ပေါ့။ နိစ္စဓူဝငြီးငွေ့စရာ (အဲ့ဒီအချိန်တွေတုန်းက) သတ်မှတ်ထားတဲ့ စံဆိုတာတွေနဲ့ မကိုက်လို့ လူဝင်မဆန့်သလိုဖြစ်နေတဲ့ မိန်းမလှလေး ဘဲလ်နဲ့ လူတွေအဝေးမှာ သီးခြားပုန်းအောင်းရှင်သန်နေတဲ့ ကျိန်စာသင့် သားရဲကောင်မင်းသားလေးတို့ရဲ့ ဇာတ်လမ်းလေးကို ငယ်ဘဝတုန်းက ဇာတ်ကားတွေကို ကြည့်ချင်လာလို့ပဲဖြစ်ဖြစ်၊ စိတ်ပြေလက်ပျောက် အန်နီမေးရှင်းကားလေးတွေ ကြည့်ချင်လို့ပဲဖြစ်ဖြစ် ကြည့်ချင်တဲ့ သူတွေအတွက် CMကနေပြီးတော့ ဟောင်းပေမယ့်လည်း ကောင်းနေဆဲဖြစ်တဲ့ “Beauty and the Beast”ကို တင်ဆက်ပေးလိုက်ရပါတယ်။ File size… 5GB / 1.8 GB / 900MB Quality… Web-DL 4K / 1080p / 720p Format… mp4, mkv Audio… AAC Duration…. 1h 27m Genre ….. Family/Musical Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Doros

Thriller
8 1991 84 mins
Beauty and the Beast