YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The Wrath (2018) Blu-Ray 1080P [CM].mp4

1.42 GB N/A video/mp4 1361 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Quiet Girl
7.6

Rating အမြင့်တွေပဲ ရထားတဲ့ Coming of Age ရုပ်ရှင်လေးပါ။ ဘာလင် ဒတ်ဗလင် တိုင်ပေ အိုင်းရစ် ရုပ်ရှင်ပွဲတော်တွေမှာ ဆုတွေ တသီကြီးလည်း ရထားပါတယ်။ 2023 အော်စကာအတွက် အိုင်ယာလန်ကနေ Best International Feature Film အရွေးခံဖို့အတွက် ကိုယ်စားပြုရုပ်ရှင်အနေနဲ့ ရွေးထားတဲ့ရုပ်ရှင်လည်း ဟုတ်ပါတယ်။ ဇာတ်လမ်း သရုပ်ဆောင် စီနီမာ အကုန်လှပနေတဲ့ ဒီရုပ်ရှင်လေးက တော်တော်တော့ ရိုးရှင်းပါတယ်။ ဆင်းရဲပြီး ကလေးတွေအများကြီးရှိတဲ့ မိသားစုတစ်ခုဟာ နောက်ကလေးထပ်မွေးတော့မှာမို့ သူတို့ရဲ့အငယ်ဆုံးသမီးလေးကို ဝမ်းကွဲအမအိမ်ပို့ထားတဲ့အကြောင်း ဇာတ်လမ်းလေးပါပဲ။ အမေရဲ့ ဝမ်းကွဲအစ်မအိမ်မှာ ကလေးမလေးဖြတ်သန်းခဲ့ရတဲ့ အချိန်တွေအကြောင်းသက်သက်ပဲ။ သို့ပေမဲ့ သူဇာတ်အိမ်တည်ဆောက်ထားတဲ့ပုံလေးက မြင်နေကျမဟုတ်ဘဲ ဆန်းတော့ဆန်းပါတယ်။ ဒီလို Coming of Age ကားတွေဟာ သိပ်မကောင်းတောင် ပရိသတ်ရင်ကို ငြိနေကျမို့ ဒီရုပ်ရှင်ကလည်း Coming of Age ကားကောင်းတစ်ကားဆိုတော့ အကြိုက်တွေ့ကြမယ်လို့ပဲ ညွှန်းချင်ပါတယ်။ အဓိကသရုပ်ဆောင်ကလေးမလေးက ချစ်ဖို့လည်းကောင်း သရုပ်ဆောင်လည်းကောင်းသလို ဒါရိုက်တာကလည်း သူ့ကာရိုက်တာကို တော်တော် support ပေးနိုင်ခဲ့တာမို့ အသက်ဝင်လှပနေတဲ့ ထိခတ်စေမယ့် ရုပ်ရှင်တစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.65GB, 850MB Quality - 1080p, 720p IMDb Rating - 8.1/10 Format - mp4 Duration - 1H 34Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by "___" Encoded by Y

Drama • Romance
7.6 2022 94 mins
The Quiet Girl
Hatching
6.3

ဖင်လန် ဟော်ရာကားတစ်ကားလောက် ကြည့်ရအောင်ဗျာ။ နာမည်က Hatching တဲ့။ အဓိပ္ပါယ်ကတော့ ဥကနေ အကောင်ဖောက်ခြင်းပေါ့။ ဒီဇာတ်လမ်းဟာ မိသားစုတွေရဲ့ဖိအားနဲ့ ကလေးတစ်ယောက်ရဲ့ စိတ်ပူပန်မှုတွေကို ကြောက်စရာတင်စားပြထားတဲ့ကား အထူးအဆန်းမျိုးပါပဲ။ တင်ညာဆိုတဲ့ ကျွမ်းဘားမယ် ကလေးမလေးဟာ တစ်နေ့မှာ ငှက်သေတစ်ကောင်ရဲ့အသိုက်ကနေ ထူးဆန်းတဲ့ ငှက်ဥလေးတစ်လုံးကို တွေ့လာခဲ့တယ်။ အဲဒီဥလေးကို အပူပေးပြီး အကောင်ပေါက်အောင်ကြိုးစားရင်းနဲ့ ဖြစ်ရပ်တစ်ခုကြောင့် အကောင်မပေါက်ခင် ဥဟာ ကြီးကြီးလာခဲ့တယ်။ ပေါက်လာတော့လည်း လူလိုလိုငှက်လိုလို ကလေးအရွယ် အကောင်အဆန်းတစ်ကောင်ဖြစ်နေပြီး တင်ညာရဲ့အနားကနေ ဘယ်မှမသွားတော့ဘူး။ တင်ညာကလည်း သူ့ကို ကလေးလေးလို စောင့်ရှောက်နေရင်နဲ့ ကြောက်စရာကောင်းတဲ့ ထူးခြားမှုတွေ တွေ့လာတဲ့အခါ... ဆက်ကြည့်လိုက်ပါ။ ပြီးရင် နောက်ကွယ်က မက်ဆေ့လေးကိုလည်း စဉ်းစားကြည့်လိုက်ပါဦး။ File size…1.27GB / 554MB / 261MB Quality… 1080p WEBRIP AAC5.1CH/ 720p / 480p Format…mp4 Duration….1h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Mr.Anderson

Horror • Thriller
6.3 2022 91 mins
Hatching
Uncut Gems
7.1

ကျောက်ရိုင်းတုံး သို့မဟုတ် မသွေးရသေးတဲ့ ကျောက်ပေါ့ ဒီကျောက်တစ်တုံးပတ်မွှေတာနဲ့တင် တိုင်လည်နေတဲ့ကျွန်တော်တို့ရဲ့ဇာတ်လိုက်​ကျော် ဟော၀ပ်ရပ်တနာ Click ကားနဲ့နာမည်ကြီးခဲ့တဲ့ မင်းသားကြီးAdam Sandler ကိုမြင်ရမှာပါ အဲ့ဘဲကြီးကားတွေဆိုကတည်းက လုံး၀ ပြဿနာပေါင်းစုံနဲ့ မရိုးရတဲ့ကား တွေပဲဖြစ်တယ်ဆိုတာကို အားလုံးလည်း သိကြမှာပါ...ဒီကားမှာလည်း တချိန်လုံးပြဿနာတက် ကွိုင်တက်တိုင်တွေပတ်နေတာကိုမြင်ရမှာပါ ... လက်၀တ်ရတနာဆိုင်ရှင်ဟော၀ပ်ရပ်တနာတစ်ယောက် အီသီယိုးပီးယားက ရောင်ပြေးရွဲကျောက် လေးတစ်လုံးရလာချိန် အဲ့ကျောက်နဲ့ဘယ်လိုတွေ အရှုတ်အထွေးတွေ ဖြစ်မလဲကြည့်ရမှာပါ.....ကြည့်ရင်းကြည့်ရင်း ကိုယ်တိုင်ပါ တိုင်ပတ်သလိုဖြစ်လာပါလိမ့်မယ်... လောင်းကစားဝါသနာအိုးကြီးဖြစ်တဲ့ဟောဝပ် အိမ်ထောင်ရေးလူမှုရေးနဲ့စီးပွါးရေး သုံးရပ်လုံး မှာပြဿနာအလီလီတက် သူ့ကိုဆိုဘယ်သူမှမယုံကြည်ချင်ဖြစ်လောက်အောင် ကံကလဲမျက်နှာ သာမလိုက်ခဲ့ပါဘူးမျက်နှာသာလိုက်တဲ့ခါကျပြန်တော့လဲ မမျှော်လင့်ထားတဲ့ဘယ်လို ကိစ္စတွေထပ် ဖြစ်မလဲကတော့ပရိတ်သတ်ကြီးကိုယ်တိုင်ပဲကြည့်ကြည့်ပါ IMDbမှာ8ရထားပြီး RottenTomatoesမှာ93%နဲ့လတ်လတ်ဆတ်ဆတ်ကြီးဆိုတော့ ဘ၀မှာအမြဲအဆင်ပြေနေတဲ့ CM ပရိတ်သတ်တွေအနေနဲ့ ရသမြောက်စွာ အရှုတ်အထွေး တွေပြည့်နေတဲ့ ဒီကားကို လွန်စွာမှ သဘောကျလိမ့်မယ်လို့ ညွှန်းဆိုလိုက်ပါတယ်.. ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Hein That Naing နဲ့ Aye Mon Kyaw တို့ပဲဖြစ်ပါတယ်.... File Size : (1.04 GB) and (409 MB) Quality : Blu-Ray 720p Format…mp4 Duration…02:15:00 Genre : Crime,Drama,Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by Hein That Naing & Aye Mon Kyae Encoded by Phyo Pyae

Comedy • Drama
7.1 2019 136 mins
Uncut Gems
Baby Boy, Baby Girl

Baby Boy, Baby Girl (2023) ဖိလစ်ပိုင် လူငယ်ဟာသအချစ်ဇာတ်လမ်းကောင်းလေးလာပါပြီ။ လူငယ်ဇာတ်လမ်းဆိုတဲ့အတိုင်းပဲ ဒီဇာတ်လမ်းထဲက ကောင်မလေးဂျိုစီက ဒီခေတ်ရဲ့ကောင်မလေးတွေကို ကိုယ်စားပြုနိုင်တယ်ပြောရမယ်။ သူကအွန်လိုင်းရှော့လုပ်တယ်။ ခေါင်းအုံးတံဆိပ်ရိုက်တာ ပူတင်းရောင်းတာ တခြားအစုံပလုံပဲ။ ဒါပေမဲ့သူများကိုလဲမယုံကြည်တတ်တော့ ဝန်ထမ်းမခေါ် သူကိုယ်တိုင်အလုပ်တွေသိမ်းကြုံးလုပ်ပြီး စိတ်ရောကိုယ်ပါပင်ပန်းနေတဲ့ကောင်မလေး။ အလုပ်တွေကလဲ အဆင်ပြေလိုက်မပြေလိုက်အမျိုးမျိုး။ တစ်နေ့တော့ဂျိုစီက အချိန်ပိုင်းဧည့်ကြိုသွားလုပ်တယ်။ အဲ့ဒီပွဲကို သူဌေးမတစ်ယောက်ရဲ့ကိုယ်စားတက်လာတာက သူ့ရဲ့ရည်းစားဟောင်း ဆက်ဘ်။ အဲ့ဒါနဲ့ပွဲအပြီးမှာ သူတို့ပြန်ဆုံကြ ဂျိုစီကလဲဆက်ဘ်အိမ်လိုက်သွားပြီး တစ်ညမတ်တပ်ရပ်ကြတယ်ပေါ့။ ဂျိုစီ မနက်နိုးလာမှသတိထားမိတယ် ဆက်ဘ်အိမ်ကခမ်းနားလိုက်တာ သူတက်တဲ့ပွဲတွေ အိုင်ဂျီကပုံတွေကလဲမြင့်မြင့်မားမားတွေချည်းပဲ။ ထူးဆန်းဆို ဆက်ဘ်က ဂျိုစီနဲ့ကြိုက်နေတုန်းက သန့်ရှင်းရေးကုမ္ပဏီတစ်ခုကအလုပ်သမားလေးလေ။ အဲ့ဒါနဲ့ဆက်ဘ်ကို အချိန်တိုအတွင်းချမ်းသာနည်းကိုမေးတာပေါ့။ ဆက်ဘ်ကလဲ သူရှူးဂါးဘေဘီလုပ်နေတာဖြစ်ကြောင်း ရှူးဂါးဒိတ်တင်းလောကကဘယ်လိုကောင်းကြောင်းတွေပြောတာပေါ့။ သူ့အလုပ်တွေကိုစိတ်ကုန်နေတဲ့ဂျိုစီ့ကိုလဲ ဆက်ဘ်က ရှူးဂါးဘေဘီတို့တတ်ထားသင့်တဲ့ အသိပညာအတတ်ပညာတွေ သင်ပေးရင်း ဘာတွေဆက်ဖြစ်မလဲကြည့်ကြရမှာပါ။ ဒီဘာသာပြန်သူကိုတော့ နောက်ကားတွေမှာမရှာပါနဲ့တော့။ ရှူးဂါးဘေဘီ သွားလုပ်ပါပြီ။ ဒီဇာတ်ကားကိုကြည့်သူတွေလဲ ပြီးရင်ရှူးဂါးဘေဘီဖြစ်ချင်စိတ်မပေါက်ဘူးလို့ အာမမခံနိုင်ပါဘူးနော်။ Watch at your own risk ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။ Genre….. Drama, Romance Quality…. 1080p | 720p | 480p File size… 1.2GB | 567MB | 292MB Format… mp4 Duration…. 1h 49min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Rashida Encoder ….. Aaron

0 2023
Baby Boy, Baby Girl
Oliver Twist
6.8

ဂန္ထဝင်စာရေးဆရာကြီး Charles Dickensရဲ့အထင်ရှားဆုံး ပုံပြင်ဇာတ်လမ်းတွေထဲကတစ်ခုဖြစ်တဲ့ အိုလီဗာတွစ်လေးရဲ့ အကြောင်းကိုရိုက်ကူးထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ မိဘမဲ့လေးအိုလီဗာတွစ်ရဲ့ဘဝမှာ အမျိုးမျိုးသောလူပေါင်းစုံနဲ့ ကြုံတွေ့ပြီးတဲ့နောက်မှာ လန်ဒန်မြို့ကြီးအထိကို ၇ ရက်လောက် လမ်းလျှောက်ပြီးအရောက်သွားခဲ့ပါတယ်. ကလေးလေး တစ်ယောက်ရဲ့တစ်ကိုယ်တည်းသွားတဲ့ခရီးရှည်အဆုံးမှာတော့ မထင်ထားပဲ သူနဲ့ရွယ်တူသူခိုးလေးတွေအုပ်စုနဲ့ကြုံပြီးတော့ ဘဝကိုတစ်ဆစ်ချိုးအကြီးအကျယ်ပြောင်းလဲသွားရှာပါတော့တယ်။ လူဆိုးလေးမဖြစ်ချင်တဲ့အိုလီဗာလေးဟာ ပိုကောင်းတဲ့ဘဝကို ရောက်ခဲ့ပေမယ့်လဲ ကံတရားကမျက်နှာသာမပေးခဲ့တာမလို့ သူ့ရဲ့ဘဝမှာဘာတွေဆက်ဖြစ်လာမယ်ဆိုတာကို ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ပုံပြင်ထဲကအိုလီဗာလေးအတိုင်းပဲချစ်ဖို့ကောင်းပြီး ခပ်ဆိုးဆိုး လူဆိုးကြီးတွေရဲ့ကြားကဇာတ်ကားလေးမလို့ လူကြီးတွေအပြင် ကလေးတွေပါကြိုက်နှစ်သက်မဲ့ဇာတ်လမ်းလေးလဲဖြစ်ပါတယ်။ File size…2.07GB / 898MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….2h 10m Genre ….. Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Charm

6.8 2005 130 mins
Oliver Twist
Johan Falk: Lockdown
7.2

ဆွီဒင် အက်​ရှင်​စုံထောက်ဇာတ်ကားတွေဖြစ်တဲ့ Johan Falk ရုပ်​ရှင်​တွေရဲ့ ၂၀၁၅ မှာထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားက Imdb rating မှာ ၇.၂ ထားပြီး​ ဆွီဒင်စကားပြောရုပ်ရှင်ဖြစ်ပါတယ်။ အဓိက​ဇာတ်လိုက်​ဖြစ်တဲ့ Johan Falk​ နဲ့ GSI အဖွဲ့​ကိုပဲ အခြေ​တည်​ထားတာ​ဖြစ်ပြီး​ တစ်နှစ်​ထဲထွက်ရှိခဲ့တဲ့ Johan Falk​ : Blood Diamonds နဲ့ အဓိက​ဆက်စပ်နေပါတယ်။ ဇာတ်လမ်း​အကျဉ်းကတော့​ ဂိုသင်ဘတ်မြို့က ရဲစခန်း​တစ်​ခုမှာ လူသတ်​မှုဖြစ်သွားပြီး ရဲစခန်း​တစ်ခုလုံး​ကို လော့​ဒေါင်း​ချ​ပြီး တရားခံကိုပိတ်ဆို့ဖမ်းဆီးရပါတယ်။ သေဆုံး​သူက GSI ရဲ့ အဖွဲ့​အကြီးအကဲ​ဟောင်းဖြစ်သူ Patrik ဖြစ်ပြီး Johan Falk​ ရဲ့ မိတ်ဆွေ​လည်း​ဖြစ်ပါတယ်။ သတ်​သူကလည်း ရဲအရာရှိတစ်ဦးဖြစ်နေပြီး သူ့ကို​စေခိုင်း​သူ ဘယ်သူလဲဆိုတာနဲ့ နောက်​ကွယ်က ကြိုး​ကိုင်​သူကို Johan နဲ့ GSI အဖွဲ့​သားတို့ရှာဖွေဖော်ထုတ်ရပုံကို တင်​ဆက်​ထားပါတယ်။ များ​ပြားလှတဲ့ Johan Falk​ ဇာတ်ကား​တွေထဲက တစ်ခုဖြစ်ပြီး Action ဖက်ထက် စုံထောက် Mystery ဖက်ကို ကိုအသားပေးထားပါတယ်။ ကြည့်နေကျ အမေရိကန်​စုံထောက်​ဇာတ်လမ်း​တွေနဲ့မတူတဲ့ ဥရောပ​ဇာတ်​ကားလေးဖြစ်ပါတယ်။ ဇာတ်​အိမ်​က ရှုပ်​ထွေး​နေတာ​မျိုး​မရှိပေမဲ့ အရင် Johan Falk ဇာတ်ကား​တွေ​ကြည့်ထားရင် ပိုအဆင်ပြေပါလိမ့်မယ်။ File size…(881 Mb) Quality….Blu-Ray 720p Format…mp4 Duration….01:39:00 Genre…Action, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Wolfenheim

7.2 2015
Johan Falk: Lockdown
Shinjuku incident
6.9

ဒီဇာတ်ကားလေးကတော့ ကျွန်တော်တို့အချစ်တော်မင်းသားကြီး ဂျက်ကီချန်း ရိုက်ကူးထားတဲ့ ဂျပန်ရောက် တရုတ်ဇာတ်ကားကောင်းပါ။ “ဘဝမှာ သုံးဆယ်ရာခိုင်နှုန်းက ကံတရား၊ ကျန်တာက တိုက်ပွဲပဲ” တဲ့။ ဒီဇာတ်ကားလေးမှာတော့ သံခေါင်းတစ်ဖြစ်လည်း ဂျက်ကီချန်းဟာ သူ့ကောင်မလေးတစ်ယောက် သူ့အဒေါ်ရှိရာ ဂျပန်ကိုလိုက်သွားပြီး သတင်းအစအန မရတော့တဲ့အတွက် ဂျပန်ကို တရားမဝင်မှောင်ခိုလိုက်လာပါတော့တယ်။ ဂျပန်ရောက်တော့ သူ့တို့ တရုတ်ညီနောင်တွေနဲ့အတူ တရားမဝင်လုပ်သားအဖြစ်နဲ့ ရရာအောက်ခြေအလုပ်တွေကို ကျပန်းလုပ်ရင်းနဲ့ သူ့ကောင်မလေးကို လိုက်ရှာပါတော့တယ်။ သူဟာ ဂျပန်ရောက်တရုတ်တွေ တရားဝင်နေထိုင်ခွင့်ရရှိရေးကို ကြိုးပမ်းရင်း သူ့ကောင်မလေးကို ရှာရင်းနဲ့ ဂိုဏ်းအဖွဲ့တွေနဲ့ ပတ်သက်မိလာပါတော့တယ်။ ဒီအချိန်မှာ သမာအာဇီဝကျကျ လုပ်စားချင်တဲ့ သူ့ခမျာ ဒီဂိုဏ်းပြဿနာတွေဆီကရော သူ့ညီနောင်တွေ လမ်းမှားမရောက်အောင်ရော ဘယ်လိုကြိုးပမ်းမလဲ သူ့ကောင်မလေးကိုရောရှာတွေ့နိုင်ပါ့မလား ဆိုတာကို စိတ်လှုပ်ရှားဖွယ်ရာ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(2.3 GB)/(1.5 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:59:00 Genre…Action, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo

6.9 2009
Shinjuku incident
We’re Going to Team Building
5

ဒီဇာတ်ကားလေးကတော့ ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရပြီး စိတ်အပန်းပြေစေမယ့်ကားလေးပါပဲ။ ဇာတ်လမ်းကိုပြောရရင်တော့ ဘယ်အလုပ်မှာမဆို ပုံမှန်အတိုင်းဆိုရင်တော့ အလုပ်ကိုလက်ကြောတင်းအောင်မလုပ်လို့ဆိုပြီး ရာထူးချခံရတာတွေ အလုပ်ထုတ်ခံရတာတွေဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ဒီဇာတ်ကားထဲကမင်းသားကတော့ အလုပ်ကြိုးစားလွန်းလို့ဆိုပြီး သူနဲ့တွဲလုပ်ရတဲ့ အလုပ်ဖော်တွေကစိတ်ညစ်ပြီး သူဌေးကိုတိုင်တဲ့အတွက် သူဌေးက သူ့ကိုရာထူးချပြီး တစ်ယောက်တစ်မျိုးဂေါက်နေတဲ့ဝန်ထမ်းတွေရှိတဲ့ မြေအောက်ခန်းထဲက call centerထဲမှာ ခေါင်းဆောင်အဖြစ်တာဝန်ယူခိုင်းလိုက်ပါတယ်။ အဲဒီနောက် ထိုမြေအောက်ခန်းထဲမှာပဲ သူက တဖြည်းဖြည်းပျော်လာတဲ့အချိန်မှာ မနာလိုတဲ့ဝန်ထမ်းတစ်ယောက်က သူဌေးကိုထပ်သွားတိုင်တဲ့အခါ ထိုcall centerလေးပါ ပိတ်သိမ်းဖို့ဖြစ်လာပါတော့တယ်။ အဲဒီမှာ သူလည်း ထိုcall centerလေးကိုမပိတ်သိမ်းအောင် သူ့ရဲ့ဂေါက်တောက်တောက်အလုပ်ဖော်တွေနဲ့ ဘယ်လိုတစ်လွဲတွေလုပ်ပြီး တားဆီးဖို့ကြိုးစားကြလဲဆိုတာ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးကြည့်ရှုကြရမှာပါ။ File size…(1.8 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mastero

5 2023
We’re Going to Team Building
Kaho Naa…Pyaar Hai Kaho Naa Pyaar Hai
6.9

Kaho Naa…Pyaar Hai (2000) IMDb Rating (6.9) / Rotten Tomatoes (80%) ဒီရုပ်ရှင်ကားကြီးကတော့ မင်းသား Hrithik Roshan ရဲ့ ပွဲဦးထွက်ရုပ်ရှင်ကားဖြစ်သလို မင်းသမီး Ameesha Patel ရဲ့ ပွဲဦးထွက်ရုပ်ရှင်လဲဖြစ်ပါတယ်။ ဒါရိုက်တာကြီး Rakesh Roshan က သူ့သား Hrithik Roshan ကို စတင်ပွဲထုတ်တဲ့ ဒီရုပ်ရှင်ကားက ဘယ်လောက်တောင် အောင်မြင်ကျော်ကြား လူကြိုက်များခဲ့သလိုဆိုရင် ဆုပေါင်း ၉၂ ခုထိ ရရှိခဲ့လို့ ဂရင်းနစ်စံချိန်ထဲတောင် ဝင်ခဲ့ပါတယ်။ Best Actor,Best Male Debut, Best Female Debut, Best Film ,Best Music Director, Best Director အစရှိတဲ့ ဆုပေါင်းများစွာကို အိန္ဒိယမှာကော နိုင်ငံတကာမှာပါရရှိခဲ့ပါတယ်။ Kaho Naa Pyaar Hai(2000) ရဲ့အောင်မြင်မှုကြောင့် မင်းသား Hrithik Roshan ဟာ တခါထဲ ထိပ်တန်းမင်းသားဘဝကိုရောက်ရှိခဲ့ပြီး ကမ္ဘာတဝန်းက ပရိတ်သတ်တွေရဲ့အားပေးမှုကို ရရှိခဲ့ပါတယ်။ မြန်မာမှာလဲ လက်ပွားမင်းသားရယ်လို့ သည်းသည်းလှုပ်အားပေးမှုကိုခံရပြီး သူ့ပရိတ်သတ်တိုင်းက Kaho Naa Pyaar Hai ရုပ်ရှင်လေးကို အရမ်းတန်ဖိုးထားနှစ်ခြိုက်ကြပါတယ်။ ကြိုက်ဆို ဒီရုပ်ရှင်ကားက သီချင်းတွေရော အကအလှတွေရော ဇာတ်လမ်းလေးကရော အကုန်လှပချစ်စရာကောင်းနေပြီး မင်းသားရော မင်းသမီးရော တကယ့်အဖြူထည်လေးတွေလို ချစ်စရာကောင်းနေခဲ့တာပါ။ Kaho Naa…Pyaar Hai ဆိုတာကတော့ “ချစ်တယ်လို့ ပြောပါဦး” ဆိုတဲ့အဓိပ္ပါယ်ပါပဲ.. ချစ်သူလေးဆီကနေ ချစ်တယ်လို့ ပြောခံရတာက ဘယ်တော့မှ ကြားမဝကြတာ သဘာဝပဲမလား….။ ဇာတ်လမ်းလေးကတော့… ရိုးသားကြိုးစားပြီး အောင်မြင်တဲ့ အဆိုတော်တစ်ယောက်ဖြစ်ဖို့ အိပ်မက်နဲ့ လူငယ်တစ်ယောက်ဖြစ်တဲ့ ရိုဟစ်ဟာ ကျိကျိတက်ချမ်းသာပြီး လိုလေသေးမရှိတဲ့ သူဌေးသမီလေး ဆိုနီယားနဲ့ မထင်မှတ်ပဲ ဆုံတွေ့ပြီး ချစ်သူတွေ ဖြစ်ခဲ့ကြပါတယ်။ အဆင့်အတန်းကွာခြားမှုကြောင့် သူတို့ချစ်ခရီးဟာ မဖြောင့်ဖြူးခဲ့ပါဘူး.. ဒါကြောင့် ရိုဟစ်ဟာ ဆိုနီးယား မိသားစုလက်ခံလာမယ့် အချိန်ကိုစောင့်စားပြီး သူ့ဘဝကိုအောင်မြင်ဖို့ကြိုးစားခဲ့ပါတယ်… ဒါပေမယ့် အောင်မြင်တဲ့ အဆိုတော်တစ်ယောက် ဖြစ်ခါနီးမှာပဲ ကံကြမ္မာဆိုး တစ်ခုနဲ့ ကြုံတွေ့လိုက်ရတဲ့အခါမှာတော့….။ ဇာတ်လမ်းကြာချိန် ၃ နာရီနီးပါးရှိတာမလို့ ရုပ်ရှင်ရုံမှာကြည့်သလို အေးအေးဆေးဆေး လိုက်ပါကြည့်ရှုခံစားသင့်တဲ့ရုပ်ရှင်ကားဖြစ်ပါတယ်။

6.9 2000 172 mins
Kaho Naa…Pyaar Hai Kaho Naa Pyaar Hai
HAIKYU!! The Dumpster Battle
7.3

Sport Anime မှာဆိုရင်တော့ Haikyu ကို မသိကြတဲ့လူ ရှားပါလိမ့်မယ်။ သူကတော့ ဘော်လီဘော အားကစားကို အခြေခံထားတဲ့ Anime ကောင်းတစ်ခု ဖြစ်ပါတယ်။ အခု ဒီ ရုပ်ရှင်လေးကတော့ Season 4 အပြီး တိုက်ရိုက်ဆက်စပ်ထားတဲ့ ရုပ်ရှင်လေးပါ။ နောက်ထပ် စီးရီးမလာတော့ပဲ Ending အဖြစ် နောက်ဆုံးရုပ်ရှင်နှစ်ကားထုတ်မယ်ဆိုပြီး ကြေငြာထားရာမှာ ဒီကောင်က ပထမကား ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ မင်းသားတို့ Karasuno ကျီးနက်တွေ အစမ်းဆော့ကြည့်တိုင်း ဘယ်တော့မှအနိုင်မရတဲ့ ဟိုးအရင်ကတည်းက ပြိုင်ဖက်ဟောင်းအသင်း ကြောင်ရိုင်းတွေရဲ့ Nekoma အသင်းနဲ့ ပထမဆုံးအကြိမ်အဖြစ် အမျိုးသားပြိုင်ပွဲ တတိယအဆင့်မှာ တွေ့ဆုံယှဉ်ပြိုင်ကြတာကို ဦးစားပေး တင်ဆက်ထားပါတယ်။ Hinata အနေနဲ့လည်း ဘော်လီဘောအားကစားကို ပေါ့ပေါ့တန်တန် ကစားပေမဲ့ ဉာဏ်အသေပြေးတဲ့ Kenma နဲ့ ပွဲထဲမှာ ဘယ်လိုတွေ ပညာစမ်းကြဦးမလဲ ဘယ်လိုတွေ ဒီအဆင့်ကို ကျော်ဖြတ်ပြီး ဘယ်အသင်းက အနိုင်ရသွားဦးမလဲဆိုတာ ထုံးစံအတိုင်း စိတ်ဝင်စားဖွယ် ကြည့်ရှုရဦးမယ့် Haikyuu ရုပ်ရှင်လေး ဖြစ်ပါတယ်ဗျာ။ File Size : 914 MB, 490 MB Quality : WEB-DL 1080p / 720p Running Time : 1hr 25min Format : Mp4 Genre : Comedy, Drama, Sport Subtitle : Myanmar Subtitle (Hard Sub) Translated by : Thura Aung Encode by : Thit San Khant

Comedy • Thriller
7.3 2024 85 mins
HAIKYU!! The Dumpster Battle
All We Imagine as Light
7.4

All We Imagine as Light (2024)”တံလျှပ်” ================================ မွမ်ဘိုင်းဆိုတာ အိပ်မက်တွေရဲ့မြို့။ စိတ်ကူးတွေကို လက်တွေ့အကောင်အထည်ဖော်လို့ရတဲ့နေရာတဲ့။ အဲဒီလို ယုံကြည်ပြီး အိန္ဒိယနိုင်ငံရဲ့ လူကြီးလူငယ်ပေါင်းမြောက်များစွာက မွမ်ဘိုင်းမြို့ကြီးမှာ အလုပ်လာလုပ်ကြတယ်။ ရုန်းကန်ကြတယ်။ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ကြိုးစားကြတယ်။ ဒါပေမဲ့ မွမ်ဘိုင်းမြို့ကြီးမှာ အသားကျဖို့ကြိုးစားကြရင်း တစ်ရက်စာတစ်ရက် ရှင်သန်ဖို့က အရေးကြီးလာပြီး မျှော်လင့်ချက်တွေက မှေးမိန်လာကြတယ်။ အဲဒီလိုပဲ မျှော်လင့်ချက်တွေနဲ့ မွမ်ဘိုင်းကိုတက်လာတဲ့ ပရာဘာနဲ့ အာနူဆိုတဲ့ စီနီယာ ဂျူနီယာသူနာပြုနှစ်ယောက် တိုက်ခန်းတစ်ခုကို စကပ်တူငှားပြီးတူနေထိုင်ကြတယ်။ အဲဒီလို နေလာရင်း ဘယ်ကမှန်းမသိတဲ့ ပါဆယ်ပုံးတစ်ခုသူတို့ဆီကို ရောက်လာချိန်ကစပြီး သူတို့ဘဝအတွက် အလှည့်အပြောင်းဖြစ်စရာ ကိစ္စတွေကြုံရပုံတွေကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာဆိုရင် မာလျာလမ်စကားပြော အင်ဒီးရုပ်ရှင်တစ်ခုဖြစ်ပြီး မွမ်ဘိုင်းမြို့ကြီးမှာ ရုန်းကန်လှုပ်ရှားနေကြရတဲ့ဘဝတွေကို narrative ကောင်းကောင်းနဲ့ပုံဖော်ပြထားတဲ့အပြင် Indie ရုပ်ရှင်ဆုတွေလည်း အများကြီးရထားတဲ့အတွက် အချိန်ပေးရတန်စေမယ့် ရုပ်ရှင်ကောင်းလေးဖြစ်လို့ ချန်နယ်မြန်မာပရိသတ်တွေအတွက် CM Bollywood Team ကနေ ညွှန်းဆို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…။

TV Movie • Comedy • Drama • Romance
7.4 2024 118 mins
All We Imagine as Light