YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

The Witcher (2025) S4 E05 1080p WEB-DL [RMC].mp4

1.12 GB 1080p video/mp4 27 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Mother
6.8

နက်ဖလစ်နဲ့ ဖန်စီကားလေးတွေမှန်မှန်ရိုက်နေတဲ့ ဂျေလိုတစ်ယောက် ဒီတစ်ခါတော့ အက်ရှင်ကားကိုအတည်ရိုက်လိုက်ပါပြီ။ ဟာသမပါပါဘူး။ အတော်လည်းကောင်းပါတယ်။ ဒါရိုက်တာကတော့ Mulan တို့ Anna with an E တို့ရဲ့ ဒါရိုက်တာ မမကြီး Niki Caro ပါပဲ။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းနာမည် The mother ဆိုတဲ့အတိုင်း ဂျေလိုက ကလေးအမေပါ။ ဇာတ်ကားတစ်ကားလုံးမှာ သူ့နာမည်ကို မပြောသွားပါဘူး။ သူဟာ အာဖဂန်နဲ့အီရန်မှာ စနိုက်ပါအဖြစ် စစ်ဆင်ရေးတွေလုပ်ခဲ့သူဖြစ်ပြီး စစ်တပ်ကထွက်ပြီးနောက်ပိုင်းမှာ ကျူးဘားနဲ့မက္ကဆီကို လူဆိုးဂိုဏ်းတွေနဲ့ ပတ်သတ်ခဲ့ပါတယ်။ ဒါပေမဲ့ ကိုယ်ဝန်ရလာပြီးမှာ သူတို့တွေကို ရဲဆီသတင်းပေးပြီး ဒီလောကထဲကနေ အလွတ်ရုန်းဖို့ ကြိုးစားခဲ့ပေမဲ့ အတိတ်ရဲ့ရန်သူတော်တွေက လျို့ဝှက်ထားတဲ့ သူ့သမီးကို ရန်ပြုလာတဲ့အခါ အမေကလည်း ပုန်းနေရာကနေထွက်လာပြီးတော့ ရန်သူဟောင်းအားလုံးကို ရင်ဆိုင်ရပါတော့တယ်.... အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။ Genre..... Action, Thriller Quality…. 1080p | 720p | 480p File size… 1.4GB | 778MB | 380MB Format… mp4 Duration…. 1h 55min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder ..... Aaron

Action • Drama
6.8 2023 115 mins
The Mother
Who Killed Our Father?
6

လေလာရဲ့ငယ်ဘဝကကြမ်းတမ်းခဲ့တယ်။ အဖေဘယ်သူဝါမှန်းမသိတဲ့အပြင် အမေဖြစ်သူကလည်းဆေးစွဲနေပြီး အိမ်ပြန်တလှည့် မပြန်တလှည့်နေရာကနေ လေလာအသက် ၁၀ နှစ်လောက်မှာဆေးလွန်ပြီးသေသွားခဲ့တယ်။ ဆုံးရှူံးမှုတွေနဲ့မစိမ်းတဲ့လေလာဟာ သူ့ရဲ့တစ်ဦးတည်းသောအခင်တွယ်ရဆုံး မွေးစားအစ်မအိုင်းရစ်ကိုလည်း ဆုံးရှူံးလိုက်ရပြန်ပါတယ်။ ဒီလိုနဲ့ လေလာဟာ သူ့ရဲ့အဖေရင်းကိုရှာဖို့ဆုံးဖြတ်ခဲ့တယ်။ DNA စစ်ဆေးချက်ရလဒ်အရ အိမ်ခြံမြေလုပ်ငန်းပိုင်ရှင် စကော့တ်ဟာရတ်ရဲ့သမီးဖြစ်နေတာတွေ့ခဲ့ရတယ်။ တဆက်တည်းမှာပဲ သူ့အဖေရဲ့ထူးဆန်းတဲ့သေဆုံးမှုကိုပါသိလိုက်ရပါတော့တယ်။ လေလာဟာ သူ့အဖေကိုသတ်တဲ့တရားခံကိုဖော်ထုတ်ဖို့ဆန္ဒရှိနေတယ် ဒါ့အပြင် သူ့ရဲ့တစ်ဦးတည်းသောသွေးသား ဖအေတူမအေကွဲညီမ ဗွိုင်အိုလက်နဲ့လည်းစောင့်ရှောက်ပေးချင်တာကြောင့် အတ္တလန်တာကနေ ဖီလစ်ဒဲဖီးယားကိုထွက်လာခဲ့တယ်။ အသက်ငယ်ငယ်မှာ မိဘနှစ်ပါးလုံးကိုဆုံးရှူံးလိုက်ရတဲ့စိတ်ဒဏ်ရာတွေကြောင့် ဘယ်သူ့ကိုမှမယုံဘဲ မာကြောခက်ထန်နေတဲ့ ဗွိုင်အိုလက်က လေလာ့ကိုလက်ခံပါ့မလား။ ဖခင်ဖြစ်သူရဲ့သေဆုံးမှုနောက်ကွယ်ကအမှန်တရားနဲ့နီးကပ်လာတဲ့သူတို့နှစ်ယောက်ကို ဘယ်လိုအန္တရာယ်တွေကစောင့်ကြိုနေမလဲ။ Mystery ကိုမှ မိသားစု Drama ပါတဲ့ဇာတ်လမ်းမျိုးကြိုက်တဲ့သူတွေအတွက်တော့ ဒီဇာတ်ကားဟာ ကြည့်ဖို့ ရွေးချယ်ချင်စရာ ဇာတ်ကားတစ်ကားဖြစ်ပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 700MB Quality - 1080p, 720p IMDb Rating - 5.7/10 Format - mp4 Duration - 1H 28Min Genre - Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Hnin Ei Pai Encoded by Y

Horror
6 2023 90 mins
Who Killed Our Father?
Loving Adults
6.3

IMDb Rating - 6.4/10 ဇာတ်လမ်းအစ မိုးသည်းနေတဲ့ ညတစ်ညမှာ ခရစ်စတန်ဆိုတဲ့ အမျိုးသားက သူ့မိန်းမ လီယိုနိုရာ အပြေးလေ့ကျင့်ပြီးအလာကို စောင့်မျှော်နေပါတယ်။ ခရစ်စတန်ဆိုတဲ့ အမျိုးသားက ဗိသုကာပညာရှင်ဖြစ်ပြီးသူရဲ့ အမျိုးသမီး လီယိုနိုရာက အရမ်းတော်တဲ့ စန္ဒယားပညာရှင်တစ်ဦးပါ။ သူတို့နှစ်ယောက်ရဲ့ သားလေး ဂျိုဟန် အရမ်းနေမကောင်းဖြစ်တော့ လီယိုနိုရာက သူ့ရဲ့ career ဘဝကို စွန့်လွှတ်ပြီး တစ်သက်လုံး သူ့သား ကိုပဲ အမြဲတန်းစောင့်ရှောက်လာခဲ့တာပါ။ တစ်ရက် ခရစ်စတန်က အလုပ်က လုပ်ဖော်ကိုင်ဖက်အမျိုးသမီး စီနာနဲ့ ဖောက်ပြန်နေတာကို လီယိုနိုရာသိသွားတဲ့အခါမှာတော့ သူတို့ရဲ့ အိမ်ထောင်ရေးက ဘယ်လိုဆက်ဖြစ်မလဲ။ အိမ်ထောင်ပြုတယ်ဆိုတာ အမြဲတမ်း ဘဝရဲ့ပျော်ရွှင်မှုအစစ်မဖြစ်နိုင်ဘူး။ အခက်အခဲတွေကို  အများ ကြီး ရင်ဆိုင်ကျော်ဖြတ်လာပြီးမှ အိမ်ထောင်ရေးဖောက်ပြန်မှုတွေ ဖြစ် ပေါ်လာတဲ့အချိန် သူတို့ရဲ့အိမ်ထောင်ရေးကို ဘယ်လိုတည်မြဲအောင် တည်ဆောက်ကြမလဲဆိုတာ ဆက်လက်ကြည့်ရှူပေးပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Parris ဖြစ်ပါတယ်) File Size..........(1.49 GB) / (688 MB) / (406 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 44mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Crime, Drama, Thriller Translator.......Parris Encoder..........SWM

Drama
6.3 2022 106 mins
Loving Adults
After Yang
6.5

~ IMDb - 6.8/10 , RT - 86%, Metacritic - 79% ~ Directed By Kogonada A24 ကဖြန့်တဲ့ ရုပ်ရှင်ဆိုတော့ ဒီရုပ်ရှင်ကို မကြည့်မိခင်မှာ A24 ဖန်တစ်ယောက်က Ex Machina နဲ့ Minari ကိုပေါင်းထားတဲ့ ရုပ်ရှင်မျိုးပဲ တော်တော်ကောင်းတယ်လို့ ပြောတာ ဖတ်လိုက်ရသေးတယ်။ ကျွန်တော့်အတွက် ဒုတိယအချက်ကို လက်ခံနိုင်ပေမဲ့ ပထမအချက်ကို လက်ခံဖို့တော့ ခက်ပါတယ်။ တစ်ကားလုံးမှာတော့ မဟုတ်ပေမဲ့ ဒီရုပ်ရှင်ရဲ့ တစ်ချို့နေရာတွေမှာ တာကော့စကီးဆီက အရသာမျိုး ခံစားရတယ်။ ကိန်းမှာပြခဲ့လို့ ၂၀၂၁လို့ရေးထားပေမဲ့ တကယ်တမ်း ဒီရုပ်ရှင်ဟာ မနေ့ကမှ ထွက်တာဆိုတော့ ၂၀၂၂ပဲလို့ပြောရမယ်။ ပုဂ္ဂလိက ခံစားချက်အရတော့ မနှစ်က အသိရခက်ပြီး ကိုင်းခွဲများတဲ့ Drive My Car ရဲ့ Poetic ဖြစ်မှုကို အတော်သဘောကျခဲ့သလိုပဲ ဒီနှစ်လည်း အရမ်းအသိရမခက်ဘဲ ကိုင်းခွဲများတဲ့ After Yang ရဲ့ Poetic ဖြစ်မှုကို တော်တော်သဘောကျမိတယ်။ Poetic Cinema ကိုကြိုက်တဲ့သူတွေ ကျိန်းသေကြည့်ကိုကြည့်သင့်တဲ့ကားပါပဲ။ ဇာတ်အိမ်ကတော့ ကာလတစ်ခုမှာတည်ထားတယ်။ လူဖြူအမျိုးသားနဲ့ လူမဲအမျိုးသမီးလင်မယားက တရုတ်မလေးတစ်ယောက်ကို မွေးစားထားတယ်။ ပြောရရင် လူမဲ၊လူဖြူ၊အာရှမိသားစုပေါ့။ လူမျိုးရေးအရမ်းဆန်နေသလိုဖြစ်နေပေမဲ့ ဘာလို့တရုတ်မလေးကိုမှ မွေးစားထားလဲဆိုတဲ့အကြောင်းအရာကို ပေါ်‌လွင်အောင် လူဖြူအမျိုးသားရဲ့ ဇာတ်ကောင်ကို သေချာတည်ဆောက်ထားတာပါပဲ။ အကျိုးသင့်အကြောင်းသင့်ရှိတယ်လို့ ပြောရမယ်။ သူတို့က ဒီတရုတ်မလေးကို မွေးစားလိုက်ပေမဲ့ သူ့မူလဇာတိမျိုးရိုးဖြစ်တဲ့ တရုတ်လူမျိုးတွေရဲ့ ယဉ်ကျေးမှုကိုလည်းသိစေချင်တယ်။ ဘာလို့ သိစေချင်ရလဲဆိုတဲ့အချက်ကို ကိုင်းကူးကိုင်းဆက်လုပ်ထားတဲ့ အပင်တွေနဲ့ ဥပမာပြသွားတာလေးကလည်း တော်တော်လေးလှတာပါပဲ။ ကိုင်းဆက်ထားတဲ့ အကိုင်းဟာ သူလက်ရှိတည်နေတဲ့ သစ်ပင်နဲ့ ကြာလာရင် တစ်သားတည်းဖြစ်ပြီး တစ်စိတ်တစ်ပိုင်းဖြစ်သွားမှာဖြစ်သလို မူလဇာတိသစ်ပင်ကလည်း အရေးပါတယ်တဲ့။ တရုတ်ကလေးမလေးကို ‌မွေးစားထားတဲ့ မိဘ၂ယောက်ဟာ သူတို့ကိုယ်တိုင်ကလည်း မအားကြဘူး။ ကလေးကိုလည်း သူ့လူမျိုးယဉ်ကျေးမှုအကြောင်းသိစေချင်တော့ စက်ရုပ်လို့ ပြောလို့ရသလို စက်ရုပ်လို့ပြောလို့လည်းမရတဲ့ အရာတစ်ခုဝယ်ပေးလိုက်တယ်။ TECHNO-SAPIEN တဲ့။အလွယ်ပြောရရင် နည်းပညာနဲ့လုပ်ထားတဲ့လူသားပေါ့။ သူ့နာမည်က ယန်းပါ။ တရုတ်ပုံစံနဲ့ တရုတ်ယဉ်ကျေးမှုအကြောင်း အကုန်သိတဲ့ Techno ပေါ့။ ယန်းရဲ့အသိဉာဏ်က ထင်တာထက်မြင့်နေတော့ ယန်းဟာ ကလေးမလေးကို တရုတ်အကြောင်းသင်ပေးရုံတင်မဟုတ်ဘဲ အကိုတစ်ယောက်လိုပါ ပြုစုပျိုးထောင်ပေးနိုင်ခဲ့တယ်။ ကလေးမလေးကလည်း ယန်းကို အရမ်းအားကိုးပါတယ်။ ဒီလိုနဲ့ တစ်နေ့ကျ ယန်း ရုတ်တရက်ကြီး ပါဝါကျသွားတယ်။ ဒီရုပ်ရှင်ဟာ ယန်းပါဝါပိတ်ကျသွားပြီးနောက်ပိုင်း သူတို့အခြေအနေကို ကျောရိုးတည်ပြီး ကိုင်းခွဲများစွာနဲ့ အတွေးပွားစရာပေးထားတဲ့ ရုပ်ရှင်ပါ။ After Yang လည်း Drive My Car လိုပဲ တစ်ခုထက်ပိုတဲ့ ရှု့ထောင့်ကနေ ကြည့်ရှုသူ စိတ်ကြိုက်ခံစားလို့ရတဲ့ ကားမျိုးဆိုတော့ ကြည့်ရှုသူရဲ့ ခံစားချက်ကို ခလုတ်တိုက်စေမယ့် အရာတွေများတယ်။ ဒါကြောင့်ပဲ ဒီရုပ်ရှင်ကို ကျွန်တော်တော်တော် သဘောကျသွားတယ်ပြောရမှာပဲ။ အထူးသဖြင့် တရုတ်လက်ဖက်ရည်ကြမ်းရဲ့ အရသာကိုခံစားတဲ့အခန်းတို့ လောင်ဇူးရဲ့ ဒဿနကို အကျယ်ဖွင့်ကြတဲ့ အခန်းတို့ သစ်တောထဲ Long take ရိုက်ထားတဲ့အိပ်မက်ဆန်ဆန်အခန်းတို့ပေါ့။ လူသားတွေရဲ့ ငါဗဟိုပြုဝါဒတို့ ကလေးမွေးစားရေးနဲ့ပက်သက်တဲ့အကြောင်းတို့ကတော့ ပုဂ္ဂလိက ခံစားချက်အရတော့ သိပ်မညိလိုက်ပါဘူး။ သို့ပေမဲ့ လွတ်လွတ်လပ်လပ် ခံစားလို့ရတဲ့ရုပ်ရှင်ဆိုတော့ ညိချင်တဲ့လူ ညိချင်တဲ့နေရာညိမှာပါပဲ။ ယန်းဟာ လူမဟုတ်တဲ့ လူသားနဲ့တူအောင်လုပ်ထားတဲ့ နည်းပညာတစ်ခုပါပဲ။ ဒါပေမဲ့ ဒီရုပ်ရှင်ထဲက လူတွေရဲ့ ဘဝမှာ ယန်းဟာ လူသားတစ်ယောက်လို အရေးပါနေတယ်။ ကျွန်တော့်မှာလည်း လူသားမဟုတ်ပါဘဲ လူသားတစ်ယောက်လို သံယောဇဉ်တွယ်ရတဲ့ အရာတွေရှိခဲ့ဖူးတယ်။ အရုပ်လို့တောင်မသုံးချင်တဲ့ ဝက်ဝံလေး၂ကောင်ပေါ့။ အားလုံးမဟုတ်တောင် ဒီလိုမျိုးရှိတဲ့ လူတွေရှိကြမှာပါပဲ။ လူ့ခံစားချက်ဟာ သက်ရှိခြင်းသက်မဲ့ခြင်းနဲ့ မဆိုင်ပါဘူး။ ဘယ်လိုပဲဆိုဆို အချိန်တစ်ခုမှာတော့ အခြေအနေအကြောင်းကြောင်းနဲ့ လက်လွတ်ရတာပါပဲ။ ဒီလိုပဲ နေသားကျအောင်နေလာကြရတာပါပဲ။ ရုပ်ရှင်ထဲ သေချာမပြသွားပေမဲ့ ယန်းမရှိတော့တဲ့နောက်မှာ (After Yang) တရုတ်ကလေးမလေး မီခါဟာ ကျွန်တော်တို့လို့ပဲ ယန်းကို လက်လွတ်တတ်ဖို့ သင်ယူသွားရမှာပါပဲ။ တစ်ချို့ကပြောကြတယ်။ အရာရာမှာ အဆုံးသတ်မရှိဘူးတဲ့။ ပေါက်ဖတ်ရဲ့ အဆုံးသတ်ဟာ လိပ်ပြာရဲ့အစလို့ဆိုကြတယ်။ ရှိခြင်းရှိဖို့ မရှိခြင်းလည်းရှိရမယ်လို့တော့ ဆိုကြတာပါပဲ။ ပသို့ပဲဆိုဆို ဒီလောကကြီးမှာ ဘာမှမရှိတော့တဲ့ အဆုံးသတ်တွေလည်း ရှိကြတာပါပဲ။ After Yang ဟာ ယန်းရဲ့ အသစ်ပြန်ဖြစ်စရာမရှိတော့တဲ့ အဆုံးသတ်ကို လက်မခံနိုင်ရင်း လက်ခံလိုက်ရတဲ့သူတွေအကြောင်းပါပဲ။ After Yang ကို ကိန်းနဲ့ Sundance တို့လို နာမည်ကျော်ရုပ်ရှင်ပွဲတော်တွေမှာ ပွဲဦးထွက်ပြထားပြီး မတ်လ၄ရက်နေ့မှာ ရုံမှာရော Streaming ပလက်ဖောင်းတွေမှာရော ပြခဲ့ပါတယ်။ "Saying Goodbye to Yang" ဆိုတဲ့၀တ္တုတိုကို မှီငြမ်းပြီး ၂၀၁၇ရဲ့ အလှပဆုံးကားတွေထဲက တစ်ကားဖြစ်ခဲ့တဲ့ Columbus ကိုရိုက်ခဲ့တဲ့ Kogonada ကပဲ ရိုက်ကူးထားပါတယ်။ Poetic Cinema အရသာကို ကောင်းကောင်းရစေမယ့် Sci-Fi Drama ကားပါပဲ။ (ဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆိုရေးသားထားပါတယ်) Size - 1.2GB, 500MB Quality - Web-dl 1080p, 720p IMDb Rating - 6.8/10 Format - mp4 Duration - 1H 36Min Genre - Drama, Sci-fi Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Drama
6.5 2021 96 mins
After Yang
The Ritual Killer
4.1

The Ritual Killer (2023) ================= မင်းသားကြီး Morgan Freeman ပါဝင်ထားတဲ့ Thriller ကားသစ်ထွက်လာလို့ တင်ဆက်ပေးလိုက်ပါပြီ။ ဇာတ် ကြောင်းကတော့ ရက်ရက်စက်စက် လူလိုက်သတ်တဲ့ ကွင်းဆက်လူသတ်သမားအကြောင်းပေါ့လေ။ ဒီထဲမှာတော့ Morgan Freeman ဟာ ပရော်ဖက်ဆာ တစ်ယောက်နေရာကနေ ပါဝင်ထားပါတယ်။ စုံထောက် ဘွိုက်ကတော့ သမီးလေးကို ဆုံးရှုံးထားရတဲ့ စိတ်ဒဏ် ရာနဲ့ဖခင်တစ်ယောက်ပါ။ တစ်နေ့ကျ ဟိုတစ်နေရာ ဒီနေရာကနေ ကျားမမရွေး အရွယ်စုံလူမျိုးစုံ လူသေအလောင်းတွေပေါ်လာပါတော့ တယ်။ ပုံစံအနေအထားအရ လူတစ်ယောက်တည်းက လုပ်မှန်းထင်ရှားနေပါပြီ။ ရိုးရာသက်ဝင်ယုံကြည်မှုတွေပါ ပါလာတာကြောင့် ပရော်ဖက်ဆာနဲ့ စုံထောက်ကြီးတို့ ပူးပေါင်းပြီး လူသတ်သမားကို ဖော်ထုတ်ကြတာပေါ့။ ဇာတ်ညွှန်းကို ဒီမှာတင်ပဲရပ်ပါရစေ အများကြီးရေးရင် ပေါ့သွားမှာစိုးလို့ ပရိတ်သတ်ကြီးတို့ ကိုယ်တိုင်ပဲ ကြည့် လိုက်ကြပါတော့။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Ngwe Zin မှ ရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်) File Size……….(1.45 GB) / (575 MB) / (335 MB) Quality…………WEB-RIP 1080p / 720p / 480P Duration………1Hr 32Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Thriller Translator…….CM Team Encoder……….SWM

Drama
4.1 2023
The Ritual Killer
The Ron Clark Story
7.5

The Ron Clark Story (2006) ~ IMDb – 7.5/10, Rotten Tomatoes – 85% ~ အမေရိကန်နိုင်ငံက နာမည်ကျော် ဆရာတစ်ယောက်ရဲ့ အကြောင်းကို ဇာတ်လမ်းဆင်ပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ။ ဝါသနာနဲ့ စေတနာတွေကို တွင်တွင်သုံးတဲ့ ဆရာတွေအများကြီးရှိပေမဲ့ အနစ်နာ ဆရာမျိုးကတော့ ပိုပြီးတွေ့ရခဲတယ်ထင်ပါတယ်။ ရွန်ကလက်ကတော့ နာသုံးနာပြည့်စုံတဲ့ ဆရာမျိုးဖြစ်ပြီး ဆရာဆိုတဲ့ အသံကြားတာနဲ့ ကျေးဇူးတင်တဲ့အသိ၊ နွေးထွေးတဲ့ခံစားချက်မျိုးရလာပြီး ဆရာက ကိုယ့်ဖက်မှာရှိနေသရွေ့ ဘာကိုမှကြောက်စရာမလိုဘူးလို့ ထင်လာနိုင်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ဆရာတစ်ယောက်ပေါ့။ ဆရာဆိုတာ ဒါမျိုးပဲလို့ ပြရလောက်အောင် ဂုဏ်ယူစွာနဲ့ ပြနိုင်လောက်တဲ့ ဆရာမျိုးပါပဲ။ နယ်မှာ အောင်မြင်မှု အထိုက်အလျှောက်ရထားတဲ့ မူလတန်းဆရာလေး ရွန်ကလက်က အိပ်မက်အကြီးကြီးနောက်ကို လိုက်ဖို့ နယူးယော့ခ်မြို့ကြီးကို မျှော်လင့်ချက်တွေ တသီကြီးနဲ့တက်လာတယ်။ မြို့ကြီးတွေဆိုတာကတော့ သိကြတဲ့အတိုင်း အပြိုင်အဆိုင်တွေများ၊ ရှုပ်ယှက်ခတ်နေပြီး အနားမရတဲ့နေရာမျိုးမလား။ ဒါပေမဲ့လည်း မြို့ပြရဲ့ တိုက်စားတဲ့ဒဏ်ကို ကြံ့ကြံ့ခံရင်း ဆရာအလုပ်ကို ရှာနေရင်းမှာ ရွှေ့ပြောင်းနိုင်ငံသားတွေအများစုနေထိုင်ကြတဲ့ ဟာလမ်က မူလတန်းကျောင်းဆရာ အလုပ်တစ်ခုကိုက သူ့ရှေ့ကို မှောက်လျက်လဲပြီး ကျလာတယ်ပြောရမယ်ထင်တယ်။ သူအလုပ်သွားလျှောက်တဲ့အချိန်မှာပဲ ကလေးတစ်ယောက်နဲ့ ဆရာ ရန်ဖြစ်ပြီး ဆရာက သူ့မျက်စိရှေ့တင်ပဲအလုပ်ထွက်သွား​တော့ တန်းဝင်လျှောက်လိုက်တာပေါ့။ ဒါပေမဲ့ ပတ်ဝန်းကျင်ကြမ်းကြမ်းနဲ့ အပြင်လူတွေကို သူစိမ်းလို သတ်မှတ်တဲ့ ဟာလမ်ကတော့ သူ့ကို လွယ်လွယ်နဲ့တော့ လက်မခံပါဘူး။ သူ့ရဲ့အရည်အချင်းက လိုတာထက်ပိုနေတော့လည်း လက်လွှတ်မခံချင်လို့ လက်ခံလိုက်တဲ့အချိန်မှာတော့ ဘယ်သူမှ ဆရာဝင်မလုပ်ချင်တဲ့ အဆိုးဆုံးအတန်းကိုမှ ရလာဒ်ကောင်းတွေရလာအောင် ဖန်တီးနိုင်ပါတယ်လို့ သူကိုယ်တိုင်ပဲ တာဝန်ခံပြီး ယူလိုက်တယ်။ အဲဒီအတန်းရဲ့ ဂုဏ်သတင်းကတော့ ဝင်သွားတဲ့ ဆရာတိုင်း အကောင်းအတိုင်းပြန်ထွက်မလာနိုင်ဘူးလို့ အာမခံထားတဲ့ အတန်းမျိုးပါ။ သူအဲဒီအတန်းကို ဝင်ပြီဆိုတာသိကြတော့ အသုဘလုပ်ဖို့ ကြိုပြီးပြင်ဆင်ထားကြဖို့တောင် စဉ်းစားမိကြတဲ့သူတွေရှိပါသေးတယ်။ ဘယ်ဆရာမှမနိုင်အောင် ကြမ်းတဲ့ အတန်းမှာ ဆရာလေး ရွန်ကလက်က တစ်တန်းလုံးကို မိသားစုတွေဖြစ်လာအောင် ဖန်တီးနိုင်ခဲ့ပြီး ရလာဒ်ကောင်းတွေကို ဘယ်လိုဖန်တီးခဲ့လဲဆိုတာကို ဒီဇာတ်ကားက အဓိကပြပေးသွားမှာပါ။ ” Every child is Special ” ဆိုတဲ့အတိုင်း သူတို့ရဲ့ မိဘတွေကိုယ်တိုင်အပါအဝင် ဘယ်သူကမှ အလေးမထားကြတဲ့အပြင် သူတို့ကိုယ်တိုင်တောင် မသိသေးတဲ့ ကလေးတွေရဲ့ အရည်အချင်းတွေကို တောက်ပလာအောင် သွေးယူပေးခဲ့ပြီး ဒီလိုရယူနိုင်ဖို့လည်း သွေး၊ချွေးတွေရင်းနှီးခဲ့ရတဲ့အကြောင်းကိုလည်းတွေ့ရမှာပါ။ ဆရာ့နောက်စေ့မှာ မျက်စိပါတယ်လို့ ပြောရလောက်အောင် နောက်ကိုလှည့်မကြည့်ဘဲ၊ အတန်းထဲကို မရောက်ဘဲနဲ့တောင် အတန်းထဲက ဘယ်ကလေးတွေက ဘာလုပ်နေလဲဆိုတာကိုပါ သိနိုင်လောက်တဲ့ထိ နားလည်နေအောင် ကြိုးစားခဲ့တဲ့ သူ့ရဲ့ ကြိုးစားအားထုတ်မှုက လေးစား၊ အားကျစရာပါပဲ။ ဒီဇာတ်ကားက ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး ဇာတ်ကားထဲက ဇာတ်လမ်းဆန်ဆန် အဖြစ်အပျက်အများစုက အပြင်မှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေအတိုင်း အတိအကျရိုက်ကူးထားတာလို့သိရပါတယ်။ ဆရာနဲ့ တပည့်ဆက်ဆံရေးထက် မိသားစုဆန်ပြီး နွေးထွေးတဲ့ စာသင်ခန်းကို ဖန်တီးခဲ့ပြီး သင်ကြားရေးပုံစံသစ်ဆိုတဲ့ စာမျက်နှာကို ဖွင့်လှစ်စေခဲ့တဲ့ အဖြစ်အပျက်တွေထဲက တစ်ခုလည်းဖြစ်ပါတယ်။ အဲဒီအတန်းမှာ သူသတ်မှတ်ထားခဲ့တဲ့ စည်းကမ်း ၅၅ ချက်အကြောင်း ” Essential 55 ” ဆိုတဲ့နာမည်နဲ့ ရေးထားခဲ့တဲ့စာအုပ်က New York Times မှာ အရောင်းရဆုံး စာအုပ်စာရင်းဝင်ခဲ့ပါတယ်။ အခုအချိန်မှာတော့ ဆရာရွန်ကလက်က ရွန်ကလက်အကယ်ဒမီဆိုတဲ့ ပရဟိတအလယ်တန်းကျောင်းကို ဖွင့်လှစ်ထားပြီး ကလေးတွေကို ပညာပေးရင်း၊ သူ့ရဲ့ပညာရေးရဲဘော်ရဲဘက်များအတွက် Motivational Speaker အဖြစ်နဲ့ ပညာရေးလောကမှာ အကျိုးဆောင်နေလျှက်ရှိပါတယ်။ ဒီဇာတ်ကားကို အဓိကရေးဖြစ်တဲ့အကြောင်းကတော့ အခုနှစ် ၂၀၂၃ အောက်တိုဘာ ၂၈ ရက်နေ့က ဆုံးပါးသွားခဲ့တဲ့ Friends TV Series က Chandler Bing ဆိုတဲ့ ဇာတ်ကောင်ကို အသက်သွင်းပေးခဲ့တဲ့ သရုပ်ဆောင် Matthew Perry ကြောင့်ပါပဲ။ Matthew က ဒီဇာတ်ကားမှာလည်း သူက Chandler Bing မဟုတ်ပါဘူးဆိုတဲ့ သူ့ရဲ့သရုပ်ဆောင်စွမ်းရည်ကို ပြသသွားတာ မြင်ရမှာပါ။ ဆရာနေရာကသရုပ်ဆောင်နေတယ်ဆိုပေမဲ့လည်း သူ့ရဲ့ ဟာသပါရမီကတော့ ဖုံးဖိထားလို့မရတာကို တွေ့ရပါလိမ့်မယ်။ ငိုနေတဲ့ မျက်ဝန်းတွေကို အပြုံးမျက်နှာဖုံးကွယ်ပြီး ဖျော်ဖြေခဲ့သူ ဟာသပါရမီရှင် သူကတော့ သူ့ရဲ့အစားမထိုးနိုင်တဲ့ Sarcasm တွေကို ကျွန်တော်တို့အတွက် ထားခဲ့ပြီး ထွက်သွားခဲ့ပါပြီ။ အဲဒီလိုပြောရင် သူက “Where?” ဆိုပြီး တစ်နေရာက အရွှန်းဖောက်နေလောက်ပါတယ်။ “Could you be more being Great, Mr. Bing” ~ Matthew Perry (1969-2023) ကို အမှတ်ရအောက်မေ့စွာဖြင့် d3mon (A F.R.I.E.N.D) Size – 2GB, 835MB Quality – 1080p, 720p IMDb Rating – 7.5/10 Format – mp4 Duration – 1H 30Min Genre – Biograhphy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by d3mon (A F.R.I.E.N.D) Encoded by Y

Drama • Thriller • War
7.5 2006 90 mins
The Ron Clark Story
Me and Mr. Christmas
5.9

Me and Mr. Christmas (2023) ===================== IMDb rating – 5.9/10 ခရစ်စမတ်ရောက်ဖို့လည်းနီးလာပြီဆိုတော့ ဒီတစ်ခေါက်မှာတော့ ပရိတ် သတ်ကြီးတို့အတွက် Christmas vibe အပြည့်ကိုခံစားရစေမယ့် Romance ဇာတ်လမ်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းရဲ့အကျဉ်း – Zoe Deans ဆိုတဲ့မိန်းကလေးက သူ့ရဲ့အိပ်မက်တွေကိုအကောင်အထည် ဖော်ဖို့ ကြိုးစားနေတဲ့သူတစ်ယောက်ပါ။ နှစ်တိုင်း အားလပ်ရက်တွေမှာတောင် အနားမယူဘဲ အလုပ်အကြောင်းပဲတွေးနေတဲ့ ကိုယ်ပိုင်ကုမ္ပဏီကိုတည်ထောင် ထားတဲ့ မိန်းကလေးတစ်ယောက်ပေါ့။ သူ့ကုမ္ပဏီကအခုမှစတင်တည်ထောင် ထားတာကြောင့် လူသိနည်းပြီး မှန်ကန်တဲ့ဖောက်သည်တစ်ယောက်နဲ့ဆုံဆည်း ချင်တာက သူ့ရဲ့ဆန္ဒပါ။ အဲဒီဆန္ဒကိုအကောင်အထည်ဖော်ပေးနိုင်တဲ့ သူတို့မြို့ရဲ့ Mr Chirstmas ရွေးချွယ် ပွဲကြီးကိုသတိရသွားပါတော့တယ်။ ဒါမှ သူ့အတွက် Mr Chirstmas အဖြစ်ကိုယ် စားပြုပြီး ယှဉ်ပြိုင်ပေးမယ့်ကောင်လေးတစ်ယောက်ရှိဖို့လိုအပ်နေတာပါ။ အဲဒီအ ချိန်မှာ ကြင်နာတတ်တဲ့ ပုံတုံးတုံးစာအုပ်ဆိုင်ပိုင်ရှင်လေးနဲ့တွေ့သွားတဲ့အချိန်မှာတော့ သူရှာတွေ့တဲ့သူက Mr Chirstmas ဖြစ်ဖို့ထိုက်တန်တဲ့သူလား၊ ပြိုင်ပွဲမှာရော ဘယ်လို တွေယှဉ်ပြိုင်ရမလဲဆိုတာကို ဒီဇာတ်လမ်းတွဲလေးမှာကြည့်ရှူရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ June ဖြစ်ပါတယ်) File Size……….(2.2 GB) / (839 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 34Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Romance Translator…….June Encoder……….SWM

Horror • Thriller
5.9 2023 90 mins
Me and Mr. Christmas
True Justice: Family Ties

ဒီကားလေးကတော့ စုံထောက်ကားလိုမျိုး အမှုလိုက်ရတဲ့ဇာတ်ကားအမျိုးအစားပါပဲ။ စိတ်ဝင်စားစရာကောင်းတဲ့အပြင် Endingကိုကြိုပြီးခန့်မှန်းလို့မရတဲ့ဇာတ်ကားမျိုးပါ။ ဇာတ်လမ်းအကျဉ်း ကေစီက ဥပဒေကျောင်းတက်နေတဲ့သူဖြစ်ပြီး မောင်တစ်ယောက်ရှိပါတယ်။ မောင်နှမနှစ်ယောက်ရဲ့အမေဆုံးပြီးကတည်းက ခနခန ခိုးမှု၊အလစ်သုတ်မှုတွေနဲ့အဖမ်းခံရပြီး ပျက်စီးနေတဲ့ ကေစီ့ရဲ့မောင်လေးက တနေ့မှာ လူသတ်မှု​နဲ့စွပ်စွဲခံခဲ့ရပြီးထောင်ကျခဲ့ပါတယ်။ မောင်ဖြစ်သူကို အမှုကနေကွင်းလုံးကျွတ်လွတ်အောင်ကယ်တင်ဖို့ ကေစီနဲ့ ကေစီ့သူငယ်ချင်းတွေပူးပေါင်းပြီး လူသတ်တရားခံအစစ်ကိုရှာဖွေရမှာပါ.. Murder mysteryဆိုပေမဲ့Friendship, Family life, Dramaအငွေ့အသက်တွေလည်းပါဝင်ပါတယ်။ File size…(1.4 GB)/(740 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre…Crime, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su Eaindra

0 2024
True Justice: Family Ties
The Settlers
7

The Settlers (2023) Western, Crime အမျိုးစားရုပ်ရှင်တွေကို ကြိုက်နှစ်သက်သူတွေအတွက် IMDb rating – 7.1, Rotten Tomatoes – 93% ရရှိထားတဲ့ ရုပ်ရှင်ကောင်းတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ ရုပ်ရှင်ပြပွဲတွေမှာလည်း ဆုတွေရခဲ့တဲ့အပြင်၊ ၉၆ ကြိမ်မြောက် Academy Awards ပွဲမှာလည်း ချီလီနိုင်ငံကတင်သွင်းတဲ့ အကောင်းဆုံး နိုင်ငံတကာရုပ်ရှင်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ၁၈၉၃ ခုနှစ်၊ ချီလီနိုင်ငံနဲ့ အာဂျင်တီးနား ၂ နိုင်ငံကြား နယ်နိမိတ်ကို ပိုင်းခြားသတ်မှတ်ချိန်မှာ စပိန်သူဌေးတစ်ယောက်ဖြစ်တဲ့ ဟိုဆေးမန်နမ်ဒက်ဟာ နိုင်ငံတော်ကနေ သူ့ကို အုပ်ချုပ်ခိုင်းထားတဲ့ နယ်နိမိတ် အကျယ်အဝန်းကို သိဖို့နဲ့ ပြန်တောင်းဖို့အတွက် ဗြိတိသျှစစ်သားဟောင်း မက်ကလန်နမ်၊ ချီလီနိုင်ငံသား ဆယ်ဂွန်ဒို၊ အမေရိကန်လူမျိုး ဘေလ်တို့ကို လွှတ်လိုက်ပါတယ်။ ထိုခေတ်က အသစ်အခြေချ နေထိုင်သူတွေနဲ့ ဒေသခံ အင်ဒီးယန်းလူမျိုးတွေကြားမှာ မကျေနပ်မှုတွေ၊ ခွဲခြားခံရမှုတွေ၊ ပြဿနာတွေ အလွန်ကိုများပြားနေတဲ့အချိန်ပါ။ ဒီလိုနဲ့ မြင်းကိုယ်စီနဲ့ထွက်လာကြတဲ့ သူတို့သုံးယောက်နဲ့ ဒေသခံ အိုနာ လူမျိုးကြား ပြဿနာတွေတက်ပြီးတော့ သွေးစွန်းတဲ့ကိစ္စတွေ ဖြစ်လာခဲ့ချိန်မှာတော့…..။ အများကြီးမညွှန်းတော့ဘဲ ကျန်တာကို ဇာတ်လမ်းမှာ ဆက်ပြီး ကြည့်ရှုကြပါတော့။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre….. Crime, Drama, History Quality…. 1080p | 720p File size… 1.6GB | 927MB Format… mp4 Duration…. 1h 41min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Leonard Lin Encoder ….. Aaron

Western • Thriller • Action
7 2023
The Settlers
Mechanic Rocky
5

Mechanic Rocky (2024) စက်ပြင်ဆရာလေး ရော့ကီ IMDb 4.5/10 အချစ်ဟာသ ဇာတ်ကားလေးတစ်ခုနဲ့မိတ်ဆက်ပေးလိုက်ပါတယ် သူ့ဖခင်ကားမောင်းသင်တာကို စိတ်တိုင်းမကျဖြစ်နေတဲ့ မိန်းကလေးချောလေးဟာ ကားရုံတစ်ခုရဲ့ကားမောင်းသင်တန်းကို သွားတက်ပြီး ကားမောင်းသင်ခဲ့ပါတယ် ဖြစ်ချင်တော့ အဲဒီကားမောင်းသင်တန်းက ကားရုံပိုင်ရှင် စက်ပြင်ဆရာက ကိုယ်တိုင်သင်ပေးဖို့ဖြစ်လာပါတော့တယ် ကားမောင်းသင်ရင်း စကားစမြည်ပြောရင်းနဲ့ မိန်းကလေးက သူသင်တန်းအပ်ရင်း ကားရုံပိတ်ဖို့အကြောင်းပြောနေတာကြားလို့ စက်ပြင်ဆရာကိုမေးမြန်းပါတယ် ထိုအခါမှစက်ပြင်ဆရာက သူ့ကားရုံအကြောင်း တစ်စိတ်တစ်ပိုင်းကို ပြောပြခဲ့ပါတယ် ဒီကားရုံဟာ သူ့အဘိုးအမွေဖြစ်ကြောင်း သူ့အဘိုးဟာဂိုဏ်းတစ်ခုကနာမည်ကြီးဂိုဏ်သားဖြစ်ကြောင်း သူ့အဘိုးရဲ့ပါးစပ်စည်းမစောင့်မှုကြောင့် လက်တစ်ဖက်ပါဆုံးရှုံးရကြောင်း သူ့အဘိုးသေဆုံးသွားတဲ့အခါ သူ့ဖခင်ကိုဒီကားရုံ အမွေပေးခဲ့ကြောင်း မသေခင် သူ့မိခင်ဆီပြန်လည်ဝင်စားမယ်လို့ပြောခဲ့ကြောင်း တွေအပြင်သူ့ဖခင်ရဲ့ အိမ်မက်အကြောင်းစသည်ဖြင့် ပြောပြပါတော့တယ် သူ့ဖခင်ရဲ့ဘဝအိမ်မက် ရည်မှန်းချက်ကဘာဖြစ်မလဲ သူ့အဘိုးကရောမသေခင်ဘာလို့ပြန်လည်ဝင်စားမယ်ပြောခဲ့သလဲ သူ့အဘိုးဂိုဏ်းသားဘဝအတွေ့အကြုံကရောဘာတွေဖြစ်မလဲ ဒီကားရုံကရော ထင်သလောက်ရိုးရှင်းပါ့မလားဆိုတာ ရယ်ရယ်မောမောနဲ့ စိတ်လှုပ်ရှားစွာ အားပေးခံစား‌ကြည့်ကြပါဦး အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်

5 2024 153 mins
Mechanic Rocky
The Outfit
7

ဒီရုပ်ရှင်လေးကတော့ neo-noir film တွေ စတင်ပေါ်ပေါက်ခဲ့တဲ့ ၁၉၇၀ ခုနှစ်ဝန်းကျင်ကာလမှာ ထွက်ရှိခဲ့တဲ့ crime/drama အမျိုးအစားပါ IMDb rating 7 နဲ့ Letterboxd မှာ 3.6 ထိ ရထားပါတယ် Neo-noir ရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်းပဲ ဒီဇာတ်လမ်းမှာ လူကောင်း လူဆိုး ဆိုတာရယ်လို့ ကွဲကွဲပြားပြားမရှိနေဘဲ ဇာတ်ကောင်တွေရဲ့ စိတ်တွင်းကစရိုက်ကို မြင်သာအောင် ရိုက်ပြထားပါတယ် အဓိကဇာတ်ဆောင်အဖြစ် Legendary actor လို့ တင်စားကြတဲ့ Robert Duvall က သရုပ်ဆောင်ထားပါတယ် သူနဲ့ ဆိုးဖော်ဆိုးဖက်အဖြစ် tough guy ကာရိုက်တာတွေမှာ တော်တော်များများတွေ့ရတတ်တဲ့ Joe Don Baker က ပါဝင်ထားပါတယ် ဒီရုပ်ရှင်ဟာ ဒီဇာတ်လမ်းရဲ့ main villain အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Robert Ryan ရဲ့ နောက်ဆုံးရုပ်ရှင်လည်း ဖြစ်ပါတယ် neo-noir style အလင်းအမှောင်၊ ဇာတ်လမ်းဇာတ်ကွက်၊ ကောင်းမွန်တဲ့သရုပ်ဆောင်ချက်တွေနဲ့ ၁၉၇၀ ခုနှစ်ကာလတွေရဲ့ သရုပ်ကို ကောင်းကောင်းရိုက်ပြထားတဲ့ ရုပ်ရှင်ကောင်းတစ်ခုပါ ဇာတ်လမ်းအကျဉ်းကတော့ ဒုစရိုက်သမားတစ်ယောက်ဖြစ်သူ မက်ကလင်ဟာ ထောင်ကနေထွက်လာချိန် သူ့ရဲ့ညီဖြစ်သူ အက်ဒီတစ်ယောက် The Outfit ဆိုတဲ့ဂိုဏ်းရဲ့ အသတ်ခံလိုက်ရတာကို သိလိုက်ရပါတယ် သူ့ညီအတွက် လက်စားပြန်ချေဖို့ တွဲဖက်ဟောင်းကြီး ကိုဒီနဲ့ ပြန်ပူးပေါင်းပြီး The Outfit ဂိုဏ်းကို တိုက်ဖို့ စီစဉ်ပါတော့တယ် ဇာတ်လမ်းကတော့ ရိုးရိုးရှင်းရှင်း လူဆိုးလူမိုက်တွေရဲ့ မျက်လုံးတစ်လုံးအတွက် မျက်လုံး၊ သွားတစ်ချောင်းအတွက် သွားတစ်ချောင်း ဆိုတာမျိုးပါပဲ အချင်းချင်း အပြန်အလှန် သတ်ဖို့ချောင်းနေကြတဲ့အချိန်မှာ ကံကောင်းတဲ့ကောင်က အသာစီးရတတ်သလိုပေါ့ သရုပ်ဆောင်တွေရဲ့ ဇာတ်ကောင်နဲ့ တစ်ထပ်တည်းကျတဲ့ သရုပ်ဆောင်မှု၊ neo-noir ရုပ်ရှင်ရသ၊ crime, drama ရသကို အပြည့်အဝ ခံစားရမှာပါခင်ဗျ…. File size…(2.1 GB)/(1 GB) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:43:00 Genre… Heist, Crime, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Khey Ki

Comedy
7 1973 103 mins
The Outfit
Reawakening
6.2

ဒီဇာတ်ကားလေးကတော့ ၂၀၂၄ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ British Drama ဇာတ်ကားတစ်ကားဖြစ်ပြီးတော့ ဒါရိုက်တာ Virginia Gilbert က ရိုက်ကူးထားပါတယ်။ အဓိကဇာတ်ဆောင်တွေအဖြစ် Jared Harris, Juliet Stevenson နဲ့ Erin Doherty တို့က ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဂျွန်နဲ့မယ်ရီတို့ဟာ ပျောက်သွားတဲ့ သူတို့ရဲ့ ၁၄ နှစ်အရွယ်သမီးလေးကလဲရ်ကို လိုက်ရှာနေခဲ့ ပါတယ်။ ဆယ်နှစ်ကြာပြီးနောက် တစ်နေ့မှာတော့ မမျှော်လင့် ထားပဲနဲ့ ကလဲရ်က အိမ်ပြန်ရောက်လာပါတယ်။ နှစ်ပေါင်းများစွာကြာပြီဖြစ်တာကြောင့် မိဘဖြစ်သူတွေကလည်း မမှတ်မိကြတော့ပါဘူး။ ဒီလိုနဲ့ နောက်ဆုံးမှာတော့ မိသားစုလေး ပြန်လည်ဆုံဆည်းဖြစ်သွားပါပြီ။ ဒါပေမယ့် သူက တကယ့်ကလဲရ်အစစ်အမှန်ရောဟုတ်ရဲ့လား။ ဘာလို့ ဆယ်နှစ်ကြာပြီးမှ ပြန်ရောက်လာတာလဲ စတဲ့မေးခွန်း တွေရဲ့အဖြေကို ဒီဇာတ်ကားထဲမှာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ။ သမီးဖြစ်သူ ပျောက်ဆုံးသွားတာနဲ့ပတ်သတ်ပြီး မဖြေရှင်းနိုင်တဲ့ ပဟေဠိတွေနဲ့ ရင်ဆိုင်နေရတဲ့ မိဘဖြစ်သူနှစ်ယောက်ရဲ့ခံစားချက်ကို ပေါ်လွင်အောင်ဖော်ပြထားပါတယ်။ IMDb မှာ rating ကောင်းတစ်ခုကို ရရှိထားပြီးတော့ အရမ်း ကြည့်လို့ကောင်းတဲ့ ဒရာမာဇာတ်ကားလေးဖြစ်တာကြောင့် ကြည့်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ File size… (1.01 GB) / (468 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 34m Genre …. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin

Romance • Comedy
6.2 2024 90 mins
Reawakening
The Rose of Versailles (aka) Versailles no bara
5

The Rose of Versailles (aka) Versailles no bara (2025) IMDB – 6.0/10, MyAnimeList – 6.6/10 Netflix ကနေ မကြာခင်က ထွက်ရှိလာတဲ့ Anime ရုပ်ရှင်လေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်လေးဟာ ၁၉၇၉ ခုနှစ်က ထွက်ရှိထားတဲ့ စီးရီးကို အသက်ပြန်သွင်းထားတာဖြစ်ပြီး Musical အမျိုးအစားလည်း ပါဝင်ပါတယ်။ ပြင်သစ်နိုင်ငံရဲ့ ဖြစ်ရပ်မှန် သမိုင်းကြောင်းတွေကို နောက်ခံအဖြစ် အသုံးချထားပြီး စိတ်ကူးယဉ် ဇာတ်ဆောင်နဲ့ ပုံဖော်ထားတဲ့သဘောပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ Oscar ဆိုတဲ့ မိန်းကလေးဟာ ဖခင်ဖြစ်သူက သားယောက်ျားလေးအဖြစ် ပြုစုပျိုးထောင်ခဲ့လို့ ချောမောလှပပေမဲ့လည်း ကျားကျားလျားလျားနေနေရသူ ဖြစ်ပါတယ်။ ဒီလိုနဲ့ ပြင်သစ်-သြစတြီးယား ၂ နိုင်ငံ ချစ်ကြည်ရေးအနေနဲ့ ရောက်ရှိလာတဲ့ အိမ်ရှေ့စံမင်းသမီး Marie Antoinette ကို သက်တော်စောင့် လုပ်ဖို့ ကံပါလာရာကနေ အချစ်ရေးအချစ်ရာကိစ္စတွေ နိုင်ငံရေးပဋိပက္ခတွေ တစ်ကမ္ဘာလုံးမှာ နာမည်ကျော်ဖြစ်ရပ်တစ်ခုဖြစ်တဲ့ ပြင်သစ်တော်လှန်ရေး ဆူပူအုံကြွမှု စသဖြင့် ဖြစ်ရပ်တွေမှာ Oscar တစ်ယောက် ဘယ်လိုဖြတ်သန်းကျော်ဖြတ်ခဲ့မလဲဆိုတာကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ (အညွန်းနဲ့ ဘာသာပြန်ကတော့ Thura Aung ဖြစ်ပါတယ်)

Romance
5 2025 113 mins
The Rose of Versailles (aka) Versailles no bara