YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The Wild Boys (2017) Blu-Ray,1080p(CM).mp4

3.98 GB N/A video/mp4 76 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Kisaragi Station
6.7

ဂျပန်မှာရှိတဲ့ ဒဏ္ဍာရီသရဲပုံပြင်တွေအများကြီးကမှ ၂၀၀၄ ခုနှစ်မှာ အင်တာနက်ပေါ်စတင်ရောက်ရှိ နာမည်ကြီးလာခဲ့တဲ့ ကီဆာရာဂီ ဘူတာရုံအကြောင်းကို ပြန်လည်စိတ်ကူးပုံဖော်ထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်လိုက်ပါရစေ ကီဆာရာဂီဘူတာရုံဆိုတာ အပြင်မှာမရှိတဲ့ ဘူတာရုံတစ်ခု ဟာဆာမီ ဆိုတဲ့အကောင့်နာမည်တစ်ခုကနေ စတင်ဝေမျှရင်း နာမည်ကြီးလာတဲ့ ဒဏ္ဍာရီတစ်ပုဒ် ဇာတ်လမ်းအစမှာပေါ့ 'ဆုဆုမီ'ဆိုတဲ့ ကော်လိပ်ကျောင်းသူဟာ သူမရဲ့ သုတေသနစာတမ်းအတွက် ကီဆာရာဂီဘူတာမှပြန်လည်ရောက်ရှိလာသူ ကျောင်းဆရာမ 'ဟယာမာ'ကို အင်တာဗျူးဖို့ ရောက်လာခဲ့တယ် 'ဟယာမာ'ဟာ တူမလေးဖြစ်တဲ့ 'ရင်'နဲ့အတူ နေထိုင်လျက်ရှိတယ် သူမရဲ့ အဖြစ်အပျက်ကို လုံးစေ့ပတ်စေ့ သေချာပြောပြပြီးချိန်မှာ ဆုဆုမီတစ်ယောက် စမ်းသပ်ရင်း ကီဆာရာဂီဘူတာသို့ ရောက်ရှိသွားတဲ့အခါ... သည်းထိတ်ရင်ဖိုရပြီး လှည့်ကွက်တွေပါတဲ့အပြင် အမှန်အကန် လန့်ရမယ့် ဇာတ်လမ်းလေးတစ်ဖြစ်လဲ IMDb 6.3အထိ ရရှိထားတာမို့ မကောင်းမှာမပူရဘူးနော် ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Mugiwara Ya ပါ ) File Size__( 1.7GB) / ( 984MB) Quality__1080p, 720p IMDb Rating__5.7/10 Format__mp4 Duration__01:35:00 Type__Drama, Horror Subtitle__Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Naing Aung Latt

Drama • Romance
6.7 2022 82 mins
Kisaragi Station
Virupaksha
7.5

IMDb-8/10 Mystery ရုပ်ရှင်ပရိသတ်တွေအကြိုက်တွေ့မယ့် ရုံတင်ငွေကုဋေကိုးဆယ်နီးနီးရရှိခဲ့တဲ့ ရုံတင်ကားပါ ဇာတ်ဆောင်အနေနဲ့လည်း ဟိုတလောကနာမည်ကြီးသွားတဲ့ ကျောင်းဆရာကားထဲက မင်းသမီးလေး Samyuktha Menon အဓိကပါဝင်ထားပါတယ် ဇာတ်လမ်းအစမှာ တစ်ရွာလုံးကကလေးတွေကို ကျိန်စာတိုက်နေပါတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့လင်မယားနှစ်ယောက်ကိုမီးပုံရှို့နေပါတယ် ဒီထဲက ဇနီးဖြစ်သူက နောက် 12 နှစ်ကြာပြီးတဲ့အချိန်မှာ ဒီရွာဟာသုသာန်တစပြင်ဖြစ်ရမယ်လို့ကျိန်စာတိုက်ထားခဲ့ပါတယ် 12 နှစ် ကြာပြီးတဲ့အချိန် ရူဒရာဗန်နမ်ဆိုတဲ့ကျေးရွာလေးဟာ ပွဲတော်တစ်ခုကျင်းပဖို့ပျော်ရွှင်နေကြချိန် ရွာသားတစ်ယောက်ထူးဆန်းစွာသေဆုံးမှုကြောင့် ဘုန်းတော်ကြီးကနေ ဒီရွာကို 8 ရက်တိုင်တိုင်ပိတ်ချ ၊ အပြင်လူအားလုံးတစ်ရက်အတွင် းပြန်ရမယ်ဆိုတဲ့စည်းကမ်းချမှတ်လိုက်ပါတယ် ဒီစည်းကမ်းကို‌အကြောင်းအမျိုးမျိုးနဲ့ ချိုးဖောက်ပြီး ထွက်သွားကြသူတွေဟာလည်း ထူးဆန်းသွားသေဆုံးသွားကြပါတယ် ဒီချိန်မှာရွာရောက်နေတဲ့ ဆူရီယာဆိုတဲ့ မြို့သားတစ်ယောက်ဟာ ရွာခံနန်ဒီနီ့ကိုချစ်မိပြီး ထွက်သွားပြီးမှ နန်ဒီနီ့ကျန်းမာရေးအတွက် ပြန်ဝင်လာခဲ့ပါတယ် ဘယ်လောက်ပဲဆန်းကြယ်ပါစေ အဖြေရှာတွေ့စမြဲပါပဲ ဒီထဲကဆန်းကြယ်မှုတွေကိုရော ဆူရီယာကဘယ်လိုအဖြေရှာဖော်ထုတ်မလဲ ရင်တထိတ်ထိတ် ရှုစားကြည့်ပါဦး သွေးသံရဲရဲအခန်းတွေများစွာပါဝင်တာမို့ အသည်းငယ်တတ်သူများမကြည့်ရှုခင်မှာ သေချာလေးစဉ်းစားသင့်တဲ့ ဇာတ်ကားတစ်ကားပါပဲ File size…2.93GB / 1.24GB Quality…1080p WEB DL / 720p Format… mp4 Duration….2h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ YH ~ chiclon3 ~ Aditi ~ Yunni

Comedy
7.5 2023 146 mins
Virupaksha
Last Christmas
7.2

ဒီရုပ်ရှင်လေးက ရုံတင်ကတည်းက အတော်လူကြိုက်များခဲ့ပါတယ်။ Romance ကား ကောင်းကောင်းလေးပါပဲ။ ပျော်ဖို့ကောင်းတယ် ချစ်စရာကောင်းတယ် မထင်ထားတဲ့ ဇာတ်လမ်းမျိုးလေးဖြစ်နေတယ်ပေါ့။ နောက်ခံသီချင်းလှလှလေးတွေသုံးထားတယ်။ ကျွန်တော်ကတော့ မင်းသမီး အမ်မလီယာကလာ့ခ်ရဲ့ ဖန်မို့ ပိုကြိုက်မိပါတယ်။ မစ်ချဲယိုကလည်း ဇာတ်ပို့အဖြစ် အားဖြည့်ပေးထားပါတယ်။ ဇာတ်လမ်းကတော့ Last Christmas သီချင်းကို အဓိက ဇာတ်အိမ်တည်ထားတာပေါ့။ ကတ်ထရီးနား ခေါ် ကိတ် ဟာ အမေ နဲ့ရော အစ်မနဲ့ရော မတည့်တဲ့ ဂျစ်ကန်ကန်ကောင်မလေး၊ ဘဝကို အရက်တွေ ယောကျာ်းတွေနဲ့ ဖြစ်သလိုဖြတ်သန်းနေတဲ့သူပေါ့။ တစ်ရက်မှာတော့ ထူးဆန်းပြီး လူတွေကို ကူညီတတ်တဲ့ တွမ် ဆိုတဲ့ ကောင်လေးနဲ့ စမိချိန်မှာ…..။ File size…(2 GB) and (1 GB) Quality…Blu-Ray 1080p & 720p (HEVC Encode) Format…mkv Duration….01:43:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Little Neo

Drama • Romance
7.2 2019 102 mins
Last Christmas
Rock of Ages
6.2

Musical filmတစ်ခုဖြစ်ပြီး Main leadတစ်ယောက်အနေနဲ့ ကျွန်တော်တို့ရဲ့ Tom Cruiseကြီးက ပါဝင်သရုပ် ဆောင်ထားပါတယ်။ ဇာတ်အိမ်ကိုတော့ Los Angeles မြို့နယ်အခွဲလို့ပြောလို့ရတဲ့ ဟောလီးဝုဒ် အဆိုကျော်တွေ ကျင်လည်ရာ Sunset Stripမြို့လေးမှာ တည်ထားပါတယ်။ ဇာတ်လမ်းအစမှာတော့ သီချင်းဆိုပြီး အသက်မွေးဝမ်းကြောင်းပြုမယ်ကြံပြီး နယ်မြို့လေးကတက်လာတဲ့ Sherrieဟာ မြို့ပေါ်ရောက်ရောက်ချင်းပဲ လုယက်ခံလိုက်ရပါတယ်။ အဲဒီမှာပဲ နာမည်ကြီး Bourbon roomမှာ အချိန်ပိုင်းအလုပ်ဝင်လုပ်နေတဲ့ လူငယ်လေး Drewနဲ့ ကံအကြောင်းဆိုင်လို့ Bourbon room မှာပဲ အလုပ်တစ်ခုရဖို့ ဖြစ်လာပြီးတဲ့နောက် ဝါသနာတူ Drewနဲ့ ကိုယ်စီ အနုပညာလမ်းကို လျှောက်လှမ်းဖို့အကြောင်းဖန်လာတဲ့အခါမှာတော့.. ။ တစ်ဖက်မှာလည်း သူ့ခေတ်သူ့အခါမှာ ရော့ခ်နတ်ဘုရားလို့ တင်စားရလောက်တဲ့ Stacee Jaxxတစ်ဖြစ်လဲ Tom Cruiseဟာ လူမှုရေးပြဿနာတချို့ကြောင့် အနုပညာလမ်းကြောင်း တန့်နေတာ ကြာခဲ့ပါပြီ။ အဲဒီလိုနဲ့ တိုက်ဆိုင်စွာပဲ Bourbon roomမှာ ပထမဆုံးအကြိမ် တစ်ကိုယ်တော်ရှိုးပွဲဆိုပြီး အနုပညာသက်တမ်း ပြန်ဆက်ဖို့လုပ်နေတဲ့အခိုက် Sherrieနဲ့ Drewကြား ဆူးညှောင့်တစ်ခုလို ဖြစ်လာပါတော့တယ်။ ကျန်တာကိုတော့ ကိုယ်တိုင်သာ ဆက်လက် ရှုစားကြည့်လိုက်ကြပါ။ Imdbမှာ 5.9ရထားပြီး Comedy ခပ်ပါးပါးလေး ပုတ်ထားတဲ့အပြင် သီချင်းတွေ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ကြည့်ရမှာမို့ ဘဝအမောပြေစေမှာ အမှန်ပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Hugo ပဲ ဖြစ်ပါတယ်။ Genre..... Comedy, Drama, Musical Quality…. 1080p | 720p | 480p File size… 2.5GB | 1.4GB | 657MB Format… mp4 Duration…. 2h 3min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Hugo Encoder ..... August

Drama
6.2 2012 123 mins
Rock of Ages
Goemon
6.8

ဂျပန်သမိုင်းနဲ့ပတ်သက်တဲ့ဇာတ်လမ်းတွေ နင်ဂျာတွေ ရှိုးဂန်းတွေအကြောင်း စိတ်ဝင်စားတဲ့သူတွေ အတွက် ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ အရှင် နိုဘုနဂါက ဂျပန်ပြည်ကို စုစည်းဖို့ကြိုးစားခဲ့ပြီး သူ့ရည်ရွယ်ချက်တွေ မအောင်မြင်ခင်မှာပဲ သူ့ရဲ့ယုံကြည်ရတဲ့ လက်အောက်ခံက လုပ်ကြံတာကိုခံခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ အရှင် ဟိဒဲရောရှိက နန်းတက်လာပြီး ဆယ်စုနှစ်ကျော်ကြာအောင် အုပ်ချုပ်နေခဲ့ပါတယ်။ ၁၅နှစ်ခန့်အကြာမှာတော့ သူဟာ စစ်အင်အားစုစည်းပြီး ကိုရီးယားနဲ့တရုတ်ကို တိုက်ခိုက်သိမ်းပိုက်ဖို့ကြံစည်နေပါတယ်။ အဲဒီအချိန်မှာ လျင်မြန်ဖြတ်လတ်ပြီး ဆင်းရဲသားတွေအပေါ်ကျ ကြင်နာတတ်တဲ့ ရော်ဘင်ဟုလိုမျိုး သူခိုးတစ်ယောက်က ရှိနေပါတယ်။ သူ့ရဲ့နာမည်ကတော့ ဂိုအဲမွန်ဖြစ်ပြီးတော့ လူတွေကသူ့ကိုသဘောကျကြပြီး ဖမ်းမမိနိုင်တဲ့သူခိုး တစ်ယောက်ပါ။ အများစုအမြင်မှာတော့ သူခိုးတစ်ယောက်ပေမဲ့ သူ့မှာ လျှို့ဝှက်ထားတဲ့အတိတ်နဲ့ ဆက်နွယ်မှုတွေက ရှိနေပါတယ်။ ဂိုအဲမွန်ရဲ့အကြောင်း ထီးနန်းနဲ့နန်းတွင်းရဲ့စစ်ပွဲတွေအကြောင်း နင်ဂျာတွေအကြောင်းကို ကြည့်ရှုရမဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ ) File Size__(1.4GB) Quality__WEB-DL_720p IMDb Rating__6.6/10 Format__mp4 Duration__02:08:00 Type__Action, History Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Naing Aung Latt

Action • Crime • Drama
6.8 2009 128 mins
Goemon
The Legend of Fei

CM ပရိသတ်ကြီးကို သိုင်းကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ နယ်စပ်မှာတည်ရှိနေတဲ့ ၄၈ခံတပ်ဟာ တစ်နေ့မှာတော့ မြောက်ပိုင်းသားတွေရဲ့ ဝင်ရောက်တိုက်ခိုက်ခြင်းနဲ့ကြုံတွေ့ခဲ့တယ်။ ၄၈ခံတပ်ခေါင်းဆောင် Li Zheng သမီးဖြစ်သူ Li Jin Rong ကိုစစ်ကူတောင်းဖို့စေလွှတ်လိုက်ရတယ်။ ဇာတ်ကြောင်းကတော့လောကကြီးအကြောင်းနားမလည်တဲ့ မမလေးဘဝကနေပြီး ဘာမှမကြောက်တတ်တဲ့ သူရဲကောင်းတစ်ဦးအဖြစ်ပြောင်းလဲလာပြီး ကလဲ့စားချေခြင်းအလယ်မှာ တစ်ဝဲလည်လည်ဖြစ်နေခဲ့ပြီး နှင်းခွင်းဓားရဲ့တစ်ဦးတည်းသော ဆက်ခံသူဖြစ်ခဲ့သော်ငြားလည်း သူရဲ့ ဖခင်နှင့် မွေးရပ်မြေကို ဆုံးရှုံးလိုက်ရပါတယ်။ အဲဒီအတွက် နာကျင်မှုတွေကို သည်းခံအရှုံးမပေးပဲ စိန်ခေါ်မှုတွေနှင့် ပေးဆပ်မှုတွေကို ရင်ဆိုင်ရန် ကြိုးပမ်းနေတဲ့အချိန်မှာ နောက်ဆုံးမှာ သူမဟာအမှန်တရားကိုသိလိုက်ရတယ်။ အဲဒီအမှန်တရားကဘာဖြစ်နေမလဲဆိုတာကိုတော့ ဆက်ပြီးအဆုံးထိကြည့်ပေးပါဦး။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Romance Runtime : 1h 31 min Subtitle : Myanmar Subtitle ( Hardsub ) Translated By Nu Mon , Hnin Wut Hmon , Shwe Zin Oo Encoded by LK

Drama • Romance
0 2021 91 mins
The Legend of Fei
Do Revenge
6.4

ထွက်ရှိထားတာ မကြာသေးပဲ hot ဖြစ်နေတဲ့ American Comedy Genre ဇာတ်ကားလေးဖြစ်ပြီး Riverdale မင်းသမီးချော Camila နဲ့ Stranger Things မင်းသမီး Maya Hawkes တို့အတွဲညီညီ သရုပ်ဆောင်ထားတဲ့ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ... ဒရေယာက အမေတစ်ခု သမီးတစ်ခုဖြစ်ပြီး ဆင်းရဲပေမယ့် ရို့စ်ဟေးလ်ကျောင်းကို ပညာသင်ဆုနဲ့ တက်ရောက်ခွင့်ရရှိထားသူပါ။ သူ့ရည်မှန်းချက်ကတော့ နာမည်ကျော် ရေးလ်တက္ကသိုလ်တက်ရဖို့ဖြစ်ပြီး ကျောင်းမှာလည်း ထိပ်ထိပ်ကြဲ လူချမ်းသာ သားသမီးတွေနဲ့ ဝင်ဆံ့တဲ့အထိ ပါးနပ်ပါတယ်။ ကံဆိုးတာက သူ့ချစ်သူ သူဌေးသားမက်စ်ဆီက ဒရေယာရဲ့ sex tape ပျံ့လာခဲ့ပြီး ဒရေယာက စိတ်မြန်လက်မြန်နဲ့ မက်စ်မျက်နှာကို လက်သီးတစ်လုံးကျွေးလိုက်ရာက သူ့အချစ်ဆုံး သူငယ်ချင်းဆိုသူတွေကိုပါ ဆုံးရှုံးလိုက်ရပြီး အပယ်ခံဖြစ်သွားပါတော့တယ်။ ကံကောင်းတာက သူ့အတွက် စစ်မှန်တဲ့သူငယ်ချင်းမလေး ပေါ်လာတာပါပဲ။ အဲဒါကတော့ သူ နွေရာသီ တင်းနစ်ကမ့်မှာ ဆုံခဲ့တဲ့ သူ့လိုပဲ စိတ်ဒဏ်ရာဒဏ်ချက်တွေအပြည့်နဲ့ အယ်လီနောဆိုတဲ့ လိင်တူချစ်သူ ကောင်မလေးပါပဲ။ သူတို့ရဲ့ရေစက်က အဲဒီမှာတင် မဆုံးတဲ့အခါ နှစ်ကောင်ပေါင်းပြီး ကျောင်းမှာ ဘယ်လိုပြန်မွှေကြမလဲဆိုတာ ကြည့်ရှုခံစားလိုက်ပါဦး။ (ဇာတ်လမ်းအညွှန်းကိုတော့ May Myat Thu က ရေးထားပါတယ်။) File Size          : 2.2GB, 938MB, 507MB Quality            : 1080p WEB-DL AC3 5.1CH, 20p WEB-DL, 480p Format            : mp4 Duration         : 1hr & 58mins Genre              : Comedy Translated by May Myat Thu & Kit Encoded by Kinnov

6.4 2022 118 mins
Do Revenge
Ikiru
8.3

Ikiru (1952) ~ IMDb – 8.3/10, Rotten Tomatoes – 98% ~ Golden Age of Asian Cinema လို့လည်းခေါ်ကြတဲ့ ၁၉၅၀ဝန်းကျင်ကာလဟာ non-English World Cinema ရဲ့ ရွှေခေတ်ဖြစ်ခဲ့ပါတယ်။ ဒီ ၁၉၅၀ဝန်းကျင်မှာပဲ အာရှဒါရိုက်တာတွေဟာ အကောင်းတကာ့ အကောင်းဆုံးဆိုတဲ့ အနုပညာအရည်အသွေးရှိတဲ့ ရုပ်ရှင်တွေကို တင်ဆက်နိုင်ခဲ့ပြီး ဒီနေ့ထိလည်း ဒီကားတွေဟာ ခေတ်ကိုကျော်ဖြတ်ပြီး ရှင်သန်နေတုန်းပါ။ ဒီကာလမှာ Yasujirō Ozu ရဲ့ Tokyo Story (1953), Satyajit Ray’s The Apu Trilogy (1955–1959), Kenji Mizoguchi ရဲ့ Ugetsu (1954), Ishirō Honda ရဲ့ Godzilla (1954) နဲ့ Akira Kurosawa ရဲ့ Rashomon (1950), Ikiru (1952), Seven Samurai (1954) နဲ့ Throne of Blood (1957) တို့တွေလည်း ထွက်ရှိခဲ့ပါတယ်။ ဒီရုပ်ရှင်တွေဟာ ကမ္ဘာ့ရုပ်ရှင်လောကကို ဒီနေ့ထိထက်တိုင် လွှမ်းမိုးမှုကြီးခဲ့ပြီး ကူရိုဆာဝါရဲ့ ရာရှိုးမွန်ကားက “Rashomon Effect” ကို ဒီနေ့ခေတ်ထက်ထိ ရုပ်ရှင်တက္ကနစ်တစ်ခုအနေနဲ့ အသုံးပြုနေကြတုန်းပါပဲ။ The Usual Suspects (1995), Gone Girl (2014), Predestination (2014), Hero (2002), The Handmaiden (2016) တို့လို နာမည်ကြီးဒါရိုက်တာတွေရဲ့ နာမည်ကျော်ကားတွေမှာပါ “Rashomon Effect” ကို သုံးနေကြတုန်းပါပဲ။ နောက် ကူရိုဆာဝါရဲ့ Seven Samurai ကို အနောက်ဘက်က ခဏခဏပြန်ရိုက်ခဲ့ကြသလို The Hidden Fortress (1958) ဟာလည်း ဂျော့လူးကတ်စ်ရဲ့ စတားဝါးစ်ယူနီဗာ့စ်ကြီးရဲ့ အင်စပီရေးရှင်းတစ်ခုလည်းဖြစ်ခဲ့တယ်။ ကမ္ဘာ့ရုပ်ရှင်သမိုင်းမှာပါ ဒီကာလကို အာရှရုပ်ရှင်ရဲ့ရွှေခေတ်လို့တစ်မျိုး ဂျပန်ရုပ်ရှင်ရဲ့ရွှေခေတ်လို့တစ်ဖုံ သတ်မှတ်ခဲ့ကြပါတယ်။ အကီရာကူရိုဆာဝါဟာ ရုပ်ရှင်ရိုက်သက် နှစ်ငါးဆယ်ကျော်မှာ ကား၃၃ကားရိုက်ခဲ့ပြီး ကားတိုင်းနီးပါး အနုပညာအရအောင်မြင်ခဲ့တဲ့အပြင် သူ့ခေတ်သူ့အခါမှာတင် နိုင်ငံတကာကို ထိုးဖောက်နိုင်ခဲ့တဲ့ အထင်ကရဂျပန်ဒါရိုက်တာတစ်ယောက်ပါ။ လက်ရှိဟောလိဝုဒ်ရဲ့ဘိုးအေကြီးတွေဖြစ်နေတဲ့ စကောဆေးစိတို့ စပီးဘာ့ဂ်တို့နဲ့လည်း လက်တွဲလုပ်ဖူးတဲ့ လူဆိုလည်းမမှားပါဘူး။ သူတို့ထက်ရှေးကျတဲ့ ရုပ်ရှင်ရဲ့ဆရာကြီးတွေဖြစ်တဲ့ အင်ဂမာဘာ့ဂ်မန်းတို့၊ ဖက်ဒါရီကို ဖယ်လင်နီတို့၊ ပက်ဒင်တန်ပေါ်မလာခင်အထိ တစ်ချိန်ကအကောင်းဆုံးရုပ်ရှင်လို့သတ်မှတ်ဖူးကြတဲ့ Citizen Kane ရဲ့ဖန်တီးရှင် အော်ဆန်ဝဲလ်တို့ကပါ ကူရိုဆာဝါ ရုပ်ရှင်တွေကိုထောပနာပြုခဲ့ကြဖူးပါတယ်။ ယုတ်စွအဆုံး တာကော့စကီးကလည်း ဆဲဗင်းဆာမူရိုင်းကို သူ့အကြိုက်ဆုံးရုပ်ရှင်ဆယ်ကားထဲက တစ်ကားလို့ပြောဖူးပါတယ်။ စတန်လေကူးဘရစ်ကိုယ်တိုင်လည်း “One of the Great Film Directors” လို့ ချီးကျူးဖူးတဲ့ သူပါပဲ။ အများစုကတော့ ဆဲဗင်းဆာမူရိုင်းနဲ့ Ran ပြီးရင် Ikiru ကို ကူရိုဆာဝါရဲ့ အကောင်းဆုံးရုပ်ရှင်လို့ သမုတ်ကြပါတယ်။ Ikiru ဟာ လီယိုတော်စတွိုင်းရဲ့ ဝတ္တုကို ကူရိုဆာဝါက သူ့ဟန်နဲ့ပြန်အသက်သွင်းထားတဲ့ ရုပ်ရှင်ဖြစ်ပြီး Living (2022) အဖြစ်လည်း ပြန်လည်ခံစား ခံထားရတဲ့ ရုပ်ရှင်လည်းဟုတ်ပါတယ်။ Living မှာလည်း Ikiru အကြောင်း တော်တော်လည်းပြောပြီးပြီဆိုတော့ ဘာမှတော့ သိပ်ပြောစရာမရှိတော့ပါဘူး။ Living က စာကိုပါ ပြန်ပေါင်းဖတ်လိုက်ရင် Ikiru အကြောင်းက မဆိုသလောက်လေး စုံနေပါပြီ။ အောက်ကဟာကတော့ ရေးချင်တာရေးထားတာမို့ ဖတ်ချင်မှဖတ်ကြပါ။ ပစ္စုပ္ပန်မှာနေတာ အကောင်းဆုံးလို့ တစ်ချို့ကပြောကြတယ်။ မှားတော့လည်း မမှားပါဘူး။ အနေလွန်သွားရင်ကျလည်း ဘေးထွက်ဆိုးကျိုးသဘောမျိုးရှိတတ်လားတော့မသိဘူး။ ဒီလိုအခါတွေကျ ခြင်္သေ့လည်ပြန်ထဲက ဘယ်နေရာမဆို တစ်ဖက်စွန်းကျရင် တစ်ယောက်တော့ နစ်နာရစမြဲဆိုတဲ့ စာသားကိုပဲ ပြေးပြေးမြင်မိတယ်။ ပစ္စုပ္ပန်မှာ ရှင်သန်နေရတာ ကျွန်တော့်အတွက်တော့ လွယ်လှတယ်မဟုတ်ပေမဲ့ မခက်လှဘူး။ ဒီလိုပဲ ရွှင်တစ်လှည့် ပြတ်တစ်လှည့်နဲ့ တစ်နေ့ပြီးတစ်နေ့ကုန်သွားခဲ့တာ ကြာပြီ။ တစ်ယောက်ယောက်အတွက်ပါ ထည့်သွင်းစဉ်းစားမိတဲ့အခါတွေဆိုရင်တော့ Summer Palace ရုပ်ရှင်ထဲက တစ်စက်မှမမှားတဲ့ ဒိုင်ယာလော့တစ်ကြောင်းကို ပြေးပြေးမြင်တာပဲ။ ” တစ်ယောက်တည်းဆိုရင်တော့ ခိုကိုးရာမဲ့ဘဝမှာ နေလို့ရပေမဲ့ နှစ်ယောက်ဆိုရင်တော့ ဒီလိုဘဝမှာ နောင်တတွေပဲရနိုင်မယ် “တဲ့။ ရှေ့ကိုလုံးဝမကြည့်တဲ့ ပစ္စုပ္ပန်ဟာ နေတတ်သူနဲ့ မနေတတ်သူကြားထဲမှာတော့ တော်တော်အန္တရာယ်များတဲ့အရာပဲ။ ကျွန်တော့်အတွက်တော့ ပစ္စုပ္ပန်မှာပဲ နေထိုင်ခြင်းဆိုတာ တော်တော်အကျိုးရှိတဲ့အမြင်လည်းဖြစ်သလို တစ်ခါတလေ တော်တော်အန္တရာယ်များတဲ့ အမြင်လည်းဟုတ်တယ်။ ဒီရုပ်ရှင်ဟာလည်း ပစ္စုပ္ပန်မှာပဲ အနေလွန်သွားတဲ့ လူတစ်ယောက်အကြောင်းပဲလို့ ပြောရမလားပဲ။ ဇာတ်ကောင်ဟာ သူ့ဘဝကို သူပစ္စုပ္ပန်ကိုပဲတည့်တည့်ကြည့်ရင်း အနှစ်၃၀လုံး ဘာမှမပြောင်းလဲပဲ ရှင်ရင်းသာနေလာခဲ့တယ်။ ဒီလိုနဲ့ သူ့အကန့်အသတ်ကို ရောက်လာတယ်။ သူနောက်ထပ်၆လပဲနေရတော့မယ်။ တစ်သက်လုံး သူက ပစ္စုပ္ပန်တည့်တည့်ကလွဲ ဘာကိုမှမကြည့်ဘဲ နေလာခဲ့တော့ မခက်ခဲဘူးပေါ့။ တစ်ခုရှိတာက သူ့ပစ္စုပ္ပန်မှာ နေပုံက လုံးဝအနိမ့်အမြင့် အတက်အကျ ဘာမှမရှိဘဲ တော်တော်ပျင်းဖို့ကောင်းတဲ့ ရုံးဝန်ထမ်းဘဝနဲ့ ရှင်လာတာ။ သေရတော့မယ်ဆိုတော့ အတိတ်ကိုလှည့်ကြည့်တော့လည်း ဒီနှစ်၃၀လုံး သူဘာမှမဖြစ်ခဲ့ဘူး။ ယုတ်စွအဆုံး ညနေခင်းနေဝင်ချိန်လေးတစ်ခုကိုတောင် အရသာခံပြီး မကြည့်ခဲ့ဖူးဘူး။ ရှင်လျက်နဲ့သေနည်းမျိုးနဲ့ ရှင်သန်လာခဲ့တယ်။ ဒီနေရာမှာ တစ်ချိန်လုံးသုံးလာခဲ့တဲ့ ပစ္စုပ္ပန်ဆိုတဲ့စကားလုံးကို ကျွန်တော်ပြောချင်ခဲ့တဲ့ဆိုလိုရင်းက ပစ္စုပ္ပန်ဆိုတာထက် အခြေအနေတစ်ခုမှာနေသားကျနေခြင်းလို့ ပြောရင်ပိုမှန်မလားပဲ။ နည်းနည်းတော့ ဝေဝါးသွားပြီ။ ဒီလိုဝေဝါးနေတာကိုကပဲ ရှင်သန်ခြင်းပိုဆန်နေမလားပဲ။ ထားလိုက်ပါတော့။ ဆက်ရရင်… ဇာတ်ကောင်က တစ်ချိန်လုံး အလုပ်တော့များနေတာပဲ။ အသက်ရှုဖို့အချိန်မရှိလောက်အောင်ကို သူ့မှာ အလုပ်များနေခဲ့တာ။ ဒါပေမဲ့ တကယ်တမ်း ဘာတွေလုပ်နေသလဲဆိုရင်လဲ သူ့မှာ လက်ဆုပ်လက်ကိုင်ပြစရာ ဘာမှမရှိဘူး။ သူ့ရထားတဲ့နေရာလေးကို သူကာကွယ်ရင်း အလုပ်များနေခဲ့တာပဲ။ ဒီအခြေအနေမှာပဲ သူနေသားကျနေခဲ့တယ်။ ဒီလိုနဲ့ ဘာမှမတွေးဘဲ ပစ္စုပ္ပန်မှာ နေလာခဲ့တဲ့သူ့ကို ရှောင်လွှဲမရတဲ့အရာတွေက တံခါးလာခေါက်တယ်။ သေခြင်းပေါ့။ ဒါကတော့ သူ့ကိုတံခါးလာခေါက်တဲ့အရာပေါ့။ ကျွန်တော်ဆိုရင်တော့ သေခြင်းက နည်းနည်းဝေးဦးမယ်လို့ထင်ရတယ်။ မလွယ်ကူတဲ့ ဆုံးရှုံးခြင်းတွေ တံခါးလာခေါက်တာဖြစ်ဖို့က ပိုနီးစပ်တယ်။ လွယ်ကူတဲ့ဆုံးရှုံးခြင်းမျိုးတွေကတော့ ပစ္စုပ္ပန်ကို တံခါးလာခေါက်နိုင်တဲ့ စွမ်းပကားမျိုးရှိမှာမဟုတ်ဘူး။ ဘာကလွယ်ပြီး ဘာကမလွယ်လဲကတော့ လူပေါ်မူတည်ပါလိမ့်မယ်။ ဒီလိုတံခါးလာခေါက်တဲ့အချိန် ဒီလိုအခြေအနေမှာသာနေနေတဲ့လူဆို ဘယ်လိုမှတော့ ဒီအရာကို ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေစရာအကြောင်းမရှိဘူး။ ဒီတော့ စစချင်း သူဆောက်တည်ရာမရဖြစ်သွားတယ်။ သူမရှင်သန်ခဲ့ရတဲ့ဘဝကို ရှင်သန်ဖို့ကြိုးစားတယ်။ သေခြင်းကို မမြင်နိုင်ခဲ့ဘဲ မရှင်သန်နေတဲ့ ပစ္စုပ္ပန်မှာပဲနေလာခဲ့တဲ့လူဟာ ရှင်သန်နည်းကိုရှာတယ်။ ရှင်သန်တယ်ဆိုတာ ဘာများလဲ။ ဘယ်လိုဆို တကယ်ရှင်သန်နေတာလဲ အဖြေကို သူရှာရင်း နောက်ဆုံးကျ သူအဖြေကိုတွေ့သွားတယ်။ သေခြင်းတရားကို အစိမ်းလိုက်ရင်ဆိုင်ရဲစေမယ့် ရှင်သန်ခြင်းမျိုးကို သူတွေ့ရှိသွားခဲ့တယ်။ ဒါပေမဲ့ သူတွေ့ရှိသွားတဲ့ ရှင်သန်ခြင်းမျိုးကို ဘာမှမဟုတ်ပါဘူးလို့ ခင်ဗျားတွေးချင်လည်း တွေးမိလိမ့်မှာပဲ။ အဲဒီကျ အောက်က စာလေးဖတ်ကြည့်ပေါ့။ ကျွန်တော်တို့ချစ်တဲ့လူတစ်ယောက်အကြောင်းကို သူ့ကိုချစ်တဲ့လူတစ်ယောက်ပြောပြခဲ့တဲ့အရာပေါ့။ ဒီလောက်ပါပဲ။ “တချို့ကတော့ ခင်မောင်ရင့်ဘဝဟာ ဘာမှမဟုတ်ဘဲ ပြီးသွားတယ် ပြောကြတယ်။ ဝမ်းနည်း စကားပေါ့။ ကျနော်က အဲဒီလို ဘယ်တုန်းကမှ မထင်ဘူး။ ခင်မောင်ရင်ဟာ သူ့ဘဝရဲ့အကြောင်း အကုန် နားလည်တယ်။” စာကြွင်း။ နေ့တွေဟာ အကန့်အသတ်ရှိတာကြောင့်ပဲ… (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.5GB, 980MB Quality – 1080p, 720p IMDb Rating – 8.3/10 Format – mp4 Duration – 2H 23Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Fantasy • Horror • Drama • Thriller
8.3 1952
Ikiru
Perfect Days
7.9

Perfect Days (2023) ~ IMDb – 7.9/10, RT – 93%, Meta – 73% ~ ကျွန်တော့်အတွက်တော့ ၂၀၂၃ထဲ အမျှော်ခဲ့ရဆုံးကားက “PERFECT DAYS” ပဲ။ ဘာလို့ဆို Wim Wenders ရုပ်ရှင်ဖြစ်နေတာကတစ်ကြောင်း၊ Kōji Yakusho ကြောင့်တစ်ကြောင်းပေါ့။ နောက်ကျ ကိန်းမှာ ခိုဂျိက မင်းသားဆုရသွားသလို ဂျပန်ရဲ့ အော်စကာ Entry ကားဆိုတော့လည်း ပိုမျှော်ချင်စရာကောင်းသွားတယ်။ တစ်ခုရှိတာက ဒီနှစ် ထိတ်ထိတ်ကြဲ ဂျပန်ဒါရိုက်တာနှစ်ယောက်ရဲ့ နှစ်ကားလည်း ထွက်ထားသေးတယ်။ တစ်ကားက Evil Does Not Exist ပါ။ တနှစ်က အော်စကာရခဲ့တဲ့ Drive My Car ဒါရိုက်တာ ရူဆုခဲဟမဂုချိ ရိုက်တာ။ ဒါပေမဲ့ အဲဒီကားက သိသိသာသာကို ကျန်တဲ့၂ကားကို မမီနေဘူးပြောကြတော့ ထားလိုက်လို့ရတယ်။ နောက်တစ်ကားက Hirokazu Kore-eda ရဲ့ Monster ပေါ့။ Monster ကို အာရှရုပ်ရှင်ပရိသတ်တော်တော်များများကြည့်ပြီးကြသလို တော်တော်လည်းကြိုက်ကြတယ်။ Perfect Days ရဲ့ဇာတ်နဲ့ ပြသခြင်းဟာ အရမ်းရိုးရှင်းလွန်းတော့ Monster ကိုပဲ ဘာလို့ Entry မရွေးလိုက်လဲ ဝိုင်းပြောခဲ့ကြသေးတယ်။ Perfect Days ကို ကြည့်ပြီးတဲ့အချိန်မှာတော့ ကျွန်တော့်အတွက် ဒီသံသယက ရှင်းသွားတယ်။ Perfect Days ဟာ ရိုးရှင်းလွန်းတာမှန်ပေမဲ့ တစ်ခါတ‌လေကျ ဒီလိုအပိုမပါဘဲ ရိုးရှင်းတာကို ရိုးရှင်းတဲ့အတိုင်းရိုက်ပြနိုင်တာကိုက ပိုအနုပညာမြောက်သလို သတ္တိပိုလိုတယ်လို့ မြင်တာပဲ။ ဒီလိုပြနိုင်လို့ပဲ ပါဖက်ဒေးဟာ ပါဖက်ဖြစ်တဲ့ရုပ်ရှင်ဖြစ်ခဲ့တယ်။ ကျွန်တော့်အတွက်တော့ ဒီနှစ်ကြည့်ခဲ့သမျှထဲ ဂျပန်အနေနဲ့ရော အင်တာအနေနဲ့ရော အကြိုက်ဆုံးရုပ်ရှင်လို့ပြောရမယ်။ လက်ရှိမှာ အော်စကာ Shortlist ၁၅ကားထဲတော့ ဝင်ထားတယ်။ ကျန်တဲ့အပြိုင်ကားတွေကလည်း ကြမ်းသလို ဇာတ်တွေလည်း ဆန်းပြားကြတော့ ပါဖက်ဒေးဟာ ဆန်ခါတင်အနေနဲ့တောင် ဝင်ချင်မှတောင်ဝင်လိမ့်မယ်။ ဒါပေမဲ့ အရေးမကြီးပါဘူး။ ရုပ်ရှင်တွေနဲ့ပတ်သက်လာရင် အတတ်ပညာကိုပါ ထည့်သွင်းစဉ်းစားမယ့် ဆုပေးပွဲတွေဟာ ဘယ်တုန်းကမှ လူ‌တွေရဲ့ ခံစားချက်တွေနဲ့ မညီဖူးဘူးကိုး။ ဒါပေမဲ့ ပါဖက်ဒေးက ခင်ဗျားကို ခင်ဗျားလိုချင်တဲ့ အရသာကိုတော့ ကျိန်းသေပေးနိုင်လိမ့်မယ်။ Perfect Days ရဲ့ အစက Win Wenders ကို တိုကျိုအိမ်သာပရောဂျက်ကို လေ့လာဖို့ဖိတ်ကြားလိုက်ရာက စတယ်။ တိုကျိုအိမ်သာပရောဂျက်က ကမ္ဘာတစ်ဝန်း Creator ၁၆ယောက်ကို ဖိတ်ခေါ်ပြီး တိုကျိုက နေရာ၁၇နေရာမှာ ခေတ်မီဆန်းသစ်တဲ့ အိမ်သာတွေဆောက်ခဲ့တဲ့ ပရောဂျက်ပေါ့။ တကယ်လည်း အိမ်သာတွေက လန်းတယ်။ ဒီရုပ်ရှင်မှာ အဲဒီအိမ်သာတွေကို မြင်ရလိမ့်မယ်။ ပရိုဂျူဆာက စစချင်း Wenders အနေနဲ့ ရှော့ဖလင်လေးတွေလောက်ရိုက်လောက်မယ်ပဲထင်ခဲ့ပေမဲ့ Wenders က Feature Film အနေနဲ့ပဲ ပြောင်မြောက်စွာ အသက်သွင်းခဲ့တယ်။ ဇာတ်ကြောင်းကတော့ ဆိုခဲ့သလို ရိုးရိုးလေးပဲ။ အဲဒီတိုကျိုအိမ်သာတွေကို သန့်ရှင်းရေးလုပ်ရတဲ့ ဟိယာရာမဆိုတဲ့ အိမ်သာသန့်ရှင်းရေးသမားတစ်ယောက်ရဲ့ နေ့တွေအကြောင်းပဲ။ မနက်ဆို ဟိယာရာမက သူနေတဲ့အဆောင်ခန်းလို အခန်းလေးကနေထတယ်။ မျက်နှာသစ် အအေးတစ်ဘူးသောက် သူ့ကားပေါ်တက် အိမ်သာသွားဆေးတယ်။ ဆေးပြီးရင် ရေချိုးခန်းသွားရေချိုး။ ညနေကျ သူစားနေကျ မြေအောက်ဘူတာက ဆိုင်လေးမှာသွားစား။ ညဘက်ဆို စာအုပ်တစ်အုပ်ဖတ် အိပ်ရာဝင်တယ်။ သူ့တစ်နေ့တာက ဒါတွေပဲဖြစ်နေတာ။ တချို့နေ့တွေကျရင်တော့ သူထိုင်နေကျ အသေးစားဘားလေးကိုသွားတာတို့၊ သူ့ဖလင်ကင်မရာလေးနဲ့ရိုက်ထားတဲ့ ဓာတ်ပုံတွေကိုသွားထုတ်တာတို့၊ စာအုပ်ဆိုင်သွားပြီး ဈေးပေါပေါစာအုပ်တွေကို ရွေးတာတို့ လုပ်တတ်တယ်။ ဒီလောက်ကိုမှ ကားရဲ့တစ်ဝက်လောက်ကိုက အိမ်သာဆေးရင်းပဲ အချိန်ကုန်သွားတယ်။ ဒါဆိုဘာလို့ကြည့်သင့်တာလဲလို့ မေးလာရင်တော့ သူ့ရှင်သန်မှုနဲ့ သူ့ရှင်သန်ပုံ သူ့ရှင်သန်နည်းကြောင့်ပဲ။ ပြောခဲ့တဲ့ဟာတွေက ဒီကားထဲက သူ့တစ်နေ့တာအရာတွေအကုန်ပဲ။ ဒါပေမဲ့ အဲဒီတစ်နေ့တာအရာတွေကို သူလုပ်တဲ့ပုံက အဓိပ္ပာယ်ရှိနေတယ်။ ရှင်သန်မှုရှိနေတယ်။ ကျေနပ်ခြင်းရှိနေတယ်။ သူအိမ်သာသွားဆေးတဲ့အချိန် အိမ်သာဝင်မယ့်သူတွေက တစ်ခါတစ်ခါ သူဆေးနေရင်းတန်းလန်ကြီး ဝင်ဝင်လာတတ်တယ်။ အဲဒီကျ သူက အပြင်ထွက်စောင့်ပေးရတယ်။ နေရာအနှံ့အပြားရှိနေတဲ့ အိမ်သာပေါင်းစုံကို လိုက်ပတ်ဆေးနေရတဲ့သူအတွက် ဒီလိုပြန်စောင့်နေရတာက တော်တော်တော့အချိန်ပုပ်လိမ့်မယ်။ ဒေါသထွက်ချင်စရာ စိတ်ရှုပ်စရာကောင်းနေလိမ့်မယ်။ ဒါပေမဲ့ ဟိယာရာမကတော့ အိမ်သာ အပြင်ထွက်လိုက်တဲ့အခါ လေယိမ်းတိုင်းလှနေတဲ့သစ်ပင်ကြီးကို၊ သစ်ပင်ရဲ့အရိပ်တွေ လူတွေရဲ့အရိပ်တွေ အိမ်သာနံရံပေါ်ထင်ပြီး ပန်းချီတစ်ချပ်လို လှပနေတာကို အရသာခံကြည့်ရင်း အမြဲဆိုသလို သူ့မျက်နှာမှာ ဒီမြင်ကွင်းကို သူမြင်လိုက်ရတဲ့အတွက် အားရကျေနပ်တဲ့အငွေ့အသက်တွေ… ဒီမြင်ကွင်းကို အရသာခံစားနေတဲ့အငွေ့အသက်တွေ ပေါ်နေတယ်။ ဒါတော့ ခိုဂျိရဲ့ သရုပ်ဆောင်နိုင်စွမ်းကို ချီးကျူးရလိမ့်မယ်။ အိမ်သာဆေးတဖြတ်နားလို့ နေ့ခင်းမုန့်စားတဲ့အခါလည်း ပန်းခြံထဲမုန့်စားနေရင်း သူ့ကိုမိုးထားတဲ့ သစ်ပင်ကြီးရဲ့အကိုင်းအရွက်တွေကို အမြဲအရသာခံကြည့်တတ်သလို သူမျက်စိထဲ လှတဲ့မြင်ကွင်းတွေအားလုံးကို သူ့ရဲ့ ခေတ်တော်တော်ဟောင်းနေတဲ့ ဖလင်ကင်မရာတစ်လုံးနဲ့ရိုက်ထားတတ်တယ်။ သူအားတဲ့နေ့တွေဆို အဲဒီဖလင်တွေကို ဓာတ်ပုံသွားကူးပြီး ပုံတွေကို ဘူးတွေ ဘူးတွေနဲ့ထည့်ပြီး တစ်လကိုတစ်ဘူးနှုန်းနဲ့ဘူးပေါင်းများစွာ သူ့ဗီရိုထဲသိမ်းထားတတ်တယ်။ ကင်မရာအပါအဝင် သူ့မှာ ဒစ်ဂျစ်တယ်ပစ္စည်းတစ်ခုမှမရှိဘူး။ အကုန်အန်နာလော့တွေချည်း။ သူအလုပ်သွားတိုင်း သူ့ကားအိုကြီးက ကက်ဆက်ထဲ တိတ်ခွေတွေထည့်ပြီး သီချင်းနားထောင်တတ်တယ်။ ညဘက်ဆိုစာအုပ်တွေဖတ်တယ်။ ဖုန်းတောင် ခလုတ်ဖုန်းပဲ။ ဒါလည်းသုံးလှတယ်မဟုတ်ဘူး။ သူ့အလုပ်ဖြစ်တဲ့ အိမ်သာဆေးတဲ့အလုပ်ကိုလည်း အရမ်းကြီးစေ့စပ်သေချာလွန်းလို့ ဘေးလူတွေကတောင် ပြောယူရတဲ့လူမျိုး။ ပြောရရင် သူက သူ့ဘဝမှာသူလုပ်နေသမျှအားလုံးကို အရသာခံပြီးလုပ်တယ်… အရသာလည်းခံတတ်တယ်။ ဆိုခဲ့သလို အိမ်သာနံရံမှာထင်နေတဲ့အရိပ်တွေကိုတောင် ပန်းချီတစ်ချပ်လိုအရသာခံတတ်တဲ့လူမျိုး။ လမ်းမှာတွေ့တဲ့ အပင်ပေါက်စလေးတွေကိုတောင် ကောက်သိမ်းလာပြီး အိမ်မှာပြန်စိုက်ပြီး လှပစေတဲ့လူမျိုး။ ဒီလိုဆိုလို့ သူ့မှာဝမ်းနည်းခြင်းတွေ မရှိဘူးလားဆိုတော့ မရှိဘူးမဟုတ်ဘူး။ ရှိတယ်။ ဒီကားမှာ Wim Wenders အဖြူအမဲနဲ့ပြထားတဲ့အရာတွေရှိတယ်။ ဟိယာရာမရဲ့ အိပ်မက်လိုလို သူ့ညဘက်တွေရဲ့လွမ်းဆွေးခြင်း ဝမ်းနည်းခြင်းလိုလို သူ့ရဲ့တမ်းတခြင်းလို သူ့ရဲ့အတိတ်တွေလိုလို မရေရာတဲ့အရာတွေပေါ့။ ဒီအဖြူအမဲအခန်းတွေမှာ အပြက တော်တော်လေးလှသလို ဝမ်းနည်းစရာလွမ်းစရာလည်းကောင်းနေတယ်။ Wenders ဟာ ဟိယာရာမရဲ့ ညဘက်တွေကို အဲဒီလိုအရိပ်တွေနဲ့ပဲ ပုံဖော်ထားခဲ့တယ်။ ညခင်းတွေရဲ့ အထီးကျန်ခြင်းကို နားလည်တဲ့လူတွေအတွက်တော့ ဒီအခန်းတွေဟာ တော်တော်လှတဲ့ အခန်းတွေဖြစ်မှာဖြစ်သလို Wenders ရဲ့ပြသပုံကလည်း သူမတူအောင်ကောင်းတယ်လို့ ခံစားမိလိမ့်မယ်။ အခန်းတိုင်းရဲ့ စီနီမာတိုဂရပ်ဖီတွေလည်း လှလွန်းတယ်။ နောက် OST… Wenders အနေနဲ့ OST တွေကို သွင်းပုံက တော်တော်လေးမိုက်တယ်။ ဒီကားမှာ OST တွေကို နားထောင်ရတာက ဟိယာရာမနဲ့အတူတူပဲ နားထောင်ရမှာ။ နားထောင်ရမယ့်အချိန်ကလည်း များသောအားဖြင့်တော့ သူကားမောင်းတဲ့အချိန် ကားကက်ဆက်ထဲ တိတ်ခွေထည့်ပြီး ဖွင့်ထားတဲ့အချိန်တွေပဲ။ ဇာတ်ဝင်ခန်းတွေမှာ သီချင်းကိုလုံးဝမသုံးသွားဘူး။ တစ်ခါတော့သုံးသလိုလိုဖြစ်သွားပေမဲ့ အဲဒါကလည်း ရှေ့ကဖွင့်ထားတဲ့အချိန်နဲ့ တစ်ဆက်တည်းဖြစ်သွားတဲ့တစ်ခေါက်ပဲ။ ကျန်တာတွေကိုတော့ ဟိယာရာမနားထောင်တဲ့အချိန် သူနဲ့အတူတူ လိုက်နားထောင်ရမှာ။ သီချင်းတွေကတော့ ၁၉၆၀ – ၇၀က သီချင်းတွေချည်းပဲ။ အဓိကကတော့ ဒီကားရဲ့နာမည်တစ်ဖြစ်လဲ Lou Reed ရဲ့ “Perfect Day”ပေါ့။ နောက် Lou Reedရဲ့ “Pale Blue Eyes” တို့၊ Van Morrison ရဲ့ “Brown Eyed Girl”တို့၊ Nina Simone ရဲ့ “Feeling Good” တို့၊ Sachiko Kanenobu ရဲ့ “Aoi Sakana” တို့ပေါ့။ ဟိယာရာမရဲ့ တိတ်ခွေတွေကဖွင့်တဲ့သီချင်းတွေဆိုတော့ သူကြိုက်တဲ့ ၇၀ ၈၀က အင်္ဂလိပ်သီချင်းတွေများတယ်။ ဒီလိုခေတ်ဟောင်း အင်္ဂလိပ်သီချင်းတွေကို ကြိုက်တတ်တဲ့သူတွေအတွက်တော့ တော်တော်အရသာရှိတယ်။ Pale Blue Eyes ကတော့ ကျွန်တော့်အတွက် အကြိုက်ဆုံးသီချင်းပဲ။ ဟိယာရာမဟာ တော်တော်စကားနည်းတဲ့လူ။ ဒီကားရဲ့ပထမတစ်ခြမ်းကျော်ကျော်လောက်ကို သူတစ်လုံးမှ မပြောသွားဘူး။ သူများပြောလည်း သူခေါင်းညိတ်ခေါင်းခါလောက်နဲ့ပဲ တုံ့ပြန်တယ်။ ဒါပေမဲ့ ဒီလိုဆိုလို့ သူဟာအေးစက်တဲ့သူတော့မဟုတ်ဘူး။ သူရဲ့လူသားဆန်မှုကို ဒီကားရဲ့နေရာတော်တော်များများမှာ သိသိသာသာကြီးမဟုတ်ပေမဲ့ တော်တော်လေးပြသွားတယ်။ အထင်ရှားဆုံးကတော့ အိမ်သာထောင့်မှာ ဘယ်သူမှန်းမသိတဲ့လူနဲ့သူ့ရဲ့ အဝိုင်းနဲ့ကြက်ခြေခတ်ကစားပွဲပဲ။ အားလုံးသိတဲ့ကစားနည်းပါ။ ဇယားကွက်လို နေရာလွတ်ကိုးကွက်ရှိမယ်။ တစ်ဘက်က အဝိုင်းယူရင် တစ်ဘက်က ကြက်ခြေခတ်ယူရတယ်။ သုံးခုအရင်တန်းတဲ့လူကနိုင်မယ်။ အိမ်သာဆေးရင်း အဲဒီစာရွက်လေးကို အိမ်သာထောင့်မှာတွေ့တော့ သူက မလွှင့်ပစ်ဘူး။ ဘာမဟုတ်တဲ့ကိစ္စလေးပေမဲ့ သူက တစ်ကွက်ထပ်ဖြည့်ပြီး အိမ်သာထောင့်မှာ ပြန်ညှပ်ထားလိုက်တယ်။ တစ်ဘက်လူက ဒီနေ့အိမ်သာတက်ရင်း တစ်ကွက်ဖြည့်ခဲ့၊ သူက နောက်နေ့အိမ်သာဆေးရင်း နောက်တစ်ကွက်ထပ်ဖြည့်။ အဲဒီလိုနဲ့ အနိုင်အရှုံးတော့မရှိပေမဲ့ အကွက်ပြည့်သွားတယ်။ အကွက်ပြည့်သွားတဲ့အချန် တစ်ဘက်လူက “Thank You” ဆိုတဲ့စာလေးရေးရင်းထားခဲ့တယ်။ ဘာမဟုတ်တဲ့ကိစ္စလေးပါပဲ။ သိပ်လှတဲ့အဖြစ်အပျက်လေးဖြစ်သွားတယ်။ ဆိုခဲ့သလို ပထမတစ်ခြမ်းကျော်ကျော်အထိ စကားလုံးဝမပြောခဲ့တဲ့ ဟိယာရာမဟာ သူ့တူမလေး အိမ်က ထွက်ပြေးရင်း သူ့ဆီအလည်ရောက်လာမှပဲ စကားစပြောတယ်။ အဲဒီအချိန်မှာ သူ့အတိတ်ဘဝကို ဒဲ့ကြီးတော့ ပြောမပြပေမဲ့ ပါးပါးလေးလှစ်ပြသွားတယ်။ ဒါပေမဲ့ သူမပြောပြပေမဲ့ တော်တော်လည်းမြင်လိုက်ရသလိုပါပဲ။ Wenders ဟာ အိုဇုရုပ်ရှင်တွေကိုကြိုက်ဖူးတော့ အိုဇုဟန်နွယ်သွားတာလည်းဖြစ်နိုင်တယ်။ သူ့တူမလေးက သူ့ကို သူ့အမေက သူ့ကို သူ့ဦးလေးနဲ့သူ ကမ္ဘာမတူကြောင်းပြောတဲ့အကြောင်းပြောတော့ သူပြန်ပြောတာက “ဒီကမ္ဘာကြီးမှာ မတူညီတဲ့ကမ္ဘာတွေအများကြီးပဲ။ တချို့ကမ္ဘာတွေက ဆက်စပ်နေတယ် တချို့ကမ္ဘာတွေကတော့ မဆက်စပ်ဘူး”တဲ့။ သူ့အတိတ်က နုံချာတဲ့အတိတ်တော့မဟုတ်ခဲ့ဘူး။ ဘာလို့ ဒီလိုအလုပ်ရွေးလိုက်သလဲတော့မသိရပေမဲ့ သူ့ညီမက သူသိပ်ချစ်တဲ့တူမလေးကိုခေါ်ပြီး ထွက်သွားတဲ့အခါ ကျွန်တော်တို့မြင်ရမှာက မျက်ရည်တွေပဲ။ ဒီမျက်ရည်တွေက သူ့အတိတ်ပါပဲ။ နောက်တစ်နေ့ သူ့တူမလေးမပါတော့ပေမဲ့ မနက်ခင်းသူအိမ်သာသွားဆေး ညနေနိစ္စဓူဝလုပ်တဲ့ သူ့တစ်နေ့တာကို ဆက်ဖြတ်သန်းရတာပဲ။ အရင်လို အရသာအပြည့်နဲ့ပဲ။ Wim Wenders ရဲ့ “PERFECT DAYS” ဟာ ဟိယာရာမလို့ခေါ်တဲ့ အိမ်သာသန့်ရှင်းရေးအလုပ်သမားတစ်ယောက်ရဲ့ ကမ္ဘာအကြောင်းပဲ။ နောက် သူနဲ့ဆက်စပ်နေတဲ့ တခြားကမ္ဘာတွေအကြောင်း။ မဆက်စပ်တော့တဲ့ ကမ္ဘာဟောင်းတွေအကြောင်း။ ညညဆို မြင်နေရတတ်တဲ့ မဆက်စပ်တော့တဲ့ ကမ္ဘာတွေရဲ့အရိပ်တွေအကြောင်းပေါ့။ ကမ္ဘာထဲက ဆက်စပ်နေတဲ့ကမ္ဘာတွေ။ ကမ္ဘာထဲက မအပ်ဆက်တော့တဲ့ ကမ္ဘာတွေ။ ကမ္ဘာဟာ လည်နေမြဲပဲ။ ကမ္ဘာဟောင်းရဲ့ အရိပ်တွေ ထင်နေဆဲပဲ။ အရိပ်တွေနဲ့ပဲ ကျွန်တော်တို့ကမ္ဘာတွေလည်း လည်နေမြဲပဲ။ အပ်ဆက်နေတဲ့ကမ္ဘာတွေ မအပ်ဆက်တော့တဲ့ကမ္ဘာတွေလည်း လည်နေမြဲပဲ။ အရိပ်တွေလည်းရှိမယ်။ ရေခဲမြစ်တွေလည်းရှိမယ်။ တံခါးကိုဖွင့်ကြည့်တတ်ရင် နွေဦးတွေကိုလည်း မြင်မယ်။ ရေခဲမြစ်တွေလည်း အရည်ပျော်ဦးမယ်။ အရိပ်တွေနဲ့ အလှတရားတွေနဲ့ လည်နေတဲ့နေ့ရက်တွေ။ နွေဦးပေါက်နေ့ရက်တွေ။ မပြည့်စုံတဲ့ကမ္ဘာကြီးထဲ မပြည့်စုံခြင်းတွေနဲ့ ပြည့်စုံနေခဲ့တဲ့နေ့ရက်တွေ… ရှင်သန်နေတဲ့နေ့ရက်တွေ… နေ့ရက်တွေ… နေ့ရက်တွေ…။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.55GB, 1.2GB Quality – 1080p, 720p IMDb Rating – 7.9/10 Format – mp4 Duration – 2H 3Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.9 2023
Perfect Days
Mune: Guardian of the Moon
7.1

Mune : Guardian of the Moon (2014) ဒီကားလေးကတော့ ၂၀၁၄ မှာထွက်ရှိခဲ့တဲ့ Family/Fantasy အမျိုးအစား animation ကားကောင်းလေးတစ်ကားပါ Rating မှာလည်း MIDb 7.1 ထိရရှိထားပြီးတော့ ကလေးရောလူကြီးပါကြည့်လို့ကောင်းမယ့်ကားကောင်းလေးတစ်ကားပါ အချိန် ၁ နာရီကျော်လောက်ကြာပြီး ဇာတ်အိမ်ဖွဲ့ထားတာလေးက ချစ်ဖို့ကောင်းလွန်းတော့ အကြိုက်တွေ့မယ်ဆိုတာသေချာပါတယ် ဇာတ်လမ်းအစမှာ နေနဲ့လရဲ့စောင့်ရှောက်သူတွေဟာ ကမ္ဘာကြီးကိုဟန်ချက်ညီအောင်ထိန်းသိမ်းနေကြရတယ် နက်ခရော့ဆိုတဲ့ မိစ္စာတစ်ကောင်က စောင့်ရှောက်သူအသစ်ခန့်အပ်လွှဲပြောင်းပွဲအပြီးမှာ လူသစ်လေးတွေဖြစ်တာကိုအခွင့်ကောင်းယူပြီး နေကိုခိုးဖို့ကြိုးစားပါတော့တယ် အရည်ပျော်လိုက် ခဲလိုက်ဖြစ်နေတဲ့ ဖယောင်းကောင်မလေးက ဘယ်လိုတွေကူညီပေးနိုင်မလဲ စောင့်ရှောက်သူတွေဖြစ်တဲ့ မူရ် နဲ့ ဆိုဟွန်းတို့ဘယ်လိုတွေကြိုးစားပြီး ကမ္ဘာကြီးကိုကယ်တင်ကြမလဲဆိုတာ ရင်ခုန်စရာလေးတွေ ဟာသလေးတွေရောပြီးမိသားစုနဲ့တူတူကြည့်ဖို့ အသင့်တော်ဆုံးကားလေးတစ်ကားပဲဖြစ်လို့ အခုပဲဒေါင်းထားလိုက်ကြတော့နော် အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre….. Adventure, Animation, Comedy, Family Quality…. 1080p | 720p File size… 1GB | 490MB Format… mp4 Duration…. 1h 26min Subtitle…. Myanmar Subtitle (Hardsub) Translator ….. K.Hein Encoder ….. Aaron

7.1 2014
Mune: Guardian of the Moon
The Package

The Package (2024) ကမ္ဘာကြီးကို ဂရုမစိုက်တဲ့ လူသားတွေကို ကမ္ဘာကြီးက ပြန်လည်ဒုက္ခပေးတဲ့အချိန် ရောက်လာပါပြီ ကမ္ဘာပေါ်မှာရှိရှိသမျှ သက်ရှိတိုင်းက သဘာဝအတိုင်း ဖြစ်ပေါ်လာတဲ့ပိုးမွှားကူးစက်ခံလိုက်ရတဲ့အချိန်မှာ လူသားတွေကလည်း ဇွန်ဘီတွေအဖြစ် ပြောင်းလဲသွားပါ‌‌တော့တယ် အသက်ရှင်ကျန်ရစ်နေသေးတဲ့ လူသားတွေရဲ့ ရိက္ခာအတွက် အားကိုးစရာဆိုလို့ ဗီဇပြောင်းလဲထားတဲ့ အပင်တစ်မျိုးပဲ ရှိတော့တဲ့အခြေအနေ ရောက်လာပါပြီ ကမ္ဘာကြီးကို အရင်ကအတိုင်း ပြန်ဖြစ်အောင်လုပ်နိုင်ဖို့ ကြိုးပမ်းနေကြတာ သိပ္ပံပညာရှင်တွေဆိုပေမယ့် ထိုသိပ္ပံပညာရှင်တွေအပါအဝင် လူသားအားလုံးအတွက် တစ်ခုတည်းသော အားကိုးရာ မျှော်လင့်ချက်က အန္တရာယ်တွေ ရင်ဆိုင်ပြီး သိပ္ပံပညာရှင်တွေဆီ ရိက္ခာတွေ၊ လိုအပ်တဲ့ပါဆယ်တွေ ပို့ဆောင်ပေးနေတဲ့လူတွေပဲ ဖြစ်ပါတယ် သူတို့ကို လူတွေကတော့ ‘RIDER’ လို့ ခေါ်ကြပါတယ် Rider တွေဟာ အခက်အခဲတွေ အန္တရာယ်တွေကြားထဲမှာ ပါဆယ်တွေကို အသက်နဲ့ရင်းပြီး ဘယ်လိုပို့ဆောင်သွားမလဲ၊ နောက်ဆုံးမှာ တကယ်ပဲ ကမ္ဘာကြီးကို ကယ်တင်နိုင်ပါ့မလားဆိုတာ စိတ်လှုပ်ရှားစွာနဲ့ စောင့်ကြည့်ပေးပါဦးနော် အညွှန်းကိုတော့ Noe က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Noe, Shin, Cali တို့ပဲ ဖြစ်ပါတယ်။ Genre….. Action, Thriller Quality…. 1080p | 720p File size… 2.1GB | 1GB Format… mp4 Duration…. 1h 49min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Noe, Shin, Cali Encoder ….. Aaron

History • Drama
0 2024
The Package
Godzilla: Final Wars
6.3

Godzilla: Final Wars (2004) ===================== IMDb Rating – 6.3/10 Xiliens လို့ခေါ်ကြတဲ့ ပဟေဠိဆန်ဆန်ဂြိုလ်သားမျိုးနွယ်တစ်စုဟာ ကမ္ဘာမြေကို မိတ်ဆွေတွေအယောင်ဆောင်ပြီးရောက်ရှိလာခဲ့ကြပါ တယ်။ အဲ့ဒီကာလမှာ လူသားမျိုးနွယ်တွေက ဂေါ်ဇီလာကိုနှိမ်နင်း အကျဉ်းချထားနိုင်ခဲ့ပြီ ဖြစ်ပေမယ့်လည်း တစ်ခြားသော ဧရာမသတ္တဝါ ကြီးတွေဟာ ကမ္ဘာအနှံ့ကမြို့တော်တွေကို တိုက်ခိုက်နေကြပါတယ်။ အဲ့ဒီဧရာမသတ္တဝါကြီးတွေနဲ့အတူ ကမ္ဘာကြီးတစ်ခုလုံးကိုဖျက်ဆီးပစ် ပြီး လူသားတွေကို နှိမ်နင်းကျွန်ပြုချင်တဲ့ Xiliens တွေကို နှိမ်နင်းဖို့အ တွက် ကမ္ဘာပေါ်မှာနောက်ဆုံးကျန်ရှိတဲ့ လက်တစ်ဆုပ်စာလူတစ်စုဟာ ကမ္ဘာမြေကိုကယ်တင်နိုင်ဖို့ ဂေါ်ဇီလာကြီးကိုပြန်လွှတ်ပြီး သတ္တဝါကြီး တွေနဲ့ရင်ဆိုင်ခိုင်းရမယ့်အခြေကိုဆိုက်ရောက်လာပါတော့တယ်။ Godzilla: Final Wars ဟာ Millennium series ရဲ့နောက်ဆုံးဇာတ် ကားဖြစ်ပြီး franchise တစ်ခုလုံးရဲ့ နှစ်ငါးဆယ်မြောက်အဖြစ်တိုက်ဆိုင် နေခဲ့တဲ့ကားပါ။ ရုံမတင်ခင်လေးမှာပဲ ဂေါ်ဇီလာဟာ Hollywood Walk of Fame မှာ ကြယ်တစ်ပွင့်ရရှိခဲ့ပါသေးတယ်။ ဒီကားနဲ့အတူ Toho ရဲ့ ဂေါ်ဇီလာ franchise ကိုရပ်နားခဲ့ပြီး ၂၀၁၆ မှသာ Shin Godzilla နဲ့ပြန် ပြီးအသက်သွင်းခဲ့တာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်) File Size……….(2.44 GB) / (1.36 GB) Quality…………BLU-RAY 1080p / 720p Duration………2Hr 05Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Adventure, Fantasy Translator…….Alias Encoder……….SWM

6.3 2004 125 mins
Godzilla: Final Wars
Hard Times
7.2

1975 ခုနှစ်က ထွက်ထားတဲ့ ဟောင်းပေမယ့်ကောင်းနေဆဲ Action/Sport အမျိုးအစားဇာတ်ကားတစ်ကားပါ ဘယ်ကလာပြီး ဘယ်ကိုသွားမယ်မှန်းမသိရတဲ့ လူထူးဆန်းတစ်ယောက်နဲ့ လမ်းဘေး Boxing ပွဲတွေမှာ ဖျံကျပြီး အသက်မွေးဝမ်းကြောင်းပြုနေတဲ့ လောင်းကစားသမားတစ်ယောက်တွေ့ပြီး ဘာတွေဆက်ဖြစ်မလဲကြည့်ရမှာပါ အပိုအလိုလည်းမရှိ Brutal လည်းဖြစ်တဲ့ fighting scence တွေက ဒီဇာတ်ကားကိုပိုပြီး ထူးခြားစေတဲ့အပြင် အရင်ခေါတ်က မင်းသားကြီးတွေရဲ့ ကောင်းမွန်တဲ့သရုပ်ဆောင်မှုတွေကလည်း အံ့မခန်းပါပဲ Fighting ကားလည်းကြိုက်တယ် ဘောလိဝုဒ်ကားတွေလို အလွန်အကျွံကြီးလည်းမကြိုက်ဘူး သဘာဝကျကျလေးလည်းကြည့်ချင်တယ်ဆိုရင် ဒီကားကသေချာပေါက်လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါ File size… 2 GB / 649 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 40m Genre ….. Crime, Drama, Sport Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Aries

Horror • Thriller
7.2 1975 93 mins
Hard Times
Where Eagles Dare
7.6

ဒီတစ်ခါကတော့ ရှေးခေတ်စစ်ကား ကြိုက်သူတွေအတွက် နာမည်ကျော် မင်းသား Clint Eastwood အပြင် ထိုခေတ်ရဲ့ နာမည်ကျော် Richard Burton ပါ ပါပါတယ်။ ဇာတ်က ဒုတိယကမ္ဘာစစ်ကို ဇာတ်အိမ်တည်ထားပါတယ်။ အမေရိကန် ဗိုလ်ချုပ်တစ်ယောက် စီးလာတဲ့ လေယာဥ်က ပစ်ချခံရပြီး ဂျာမနီပိုင်နက်ထဲမှာ အရေးပေါ်ဆင်းသက်လိုက်ရပါတယ်။ ဗိုလ်ချုပ်လဲ အဖမ်းခံလိုက်ရပါတယ်။ ဖြစ်ချင်တော့ အဲဒီဗိုလ်ချုပ်က ဥရောပကို ပြန်သိမ်းဖို့ အစီအစဥ်ဆွဲနေတဲ့ ညှိနှိုင်းရေးမှူး တစ်ယောက်ပါ။ အဲဒီ ဗိုလ်ချုပ်ကို ဖမ်းထားတဲ့ သိမ်းငှက်ရဲတိုက်ဆိုတာ တိုက်ဖို့အရမ်းခက်တဲ့ နေရာပါ။ ဒီတော့ စစ်တပ်တစ်တပ်လုံး လွှတ်မယ့်အစား အထူးအေးဂျင့်တွေကိုပဲ လွှတ်ပါတယ်။ သူတို့ စစ်ဆင်ရေး အောင်မြင်မှာလား ဘယ်လို အခက်အခဲတွေ ကြုံရမလဲ ဆိုတာကို ဒီဇာတ်ကားမှာ ကြည့်ရမှာပါ။ ဇာတ်လမ်း အလယ်လောက်ကနေစပြီး ဇာတ်လမ်း အလှည့်အပြောင်းလေးတွေနဲ့ စိတ်ဝင်တစား ကြည့်ရမှာပါ။ တချိန်လုံး စစ်တိုက်နေကြတာ မဟုတ်ဘဲ တိုက်ရမယ့်အချိန်တိုက် လှည့်ကွက်လေးတွေ သုံးရမယ့်အချိန်သုံးနဲ့ အတော်စိတ်ဝင်စားဖို့ ကောင်းပါတယ် File size…(2.1 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:38:00 Genre… Action, Adventure, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Boomer

Animation • Family
7.6 1968 155 mins
Where Eagles Dare
Taboo Area
5.6

ထူးခြားတဲ့ကမ္ဘာကိုခေါ်သွားတဲ့ ကားလေး ဘာသာပြန်ပေးလိုက်ပါတယ်… ဒီကားလေးမှာတော့ ရွှေတွေထွက်တယ် ရွှေတွေတွေ့ရတယ်ဆိုတဲ့ ဂူကို စိတ်ဝင်စားပြီးတော့သွားတဲ့ တစ်ဖွဲ့ပြီးတစ်ဖွဲ့ အသေဆိုးနဲ့ကြုံကြတဲ့ သမိုင်းကြောင်းလေးကနေ အစပျိုးခဲ့တာပေါ့… ဟုတ်ပါတယ် လောဘနဲ့ ရွှေတွေရှာဖို့သွားရင်း ထူးဆန်းတဲ့ အကောင်တွေကိုက်တာ ခံရပြီးသေခဲ့ရတာပါ… အဲ့တာကို အနှစ် ၂၀ ကြာတော့ ပညာရှင်လိုလို သုတေသီလိုလိုနဲ့ ရုပ်ရှင်ရိုက်ထွက်လာတဲ့ အဖွဲ့က ဒီတောထဲရောက်လာတာပေါ့… ပြောတာတော့ လိုင်းပေါ်မှာနာမည်ကြီးနေတဲ့ လူရိုင်းကြီးကိုရှာဖို့တဲ့…. ဒီလိုနဲ့ပဲ လူရိုင်းကြီးမတွေ့ဘဲ လွန်ခဲ့တဲ့ နှစိ ၂၀၀ က မျိုးသုဉ်းသွားတဲ့ လိပ်ပြာကို မြင်လိုက်… ထူးခြားတဲ့ ဦးနှောက် ၂ ခုနဲ့ လူတူအရိုးကိုတွေ့လိုက်နဲ့…. အဆုံးသတ်မှာ လူရိုင်းပဲတွေ့မလား… အရင်အဖွဲ့လို ထူးဆန်းကောင်တွေကိုက်လို့သေမလား… တခြားဘာလျို့ဝှက်ချက်တွေရှိသေးတယ်ဆိုတာတော့ ဇာတ်ကားလေးသာ ကြည့်လိုက်ကြပါတော့လို့

5.6 2025
Taboo Area