YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The.White.Lotus.S02E07.Arrivederci.720p(CM).mp4

594.14 MB N/A video/mp4 233 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Horror in the High Desert 2: Minerva
5

Horror in the High Desert (IMDb 5.7/10 , RT 66% ) ၂၀၁၇မှာ အမေရိကန် နီဗားဒါးမှာ ဂယ်ရီဟင့်ဆိုတဲ့ ခြေလျင်တောင်တက်သမားတစ်ယောက် ထူးဆန်းစွာပျောက်ဆုံးသွားခဲ့ပါတယ်... သူ့ကို အင်းအားသုံး ရှာဖွေခဲ့ကြပေမယ့် မတွေ့ရှိခဲ့ပါဘူး... အလားတူပဲ နောက်တစ်နှစ်မှာ အမျိုးသမီးတစ်ယောက်ပျောက် တစ်ယောက် အသတ်ခံခဲ့ရပါတယ်... နီဗားဒါးပြည်နယ်ထဲက ဆိုက်ပရပ်စ်မြို့ဟာ အထီးကျန်ဆုံး ဟိုင်းဝေးလမ်းမှာလို့ ခေါ်ကြတဲ့ အဝေးပြေးလမ်းမကြီးပေါ်က အစိတ်အပိုင်းတစ်ခုပါ... အထီးကျန်ဆို မိုင်၂၀၀လောက်နေမှ ရဲရှိတဲ့ အထိကို အဲ့ကြားထဲမှာ ဘာဆိုဘာမှမှရှိမနေတဲ့ ကန္တာရအတိဒေသကြီးတစ်ခုပေါ့... ဒီလိုဝေးလံတဲ့ဒေသမှာ လူသူနည်းတာမို့ လူမဟုတ်တဲ့ သတ္တဝါတွေက ကြီးစိုးလို့နေပါတယ်... ဒါပေမယ့်လည်း ဒီသတ္တဝါတွေကို လက်ဆုပ်လက်ကိုင်ပြနိုင်တာမျိုးတော့ မရှိသေးပါဘူး... ဒီဇာတ်လမ်းမှာတော့ ရရှိထားတဲ့အထောက်အထား... ခံရတဲ့ သားကောင်တွေကို အင်တာဗျူးတဲ့ Documentry ပုံစံမျိုး ရိုက်ကူးထားတာပါ တစ်ကားလုံးကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရတာမို့ သဲထိတ်ရင်ဖိုဇာတ်လမ်းကြိုက်သူတွေအဖို့ ဇာတ်ကားကောင်းလေးတစ်ကားပါပဲ... ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Tun Aung Kyaw ပါ ) File Size__(1.4GB) / (600MB) Quality__WEB-DL_1080p, 720p IMDb Rating__5.3/10 Format__mp4 Duration__01:15:00 Type__Horror Subtitle__Myanmar Subtitle (Hardsub) Translated by Tun Aung Kyaw Encoded by Lawn Ya Tal

Drama • Mystery
5 2023 76 mins
Horror in the High Desert 2: Minerva
Confidential Assignment
7

ကန် ဒေါ်လာ တရားမဝင်ထုတ်လုပ်နေတဲ့ မြောက်ကိုရီးယား နိုင်ငံမှာ ချာ ဂီဆန်း လို့ခေါ်တဲ့ အကြီးတန်း ဗိုလ်မှူးကြီးတစ်ယောက်က နိုင်ငံတော်ကို သစ္စာဖောက်ပြီး ဒေါ်လာထုတ်တာမှာ သုံးတဲ့ သတ္တုပြားတွေကို ခိုးယူဖို့ကြိုးစားပါတော့တယ် ဒီအခြေအနေမှာ ဗိုလ်မှူး အင် ချွဲယောင်း က တာဆီးနိုင်ခဲ့ပေမဲ့ သူ့ဇနီးဖြစ်တဲ့ ရဲဘော် ဟွာယောင်းကို ဓားစာခံလုပ်ပြီး အကျပ်ကိုင်လာတဲ့အခါမှာတော့ သူ လက်နက်ချလိုက်ရတယ် ဒါပေမဲ့ ချာ ဂီဆန်း က သူပြောတဲ့အတိုင်း ကတိမတည်ပဲ အားလုံးကို သတ်ခဲ့တယ် ဒါပေမဲ့လည်း အင် ချွဲယောင်း ကိုမသတ်ခဲ့မိတဲ့ သူ့ရဲ့အမှားက ... သူ တောင်ကိုရီးယား ကို တိမ်းရှောင်နေတဲ့အချိန်မှာ ဒုက္ခပေးပါတော့တယ် ချွဲ အင်ယောင်းက တောင်ကိုရီးယား ရဲစုံထောက် ဂန် ရှင်းထယ် နဲ့ပူးပေါင်းပြီး ချာ ဂီဆန်း ကို ဖမ်းဆီးနိုင်ဖို့ကြိုးစားပါတော့တယ် ဒီလို တစ်ဖက်နဲ့တစ်ဖက် မယုံကြည်ပေးနိုင်တဲ့အချိန်မှာ လုပ်ဆောင်ရတဲ့ တောင်-မြောက် ပူးပေါင်းစစ်ဆင်ရေးက အောင်မြင်ပါ့မလား ဘယ်လို အခက်အခဲတွေ ထပ်ပြီးကြုံတွေ့ရဦးမလဲ အင် ချွဲယောင်း နဲ့ဂန် ရှင်းထယ် တို့ကော အသက်အန္တရာယ် ကင်းလွတ်ပါ့ဦးမလားဆိုတာကတော့ ရုပ်ရှင်ထဲမှာ ကြည့်ရှုခံစားနိုင်ပါတယ်ခင်ဗျာ Drama/Action အမျိုးအစားဖြစ်ပြီး IMDB rating လည်း 6.6 အထိရထားတဲ့အပြင် Girls' Generation ရဲ့အလှပဂေး Im Yoon-ah ကပါ အားဖြည့်ကူညီပေးထားတာကြောင့် CM ပရိသတ်ကြီးတို့ အကြိုက်တွေ့ကြဦးမယ်လို့မျှော်လင့်မိပါတယ် (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ Scrn ဖြစ်ပါတယ်) ကန် ဒေါ်လာ တရားမဝင်ထုတ်လုပ်နေတဲ့ မြောက်ကိုရီးယား နိုင်ငံမှာ ချာ ဂီဆန်း လို့ခေါ်တဲ့ အကြီးတန်း ဗိုလ်မှူးကြီးတစ်ယောက်က နိုင်ငံတော်ကို သစ္စာဖောက်ပြီး ဒေါ်လာထုတ်တာမှာ သုံးတဲ့ သတ္တုပြားတွေကို ခိုးယူဖို့ကြိုးစားပါတော့တယ် ဒီအခြေအနေမှာ ဗိုလ်မှူး အင် ချွဲယောင်း က တာဆီးနိုင်ခဲ့ပေမဲ့ သူ့ဇနီးဖြစ်တဲ့ ရဲဘော် ဟွာယောင်းကို ဓားစာခံလုပ်ပြီး အကျပ်ကိုင်လာတဲ့အခါမှာတော့ သူ လက်နက်ချလိုက်ရတယ် ဒါပေမဲ့ ချာ ဂီဆန်း က သူပြောတဲ့အတိုင်း ကတိမတည်ပဲ အားလုံးကို သတ်ခဲ့တယ် ဒါပေမဲ့လည်း အင် ချွဲယောင်း ကိုမသတ်ခဲ့မိတဲ့ သူ့ရဲ့အမှားက ... သူ တောင်ကိုရီးယား ကို တိမ်းရှောင်နေတဲ့အချိန်မှာ ဒုက္ခပေးပါတော့တယ် ချွဲ အင်ယောင်းက တောင်ကိုရီးယား ရဲစုံထောက် ဂန် ရှင်းထယ် နဲ့ပူးပေါင်းပြီး ချာ ဂီဆန်း ကို ဖမ်းဆီးနိုင်ဖို့ကြိုးစားပါတော့တယ် ဒီလို တစ်ဖက်နဲ့တစ်ဖက် မယုံကြည်ပေးနိုင်တဲ့အချိန်မှာ လုပ်ဆောင်ရတဲ့ တောင်-မြောက် ပူးပေါင်းစစ်ဆင်ရေးက အောင်မြင်ပါ့မလား ဘယ်လို အခက်အခဲတွေ ထပ်ပြီးကြုံတွေ့ရဦးမလဲ အင် ချွဲယောင်း နဲ့ဂန် ရှင်းထယ် တို့ကော အသက်အန္တရာယ် ကင်းလွတ်ပါ့ဦးမလားဆိုတာကတော့ ရုပ်ရှင်ထဲမှာ ကြည့်ရှုခံစားနိုင်ပါတယ်ခင်ဗျာ Drama/Action အမျိုးအစားဖြစ်ပြီး IMDB rating လည်း 6.6 အထိရထားတဲ့အပြင် Girls' Generation ရဲ့အလှပဂေး Im Yoon-ah ကပါ အားဖြည့်ကူညီပေးထားတာကြောင့် CM ပရိသတ်ကြီးတို့ အကြိုက်တွေ့ကြဦးမယ်လို့မျှော်လင့်မိပါတယ် (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ Scrn ဖြစ်ပါတယ်) ကန် ဒေါ်လာ တရားမဝင်ထုတ်လုပ်နေတဲ့ မြောက်ကိုရီးယား နိုင်ငံမှာ ချာ ဂီဆန်း လို့ခေါ်တဲ့ အကြီးတန်း ဗိုလ်မှူးကြီးတစ်ယောက်က နိုင်ငံတော်ကို သစ္စာဖောက်ပြီး ဒေါ်လာထုတ်တာမှာ သုံးတဲ့ သတ္တုပြားတွေကို ခိုးယူဖို့ကြိုးစားပါတော့တယ် ဒီအခြေအနေမှာ ဗိုလ်မှူး အင် ချွဲယောင်း က တာဆီးနိုင်ခဲ့ပေမဲ့ သူ့ဇနီးဖြစ်တဲ့ ရဲဘော် ဟွာယောင်းကို ဓားစာခံလုပ်ပြီး အကျပ်ကိုင်လာတဲ့အခါမှာတော့ သူ လက်နက်ချလိုက်ရတယ် ဒါပေမဲ့ ချာ ဂီဆန်း က သူပြောတဲ့အတိုင်း ကတိမတည်ပဲ အားလုံးကို သတ်ခဲ့တယ် ဒါပေမဲ့လည်း အင် ချွဲယောင်း ကိုမသတ်ခဲ့မိတဲ့ သူ့ရဲ့အမှားက ... သူ တောင်ကိုရီးယား ကို တိမ်းရှောင်နေတဲ့အချိန်မှာ ဒုက္ခပေးပါတော့တယ် ချွဲ အင်ယောင်းက တောင်ကိုရီးယား ရဲစုံထောက် ဂန် ရှင်းထယ် နဲ့ပူးပေါင်းပြီး ချာ ဂီဆန်း ကို ဖမ်းဆီးနိုင်ဖို့ကြိုးစားပါတော့တယ် ဒီလို တစ်ဖက်နဲ့တစ်ဖက် မယုံကြည်ပေးနိုင်တဲ့အချိန်မှာ လုပ်ဆောင်ရတဲ့ တောင်-မြောက် ပူးပေါင်းစစ်ဆင်ရေးက အောင်မြင်ပါ့မလား ဘယ်လို အခက်အခဲတွေ ထပ်ပြီးကြုံတွေ့ရဦးမလဲ အင် ချွဲယောင်း နဲ့ဂန် ရှင်းထယ် တို့ကော အသက်အန္တရာယ် ကင်းလွတ်ပါ့ဦးမလားဆိုတာကတော့ ရုပ်ရှင်ထဲမှာ ကြည့်ရှုခံစားနိုင်ပါတယ်ခင်ဗျာ Drama/Action အမျိုးအစားဖြစ်ပြီး IMDB rating လည်း 6.6 အထိရထားတဲ့အပြင် Girls' Generation ရဲ့အလှပဂေး Im Yoon-ah ကပါ အားဖြည့်ကူညီပေးထားတာကြောင့် CM ပရိသတ်ကြီးတို့ အကြိုက်တွေ့ကြဦးမယ်လို့မျှော်လင့်မိပါတယ် (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ Scrn ဖြစ်ပါတယ်) File Size : 1 GB Quality : HD Rip 720P Running Time : 2hr 5minutes Format : Mp4 Genre :   Action, Comedy, Drama  Translator : Scrn Encoder :Thanhtike Zaw

Drama • Thriller
7 2017 125 mins
Confidential Assignment
The Roundup
7.2

အထွေအထူး မိတ်ဆက်နေစရာမလိုတော့တဲ့ သရုပ်ဆောင် Ma Dong-Seok နဲ့ My Libration Note ထဲက မင်းသား Son Seok-Koo တို့ရဲ့ The Roundup: The Outlaws 2 လွန်ခဲ့တဲ့ 4 နှစ်...Garibong က အမှုကို စုံထောက်မာဆော့ဒိုတို့အဖွဲ့ ဖြေရှင်းနိုင်ခဲ့ပြီးတဲ့နောက် သူတို့အဖွဲ့အတွက် နောက်ထပ်ဖြေရှင်းစရာတွေပေါ်ပေါက်လာခဲ့တဲ့ The Roundup! တရားခံတစ်ဦးကို စုံစမ်းစစ်ဆေးဖို့အတွက် ဗီယက်နမ်ကို သွားရောက်ခဲ့ကြတဲ့ စုံထောက်မာဆော့ဒိုနဲ့ အဖွဲ့ခေါင်းဆောင်ဂျောင်အီမန်တို့ နှစ်ယောက်ဟာ ဗီယက်နမ်ကိုရောက်ပြီး မကြာခင်မှာပဲ ထူးဆန်းတဲ့ကွင်းဆက်လူသတ်မှုတစ်ခုကို အဖြေရှာဖို့ ဖြစ်လာပါတယ် ကိုရီးယားထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ရဲ့ သားဖြစ်သူကိုတောင် ပြန်ပေး-ဆွဲပြီး သတ်ဖြတ်ခဲ့တဲ့ လူသတ်သမား ဂန်ဟယ်ဆန်းနောက်ကို လိုက်ကြရင်း စုံထောက်မာတို့ ဘာတွေကြုံကြိုက်ရမလဲ “လက်ထဲကချော်ထွက်သွားတဲ့ ငါးရှဉ့်”လို ဖမ်းမမိနိုင်ဖြစ်နေတဲ့ ဂန်ဟယ်ဆန်းကို စုံထောက်မာတို့အဖွဲ့အနေနဲ့ ဖမ်းဆီးနိုင်ပြီး တရားဥပဒေဘောင်ပေါ် တင်ပေးနိုင်ပါ့မလားဆိုတာ ဇာတ်အိမ်ခိုင်ခိုင်နဲ့ ကြည့်ရှုရမယ့် Crime/Action ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ် အညွှန်းကိုတော့ Hmwe Thet Winn က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe and Joyz ပဲ ဖြစ်ပါတယ်။ Genre..... Action, Crime Quality…. 1080p | 720p | 480p File size… 2.6GB | 775MB | 350MB Format… mp4 Duration…. 1h 46min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Hmwe and Joyz Encoder ..... August

Action • Comedy • Drama
7.2 2022 106 mins
The Roundup
Offseason
5.5

Catalonian International Film Festival မှာ Best Motion Picture award အတွက် စကာတင် အရွေးခံခဲ့ရတဲ့ တကယ်မိုက်တဲ့ Horror movie လေး ဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ ... မိခင်ရဲ့ အုတ်ဂူ ပျက်စီးသွားတယ်ဆိုတဲ့ ထူးဆန်းတဲ့ အကြောင်းကြားစာကို ရပြီးနောက် မာရီတစ်ယောက် အုတ်ဂူရှိရာ ကျွန်းမြို့လေးကို ချက်ချင်း ရောက်လာခဲ့တယ်။ အဲ့ဒီကျွန်းက နွေဦးရာသီရောက်တဲ့အထိ ပိတ်တဲ့ ကျွန်းပါ။ သူမ ရောက်သွားတဲ့အချိန်မှာ ရာသီကုန်လို့ ပိတ်တော့မှာ။ ဒါပေမဲ့ အကြောင်းကြားစာထဲမှာ အရေးတကြီးခေါ်တာဆိုတော့ သူမက ပိတ်လည်း ပိတ်ပါစေဆိုပြီး ကျွန်းထဲ ဝင်လာခဲ့တယ်။ အဲ့ဒီနောက်မှာ ဘာတွေ ဆက်ဖြစ်မယ်ထင်လဲ? မီးပျက်တဲ့ည မှောင်မှောင်မည်းမည်းမှာ ယပ်လေးခတ်ပြီး ကြည့်လိုက်ကြရအောင်ဗျာ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Kit ပါ) File Size          :  1.5GB, 472MB & 224MB Quality            : 1080p WEBRip AC3 5.1CH, 720p WEBRip & 480p Format            : mp4 Duration         : 1hr & 23mins Genre              : Drama, Fantasy, Horror Translated by  Kit Encoded by Kinnov

Action • Crime • Thriller
5.5 2022 83 mins
Offseason
Our Huff and Puff Journey
5.9

Our Huff and Puff Journey (2016) ======================== IMDb Rating – 5.9/10 ဒီတစ်ခါတော့ သီချင်းကိုအရမ်းရူးသွပ်တဲ့ အိမ်ပြေးအထက်တန်း ကျောင်းသူလေးယောက်အကြောင်းကို ရိုက်ကူးထားတဲ့ဇာတ်ကား လေးနဲ့ မိတ်ဆက်ပေးပါရစေ။ အီချီနို ၊ ချီအဲ ၊ ဆက်ဆွန် နဲ့ ဖူမီကိုဆိုတဲ့သူငယ်ချင်းလေးယောက်မှာ တကယ်တမ်းအိမ်ပြေးလာတာ ဖူမီကိုတစ်ယောက်တည်းပါ။ ဖူမီအို အကြိုက်ဆုံးအိုင်ဒေါဖြစ်တဲ့ ကာအိုစံပါဝင်တဲ့ ခရိဟိုက်တေးဂီတအဖွဲ့က တိုကျိုမှာဖျော်ဖြေပွဲလုပ်မှာမို့ အိမ်နဲ့ရန်ဖြစ်ပြီးထွက်လာတာပါ။ အချစ် ဆုံးသူငယ်ချင်းကို အဖော်လုပ်ပေးဖို့ အီချီနို၊ ချီအဲ နဲ့ဆက်ဆွန်တို့လည်း တိုကျိုကို အတူတူထွက်လာခဲ့ပါတယ်။ ဘာထူးခြားလဲဆိုတော့ တိုကျိုအထိ လေးရက်ခရီးလောက်ကို စက်ဘီး ကိုယ်စီနဲ့တက်လာခဲ့ကြတာပါ။ အထက်တန်းကျောင်းသူတွေမို့လို့ မုန့်ဖိုး လည်းအများကြီးမပါတဲ့အပြင် စက်ဘီးလည်း ဆက်မနင်းနိုင်တဲ့အခါ အံ့အားသင့်ရလောက်အောင်ကို လူကောင်းတွေနဲ့အများကြီးတွေ့ခဲ့ရ ပါတယ်။ တစ်မြို့ပြီးတစ်မြို့ အကူအညီတောင်းရင်းနဲ့ နောက်ဆုံးလက် ထဲမှာ ယန်း ၃၀၀ ပဲကျန်တဲ့အချိန် သူငယ်ချင်းလေးယောက်လည်း တစ် ဖြည်းဖြည်းချင်းသွေးကွဲလာပြီး အမြင်စောင်းလာကြတဲ့အခါ…. သူတို့လေးယောက် ဘယ်လိုမျိုးညှိနှိုင်းကြမလဲ ? သူတို့ကြိုက်တဲ့တေးဂီတ ဖျော်ဖြေပွဲဆီကိုရော ချောချောမောမော ရောက်သွားရဲ့လားဆိုတာတော့ ဆက်ကြည့်လိုက်တော့နော်…. (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်) File Size……….(1.7 GB) / (650 MB) / (420 MB) Quality…………WEB-RIP 1080p / 720p / 480p Duration………1Hr 31Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy Translator…….Jo Jo Va Encoder……….SWM

Crime • Drama • Thriller
5.9 2016 91 mins
Our Huff and Puff Journey
Anything for Her
7.9

ဇာတ်လမ်းနာမည်လေးအတိုင်း ဇနီးအတွက် ဘာမဆိုလုပ်ပေးမယ့် ယောကျာ်းတစ်ယောက်ကိုမြင်တွေ့ရမှာမယ့် ပြင်သစ် Crime Drama Thrillaကားလေးဖြစ်ပါတယ်… ဂျူလီယန် နဲ့ လီဆာဟာ ကလေးတစ်ယောက်နဲ့ သာမန်ပျော်စရာမိသားစု ဘဝလေးကို နေထိုင်နေကြသူတွေပါ…။ တစ်နေ့ကျတော့ သူတို့တိုက်ခန်းကို ရဲတွေ ဝင်စီးပြီး လီဆာကို ဖမ်းခေါ်သွားပါတယ်။ အမှု‌မေးတော့ လူသတ်မှုတဲ့…လီဆာမကျူးလွန်တဲ့လူသတ်မှု။ ဖြစ်နိုင်စရာမရှိပါဘူး။ ဘာလို့ဆို သူတို့က ရိုးရိုးအေးအေးနေတဲ့ လင်မယားစုံတွဲ၊ တစ်ယောက်က ကျောင်းဆရာ တစ်ယောက်က ရုံးဝန်ထမ်း…။ ပြစ်မှုကျူးလွန်ဖို့ ပူလောင်သောကရောက်စရာလည်းမရှိသူတွေပါ။ ဒါပေမဲ့ ကိုယ်ကျင့်တရားတွေ ဘယ်လောက်ကောင်းကောင်း ဥပဒေက အနိုင်ရစမြဲပဲ ဖြစ်နေတော့ လီဆာဟာ ထောင် နှစ် ၂၀ကျသွားပါတယ်။ ကိုယ်ချစ်တဲ့သူ တစ်ဦးတစ်ယောက် အပြစ်မရှိဘဲ ထောင်ထဲရောက်သွားရင် ဘယ်လိုနေမလဲ… ဘယ်လိုခံစားရမလဲ… ဘာတွေပြန်ကြိုးစားပေးမလဲ…။ ဒါကို လက်မခံနိုင်တဲ့ ယောကျာ်းဖြစ်သူ ကျောင်းဆရာက ဇနီးဖြစ်သူကို ထောင်ထဲက ခေါ်ထုတ်ဖို့အကွက်ချစီစဥ်ပါတော့တယ်… လူမိုက်လည်းမဟုတ် ဂိုဏ်းစတားလည်းမဟုတ်တဲ့ ရိုးရိုးသာမန်ကျောင်း ဆရာတစ်ယောက်က ဘယ်လိုတွေ အသေးစိတ်စီစဥ်ပြီး ဇနီးဖြစ်သူကို ကယ်တင်မလဲဆိုတော့ ဇာတ်လမ်းထဲမှာကြည့်ရှုနိုင်ပါပြီ။ File size…1.56GB / 583MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 36m Genre ….. Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

7.9 2008
Anything for Her
The Angry Black Girl and Her Monster
5.4

ဗကေးရီးယားဆိုတာ အသက် ၅ နှစ်သားထဲက အမေကိုဆုံးရှုံးခဲ့ရသူဖြစ်ပါတယ်။ မောင်လေး ခရစ်စ်ကလည်း မကောင်းတဲ့လူတွေနဲ့ပတ်သက်မိပြီး အသက်ဆုံးခဲ့ရပါတယ်။ ဒါပေမဲ့ ဗကေးရီးယားမှာ မှတ်ယူထားတာတစ်ခုရှိတယ်။အဲဒါကတော့ သေခြင်းတရားဆိုတာရောဂါတစ်မျိုးပဲ။ ရောဂါဆိုရင်ကုသလို့ရရမယ်။ သေခြင်းကိုကုသချင်တဲ့ ဗကေးရီးယားဆိုတဲ့ဆယ်​ကျော်သက်ကောင်မလေးရဲ့အကြံက တကယ်ပဲအလုပ်ဖြစ်ပါ့မလား။ ရုပ်ရှင်ခေါင်းစဉ်မှာ ဒေါသထွက်နေသော လူမည်းကောင်မလေးနှင့်သူမ​၏ မကောင်းဆိုးဝါး ဆိုတာမလို့ မကောင်းဆိုးဝါးတွေရောပါလာဦးမှာလား…. File size…(2.1 GB)/(920 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:31:00 Genre…Drama, Fantasy, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Lucifer Maximoff

5.4 2023
The Angry Black Girl and Her Monster
Golam
7.7

Golam ( ဂိုလမ် ) 7.7/10 · IMDb အလုပ်ရှင်သူဌေးကို လုပ်ကြံကြမယ့် ဝန်ထမ်းတွေအကြောင်းဇာတ်ကားဖြစ်ပြီး သည်းထိတ်ရင်ဖိုမှုခင်းစုံထောက်ကားပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်း- ပုံမှန်အတိုင်း လည်ပတ်နေတဲ့ IT Firm တစ်ခုမှာ အလုပ်ချိန်အတွင်း လူသေမှုတစ်ခုဖြစ်လာတာကြောင့် အားလုံးကို မေးခွန်းပေါင်းများစွာနဲ့ ချာချာလည်စေခဲ့ပါတယ်.. ဒါပေမဲ့ အဲဒါဟာ လူသေမှုမဟုတ်ဘဲ ပိပိရိရိကြံစည်ထားတဲ့ လူသတ်မှုတစ်ခုဖြစ်နေတဲ့အခါ… Golam ဇာတ်ကားဟာ ဇာတ်ပို့ ၊ ဇာတ်ရံအမြောက်အမြားသုံးစွဲထားတဲ့အပြင် လူတိုင်းကိုသံသယအမြင်နဲ့ကြည့်မိအောင် ရိုက်ပြထားတာကြောင့် လူသတ်သမားဘယ်သူဆိုတာတွေးရင်း ဇာတ်လမ်းအဆုံးထိ ဇာတ်ရှိန်မကျဘဲ စီးမျောခံစားနိုင်မှာပါ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ်ခင်ဗျ)

7.7 2024
Golam
Balestra
5

ပါရမီရှက်လို့ အများကသက်မှတ်ထားတဲ့ ဓားရေးကစားသမား ဂျိုအန်နာဟာ ပြိုင်ပွဲတွေမှခေတ္တအနားယူပြီးနောက် ပဲရစ်အိုလံပစ်တွင် ဝင်ပြိုင်ခွင့်ရရှိရန် ကြိုးပမ်းပါတော့တယ်။ ပဲရစ်အိုလံပစ်တွင် ပြိုင်ခွင့်ရရန်အတွက် အမှတ်တက်အောင် တခြားပြိုင်ပွဲမျိုးစုံကို ဝင်ပြိုင်သော်လည်း ထင်သလိုရလဒ်များမထွက်လာသောအခါ ခေတ်မီနည်းပညာတမျိုးကို စမ်းသပ်ပြီး အိမ်မက်ထဲမှာပါ လေ့ကျင့်ခွင့်ရအောင်ကြိုးစားပါတော့တယ်။ အဲဒီစက်ကို ဆက်တိုက်အသုံးပြုလာရင်းနှင့် ဂျိုအန်နာတစ်ယောက် အိမ်မက်တွေကိုစွဲလမ်းလာသောအခါ အစစ်အမှန်လောကနှင့် တဖြည်းဖြည်းကင်းကွာလာသောအခါ သူ၏ခင်ပွန်း နည်းပြဖြစ်သူက စက်ကိုအသုံးပြုခြင်းကို ရပ်တန့်ရန်ကြိုးစားပါတော့တယ်။ ဂျိုအန်နာတစ်ယောက် အိမ်မက်တွေကိုစွဲလမ်းခြင်းကို ရပ်တန့်နိုင်မလား မျှော်မှန်းထားသလို ရွှေတံဆိပ်ဆုရယူနိုင်မလားဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမည့်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(1.8 GB)/(750 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 02:25:00 Genre… Drama, Fantasy, Sci-Fi, Sport, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Eunice

5 2024 145 mins
Balestra
Poison Ivy: The Secret Society
4.2

Poison Ivy: The Secret Society (2008) IMDb Rating (4.2) / Rotten Tomatoes (20%) ဟော့ဟော့လန်းလန်း သည်းထိပ်ရင်ဖို ကျောင်းသူဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒေစီဟာ ရိုးရိုးအအ တောသူမလေးဖြစ်ပြီး မိဘတွေဆုံးသွားတာနဲ့ တောကရည်းစားကိုထားခဲ့ပြီး မြို့မှာဘဝသစ်တစ်ခုကို ရှာဖွေဖို့လုပ်ပါတယ်။ နာမည်ကြီးကောလိပ်တစ်ခုကို ရောက်ရောက်ချင်းမှာတင် ဌာနမှူးရဲ့သားဖြစ်သူက ဖွန်လိုက်ကြောင်နေတာရယ်၊ နာမည်ကြီး အလုပ်သင်ပရိုဂရမ်ကို ရဖို့လည်း အခွင့်အရေးကောင်းနေတာမို့ အရာရာစိုပြေနေပေမယ့်။ လျှို့ဝှက်အဖွဲ့အစည်း အမျိုးသမီးဂိုဏ်းတစ်ခုက သူ့ကို ချဉ်းကပ်လာချိန်မှာတော့……. (အညွှန်းနဲ့ဘာသာပြန်ကတော့ Sike Tan ဖြစ်ပါတယ်။) File size…(2.2 GB) / (960 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Thriller Duration….01:36:21 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Sike Tan

Drama • Comedy • Romance
4.2 2008 95 mins
Poison Ivy: The Secret Society
Analyze This

ယခုအခါတင်တင်ဆက်ပေးလိုက်တာကတော့ ၁၉၉၉ ခုနှစ်ကထွက်ရှိခဲ့တဲ့ comedy/crime အမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ်….မင်းသားကြီး Robert De Niro နဲ့ Billy Crystal တို့ကအဓိကဇာတ်ကောင်အနေနဲ့သရုပ်ဆောင်ထားပါတယ်…. ဇာတ်လမ်းကတော့ ဘန်ဆိုဗယ်ဆိုတဲ့စိတ်ရောဂါဆရာဝန်ဟာ အဖေဖြစ်သူကတော့အောင်မြင်နေပေမဲ့ သူ့လုပ်ငန်းက‌တော့အဆင်‌မပြေ‌နေပါဘူး…ထို့အပြင်သူဟာ ‌နောက်အိမ်ထောင်ပြုဖို့အတွက်လုပ်နေပါတယ်….. နဂိုထဲကမှအဆင်မပြေတဲ့လူနာတွေအပြင်၊အိမ်ထောင်ပြုဖို့ကလည်းရှိတဲ့ကြားထဲကမှ ပေါလ်ဗီတီဆိုတဲ့ မာဖီးယားခေါင်းဆောင်တစ်ယောက်ဟာ ဘန်ဆိုဗယ်ဆီကိုရောက်ရှိလာခဲ့ပါတယ်….ပေါလ်ဗီတီက panic attack, anxiety attack လို့ခေါ်တဲ့ အလွန်အကြွံအထိတ်တလန့်ဖြစ်တာကိုခံစားနေရလို့ဘန်ဆိုဗယ်ဆီရောက်ရှိလာခဲ့တာပါ…. ဒီတော့ကြမ်းပေ့ရမ်းပေ့ဆိုတဲ့မာဖီးယားခေါင်းဆောင်တစ်ယောက်ကဘာလို့အထိတ်တလန့်ဖြစ်နေရတာလဲ…သူ့မှာဘာပြဿနာ‌တွေရှိနေလဲ….ဘန်ဆိုဗယ်ကရောဘယ်လိုကုသပေးမလဲ…မာဖီးယားလူဆိုးတွေဆိုတော့ ဘယ်လိုအရှုပ်အယှက်တွေဖြစ်လာမလဲဆိုတာ ဆက်လက်ရှုစားကြပါခင်ဗျာ… File size…(1.9 GB)/(1.1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Ivy Noe

0 1999
Analyze This
My Love Will Make You Disappear
6.6

My Love Will Make You Disappear (2025) *************************************** IMDb… 6.6 ဖိလစ်ပိုင်မင်းသားချော Paulo Avelinoနဲ့ မင်းသမီး Kim Chiuတို့ရဲ့ အသစ်စက်စက် ဖိလစ်ပိုင်ဇာတ်လမ်းလေးကို CM ပရိသတ်တို့ရှေ့မှောက် အရောက်တင်ဆက်ပေးလိုက်ပါပြီ။ ရယ်စရာအလွဲလေးတွေနဲ့ အခွီတစ်လိုင်းလေးတွေလည်းပါသလို ဒရာမာscene လေးတွေလည်း ပါတာမလို့ တစ်နေ့တာ ဘဝအမောတွေဖြေဖျောက်ဖို့ ရွေးသင့်တဲ့ ဇာတ်ကားလေးတစ်ခုဖြစ်ကြောင်း ညွှန်းရင်းနဲ့ပဲ ဇာတ်လမ်းလေးအကြောင်းကိုရှေ့ဆက်လိုက်ကြပါဦးစို့။ ငယ်ငယ်ထဲက အကြောက်အလန့်မရှိတဲ့ ဆာရီဟာ ကလေးဘဝထုံးစံအတိုင်းပဲ အကြောက်တရားကို သင်ယူရဖို့ဖြစ်လာပါတော့တယ်။ အဲဒါကတော့ အချစ်ဆိုတဲ့အရာကို နားမလည်ခင်ကတည်းက သူချစ်မိတဲ့ယောက်ျားတိုင်း ပျောက်ကွယ်သွားမယ်ဆိုတဲ့ ကျိန်စာတိုက်ခံလိုက်ရတာပါပဲ။ ပထမတော့ ယုံသလို မယုံသလို ဖြစ်နေပေမဲ့ တကယ်ပဲ ကျိန်စာကြောင့်လား ကံတရားကပဲ တိုက်ဆိုင်လွန်းတယ်ပဲဆိုရမလား ဆာရီကြိုက်သမျှ ဘဲတွေအကုန် ပျောက်ချင်းမလှ ပျောက်ကုန်ကြတာပါပဲ။ ဒါကပဲ ဆာရီကို ကျိန်စာအပေါ် ယုံကြည်သွားစေပြီး တစ်ယောက်တည်း နေတတ်ဖို့ လေ့ကျင့်ရတဲ့ဆီရောက်သွားတော့တာပေါ့။ ဒါပေမဲ့ တစ်ယောက်တည်းနေတတ်သွားတာဟာ တစ်ယောက်တည်းနေချင်တာမဟုတ်ဘူးဆိုတာကို ဆာရီရဲ့အိမ်ရှင် အဘွားရယ်မီကတော့ ကောင်းကောင်းသိပါတယ်။ ဒီလိုနဲ့ အဘွားရယ်မီဆုံးသွားပြီးတဲ့နောက်မှာ အဘွားပိုင်တဲ့ တဟာနန်အိမ်ရာဝင်းကြီးကို အမွေဆက်ခံဖို့ အဘွားမြေး ဒီပရက်ရှင်ကောင်ဇိုးလေး ဂျိုလိုတစ်ယောက် ဆာရီရဲ့ဘဝထဲကို ဝင်လာချိန်မှာတော့… ကျိန်စာသင့်နေတဲ့အချစ်ကြောင့် ချစ်မိမှာကြောက်နေတဲ့ဆာရီနဲ့ မင်္ဂလာပွဲမှာ ချစ်သူကထားရစ်ခဲ့လို့ လောကကြီးကနေ ပျောက်ကွယ်သွားချင်နေတဲ့ ဂျိုလိုတို့ကြား ဘာတွေဆက်ဖြစ်မလဲဆိုတာ ရှုစားလိုက်ရအောင်ပါ။ (ဇာတ်လမ်းအညွှန်းကိုတော့ Mary မှ ရေးသားပေးထားပါတယ်ပါတယ်။) File Size : 2.27GB/ 990MB Quality : WEB-DL 1080p 5.1CH/ 720p Format…mp4 Duration…01:44:46 Genre : Comedy, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by CharOu, Mary, Reddy & Ji Yeon Encoded by Tiff

6.6 2025 104 mins
My Love Will Make You Disappear