YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The.White.Lotus.S01E02.720p(CM).mp4

417.48 MB N/A video/mp4 798 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Two Blue Stripes
7.2

Original Title – Dua Garis Biru Genre – Drama IMDB – 7.8/10 ရုပ်ရှင်နာမည်က အပြာရောင်မျဉ်းလေး ၂ ချောင်းတဲ့၊ ဒီ အပြာရောင်မျဉ်းလေး ၂ ချောင်းဆိုတာ တချို့အတွက် နိဗ္ဗာန်ဖြစ်သွားနိုင်သလို တချို့အတွက်လည်း ငရဲလိုမျိုး ဖြစ်သွားစေနိုင်တဲ့အရာတစ်ခုပါ၊ ဟုတ်ပါတယ် ကိုယ်ဝန်စစ် ဆေးတံက အပြာရောင်မျဉ်းလေး ၂ ချောင်းကို ပြောတာပါ။ ဒီ အင်ဒိုနီးရှားကားလေးက လိင်ကိစ္စပညာပေးအနေနဲ့ရော မိဘအုပ်ထိန်းမှုတွေကိုရော ပညာပေးချင်တဲ့ ကားကောင်းလေး တစ်ကားပါ။ သူတို့နိုင်ငံက ပေးအပ်တဲ့ ရုပ်ရှင်ဆုတွေလည်း တော်တော်များများ ရရှိထားတာကို တွေ့ရပါတယ်။ အသက် ၁၇ အရွယ် စုံတွဲလေးတစ်တွဲ အရာအားလုံးကို မေ့လျောပြီး ကမ္ဘာကြီးကို မမှုပဲ သိပ်ချစ်ကြတယ်ပေါ့ မိဘတွေရဲ့ မအားလပ်မှု အချိန်မပေးနိုင်မှုရဲ့ ပေါ့လျော့မှုအောက်မှာ ဒီကလေး နှစ်ယောက်ဟာ အရွယ်မတိုင်ခင် ချစ်သူရည်းစားတွေ ကြုံလာရမယ့် စည်းတစ်ခုကို ငယ်ငယ်ရွယ်ရွယ် အကာအကွယ်မရှိ ကျူးလွန် မိလိုက်ကြပါတော့တယ်။ နောက်ဆက်တွဲ ဘာဖြစ်မလဲဆိုတာ လူတိုင်းသိပါတယ် ကလေးမလေး ကိုယ်ဝန်ရှိလာမယ် အဲဒါကို နှစ်ဖက်မိဘတွေ သိသွားကြပြီး ပြဿနာတွေ ကြုံလာကြတယ်ပေါ့၊ ကောင်လေးဖက်က ဆင်းရဲတယ် ကောင်မလေးဖက်က ချမ်းသာ တယ်၊ ဒီလိုမျိုး မတူညီတဲ့ မိသားစုနှစ်ဖက်ကြားမှာ ဒီ ငယ်ရွယ်တဲ့ ကလေးနှစ်ယောက် ဘယ်လိုမျိုး တာဝန်ဝတ္တရားတွေယူပြီး ဘယ်လိုတွေ ဖြေရှင်းကြမလဲ၊ မိဘတွေကလည်း ဘယ်လိုဖြေရှင်း ကြမလဲ၊ ပြဿနာ ဘာတွေတက်မလဲဆိုတာကို ပညာပေးအနေနဲ့ရော လူမျိုးဘာသာ ယဉ်ကျေးမှုတွေနဲ့ရော ကောင်းကောင်းရိုက်ကူးထားတဲ့ ဒရမ်မာကားကောင်းလေးတစ်ကားပါ။ ဒီကားလေးကို ကြည့်ခြင်းအားဖြင့်လည်း ကလေးတွေကို လိင်ပညာ ပေးကိစ္စတွေ သင်ပေးရမှာတွေ မိဘတွေအနေနဲ့ အလုပ်များပြီး ကလေးကို မကြည့်ရှုနိုင်လို့ ဖြစ်လာနိုင်မယ့် နောက်ဆက်တွဲတွေ ဆယ်ကျော်သက်တွေရဲ့ စိတ်နေစိတ်ထား သဘာဝလေးတွေ စသဖြင့် ပညာလည်း ရစေနိုင်မယ့် အင်ဒိုနီရှား ကားကောင်းလေး ဖြစ်ပါတယ်၊ သရုပ်ဆောင်လေးတွေဆိုလည်း ငယ်ကြသေးပေမဲ့ ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်ထားကြပြီး ဇာတ်ပို့တွေကလည်း တော်တော်ကောင်း ကြပါတယ်။ ဇာတ်လမ်းကတော့ မြန်မာကားတွေလို ခပ်ဆင်ဆင်ဆိုပေမဲ့ သူ့နည်းသူ့ဟန်နဲ့ပဲ အာရှမိသားစုလောကကို ဖော်ကျူးထားတဲ့ပုံစံမျိုးပါ။ File size…1.89GB / 772MB Quality…NF  WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 53m Genre ..... Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Drama
7.2 2019 112 mins
Two Blue Stripes
The Invisible Woman
5.9

Charles Dickens (ချားလ်စ် ဒစ်ကန်စ်)ဆိုတာနဲ့ အင်္ဂလန် ဗစ်တိုးရီးယားခေတ်ရဲ့ဂန္တ၀င်စာရေးဆရာကြီးကိုမြင်မိကြမှာပါပဲ။ သူ့ရဲ့၀တ္ထု ပြဇာတ်တွေ ဇာတ်ကောင်တွေဟာအသက်၀င်လွန်း လှပလွန်းလို့ကိုပဲအင်္ဂလိပ်စာ‌ပေလောကမှာယခုချိန်ထိ ချီးကျုးခံနေရဆဲပါ။ ဒါကတော့ ချားလ်စ်ရဲ့ဘ၀ထဲကိုဝင်ရောက်လာခဲ့တဲ့ အယ်လန် တာနန်ဆိုတဲ့ တက်သစ်စပြဇာတ်မင်းသမီးလေးတယောက်နဲ့သူ့ရဲ့အကြောင်းပေါ့ လှလည်းလှ သူ့ရဲ့ကမ္ဘာကြီးပေါ်အမြင်ကိုလည်းမြင်တာသာမက သူ့အပေါ်ကိုလည်းသူမတူ‌အောင်မြင်နိုင်သလို သူ့ရဲ့စာအုပ်တွေကိုလည်း ချစ်တဲ့ဒီကောင်မလေးကိုမှသူကချစ်မိသွားပြီ။ မပျော်ရွှင်ရတဲ့အိမ်ထောင်ရှိပြီး သားချားလ်စ်အတွက်ကတော့ ဒီကောင်မလေးနဲ့ပေါင်းစပ်ရဖို့ဆိုတာ သူ့ရဲ့၀တ္ထုတွေထဲကလိုမျိုးပဲ အတားအဆီးတွေ အစဉ်အလာတွေ ပတ်၀န်းကျင်ကအနှောင့်အယှက်တွေပေါများလွန်းလှပါတယ်။ ချားလ်စ်က်ုလည်းတစစနဲ့ချစ်မိသွားတဲ့အယ်လန် တဖြစ်လဲ နယ်လီကလည်း ဒီလိုလူမျိုးကိုမှချစ်မိသွားပြီ။ သူတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းတပုဒ် ဟာဘာတွေဆက်ဖြစ်လာမှာလဲ။ ၀တ္ထုတွေထဲကလိုပဲ အပြင်မှာရော အချစ်ဆိုတာကသိမ်မွေ့နူးညံ့နေမှာလား ခက်ခဲကြမ်းတမ်းနေရမှာလား။ သူတို့နှစ်ယောက်ရဲ့အချစ်ခရီးလမ်းဟာအဆုံးမှာဘယ်လိုနိဂုံးချုပ်မလဲ ဆိုတာကိုဒီ classical အချစ်ဒရာမာကား‌လေးမှာခံစားကြည့်ရှုပေးကြပါဦးခင်ဗျာ။ File size…1.11GB / 413MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 51m Genre ..... Biography , Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman

Comedy • Drama • Fantasy
5.9 2013 111 mins
The Invisible Woman
Argentina, 1985
8

~ IMDb - 7.7/10, Rotten Tomatoes - 98% ~ တလောက ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲသွားခဲ့တဲ့ အာဂျင်တီးနားနိုင်ငံရဲ့ နိုင်ငံရေးဖြတ်သန်းမှု မိုင်တိုင်တစ်ခုကို ရိုက်ပြထားတဲ့ ဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ စစ်အုပ်ချုပ်မှုကနေ ဒီမိုကရေစီရပြီးကာစ အာဂျင်တီးနားနိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျင်းပေါ်က တရားဥပဒေဘက်တော်သားတွေရဲ့ အားထုတ်ခဲ့မှုတစ်ခုဖြစ်တဲ့ စစ်ခေါင်းဆောင်ဟောင်းတွေကို ရုံးတင်စစ်ဆေးခဲ့တဲ့ ကာလတစ်လျှောက်လုံးကို မြင်တွေ့ရမှာပါ။ ဒိတ်ဒိတ်ကြဲ စစ်ခေါင်းဆောင်ဟောင်းတွေကို တရားစွဲဆိုဖို့ ဆွဲချရှေ့နေအဖြစ်တာဝန်ပေးခံလိုက်ရတဲ့ အစိုးရရှေ့နေ စထရက်စဲရာရဲ့ ရင်ပူစရာတွေကို အတူတူလိုက်ပူပေးလို့ရမယ့်၊ အားတက်စရာတွေကို အတူတူလိုက်ပျော်ပေးလို့ရမယ့်၊ မိသားစုအရေးနဲ့ တရားရေးကြားက ချိန်ခွင်လျှာကို ဘက်စောင်းမသွားအောင် ထိန်းဖို့ကြိုးစားနေတဲ့ အိမ်ထောင်ဦးစီးတဖြစ်လဲ အစိုးရရှေ့နေတစ်ယောက်ရဲ့ အပူမီးတွေကိုလည်း မျှဝေခံစားနိုင်ဦးမယ့် ပစ်ရက်စရာတစ်ကွက်မရှိတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ အာဂျင်တီးနား နိုင်ငံရေးကားလေးဖြစ်တဲ့အလျောက် လက်ရှိ အရမ်း Hot ဖြစ်နေတဲ့ "အာဂျင်တီးနား" နဲ့ "နိုင်ငံရေး" ၂မျိုးလုံးကို တစ်ကားထဲမှာ ကြည့်ရမှာမို့ ရှယ်တန်နေပါပြီ။ ဒီနှစ် အောက်တိုဘာလတုန်းကထွက်ခဲ့တဲ့ ဒီကားဟာ လက်ရှိမှာ ဆု ၇ဆုပိုင်ဆိုင်ထားတဲ့အပြင် လာမယ့်နှစ်အတွက် ရွှေကမ္ဘာလုံးဆု (Golden Globes) မှာ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားအဖြစ် အမည်စာရင်းဝင်ထားပြီးပါပြီ။ ဒါ့အပြင် ၂၀၂၃ ခုနှစ်အတွက် အကောင်းဆုံးနိုင်ငံတကာရုပ်ရှင် အကယ်ဒမီဆုအတွက်လည်း လျာထားစာရင်းထဲမှာလည်း ပါဝင်ထားပါတယ်။ ဆိုတော့ ကောင်း/မကောင်း သိပ်ညွှန်းနေစရာ လိုမယ်မထင်တော့ပါဘူး။ အခုမကြည့်သေးဘဲ အကယ်ဒမီနဲ့ ရွှေကမ္ဘာလုံးတစ်ခုခုရပြီးမှ ကြည့်ချင်ရင်တောင် ခုပဲ ကြိုတင်ဒေါင်းထားဖို့မမေ့နဲ့ဦးနော့်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.4GB, 1.2GB, 565MB Quality - 1080p, 720p, 480p IMDb Rating - 7.7/10 Format - mp4 Duration - 2H 20Min Genre - Biography, Crime, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Crime
8 2022 141 mins
Argentina, 1985
Halloween Ends
6.2

ဟောလိုးဝင်းဆိုတဲ့ ရုပ်ရှင်တွေဟာ စုစုပေါင်း ၁၃ ကားတောင်ထွက်ရှိခဲ့တဲ့ ဂန္ဓဝင်ဟော်ရာကားတွေပဲဖြစ်ပါတယ်။ မျက်နှာဖုံးကြီးနဲ့ ဓားမြှောင်ရှည်တစ် ချောင်းနဲ့ မိုက်ကယ်မိုင်ယာစ်ရဲ့ ပုံရိပ်ဟာ ဟော်ရာကားတွေရဲ့ အထိမ်းအမှတ် တစ်ခုလို့တောင် ပြောလို့ရပါတယ်။ အခုလည်း ၂၀၂၂ ဟောလိုးဝင်းအတွက် တစ်ကားထွက်ရှိလာပါပြီ။ ဒီကားမှာတော့ မိုက်ကယ်မိုင်ယာစ်ရဲ့လက်က လွတ်ခဲ့တဲ့ မြေးအဘွားနှစ်ယောက်ရယ်၊ တစ်မြို့လုံးက မုန်းကြတဲ့ ကောင်လေးတစ်ယောက်ရယ်အကြောင်းကို အခြေခံထားပါတယ်။ လှည့်ကွက်နဲ့ ဇာတ်လမ်းကောင်းကောင်းနဲ့ ပိုးစိုးပက်စက်တွေ လုပ်တာကို ကြည့် ချင်ရင်တော့ ဒီဟော်ရာရုပ်ရှင်က ကြည့်လို့အလွန်ကောင်းမှာပါပဲ။ ဒါရိုက်တာကလည်း ဟောလိုးဝင်း ၂၀၁၈ နဲ့ ၂၀၂၁ ရဲ့ ပရိုဂျူဆာပါပဲ။ ဒီတော့ အဆက်အစပ်လေးနဲ့ကြည့် ရမှာပေါ့။ အားပေးလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) File Size..........(1.43 GB) / (580 MB) / (320 MB) Quality............Web-DL 1080p / 720p / 360p Duration.........1Hr 51mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Thriller Translator.......Mr.Anderson Encoder..........SWM

Comedy • Drama
6.2 2022 111 mins
Halloween Ends
Johnny English Reborn
6.2

IMDb Rating (6.3) ဒါကတော့ ၂၀၀၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ Mr.Bean ရဲ့ Johnny English အဆက်ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့... ပထမဇာတ်ကားမှာတုန်းက ဘုရင်မကြီးရဲ့သူရဖူကိုကာကွယ်နိုင်ခဲ့တဲ့ ဂျွန်နီဟာ သမ္မတ လုံခြုံရေးတာဝန်တစ်ခုမှာ မအောင်မြင်ခဲ့လို့ အထုတ်ခံခဲ့ရပြီး Batman လို တိဘက်က ဘုန်းတော်ကြီးတွေဆီမှာ ပညာဆည်းပူးရင်း ဇာတ်မြုတ်နေခဲ့ပါတယ်။ တစ်နေ့မှာတော့ MI-7 ဟာ သူပါမှကိုရတော့မယ့် စစ်ဆင်ရေးတစ်ခုပေါ်ပေါက်လာချိန်မှာ ဂျွန်နီကို ပြန်လည်ခေါ်ယူပါတော့တယ်။ ဒီခါမှာတော့ Johnny English ရဲ့ ရင်သက်ရှုမောဖွယ် စွန့်စားခံတွေ ပြန်လည်စတင်ပါတော့တယ်။ ဂျွန်နီဟာ အမြဲတမ်းတလွဲတွေလုပ်ပေမယ့် သူ့ရဲ့ဖြူစင်သောအမှားတွေနဲ့ အင်္ဂလန်ပြည်ကို ဘယ်လိုထပ်မံကယ်တင်ဦးမလဲဆိုတာ...။ Johnny English ဇာတ်ကား ၃ ကားရှိပြီး ၃ ကားလုံးကို ဒီမှာ https://channelmyanmar.org/?s=Johnny+English ကြည့်လို့ရပါတယ်။ File size… (1.6 GB) / (800 MB) Quality…BluRay 1080p HEVC /720p Format…mkv/mp4 Duration….01:41:21 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Littleneo

Horror • Mystery • Thriller
6.2 2011 101 mins
Johnny English Reborn
Liquor Store Dreams
7.9

Liquor Store Dreams (2022) ===================== ၁၉၉၂ ဧပရယ်တစ်ရက်မှာ ရဲအရာရှိလေးယောက်ဟာ Rodney King ဆိုတဲ့လူမည်းတစ်ယောက်ကိုအကြမ်းဖက် ဖမ်းဆီးရုံမကပြင်းပြင်းထန် ထန် ရိုက်နှက်နှိပ်စက်ခဲ့ပါတယ်။ အဲ့ဒီအဖြစ်အပျက်ကိုအနားမှာရှိတဲ့ လူတစ်ယောက်က ဗီဒီယိုရိုက်ထားပြီး ဖြန့်ဝေရာက သတင်းမီဒီယာတွေ မှာ ပွက်လောရိုက်ပျံ့နှံ့သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီရဲလေးယောက် ကို တရားရုံးကတရားသေလွှတ်ပေးလိုက်ချိန်မှာတော့ လူထုရဲ့မကျေနပ် မှုဟာအုံကြွလာခဲ့ပါတော့တယ်။ ဒီအဖြစ်အပျက်ကိုထပ်ပြီးမီးမွှေးပေးလိုက်တာကတော့ Latasha Harlins ဆိုတဲ့ဆယ်ကျော်သက်မိန်းမငယ်တစ်ယောက်ကို ကိုရီးယားစတိုးဆိုင်ရှင် တစ်ယောက်က အအေးတစ်ဘူးခိုးတယ်လို့စွပ်စွဲပြီး သေနတ်နဲ့ပစ်သတ် လိုက်တဲ့အဖြစ်အပျက်ပါ။ အဲ့ဒီဖြစ်ရပ်နှစ်ခုနောက်ပိုင်းမှာ 1992 Los Angeles riots လို့သိကြတဲ့ဆူပူအုံကြွမှုဖြစ်ပေါ်လာခဲ့ပြီးမဆိုင်တဲ့သူတွေ အတွက်ပါ ဂယက်ရိုက်ခဲ့တဲ့ဖြစ်ရပ်ဆိုးတွေဖြစ်ပေါ်သွားခဲ့ပါတယ်။ ဒီမှတ်တမ်းရုပ်ရှင်မှာတော့ အဲ့ဒီဖြစ်ရပ်တွေကြားက ကိုရီးယားယမကာ စတိုးပိုင်ရှင်တွေရဲ့ဘဝ၊ သူတို့မျိုးဆက်တွေနဲ့ အသိုင်းအဝိုင်းတွေအထိ ဘာတွေရင်ဆိုင်တွေ့ကြုံခဲ့ရလဲ၊ ဘယ်လိုသက်ရောက်မှုတွေရှိခဲ့လဲဆိုတာ တွေတင်မကပဲ မျိုးဆက်နှစ်ခုကြားက အတွေးအခေါ်အယူအဆကွာခြား ချက်တွေ၊ လူငယ်တွေရဲ့ပြောင်းလဲလာတဲ့အတွေးအမြင်တွေနဲ့ ကိုရီးယား- လူမည်း နှစ်ဘက်အသိုင်းအဝိုင်းကြားက အာဃာတတွေ ဘယ်လိုသင်ပုန်း ချေပြေလည်ကြမလဲ အစရှိတာတွေကို မျက်မှောက်ခေတ် George Floyd ဖြစ်ရပ်အထိချိတ်ဆက်တင်ပြထားတာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias မှဖြစ်ပါတယ်) File Size……….(2.15 GB) / (665 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 22Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Documentary Translator…….Alias Encoder……….SWM

7.9 2022
Liquor Store Dreams
Leave the World Behind
6.7

Leave the World Behind (2023) ~ IMDb – 6.7/10, RT – 74%, Meta – 68% ~ ကမ္ဘာပျက်နေချိန်မှာ အသက်ရှင်ဖို့ကြိုးစားရတဲ့ ရုပ်ရှင်အမျိုးအစား နောက်တစ်ကားပါပဲ။ ဒီကားကတော့ အက်ရှင်မဟုတ်ဘဲ ဆိုက်ကို သည်းထိပ်ရင်ဖိုအမျိုးအစားဖြစ်ပြီး ဇာတ်လမ်းအဆုံးမှာတောင် အဖြေကို ရှာတွေ့သလို မတွေ့သလိုနဲ့ ပဟေဠိဆန်ဆန်ရိုက်ထားတဲ့ကားမျိုးပါ။ Mr. Robot စီးရီးရဲ့ ဖန်တီးရှင် Sam Esmail က ရိုက်ကူးထားပြီး နာမည်ကြီး မင်းသားမင်းသမီးတွေဖြစ်တဲ့ Julia Roberts, Mahershala Ali, Ethan Hawke တို့လို ဆရာကြီးတွေ ပါဝင်ထားပါတယ်။ Kevin Bacon ကတောင် ဝင်ပြီးအားဖြည့်ပေးထားပါသေးတယ်။ ~ ဇာတ်လမ်းအကျဉ်း ~ လင်မယားနှစ်ယောက် သားတစ်ယောက်နဲ့ သမီးတစ်ယောက်ဟာ ကျေးလက်အိမ်တစ်လုံးငှားပြီး အပန်းဖြေဖို့ထွက်လာကြပါတယ်။ အငယ်ဆုံးသမီးလေးက FRIENDS တီဗီစီးရီးကို အသည်းအသန်စွဲလမ်းနေတဲ့သူဖြစ်ပြီး ဇာတ်သိမ်းပိုင်းကို အားလပ်ရက်မှာ ကြည့်ဖို့ အားခဲ့ထားတာပါ။ ဒါပေမဲ့ အပန်းဖြေအိမ်ကိုရောက်ရောက်ချင်းမှာပဲ ဖုန်းလိုင်းတွေ အင်တာနက်တွေအကုန်ပြတ်တောက်သွားပြီး ညအချိန်မတော်ကြီးမှာ အိမ်ရှင်သားအဖကပါ မြို့ပေါ်ကနေ သူတို့အိမ်ကို ပြေးလာခဲ့ပါတယ်။ အိမ်ငှားတွေနဲ့ အိမ်ရှင်တွေ တစ်ယောက်ကိုတစ်ယောက် သံသယတွေနဲ့ မီးပျက်တာတွေ လိုင်းပျက်တာတွေကို အဖြေရှာဖို့ ကြိုးစားရင်း အသက်ရှင်ဖို့ ကြိုးစားကြရပါတော့တယ်။ အငယ်ဆုံး သမီးလေးကတော့ FRIENDS ဇာတ်သိမ်းပိုင်းကို ကြည့်ဖို့ပဲ တလျှောက်လုံး ကြိုးစားနေပါတော့တယ်။ ချန်နယ်မြန်မာမှာ ကြည့်လို့ ရတဲ့အကြောင်းတောင် ပြောချင်သွားပါတယ်။ ကျန်တာကတော့ ဇာတ်လမ်းအဆုံးမှာ အဖြေတွေပေါ်လာသလို ကိုယ့်အတွေးနဲ့ကိုယ်လည်း ဆက်ပြီးစဉ်းစားလို့ရတဲ့အကြောင်းပဲ ပြောချင်ပါတယ်။ ကြည့်လိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 1.1GB Quality – 1080p, 720p IMDb Rating – 6.7/10 Format – mp4 Duration – 2H 18Min Genre – Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Mr. Anderson Encoded by Y

6.7 2023
Leave the World Behind
Horrible Bosses 2
6.3

Horrible Bosses 2 (2014) IMDb Rating (6.3) / Rotten Tomatoes (35%) အလုပ်ရှင်သူဌေးကို လုပ်ကြံမယ့် ဝန်ထမ်းတွေလာပါပြီ…. သရုပ်ဆောင်ကလဲ နာမည်ကြီးတွေဖြစ်သလို တကယ်လဲရယ်နေရတဲ့ Dark Comedy ရုပ်ရှင်ကားတွေပါ။ ဇာတ်လမ်းကတော့……. နစ်ခ် ကာ့တ် နဲ့ ဒေးလ် ဆိုတဲ့ သူငယ်ချင်း သုံးယောက်ရှိကြပါတယ်… သူတို့က မတူညီတဲ့ ပတ်ဝန်းကျင်း တစ်ခုစီမှာ ကိုယ်ပိုင်ရာထူးတစ်ခုစီနဲ့အလုပ်လုပ်နေကြပြီး သက်ဆိုင်ရာ သူတို့ရဲ့ အလုပ်မှာ အလုပ်ကြိုးစားကြပေမယ့် အဆင်မပြေကြတဲ့ သူတွေပေါ့ အဓိကအကြောင်းကတော့ ဆိုးရွားတဲ့ အလုပ်ရှင်သဌေးတွေကြောင့်ပါပဲ နစ်ခ် ကတော့ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေပြီးတော့ သူအလုပ်ကြိုးစားပေမယ့် အကျင့်မကောင်းတဲ့ အလုပ်ရှင်ကြောင့် အမြဲတမ်း အညစ်ခံနေရသူပါ ကာ့တ် ကတော့ အလုပ်ရှင်ရ ကံကောင်းခဲ့ပေမယ့် ကံမကောင်းစွာပဲ သဘောကောင်းတဲ့ အလုပ်ရှင် သေဆုံးခဲ့ပြီး အလုပ်ရှင်သား ဆေးသမားက သူ့အထက်လူကြီး ဖြစ်လာခဲ့ပါတယ် ဒေးလ် ဆိုတဲ့ သွားဆရာဝန်လက်ထောက်ကလေးကတော့ သူအလုပ်လုပ်နေတဲ့ သွားဆေးခန်းမှာ သွားဆရာဝန်မရဲ့ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုကို ခံနေရတဲ့သူပေါ့.. သူကတော့ ချစ်သူအပေါ် သစ္စာရှိချင်သူဆိုတော့ သူ့အတွက် ဒုက္ခဖြစ်လာခဲ့တယ် ပြဿနာပေါင်းစုံနဲ့ သူငယ်ချင်းသုံးယောက်ဟာ သည်းမခံနိုင်တော့တဲ့အဆုံး သူတို့အလုပ်ရှင်တွေကို သတ်ဖို့ ကြိုးစားကြပါတော့တယ်… ရယ်မောစရာနဲ့ ရင်ထိတ်စရာ မှုခင်းဟာသကားဖြစ်ပြီး ညစ်ညမ်းတဲ့ဟာသစကားလုံးတွေပါလို့ မိသားစုနဲ့တော့ ကြည့်လို့မပြေလောက်ပါဘူး။ Horrible Bosses (2011) နဲ့ Horrible Bosses 2 (2014) ၂ ကားရှိပြီး ၂ ကားလုံးကို CM မှာ တင်ဆက်ထားပါတယ်။

6.3 2014 108 mins
Horrible Bosses 2
Blue Sky
6.4

“သမီးတို့မေမေက ရေလိုပဲကွယ့် ရေမှာ H2O ဆိုတဲ့ တူညီတဲ့မူရင်းတန်ဖိုးရှိပေမယ့် သူဟာ တစ်ခါတစ်ရံမှာ အရည်အဖြစ်ရှိနေတတ်ပြီး တစ်ခါတစ်ရံ ရေခဲ ဒါမှမဟုတ် ရေငွေ့အဖြစ်ရှိနေတတ်တယ်။ ဖေဖေကတော့ အချိန်တစ်ခုကြာကတည်းက သမီးတို့မေမေရဲ့ကိုယ်ရည်ကိုယ်သွေးတစ်ခုတည်းကိုပဲ ကြည့်ပြီးချစ်လိုက်တော့မယ်လို့ ဆုံးဖြတ်ထားတယ်။” အချစ်ကြီးတဲ့ စစ်သားကြီး ဟန့်ခ်မာရှယ်တစ်ယောက် ဒီလိုပြောခဲ့ပါတယ်။ ဒါပေမယ့် ကာလီမာရှယ်ပြောခဲ့တဲ့ စကားတစ်ခွန်းကတော့“အဖေကြီးရယ် မှားမိသွားတာပါ” တဲ့ မူရင်းဝတ္ထုရေးဆရာမ Rama Laurie Stagner ရဲ့ မိဘများကို အခြေခံထားတဲ့ ဒီဇာတ်လမ်းဟာ ၁၉၆၂ခုနှစ်မှာ ဇာတ်အိမ်တည်ထားပြီး စစ်အေးခေတ်အမေရိကန်နိုင်ငံရဲ့ နိုင်ငံရေး၊ စစ်ရေးတင်းမာမှုတွေကို ပါးပါးလေးပုတ်ပြထားတဲ့ ဒရာမာကားတစ်ကားဖြစ်ပါတယ်။ ၁၉၉၀ခုနှစ်မှာ ရိုက်ကူးခဲ့ပေမယ့် ထုတ်လုပ်ရေးကုမ္ပဏီက ဒေဝါလီခံသွားခဲ့ရတာကြောင့် ၄နှစ်အကြာမှ ဖြန့်ချီနိုင်ခဲ့ပါတယ်။ ဇာတ်ကားရဲ့ ဒါရိုက်တာ Tony Richardson အတွက်လည်း Blue Skyဟာ သူ့ရဲ့နောက်ဆုံးလက်ရာဖြစ်ခဲ့ပြီး ၁၉၉၁ ခုနှစ်မှာ ဆုံးပါးသွားခဲ့တာကြောင့် ရုပ်ရှင်ဖြန့်ချီပြသချိန်မှာ သူမရှိနေခဲ့တော့ပါဘူး။ ဒါအပြင် ဝင်ငွေနည်းခဲ့လို့ ကုန်ကျစရိတ်ကိုတောင် ပြန်မကာမိခဲ့တဲ့ ရုပ်ရှင်ဖြစ်ခဲ့ပါသေးတယ်။ ဒီလိုအခက်အခဲတွေ များစွာရှိခဲ့ပေမယ့် အမျိုးသမီးဇာတ်ဆောင် Jessica Lange တစ်ယောက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင် အကယ်ဒမီဆု နဲ့ ရွှေကမ္ဘာလုံးဆုတို့ကို ဆွတ်ခူးနိုင်ခဲ့သလို ရုပ်ရှင်ဟာလည်း IMDb 6.4 နဲ့ Rotten Tomatos 80%ရရှိထားပြီး ထွက်ရှိလာချိန်မှာ ကောင်းမွန်တဲ့မှတ်ချက်တွေကိုလည်း ပိုင်ဆိုင်ထားခဲ့ပါတယ်။ CM ပရိသတ်ကြီးလည်း Blue Skyနဲ့အတူ စီးမြောရင်း မိသားစုဘဝနဲ့ ချစ်ခြင်းတရားကို ဝေဖန်သုံးသပ်ကြည့်ပါဦးလို့… File size…(2.2 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:41:00 Genre… Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Khatar

6.4 1994 101 mins
Blue Sky
The Rebound
6.3

The Rebound (2009) Wednesday ဇာတ်လမ်းတွဲထဲက Wednesday ရဲ့ အမေ Morticia Addams နေရာက သရုပ်ဆောင်ထားတဲ့ အန်တီလှလှကြီးဖြစ်တဲ့၊ ကျွန်တော်တို့တွေ ငယ်ငယ်ကတည်းက Zorro ကားထဲမှာ ငမ်းခဲ့ကြရတဲ့ Catherine Zeta-Jones အသက် ၄၀ ပြည့်တဲ့နှစ်က ရိုက်ကူးထားတဲ့ကားလေးပါ။ ဇာတ်ကားကြည့်လိုက်ရင် အသက် ၄၀ ဆိုတာ ဟုတ်ပါ့မလားလို့ ထင်သွားရလောက်အောင် နုပြီး လှနေပါတယ်။ ဘာမှ ခပ်ဆန်းဆန်း ဇာတ်လမ်းတွေ မပါတဲ့ ပေါ့ပေါ့ပါးပါးအချစ်ဇာတ်လမ်းလေးပါပဲ။ အိမ်တွင်းအောင်းပြီး အိမ်ရှင်မဘဝမှာပဲ မြှုပ်နှံထားတဲ့ အမျိုးသမီးတစ်ယောက် ယောက်ျားက အိမ်ထဲမှာတင်ဖောက်ပြန်နေတာကို တွေ့သွားပါတယ်။ အဲဒီမှာမှ သူ့ဘဝက အိမ်ထောင်ရှင်မဆိုတဲ့ထဲမှာပဲ နစ်မြုပ်နေပြီး သူ့ဘဝဆိုတာ ပျောက်နေပြီဆိုတဲ့ အသိက နိုးထလာပါတယ်။ ကလေးနှစ်ယောက်လက်ဆွဲပြီး အိမ်ပေါ်ကဆင်း ဘဝသစ် စရင်းမှာ မရှာဘဲရလိုက်တဲ့ ကလေးထိန်း ကောင်လေးနဲ့ အနေနီးစပ်လာပြီး သူ့ထက် ၁၅ နှစ်လောက်ငယ်တဲ့ ကောင်လေးနဲ့ မမနဲ့ မောင်လေး​ဇာတ်လမ်း ရေးကြပါတော့တယ်။ ကောင်လေးက ရင့်ကျက်ပေမဲ့လည်း မိဘအိမ်မှာကပ်နေတုန်း ဘဝဆိုတာ ဘာလဲအဖြေရှာနေတုန်း အတွေ့အကြုံတွေ အစုံ မခံစားဖူးသေးဘူးဆိုပြီး မမက စိတ်မကောင်းဖြစ်ပြီး ဖြတ်လိုက်ပါတယ်။ သူတို့တွေ ပြန်တွေ့ဖြစ်ကြမှာလား… ဒီတိုင်း တစ်ချိန်တုန်းက တစ်ယောက်သောသူအနေနဲ့ပဲ ဇာတ်လမ်းပြီးသွားမှာလား ဆိုတာကတော့ ကိုယ်တိုင်ပဲကြည့်လိုက်ပါတော့။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.5GB, 760MB Quality – BluRay 1080p HEVC, 720p IMDb Rating – 6.3/10 Format – mkv, mp4 Duration – 1H 35Min Genre – Comedy, Romance Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Drama • Mystery • Thriller • Crime
6.3 2009
The Rebound
Gladiator
8.5

၂၀၀၀ ခုနှစ်က ထွက်ခဲ့တဲ့ Gladiator … ရဲစွမ်းသတ္တိအပြည့်နဲ့ စစ်သူကြီး မက်စီမက်ဟာ အင်ပါယာပြည့်ရှင် အားကိုး ချစ်မြတ်နိုးရတဲ့ လက်ရုံးတစ်ဦးပါ။ တိုက်ပွဲတိုင်းကို အနိုင်ယူပေးခဲ့လို့ လက်အောက်ငယ်သား အားလုံးကပါ လေးစားရတဲ့သူပေါ့။ ပြည့်ရှင်မင်း ဆီဇာက အင်ပါယာကြီးကို ထူထောင်ခဲ့ပေမဲ့ ရောမကို အာဏာရှင်စနစ်နဲ့ မအုပ်ချုပ်ချင်ပါဘူး။ သမ္မတနိုင်‌ငံတော်ဆိုတဲ့ စနစ်ကို ပြန်ပြောင်းချင်တဲ့သူ။ သူ့သားတော်ကတော့ သူနဲ့ ဆန့်ကျင်ဘက်ဖြစ်တယ်ဆိုတာ သိထားရတဲ့အတွက် မက်စီမက်ကိုပဲ နန်းမွေလွှဲခဲ့ဖို့ ဆုံးဖြတ်ချက် ချလိုက်ပြီးတဲ့နောက်မှာတော့…. ဒီဇာတ်ကားက သွေးသံရဲရဲ ကြည့်ချင်သူတွေအတွက်တော့ အကြိုက်တွေ့မှာ သေချာပါတယ်။ ရောမရဲ့ မပါမဖြစ်တဲ့ အရီနာသတ်ကွင်းတွေထက်က သတ်ပုတ်ကြတဲ့ ပွဲတွေဆိုတာ ဘယ်လိုဆိုတာ သိထားပြီး ဖြစ်ကြမှာပါ။ IMDb 8.5 ရထားတဲ့ ကားကောင်းတစ်ကား ဖြစ်ပါတယ်။ File Size : (7.5 Gb) (3.3GB) and ( 1.6GB) Quality : Bluray 2160p, 1080p, 720p Running Time : 2hr 32min Format : Mp4 Genre : Drama, Action, Adventure Subtitle : Myanmar Subtitle (Hard Sub) Translated by El’ Moh Encoded by Ka Naung

8.5 2000 155 mins
Gladiator
Man with No Past
5.8

ဒီတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Action/Drama အမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ် တည်းခိုခန်းတစ်ခုမှာ အိပ်မက်ကနေ နိုးထလာတဲ့ Ryder တစ်ယောက်ဟာ မိမိအမည်ကိုမိမိတောင် မသိရှိဘဲ ပြန်စုံစမ်းရတဲ့အထိ အတိတ်ပျောက်ဆုံးနေသူတစ်ယောက်ပါ ရောမခေတ်နဲ့ နာဇီပါတီကြီးစိုးချိန်ကာလကို မြင်ယောင်နေရင်း အိပ်မက်ထဲမှာ မြင်နေကျမျက်နှာတွေကို အပြင်မှာပါ မသဲကွဲ ပြန်မှတ်မိချိန်မှာတော့ Ryder တစ်ယောက်အဖြေရှာဖို့ ဖြစ်လာပါတော့တယ်… တစ်ချိန်တည်းမှာလည်း Ryder ကို မသင်္ကာတဲ့ရဲအရာရှိ တစ်ယောက်ဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ စုံစမ်းရင်း Ryder အကြောင်း ဘယ်လိုမှရှာမတွေ့တဲ့နောက်မှာတော့… ဒီဇာတ်ကားလေးမှာဆိုရင် ရောမခေတ်၊ နာဇီပါတီကြီးစိုးစဉ် ကာလနဲ့ လက်ရှိမျက်မှောက်ကာလကို ပူးတွဲပုံဖော်ထားမှုဟာ ဆွဲဆောင်မှုရှိလှပြီး နိုင်ငံရေးစီးပွား ရေးစစ်ရေးဆိုင်ရာတွေကိုလည်း အကျဉ်းရုံးပြသထားတာကာ သဘာလွန်ဖြစ်ရပ်တွေနဲ့လည်း ဖြည့်စွက်ထားလို့ ရသစုံတဲ့ အက်ရှင်ကားလေးဖြစ်ပါတယ် အက်ရှင်မှာဆိုရင်လည်း ရောမခေတ်အက်ရှင် စစ်ပွဲအက်ရှင် မြို့ပြအက်ရှင်အကုန်လုံး ပေါင်းစပ်ပြသထားတာဖြစ်လို့ အက်ရှင်ချစ်ပရိသတ်များ အကြိုက်တွေ့နိုင်မှာ သေချာပါတယ်… အချိန်ကာလယန္တရားကို အပြိုင်ချိတ်ဆက်ကာ Ryder တစ်ယောက်အကြောင်းကို ဘယ်လိုပုံဖော်ပြသွားမလဲ……. Ryder ဆိုတာကရော ဘယ်သူလဲ………….. ဘာကြောင့် အတိတ်ပျောက်ဆုံးနေရတာလဲ……… ဘာကြောင့်အိပ်မက်တွေမြင်မက်နေရတာလဲ……….. သဘာဝလွန်စွမ်းအင်တွေကရော ဘာအတွက်ပါရတာလဲ…… စသည့် စသည့် ပဟေဠိတွေကိုတော့ ဒီဇာတ်ကားလေးကြည့်ရင် အဖြေရှာကြည့်နိုင်ဖို့ ရုပ်ရှင်ချစ်သူပရိသတ်များကို ညွှန်းပေး လိုက်ရပါတယ်ဗျာ….. File size… (1.53GB) / (836MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 42m Genre ….. Action , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet

Drama • Horror • Thriller • War
5.8 2025 103 mins
Man with No Past
Money Bastion
6

စတော့ရှယ်ယာလောကဟာ လည်တဲ့သူချမ်းသာပြီး အ သူခံရစမြဲရှိတယ်။ စွန့်စားစိန်ခေါ်မှုတွေကိုကြိုက်ပြီး လောဘကြီးတဲ့လူတွေရဲ့သဘာဝကိုအသုံးချပြီ း ရှယ်ယာစျေးကွက်ကိုချယ်လှယ်ပြီး လိမ်စားတဲ့သူတွေရှိကြတယ်။ ပါမောက္ခဟန်ဆိုတဲ့စတော့ရှယ်ယာအကြံပေးအစီအစဉ်တင်ဆက်သူ (William Feng) ဟာ ညီကိုတွေနဲ့ပူးပေါင်းပြီးတော့ စတော့ရှယ်ယာစျေးကွက်ကို အသုံးချပြီးတော့ လူတွေကိုအကွက်ချလိမ်လည်နေခဲ့တယ်။ ရဲဘက်ကရိပ်မိသွားပြီး လိုက်ဖမ်းတဲ့အချိန်မှာ မြို့ရဲ့ထိပ်တန်းလုပ်ငန်းစုရဲဥက္ကဌကြီးက သူတို့ညီကိုတွေကိုကူညီခဲ့ပြီး သူ့အတွက်အလုပ်လုပ်ပေးဖို့ကမ်းလှမ်းလာခဲ့တယ်။ တကယ်တမ်းကျတော့ သူဌေးကြီးကသူလုပ်ခဲ့တဲ့တရားမဝင်လုပ်ငန်းတွေအတွက် အပြစ်အစားခံမယ့်သူရှာနေတာပဲဖြစ်ပါတယ်။ သူဌေးကြီးမသိလိုက်တာကတော့ သူ့ကိုယ်သူမုဆိုးလို့ထင်နေပေမယ့် တကယ်တမ်းတော့သူကသားကောင်ဖြစ်နေတယ်ဆိုတာကိုပါပဲ။ စီးပွားရေးဉာဏ်ကြီးရှင်တွေကြားက တိုက်ပွဲတစ်ခုမှာ နောက်ဆုံးသားကောင်ဟာဘယ်သူဖြစ်နေမလဲ။

6 2025
Money Bastion
Dalia and the Red Book
6.7

Animation ကားတွေကြည့်ရတာကြိုက်နှစ်သက်သူတွေ စာအုပ်စာပေကိုချစ်မြတ်နိုးသူတွေအတွက် ဒီအရာနှစ်ခုကို မျှမျှတတပေါင်းစည်းထားပြီး စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းလေးဖြစ်အောင် ပုံဖော်ဖန်တီးထားတဲ့ Animation ကားသစ်လေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ နာမည်ကတော့ Dalia and the Red Book (Dalia y el Libro Rojo) ဖြစ်ပြီး လက်ရှိ IMDb Rating 6.7 အထိ ရရှိထားပါတယ်။ဇာတ်လမ်းလို့ပြောပေမဲ့ ဒီဇာတ်လမ်းမှာ ဇာတ်သိမ်းဆိုပြီး မရှိဘဲ တန်းလန်းကြီးဖြစ်နေတဲ့အတွက် ဇာတ်ကားထဲမှာတင်ဇာတ်သိမ်းကိုရေးသွားမှာမျိုးဖြစ်တဲ့ အတွက် ပုံမှန်မြင်တွေ့နေကျ ဇာတ်ညွန်းတွေနဲ့တော့ ကွဲထွက် နေမှာပဲဖြစ်ပါတယ်။ ဒါလီယာဆိုတဲ့ကောင်မလေးမှာ စာရေးဆရာအဖေနဲ့ အယ်ဒီတာ အမေတို့ရှိကြပြီး သူတို့ရဲ့ဘ၀လေးကပျော်ရွှင်စရာကောင်းခဲ့ပါတယ်။ တစ်နေ့မှာတော့ သူတို့အားလပ်ရက်ခရီးထွက်ရင်းတွေ့ခဲ့တဲ့ ကျေးလက်အိမ်လေးတစ်လုံးကို သူ့အဖေကအရမ်းသဘောကျပြီး ဝတ္ထုရှည်ရေးဖို့စိတ်ကူးစိတ်သန်းရသွားပါတော့တယ်။ ဒီလိုနဲ့အဲ့ဒီခရီးကနေ အိမ်ပြန်ရောက်ရောက်ချင်း ထမင်းမေ့ဟင်းမေ့ စရေးခဲ့ပေမဲ့ စိတ်မကောင်းစွာနဲ့ပဲ တစ်အုပ်လုံးမပြီးသေးခင်မှာ ဆုံးပါးသွားပါတော့တယ်။ဒီလိုနဲ့ဒါလီယာတို့သားအမိနှစ်ယောက်တည်း ကျန်ခဲ့ပြီး ဒါလီယာလည်းတဖြည်းဖြည်းနဲ့အရွယ်ရောက်လာခဲ့ ပါတော့တယ်။ဒီလိုနဲ့တစ်နေ့မှာ သူ့အဖေစာကြည့်ခန်းထဲ ဒါလီယာ ဝင်ကြည့်ရင်းနဲ့ သူ့အဖေရဲ့မပြီးသေးတဲ့စာအုပ်ကိုတွေ့သွားတဲ့ အခါမှာတော့ စာအုပ်ထဲကဇာတ်ကောင်တွေက အသက်ပြန်ဝင်လာခဲ့ပြီး သူ့အဖေရဲ့မပြီးသေးတဲ့ဇာတ်သိမ်းကို ဒါလီယာတစ်ယောက် အဆုံးသတ်ပေးနိုင်ပါ့မလားဆိုတာကို စိတ်ဝင်စားစရာကောင်းစွာ ရှုစားရမှာပဲဖြစ်ပါတယ်။ File size… (1.70 GB) / (901 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 47m Genre …. Adventure , Animation , Family , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.7 2024 106 mins
Dalia and the Red Book
The Man with the Iron Fists

The Man with the Iron Fists (2012) ********************************** ဒီတစ်ခါတော့ ငယ်ငယ်တုန်းက ကြည့်နေကျ တရုတ်သိုင်းကားတွေကိုမှ western actor တွေ ၊ English စကားပြောတွေနဲ့ ပေါင်းစပ်ထားတဲ့ လူစွမ်းကောင်းရုပ်ရှင်တစ်ခုနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်…ဒီဇာတ်ကားမှာ Russell Crowe ကလွဲလို့ မင်းသား၊မင်းသမီးတော်တော်များများက ကျန်တဲ့ဇာတ်ကားတွေမှာ second line-up အဖြစ်အသုံးတော်ခံခဲ့ကြသူတွေပါ။ သိုင်းဝတ္ထု ဖတ်နေသလို ခံစားရမယ့်ဇာတ်ကားပါ… မိသားစုနဲ့တော့မကြည့်သင့်ပါဘူး… ဇာတ်လမ်းအကျဉ်း ————- လူရိုင်းမျိုးနွယ်စုတွေ အုပ်စိုးတဲ့ Jungle Villageကို ဧကရာဇ်ရဲ့ ရွှေတွေ တင်ဆောင်လာတဲ့ သင်္ဘောက ဖြတ်ရာကနေ လူရိုင်းမျိုးနွယ်စုတွေက အဲဒီ ရွှေတွေကိုခိုးဖို့ ကြိုးစားကြတဲ့ ဇာတ်လမ်းမျိုးဖြစ်ပါတယ်…မျိုးနွယ်စု ခေါင်းဆောင်ဖြစ်တဲ့ golden lion ကို သတ်ပြီး ခေါင်းဆောင်တက်လုပ်နေတဲ့ silver lion ကလည်း ရွှေသယ်လာတဲ့ သံတမန်တပ်ဖွဲ့တွေကို သတ်ပြီး ရွှေတွေကို ဆောင်ကြာမြိုင်ရဲ့ မြေအောက်ထပ်မှာ ဖွက်ထားဖို့ ကြံပါတော့တယ်…ဒါပေမဲ့ Golden Lion ရဲ့ သားဖြစ်သူ Zen Yi , Jungle village ရဲ့ တစ်ဦးတည်းသော ပန်းပဲဆရာ Thadeus နဲ့ Mr.Knife လို့ နာမည်ကျော်တဲ့ ဓားသခင် Jack တို့ကရော Silver Lion တို့ အဖွဲ့ကို ဒီအတိုင်းထားပါ့မလား… ဆောင်ကြာမြိုင်ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ Lady Blossom ကရော အဲဒီရွှေတွေကို မတပ်မက်ဘဲ နေနိုင်ပါ့မလားဆိုတာကိုတော့ The Man With Iron Fists မှာ ဆက်လက်ရှုစားလိုက်ရအောင်… ဇာတ်လမ်းအညွှန်းနှင့်ဘာသာပြန်သူကတော့ Hazelle ဖြစ်ပါတယ်… File Size : 1.79GB / 859MB Quality : WEB-DL 1080p / 720p Genres : Action / Martial Arts Duration : 1h 35m Subtitle : Myanmar Subtitle (Hard Sub) Translated by Hazelle Encoded by Heather Oo

Music • Drama
0 2012 96 mins
The Man with the Iron Fists