YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The.Walking.Dead.S10E12.2019.Disney+.WEB-DL.720p.(CM).mp4

572.01 MB 720p video/mp4 801 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Sin City: A Dame to Kill For
6.4

2005က ထွက်ခဲ့တဲ့ Sin City (https://channelmyanmar.org/sin-city-2005/) ရဲ့ တိုက်ရိုက် အဆက်လို့ပြောလို့ရတယ်။ (အဆက်လို့တော့ လုံးလုံးပြောမရတာက ခေါင်းစီးအခန်းဖြစ်တဲ့ A Dame To Kill For က ပထမကားက ဒွိုက်ရဲ့ဇာတ်လမ်း မတိုင်ခင်က ဇာတ်လမ်းဖြစ်နေလို့ပါပဲ။ ပြောရရင် ဒီကဇာတ်တွေအားလုံးက တစ်ဇာတ်ကလွဲ ကျန်တာတွေက ပထမဇာတ်တွေကို ပြန်ဆက်ထားတဲ့ prequel တွေ sequel တွေချည်းပဲ။ ပထမကားရဲ့ အရသာကို ပြန်မီအောင်တော့လုပ်ထားတယ်။ ဒါပေမဲ့ ပထမကားလောက် လူမဆန်ခြင်းမျိုးတွေတော့ တွေ့ရမှာမဟုတ်ဘူး။ ဒါပေမဲ့လည်း သူ့နည်းသူ့ဟန်နဲ့ အီဗာဂရင်းနဲ့ ဂျက်စီကာအယ်ဘာရဲ့ အလှတွေနဲ့ သွေးသံရဲရဲတွေကို ပေါင်းစပ်ထားတဲ့ ခပ်ကြမ်းကြမ်းကားတော့ ဖြစ်နေတုန်းပဲ။ ပထမကားမှာတုန်းက တစ်ခန်းတစ်ခန်းချင်းစီကို သူ့အခန်းနာမည်နဲ့ စာတန်းထိုးပေးထားလို့ တစ်ဆက်တည်းမဟုတ်မှန်းသိသာခဲ့ပေမဲ့ ဒီကားကတော့ တစ်ဆက်တည်းလိုလိုတော့ လုပ်ထားတယ်။ ဒီကားက အဖြစ်တွေမှန်သမျှ တစ်ဆက်တည်းလို့ ပြချင်တာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒီတော့ သူ့ Timeline ကို ပြန်စီချင်ရင် ဒီကားရဲ့အစဉ်ကို ဗဟိုထားပြီး ပထမကားက အပိုင်းတွေကို ဖြည့်လိုက်မှရမယ်။ Clive Owenကလွဲ ကျန်တဲ့ဇာတ်ကောင်တွေမှာ အရင်သရုပ်ဆောင်တွေပဲ သရုပ်ဆောင်ထားတယ်။ အသစ်တွေလည်းပါတယ်။ ဒီကားရဲ့ ဒါရိုက်တာနှစ်ယောက်က ခေတော့မခေဘူး။ တစ်ယောက်က မူရင်း ဂရပ်ဖစ်နိုဗယ်ရဲ့ စာရေးဆရာ ။ နောက်တစ်ယောက်က တာရန်တီနိုနဲ့ တစ်ယောက်တစ်ခြမ်းရိုက်ဖူးသလို သူ့ကားမှာလည်း တာရန်တီနိုကိုထည့်သုံးဖူးတဲ့ဘဲ။ ပထမကားရိုက်တာမှာလည်း တာရန်တီနို အကြံယူလိုက်တာလား။ ဝင်ရိုက်ပေးတာလားတော့မသိ ရှိတော့ရှိခဲ့တယ်။ သူကိုယ်တိုင်လည်း Mexico Trilogyလို့ခေါ်တဲ့ နာမည်ကြီး Trilogy ကို ရိုက်ထားဖူးတယ်။ သူရိုက်ခဲ့တဲ့ထဲ Alita: Battle Angelတို့ Once Upon a Time in Mexicoတို့ From Dusk Till Dawnတို့တော့ လူတော်တော်သိလောက်မယ်။ Spy Kidsထွက်သမျှကားတွေအကုန်လည်း သူပဲရိုက်ထားတာ။ ဒီကားကပထမကားထက် နည်းနည်းတော့ လျော့သွားပေမဲ့ တော်တော်ကြည့်ကောင်းတဲ့ ကားဖြစ်နေတုန်းအပြင်ကို ထူးခြားချက်က ဒီကားထဲက အီဗာဂရင်းရဲ့ဇာတ်ကောင်က ရုပ်ရှင်သမိုင်းတစ်လျှောက်က noir ရုပ်ရှင်တွေထဲက နာမည်ကြီး black widowကာရိုက်တာတွေကို Homage ပေးထားတယ်လို့ ပြောကြတယ်။black widowဆိုတာက ကိုယ့်လင် ကိုယ့်ရည်းစားကို သတ်တဲ့ မိန်းမကိုခေါ်တာ။ Double Indemnityတို့ The Postman Always Rings Twice တို့ထဲက ကာရိုက်တာတွေကိုပေါ့။ Sin City: A Dame to Kill Forဟာ ပထမကားထက် ကြမ်းကြုတ်ရက်စက်တာတွေလျော့သွားပေမဲ့ ပထမကားထက်တော့ ပိုဆွဲဆောင်မှုရှိတဲ့ကားဆိုတာတော့ အီဗာဂရင်းနဲ့တင် အာမခံလို့ရပါတယ်။ ပထမကားလိုပဲ ရုပ်ရှင်ကြည့်ရတာနဲ့မတူဘဲ neo-noir comicsစာအုပ်တစ်အုပ်ဖတ်ရသလို အရသာမျိုးရစေမယ့်ကားပါပဲ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်တင်ဆက်ထားသူကတော့ WiRa Aung ဖြစ်ပါတယ်။) File size…(3 GB)/(1.3 GB) Quality….BluRay 1080p HEVC/720p Format…mkv/mp4 Duration….01:42:08 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by WiRa Aung

Action • Drama • Mystery • TV Movie
6.4 2014 102 mins
Sin City: A Dame to Kill For
Nine 1/2 Weeks
6.1

Nine Half Weeks ဆိုတဲ့ဇာတ်ကားလေးကတော့ မိသားစု‌ေတွနဲ့ အတူကြည့်ဖို့ မသင့်တဲ့ လူကြီးတွေကို လူကြီးပညာသင်တဲ့ ဇာတ်ကားကောင်း‌လေးပဲဖြစ်ပါတယ်။ 1986 ခုနှစ်လောက်က Cinematography နဲ့ ခန္ဓာကိုယ်ရဲ့ အနုပညာကောက်ကြောင်းတွေကို ဘယ်လိုရိုက်ပြထားလဲဆိုတာကို ကြည့်ရှုလေ့လာရင်း ပညာတွေအများကြီးတိုးပွားစေမယ့် ဇာတ်ကားလေးပါ။ လိင်ကိစ္စဆိုတာ ကြာလာတာနဲ့ တစ်ယောက်နဲ့တစ်ယောက်စိတ်လှုပ်ရှားမှု‌တွေ လျော့ကျသွားတတ်ပါတယ်.. ဒါပေမယ့် ဘယ်လိုနည်းမျိုးတွေနဲ့ စိတ်လှုပ်ရှားမှုတွေကို ပြန်ပြီးရှာဖွေပြီး သာယာမှုကိုပြန်ရှာဖွေမလဲ။ ကိုယ့်ရဲ့ ပါတနာကို လွှမ်းမိုးတဲ့နေရာမှာလဲ အတိုင်းအတာဆိုတာ ဘယ်လောက်ရှိလဲ။ သာယာမှုတွေ အလွန်မှာရော ဘယ်လိုဆိုးကျိုးတွေ စောင့်ကြိုနေလဲဆိုတာကိုတော့ ဒီဇာတ်ကားလေးကို ကိုယ်တိုင်ကြည့်ရှုခံစားကြည့်လိုက်ကြပါ။ File size…3.2GB / 1.2GB Quality…1080p BluRay AAC5.1Ch / 720p Format…mp4 Duration….1h 57mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thu Ra Hein

Action • Crime • Drama • Thriller
6.1 1986 117 mins
Nine 1/2 Weeks
Rite of the Shaman
5

လူတိုင်းလူတိုင်း သူတို့နေ့စဉ်ဘဝမှာလုပ်လိုက်မိတဲ့ အရာသေးသေး လေးတွေဟာ တခြားလူတွေအပေါ်ကို သက်ရောက်မှုတွေရှိစေနိုင် တယ်၊ ပြောင်းလဲစေနိုင်ပါတယ်။ ဒါ့အပြင် လူတိုင်းရဲ့ဘဝမှာ အခက် အခဲ၊ ပြဿနာတွေဆိုတာရှိကြမှာပါ။ ဒါပေမယ့်လဲ အကောင်းမြင် စိတ်နဲ့လက်မလျှော့ဘဲ ဆက်ကြိုးစားရင် မျှော်လင့်ချက်ရောင်ခြည် လေးတွေရှိလာနိုင်ပါသေးတယ်။ ဒါတွေကို ဒီကားထဲမှာ ခိုင်လ်ဆိုတဲ့ အထက်တန်းကျောင်းသားလေးရယ်၊ သူ့ပတ်ဝန်းကျင်ကလူတွေရယ်နဲ့ ပြသပေးထားပါတယ်။ ခိုင်လ်က ဖခင်ဖြစ်သူနဲ့ အဘိုးဖြစ်သူဆုံးပါးသွားရာကနေ စိတ်ဒဏ်ရာ ရ၊ စကားမပြောနိုင်ဖြစ်နေပြီး အမေဖြစ်သူကလဲ နာမကျန်းဖြစ်နေပါ သေးတယ်။ သူ့ဘဝက အခက်အခဲလေးတွေများပေမယ့်လဲ သူက စိတ်ထားကောင်းပြီး လူချစ်လူခင်များတဲ့သူပေါ့။ ဒါပေမယ့်လဲ သူ့လို လူဟာ တချို့လူတွေရဲ့အပျော်သက်သက်အနေနဲ့ အနိုင်ကျင့်မှုတွေကြောင့် တဖြည်းဖြည်းပြောင်းလဲလာတယ်။ သူ့ဘေးနားမှာရှိတဲ့သူတွေကို မကောင်း မြင်လာတယ်။ သူလုပ်လာတဲ့လုပ်ရပ်တွေဟာ ဘေးပတ်ဝန်းကျင်ကလူ တွေရဲ့ဘဝကို သက်ရောက်မှုတွေရှိလာတယ်။ အဲ့နောက်မှာ သူအရင်ကလို လူကောင်းလေးခိုင်လ်ဘဝကိုဘယ်လိုပြန်သွားမယ်ဆိုတာနဲ့ သူ့အနီးက လူတွေလည်း ဘယ်လိုတွေဆက်ဖြစ်လာမလဲဆိုတာ ဒီကားလေးထဲမှာပဲ ဆက်ကြည့်လိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Fiona Gillen ဖြစ်ပါတယ်) File Size..........(1.0 GB) / (422 MB) / (263 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 09Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......Fiona Gillen Encoder..........SWM

Drama • Romance
5 2022
Rite of the Shaman
Eliminate Evil: Speedsters
6

ဒီနေ့မှာတော့ CM က ပရိတ်သတ်ကြီးကို ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ ။ ဒီဇာတ်ကားလေးဟာဆိုရင် ပြည်သူတွေရဲ့ လုံခြုံမှုအတွက် ကိုယ်ကျိုးစွန့်ကာ ကာကွယ်ပေးခဲ့ကြတဲ့ လင်ယန် ဦးဆောင်သော အထူးရဲတပ်ဖွဲ့အကြောင်း ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ် တရုတ်နိုင်ငံအတွင်းမှာ ဓားပြတိုက် လုယက်မှုတွေနဲ့အတူ ရက်စက်စွာသတ်ဖြတ်မှုတွေကိုလဲ တွေ့ကြုံနေရပါတယ်။ ဒါပေမဲ့ကျူးလွန်သွားတဲ့တရားခံဟာ ခြေရာခံဖို့ခက်ခဲလွန်းသည့်အတွက်ကြောင့် ဖမ်းဆီးဖို့အတွက် မဖြစ်နိုင်ခဲ့ပါဘူး ။ တစ်နေ့မှာ လင်ယန် ဦးဆောင်တဲ့ အထူးတပ်ဖွဲ့ဟာ တရားခံကို ဖမ်းဆီးနေစဥ်အတွင်း ဖမ်းမိခါနီးလက်မတင်လေးအလိုမှာ လွတ်မြောက်သွားခဲ့တာကြောင့် လင်ယန်တစ်ယောက် ယူကျုံးမရဖြစ်ကာ အပြစ်ရှိသလို ခံစားနေခဲ့ရရှာပါတော့တယ် ။ ဒီလိုနဲ့ ကိုယ့်လက်ထဲကနေလွတ်မြောက်သွားတဲ့ ဒုစရိုက် တရားခံကို ပြန်လည်ဖမ်းဆီးဖို့အတွက် အသစ်တစ်ဖန် အစီအစဥ်ဆွဲကာ အမှုကို လိုက်ခဲ့ရမှာတော့ ....? ❏ တကယ့်တရားခံအစစ်အမှန်ကို သူတို့တွေ့ရှိနိုင်ပါ့မလား ? ❏ သတ်ဖြတ်မှုတွေ လုယက်ခံရသူတွေ အစရှိတဲ့ နစ်နာသူတွေအတွက် တရားမျှတမှူရော သူတို့တွေရှာဖွေပေးနိုင်ပါ့မလား ? ❏ အသက်စွန့်လွှတ် ပေးဆပ်မှုတွေပါ ကြုံလာရာတဲ့အခါမှာတော့ သူတို့အဖွဲ့ဘယ်လိုတွေရင်ဆိုင်ကြမလဲဆိုတာ ? ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုလိုက်ရအောင်ပါနော် ။ [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Crime Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Documentary • Sport
6 2023 90 mins
Eliminate Evil: Speedsters
My Spy
6.9

ဖခင်ဖြစ်သူဟာ လူဆိုးတွေနဲ့ပတ်သက်မိပြီး သေဆုံးခဲ့လို့ ၉နှစ်အရွယ်သမီးလေးဟာ အမေနဲ့ပဲကျန်ခဲ့လေရဲ့... ဒီမိသားစုဟာ လူသတ်တရားခံနဲ့ ပတ်သက်နိုင်လို့ဆိုပြီး စုံထောက်အဖွဲ့ဟာ ဒီကလေးမလေးရဲ့အိမ်ကို ၂၄နာရီစောင့်ကြည့်ပါတယ်... စောင့်ကြည့်အဖွဲ့ခေါင်းဆောင်က စီအိုင်အေက လူကြမ်းအေးဂျင့်ကြီး တစ်ယောက်ဖြစ်ပါတယ်.... စီအိုင်အေရဲ့ အဆင့်မြင့်ထောက်လှမ်းမှုတွေကို ထက်မြက်တဲ့ကောင်မလေးဟာသိသွားခဲ့တယ်...ဒီကလေးမလေးဟာ ဒီအတိုင်းတော့မနေဘူး..စီအိုင်အေထောက်လှမ်းရေးအဖွဲ့ကို တုန့်ပြန်ဖို့အကွက်လေးတွေဆင်ပါတော့တယ်..အေးဂျင့်ကြီးဒီကလေးကြောင့်တိုင်တွေပတ်တဲ့အပြင် လူဆိုးအဖွဲ့ကလည်း တစ်ချိန်ထဲပေါ်လာတဲ့အချိန်မှာတော့... ကလေးမလေးက ဘယ်လိုတွေလုပ်လဲ...မိသားစုနဲ့ လူဆိုးအဖွဲ့ကရော ဘယ်လိုတွေ ဆက်နွယ်မှုရှိနေတာလဲ...တကယ်အမှုကြီး ရုပ်လုံးပေါ်လာချိန်မှာ အေးဂျင့်ကြီးနဲ့ ကလေးမလေးက ဘယ်လိုတွေရင်ဆိုင်ကြမလဲ...ဒီဇာတ်လမ်းက ရယ်လည်းရယ်ရသလို အက်ရှင်ခန်းခပ်မိုက်မိုက်တွေလည်း ပါပါတယ်..မိသားစုနဲ့အတူကြည့်လို့ရသလို ရင်ခုန်စိတ်လှုပ်ရှားဖွယ်လည်းကောင်းပါတယ်... အေးဂျင့်ကြီးအဖြစ်တော့နပမ်းမင်းသားလို့ အားလုံးတော်တော်များများခေါ်ကြတဲ့ ဘက်တစ်စတာက သရုပ်ဆောင်ထားပါတယ်.. ဇာတ်လမ်းအညွှန်းနဲ့ဘာသာMarTizasဖြစ်ပါတယ် File Size : (900 MB) and (339 MB) Quality : Blu-Ray 720p Format…mp4 Duration…01:39:00 Genre : Action , Comedy , Family Subtitle : Myanmar Subtitle (Hard Sub) Translated by MarTizas Encoded by Phyo Pyae

Drama • Mystery
6.9 2020 99 mins
My Spy
Joy
6.5

ဒီဇာတ်ကားက Joy Manganoဆိုတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းကို ပြန်ရိုက်ထားတဲ့ Biographical Comedy-Dramaအမျိုးအစား ဇာတ်ကားပဲ ဖြစ်ပါတယ် Joyက ယောက်ကျားနဲ့ ကွဲထားတဲ့ ကလေးနှစ်ယောက် အမေ ဖြစ်သလို သူရဲ့ အဖေနဲ့ အမေကလဲ ကွာရှင်းထားတာကြောင့် အိမ်စီးပွားရေးက သူရဲ့ ခေါင်းပေါ်ကို ရောက်လာပါတော့တယ် အဲဒီလိုနဲ့ စီးပွားရေး အဆင်ပြေဖို့အတွက် အလုပ်သစ်တစ်ခုကို စတင်တီထွင်ဖို့ ကြိုးစားပါတော့တယ်။ ဒီဇာတ်ကားက အလုပ်သစ် စတင်မဲ့ လူတစ်ယောက်အတွက် ဘယ်လိုမျိုး အခက်အခဲတွေ ကြုံတွေ့ရတတ်တယ်၊ မအောင်မြင်ခင် ဘယ်လို ဝေဖန်တိုက်ခိုက်ခံရတယ်ဆိုတာတွေကို တွေ့ရမှာပါ။ အဲဒီ အခက်အခဲတွေကို ဘယ်လို အင်အားမျိုးနဲ့ ကျော်ဖြတ်မှာလဲ၊ ကျရံှူးမှူတွေကိုရော လက်မြောက် အရံှူးပေးမှာလား ဒါမှမဟုတ် မဖြစ် ဖြစ်တဲ့ နည်းနဲ့ ကျော်လွှားမှာလားဆိုတာကို ကောင်းကောင်းသင်ယူနိူင်မဲ့ ဇာတ်ကား တစ်ကားမှာပါ။ အလုပ်သစ်တစ်ခု စတင်မဲ့လူတွေအတွက် ကြည့်ကို ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားလို့ ညွန်းပါရစေ Jennifer Lawrence  ရဲ့ အကောင်းဆုံး သရုပ်ဆောင်မှူနဲ့အတူ IMDB Rating 6.6 အထိ ရထားတဲ့ ဒီဇာတ်ကားက ကြည့်ရှူတဲ့လူတွေအတွက် အကျိုးရှိတဲ့ အတွေးမျိုးကို ပေးနိူင်မှာ သေချာပါတယ်။ File Size         : 930 MB Quality           : Blu ray 720P Running Time : 2hr 04 minute Format           : Mp4 Genre             : Biographical, Comedy, Drama Encoder         : Joker.phs

Action • Horror • Science Fiction
6.5 2015 124 mins
Joy
Magic Mike’s Last Dance

လတ်တလောလေးကမှ ထွက်ရှိထားတဲ့ ပူပူနွေးနွေးကားသစ်လေးလာပါပြီ။ Magic Mike 1 & 2 ထွက်ရှိထားပြီး အခုတော့ သုံးကားမြောက်အနေနဲ့ Magic Mike’s Last Dance ပါ။ Lost City, 21 Jump Street, Dog, Dear John, White House Down တို့နဲ့ကျော်ကြားလှတဲ့ ကိုယ်တွေရဲ့ မင်းသားချော Channing Matthew Tatum က သရုပ်ဆောင်အဖြစ်ရော ထုတ်လုပ်သူတွေထဲကတစ်ယောက်အဖြစ်နဲ့ပါ ပါဝင်ထားပါတယ်။ မင်းသမီးကတော့ Hitman’s Wife Bodyguard ထဲက Salma Hayek ဖြစ်ပြီး Director က Steven Soderberghပါ။ (ဒီနေရာမှာ Dance ဆိုတာကို မိတ်ဆက်ပေးရရင် ကခုန်ခြင်းဆိုတာ ရှေးခေတ်ဦးကတည်းက ပေါ်ပေါက်လာတဲ့အရာတဲ့.. ရှေးမျိုးနွယ်စုတွေ ပိုးပန်းတာမျိုးလုပ်တဲ့အချိန် အချင်းချင်း စကားမပြောကြခင် အတူတွဲကပြီး ရင်းနှီးမှုတည်ဆောက်ကြတာပါတဲ့.. ကလပ်မှာ အရင် အတူတွဲကရင်းနဲ့မှ ရင်းနှီးသွားပြီး အဆင်ပြေရင် စကားဆက်ပြောဖြစ်ကြတာမျိုးနဲ့ ဆင်တူမယ်ထင်ပါတယ်) လူသားတွေက အချိန်တိုင်းလိုလို တစ်ခုမဟုတ်တစ်ခုတော့ လိုချင်နေတတ်ကြတာမလား.. ဒါပေမယ့် တစ်ယောက်သောသူနဲ့သာဆိုရင်တော့ သူ့အတွက် ကိုယ်ကသာ အရာရာဖြစ်ချင်ကြတာမျိုး.. အဲဒီလို သူ့အတွက် ကိုယ်ကသာ အရာရာဆိုတဲ့ အကြီးမြတ်ဆုံးစိတ်ကူးယဉ်အိပ်မက်တွေ တကယ်ဖြစ်လာခဲ့တဲ့အခါ.. ဇာတ်လမ်းအကျဉ်း ဖော်ချွတ်အကသမားအဖြစ်က ထွက်ခဲ့ပြီး ကုမ္ပဏီလေးတစ်ခုထောင်ထားတဲ့ မိုက်ခ်က ကမ္ဘာ့ကပ်ရောဂါကြောင့် ထင်သလောက် အလုပ်မဖြစ်ဘဲ အရက်စပ်တဲ့သူအဖြစ် ဝင်လုပ်ခဲ့ပါတယ်.. ပရဟိတပွဲတစ်ခုမှာ အရက်စပ်ပေးရင်းနဲ့ တစ်ညမှာတော့ အထီးကျန်နေတဲ့ သူဌေးကတော်လေး မက်စ်အတွက် တစ်ကိုယ်တော်ကပြဖျော်ဖြေဖြစ်သွားတယ်ပဲ ဆိုပါတော့လေ… မိုက်ခ်ရဲ့ ဖျော်ဖြေမှုကြောင့် အကြံအစည်သစ်တစ်ခု ရသွားတဲ့ မက်စ်က လန်ဒန်ကို အတူလိုက်ခဲ့ဖို့၊ မိုက်ခ်အတွက် အလုပ်တစ်ခု စီစဉ်ပေးမှာဖြစ်လို့ သူနဲ့တစ်လလောက် အလုပ်အတူလုပ်ပါလို့ ကမ်းလှမ်းလာခဲ့တာမို့ မိုက်ခ်တစ်ယောက် လန်ဒန်ကို ပါသွားပါတော့တယ်.. ဟိုရောက်မှ သိရတာက သူလုပ်ရမှာက ပြဇာတ်ရုံတစ်ခုမှာ ဒါရိုက်တာအဖြစ် ပွဲတစ်ခုစီစဉ်ပေးရမှာဖြစ်ပြီး အမျိုးသမီးတွေအတွက် ဦးစားပေးတင်ဆက်တဲ့ အကြီးစားအကဖျော်ဖြေပွဲတစ်ခုကို အစအဆုံး တာဝန်ယူလုပ်ပေးရမှာဆိုတာပါ.. အဓိက ပြဿနာကတော့ သူတင်ဆက်ရမယ့် ပြဇာတ်ရုံက မက်စ်ရဲ့အရင်ယောက်ျားဘက်ကနေ မက်စ်ရထားတဲ့ ဂန္တဝင်ပြဇာတ်ရုံဖြစ်ပြီး သူတို့ကို ပွဲမလုပ်နိုင်အောင် ပြဇာတ်ရုံပြင်ဆင်မွမ်းမံရေးမှာ အရင်ယောက်ျားဘက်က နည်းအမျိုးမျိုးနဲ့ နှောင့်ယှက်လာတာပါပဲ.. အကအဖွဲ့တွေ ရှာရ၊ အရင်ယောက်ျားရဲ့ နှောင့်ယှက်မှုတွေကို နည်းမျိုးစံနဲ့ခံရနဲ့ ဗျာများနေခဲ့တဲ့ မိုက်ခ်နဲ့ မက်စ်တို့နှစ်ယောက်ကြား နားမလည်နိုင်ခြင်းတွေ မယုံကြည်နိုင်ခြင်းတွေ ပေါက်ဖွားလာခဲ့ချိန်မှာတော့.. သူတို့ စီစဉ်ထားသလို ပွဲက အောင်အောင်မြင်မြင်နဲ့ ပြီးသွားနိုင်မှာလား.. သူဌေးမလေးမက်စ်ကရော မိုက်ခ်ကိုထားခဲ့ပြီး အရင်ယောက်ျားဆီ ပြန်သွားမှာလား.. မိုက်ခ်ကရော မက်စ်ဖြစ်စေချင်သလို ပြီးပြည့်စုံအောင် တင်ဆက်ပြသနိုင်ပါ့မလား.. ဆိုတာကိုတော့ မင်းသမီးကအကိတ် မင်းသားကအလန်း ဇာတ်ကားလေးမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါလို့… (အညွှန်းနဲ့ဘာသာပြန်ကတော့ Emily ပါ) File size…(1.6 GB)/(900 MB)/(400 MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:52:00 Genre…Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by…. Emily

0 2023
Magic Mike’s Last Dance
Angry Annie
6.8

Angry Annie (2022) =============== IMDb Rating – 6.8/10 ဒီဇာတ်လမ်းကတော့ ပြင်သစ်နိုင်ငံရဲ့ 1970s ဝန်းကျင်လောက်က အမျိုးသမီးကိုယ်ဝန်ဖျက်ချနိုင်ခွင့် လှုပ်ရှားမှုအကြောင်းကို ရိုက် ကူးထားတာပါ။ ကိုယ်ဝန်ဖျက်ချတာကို တရားမဝင်လုပ်ထားတဲ့ ကာလမှာ အမျိုးသမီးတွေပူးပေါင်းပြီး လျှို့ဝှက်အဖွဲ့တွေဖွဲ့ရင်း ကိုယ်ဝန်ဖျက်ချဖို့ အကူအညီလိုနေတဲ့အမျိုးသမီးတွေကို စေတနာ ဝန်ထမ်းကူညီပေးကြတဲ့အကြောင်းပါ။ ဒီဇာတ်လမ်းမှာ ကိုယ်ဝန်ယူပိုင်ခွင့်၊ ကိုယ်ဝန်ဖျက်ချနိုင်ခွင့်တွေနဲ့ပတ် သက်ပြီး အမျိုးသမီးတွေက ခင်ပွန်းသည်ရဲ့ဆုံးဖြတ်ချက်ကြောင့်မ ဟုတ်ဘဲ မိမိဆန္ဒနဲ့ဆုံးဖြတ်ပိုင်ခွင့်အတွက် တိုက်ပွဲဝင်ကြိုးပမ်းတာတွေနဲ့ အမျိုးသမီးတွေရဲ့စည်းလုံးမှုကို တွေ့ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ စက်ရုံမှာအလုပ်လုပ်နေတဲ့ ကလေးနှစ် ယောက်မိခင် Annie က သူ့မှာကိုယ်ဝန်ရလာတာကိုသိသွားတယ်။ Annie က နောက်ထပ်ကလေးမလိုချင်တာကြောင့် ကိုယ်ဝန်ဖျက်ပေးတဲ့ တရားမဝင် အဖွဲ့တစ်ဖွဲ့နဲ့တွေ့ဆုံပြီး ကိုယ်ဝန်ဖျက်ချခဲ့တယ်။ နောက်ပိုင်းမှာတော့ Annie တစ်ယောက် အဲဒီအဖွဲ့အစည်းနဲ့ချိတ်ဆက်ပြီး ဘယ်လိုခံစားချက်တွေရလာ မလဲ၊ အဲဒီအဖွဲ့အစည်းနဲ့ ပါဝင်ပတ်သက်မိတာက သူ့ဘဝကိုဘယ်လိုပြောင်း လဲသွားစေမလဲဆိုတာတွေကိုတော့ ဒီဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုရ မှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်) File Size……….(2.31 GB) / (937 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 59Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama Translator…….Thwal Htoo Zin Encoder……….SWM

6.8 2022
Angry Annie
The Batman vs. Dracula
6.6

The Batman vs. Dracula (2005) ======================= IMDb Rating – 6.6/10 Old but Gold, Batman animation ဇာတ်ကားလေး တစ် ကား တင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်ကတော့ ၂၀၀၅ ခုနှစ် က ထွက်ရှိထားခဲ့ပြီး Dc Elseworld Universe ထဲက အကောင်း ဆုံး animation ကားတွေထဲက တစ်ကား အပါအဝင်ပါပဲ။ ကျွန် တော်တို့ ကလေးဘဝက အခွေထဲမှာကြည့်ခဲ့ဖူးတဲ့ animation ကားကို ပြန်ကြည့်ရင်း ကလေးဘဝက အမှတ်တရတွေကို ပြန်ခံ စားလိုက်ကြပါစို့။ ဇာတ်လမ်းအကျဉ်းကတော့ အာခမ်စိတ္တဇဆေးရုံမှာ ရောက်နေတဲ့ ထောင်သားတစ်ယောက်ဟာ ပျောက်ဆုံးနေတဲ့ ရတနာတွေ ရှိတဲ့ နေရာကို သိကြောင်း၊ သူ့ကို လွတ်အောင်ကူညီပေးမယ်ဆိုရင် တစ် ဝက်ခွဲပေးမယ်ဆိုပြီး ပင်ကွင်းကို ပြောပါတယ်။ ဒါပေမယ့် အဲအ ကြောင်းကို ဂျိုကာလည်း သိထားပါတယ်။ ဒီလိုနဲ့ ဂျိုကာ ထောင် ဖောက်ထွက်ပြေးသလို၊ ပင်ကွင်းလည်း ထွက်ပြေးပြီး အဲရတနာ တွေကို လိုက်ရှာဖို့ ကြိုးစားပါတယ်။ ပင်ကွင်းလည်း သူများအပြောနဲ့ ရတနာတွေ လိုက်ရှာရင်း ရှေး ခေတ်က ဒရက်ကူလာကြီးရဲ့ အုတ်ဂူကို ဖွင့်မိသွားပါတော့တယ်။ ဒီလိုနဲ့ ပြင်ဆင်ချိန်သာ ရှိမယ်ဆို ဘာကိုမဆို အနိုင်ယူနိုင်တယ်ဆို တဲ့ ဆျာဘတ်နဲ့ ဒရက်ကူလာကြီးတို့ ရင်ဆိုင်ဖို့ဖြစ်လာပါတော့တယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Leonard Lin ဖြစ်ပါတယ်) File Size……….(1.24 GB) / (560 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 23Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation, Action, Horror Translator…….Leonard Lin Encoder……….SWM

Romance • Thriller
6.6 2005
The Batman vs. Dracula
C.R.A.Z.Y.

C.R.A.Z.Y 2005 ဒီရုပ်ရှင်က IMDb 7.8/ ခရမ်းသီးပုပ် 100% နဲ့ Meta score 81 အထိရရှိခဲ့ပြီး ဆုပေါင်း ၃၈ ခုပိုင်ဆိုင်ခဲ့တဲ့ ဟောင်းပေမဲ့ ကောင်းနေဆဲ ပြင်သစ် Drama/ Coming of age ရုပ်ရှင်လေးပါ။ နာမည်ကို C.R.A.Z.Y လို့ပေးထားခြင်းက ဒီရုပ်ရှင်ထဲက ညီအစ်ကိုငါးယောက်ဖြစ်တဲ့ Christian, Raymond, Antoine, Zachary နဲ့ Yv‌an တို့ရဲ့ ရှေ့ဆုံးနာမည်အက္ခရာတွေကို ကြီးစဉ်ငယ်လိုက်စီထားတာကြောင့်ပါ။ ဇာတ်အိမ်ကိုတော့ ၁၉၆၀ ခုနစ်ကျော်ကာလမှာတည်ထားပါတယ်။ ကတ်သလစ်ဘာ၀င် ပြင်သစ်ကနေဒီယန် မိသားစုတစ်ခုမှာ သားချည်းပဲ ငါးယောက်ထွန်းကားခဲ့တယ်။ အိမ်ထောင်ဦးစီးဖြစ်တဲ့ အဖေကြီးက ချမ်းသာကြွယ်၀သူတစ်ဦးဖြစ်ပြီး ရှေးရိုးလည်းသိပ်စွဲတတ်တဲ့သူကြီးပါ။ သူရဲ့သားငါးယောက်လုံးကတော့ စာဂျပိုး၊ လူပေလူတေ၊ အားကစားရူး စသဖြင့် တစ်ဦးနဲ့တစ်ဦး နည်းနည်းလေးမှမတူတဲ့ ပင်ကိုစရိုက်လက္ခဏာ ကိုယ်ရည်ကိုယ်သွေးတွေကို ပိုင်ဆိုင်ထားကြတယ်။ ဒီညီအစ်ကိုတွေလိုပဲ ဇာတ်လိုက်ကျော် Zachary၊ ဇက် မှာလည်း ထူးခြားတဲ့ပင်ကိုယ်သဘာ၀တွေရှိတယ်။ ဇက်က ခရစ်စမတ်နေ့မှာ‌မွေးတဲ့သူဖြစ်ပြီး ခရစ်တော်နဲ့မွေးနေ့တူလို့ ခရစ်တော်ကပေးသနားထားတဲ့ ပါရမီတစ်ခုကို ပိုင်ဆိုင်ထားတယ်လို့ ဇက်ရဲ့အမေကယုံကြည်ထားတယ်။ ညီအစ်ကိုငါးယောက်လုံးက တစ်ယောက်နဲ့တစ်ယောက် စရိုက်လက္ခဏာတွေမတူကြဘူးဆိုပေမဲ့ ဇက်ကတော့ ကျန်တဲ့လေးယောက်နဲ့ တော်တော်လေးကို ကွာခြားတယ်လို့ပြောရမယ်။ ဇက်က သားယောက်ျားလေးဖြစ်ပါလျက်နဲ့ နူးညံ့သိမ်မွေ့လွန်းလို့ ဖခင်ဖြစ်သူကြီးက မကြာမကြာ အားမလိုအားမရဖြစ်ရတယ်။ ဇက်တို့မိသားစုက ကတ်သလစ်မိသားစုပီပီ နှစ်စဉ် ခရစ်စမတ်နေ့တိုင်းမှာ မိသားစု အမျိုးအဆွေ စုံစုံလင်လင်နဲ့ ညစာစားပွဲကြီးကိုကျင်းပလေ့ရှိကြတယ်။ ညီအစ်ကိုတွေ ဘယ်လိုပဲမတည့်ပါစေ၊ သဘောထားတွေဘယ်လိုပဲကွဲလွဲနေပါစေ၊ တစ်နှစ်တစ်ခေါက်တော့ ညစာစားပွဲမှာဆုံကြတာချည်းပဲ။ ဒီလိုနဲ့ ဒီညီအစ်ကိုတွေ ဆယ်ကျော်သက်လူငယ်အရွယ်ရောက်လာကြတဲ့အခါမှာတော့ သူတို့တစ်ဦးချင်းစီရဲ့ ပင်ကိုစရိုက်လက္ခဏာတွေ၊ ကိုယ်ပိုင်ရွေးချယ်မှုတွေ၊ ဘာသာရေးခံယူချက်‌တွေက ရှေးရိုးစွဲအဖေကြီးရဲ့ စံနှုန်းတွေနဲ့ ကိုက်ညီတဲ့သူကကိုက်ညီ၊ သွေဖီတဲ့သူကသွေဖီဖြစ်လာခဲ့တယ်။ ဒီအခက်အခဲတွေကို ရင်ဆိုင်လာရတဲ့အထဲမှာ ဇက်တစ်ယောက်က အဆိုးဆုံးပေါ့။ ဒီရုပ်ရှင်ထဲက ကာရိုက်တာတည်ဆောက်ပြမှုတွေက တော်တော်ကိုထောင့်စေ့တယ်ပြောရမယ်။ အက်တင်ဘာညာဆိုတာကတော့ ပြောစရာကိုလိုမယ်မထင်ဘူး။ ဆယ်ကျော်သက်လူငယ်တွေရဲ့စရိုက်သဘာ၀တွေ၊ စိတ်ခံစားချက်တွေကို ကွက်ကွက်ကွင်းကွင်းကိုမြင်ရမှာ။ အထူးသဖြင့် ဇက် မွေးလာတဲ့အချိန်ကစလို့ ဆယ်ကျော်သက်ဖြစ်လာတဲ့အချိန်ထိ နှစ်စဉ် ညစာစားပွဲကြီးမှာ တဖြည်းဖြည်းအရွယ်ရောက်လာတဲ့ ညီအစ်ကိုငါးယောက်ရဲ့ ပြောင်းလဲလာတဲ့ကာရိုက်တာတွေကို တစ်နှစ်ပြီးတစ်နှစ် မီးမောင်းထိုးရိုက်ပြထားတယ်။ ၁၉၆၀၊ ၇၀၊ ၈၀ ဓာတ်ပြားခေတ်ရဲ့ ဂီတသံစဉ်တွေ၊ အဲဒီခေတ်ကာလက လူငယ်ယဉ်ကျေးမှု‌၊ ၀တ်ပုံစားပုံတွေကိုလည်း ရှုမြင်ရဦးမှာ။ လိုလေသေးမရှိဖြည့်ဆည်းပေးနိုင်ပေမဲ့ အတွေးအခေါ် ခံယူချက်တွေကတော့ ရှေးရိုးစွဲနေတဲ့ အဖေဖြစ်သူကြီးနဲ့ သားငါးယောက်ရဲ့ဇာတ်လမ်းကို ၂ နာရီကျော် တ၀ကြီးကြည့်ရှုခံစားလိုက်ကြပါဦး။ ရုန့်ရင်းကြမ်းတမ်းတဲ့ စကားလုံးအသုံးအနှုန်း နဲ့ ရိုက်ချက်တချို့ပါ၀င်တာကိုတော့ သတိချပ်ပေးပါ။ File size…(2.5 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:00:00 Genre…Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

0 2005
C.R.A.Z.Y.
American Pie Presents: The Book of Love
4.7

American Pie Presents ဇာတ်ကားတွေကတော့ နာမည်ကျော် American Pie မူလဇာတ်လမ်းရဲ့ Spin-off ဇာတ်ကားတွေဖြစ်ပါတယ်။ – American Pie Presents: Band Camp (2005) – American Pie Presents: The Naked Mile (2006) – American Pie Presents: Beta House (2007) – American Pie Presents: The Book of Love (2009) – American Pie Presents: Girls’ Rules (2020) ဒီ American Pie Presents ဇာတ်ကားတွေကတော့ မူလဇာတ်ကြောင်းနဲ့ဆက်စပ်မှုနည်းပါးသွားပြီး မူလဇာတ်လမ်းထဲက Jim ရဲ့ အဖေဖြစ်သူ လက်ဗင်စတိန်းနဲ့ Stifler ရဲ့ အမျိုးတွေလောက်သာ ပါလာပြီး တစ်ကားကို ဇာတ်လမ်းတစ်ခုစီဖြစ်ပါတယ်။ +++++++++++++++ American Pie Presents: The Book of Love (2009) ရော့ဘ်၊ လု့ဘ်၊ နဲ့ နေသန် တို့ ၃ ယောက်ဟာ လူပျိုရည်မပျက်သေးတဲ့ အထက်တန်းကျောင်းသားလေးတွေဖြစ်ပါတယ်…. အဲဒီတော့ထုံးစံအတိုင်းပဲ လူပျိုရည်ပျက်ရေး၊ ဒို့အရေးနဲ့ တစ်စိုက်မတ်မတ်ကြိုးစားအားထုတ်ခဲ့သော်ငြားလည်းပဲ မဖြစ်မြောက်လာဘဲ မှိုတက်တော့မယ့် ညီလေးကို ပေါ်လစ်တင်ရင်းသာ အချိန်တွေကုန်လာခဲ့ပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာတော့ ကျောင်းစာကြည့်တိုက်ကြီး မီးလောင်သွားပြီး American Pie ပထမဆုံးဇာတ်ကားကတည်းက ကျောင်းမှာလျှို့ဝှက်တည်ရှိနေတဲ့ ရှေးနောင်တော်ကြီးများရေးခဲ့တဲ့ လိင်မှုလက်တွေ့လက်စွဲစာအုပ်ကြီးက သူတို့လက်ထဲကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပါတော့တယ်။ ဒီလိုနဲ့ သုံးယောက်ပေါင်း အလောင်းလည်းမကျော်နိုင်သလို ဘာမှလည်းဖြစ်ဖြစ်မြောက်မြောက်မရှိတဲ့ သူငယ်ချင်းသုံးယောက် ခရမ်းသီးနှပ်ဖို့လိုက်ရှာရင်း ဘယ်လိုအလွဲတွေနဲ့ ခွီနေရမလဲဆိုတာ……။ ဘာဆင်ဆာမှမဖြတ်ထားတဲ့ Unrated Version ကို တင်ဆက်ထားပြီး CM အနေနဲ့ မြန်မာစာတန်းထိုးကိုလဲ ယခင်ကထက်ပိုမိုကောင်းမွန်အောင် ပြင်ဆင်ပေးထားပါတယ်။ (American Pie ဇာတ်ကားတွေက အဖော်အချွတ်ခန်းတွေနဲ့ အပြောအဆိုတချို့ကြောင့် R-Rated အဆင့်ဖြစ်ပြီး မိသားစုနဲ့ကြည့်လို့မရပါဘူး။)

4.7 2009 93 mins
American Pie Presents: The Book of Love
Mujhse Dosti Karoge!
5.1

“ငါနဲ့သူငယ်ချင်းလုပ်မလား” သူငယ်ချင်း၊ ရင်းနှီးမှု အချစ်ဆိုတာ ဘာပါလဲ “အချစ်ဆိုတာ ရင်နှီးမှုပါပဲ လူတစ်ယောက်ကို မရင်းနှီးဘဲနဲ့ ဘယ်လိုမှ မချစ်နိုင်သလို သံယောဇဉ်လည်း မတွယ်နိုင်ပါဘူး ကဲ့ ဒါကြောင့် ငါနဲ့ သူငယ်ချင်းလုပ်မလား ” ဒီဒိုင်ယာလော့လေးကတော့ နာမည်ကြီး ဂန္တဝင်အချစ်ဇာတ်ကား တစ်ကားဖြစ်တဲ့ Kuch Kuch Hota Hai (1998) ထဲကပဲဖြစ်ပါတယ်။ အခုမိတ်ဆက်ပေးမယ့် ဇာတ်ကားလေးကလည်း တခမ်းတနားနဲ့ အမှန်အကန်တင်ဆက်ထားတဲ့ ဘောလီဝုဒ်ကားကောင်း တစ်ကားပါပဲ နာမည်ကြီး သရုပ်ဆောင်တွေဖြစ်ကြတဲ့ Hrithik Roshan (ခ) လက်ပွားမင်းသား Rani Mukerji နှင့် Kareena Kapoor တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေး တပုဒ်လည်း ဖြစ်ပါတယ် အခုလို မိုးရာသီဖွဲဖွဲလေးမှာ ဒီလို Romance, Dramaကား ခပ်ကောင်းကောင်းလေးကို တခါကြည့်ဖူးရုံနဲ့ ဇာတ်ဝင်တေးအားလုံးကလည်း တသက်လုံး မေ့လျော့နိုင်မှာ မဟုတ်ပါဘူး ဒီကားကို ကြည့်ဖူးတဲ့သူတွေရှိသလို လုံးဝမကြည့်ရသေးတဲ့သူတွေလည်း ရှိပါလိမ့်မယ် အခု CMက ပြန်လည်တင်ဆက်ပေးထားတာကတော့ ရုပ်သံအကြည်လင်းဆုံးနဲ့ သီချင်းတွေကအစ မြန်မာမှုပြုပေးထားလို့ သိမ်းထားချင်သူတွေအတွက် နှစ်ခြိုက်စရာပါပဲ ဇာတ်လမ်းလေးကတော့ ရာ(ဂျ်)၊ တီနာနဲ့ ပူဂျာတို့ဟာ သိပ်ချစ်ကြတဲ့ သူငယ်ချင်းသုံးယောက်ပါ ဒီထဲမှာမှ ရာ(ဂျ်)က တီနာပေါ်မှာ ခင်မင်မှုပိုနေသလိုပါပဲ အကြောင်းကြောင်းကြောင့် ရာ(ဂျ်)တို့ မိသားစု လန်ဒန်ကိုပြောင်းသွားတဲ့အခါ တီနာနဲ့ ပူဂျာကတော့ အိန္ဒိယမှာပဲ ကျန်ခဲ့ပါတော့တယ် ရာ(ဂျ်)အနေနဲ့ မသွားခင်မှာ သူလန်ဒန်ရောက်ရင် နေ့စဉ် အီးမေးလ်ကတဆင့် စာတွေရေးမှာဖြစ်လို့ သူ့ဆီကို စာပြန်ဖို့ တီနာကို မှာကြားခဲ့ပြီး နှုတ်ဆက်ထွက်ခွာသွားခဲ့ပါတယ် ဒါပေမဲ့ ရာ(ဂျ်)တယောက် စာတွေပို့တဲ့အချိန်မှာ တီနာကတော့ စိတ်မဝင်စားဘဲ အရေးတယူမလုပ်ခဲ့ဘူး ဒီအခြေအနေမှာ သူသိပ်ချစ်တဲ့ သူငယ်ချင်းကို ပူဂျာကပဲ စာတွေပြန်ရေးခဲ့ပါတယ် ဒါပေမဲ့ စာပြန်တဲ့အခါမှာ သူ့နာမည်မသုံးဘဲ တီနာ နာမည်ကိုသုံးလိုက်ပါတယ် ၁၅ နှစ်တာ ကလေးဘဝကတည်းက တနေ့တာဖြစ်ခဲ့သမျှကို စာတွေရေးပြီး ရင်ဖွင့်ခဲ့ကြတဲ့ သူတို့နှစ်ယောက်မှာ သူငယ်ချင်းသံယောဇဉ်ထက် ပိုတဲ့အရာ တစ်ခုဖြစ်နေပါပြီ စာတွေရေးနေကြတဲ့ နှစ်ယောက်ဟာ တယောက်ကိုတယောက် မမြင်မတွေ့ဘဲ ချစ်မိနေကြပါပြီ ရာ(ဂျ်) ကသူ့ဆီစာတွေရေးနေတာ တီနာလို့ထင်မှတ်ပြီး တီနာကို ချစ်မိနေသလို ကလေးဘဝကတည်းက စာတွေရေးခဲ့တဲ့ ပူဂျာကလည်း ရာဂျ်အကြောင်း ကောင်းကောင်းကြီးသိခဲ့ပြီး ချစ်မိနေပါပြီ ရာ(ဂျ်) တစ်ယောက် လန်ဒန်ကနေ အိန္ဒိယကို ပြန်လာတဲ့အခါမှာတော့ …….. ရာ(ဂျ်)၊ တီနာနဲ့ ပူဂျာတို့ကြားက သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးက ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲ ….. မိတ်ဆွေတို့ကို ပြောချင်တာလေးကတော့ ကိုယ်ချစ်ရတဲ့သူတယောက်ယောက်ကို တွေ့ခဲ့ပြီဆိုရင် ဒီမေးခွန်းလေးပဲ အရင်မေးလိုက်ပါ “ငါနဲ့သူငယ်ချင်းလုပ်မလား” (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်တင်ဆက်ထားသူကတော့ Zaw Htoo ပါ။)

Crime • Drama • Thriller
5.1 2002 149 mins
Mujhse Dosti Karoge!
Drop
6.4

Drop (2025) IMDb Rating (6.4) / Rotten Tomatoes (84%) Drop ကတော့ thriller, mystery, drama အမျိုးအစားဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ဗိုင်အိုလက်လို့ခေါ်တဲ့ တစ်ခုလပ်ကလေးအမေအမျိုးသမီးတစ်ယောက်ဟာ အွန်လိုင်းအပ်ပလီကေးရှင်းတစ်ခုကနေ လူတစ်ယောက်နဲ့တွေ့ဆုံဖို့ချိန်းဆိုခဲ့ပါတယ်။ အဲဒီလူနဲ့တွေ့ဆုံနေချိန်မှာပဲ သူမရဲ့ဖုန်းထဲကိုစိတ်အနှောင့်အယှက်ဖြစ်စရာ စာတွေတစောင်ပြီးတစောင်ဝင်လာပါတော့တယ်။ အစမှာတော့ အပျော်အပျက်အနေနဲ့အမှတ်မထင်ထားလိုက်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သူမရဲ့ဘဝကိုအကြီးအကျယ်ခြိမ်းခြောက်မှုတွေပါလာပါတော့တယ်။ ဒီအရာကိုလုပ်ဆောင်နေသူဟာ သူမရဲ့လှုပ်ရှားမှုတိုင်းကိုမြင်တွေ့နေရသလိုထိန်းချုပ်နေပြီး သူမရဲ့အနားမှာရှိနေတဲ့ဘယ်သူမဆိုဖြစ်နေနိုင်တာကိုသိခဲ့ရပြီးနောက်.. ဒီအကြပ်အတည်းကနေ သူမဘယ်လိုပုံစံနဲ့ကိုင်တွယ်ဖြေရှင်းရမလဲဆိုတာကို သည်းထိတ်ရင်ဖို စိတ်လှုပ်ရှားဖွယ် ရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Senju ဖြစ်ပါတယ်။) File size… (3.4 GB) / (1 GB) / (650 MB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama, Mystery, Thriller Duration…. 01:36:46 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Senju

Drama • Action • Crime
6.4 2025 95 mins
Drop