YoteShin Drive is below this article. Scroll down to view.

Google Pixel Watch brows and major functions

Author: Anonymous Published on: 12 Aug 2022

Google will announce the first smartwatch of the company called Pixel Watch on October 6. Before the introduction of the smartwatch, the photo and key features of the smartwatch were leaked. Black It will produce silver with gold and gold and can choose the colors such as Lemongrass, Olive, Red, Gray, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige and Green. The photos have been seen in the photo and crown. Google Pixel Watch: That Pic.twitter.com/jfeac8fkuj & mdash; Snoopytech (@_snoopytech_) October 2, 2022 You can wear up to 50 meters of water and protect against Gorilla Glass. Sleeping, The health features that measure heart rate will include Emergency Mode, Quick Pairing Buds and 6-month Fitbit Premium subscription. Other functions will include Maps for Wear OS, Google Assistant, Google Wallet, and Health BY Fitbit. Google will sell the minewriting for the pixel watch in the winter, and the smartwatch in the photo box shared by the Google News Telegram Channel. Sports Band, There are a USB-C Magnetic Charging Cable and Quick Start Guides. The pixel watch will be supported by Gmail and Google Calendar and the smartwatter's battery life will be used for a day. Wifi / Bluetooth edition is expected to set the LTE edition $ 399 for $ 399. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

The Vendetta Of An E25 1080p WEB-DL.mp4

651.86 MB N/A video/mp4 1 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
What to Expect When You're Expecting
6

ကလေးတစ်ယောက် မွေးဖွားတယ် ကိုယ်ဝန်ဆောင်တယ်ဆိုတာ တကယ်မလွယ်တူတဲ့ ကိစ္စပါ စိတ်ရော ကိုယ်ပါ အများကြီး ပြင်ဆင်ရ ပြောင်းလဲရပါတယ် ဒီဇာတ်လမ်းမှာတော့ မတူညီတဲ့ စုံတွဲငါးတွဲရဲ့ မိဘဖြစ်ဖို့ ကြိုးစားကြပုံတွေကို ပြထားပါတယ် ပထမဆုံးစုံတွဲကတော့ နာမည်ကြီးရှိုး Lose it and weep ရဲ့ နည်းပြ ဂျူးလ်စ်ဘက်စ်တာနဲ့ နာမည်ကြီးအကသမား အက်ဗန်ဝက်ဘာပါ အကပြိုင်ပွဲတစ်ခုမှာ အတူပြိုင်ကြရင်း မထင်မှတ်ဘဲ ကိုယ်ဝန်ရသွားတာကြောင့် သူတို့ကိုယ်ဝန်အတွက် ပြင်ဆင်နေကြတဲ့ စုံတွဲပါ နောက်တစ်တွဲကတော့ ကလေးချစ်တတ်သူ ကလေးစာအုပ်တွေရေးတဲ့ စာရေးဆရာမလေး ဝင်ဒီနဲ့ ဂယ်ရီကူးပါးတို့ စုံတွဲပါ ကလေးယူဖို့ နှစ်နဲ့ချီကြိုးစားပြီး သူတို့လိုချင်တဲ့ကလေးကို ရပါပြီ ဒါပေမဲ့ ကိစ္စတွေက ဝင်ဒီထင်ထားသလို လွယ်မနေပါဘူး နောက်တစ်တွဲတော့ ဂယ်ရီ့အဖေ ပြိုင်ကားမောင်းသမား ရမ်ဆီကူးပါးနဲ့ စမောလေး စကိုင်လာတို့အတွဲပါ သူ့သား ဂယ်ရီနဲ့ နေရာတကာလိုက်ပြိုင်နေတတ်ပါတယ် သူ့မိန်းမက အမွှာကိုယ်ဝန်ဆောင်ထားတာကြောင့် ဂယ်ရီထက် နှာတစ်ဖျားသာသွားလို့ ရမ်ဆီတစ်ယောက် ဂုဏ်ဆာနေပါတယ် နောက်စုံတွဲကတော့ ကိုယ်ဝန်မဆောင်နိုင်လို့ ကလေးမွေးစားဖို့ ကြိုးစားနေတဲ့ ဟော်လီနဲ့ အဲလက်စ်ပါ ဟော်လီက ကလေးအရမ်းလိုချင်နေပေမဲ့ အဲလက်စ်ဘက်ကတော့ သိပ်မသေချာပါဘူး စိုးရိမ်စိတ်တွေများနေပါတယ် နောက်ဆုံးစုံတွဲကတော့ ကျောင်းတော်က ရန်စဟောင်း ရိုစီနဲ့ မာကိုပါ မာကိုက ရိုစီကို အထက်တန်းတုန်းက ပလေးသွားခဲ့ဖူးပါတယ် အခုလည်း စီးပွားရေးချင်း အပြိုင်အဆိုင်တွေဖြစ်ပြီး ရန်စောင်နေကြပါတယ် ဒီစုံတွဲတွေမှာ တူညီတာတစ်ခုက မိဘဖြစ်ဖို့ ပြင်ဆင်နေကြတာပါ ဒါပေမဲ့ ဘဝဆိုတာ ထင်မထားတာတွေ ဖြစ်လာတတ်တော့ အရာအားလုံး သူတို့စီစဉ်ထားသလို ဖြစ်မလာပါဘူး ဂျွမ်းထိုးမှောက်ခုံနဲ့ အလွဲလွဲ အချော်ချော်ဖြစ်ကြတာတွေကို ရိုက်ပြထားပါတယ် ပေါ့ပါ့ပါးပါး ဇာတ်ကားလေးတွေ ကြည့်ချင်သူတွေအတွက် အကြိုက်တွေ့မဲ့ကားလေးမို့ ခံစားကြည့်လိုက်ကြပါဦးနော် (အညွှန်းနဲ့ ဘာသာပြန်ကို Phu Myat Thwe ရေးသားထားပါတယ်) File size…1.79 GB/ 781.1 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 50m Genre ..... Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Phu Myat Thwe

Action • Crime • Thriller
6 2012 110 mins
What to Expect When You're Expecting
It's a Wonderful Binge
5.1

Holiday Comedy အမျိုးအစား​လေးဖြစ်ပြီး Heavy မဟုတ်ပဲ ပေါ့​​ပေါ့ပါးပါး​ ကြည့်ရတာကြိုက်တယ့် ညိုကီတို့အတွက် Recommend ​ပေးပါတယ် ။ အရက် မူးယစ်​ဆေး ​သောက်စားတာ ဒုစရိုက်မှုတစ်ခုလို ဖြစ်​နေတဲ့ကမ္ဘာမှာ မူးမူး ကွဲကွဲ ပြဲပြဲ လုပ်ချင်တာလုပ်လို့ရတဲ့ The Binge ပွဲရိုးရာ ခရစ္စမတ်​နေ့မှာ​... ​ရှေးရိုးစွဲ အ​မေနဲ့ ​ထောင်​ပြေးဦး​လေးတို့ ရဲ့ သမီး တူမ Kimmi, မျိုးရိုးတစ်ခုလုံး ​​မွေးစားခံရတာနဲ့ တည်​ဆောက်ထားတဲ့ မိသားစုမှာ ကြီးပြင်းလာတဲ့ Sarah, Sarah ကို လက်ထပ်ခွင့်​တောင်းဖို့ စီစဥ်ရင်း လက်စွပ်​ပျောက်သွားတဲ့ Hag, အ​ဖေနှစ်​ယောက်နဲ့ အ​မေတစ်​ယောက်တို့ရဲ့ သား Andrew တို့ရဲ့ကြုံ​တွေ့ရမယ့် ပြဿနာ​တွေကို ဟာသဆန်ဆန် ရိုက်ထားတာ​လေးကို ကြည့်ရင်း ရီရီ​မော​မောပဲ ဖြတ်သန်းရမှာ ​သေချာ​ပေါက်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB နဲ့ Tissue တို့မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.65GB, 870MB Quality - 1080p, 720p Format - mp4 Duration - 1H 38Min Genre - Comedy Subtitle - Myanmar Subtitle (Hardsub) Translated by DB & Tissue Encoded by Y

Action • Crime • Thriller
5.1 2022 99 mins
It's a Wonderful Binge
Delivery by Christmas
6.2

ခရစ်စမတ်ကာလမှာ မိသားစုနဲ့ ရယ်မောရင်းကြည့်လို့ ရမယ့်  ခရစ်စမတ် Romance ကားတစ်ကားနဲ့ မိတ်ဆက် ပေးပါရစေ။ မာရီယာဆိုတဲ့ ကောင်မလေးက Single mother တစ်ယောက်ဖြစ်ပြီး Delivery ကုမ္ပဏီတစ်ခုမှာ ပစ္စည်းပို့တဲ့သူ တစ်ယောက်ပါ။ ခရစ်စမတ်အကြိုနေ့မရောက်ခင် တစ်ရက်မှာ သူပို့ရမယ့် ပစ္စည်းတွေကို မာရီယာရဲ့ ကြီးကြပ်ရေးမှုးက လိပ်စာ တလွဲတွေကို ကပ်ပေးလိုက်တဲ့အချိန်မှာတော့ ပြဿနာအကြီး အကျယ်တက်ပါတော့တယ်။ လိပ်စာမှားသွားတာကြောင့် မာရီယာတစ်ယောက် ခစ်စမတ် အကြိုနေ့မှာ ပစ္စည်းတွေကို ပြန်လည်ပို့ရင်း အချစ်နဲ့ ဘယ်လို ဆုံတွေ့မလဲဆိုတာကို ဆက်လက်စောင့်ကြည့်ပေးပါဦး။ ဒီဇာတ် ကားကြည့်ပြီး ရယ်မောပျော်ရွှင်ရင်း ခရစ်စမတ်ကာလမှာ မိသား စုတိုင်း ပျော်ရွှင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Parris ဖြစ်ပါတယ်) File Size..........(1.2 GB) / (450 MB) / (250 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 37mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Romance Translator.......Parris Encoder...........SWM

Action • Comedy • Family • Romance
6.2 2022 100 mins
Delivery by Christmas
Changing Lanes
6.2

IMDb Rating - 6.5/10 Motherfker ကြီးလို့လူသိများသူ (သို့) နောင်တစ်ချိန်မှာ Marvel ရဲ့ Nick Fury ရယ်လို့ ဖြစ်လာမယ့် အာဖရိကန်အမေရိကန်မင်းသားကြီး Samuel Jackson နဲ့ နောင်အခါမှာ DC ရဲ့ Batman ဇာတ်ကောင် သရုပ်ဆောင်ရတော့မယ့် မင်းသားချောကြီး Ben Affleck တို့ရဲ့ ကား ကောင်းလေးတစ်‌ကားဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ချက်ကတော့ ဒီဇာတ်ကားတစ်ကားလုံးရဲ့ ဇာတ်အိမ်ကို တစ်ရက်အတွင်းမှာဖြစ်ပျက်သွားတဲ့ဇာတ်အိမ်အဖြစ်တည် ထားတာမျိုးပါ။ တစ်ခါတလေကျရင် ကျွန်တော်တို့လူဘဝဆိုတာ ကောင်းတာ တွေကိုမျှော်လင့်နေကာမှ ဆိုးတာတွေချည်းဇာတ်တိုက်လှိမ့်ဝင်နေတတ်တာမျိုးပါ။ ဒီရုပ်ရှင်ကားမှာလည်း သားနှစ်ယောက်ရဲ့ဖခင် Samuel Jackson ကို မိခင်ဖြစ်သူ အမျိုးသမီးက ခွဲခွာပြီးနောက် ကလေးတွေရဲ့အုပ်ထိန်းခွင့်ကိုယူဆောင်ကာ ဝေးရာကို သွားဖို့အတွက် တရားရုံးမှာ အမှုရင်ဆိုင်ခွင့်တောင်းရာကနေစတင်ထားပါတယ်။ မင်းသားကြီး Ben Affleck ကလည်း ယောက္ခထီးအလိုကျ ပရဟိတသမားကြီး တစ်ယောက်ရဲ့အလှူငွေတွေကို ရုံးတော်မှာ ဘုံးတော်မူဖို့အတွက် အမှုရင်ဆိုင်ရမယ့် ဇာတ်အိမ်မျိုးနဲ့စတည်ထားပါတယ်။ ဒီတော့ မတူညီသောအကြောင်းပြချက်နှစ်မျိုးကြောင့် တရားရုံးတက်ရမယ့်အမျိုးသား ၂ ဦးမည်သို့ဆုံမလဲ၊ ‌ဆုံပြီးတဲ့နောက် ဘယ်လိုဇာတ်အိမ်အရှုပ်အထွေးတွေနွယ်လာမလဲ၊ ထိုဇာတ်အိမ်အရှုပ်အထွေတွေကြားမှာ သူတို့နှစ်ယောက် ဘယ်လိုမျိုးဇာတ်ကောင်ချင်း အားပြိုင်ကြမလဲဆိုတာကို Changing Lanes 2002 ကားလေးထဲမှာ ခံစားရင်ခုန်ပေး လို့ရပါပြီခင်ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ San Thu Aung ဖြစ်ပါတယ်) File Size - (1.34 GB) / (635 MB) / (412 MB) Quality – Blu-Ray 1080p/ 720p / 480p Duration - 1Hr 38mins Subtitle – Myanmar Hardsub Format – MP4 Genre : Drama, Thriller Translator – San Thu Aung Encoder – SWM

Drama
6.2 2002 99 mins
Changing Lanes
The Devil’s Deal
6.7

The Devil’s Deal(2023) ********************* ဂျွန်ဟယ်၀န်းဟာဆိုရင်တော့ ဘူဆန်မှ နိုင်ငံရေးသမားတစ်ယောက်ဖြစ်ပြီး ရွေးကောက်ပွဲမှာ ကိုးရီးယားဒီမိုကရက်တစ်ပါတီကနေတစ်ဆင့် ပါ၀င်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေသူလည်း ဖြစ်ပါတယ်… ဒါပေမဲ့ ကိုယ်စားလှယ်လောင်းဆန်ကာတင်စာရင်း ကြေညာဖို့ နှစ်ရက်အလိုမှာပဲ ပါတီကနေပြီး ဂျွန်ဟယ်၀န်းကို ဆန်ကာတင်စာရင်းကနေ ဖြုတ်ချလိုက်ပါတယ်… ပါတီရဲ့ စွန့်ပစ်ခြင်းကို ခံလိုက်ရတဲ့ ဂျွန်ဟယ်၀န်းတစ်ယောက် လူမိုက်ခေါင်းဆောင် ဂင်ဖီးလ်ဒိုဆီကနေ မဲဆွယ်ရန်ပုံ‌ငွေအတွက် ပိုက်ဆံချေးပြီး တစ်သီးပုဂ္ဂလအဖြစ် ရွေးကောက်ပွဲ၀င်ပြိုင်တဲ့အခါမှာတော့… Cast တွေအနေနဲ့ မင်းသားကြီးတွေဖြစ်ကြတဲ့ Cho Jin Woong , Lee Sung Min , Kim Moo Yul တို့က အဓိက ပါ၀င်သရုပ်ဆောင်ထားပြီး နိုင်ငံရေးအားပြိုင်ကြပုံ မဲမသမာမှုတွေကို ကွက်ကွက်ကွင်းကွင်း ရိုက်ပြထားတာမို့ နိုင်ငံရေးဇာတ်ကား ကြိုက်သူများအဖို့ must watch ပါလို့ ညွှန်းဆိုချင်ပါတယ်…. File Size :(1.7GB) and (713MB) Quality : Blu-Ray 1080p,720p Format…mp4 Duration…01:56:00 Genre : Thriller , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Miri & Hnin Wai Oo Encoded by Phyo Pyae

Drama • Family
6.7 2023 116 mins
The Devil’s Deal
Insidious Inferno
5.5

Horror ကားကြိုက်နှစ်သက်သူတွေအတွက် Insidious Inferno ဆိုတဲ့ ဇာတ်ကားအသစ်တစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။နာမည်ကြောင့် Insidious ကားတွေနဲ့မမှားသွားပါနဲ့။ဒီကားကသက်သက်ပါ။ဇာတ်ကားပုံစံကဘယ်လိုလဲဆိုတော့ ထုံးစံအတိုင်းနတ်ဆိုးတွေ မကောင်းဆိုးဝါးတွေအကြောင်းကိုမှ Storyline အသစ်တစ်ခုနဲ့ရိုက်ကူးထားတာပဲဖြစ်ပါတယ်။မိုနီကာနဲ့ အန်ဒရေးတို့ဆိုတဲ့ လင်မယားနှစ်ယောက်က မိုနီကာရဲ့အဖေဖြစ်သူဆုံးပါးခဲ့ပြီးနောက်မှာ သူ့အဖေ ပိုင်ခဲ့တဲ့အိမ်ကြီးကို အမွေရခဲ့ကြပါတယ်။ဒီလိုနဲ့ သူတို့လင်မယားနှစ်ယောက်က အဲ့ဒီအိမ်ကြီးကို ပြင်ပြီးပြန်ရောင်းစားဖို့အတွက် ကိုယ်တိုင်သွားရောက်ကြည့်ရှု ပြင်ဆင်ဖို့ဆုံးဖြတ်ခဲ့ကြပါတော့တယ်။မိုနီကာမှာ တစ်ခါတစ်လေမူးခနဲမိုက်ခနဲ ဖြစ်သွားတတ်ပြီး အာရုံထဲမှာအနီရောင်တွေချည်းပဲမြင်နေရတတ်တာမျိုးတွေ ဖြစ်လေ့ဖြစ်ထရှိပါတယ်။အခုလည်း အဲ့ဒီအိမ်ကြီးကိုသွားရမယ်ဆိုတဲ့ အခါမှာ ငယ်ဘဝတုန်းက စိတ်ဒဏ်ရာတွေကြောင့် မသွားချင်ဘူးဖြစ်နေပေမဲ့ ရောက်တော့ ရောက်သွားခဲ့ပါတယ်။ထင်ထားတဲ့အတိုင်းပါပဲ မိုနီကာအဲ့ဒီအိမ်ကိုရောက်ပြီးကတည်းက အတိတ်က ကြောက်စရာအဖြစ်အပျက်တွေ ပြန်မြင်ယောင်လာပြီး အဖြစ်ဆိုးတွေကိုလည်း တစ်ခုပြီးတစ်ခု ကြုံတွေ့လာရပါတယ်။သူတို့လင်မလားနှစ်ယောက်ဒီအဖြစ်အပျက်တွေကို ကျော်ဖြတ်နိုင်ကြပါ့မလား မိုနီကာနဲ့အဲ့ဒီအိမ်နဲ့ကရောဘယ်လိုတွေ ရေစက်ရှိနေတာလဲဆိုတာကို ကြည့်ရှုရမဲ့ Horror ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…989MB / 421MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 37m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Animation • TV Movie • Family
5.5 2023 97 mins
Insidious Inferno
Over Drive
5.8

Over Drive (2018) ဒီတစ်ခေါက်ကြည့်ရှုရမယ့် ဇာတ်ကားလေးကတော့ One Piece Live Action မှာ Zoro အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသားချောလေးရဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ 2018ခုနှစ်ကထွက်ရှိခဲ့ပြီး ဇာတ်ကားနာမည်ကတော့ Over Driveပဲဖြစ်ပါတယ်။ Hiyama Naozumi က ငယ်ရွယ်ပြီးအရည်အချင်းရှိတဲ့အပြင် ပြဿနာရှာတတ်တဲ့ ပြိုင်ကားမောင်းသူတစ်ယောက်ဖြစ်ပါတယ်။ Hiyama Atsuhiroကတော့ Spica Racing ကုမ္ပဏီရဲ့ ကားပြင်ဆရာတစ်ယောက်ဖြစ်ပြီး Naozumiရဲ့ အစ်ကိုတစ်ယောက်လည်းဖြစ်ပါတယ်။ သူတို့ညီအစ်ကိုနှစ်ယောက်ရဲ့ဆက်ဆံရေးက ကြီးလာတဲ့အခါမှဘာလို့ပြောင်းလဲသွားရတာလဲဆိုတာရယ် Seiko Cup Rally Seriesမှာ ချန်ပီယံဖြစ်ပြီး WRCကို ဝင်ရောက်နိုင်ဖို့အတွက် ညီအစ်ကိုနှစ်ယောက်လုံး ဘယ်လိုအခက်အခဲတွေကိုကျော်ဖြတ်ပြီး အနိုင်ရရှိအောင်ကြိုးစားကြမလဲဆိုတာကိုစောင့်ကြည့်ရင်း စိတ်လှုပ်ရှားစရာကောင်းတဲ့ကားပြိုင်ပွဲတွေကိုပါကြည့်နိုင်မှာမို့ စောင့်မျှော်ကြည့်ရှုပေးကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Khaing ပဲ ဖြစ်ပါတယ်။ Genre….. Action Quality…. 1080p | 720p File size… 2.2GB } 974MB Format… mp4 Duration…. 2h Subtitle…. Myanmar Subtitle (Hardsub) Translator ….. Khaing Encoder ….. Aaron

Comedy • Romance
5.8 2018 104 mins
Over Drive
The Thing
8.2

The Thing (1982) ~ IMDb – 8.2/10, Rotten Tomatoes – 85% ~ The Thing ကို အကောင်းဆုံးဂန္ထဝင်ဟော်ရာကားတွေထဲက တစ်ကားအဖြစ် စာရင်းသွင်းထားကြတယ်။ ဒီလိုသွင်းဖို့တန်အောင်လည်း The Thing ဟာ သူ့ခေတ်သူ့အခါအနေနဲ့ Practical Effect တွေရော ဇာတ်လမ်းရော အကုန်နီးပါးကောင်းခဲ့တဲ့ ဟော်ရာရုပ်ရှင်ဖြစ်ခဲ့တယ်။ ရိုက်တဲ့လူကလည်း John Carpenter… သူ့ကို ဟော်ရာရုပ်ရှင်တွေရဲ့ ဆရာတစ်ဆူလို့ သတ်မှတ်ကြတယ်။ သူ့ကို ခင်ဗျားတို့မသိရင်တောင် ဟော်ရာရုပ်ရှင်ဖန် မှန်ရင် ခင်ဗျားတို့ သူ့ကားတွေနဲ့ ဘယ်လိုမှမကင်းနိုင်ဘူး။ Halloween (1978), The Fog (1980), Escape from New York (1981) နဲ့ Starman (1984) စတဲ့ နာမည်ကျော်ကားတွေကို သူကိုယ်တိုင်ရိုက်ခဲ့တာပဲ။ သူက ဂီတနောက်ခံတေးသွားတွေ ဖန်တီးတဲ့သူလည်းဟုတ်တယ်။ ဟောလိုးဝင်းနောက်ထွက်ကားတွေမှာ သူဟာ ဂီတနောက်ခံတေးသွားဖန်တီးသူအဖြစ်ရော Executive Producer အဖြစ်ပါ ပြန်ပါဝင်လာခဲ့တယ်။ မနှစ်ကထွက်ခဲ့တဲ့ ဟောလိုးဝင်းကားအထိပေါ့။ ကာပန်တာဟာ ဘတ်ဂျက်နည်းနည်းနဲ့ အမြတ်အစွန်းများအောင် လုပ်နိုင်တဲ့ ရုပ်ရှင်ဖန်တီးသူတစ်ယောက်ပဲ။ သူရွေးထားတဲ့လိုင်းကလည်း ဟော်ရာဖြစ်နေသကိုး။ ဒါပေမဲ့ The Thing ကတော့ သူ့အတွက် ပြောင်းပြန်ဖြစ်ခဲ့တယ်။ ရှေ့က သူ့အောင်မြင်မှုတွေအားလုံးကို ရိုက်ချိုးခဲ့တဲ့ကားဖြစ်ခဲ့တယ်။ The Thing အတွက် သူဘတ်ဂျက်တော်တော်သုံးခဲ့ပေမဲ့ စိတ်ညစ်ဖို့ကောင်းလွန်းတာကြောင့် ပရိသတ်ကလည်း မကြိုက်ကြသလို သူနောက်ရိုက်ရမယ့်ကားတွေကိုပါ မရိုက်ရတော့တဲ့အထိ သက်ရောက်ခဲ့တယ်။ The Thing ဟာ သူ့ဘဝကို ဖျက်ခဲ့တဲ့ရုပ်ရှင်လို့တောင်ပြောရမယ်။ Worst Musical Score ဆုကိုပါ Razzie Awards မှာရလိုက်သေးတယ်။ ဒါပေမဲ့လည်း ခေတ်တစ်ခေတ်ကို ကျော်လွန်အပြီးမှာတော့ The Thing ကို ဟော်ရာရုပ်ရှင်တွေရဲ့ မိုင်တိုင်တစ်ခုအဖြစ်သတ်မှတ်လာကြသလို The Thing ဟာ ကလပ်စစ်တန်းဝင် ဟော်ရာကားတစ်ကားဖြစ်လာခဲ့တယ်။ The Thing ဟာ ဂျွန်ကာပန်တာရဲ့ အထင်ကရအဖြစ်ဆုံးကားလည်းဖြစ်လာခဲ့တယ်။ ဇာတ်လမ်းကတော့ အန္တာတိကတိုက်မှာ သုသေသနလုပ်ဖို့ သိပ္ပံပညာရှင်တစ်စု စခန်းချနေကြတာနဲ့ အစပျိုးထားတယ်။ တစ်နေ့မှာတော့ အနီးနားမှာရှိတဲ့ တခြားနိုင်ငံက သုသေသနစခန်းဖက်က ရဟတ်ယာဉ်တစ်စီး စက်သေနတ်ရမ်းရင်း သူတို့နားမှာ ပျက်ကျသွားတယ်။ အကြောင်းအရင်းကို စုံစမ်းဖို့နဲ့ အကူအညီလိုရင် ကူညီပေးဖို့အတွက် သူတို့တွေ အိမ်နီးချင်းစခန်းဆီကိုသွားတဲ့အခါမှာ အသက်ရှင်နေတဲ့ လူတွေကို မတွေ့ရတော့ဘူး။ အဲဒီစခန်းက အလောင်းတစ်လောင်းကို စစ်ဆေးကြည့်ဖို့ သူတို့စခန်းကိုပြန်သယ်လာပြီး စစ်ကြည့်နေတုန်းမှာ ထူးဆန်းတာတွေ တွေ့လာရပြီးတော့ သူတို့ရဲ့ ခွေးလှောင်အိမ်ထဲမှာ အမျိုးအမည်မသိ သတ္တဝါတစ်ကောင်ရောက်နေတာကို တွေ့လိုက်ရတဲ့ အချိန်မှာတော့… (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.65GB, 875MB Quality – 1080p, 720p IMDb Rating – 8.2/10 Format – mp4 Duration – 1H 49Min Genre – Horror, Mystery, Sci-Fi Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

8.2 1982
The Thing
Walk the Line
7.8

Walk the Line (2005) ~ IMDb – 7.8/10, Rotten Tomatoes – 82% ~ ကန်းထရီးအဆိုတော် ဂျွန်နီကတ်ရှ်ရဲ့ I Walk the Line သီချင်းဟာ ရိုးလင်းစတုန်းမဂ္ဂဇင်းရဲ့ သမိုင်းတစ်လျှောက်အကျော်ကြားဆုံးသီချင်းငါးရာ စာရင်းမှာ နံပါတ်၃၀ချိတ်ဖူးသလို ၂၀၁၄မှာ စာရင်းလုပ်ခဲ့တဲ့ အကောင်းဆုံးကန်းထရီးသီချင်းတစ်ရာစာရင်းမှာ နံပါတ်တစ်ချိတ်ခဲ့ဖူးတယ်။ ဂျွန်နီကတ်ရှ်ရဲ့တချို့အယ်လ်ဘမ်တွေဆိုရင်လည်း The Beatles တွေထက်တောင် ရောင်းအားကောင်းခဲ့ဖူးတယ်။ ခု Walk the Line ကတော့ သူ့ ဘိုင်အိုဂရပ်ဖီရုပ်ရှင်ပေါ့။ Walk the Line မှာ ဂျွန်နီကတ်ရှ်ပေါက်စနလေးဘဝကနေ ဘာမှပြစရာမရှိတော့တဲ့အထိ ဂျွန်နီကတ်ရှ်အကြောင်း အကုန်ပြထားတယ်။ ဂျွန်နီကတ်ရှ်ရဲ့ ဘိုင်အိုဖြစ်တဲ့ ဒီကားက ကြည့်ဖူးတဲ့ ဘိုင်အိုဂရပ်ဖီကားတွေထဲတော့ တော်တော်ဒရာမာများတဲ့ ရုပ်ရှင်လို့ပြောရမယ်။ ဘိုင်အိုကားလို့ကို ထင်စရာမရှိနေဘူး။ မရှိဆို James Mangold ရဲ့ အသက်သွင်းပုံကလည်း လှသကိုး။ ဂျိမ်းစ်မန်းဂိုးဒ်ရဲ့ သမိုင်းတစ်လျှောက် ဒီနှစ်ထွက်ခဲ့တဲ့ Indiana Jones and the Dial of Destiny တစ်ကားကလွဲ Cop Land ကနေ Ford v Ferrari အထိ ပယ်စရာကားမရှိဘူးဆိုတော့ သူ့တင်ဆက်ပုံ သိပ်ကောင်းတာတော့ ပြောစရာမလိုဘူး။ ဒီရုပ်ရှင်ကိုလည်း သူကိုယ်တိုင် ကတ်ရှ်ရဲ့ ဘိုင်အိုစာအုပ်နှစ်အုပ်ကနေ အချက်အလက်တွေယူပြီး သူ့ဘာသာဇာတ်ညွှန်းရေးခဲ့တာပဲ။ ဂျွန်နီကတ်ရှ်အကြောင်းကို သူက ဟိုးပေါက်စနလေးကတည်းကနေ ပြတာဆိုတော့ ကတ်ရှ်ရဲ့ ငယ်ဘဝထရော်မာတွေကနေ စသိရလိမ့်မယ်။ အာကန်ဆက်စ် ကျေးလက်ဘက်က မိသားစုတစ်ခုက အချစ်မခံခဲ့ရတဲ့ ကလေးတစ်ယောက်ရဲ့ဘဝကို မြင်ရလိမ့်မယ်။ ဒါလည်းလိုအပ်လို့ပါပဲ။ ခဏအတွင်းမှာပဲ ကတ်ရှ် စစ်မှုထမ်းခဲ့ရတဲ့ကာလတွေဆီ ရောက်သွားတယ်။ မန်းဂိုးဒ် ဒီလိုပြတာမှာ ကတ်ရှ်ရဲ့သီချင်းတွေ ဖြစ်လာတဲ့အချိန်တွေကို အသားပေးပြထားတယ်။ ကတ်ရှ်ဟာ သူကိုယ်တိုင်ရေး ကိုယ်တိုင်ဆိုတာများတဲ့ ကန်းထရီးအဆိုတော်ဆိုတော့ သူ့သီချင်းအားလုံးနီးပါးက သူ့ဘဝကို ထင်ဟပ်နေတယ်။ ဒီလို သူ့ဘဝကို ထင်ဟပ်နေတဲ့အကြောင်းလည်း ထည့်ပြောသွားတယ်။ တပ်ထဲကနေ ထွက်လာပြီးတဲ့နောက် မိန်းမယူထားပြီ။ ကတ်ရှ်မှာ သူရေးထားတဲ့သီချင်းတွေလည်းရှိနေပြီ… တီးဝိုင်းလေးဖွဲ့ပြီး သီချင်းဆိုဖို့လည်း ကြိုးစားနေပြီ။ သူ့အိပ်မက်နောက် သူလိုက်နေပြီပေါ့။ ဒါပေမဲ့ လက်တွေ့ဘဝမှာတော့ သူမအောင်မြင်ခဲ့ဘူး။ ဒီလိုနဲ့ သူ့တီးဝိုင်းရှိတဲ့မြို့လေးးကနေ သူပြောင်းရဖို့အကြောင်းဖန်လာတယ်။ ဒီမှာ ကတ်ရှ်က နောက်ဆုံးအခွင့်အရေးအနေနဲ့ Sun Records ကို သွားပြီး အော်ဒီးရှင်းဝင်ခဲ့တယ်။ ဒီ Sun Records က တော်တော်နာမည်ကြီးတယ်။ ပရက်စလေတို့ ဂျယ်ရီလီလူးဝစ်တို့နဲ့ အလုပ်လုပ်နေတဲ့ တေးသံသွင်းပေါ့။ ဒီလိုနဲ့ သူအဆိုတော်ဖြစ်ဖို့ လမ်းကြောင်းပေါ် စရောက်သွားရာကနေ သူ့သီချင်းကလည်း ဝက်ဝက်ကွဲ အောင်မြင်သွားခဲ့တယ်။ ဒီတော့ သူနယ်လှည့်ပွဲတွေမှာ လိုက်ဆိုတာတွေတော်တော်လုပ်လာရတယ်။ ဒီမှာ သူ June Carter နဲ့ စတွေ့တယ်။ June က မျိုးနဲ့ရိုးနဲ့ အနုပညာမျိုးရိုးက ဆင်းသက်လာတဲ့သူဖြစ်သလို ဆွဲဆောင်မှုလည်း‌တော်တော်ရှိတော့ ကတ်ရှ်က သဘောကျသွားတယ်။ ဒီနောက် သူငယ်ချင်းတွေဖြစ်လာရင်း ချစ်မိသွားတယ်။ တခြား ဂီတသမားတွေအကြောင်း ရိုက်ပြထားတဲ့ ဘိုင်အိုတွေနဲ့မတူမှာက ဒီထဲ ကတ်ရှ်ရဲ့ နယ်လှည့်ပွဲတွေကို ပြတဲ့အချိန် သူနဲ့အတူတူတွဲဖက် သီဆိုရတဲ့ တခြားနာမည်ကျော်ဂီတသမားတွေကိုလည်း ပြတယ်။ သူတို့နဲ့ကတ်ရှ်ကြားက ခင်မင်မှုတွေ။ အကုန်ပေါင်းပြီး ဗရုတ်ကျကြတာတွေကိုပြတယ်။ တော်တော်လေးကြည့်လို့ကောင်းတယ်။ အဲဒီလိုအပေါင်းအသင်းကောင်းရင်း နာမည်ကြီးလာရင်းနဲ့ပဲ ကတ်ရှ်က မူးယစ်ဆေးပြဿနာလည်းရှိလာတယ်။ လုပ်ချင်တာတွေလည်း အကုန်လျှောက်လုပ်လာတယ်။ ဒီမှာကတ်ရှ်ရဲ့အကျပိုင်း စရောက်လာတာပဲ။ June ကလည်း နောက်အိမ်ထောင်တစ်ဆက်ပြောင်းသွားပြန်တော့ ကတ်ရှ်လည်းကြေကွဲပြီး လုပ်မိလုပ်ရာတွေ လျှောက်လုပ်ရာကနေ သူ့အိမ်ထောင်ပြိုကွဲတဲ့အထိပါဖြစ်လာတယ်။ ဒီလိုနဲ့ ဆေးသုံးတာပါမိပြီး ခြူးတစ်ပြားမှမရှိတော့တဲ့ ဘဝအထိပါရောက်တယ်။ သဘောကျစရာကောင်းတာက ဒီမှာ ကတ်ရှ်က တဇောက်ကန်းလုပ်ချင်တာလုပ်တဲ့ကောင်ဆို‌တော့ တစ်ပြားမှမရှိ စီးစရာကားတောင်မရှိတော့တာတောင် တစ်မျှော်တခေါ်ဆီက June အိမ်ကို လမ်းလျှောက်ပြီး ရောက်အောင်သွားခဲ့တယ်။ တကယ့်ကို ကမှူးရှုးထိုးလုပ်ချင်တာလုပ်တဲ့လူပေါ့။ အဲဒီလိုလူနေရာမှာ Joaquin Phoenix က ပိုင်ပိုင်နိုင်နိုင်ကြီး သရုပ်ဆောင်နိုင်ခဲ့တယ်။ တော်တော်လည်းကြိုးစားခဲ့ပါတယ်။ ကတ်ရှ်သီချင်းတွေကို သူဆိုတဲ့ပုံက ကတ်ရှ်ရဲ့ဟန်နဲ့ ထပ်တူညီအောင်ဆိုနိုင်ခဲ့တယ်။ June နဲ့ ကတ်ရှ် အတူတူဖျော်ဖြေတဲ့ပွဲတွေမှာ June ကိုကြည့်တဲ့ Joaquin ရဲ့အကြည့်တွေက တော်တော်လေး အသက်ဝင်ခဲ့သလို သူနဲ့ June နေရာမှာ သရုပ်ဆောင်တဲ့ Reese Witherspoon တို့ စုံတွဲသီချင်းတွေဆိုတဲ့အခန်းတွေဆိုလည်း မူရင်းဗီဒီယိုထက်တောင် ဆွဲဆောင်မှုတော်တော်လေးပိုရှိနေတယ်။ အသံတွေအထိပါ သေချာလေ့ကျင့်ခဲ့ကြတယ်။ ဒီလိုသရုပ်ဆောင်ကောင်းကြလို့ပဲ နှစ်ယောက်စလုံး အော်စကာတွေရော ရွှေကမ္ဘာလုံးတွေရော ဆန်ခါတင်ဝင်ပြီး Joaquin က ရွှေကမ္ဘာလုံး၊ Witherspoon က အော်စကာ စသဖြင့် သရုပ်ဆောင်ဆုတွေ အသီးသီးရခဲ့ကြတယ်။ ဇာတ်ကားကလည်း Golden Globe Award for Best Motion Picture ရခဲ့သလို Best Actress, Best Actor, Best Sound, Best Costume Design နဲ့ Best Film Editing စတာတွေမှာ အော်စကာဆန်ခါတင်ဝင်ခဲ့တယ်။ ဘိုင်အိုဂရပ်ဖီကားလို့ မထင်ရလောက်အောင်လည်း ကားက ဆွဲဆောင်မှုရှိနေပြီး ဒရာမာခန်းတွေမှာလည်း ဖီလင်အပြည့်ရတော့ ဒီလောက်တော့ဖြစ်သင့်တာပါပဲ။ နောင်ဆယ်နှစ်အကြာမှာထွက်လာတဲ့ Straight Outta Compton မတိုင်ခင်အထိ Music Biopic တွေထဲ ရုံဝင်ငွေအကောင်းဆုံး ရုပ်ရှင်လည်းဖြစ်ခဲ့ပါတယ်။ မန်းဂိုးဒ် ဒီလိုရိုက်ပြနိုင်လောက်အောင်လည်း ဂျွန်နီကတ်ရှ်ဟာ သီချင်းတွေတင် ဇာတ်နာတာမဟုတ်ဘဲ ဘဝပါဇာတ်နာခဲ့တဲ့ အတက်အကျတွေ မထင်မှတ်ထားတာတွေအပြည့်နဲ့ ဘဝမျိုးရှိခဲ့တာကိုး။ ဂျွန်နီကတ်ရှ်ဟာ ထင်ရာအကုန်စိုင်းပြီး လုပ်ချင်တာလုပ်ခဲ့တဲ့သူဟုတ်သလို သူ့ဘဝနဲ့ရင်းပြီးကို သူ့အချစ်ကို ချစ်ခဲ့တဲ့သူလည်းဟုတ်တယ်။ June ကိုပဲ သူသေသည်အထိချစ်သွားခဲ့တယ်။ June မရှိတော့တဲ့နောက်လည်း သူ့နောက်လိုက်သွားခဲ့တယ်။ Walk the Line ဟာ သူ့ခံစားချက်တွေအကြောင်း သူဆိုတဲ့ ဂျွန်နီကတ်ရှ်ရဲ့ ဘဝကို ထပ်ဟပ်နေတဲ့သီချင်းတွေနဲ့ ဂျွန်နီကတ်ရှ်ရဲ့ဘဝကို တွဲဖက်ခံစားရစေမယ့် ရုပ်ရှင်တစ်ကားပေါ့။ သီချင်းတွေကလည်း နားဝင်လွယ်တဲ့ ကန်းထရီးသီချင်းတွေဆိုတော့ သူ့သီချင်းတွေ နားမထောင်ဖူးတောင် ကြည့်ရင်းနားထောင်ရင်း အကြိုက်တွေ့သွားကြမှာပါပဲ။ ဂျွန်နီကတ်ရှ်ရဲ့အကြောင်းဟာ လူကောင်းတစ်ယောက်အကြောင်းမဟုတ်သလို လူယုတ်မာတစ်ယောက်အကြောင်းလည်း မဟုတ်ပါဘူး။ ဂျွန်နီကတ်ရှ်အကြောင်းဟာ သူချစ်ချင်တာကိုချစ်ပြီး သူလုပ်ချင်တာကို လျှောက်လုပ်နေတဲ့ အနုပညာသမားတစ်ယောက်အကြောင်းပါပဲ။ ” I wear this crown of thorns Upon my liar’s chair Full of broken thoughts I cannot repair… “ ~ Hurt by Johnny Cash (1932 – 2003) (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3.3GB, 1.25GB Quality – 1080p, 720p IMDb Rating – 7.8/10 Format – mp4 Duration – 2H 16Min Genre – Biography, Drama, Music Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Romance
7.8 2005 136 mins
Walk the Line
A Guide to Recognizing Your Saints
6.9

ဒီတစ်ခါ ဇာတ်ကားဟောင်းပေမယ့် ကောင်းနေဆဲဖြစ်တဲ့ အမေရိကန်ဒရာမာဇာတ်ကား တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားက ဒါရိုက်တာ ဒီတိုမွန်တီရယ် ကိုယ်တိုင်ရဲ့ ဘဝအတွေ့အကြုံ မှတ်တမ်းက သူ့ရဲ့ငယ်စဉ်ဘဝကို ဇောင်းပေး မှီငြမ်း ရိုက်ကူးထားတာပါ။ ဒီရုပ်ရှင်ကား ထွက်ရှိခဲ့တဲ့ ၂၀၀၆ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာ ဇာတ်ကားဆု၊ ဇာတ်ပို့ဆုတွေ ၈ခုထိရခဲ့ပြီး nomination ၉ခုရတဲ့အထိ အောင်မြင်ခဲ့တဲ့ ဇာတ်ကား တစ်ကား ဖြစ်ပါတယ်။ ပါဝင်တဲ့ သရုပ်ဆောင်တွေကတော့ နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ Robert Downey Jr.၊ Channing Tatum နဲ့ Shia Labeouf တို့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းက ဒီတိုက လက်ရှိအချိန်မှာ အယ်လ်အေမှာ အောင်မြင်တဲ့ စာရေးဆရာ တစ်ယောက်အဖြစ်နဲ့ အစပျိုး ထားပါတယ်။ သူ့ရဲ မိခင် ဖလော်ရီနဲ့ ငယ်သူငယ်ချင်း နာ့ဖ်တို့ဆီက ဖုန်းဆက်တိုက်တွန်းမှုတွေကြောင့် သူစွန့်ခွာခဲ့တဲ့ ငယ်စဉ်နေရပ် နယူးယောက် အော်စတိုရီယား ကို နေမကောင်း ဖြစ်နေတဲ့ ဖခင်ကို ဆေးရုံတက်ရန် ဖျောင်းဖျဖို့ ပြန်လာခဲ့ပါတယ် ဇာတ်အိမ်တလျှောက် ၁၉၈၀ ဝန်းကျင် ဒီတို ငယ်စဉ်ဘဝ ကြုံဆုံခဲ့ရတဲ့ ဖြစ်ရပ်တွေနဲ့ လက်ရှိအချိန် ၂၀၀၅ ဝန်းကျင်ကို တစ်လှည့်စီ ပြသတာကို ခံစားကြည့်ရှုရမှာ ဖြစ်ပါတယ်။ Shia Labeouf ရဲ့ ငယ်ဇာတ်ရုပ်ကိုသာမက Channing Tatum ရဲ့ သူနဲ့ လိုက်ဖက်လှတဲ့ မိုက်ရူးရဲ ဂျစ်ကန်ကန် သရုပ်ဆောင်ချက် တွေကိုလည်း တွေ့မြင်ရမှာပါ။ File size…1.78GB / 895MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 40m Genre ….. Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

6.9 2006 104 mins
A Guide to Recognizing Your Saints
Suicide Island
5.8

လူတွေက ရောဂါကပ်ဘေးတွေကိုသဘာဝကပ်ဘေးလို့ထင်ကြပေမယ့် တကယ်တော့ ဒီထူးဆန်းတဲ့ရောဂါပိုးတွေဟာ သိပ္ပံပညာရှင်တွေရဲ့သုတေသနတွေကနေဖြစ်လာတာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ထူးဆန်းတဲ့ရောဂါပိုးကြောင့် ရုတ်တရက်မျိုးရိုးဗီဇပြောင်းသွားပြီ သာမန်လူထပ်အစွမ်းတွေပိုရှိသွားတဲ့ လူတစ်ယောက်အကြောင်းကိုရိုက်ထားတာဖြစ်ပါတယ်။ သူဟာသူ့ကိုယ်သူပြန်လည်ကုသနိုင်စွမ်းရှိတဲ့အတွက် သေခါနီးသန်းကြွယ်သူဌေးကြီးတစ်ယောက်က သူ့ရောဂါကိုကုသဖို့အတွက် ဒီမျိုးရိုးဗီဇပြောင်းလူသားကိုရှာပြီး ဆေးဖော်ဖို့ကြိုးစားတာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာရိုက်ပြချင်တာတွေများပြီး အလယ်ပိုင်းမှာရှုပ်ထွေးပေမယ့် နောက်ဆုံးကျရင်တော့အားလုံးကိုရှင်းရှင်းလင်းလင်း ပြန်ချပြနိုင်တဲ့အတွက် မဆိုးလှတဲ့ဇာတ်လမ်းတစ်ခုလို့ပြောလို့ရပါတယ်။

5.8 2024
Suicide Island
Thirteen

IMDb rating- 6.8/10 Award – 14wins & 49nominations ဒီကားလေးကတော့ နာမည်အတိုင်းပဲ ၁၃နှစ်အရွယ် ကောင်မလေးနှစ်ယောက်အကြောင်းကိုရိုက်ထားတဲ့ ဒရာမာကားလေးပါ။ မြီးကောင်ပေါက်အရွယ်တွေက သစ်ရွက်လှုပ်ရင်တောင် စိတ်လှုပ်ရှားတတ်တဲ့အရွယ်တွေဖြစ်ပြီး မိုက်ရူးရဲဆန်တတ်ကြတဲ့အရွယ်ပါ။ ထရေစီက အစတုန်းတော့ စာတော်ပြီးလိမ္မာတဲ့ကျောင်းသူတစ်ယောက်ဖြစ်ပြီး မိခင်ဖြစ်သူနဲ့အတူနေတာပါ။ ကျောင်းမှာ အီဗီဇိုမိုရာဆိုတဲ့ကောင်မလေးတစ်ယောက်နဲ့ပေါင်းမိပြီး နောက်မှာတော့ အလစ်သုတ်တာ ခိုးတာ ဆေးသုံးတာနဲ့ လိင်ကိစ္စတွေကိုပါ အစုံလုပ်လာခဲ့ပါတယ်။ ဒီကားလေးက လက်တွေ့ဆန်ပြီး တချို့ဇာတ်၀င်ခန်းတွေက တော်တော်disturbing ဖြစ်ပါတယ်။ သရုပ်ဆောင်နှစ်ယောက်ကလည်း အဲဒီအချိန်မှာ ၁၄နှစ်သာရှိကြပါသေးတယ်။ ပြီးတော့ အီဗီအဖြစ်သရုပ်ဆောင်တဲ့ Nikki Reedက ဒီကားဇာတ်ညွှန်းကို co-writerအဖြစ် ပါ၀င်ရေးသားထားပြီး သူ့ဘ၀တစ်စိတ်တစ်ပိုင်းကိုထည့်ရေးသားထားတာပါတဲ့။ ဆုတွေလည်းအများကြီးရထားတဲ့အပြင် အော်စကာဆုတစ်ဆုအတွက်လည်း ဆန်ခါတင်၀င်ထားပါသေးတယ်။ (ကြမ်းတမ်းတဲ့အသုံးအနှုန်းတွေနဲ့ကိုယ်လုံးတီးဇာတ်၀င်ခန်းအချို့ကြောင့် Rated-Rအမျိုးအစားဖြစ်ပါတယ်။) File size…(2.6 GB)/(1.5 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre… Drama, Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Soe Thiri Nwe

Drama
0 2003
Thirteen
A Dangerous Method
6.4

ဒီဇာတ်ကားကတော့ စိတ်ပညာရပ်နယ်ပယ်မှာ ဖခင်ကြီးတစ်ဖြစ်တဲ့ အော်စတြီးရန်းနိုင်ငံသာ ဂျူးလူမျိုး အာရုံကြောပါရဂူ ဆစ်ဂ်မန်ဖရွိုက်ဒ်နဲ့ ကားလ်ဂျန်ဆိုတဲ့ စိတ်ကုထုံးကညာရှင်တစ်ဦးရဲ့အကြောင်းကို အသားပေးရိုက်ကူးထားတဲ့ Biography Drama ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဒေါက်တာကားလ်ဂျန်ဟာ စိတ်ဖောက်နေတဲ့ ရုရှားသူ ဆဘရီနာရှပီရွိုင်းဆိုသူကို လူနာအဖြစ် လက်ခံကုသပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူ့ကိုကုသရမှာ သူတို့ခေတ်အခါက ကုထုံးတွေ နည်းလမ်းတွေကိုသုံးပြီး စိတ်ကိုစိစစ်ကုသပေးခဲ့ပါတယ်။ သို့ပေမဲ့လည်း သူတစ်ဦးတည်းကုသဖို့ အဆင်မပြေတဲ့အခါ ပရော်ဖက်ဆာဖရွိုက်ဒ်နဲ့ တွေ့ဆုံပြီး နည်းလမ်းအသစ်တွေရှာဖို့ကြိုးစားပါတော့တယ်။ ဇာတ်လမ်းကတော့ ပညာရပ်ပိုင်းဆိုင်ရာဇာတ်ကားဖြစ်တဲ့အတွက် ခက်ခဲနက်နဲပြီး တွေးရတာကြိုက်တဲ့သူတွေအတွက် အဆင်ပြေမယ့်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇတ်ကားက ဒိတ်ဒိတ်ကြဲဆရာကြီးတွေရဲ့ စကားဝိုင်းတွေ အတွေးအခေါ်တွေအပေါ်ကို အခြေခံရိုက်ကူးထားတာဖြစ်လို့ သာမန်လူတစ်ယောက်အနေနဲ့ကြည့်မယ်ဆိုရင် လိုက်မီဖို့ ခက်ခဲနိုင်ပါတယ်။ ဒါပေမဲ့ သင်က လက်ရှိခေတ်စိတ်ပညာရပ်ပိုင်းဆိုင်ရာရဲ့ သမိုင်းကြောင်း မြစ်ဖျားခံရာကို လေ့လာလိုသူဆိုရင်တော့ ဒီဇာတ်ကားက သင့်အတွက်ပါပဲ။ File Size : 1.9 GB, 728 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 39min Format : Mp4 Genre : Biography, Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by : Vader ft Riley Encode by : Thit San Khant

Drama • Romance
6.4 2011
A Dangerous Method
Canola
7.4

Canola (2016) *************** IMDb… 7.4 CM ပရိသတ်ကြီးတို့အတွက် ဒီတစ်ခေါက်မှာတော့ မြေးအဘွားသံယောဇဥ်ကို လှလှပပလေး ဖော်ကျူးထားတဲ့ ဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မင်းသမီးကြီး Youn Yuh-jung နဲ့ Kim Go-eun တို့ အဓိကပါဝင်ထားတဲ့ ကားမို့ ကြည့်ကို ကြည့်ရမဲ့ဇာတ်လမ်းလေးဆိုတာတော့ အသေအချာပါပဲ။ ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ ဂျယ်ဂျူကျွန်းမှာ ရေငုပ်သမအဖြစ် အသက်မွေးဝမ်းကြောင်းပြုနေတဲ့ အဘွားဂယ်ချွန်းဟာ မိဘတွေမရှိတော့တဲ့ သူ့မြေးမလေးဟယ်ဂျီကို တုန်နေအောင်ချစ်ရှာပါတယ်။ တစ်ကောင်ကြွက်ကလေးမို့ မရှိရှိတာ အကုန်ဖြည့်ဆည်းပေးရင်း တစ်နေ့မှာတော့ ကံဆိုးစွာနဲ့ ဟယ်ဂျီတစ်ယောက် ပျောက်ဆုံးသွားပါတော့တယ်။ သိပ်ချစ်ရတဲ့ မြေးမလေးဟယ်ဂျီပြန်အလာကို နှစ်ပေါင်း၂၀ကျော်ကြာအောင် အထီးကျန်စွာ စောင့်ဆိုင်းရင်း ဟယ်ဂျီပြန်ရောက်လာတဲ့အချိန်မှာတော့ အဘွားဂယ်ချွန်းရဲ့ဘဝဟာ အရင်လိုပြန်လည်စိုပြေလာခဲ့တာပေါ့။ ဒါပေမဲ့ ဟယ်ဂျီအဖြစ်ရောက်လာတဲ့ ကလေးမဟာ အဘွားဂယ်ချွန်းမျှော်နေခဲ့တဲ့ မြေးမလေး မဟုတ်မှန်း သိလိုက်ရတဲ့အချိန်မှာတော့ အဘွားရဲ့ဘဝဟာ ကံဆိုးမိုးမှောင်ကျသွားပါတော့တယ်။ ဒါဆို ဟယ်ဂျီအဖြစ်ဟန်ဆောင်ပြီးရောက်လာတဲ့ ကလေးမက ဘယ်သူဖြစ်မလဲ.. ဘာလို့ဟန်ဆောင်ပြီးရောက်လာရတာလဲ… မြေးအတုနဲ့ အဘွားဂယ်ချွန်းကြား ဘာတွေဆက်ဖြစ်မလဲဆိုတာကို စိတ်ဝင်စားစွာနဲ့ ရင်သပ်လှိုက်မောဖွယ် ကြည့်ရှုသွားရမှာပဲဖြစ်ပါတယ်။ ကောင်းမွန်တဲ့ဇာတ်လမ်းဇာတ်ကွက်တွေအပြင် ရိုက်ကူးပုံရှုခင်းတွေကအစ အင်မတန်လှတာမို့ ကြည့်မိလို့ နောင်တမရမယ့်ကားလေးဖြစ်ကြောင်း ညွှန်းဆိုပေးချင်ပါတယ်နော်။ (ဇာတ်လမ်းအကျဉ်းကို Hsu Pyae မှ ရေးသားပေးထားပါတယ်။) File size… 2.00GB/ 830MB Quality…WEB-DL 1080p 5.1 CH / 720p Format…mp4 Duration….1h 57m Genre ….. Drama, Melodrama Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Hsu Pyae

7.4 2016
Canola