YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

The Veil 2024 S01E04 Declassified 720p.(CM).mp4

342.21 MB 720p video/mp4 48 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Out of the Furnace
6.6

ကျရာဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်နိုင်တဲ့ ဘတ်မန်းမင်းသားကြီး Christian Bale ကိုဒီဇာတ်ကားမှာ အမေရိကန် စက်ရုံအလုပ်သမား အောက်ခြေလူတန်းစားတယောက်အဖြစ် မြင်တွေ့ရမှာပါ။ ထပ်မံပြီးတော့ Manchester by the sea မင်းသား Casey Affleck နဲ့ Avatar မင်းသမီး Zoe Saldaña တို့လဲ ပါဝင်ထားတာမို့ သရုပ်ဆောင် အင်အားကောင်းကောင်းနဲ့ မှုခင်းဒရာမာ ဇာတ်လမ်းကောင်းလေးပါ။ နယ်မြို့လေးက စတီးစက်ရုံ အလုပ်သမားလေး ရပ်ဆဲလ်ဗေ့ဇ် (Christian bale) ဟာသာမန်ဘဝလေးတခုမှာ ရိုးရှင်းစွာနေထိုင်ဖို့ ကြိုးစားရင်း မထင်မှတ်ဘဲ ကားတိုက်မှုဖြစ်လို့ ထောင်ကျသွားခဲ့တယ်။ အဲ့ကနေစလို့ ဘဝတခုလုံး ကံဆိုးမိုးမှောင်ကျတော့တာပါဘဲ။ ဖခင်လဲဆုံး ချစ်သူကမုန်း နဲ့ တဦးတည်းသော ညီလေးကလဲ လောင်းကစားကြွေးပိပြီး ကြေးစားလက်ဝှေ့ထိုးရင်း လူဆိုးဂိုဏ်းတခုကအပြန် ပျောက်ချင်းမလှ ပျောက်သွားသောအခါ ညီလေးကိုလိုက်ရှာမယ့် အကိုကြီးအဖြစ် ဘတ်မန်း မင်းသားကြီး ဘေးလ်ကို စော်ပစ်ခံရတဲ့ဘဝသမားလေးအဖြစ် တကားလုံး ဆွေးဆွေးမြေ့မြေ့လေးမြင်ရမှာပါ။ File size…1.86GB / 647MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 56m Genre .....  Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Chit Min Thu

Drama • Romance • Thriller
6.6 2013 116 mins
Out of the Furnace
Hello, Goodbye, and Everything in Between
6.3

IDMb 4.7 ရထားတဲ့ လူငယ်အချစ်ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးပါ့မယ်။ Aidan နဲ့ Claire က အထက်တန်းကျောင်းမှာဆုံခဲ့ကြတဲ့ လူငယ်စုံတွဲလေးပါ။ Claire ကတော့ သူ့မိဘတွေလို ဘယ်တော့မှလိုက်မလုပ်ဘူးဆိုပြီး အနာဂတ်ရည်မှန်းချက်တွေ ကြိုစီစဉ်ထားတဲ့ ကောင်မလေးပါ။ Aidan နဲ့တွဲတော့လည်း အထက်တန်းကျောင်းပြီးရင် လမ်းခွဲပြီး ကိုယ့်လမ်းကိုယ်ဆက်လျှောက်ကြမယ်လို့ သဘောတူထားတာပါ။ ဒီလိုနဲ့ အထက်တန်းကျောင်းပြီးသွားတဲ့အခါမှာတော့ လမ်းခွဲနှုတ်ဆက်ဖို့ Aidan က Claire အတွက် ထူးခြားတဲ့ဒိတ်လေးဖြစ်အောင် စီစဉ်ပေးတာပေါ့။ ဘဝဆိုတာ တစ်ခါတလေကျတော့ ကြိုစီစဉ်ထားတဲ့အတိုင်း ဖြစ်ချင်မှဖြစ်တာလေ။ လမ်းခွဲဖို့ ကြိုသဘောတူထားကြပေမယ့် တကယ်တမ်းကြုံလာတဲ့အခါမှာတော့ ထင်သလောက်မလွယ်မှန်း သိလာတဲ့အခါ ..... သူတို့နှစ်ယောက် ပြန်တွဲကြမှာလား? နှုတ်ဆက်သွားကြမှာလားဆိုတာ ဒီဇာတ်လမ်းလေးထဲမှာ ဆက်ပြီးကြည့်သွားဖို့ တိုက်တွန်းချင်ပါတယ်။ မင်းသားရောမင်းသမီးရော ချစ်စရာလေးတွေဖြစ်တဲ့အပြင် လူငယ်ဆန်ဆန်အချစ်ဇာတ်လမ်းလေးမို့ ပေါ့ပေါ့ပါးပါးကြည့်ရှုရမှာပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။ Genre.....Comedy, Drama, Romance Quality…. 1080p | 720p | 480p File size…1GB| 604MB | 201MB Format… mp4 Duration….1h  22min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Moh Moh Encoder ..... August

Documentary • History
6.3 2022 83 mins
Hello, Goodbye, and Everything in Between
Scooby-Doo on Zombie Island
7.7

Scooby-Doo on Zombie Island (1998) ~ IMDb - 7.7/10, Rotten Tomatoes - 88% ~ 2019 က ထွက်ခဲ့တဲ့ Return to Zombie Island ရဲ့ပထမပိုင်း 1998 က လက်ရာဟောင်းတစ်ခုပါ။ နောက်ပိုင်းလက်ရာထက်တော့ နည်းနည်းခေတ်ဟောင်းဆန်ပေမဲ့ ဒီအပိုင်းထဲက ဖုတ်ကောင်တွေက သူတို့အမြဲဖြေရှင်းခဲ့သလို မျက်နှာဖုံးစွပ်နဲ့ လူဆိုးတွေမဟုတ်ဘဲ တကယ့် ဖုတ်ကောင်အစစ်တွေပါ။ ဒီလောက်ဆို စိတ်၀င်စားစရာကောင်းနေပါပြီ။ ~ ဇာတ်လမ်းအကျဉ်း ~ စကူဘီတို့ အဖွဲ့သားတွေဟာ လျှို့ဝှက်ဆန်းကြယ်မှုတွေ ‌ဖြေရှင်းတိုင်း နောက်ဆုံးမှာ လူတွေအယောင်ဆောင်တာပဲ ဖြစ်နေတဲ့အတွက် ငြီးငွေ့လာကြပြီး ကိုယ်စီ လမ်းခွဲလို့ အဆင်ပြေရာအလုပ်တွေ ခွဲလုပ်ကြပါတယ်။ ဒက်ဖနီက သူ့ကိုယ်ပိုင် တီဗီရှိုးမှာ ခြောက်လှန့်တတ်တဲ့နေရာတွေအကြောင်း ရိုက်ကူးတင်ဆက်ရာကနေ Season 2 အတွက် နေရာရှာတာက ဇာတ်လမ်းစပါတယ်။ ဒီတစ်ခါမှာတော့ တကယ်သရဲအစစ်ခြောက်တဲ့နေရာကို လိုချင်တာပါ။ ဒီလိုနဲ့ သရဲခြောက်တဲ့နေရာတွေ ရှိတယ်လို့နာမည်ကြီးတဲ့ လူဝီဆီယာနာကို သူ့အဖွဲ့သားတွေပါ ခေါ်ပြီး ခရီးထွက်ခဲ့ပါတယ်။ လမ်းမှာနားတုန်း လီနာဆိုတဲ့ မိန်းကလေးနဲ့ ဆုံပြီး သူအလုပ်လုပ်တဲ့အိမ်ကြီးမှာ တကယ့်သရဲတွေရှိတယ်ဆိုပြီး ဖိတ်ခေါ်တဲ့အတွက် စကူဘီဒူးတို့အဖွဲ့ လိုက်သွားပါတော့တယ်။ ရေကန်ကြီး တစ်ဖက်ခြမ်းက အိမ်ကြီးမှာ ဘယ်လိုအကြောင်းကြောင့် သရဲတွေရှိနေတာလဲ... နောက်ထပ် ဘယ်လိုဆန်းကြယ်မှုတွေ ရင်ဆိုင်ရဦးမလဲ... ဆိုတာ အားပေးလို့ရပါပြီ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.65GB, 665MB Quality - 1080p, 720p IMDb Rating - 7.7/10 Format - mp4 Duration - 1H 17Min Genre - Adventure, Animation, Comedy Subtitle - Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

Crime • Drama • Mystery
7.7 1998 77 mins
Scooby-Doo on Zombie Island
Still Walking
7.9

Still Walking (2008) =============== Directed By Hirokazu Koreeda IMDb Rating – 7.9/10 ဇာတ်အဖွင့်မှာ Koreedaဟာ မိသားစုတစ်စုရဲ့ သေသူ၊ ရှင်ကျန်သူတွေ ပြန်ဆုံစည်းကြတဲ့ နေ့တစ်နေ့ကို ခေါ်သွားတယ်။ နှစ်ပေါင်းများစွာ မပျက် မကွက် လမ်းလျှောက်နေတဲ့ လူတစ်ယောက်ဆီခေါ်သွားတယ်။ အဲဒီမိသားစုက လူတစ်ယောက်ချင်းစီရဲ့ စိတ်ထဲကို ခေါ်သွားတယ်။ သူတို့မိသားစုရဲ့မရှိတော့တဲ့ သူတို့အတွက်အဖိုးအတန်ဆုံး တစ်ယောက်ဆီ ခေါ်သွားတယ်။ သူတို့ရဲ့ဆန္ဒ တွေဆီ ခေါ်သွားတယ်။ ဒီလိုနဲ့နောက်တစ်နေ့ မိုးလင်းသွားတယ်။ တစ်ချို့ဆန္ဒ တွေက ဘယ်တော့မှမဖြစ်လာခဲ့ကြသလို တစ်ချို့က ဒီလမ်းကို ဆက်မလျှောက် နိုင်ကြတော့ဘူး။ ဒါပေမဲ့ ကျန်နေခဲ့သူတို့ကတော့ ဆက်လျှောက်နေရတုန်း။ Koreedaဟာ ကျွန်တော်တို့ကို ဒီမိသားစုက လူတစ်ယောက်ချင်းစီရဲ့ စိတ်အနေ အတိတ်တွေကို ပြတော့ပြတယ်။ ဒါပေမဲ့ ပေါ်လွင်အောင်တော့ မပြပါဘူး။ စကားတစ်ခွန်းနဲ့ အဲဒီစကားနောက်မှာ ဖြစ်သွားတဲ့ ဇာတ်ကောင်ရဲ့ အမူအရာနဲ့ကို ချိတ်ဆက်ပြီး ပြသွားတယ်။ Koreedaရဲ့ Still walkingဟာ ဟဲမင်းဝေးရဲ့ ရေခဲတုံးကြီးလိုပါပဲ။ Koreedaဟာ ကျွန်တော်တို့ကို သူပြချင်တဲ့အကြောင်းအရာကို ရိုးရိုးရှင်းရှင်းနဲ့ ရေခဲတုံးကြီးရဲ့ ပေါ်နေတဲ့အစွန်းကလေးကိုပဲ ရိုက်ပြသွားပေမဲ့ ကြည့်ရှုသူကိုတော့ အောက်က ရေခဲတုံးကြီးတစ်ခုလုံးကို ကိုယ်အသိနဲ့ကိုယ် ခံစားလို့ရအောင် ပြသသွားတယ်။ မရစရာလည်းမရှိပါဘူး။ ဇာတိ ဇရာ ဗျာဓိ မရဏ နဲ့ မကင်းတဲ့သူတွေပဲမို့လား။ Still Walkingဟာ တော်တော်ရိုးရှင်းပါတယ်။ သူ့ဇာတ်အိမ်ရဲ့ အချိန်ကလည်း တစ်နေ့အတိပဲ။ ‌သူ့နာမည်ကိုဖတ်ရင် ဒီဇာတ်အိမ် ဘယ်လိုလာမှာလဲ တွေးမိ ကောင်းတွေးမိလိမ့်မယ်။ ဒါပေမဲ့ Still Walkingက ဒီအတွေးအတိုင်း သိသာ မြင်သာစွာကြီး ပုံဖော်မသွားဘူး။ အစမှာ အိမ်ပြန်ရောက်ရတဲ့ အရသာမျိူးတောင် ရတယ်။ သူ့ခေါင်းစဉ်နဲ့ သူ့ဇာတ်ကို ချိတ်သွားပေးတဲ့အရာက ဂျိမ်းဂျွိုက်ပြောဖူးတဲ့ လင်းပွင့်မှု(Epiphany)လို့ခေါ်တဲ့ စိတ်သန္တာန်မှာ ရုတ်တရုတ် တစ်စုံတရာကို လင်းပွင့်သိရှိလိုက်မှုတစ်ခုနဲ့ပါပဲ။ ချစ်သောနေ့တွေ ချစ်သောလူတွေ ချစ်သောအရာတွေ ဒီလိုပဲ လွင့်ပြယ်သွားတယ်။ ကျွန်တော်တို့ကတော့ ဆက်လျှောက်နေရဦးမယ်။ စာကြွင်း – Koreedaဟာ 2000ခုနှစ်နောက်ပိုင်း အော်စကာဆန်ခါတင်၀င်ခဲ့တဲ့ ဂျပန်ရုပ်ရှင် ၃ကားထဲက တစ်ကားဖြစ်တဲ့ shopliftersရဲ့ ဒါရိုက်တာဖြစ်ပြီး Like Father Like son, Nobody Knows, After The Storm, Still Walking, Our Little sisterစတဲ့ ဂျပန်လူနေမှုဘ၀ ဂျပန်မိသားစုနဲ့ ဘ၀တွေကို ထင်ဟပ်တဲ့ မာစတာပိစ်ကားတွေ မနည်းရိုက်ကူးထားတဲ့သူပါ။ ဒီနှစ်လည်း ဆောင်းကန်ဟို၊ ဘဲ့ဒိုနာ၊ IUတို့နဲ့ Brokerဆိုတဲ့ ကိုရီးယားရုပ်ရှင်ကို ရိုက်ကူးခဲ့ပြီး ကိန်းရုပ်ရှင်ပွဲတော်မှာ ပြသခွင့်ရခဲ့ပါတယ်။ Brokerနဲ့ ဆောင်းကန်ဟိုဟာ ကိန်းမှာ မင်းသားဆု ရသွားခဲ့ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ WiRa Aung ဖြစ်ပါတယ်) File Size……….(1.45 GB) / (712 MB) / (480 MB) Quality…………BluRay 1080p / 720p / 480P Duration………1Hr 55mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….WiRa Aung Encoder……….SWM

Crime • Drama • Thriller
7.9 2008
Still Walking
Sayen
6.7

Sayen(2023) ************ လီတောင်ပိုင်းမှာ မူချီလူမျိုးတွေဟာ မြို့ပေါ်ကလူတွေနဲ့ ဆက်ဆံမှုကင်းဝေးပြီးသစ်တောထဲမှာ တစ်သီးတစ်သန့်နေထိုင်ကြတယ်၊ ဆိုင်ရန်ဟာ ဝင်ကာလို့ခေါ်ကြတဲ့မြို့ပေါ်မှာ ပညာဆည်းပူးပြီး နေရပ်ကိုပွဲတော်ရက်အမှီပြန်လာခဲ့ပါတယ်၊ ခြောက်နှစ်လောက်ဝေးကွာနေတဲ့ အဖွားဖြစ်သူကလည်းသူမြေးပြန်လာတော့ဝမ်းသာနေတာပေါ့၊ တစ်နေ့မှာ အက်တွန်ဆိုတဲ့ သဘာဝ ပတ်ဝန်းကျင်စောင့်ရှောက်ရေးကုမ္ပဏီက လူတစ်စုသူတို့ဆီကို မြေတွေရောင်းချဖို့အတွက်လာကမ်းလှမ်းတယ်။ အဖွားဖြစ်သူ အီဝမ်က နှစ်ပေါင်းများစွာနေနေတဲ့ ဒီမြေတွေမရောင်းနိုင်တဲ့အကြောင်းပြောပြီးနှင်လွှတ်လိုက်တယ်၊ ဆိုင်ရန်ဟာ မသကႅာတာနဲ့နောက်ယောင်ခံလိုက်ကြည့်တဲ့အခါ သစ်တောထဲက သဘာဝအရင်းအမြစ်တွေကို ခိုးဝှက်တူးဖော်လုပ်ကိုင်နေတဲ့ကုမ္ပဏီမှန်းသိသွားပြီးတော့ မှတ်တမ်းပါယူလာလိုက်တယ်၊ ကုမ္ပဏီအဖွဲ့ကလူတွေ သူမှတ်တမ်းတင်တာသိသွားတော့လိုက်လံဖမ်းဆီးတဲ့အခါမှာတော့……. File Size :(2.7GB)(1.1GB) and (380 MB) Quality : WEB-DL 1080p5.1Ch,720p Format…mp4 Duration…01:34:00 Genre : Action , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded by Phyo Pyae

6.7 2023 94 mins
Sayen
The Three Investigators and The Legacy of the Dragon / Die Drei
5.7

“The Three Investigators” ဆိုတဲ့ ကလေးဖတ်စာအုပ်တွဲထဲက တစ်အုပ်ကိုမှီငြမ်းပြီးရိုက်ကူးထားတဲ့ ဂျာမန် Adventure & mystery ဇာတ်ကားလေးပါ IMDb 5.7 ရရှိထားပြီးကလေးသရုပ်ဆောင်သုံးယောက်ကတော့အဓိကဇာတ်ဆောင်တွေဖြစ်ပါတယ် ဇာတ်လမ်းထဲမှာတော့ စုံစမ်းထောက်လှမ်းရတာဝါသနာပါတဲ့သူငယ်ချင်းသုံးယောက်သား နွေရာသီအစမ်းခန့်အလုပ်အတွက် Transylvania မြို့ကိုရောက်သွားခဲ့ရာကနေစပါတယ် သူတို့ကအဲဒီမှာဒရက်ကူလာဇာတ်ကားရိုက်ဖို့အတွက်သွားကြတာဖြစ်ပြီး ရိုက်ကွင်းနေရာဖြစ်တဲ့ရဲတိုက်ကြီးကတော့ရာဇဝင်တွေအပြည့်ပါပဲ စုံထောက်‌ကျော်သုံးယောက်တို့ ရဲတိုက်ရဲ့ရာဇဝင်နဲ့ရဲတိုက်ထဲမှာဖြစ်နေတဲ့ထူးဆန်းတဲ့ကိစ္စကိုလိုက်စုံစမ်းကြရင်း ဘာတွေတွေ့ကြုံရမလဲ ရာဇဝင်တွေကတကယ်ရောဟုတ်ရဲ့လား မသမာသူတွေကရောရဲတိုက်ထဲမှာဘာတွေကြံစည်နေကြတာလဲဆိုတာကိုအဖြေရှာကြတဲ့ဇာတ်ကားဖြစ်ပါတယ် နာမည်ကျော်ကလေးဖတ်စာအုပ်ကနေမှီငြမ်းရိုက်ကူးထားတာမလို့ ကလေးတွေပါကြည့်လို့သင့်တော်တဲ့ပေါ့ပေါ့ပါးပါးဇာတ်ကားလေးပါ Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre…Adventure, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn

5.7 2023
The Three Investigators and The Legacy of the Dragon / Die Drei
Medusa Deluxe
6.2

IMD b 6.2 ရရှိထားတဲ့ ဟာသအရောလေးတွေနဲ့ဒရမ်မာဆန်ဆန်ဇာတ်ကားတစ်ကားဖြစ်ပြီး ဇာတ်လမ်းအကျဉ်းကတော့….. ဆံပင်အလှပြုပြင်တဲ့ပြိုင်ပွဲတစ်ခုမှာပြိုင်ပွဲဝင်တစ်ယောက်အသတ်ခံလိုက်ရပြီး ရိုးရိုးလူသတ်မှုမျိုးမဟုတ်ဘဲဦးရေပြားကိုပါဆွဲခွာသွားတာမို့လူတွေအားလုံးကလည်းအထိတ်တလန့်ဖြစ်ကုန်ပါတော့တယ် ဆံသဆရာတွေရဲ့ထုံးစံအတိုင်းအတင်းအဖျင်းဆိုထိပ်ဆုံးကပါတတ်ကြတာမို့ဒီလိုရှုပ်ထွေးတဲ့အခြေအနေမှာဆိုပြောနေဖို့တောင်လိုမယ်မထင်ပါဘူး ဒီလိုနဲ့အတင်းအဖျင်းတွေပြောပြီးတစ်ယောက်နဲ့တစ်ယောက်အချွန်နဲ့မကြရင်းတကယ်တမ်းလူသတ်တရားခံကဘယ်သူလဲဆိုတာကိုမသိနိုင်လောက်အောင်ဖြစ်နေပါတော့တယ် တကယ်တော့ဆံသဆရာတွေရဲ့လောကဟာလည်းထင်ထားသလောက်မရိုးရှင်းပါဘူး ဒီလိုထူးဆန်းတဲ့လူသတ်မှုမျိုးကိုဘယ်သူကကျူးလွန်ခဲ့တာလဲ ကောလဟလတွေကြားကနေတကယ့်လူသတ်သမားအစစ်ကိုရောရှာတွေ့နိုင်ပါ့မလားဆိုတာကိုကြည့်ရှုရမှာပါ File size…(2.5 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre…Comedy, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn

6.2 2023
Medusa Deluxe
Bedeviled
4.2

Bedeviled (2016) ============= ယနေ့ခေတ်ကမ္ဘာဟာ နည်းပညာတွေထွန်းကားလာတာနဲ့အမျှ လူတွေဟာလည်း နည်းပညာနောက်ကိုလိုက်ရင်း အမှားမှားအယွင်းယွင်းတွေ ဖြစ်လာကြပါတယ်။ အခု ဒီ Bedeviled ဆိုတဲ့ ရုပ်ရှင်ကားလေးကတော့ ထူးဆန်းတဲ့ သရဲကားလို့ ပြော ရမှာပါ။ မစ္စတာ ဘီဒီဗယ်လ်ဆိုတဲ့ အက်ပ်ပလီကေးရှင်းက သူ့ကို အင်စတောလုပ် ထားတဲ့ ဖုန်းပိုင်ရှင်တွေကို အကြောက်တရားတွေပေးပြီး သုတ်သင်တာမျိုးပေါ့။ ဇာတ်လမ်းအကျဥ်းကတော့ နစ်ကီဆိုတဲ့ ဆယ်ကျော်သက် အရွယ်ကောင်မလေး တစ်ယောက် ထူးဆန်းစွာသေဆုံးခြင်းကစတင်ပါတယ်။ သူသေဆုံးသွားပြီးနောက် မှာ သူ့သူငယ်ချင်းတွေရဲ့ စမတ်ဖုန်းထဲ အက်ပ်ပလီကေးရှင်းတစ်ခု အင်စတောလုပ် မလားဆိုပြီး အင်ဗိုက်ရောက်လာပါလေရော။ သူငယ်ချင်းတွေကလည်း အမှုမဲ့အ မှတ်မဲ့နဲ့ အင်စတောရာကနေ မဖြစ်သင့်တာတွေဖြစ်ပြီး အကြောက်တရားရဲ့ လွှမ်း မိုးမှုကို ခံရတော့တာပါပဲ။ Bedeviled ဟာ နာမည်ကြီးသရဲကားတွေလောက် ကြောက်စရာမကောင်းဘူးဆို ပေမယ့် သူ့နေရာနဲ့သူ အဆင်ပြေတဲ့ ရုပ်ရှင်ကားလို့ဆိုရမှာပါ။ ဇာတ်လမ်းကလည်း ထူးဆန်းပြီး တချို့ Jump Scare နေရာလေးတွေဆို တော်တော်ကို သေသပ်ပါတယ်။ ဒါကြောင့် ပရိသတ်တွေအနေနဲ့ အပျင်းပြေသရဲကားတစ်ကားဖွင့်ထားချင်တယ်၊ ကြည့်ချင်တယ်ဆိုရင်တော့ Bedeviled က သင့်တော်တဲ့အကြောင်း ညွှန်းလိုက်ပါ ရစေ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mugiwara Ya ဖြစ်ပါတယ်) File Size……….(1.4 GB) / (500 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 38Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror, Mystery, Thriller Translator……Mugiwara Ya Encoder……….SWM

4.2 2016 91 mins
Bedeviled
Ring of Desire
4.1

Ring of Desire (2021) ================= Horror လို ဆိုပေမဲ့ အထွေအထူးကြောက်စရာလန့်စရာမျိုးတော့ မပါပါဘူး။ ရှေးဟောင်း မှော်၀င်လက်စွပ်တစ်ကွင်းကို အခြေတည်ပြီး ဇာတ်လမ်းကို စိတ် ၀င်စားစရာ ပုံဖော်ထားတာပါ။ ဇာတ်လမ်းအကျဉ်း – ဟိုးရှေးရှေးတုန်းက‌ စုန်းမနှစ်ယောက် မှော်လက်စွပ်တစ်ကွင်းကိုလုရင်း တိုက် ခိုက်ကြရာက ဇာတ်လမ်းစပါတယ်။ နောင်နှစ်ပေါင်းရာချီအကြာမှာ အဲဒီ‌‌မှော် လက်စွပ်ဟာ တိုနီနဲ့မာရီယာတို့ လင်မယားဆီ မထင်မှတ်ဘဲ ရောက်ရှိလာပါ တယ်။ တစ်နေ့မှာ တိုနီနဲ့မာရီယာဟာ လင်မယားပြန်အဆင်ပြေဖို့ တောအုပ်ထဲ က အိမ်လေးဆီ ဒုတိယမြောက်ဟန်နီးမွန်းဆန်ဆန် ခရီးထွက်လာကြပါတယ်။ ဖြစ်ချင်တော့ တိုနီ့ညီမဖြစ်သူဂျန်နီဖာနဲ့ သူ့ရည်စားမလေးဟော်လီတိုလည်း အဲဒီအိမ်ကို တိုက်တိုက်ဆိုင်ဆိုင် ရောက်လာခဲ့ပါတယ်။ အဲဒီမှာ သူတို့လေးယောက်လက်ထဲကို ရမ္မက်လက်စွပ်လို လူသိများတဲ့ မှော်လက် စွပ်ရောက်လာတဲ့အခါ… ဘာတွေဆက်ဖြစ်လာမလဲ၊ လက်စွပ်က ဘယ်လိုတွေ ပတ်မွှေမလဲဆိုတာကို ကြည့်ကြရမှာပါ။ (ဒီနေရာမှာ 18+ ဆန်ဆန်ဇာတ်၀င်ခန်းတွေ ပါ၀င်တဲ့အကြောင်း ကြိုသတိပေးထားပါရစေနော်။) (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C’mon ဖြစ်ပါတယ်) File Size……….(1.26 GB) / (448 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 25Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror, Thriller Translator…….C’mon Encoder……….SWM

Adventure • Comedy • Drama
4.1 2021 85 mins
Ring of Desire
Big Fish & Begonia
7

ပရိသတ်ကြီးတို့ကို တရုတ်ပြည်ရဲ့ နာမည်အကြီးဆုံး animation movie တွေထဲက တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Big Fish and Begonia လို့ခေါ်တဲ့ ဒီဇာတ်ကားဟာ ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီးတော့ အဲဒီထဲက Big Fish ဆိုတဲ့ ost ဟာ ဒီနေ့ဒီအချိန်အထိ တရုတ်ပြည်မှာ ရေပန်းအစားဆုံး သီချင်းတစ်ပုဒ်ဖြစ်နေတုန်းပါ။ ဒီဇာတ်ကားကို inspire ယူပြီး cosplay လုပ်တာတွေ performance လုပ်တာတွေ အခုထိ ရှိပါတယ်။ ရုံတင်ဝင်ငွေအနေနဲ့ အမေရိကန်ဒေါ်လာ သန်း ၈၀ အထိ ရထားတဲ့ animation လည်း ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ ချွင်လို့ခေါ်တဲ့ ကောင်မလေးနဲ့ သူ့ရွာကလူတွေက လူမဟုတ်သလို နတ်ဘုရားတွေလည်း မဟုတ်ကြပါဘူး။ သူတို့က သဘာဝတရားကြီးရဲ့ နိယာမတွေကို ထိန်းသိမ်းသူတွေဖြစ်ပြီးတော့ လူ့လောကမဟုတ်တဲ့ နေရာမှာ နေကြပါတယ်။ သူတို့လူမျိုးဆီမှာ ထုံးတမ်းတစ်ခုရှိပါတယ်။ အသက် ၁၆ နှစ်ပြည့်သူတိုင်းက လင်းပိုင်နီတွေအဖြစ်နဲ့ ဝဲကြီးကနေတစ်ဆင့် လူသားလောကကို ၇ ရက်တိတိ သွားလေ့လာခွင့် ရကြပါတယ်။ ချွင်ဆိုတဲ့ ကောင်မလေးကလည်း ၁၆ နှစ်ပြည့်ပြီမလို့ လင်းပိုင်နီလေးအဖြစ် လူ့လောကကို သွားရောက်လေ့လာတော့တာပေါ့။ လူ့လောကဘက်ကို စရောက်ချိန် ကမ်းစပ်နားမှာ လူသားမောင်နှမနှစ်ယောက်ကို ချွင် တွေ့ခဲ့တယ်။ ချွင်က လူသားကောင်လေးကို သဘောကျသလို ဖြစ်သွားတယ်။ ၇ ရက်မြောက်နေ့ အိမ်ကိုပြန်ရတော့ချိန်မှာ ချွင်ဟာ ဝဲကြီးထဲကို ပြန်မဝင်နိုင်ဘဲ ထောင်ချောက်မှာ ပိတ်မိခဲ့တယ်။ လူသားကောင်လေးဟာ မြင်သွားပြီးတော့ သူ့ကို ကယ်ထုတ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ လူသားကောင်လေးက ချွင်ကိုကယ်တင်ရင်းနဲ့ ဆုံးသွားခဲ့ပါတယ်။ ချွင်ကတော့ သူ့အိမ်ကို ပြန်လာနိုင်ခဲ့တာပေါ့နော်။ ဒါပေမဲ့ ချွင်ဟာ သူ့ကြောင့် တခြားလူ အသက်ဆုံးရှုံးသွားရတာ ဖြစ်တာမလို့ ပြန်ပြီးပေးဆပ်ချင်တယ်။ ဒါကြောင့် ချွင်ဟာ ဝိညာဉ်ထိန်းသိမ်းသူဆီသွားပြီး လူသားကောင်လေးကို အသက်ပြန်သွင်းဖို့ အပေးအယူလုပ်ဖို့ ကြိုးစားပါတော့တယ်။ လူသေတစ်ယောက်ကို အသက်သွင်းတယ်ဆိုတာ ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့ လုပ်ရပ်မျိုးပါ။ ဒါမျိုး လုပ်ရပ်ကို ကျူးလွန်မယ့် ချွင်ကြောင့် သူတို့ လူမျိုးစုအနေနဲ့ ဘာတွေကို ကြုံတွေ့ရမလဲဆိုတာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ လူသားကောင်လေးကို လူ့လောကဆီ ပြန်လွှတ်ပေးမယ့် အစီအစဉ်အတွက် စိတ်ပါလက်ပါ ကူညီပေးမယ့် ချွင်ရဲ့သူငယ်ချင်းဖြစ်သူ ချိုးရဲ့ ပေးဆပ်မှုတွေကိုလည်း မျက်ရည်အဖြာဖြာနဲ့ ကြည့်ရှုရဦးမှာပါ။ ဒီဇာတ်ကားလေးအပေါ် ဘာသာပြန်သူရဲ့ ထင်မြင်ချက်ကိုပြောရရင်တော့ တစ်ခါတလေမှာ အချစ်ဆိုတဲ့ အရာက သိပ်ကိုဆန်းကြယ်ပါတယ်။ လူတွေဟာ ကိုယ့်ကိုချစ်တဲ့သူကို မသိကျိုးကျွံပြုတတ်ကြပြီး ခက်ခဲတဲ့အချစ်ကိုမှ လိုချင်ကြတယ်ဆိုတာကို ဒီဇာတ်ကားလေးကနေတစ်ဆင့် တွေ့မြင်ရမှာပါ။ ဒါ့အပြင် လူတွေဟာ အချစ်ကြီးသွားတဲ့အခါ မပိုင်ဆိုင်ရလည်းဖြစ်တယ် သူ ပျော်ရင်ရပြီဆိုတဲ့ ရူးမိုက်မှုမျိုးတွေ လုပ်တတ်တာကိုပါ ဒီဇာတ်ကားလေးထဲမှာ ထည့်ပြပေးထားတာမလို့ အချစ်ရေးမှာ ဒုတိယလူဖြစ်ပြီး အရွေးမခံခဲ့ရတဲ့ ပရိသတ်ကြီးတို့အတွက် ကွက်တိဖြစ်စေမယ့် ဇာတ်ကားလေးဖြစ်တာမလို့ ကြည့်ရှုကြဖို့ recommend ပေးလိုက်ပါတယ်။ File size… 1.6 GB / 758MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 40m Genre ….. Drama/Animation Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Elizabeth Khant

Drama
7 2016
Big Fish & Begonia
[18+] Zack and Miri Make a Porno
6.5

ဂေါင်းကြီးတို့ လောကဓံတရားတွေ ရိုက်ခတ်လာလို့ စားဝတ်နေရေးမပြေလည်တော့ရင် အောကားရိုက်စားဖို့ တွေးဖူးကြလား??? ဒီဇာတ်ကားကတော့ ဂေါင်းကြီးတို့အကြိုက်ဖြစ်မယ့် ခွီလည်းခွီရ စိတ်လည်းကြွမယ့် ၁၈ ယောက်ပြည့်မှ ကြည့်လို့ရမယ့် ကားလေးဖြစ်ပါတယ်နော်။ တကားလုံးမှာ ပြောတဲ့စကားတွေက ထိမိလွန်းလို့ သောက်ရမ်းခွီနေရမယ့် ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်း ဇက်ခ်နှင့် မီရီဟာ အထက်တန်းကတည်းက ခင်မင်လာတဲ့ သူငယ်ချင်းတွေဖြစ်ပြီးတော့ အိမ်ငှားခ မတတ်နိုင်တဲ့အတွက် တိုက်ခန်းတစ်ခုကို နှစ်ယောက်စုငှားပြီးတော့ အိမ်ငှားခကို တစ်ယောက်တစ်လစီ ပေးကြပါတယ်။ မီရီကတော့ အရင်လက အိမ်ငှားခကို သူပေးပြီးပြီဖြစ်တဲ့အတွက် ဒီလမှာတော့ ဇက်ခ်ပေးရမယ့်အလှည့်ရောက်လာပါတယ်။ ဒါပေမဲ့ ဇက်ခ်က သူ့လစာကို မတု ဝယ်လိုက်လို့ အိမ်ငှားခပေးစရာ မရှိတော့တဲ့အပြင် မီတာခ ရေဖိုးပါ မဆောင်ထားတဲ့အတွက် အဲဒီညမှာပဲ မီးပျက် ရေမလာ ဖြစ်ပြီး လကုန်ကျရင်လည်း တိုက်ခန်းက ထွက်ပေးရမယ့်အနေအထားရောက်သွားပါတော့တယ်။ အဲဒီအချိန်မှာ ဇက်ခ်က မီရီကို သူ့ရဲ့ အောကားရိုက်စားမယ့်အကြံကို ပြောပြပါတော့တယ်။ ဇက်ခ်ရဲ့ အလုပ်ကသူငယ်ချင်းကလည်း တီဗွီဝယ်မယ့်ပိုက်ဆံကို ခဏချေးပေးလိုက်တော့ သူတို့ရဲ့ အောကားရိုက်မယ့် အကြံလေး စတင် အကောင်အထည်ပေါ်လာပြီး သရုပ်ဆောင်တွေ ထပ်ခေါ်ကာ Star Wars တို့လို နာမည်ကြီး ဇာတ်လမ်းတွေကို Parody porn အနေနဲ့ ရိုက်ကူးကြပါတယ်။ ဒီတော့ ကြားထဲမှာ ဘယ်လိုတွေ သောက်တလွဲဖြစ်ဦးမလဲ၊ သူတို့ရိုက်မယ့်ကားက ပေါက်ပါ့မလား၊ ဇက်ခ်နှင့် မီရီကရော ဘယ်လို chemistry လေးတွေ အစပျိုးလာမလဲဆိုတာကို ရသစုံ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size… (2.1 GB)/(1.1 GB) Quality…. Blu-Ray 1080p / 720p Format… mp4 Duration…. 01:41:00 Genre… Comedy, Romance Subtitle…. Myanmar Subtitle (Hardsub) Encoder…. Mr. Anderson Translated by Matteo

Comedy • Drama
6.5 2008
[18+] Zack and Miri Make a Porno
The Strange Story of Miao Ling
5.8

မြောင်ဒေသ ၊ ယင်ယန်မြစ်ရဲ့ ဆယ်လီအတွင်း တောင်တွေကြားထဲမှာ လူသူအရောက်အပေါက်နည်းတဲ့ ရွာလေးတစ်ရွာရှိပါတယ် ။ အဲဒီရွာလေးနာမည်က သက်ရှည်ရွာတဲ့ ။ သက်ရှည်ရွာရဲ့ရွာသူကြီး အဖေမာအာက တော်တော်လေးသဘောကောင်းပြီးတော့ သနားကြင်နာတတ်တယ်လို့လူသိများပါတယ် ။ ဇာတ်လမ်းကတော့ အဲဒီရွာမှာ အချမ်းသာဆုံးဖြစ်တဲ့ကျန်းယိုချိုင်က ချိုးရှန်းဆိုတဲ့လူငယ်လေးနဲ့အဖေဖြစ်သူကိုခေါ်ပြီး ရတနာရှာရကနေစတာလို့ပြောရမှာပေါ့ ။ ရတနာရှာရင်းနဲ့ သုံးယောက်လုံး တရားခံမသိရဘဲ ထူးထူးဆန်းဆန်းသေသွားကြပါတယ် ။ မြို့က အရာရှိ ၊ အလောင်းစစ်နဲ့အလောင်းသိမ်းတဲ့သူကလည်း ဒီအမှုကိုအဖြေမှန်ပေါ်ဖို့ရွာကို‌ ရောက်လာကြပါတော့တယ် ။ ဒါပေမဲ့ လူ‌သတ်မှုတွေကို အဖြေရှာမရသေးဘဲ နောက်ထပ် လူသတ်မှုတွေပါ ဆက်တိုက်ဖြစ်လာချိန်မှာတော့… သူတို့ အမှုမှန်ပေါ်ပေါက်အောင်ဘယ်လိုဖြေရှင်းသွားကြမလဲ ? ရွာသားတွေပြောနေသလို အငြိုးအတေးတစ္ဆေက သတ်တာရော ဟုတ်ပါ့မလား ? ဒီလူသတ်မှုတွေက လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းကအမှုနဲ့ သက်ဆိုင်နေတယ်ဆိုတာကရော တကယ်ပဲဖြစ်နေမလားဆိုတာကို ဇာတ်လမ်းလေးထဲမှာ စိတ်ဝင်စားစွာနဲ့ကြည့်ရှုလိုက်ကြပါဦး

Documentary
5.8 2024
The Strange Story of Miao Ling
The White Storm
6.7

Line Walker မင်းသားပါဝင်တဲ့Nick Cheung ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ဒီကားလေးဟာ imdb6.6ရထားတဲ့ ဟောင်ကောင်အက်ရှင် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်..အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ Ching Wan Lao,Louis Kooနဲ့ Nick Chengတို့ မင်းသားကြီးသုံးယောက်ပါဝင်တဲ့အတွက် သဘောတွေ့စေမှာပါ… ဇာတ်လမ်းအကျဉ်းလောကတော့ ဟောင်ကောင်ရဲအရာရှိသုံးယောက်ဟာ မူးယစ်ရာဇာတွေကိုဖော်ထုတ်နိုင်ဖို့အတွက် သူတို့ထဲကတစ်ယောက်ကိုသူလျိူအဖြစ် မူးယစ်ဂိုဏ်းထဲဝင်စေပြီး စုံစမ်းရာကနေ အရှေ့တောင်အာရှ မူးယစ်ဂိုဏ်းတစ်ခုလုံးကိုအုပ်စိုးနေတဲ့ ရှစ်မျက်နှာဘုရားလို့ နာမည်ပေးထားတဲ့ ခေါင်းဆောင်ကို ဘယ်လိုတွေ ရင်ဆိုင်ကြမလဲ…ဘယ်လိုအခက်အခဲတွေနဲ့ အလှည့်အပြောင်းတွေကိုကြုံရမလဲဆိုတာ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာပါ.. ဒီကားရဲ့အဆက်ဖြစ်တဲ့ The White Storm 2 ကိုလည်း မကြာခင်မှာ တင်ဆက်သွားမှာပဲဖြစ်ပါတယ်

6.7 2013 140 mins
The White Storm
Ghost Cat Anzu
6.5

မနှစ်ကထွက်ရှိထားတဲ့ တစ်ကားတည်း Anime ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါရစေ။ Karin ဆိုတဲ့ ၁၁ နှစ်အရွယ် ကောင်မလေးဟာ ဖခင်ဖြစ်သူက ငွေတိုးချေးရင်း ပြန်မဆပ်နိုင်ပဲ အသေထွက်ပြေးနေရလို့ သားအဖနှစ်ယောက်သား နယ်မြို့လေးက အဘိုးရှိရာ ဘုရားကျောင်းကို ရောက်ချလာပါတယ်။ နောက်ကျတော့ အဘိုးလက်ကိုအပ်ပြီး ဖအေဖြစ်သူက လွတ်ရာကျွတ်ရာကို ထွက်သွားပြန်တော့မယ်။ အဲဒီမှာ Karin တစ်ယောက် အမေဖြစ်သူကလည်း ဆုံး အဖေကလည်း ပစ်ထားသွားတော့ အဘိုးနဲ့ ဘုရားကျောင်းမှာနေတုန်း လူအရွယ်လောက်ရှိပြီး လူစကားပြောတတ်တဲ့ ကြောင်ကြီး Anzu နဲ့ တွေ့ရပါတော့တယ်။ အဲဒီမှာ ဒီကြောင်ကြီးက ဘာကြီးတုန်း၊ Karin တစ်ယောက် မိတဆိုးဖတဆိုးလေး ဖြစ်နေတော့ ဘယ်လိုတွေ ဆိုးပေမလဲ၊ အမေဖြစ်သူ နှစ်ပတ်လည်ကို ရောက်မလာတဲ့ ဖအေကြောင့် စိတ်ဆိုးဆိုးနဲ့ ပုံပြောင်း ကြောင်သရဲကြီး Anzu နဲ့ အတူတူ ဘယ်လိုတွေ စွန့်စားခန်းထွက်ကြမလဲဆိုတာ ပေါ့ပေါ့ပါးပါ ကြည့်ရှုခံစားရမယ့် Anime ကားကောင်းလေး ဖြစ်ပါတယ်ဗျာ။ ဂျပန် Anime ထုံးစံအတိုင်း ဒီထဲမှာလည်း ဒဏ္ဍာရီလာ သတ္တဝါလေးတွေ ထည့်သွင်းထားတာပါ။ Ghost Cat (Bakeneko) ဆိုတာက ပုံသဏ္ဍာန်ပြောင်းနိုင်တဲ့ ကြောင်လိုလူလို မကောင်းဆိုးဝါးတစ်ကောင်တစ်မျိုးပေါ့။ ဒီထဲမှာတော့ ဂါဖီးလ်လိုရုပ်ကြီးနဲ့ ချစ်စရာကောင်းအောင် တင်ဆက်ထားပါတယ်။ Motion နေရာ Animation လေးတွေ အပြစ်နည်းနည်းဆိုချင်စရာ ရှိပေမဲ့ Background တွေက ခဲပန်းချီလေးလို လှနေတာရယ် ဇာတ်လမ်းလေးက မပျင်းရပဲ ခပ်မြူးမြူးနဲ့ သွက်တာကြောင့် အပျင်းပြေစေမှာတော့ သေချာပါတယ်။ စိတ်ကူးယဉ် ဇာတ်ကောင်လေးတွေ စိတ်ကူးယဉ်ဇာတ်လမ်းဆိုပေမဲ့ ၁၀ နှစ်ကျော် ကလေးတစ်ယောက်ရဲ့ မိဘအပေါ် ဆုံးရှုံးမှုတွေ ပူဆွေးရမှုတွေ အကူအညီလိုတတ်ကြတာတွေကို ရှုထောင့်လေးတစ်ခုကနေ ပညာပေးထားတာဆိုရင်လည်း မှားမယ်လို့ မထင်ပါဘူးဗျာ..။ File size… 1.4 GB, 569 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 37m Genre ….. Drama, Family, Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Thura Aung

6.5 2024 94 mins
Ghost Cat Anzu
4 Horror Tales: Dark Forest
5.2

4 Horror Tales: Dark Forest (2006) ************************************ “အသက်ရှိနေတုန်း ကြိုးတွေကိုမဖြတ်ထားရင် သေသွားတော့ ဘယ်လိုလွတ်မြောက်နိုင်မှာလဲ” 4 Horror Tales စီးရီးရဲ့ ဇာတ်လမ်းလေးထဲက တစ်ခုဖြစ်တဲ့ Dark Forest ကတော့ အာားလပ်ရက်မှာ တောင်တက်ခရီးထွက်ခဲ့ကြတဲ့ သူငယ်ချင်းလေးဦးရဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်။ လူဝင်ခွင့်မပြုတဲ့ တောင်ပေါ်တောအုပ်ကြီးတစ်ခုထဲကို လေးဦးသား အရဲစွန့်ဝင်ခဲ့ကြပြီးနောက်မှာ တစ်ယောက်ပြီးတစ်ယောက် မူမမှန်တဲ့ဖြစ်ရပ်တွေကို တွေ့ကြုံလာရတော့တယ်။ အသက်အကြီးဆုံးလည်းဖြစ် တောင်တက်အဖွဲ့ရဲ့ ခေါင်းဆောင်လည်းဖြစ်သူ ဝူဂျင်း၊ သဘာဝလွန်စွမ်းအားတွေကို ပိုင်ဆိုင်ထားတဲ့ ဂျောင်အာ၊ အရာရာကို ခပ်ပေါ့ပေါ့တွေးပြီး အလောင်းအစားကြိုက်တဲ့ ဂျွန်ဟူ၊ တက်ကြွပြီး ကလေးဆန်တဲ့ မိန်းမပျိုလေး ဆယ်အွန်း.. သူတို့ ၄ ဦးရဲ့ တောင်တက်ခရီးဟာ အလာတုန်းကလို ဖြောင့်ဖြူးပါ့မလား.. ဘယ်သူတွေပဲ အကောင်းပကတိအတိုင်း တောအုပ်ထဲက ပြန်ထွက်နိုင်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ စောင့်မျှော်ကြည့်ရှုရမဲ့ သည်းထိတ်ရင်ဖိုဇာတ်လမ်းပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Esth ပဲ ဖြစ်ပါတယ်။) File Size : 2.21GB/ 840MB Quality : WEB_DL 1080p/ 720p Format…mp4 Duration…01:40:00 Genre : Thriller, Mystery, Horror, Supernatural Subtitle : Myanmar Subtitle (Hard Sub) Translated by Esth Encoded by Tiff

5.2 2006 99 mins
4 Horror Tales: Dark Forest