YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

The.Uncanny.Counter.S02E07.1080p(CM).mp4

1.29 GB N/A video/mp4 2272 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Go Goa Gone
5.7

အခုတစ်ခါတင်ဆက်ပေးမယ်ကားလေးကတော့ မင်းသားကြီးဆေ့ဖ်အလီခန်းနဲ့ Lootcase 2020 မင်းသားကူနားတို့ သမီးယောက်ဖနှစ်ဦးရဲ့ဟာသအက်ရှင်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးဟာ အိန္ဒိယရူပီ ၁၉.၄သန်း (ကန်ဒေါ်လာ ၂.၄သန်း) အထိအမြတ်ရခဲ့တဲ့ ၂၀၁၃ခုနှစ်က ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ ဟာဒစ် လဗ် ဘန်နီ ဆိုတဲ့ သူငယ်ချင်းသုံးယောက်ရှိတယ်..ဟာဒစ်နဲ့လဗ်က အတိုင်အဖောက်ညီတဲ့ ဆိုးဖေါ်ဆိုးဖက်တွေဖြစ်ပြီး ဘန်နီကတော့ အမြဲဒုက္ခခံပေးနေရရှာတဲ့ ရိုးသားကြိုးစားတဲ့ကောင်လေးပေါ့။ တစ်ရက်တော့ သူတို့သုံးယောက်ဟာ လောကဓံရဲ့ရိုက်ခတ်ကြားမှာ ယက်ကန်ယက်ကန်နဲ့ ရုရှားမာဖီးယားဦးဆောင်ပြီးကျင်းပပေးတဲ့ ပါတီပွဲတစ်ခုမှာ အပီကဲဖို့ ဝေးလံခေါင်သီတဲ့ ကျွန်းတစ်ကျွန်းပေါ်ကို ရောက်လာခဲ့ပါတယ်။ သူတို့တွေ အပီကဲပြီး နောက်တစ်နေ့မှာတော့ လူတွေဟာ မူးယစ်ဆေးတစ်မျိုးသုံးစွဲမှုကြောင့် အသိစိတ်မရှိကြတော့ဘဲ အချင်းချင်းကိုက်ဖြတ်စားသောက်လာခဲ့ပါတော့တယ်။ အလွဲလွဲအချော်အချော်နဲ့ ဒီသူငယ်ချင်းသုံးယောက်ဟာ ဒီမရဏကျွန်းပေါ်ကနေ လွတ်မြောက်နိုင်ပါ့မလားဆိုတာကိုတော့ ဟာသလေးနှောပြီးကြည့်ရဦးမှာမို့ ရှုစားတော်မူကြပါဦးနော်။ File size…2.58GB / 1.14GB Quality…1080p AMZ WEB DL /720p Format…mp4 Duration….1h 51m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor

Fantasy • Mystery • Romance • Science Fiction
5.7 2013 111 mins
Go Goa Gone
East of Eden
7.6

~ IMDb - 7.8/10, Rotten Tomatoes - 86% ~ ဒီဇာတ်ကားအကြောင်းမပြောခင်မှာ ပြောစရာနှစ်ခုရှိပါတယ်။ ပထမတစ်ခုကတော့ ဒီဇာတ်ကားရဲ့ ဇာတ်ဆောင်မင်းသားကြီး ဂျိမ်းစ် ဒင်း ပါ။ အောင်မြင်နေဆဲကာလမှာ စောစောစီးစီး လောကထဲက ထွက်ခွာသွားရတာကို နှမြောတသကြတဲ့သူတွေရှိသလို ဖဲနိုင်နေတုန်း ဝိုင်းသိမ်းလိုက်နိုင်တဲ့ဖဲသမားလို အနိုင်နဲ့ပိုင်းနိုင်ခဲ့တဲ့အတွက် ဝမ်းမြောက်ကြသူတွေလည်း ရှိမှာပေါ့လေ။ သဘာဝမင်းသားကြီးဖြစ်ပြီး ဆေးစက်ကျရာ အရုပ်ထင်ခဲ့သူပါ။ ရိုက်ကူးခဲ့တဲ့ ဇာတ်ကားကြီးပေါင်း သုံးကားသာရှိပေမယ့် သေဆုံးပြီးနောက် ပေးအပ်တဲ့ အကယ်ဒမီဆန်ကာတင်စာရင်းကို နှစ်ကြိမ်တိုင်တိုင်ပါဝင်ခဲ့ပါတယ်။ ဆယ်ကျော်သက်လူငယ်တို့ ခံစားရလေ့ရှိတတ်တဲ့ ကိုးကွယ်သူစံပြုပုဂ္ဂိုလ်အပေါ် အားမရစိတ်ပျက်သွားတဲ့ခံစားချက်တွေ၊ လူမှုဝန်းကျင်မှာ ဝင်မဆံ့ဖြစ်တတ်တဲ့သဘောတွေကို အပိုင်နိုင်ဆုံး သရုပ်ဆောင်နိုင်သူ၊ စံထားရမယ့် မင်းသားတစ်လက်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ကားမတော်တဆမှုနဲ့ ဆုံးပါးခဲ့တာဖြစ်ပြီး အမေရိကန်ရုပ်ရှင်လောကတစ်ခုလုံး ယူကြုံးမရ နှမြောတသဖြစ်ခဲ့ရသူပါ။ သူ့ရဲ့ ဒုတိယမြောက်ဇာတ်ကားဖြစ်တဲ့ East of Eden ကို တင်ဆက်ပေးချင်ပါတယ်။ ဒုတိယအနေနဲ့ ပြောချင်တာက ဇာတ်ကားရဲ့နာမည်ပါ။ အေဒင်အရှေ့ပိုင်းတဲ့။ ကိန်း ဆိုတဲ့ ပထမဆုံးလူသားမကောင်းဆိုးဝါး ထွက်ပြေးလွတ်မြောက်ရာ နေရာတစ်ခုပေါ့။ လောကမှာ သေခြင်းတရားဝင်ရောက်ကာစ၊ အာဒမ် (အဒမ်) နဲ့ ဧဝ (အိဗ်) တို့ရဲ့ သားဦးတွေဖြစ်ကြတဲ့ ညီအစ်ကိုနှစ်ယောက်၊ အေဘယ် နဲ့ ကိန်း။ လူစီဖာရဲ့ ဖျားယောင်းသိမ်းသွင်းမှုကိုလက်ခံပြီး အစ်ကိုအပေါ်သစ္စာဖောက်လို့ ပထမဆုံးသတ်ဖြတ်ခြင်းကို သွေးအေးအေးဆောင်ရွက်ခဲ့သူ ညီတော်မောင် ကိန်း။ ပထမဆုံးသတ်ဖြတ်မှုကလည်း အစ်ကိုဖြစ်သူကို။ မကောင်းဆိုးဝါးလောကကို ပထမဆုံး ခြေလှမ်းခဲ့တဲ့ လူသားတစ်ယောက်‌ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာလည်း အစ်ကိုဖြစ်သူ အာရွန် ကို မကျေနပ်စိတ်တစ်ခုတည်းနဲ့ သေလုမျောပါးစိတ်ဒဏ်ရာတစ်ခုကိုပေးခဲ့တဲ့ မကောင်းဆိုးဝါး ညီဖြစ်သူ ကယ်လက်ဘ် ရဲ့ ညစ်ကန်ကန် ဂျစ်တစ်တစ်စရိုက်ကို ကြည့်ရှုရဖို့ရှိပါတယ်။ တချို့သောလူကြီးမင်းတွေအတွက် ငယ်ဘဝကို ပြန်ကြည့်နေရသလို ခံစားရချင်လည်း ခံစားရမှာပေါ့လေ။ အရာရာကို မကောင်းမြင်စိတ်နဲ့ဖြတ်သန်း၊ ကိုယ်လိုချင်တာပဲသိတဲ့ ဆယ်ကျော်သက် လူဆိုးသွမ်းလေးပါ။ ဖခင်နဲ့ ကြီးပြင်းလာ၊ မိခင်သေပြီဆိုတဲ့ အလိမ်အညာတစ်ခုကို အရွယ်ရောက်မှ အမှတ်မထင်သိလိုက်ရပြီး မိခင်ကို သွားတွေ့ဖို့ကြိုးစားတဲ့ပုံကလည်း ထောင်ထဲထည့်ချင်စရာပေါ့။ အဖေ ဆုံးရှုံးသွားတဲ့ပိုက်ဆံတွေကို ဉာဏ်ကိုလွှာသုံးပြီး ပြန်ရှာပေးခဲ့ပေမဲ့ ဖခင်ရဲ့ သူတော်စင်စရိုက်နဲ့ သားသမီးနှလုံးသားကို ဝင်မကြည့်တတ်ပုံတွေကြောင့် အကြီးအကျယ်ကြေကွဲရတဲ့ နှလုံးလှလူမိုက်လေး။ Deep Drama တစ်ခုနဲ့ အပြစ်မကင်းသော ၁၅၀၀ ချစ်ခြင်းတစ်ခုကို ဂျိမ်းစ် ဒင်း ရဲ့ ရှားရှားပါးပါးဇာတ်ကားတစ်ကားနဲ့ ခံစားချင်ရင်တော့ CM လက်ရာနဲ့ တင်ဆက်ပေးလိုက်တဲ့ East of Eden ကို မဖြစ်မနေရွေးရမှာပါပဲလို့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.2GB, 940MB Quality - 1080p, 720p IMDb Rating - 7.8/10 Format - mp4 Duration - 1H 58Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Crime • Drama
7.6 1955 115 mins
East of Eden
Decision to Leave
7.4

ဒီရုပ်ရှင် နာမည်စထွက်ကတည်းက ပတ်ချန်းဝုရိုက်ပြီး Lust Cautionတစ်ကားနဲ့တင် ဆင်ဆာစပယ်ရှယ်မိထားတဲ့ ထျန်းဝေက အဓိကသရုပ်ဆောင်ထားတာမို တော်တော်လေး မျှော်နေခဲ့တာပါ။ ထျန်းဝေမှာလည်း သရုပ်ဆောင်သာကောင်းတယ် တရုတ်ပြည်ကမကြည်တာမို ပိုင်ကန်ရဲ့ long daysတို အန်းလီရဲ့ Lust cautionတိုကလွဲ ဘာကားမှကောင်းကောင်းများများမရှိလှဘူးမလား။ နောက် ဆရာပတ်ကတော့ သိကြတဲ့အတိုင်း Old Boyကားနဲ့ လျှမ်းလျှမ်းတောက်ခဲ့ပြီး အနောက်ကမ္ဘာကပါ ပြန်ရိုက်ရသလို တောင်ကိုရီးယားဒါရိုက်တာတွေထဲ သူ့ကိုကြိုက်တဲ့သူလည်းတော်တော်များပါတယ်။ ရိုက်သမျှကားအကုန်လည်း ရှယ်တွေချည်းပဲကိုး၊ ပ တ်ချန်းဝုဟာ တောင်ကိုရီးယားရုပ်ရှင်လိုင်းမှာ လီချန်းဒုံပြီးရင် ကျွန်တော့်အတွက်တော့ ကားအသစ်အထွက်စေချင်ဆုံး ဒါရိုက်တာပါပဲ။ ဆရာကြီးလီကတော့ ထွက်မလာပေမဲ့ ပတ်ချန်းဝုကတော့ ထွက်လာပါပြီ ဒီရုပ်ရှင်ကိုလည်း အင်္ဂလိပ်စာဖိုင်မထွက်သေးတာကြောင့် ဇာတ်လမ်းတော့ သေချာမကြည့်ရသေးပေမဲ့ စီနီမာတိုဂရပ်ဖီတွေပတ်ကြည့်ထားတာတော့ အကုန်အပျံစားတွေချည်းပါပဲ။ စီနီမာတွေကိုချည်း ထိုင်ကြည့်နေရင်တောင် ပျင်းစရာကိုမရှိပါဘူး။ ပတ်ချန်းဝုရဲ့ အရည်အသွေးမကျဘဲ ပတ်ချန်းဝုကားပီပီသသနဲ့ထွက်လာတယ်ပြောရပါမယ်။ ဇာတ်အိမ်ကိုတော့ သေချာမကြည့်ရသေးဘူးပေါ့။ ကိုရီးယားစာကနေမှ ပြန်ထားတာမို ဗမာနိုင်ငံက စီအမ်ဖန်တွေဟာ တခြားအာရှအက်ဟောက်စ်ဖန်တို ဘာတို ကြည့်ချင်နေလို ပတ်ရှာနေရတဲ့အခြေအနေပဲရှိသေးတဲ့ကားကို မြန်မာစာတန်းထိုးနဲ့ ဦးဦးဖျားဖျားနီးပါးကြည့်ကြရမှာပါ။ ထျန်းဝေရဲ့အလှနဲ့ မာစတာကြီးပတ်ချန်းဝုရဲ့ ရိုက်နဲ့ကိုမှ Romance Thrillerလိုင်းမှာ စုံထောက်ကားဆန်ဆန်လေးနဲ့ ကြည့်ရမှာဆိုတော့ အနုပညာလည်းမြောက်သလို 2Xf2E6aEU7n685eHEbXGYHrmWn2y7a62UWBrtZzodVdD ဒီနှစ်က‌ တော်တော်ထူးတဲ့နှစ်ပါ။ korredaလည်း Brokerထွက်လာသလို ပတ်ချန်းဝိုလည်း DTLထွက်လာတဲ့ ရှားပါးနှစ်ပါပဲ။ ကမ္ဘာ့ဂုဏ်အရှိဆုံး ရုပ်ရှင်ဆုဖြစ်တဲ့ ကိန်းရုပ်ရှင်ဆုပေးပွဲဆုတွေအနက် korredaကားနဲ့ ဆောင်းကန်ဟိုကရခဲ့ပြီး အခု ဒီကားနဲ့ ပတ်ချန်းဝုက ဒါရိုက်တာဆုရခဲ့ပါတယ်။ ကိန်းကတောင် ဒါရိုက်တာဆုပေးထားတဲ့ ဒီကားရဲ့အရည်အသွေးကို ပြောပြစရာတောင်မလိုပါဘူး။ ရုံမှာတောင်နေရာစုံမပြရသေးသလို အက်ဟောက်စ်ဖန်တွေ အကုန် ဘယ်ကပြလဲ တကူးတကထိုင်ရှာနေရတဲ့ ဒီလိုကားကို နေ့မကူးဘဲ ဦးဦးဖျားဖျားကြည့်ကြစေချင်ပါတယ်။ စိတ်ပါရင် အာရှရုပ်ရှင်ဂရုတွေ အင်တာဂရုတွေမှာပါ ဦးဦးဖျားဖျားတက်ကြွယ်လိုရစေမယ့် မဟာအခွင့်အရေးကြီးပါပဲ။ အညွှန်းကိုတော့ WiRa Aung က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe and Joyz ပဲ ဖြစ်ပါတယ်။ Genre..... Crime, Drama, Mystery Quality…. 1080p | 720p | 480p File size… 1.75GB | 976MB | 326MB Format… mp4 Duration…. 2h 14 min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Hmwe and Joyz Encoder ..... August

Drama • History
7.4 2022 138 mins
Decision to Leave
Airlift
7.1

၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်မှာထွက်ရှိခဲ့တဲ့ ဒီကားဟာ ထူးထူးခြားခြားဘဲ IMdb rating မှာ 9.1/10 ရှိထားတာကိုတွေ့ရပါတယ်။ ဒီဇာတ်ကားဟာ ၁၉၉၀ မှာ အီရတ်တွေ ကူဝိတ်ကို ကျူးကျော်ဝင်ရောက်ချိန်မှာ အိန္ဒိယနိုင်ငံသားတွေကို ကူဝိတ်မှာ ရှင်းလင်းသတ်ဖြတ်ခံရတဲ့ ဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာဆိုရင်ဖြင့် သာမန်တွေ့မြင်နေကြ ဘောလိဝုဒ်ကားတွေနဲ့ မတူတာတခုကတော့ ရုပ်ရှင်ဒါရိုက်တာ ၂ယောက်က ရိုက်ကူးထားခြင်းဖြစ်ပြီး ပုံမှန်ကြည့်နေကြ ဘောလိဝုဒ် ဇာတ်ကားတွေနဲ့ မတူဘဲ တမူထူးခြားကွဲထွက်နေတာကိုတွေ့ရမှာပါ။ ၂၀၁၄ ခုနှစ် က စာရင်းကောက်ယူချက်များအရဆို အိန္ဒိယ အစိုးရဟာ ဆန္ဒဟူဆိန်ရဲ့ တပ်များကျူးကျေ်ာမှုကြောင့် ကူဝိတ်နိုင်ငံမှ အိန္ဒိယနိုင်ငံသားများကို Air India လေကြောင်းလိုင်းဖြင့် ၅၉ရက်အတွင်း ပျံသန်းမှုပေါင်း၄၈၈ကြိမ်ပြုလုပ်ခဲ့ပြီး လူပေါင်း တသိန်းတသောင်းတထောင်ခုနှစ်ရာခုနှစ်ဆယ့်နှ်စ့်ယောက် ကိုရွေ့ပြောင်းပေးခဲ့ရပါတယ်။ ဒီဇာတ်ကားက သမိုင်းကြောင်းတခုတည်းကိုသာမကဘဲ စစ်အတွင်း ငွေကြေးအာဏာတွေရဲ့ အရေးပါပုံ လူ့စရိုက် သဘောသဘာဝတွေကိုပါ မီးမောင်းထိုးရိုက်ကူးပြသပေးထားလို့ အများကြီးမညွှန်းတော့ပါဘူးဗျာ။ဘောလိဝုတ်ပရိတ်သက်တွေကတော့ အကြိုက်တွေ့မယ်ဇာတ်ကားကောင်းတကာားပါ။ File size...(900MB) Quality...BR-Rip 720p Format...mp4 Duration....02:11:24 Subtitle....Myanmar Subtitle (Hardsub) Encoder....Aung Pyay Translator.....Tariq L Walker

Action & Adventure • Drama • Sci-Fi & Fantasy
7.1 2016 126 mins
Airlift
Charlotte
6.4

Charlotte (2021) ~ IMDb – 6.4/10, Rotten Tomatoes – 71% ~ Loving Vincent ဆိုတဲ့ အန်နီမေးရှင်းကားကိုမှ ဗန်ဂိုးရဲ့ ပန်းချီဟန်တွေနဲ့ ပေါင်းစပ်ထားတဲ့ ရုပ်ရှင်ကို သိကြမယ်ထင်ပါတယ်။ ဒီရုပ်ရှင်ဟာလည်း ထိုနည်းလည်းကောင်း ရုပ်ရှင်ပါ။ Charlotte လို့ခေါ်တဲ့ ဒုတိယကမ္ဘာစစ်ကာလတုန်းက ဂျာမန်ဂျူးအစပ် ပန်းချီဆရာမလေးရဲ့ ဂျာမန်တွေဒဏ်ကိုခံနေရတဲ့ကြားက မာစတာပိစ်လက်ရာတစ်ခုကို ဖန်တီးတဲ့အကြောင်းကို ရိုက်ပြထားတာပါ။ ကျွန်တော့်လို Loving Vincent ကို အသည်းစွဲကြိုက်တဲ့လူတွေတော့ ဒီရုပ်ရှင်ကိုလည်း သဘောကျကြမှာပါ။ Charlotte ဟာ သူ့မိသားစုရဲ့ ရင်နာစရာဇာတ်ကြောင်းကို ပန်းချီကားတစ်ထောင်ကျော်နဲ့ ပုံဖော်ရေးဆွဲခဲ့ပြီး “ဘဝလေလား ပြဇာတ်လေလား” လို့ ပန်းချီတစ်ထောင်ကျော်လုံးကို တစ်စုတည်းအဖြစ် သတ်မှတ် နာမည်ပေးလိုက်ပါတယ်။ အဲဒီပန်းချီကားစုကို ပထမဆုံး ဂရပ်ဖစ်နိုဗယ်အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ သူဟာ ပျော်စရာတွေထက် ဝေဒနာတွေက အနုပညာပိုစစ်တယ်လို့ ယူဆခဲ့ပြီး သူ့မိသားစုရဲ့ ဝေဒနာတွေကို ပန်းချီကားပေါင်းများစွာနဲ့ ပုံဖော်ခဲ့ပါတယ်။ ဒီပန်းချီတွေကို သူပန်းချီသေချာဆွဲတတ်စ နှောင်းပိုင်းကနေ တစ်သက်လုံးအားထုတ်ရေးဆွဲခဲ့တာပါ။ သူဟာ အသက် ၂၆အထိပဲ နေသွားရပေမယ့် ဒီကာလတိုတိုလေးအတွင်းမှာ ဒီပန်းချီကားပေါင်းများစွာကို မနားမနေအားထုတ်ရေးဆွဲသွားခဲ့တဲ့ အနုပညာရှင်ပါပဲ။ Keira Knightley က Charlotte အဖြစ် အသံသရုပ်ဆောင်ထားပါတယ်။ အနုပညာကိုချစ်ခြင်းဟာ အကောင်းဆုံးဘဝနေနည်းလို့ ဆိုခဲ့ကြပေမဲ့လဲ လက်တွေ့ဘဝမှာ အနုပညာချည်းသက်သက်ကို တွယ်ဖက်ပြီး ရှင်သန်ဖို့သာ အခက်ခဲဆုံးအရာတစ်ခုပါပဲ။ ဒီရုပ်ရှင်ဟာ ပန်းချီအနုပညာကို ချစ်ခဲ့တဲ့ ပန်းချီအနုပညာကို တွယ်ဖက်ခဲ့တဲ့ အမျိုးသမီးပန်းချီဆရာမတစ်ယောက်ရဲ့ ရင်နင့်စရာ ဖြစ်ရပ်မှန်ကို animation အနေနဲ့ အသက်သွင်းထားတဲ့ ရုပ်ရှင်ပါ။ ပန်းချီကိုချစ်တဲ့သူတွေ ကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင်ဆိုလည်းဟုတ်ပါတယ်။ ရင်နင့်စရာကောင်းအောင် လှပတဲ့ရုပ်ရှင်လို့လည်း တစ်ချို့ကဆိုကြပါတယ်။ ဒီရုပ်ရှင်ဟာ ဟယ်ရီပေါ်တားရဲ့ Narcissa Malfoy, Peaky Blinder ရဲ့ Polly Gray တို့အဖြစ် သရုပ်ဆောင်ခဲ့ပြီး ပရိသတ်အချစ်ကိုရရှိခဲ့တဲ့ Helen McCrory ပါဝင်သရုပ်ဆောင်ခဲ့တဲ့ နောက်ဆုံးရုပ်ရှင်လည်းဟုတ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီရုပ်ရှင်နဲ့ဟန်အတော်ဆင်တဲ့ ရုပ်ရှင်ဖြစ်တဲ့ Loving Vincent မှာလည်း Louise Chevalier အဖြစ် အသံသရုပ်ဆောင်ခဲ့သေးပါတယ်။ ကြွေသွားတဲ့ ကြယ်တစ်ပွင့်ရဲ့ နောက်ဆုံးရုပ်ရှင်အနေနဲ့လည်း ခံစားကြရမှာပါ။ ဘဝဟာ လူတိုင်းအတွက် ကောင်းခြင်းတွေပဲ ပေးမနေပါဘူး။ ဘဝဟာ ကိုယ့်ကို အမြဲတမ်းချစ်ပေးမနေပါဘူး။ အရေးကြီးတာကတော့ ကိုယ်က ဘဝကို ချစ်နေဖို့ပါပဲတဲ့။ ဒီရုပ်ရှင်ဟာ ဘယ်လိုအကြောင်းအရာလဲ စာတစ်ကြောင်းနဲ့ ဖော်ပြခိုင်းခဲ့ရင်တော့ ကျွန်တော်ပြောနိုင်တာက… ဒီရုပ်ရှင်ဟာ ကံဆိုးမိုးမှောင်တွေကြားမှာ ဘဝကိုချစ်ရင်း အနုပညာကိုချစ်ရင်း လောကဓံကို အစိမ်းလိုက်ရင်ဆိုင်ရဲခဲ့တဲ့ မိန်းကလေးတစ်ယောက်အကြောင်းပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.3GB, 540MB Quality – 1080p, 720p IMDb Rating – 6.4/10 Format – mp4 Duration – 1H 32Min Genre – Animation Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Animation • Comedy • Family • Science Fiction
6.4 2021 92 mins
Charlotte
A Side of a Relationship
5

A Side of a Relationship (2023) ဒီဇာတ်ကားထဲမှာဆိုရင်တော့ မတူညီတဲ့ဇာတ်လမ်းတိုလေး (၄) ပုဒ်ကို တစ်ထိုင်တည်း ကြည့်ရှုခံစားနိုင်မှာမို့ ကြည့်နေကြကားတွေနဲ့မတူတဲ့ခံစားချက်မျိုးကို ပေးစွမ်းနိုင်မှာပါ။ (၁) အခင်ဆုံးသူငယ်ချင်းတွေဖြစ်ကြတဲ့ ရုပ်ရှင်သရုပ်ဆောင်ဂျင်ဟွန်းနဲ့ ဒါရိုက်တာဂယောင်းရမ်တို့ဟာ အင်တာဗျူးတစ်ခုမှာ သတင်းထောက်မလေးကိုတစ်ယောက်ကိုတွေ့ပြီး အချင်းချင်း အချစ်ပြိုင်ဘက်တွေဖြစ်လာကြတဲ့အခါ…။ (၂) စတိုးဆိုင်မန်နေဂျာဖြစ်တဲ့ အိုဂျွန်ဆော့ဟာ ဓားပြတစ်ယောက်ရဲ့ခြိမ်းခြောက်မှုကို ခံနေရတာကြောင့် ကယ်ဆယ်ရေးအဖွဲ့ကိုဆက်သွယ်လိုက်ပါတယ်။ ဒါပေမဲ့ ကယ်ဆယ်ရေးအဖွဲ့ဟာ နောက် ၁၀ မိနစ်ကြာမှ ရောက်ရှိလာမှာဖြစ်တာကြောင့် ဂျွန်ဆော့တစ်ယောက်က ဓားပြကို ၁၀ မိနစ်ကြာ အချိန်ဆွဲထားနိုင်ပါ့မလား။ (၃) စကားမပြောနိုင်တဲ့ ဂစ်တာသမားလေးနဲ့ မျက်စိမမြင်တဲ့အဆိုတော်မလေးတစ်ဦးတို့ဟာ ပြဿနာတစ်ခုကြောင့် လူမိုက်တွေလိုက်ဖမ်းတာကို ခံနေရတဲ့အခါမှာတော့ သူတို့နှစ်ယောက်လုံး ဒီဒုက္ခကနေလွတ်အောင် ဘယ်လိုများကြိုးစားအားထုတ်ကြမလဲ။ (၄) ပစ္စည်းတစ်ခုကိုထိလိုက်တာနဲ့ အဲဒီပစ္စည်းနဲ့ပတ်သက်တဲ့အဖြစ်အပျက်တွေကို အကုန်သိနိုင်တဲ့ စုံထောက်ဟျွန်းဆော့ဟာ အဲဒီအစွမ်းကြောင့်ပဲ အမှုတိုင်းကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ လူသတ်မှုတစ်ခုရဲ့နစ်နာသူဟာ သူနဲ့သိတဲ့မိန်းကလေး ရှီယွန်းဖြစ်နေတဲ့အခါ ဟျွန်းဆော့တစ်ယောက် ဒီအမှုရဲ့တရားခံကို ရှီယွန်းရဲ့ပစ္စည်းတွေကနေတဆင့် ရှာဖွေဖော်ထုတ်နိုင်ပါ့မလား။ ရသမတူတဲ့ ဇာတ်လမ်း (၄) ပုဒ်ကို ဇာတ်ကားတစ်ကားထဲမှာတင် ကြည့်ရှုခံစားနိုင်မယ့်အပြင် အသစ်အဆန်းတွေ မြည်းစမ်းကြည့်ရှုချင်တဲ့ပရိသတ်ကြီးအတွက် ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Hmwe Thet Winn ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p | 480p File size… 1.7GB | 764MB | 355MB Format… mp4 Duration…. 1h 36min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Hmwe Thet Winn Encoder ….. August

5 2023
A Side of a Relationship
[18+] The Body Is Willing(China Scandal: Exotic Dance) 1983
4.4

China Scandal Exotic Dance (1983) စီးပွါးရေးလောကမှာ နာမည်ကြီးပြီး လိုတရဖြစ်နေတဲ့ ဖရန့်စ်… သူ့သီဝရီက ရှင်းတယ် ဘယ်မိန်းမဖြစ်ဖြစ် ပိုက်ဆံနဲ့လဲရင် ရတယ်တဲ့လေ…. ဂျပန်အဆိုလောကမှာ နာမည်ကြီးနေတဲ့ ရာမာဇကီ… သူက ဟောင်မှာပါ လက်ရှိနာမည်ရနေသူ သူမရဲ့ အလှပနဲ့ အဆိုကောင်းမှုတွေကြောင့် နာမည် တစတစ ကြီးလာနေသူ အခုလည်း ဟောင်ကောင်ကို ဖျော်ဖြေပွဲ တခုအတွက် ရောက်လာ ချိန်မှာ ဖရန့်နဲ့ တွေ့ပါတော့တယ် ဖရန့်စ်ကလည်း ရာမာဇကီ ကိုမြင်မြင်ချင်းပဲ စိတ်ဝင်စားသွားရာမှ…. မာနခဲ ရာမာဇကီ လေးနဲ့ ဖရန့်စ်တို့ရဲ့ အပြိုင်အဆိုင် အားပြိုင်မှုတွေက DS Fans တွေအကြိုက်တွေဖြစ်နေလို့ တင်ဆက်ပေးလိုက်ပါတယ်

4.4 1900 89 mins
[18+] The Body Is Willing(China Scandal: Exotic Dance) 1983
Dinosaurs
8.7

Dinosaurs (2023) ================ IMDb 8.7/10 အသစ်ထွက်ထားတဲ့ Kollywood ဂိုဏ်းစတားအက်ရှင်ရုပ်ရှင် ခပ်မိုက်မိုက်လေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ ရုပ်ရှင်ရဲ့နာမည်ဖြစ်တဲ့ Dinosaurs ဆိုတာကတော့ Die no sirs ဆိုတဲ့ စကားလုံးကို သံတူကြောင်းကွဲ ပြန်ရေးထားတာပါ။ ဇာတ်လမ်းကတော့ ဒန်နာဆိုတဲ့ အပ်ချုပ်သမားဟာ ဂိုဏ်းစတားတစ်ယောက်ဆီမှာအလုပ်လုပ်နေတဲ့ သူငယ်ချင်းဖြစ်သူ ဒူရူနာအတွက် ဒူရူနာရဲ့ မိသားစုကိုငဲ့ပြီး ထောင်ထဲကို ကိုယ်စားဝင်ဖို့ ပြင်ဆင်နေသူဖြစ်ပါတယ်။ ဒန်နာရဲ့ ညီဖြစ်သူ ဇာတ်လိုက် မန်နူးကတော့ ပေါ့ပေါ့နေပေါ့ပေါ့စား လူ့ဘော်ကြော့ဘဝကနေ အစ်ကိုဖြစ်သူ ဟီးရိုးဝင်လုပ်တဲ့ကိစ္စကို ဖြေရှင်းဖို့ကြိုးစားရင်း ဂိုဏ်းစတားကြီးနဲ့ ထိပ်တိုက်တွေ့ကာ ဂိုဏ်းစတားတစ်ယောက် ဖြစ်မှန်းမသိဖြစ်လာပုံကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ရမှာပါ…။ ( ဒီရုပ်ရှင်ကိုတော့ CM Bollywood Team ကနေ ညွှန်းဆိုဘာသာပြန်ပေးထားပါတယ်။ )

8.7 2023
Dinosaurs
The Caine Mutiny Court-Martial
6.9

The Caine Mutiny Court-Martial (2023) ~ IMDb – 6.9/10, Rotten Tomatoes – 94% ~ ဒီကားလေးကတော့ War Crime ဇာတ်လမ်းတွေ တရားခွင်ခုံရုံးအကြောင်းတွေ စိတ်၀င်စားတဲ့သူတွေအတွက် လက်လွတ်မခံသင့်တဲ့ကားပါပဲ။ ပါရာမောင့်ကနေတင်ဆက်ထားပြီး သရုပ်ဆောင်တွေကလည်း မျက်နှာမစိမ်းလှတဲ့ဝါရင့်တွေချည်းပါ။ မဲရစ်‌ဆိုတဲ့ ရေတပ်လက်အောက်ဗိုလ်က သင်္ဘောကပ္ပတိန်ဖြစ်သူ ဗိုလ်မှူးကွင်းကို စိတ်ကျန်းမာရေးမကောင်းဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ တာ၀န်ရပ်စဲခဲ့တာကြောင့် စစ်ခုံရုံးတင်စစ်ဆေးခံရတဲ့အကြောင်းကို စိတ်၀င်စားဖွယ်တင်ဆက်ထားတာပါ။ ကိုယ့်ဖက်ကကြည့်ရင်လက်ဖမိုး သူ့ဖက်ကကြည့်ရင်လက်ဖ၀ါးဆိုတဲ့ စကားလိုပါပဲ။ နှစ်ဖက်လုံးကအမှန်ဖြစ်နေတဲ့အခါ တရားခွင်အဖြေက ဘယ်လိုဖြစ်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့စောင့်ကြည့်ရမှာပါ။ တစ်ကားလုံးလိုလိုကို တရားခွင်မှာပဲအချိန်ကုန်ထားပေမဲ့ ကြည့်ရတာမပျင်းစေဘဲ သက်သေတွေ တရားရုံးရှေ့နေနဲ့ တရားခံရှေ့နေကြားက စကားတိုက်ပွဲတွေက ကြည့်ရှုသူတွေကို ထိုင်ရာကမထစတမ်း ဆွဲခေါ်သွားပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 875MB Quality – 1080p, 720p IMDb Rating – 6.9/10 Format – mp4 Duration – 1H 48Min Genre – Drama, War Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

6.9 2023 109 mins
The Caine Mutiny Court-Martial
Schumacher
7.4

Schumacher (2021) ============== IMDb Rating – 7.4/10 ” Michael Schumacher ” ကားတွေနဲ့အတူတူမွေးဖွားလာသူတစ်ယောက် လို့တောင် တင်စားရမလိုပါပဲ။ ၆နှစ်သားအရွယ်ကတည်းက Go-Kart ( Sport Car အသေးစား ) တွေကို Service ပိုင်းစစ်ဆေးတတ်နေပါပြီ။ ဖော်မြူလာဝမ်း ပြိုင်ပွဲရဲ့ World Driver’s Championship ကို 7ကြိမ်တိုင်တိုင်ဆွတ်ခူးထားပြီး၊ အအောင်မြင်ဆုံးကစားသမားအဖြစ် ဗြိတိန်နိုင်ငံသား Lewis Hamilton နဲ့ပူးတွဲ ရပ်တည်ထားပါတယ်။ ယခုလက်ရှိအချိန်ထိ သူ့ရဲ့ အမြန်ဆုံးမောင်းနှင်ထားနိုင်တဲ့ ပတ်လမ်းစုစုပေါင်း 77ပတ် ဆိုတဲ့စံချိန်ကို ချိုးဖြတ်နိုင်တဲ့သူမရှိသေးပါဘူး။ ဖော်မြူ လာဝမ်းပြိုင်ပွဲမှာ Jordan, Benetton, Ferrari နဲ့ Mercedes တို့အတွက် ကိုယ်စား ပြုမောင်းနှင်ပေးခဲ့ပြီးတော့ ပထမဆုံး World Championship ကို 1994 ခုနှစ်မှာ Benetton နဲ့အတူရယူနိုင်ခဲ့ပြီး နှစ်နှစ်ဆက်တိုက်ရရှိခဲ့တာပါ။ အအောင်မြင်ဆုံးနဲ့ အခက်ခဲဆုံးအခိုက်အတန့်တွေကတော့ Ferrari နဲ့အတူလက်တွဲခဲ့တဲ့ 1996 ကနေ 2006 ထိ 10 နှစ်တာကာလပဲဖြစ်ပါတယ်။ Ferrari နဲ့အတူတူ 2000 ကနေ 2004 ခုနှစ်ထိ ၅နှစ်ဆက် World Championship ကိုရယူနိုင်ခဲ့တာက Schumacher ကို ဖော်မြူလာဝမ်းလောကရဲ့ GOAT တစ်ပါးလို့ သတ်မှတ်ခံခဲ့ရသလို လက်ရှိအကောင်းဆုံး ဒရိုင်ဘာဖြစ်တဲ့ Hamilton တောင် မချိုး ဖျက်နိုင်သေးတဲ့ Record ပဲဖြစ်ပါတယ်။ ကဲပြောတာလည်းများသွားပြီးတော့ Michael Schumacher တစ်ယောက်ရဲ့ အနိမ့်အမြင့် အတက်အကျဘဝဇာတ်ကြောင်းတွေကို ရိုက်ပြထားတဲ့ Schumacher ဆိုတဲ့ Documentary ဇာတ်ကားလေးကိုကြည့်ရှုခံစား လိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်) File Size……….(4 GB) / (1.5 GB) Quality…………WEB-DL 1080p / 720p Duration………1Hr 52Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Documentary, Biography, Sport Translator…….Thetti Tun Encoder……….Zin Phyo Aung

7.4 2021
Schumacher
How Much Do You Love Me?
5.7

ပုရိသအပေါင်းတို့ အကြိမ်ကြိမ်ကြွေခဲ့ရသော Malena ဇာတ်ကားထဲက မမကြီး Monica Bellucci ကို အမှတ်ရကြဦးမလား…. ဒီဇာတ်ကားမှာလဲ မမကြီးဟာ ကျွန်တော်တို့ကို အကြိမ်ကြိမ်ထပ်ခြွေဦးမှာပါ…သိဘို့။ မမရဲ့ဖြစ်တည်မှုတွေက ပြင်းရှတဲ့ နှစ်ချို့ဝိုင်တစ်ခွက်လို …။ ဇာတ်လမ်းကိုသွားရမယ်ဆိုရင်တော့ဖြင့်…. ဖရန်ဆွာ့ဇ်ဟာ ဟာ အထီးကျန်ဘဝနဲ့ သူ့ရဲ့ ပျင်းရိစရာ ရုပ်အလုပ်တို့ကို ငြီးငွေ့နေတဲ့ ပြင်သစ်သားတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ဘားတစ်ခုကိုသွားရင်း လှပတဲ့ မိန်းမပျက်ကလေးတစ်ဦးဖြစ်တဲ့ ဒင်နီယယ်လာ နဲ့ ဆုံခဲ့တယ်။ မြင်မြင်ချင်း ဒင်နီယယ်လာကိုစွဲလန်းမိရင်းက သူဟာ မီလျံချီ ထီပေါက်ထားတဲ့သူဖြစ်ကြောင်း နဲ့ သူနဲ့ အတူနေမယ်ဆိုရင် တစ်လကို ယူရို ၁၀၀.၀၀၀ ငွေမကုန်မချင်းပေးမယ်လို့ ကမ်းလှမ်းလာတဲ့အခါ ဒင်နီယယ်လာကလဲ သဘောတူခဲ့တယ်။ သဘောမတူနိုင်တာကတော့ သူ့ သူငယ်ချင်းလဲဖြစ် သူ့ ဆရာဝန်လဲဖြစ်တဲ့ အန်ဒရေးပါ။ အန်ဒရေးက ဖရန်ဆွာ့ဇ်ရဲ့ နှလုံးအားနည်းရောဂါဟာ ဒီလိုလိင်မှု ကိစ္စတက်ကြွပုံမျိုးနဲ့ သင့်တော်မှာ မဟုတ်ဘူးလို့ သတိပေးပါတယ်။ စားသောက်ဆိုင်မှာ ညစာစားကြရင်း ဒင်နီယယ်လာ အစာအဆိပ်သင့်သလိုဖြစ်တော့ အန်ဒရေးကို လှမ်းခေါ်ခဲ့တယ်။ အခန်းထဲမှာ နှစ်ယောက်တည်း စမ်းသပ်နေရင်း ဒင်နီယယ်လာက အဝတ်အစားချွတ်ပေးရမလားလို့မေးတယ်။ သူက မလိုအပ်ကြောင်းပြောပေမယ့် ဒင်နီယယ်လာက ဇွတ်အဝတ်အစားချွတ်လိုက်ချိန်မှာတော့ ရင်ဖိုလှိုက်မောစရာကောင်းလောက်အောင်လှပတဲ့ သူ့ခန္ဓာကိုယ်ကောက်ကြောင်းရဲ့ဆွဲဆောင်မှုကို မခံနိုင်တော့ပဲ..။ လူရိုးလူအေးကြီး တစ်ယောက်ဖြစ်တဲ့ ဖရန်ဆွာ့ဇ်ရဲ့ ဘဝကို ဒင်နီယယ်လာ တစ်ယောက် ဘယ်လိုကမောက်ကမ ကျွမ်းထိုးမှောက်ခုံတွေဖြစ်အောင် မွှေနှောက်မလဲဆိုတာ ဆက်လက်ရှုစားကြပါ။ ဒင်နီယယ်လာ အဖြစ် သရုပ်ဆောင်ထားတဲ့ ကမ္ဘာအလှဆုံး အမျိုးသမီးစာရင်းအကြိမ်ကြိမ်ဝင်ခဲ့တဲ့ မမကြီး Monica Bellucci ရဲ့ မိမွေးတိုင်း ဖမွေးတိုင်း အလှအပတွေနဲ့ကြည့်လို့တန်စေမှာပါ။ (မိသားစုနဲ့တော့ ကြည့်လို့မပြေလောက်ပါဘူး။)

Crime • Romance • Thriller • Drama • Mystery
5.7 2005 95 mins
How Much Do You Love Me?
The Ghost Who Walks
5.5

The Ghost Who Walks(2019) IMDb….5.5 CM ပရိသတ်ကြီးကို Action ,Crime ဇာတ်ကားတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် … ဇာတ်လမ်းအကျဉ်းကတော့ ခရစ္စမတ်ရာသီမှာ လူတွေတော်တော်များများပျော်ကြပါတယ် … ဒါပေမဲ့ နိုလန်ဆိုတဲ့တစ်ယောက်ကတော့ ဒုက္ခတွေနဲ့ဆီးကြိုခံလိုက်ရပါတော့တယ်… အကြောင်းကတော့သူဟာ သစ္စာဖောက်လို့ဆိုပြီး သူ့သူဌေးဒွန်နီကြောင့်ထောင်ကျနေခဲ့တာပါ.. ဒါပေမဲ့ ခရစ္စမတ်နေ့မှာသူဟာရက်ပြည့်ပြီးထောင်ကနေ လွတ်လာပါတယ် .. သူလွတ်လာတာကို ဒွန်နီက စိတ်မချဘူးဖြစ်နေတယ် ဘာလို့လဲဆိုတော့ ဒွန်နီက နိုလန်ရဲ့ကောင်မလေးလန်နီကိုအပိုင်သိမ်းထားတာအတွက်ကြောင့်ပါပဲ… အဲဒါအပြင် လန်နီဆီမှာလည်း နိုလန်နဲ့ရတဲ့ကလေးကလည်းရှိနေပါသေးတယ်.. ထောင်ကနေထွက်လာတဲ့ နိုလန်ကို ဒွန်နီက အရင်ကသစ္စာဖောက်ထားတဲ့ကိစ္စရော အခု လန်နီကိစ္စရော နှစ်ခုလုံးရယ်ကြောင့်အပြတ်ရှင်းချင်နေတယ်… အဲဒါကြောင့်သူထောင်ကထွက်ကတည်းက ဒွန်နီဟာသူ့တပည့်တွေကို နိုလန်ကိုလိုက်သတ်ခိုင်းဖို့ကြိုးစားပါတော့တယ်….နိုလန်တစ်ယောက် လွတ်မြောက်နိုင်ပါ့မလား… တခြားဘယ်လိုအန္တရယ်မျိုးတွေရောတွေ့ကြုံရမလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး.. ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Tin Myo Lwin ပဲဖြစ်ပါတယ်…. File Size : 1.45GB / 590MB Quality : WEB-DL 1080p / WEB-DL 720p Format…mp4 Duration…01:47:00 Genre : Action, Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded by Tiff

Action
5.5 2019 106 mins
The Ghost Who Walks
Like Mike
5.4

Like Mike (2002) IMDb Rating (5.4) / Rotten Tomatoes (57%) NBA ဟာသဇာတ်မြူးကားလေးပါ။ အမေရိကန် Rapper Bow Wow, Jesse Plemons, Jonathan Lipnicki, Brenda Song စတဲ့မင်းသားမင်းသမီးတွေရဲ့ ငယ်ဘဝကဇာတ်ကားလေးတစ်ကားပါ။ ဇာတ်ကားလေးကတော့ မိဘမဲ့ဂေဟာတစ်ခုမှာနေနေကြတဲ့ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ကြတဲ့ ကယ်လ်ဗင်၊ မာ့ဖ် နဲ့ ရစ်ဂျ် တို့သုံးယောက်ဟာ သူတို့ကိုမွေးစားမယ့်မိဘ တွေကိုမျှော်လင့်တကြီးစောင့်စားနေကြတဲ့သူတွေပါ။ ဂေဟာကိုအုပ်ချုပ်တဲ့သူကလည်း ကလေးတွေကို NBA ပွဲတွေမှာသကြားလုံးရောင်းခိုင်းပြီးပိုက်ဆံရှာပါတယ်။ တစ်နေ့တော့ ကယ်လ်ဗင် ဆီကို MJ လို့ရေးထားတဲ့စာသားပါတဲ့ဖိနပ်တစ်ရံရောက်လာပါတယ်။ ကယ်လ်ဗင် တို့သူငယ်ချင်းသုံးယောက်ကလည်း မိုက်ကယ်ဂျော်ဒန် ရဲ့ဖိနပ်ဖြစ်ရမယ်လို့ အတိအကျမှတ်ယူထားကြတာပေါ့ ဒီလိုနဲ့ အဲဒီဖိနပ်ကိုအကြောင်းပြုပြီး ကယ်လ်ဗင် တစ်ယောက် NBA သမိုင်းမှာ အသက်အငယ်ဆုံး၊ အရပ်အပုဆုံး ဘတ်စကတ်ဘောစူပါစတားတစ်ယောက်ဖြစ်လာရာကနေ ဘာတွေဘယ်လိုဆက်ဖြစ်ကြ မှာလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုခံစားကြဖို့တိုက်တွန်းလိုက်ရပါတယ်။ (ဒီဇာတ်ကားလေးကို အညွှန်းရေးပြီးဘာသာပြန်ပေးထားတာကတော့ Loe ပဲဖြစ်ပါတယ်။) File size…(2.6 GB) / (1.2 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Family,Fantasy Duration….01:40:18 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Leo

5.4 2002 99 mins
Like Mike
Muppets from Space

IMDB Rating* – “6.4/10” နာမည်ကြီး Muppets Collections တွေထဲကမှ “Muppets from Space (1999) ဆိုတဲ့ ဇာတ်ကားလေးဟာ လူကြီး‌တွေရော ကလေးတွေအတွက်ပါ ကြည့်လို့ကောင်းမယ့် ကားလေးတစ်ကားဖြစ်ပါတယ်။ ဟာသနဲ့ စွန့်စားခန်းတွေ ပေါင်းစပ်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဂွန်ဇိုဟာ သူ့ကိုယ်သူ ကမ္ဘာမြေပေါ်က တစ်ဦးတည်းသော ဂြိုလ်သားလို့ ယုံကြည်လာပြီး သူ့မိသားစုကို ရှာဖွေဖို့ စွန့်စားခန်းထွက်တဲ့ အကြောင်းကိုအဓိက ရိုက်ပြထားတာပါ။ Muppets တို့ရဲ့ ထုံးစံအတိုင်း စတူဒီယိုကျတဲ့ ဇာတ်ရုပ်တွေဖြစ်တဲ့ မစ္စစ် ပစ်ဂီ၊ ကာမစ် စသဖြင့်နာမည်ကြီး ဇာတ်ကောင်တွေလဲ ပါဝင်ပါတယ်။ သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားဖြစ်သည့်တိုင်အောင် Muppets တို့ရဲ့ ရိုးရှင်းပြီး နှလုံးသားကို ထိမိစေတဲ့ သံယောဇဉ်က ဒီဇာတ်ကားကို မိသားစုနဲ့အတူ ပြန်လည်ကြည့်ရှုဖို့ အကောင်းဆုံး ရွေးချယ်စရာတစ်ခုအဖြစ် ထင်ရှားစေပါတယ်။ Muppets မကြည့်ဖူးသူတွေ ဒီကားလေးကို ကြည့်ရှုဖို့ အကြံပေးပါ‌ရစေ…. File size… (2.3 GB) / (1.2 GB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre…Family, Science Fiction, Comedy, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Ivy Noe

Comedy
0 1999
Muppets from Space