YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

The Tudor.2008..SE2Ep10.BLU-RAY 720P..mp4

402.86 MB N/A video/mp4 1985 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Ved
8

IMDb-7.6/10 2022 December 30 မှာထွက်ရှိခဲ့တဲ့ ဒီကားလေးက 75ကုဋေအမြတ်ပြန်ရမှုနဲ့အတူ 2022 ရဲ့အအောင်မြင်ဆုံးမရာထီပြောရုပ်ရှင်ဖြစ်ပြီး ထွက်ရှိဖူးသမျှမရာထီရုပ်ရှင်တွေရဲ့ ရုံတင်ငွေတတိယအများဆုံးရရှိထားတဲ့ကားလည်းဖြစ်ပါတယ် Rushikesh Turai ကိုယ်တိုင် ဒါရိုက်တာလုပ် သရုပ်ဆောင်ထားပြီး ချစ်ဇနီး Genelia D'Souza ကလည်း တွဲဖက်ညီညီသရုပ်ဆောင်ထားတဲ့ကားပါ လူပျိုကြီး စယ်လ်မန်ခန်းကလည်း guest အနေနဲ့ တစ်ဖြတ်တစ်ကဒ်ပါ၀င်ထားပါသေးတယ် ဇာတ်လမ်းအညွှန်း ဒိုင်ကိုလာဘ်ထိုးပြီးတစ်ဖက်သတ်ကြီး အနိုင်ရနေတဲ့ခရစ်ကတ်ပွဲမှာ ယစ်ထုတ်ကြီးတစ်ယောက်က Bluetooth နဲ့ ၀င်နည်းပြပေးလိုက်ရာကနေ ချက်ချင်းရလဒ်တွေပြောင်းပြန်ဖြစ်သွားတဲ့ ခရစ်ကတ်ပွဲလေးနဲ့အစပျိုးထားပါတယ် ဒီယစ်ထုတ်ကြီးကတော့ တစ်ခြားသူမဟုတ်ပဲ ကျောင်းသားဘ၀တည်းက ခရစ်ကတ်ကိုရူးသွပ်ခဲ့သူ ဆပ်တရာပါ ခရစ်ကတ်ကိုကြိုးစားရင်း အင်ဂျင်နီယာပညာမှာလည်း ထူးချွန်တဲ့ဆပ်တရာဟာ အချစ်ဦးနဲ့ဆုံတွေ့လာပါတော့တယ် အရာရာပြည့်စုံမနေတဲ့လောကကြီးမှာ ချစ်သူနှစ်ဦးကြား ၀င်မွှေလာတဲ့အရာကတော့ မိဘအုပ်ထိန်းသူပါပဲ အညွှန်းကိုဒီလောက်ပဲရပ်လိုက်ကြရအောင် ဒီအချစ်ဇာတ်လမ်းဘယ်လိုဆက်ဖြစ်မလဲ ခရစ်ကတ်ကိုရူးသွပ်တဲ့ကောင်လေးက ခရစ်ကတ်ကိုတောင်ဆက်မဆော့တော့တဲ့ထိ ဘာကြောင့်များပြောင်းလဲသွားရလဲအချစ်သီချင်းလေးတွေ စုံစုံလင်လင်နားဆင်ခံစားပြီး ကိုယ်တိုင်ပဲရှူစားကြည့်ပါ ဒီ Ved ထဲမှာတော့ အချစ်ဆိုတာ ပင်လယ်ဒီရေနဲ့တူတယ် တစ်ခါတစ်လေ မြင့်တက်ပြီးတစ်ခါတစ်လေ နိမ့်ကျတတ်တယ်တဲ့ CM ပရိသတ်ကြီးအတွက်ရော အချစ်ကဘာနဲ့တူပါသလဲ File size…2.77GB / 1.16GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 28m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Yunni~Thaik San~Khin Khin

Drama • Romance
8 2022 148 mins
Ved
Escape from Alcatraz
7.5

အပြင်လောကမှာလူမိုက်တွေက "ထောင်အပြင်မှာ တန်းမရှိဘူးကွ"လို့ ကြွေးကြော်ရင်း မိုက်ဂုဏ်ပြလေ့ရှိပါတယ်။ ဟုတ်ကဲ့၊ ထောင်အပြင်မှာသာတန်းမရှိတာပါ။ ထောင်ထဲမှာတော့ တန်းလည်းရှိတယ်၊ တိုက်လည်းရှိတယ်၊ မိုက်ပေ့ဆိုတဲ့ငနဲတွေအထဲရောက်လာရင် ဦးကျိုးသွားအောင်ချိုးပြမယ့်သူတွေကလည်းအသင့်စောင့်နေတာပါ။ ဆရာကျော်မြသန်းတို့၊ ဆရာရန်အောင်မောင်မောင်တို့ရဲ့ဝတ္ထုတွေကိုဖတ်ရင်း ထောင်လောကအကြောင်း မြည်းစမ်းကြည့်ဖူးသူတွေအတွက်တော့ အခုတင်ပြမယ့်ဇာတ်ကားဟာ စွဲမက်ဖွယ်ရသအပြည့်ပေးပါလိမ့်မယ်။ ထောင်ဆိုတာဘာလဲ မသိသေးသူတွေအတွက်လည်း မြည်းစမ်းကြည့်သင့်ပါတယ်။ အလ်ကာထရက်ဇ်ဆိုတာ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုပင်လယ်အော်နားက ကျောက်ဆောင်တွေပြည့်နေတဲ့ကျွန်းတစ်ခုပါ။ အစက စပိန်တွေပိုင်ခဲ့တယ်၊ သူ့နာမည်ကိုက ငှက်ကြီးဝန်ပိုကျွန်းလို့ စပိန်လိုခေါ်ရာကနေအမည်တွင်လာတာပါ။ အမေရိကန်ပိုင်ကျွန်းတစ်ခုဖြစ်လာပြီးတဲ့နောက် ၁၈၆၁ခုနှစ်မှာ အဲဒီကျွန်းကို စစ်ပြေးတွေ၊ သူပုန်တွေကိုအကျဉ်းချတဲ့နေရာအဖြစ်စအသုံးပြုခဲ့ပါတယ်။ ၁၉၃၄မှာတော့ ခေတ်မီအဆောက်အဦတွေနဲ့အတူ တစ်နိုင်ငံလုံးမှာ လုံခြုံရေးအတင်းကျပ်ဆုံးထောင်အဖြစ်နဲ့စတင်ခဲ့ပါတယ်။ အလ်ကာထရက်ဇ်ကို အဆိုးဆုံး၊ အကြမ်းဆုံးရာဇဝတ်ကောင်တွေထားတယ်ဆိုတာထက် စည်းကမ်းအဖောက်ဆုံးထောင်သားတွေပို့လေ့ရှိတယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။ သူတို့ကို တစ်ယောက်တစ်ခန်းစီခွဲပြီးချုပ်ထားတယ်။ အဲဒီနေရတဲ့အခန်းကလည်း အလျားဆယ်ပေ၊ အနံလေးပေခွဲသာကျယ်ပါသတဲ့။ တစ်နေ့ကို ၁၂ကြိမ်လူစစ်သတဲ့။ ထောင်ဝန်ထမ်းဦးရေကလည်း တခြားထောင်တွေမှာရှိတာထက် နှစ်ဆကျော်ကျော်ခန့်ထားတာပါ။ ဘယ်ထောင်သားမှ အလ်ကာထရက်ဇ်ထောင်ကို ဖောက်မပြေးနိုင်ဘူးလို့အဆိုရှိခဲ့ပါတယ်။ အဲဒီထောင်ထဲကို ၁၉၆၀ခုနှစ်မှာ ဖရန့်ခ်မောရစ်ဆိုတဲ့ ဦးနှောက်ကောင်းကောင်းရှိတဲ့ အကျဉ်းသားတယောက် ထောင်ပြောင်းလာပါတယ်။ လွတ်မြောက်ရာလမ်းကိုကြံစည်ရင်း သူရလာတဲ့ ရန်သူတွေ၊ ဖွဲ့မိတဲ့မိတ်ဆွေတွေအကြောင်း၊ အဲဒီကာလမှာ အားကောင်းနေဆဲဖြစ်ခဲ့တဲ့အသားအရောင်ခွဲခြားမှုအငွေ့အသက်တွေအပါအဝင် မဖြစ်နိုင်တာကိုဖြစ်အောင်လုပ်ပြဖို့ ခဲခဲယဉ်းယဉ်း အားထုတ်ရပုံအကြောင်းတွေကို ဇာတ်ကားကြည့်ရင်းနဲ့ ခံစားနိုင်ကြမှာပါ။ ဖရန့်ခ်တို့တစ်စု တကယ်ပဲလွတ်မြောက်သွားကြသလားဆိုတာကတော့ မေးခွန်းထုတ်စရာပါပဲ။ ကလင့်အိစ်ဝုဒ်ရဲ့ သရုပ်ဆောင်ပုံကိုအသည်းစွဲခဲ့ကြတဲ့ လူကြီးပိုင်းပရိသတ်တွေအကြိုက်တွေ့မှာသေချာပါတယ်။ လူငယ်တွေအတွက်လည်း Rating ကောင်းတွေရထားတဲ့ ဂန္တဝင်ဇာတ်ကားတစ်ခုကိုကြည့်ရတာထိုက်တန်မှာပါ။ - " Some men are destined never to leave Alcatraz... alive. " - "တချို့က အလ်ကာထရက်ဇ်ကနေဘယ်တော့မှမလွတ်မယ့်ကံပါလာတတ်တယ်၊ အသေထွက်ပဲထွက်ရတာပေါ့" (ဇာတ်ကားနဲ့အညွှန်းကို Thaman Myint မှ ပြန်ဆိုရေးသားပေးထားပါတယ်) Size - 2.7GB, 1.34GB, 620MB Quality - Bluray 1080p, 720p, 480p IMDb Rating - 7.6/10 Duration - 1hr 52mins Subtitles - Myanmar Hardsub Format - MP4 Genre - Action, Biography, Crime Translated by Thaman Myint Encoded by Y

Action • Crime • Drama • Thriller • Western
7.5 1979 113 mins
Escape from Alcatraz
Ralph Breaks the Internet
7.2

ပြီးခဲ့တဲ့ Ralph ရုပ်ရှင်မှာဆိုရင်တော့ Ralph ရဲ့ ကမောက်ကမ ဖြစ်အင်တွေနဲ့ ဇတ်လမ်းစတည်ခဲ့ပြီး ပြိုင်ကားမောင်းတဲ့ မင်းသမီးလေး Vanellope ရဲ့ မူလ ဘဝကို ပြန်လည် ကယ်တင်ပေးနိုင်ခဲ့ပြီး အရာရာ အဆင်ပြေခဲ့တာကို သိကြမှာပါ Ralph နဲ့ Vanellope တို့ဟာ အတူတကွ ပျော်ရွှင်စွာ နေသွားကြလေသတည်းဆိုပြီး အပြီးသတ်ခဲ့ပေမဲ့ အခုရုပ်ရှင်ဖြစ်တဲ့ Ralph Breaks The Internet ဆိုတဲ့ ရုပ်ရှင်မှာတော့ ပြိုင်ကားမောင်းဂိမ်း ထဲက မင်းသမီးလေး Vanellope ပြိုင်ပွဲ ဝင်နေတဲ့ အချိန် Ralph တစ်ယောက် အနိုင်ရအောင် ဆိုပြီး သူ့အကြံနဲ့ သူ ဖြတ်လမ်းတွေ ဖောက်ခဲ့ပါတယ်... ဖြစ်ချင်တော့ အဲ့ဒီလို ပရိုဂရမ်ကနေ သွေဖယ်သွားတဲ့ လမ်းကြောင်းကို အပြင်က ဂိမ်းဆော့သူက လိုက်ပြီး ပြန်ထိန်းချုပ်ရင်း အဲ့ဒီပြိုင်ကား ဂိမ်းစက်ဟာ ပျက်စီးသွားခဲ့ပါတော့တယ်.... ဆိုင်ရှင်က အပိုပစ္စည်း မှာဖို့ ကြံစဉ်ပေမဲ့ မူလ လက်ဟောင်းဖြစ်တဲ့အတွက် အပိုပစ္စည်းမရှိသလို အင်မတန်ဈေးကြီးတဲ့အတွက် Vanellope ရဲ့ ပြိုင်ကားဂိမ်းစက်ကို ချောင်ထိုးထားဖို့ စိတ်ကူးသာ ရရှိသွားပါတော့တယ်... ဒီလိုနဲ့ ပြိုင်ကား ဂိမ်းထဲ နေထိုင်နေကြတဲ့ သူတွေ အားလုံးဟာ ထွက်ပြေးကြရင်း ဖြတ်ကူးကြတဲ့ ကြား တစ်နေရာမှာ သောင်တင်ကုန်ကြပါတယ်.. Ralph ကလဲ သူ့ အမှားဖြစ်တာကြောင့်ရယ် Vanellope မပျော်ရင် သူလဲ မပျော် ဖြစ်တာကြောင့် ပြိုင်ကားဂိမ်းစက် ကို Online ကနေ မှာယူဖို့ ကြံစည်ကြရင်း Ralph နဲ့ Vanellope တို့ အရှုပ်ထုပ် ၂ ယောက် ဆိုင်ပိုင်ရှင် ရဲ့ နက်ဝေါ့ ထဲကနေ ကြီးမားကျယ်ပြန့်လှတဲ့ Online ပေါ်သို့ ခရီးထွက်ခဲ့ကြသောအခါ.... ဒီရုပ်ရှင်ကားကို Little Neo မှ ဘာသာပြန်ပေးထားပြီး သစ်ဆန်းခန့် မှ အညွှန်းရေးပေးထားပါတယ်

Comedy • Drama
7.2 2018 112 mins
Ralph Breaks the Internet
Replicas
6

Replicas(2018) ဆေးကုမ္ပဏီတစ်ခုမှာအလုပ်လုပ်နေတဲ့ သူတစ်ယောက်ရှိတယ်...သူ့နာမည်က Will Foster လို့ခေါ်တယ်...  Will Foster.လုပ်နေတဲ့ကုမ္ပဏီရဲ့ အဓိက အလုပ်က  လူသေအလောင်းတွေရဲ့ ခန္ဓာကိုယ်ထဲကနေ မှတ်ဉာဏ်တွေကိုထုတ်ပြီး စက်ရုပ်တွေထဲကိုထည့်ပေးရတယ်...သေတဲ့သူကို အသက်ပြန်သွင်းခြင်းနည်းတစ်မျိုးပေါ့...ဒီသုတေသနာလုပ်ငန်းရဲ့ အရေးကြီးဆုံးဏ္ဍမှာ Will Foster. အဓိကပါဝင်နေတယ်.. ဒီလုပ်ငန်းရဲ့ အကျွမ်းကျင်ဆုံးပညာရှင်ဆိုလည်းမမှားဘူးပေါ့...သို့ပေမယ့်  လိုအပ်ချက်တစ်ချို့ရှိနေလို့ မအောင်မြင်သေးဘူ...  တစ်နေ့တော့Will Foster  တို့မိသားစုဟာ အားလပ်ရက်မှာ ခရီးထွက်ကြတယ်... ဒီခရီးစဉ်က  Will Foster  အတွက် ကပ်ဆိုးကြီးကျရောက်ခြင်းပါပဲ..အဲ့ဒါကတော့ ကားမတော်တဆမှုကြောင့် မိန်းမရော သားသမီး ၂ယောက်ရောဆုံးပါးသွားခဲ့ရတယ်.. ဒီနောက်တော့  Will Foster  ဟာ မိသားစုကိုချစ်တဲ့စိတ်ကြောင့်  မလုပ်သင့်တာတွေလုပ်ဖို့ကြံစည်ပါတော့တယ်.. အဲ့ဒါကတော့ သူ့မိသားစုကို စက်ရုပ်တွေမယ် အသက်ပြန်သွင်းဖို့ပါပဲ.. ကိုင်း  Will Foster.တစ်ယောက်အောင်မြင်နိုင်ပါ့မလား ..ဆေးကုမ္ပဏီနဲ့ ဘယ်လိုပြသနာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦးဗျ... မင်းသားကြီး Keanu Reeves အဓိက သရုပ်ဆောင်ထားပြီး မှုခင်း သိပ္ပံကားတွေကြိုက်တဲ့သူအတွက် အတော်ကြည့်လို့ကောင်းတဲ့ကားတစ်ကားဖြစ်ကြောင်း ပြောပါရစေ.... File Size : (910 MB) and (363 MB) Quality : 720p HCWEBRip, Format…mp4 Duration…01:47:00 Genre :  Crime, Mystery, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Translated by Hein Thet Naing Encoded by Phyo Pyae

Action & Adventure • Drama • Mystery • Sci-Fi & Fantasy
6 2018 107 mins
Replicas
Little Women
7.9

ဒီတစ်ခါတော့ စူပါဟီးရိုးတွေ၊ ဆန်းပြားတဲ့အချစ်ဇာတ်လမ်းတွေ၊ လှည့်ကွက်တွေဆိုတာတွေကို မေ့ပြီး အရိုးရှင်းဆုံး အလှပဆုံးလေး ခံစားကြည့်ရအောင်။ Little women ဆိုတာက ၁၈၆၈ နဲ့ ၁၈၆၉ မှာ အမေရိကန် စာရေးဆရာမကြီး လူဝီဆာ မေ အဲကော့ က ၂ ပိုင်းခွဲပြီး ရေးသားခဲ့တဲ့ တကယ့် ဂန္ဓဝင်လက်ရာပါပဲ။ မာ့ချ် မိသားစုရဲ့ ညီအစ်မလေးယောက် ( မက်ဂ်၊ ဂျို၊ ဘက်သ် နဲ့ အေမီ) တို့ရဲ့ ကလေးဘဝကနေ အရွယ်ရောက်လာတဲ့အထိ ဇာတ်လမ်းကို ရေးဖွဲ့ထားတာပါပဲ။ စာရေးသူနဲ့ သူ့ရဲ့ ညီအစ်မ ၃ ယောက်အပေါ်ကို အခြေခံထားတာမို့ Semi-autobiography လို့လည်း ပြောလို့ရပါတယ်။ ဇတ်လမ်းကတော့ လေရူးသုန်သုန် တို့ စစ်နဲ့ငြိမ်းချမ်းရေးတို့လို လူဘဝတွေအကြောင်းကို အေးအေးဆေးဆေး လှလှပပလေး ဖော်ကျူးထားတာပါပဲ။ မိသားစုတွေ၊ လူငယ်တွေကြားက အချစ်တွေ၊ ရုန်းကန်မှုတွေ၊ ဘဝအပြောင်းအလဲတွေအကြောင်းပါပဲ။ တကယ်ကို ပျော်ဝင်သွားပြီး ခံစားချက်အစုံရမယ့် ဇာတ်လမ်းမျိုးလေးပါ။ Saoirse Ronan, Emma Watson, Florence Pugh, Eliza Scanlen, Laura Dern, Timothee Chalamet, Meryl Streep နဲ့ အခြား ဆရာ့ဆရာကြီးတွေပါဝင်ထားပါတယ်။ cast နာမည်နဲ့တင် ဖျားလောက်စရာကောင်းသလို အော်စကာ ၆ ဆု ဆန်ကာတင်တာလည်းလွန်တယ်မထင်ပါဘူး။ ဒါလေး ဘာသာပြန်တင်ပေးခွင့်ရတာ ဝမ်းသာပါတယ်။ ကြိုက်တတ်တဲ့သူတွေ အားပေးနိုင်ပါပြီ။ File Size : ( 1 GB , 368 MB ) Quality : WEB-DL 720p Running Time : 2 hr 15 min Format : Mp4 Genre : Drama , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Little Neo Encoded by Moe Myint Lwin

Drama
7.9 2019 135 mins
Little Women
I, Tonya
7.5

IMDb....7.5,,,,Rotten...89  Biography တွေကိုပြန်ရိုက်တဲ့ဇာတ်ကားတွေမှာ အထူးသဖြင့်  ကြည့်ရှှုသူပရိတ်သတ်ကိုပြန်ပြောလေ့ရှိတဲ့ပုံစံမျိုးရိုက်တဲ့ ဇာတ်ကားတွေဟာ ကျွန်တော့်အမြင်ပြောရရင် အများအားဖြင့်  အတော်လေးပျင်းရိဖွယ်ကောင်းလှတယ်...ဖြစ်ရပ်မှန်ဆိုတဲ့ ဘောင်ကြီးကွပ်ထားလေတော့ ဒါရိုက်တာက မူရင်းနဲ့  သွေဖီမသွားအောင်ရိုက်ရင်း  ကြည့်ရှုသူအနေနဲ့ ပျင်းသွားတတ်တယ်...အဲ့လိုကားတွေထဲမှ ရေခဲစကိတ်စီးအားကစားမယ် Tonya Harding အကြောင်းကိုရိုက်ထားတဲ့ ယ္ခုဇာတ်ကားကတော့ ပျင်းရိစရာမကောင်းတဲ့အပြင် ဇာတ်လမ်းအစမှ အဆုံးထိ ဆွဲဆောင်မှုရှိလွန်းလှတယ်... Tonya ရဲ့ငယ်ဘဝ၊ မိခင်ဖြစ်သူရဲ့အကြင်နာမဲ့တဲ့ ဆက်ဆံရေးတွေကနေ စရိုက်ဆန်တဲ့ အပျိုပေါက်တစ်ယောက်ဖြစ်လာပုံတွေ၊ သူမဘဝတစ်ခုလုံးနီးပါးကို နောင်မှာ ဖျက်ဆီးပစ်လာမဲ့ ယောကျ်ားတစ်ယောက်နဲ့ချစ်ကြိုက်မိပြီး အိမ်ထောင်ကျကာ အိမ်ထောင်ရေးအဆင်မပြေဖြစ်ခဲ့ပုံတွေ၊ သူမအားကစားလောကရဲ့ဘဝအနိမ့်အမြင့်တွေ၊ အနိုင် အရှုံးတွေနဲ့သူမဘဝတစ်ခုလုံးကို အပြောင်းအလဲဖြစ်လာစေမဲ့ ဖြစ်ရပ်တစ်ခု ဖြစ်လာပုံတွေကို တင်ပြသွားခဲ့တယ်။ ရေခဲစကိတ်အကြောင်းကိုစိတ်မဝင်စား Tonya Harding ဆိုတာလည်းဘယ်သူမှန်းမသိတဲ့ကျွန်တော်ဟာ ဒီကားကြည့်ပြီး သူ့အကြောင်းတွေပြေးဖတ်ရ နီးစပ်ရာသူငယ်ချင်းတွေကို ကားကောင်းမို့ကြည့်ဖို့ ညွှန်းဆိုရနဲ့။ ခင်ဗျားဟာ  Drama ကြိုက်သူပဲဖြစ်ဖြစ် ဖိုက်တင်ကားတွေကြိုက်သူပဲဖြစ်ဖြစ် ဘယ်လိုရုပ်ရှင်အမျိုးအစကားကိုပဲကြိုက်ကြိုက် ဒီကားလေးကိုတော့ကြည့်စေချင်တယ်...မင်းသမီးချောMagot Robbie ရဲ့အကောင်းမွန်ဆုံးသောသရုပ်ဆောင်ချက်တွေကြောင့် အော်စကာဆန်ကာတင်စာရင်းလည်း ဝင်ခဲ့တယ်...ဇာတ်လမ်းကို ၁၀မိနစ်လောက်လေးပဲမြည်းစမ်းစေချင်တယ်....ဆက်ကြည့်ဖို့မဆွဲဆောင်နိုင်ဘူးဆိုရင်တော့......... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Ye Pye Sone ပဲဖြစ်ပါတယ်... File Size : (1GB) Quality : Blu-Ray 720p Format…mp4 Duration…02:00:00 Genre :  Biography, Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Ye Pye Sone Encoded by Phyo Pyae

Action • Adventure • Science Fiction
7.5 2017 120 mins
I, Tonya
The Painted Wall of Liaozhai
5.9

လူသားနဲ့မိစ္ဆာတို့ရဲ့အချစ်ဇာတ်လမ်းလေးတွေကြိုက်တဲ့ CMပရိသတ်ကြီးအတွက် တစ်မူထူးခြားတဲ့ နံရံဆေးရေးပန်းချီထဲကကမ္ဘာကိုခေါ်သွားပါရစေ…… သရဲတစ္ဆေစတဲ့ပရလောကသားတွေပျော်မွေ့တဲ့ သရဲပွဲတော်လို့ခေါ်တဲ့(၇)လပိုင်း(၁၅)ရက်နေ့မှ ာမိစ္ဆာမတစ်ယောက်ဟာ ထကြွသောင်းကျန်းနေပါတယ် မိစ္ဆာမကိုနှိမ်နင်းဖို့နတ်ဇာမဏီကရောက်ပြီး နှစ်ဦးသားတိုက်ခိုက်ကြပါတော့တယ်။ မိစ္ဆာမကိုမသတ်နိုင်တဲ့အဆုံး နတ်ဇာမဏီကသူ့ကိုယ်သူစတေးပြီး မိစ္ဆာမကိုနံရံဆေးရေးပန်းချီထဲမှာချုပ်နှောင်းထားလိုက်ပါတယ်။ ဒီလိုနဲ့နှစ်တွေကြာလာတဲ့အခါ နံရံပန်းချီရဲ့သက်ဝင်မှုကြောင့် ပန်းချီဆရာလေးတွေကလာရောက်စူးစမ်းရင်း နံရံပန်းချီထဲကကမ္ဘာထဲကိုရောက်သွားကြပါတယ်။ ပန်းချီဆရာလေးတွေရောက်သွားတဲ့ကမ္ဘာကနတ်ဘုံလား မိစ္ဆာဘုံလား…… နံရံဆေးရေးပန်းချီထဲကကမ္ဘာထဲမှာ ဘယ်လိုမှော်ဆန်တဲ့အရာတွေနဲ့ကြုံတွေ့ကြမလဲ…… လူသားပန်းချီဆရာလေးနဲ့ မိစ္ဆာမလေးတို့ရဲ့အချစ်ဇာတ်လမ်းကရောဘယ်လိုအဆုံးသတ်မလဲ……

5.9 2023
The Painted Wall of Liaozhai
Innocent Blood

IMDB 6.2/10 ရထားတဲ့ Innocent Blood (1992)ဆိုတဲ့ Comedy/Horror သွေးစုတ်ဖုတ်ကောင်ကားလေးပါ.. စွဲမက်ဖွယ် ပြင်သစ် မင်းသမီး Anne Parillaud (La Femme Nikita)က သွေးစုတ်ဖုတ်ကောင်မလေးအဖြစ်၊ Anthony LaPaglia (Without a Trace)က ရဲအရာရှိ ဂျိုးအဖြစ်၊ ကွယ်လွန်သွားပြီဖြစ်တဲ့ မင်းသားကြီး Robert Loggia (Big) က Sallie The Sharkအဖြစ် ပါဝင် သရုပ်ဆောင်ထားကြပါတယ်.. ဇာတ်လမ်းအကျဉ်း မာရီက ဆိုးသွမ်းတဲ့ယောကျ်ားတွေကိုပဲ အရောဝင် သွေးသောက်တတ်တဲ့၊ တစ်ကိုယ်တော် လှုပ်ရှားတတ်တဲ့ သွေးစုတ်ဖုတ်ကောင်မလေးပါ.. တစ်နေ့မှာတော့ သွေးစုတ်ဖို့ သားကောင်ရှာရင်း သူကိုက်လိုက်မိတဲ့ သားကောင်က မြို့ထဲက အဆိုးတကာ့အဆိုးထွဋ်ခေါင်ဆိုတဲ့ Sallie The Shark ဖြစ်နေခဲ့ပြီး.. ပြန်လည်ရှင်သန်နိုင်စွမ်းရှိတဲ့ သွေးစုတ်ဖုတ်ကောင်အစွမ်းတွေကို ရရှိသွားတဲ့ ဆယ်လီက တခြားလူတွေကိုပါ သွေးစုတ်ဖုတ်ကောင်အဖြစ်ပြောင်းပြီး မြို့ကို သိမ်းပိုက်ဖို့ကြိုးစားလာချိန်မှာတော့.. ကိုယ်ဇာတ်ကိုယ်မနိုင်ဘဲ ဆယ်လီ့ကို လက်စသိမ်းနိုင်ဖို့အရေး မာရီက အမျိုးမျိုးကြိုးစားရပါတော့တယ်.. ဒီလိုနဲ့ ဆယ်လီ့ကို ဖမ်းဆီးဖို့ကြိုးစားနေတဲ့ ရဲအရာရှိဂျိုးနဲ့ အမှတ်မထင်တွေ့ဆုံခဲ့ကြရာမှာတော့.. သွေးစုတ်ဖုတ်ကောင်နဲ့ လူသားရဲအရာရှိတို့နှစ်ယောက်ကြား ဘယ်လိုတွေဆက်ဖြစ်ကြမလဲ.. ရဲအရာရှိဂျိုးတစ်ယောက် မာရီ့မာယာအောက်မျောပါပြီး သွေးစုတ်ဖုတ်ကောင်အဖြစ် ပြောင်းလဲသွားလေမလား.. ဒါမှမဟုတ် မာရီနဲ့ နှစ်ယောက် လက်တွဲပြီးတော့ပဲ ဆယ်လီ့ကို နှိမ်နင်းနိုင်ကြမလား.. ဆယ်လီကပဲ သူ့မူလအစီအစဉ်အတိုင်း မြို့ကိုလက်ဝါးကြီးအုပ်သွားနိုင်မလား ဆိုတာကိုတော့.. ဇာတ်ကားထဲမှာပဲ ဆက်ကြည့်လိုက်ကြပါလို့.. (P.S သွေးစုတ်ဖုတ်ကောင်ကားဖြစ်တာနဲ့အညီ သွေးထွက်သံယိုအခန်းတွေနဲ့ သွေးစုတ်ဖုတ်ကောင်မလေးက မာယာနဲ့ဖျားယောင်းပြီး သွေးစုတ်တာမို့၊ ပြောစရာမလိုအောင်ကို ဟိုအခန်း ဒီအခန်း ဘာအခန်း ညာအခန်းတွေက တချို့တလေ ပါနေတာမို့၊ ပါတဲ့အခန်းတွေကလည်း ကွက်ကွက်ကွင်းကွင်းရယ်မို့ မိသားစုနဲ့ ကြည့်ရှုဖို့မသင့်ပါဘူးနော်.. တချို့တလေလို့ သေချာပြောလိုက်ပါတယ်နော်..တော်ကြာ ညိုကီတို့က အများကြီးလည်းမပါဘူးဖြစ်နေမှာစိုးလို့.. Horror အခန်းတွေကြည့်ချင်ကြတဲ့ တချို့သော ညိုကီတို့အတွက်ပြောပါတယ်..) (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ) File size…(3 GB)/(1 GB)/(600 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:01:00 Genre…Comedy,Horror,Thriller,Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

0 1992
Innocent Blood
Open City
6.2

Open City (2018) တို့မမကြီး Son Ye Jin ကြမ်းခဲ့ရမ်းခဲ့တဲ့ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် သားတစ်ယောက်အမေမမရဲ့ ခါးပိုက်နှိုက်ဂိုဏ်းခေါင်းဆောင်အဖြစ် သရုပ်ဆောင်ထားတာပါ ဂျပန်ရောကိုရီးယားမှာရော ခါးပိုက်နှိုက်ကို တွင်တွင်ကျယ်ကျယ်လုပ်နေတဲ့ ဘဲ့ဂျန်မီ အမေခါးပိုက်နှိုက် ကိုယ်လည်း ငယ်ငယ်ထဲက အမေနဲ့အတူခါးပိုက်နှိုက်ပဲလုပ်စားလာခဲ့ရင်း ရဲတွေအလိုရှိတဲ့လူတစ်ယောက်ဖြစ်လာခဲ့ပါတယ် အိုဆာကာမှာ ပြသနာတက်ခဲ့လို့ရှောင်ပြေးလာရာက ကိုရီးယားရောက်တဲ့အခါ ဂိုဏ်းပေါင်းစုံကြားဘာတွေကြုံတွေ့ရမလဲ? ဘယ်လိုလွတ်မြောက်အောင်လုပ်မလဲ? အရမ်းတော်တဲ့စစ်ဆေးရေးမှူးရဲသားတစ်ယောက်ပေမဲ့ ခါးပိုက်နှိုက်မှုတွေဆိုရင် လုံးဝကို မလိုက်တဲ့ ဂျိုဒယ်ယောင်း သူကရောဘာကြောင့် ခါးပိုက်နှိုက်အမှုတွေမလိုက်တာလဲ? အတိတ်မှာရော ဘယ်လိုတွေဖြစ်ခဲ့လို့လဲ? ဘဲ့ဂျန်မီနဲ့ဂျိုဒယ်ယောင်းက ဘယ်လိုဖြစ်ရပ်တွေဖြစ်ခဲ့တာလဲ? ကဲ ဇာတ်လမ်းလေးကိုကြည့်ရင်း အားပေးကြပါဦး အညွှန်း နဲ့ ဘာသာပြန်ကတော့ Kong Hou ပဲ ဖြစ်ပါတယ်။ Genre….. Action, Crime Quality…. 1080p | 720p | 480p File size… 2.3GB | 1.1GB | 524MB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ….. KongHou Encoder ….. Aaron

6.2 2018
Open City
Sleepaway Camp II: Unhappy Campers

Sleepaway Camp 1 1983 အပြီး ၅နှစ်အကြာမှာ ဆက်ထုတ်ခဲ့တဲ့ နံပါတ်နှစ် ရုပ်ရှင်ပါ။ ရုပ်ရှင်နာမည်အတိုင်းပဲ ဒီတခေါက်မှာလည်း ကံမကောင်း အကြောင်းမလှတဲ့ စခန်းချသူတွေကို မြင်တွေ့ရမှာပါ။ ဒီရုပ်ရှင်ဟာ Sleepaway Camp ရဲ့ အဆက်ဖြစ်တာကြောင့် နံပါတ်တစ်ကိုမကြည့်ရသေးဘူးဆိုရင်တော့ အရင်သွားကြည့်ဖို့ အကြံပေူချင်ပါတယ်။ နံပါတ်တစ်မကြည့်ထားဘဲ ကြည့်ရင်ရော ရလားဆိုတော့ ရတော့ရပါတယ် ဒါပေမဲ့ အဓိကဇာတ်ကောင်ဖြစ်တည်လာပုံကို ဂဃနဏသိချင်ရင်တော့ နံပါတ်တစ်ကိုအရင်ကြည့်မှ ပြီးပြည့်စုံသွားပါလိမ့်မယ်။ ဒီရီဗျူးက နံပါတ်တစ်ရဲ့အဆက်ဖြစ်တာကြောင့် စပွိုင်လာကင်းကင်းပြောပြရရင်တော့ နွေရာသီစခန်းမှာအလုပ်လာလုပ်တဲ့ အကြံပေးဟာ ဆိုးသွမ်းတဲ့ကလေးတွေကို သူ့နည်းသူ့ဟန်နဲ့ လိုက်ဆုံးမတာပါ။ အောက်ကရီဗျုးမှာတော့ စပွိုင်လာအနည်းငယ်ပါရှိမှာဖြစ်ပါတယ်။ ဒီကားကတော့ နံပါတ်တစ်ရုပ်ရှင်က ဖြစ်ရပ်တွေအပြီး ၅နှစ်အကြာမှာ ဇာတ်အိမ်တည်ထားပါတယ်။ ဇာတ်လိုက်ကျော်အန်ဂျလာဟာ နွေရာသီစခန်းတခုမှာ အလုပ်လုပ်ဖို့ရာပြန်လည်ရောက်ရှိလာပါတယ်။ ဒါပေမဲ့ စခန်းချသူတွေဟာ သူ(မ)ရဲ့ တင်းကျပ်တဲ့စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာခြင်းမရှိဘဲ မလျော်မကန်ပြုမူတာတွေ ရှိလာတဲ့နောက်မှာတော့ အန်ဂျလာဟာ နည်းဟောင်းတွေကိုသုံးပြီး ဆိုးသွမ်းတဲ့ စခန်းချသူတွေကို ပညာပေးဖို့ရာ ထပ်မံအကြောင်းဖန်လာပါတော့တယ်။ ဒီရုပ်ရှင်ထဲမှာတော့ နံပါတ်တစ်ထဲကလိုမဟုတ်ဘဲ ဆယ်ကျော်သက်သရုပ်ဆောင်တွေ ဖောဖောသီသီပါ၀င်လာပြီး ၈၀ခုနစ် လူငယ်တွေရဲ့ ဖက်ရှင်ဒီဇိုင်းကာလာ ဘာညာအနေအထားတွေကို ရော့ခ်ဂီတတွေနဲ့ ထည့်သွင်း ပုံဖော်ရိုက်ကူးထားပါတယ်။ ကိုယ်လုံးတီးရိုက်ချက်တွေ ညစ်ညမ်းတဲ့အသုံးအနှုန်းတွေလည်း အများကြီးပါ၀င်လာတာကြောင့် ၁၈နှစ်အောက်ကြည့်ဖို့ မသင့်တော်ကြောင်း သတိပေးလိုက်ရင်းနဲ့ပဲ အဆုံးသတ်လိုက်ပါတယ်။ File size…(1.5 GB)/(763 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:20:00 Genre…Comedy, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

0 1988
Sleepaway Camp II: Unhappy Campers
Nobody Nose
5.9

ရဲအရာရှိတစ်ယောက်ဟာ သူ့ကြောင့် သူလျှိုမလေးသေသွားတဲ့အခါ စိတ်ဒဏ်ရာတွေဖြစ်ကျန်ခဲ့ပြီး ထင်ယောင်ထင်မှားတွေမြင်လာတယ်။ အဲဒီလိုနဲ့ရဲဌာနကနေနှုတ်ထွက်လိုက်ရတယ်။ သူ့အခြေနေက ဆေးပုံမှန်မသောက်ရင် ပိုဆိုးလာနိုင်တယ်လို့ပြောကြပေမယ့် သူကတော့ ခေါင်းမာမာနဲ့ ငါအရူးဆိုတာ လူတိုင်းသိနေပြီပဲ မသောက်လဲဘာမှမဖြစ်ဘူးဆိုပြီးတော့ ပေတေပြီးနေနေတုန်းပဲ။ ရဲမဟုတ်တော့ပေမယ့် ဒီအမှုကိုဆက်စုံစမ်းတာတော့မရပ်ခဲ့ဘူး။ (၄)နှစ်ကြာသွားတဲ့အခါ အမှုဟာသဲလွန်စအသစ်ပြန်ရလာခဲ့တယ်။ သူကတကယ်ပဲ ထင်ယောင်ထင်မှားတွေမြင်နေပြီးတော့ အသုံးမကျတဲ့သူတစ်ယောက်ဖြစ်သွားပြီလား….. ဒီတစ်ခါရော နောက်ကွယ်ကတကယ်ချုပ်ကိုင်နေတဲ့ အဓိကတရားခံကိုအမိဖမ်းနိုင်မလား……

5.9 2018
Nobody Nose
August Rush
7.4

2007 ခုနှစ်က ထွက်ရှိခဲ့တဲ့ August Rush ဆိုတဲ့ ဇာတ်ကားလေးကိုတော့ အားလုံးသိကြမယ်ထင်ပါတယ်။ Musical Drama အမျိုးအစားဖြစ်ပြီးတော့ ဆုတွေအများကြီးပတ်ယူခဲ့တဲ့အပြင် 2008 ခုနှစ် Oscar ဆုပေးပွဲမှာလည်း အကောင်းဆုံးသီချင်းဆုအတွက် ဆန်ကာတင်စာရင်းထဲဝင်ခဲ့ပါသေးတယ်။ Freddie Highmore, Keri Russell,Jonathan Rys Meyers, Terrence Howard, Robin Williams စတဲ့ နာမည်ကြီးသရုပ်ဆောင်များစွာပါဝင်ထားပြီးတော့ Kirsten Sheridan ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအကျဉ်း…… လွန်ခဲ့တဲ့ 12 လောက်တုန်းက Washington Square ရဲ့ လရောင်လွှမ်းတဲ့ ခေါင်မိုးလေးတစ်ခုပေါ်မှာ ငယ်ရွယ်တဲ့ဆယ်လိုသမားလေး Lyla Novecek နဲ့ အိုင်းရစ်ချ် အဆိုတော်လေး Louis Connelly တို့ဟာ (Moondance) လို့ခေါ်တဲ့လမ်းဘေးဂီတပညာရှင်ဖျော်ဖြေပွဲကအပြန်မှာ တွေ့ခဲ့ကြပြီးတော့ ချစ်ကျွမ်းဝင်သွားကြပါတယ်။သူမဘဝရဲ့ ကြည်နူးစရာအကောင်းဆုံးညကို ဖြတ်သန်းပြီးတဲ့အခါမှာတော့ Lyla ဟာ Louis ကိုပြန်လာပြီးတွေ့မယ်လို့ကတိပေးခဲ့ပါတယ်။ ဒါပေမယ့်လဲ သူမအဖေရဲ့တားဆီးမှုတွေကြောင့် Lyla ဟာ Louis ကိုပြန်လည်တွေ့ခွင့်မရခဲ့ပါဘူး။ Louis ကလည်းစိတ်ဓာတ်ကျပြီးတော့ ဂီတာကိုဆက်မတီးတော့ပဲနဲ့ သူ့ရဲ့ဂီတကို စွန့်လွှတ်လိုက်ပါတော့တယ်။ Lyla ဟာလည်း သူ့ရဲ့ချစ်အိပ်မက်လေးဆုံးရှူံးသွားပြီး လအနည်းငယ်အကြာမှာလည်း သူတို့ရဲ့ ရင်သွေးလေးကို ကားမတော်တဆမှူတစ်ခုမှာ ဆုံးရှုံးလိုက်ရပြီလို့ ယုံကြည်ခဲ့ရပါတယ်။ မိဘမဲ့ဖြစ်သွားတဲ့ သူတို့ရဲ့ကလေး(Freddie Highmore)ဟာ သူ့မှာပါရမီပါလာတဲ့ ဂီတစွမ်းရည်ကို သဲလွန်စတစ်ခုအနေနဲ့ အသုံးပြုပြီးတော့ သူ့ရဲ့ မိဘတွေကို လိုက်ရှာရပါတော့တယ်။ ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်လို့ မကြည့်ရသေးတဲ့ သူတွေရော ကြည့်ပြီးသားသူတွေရောပါ ထပ်မံကြည့်ရှုသင့်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ File size…(1.7 GB)/(892 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:54:00 Genre… Drama, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nay

7.4 2007 114 mins
August Rush
Martyrs

ီုဇာတ်လမ်းဟာ ဒါရိုက်တာ Pascal Laugier ရဲ့ ၂၀၀၈ ခုနှစ်ထွက်ရုပ်ရှင်ကို အမည်မပြောင်းလဲဘဲ Remake ပြန်လည် ရိုက်ကူးထားတာဖြစ်ပါတယ်.။ လူစီဟာ ကလေးဘဝအရွယ်မှာ သူ့ကို ညှင်းပန်းနှိပ်စက်နေတဲ့ လူတစ်စုရဲ့လက်ထဲကနေလွတ်မြောက်လာခဲ့သူဖြစ်ပါတယ်.။ သူ့ကို နှိပ်စက်ရာ အကျဉ်းခန်းကို ရဲတွေကို ညွှန်ပြနိုင်ခဲ့ပေ့မယ် ထူးဆန်းစွာပဲ ခြေရာလက်ရာတစ်ခုမှမကျန်တဲ့ အဆောက်အဦးတစ်ခုသာ ဖြစ်နေခဲ့ပါတယ်။ နောက်တော့ လူစီဟာ စိန့်မေရီမိဘမဲ့ကလေးကျောင်းမှာ ကြီးပြင်းခဲ့ရပြီး သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းအန်နာကိုလည်း အဲဒီမှာပဲ တွေ့ဆုံခဲ့ပါတယ်.။ ငယ်ရွယ်တဲ့အရွယ်မှာ ကြုံတွေ့ခဲ့ရတဲ့ စိတ်ဒဏ်ရာတွေကြောင့် မကောင်းဆိုးဝါးတွေကို အမြဲတမ်းမြင်ယောင်နေပြီး စိတ်ကူးနဲ့လက်တွေ့ကို မခွဲခြားနိုင်တဲ့ စိတ်ရောဂါကို နှစ်ရှည်လများ ခံစားခဲ့ရပါတယ်။ အန်နာတစ်ယောက်သာ သူ့အတွက် ဘဝသဲကန္တာရထဲက အိုအေစစ်လေးတစ်ခုဖြစ်ခဲ့ပါတယ်။ ၁၀ နှစ်အကြာ လူစီအရွယ်ရောက်လာတော့ သူ့ကိုဖမ်းဆီးသွားသူ မိသားစုကို ရှာတွေ့ခဲ့ပါတယ်။ နှစ်များစွာကြာမြင့်ခဲ့ပေမယ့် သူ့ကို ညှင်းပန်းနှိပ်စက်ခဲ့သူရဲ့ မျက်လုံးတွေကို မှတ်မိနေခဲ့ပါတယ်။ တစ်မိသားစုလုံးကို ကျူပင်ခုတ်ကျူငုတ်မကျန် သတ်ဖြတ်ခဲ့ပြီးနောက် သူ့သူငယ်ချင်း အန်နာကို ဖုန်းဆက်ပြီး အကြောင်းကြားခဲ့ပါတယ်။ အန်နာရောက်လာတဲ့အချိန်မှာ မသေချာမရေရာတဲ့ထင်ကြေးတစ်ခုတည်းနဲ့ မိသားတစ်စုလုံးကို သတ်ဖြတ်ခဲ့တဲ့ လူစီကို ခွင့်မလွှတ်နိုင်ခဲ့ဘဲ သူ့အပေါ် ဆက်မကူညီနိုင်တော့ကြောင်းပြောကာ ထွက်သွားဖို့ ပြင်ခဲ့ပါတယ်.။ သူ့ကို နှိပ်စက်ခဲ့တဲ့သူတွေအပေါ် လက်စားပြန်ချေလိုက်ရင် သူမြင်နေရတဲ့ မကောင်းဆိုးဝါးနဲ့ စိတ်ဒဏ်ရာတွေပျောက်ကွယ်သွားမယ်လို့ လူစီကတော့ တစ်ထစ်ချယုံကြည်နေပါတယ်။ တကယ်တမ်းမှာတော့ သူ့စိတ်သူမထိန်းနိုင်ဘဲ ကိုယ့်ကိုယ်ကို ပြန်ရန်မူလာချိန်မှာတော့ အန်နာကပဲဖေးမကူညီခဲ့ရပြန်ပါတယ်။ နောက်တော့ အလောင်းတွေကို ဖျောက်ဖျက်ပြီး အခင်းဖြစ်တဲ့အိမ်ကို နဂိုမူလအတိုင်း ခြေရာလက်ရာမပျက် ပြန်လည်ထားရှိတဲ့အချိန်မှာပဲ လျှို့ဝှက်မြေအောက်ခန်းတစ်ခုကို တွေ့ရှိခဲ့ပါတယ်… လူစီထင်ထားသမျှ အားလုံးမှန်နေခဲ့ကြောင်း သိရှိခဲ့ပြီးနောက် ဆမ် ဆိုတဲ့ ကလေးမလေးကိုပါ ရှာတွေ့ခဲ့ပါတယ်..။ အန်နာက လူစီအိပ်ပျော်နေတုန်း ၉-၁-၁ ကို ဖုန်းခေါ်ဆိုထားခဲ့တဲ့အတွက် လူတစ်စုက အိမ်ကို ချဉ်းကပ်လာခဲ့ပါတယ်။ ကိစ္စက သူတို့ထင်မှတ်ထားသလို သာမန်ပြန်ပေးဆွဲ ညှင်းပန်းနှိပ်စက်မှုမျိုးမဟုတ်ဘဲ နောက်ကွယ်မှာ အဖွဲ့အစည်းတစ်ခုရှိနေမှန်းသိလိုက်ရပါတယ်.။ လူတွေကို ညှင်းပန်းသတ်ဖြတ်ရင်းနဲ့ လူသားမျိုးနွယ်ရဲ့ အကြီးမားဆုံးသောလျှို့ဝှက်ချက်ကို ရှာဖွေမယ့် လူတစ်စုရဲ့ ရည်ရွယ်ချက်က အကြောင်းမဲ့သတ်ဖြတ်တာထက် ပိုပြီးကျောချမ်းစရာကောင်းလွန်းနေတဲ့အချက်ကလည်း ဒီဇာတ်ကားကို လက်မလွှတ်ဘဲကြည့်ရှုသင့်တဲ့ အကြောင်းရင်းတစ်ခု ဖြစ်နေပါတော့တယ်။ File size… 1.1 GB / 543 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 26m Genre ….. Drama / Horror / Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Sai Sumali

Drama • Romance • Comedy
0 2015
Martyrs
The Dead Thing
5

cm ရဲ့ Horror ပရိသတ်ကြီးကို ဇာတ်ကားကောင်းလေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားက သာမန်သရဲကားတွေလို ပြူးပြူးပြဲပြဲ ခြောက်လှန့်ပြနေတဲ့ ဇာတ်ကား အမျိုးအစားမျိုး မဟုတ်ဘဲ အထီးကျန် ခြောက်သွေ့တဲ့ မိန်းကလေး တစ်ယောက်ရဲ့ ဘဝ၊ အင်တာနက်ဒိတ်တင်း အပျော်ဒိတ်တွေနဲ့ပဲ တွေ့ဆုံဆက်ဆံရင်း ပိုပိုပြီး အထီးကျန်လာတဲ့ လူနေမှုဘဝ၊ နေ့စဉ်နေ့တိုင်း လုပ်နေကျအလုပ်တွေကိုပဲ အသက်မပါ အပ်ကြောင်းထပ်အောင် လုပ်နေရင်း ပိတ်မိနေတဲ့ ခံစားချက်တွေ၊ လှပတဲ့ ချစ်ခြင်း မေတ္တာဟာ စွဲလန်းတပ်မက်ခြင်း အစွန်းရောက်သွားတဲ့အခါမှာ toxic ဆက်ဆံရေးတစ်ခုလို ပြောင်းလဲသွားပြီး ကိုယ်တိုင် ပျောက်ဆုံးသွားရတဲ့ ခံစားချက်တွေကို ထင်ဟပ်ရိုက်ကူး ထားတဲ့ ဇာတ်ကား တစ်ကားပါ။ ဇာတ်ကြောင်းက အဲလက်စ်ဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ ငြီးငွေ့ဖွယ်ကောင်းတဲ့ ရုံးပိုင်း စာရွက်စာတမ်းတွေကို စကင်ဖတ်ပေးရတဲ့ အလုပ်ကို ညဆိုင်း လုပ်ကိုင်ပါတယ်။ တစ်နေ့တော့ “ဖရစ်ရှင်” ဆိုတဲ့ အင်တာနက် ဒိတ်တင်အက်ပ် တစ်ခုကနေ ကိုင်လ်ဆိုတဲ့ ကောင်လေးတစ်ယောက်နဲ့ ဒိတ်ဖြစ်ခဲ့ပါတယ်။ ခါတိုင်းသူတွေနဲ့ မတူဘဲ ခံစားချက်ချင်း တူညီပြီး ကြင်နာတတ်ပုံရတဲ့ ကိုင်လ်ကို အဲလက်စ်က ချစ်မိ သွားပြီး နောက်ထပ် တွေ့ဆုံဖို့ ကြိုးစားခဲ့ပေမယ့် ကိုင်လ်ဘက်က တုံ့ပြန်မှု မရှိခဲ့ပါဘူး။ အစွဲအလန်းကြီးတဲ့ အဲလက်စ်တစ်ယောက် ကိုင်လ်ကို အမှတ်မထင် ဘားတစ်ခုမှာ တခြားကောင်မလေး တစ်ယောက်နဲ့ ဒိတ်နေတာကို တွေ့ခဲ့ပြီး နောက်ယောင်ခံလိုက်ခဲ့ ပါတယ်။ ကိုင်လ် အလုပ်လုပ်တယ် ဆိုတဲ့ စားသောက်ဆိုင်မှာ သွားပြီး ကိုင်လ်အကြောင်း စုံစမ်းခဲ့တဲ့ အဲလက်စ်တစ်ယောက် သူမ လုံးဝထင်မထားတဲ့ လျှို့ဝှက်ချက်ကြီး တစ်ခုကို သိလိုက် ရပါတော့တယ်။ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ အားပေးကြည့်ရှု ကြည့်ပါဦး ခင်ဗျ….။ File size… (1.40 GB) / (707 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 34m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Drama
5 2024 94 mins
The Dead Thing