YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The.Truth.About.Emanuel.2013.1080p.BluRay {CM}.mp4

1.31 GB N/A video/mp4 83 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Terminal
7.3

ဒါရိုက်တာကြီး Steven Spielberg  ရဲ့လက်ရာဖြစ်ပြီး မင်းသားတွမ်ဟန့်နဲ့ မင်းသမီးကက်သရင်းဇီတာဂျုံးတို့လို ဝါရင့်သရုပ်ဆောင်တွေနဲ့ ဒီရုပ်ရှင်က Life is waiting ပါတဲ့...။ ဇာတ်လမ်းကျောရိုးကတော့ ...အမေရိကားကိုတစ်ခါမှမရောက်ဖူးတဲ့ ခရာကိုရှားဆိုတဲ့ နိုင်ငံငယ်လေးက ခရီးသည်တစ်ယောက် အမေရိကားကို ရောက်တဲ့နေ့မှာပဲ ကံကဆိုးပြီး သူ့နိုင်ငံမှာပြသနာတက်နေလို့ အမေရိကန်ထဲကို ပြည်ဝင်ခွင့်ဆိုင်းငံ့ခံလိုက်ရပါတယ်... ဒီတော့ ဘာသာစကားက မကျွမ်းကျင်၊ တိုင်ပင်အကူအညီတောင်းရမယ့်သူက မရှိ၊ အမေရိကရဲ့အထာတွေကိုလည်း နားမလည်ဘဲ လေဆိပ်မှာတင် ယောင်ချာချာ ဖြစ်နေရတဲ့ အကြောင်းနဲ့ သူဘာကြောင့်အမေရိကန်ထဲကို ဝင်ဖို့ကြိုးစားနေရတာလဲဆိုတဲ့အကြောင်းကို ဟာသနှော၊ အသောခပ်များများနဲ့ ဝမ်းနည်းစရာလေးတွေလဲ ဖြစ်ပျက်၊ ချစ်ခြင်းတရားအကြောင်းလည်း ရောစွက်ပြီး ရသစုံအောင် တင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးပါပဲ။ ဒါကတော့ ဇာတ်ကြောင်းပါ…ဒါပေမယ့် ကျွန်တော်ကတော့အဲ့ဒီထက်ပိုပြီးစဉ်းစားမိနေပါတယ်။ ဇာတ်ကားထဲမှာ သရုပ်ဆောင်ထားတဲ့ Tom Hanks ရဲ့သရုပ်ဆောင်မှုတွေကောင်းလို့ ဟာသဇာတ်ကားလို့ယေဘုယျထင်ရပေမယ့် အဲ့ဒီထက်ပိုတဲ့ ရသတွေ..အမြင်တွေ..ရှိနေတယ်လို့ခံစားမိပါတယ်။ လေဆိပ်ဆိုတဲ့ နေရာမှာ ကျွန်တော်တို့ရဲ့ဘဝတွေလို့စဉ်းစားလိုက်လို့ရပါတယ်… ပိတ်ပင်မှုတွေ..တိုက်ခိုက်မှုတွေ..နားမလည်မှုတွေ…ချောက်တွန်းချင်တဲ့သူတွေ…ကူညီချင်တဲ့လူတွေ… အမုန်းတွေ..မေတ္တာတွေ…တာဝန်တွေ..ကံကြမ္မာဆိုးတွေ…သူငယ်ချင်းတွေ…ကြည့်မရသူတွေ… ဒီလိုမျိုးတွေထဲမှာ Tom Hanks တစ်ယောက် ပျော်ရွှင်နိုင်အောင်ကြိုးစားတယ်..ရုန်းကန်တယ်။ သူရည်မှန်းထားတဲ့ ပန်းတိုင်ကို မဆုတ်မနှစ် သွားနေတဲ့လမ်းကြောင်းမှာ ဘာကြောင့်မှနောက်မတွန့်နေဘဲ ရိုးသားစွာ ကြိုးစားနေတဲ့ လူတစ်ယောက်အဖြစ် ဇာတ်လမ်းကျဉ်းကျဉ်းထဲမှာ ရအောင်ပုံဖော်ပြသွားပါတယ်။ အကြိုက်ဆုံးမင်းသားကို ဒီလိုဇာတ်လမ်းကောင်းမျိုးမှာ တွေ့ရတာ ကျွန်တော်အတွက်တော့ အချိုပေါ်သကာလောင်းထားတဲ့ ဇာတ်ကားလို့ပဲဆိုချင်ပါတယ်။ IMDb Rating (7.4/10) ထိရရှိထားပြီး သိမ်းထားချင်သူများအတွက် 4K နဲ့ထပ်မံတင်ဆက်လိုက်ပါတယ်။ File size…(11 GB )/ (2.9 GB)/ (1.5 GB) Quality….WEB-DL 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….02:08:45 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung

Comedy • Drama
7.3 2004 128 mins
The Terminal
The Veteran
5.8

ရောဘတ်မဲလ်လာတစ်ယောက် အာဖဂန်စစ်ပွဲကနေ သူ့ရဲ့အိမ်ရှိရာ လန်ဒန်တောင်ပိုင်းကဂန်းစတားတွေအများစုအခြေချရာ နေရာကိုပြန်လာခဲ့ပါတယ်. ဂျုံးစ်ဆိုတဲ့မူးယစ်ရာဇာက သူ့လက်အောက်မှာအလုပ်လုပ်ဖို့အတွက် ကမ်းလှမ်းခဲ့ပေမယ့် သူကတော့ ပယ်ချခဲ့ပါတယ်။ဒီလိုနဲ့အလုပ်မရှိဖြစ်နေတဲ့သူ့ကို သူငယ်ချင်းဖြစ်သူက လူသိမခံတဲ့အစိုးရပိုင်းဆိုင်ရာအလုပ်တစ်ခုနဲ့ မိတ်ဆက်ပေးပြီးတဲ့နောက်မှာတော့ သူလုပ်ကိုင်ရမှာ အကြမ်းဖက် တွေနဲ့ထပ်မံပတ်သက်နေတယ်ဆိုတာသိရှိရပြီးတဲ့နောက်...... ဒီဇာတ်ကားက ဗြိိတိန်အက်ရှင်ကားအမျိုးအစားဖြစ်ပြီးတော့ အစိုးရ ပိုင်းဆိုင်ရာဟာ အကြမ်းဖက်တွေနဲ့ဘယ်လိုကူးလူးဆက်သွယ်လှုပ်ရှား နေကြတယ်ဆိုတာကိုပုံဖော်ရိုက်ကူးထားတာပဲဖြစ်ပါတယ်. ကြာချိန်အနေနဲ့က ၁နာရီခွဲဖြစ်ပြီး Action, Crime , Thrillerအမျိုးအစားဖြစ်ပါတယ်။ File size…1.69GB / 559MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 38m Genre ..... Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Charm

Drama
5.8 2011 98 mins
The Veteran
The Offering
6

ဒီကားလေးက စိတ်ဝင်စားဖို့ကောင်းတဲ့ ဟော်ရာကားလေးလို့ ပြောရမယ်။ သမ္မာကျမ်းစာထဲ ဘုရားသခင်က အီဘရာဟမ်ကို သူ့သားနဲ့အသက်နဲ့ ပူဇော်ခိုင်းတဲ့ ဇာတ်လမ်းကို သိကြမယ်ထင်တယ်။ ဒီကားက အဲဒီဇာတ်လမ်းနဲ့ ချိတ်ထားတဲ့ Horror ကားပါပဲ။ အဲဒီလိုပူဇော်ခိုင်းရခြင်းရဲ့အကြောင်းရင်းကိုလည်း ထည့်ထားတယ်။ ကမ္ဘာဦးအစကတည်းက အမျိုးသမီးတွေကို ကိုယ်ဝန်ပျက်ကျစေတဲ့၊ ကလေးတွေကို စားသုံးတဲ့ နတ်ဆိုးမတစ်ယောက် ရှိခဲ့တယ်။ ဘုရားသခင်က အီဘရာဟမ်ကို သူ့ကို ပူဇော်ခိုင်းခြင်းနဲ့ လူမှုရေးရာ‌ လောကီကိစ္စတွေမှာ ဝင်စွက်ဖက်ဖို့ မျှခြေယူခဲ့ပြီး အဲဒီနတ်ဆိုးမကို ချိပ်ပိတ်ခဲ့တယ်။ ဒီဘက်ခေတ်ရောက်တော့ အဲဒီနတ်ဆိုးမကို ဂမ္ဘီရဆရာတစ်ယောက်က သူ့မိန်းမကို အသက်ရှင်စေချင်ဇောနဲ့ မှားယွင်းပြီး ဆင့်ခေါ်ခဲ့မိတယ်။ ဒီလိုနဲ့ သမိုင်းမတင်ခင် ဘုရားသခင်ခေတ်ကတည်းက ရှိနေတဲ့ နတ်ဆိုးမကို လူသားတွေ ဘယ်လိုတားဆီးမလဲ မြင်ကြရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 910MB Quality - 1080p, 720p IMDb Rating - 5.2/10 Format - mp4 Duration - 1H 33Min Genre - Horror Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Action • Crime • Thriller
6 2022 93 mins
The Offering
We Couldn't Become Adults
6.2

~ IMDb - 6.5/10, Rotten Tomatoes - 67% ~ မရင့်ကျက်ခြင်းများအကြောင်း အလွမ်းသစ်တို့ အဆင့်ဆင့်မြင့်မျောနေသော တိမ်စိုင်တို့ မျောကာလွင့်ကာနေကြ၏။ အချို့တိမ်တို့က ရေခိုးရေငွေ့တို့ကို ထုပ်ပိုးသိမ်းဆည်းထားကြပြီး အချို့တိမ်တို့က အတိတ်မြစ်တို့ကို ထုပ်ပိုးသိမ်းဆည်း ထားကြသည်။ တိမ်ညိုကာမိုးသော မိုးနေ့များတွင် ရွာသွန်းဖြိုးတတ်သော ထိုတိမ်တိုက်တို့ကို မနေ့ကကောင်မလေးနဲ့ အတူ ကျွန်တော် ထားခဲ့လိုက်ချင်ပါသည်။ အတိတ်ကို ထူးထွေစွာ တမ်းတမက်မောမနေတော့ခြင်းသည်လည်း ရင့်ကျက်လာခြင်း၏ ဂုဏ်သတ္တိများထဲမှ တစ်ခုဟု ဆိုကြသည်သာ။ မရှိတော့ပြီထင်ရသော တစ်ပိုင်းတစ်စ မှတ်ဉာဏ်ဟောင်းများ ငွေ့ရည်ဖွဲ့လာချိန်တွင် အတိတ်တို့သည် အတိတ်မဟုတ်တော့ပြီ။ ဟောင်းနွမ်းခဲ့ပြီထင်ရသော ရုတ်တရက်အသစ်ဖြစ်သွားတတ်သည့် မှတ်ဉာဏ်များထဲတွင် လွန်လေခဲ့ပြီးသော မနက်ဖြန်တစ်ခုတုန်းကလိုပင် သူမသည် ကျွန်တော့်ဘေး ရှိနေခဲ့သည်ပင်။ "ပြန်တွေ့ကြဦးမယ်နော်"လို့ သူမပြောခဲ့ချိန်သည် ကျွန်တော်တို့ချင်း နောက်ဆုံးဆုံတွေ့ကြချိန် ဖြစ်လာလိမ့်မည့်ကြောင်း ကျွန်တော်မသိခဲ့ပါ။ အနှစ်၂၀ကျော်အချိန်သည် အရာရာကို တိုက်စားခဲ့လေပြီ။ ကျွန်တော်တို့ အတူသွားခဲ့ဖူးသော လမ်းများ၊ အဆောက်အဦးများ တဖြည်းဖြည်းချင်း ပြောင်းလဲသွားကြပြီ။ မည်သို့ပင်ဆိုစေကာမူ ကျွန်တော့်မှတ်ဉာဏ်ထဲတွင် သူမသည် ထိုနေ့ကလိုပင် မပြောင်းမလဲ ထိုနေ့ကလိုပင် ဒီလမ်းကြားလေးထဲ ကျွန်တော့်ကို ပြုံးပြနေသေးသည်။ မှတ်ဉာဏ်များထဲတွင်၊ သူမထံမှ ကူးစက်လာခဲ့သော ကျွန်တော့်အမူအကျင့်များထဲတွင်၊ မဟောင်းသော လမ်းက‌လေးထဲတွင် "အခုသူမ" မဟုတ်သော "အရင်ကသူမ" သည် ရှင်သန်နေသေးသည်။ ပြက္ခဒိန်၂၅အုပ်၊ ပို့စကတ်တစ်ခု၊ ဝါရီရော်စာရွက်များ၊ ချိုသောအပြုံးများ၊ စီးကရက်မီးခိုးငွေ့များ၊ လမ်းမများထဲတွင် ရင့်ကျက်ပြီထင်သော ကျွန်တော်၏ မရင့်ကျက်ခြင်းများကို ပြန်တွေ့ခဲ့ရ၏။ မကုန်နိုင်အောင် ရှည်လျားသောလမ်းမကြီးထက်တွင် ကျွန်တော်တို့အတူ လျှောက်ခဲ့ကြဖူးသည်။ ဒီလမ်းသည် ဘယ်လိုမှ မဆုံးတော့သလိုပင်။ ကျောတွင် တစ်စုံတစ်ရာသော ၀န်ထုပ်ကိုလွယ်ရင်း တဖြည်းဖြည်းနောက်ကောက်ကျလာသည် ထင်သည်။ ကျွန်တော် သတိတရကြည့်မိချိန်တွင် မကုန်နိုင်အောင် ရှည်လျားသော လမ်းမကြီးမှအပ ဘာဆိုဘာမှ မရှိတော့ပါ။ သူမသည် အတိတ်ဖြစ်သွားပြီ။ သူမသည် မှတ်ဉာဏ်တစ်ခုဖြစ်သွားပြီ။ ပသို့ပဲဆိုဆို "တစ်ခါကသူမ"သည် ရှင်သန်နေသေးသည်။ ၂၀၂၀၏ ကမ္ဘာကြီးသည် တဖြည်းဖြည်းချင်း ပျက်ယွင်းလာခဲ့ပြီ။ အစစပြိုယိုင်လွင့်ပါးလာသော ကမ္ဘာတွင် မိုးတိမ်တွေပြာ သာခဲ့ဖူးသောကမ္ဘာကို ပြန်လည်မက်မောမိလာခြင်းသည် သဘာ၀သာ၊ လူသားဆန်မှုသာ။ ခံစားချက်မမဲ့နိုင်မချင်း လူသည် ဘယ်သောအခါမှ မရင့်ကျက်လာနိုင်ပြီ ထင်သည်။ သူမကို ကျွန်တော် မမေ့ပျောက်ချင်တော့ပါ။ ကျွန်တော် မရင့်ကျက်ချင်တော့ပါ။ ကျွန်တော်တို့အားလုံး မရင့်ကျက်လာနိုင်ကြသူများသာ။ ကျွန်တော်တို့အားလုံးသည် မရင့်ကျက်ခြင်းကို ပွေ့ပိုက်ထားကြသူများသာ။ P.S - ဒီရုပ်ရှင်ဟာ စာပါအတိုင်း မရင့်ကျက်လာနိုင်သူတို့အကြောင်း သက်သက်သာ။ (ဇာတ်ကားကို Phoo Lin မှ ပြန်ဆိုထားပြီး အညွှန်းကိုတော့ WiRa Aung က ရေးသားပေးထားပါတယ်) Size - 1.4GB, 720MB Quality - Web-rip 1080p, 720p IMDb Rating - 6.5/10 Format - mp4 Duration - 2H 4Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by Phoo Lin Encoded by Y

Adventure • Drama • Family
6.2 2021 124 mins
We Couldn't Become Adults
The Chosen: Forbidden Cave
5.9

ဒဏ္ဍာရီအဆိုတွေ ရှိခဲ့တဲ့ တားမြစ်ထားရလောက်တဲ့ထိ ကြောက်စရာကောင်းတဲ့ မြွေလိုဏ်ဂူတစ်ခု... အဲ့ဒီဂူထဲက အငြိုးကြီးတဲ့မကောင်းဆိုးဝါးတစ်ကောင်ဟာ မျိုးရိုးစဉ်ဆက်အလိုက် ရွေးချယ်ထားသူ နတ်ဆရာမျိုးရိုးမှာ ကူးပြောင်းလာရင်း ဂင်ဂွန်းဂျူဆိုတဲ့ အမျိုးသမီးဆီရောက်လာတဲ့အခါ ဂွန်းဂျူက လက်ခံဖို့ ငြင်းဆန်လိုက်တဲ့အခါမှာတော့ မိသားစုမှာ ကံဆိုးမှုတွေကြုံတွေ့ပြီး နောက်ဆုံး သမီးဖြစ်သူဆီ မကောင်းဆိုးဝါးက ကူးပြောင်းသွားတဲ့အခါ... ကူညီပေးမယ့် စိတ်ရောဂါဆရာဝန်ဖြစ်ရုံသာမက ဝိဉာဉ်လောကကိုပါ သိကျွမ်းတဲ့ ပါမောက္ခ ရှင်းဂျင်မြောင်နဲ့အတူ သူတို့အခက်အခဲကို ကျော်ဖြတ်သွားနိုင်မလားဆိုတာ ကြည့်ရှုလိုက်ကြရအောင်ပါ ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hay Mann Thitsar ပါ ) File Size__(1GB) Quality__720p IMDb Rating__5.5/10 Format__mp4 Duration__01:46:00 Type__Horror , Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Hay Mann Thitsar Encoded by Naing Aung Latt

Fantasy • Horror • Mystery
5.9 2015 105 mins
The Chosen: Forbidden Cave
200 Pounds Beauty
7.5

200 Pounds Beauty (2023) ဝတုတ်နေတဲ့ခန္ဓာကိုယ်ကို ယုံကြည်ချက်မရှိလို့ ကင်မရာနောက်ကွယ်ကနေပဲ သူများအတွက် သီချင်းဆိုပေးနေတဲ့ ဂျူဝီတာဆိုတဲ့ ကောင်မလေးက ဘယ်နှကြိမ်မြောက်မှန်းမသိ အသည်းကွဲသွားတဲ့အခါမှာ သူ့ကိုယ်သူ အဆုံးစီရင်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့် အရမ်းလှပြီး အသံအရမ်းကောင်းတဲ့ ကောင်မလေးအဖြစ် ပြောင်းလဲဖို့ မျှော်လင့်ချက်လမ်းစ တွေ့သွားတဲ့အခါမှာ ဘာတွေဆက်ဖြစ်မလဲ... ဇာတ်လမ်းအညွှန်းကိုဖတ်ကြည့်လိုက်ရင် အများစုရင်းနှီးနေကြမှာပါ ဟုတ်ပါတယ်...ဒါက ၂၀၀၆ခုနစ်က ထွက်ထားတဲ့ နာမည်ကြီး koreaကားကိုပြန်ရိုက်ထားတဲ့ indonesiaကားလေးပါ ဇာတ်လမ်းကျောရိုးချင်း ဆင်ပေမယ့် မတူညီတဲ့ vibeလေးနဲ့မို့ ဂျူဝီတာရဲ့ဘဝအတက်အကျတွေကို ဒီ 2023ခုနှစ်ထွက် ''200 Pounds Beauty''ဆိုတဲ့ ဇာတ်လမ်းထဲမှာ စီးမျောခံစားလိုက်ပါဦး အညွှန်း နဲ့ ဘာသာပြန်ကတော့ Funzae ပဲ ဖြစ်ပါတယ် Genre.....Comedy, Music, Romance Quality…. 1080p | 720p File size… 1.4GB | 674MB Format… mp4 Duration…. 1h  35min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Funzae Encoder ..... Aaron

Crime • Mystery • Sci-Fi & Fantasy
7.5 2023 95 mins
200 Pounds Beauty
The Cloverfield Paradox
5.6

ဇာတ်အိမ်လေးကို အနာဂတ်ခေတ်တွင်ဇာတ်အိမ်တည်ထားပြီး ခေတ်သစ်စွမ်းအင်ရှားပါးလာသည့် ပြဿနာကိုဖြေရှင်းနိုင်ရန်တွက် နိုင်ငံတကာအာကာသစခန်းတွင် ရုရှား၊ ဂျာမနီ၊ တရုတ် စသည့်အင်အားကြီးနိုင်ငံမှာ သိပ္ပံပညာရှင်၊အာကာသယာဉ်မှူးတွေပူးပေါင်းပြီး Renewable Energy Source ထုတ်လုပ်နိုင်ရန် ပူးပေါင်းလုပ်ဆောင်နေကြတာကို တွေ့ကြရမှာပဲဖြစ်ပါတယ်။ သို့ပေမဲ့ စမ်းသပ်မှုလုပ်ဆောင်နေစဉ်မှာပဲ မျှော်လင့်မထားတဲ့ ဖြစ်ရပ်တွေနဲ့အတူ အဆိုပါပညာရှင်တစ်သိုက် အခြား Dimension ထဲကိုရောက်ရှိသွားနေပြီးနောက် အရာအားလုံးဟာ သည်းထိပ်ရင်ဖိုစရာတွေဖြစ်လာပါတယ်။ အဆိုပါ ပညာရှင်တစ်သိုက် အာကာသစခန်းယာဉ်ကြီးပေါ်တွင် ဘယ်လိုပူးပေါင်း အဖြေရှာကြမလဲ။ သူတို့ရဲ့ပုံမှန်ကမ္ဘာကြီးဆီပြန်သွားနိုင်ပါ့မလား။ ဘယ်လိုအနှောင့်အယှက်တွေ ကြုံတွေ့ရမလဲ ဆိုတာကတော့ စိတ်ဝင်စားစရာဖြစ်ပါတယ်။ Scientific Fiction နဲ့ Horror တို့ပေါင်းစပ်ထားတဲ့တွက် စိတ်ဝင်စားဖို့ကောင်းပြီး ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုှုရမှာပဲဖြစ်ပါတယ်။ အဲတော့ Sci-Fi ပရိသတ်တွေရော Horror ပရိသတ်များအတွက်ပါ ကြည့်ရှုရကောင်းစေမယ့် ဇာတ်ကားပဲဖြစ်ပါတယ်။ File Size : (805 MB) Quality : WEBRip 720p Running Time : 1hr 42min Format : Mp4 Genre : Adventure, Drama, Horror, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Source : 720p.WEBRip.x264-STRiFE Translated by Lex Luthor Encoded by Thanhtike Zaw

Drama • Mystery • Sci-Fi & Fantasy
5.6 2018 102 mins
The Cloverfield Paradox
Sisters
6

IMDB 6/10 Rotten tomatoes 60% Mean Girls, Baby Mama တို့လိုဇာတ်ကားကြီးတွေတင်မကပဲ Oscars, Emmys, Golden Globesတို့လို ဆုပေးပွဲကြီးတွေမှာပါ စင်ပေါ်တက်‌ပြောင် Hostလုပ်နေကြ Hollywood ရဲ့ အတွဲအညီဆုံး ဟာသမင်းသမီးနှစ်‌ယောက်ဖြစ်တဲ့Tina Fey နဲ့ Amy Poehler တို့ရဲ့ နောက်ထပ်ဟာသဇာတ်ကားကောင်းလေးတခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ Tina တဖြစ်လဲ ကိတ်ကတော့ အဲလစ်စ်ညီအစ်မမှာ အမဖြစ်တဲ့သူပေါ့။ သမီးတယောက်ရှိနေတာတောင်မှ ဘာအသိတရားမှမ၀င် အလုပ်ကလည်းမမြဲ ဘ၀ကိုခပ်ပေါ့ပေါ့ပဲဖြတ်သန်းနေတဲ့သူ။ Amyတဖြစ်လဲ ‌မော်ရာကကြတော့ ညီမဖြစ်တဲ့သူကိုမှ အရမ်းစိုးရိမ်တတ် သူတပါးအလိုကိုပဲလိုက်တတ်တဲ့သူ။ အမဖြစ်သူ ကိတ်ရဲ့ ပြဿနာပေါင်းစုံကို နောက်ကလိုက်ရှင်းပေးရတာလည်းသူပါပဲ။ ဒီလိုနဲ့ပဲ တနေ့မှာ ကလေးဘ၀တုံးကအိမ်ကြီးကို မိဘတွေကမရောင်းခင် နောက်ဆုံးနှုတ်ဆက်တဲ့ပါတီတခုလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတဲ့အချိန် ညီအစ်မနှစ်ယောက် ဘယ်လိုမျိုး တလွဲတွေဖြစ်ကြဦးမှာလဲ။ ဘယ်လိုပြဿနာတွေဖြစ်ကြဦးမှာလဲ။အဆုံးမှာ ညီအစ်မနှစ်ယောက်အတွက်မေ့‌မရတဲ့ ပါတီတခုဖြစ်ခဲ့မလားဆိုတာကို ရယ်မောခံစားရင်း ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။ Maya Rudolph လိုမျိုးမင်းသမီးကြီးကလည်း ဒီဇာတ်ကားမှာ ၀င်ရောက်အားဖြည့်ပေးထားပြီးတော့ Tina နဲ့Amyတို့ရဲ့နောက်ထပ် တွဲချက်ညီညီ ပြက်လုံးတွေ သရုပ်ဆောင်မှုတွေကို CMပရိတ်သတ်ကြီးကလည်း ကြည့်ရှုခံစားပေးကြပါဦးခင်ဗျ File size… 2.3 GB / 1.7 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 3 m Genre ….. Comedy (Unrated) Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by brackman

6 2015 118 mins
Sisters
Freelance
5.5

Freelance (2023) ဂျွန်စီနာကြီးရဲ့အက်ရှင်ဟာသကားအသစ်လာပါပြီ။ ဒါရိုက်တာကလည်း Taken ကိုရိုက်ခဲ့တဲ့သူဆိုတော့ ဇာတ်လမ်းနဲ့အက်ရှင်ပိုင်း အတော်ကောင်းပါတယ်။ ကြည့်ကြည့်လိုက်ကြပါဦး။ ~ ဇာတ်လမ်းအကျဉ်း ~ မေဆင်ဟာ ရှေ့နေဖြစ်ဖို့ တစ်နှစ်အလိုမှာ ဥပဒေကျောင်းကနေထွက်ပြီး စွန့်စားချင်လို့ တပ်ထဲဝင်သွားပါတယ်။ ဒီလိုနဲ့ အထူးတပ်ဖွဲ့ဝင်ဖြစ် စစ်ဆင်ရေးတွေလုပ်ရင်းနဲ့ တစ်နေ့မှာ စစ်ဆင်ရေးတစ်ခုမအောင်မြင်ဘဲ ခါးဒဏ်ရာနဲ့ နားလိုက်ရပါတော့တယ်။ နားပြီးတော့ ရှေ့နေပြန်လုပ်ပေမဲ့ သာမန်လူဘဝနဲ့ အံမဝင်ရှာပါဘူး။ တစ်နေ့မှာတော့ သူ့ရဲ့ သူငယ်ချင်းဟောင်းက လုံခြုံရေးကန်ထရိုက်ကုမ္ပဏီမှာအလုပ်လုပ်ဖို့ ဖိတ်ခေါ်ရင်း ပထမဆုံးအလုပ်အဖြစ် သတင်းထောက်တစ်ယောက်ရဲ့ သက်တော်စောင့်တာဝန်ကိုပေးလိုက်ပါတယ်။ အဲဒီသတင်းထောက်က ပယ်ဒိုးနီးရားဆိုတဲ့ အာဏာရှင်နိုင်ငံထဲကိုဝင်ပြီး နာမည်ဆိုးနဲ့သမ္မတကို အင်တာဗြူးရမှာပါ။ အဲဒီနိုင်ငံထဲကိုရောက်ရောက်ချင်းပဲ သမ္မတကို လုပ်ကြံတာရယ် အာဏာသိမ်းတာတွေရယ်နဲ့ ရင်ဆိုင်ရပြီး သတင်းထောက်နဲ့နှစ်ယောက်သား အသက်ရှင်လျက် ပြန်ထွက်နိုင်ဖို့ကြိုးစားရင်းဘာတွေဖြစ်လာမလဲဆိုတာ ကြည့်ရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်) Size – 5.5GB, 2.45GB, 1.25GB Quality – 4K HEVC, 1080p, 720p IMDb Rating – 5.5/10 Format – mp4 Duration – 1H 48Min Genre – Action, Comedy Subtitle – Myanmar Subtitle (Hardsub) Translated by Mr. Anderson Encoded by Y, Ka Naung

5.5 2023
Freelance
Heir of the Witch
5.1

လူတကာအနှိမ်ခံရတဲ့ အပ်ချုပ်သမလေး အန်နာဟာ အပေါင်းအသင်းဝင်ဆံ့အောင် ကြိုးစားနေရပေမယ့် အတိတ်ကအရိပ်ဆိုးတွေရဲ့ ခြောက်လှန့်မှုကြောင့် အထီးကျန်နေရသူလေးဖြစ်ပါတယ်။ ရည်းစားသနာလည်းမရှိသလို ပညာရေးကအစ နောက်ကျပြီး လူတကာရဲ့ခိုင်းဖတ်လို ဆက်ဆံခံရသူလည်းဖြစ်ပါတယ်။ အဒေါ်နဲ့ အတူအမေရိကကိုထွက်ပြေးလာတဲ့ အန်နာဟာ အဖွားဆီက အပ်ချုပ်တော်တဲ့ အမွေရခဲ့ပေမယ့် အပ်ချုပ်ပညာနဲ့ လောက်လောက်လားလား အသက်မွေးခွင့် မရရှာပါဘူး။ အန်နာတို့မျိုးရိုးဟာ မကောင်းဆိုးဝါးစုန်းမတစ်ယောက်ရဲ့ ကျိန်စာသင့် နေရတာကြောင့် အန်နာ့လက်ထက်မှာ ကျိန်စာစူးသလိုလိုဖြစ်နေပေမယ့် ကံစီမံရာအတိုင်းလက်မခံဘဲ ညင်းဆန်ဖို့ကြိုးစားခဲ့ပါတယ်။ ဒီအတောအတွင်း သူငယ်ချင်းဖြစ်သူ ကလိုဝီဆီမှာ ကူညီလုပ်ကိုင်ပေးရင်း ကလိုဝီနဲ့ထိပ်တိုက်တွေ့ရမယ့် အဖြစ်မျိုးကြုံရသလို အပေါင်းအသင်းဝင်ဆံ့အောင် ကြိုးစားနေတဲ့ သူမဘဝလည်း စုပ်လည်းစူးစားလည်းရူးအဖြစ်မျိုး ရောက်ရှိလာပါတော့တယ်။ မျိုးရိုးစဉ်ဆက်စူးတတ်တဲ့ကျိန်စာကို အန်နာတစ်ယောက်ဘယ်လိုချိုးဖျက်မလဲ.. အပေါင်းအသင်းဝင်ဆံ့အောင် ဘယ်လိုဆက်ကြိုးစားမလဲ.. အန်နာရဲ့အစွမ်းနဲ့ ကျိန်စာကိုချိုးဖျက်နိုင်မလား ကျိန်စာကပဲ အန်နာကိုဝါးမျိုသွားမလား အန်နာရဲ့အတိတ်ကအရိပ်ဆိုးတွေဆိုတာ ဘာတွေဖြစ်မလဲ ဘယ်လိုအဖြစ်မျိုးတွေ ကြုံခဲ့ရလို့ အန်နာရဲ့ဘဝဟာ လူတောမတိုးနိုင်ဖြစ်နေရသလဲဆိုတာ Heir of the Witch ရုပ်ရှင်မှာ ဆက်လက်ရှူစားကြရမှာဖြစ်ပါတယ်။ File size…1.30GB / 567MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 34m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Miyamoto

Animation • Science Fiction • Adventure • Family • Action
5.1 2023
Heir of the Witch
Abbabba
7

Abbabba (2024) အဆောင်မှအပြန်ခရီး ဒီနေ့မှာတော့ ၂၀၁၅ ခုနှစ်က ဟစ်ဖြစ်ခဲ့တဲ့ မလေးယာလမ်ကား Adi Kappiyare Kootamani ကို မှီငြမ်းထားတဲ့Abbabbaကားကို တင်ဆက်ပေးလိုက်ပါတယ်။ အားလုံးရဲ့ဘဝမှာ အပျော်ရွှင်ဆုံးအချိန်ကို မေးရင် တက္ကသိုလ်ကျောင်းသားဘဝလို့ ဖြေကြမှာပါ။ လူ့ဘဝထဲ မဝင်ခင် တက္ကသိုလ် ကျောင်းသားဘဝမှာ ပူပန်စရာဆိုလို့ ကျောင်းခေါ်ချိန် မပြည့်တာရယ်၊ လမကုန်ခင် ပိုက်ဆံကုန်သွားလို့ ခေါက်ဆွဲပြုတ်နဲ့ညားတာရယ်၊ ချစ်သူရည်းစားအရေးကိစ္စတွေလောက်ပဲ ရှိကြမှာပါ။ တက္ကသိုလ်မှာ အဆောင်နေကြတဲ့အခါ ဘယ်လောက်ပဲကြမ်းပါတယ် ကျပ်ပါတယ်ဆိုတဲ့ အဆောင်ပဲပြောပြော ရှာကြံပျော်ရပါးရကြသေးတာပါ။ ဇာတ်ဆောင်ဒီလိကတော့ အရမ်းစည်းကမ်းတင်းကြပ်ပါတယ် ဆိုတဲ့ ဖာသာကြီးလက်အောက်က အဆောင်မှာ နေနေတဲ့သူပါ။ တက္ကသိုလ်မှာရတဲ့ ရည်းစားလေးနဲ့ ဘဝကိုပျော်မွေ့နေတဲ့ ဒီလိဟာ တစ်နေ့မှာ ချစ်ရသူရဲ့ အခက်အခဲကို ကူညီပေးရဖို့ ဖြစ်လာပါတော့တယ်။ ပိုက်ဆံမရှိ အစွမ်းအစမရှိတဲ့ တက္ကသိုလ်ကျောင်းသားလူမွဲလေးဟာ ကြံရာမရဖြစ်နေတုန်းမှာ သူတို့သမီးရည်းစား စကားဝိုင်းကို ကြားသွားတဲ့ အာကီလာက ကူညီပေးမယ်ဆိုလာခဲ့တယ်။ အပြန်အလှန်အနေနဲ့ သူတို့ယောက်ျားလေးအဆောင်ကို ငါးမိနစ်လောက် ခိုးဝင်ခွင့်ပေးရမယ် ဆိုလာတဲ့အခါ……. ဘာတွေဆက်ဖြစ်သွားမလဲ။ ဒီလီတစ်ယောက် ချစ်ရသူနဲ့ရော ပေါင်းစည်းနိုင်ပါ့မလား။ အာကီလာကရော ဘာလို့အဆောင်ထဲဝင်ချင်ရတာလဲ၊ အ​ဆောင်ကရော ပြန်ထွက်လို့ရပါ့မလား ဆိုတာတွေကို တက္ကသိုလ်အငွေ့အသက်တွေ၊ ယောက်ျားလေးအဆောင်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဟာသတွေနဲ့အတူ စောင့်မျှော်ကြည့်ရှုပေးကြပါဦး။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)

7 2024
Abbabba
Gintama: The Very Final
8.5

IMDB – 8.5/10, MyAnimeList – 9/10 Gintama တို့ Anime စီးရီးမှာ ဇာတ်သိမ်းသွားတဲ့အခန်းကနေ ပြန်ဆက်ပေးထားတဲ့ တကယ့်နောက်ဆုံးအပိတ် Movie ဖြစ်ပါတယ်။ Edo ကြီးကို Tendoshuu တွေ ဝင်တိုက်ခိုက်တာကို ပြန်ခုခံအပြီး ကြုံရာကျပန်းအဖွဲ့သားတွေ ကိုယ်စီလမ်းခွဲခဲ့ကြတယ်။ Utsuro ပြန်လာမှာကို ကြိုမြင်နေတဲ့ Gin တစ်ယောက် စုံစမ်းစရာရှိတာတွေကို ထွက်စုံစမ်းနေတဲ့အချိန် မသေခြင်းတရားကို လိုချင်နေကြတဲ့ Tendoshuu တွေ Edo မှာ နောက်တစ်ခါ ပြဿနာလာရှာနေတာမို့ ဆရာ Shoyo ရဲ့ တပည့်ကျော် ၃ ယောက်သား ပြန်စည်းလုံးပြီး အသေဖြုတ်ကြမှာပဲ ဖြစ်ပါတယ်။ ဒီလောက်များတဲ့လူတွေကို မနိုင်တော့ ထုံးစံအတိုင်း Gintama အဖွဲ့သားတွေလည်း ကိုယ်စီဆေးစက်ကျရာကနေ အုပ်လိုက်ကြီးနဲ့ ရုပ်ရှင်တစ်ကားစာ ထိုင်ချကြတာကို အားရပါးရ ကြည့်ရမှာပဲ ဖြစ်ပါတယ်။ Gintama ထုံးစံအတိုင်း ဟာသအဖောက်တွေ တခြား Anime တွေကို Reference ယူပြီး ပြောင်တာတွေ 4th Wall Breaking တွေကတော့ တောက်လျှောက်ပါနေမှာ ဖြစ်လို့ အပျင်းတွေလည်း ပြေရပါသေးတယ်။ Gintama ပရိသတ်တွေအတွက်တော့ ဒါဟာ တကယ့်နောက်ဆုံး ရုပ်ရှင်ဖြစ်တာကြောင့် မကြည့်ရသေးရင် ကြည့်သင့်ပြီး ကြည့်ပြီးသားဆိုလည်း ထပ်ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေဗျာ။ File Size : 1.8 GB, 862 MB Quality : WEB-DL 1080p / 720p Running Time : 1hr 50min Format : Mp4 Genre : Action, Animation, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by : Thura Aung Encode by : Thit San Khant

8.5 2021 104 mins
Gintama: The Very Final
The Decoy Bride
6.1

The Decoy Bride (2011) ********************** IMDb….6.1 နာမည်ကျော်ရုပ်ရှင်မင်းသမီး လာရာတိုင်လာဟာ သူ့ဘဝကို လိုက်အနှောင့်အယှက်ပေးနေတဲ့ ပါပါရာဇီတွေကို မုန်းတီးလွန်းတာကြောင့် စာရေးဆရာချစ်သူ ဂျိမ်းစ်အာဘာနဲ့ မင်္ဂလာဆောင်ကို ပါပါရာဇီတွေတစ်ယောက်မှ မသိလိုက်ရအောင်လုပ်ပြမယ်လို့ ကြိမ်းဝါးထားခဲ့ပါတယ်။ လူဦးရေ ၇၅ ဦးသာရှိတဲ့ စကော့တလန်ကျွန်းငယ်လေးဟက်ဂ်မှာ ကေတီဟာ ရောဂါကြောင့်သေရတော့မယ့်မိခင်နဲ့အတူ ဟိုတယ်စားသောက်ဆိုင်လေးတစ်ခုဖွင့်ထားပြီး တစ်ရက်မှာတော့ လူသူအရောက်အပေါက်နည်းတဲ့ကျွန်းလေးကို လာရာနဲ့ ဂျိမ်းစ်တို့ မင်္ဂလာဆောင်ဖို့ရောက်ရှိလာရာကနေ ကေတီနဲ့ ဂျိမ်းစ်တို့တွေ့ဆုံဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ လာရာနောက်ကို အသည်းအမဲလိုက်နေတဲ့ ပါပါရာဇီ ဘယ်လာနီကြောင့် လာရာထွက်ပြေးသွားတဲ့အခါ ကေတီက သတို့သမီးအတုလုပ်ပေးဖို့ငှားရမ်းခံခဲ့ရပြီး ဂျိမ်းစ်နဲ့လည်း ပိုနီးစပ်လာခဲ့ပါတယ်။ ကေတီနဲ့ဂျိမ်းစ်ဟာ အချင်းချင်းချစ်မိခဲ့ကြပေမဲ့ ဂျိမ်းစ်ကတော့ လာရာနဲ့ကတိထားခဲ့တာကြောင့် လာရာ့ဆီပဲ ပြန်သွားဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဂျိမ်းစ်တစ်ယောက် တကယ်ပဲလာရာနဲ့လက်ထပ်သွားမှာလား။ တကယ်ချစ်ရတဲ့ ကေတီကို ရွေးချယ်သွားမှာလားဆိုတာ ရုပ်ရှင်ထဲမှာ ဆက်လက်ကြည့်ရှုရမှာဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ JULY ပဲ ဖြစ်ပါတယ်…) File Size : 1.19GB/ 590MB Quality : Blu-Ray 1080p/ Blu-Ray 720p Format…mp4 Duration…01:29:00 Genre : Drama, Comedy, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by JULY Encoded by Tiff

Drama
6.1 2011 89 mins
The Decoy Bride
Black Eyed Susan
5

Black Eyed Susan (2024) IMDb Rating (5.0) / Rotten Tomatoes (100%) ဒဲရတ်ခ်က ကိုယ်မောင်းတဲ့ကားကိုအိမ်လုပ်နေပြီး ကားဆွဲလို့ရတဲ့ငွေနဲ့ဇနီးနဲ့သမီးဖြစ်သူကိုထောက်ပံ့နေရတဲ့အိမ်ခြေယာမဲ့တစ်ယောက်ပါ။ ဒီလိုအခြေအနေမျိုးမှာ သူ့မိတ်ဆွေဟောင်းတစ်ယောက်ရဲ့ဈာပနမှာ သိကျွမ်းခဲ့ဖူးတဲ့သိပ္ပံပညာရှင်တစ်ဦးဖြစ်တဲ့ ဂီလ်ဘတ်နဲ့ပြန်ဆုံမိပြီး စကားစပ်မိရာကနေ သူ့အတွက်အတည်တကျအလုပ်ရဖို့ဖြစ်လာခဲ့ပါတယ်။ သူလုပ်ရမယ့်အလုပ်ကတော့ ဆူဇန်လို့အမည်ပေးထားတဲ့ လူတစ်ယောက်နဲ့အနီးစပ်ဆုံးဖန်တီးထားတဲ့ အဆင့်မြင့်ဉာဏ်ရည်တုလိင်ကျွန်စက်ရုပ်တစ်ရုပ်ကိုစမ်းသပ်ဖို့ပါပဲ။ တစ်ခုရှိတာက ဒီလိင်အရုပ်ဟာလိင်ဆက်ဆံဖို့အဓိကထက် အမျိုးသမီးတွေကိုအကြမ်းဖက်လိုတဲ့ Fetish ပိုင်ရှင်တွေအတွက်အထူးပုံစံထုတ်ထားတာဖြစ်ပြီး ကိုယ်ထိလက်ရောက်ပြုမူတဲ့အခါ သွေးထွက်တာ ပွန်းပဲ့တာ မျက်ရည်ကျတာအစရှိတဲ့ တုန့်ပြန်မှုမျိုးတွေကိုပါအနီးစပ်ဆုံးတုန့်ပြန်နိုင်တာပါပဲ။ သူ့အတွက် နစ်နာထိခိုက်စရာ ဘာမှမရှိဘူးလို့ထင်စရာဖြစ်တဲ့ ဒီအလုပ်ကို ဒဲရတ်ခ် လက်ခံလိုက်ပြီးနောက်ပိုင်းမှာသူမမျှော်လင့်ထားတဲ့ အမှောင်လျှို့ဝှက်ချက်တွေက သူ့ကိုစောင့်ကြိုနေမယ်ဆိုတာ သူမသိခဲ့ရပါဘူး။ စိတ်မသက်သာစရာမြင်ကွင်းတွေ၊ စကားပြောခန်းတွေ၊ စည်းဘောင်တွေကိုကျော်လွန်ပြထားတဲ့ ဇာတ်ကားဖြစ်ပြီးလိင်အင်္ဂါတွေကို ကွက်ကွက်ကွင်းကွင်းပြသမှုတွေနဲ့ကြမ်းတမ်းတဲ့စကားပြောတွေကြောင့် မိသားစုနဲ့ကြည့်လို့အဆင်မပြေတဲ့ဇာတ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size… (2.8 GB) / (1.3 GB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror,Science Fiction Duration…. 01:25:57 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Double K Translated by Alias

Horror • Thriller • Mystery
5 2024 85 mins
Black Eyed Susan
Beloved

ဒီဇာတ်ကားက Toni Morrison ရဲ့ Pulitzer ဆုရထားတဲ့ ဝတ္ထုကို အခြေခံထားပြီး၊ ဒါရိုက်တာ Jonathan Demme က ရိုက်ကူးထားတဲ့ ဒရာမာနဲ့ သည်းထိတ်ရင်ဖိုမှုတွေ ပါဝင်တဲ့ ရုပ်ရှင်တစ်ခုပါ။ ၁၉ ရာစုနှစ် အမေရိကန်ပြည်တွင်းစစ်ပြီးခေတ် အိုဟိုင်းယိုးပြည်နယ် (Ohio) မှာ ဇာတ်အိမ်တည်ထားပါတယ်။ ဇာတ်လမ်းက Sethe (Oprah Winfrey) ဆိုတဲ့ အာဖရိက-အမေရိကန် အမျိုးသမီးတစ်ယောက်အကြောင်းပါ။ သူမဟာ ကျွန်စနစ်ရဲ့ ရက်စက်မှုကနေ လွတ်မြောက်လာခဲ့ပြီး၊ သမီးဖြစ်သူ Denver (Kimberly Elise) နဲ့အတူ ဘဝသစ်တစ်ခုကို တည်ဆောက်ဖို့ ကြိုးစားနေပါတယ်။ ဒါပေမယ့် သူတို့ရဲ့အိမ်မှာ ထူးဆန်းတဲ့ ဝိညာဉ်တစ်ခုရဲ့ ခြောက်လှန့်မှုတွေ ရှိနေပြီး Sethe ရဲ့ အတိတ်က သေဆုံးခဲ့တဲ့ သမီးဖြစ်သူနဲ့ ဆက်စပ်နေတယ်လို့ ယုံကြည်ထားပါတယ်။ တစ်နေ့မှာ Beloved (Thandiwe Newton) ဆိုတဲ့ ထူးဆန်းတဲ့ မိန်းမပျိုတစ်ယောက် သူတို့အိမ်ကို ရောက်လာပြီး Sethe နဲ့ Denver ရဲ့ဘဝထဲကို ဝင်ရောက်လာပါတယ်။ Beloved ရဲ့ ရောက်လာမှုက Sethe ရဲ့ အတိတ်က အကြမ်းဖက်မှုတွေ၊ ဆုံးရှုံးမှုတွေနဲ့ သူမရဲ့ သားသမီးတွေကို ကာကွယ်ဖို့ လုပ်ခဲ့ရတဲ့ နာကျင်ဖွယ် ဆုံးဖြတ်ချက်တွေကို ပြန်လည်အမှတ်ရစေပါတယ်။ Paul D (Danny Glover) ဆိုတဲ့ Sethe ရဲ့ အတိတ်က သူငယ်ချင်းတစ်ယောက်လည်း ဇာတ်လမ်းထဲမှာ ပါဝင်လာပြီး ထူးဆန်းတဲ့ ဖြစ်ရပ်တွေကို ရင်ဆိုင်ကြရပါတယ်။ ဒီဇာတ်ကားက ကျွန်စနစ်ရဲ့ ရက်စက်မှု၊ မိသားစုရဲ့ ချစ်ခြင်းမေတ္တာ၊ စိတ်ဒဏ်ရာတွေကို ကျော်လွှားခြင်းနဲ့ လွတ်မြောက်မှုရဲ့ အဓိပ္ပါယ်ကို နက်ရှိုင်းစွာ စူးစမ်းထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။ Oprah Winfrey နဲ့ Thandiwe Newton တို့ရဲ့ သရုပ်ဆောင်မှုတွေက ဇာတ်ကားရဲ့ အားသာချက်တစ်ခုဖြစ်ပြီး လူ့စိတ်နဲ့ သမိုင်းရဲ့ နာကျင်ဖွယ်အမှန်တရားတွေကို ပုံဖော်ထားပါတယ်။ အဓိက သရုပ်ဆောင်များ: Oprah Winfrey, Thandiwe Newton, Danny Glover, Kimberly Elise File size…(3.4 GB)/(2 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama, Thriller, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Peter Tulot

Comedy • Drama • Romance
0 1998
Beloved