YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

The.Trouble.with.You.2018.FRENCH.480p.BluRay.CM_new.mp4

424.95 MB N/A video/mp4 45 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Brooklyn's Finest
6.3

IMDb - 6.7/10 ရဲလုပ်သက်လည်းရင့်ပြီး လူဂွစာကြီးလည်းဖြစ်တဲ့ အက်ဒီ ဒူဂန် (Richard Gere) ဟာ အငြိမ်းစားယူဖို့အတွက် ကြိုးစားနေတဲ့သူပါ။ ဒီလိုနဲ့ အငြိမ်းစားယူဖို့တစ်ပတ်အလိုမှာ ဌာနကလုပ်တဲ့ ပရိုဂရမ်အသစ်မှာပါဝင်ဖို့ ဝာာဝန်ပေးခံလိုက်ရပြီး ရဲတပ်သားအသစ်လေးကို လေ့ကျင့်ပေးတဲ့အနေနဲ့ သူနဲ့အတူခေါ်ပြီး လှည့်ကင်းထွက်ရပါတော့တယ်။ ကလဲရန့်စ် (Don Cheadle)ကတော့ စားပွဲခုံမှာအလုပ်လုပ်ရတဲ့ရာထူးအဆင့်အထိတိုးရဖို့ ရည်ရွယ်ချက်နဲ့ တန်ဂို ဆိုတဲ့ နာမည်ဝှက်ကိုသုံးပြီး မူးယစ်ဆေးဝါးဂိုဏ်းတစ်ခုမှာ အသွင်ယူနေတဲ့ ရဲတစ်ယောက်ပါ။ ဒီလိုအသွင်ယူမှုကြောင့် သူ့ရဲ့ အိမ်ထောင်ရေးကလည်း ပျက်ပြားသွားခဲ့ပြီး သူကိုယ်တိုင်ကလည်း ထောင်ထဲမှာ အသွင်ယူနေတုန်းက သူ့ရဲ့အသက်ကို ကယ်တင်ပေးခဲ့ဖူးတဲ့ မူးယစ်ရာဇာ ဂိုဏ်းခေါင်းဆောင် ကတ်ဇ် ကို မိတ်ဆွေရင်းချာတစ်ယောက်အဖြစ်မှတ်ယူထားသူပါ။ တစ်နေ့မှာတော့ သူ့ရဲ့ မိတ်ဆွေကြီး ကတ်ဇ်ကို ‌ထောင်ထဲပြန်ထည့်ဖို့အတွက် အထက်လူကြီးတွေက တာဝန်ပေးလာခဲ့ပါတော့တယ်။ ဆဲလ် (Ethan Hawke) ကတော့ မူးယစ်ရဲတပ်ဖွဲ့က တစ်ယောက်ဖြစ်ပြီး သူလက်ရှိ‌ နေထိုင်နေတဲ့အိမ်က မှိုပြဿနာတက်နေတာကြောင့် သူ့မိန်းမရဲ့ကိုယ်ဝန်ကိုထိခိုက်လာတဲ့အတွက်‌ကြောင့် သူ့မိသားစုနေထိုင်ဖို့အတွက် အိမ်အသစ်ဝယ်ဖို့ပိုက်ဆံစုနေတဲ့သူပါ။ သာမာန်ရဲဝန်ထမ်းလစာကနည်းတဲ့အပြင်ငွေချေရမဲ့ရက်ကတဖြည်းဖြည်းနီးကပ်လာတဲ့အတွက် အိမ်ကိုရောင်းမဲ့သူကလည်း ‌တချိန်လုံးဖုန်းဆက်ပြီး မေးနေတာကြောင့် မူးယစ်ဆေးဝါးဂိုဏ်းတွေကိုဝင်စီးတဲ့အချိန်မှာ ရှိနေတဲ့ပိုက်ဆံတွေကို ဘတ်ဖို့ကြိုးစားပါတော့တယ်။ ဒီလိုနဲ့ ဌာနလည်းမတူ၊ တစ်ယောက်ကိုတစ်ယောက်လည်းမသိကြပဲ၊ ဘာဆိုဘာမှချိတ်ဆက်မှုမရှိကြတဲ့ ဘရွတ်ကလင်းကရဲသုံးယောက် သူတို့ရဲ့ကိုယ်ပိုင်ပြဿနာတွေကိုဖြေရှင်းကြရင်း ဘယ်လိုအခက်အခဲတွေကိုကြုံတွေ့ရင်ဆိုင်ပြီး ဖြေရှင်းကြရမလဲ၊ ဆဲလ်ကရော သူလိုတဲ့ပိုက်ဆံကိုရှာနိုင်သွားမလား၊ ကလဲရန့်စ်ကရော သူ့လိုချင်တဲ့ရာထူးကိုယူမလား၊ သူ့ရဲ့မိတ်ဆွေကြီးကိုကယ်နိုင်မလား၊ ဒူဂန်ကရော သူ့ဘဝရဲ့ အငြိမ်းစားယူချိန်လေးမှာ ဘာတွေလုပ်သွားနိုင်မလဲ၊ ခုနှစ်ရက် ဆိုတဲ့ တစ်ပတ်တာကာလအတွင်းမှာ သူတို့သုံး‌ယောက်ဘယ်လိုတွေကြုံတွေကြရမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ အမေရိကန်က ရဲတွေကြုံတွေ့ကြရတဲ့ပြဿနာတွေ၊ လစာနည်းပါးတာတွေ၊ အမေရိကန်အပြင် ကမ္ဘာပေါ်မှာ ယနေ့တိုင်ဖြစ်နေတဲ့ လူမျိုးရေးခွဲခြားမှုတွေ၊ လာဘ်စားမှုတွေ၊ ရာဇဝတ်မှုတွေ၊ မူးယစ်ဆေးဝါးဂိုဏ်းတွေကြားကပြဿနာတွေနဲ့ လူတွေရဲ့စိတ်အကြောင်းကို ရသစုံစုံလင်လင်နဲ့ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ MCU က War Machine သရုပ်ဆောင် မင်းသားကြီး Don Cheadle လည်းပါဝင်သရုပ်ဆောင်ထားတာမလို့ ကြည့်ရှုအားပေးလိုက်ကြပါဦးဗျ။ File size…1.72GB / 636.8MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 12m Genre ..... Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tmmt

6.3 2010 133 mins
Brooklyn's Finest
The Estate
5.7

ဇာတ်လမ်းနာမည်ကိုကြည့်လိုက်ရင်တော့ ဟာသကားလို့ မထင်ရပေမဲ့ တကယ့်တကယ် အတော်လေးခွီရတဲ့ ဇာတ် ကားလေးတစ်ပုဒ်ပါပဲ။ ဇာတ်လမ်းအစမှာ Macey နဲ့ Savanna တို့ညီအစ်မနှစ်ယောက်က သူတို့အဖေအရမ်းသဘောကျခဲ့တဲ့ သူတို့ကော်ဖီဆိုင်လေးကို အကြွေးတွေပိပီးပိတ်ပစ်ခါနီးမို့ အကြပ်ရိုက်နေချိန်၊ သူတို့အဒေါ် ဖြစ်တဲ့ အပျိုကြီးဘောစိက ကင်ဆာရောဂါနဲ့ နောက်ဆုံးအချိန် ရောက်နေပီဆိုတာသိရှိရတော့ အမွေရမလားဆိုတဲ့မျှော်လင့်ချက်နဲ့ သွားခဲ့ပါတယ်။ ဟိုရောက်တော့ သူတို့ညီအစ်မ၂ယောက်ထဲပဲရှိမယ်လို့ထင်ထားခဲ့ ပေမဲ့ တကယ့်တကယ် တခြားအမွေလိုချင်တဲ့ သူတို့ဝမ်းကွဲမောင်နှမ တွေ ဖြစ်တဲ့ Beatrice နဲ့ Richard တို့ပါရောက်နေခဲ့ပါတယ်။ ဒီတော့ သူတို့အားလုံးက အဒေါ့်ဆီကအမွေရဖို့အတွက် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဘယ်လိုကြိုးစားရယူမလဲဆိုတာကို ဟာသလေးတွေ အလွဲလေးတွေနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာမင်းသားကြီး Ron Livingston လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ Translator တွေကိုယ်တိုင်အော်ပီးခွီရတဲ့ကားမို့ စိတ်အမောတွေပြေဖို့ဆိုရင် မလွတ်တမ်းကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါကြောင်း…….. (ဒီဇာတ်လမ်းရဲ့အညွှန်းကို Nyein Laiမှရေးသားပေးပြီး၊ ဘာသာပြန်ရေးသား ပေးသူများကတော့ CM Team မှဖြစ်ပါတယ်) File Size..........(1.78 GB) / (655 MB) / (360 MB) Quality............WEB-Rip 1080p / 720p / 480p Duration.........1Hr 36mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy Translator.......CM Team Encoder...........SWM

Comedy • Drama
5.7 2022 91 mins
The Estate
Spirit Halloween: The Movie
6.4

~ Rotten Tomatoes - 55% ~ အားလုံးကို ဟောလို၀င်းအမှီ ဟောလို၀င်း vibe အပြည့်ရစေမယ့် ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ Rating တွေက မစုတ်တစုတ်ဖြစ်‌နေသလို Effect တွေကလည်း မကောင်းတ‌ကောင်းပေမယ့် ၁နာရီခွဲစာလောက် အချိန်ဖြုန်းချင်သူတွေအတွက်တော့ အဆင်ပြေမယ့်ကားလေးပါ။ လူပျိုဖော်၀င်စ သူငယ်ချင်းသုံးယောက် ဟောလို၀င်းကို ခါတိုင်းနှစ်နဲ့မတူဘဲ ဖြတ်သန်းချင်လို့ ပေါက်ကရလေးဆယ်လုပ်ရင်းနဲ့ မြို့ရဲ့ဒဏ္ဍာရီထဲက ဝိညာဉ်ကိုနှောင့်ယှက်မိသွားတဲ့အခါမှာတော့ အဲဒီဝိညာဉ်နဲ့ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကို ဟာသလေး‌တွေနဲ့ စခွီထရင်း ကြည့်ရှုရမှာပါ။ မိသားစုနဲ့အတူကြည့်ရင်း ဟာသလေးတွေနဲ့ fun ဖြစ်နိုင်တဲ့ကားမျိုးမလို့ တင်ဆက်ပေးလိုက်ရပါတယ်။ Deep plot တွေဘာတွေ မမျှော်လင့်ထားဘဲ ပေါ့ပေါ့ပါးပါးကြည့်ရင် အဆင်ပြေတဲ့ကားလေးပါ။ သရဲကားလည်းကြည့်ချင်တယ်၊ ကြောက်လည်း ကြောက်တတ်တယ်ဆိုတဲ့သူတွေလည်း လုံးဝလက်လွှတ်မခံသင့်တဲ့ကားဆိုတာကို သရဲကိုတွေ့တဲ့အချိန်မှာ သဘောပေါက်သွားပါလိမ့်မယ်... (ဒီဇာတ်ကားနဲ့အညွှန်းကို Htet Kyaw Myo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.6GB, 851MB Quality - 1080p, 720p IMDb Rating - 4.3/10 Format - mp4 Duration - 1H 27Min Genre - Adventure, Family, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by Htet Kyaw Myo Encoded by Y

Adventure • Animation • Family • Science Fiction
6.4 2022 87 mins
Spirit Halloween: The Movie
The Young Master
6.8

ဂျက်ကီချမ်းကိုယ်တိုင် ဒါရိုက်တာလုပ် ဇာတ်ညွှန်းကူရေး သရုပ်ဆောင်ထားတဲ့ Classics ကားပေါ့။ သူ ဒါရိုက်တာစလုပ်တဲ့ ဒုတိယကားဆိုလည်း ဟုတ်တယ်။ ပထမကားကတော့ The Fearless Hyena တဲ့။ သိပ်တော့မကောင်းခဲ့ဘူး။ ဒီကားကတော့ အများကြီးပိုတိုးတက်လာခဲ့ပုံပါပဲ။ သူ့ဇာတ်က တရုတ်ရိုးရာ ခြင်္သေ့အကကတာကနေ အခြေပြုထားတယ်။ ဒီနောက် ပြဿနာတွေတက် သူ့ဆရာက သူ့အစ်ကိုနဲ့ရန်ဖြစ်ပြီး ထွက်သွား နည်းနည်းတော့ဇာတ်နာတဲ့ဟန်နဲ့ပေါ့။ သူက သူ့အစ်ကိုနောက်လိုက်ပြီး သွားပြန်ခေါ်ဖို့လုပ်ရာက‌နေ ဟာသတွေ စလာတယ်ပြောရမှာပဲ။ နောက်ပိုင်းအဆုံးထိ ဘော့စ်နဲ့တိုက်တဲ့အခန်းအထိ ဟာသတွေရဲ့အရှိန်ဟာ တက်ပြီးရင်းတက်လာခဲ့တယ်။ ပြောရရင် ဂျက်ကီချမ်း အငွေ့အသက်အပြည့်ရတဲ့ အက်ရှင်ဟာသကားပေါ့။ သူ့ရဲ့ အကောင်းဆုံးကားတွေကို စာရင်းလုပ်ရင် ဒီကားက ၁ကနေ ၁၀အတွင်း တစ်နေရာရာမှာတော့ရှိနေမယ်ထင်ရတာပါပဲ။ စိတ်မကောင်းစရာကတော့ ဒီကားရဲ့ ၃နာရီဗားရှင်းဟာ ရှိခဲ့ပေမဲ့ အခုတော့ မရှိတော့တာလား ပေါ်မလာတော့တာလည်းတော့မသိပါဘူး။ ဂျက်ကီချမ်းရဲ့  ဦးအစက ဂျက်ကီချမ်းပီပီသသနဲ့ ခွီခဲ့ ကြမ်းခဲ့တဲ့ရုပ်ရှင်မို့ ဂျက်ကီဖန်တွေ ကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ ဒီကားက မင်းသမီးဟာ ဟိုးဟောင်ကောင်သိုင်းကားတွေက မင်းသမီးတွေလို ရုပ်မျိုးနဲ့ဆိုတော့ အဲဒီတုန်းက ကားတွေကို ပြန်လွမ်းမောဖို့ကောင်းသလို ဒီတိုင်းကြည့်ရင် သိပ်မလှဘူးထင်ရပေမဲ့ မင်းသမီးရဲ့ သိုင်းကွက်တွေ သရုပ်ဆောင်ကွက်တွေမှာမှ ပေါ်ပေါ်လာတတ်တဲ့ ညှို့ဓာတ်ကလည်း ဒီကားရဲ့အဓိကကျတဲ့ ဆွဲဆောင်မှုတွေထဲက တစ်ခုပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.22GB, 1.11GB Quality - 1080p, 720p IMDb Rating - 7.1/10 Format - mp4 Duration - 1H 45Min Genre - Action, Adventure, Comedy Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Mystery • Thriller
6.8 1980 107 mins
The Young Master
The Lunchbox
7.3

IMDb Rating (7.8) / Rotten Tomatoes (97%) အိန္ဒိယအပြင် အာရှ ရုပ်ရှင်ဆုပေါင်း ၂၈ ခုနဲ့ ဆန်ခါတင်စာရင်းတွေမှာ ၄၈ကြိမ်ပါဝင်ခဲ့တဲ့ လွန်လေသူ မင်းသားကြီး Irrfan Khan ရဲ့ ရုပ်ရှင်လှလှလေးပဲဖြစ်ပါတယ်။ ရုပ်ရှင်နာမည်က The Lunchbox ထမင်းဘူးလေးတဲ့။ ရုပ်ရှင်တစ်ခုလုံးကို ဒီအပေါ်မှာပဲ ဇာတ်အိမ်တည်သွားတယ်။ သွေးအေးနေတဲ့ခင်ပွန်းသည်အတွက် ထမင်းဘူးထည့်ပေးတဲ့ အိမ်ထောင်ရှင်မတစ်ယောက် သူထည့်ပေးလိုက်တဲ့ ထမင်းချိုင့်က တခြားသူတစ်ယောက်ဆီမှားပြီးရောက်သွားရာကနေစလို့ ဒီဇာတ်လမ်းလေး စတင်ပါတယ်။ ကိုယ်နဲ့တစ်ခါမှမမြင်ဖူးတဲ့ သူစိမ်းတစ်ယောက်နဲ့ စာလေးတွေကတဆင့် အဖြူရောင်သံယောဇဉ်ကြိုးတစ်ချောင်း ချည်နှောင်တဲ့အခါမှာ ထမင်းချိုင့်လေးက ကြိုးသီသူလေးတစ်ဦးဖြစ်ခဲ့တာပေါ့။ သူတို့ ၂ ယောက်က ဒီနေ့ဟင်းတော့ ဆားငန်တယ် ဒီနေ့ဟင်းကတော့ အစပ်များတယ် ဆိုတာက‌စလို့ ကိုယ့်ရဲ့ခံစားချက်တွေ အမှတ်တရတွေကိုပါ ထမင်းချိုင့်ထဲ စာလေးထည့်ပြီးပြောပြကြတဲ့အထိ ရင်းနှီးသွားခဲ့ကြပါတယ်။ တစ်ကိုယ်တည်းနေတဲ့ ဖာနန်ဒက်နဲ့ အီလာတို့နှစ်ယောက်ကြား ပို့တဲ့စာလေးတွေကိုဖတ်ရင်း သူတို့ကြားက ထုတ်မပြောတဲ့ ချစ်ခြင်းမေတ္တာတစ်ခုကို တွေ့ရတယ်။ ချစ်ခြင်းမေတ္တာဟာ ပုံစံအမျိုးမျိုးနဲ့တည်ရှိနိုင်ပြီး ဖွင့်ဟလို့ရတဲ့နည်းလမ်းတွေအများကြီးရှိကြောင်း ဒီရုပ်ရှင်လေးက သက်သေပါပဲ။ ဒီရုပ်ရှင်မှာ လူတွေက ချစ်ဖို့လည်းလိုတယ် အချစ်ခံရဖို့လည်းလိုတယ် ဆိုတဲ့အချက်ကို အသိမ်မွေ့ဆုံးပုံစံတစ်ခုနဲ့ ချပြသွားခဲ့ပါတယ်။ လူတွေက တစ်ချိန်ချိန်မှာတော့ နှောင်ကြိုးတစ်ခုမှာ ရစ်တွယ်မိတတ်ကြတာပါပဲ။ ထမင်းချိုင့်မှားပို့မိတာကနေတောင် ရစ်တွယ်မိတတ်ကြတာမျိုးပေါ့။ အိန္ဒိယရုပ်ရှင်တွေနဲ့ ပတ်သက်လို့ ကျွန်တော်သဘောကျမိတဲ့အချက်က လူတွေမေ့နေတဲ့အချက်တစ်ခုခုကို သိမ်သိမ်မွေ့မွေ့ ထောက်ပြနိုင်တာပါပဲ။ ပညာပေးစရာရှိရင်ပေးမယ် ပညာပေးကားလို့တောင် ထင်လိုက်ရတာမဟုတ်တာမျိုးတွေနဲ့ပေါ့။ မင်းသားမင်းသမီးတွေကလည်း ဆေးဆိုးပန်းရိုက် အပြင်အဆင်တွေနဲ့ အလွန်အကျွံ လုပ်ယူထားမျိုးမရှိဘဲ သာမန်လူတစ်ယောက်လို သာမန်ကိစ္စတွေကိုကြုံတွေရပုံတွေကိုပဲ သရုပ်ဆောင်ချက်ကောင်းကောင်းတွေနဲ့ တင်ပြထားတာတွေကလည်း အိန္ဒိယရုပ်ရှင်တွေကို သဘောကျမိတဲ့အချက်ပါပဲ။ အကယ်၍များ တစ်ယောက်ယောက်က လူတွေကြား မေတ္တာပုံစံတစ်မျိုးကို ဖော်ကျူးမယ့် ဘောလိဝုဒ်ရုပ်ရှင်တစ်ခုကို မေးလာခဲ့ရင် ဒီဇာတ်ကားက ကျွန်တော့်စိတ်ထဲ ပထမဆုံးပေါ်လာမယ့် ရုပ်ရှင်ပါပဲ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Min Thant Bo မှ တင်ဆက်ထားပါတယ်။) File size…(2.2 GB)/ (850 MB) Quality….BluRay Remux 1080p /720p Format…mp4 Duration….01:48:44 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Min Thant Bo

Romance
7.3 2013 104 mins
The Lunchbox
Kung Fu Ghost
5

မွဲနေပါတယ်ဆိုတဲ့ ဒေစီဆီကို အမွေပေးချင်လို့ဆိုပြီး ဖုန်းတစ်ကောလ် ဝင်လာပါတယ်။ သူ့အဘိုးသေသွားလို့ အဘိုးရဲ့အိမ်ကိုအမွေရပါမယ်တဲ့။ မွဲပါတယ်ဆိုမှ ဘာပြောကောင်းမလဲ ယူအက်စ်ကို ဒေစီတစ်ယောက် ကပြီးထွက်သွားခဲ့တာပေါ့။ ဟိုရောက်မှ ပျားအုံကိုတုတ်ထိုးမိတဲ့ ဒေစီပါ။ အမွေရတဲ့အိမ်ကြီးကလည်း ကြောက်စရာအပြည့်၊ မှောင်မဲနေတာပဲ။ တစ်ခါတစ်ခါ ထပ်ခိုးထပ်ကနေ သူ့ကိုချောင်းကြည့်နေသလိုလို။ အဲ့ဒီလို အိမ်ကြီးမှာ တစ်ပတ်တိတိနေပြီးမှ အမွေရမှာတဲ့။ အဘွားအတွက် အမွေ ရအောင်ယူမယ်ဆိုပြီး စိတ်တင်းထားပြီးကာမှ သရဲနှစ်ယောက်နဲ့ မျက်မြင် ကိုယ်တွေ့တွေ့ရပါတော့တယ်။ တစ်ယောက်ကတော့ သရဲငယ်ငယ်အဆင်လေးဝီလီယမ်ဖြစ်ပြီး နောက် တစ်ယောက်ကတော့ သရဲဘိုးအေကြီးပေါ့။ အဲ့ဒီသရဲနှစ်ယောက်က ဒေစီကို ဘာလို့ဒီအိမ်မှာ နေစေချင်ရတာလဲ။ ပြီးတော့ အိမ်ကြီးထဲမှာရော ဘာတွေ လျှို့ဝှက်ထားသေးလဲဆိုတာကတော့ ကိုယ်တိုင်ပဲဆက်ကြည့်လိုက်ပါ။ (Horror ဆန်ဆန်ကြည့်ရမယ့်ကားမျိုးမဟုတ်ဘဲ ဟာသဆန်ဆန်ကြည့်ရမယ့် ကားလေးပါ။) (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်) File Size..........(1.96 GB) / (875 MB) / (600 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 35mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Comedy Translator.......Jo Jo Va Encoder..........SWM

Action • Crime • Drama • Thriller
5 2022 95 mins
Kung Fu Ghost
Godless: The Eastfield Exorcism
8.8

Godless: The Eastfield Exorcism (2023) " အတော်ကြမ်းတဲ့ကားမို့ ကြည့်စေချင်လို့ မရမက ရှာတင်ပေးလိုက်ပါတယ်။ အကြည်ဖြစ်ပေမဲ့ 1xBet လိုဂိုတွေပါနေတုန်းပါပဲ။ လုံးဝအရှင်းဗားရှင်းထွက်လာတဲ့အချိန်ကျရင်လည်း ပြန် Update သွားပါမယ် " ~ IMDb - 6.3/10, Rotten Tomatoes - 100% ~ ၁၉၉၃ ခုနှစ်က ဩတြေးလျမှာဖြစ်ပျက်သွားတဲ့ ဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ကူးထားတဲ့ Horror ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ Horror ရုပ်ရှင်တွေမှာ မကောင်းဆိုးဝါးနှင်တယ်ဆိုတာ အမြဲလိုလို ပါနေကျဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ အဲဒါကို တခြားရှုထောင့်တစ်ခုကနေ ချဉ်းကပ်ထားတဲ့သဘောမျိုးရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ လာရာ ဟာ ‌ထင်ယောင်ထင်မှားစိတ်ဝေဒနာကို ခံစားနေရတဲ့လူနာတစ်ယောက်ပါ။ စိတ်ရောဂါကုဆရာဝန်နဲ့ ပုံမှန်ပြနေပေမဲ့ ဘာမှမထူးလာတာကြောင့် သူ့ယောက်ျားဖြစ်တဲ့ ရွန်က ဆေးသိပ္ပံပညာကို သံသယဝင်လာပါတော့တယ်။ သူ့မိန်းမက မိစ္ဆာပူးကပ်နေတာဖြစ်ကြောင်း သူ့သဘောနဲ့သူယူဆပြီး ဆရာဝန်နဲ့ပြတာရပ်လိုက်ပါတယ်။ လာရာကတော့ သူ့စိတ်ရောဂါကြောင့် စားမဝင်အိပ်‌မပျော်ဖြစ်ပြီး ရွန်စိတ်တိုင်းကျလုပ်ဖို့ ခွင့်ပြုလိုက်ရပါတယ်။ ဒီနေရာမှာ သူတို့နေတဲ့နေရာဟာ ဘာသာရေးကိုင်းရှိုင်း‌သူတွေများတဲ့ မြို့ငယ်လေးတစ်ခုပါ။ ဘာသာရေးနဲ့ပတ်သက်ရင် အဆုံးစွန်ယုံကြည်ကြတဲ့နေရာမျိုးပေါ့။ ရွန်ကလည်း သူ့မိန်းမ မိစ္ဆာပူးကပ်နေတာကို မြင်လာရင်း ကြံရာမရတဲ့အဆုံး ပယောဂထုတ်တဲ့နေရာမှာ ‌နာမည်ကြီးတဲ့ ဒန်နီ ဆိုတဲ့လူကို အားကိုးရာရှာလိုက်ပါတယ်။ ဒန်နီကို ဘုရားသခင်ရဲ့ တူရိယာလို့ လူတွေကနာမည်ပြောင်ပေးထားပြီး သူကိုယ်တိုင်ကလည်း ဘုရားသခင်နဲ့ တိုက်ရိုက်ဆက်သွယ်နေတယ်လို့ ယူဆထားတဲ့သူပါ။ ဒီလိုတွေဖြစ်လာတဲ့အချိန်မှာ လာရာကို သူတို့တွေ ပယောဂနှင်ပါတော့တယ်။ လာရာမှာပူးကပ်နေတဲ့ မိစ္ဆာတွေက တစ်ကောင်တည်းမဟုတ်ဘဲ အဖွဲ့လိုက်ဖြစ်နေတာပါ။ Legion ဆိုတာ သာမန်အားဖြင့် အစုအဖွဲ့လို့အဓိပ္ပာယ်ယူနိုင်ပေမယ့် ဓမ္မသတ်ကျမ်းသစ် မြန်မာပြန် Mark 5:9 မှာ လေဂေါင် လို့ ပြန်ဆိုထားတာကြောင့် လေဂေါင်အဖြစ်ပဲ ရေးထားပါတယ်။ ဒါကြောင့် လာရာကိုပူးကပ်နေတာက လေဂေါင်(မိစ္ဆာအဖွဲ့) ဖြစ်ပါတယ်။ ဒီလေဂေါင်တွေကို သူတို့တတွေ အစွမ်းကုန်နှင်ကြပါတော့တယ်။ ဒီရုပ်ရှင်ဟာ ဇာတ်သိမ်းကိုမှ ရင်ခုန်ရတာမဟုတ်ပါဘူး။ ဇာတ်လမ်းကြည့်နေရင်း တွေးစရာတွေ တပြုံကြီးပေးမယ့် ရုပ်ရှင်တစ်ခုပါ။ Jumpscare တွေသိပ်မပါဘဲ ပယောဂနှင်တာနဲ့ စိတ်ရောဂါကို‌အခြေတည်ရိုက်ကူးထားတာကြောင့် Psychological Horror ပိုဆန်ပါတယ်။ ဒါကကြောက်ရရင်ပြီးရော ကြည့်သင့်တဲ့ကားမျိုးမဟုတ်ပါဘူး။ ဇာတ်လမ်းစကတည်းက ဆုံးတဲ့အထိ ဘယ်သူမှန်လဲ၊ ဘယ်သူမှားလဲ။ လူတွေဟာ ယုံကြည်ရာနဲ့ပတ်သက်ရင် ဘယ်လောက်ထိအဆုံးစွန်သွားတတ်ကြသလဲ။ ဆေးသိပ္ပံပညာဟာ မှန်လား။ ဘာသာရေးဟာမှန်လား။ ကျွန်တော်တို့ဟာ ယုံကြည်ရာပိုက်ကွန်တွေထဲ ရုန်းထွက်မရသူချင်းတူတူ ဘယ်အရာမှန်သလဲ မှားသလဲ ယုံကြည်ရာအပေါ်မူတည်ပြီးဆုံးဖြတ်တတ်ကြပါတယ်။ ဘယ်အရာမဆို အစွန်းရောက်ရင် မကောင်းပါဘူး။ ဒီရုပ်ရှင်ကရော အဲဒါကို ဘယ်လိုပုံစံချပြထားသလဲဆိုတာကို Jumpscare နည်းနည်း တွေးစရာများများနဲ့ သည်းထိတ်ရင်ဖို ကြည့်ရှုရမှာဖြစ်ပါတယ်။ ကျွန်တော့်တစ်ကိုယ်ရည်အမြင်အရဆိုရင် Exorcism နဲ့ပတ်သက်တဲ့အကောင်းဆုံးရုပ်ရှင်တွေကို ပြတိုက်တစ်ခုမှာထားမယ်ဆို ဒီရုပ်ရှင်က နေရာလွတ်တစ်ခုဦးထားပြီးသားဖြစ်ပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 766MB Quality - 1080p, 720p IMDb Rating - 6.3/10 Format - mp4 Duration - 1H 31Min Genre - Horror Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Drama
8.8 2023 92 mins
Godless: The Eastfield Exorcism
Kelly’s Heroes
7.6

Kelly’s Heroes (1970) ~ IMDb – 7.6/10, Rotten Tomatoes – 78%~ စစ်ကားဗျ စစ်ကား… စိန်ပြောင်းနဲ့ပစ်တာပါတယ်။ လေယာဉ်နဲ့ ဗုံးကြဲတာပါတယ်။ တင့်ကားချင်း ယှဉ်ချတာပါတယ်။ စက်သေနတ်ရော လက်ပစ်ဗုံးတွေရော။ ထူးထူးဆန်းဆန်း သေဆုံးသူ သင်္ဂြိုလ်ရေးတပ်ခွဲတောင် ရှိတယ်ဆိုပဲ။ ဒါပေမဲ့ စစ်ကားဆန်တဲ့ စစ်ကားတော့ မဟုတ်ဘူး။ မင်းသားက ကလင့်တ် အိစ်ဝုဒ်။ ဒုတိယကမ္ဘာစစ်။ မဟာမိတ်တပ်သားတွေ အိုမာဟာကမ်းခြေကနေ ကမ်းတက်လာပြီးတော့ ပြင်သစ်နယ်စပ်မှာ အထိုင်ချတဲ့အချိန်။ ဖက်ဆစ်နာဇီ ဂျာမန်တွေနဲ့ ရင်ဆိုင်စစ်ပြင်ထားကြတာပေါ့။ ဒါပေမဲ့ ဒီဇာတ်ကားက သမိုင်းကြောင်းကို မလှန်၊ နိုင်ငံသူရဲကောင်းကိုမဖော်ကျူး၊ လူထဲက လူတွေရဲ့လောဘနဲ့ ဖျံကျတတ်ကြတဲ့ လူသားပီသသူ လူသားများအကြောင်း ရိုက်ကူးထားလို့ သူ့အရသာက တမျိုးပါပဲနော်။ ကယ်လီ တို့ စစ်သားတစ်စုက နိုင်ငံအတွက် စစ်မတိုက်ခဲ့ကြပါဘူး။ စစ်ရည်ဝနေတဲ့၊ စစ်ကိုမုန်းတဲ့၊ စစ်ရဲ့အနှစ်သာရမရှိမှုကို သိကြတဲ့ အခြားအဆင့် (အရာရှိမဟုတ်) စစ်သားကြီးတွေပါ။ ဆာဂျင် (တပ်ကြပ်ကြီး) အုပ်ချုပ်တဲ့ တပ်စိတ်လေးပါပဲ။ ရန်သူ့ဘက်က ဗိုလ်မှူးကြီးတစ်ဦးကို ဖမ်းမိခဲ့ပြီးနောက်ပိုင်း ဒေါ်လာ ၁၆ သန်း တန်ဖိုးရှိတဲ့ ရွှေချောင်း သောင်းလေးထောင်ရဲ့အနံ့ကိုရသွားတဲ့ တပ်စိတ်လေးက ဗြိတိသျှ သံချပ်ကာတပ်ရင်းက ရှားမန်းတင့်ကားလေးသုံးစင်း အကူအညီနဲ့ ရန်သူစစ်မျက်နှာ အနောက်ဘက် မိုင် ၃၀ အကွာက မြို့ကလေးရဲ့ဘဏ်တစ်လုံးထဲက ရွှေချောင်းတွေ သွားလုကြတဲ့ ဇာတ်ကြောင်းလေးပါ။ နိုင်ငံအတွက်မဟုတ်၊ တရားဝင်စစ်ဆင်ရေးလည်း မဟုတ်ပါဘူးလေ။ ဆိုင်ရာပိုင်ရာတွေကို ဖမ်းဆီးရမိတဲ့ ရွှေချောင်းအနည်းငယ်ပြပြီး စည်းရုံးလို့ လက်နက်ကျည်ရိက္ခာတွေထုတ်၊ ရူးရူးမိုက်မိုက် ရန်သူ့နယ်မြေထဲ တိုးဝင်သွားကြလေရဲ့။ ဘာတွေဆက်ဖြစ်လဲ လူကြီးမင်းတို့ကိုယ်တိုင်ပဲ ကြည့်လိုက်ကြပါတော့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.6GB, 1.4GB, 791MB Quality – 1080p, 720p, 480p IMDb Rating – 7.6/10 Format – mp4 Duration – 2H 24Min Genre – Adventure, Comedy, War Subtitle – Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Comedy • Drama • Romance
7.6 1970 144 mins
Kelly’s Heroes
Earwig
5.5

2021 မှာထွက်ရှိထားတဲ့ ပြင်သစ်အမျိုးသမီးဒါရိုက်တာ Lucile Hadzihalilovic ရဲ့ ပထမဦးဆုံးသော အင်္ဂလိပ်စကားပြောရုပ်ရှင်ဖြစ်ပြီး စားရေးဆရာ Brian Catling ရဲ့ ဝတ္ထုကို မှီငြမ်းရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဥ်း 1950 ဝန်းကျင် ဥရောပအငွေ့အသက်တွေနဲ့ ရိုက်ကူးထားတဲ့ ဒီကားရဲ့ဇာတ်ဆောင်ဖြစ်သူ အဲလ်ဘတ်ဆဲလင့်ခ်က မီရာလို့ခေါ်တဲ့ ဆယ်နှစ်အရွယ်ကလေးမလေးကို ပြုစုစောင့်ရှောင့်ရသူပါ။ ဒီမီရာလို့ခေါ်တဲ့ကလေးမလေးကို အဲလ်ဘတ်အဓိကလုပ်ပေးရတဲ့တာဝန်က ကလေးမရဲ့ ရေခဲနဲ့လုပ်ထားတဲ့အံကပ်ကို ထိန်းသိမ်းလဲလှယ်ပေးရတာပါပဲ။ တစ်နေ့မှာတော့ အမြဲတမ်းဖုန်းပဲဆက်တတ်တဲ့ အလုပ်ရှင်ဟာ မီရာကို သူတို့ဆီခေါ်လာဖို့ အဲလ်ဘတ်ကိုပြင်ဆင်ခိုင်းတဲ့အခါ… တစ်ကားလုံးမှာ Dialogue နည်းနည်းသာပါပြီး mystery ဆန်ဆန် melodrama ဆန်ဆန် ရိုက်ကူးထားတဲ့ ဒီ Earwig ဆိုတဲ့ရုပ်ရှင်ဟာ fantasy/horror genre အမျိုးအစားပါ။ ဝတ္ထုထဲမှာပဲသေချာပါပြီး ရုပ်ရှင်မှာမပါတဲ့ trivia တစ်ခုကတော့ ရုပ်ရှင်နာမည် Earwig က အကြားအာရုံအင်မတန်ကောင်းတဲ့ အဲလ်ဘတ်ရဲ့ nickname ဆိုတာပါပဲ….. File size…1.19GB / 476MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 54m Genre ….. Drama , Fantasy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aerin

5.5 2021
Earwig
Wind Chill

Wind Chill (2007) ============== မင်းသမီးကြီး Emily Blunt ရဲ့ငယ်ဘ၀က Horror ဇာတ်ကားကောင်းတစ်ကားပါ။ Emily Blunt ကိုနုပျိုလန်းဆန်းနေတဲ့ ဆယ်ကျော်သက်ကျောင်းသူလေးအဖြစ်မြင် တွေ့ရမှာဖြစ်ပါတယ်။ ပင်ဆယ်ဗေးနီးယားတက္ကသိုလ်ကျောင်းသူလေးတစ်ဦးဟာ ခရစ်စမတ်ကျောင်းပိတ် ရက် အိမ်အပြန်မှာ ကျောင်းသားတစ်ဦးနဲ့ Rideshare အဖြစ်ကားကြုံလိုက်ခဲ့ပါတယ်။ အရင်ကသတိမထားမိခဲ့ပဲ ကျောင်းရဲ့ကြေညာဘုတ်က သူနေတဲ့မြို့ကိုပြန်မှာဖြစ်လို့ လမ်းကြုံလိုက်မယ့်သူတွေ လိုက်လို့ရကြောင်းစာကပ်ထားရာကတစ်ဆင့်သိခဲ့ရတဲ့ အဲ့ဒီကျောင်းသားဟာ သူ့အကြောင်းအတော်များများကိုသိနေပုံရပါတယ်။ အတူတူခရီးဆက်လာရာကနေ တစ်နေရာမှာတော့ အဝေးပြေးလမ်းကနေ တောလမ်း တစ်ခုကိုဆင်းချသွားတဲ့ အချိန်မှာ ကောင်မလေးကထိတ်လန့်စပြုလာပြီး ကောင်လေး ကို မေးခွန်းထုတ်ခဲ့ပေမယ့်ဒီလမ်းက အမြန်ရောက်ဖို့ဖြတ်လမ်းလို့ပဲပြောပါတယ်။ ဒါပေ မယ့်လည်း နှစ်ဘက်လုံးတောအုပ်ကြီးတွေပဲရှိတဲ့နေရာတစ်ခုမှာ ရှေ့ကလာတဲ့ ကားတစ် စီးကိုရှောင်ရာကနေလမ်းဘေးနှင်းပုံနဲ့ဝင်တိုက်မိပြီးကားပျက်သွားချိန်မှာတော့ သူတို့ နှစ်ယောက်အတွက် အိမ်မက်ဆိုးတွေစတင်ဖို့ဖြစ်လာပါတော့တယ်။ အဲ့ဒီလမ်းဟာ မတော်တဆမှုတွေအမျိုးမျိုးဖြစ်လေ့ရှိပြီး လူသေဆုံးမှုတွေအမြဲရှိတတ်တဲ့ နေရာတစ်ခုပါ။အဲ့ဒီအဖြစ်အပျက်တွေက မကျွတ်မလွတ်သေးတဲ့ဝိဉာဉ်တွေ၊ မကြာခင် လာတော့မယ့်နှင်းမုန်တိုင်း၊ အနားမှာရှိနေတဲ့ ကိုယ်နဲ့မရင်းနှီးပေမယ့် ကိုယ့်အကြောင်းတွေ အကုန်သိနေတဲ့ သူစိမ်းတစ်ယောက် အစရှိတာတွေကို ကောင်မလေးတစ်ယောက် ဘယ်လို ရင်ဆိုင်ဖြတ်ကျော်မလဲ၊ ဇာတ်လမ်းထဲမှာဆက်ပြီးရှုစားကြပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်) File Size……….(1.4 GB) / (521 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 31Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Adventure, Drama, Horror Translator…….Alias Encoder……….SWM

0 2007
Wind Chill
Beautiful Wedding

Beautiful Wedding(2024) ============ Romance, Comedy ဒီခေတ်စကားနဲ့ပြောရရင် အတော်ဆိုးတဲ့ Red Flag နှစ်ယောက်ရဲ့ အရမ်းလှပတဲ့ မင်္ဂလာပွဲလေးကိုကြည့်ရှုရမှာဖြစ်ပါတယ် ဒါပေမယ့် သာမန်ချစ်ကြိုက်ကွဲငြား ဇာတ်လမ်းမျိုးတော့မဟုတ်ပါဘူး အလွဲအလွဲအချော်အချော်နဲ့ ဆုံလာမိတဲ့ လူနှစ်ယောက်ကနေ ဘဝရဲ့ဖူးစာဖက်တွေဖြစ်သွားတဲ့အကြောင်းပါပဲ လက်စ်ဗေးဂတ်စ်မှာ one night stand အဖြစ်မူးရူးသောင်းကျန်းပြီး မနက်အိပ်ယာနိုးတဲ့အချိန်မှာ လက်ထပ်လက်မှတ်ထိုးပြီးသားဖြစ်နေတဲ့ ထရက်ဗစ်နဲ့ အက်ဘီဟာ သူငယ်ချင်းစုံတွဲဖြစ်တဲ့ မဲရ်နဲ့ ရှက်ပလီတို့နဲ့အတူ ပျားရည်ဆမ်းခရီးအဖြစ် မက္ကဆီကိုကို ထွက်လာပါတယ် သူတို့အိမ်ထောင်ရေးကို ထပ်ပြီးရှေ့ဆက်မလား အဆုံးသတ်မလား တစ်ယောက်ကိုတစ်ယောက် အဖြေရှာအကဲခပ်ဖို့အတွက် ထွက်လာခဲ့ကြတဲ့ ခရီးဆိုလည်းမမှားပါဘူး….ဒီခရီးမှာ ထင်ထားသလို အဆင်ချောနေတာတော့မဟုတ်ပါဘူး ဖဲရိုက်တော်တဲ့ အက်ဘီက ဒေါ်လာသန်းနဲ့ချီပြီး ကာစီနိုဝိုင်းမှာ ဖဲနိုင်လာတာကို မကျေနပ်တဲ့ လူမိုက်ဂိုဏ်းတစ်ခုကလည်း နောက်ကနေလိုက်လာပါတော့တယ်… အက်ဘီနဲ့ ထရက်ဗစ်ရဲ့ မင်္ဂလာအစစ်အမှန်ဘယ်လိုဖြစ်သွားမလဲဆိုတာကိုတော့ Romance ဇာတ်လမ်းတွေမှာ မြင်ဖူးနေကျ သရုပ်ဆောင်တွေဖြစ်တဲ့ Dylan Sprouse , Virginia Gardner , Austin North တို့က ပါဝင်အားဖြည့်ထားပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Thiha Yan Naing ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Drama, Romance Quality…. 1080p | 720p File size… 1.6GB | 825MB Format… mp4 Duration…. 1h 35min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Thiha Yan Naing Encoder ….. Aaron

0 2024
Beautiful Wedding
Not Friends
7.8

“သူငယ်ချင်း” မဟုတ်ခဲ့သော သူငယ်ချင်းများ (၂၀၂၄) “ပဲ” ဟာ ဂျုံကြိတ်စက်ရုံပိုင်ရှင်ရဲ့သားဖြစ်ပေမဲ့ မိဘလက်ငုပ်လက်ရင်းစီးပွားရေးကို အမုန်းကြီးမုန်းနေတဲ့သူပါ။ အကြောင်းအရင်းကတော့ ဂျုံစက်ရုံက အချဉ်ဖောက်တဲ့အနံ့ကြောင့် အင်္ကျီက ချဉ်စုတ်စုတ်အနံ့ရတယ်ဆိုပြီး ကျောင်းမှာ အပယ်ခံဖြစ်နေတဲ့အတွက်ပါပဲ။ ဒီအင်္ကျီကိစ္စနဲ့ပဲ စော်ပစ်ခံရပြီး နောက်ဆုံး ရန်ဖြစ်လို့ ကျောင်းပြီးဖို့နောက်ဆုံးနှစ်ဝက်ကျမှ ကျောင်းပါပြောင်းခံရတဲ့အထိပါပဲ။ ကိုယ့်ကို ထမင်းကျွေးနေတဲ့ အိမ်ရဲ့စီးပွားရေးကို ရွံပြနေတဲ့ပဲကိုလည်း အဖေဖြစ်သူက မကြည်ပါဘူး။ အခု ၁၂ တန်းအောင်ပြီးလို့တက္ကသိုလ်မတက်နိုင်ရင် ဂျုံကြိတ်စက်ရုံမှာ အလုပ်လုပ်ရမယ်လို့ကြိမ်းထားတာဖြစ်တဲ့အတွက် ဖုတ်လှိုက်ဖုတ်လှိုက်နဲ့ အတန်းတက်လာတဲ့ “ပဲ” တစ်ယောက် အကြံအိုက်နေတာပေါ့။ တစ်နေ့ အတန်းထဲမှာ ဇာတ်လမ်းတိုပြိုင်ပွဲမှာ အရွေးခံရရင် တက္ကသိုလ်တန်းတက်ရမယ်ဆိုပြီး လာခေါ်တော့ ပဲတစ်ယောက် ရေငတ်တုန်း ရေတွင်းထဲကျသွားပြီး ပရိသတ်ရင်ထဲထိအောင် လောလောလတ်လတ် နာရေးလုပ်ထားတဲ့ သူ့ဘေးကသူငယ်ချင်းဂျိုးအကြောင်း ဇာတ်လမ်းတိုရိုက်ဖို့လုပ်ပါတော့တယ်။ ဂျိုးအကြောင်းမေးရင် သဘောကျတယ်လို့လူတိုင်းဖြေကြပေမဲ့ တကယ်တမ်းဂျိုးအကြောင်းကို ဘယ်သူမှသေချာမသိနေကြတော့ “ပဲ” တစ်ယောက်အကြပ်ရိုက်နေချိန်မှ ဂျိုးရဲ့ဆုရဇာတ်ညွှန်းတိုအကြောင်း တစ်စွန်းတစ်စ သိလိုက်ရတဲ့အခါ…၊ ကိုယ်တိုင်ကလည်း အကြံကထွက်မလာ တစ်ဖက်ကလည်း ကျောင်းမှာဟိုးလေးတကျော်ဖြစ်တဲ့ကြားက ဂျိုးကိုအသုံးချချင်တဲ့ သူရဲ့မဟာအကြံကို ဂျိုးအကြောင်းကိုတကယ်သိတဲ့ဘိုကေးက သိသွားတဲ့သူကရှိနေပြန်တော့ ချော်လဲရောထိုင်ရင်း ဂျိုးရဲ့ဇာတ်ညွှန်းတိုကို ဇာတ်လမ်းတိုရိုက်ဖို့ဖြစ်သွားပါတော့တယ်။ ဒီဇာတ်လမ်းတိုရိုက်ဖို့ပြင်နေရင်းနဲ့ ဘယ်လိုလျှို့ဝှက်ချက်တွေကို ၅၂၈ မမည်တဲ့ ရင်ထဲမရောက် သူငယ်ချင်း‌တစ်စု ဖော်ထုတ်မိမလဲဆိုတာ ရှုစားကြပါဦး။ အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Kaung, Mary, Char Ou, Hazel တို့ပဲ ဖြစ်ကြပါတယ်။ Genre….. Drama, Comedy Quality…. 1080p | 720p File size… 1.3GB | 704MB Format… mp4 Duration…. 2h 10min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Kaung, Mary, Char Ou, Hazel Encoder ….. Aaron

Drama • Documentary
7.8 2023
Not Friends
Migrant Harvester
Re-LOVE

Re-Love (2022) ************** ဒီကားလေးမှာတော့ Breathlessဆိုတဲ့ရုပ်ရှင်ကိုရိုက်ကူးတဲ့ ဒါရိုက်တာမင်းသားကြီး Yang Ik Joon နဲ့ … The Uncanny Counter ထဲက မင်းသားကြီး Yoo Joon Sang တို့အပြင်… Im Seon Woo, Kim Sae Byeok, Kim Joon Han နဲ့ Chung Ye Jin တို့ကို… အဓိကသရုပ်ဆောင်တွေအဖြစ်မြင်တွေ့ရမှာ ဖြစ်ပါတယ်ရှင်။ ဒါရိုက်တာ Kim In Seon နဲ့အတူ ဒီရုပ်ရှင်ထဲ မင်းသားတွေအဖြစ်ပါဝင်တဲ့… Yang Ik Joon နဲ့ Yoo Joon Sang တို့က ဒါရိုက်တာတွေအနေနဲ့ မတူညီတဲ့… အချစ်ဇာတ်လမ်းသုံးမျိုးကို ရိုက်ကူးပြသထားတဲ့ Melodrama, Romance ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်း ————— ပထမဇာတ်လမ်းလေးမှာတော့ ရုပ်ရှင်ဒါရိုက်တာ ဆောအူ နဲ့ အီဂျွန် တို့ဟာ… သူတို့ရဲ့ အတွေ့အကြုံတွေကို ဇာတ်ညွှန်းအဖြစ်ပြောင်းလဲပြီး တွဲဖက်ရိုက်ကူးနေကြပါတယ်။ နားလည်မှုရှိတဲ့ချစ်ခြင်းတရားနဲ့ ခွဲခွာခြင်းသဘောကို…. သူတို့နှစ်ယောက်ရဲ့ ရှုထောင့်မှတစ်ဆင့် ခံစားကြည့်ရှုရမှာဖြစ်ပါတယ်။ ဒုတိယဇာတ်လမ်းလေးမှာတော့ ဟာနာက မတွေ့တာကြာတဲ့အဖေဖြစ်သူဆုံးသွားပြီးနောက်.. အဖေဖြစ်သူအိမ်ကိုရှင်းဖို့သွားရာကနေ ဘယ်လိုအမှတ်တရတွေက… သူနဲ့အတူတူပါလာမလဲဆိုတာကိုကြည့်ရမှာပါ။ နောက်ဆုံးဇာတ်လမ်းကတော့ အနေဝေးတဲ့ချစ်သူနှစ်ယောက်ကြား… အတိတ်ကပုံရိပ်တွေပြန်သတိရလွမ်းဆွတ်တာကို သီချင်းစာသားတွေနဲ့တူတူစီးမြောထားတာကိုတွေ့ရမှာပါ.. မတူညီတဲ့ အချစ်ဇာတ်လမ်းလေးတွေအတိုင်း လိုက်ပါစီးမြောရင်း ကြည့်ရှုလိုက်ကြပါဦးရှင်။ ဇာတ်လမ်းအညွှန်းကို Lucien မှရေးသားထားပါတယ် File size… 1.32 GB / 638 MB Quality…WEB-DL 1080p 720p Genres: Romance, Drama, Melodrama Duration: 1 hr 35 mins Subtitle….Myanmar Subtitle (Hard Sub) Translated By Lucien Encoded By Heather Oo

0 2022
Re-LOVE
The Movie Teller

၁၉၆၀ ကျော်ခုနှစ်များဆီက ချီလီက ယမ်းစိမ်းမိုင်းတွင်းတွေရှိတဲ့ မြို့လေးတစ်မြို့မှာ နေထိုင်တဲ့ မိသားစုလေးတစ်ခုရှိတယ် သူတို့အဖေလုပ်သူက မိုင်းတွင်းက အလုပ်သမားတစ်ယောက်ပေါ့ သူတို့မိသားစုအတွက် ဖျော်ဖြေစရာဆိုလို့ မိသားစုအတူရုပ်ရှင်ကြည့်တာလေးပဲ ရှိတာပေါ့ တစ်နေ့တော့ သူတို့အဖေ မိုင်းတွင်းမှာ ဒဏ်ရာရပြီး ဝင်ငွေမရှိတော့တဲ့အချိန် မိသားစုအတူ ရုပ်ရှင်ကြည့်ဖို့ဆိုတာဟာ ဇိမ်ခံအရာတစ်ခုလိုဖြစ်လာခဲ့တယ် နောက်ဆုံးမှာ အငယ်ဆုံးသမီးလေးက ရုပ်ရှင်သွားကြည့်ပြီး တစ်မိသားစုလုံးကို ဇာတ်လမ်း ပြန်ပြောတဲ့နေရာမှာ အရမ်းတော်တယ်ဆိုတာကို သိရှိသွားခဲ့တယ် အဲဒီအချိန်မှာပဲ သူတို့ရဲ့အမေလုပ်သူက ထွက်သွားခဲ့တယ် နောက်ဆုံးမှာတော့ အငယ်ဆုံးမလေးရဲ့ ဇာတ်ကြောင်းပြောပြတဲ့စွမ်းရည်နဲ့ပိုက်ဆံရှာဖို့ဖြစ်လာခဲ့တာပေါ့ ကလေးမလေး အရွယ်ရောက်လာတဲ့အထိ ရုပ်ရှင်တွေပြောရင်း မိသားစုကို ရှာကျွေးလာလိုက်တာ နောက်ဆုံး သူ့ဘဝကိုယ်၌ကိုက ရုပ်ရှင်လိုမျိုး အနိမ့်အမြင့်အတက်အကျတွေ ကြုံရပါလေရော မိသားစုအရေး အချစ်ရေး နိုင်ငံရေး စီးပွားရေး များပြားလှစွာသော အဖြစ်အပျက်တွေအလယ်မှာ မြို့ငယ်က မိန်းမငယ်လေးတစ်ယောက် သူ့ဘဝကို ဘယ်လိုလျှောက်လှမ်းသွားခဲ့သလဲဆိုတာကို စိတ်ဝင်တစားကြည့်ရမယ့် စပိန်ရုပ်ရှင်ကားလေးတစ်ကားပါ စပိန်နိုင်ငံမှာ Nominations ဆယ့်သုံးခုဝင်ခဲ့ပြီး အကောင်းဆုံးရုပ်ရှင်ဇာတ်လမ်းရှည်ဆုနဲ့ Best Visual Effects ဆု နှစ်ဆုရထားတဲ့ ကားလေးတစ်ကားပါ File size… (1.5 GB) / (914 MB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre…Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Bunny

Action • Thriller • Crime
0 2024
The Movie Teller