YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The.Treasure.Code.2022.1080p.mp4

1.25 GB N/A video/mp4 25 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Argentina, 1985
8

~ IMDb - 7.7/10, Rotten Tomatoes - 98% ~ တလောက ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲသွားခဲ့တဲ့ အာဂျင်တီးနားနိုင်ငံရဲ့ နိုင်ငံရေးဖြတ်သန်းမှု မိုင်တိုင်တစ်ခုကို ရိုက်ပြထားတဲ့ ဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ စစ်အုပ်ချုပ်မှုကနေ ဒီမိုကရေစီရပြီးကာစ အာဂျင်တီးနားနိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျင်းပေါ်က တရားဥပဒေဘက်တော်သားတွေရဲ့ အားထုတ်ခဲ့မှုတစ်ခုဖြစ်တဲ့ စစ်ခေါင်းဆောင်ဟောင်းတွေကို ရုံးတင်စစ်ဆေးခဲ့တဲ့ ကာလတစ်လျှောက်လုံးကို မြင်တွေ့ရမှာပါ။ ဒိတ်ဒိတ်ကြဲ စစ်ခေါင်းဆောင်ဟောင်းတွေကို တရားစွဲဆိုဖို့ ဆွဲချရှေ့နေအဖြစ်တာဝန်ပေးခံလိုက်ရတဲ့ အစိုးရရှေ့နေ စထရက်စဲရာရဲ့ ရင်ပူစရာတွေကို အတူတူလိုက်ပူပေးလို့ရမယ့်၊ အားတက်စရာတွေကို အတူတူလိုက်ပျော်ပေးလို့ရမယ့်၊ မိသားစုအရေးနဲ့ တရားရေးကြားက ချိန်ခွင်လျှာကို ဘက်စောင်းမသွားအောင် ထိန်းဖို့ကြိုးစားနေတဲ့ အိမ်ထောင်ဦးစီးတဖြစ်လဲ အစိုးရရှေ့နေတစ်ယောက်ရဲ့ အပူမီးတွေကိုလည်း မျှဝေခံစားနိုင်ဦးမယ့် ပစ်ရက်စရာတစ်ကွက်မရှိတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ အာဂျင်တီးနား နိုင်ငံရေးကားလေးဖြစ်တဲ့အလျောက် လက်ရှိ အရမ်း Hot ဖြစ်နေတဲ့ "အာဂျင်တီးနား" နဲ့ "နိုင်ငံရေး" ၂မျိုးလုံးကို တစ်ကားထဲမှာ ကြည့်ရမှာမို့ ရှယ်တန်နေပါပြီ။ ဒီနှစ် အောက်တိုဘာလတုန်းကထွက်ခဲ့တဲ့ ဒီကားဟာ လက်ရှိမှာ ဆု ၇ဆုပိုင်ဆိုင်ထားတဲ့အပြင် လာမယ့်နှစ်အတွက် ရွှေကမ္ဘာလုံးဆု (Golden Globes) မှာ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားအဖြစ် အမည်စာရင်းဝင်ထားပြီးပါပြီ။ ဒါ့အပြင် ၂၀၂၃ ခုနှစ်အတွက် အကောင်းဆုံးနိုင်ငံတကာရုပ်ရှင် အကယ်ဒမီဆုအတွက်လည်း လျာထားစာရင်းထဲမှာလည်း ပါဝင်ထားပါတယ်။ ဆိုတော့ ကောင်း/မကောင်း သိပ်ညွှန်းနေစရာ လိုမယ်မထင်တော့ပါဘူး။ အခုမကြည့်သေးဘဲ အကယ်ဒမီနဲ့ ရွှေကမ္ဘာလုံးတစ်ခုခုရပြီးမှ ကြည့်ချင်ရင်တောင် ခုပဲ ကြိုတင်ဒေါင်းထားဖို့မမေ့နဲ့ဦးနော့်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.4GB, 1.2GB, 565MB Quality - 1080p, 720p, 480p IMDb Rating - 7.7/10 Format - mp4 Duration - 2H 20Min Genre - Biography, Crime, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Crime
8 2022 141 mins
Argentina, 1985
Malikappuram
8

ဒီဇာတ်ကားလေးကတော့ အသက်၈နှစ်အရွယ် ကလေးမလေးတစ်ဦးက တောင်စွယ်၁၈ခုအား အပိုင်စားရထားတဲ့ အရှင်အယာပန်ရဲ့ဆာဗရိမာလဘုရားကျောင်းကို လွန်စွာဘုရားဖူးသွားချင်နေတဲ့ ဆန္ဒလေးကို အခြေပြုပြီး ဇာတ်အိမ်တည်ထားတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ မိဘက ဆင်းရဲလွန်းတော့ ဘဏ်မှာလည်း အကြွေးတွေပိနေပြီး အိုးအိမ်ပါအပေါင်ခံထားရတဲ့ ဖခင်ဖြစ်သူအတွက် သမီးဖြစ်သူရဲ့ဆန္ဒဟာ လွန်စွာ အဖိုးအခကြီးနေခဲ့ပါတယ်။ အဲ့ဒီဘုရားကျောင်းဟာလည်း အမျိုးသမီးများ သန္ဓေတည်နိုင်တဲ့အရွယ်ဖြစ်တဲ့ အသက်၁၀နှစ်မှ ၅၀နှစ်အထိ အမျိုးသမီးများကို ဝင်ခွင့်မပေးကြပါဘူး။ ဘုရားသခင်ဟာ သူ့ဆီခြေ၁လှမ်းသာရှေ့တိုးလာခဲ့ ကျန်တဲ့၉၉လှမ်းကို သူလှမ်းပါ့မယ်ဆိုတဲ့ကတိအတိုင်း ဒီကလေးမလေးရဲ့ဘုရားဖူးခရီးစဉ်မှာ ဆန်းကြယ်မှုတွေ များမြောင်စွာဖြစ်ပေါ်လာခဲ့ပါတယ်။ ဒါတွေကိုတော့ ဇာတ်ကားထဲမှာပဲ ဆက်လက်ရှုစားလိုက်ပါတော့နော်။ File size…2.6GB / 1.2GB Quality…1080p True WEB DL /720p Format…mp4 Duration….2h 1mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & BpL & Yunni

Drama • War
8 2022 121 mins
Malikappuram
Blade of the 47 Ronin
6.6

ဒီကားလေးကတော့ ဆာမူရိုင်းတွေ၊ နင်ဂျာတွေကို သဘောကျတဲ့သူတွေအတွက် ကြည့်ကောင်းမယ့်ကားလေး တစ်ကားပါ။ ရှေးခေတ်က ဆာမူရိုင်းတွေကို ဒီဘက်ခေတ်အနေအထားနဲ့ ယှဉ်ရိုက်ပြထားတာ ဖြစ်ပြီးတော့ မင်းသားကြီး Keanu Reeves ရဲ့ နာမည်ကျော် (47) Ronin ရဲ့ spin-off ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ သဘောတရားကတော့ ယူရေဆိုတဲ့ စုန်းမျိုးနွယ် တစ်ယောက်ဟာ ရိုနင်(၄၇)ယောက်ရဲ့ မျိုးဆက်ကို ဖြတ်ပစ်ပြီး ဆာမူရိုင်းတွေ အားလုံးကို ရှင်းပစ်ချင်နေသူပါ။ ယူရေကိုတားနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းက ရိုနင်(၄၇)ယောက်ရဲ့ နောက်ဆုံးမျိုးဆက်ဟာ ထန်ဂူဓားကို ကိုင်ဆွဲပြီး ယူရေကို သုတ်သင်ဖို့ပဲ ဖြစ်ပါတယ်။ ထန်ဂူဓားဆိုတာတော့ အင်မတန်စွမ်းအားကြီးတဲ့ ဓားဖြစ်ပြီး စုန်းဓားနဲ့ စစ်သည်တော်ဓားနှစ်လက်ကို ပေါင်းစည်းမှသာ ရလာနိုင်မယ့် ဓားပါ။ ဒီတော့ ဆာမူရိုင်းတွေ အနေနဲ့ ရိုနင်(၄၇)ယောက်ရဲ့ နောက်ဆုံးမျိုးဆက်ကို ရှာတွေ့နိုင်ပါ့မလား၊ စုန်းဓားနဲ့ စစ်သည်တော်ဓားနှစ်လက်ကိုရော ယူရေထက်အရင် ရှာတွေ့ပါ့မလား စုန်းမျိုးနွယ် ယူရေကိုရော နှိမ်နင်းနိုင်ပါ့မလား စတာတွေကို ဒီကားလေးမှာ ကြည့်ရှုလို့ရပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Leo ပဲ ဖြစ်ပါတယ်။ Genre..... Action, Drama, Fantasy Quality…. 1080p | 720p | 480p File size… 1.7GB | 1.1GB | 582MB Format… mp4 Duration…. 1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Leo Encoder ..... August

Action • Adventure • Comedy • Family
6.6 2022 106 mins
Blade of the 47 Ronin
The Heist of the Century
7.8

IMDb...7.1 မာရီယိုဆိုတာ မီးခံသေတ္တာလေးတွေလိုက်ဖောက်လိုက် ...မမိရင် သုံးလိုက်ဖြုန်းလိုက်.. မိပြန်တော့ ထောင်ထဲလေ လေးချွန်ဝင်လိုက်နဲ့ပေါ့... တစ်နေ့တော့ သူတို့ သူခိုးအသိုင်းအဝန်းက လူတစ်ယောက်က လာကမ်းလှမ်းတယ်...လက်တစ်ကိုင်စာ ပိုက်ဆံလေးအတွက်စွန့်စားမဲ့အစား အချီချဖို့ လာစည်းရုံးတယ်... ဘဏ်ကြီ:တစ်ခုကိုဓားပြတိုက်ဖို့ပါပဲ...အတော်ကို မလွယ်ကူတဲ့ အလုပ်ပါ..သို့ပေမဲ့ အသက်အရွယ်လည်းရသလို အတွေ့အကြုံတွေလည်းများခဲ့ဖူးတဲ့ ဒီဘိုးတော်တွေဟာ ဒီဘဏ်ကြီးကိုစနစ်တကျ ဓားပြတိုက်ဖို့  သွေးအေးအေးနဲ့ အစီအစဉ်တွေဆွဲပြီး ဗျင်းဖို့ကြိုးစားကြတယ်... တခြားဇာတ်လမ်းတွေနဲ့  မတူတာကတော့ သူက based on true story ဖြစ်ရပ်မှန်ပါပဲ။ Heist of century ဆိုတာ 2006 ခုနှစ် January 13 ရက်နေ့က အာဂျင်တီးနားမှာ ဖြစ်ခဲ့တဲ့ အကြီးမားဆုံးဘဏ်ဖောက်မှုကြီးကို အခြေတည်ပြီးရိုက်ထားတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်။ သူခိုးပါရဂူကြီးတို့ ဦးဆောင်ပြီး ရဲတွေ ဘဏ်ဝန်ထမ်းတွေကို ဘယ်လိုလှည့်ဖြားကြမလဲဆိုတာ ကြည့်ရမှာပါ။ ကိုင်း ခံစားကြည့်ကြပါဦ:... File Size : (2.1GB)(799 MB) and (239 MB) Quality : WEB-DL1080P5.1Ch, 720p Format…mp4 Duration…01:54:00 Genre : Action, Biography, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Chevy Encoded by Phyo Pyae

Action • Crime • Drama
7.8 2020 114 mins
The Heist of the Century
Exposure 36
5.2

Exposure 36 (2022) ~ Rotten Tomatoes – 83% ~ ကမ္ဘာပျက်ဖို့ သုံးရက်ပဲလိုတော့မယ်ဆိုရင် ခင်ဗျားဘာလုပ်မလဲ… ဒီဇာတ်ကားထဲမှာတော့ တချို့လူတွေက ပုံမှန်အတိုင်းနေကြတယ်။ လွတ်နိုင်မယ့်နေရာကို ပြေးကြတယ်။ နောက်ဆုံး အကောင်းဆုံး အလုပ်ကို လုပ်နိုင်ဖို့ ကြိုးစားကြတယ်။ တစ်သက်လုံးမှာ မရဖူးတဲ့ လွတ်လပ်မှုမျိုးရလို့ အပြည့်အဝခံစားကြတယ်။ လူတွေ အများကြီးကလည်း ကိုယ့်ကိုယ်ကိုယ် သတ်သေကြတယ်။ တချို့လူတွေကတော့ မနားမနေ အိပ်ရာဝင် ဇာတ်လမ်းရိုက်ကြတယ်။ ဇာတ်ဆောင် ဆေးရောင်းသမား ဓာတ်ပုံဆရာ ကမ်မရွန်ကတော့ ဘုမသိဘမသိ မွေးစားညီမကောက်ရပြီး ရာဇဝတ်ကောင် အကြီးစားတွေနဲ့ ပြဿနာတက်ပါတယ်။ ဇာတ်လမ်းတလျှောက်မှာ ဇာတ်ကားနာမည်ဖြစ်တဲ့ Exposure 36 ဆိုတဲ့ အတိုင်း နောက်ဆုံး ကျန်တဲ့ ဖလင်လိပ်က ပုံ ၃၆ ပုံကို သူအကောင်းဆုံးဖြစ်အောင်ဘယ်လိုရိုက်သွားလဲ ကြည့်ရမှာပါ… Exposure 36 ဟာ ကမ္ဘာပျက်လုနီးချိန်ကာလတစ်ခုက မြို့တစ်မြို့ကို မှိုင်းပြပြ ပုံဖော်သွားတဲ့ ရုပ်ရှင်ကားကောင်းဖြစ်ပြီး RT လည်း 83% ရထားပါတယ်။ မျှော်လင့်ချက်မရှိတော့တဲ့ ကမ္ဘာပေါ်က စိတ်ဓာတ်ကျမှုတွေ၊ အထီးကျန်ခြင်းတွေ၊ လူတွေရဲ့စိတ်အခြေအနေတွေကို ပုံဖော်ပြထားတဲ့ စိတ်ကူးဆန်းတဲ့ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တစ်ကားဆိုလည်း မှားမယ်မထင်ပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆိုရေးသားထားပါတယ်) Size – 2GB, 500MB Quality – Blu-ray 1080p, 720p IMDb Rating – 5.2/10 Format – mp4 Duration – 1H 32Min Genre – Sci-Fi, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Drama • History • Music
5.2 2022
Exposure 36
Guardians of the Galaxy Volume 3
8.4

Guardians of the Galaxy Volume 3 (2023) ************************************** WEB-DL ကြည်တောက်ရှင်းထွက်ရှိလို့လာပါပြီ ဒါရိုက်တာ ဂျိမ်းဂန်းပဲ ရိုက်ကူးထားပြီး မူရင်းသရုပ်ဆောင်တွေပဲ ပါဝင်ထားတာဖြစ်ပါတယ်။ Rating 8.4 အထိ IMDb မှာတက်နေတာမို့ အတော်လေးကောင်းမယ်ဆိုတာ သိသာပါတယ်။ GotG 1 တုန်းကတောင် 8 အထိပဲ တက်ခဲ့တာပါ။ ဇာတ်လမ်းအကျဉ်း ဂါဒီယံတွေဟာ နိုးဝဲမှာ အေးအေးဆေးဆေးအနားယူနေချိန်၊ ပီတာကြီးလည်း အသည်းကွဲပြီးမူးရူးလို့ကောင်းနေချိန်မှာ အန္တရာယ်အသစ်ပေါ်ပေါက်လာပါတယ်။ ပထမဆုံးအန္တရာယ်ကောင်ကတော့ အဒမ် ဝေါလော့ခ်ပါပဲ။ အဲဒီနောက်မှာတော့သူ့ကို ခိုင်းစေနေတဲ့ ဟိုက်အီဗော်လူရှင်နရီဆိုတဲ့ ဉာဏ်ကြီးရှင်ကြီးတစ်ယောက်ပါလာပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ နှစ်ပေါင်းများစွာ မျိုးဗီဇတွေကို ဆန်းသစ်တီထွင်ပြီး ပြီးပြည်စုံတဲ့မျိုးစိတ်တွေနဲ့ ကမ္ဘာကို ဖန်တီးဖို့ပါပဲ။ အဲဒီမတိုင်ခင် မျိုးစုံစမ်းသပ်ထားတဲ့ ကမ္ဘာတွေပါ ရှိနေတာမို့ သူ့ကို နတ်ဘုရားအဆင့်လို့တောင် သတ်မှတ်ကြပါတယ်။ အဲဒီလို အင်အားကြီးတဲ့ ဟိုက်အီဗော်လူရှင်နရီက ဂါဒီယံအဖွဲ့ထဲက ရော့ကတ်ကို အသေရရ အရှင်ရရ လိုချင်နေတာပဲဖြစ်ပါတယ်။ အဲဒီအကြောင်းရင်းက ဘာဖြစ်မလဲ ဂါဒီယံတွေကရော အရမ်းအင်အားကြီးတဲ့ ဗီလိန်ကို ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ စွန့်စားခန်းတွေနဲ့ ထုံးစံအတိုင်းဟာသတွေနဲ့ကြည့်ရမှာပါပဲ။ ဒါလေးကိုမကြည့်ခင် Guardians of the Galaxy Holiday Special ရုပ်ရှင်တိုလေးကိုကြည့်လိုက်ရင်တော့ ပိုပြီးချိတ်ဆက်မိမှာပါ။ ချန်နယ်မြန်မာမှာ တင်ပေးထားပြီးပါပြီ။ မစောင့်နိုင်သူတွေ ခံစားလိုက်ပါဦး။ ss တွေကို ဖေ့ဘုပို့စ် ကွန်မန့်မှာ ပြပေးထားပါတယ်။ File size…(3.2GB)&(1.26GB) Quality….WEB-DL1080p5.1Ch,720p Format…mp4 Duration….02:30:00 Genre… Adventure, Action, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder…. Phyo Pyae Translated by Mr. Anderson

Romance • Comedy • Music • Drama
8.4 2023
Guardians of the Galaxy Volume 3
Hello, Schoolgirl
6.9

Kim Yeon-Woo(Yoo Ji Tae) ကတော့ ရပ်ကွက်ရုံးက အစိုးရဝန်ထမ်းတစ်ယောက်ဖြစ်ပြီး တစ်နေ့မှာ Han Soo Young(Lee Yeon Hee) ရဲ့ တိုက်ခန်းကိုပြောင်းလာခဲ့ပါတယ်။ Soo Young ကတော့ အထက်တန်းကျောင်းသူဖြစ်ပြီး အမေနဲ့အတူနေပါတယ်။ တစ်ဖက်မှာလည်း Kang Sook (Kang In)ဟာ အထက်တန်းကျောင်းအပြီးမှာ အလုပ်ဝင်ခဲ့တဲ့ အစိုးရဝန်ထမ်းတစ်ယောက်ဖြစ်ပြီး Kwon Ha Kyung(Chae Jung An) ကို မြင်မြင်ချင်းချစ်မိသွားခဲ့ပါတယ်။ ဒီဇာတ်ကားမှာတော့ သူတို့ ၄ ယောက် ဘယ်လိုတွေတွေ့ပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ Moving ကိုရေးသားခဲ့တဲ့ Kang Full ရဲ့ Sunjeong Manhwa ဆိုတဲ့ comic ကိုအခြေခံထားပြီး Girl’s Generation အဖွဲ့ဝင် Sooyoung ကလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ File size…1.50 GB Quality…Web-rip 720p Format…mp4 Duration….1h 53m Genre ….. Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai

Drama • Fantasy • Romance
6.9 2008
Hello, Schoolgirl
Troy
7.2

Troy (2004) ရုပ်ရှင်ခံစားမှု Troy ရုပ်ရှင်ဟု ဆိုလိုက်တာနှင့် ဂရိဘက်မှ မြင်းရုပ်ကြီးအား ထရိုဂျန်စစ်သားများက ကြိုးများဖြင့်ချည်နှောင်ကာ အီလီယွန်(Iliad)မြို့ထဲကို သယ်ဆောင်သွားတဲ့အကြောင်းတွေကို ကြားဖူးနားဝရှိကြပါလိမ့်မည်။ထင်ရှားကျော်ကြားသော စစ်ပွဲတွေအကြောင်း ညွှန်းဆိုပြောဆိုကြမည်ဆိုလျှင်လည်း ထရိုဂျန်စစ်ပွဲအကြောင်းကို ချန်ထား၍ ရမည်မထင်ပေ။ ကမ္ဘာ့အစောဆုံးဂန္တဝင် စာပေလက်ရာတစ်ခုအဖြစ် သမုတ်ထားကြသည့် ဂရိစာဆိုတော်ကြီးဟိုးမား၏ အိလီယက်နှင့် အိုဒက်ဆီ ကဗျာရှည်နှစ်ပုဒ်အနက် အီလီယက်ကဗျာမှာ ဂရိလူမျိုးတို့၏ ထရွိုင်မြို့အောင်ပွဲအကြောင်းကို ပြန်ပြောင်းဂုဏ်ပြုစိမ့်သောငှာ ဂုဏ်တင်ရေးဖွဲ့ထားသည့်ကဗျာရှည်တစ်ပုဒ်ဟု ပြောဆို၍ ရနိုင်ပါမည်။ ထရိုဂျန်စစ်ပွဲကို အောင်နိုင်ဖို့ရာအတွက်လည်း ဂရိနိုင်ငံနှင့် ထရွို င်မြို့နိုင်ငံတို့ ကိုးနှစ်ကျော်ကြာအောင် တိုက်ခိုက်ခဲ့ရသည်။လူသားတွေသာမကပဲ နတ်ဘုရားတွေကပါ ကူညီတိုက်ခိုက်ကြသည်။ စစ်ပွဲဖြစ်ပွားရပုံ ကနဦးအကြောင်းရင်းကို ဖောက်သည်ချရလျှင် ထရွိင်ဘုရင်သားတော်ငယ် ပဲရစ်က ဂရိဘုရင်ကြီးအက်ဂါမန်မနွင်၏ ညီ မက်နယ်လော့ မိဖုရား ဟယ်လင်အား ခိုးယူသွားပုံကနေ စတင်ခြင်းဖြစ်သည်။ထရွိုင်နိုင်ငံအား တိုက်ခိုက်အောင်မြင်ဖို့ရာအတွက် စစ်သူကြီး အာချိလိ ဖြစ်သူကပါ ဦးစီးတိုက်ခိုက်ရသည်။ထိုသို့ ဂရိနှင့်ထရွိုင်တို့ အပြန်ပြန်အလှန်လှန် တိုက်ခိုက်ကြသော အကြောင်းကို ကဗျာရှည်အဖြစ် မှတ်တမ်းတင်ခဲ့ရာကနေ (အခြားသော သမိုင်းဆရာတွေကလည်း စစ်ပွဲနှင့်သက်ဆိုင်သော အကြောင်းအရာတွေ။အာချိလိ၏ အကြောင်းတွေကိုလည်း တစ်နည်းတစ်ဖုံဖြင့် ရေးသားခဲ့ကြသည် ။သို့ဖြစ်စေကာမူ ဟိုးမား၏ ကဗျာနှစ်ပုဒ်မှာ အအောင်မြင်ဆုံးဖြစ်ခဲ့သည်ဟု မှတ်ယူရပေမည်)နှောင်းလူတွေကနေ ခေတ်အဆက်ဆက် လက်ဆင့်ကမ်းသယ်ဆောင်လာခဲ့ကြသည်။ ဟောလိဝုဒ်ရုပ်ရှင်နယ်မြေကလည်း ဇာတ်လမ်းဇာတ်ကွက်အမျိုးမျိုးဖြင့် ထရိုဂျန်စစ်ပွဲများအကြောင်းကို ရိုက်ကူးတင်ဆက်ခဲ့ကြသည်။ ထို့သို့ ထရိုဂျန်မြို့ပုံပြင်အား 2003 ခုနှစ်တွင် ဟောလိဝုဒ်ရုပ်ရှင်နယ်မြေကနေ ထပ်မံ၍ သရုပ်ဆောင် အကျော်အမော်များ|ကြီးကျယ်ခမ်းနားသော ဆက်တင်များဖြင့်ရိုက်ကူးထုတ်လုပ်ခဲ့ကြတော့သည်။ဘရက်ပစ် |အော်လန်ဒိုဘလွန်း စသည့် သရုပ်ဆောင်များပါဝင်သည်။သန်းပေါင်း၁၈၀ကျော် အကုန်ကျခံ ရိုက်ကူးသည်။လက်ရှိ အကုန်အကျအများဆုံး ရုပ်ရှင်ဇာတ်ကားများစာရင်းထဲတွင် မှတ်တမ်းဝင်ခဲ့သည်။ မူရင်းဇာတ်လမ်းတည်ဆောက်ပုံသည် သဘာဝကျသော ဖြစ်တည်မှုကို ကျော်လွန်၍ ရေးသားထားတာဖြစ်သော်လည်း ဒါရိုက်တာကြီး ဝုဖ်ဂန်းပီတာဆင်ကမူ လက်တွေ့ကျသည့် အနေအထားဆီကို ရောက်ရှိအောင် ပြန်လည်ဖန်တီးခဲ့သည်။ကနဦးဖွဲ့စည်းပုံအရဆိုလျှင် ယခုဇာတ်ကား၏ အဓိက ဇာတ်ဆောင်ဖြစ်သူ အာချိလိမှာ သာမန်လူသားတစ်ယောက်မဟုတ်ချေ ။နတ်ဘုရား ပီလိယပ်နှင့် ပင်လယ်စောင့်နတ်ဘုရားမ သီးထစ်တို့ကနေ မွေးဖွားသန့်စင်ထားသည့် စွမ်းအားတန်ခိုးရှင် တစ်ပါးဖြစ်၏။ထို့အတူ စစ်ပွဲတိုက်ခိုက်ရာတွင်လည်း ကောင်းကင်ပေါ်က နတ်ဘုရားတွေကပါ နှစ်ဘက်စလုံးကနေ ပါဝင်တိုက်ခိုက်ကြကြောင်း ရေးသားထားသော်လည်း ဒါရိုက်တာကြီးကမူ ထိုသို့သော အချက်အလက်တွေကို မျက်ကွယ်ပြုပြီး သာမန်လူသားတွေအဖြစ်သာ ယုတ္တိကျကျ ပြန်လည်ဖန်တီးခဲ့သလို ကိုးနှစ်ကျော်ကြာစစ်ပွဲအားလည်း ရက်သတ္တပတ်မျှသာ ကြာမြင့်သောကာလဆီကို ပြောင်းလဲပစ်ခဲ့ပါသည်။ထို့အတူ အာချိလိမှာလည်း တိုက်ရည်ခိုက်ရည်ပြည့်ဝသည့် စစ်သူရဲတစ်ဦးအဖြစ်သာ မြင်တွေ့ခဲ့ရကာ ဇာတ်သိမ်းပိုင်းတွေကိုလည်း အခြားကဗျာဆရာကျော်တစ်ဦးဖြစ်သည့် ဗစ်ဂျေးလ်၏ အီနီးယပ် လက်တင်ကဗျာရှည်က ဇာတ်ကွက်များဖြင့် ပြုပြင်ပေါင်းစပ်ခဲ့ကြ၏။ ဇာတ်လမ်းအကျဉ်းကို တင်ပြရပါမူ ဟယ်လင်နှင့်ပဲရစ်တို့၏ ချစ်ခြင်းကနေ နှစ်ပြည်ထောင်ခင်းကျင်းသော စစ်ပွဲကြီးတစ်ပွဲစတင်ခဲ့သည်ဟု ဆိုရပေမည်။ပဲရစ်၏အကိုတော် ဟက်တာအနေဖြင့် ညီခိုးယူလာသည့် မိန်းကလေးသည် ဂရိနိုင်ငံက ဘုရင်ကြီးခယ်မမှန်းမသိခဲ့ချေ ။သိရှိချိန်မှာမူ နောက်ကျခဲ့လေပြီ။ အာချိလိအမှူးပြုသော ဂရိအင်ပါယာတပ်မကြီးသည် ထရွိုင်မြို့နိုင်ငံအား သိမ်းပိုက်ဖို့ချီတက်ခဲ့တော့သည်။သို့ဖြစ်စေကာမူ ခံစစ်အားတောင့်တင်းလှသည့် အီလီယွန်မြို့အား သိမ်းပိုက်ဖို့မလွယ်လှချေ ။ ထို့နောက်တွင် စစ်သူရဲ အာချိလိနှင့် ထရွိုင်မြို့မှ မင်းသား ဟက်တာနှင့် ပဲရစ်တို့ အပြန်ပြန်အလှန်လှန် တိုက်ခိုက်ကြပုံအား ရှုစားရမှာဖြစ်ပါသည်။ ဒါရိုက်တာကြီး ပီတာဆင်အနေဖြင့် အာချိလိ ဇာတ်ရုပ်အား ပိုမိုရုပ်လုံးကြွစေရန်အတွက် သူရဲကောင်း ဇာတ်ရုပ်တိုင်း ပုံစံသေဖွဲ့စည်းလေ့ရှိသည့် ထီမထင်သူ။ရာထူးဂုဏ်သိမ်မမက်မောသူ။ပင်ကို ဖွဲ့စည်းပြီးသား စရိုက်ဖြစ်သည့် ဒေါသခက်ထန်သူတစ်ဦးအဖြစ် အာချိလိဇာတ်ရုပ်ရုပ်လုံးအား ပီပြင်စွာ တင်ဆက်ပေးနိုင်ခဲ့သလို သူနှင့် ဆန့်ကျင်ဘက် ရန်သူဖြစ်သွားရှာတဲ့ ပဲရစ် အကိုတော် ဟက်တာဇာတ်ရုပ်ကိုလည်း လက်ရုံးရည် နှလုံးရည်ပြည့်ဝသူတစ်ဦးအဖြစ်သာမကပဲ စစ်ထက်ငြိမ်းချမ်းရေးသာအလိုရှိသူ။အာဏာဂုဏ်သိမ်အား မမက်မောသူ။မိသားစုအပေါ်ဖခင်ကောင်းပီသရှာသူ။အနိုင်မရနိုင်မှန်းသိသော်လည်း သူရဲကောင်းပီသစွာ နောက်မဆုတ်ပဲ တိုက်ခိုက်သူတစ်ဦးအဖြစ် မင်းသားတော်ဟက်တာကိုလည်း လေးစားဂရုဏာသက်ဖွယ်ခံစားခဲ့ရသည့် စံပြဇာတ်ကောင်အသွင်ဖြင့် ပေါင်းစပ်ပေးနိုင်ခဲ့ပါသည်။ ရာဇဝင်များထဲမှာ အခိုင်အမာထည့်သွင်းထားသည့် နတ်ဘုရားအရှိန်အဝါသရုပ်ဖော်ပုံတွေကိုလည်း မှေးမှိန်ပစ်ရုံသာမက ထိုသို့ယုံကြည်မှု သည် အချည်းနှီးအမြင်သာဖြစ်ကြောင်း (ဆရာချစ်ဦးညို ၏ လင်္ကာဒီပချစ်သူ ဝတ္ထုလိုမျိုး) ကောင်းကင်ကအရာကို မြေကြီးပေါ် ပစ်ချပစ်ခဲ့သည်။အာချိလိ၏ အပိုလိုနတ်ဘုရားရုပ်တုဦးခေါင်းကို ဓါးဖြင့်ခုတ်ချလိုက်မှု ပုံရိပ်ဖြင့် ပြောင်းပြန်လှန်ပစ်လိုက်သည်။ထို့အတူ အာချိလိ၏ အားနည်းချက်တစ်ခုဖြစ်သော ခြေဖနောင့် နေရာကိုလည်း လူသားမှန်လျှင် ဒဏ်ရာသင့်ပါက သေဆုံးရမည်ဆိုသည့် မူလဖန်တီးမှု ကိုလည်း မသွေဖီသလို လက်တွေ့သရုပ်ကျမှု ဖြင့်လည်း အံဝင်ဂွင်ကျဖြစ်အောင် အကောင်းဆုံးပေါင်းစပ်ခဲ့သည်ကိုလည်း ရှု့မြင်ရပါမည်။ သူရဲကောင်းမှန်သူတိုက်ပါက စစ်ပွဲတိုင်း အောင်နိုင်သည် တရားသည်ဟု ဝါဒဖြန့်လေ့ရှိတဲ့ အမြင်ဆာလောင်မှု ကိုလည်း စစ်ပွဲ၏ကြောက်မက်ဖွယ် သွေးသံရဲရဲ ခြေပြတ်လက်ပြတ် သေဆုံးကြရမှုများဖြင့် အားကျဖွယ်ရာ မရှိကြောင်း ။စစ်ပွဲမှန်သမျှသည် နာကျင်ဆုတ်ယုတ်ဖွယ်ရာတွေကိုသာ ခံစားရတာဖြစ်ကြောင်းကို သေကျေနေကြသည့် အလောင်းကောင်တွေ ။ပြိုပျက်လောင်မြိုက်နေကြသည့် အဆောက်အဦမြင်ကွင်းများနှင့် သွေးပျက်ဖွယ်ခံစားမှု ဆီကို ပြောင်းလဲမြင်ယောင်မိမှာ သေချာပါသည်။ ဇာတ်လမ်းအဆုံးသတ်မှာ ပဲရစ်၏ မလျော်ကန်သော အထားအသိုမှားသော ချစ်ခြင်းမေတ္တာအတွက် အော့နှလုံးနာမိသလို အာချိလိနှင့် ဟက်တာတို့၏ ယုံကြည်ရာကောင်းကင်ပြာအောက်မှ တဖွဲဖွဲလွင့်ကြွေကျလာကြတဲ့ ကြက်သွေးရောင် မိုးစက်ပွင့်များ လွင့်ပါးသွားရာနောက်ကိုလည်း နာကျင်ကြေကွဲစွာဖြင့် ငေးရီနေမိခဲ့တာ သေချာသည်။ ထရွိုင်မြို့အောင်ပွဲဟာ ပြုသူရော ဖြစ်သူရော မှန်ကန်တဲ့ရလဒ်တွေကို ပိုက်ထွေးရရှိခဲ့တာ သေချာခဲ့ပါသလား ဆိုတာကိုတော့ ။ IMDb Rating 7.2/10 Rotten Tomatoes 54% (ရုပ်ရှင်အညွှန်းကို Nyi Linn Eain FB မှ ကူးယူဖော်ပြပါသည်။) 4K နဲ့ 1080p Quality ကို www.cmapp.tv မှာ member ဝင်ပြီး လွယ်ကူစွာတိုက်ရိုက်ကြည့်ရှုနိုင်သလို Download လဲ ပြုလုပ်နိုင်ပါတယ်။

7.2 2004 163 mins
Troy
Zero to Hero
6.1

ဂီတအမျိုးအစားတွေထဲမှာ Rock(ရော့ခ်) Country(ကန်းထရီး) Pop(ပေါ့ပ်) အစရှိသဖြင့်အများကြီးရှိသလို လူတိုင်းကလည်း ကိုယ့်အကြိုက်နဲ့ကိုယ်ပါပဲ။ပြီးတော့ အဲ့လို ဂီတတွေကိုကြိုက်တဲ့ လူတွေထဲမှာလည်း တစ်ချိန်ချိန်မှာအောင်မြင်ပြီးတော့ နာမည်ကြီး ကျော်ကြားချင်တဲ့အိပ်မက်ရှိကြသူတွေလည်း ရှိကြမှာပါ။ ဒါပေမယ့် ဘ၀ပေးအခြေအနေနဲ့ ကံတရားရဲ့မျက်နှာသာ မပေးမှုတွေကြောင့် အိပ်မက်တွေကိုချောင်ထိုးထားရတဲ့ လူတွေအတွက်အခုတင်ဆက်ပေးမဲ့ ဇာတ်ကားလေးက စိတ်ခွန်အားတက်ကြွစရာဖြစ်မှာပါ။ ဇာတ်ကားလေးရဲ့နာမည်ကတော့ Zero To Hero ဖြစ်ပြီး IMDb Rating 6.1 ရရှိထားပါတယ်။ ဇာတ်ကြောင်းလေးကတော့ ဟီးရိုးဆိုတဲ့ ရော့ခ်ကာကြီး အပေါ်မှာ ဇာတ်အိမ်တည်ထားတာဖြစ်ပြီး သူ့မှာအရမ်း ချစ်ရတဲ့ နယ်လ်ဆန်ဆိုတဲ့ သူငယ်ချင်းတစ်ယောက်ရှိပါတယ်။ ဟီးရိုးက အောင်မြင်ကျော်ကြားတဲ့ ရော့ခ်ကာကြီးတစ်ယောက် အရမ်းဖြစ်ချင်နေသူဖြစ်ပြီး လက်ရှိမှာတော့ ထမင်းမငတ်အောင် တူရိယာအရောင်းဆိုင်လေးတစ်ဆိုင်မှာပဲ အလုပ်လုပ်ရင်း ကျေနပ်နေရပါတယ်။ ဒါပေမယ့် လူကပဲအငြိမ်နေမယ် ပညာက အငြိမ်မနေဘူးဆိုတဲ့အတိုင်း ဆရာကြီးလုပ်မိလို့ အလုပ်ပြုတ်သွားပါတော့တယ်။သူတို့မသိတဲ့ တခြားဖက်ခြမ်း မှာလည်း သူနဲ့ရုပ်ချင်းချွတ်စွပ်ဆင်တူတဲ့ သူတို့နိုင်ငံရဲ့ အကောင်းဆုံး လူကြိုက်အများဆုံး အဆို‌တော်က အလှအပအတွက်နဲ့ ဆေးမှားထိုးမိပြီး ကိုမာဝင်သလိုပါဖြစ်သွားပါတော့တယ်။ အဲ့ဒီ အဆိုတော်ရဲ့ နိုင်ငံလှည့်ဖျော်ဖြေပွဲကလည်း ရှိနေခဲ့ပြီး ပွဲစီစဉ်သူတွေက ပွဲကိုမဖျက်ချင်တဲ့အတွက် ကြံရာမရဖြစ် နေတုန်း ရုပ်ချင်းချွတ်စွပ်တူတဲ့ ဟီးရိုးကိုတွေ့ပြီးနိုင်ငံရဲ့နာမည် အကြီးဆုံး အဆိုတော်တစ်ယောက်နေရာက နေသရုပ်ဆောင်ပြီး ဖျော်ဖြေပေးရမယ်ဆိုတဲ့ အခွင့်အရေးကိုကမ်းလှမ်းလာတဲ့ အခါမှာ ဘယ်လိုစိတ်ဝင်စားစရာတွေဆက်ဖြစ်လာမယ်ဆိုတာကို တွေ့ရမှာပဲဖြစ်ပါတယ်။လူကြီးမင်းတို့ရော ကိုယ့်ရဲ့အိပ်မက်တွေ တကယ်ဖြစ်လာနိုင်မဲ့ အခွင့်အရေးတစ်ခု ကိုယ့်ရှေ့ကိုရောက်လာရင် ဆုပ်ကိုင်မှာလား လက်လွှတ်လိုက်မှာလားဆိုတာကို ဇာတ်ကားလေးကိုကြည့်ရင်းဖြေပေးသွားကြပါဦး။ File size…2.14GB / 1.02GB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 27m Genre ….. Comedy , Music , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.1 2023
Zero to Hero
The Day We Lit Up The Sky
5.6

ဘဝမှာ ကိုယ့်ကိုသူများတွေက ဘယ်လိုပဲမြင်မြင် ဘယ်လိုပဲပြောပြော ဘယ်လိုပဲ ပျက်ရယ်ပြုပြု ကိုယ်ပျော်နေဖို့က အဓိကပါပဲ ကျွန်တော်တို့သာ လောကကြီးမှာ လေလာရာယိမ်းနေတဲ့ မြက်ပင်လေးလို ဘယ်သူ့ကိုမှဂရုမစိုက်ဘဲ ကိုယ့်စိတ်ကြိုက်သာ နေလိုက်မယ်ဆိုရင် ဘယ်လောက်တောင် ပျော်ဖို့ကောင်းလိုက်မလဲလို့ တွေးမိတယ် ခံစားမိတယ်ဆိုရင်တော့ ဒီဇာတ်ကားလေးကို ကြည့်ဖို့ဖိတ်ခေါ်လိုက်ပါတယ်နော် ဇာတ်လမ်းအကြောင်းအရာလေးကတော့ ရှောင်ဟွမ်ဟာ အရမ်းကို အကတော်ပြီး ကချင်ပေမဲ့လည်း အသားညိုပြီးအရပ်ပုတာကြောင့် ငါးခြောက်မလို့ အခေါ်ခံရကာ မိန်းကလေးကျောင်းမှာ အနှိမ်ခံရတဲ့လူတစ်ပါ တစ်နေ့ ကျောင်းဖွင့်ပွဲအခမ်းအနားတစ်ခုမှာ အကအဖွဲ့တစ်ဖွဲ့လုံး ညီညီညာညာကနေချိန်မှာ ရှောင်ဟွမ်က သူ့​စိတ်ကြိုက်စည်းချက်နဲ့ အတိုင်း ဘေးကနေ ပျော်မြူးကာ ကနေတာကို လောင်ကော်ဆိုတဲ့ကောင်လေးက တွေ့သွားပြီး စိတ်ဝင်စားသွားပါတော့တယ် လောင်ကော်ကတော့ ရှောင်ဟွမ်တို့ကျောင်းမျက်နှာချင်းဆိုင်က ယောကျာ်းလေးကျောင်းကို ပြောင်းလာတဲ့ ကျောင်းသားတစ်ယောက်ဖြစ်ပါတယ် ​လောင်ကော်ဟာလည်း အကြောင်းအမျိုးမျိုးကြောင့် သူ့သူငယ်ချင်းသုံးယောက်နဲ့အတူ အရှုံးသမားလိုဆက်ဆံခံနေ ​ရတာပါ ဒါကို ဆက်သည်းမခံနိုင်ဘဲ သူတို့တွေ တစ်ခုခုကြီးကြီးကျယ်ကျယ်လုပ်ပြဖို့ ဆုံးဖြတ်လိုက်ပါတယ် နောက်ဆုံးလုပ်ဖို့ဆုံးဖြတ်လိုက်တာကတော့ ပျော်နေတဲ့အချိန်မှာ ပိုပျော်ရွှင်မှုပေးနိုင်ပြီးတော့ ဝမ်းနည်းအားငယ်နေချိန်မှာတော့ နှစ်သိမ့်မှုပေးနိုင်တဲ့ အက ကဖို့ပါပဲ ဒီလိုနဲ့ ရှောင်ဟွမ်နဲ့ လောင်ကော်တို့ သူငယ်ချင်းလေးယောက် ပေါင်းမိသွားပြီး လူတွေကိုသက်သေပြဖို့ သူမတူတဲ့နည်းလမ်းတွေကို သုံးကာ သူတို့ရဲ့ ဖြစ်တည်မှုကို ဘယ်လိုမျိုးရှာဖွေမလဲဆိုတာကို သီချင်း အကလေးတွေ ဟာသတွေ တပုံကြီးနဲ့ နှောပြီးတော့ ဆက်လက်ကြည့်ရှုကြရမှာပါ

5.6 2021
The Day We Lit Up The Sky
Risen
5

UFO လို့ခေါ်တဲ့ပန်းကန်ပြားပျံကြီးနဲ့ပတ်သတ်ပြီးတော့ မတူညီတဲ့သီအိုရီတွေ အမြင်တွေရှိလာခဲ့ကြတာဟိုးအရင်ခေတ် တွေကတည်းက အခုထက်ထိပါပဲ။ဂြိုလ်သားတွေ ပန်းကန်ပြားပျံ တွေရှိတယ်လို့တပ်အပ်အတည်ပြုပြောနိုင်တဲ့သူမရှိသေးသလို မရှိဘူးလို့ပြောရအောင်လည်း ဟိုနားဒီနားလေးမှာ ပန်းကန်ပြားပျံ တွေမြင်ဖူးသလိုလို ဂြိုလ်သားတွေမြင်ဖူးသလိုလိုသတင်းတွေက မကြာမကြာပေါ်ထွက်လာတာကိုသတိထားမိကြမှာပါ။ အဲ့ဒီလိုအကြောင်းအရာတွေနဲ့ပတ်သတ်တဲ့ရုပ်ရှင်တွေထွက်ခဲ့ဖူး တာလည်း မနည်းမနောပါပဲ။အခုတင်ဆက်ပေးမဲ့ဇာတ်ကားလေး ကလည်း ဂြိုလ်သားတွေရောက်လာရင် ကမ္ဘာကြီးကိုကျူးကျော်မှာ ဆိုတဲ့အတွေးတစ်ခုကို လှလှပပမျက်စိထဲမြင်သာအောင်ရိုက်ကူး ထားတဲ့ Risen ဆိုတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ အေးချမ်းသာယာနေတဲ့ညနေခင်းလေးတစ်မှာ မြို့လေးတစ်မြို့ပေါ်ကို ဥက္ကာခဲလိုအရာကြီးကျလာခဲ့ပါတော့တယ်။ဒါပေမယ့် အဲ့ဒီမြို့အတွက် ကံဆိုးတာကအဲ့ဒီဘာမှန်းမသိတဲ့အရာကြီးထဲကနေ အဆိပ်ငွေ့တွေထွက်လာပြီး အချိန်တစ်ခဏလေးအတွင်းမှာတင် တစ်မြို့လုံးကိုသေစေခဲ့ပါတော့တယ်။အဲ့ဒါကြောင့်အစိုးရက အဲ့ဒီ ကိစ္စကိုစုံစမ်းစစ်ဆေးဖို့အတွက် အတော်ဆုံးဇီ၀ဗေဒပညာရှင် နှစ်ယောက်ကိုစေလွှတ်ခဲ့ပါတယ်။အဲ့ဒီထဲကတစ်ယောက်ကတော့ လော်ရာလို့ခေါ်တဲ့အာကာသဇီ၀ဗေဒပညာရှင်ဖြစ်ပြီး အဲ့ဒီစစ်ဆေးမှုမှာ သူမထင်မှတ်ဘဲလုပ်ခဲ့တဲ့အမှားတစ်ခုကြောင့် ကမ္ဘာပျက်ဖို့အထိ ဖြစ်လာပုံတွေကိုစိတ်ဝင်စားစရာအမြင်တစ်မျိုးနဲ့ကြည့်ရှုခံစားရမှာပဲ ဖြစ်ပါတယ်။ File size…1.31GB / 682MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 49m Genre ….. Drama , Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Romance • Drama • Comedy
5 2021 109 mins
Risen
Ride Away
6.1

Ride Away (2008) ***************** မသိတဲ့သူမရှိတဲ့ Moving , W, Happiness ထဲက မင်းသမီး Han Hyo-joo နဲ့ မင်းသား Lee Young-Hoon တို့ရဲ့ 2008 ခုနှစ်က ထွက်ရှိထားတဲ့ Drama Movie လေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း —————— Ha-Jung (Han Hyo-joo) လို့ခေါ်တဲ့ ပထမနှစ်ကောလိပ်ကျောင်းသူလေးတို့မိသားစု မြို့လေးတစ်မြို့ကို ပြောင်းလာရာကနေ စတင်ပါတယ်။ Ha-Jung က တစ်ရက် ကျောင်းရဲ့အနီးနားမှာရှိတဲ့ စာအုပ်အဟောင်းဆိုင်လေးကို စာအုပ်တွေရောင်းဖို့ သွားရာကနေ စာအုပ်အဟောင်းဆိုင်က Kim Soo-Wook (Lee Young-Hoon) လို့ခေါ်တဲ့ ဝန်ထမ်းကောင်လေးကို စိတ်ဝင်စားသွားပါတော့တယ်။ အဲဒီကောင်လေးကို တွေ့ရဖို့အတွက် စာအုပ်ဆိုင်ကိုသွား၊ စက်ဘီးစီးပါသင်ပြီး သူနဲ့ခင်မင်ရင်းနှီးအောင်လုပ်ရာကနေ နေ့ရက်တိုင်းဟာ သူ့အတွက်ပဲဖြစ်လာပါတယ်။ ဒီလိုကနေ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် စိတ်ဝင်စားမှုတွေ ပေါ်ပေါက်လာပေမဲ့လည်း… မေ့ဖျောက်လို့မရခဲ့တဲ့ အတိတ်က နာကျင်စရာ၊ဝမ်းနည်းစရာဖြစ်ရပ်တွေကို ငဲ့ညှာနေတဲ့သူတို့ဟာ .. ခံစားချက်တွေကို ပွင့်လင်းသွားနိုင်ပါ့မလားဆိုတာကို….. ငြိမ့်ငြိမ့်လေးနဲ့ ချိုချိုလေး ကြည့်ရှုနိုင်မဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ (အညွှန်းကို Yati Naing မှ ရေးသားပေးထားပါတယ်) File size…1.69GB / 690MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 28 min. Genre ….. Romance, Drama, Melodrama Subtitle….Myanmar Subtitle (Hard Sub) Translated by Yati Naing Encoded by AHtet

6.1 2008
Ride Away
Pyaar Diwana Hota Hai
5

Pyaar Diwana Hota Hai (2002) – ထူးဆန်းသောချစ်ခြင်းတရား သီတင်းကျွတ်အခါသမယလေးမှာ အိမ်တွင်းအောင်းကြမယ့် ပရိသတ်တွေအတွက် ဘောလီးဝုဒ်အချစ်ဟာသကားဟောင်းလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ (၂၀၀၂) ကထွက်ထားတာဆိုတော့ ကားဟောင်းလေးဆိုပေမယ့် ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ နယူးဒေလီလို မြို့ကြီးမှာ အလုပ်ရှာဖို့ရည်ရွယ်ချက်နဲ့ မြို့ပေါ်တက်လာတဲ့ ကျေးလက်ဒေသရွာလေးတစ်ရွာက ဆွန်ဒါ…အနုပညာမှာထူးချွန်သလို ရုပ်ရည်ကလည်းသန့်ပြန်ချောမောပေမယ့် ဂေါ်မစွံသေးတဲ့လူပျိုကြီးဆွန်ဒါ… မြို့ပေါ်က လူလည်ကြီးသားသမီး သူငယ်ချင်းတွေက ဗျူဟာတွေခင်းပေးပေမယ့် ဂေါ်မစွံဖြစ်နေရှာတဲ့ ဆွန်ဒါတစ်ယောက် ပါယယ်ခူရာနာဆိုတဲ့ မိန်းမချောလေးတစ်ယောက်နဲ့ အမှတ်မတင်ဆုံစည်းခဲ့မိပြီး မိန်းမချောလေးရဲ့အချစ်ကိုရဖို့ ဟန်ဆောင်လိမ်ညာခဲ့ရင်းကနေအစပြုပြီးတော့…… ဇာတ်လမ်းလေးအဆုံးမှာ ဂေါ်မစွံလူပျိုကြီးတစ်ယောက် မိန်းမချောလေးနဲ့ပေါင်းဖက်ခွင့်ရမလားဆိုတာကို ကြည့်ရှုခံစားရင်း သီတင်းကျွတ်အခါသမယကို ပျော်ပျော်ရွှင်ရွှင်ကုန်ဆုံးလိုက်ကြရအောင်လား။ (အညွန်းနဲ့ဘာသာပြန်ကိုတော့ Bollywood Team မှ ရေးသားပေးထားတာဖြစ်ပါတယ်)

5 2002
Pyaar Diwana Hota Hai
Unstoppable
6.8

Unstoppable (2024) IMDb Rating (6.8) / Rotten Tomatoes (76%) ဒီဇာတ်လမ်းလေးကတော့ အမေရိကန် ပရော်ဖက်ရှင်နယ် နပန်းအားကစားသမားအန်တိုနီရိုဘယ်ရဲ့ ဘဝဇာတ်လမ်းကိုရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ခြေထောက်တစ်ဖက်တည်းနဲ့မွေးဖွားလာခဲ့သူအန်တိုနီရိုဘယ်က ဘဝရဲ့ အခက်အခဲ စိန်ခေါ်မှုတွေကို ဘယ်လိုမျိုးရင်ဆိုင်ကျော်ဖြတ်သွားမလည်း၊ အခက်အခဲတွေကြားကနေ ဘယ်လိုမျိုး အောင်မြင်မှုကို ရရှိသွားလည်းဆိုတာကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။ အဲ့တာအပြင်ကို ကမ္ဘာကျော် အဆိုတော်တစ်ဦးဖြစ်သူ Jennifer Lopez က ဂျူဒီရိုဘယ်အဖြစ် အန်တိုနီရဲ့ မိခင်နေရာကနေ ပါဝင်ထားပါသေးတယ်။ အားကစားဇာတ်လမ်းတစ်ပုဒ် တစ်ဖြစ်လည်း ခံစားချက်ပေါင်းများစွာနဲ့ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးတစ်ကားမို့ လက်မလွှတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ခုပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ N ဖြစ်ပါတယ်။) File size…(8.1 GB) / (2.7 GB) / (1.3 GB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….02:04:49 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by N

History • Comedy
6.8 2024 123 mins
Unstoppable
Love Across Time
7.2

Love Across Time (2024) ===================== အချစ်ဇာတ်ကားကောင်းလေးတစ်ပုဒ်နဲ့မိတ်ဆက်ပေးပါရစေ။ အားလုံးကတော့ အချိန်ခရီးသွားတယ်ဆိုတာကို ကြားဖူးကြမယ်ထင်ပါတယ်။ လကြတ်တဲ့နေ့မှာအချိန်ခရီးသွားမယ် ရေထဲမတော်တဆပြုတ်ကျတဲ့အခါ အချိန်ခရီးသွားမယ် စသဖြင့် ပုံစံအမျိုးမျိုးနဲ့အချိန်ခရီးသွားကြတဲ့ဆီမှာ ၁၇၀၀ခုနှစ်များရဲ့ သမိုင်းဝင်မိသားစုတစ်ခုက ချားစ်ဟာ ၂၁ရာစုဆီကို ဘယ်လိုအနေအထားနဲ့ အချိန်ခရီးသွားမှာလဲ။ ချားစ်ပိုင်ဆိုင်ခဲ့တဲ့ အိမ်ဟောင်းကြီးကို ရောင်းပစ်ဖို့အတွက် ဘဏ်ကိုယ်စားလှယ်တစ်ဦးအနေနဲ့ လာရောက်နေထိုင်သူ ချယ်လ်ဆီးက ချားစ်နဲ့တွေ့ပြီး ဘယ်လိုလှပတဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပေါက်ဖွားလာမလည်းဆိုတာတော့ ဇာတ်ကားထဲမှာပဲဆက်လက်ကြည့်ရှုလိုက်ကြရအောင်ပါ။

7.2 2024 90 mins
Love Across Time