YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

The Third Murder (2017) BluRay 720p [CM].mp4

876.77 MB 720p video/mp4 96 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Quest for Tom Sawyer's Gold

မိသားစုနဲ့အတူ အပန်းပြေကြည့်ရှု့နိုင်မယ့် ဇာတ်ကားကောင်းလေး တင်ဆက်ပေးလိုက်ပါတယ်။ အခုဇာတ်ကားဟာ Tomb Raider တို့၊ Indiana Jones တို့လို ရတနာတွေ လိုက်ရှာတဲ့ ဇာတ်ကားမျိုးဆိုပေ မယ့် က‌လေးတွေအတွက် ရည်ရွယ်ပြီး ရိုက်ထားတာမို့ Dora: The Explorer လိုမျိုး ဇာတ်ကားမျိုးပါ။ ဇာတ်လမ်းက အရမ်းကြီးလေး နက်တဲ့ Plot Twist တွေ၊ သတ်ခန်းဖြတ်ခန်းတွေ မပါဝင်ပေမယ့် ထိုက်သင့်တဲ့ စွန့်စားခန်းမျိုးနဲ့ တင်ဆက်ထားတာမို့ ပေါ့ပေါ့ပါးပါး ကြည့်ရှု့နိုင်မှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ အက်ဂီအန်းစတောင်းဟာ စွန့်စားပြီး ရတနာတွေကိုလိုက်ရှာရတာ ကြိုက်တဲ့ကောင်မလေးပါ။ ဒါပေမယ့် အသက်ကြီးလာပြီး ကလေးတစ်ယောက်ရတဲ့အချိန်မှာတော့ သား ဖြစ်သူကို စောင့်ရှောက်ရင်း သူ့သားတက်တဲ့ကျောင်းမှာ ဆရာမအဖြစ် အလုပ်လုပ်ကိုင်နေခဲ့တာပါ။ အတန်းထဲမှာ တွမ်ဆောယာရဲ့ ရွှေ ဆိုတဲ့ စာအုပ်အကြောင်းကို သင်ရင်း ကလေးတွေကိုအိမ်စာပေးလိုက်ပါ တယ်။ သားဖြစ်သူ အန်တိုနီဟာ သူငယ်ချင်းဖြစ်သူ ဝူဒီ၊ လူ တို့နဲ့အတူ တွမ်ဆောယာရဲ့ ရွှေတွေကို စာအုပ်ထဲက လေ့လာရုံနဲ့တင် အားမရဘဲ အပြင်မှာပါ တကယ်လိုက်ရှာဖို့ ကြိုးစားပါတော့တယ်။ သူမသိအောင် ခိုးထွက်သွားတဲ့ သားကို လိုက်ရှာဖို့လုပ်ရင်း အက်ဂီ လည်း စွန့်စားခန်းပြန်ထွက်ဖို့ ကြုံလာပါတယ်။ ဒါပေမယ့် ရတနာတွေ ကို လိုက်ရှာဖို့ ကြိုးစားတာက သူတို့ချည်းတင်မဟုတ်ဘဲ ကျောင်းကို အသစ်ရောက်လာတဲ့ မစ္စတာ အေဂျေ ဆိုတဲ့ ဆရာတစ်ယောက်လည်း ပါပါတယ်။ အက်ဂီဟာ ကောလိပ်မှာတုန်းက မစ္စတာ အေဂျေရဲ့ သုတေ သနလက်ထောက်ဖြစ်ခဲ့တာပါ။ ဒီလိုနဲ့ သူတို့တွေ ရွှေတွေကို လိုက်ရှာဖို့ ဘယ်လိုအခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်မလဲဆိုတာကို ပေါ့ပေါ့ ပါးပါး ကြည့်လိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Leonard Lin ဖြစ်ပါတယ်) File Size..........(1.6 GB) / (714 MB) / (408 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 28Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Adventure, Family Translator.......Leonard Lin Encoder..........SWM

Drama
0 2023 88 mins
The Quest for Tom Sawyer's Gold
Bandit
6.2

1970 ကျော်က ဖြစ်ရပ်မှန် ဇာတ်လမ်းကို အခြေခံထားတဲ့ Crime, Thriller ကားလေးပါ။ နည်းပညာမတိုးတက်ခင်ကာလ စီးပွားရေးကြပ်တည်းနေတဲ့ အမေရိကန်နိုင်ငံမှာ Robert ဆိုသူတစ်ယောက်က ပြစ်မှုတစ်ခုနဲ့ မီရှီဂန် အကျဉ်းထောင်မှာ ထောင်ဒဏ် တစ်နှစ်ခွဲ ကျခံခဲ့ရပါတယ်။ Robert ဟာ အကျဉ်းထောင်ကနေ ဖောက်ထွက်လွတ်မြောက်လာပြီးနောက် ကနေဒါနိုင်ငံကို ထွက်ပြေးဖို့ ကြိုးစားခဲ့ပါတယ်။ ဒီလိုနဲ့ ကနေဒါကိုရောက်တဲ့အခါ သတိထားမိတာက ကနေဒါမှာရှိတဲ့ ဘဏ်တွေက US မှာလို လုံခြုံရေးတွေမတင်းကြပ်ဘူးဆိုတာပဲ။ ဒါနဲ့ပဲ သူက ဘဏ်ဓားပြတိုက်တာကို စလုပ်ခဲ့ပြီး ဘဏ်ပေါင်း 59 ခုကို ဓားပြတိုက်ခဲ့ကာ နောက်ပိုင်းမှာတော့ လက်ဝတ်ရတနာအရောင်းဆိုင်တွေကိုပါ ဓားပြတိုက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ရင် အလိုအရှိဆုံး ရာဇဝတ်ကောင်အဖြစ် သတ်မှတ်ခံလိုက်ရပါတယ်။ Robert တစ်ယောက် ဘဏ်တွေ လက်ဝတ်ရတနာအရောင်းဆိုင်တွေကို ဘယ်လိုဓားပြတိုက်လဲ? ဓားပြမတိုက်ခင် သူဘာတွေ ပြင်ဆင်လဲ? ကနေဒါ ပြည့်သူ့ ရဲတပ်ဖွဲ့ရဲ့ ပိုက်စိပ်တိုက်ရှာဖွေ ဖမ်းဆီးခံရတဲ့အခါ လွတ်မြောက်အောင် ဘယ်လိုတွေကြိုးစားမလဲ? ဆိုတာကိုတော့ ဒီဖြစ်ရပ်မှန်ပေါ်ဇာတ်အိမ်တည် ရိုက်ကူးထားတဲ့ ဇာတ်ကားလေးမှာ အတူ ဆက်လက်ကြည့်ရှုရင်း အဖြေရှာလိုက်ကြစို့နော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Marie က ပါ။) File Size          : 2.5GB, 680MB, 344MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 2hr & 6mins Genre              : Crime, Drama, Thriller Translated by Marie Encoded by Kinnov

Comedy • Romance
6.2 2022 126 mins
Bandit
RRR
7.8

IMDb Rating -8.4/10 (ခုဗားရှင်းကတော့ အကြည်ဆုံး WEB DL ဗားရှင်းကို Audio 5.1CHနဲ့ 4k Qualityထိ တင်ဆက်ပေးထားပါတယ်) ဘိုင်ယာဘာမင်းသား Konidela Ram Charan Teja နဲ့ ဂမ်ဂုဘိုင် မင်းသမီး Alia Bhatt တို့ရဲ့ ပါဝင်ထားပြီး မင်းသားကြီးအာဂျေးလို ဝါရင့်သမ္ဘာရင့် သရုပ်ဆောင်ကြီးကပါ ပါဝင်အားဖြည့်ပေးထားပါတယ်) 1920 ခုနှစ် အိန္ဒိယနိုင်ငံကို ဗြိတိသျှအစိုးရ အုပ်ချုပ်နေစဥ်အခါက မြို့စားမင်း စကော့နဲ့ အမျိုးသမီးဖြစ်သူ ကတ်သရင်းတို့ဟာ အာသီလာဘတ်တောအုပ်ထဲကိုသွားရင်း မာလီဆိုတဲ့ ကလေးလေးတစ်ယောက်ကို အဆိုကောင်းတာကြောင့် မတရား ဖမ်းဆီးခေါ်ဆောင်သွားကြပါတယ် မာလီရဲ့ အစ်ကိုဖြစ်တဲ့ ဘင်းတစ်ယောက်ကတော့ သူ့ညီမလေးကို ကယ်ဖို့ အစွမ်းကုန်ကြိုးစားနေရင်း တစ်နေ့ ရာမာ(ရမ်) နဲ့ ဆုံခဲ့ပါတယ် သူတို့နှစ်ယောက် အလုပ်အတူတူလုပ်ရင်းနဲ့ အရင်းနှီးဆုံးသူငယ်ချင်းတွေဖြစ်သွားခဲ့ကြတာပေါ့ သို့သော် ဘင်းမသိခဲ့တဲ့ ရမ်ရဲ့အကြောင်းကတော့ ရမ်ဟာ အင်္ဂလိပ်တွေအတွက် အလုပ်လုပ်ပေးနေတဲ့ ရဲအရာရှိတစ်ယောက် ဖြစ်နေခဲ့တာပါ ရမ်က ရဲသားတစ်ယောက်ဖြစ်တဲ့အပြင် ကိုယ့်လူမျိုးတွေကိုပါ ညှာတာခြင်းမရှိ နှိပ်စက်သတ်ဖြတ်နိုင်တဲ့သူတစ်ယောက်ပါ ဒါပေမဲ့ သူ့မှာလည်း လျှို့ဝှက်ချက်တွေအများကြီးရှိနေခဲ့ပါတယ် ဘင်းနဲ့ ရမ်ရဲ့ ဆက်ဆံရေးက ဘယ်လိုဆက်ဖြစ်မှာလဲ... ရမ်နဲ့ စီသာ (မင်းသမီး Alia Bhatt) ကကော ဘယ်လိုဆက်နွယ်မှုရှိနေတာလဲ.... IMDb 8.4/10 ရရှိထားပြီး ဗြိတိသျှအစိုးရရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့အတူ အဖိနှိပ်ခံပြည်သူတွေရဲ့ ဇာတ်ကြောင်းနဲ့ ဘဝတွေကို အကောင်းဆုံးရိုက်ပြထားတဲ့ ဇာတ်ကားကောင်းတစ်ကောင်းဖြစ်တာကြောင့် အခုပဲ ကြည့်ဖို့ ညွှန်းပေးလိုက်ရပါတယ်ဗျာ (4k Quality ထွက်လာရင်လဲ အမြန်ဆုံး Updateပေးသွားပါမယ်) File size…12GB / 5.3Gb / 3GB

Action • Comedy • Crime
7.8 2022 187 mins
RRR
Annihilation
6.4

လူတွေက ဆုံးဖြတ်ချက်တွေချတာလား၊ ကိုယ့်စိတ်ကတွန်းအားပေးတဲ့အတိုင်း လိုက်လုပ်နေကြတာလား? ကိုယ့်ကိုယ်ကိုသေကြောင်းကြံတာနဲ့ ကိုယ့်ကိုယ်ကိုဖျက်ဆီးတာ တူသလား? ပျက်သုန်းခြင်းဆိုတာ ဘာလဲ? လီနာ့ယောကျ်ား စစ်မစ်ရှင်ရှိတယ်ဆိုပြီး ထွက်သွားတာ တစ်နှစ်ရှိပါပြီ။ ဘာမစ်ရှင်လဲ၊ ဘယ်ကိုသွားရမှာလဲ၊ ဘယ်သူတွေနဲ့လဲဆိုတာ လီနာကိုယ်တိုင်တောင်မသိရပါဘူး။ လီနာကတော့ သူ့ယောကျ်ားသေသွားပြီလို့ပဲ မှတ်ယူထားခဲ့ပါတယ်။ ဒါပေမယ့် တစ်နေ့မှာ သူ့ယောကျ်ား အမှတ်မထင်ပြန်ရောက်လာခဲ့ပါတယ်။ ဘယ္ကိုသြားခဲ့တာလဲ၊ အိမ်ကိုဘယ်လိုပြန်ရောက်လာတာလဲဆိုတာ သူကိုယ်တိုင်တောင် မသိတဲ့အခြေအနေ၊ ရုတ်တရက်ကြီး သွေးတွေအန်ကျလာလို့ ဆေးရုံကိုအပြေး၊ လမ်းမှာ ရဲတပ်ဖွဲ့တစ်ဖွဲ့က လီနာနဲ့ သူ့ယောကျ်ားကို ဝင်ဖမ်းသွားပါတော့တယ်။ လီနာ ပြန်နိုးလာတဲ့အချိန်မှာ သူ့ရှေ့မှာ အမိုးခုံးကြီးတစ်ခု၊ သာမန်ထက်ပိုထူးခြားတဲ့ Dimension တစ်ခုကို တွေ့လိုက်တယ်။ အဲ့အမိုးခုံးထဲဝင်သွားသမျှ အရာအားလုံး ဘာမှပြန်ထွက်မလာနိုင်ခဲ့ဘူး။ လီနာရဲ့ယောကျ်ားကလဲ ဒီအမိုးခုံးထဲကိုဝင်သွားခဲ့ပြီး အသက်ငင်ငင်နဲ့ပြန်ထွက်လာနိုင်ခဲ့မှန်း သူသိလိုက်ပါတယ်။ အမိုးခုံးကြီး ပိုပိုကြီးမားလာတာနဲ့အမျှ လူသားတွေအတွက် အန္တရာယ်ပိုရှိလာမှန်း သိလာတဲ့အခါ လီနာနဲ့မိတ်ဆွေအမျိုးသမီးတစ်ချို့ဟာ ဒီအမိုးခုံးထဲကို ဝင်ပြီး အထဲကအဖြစ်အပျက်တွေကို သွားလေ့လာပါတော့တယ်။ ဒီဇာတ်ကားဟာ ဘဝအကြောင်းကိုရေးစပ်ပြထားတဲ့ကဗျာတစ်ပုဒ်နဲ့တူပါတယ်။ ဇာတ်လမ်းထဲမှာပါတဲ့ ဆဲလ်တွေ၊ အပင်တွေ၊ ထူးဆန်းဖြစ်ရပ်တွေနဲ့ ဒီ Dimension ကြီးဟာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝတွေကို ထင်ဟပ်ပြနေသလို အပေါ်ဆုံးက မေးခွန်းတွေအတိုင်းပဲ ဇာတ်လမ်းကိုတည်ဆောက်ပြသွားပါတယ်။ ဒီဇာတ်ကားမှာ ဗီလိန်လဲမပါသလို လူကောင်းလဲမပါပါဘူး။ သိပ္ပံအက်ရှင်ဇာတ်ကားနဲ့ဆင်ပေမယ့်လဲ တကယ်တော့ Symbollism တွေ သေချာသုံးပြထားတဲ့၊ဇာတ်လမ်းတစ်ကွက် လွတ်သွားရင် ဇာတ်ရည်လည်ဖို့ခက်သွားနိုင်တဲ့ Arthouse ဆန်ဆန်ရုပ်ရှင်ကားတစ်ကားလို့ပြောရင် မလွန်လောက်ပါဘူး။ လီနာရဲ့ Relationship အခြေအနေ၊ သူ့ရဲ့ ခံယူချက်တွေ၊ သူ့ရဲ့ဆုံးဖြတ်ချက်တွေကို စကားပြောထက် အမူအရာတွေနဲ့ပဲ ပုံဖော်သွားခဲ့ပါတယ်။ ဒီဇာတ်ကားရဲ့ အကောင်းဆုံးအချက်ကတော့ ဇာတ်လမ်းကို အပေါ်ယံကြည့်ရုံနဲ့နားလည်နိုင်မှာမဟုတ်ပဲ ပြောသမျှစကား၊ လုပ်သမျှအပြုအမူတိုင်းကို သေချာအာရုံစိုက် ကြည့်မှသာ ဇာတ်လမ်းရဲ့အနှစ်ကို ရနိုင်တဲ့ကားမျိုးဖြစ်ပါတယ်။ ဒါပေမယ့် ဒီဇာတ်ကားကို နားလည်သွားတာဟာ ကဗျာတစ်ပုဒ်ဖတ်ပြီး ကဗျာဆရာရဲ့ပေးချင်တဲ့ Message ကို သိသွားတာနဲ့ တူပါတယ်။ ကျွန်တော်တို့ ဘဝမှာ နေ့စဉ်ရုန်းကန်လှုပ်ရှားနေရတဲ့သူတိုင်း၊ ကိုယ့်ချစ်သူရည်းစားနဲ့ အဆင်မပြေတဲ့သူတိုင်း၊ စိတ်ညစ်နေတဲ့သူတိုင်း ဒီဇာတ်ကားကိုကြည့်ပြီးရင် အဆုံးသတ်မှာစိတ်ထဲ တစ်ခုခုတော့ ကျန်ရစ်နေမှာ အသေအချာပါပဲ။ Imdb 7.7 နဲ့ Rotten Tomatoes 87% ရရှိထားပြီး Star Wars fan တို့ရဲ့အချစ်တော် Natalie Portman, Thor: Ragnarok ကားထဲက Valkyrie အဖြစ်ပါဝင်ခဲ့တဲ့ Tessa Thompson နဲ့အတူ Oscar Issac တို့ပါဝင်ထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်တဲ့အတွက် ပရိသတ်တွေအနေနဲ့ ဒီကားကြည့်ပြီး ဂိသထက် ဂိနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ ကွီးအာကာပါ) File Size : (900 MB) Quality : WEBRip 720p Running Time : 1h 55min  Format : Mp4 Genre : Adventure, Drama, Fantasy Subtitle : Myanmar Subtitle (Hard Sub) Source :720p.NF.WEBRip.DD5.1.x264-NTG Translated by Arkar Phyo Encoded by Thanhtike Zaw

Crime • Drama
6.4 2018 115 mins
Annihilation
Ju-on: The Grudge 2
6.3

Ju-On: The Grudge 2 (2003) ဂျပန်နာမည်ကြီးရုပ်ရှင် ဒါရိုက်တာ Takashii Shimizu ရဲ့ အောင်မြင်ခဲ့တဲ့ Ju-On sequel ကားတွေထဲက ၂၀၀၃ခုနှစ်ထွက် ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ အရင်ထွက်ခဲ့တဲ့ Ju-On ၂၀၀၂ကားရဲ့အဆက်လို့ပြောလို့ရပေမဲ့ တစ်ကားတည်းကြည့်ရင်လည်း အဆင်ပြေပါတယ်။ Ju-On ရုပ်ရှင်တွေက ဂျပန်မှာ အလွန်အောင်မြင်ခဲ့တာဖြစ်ပြီး သူ့ရဲ့ဇာတ်ကားတွေက ထိုခေတ်အခါက တခြားhorrorတွေနဲ့ မတူကွဲပြားတယ်လို့ ဆိုကြပါတယ်။ Howling Villageအပါအဝင် Ox-Head Village,Suicide Forest village ကားတွေရဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာပါပဲ။ နဲရိမခရိုင်မှာ သရဲအခြောက်ကြမ်းပြီးကျိန်စာသင့်နေတယ်ဆိုတဲ့ အိမ်တစ်အိမ်ရှိခဲ့ပါတယ်။ အဲဒီအိမ်မှာနေထိုင်တဲ့မိသားစုမှန်သမျှ ကျိန်စာမိပြီး လူစားလဲခံရကာ အကုန်သေဆုံးကုန်ပါတယ်။ အဲဒီအိမ်ရဲ့အရင်ပိုင်ရှင်ဖြစ်သူက သူ့မိသားစုတစ်ခုလုံးကိုပြန်သတ်ပြီး သူကိုယ်တိုင်လည်း သူ့မိန်းမရဲ့ဝိဉာဉ်သတ်လို့ သေဆုံးခဲ့တာပါ။ ဇောကပ်ပြီး သေဆုံးခဲ့ရတဲ့သူ့မိသားစုရဲ့ဝိဉာဉ်တွေ အထူးသဖြင့် မိန်းမဖြစ်သူက မကျွတ်မလွတ်နိုင်ဘဲ အဲဒီအိမ်ထဲကို ဝင်လာသူမှန်သမျှ သေစေဖို့ ကျိန်စာတိုက်ခဲ့ပါတယ်။ တစ်ယောက် သေပြီးရင် နောက်တစ်ယောက်ဆီကို ကျိန်စာကူးပြောင်းကာ ထူးဆန်းစွာနဲ့ ထပ်မံသေဆုံးရပါတယ်။ ဒီကားမှာတော့ ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့က သရဲခြောက်တဲ့အိမ်ကြီးအကြောင်း မှတ်တမ်းရုပ်ရှင်ရိုက်ဖို့ အိမ်ထဲကိုဝင်သွားကြမှာပါ။ သရုပ်ဆောင်မဲ့ မင်းသမီးဖြစ်သူ၊ သတင်းထောက်နဲ့ စက်အဖွဲ့သားတွေရော ဘယ်လိုမျိုးခြောက်လှန့်ခံရမလဲဆိုတာ ရုပ်ရှင်ထဲမှာ ဆက်လက်ရှုစားလိုက်ကြပါဦး။ သရဲ တစ္ဆေနဲ့ ကျိန်စာဇာတ်လမ်းတွေနှစ်သက်တဲ့သူတွေအတွက် ကားကောင်းတစ်ကားဖြစ်မှာပါ။ အော်သံတွေနဲ့ ခြောက်လှန့်မှု အဖြစ်အပျက်တွေ ရိုက်ကူးထားပုံက ကိုယ်တိုင်သရဲခြောက်ခံရသလို ခံစားချက်မျိုးကို ရစေတယ်လို့ ဆိုကြပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ ) File Size__(1.4GB) / (700MB) Quality__Blu-Ray_1080p, 720p IMDb Rating__6.2/10 Format__mp4 Duration__01:36:00 Type__Drama, Horror Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Naing Aung Latt

Action • Thriller
6.3 2003
Ju-on: The Grudge 2
Ghodwa
6.1

Poetry,Politics and Promises are lies “ နိုင်ငံရေး၊ကဗျာတွေနဲ့ ကတိတွေဆိုတာ အလိမ်အညာတွေကွတဲ့။ မှတ်မှတ်ရရ Pacific Rim ထဲမှာ ကြားဖူးတဲ့စကား။ အခု ဒီ Ghodwa ဆိုတဲ့ဇာတ်ကားကို ကြည့်အပြီးမှာ အဲ့စကားကို ပြန်သတိရသွားတယ်။ Ghodwa ဆိုတာ မြန်မာလိုအလွယ်ပြန်ရရင် မနက်ဖြန် (ဒါမှမဟုတ်) မျှော်လင့်ခြင်းလို့ အဓိပ္ပာယ်ရတယ်။ ဒီဇာတ်ကားက Jasmine Revolution လို့ခေါ်တဲ့ တူနီးရှန်းတော်လှန်ရေးအပြီး ဆယ်နှစ်အကြာမှာဇာတ်အိမ်တည်ထားပြီး ဟာဘစ် လို့ခေါ်တဲ့ လူ့အခွင့်အရေးရှေ့နေတစ်ယောက် နဲ့ သူ့သားအာမက်တို့ရဲ့ဘဝကို ရိုက်ပြထားတာ။ ဟာဘစ်ဆိုတဲ့ လူဟာ လွန်ခဲ့တဲ့ဆယ်နှစ် တူနီးရှန်းတော်လှန်ရေးမှာ အဖမ်းဆီးခံ၊အနှိပ်စက်ခံရတဲ့ စိတ်ဒဏ်ရာနဲ့ စိတ်ကစဉ့်ကလျားရောဂါ ခံစားနေရပြီး သူ့စိတ်ထဲမှာလည်း လူတွေအတွက် တရားမျှတမှုဘယ်လိုဆောင်ကြဉ်းပေးရမလဲဆိုတာကိုပဲ အမြဲတမ်းတွေးနေတတ်တယ်။ အာမက်ဆိုတာကတော့ သူ့ရဲ့သားပေါ့။ဆယ်ကျော်သက်ချာတိတ်လေး။ဒါပေမယ့် အရွယ်နဲ့ မလိုက်အောင်ကို တစ်ဖက်သားအတွက် တွေးပေးတတ်ပြီး ရောဂါသည် သူ့အဖေကိုလည်း တစ်ချိန်လုံးပူပန်စောင့်ရှောက်ပေးနေရတယ်။ ဒီဇာတ်ကားဟာ သူတို့နှစ်ယောက်အကြောင်းကိုအခြေတည်ပြီး တူနီးရှန်းပြည်သူတွေရဲ့ လက်ရှိဘဝတွေ၊တရားစီရင်ရေးစနစ်ရဲ့ ပျက်ကွက်မှုတွေ၊တူနီးရှန်းတော်လှန်ရေးရဲ့ မပြီးပြတ်သေးတဲ့ရည်မှန်းချက်တွေအကြောင်းကို တည့်တည့်ကြီးမီးမောင်းထိုးပြထားတယ်။ ပြီးခဲ့တဲ့နှစ်ကလုပ်တဲ့ Cairo International Film Festival မှာလည်း International Federation of Critics’ Award ဆုကိုလည်း ရထားသေးတယ်။ ဒီဇာတ်ကားကို ကြည့်ပြီးရင် ခင်ဗျားစိတ်ထဲမှာ တွေးစရာတွေ အများကြီးပေါ်လာလိမ့်မယ်။ရင်မောစရာတွေ အများကြီး ပေါ်လာလိမ့်မယ်။ ကျွန်တော့်လို တွေးချင်ငေးချင်တဲ့လူတွေ လက်မလွှတ်သင့်တဲ့ social drama ကားကောင်း တစ်ကားပေါ့ဗျာ။ File size…(1.98GB) / (1GB) /502MB Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:36:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Damien

6.1 2021
Ghodwa
Cinderella II: Dreams Come True
5

Cinderella I ကို CM ပရိတ်သတ်တွေအတွက်တင်ဆက်ပေးခဲ့ပြီး တဲ့နောက်မှာ 2002ခုနှစ်မှာထွက်ခဲ့တဲ့ Cinderella II ကိုရော ထပ်မံတင်ဆက်ပေးလိုက်ပါတယ်။ Cinderella II က နံပါတ် I လောက်တော့ Rating မကောင်းပေမဲ့ IMDbမှာ Rating 5/10 ရှိထားပြီး စင်ဒရဲလားအလွမ်းပြေ အပျင်းပြေ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုလို့ အဆင်ပြေတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ​ကြွက်ကလေးတွေက ပုံပြင်လေး၃ပုဒ်ကို ပြောပြကြတာဖြစ်ပါတယ်။ ပထမပုံပြင်မှာ ရဲတိုက်ကြီးကို မင်းသမီးဖြစ် ပြီးတဲ့နောက်ပထမဆုံးအကြိမ်ရောက်လာရတဲ့ မင်းသမီးစင်ဒရဲလားရဲ့ အခက်အခဲလေးတွေနဲ့ ရဲတိုက်ရဲ့အစဥ်အလာဓလေ့ထုံးတမ်းတွေကို သူ့ရဲ့ကိုယ်ပိုင်ပုံစံနဲ့ဘယ်လိုတွေပြောင်းလဲလိုက်တယ်ဆိုတာမြင်ရမှာဖြစ်ပါတယ်။ ဒုတိယပုံပြင်မှာတော့ ဂျက်ခ်ဂျက်ခ်လေးရဲ့လူသားဖြစ်ချင်တဲ့ဆန္ဒကို ဖြည့်ဆည်းပေးလိုက်ပြီးတဲ့နောက် ကြုံတွေ့ရမယ့် လူသားဘဝအလွဲ တွေနဲ့ ဂျက်ခ်အတွက် ကြွက်တစ်ကောင်အဖြစ်နဲ့လူတစ်ယောက်အဖြစ် ဘယ်ဟာကပိုကောင်းတယ်ဆိုတာသိရအောင်သင်ခန်းစာတွေကြုံတွေ့ရ တာကိုတွေ့မြင်ကြရမှာဖြစ်ပါတယ်။ နောက်ဆုံးပုံပြင်ကတော့ Title ဖြစ်တဲ့ Dreams Come True ဆိုတဲ့အတိုင်း စင်ဒရဲလားရဲ့ အဖေတူအမေကွဲညီမ အန်နာစတေးရှားရဲ့အချစ်စစ်ကိုရှာတွေ့ပြီးပျော်ရွှင်ရတဲ့အိပ်မက်အမှန် တစ်ကယ်ဖြစ်လာအောင် စင်ဒရဲလား နဲ့ ကြွက်ကလေးတွေဘယ်လိုကူညီ ကြမယ်ဆိုတာ တွေ့မြင်ကြရမှာဖြစ်ပါတယ်။ ကဲ သီချင်းလေးတွေကအစ သေချာလေးဘာသာပြန်ပေးထားတာမို့ CM ရဲ့ လက်ရာနဲ့ Quality ကောင်းကောင်းလေး ကြည့်ရှုခံစားချင်တဲ့ပရိတ်သတ်ကြီးတို့ ငယ်ဘဝအလွမ်းပြေဖို့ Cinderella II လေးကို အခုပဲခံစားကြည့်ရှုလိုက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ File size…1.27GB / 538MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 13m Genre ….. Animation , Family , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aung Wai Wai Thin

5 2001 74 mins
Cinderella II: Dreams Come True
A Perfect World
7.5

A Perfect World(1993) IMDb….7.5,,,,Rotten…79% အကျဉ်းထောင်တစ်ခုမှာ လူနှစ်ယောက်ထောင်ဖောက်ပြေးဖို့ ကြိုးစားကြသည်….သူတို့ကြည့်ရတာပြေးဖို့အတွက် အချိန်အတော်ကြာပြင်ဆင် ခဲ့ပုံရတယ်… အလွယ်တစ်ကူလွတ်မြောက်သွားတယ်….. ဒီရာဇဝတ်သား(၂)ယောက်ဟာ ထောင်ကထွက်ပြေးပြီးနောက်ပိုင်းမှာ ဓားစာခံအဖြစ် ကလေးလေးတစ်ယောက်ကိုပါခေါ်သွားခဲ့တယ်… ထောင်ပြေး(၂)ယောက်ဟာ အရင်တုန်းက ဘယ်လောက်ဆိုးသွမ်းခဲ့လို့ ထောင်ကျခဲ့တယ်မသိပေမယ့် ထွက်ပြေးစဉ်လုပ်ပုံကိုင်ပုံတွေကြည့်ရတာ တစ်ယောက်က သွေးအေးဉာဏ်ကောင်းစွာနဲ့ ရင်ဆိုင်ရတဲ့ပြသနာတွေကို ဖြေရှင်းနေပြီး နောက်တစ်ယောက်ကတော့ သေနတ်တစ်ယမ်းယမ်းနဲ့ ဦးဏှောက်မဲ့အဆင်ခြင်မဲ့ လုပ်ကိုင်နေတယ်…. သူတို့(၂)ယောက်လွတ်သွားတော့ ရဲဌာနတစ်ခုလုံးလည်း တိုင်ပတ်နေသလို မြို့တော်ဝန်ရဲ့ ဖိအားကြောင့် ရှိသမျှဌာနစုံက ဖမ်းဆီးဖို့ကြိုးစားနေကြတယ်…. ဒီကားကတော့ ဒါရိုက်တာကြီး Clint Eastwood ရိုက်ကူးထားပြီး သူကိုယ်တိုင်လည်း ပါဝင်သရုပ်ဆောင် ထားသလို မင်းသားကြီး Kevin Costner က ထောင်ပြေးတစ်ယောက်အဖြစ်သရုပ်ဆောင်ထားတယ်… ဒီကားက ဇာတ်လမ်းအစမှ အဆုံးထိစိတ်ဝင်စားဖို့ကောင်းသလို ထွက်ပြေးစဉ်ကာလတစ်လျောက်လုံး ကလေးတစ်ယောက်နဲ့ သူတို့ရဲ့ ထူးခြားတဲ့ဆက်ဆံရေးကိုတွေ့ရလိမ့်မယ်…. လောကကြီးထဲ ခုမှစဝင်တဲ့ကလေးတစ်ယောက်ကို ကားမောင်းထွက်ပြေးရင်းနဲ့ စီးကရက်ရှိုက်လိုက် မပြုံးမရယ်နဲ့ ပြောရင်းသင်ကြားနေတဲ့ ထောင်ပြေးသမားတစ်ယောက်ကို ခင်ဗျားတို့ အံအားသင့်စရာတွေ့ရလိမ့်မယ်…. သူတို့လွတ်မြောက်မလား ……ကလေးလေးကရော သူ့အပေါ်ဘယ်လိုသဘောထားလဲ… ခံစားကြည့်လိုက်ပါဦး……..သေချာတယ် ဒီကားကြည့်ပြီး ခင်ဗျားတို့သဘောအကျဆုံးကားဟောင်းစာရင်းထဲမှာ ဒီကားပါသွားလိမ့်မယ်လို့….. ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Paing ပဲဖြစ်ပါတယ်…. File Size : (3.2GB) and (1.2GB) Quality : Blu-Ray 1080p/720p Format…mp4 Duration…02:18:00 Genre : Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Paing Encoded by Phyo Pyae

7.5 1993 138 mins
A Perfect World
Pippa

Pippa (2023) “စစ်သည်တော် ပစ်ပ်ပါ” Amazon Prime Videoကနေ ထုတ်လွှင့်လိုက်တဲ့ အိန္ဒိယစစ်ကားကောင်းလေး တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ အမေရိကန်ဒေါ်လာ ခုနစ်သန်းကျော်အကုန်ကျခံ ရိုက်ကူးထုတ်လွှင့်ခဲ့တဲ့ ဒီကားဟာဆိုရင် အရှေးကူးမားသရုပ်ဆောင်တဲ့ Airlift(2016)ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာကြီး ရာဂျာခရစ်ရှ်နာမီနွန် ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ Airlift(2016)ကို ကြည့်ဖူးရင် သူ့ရဲ့ရိုက်ကူးတင်ဆက်မှုကို ခန့်မှန်းကြည့်လို့ရမှာပါ။ Fury(2014)တို့ T-34(2019)တို့ကရတဲ့ Vibeကို အိန္ဒိယဗားရှင်းနဲ့ခံစားရတာမျိုးဗျ။ “စစ်သည်တော် ပစ်ပ်ပါ”ဆိုလို့ ပစ်ပ်ပါဟာ စစ်သည်တော်တစ်ဦးတော့မဟုတ်။ “ပစ်ပ်ပါ”ဆိုတဲ့ အိန္ဒိယရဲ့ ကုန်း‌ရောရေပါသုံးလို့ရတဲ့ ပထမဆုံးတင့်ကား PT-76ကြီးပေါ့။ အိန္ဒိယစစ်ကားဆိုတာနဲ့ အားလုံးလည်းသိတဲ့အတိုင်း ဘယ်နဲ့ဖြစ်မလဲဆို မြေကြီးလက်ခတ်မလွဲ ဖန်တရာထပ်‌နေတဲ့ အင်ဒို-ပါကစ္စတန်စစ်ပွဲပဲပေါ့။ ဘာလ်ရမ်ဟာ ခပ်နောက်နောက်စစ်သားတစ်ယောက်ဆိုပေမဲ့ မျိုးနဲ့ရိုးနဲ့ စစ်သားလုပ်နေကြတဲ့ နိုင်ငံ့သစ္စာတော်ခံမိသားစုကပါ။ အရည်အချင်းရှိသူဆို‌ပေမဲ့ စစ်ရေးလေ့ကျင့်တာကိုတောင် အမိန့်ကို မသိမသာလေးဖီဆန်ပြီး စွန့်စားတတ်လွန်းလို့ အထက်အရာရှိတွေကပါ တော်ရုံဆို မျက်ကွယ်ပြုပေးထားရသူပါ။ ဒီလိုနဲ့ တစ်နေ့မှာ ပါကစ္စတန်ဘက်က တင့်ကားတပ်ဟာအိန္ဒိယနယ်စပ်ဘက်ကို ဦးတည်လာနေတယ်ဆိုတဲ့သတင်းပေါက်ကြားလာခဲ့တယ်။ အရှေ့ပါကစ္စတန်နဲ့အနောက်ပါကစ္စတန် အင်အားပြိုင်ဆိုင်မှုကြားမှာ အိန္ဒိယနယ်စပ်ကို ပြုံပြီးရောက်ရှိလာတဲ့ ဘင်္ဂလီစစ်ဘေးရှောင်ဒုက္ခသည်တွေ၊ စီးပွားရေးဝန်ပိနေတဲ့ကြားက လူသားချင်းစာနာမှုကို ရွေးချယ်လိုက်ခါမှ စစ်မီးကူးစက်လာဖို့ ဖြစ်လာတဲ့အခါ၊ အေးချမ်းသာယာနေတဲ့ ဘာလ်ရမ်တို့ရဲ့မိသားစုဘဝလေးဟာလည်း စစ်သားမိသားစုပီပီ ရှေ့တန်းကနေထွက်ဖို့ဖြစ်လာလေတော့… တင့်ကားမောင်းတဲ့တပ်သားတစ်ယောက်ဖြစ်တဲ့ ဘာလ်ရမ်တစ်ယောက် သူ့ရဲ့စီးတော်ယာဉ်ကြီးပစ်ပ်ပါနဲ့အတူ ရှေ့တန်းကနေ တိုက်စစ်ဆင်တဲ့အကြောင်း ရှေ့တန်းထွက်စစ်သည်တစ်ယောက်ရဲ့ရှုထောင့်နဲ့ တင်ဆက်ထားတဲ့ရုပ်ရှင်လေးကို ရှုစားပေးကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alex – ToMo – Zwe – V – BpL – Yunniတို့ပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

0 2023
Pippa
Bleeding Steel
5.1

2018 ခုနှစ်ထွက် မင်းသားကြီးဂျက်ကီချန်းရဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် ဇာတ်ကားလေးက တော့ သိပ္ပံ အက်ရှင်ဒရမ်မာကားလေးပါ ဇာတ်ကားထဲမှာတော့ ဂျက်ကီချန်းက တာဝန်ကျေလွန်းတဲ့ ရဲ ဝန်ထမ်းအဖြစ်သရုပ်ဆောင်ထားပြီးတော့ သူဟာ သူ့ရဲ့ တာဝန်ကို အပျက်ကွက်လုံး၀ မခံဘဲ သူ့သမီးလေး ဆေးရုံမှာ အရေးပေါ်ဖြစ်နေတာတောင်ကျရာတာဝန်ကို မပျက်မကွက်ထမ်းဆောင်ခဲ့ပါတယ် ဇာတ်လမ်း အကျဉ်းလေးကတော့ ရဲ အရာရှိ လင်း ဟာ သူ့သမီးလေး အရေးပေါ်ဖြစ်နေလို့ဆေးရုံကိုသွားနေတဲ့ အချိန်မှာ သူ့ အထက်အရာရှိက သူ့ကို ဖုန်းဆက်ပြီး တာဝန်ပေးလိုက်လို့အရေးကြီး သက်သေကို ကာကွယ်ဖို့အတွက် သွားလိုက်ပါတယ် ဒါပေမဲ့ သက်သေရော သူပါလုပ်ကြံခံခဲ့ရပြီး အဲ့ဒီသိပ္ပံပညာရှင် စမ်းသပ်ခဲ့တဲ့ နျူကလီးယားရောင်ခြည်သင့် လူသားကလာရောက်လုပ်ကြံခဲ့တာဖြစ်ပြီး တော့ ဂျက်ကီချန်းတယောက် သတိလစ်သွားပါတော့တယ် အဲ့ဒီနောက်မှာတော့ ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာတော့ပရိတ်သတ်ကြီးကပဲ ဆက်လက်ကြည့်လိုက်ကြပါတော့ဗျာ File size…(3.5 GB)/(1.6 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:49:00 Genre… Action, Sci-fi, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Arkar Phyo

5.1 2017
Bleeding Steel
Blood and Snow
5

သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းဖြစ်သလို Horror အမျိုးအစားလည်းဖြစ်တဲ့ Blood And Snow ရုပ်ရှင်ကားကတော့ ၂၀၂၃ ခုနှစ်မှာ ထွက်ရှိထားတာ ဖြစ်ပါတယ်။ ဒါရိုက်တာ Jeese Palangio ရိုက်ကူးထားပြီး Michael Swatton ၊ Anne-Carolyne Binette ၊ Vernon Wells နဲ့ Simon Phillips အစ ရှိတဲ့သရုပ်ဆောင်တွေပါဝင်ထားပါတယ်။ ဇာတ်ကောင်တွေရဲ့များပြားလှတဲ့စကားပြောခန်းတွေ၊ ခြောက်ခြားစရာ အသံနောက်ခံတွေနဲ့ Horror ဇာတ်ကားကို အရှိန်မြင့်အောင်ဆွဲခေါ်သွားတဲ့ ရုပ်ရှင်မျိုးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ************** သိပ္ပံပညာရှင်နှစ်ယောက်ဟာ အာတိတ်ရေခဲပြင်ကြီးထဲကျရောက်ထားတဲ့ ဥက္ကာခဲတစ်ခုကို လာရောက်လျှို့ဝှက်လေ့လာရင်းကနေ တစ်ဦးက အသတ်ခံ လိုက်ရပြီး ကျန်တစ်ဦးကတော့ ကူးစက်ခံလိုက်ရပါတယ်။ ကပ်ပါးကောင်ပါလာမှန်းမသိဘဲ အသက်ရှင်ကျန်ရစ်တဲ့သိပ္ပံပညာရှင် မိန်းမငယ်လေးကို အနီးဆုံးစခန်းက လက်ခံစောင့်ရှောက်ထားရာကနေ စခန်းတွင်းမှာ မမျှော်လင့်ထားတာတွေဖြစ်ပျက်လာခဲ့ပါတယ်။ ဘာတွေဖြစ်နေလဲဆိုတာကိုနားလည်အောင်ကြိုးပမ်းကြရင်းကနေ သူတို့ ကယ်တင်လာတဲ့မိန်းကလေးဟာ အရင်ကတွေ့ခဲ့ဖူးတဲ့လူမဟုတ်တော့တာကို သိရှိလိုက်ရတဲ့အခါ ကပ်ပါးကောင်ကထိန်းချုပ်နေတဲ့မိန်းကလေးကို ရင်ဆိုင်ဖို့ ကြိုးစားကြရပါတော့တယ်။ File size…1.25GB Quality…WEB-DL 1080p HEVC Format…mp4 Duration….1h 54m Genre ….. Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

Comedy • Romance
5 2023 114 mins
Blood and Snow
Deepavali Bonus
7.1

Deepavali Bonus (2024) ဒီပါဝလီအပိုဆုကြေး ဒီပါဝလီပွဲနီးကပ်လာပြီဖြစ်တဲ့အတွက်လိုအပ်တာတွေပြင်ဆင်နေကြတဲ့ ရာဗီနဲ့ ဂီသာတို့ လင်မယား၂ယောက် .. ဂီသာရဲ့သူဌေးကတော့ အလုပ်လုပ်ဖို့ရောက်တာနဲ့ ပြစ်တင် ကြိမ်းမောင်းနေသူမျိုးပါ ရာဗီရဲ့အလုပ်ရှင်ကတော့ ပွဲတော်အတွက်အပိုဆုကြေးပေးမယ်ပြောပေမဲ့ တကယ်ရက်နီးတဲ့အခါ အလုပ်ဆင်းရမယ်ဆိုပြီးအာဏာသုံးဖိအားပေးလာတဲ့အခါ သူတို့ဟာအလုပ်ရှင်ကိုမကျေနပ်ကြောင်းထုတ်ဖော်ဖို့ ‌အကြောင်းဖန်လာခဲ့ပါတယ် သူတို့သူဌေးတွေရဲ့ ဖိအားပေးမှု၊ အပိုဆုကြေးလိုလိုချင်ချင်ထုတ်မပေးမှုတွေအပြင် သူတို့သားငယ်လေးရဲ့လိုအပ်ချက်တွေပါဖြည့်ဆည်းဖို့ဖြစ်လာတဲ့အခါမှာတော့… ဘယ်လိုရှေ့ဆက် ကြိုးစားသွားရမလဲ သူတို့ရဲ့ဆက်ဆံရေးပေါ်မှာလည်းသက်ရောက်မှုရှိမလားဆိုတာ………… အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်

7.1 2024
Deepavali Bonus
Gintama: The Movie
7.6

IMDB – 7.6/10, MyAnimeList – 8.5/10 Anime လောကမှာတော့ Gintama ဆိုရင် မသိကြတဲ့လူ တော်တော်ကို ရှားပါတယ်။ ဒီကောင်က သူများ Anime တွေကို ခဏခဏ Reference ယူယူပြီး ဟာသလုပ်လေ့ရှိတဲ့အပြင် Deadpool တို့လိုလည်း 4th Wall Breaking လုပ်ပါသေးတယ်။ နောက်ပြီး သူ့ရဲ့ဟာသတွေက တော်တော်ကို ရယ်ရတဲ့ထဲမှာ ပါဝင်တာပါ။ ဟာသဆိုလို့ ဟာသတွေပဲပါတာမဟုတ်ပါဘူး ချကြပြီဆိုရင် တကယ်ဖိုက်ကြပါတယ်။ ဒါကတော့ သူတို့ရဲ့ ပထမဆုံး ထွက်ရှိလာတဲ့ Movie ပဲ ဖြစ်ပါတယ်။ အစမှာတင် ဇာတ်လမ်းက မစသေးဘူး ဟောလိဝုဒ်က Warner Bros ကို ထိုင်ဖြုတ်နေကြတာ အခွီတစ်လိုင်းပါ။ ဒီ Movie မှာတော့ Series မကြည့်ဖူးလည်း ဇာတ်လမ်းက သီးခြားလေးဖြစ်နေတော့ အဆင်ပြေပါတယ်။ Gintama ဆိုတာက အနာဂတ်ခေတ်လွန်ကာလ Edo က ဆာမူရိုင်းတွေအကြောင်းကို ဇာတ်တည်ထားတာပါ။ MC လုပ်တဲ့ ခေါင်းဖြူကြီး Gintoki ဆိုတာက Yorozuya ဆိုတဲ့ဆိုင်လေးဖွင့်ထားတာပါ အခကြေးငွေယူပြီး ဘာအလုပ်နေနေ လုပ်ပေးတာပေါ့။ သူ့လက်အောက်မှာတော့ Shinpachi ဆိုတဲ့ မှန်ကြောင်လေးရယ် Kagura ဆိုတဲ့ ကောင်မလေးရယ် ရှိပြီး အဓိကဇာတ်ကောင် ၃ ယောက်ပေါ့လေ။ ဒီ Movie ရဲ့ ဇာတ်အိမ်ကကျ သူတို့မြို့မှာ ထူးဆန်းတဲ့ ဓားတစ်လက်နဲ့ လူသတ်မှုတွေ ဖြစ်နေကြတယ်။ သူတို့ဘော်ဒါတစ်ယောက်ကလည်း ထူးထူးဆန်းဆန်း အတိုက်ခိုက်ခံရပြီး သေတာလိုလို ပျောက်တာလိုလို ဖြစ်နေတဲ့အချိန်။ မသမာသူလူတစ်စုကလည်း ခိုးကြောင်ခိုးဝှက် တစ်ခုခု ကြံစည်နေကြတဲ့အချိန်။ Gintoki တစ်ယောက် အဲဒါ ထူးဆန်းတဲ့ ကျိန်စာသင့်ဓားအကြောင်း အလုပ်လက်ခံရရှိလို့ လိုက်လံစုံစမ်းရာကနေ အကုန်လုံး ဘယ်လိုဆက်စပ်သွားပြီး ဘယ်လိုတွေ ဆက်ဖြစ်ကြမယ်ဆိုတာတော့…..။ File Size : 1.3 GB, 591 MB Quality : WEB-DL 1080p / 720p Running Time : 1hr 36min Format : Mp4 Genre : Action, Animation, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by : Thura Aung Encode by : Thit San Khant

Adventure • Drama
7.6 2010
Gintama: The Movie
Woods of Ash
4

Woods of Ash (2025) တောကြီးတောင်ကြီးထဲမှာ ဆီးတွေဝမ်းတွေဘာတွေသွားချင်ရင် ခွင့်တောင်းပြီးမှ သွားရတယ်.. တောခြောက်ရင် ဝင်္ကပါကြီးတစ်ခုထဲကို ရောက်သွားသလိုမျိုးပဲ လွတ်လမ်းမရှိဘူး.. သစ်ပင် ပန်းမန်တွေ သစ်ကိုင်းတွေအပေါ်မှာ ရုက္ခစိုးနတ်တွေ နေတယ် နာနာဘာဝသရဲတွေနေကြတယ်.. တောထဲတောင်ထဲတွေမှာ ပါးစပ်တွေ လက်တွေမသရမ်းရဘူး.. မဟုတ်ရင် နတ်ကိုင်လိမ့်မယ် စသဖြင့်ကြားဖူးကြလောက်မှာပါ.. ဒီရုပ်ရှင်ဟာလည်း ဒီလို ဆိုရိုးတွေ ကြားစကားတွေအပေါ်ကို မူတည်ပြီး ဖန်တီးထားတဲ့ရုပ်ရှင်တစ်ပုဒ်ဖြစ်တဲ့အတွက်ကြောင့် Thriller အမျိုးအစားကို ကြိုက်ကြသူတို့အဖို့ အပေါ်စီးရိုက်ချက်ကောင်းများစွာနဲ့ သဘာဝပတ်ဝန်းကျင် သစ်ပင်ပန်းမန်တွေရဲ့အလှအပတွေကိုပေါ်လွင်အောင်တင်ပြထားတာကို အရသာရှိစွာခံစားကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Myat Noe Yamone ဖြစ်ပါတယ်။) File size… (1.8 GB) / (920 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Thriller Duration….01:34:56 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Myat Noe Yamone

Thriller • Horror • Mystery
4 2025 93 mins
Woods of Ash
Titan: The OceanGate Submersible Disaster
6.7

“Titan: The OceanGate Disaster 2025” ဖြစ်ရပ်မှန် မှတ်တမ်းရုပ်ရှင်ဟာ ၂၀၂၃ ခုနှစ် ဇွန်လ ၁၈ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ Titan ရေငုပ်ယာဉ် ပေါက်ကွဲနစ်မြုပ်မှုရဲ့ နောက်ကွယ်က အကြောင်းအရာတွေကို နက်နက်နဲနဲ ဖော်ထုတ်ထားပါတယ်။ ဒီမှတ်တမ်းရုပ်ရှင်က ဖြစ်ရပ်ဆိုးကြီး ဘာကြောင့်ဖြစ်ပွားခဲ့ရသလဲ…ဘယ်သူတွေမှာ တာဝန်ရှိသလဲဆိုတာကို ပေါ်လွင်အောင် တင်ပြထားပါတယ်။ ဒီဇာတ်ကားဟာ OceanGate ကုမ္ပဏီရဲ့ CEO ဖြစ်သူ Stockton Rush ရဲ့ တိုက်တန်းနစ်သင်္ဘောပျက်ကို ကြည့်ရှုဖို ကြိုးပမ်းခဲ့မှု…သူ့ရဲ့ အန္တရာယ်ရှိတဲ့ ဆုံးဖြတ်ချက်တွေဟာ ဘယ်လိုဘယ်ပုံ လူ ၅ ဦးရဲ့ အသက်ကို ဆုံးရှုးစေခဲ့လဲ။ မှတ်တမ်းရုပ်ရှင်ထဲမှာ ကုမ္ပဏီရဲ့ ဝန်ထမ်းဟောင်းတွေရဲ့ ထွက်ဆိုချက်တွေ…အသံမှတ်တမ်းတွေ… OceanGate နဲ့ပတ်သက်တဲ့ ဗီဒီယိုဖိုင်တွေနဲ့ ဥပဒေပိုင်းဆိုင်ရာ စစ်ဆေးမှုတွေကနေ ရရှိတဲ့ အချက်အလက်တွေကို အတိအကျ ဖော်ပြထားပါတယ်။ ဒီမှတ်တမ်းရုပ်ရှင်ဟာ ဖြစ်ရပ်ဆိုးကြီးကိုသာ အဓိကထားပြီး ပြသတာမဟုတ်ဘဲ…မဖြစ်သင့်တဲ့ ဒီလိုအဖြစ်အပျက်မျိုး ဘာကြောင့်ဖြစ်လာရသလဲဆိုတဲ့ မေးခွန်းကိုပါ မီးမောင်းထိုးပြထားပါတယ်။ ကုမ္ပဏီရဲ့ လုံခြုံရေးစည်းမျဉ်းတွေကို ဘယ်လို လစ်လျူရှုခဲ့သလဲ…သတိပေးချက်တွေကို ဘယ်လို ပစ်ပယ်ခဲ့သလဲ။ Titan ရေအောက်ယာဉ်ရဲ့ ကာဗွန်ဖိုက်ဘာ ဒီဇိုင်းအပါအဝင် ဘေးကင်းရေးဆိုင်ရာ အားနည်းချက်တွေနဲ့ ပတ်သက်ပြီး ဝန်ထမ်းဟောင်းတွေရဲ့ သတိပေးချက်တွေကို CEO က ဘယ်လိုပယ်ချခဲ့သလဲဆိုတာတွေကိုပါ ကြည့်ရှုရမှာပါ… ဒီဇာတ်ကားဟာ အဖြစ်ဆိုးကြီးဖြစ်ခဲ့ရတဲ့ အဓိကအကြောင်းအရင်းကို ရှင်းရှင်းလင်းလင်း ဖော်ပြထားပြီး… တာဝန်မဲ့မှု…လျစ်လျူရှုမှုတွေကြောင့် အသက်တွေ ဘယ်လိုဆုံးရှုးခဲ့ရတယ်ဆိုတာကို ပြသထားပါတယ်။ ကြည့်ရှုသူတွေကို စိတ်ဝင်စားအောင် ဖန်တီးထားပြီး ဖြစ်ရပ်မှန်ကို သိရှိနားလည်နိုင်ဖို အားကောင်းတဲ့ မှတ်တမ်းရုပ်ရှင်တစ်ကားလို ဆိုနိုင်ပါတယ်။ ဖြစ်ရပ်မှန်ကို ပွင့်ပွင့်လင်းလင်းနဲ့ အသေးစိတ် ဖော်ပြထားတဲ့အတွက် ကြည့်ရှုသင့်တဲ့ မှတ်တမ်းရုပ်ရှင်တစ်ကား ဖြစ်ပါတယ်…

Drama • Science Fiction • Thriller
6.7 2025 112 mins
Titan: The OceanGate Submersible Disaster