YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The.Third.Marriage.2023.EP4.WEB-DL.1080P(CM).mp4

445.53 MB N/A video/mp4 98 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Traffickers
6.5

ဒီတစ်ခါတော့ crime, thriller ပရိတ်သတ်ကြီးအတွက် 2012 ကထွက်ခဲ့တဲ့ ကိုရီးယားကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ကိုယ်တွင်းအင်္ဂါတွေမှောင်ခိုရောင်းဝယ်နေတဲ့ အဖွဲ့တစ်ဖွဲ့ဟာ အဲ့ဒီအလုပ်ကိစ္စကြောင့် သင်္ဘောနဲ့တရုတ်ပြည်ကိုကူးမှာပါ... တစ်ဖက်မှာလည်း တရုတ်ပြည်ကို အပန်းဖြေခရီးထွက်လာတဲ့စုံတွဲရယ်... အဖေက အစားထိုးခွဲစိတ်မှုခံယူဖို့ တရုတ်ပြည်သွားမယ့် သားအဖရယ် ပါလာပါသေးတယ်... မှောက်ခိုအဖွဲ့ကရော သင်္ဘောပေါ်မှာ ဘယ်သူ့ဆီက ဘယ်လို အင်္ဂါအစိတ်အပိုင်းတွေထုတ်ယူမလဲ.. ဟိုသားအဖနဲ့ စုံတွဲကရော ဒီကိစ္စနဲ့ဘယ်လိုတွေ ဆက်နွှယလာမလဲဆိုတာကတော့..... အကောင်းဆုံး Action , Crime ထဲ စာရင်းဝင်မို့ ဒေါင်းကြည့်ကြပါကုန်... File Size :(1.9GB) and (866MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…01:51:00 Genre :Action, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Eric Encoded by Phyo Pyae

Drama • Romance
6.5 2012 111 mins
Traffickers
Monster High: The Movie
7

Monster တွေရဲ့ခံယူချက်နဲ့ သူတို့ကမ္ဘာလေးအကြောင်းကိုသေချာရိုက်ကူးထားတဲ့ Monster High ဇာတ်ကားမှာဆိုရင်….. Main character က​လောဒင်းက လူသားတစ်ပိုင်းမွန်းစတားတစ်ပိုင်းဖြစ်နေတော့ လူသားတွေကြားမနေချင်တော့ပဲ သူနဲ့သက်ဆိုင်တဲ့ monster တွေကိုပဲလက်ခံတဲ့ အထက်တန်းကျောင်းကို သွားဖို့ဆုံးဖြတ်လိုက်ပါတယ် တခါတလေ သူစိတ်လှုပ်ရှားတဲ့အချိန် ဝမ်းနည်းတဲ့အချိန်တွေမှာ လူသားပုံစံကိုခဏတာပြန်ရောက်သွားတာကို တခြားသူတွေသိသွားမှာစိုးရိမ်နေရင်း သူ့လိုပဲ half-monster တစ်ယောက်ဖြစ်ပီး သေဆုံးသွားတဲ့ Hyde ဖော်စပ်ထားတဲ့ဆေးက monster လုံးလုံးပြောင်းပေးနိုင်မယ်လို့ယူဆမိပီးလိုက်ရှာရင်း သူငယ်ချင်း Frenky နဲ့ Draculaura တို့ကပါကူညီပေးခဲ့ပါတယ် Frenky ကို နာမည်ကြီးပညာရှင်တွေရဲ့အစိတ်အပိုင်းတွေနဲ့ဖန်တီးထားတာဖြစ်ပီး Draculauraကတော့ မှော်ပညာကိုလေ့လာနေတဲ့သွေးစုပ်ဖုတ်ကောင်ပါ သူတို့ရဲ့အကူအညီတွေနဲ့ Clawdeen ဆေးရည်ကိုရှာတွေ့မလား ဆေးရည် ရှာရင်း ကျောင်းကိုဖျက်ဆီးမဲ့အကြံကိုဘယ်လိုဖော်ထုတ်နိုင်မလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ကြည့်ရမဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ် File size…(2.48GB) / (1.22GB) / (789MB) Quality…. Web 1080P / 720p / 480P Format…mp4 Duration….01:32:00 Genre...Action / Adventure / Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Nyein Lae Wai

Comedy • Drama
7 2022 91 mins
Monster High: The Movie
Company
6.7

ဒီကားလေးကတော့ ဘောလီးဝုဒ်နာမည်ကျော် ရုပ်ရှင်စတားတွေကိုယ်တိုင် ပါဝင်ရိုက်ကူးထားတဲ့ မှုခင်းအက်ရှင် ဇာတ်ကားကောင်းလေး တစ်ကားပဲဖြစ်ပါတယ်။  ဇာတ်လမ်းအကျဉ်းကတော့ ဈေးလမ်းထဲက သာမန်လူမိုက်တွေဖြစ်နေပေမဲ့ ရည်မှန်းချက်ကြီးတဲ့ ချန်ဒူ တို့အဖွဲ့ဟာ မွန်ဘိုင်းမြို့ရဲ့ အကြီးဆုံးဂိုဏ်းတစ်ခုရဲ့ ခေါင်းဆောင်ဖြစ်တဲ့ မာလစ်ခ်ဘာဟီ ဆီမှာ အလုပ်လုပ်ဖို့ရောက်လာခဲ့ပါတယ်။ နှစ်ပေါင်းများစွာ ဂိုဏ်းစတားတစ်ယောက်လုပ်လာတဲ့ မာလစ်ခ် ကလည်း အလုပ်လုပ်ရာမှာ စေ့စပ်တိကျပြီး ရဲစွမ်းသတ္တိအပြည့်ရှိတဲ့ ချန်ဒူ ကိုတခြားသူတွေထက် မျက်နှာသာပေးရင်း တဖြည်းဖြည်းညီအစ်ကိုရင်းချာပမာ ဖြစ်လာခဲ့ကြပါတယ်။ နဂိုကမှ ဂုဏ်သတင်းကြီးလှတဲ့ မာလစ်ခ်တို့ဂိုဏ်းမှာ ချန်ဒူလို အရည်ချင်းရှိတဲ့ သစ္စာခံတစ်ယောက်ရောက်လာတဲ့အခါ ကျားကိုတောင်ပံတပ်ပေးလိုက်သလို တစ်နယ်လုံးမှာ ပြိုင်စံရှားတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်လာပါတော့တယ်။ မာလစ်နဲ့ချန်ဒူ မွန်ဘိုင်းဒုစရိုက်လောကမှာ အတိုက်အခိုက်တွေကိုဖြေရှင်းနေချိန် တစ်ဖက်မှာလည်း ဘရိန်းကောင်းလွန်းပြီး သူတာဝန်ကျတဲ့နေရာတိုင်းမှာ ရာဇဝတ်မှုဖြစ်ပွားနှုန်းတွေကျကုန်တယ်လို့ နာမည်ကျော်လှတဲ့ရဲမှူးကြီးဟာ မွန်ဘိုင်းကိုရောက်လာပြီး မာလစ်ခ် တို့ကို ထောင်ထဲထည့်ဖို့ ကြိုးစားပါတော့တယ်။ ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ကျောရိုးတည်ထားပြီး နာမည်ကြီးသရုပ်ဆောင်တွေ ပါဝင်ထားတဲ့အတွက် ကြည့်ရှုခံစားနိုင်စေဖို့ တင်ဆက်ပေးလိုက်ရပါတယ် (ဇာတ်လမ်းအညွှန်းနှင့် ဘာသာပြန်သူကတော့ Thar Htet ပဲဖြစ်ပါတယ်) File Size          :  2.5GB, 1.2GB & 586MB Quality            : 1080p WebRip, 720p WebRip & 480p Format            : mp4 Duration         : 2hr & 22mins Genre              : Action, Crime, Drama Translated by  Thar Htet Encoded by Kinnov

Horror
6.7 2002 156 mins
Company
Flying Colors
7.4

ကဲ .. ဒီတစ်ပတ်တော့ ကျောင်းသူကျောင်းသားများ ဒါမှမဟုတ် စာမေးပွဲတစ်ခုခုဖြေစရာရှိသူများအတွက် ရုပ်ရှင်ကြည့်လိုက်ရုံနဲ့ ကြိုးစားချင်စိတ် motivation တွေ တဖွားဖွားပေါ်လာစေမယ့် ဂျပန်ရုပ်ရှင်ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးမယ်။ နာမည်ကတော့ Flying Colors (ဂုဏ်ထူး) ပါတဲ့ ။ ဂျပန်ပြည်တွင်းမှာတော့ Biri Gyaru (ဘိတ်ချီးကောင်မလေး) လို့အမည်ရတဲ့ ဒီဇာတ်ကားလေးဟာ ၂၀၁၅ခုနှစ်မှာ ဒါရိုက်တာ Doi Nobuhiro ကနေ ကျူရှင်ဆရာတစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ဝတ္ထုကိုအခြေခံရိုက်ကူးထားတဲ့ ဘဝဟာသဇာတ်ကားတစ်ကား ဖြစ်ပြီး၊ ဂျပန် Box office မှာ နံပါတ်တစ်ချိတ်ခဲ့တဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ Gyaru ဆိုတာကတော့ ဂျပန်ဖက်ရှင် ၊ music ပိုင်းနဲ့ ရင်းနှီးသူတွေအတွက် ခဏခဏကြားဖူးနေပါလိမ့်မယ်။ Gal(Girl) ဆိုတာက ဂျပန်အသံထွက်နဲ့ slang ပုံစံသုံးကြရာက တွင်ကျယ်လာတဲ့ ဒီစကားလုံးဟာ သုံးနှုန်းပုံဖွင့်ဆိုချက်တွေ၊ အမျိုးအစားတွေအများကြီးရှိပေမယ့် ဒီမှာနားလည်ရလွယ်အောင်လို့ အလှအပအရမ်းဦးစားပေးပြီး၊ ခေတ်ပေါ်ဖန်စီရှုပ်ရှုပ်ယှက်ယှက်တွေအများကြီးဆင်ယင်ထားတဲ့၊ ကလေးဆန်တဲ့ခေတ်ကောင်မလေး လို့ပဲ ဆိုကြပါစို့။ Kudo Sayaka ဟာ ဆံပင်ရွှေရောင်ဆိုးထားတဲ့ Gyaru တစ်ယောက်ဖြစ်ပါတယ်။ သာမန်မိန်းကလေးအထက်တန်းကျောင်းတစ်ကျောင်းမှာ တက်ရောက်နေတဲ့ Sayaka ဟာ ကျောင်းစာကိုလုံးဝ(လုံးဝ)ကိုစိတ်မဝင်စားသလို အနာဂတ်အတွက်လည်းဘာမှအပူအပင်ရှိစရာမလိုပဲ အတန်းချိန်မှာ အေးအေးလူလူ စကားပြောလိုက်၊ မိတ်ကပ်လိမ်းလိုက်လုပ်နေတဲ့ ကောင်မလေးတစ်ယောက်ပေါ့။ တစ်နေ့တော့ Sayaka ဆီကနေ ဆေးလိပ်ဘူး မိပြီးနောက် သူ့သူငယ်ချင်းတွေကိုပါဖော်ကောင်လုပ်ဖို့ ငြင်းဆန်တဲ့ Sayaka တစ်ယောက်တည်း ကျောင်းနားခံလိုက်ရပါတယ်။ စာမေးပွဲအမှတ်တွေကလည်း အားရစရာ၊ ဟိုးအောက်ကကို မတက်တဲ့ကြားထဲ ဒီလိုပြဿနာတွေဖြစ်လာတဲ့ Sayaka ဟာ အထက်တန်းဒုတိယနှစ်၊ နောက်နှစ်ဆို တက္ကသိုလ်ဝင်တန်းဖြေရတော့မယ် ဆိုတော့ အမေဖြစ်သူက စိတ်မအေးနိုင်ပဲ အပြင်ကျူရှင်အပ်ဖို့ လုပ်လာရပါတယ်။ အမေဖြစ်သူခေါင်းမီးတောက်နေချိန်မှာ အဖေဖြစ်သူကတော့ Sayaka ရဲ့မောင်လေးဖြစ်သူ Ryuta ကို ဘေ့စ်ဘောကစားသမားတစ်ယောက်ဖြစ်လာအောင် ပျိုးထောင်ဖို့သာအားသန်လျက်ရှိပါတယ်။ သူကိုယ်တိုင်မဖြစ်ခဲ့ရလို့ သားဖြစ်သူအပေါ် ရည်မှန်းချက်ထားလွန်းတဲ့ ဖခင်ဖြစ်သူဟာ Sayaka နဲ့အငယ်ဆုံးညီမလေးကို လုံးလုံးဂရုမစိုက်တော့ပဲ ဘေ့စ်ဘောပဲရူးနေတာပေါ့။ ဒါကလည်း Sayaka တစ်ယောက် ဒီလိုပုံစံဖြစ်လာဖို့ တွန်းအားဖြစ်ခဲ့ပါတယ်။ ငယ်ငယ်ကကျောင်းခဏခဏပြောင်းရပြီး၊ သူငယ်ချင်းဖွဲ့ရမှာကြောက်တတ်တဲ့ Sayaka ကို ပထမဆုံးနွေးနွေးထွေးထွေးဆက်ဆံခဲ့တဲ့ သူငယ်ချင်းသုံးယောက်က သူ့လိုပဲမထူးခြားနား Gyaru တွေဖြစ်ကြပြီး၊ ကျောင်းမှာအမွှေဆုံးအုပ်စုအဖြစ် ထင်ရှားပါတယ်။ ဒီလို Sayaka ကို တက္ကသိုလ်ဝင်တန်းအတွက်ပြင်ဆင်ဖို့အတွက် အမေဖြစ်သူက အပြင်ကျူရှင်ဆရာတစ်ယောက်ဖြစ်တဲ့ Tsubota Yushitaka ဆီအပ်ပါတယ်။ ပထမဆုံးနေ့မှာအစမ်းtestလေးတစ်ခုဖြေခိုင်းတော့ အားရစရာ ဇီးရိုးကိုက်၊ဥမကွဲတဲ့ Sayaka ကို သြချမိပေမယ့် လက်တော့မလျှော့သေးပါဘူး။ ထူးခြားတဲ့သင်ကြားမှုပုံစံနဲ့ Tsubota ဟာ တပည့်တွေအကြိုက်ကိုလိုက်ပြီး၊ရင်းနှီးမှုရယူ ၊ ပြီးတော့ သူတို့စိတ်အားတက်အောင် များများချီးကျူးပေးပြီး သင်ကြားတတ်တဲ့ ဆရာတစ်ယောက်လည်း ဖြစ်ပါတယ်။ အခုလို ဥမကွဲတာကိုတောင် ပြန်ပြီး၊ ချီးကျူးလိုက်တော့ ဆရာတွေဆီမှာတစ်ခါမှချီးကျူးမခံရဖူးတဲ့ Sayaka တစ်ယောက် နည်နည်းတော့ပျော်သွားပါတယ်။ Tsubota က ရည်မှန်းချက်မြင့်မြင့်ထားဖို့ပြောပြီး၊ သူရွေးပေးလိုက်တဲ့ ကျောင်းက ဂျပန်နိုင်ငံရဲ့ ထိပ်ဆုံးကတက္ကသိုလ်တစ်ခုဖြစ်တဲ့ Keio University ဖြစ်နေပါတယ်။ Tsubotaရဲ့ မက်လုံးကတော့ Keio က ကောင်လေးတွေချောတယ်လို့နာမည်ကြီးပါတယ်တဲ့။ test ရလဒ်တွေအရဆိုရင် လေးတန်းလောက်သာသာ ပညာရေးအဆင့်ရှိတဲ့ Sayaka က Keio သွားမယ်ဆိုတော့ သူ့အမေကလွဲလို့ အားလုံးရယ်ကြတာပေါ့။ အထူးသဖြင့် သူတို့အတန်းပိုင်ဆရာက (သူကလည်း မွှေလွန်းတဲ့ Sayaka တို့အုပ်စုကို မျက်မုန်းကျိုးနေတာ) Keio ဝင်ဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူး ဆိုပြီး ၊ စကားနိုင်လုကြရာက Sayaka နဲ့ ကျောင်းရှေ့မှာအင်္ကျီချွတ်ကြေး အလောင်းအစားလုပ်ကြပါတော့တယ်။ အဲဒီမှာပဲ အစကဟာသတစ်ခုလိုသဘောထားရာက Sayaka ဟာ သူ့ရဲ့ Keio ပန်းတိုင်ကို နည်းနည်းseriousထားလာပြီး၊ နောက်ပိုင်း အိမ်မှာ ပြဿနာတွေတက်ကြရာက အဖေဖြစ်သူခနဲ့တဲ့စကားတွေကို မခံချင်တဲ့စိတ်နဲ့ ကြိုးစားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒါပေမယ့် ကျောင်းစာမရရုံတင်မဟုတ် ပြင်ပဗဟုသုတပါလုံးဝမရှိတဲ့ Sayaka (သူဟာ Santa Clause နဲ့ Ultraman တို့ကိုအပြင်မှာတကယ်ရှိတယ်လို့ယုံပါတယ်) ကို Tsubotaအတွက် စာသင်ပေးရတာလွယ်ကူတဲ့ကိစ္စတစ်ခုမဟုတ်သလို နေ့ချင်းညချင်းလည်းအဆင့်တွေဝုန်းခနဲတက်မလာပါဘူး။ ဒါပေမယ့် သူ့ရဲ့ တပည့်တွေစိတ်ဝင်စားမှု၊ အကြိုက်ပေါ်လိုက်ပြီး၊ မတူညီတဲ့ချဉ်းကပ်မှုအမျိုးမျိုးနဲ့ (ဥပမာ Idol ကြိုက်သူဆိုရင် Idol တွေနဲ့၊ Anime ကြိုက်သူဆိုရင် Anime နဲ့၊ Game ကြိုက်သူဆိုရင် Gameနဲ့) သင်ကြားပေးတဲ့စနစ်ဟာ အလုပ်ဖြစ်လာမယ်လို့ စွဲစွဲမြဲမြဲယုံကြည်ထားသူပါ။ အချိန်တွေကုန်လွန်လာတာနဲ့အမျှ Sayakaတစ်ယောက် သူ့ကိုချစ်လွန်းတဲ့အမေအတွက် ရည်မှန်းချက်အပေါ် ပိုစိတ်အားထက်သန်လာပြီး၊ သူမရဲ့ကြိုးစားအားထုတ်မှုက သူ့ပတ်ဝန်းကျင်ကလူတွေ၊ ကိုယ့်ရည်မှန်းချက်ကို သားဖြစ်သူအပေါ် အတင်းဖိသွင်းတတ်တဲ့ဖခင်၊ ဝါသနာပါတာမလုပ်ရပဲ ဘေ့စ်ဘောပဲကစားနေတဲ့ မောင်ဖြစ်သူ၊ Sayaka ရဲ့ အချစ်ဆုံးသူငယ်ချင်း မိGyaruလေးတွေ၊ သူတို့ကျူရှင်မှာပဲလာအပ်ထားတဲ့ နာမည်ကျော်ရှေ့နေမျိုးရိုးရဲ့ သား မောင်Yankee(ကျောင်းလူမိုက်)လေး၊ နောက်ဆုံး ကိုယ့်ကိုကိုယ်ယုံကြည်မှုအားနည်းနေတဲ့ Tsubota ကိုယ်တိုင်ဆီမှာ လွှမ်းမိုးမှုတွေဖြစ်လာပါတော့တယ်။ တစ်ရက်မှာတော့ အင်္ဂလိပ်စာတစ်သက်မှာတစ်ခါမှမအောင်ဖူးတဲ့ Sayaka တစ်ယောက် အမှတ်၇၀ ထိရခဲ့ပြီးနောက်မှာတော့ … သူမအနေနဲ့ Keio တက္ကသိုလ်ရှေ့မှာ fresher ကျောင်းသူတစ်ယောက်အနေနဲ့ ဓာတ်ပုံရိုက်ခွင့်ကြုံနိုင်မလား .. ဆိုတာ ဆက်လက်စောင့်ကြည့်လိုက်ကြပါဦး။ ပုံမှန်တွေ့နေကျ အထက်တန်းကျောင်းနောက်ခံဂျပန်ဇာတ်ကားတွေနဲ့ တော်တော်လေးကွဲပြားနေတာကိုတော့ ဇာတ်လမ်းအကျဉ်းဖတ်ကြည့်ရုံနဲ့ သိနိုင်ပါတယ်။ ကိုယ်တိုင်မမြင်ဖူးတော့မသိပေမယ့် ဒီဇာတ်ကားထဲက မိန်းကလေးအထက်တန်းကျောင်းတွေနဲ့ Gyaru character တွေကိုသရုပ်ဖော်ပြမှုဟာ တော်တေ်ာလေးမှန်ကန်တယ်လို့ ဆိုကြပါတယ်။ ရုတ်တရက်ကြည့်ရင်တော့ စာစိတ်မဝင်စားပဲ အလှအပ၊အပျော်အပါးပဲမက်တဲ့ ပေါ့ပျက်ပျက်ကောင်မလေးကို အသိတရားရအောင်စာသင်ပေးတဲ့ဇာတ် လို့ ခေါင်းကြီးတပ်နိုင်ပေမယ့် အဓိကဇာတ်ကောင် ကောင်မလေး Sayaka ရဲ့ ကြီးပြင်လာပုံ ၊ ပြီးတော့ သူမရဲ့လက်ရှိမိသားစုအခြေအနေတွေပါထည့်တွက်ကြည့်လိုက်တော့ ခုနကလိုလွယ်လွယ်ပြောလို့မရတော့တာ တွေ့ရမှာပါ။ တစ်နေရာမှာတော့ ကျောင်းကအတန်းပိုင်ဆရာကနေ ကျူရှင်ဆရာ Tsubota ကိုလာပြီးသတိပေးတဲ့ဇာတ်ဝင်ခန်းတစ်ခန်းပါပြီး၊ ကျွန်တော်တို့အနေနဲ့သိပ်နားမလည်တဲ့ ကျူရှင်နဲ့ကျောင်းကြီးကြားက အားပြိုင်မှု၊ တက္ကသိုလ်ဝင်ခွင့်အားပြိုင်မှုတွေဘာတွေကို သရုပ်ဖော်ထားတာက သူတို့ပြည်တွင်းကလူတွေအနေနဲ့ ပိုrelateဖြစ်နိုင်မယ့် ဇာတ်လမ်းဇာတ်ကွက်မျိုးတွေလို့ ဆိုရမှာပါ။ ပိုပြီးသဘောကျစရာတစ်ချက်ကတော့ ပြသချိန်၂နာရီအတွင်းမှာ Sayaka ရဲ့ လေးတန်းအသိဉာဏ်နဲ့ အထက်တန်းကျောင်းသူလေးအဖြစ်ကနေ Keio ဝင်ခွင့်စာမေးပွဲကြီးဆီသို့သွားရာလမ်းအတိုင်း ကိုယ်ကိုယ်တိုင်ဘေးကလိုက်ပြီး၊ ဖြတ်သန်းခဲ့ရသလို ခံစားချက်မျိုး ပေးစွမ်းနိုင်တာပါ။ ဘယ်လိုပြောရမလဲ။ ကြည့်ရှုသူပရိသတ်အနေနဲ့ ဇာတ်လမ်းအစက Sayaka နဲ့ အဆုံးက Sayaka က တစ်ယောက်တည်းပေမယ့် ဘာတွေကွဲပြားသွားသလဲဆိုတာ အသေအချာမြင်နိုင်ပြီး၊ ဘာလို့ဒီလိုပြောင်းလဲသွားသလဲဆိုတာ သိနေတဲ့ပုံစံမျိုးပေါ့။ Sayaka တစ်ယောက်တည်းမဟုတ်ဘူး။ ပါဝင်တဲ့တစ်ခြားဇာတ်ကောင်တွေလည်း ဇာတ်လမ်းပြီးတဲ့အချိန်မှာ အနည်းငယ်စီကွဲပြားပြောင်းလဲသွားကြတဲ့ပုံစံလေးတွေ တွေ့ကြရမှာပါ။ ဒါကလည်း ဒါရိုက်တာ Doi Nobuhiro (Hanamizuki ၊ Kirin no Tsubasa) ရဲ့ ရိုက်ကူးမှုနဲ့ pacing တွေကို ချီးကျူးရမှာဖြစ်သလို Sayaka အဖြစ်ခေါင်းဆောင်ပါဝင်တဲ့ မင်းသမီး Arimura Kasumi (Strobe Edge)ရဲ့ သရုပ်ဆောင်စွမ်းရည်အပါဝင် တခြား ဇာတ်ပို့castတွေရဲ့ ကောင်းမွန်တဲ့performance တွေကြောင့်လည်း အများကြီးပါပါတယ်။ ရုပ်ရှင်ထဲမှာပဲကွာ ကြိုးစားရတာလွယ်မှာပေါ့ လို့ဆိုချင်ဆိုလိမ့်မယ်။ ဒါပေမယ့် တကယ်မဖြစ်နိုင်ဘူးလား။ ဖြစ်နိုင်တာပေါ့ ။ အပြင်မှာလည်း ဒီလိုမျိုးသာဓကတွေရှိတာပဲ ။ မှန်ကန်တဲ့သင်ကြားလမ်းပြမှု နဲ့ လက်တွေ့ကြိုးစားမှုနဲ့ ပေါင်းစပ်လိုက်ရင် အောင်မြင်တာ၊မအောင်မြင်တာ အသာထား ၊ ပြောင်းလဲမှုတစ်ခုခုကိုတော့ပြုလုပ်နိုင်စွမ်းရှိကြတာပဲ မဟုတ်လား။ ပြောရရင် ဒီဇာတ်လမ်းကိုယ်တိုင်ကိုက ကျူရှင်ဆရာတစ်ယောက်ဖြစ်တဲ့ Tsubota Nobutaka ရဲ့ ကိုယ်တွေ့ဖြစ်ရပ်မှန်လို့ဆိုတဲ့ စာအုပ်ကို ရိုက်ကူးထားတာပဲလေ။ ဘာပဲဖြစ်ဖြစ်ပါ။ ဒီဇာတ်ကားပြီးဆုံးသွားတဲ့အချိန်မှာ ကျန်ရစ်ခဲ့တဲ့ raw feeling လေးတစ်ခုနဲ့တင် လက်ရှိရောက်နေတဲ့နေရာကနေ နည်းနည်းပဲဖြစ်ဖြစ် ကြိုးစားချင်စိတ်လေးတစ်ခု ပေါ်လာမိလိမ့်မှာတော့ အသေအချာပါပဲ။ ။ #Samuri (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို myotaku.club မှ Samuri (Soe Nyein Oo) မှ တင်ဆက်ထားတာပါ။) File size…(1.3 GB)/(670 MB) Quality….BluRay 1080p/720p Format…mkv Duration….01:56:23 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Samuri

Thriller
7.4 2015 117 mins
Flying Colors
Polar
6.2

Comic Series တစ်ခုကိုအခြေခံရိုက်ကူးထားတာမို့ ကြည့်ရတာ အမြင်ဆန်းနေစေမယ့် အက်ရှင်ဇာတ်ကြမ်းကားဖြစ်ပါတယ် ၁၈+ခန်းတစ်ချို့နဲ့ ကြမ်းတမ်းတဲ့အသုံးအနှုန်းတွေ သွေးသံတရဲရဲ Gore တွေပါဝင်တာမို့ မိသားစုနဲ့မကြည့်ရှုသင့်ကြောင်းကိုတော့ စကားခံထားပါရစေ ဇာတ်လမ်းအကျဉ်းကတော့ ရရှားကြေးစားလူသတ်သမားအငှားဝန်ဆောင်မှုလုပ်ငန်းတစ်ခုမှာ အသက် ၅၀ ပြည့်ရင် ဘယ်လောက်လက်စွမ်းထက်နေပါစေ ပင်စင်ယူကိုယူရတဲ့စည်းမျဉ်းတစ်ခုရှိပါတယ် ဘလက်ကိုင်ဇာလို့နာမည်ကြီးတဲ့ ဒန်ကန်ဗစ်ဇလာက မကြာခင် အသက် ၅ဝပြည့်တော့မယ့် ထိပ်ထိပ်ကြဲ ကြေးစားတစ်ယောက်ဖြစ်ပါတယ် တစ်နေ့မှာတော့ သူ့လိုသက်တူရွယ်တူတွေ တစ်ယောက်ပြီးတစ်ယောက်အသတ်ခံရနေတာ ကြားလိုက်ရတဲ့အခါ... သက်ကြီးဝါကြီးကြေးစားတွေကို လိုက်သတ်နေတာဘယ်သူဖြစ်မလဲဆိုတာကို ဖော်ထုတ်ရပါတော့တယ်... ဒန်ကန်ဗစ်ဇလာအဖြစ် Mads Mikkelsen နဲ့အတူ High school musical ထဲကမင်းသမီး Vanessa Hudgens တို့ကပါဝင်သရုပ်ဆောင်ထားပါတယ် (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့  မေမြတ်သူ ပါ)

Comedy
6.2 2019 118 mins
Polar
D.E.B.S.
5.3

အမေရိကန်ကောလိပ်ဝင်ခွင့်စာမေးပွဲတစ်ခုဖြစ်တဲ့ SAT မှာလျှို့ဝှက်ထည့်သွင်းထားတဲ့စစ်ဆေးမှုတစ်ခုရှိနေပြီး အဲ့ဒီစစ်ဆေးမှုကို အောင်မြင်တဲ့လူတွေဆီကို D.E.B.S. လို့ခေါ်တဲ့သူလျှိုလေ့ကျင့်ရေးသင်တန်းကျောင်းက ဖိတ်ခေါ်မှုတွေရောက်လာလေ့ရှိပါတယ်။ အေမီကတော့ အဲ့ဒီလျှို့ဝှက်စာမေးပွဲမှာ အမှတ်အမြင့်ဆုံးနဲ့အောင်မြင်ထားပြီး သူပါဝင်တဲ့ တပ်ဖွဲ့ဟာလည်း ကျောင်းရဲ့ထိပ်တန်းနေရာမှာရှိနေပါတယ်။ ဒါပေမယ့်လည်း အေမီစိတ်ဝင်စားတာက ကျောင်းဆင်းတဲ့အခါ သူလျှိုလုပ်ငန်းထဲဝင်ဖို့ထက် အနုပညာကျောင်းတက်ဖို့ပါပဲ။ တစ်နေ့တော့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ လူစီဒိုင်းမွန်းလို့ခေါ်တဲ့ ဒုစရိုက်သမားတစ်ယောက်မြို့ထဲကိုပြန်ရောက်လာတာကိုစုံစမ်း ထောက်လှမ်းနေရင်း မမျှော်လင့်တဲ့အလွဲတွေနဲ့ အေမီနဲ့ လူစီဒိုင်းမွန်းတို့ထိပ်တိုက်တွေ့ကြပါတော့တယ်။ သူအဲ့ဒီမှာသိလိုက်ရတာက လူစီဟာ မိန်းကလေးချင်းစိတ်ဝင်စားသူတစ်ဦးဖြစ်နေတယ်ဆိုတာကိုပါပဲ။ လူစီက သူတို့အသိုင်းအဝိုင်းမှာ အလွန်ကြောက်ဖို့ကောင်းတဲ့ လူဆိုးတစ်ယောက်ဖြစ်ပါတယ်။ သူနဲ့ထိပ်တိုက်တွေ့ဆုံဖူးသူမှန်သမျှ အသက်ရှင်ကျန်ရစ်သူမရှိတာ၊ အလွန်ရက်စက်သွေးအေးတတ်တာ၊ သူ့အကြောင်းသေချာသိတဲ့သူရယ်လို့မရှိပဲ ဒဏ္ဍာရီဆန်ဆန်ပါးစပ်ပြောတွေနဲ့သာကြားဖူးနားဝရှိကြရတဲ့အထိလည်းလျှို့ဝှက်သူပါ။ အဲ့ဒီကြောက်စရာလူဆိုးမကြီးကိုမှ သူ့အနေနဲ့စိတ်လှုပ်ရှားခံစားသက်ဝင်မိသွားတယ်ဆိုတာ အေမီတစ်ယောက်သိလိုက်ရတဲ့အခါမှာတော့..။ D.E.B.S ဟာဒီခေတ်လို GL တွေ BL တွေ ပေါပေါများများခေတ်မစားသေးခင်က ထွက်ခဲ့တဲ့ရှေ့ဆောင်လမ်းပြဖြစ်ခဲ့တဲ့ချစ်စရာ GL ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ထွက်ရှိခဲ့ချိန်ကစလို့ အခုချိန်ထိ LGBT community တွေရဲ့အစီအစဉ်နဲ့အထူးပွဲတွေပြနေတုန်းပါပဲ။ဘာကိုမှ Serious မထားပဲပေါ့ပေါ့ပါးပါးအချိန်ဖြုန်းချင်စရာ ပျော်စရာဇာတ်ကားလေးလည်းဖြစ်ပါတယ်။ ဇာတ်ကားမှာဦးဆောင်ပါဝင်ခဲ့သူတွေဟာ အခုချိန်မှာ နာမည်ကျော်တွေအဖြစ်တန်းဝင်နေကြပြီဖြစ်ပြီး သူတို့ရဲ့ငယ်ဘဝအလှပုံရိပ်လေးတွေကို တစ်ဝကြီးတွေ့ရမှာပါ။ အနည်းဆုံးတော့ စကီအလန်းလေးတွေ စကပ်အတိုလေးတွေဝတ်ပြီး ပြေးလွှားလှုပ်ရှား ဖိုက်တင်ချကြတာကိုက အတော်ကြည့်ကောင်းနေပြီဖြစ်ပါတယ်။ (တလောက ဖေစ့်ဘုတ်မှာခေတ်စားနေတဲ့ Devon Aoki ရဲ့စီးကရက်ခဲပြီး သေနတ်တွေပစ်နေတဲ့ video clip လေးကလည်း ဒီကားထဲကပါပဲ)

5.3 2004 91 mins
D.E.B.S.
[18+] The Woman Upstairs

****************************** အလုပ်မရှိဘဲ အိမ်မှာပဲ WFH နေသလိုလို စတော့ရှယ်ယာတွေကိုပဲ ရင်းနှီးမြှုပ်နှံသလို ဘာလိုလို ညာလိုလိုနဲ့ ဝမ်းမထိန်းနိုင်ရောဂါဖြစ်နေတဲ့ ချာဒိုဟွမ်ဆိုတဲ့သူ တစ်ယောက်ရှိတယ် တိုက်ခန်းပိုင်ရှင်ကအစ လုံခြုံရေးဦးလေးကြီးအဆုံး ချာဒိုဟွမ်ကို အလုပ်မရှိ အကိုင်မရှိ ပိုက်ဆံမရှိ‌တဲ့ သူဆိုပြီး အထင်သေးပြီး ချဉ်နေကြတာပေါ့ တစ်နေ့မှာ ချာဒိုဟွမ်တို့ တိုက်ခန်းအပေါ်ထပ်ကို အင်ဂယောင်းဆိုတဲ့ ကောင်မလေးတစ်ယောက် ပြောင်းလာခဲ့တယ် ‌သူပြောင်းလာတဲ့ နေ့ကစပြီး‌တော့အ‌ပေါ်ထပ်မှာ တဒုန်းဒုန်းတဒိုင်းဒိုင်းနဲ့ ဆူညံနေလို့ အောက်ထပ်က ချာဒိုဟွမ်တစ်ယောက် စိတ်တွေ ညစ်တာပေါ့ အလုပ်ကလည်း အဆင်မပြေ ဝမ်းကလည်း တဗြွတ်ဗြွတ်ဆိုတော့ တစ်ညမှာ လုံးဝမနေနိုင်တော့လို့ အပေါ်ထပ်ကို သွားပြီး ငြိမ်ငြိမ်နေပေးဖို့ ပြောမယ်ဆိုပြီး သွားလိုက်တဲ့အခါမှာ တံခါးက မခတ်ထားတာတွေ့ရတယ် အဲဒါကြောင့် အခန်းထဲကို ဝင်ကြည့်လိုက်တဲ့ အခါမှာတော့ …. ဘာတွေ ဆက်ဖြစ်မလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုအားပေးလိုက်ကြပါဦးနော် File Size : 1.5GB& 682MB Quality : WEB-DL1080p,720p Format…mp4 Duration…01:26:00 Genre : Adult, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ‌SD Encoded by DS

0 2014
[18+] The Woman Upstairs
Yojimbo
8.2

IMDb rating – 8.2 ဒီ​ရုပ်ရှင်​ကတော့ ဂျပန်​ဂန္တဝင်​ဒါရိုက်တာ​ Kurosawa Akira ရဲ့ နာမည်​ကျော်လက်ရာဖြစ်တဲ့ Yojimbo​ ဖြစ်ပါတယ်။ Rashomon (1950) Ikiru (1952) Seven Samurai (1954) နဲ့ Ran (1985) တို့လို​ရုပ်​ရှင်​တွေကို ရိုက်ကူး​ခဲ့​တဲ့​Kurosawa ရဲ့ ၂၁ ကားမြောက်​ဇာတ်ကား​ဖြစ်​ပါတယ်။ ဟောလီးဝုဒ်ဂန္တဝင်ရုပ်ရှင်များ ဖြစ်တဲ့ Dollars Trilogy ရဲ့ ပထမဆုံး​ရုပ်ရှင် A Fistful of Dollars က ဒီဇာတ်ကားကို Remake ပြုလုပ်ထားတာဖြစ်ပါတယ်။ အဖြူ​အမည်းရုပ်ရှင်ဖြစ်တဲ့ Yojimbo​ ဟာ ၁၉၆၁ ကထွက်ရှိခဲ့ပြီး အနောက်​တိုင်း​ရုပ်ရှင်​တွေအပေါ်မှာ လွှမ်း​မိုးမှုကြီးခဲ့ပါတယ်။ Clint Eastwood ရဲ့ နာမည်​ကျော်​ကောင်းဘွိုင်ဇာတ်ကောင် The​ Man with No Name ကနေ Star Wars နဲ့ Last Man Standing ရုပ်ရှင်​တွေအထိ ဒီဇာတ်ကားရဲ့သြဇာမကင်းတာ တွေ့နိုင်ပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့ Edo ခေတ်နှောင်းပိုင်းလောက်မှာ အမည်​မသိရတဲ့ လေလွင့်​ Ronin တစ်ဦး မြို့​လေးတစ်မြို့ကိုရောက်လာရာကနေ အစပြုပါတယ်။ ရိုနင်ဆိုတာ ခစားတဲ့သခင်မရှိဘဲ ခြေဦးတည့်ရာကိုလေလွင့်သွားလာနေတဲ့ ဆာမူရိုင်း​ကိုဆိုလိုပါတယ်။ မြို့​ရောက်​ပြီးမကြာခင် ဒီမြို့​လေးမှာ ရာကူဇာဂိုဏ်းနှစ်ဂိုဏ်း အပြိုင်ကြီးစိုးပြီး သောင်းကျန်းနေတာကြောင့် မြို့​လည်းကပ်ဆိုက်လုမတတ် ပျက်စီး​ယိုယွင်း​နေတာကိုသိလိုက်ရပါတယ်။ လောင်း​ကစားလုပ်ငန်းအတွက် နယ်​မြေလုရင်း တစ်ဂိုဏ်းနဲ့တစ်ဂိုဏ်း အပြတ်ချေမှုန်းဖို့ ရန်​စောင်နေကြတာကို ဆာမူရိုင်းသိလိုက်ချိန်မှာတော့ နှစ်ဂိုဏ်းလုံးကိုအပြတ်ရှင်းဖို့ ဆုံးဖြတ်​လိုက်​ပါတော့တယ်။ Edo ခေတ်​အဆုံး​ Meiji ခေတ်မတိုင်ခင်မှာ ဇာတ်​အိမ်​တည်ထား​တဲ့ ဒီရုပ်ရှင်​ဟာ မြေရှင်​ပဒေသရာဇ်​ခေတ် ဂျပန်​နိုင်ငံ​ကိုအခြေပြုထားပေမဲ့ Cinematography​ ကိုတော့​ ဟောလီးဝုဒ် Western ရုပ်ရှင်​ဆန်​ဆန် မြင်​ကွင်း​ကျယ်​များနဲ့​ရိုက်​ကူး​ထားပြီး​ မူလဇာတ်​လမ်း​ကလည်း အနောက်​တိုင်း​ဝတ္ထု​တစ်ပုဒ်ကို မှီတည်ထားတာဖြစ်ပါတယ်။ ဒါကြောင့်​လည်း ဆာမူရိုင်း​နေရာမှာ မြင်းစီးကောင်း​ဘွိုင်၊ Katana ဓား​နေရာ​မှာ သေနတ်​ပြောင်းပြီး ဟောလီးဝုဒ်​က Remake​ရိုက်ကူး​အောင်မြင်​သွားခဲ့တာဖြစ်နိုင်ပါတယ်။ ဂန္တဝင်​ဇာတ်ကား​ဖြစ်တာမလို့ အကျယ်ပြောနေစရာမလိုဘဲ Kurosawa ရဲ့​ရုပ်ရှင်​တွေကို မြည်း​စမ်း​ချင်သူတွေအတွက် ပထမဆုံး​ကြည့်ရှုသင့်တဲ့ ဇာတ်ကား​တွေထဲက တစ်ကားဖြစ်ပါတယ်။ File size…(1.8 GB)/(870 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:50:00 Genre…Action, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Wolfenhein

8.2 1961
Yojimbo
In Her Room
5

In Her Room ( 2023 ) In Her Roomဟာ Mysteryဆန်ဆန် ကားလို့ပြောရမယ်။ ဂျပန် Mysteryကားတွေဟာ ဂျပန်ကားတွေရဲ့ ပင်ကိုငြိမ်သက်ခြင်းနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ဘယ်လိုအရသာမျိုးထွက်လာလဲ ဂျပန် Mystery , Thrillerကားတွေ ကြည့်ဖူးတဲ့ လူတွေသိကြမှာပါ။ In Her Roomဆိုတဲ့အတိုင်း ဒီကားရဲ့ ပဟေဠိကတော့ ကောင်မလေးတစ်ယောက်ရဲ့ အခန်းထဲက ပဟေဠိပေါ့။ လူမှုဆက်ဆံရေးသိပ်မကျင်လည်တဲ့ သွားဆရာဝန်ကောင်လေးဟာ မိယာခိုဆိုတဲ့ ကောင်မလေးကို ချစ်မိနေတယ်။ ဒီကောင်မလေးက ထူးထူးဆန်းဆန်းအကြောင်းအရာတွေကို စိတ်ဝင်စားစရာကောင်းအောင် ပြောတတ်တယ်။ အတွင်းစိတ်နဲ့ပတ်သက်တဲ့ အရာတွေပေါ့။ ကောင်လေးကတော့ မိယာခိုက သူ့ကိုယ်သူနားမလည်တာတွေကိုတောင် နားလည်တယ်လို့ ယုံနေတယ်။ တစ်နေ့ကျ မိယာခိုရဲ့ သူငယ်ချင်းက မိယာခိုရဲ့ လျှို့ဝှက်ချက်တွေကို ပြောပြမယ်ဆိုပြီး စကားစလာတယ်။ ဒီလိုနဲ့ ကောင်လေးက မိယာခိုအခန်းထဲက လျှို့ဝှက်ချက်တွေကို သိလာရတယ်။ သူချစ်မိနေတဲ့ သူနားမလည်နိုင်တဲ့ကောင်မလေးကို ဒီကောင်လေး ဆက်ချစ်မလား စွန့်ခွာသွားမလား မြင်ရလိမ့်မယ်။ လိင်မှုခန်းတွေပါတာမို့ မိသားစုနဲ့မကြည့်သင့်ပေမဲ့ ဂျပန်မင်းသမီး Baba Fumikaနဲ့ Kawai Yuumiတို့ရဲ့ ကွဲပြားတဲ့ အလှနှစ်ခုလုံးကို မြင်တွေ့ရမှာဆိုတော့ တစ်ယောက်တည်းတော့ ကြည့်သင့်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ ) File size_(1.7GB)/(800MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_02:01:00 Genre_Asian, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by W

Drama
5 2023 136 mins
In Her Room
Bu Tejo Sowan Jakarta
6.2

ဒီတစ်ခါကတော့ အင်ဒိုနီးရှားဟာသကားလေးနဲ့ မိတ်ဆက်‌ ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ တယ်ဂျိုတို့မိသားစုမှာ မိခင်ဖြစ်သူကတော့ရွာထဲက အမျိုးသမီးခေါင်းဆောင်လို့ ဆိုရမလားပဲ။ အိမ်ထောင်သည် အမျိုးသမီးတွေကို ဦးဆောင်ပြီး တစ်နှစ်တစ်ခါခရီးထွက်မယ့် အကြောင်းတိုင်ပင်နေကြတယ်။ ဘယ်မြို့ကဘယ်လိုကောင်းကြာင်း တစ်ယောက်တစ်ပေါက်တိုင်ပင် နေတုန်းမှာ သားဖြစ်သူတက်ဒီကဂျာကာတာမြို့ကနေ ပြန်လာတယ်။ အနေဝေးနေတဲ့ သားအိမ်ပြန်ရောက်တော့ တစ်မိသားစုလုံး ပျော်ကြတာပေါ့။ ရောက်တဲ့နေ့မှာပဲ တက်ဒီကသူအိမ်ထောင် ပြုတော့မယ့်အကြောင်းပြောပြတယ်။ အဖေဖြစ်သူက သဘောတူပေမယ့် အမေဖြစ်သူကတော့ သူသားနဲ့လက်ထပ် မယ့်သူကလူမျိုးမတူတဲ့ တရုတ်လူမျိုးဖြစ်နေတော့ သူ့အပေါင်း အသင်းဘေးပတ်ဝန်းကျင်က ဝေဖန်မှာကိုမခံနိုင်လို့သဘော မတူဘူးဖြစ်နေတယ်။ မနက်ဈေးထွက်ဝယ်တော့ တက်ဒီက သူအမေနောက်ကိုမသိမသာလိုက်သွားပြီး သူ့အမေအပေါင်း အသင်းတွေကို သူစေ့စပ်တော့မယ်ဖြစ်ကြောင်း သူ့စေ့စပ်ပွဲက ဂျာကာတာမြို့မှာလုပ်မယ့်အကြောင်း လိုက်မယ်ဆိုရင်လည်း စီစဉ်ပေးနိုင်ကြောင်း ပြောပြလိုက်တဲ့အခါမှာတော့…. File size…2.40GB / 1.07B Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 33m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

6.2 2024 93 mins
Bu Tejo Sowan Jakarta
Escape Plan 2: Hades
3.9

Escape Plan 2: Hades (2018) ဒီဇာတ်ကားဟာ ဒိတ်ဒိတ်ကြဲအက်ရှင်မင်းသားကြီးဖြစ်တဲ့ စတားလုံးနဲ့အာနိုးတို့နှစ်ဦး ပါဝင်သရုပ်ဆောင်ထားတဲ့ 2013 ခုနှစ်ထွက် Escape Plan ရဲ့နောက်ဆက်တွဲဇာတ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ မင်းသားကြီးအာနိုးပါဝင်မှာမဟုတ်တော့ဘဲ Guardian of the Glaxy မှာ Drax အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့သူ WWE အကျော်အမော် Dave Bautista က စတားလုံးနဲ့အတူ အတွဲညီညီပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် နာမည်ကျော် အမေရိကန် Rapper ကြီး “50 cent” နဲ့ တရုတ်မင်းသား Huang Xiaoming တို့လည်းပါဝင်ထားပါတယ်။ Escape Plan ၃ ကားလုံးကို 4K Quality နဲ့ ဒီမှာ https://www.channelmyanmar.to/?s=escape+plan+stallone ဒေါင်းလို့ရပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Ray Breslin ဟာ ထောင်ကိုဖောက်ထွင်းပြီးအရေးကြီးတဲ့လူတွေကို ကယ်တင်ဖို့အတွက် အထူးလေ့ကျင့်ထားတဲ့ အဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင်တစ်ဦးပါ။ တစ်ရက်မှာသူ့ရဲ့ယုံကြည်ရသူတစ်ဦးဖြစ်တဲ့ Shu Ren ဆိုသူဟာ Hades လို့ခေါ်တဲ့ ကမ္ဘာ့အတင်းကျပ်ဆုံးထောင်ထဲမှာ ပျောက်ဆုံးသွားတာကြောင့် သူ့ရဲ့အဖွဲ့ကိုပြန်ဖွဲ့စည်းပြီး ကယ်ဆယ်ဖို့ကြိုးစားပါတော့တယ်…..။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို d3mon မှတင်ဆက်ထားပါတယ်။)

3.9 2018
Escape Plan 2: Hades
Girl Haunts Boy
6.5

Girl Haunts Boy ကတော့ Michael Cimino နဲ့ Peyton List တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဆယ်ကျော်သက်လေးနှစ်ယောက်ရဲ့ လွမ်းမောစရာအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးကြည့်ရှုလို့ရမယ့်အချစ်ကားလေးဖြစ်ပြီး Fantasy ၊ Romance နဲ့ Comedy အမျိုးအစားဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာ ဖခင်ဆုံးပါးသွားတဲ့ခိုးလ်ဟာ အမေနဲ့အတူ အိမ်ဟောင်းကြီးတစ်ခုကိုပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ ခိုးလ်ရဲ့အိပ်ခန်းသစ်ထဲမှာ ဘီးဆိုတဲ့ရာစုနှစ်သက်တမ်းရှိတဲ့ သရဲမ ချောချောလေးနဲ့တွေ့ဆုံခဲ့ပြီး အထီးကျန်နေတဲ့ခိုးလ်အတွက် ကြီးမားတဲ့စိတ်ခွန်အားဖြစ်စေခဲ့တာကြောင့် ခိုးလ်ဟာ ဘီးကို ချစ်မိသွားခဲ့ပါတယ်။ ဒါပေမဲ့ ခိုးလ်ရဲ့သူငယ်ချင်းလီဒီယာရဲ့ကူညီမှုကြောင့် ဘီးဟာ ကျိန်စာသင့်နေတာဖြစ်ပြီး ကျိန်စာကလွတ်မြောက်အောင်လုပ်လို့ ရတဲ့နည်းလမ်းရှိတယ်ဆိုတာသိလိုက်ရချိန်မှာတော့ ခိုးလ်တစ်ယောက် ဘီးကိုချစ်တဲ့စိတ်နဲ့ဆွဲခေါ်ထားမှာလား၊ လွတ်မြောက်ရာကိုထွက်သွားခွင့် ပေးမှာလားဆိုတာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…1.32GB / 788MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 40m Genre ….. Fantasy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

Comedy • Drama
6.5 2024
Girl Haunts Boy
Nonnas
7

ဇာတ်ကားနာမည်ကို မြင်ပြီး ကိုရီးယားက နူနားတွေလို့ မထင်လိုက်ပါနဲ့ဦး။ Nonnaဆိုတာ အီတလီလို အဘွားလို့ ခေါ်တာပါ။ ဂျိုးဟာ ငယ်စဉ်ကတည်း အမေနဲ့ အဘွားတို့နဲ့ ကြီးပြင်း လာခဲ့ရပြီး အမေနဲ့ အဘွားတို့ ချက်ကျွေးတဲ့ အီတလီ ဟင်းလျာတွေဟာ သူ့ရဲ့ soul food တွေဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ အသက်တွေကြီးလာပြီး ဂျိုးရဲ့အမေဆုံးသွားချိန်မှာ ဂျိုးဟာ အမေ့ရဲ့ အသက်အာမခံပိုက်ဆံတွေကို အရင်းပြုပြီး အီတလီစားသောက်ဆိုင်တစ်ခု ဖွင့်ဖို့ကြိုးစားခဲ့ပါတယ်။ သူဖွင့်ချင်တာ သာမန်စားသောက်ဆိုင်မျိုးမဟုတ်ဘဲ အီတလီအဘွားတွေကိုယ်တိုင်ချက်ပြုတ်ပေးတဲ့ မိသားစု ဆန်ဆန်စားသောက်ဆိုင်လေးတစ်ခုပါ။ သူ့ရဲ့ရည်ရွယ်ချက်က အကြောင်းအမျိုးမျိုး‌ကြောင့် ချစ်ရတဲ့ မိသားစုဝင်‌တွေအနားမှာမရှိကြတော့တဲ့ သူတွေအတွက် မိသားစုအရသာ၊ အမေ့လက်ရာ၊ အဘွားလက်ရာကို ပေးစွမ်းနိုင်မဲ့ စားသောက်ဆိုင် တစ်ခုဖြစ်စေဖို့ပါပဲ။ ဒီလိုနဲ့ နီးစပ်ရာ အီတလီ အဘွားတွေနဲ့အတူ အန်နိုတက် ကာမာရီယာဆိုတဲ့ စားသောက်ဆိုင်လေးကို စတင်ဖွင့်လှစ် ခဲ့ပုံအကြောင်းရိုက်ကူးထားတာပါ။ ဒီရုပ်ရှင်က ဖြစ်ရပ်မှန်အပေါ် အခြေတည်ရိုက်ကူးထားတာ ဖြစ်ပြီး နှလုံးသားကိုပါ နွေးထွေးတဲ့ ခံစားချက်လေးတစ်ခု ပေးစွမ်းနိုင်တာမလို့ တစ်ခါလောက်တော့ ကြည့်သင့်တဲ့ ဇာတ်ကားဖြစ်တယ်လို့ ညွှန်းလိုက်ချင်ပါတယ်။ ဒီရုပ်ရှင်လေးကိုကြည့်ပြီးရင်တော့ အမေ့လက်ရာ အဘွားလက်ရာ အစားအစာတွေကို တောင့်တမိမှာ အသေအချာပါပဲ။ File size… (1.18GB) / ( 730 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 51m Genre …..Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

7 2025 112 mins
Nonnas
Sarangapani Jathakam
5.3

Sarangapani Jathakam (2025)”ဆူးပုံနင်းတဲ့မျက်ကန်း” ============================================= စီအမ်ပရိသတ်တွေ ပေါ့ပေါ့ပါးပါး ခံစားနိုင်ဖို့ တော်တော်လေးရယ်ရပြီး စိတ်ဝင်စားစရာလည်းကောင်းတဲ့ တေလေဂူးစကားပြော ဟာသဒရာမာရုပ်ရှင်လေးတစ်ခုကို စီအမ်ဘီတီးမ်ကနေ တင်ဆက်ပေးချင်ပါတယ်။ ဆာရန်ဂါဟာ ဗေဒင်တွေ၊ ဇာတာခွင်တွေကို မျက်စိမှိတ်ယုံကြည်တဲ့ ကားကုမ္ပဏီဝန်ထမ်း အရောင်းသမားတစ်ယောက်ဖြစ်ပါတယ်။ ဗေဒင်ဆိုရင် မျက်စိမှိတ်ယုံရလောက်တဲ့ထိ သူတသက်လုံး မေးခဲ့တဲ့ဗေဒင်တိုင်းကလည်း သူ့အတွက် ဟောချက်တွေမှန်ခဲ့ပါတယ်။ ဗေဒင်ရဲ့ကျေးဇူးနဲ့ပဲ သူတို့ရုံးက ချောပေ့လှပေ့ဆိုတဲ့ အထက်လူကြီး စီနီယာဘော့စ်မမကို ရည်းစားတော်ထားခွင့်ရတဲ့ဖိုးကံကောင်းလေးပေါ့။ အဲဒီလို ဗေဒင်ကြောင့် တစ်ဘဝလုံး အဆင်ချောလာနေရင်းကနေ ကလပ်တစ်ခုမှာ မတော်တဆတွေ့တဲ့ ဟောချက်တွေအင်မတန်မှန်တယ်ဆိုတဲ့ လူထူးဆန်း လက္ခဏာဆရာတစ်ယောက်က ဆာရန်ဂါ့ကို လူသဝာ်သမားဖြစ်မယ့်လက္ခဏာပါတယ်လို့ ဟောသွားတဲ့အခါမှာတော့ ဗေဒင်ဆိုရင် မျက်စိမှိတ်ယုံကြည်တဲ့ ဆာရန်ဂါတယောက် ကမူးရှူးထိုးနဲ့ ကြုံရာလူတစ်ယောက်ကိုသဝာ်ပြီး ယတြာချေဖို့ကြိုးစားရာကနေ တလွဲတချော်တွေကြုံရပုံကို အခွီတလိုင်း မြင်တွေ့ခံစားကြရမှာဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

5.3 2025 133 mins
Sarangapani Jathakam
Li Nou’s Dream
5.6

ဒီတစ်ခေါက်မှာတော့… အိပ်မက်နောက်ကို လိုက်နေတဲ့ လူတစ်ယောက်အကြောင်းကို အခြေခံရိုက်ကူးထားတဲ့ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဒီကားလေးထဲမှာ ဆန်ကုန်မြေလေးဖြစ်နေတဲ့ သားနဲ့ တစ်ဗျစ်တောက်တောက်ပြောနေတဲ့ အဖေကြီးကြားက ပြဿနာကတော့ သူ့အမေဆုံးသွားတဲ့ကိစ္စနဲ့ သူ့သားအလုပ်အတည်တကျမလုပ်တဲ့ကိစ္စကြောင့်ပါပဲ… ဟုတ်ပါတယ်… သူ့သားကဘယ်လောက်တောင်လဲဆိုရင်တော့… ဒယ်လီသမားလုပ်ပါတယ်ဆိုမှ တစ်ခါမှလည်း အော်ဒါအချိန်မှန်မပို့နိုင်… လျှပ်စစ်ဘီးလေးလည်း ခဏခဏ ပြင်နေရတယ်.. နောက်ဆုံးတော့ အလုပ်ပြုတ်သွားတာပေါ့… သူက ဘာဝါသနာပါလဲဆိုတော့ လက်ဝှေ့ထိုးတာပေါ့… ဒါပေမယ့်လည်း တစ်ချိန်က လက်ဝှေ့သမားဖြစ်ခဲ့တဲ့ သူ့အဖေက ဆန့်ကျင်နေခဲ့တယ်… ဘာကြောင့် ဆန့်ကျင်ရတာလဲ…နောက်ပြီး တကယ်ပဲ လက်ဝှေ့သမားအဖြစ်ရော ရေရှည်လုပ်နိုင်ပါ့မလားဆိုတာကတော့ ဇာတ်ကားလေးကြည့်လိုက်တော့နော်…

Action • Crime
5.6 2024
Li Nou’s Dream