YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

The.Thing.About.Pam.S01E05.Shes.Not.Who.You.Think.She.Is.1080p.(CM).mp4

820.3 MB 1080p video/mp4 3 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Faithfully Yours
6.3

IMDb Rating - 5.5/10 အိမ်ထောင်ရှိတဲ့ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက် Bodil နဲ့ Isabel၊ သူတို့ယောကျ်ားတွေ မသိအောင် ဖောက်ပြန်ဖို့ Belgian ကမ်းခြေဆီ ပိတ်ရက် ခရီးထွက်သွားကြတယ်။ ကမ်းခြေမှာ တစ်ယောက်တစ်နေ ရာဆီ လျှောက်သွားပြီး ပျော်ရင်း သူတို့ယောကျ်ားတွေကိုတော့ အတူ တူရှိနေကြောင်း လိမ်ဖို့ အစီအစဥ်နဲ့​ပေါ့။ Isabel ရဲ့ ယောကျ်ားက သူ့ မိန်းမကို စိတ်မချလို့ ဖုန်းမှာ GPS တပ်ထားတယ်။ အဲဒါကို သိတဲ့ Isabel က သူ့ဖုန်းကို Bodil ဆီ ပေးထားပြီး Bodil ကလည်း Isabel ယောကျ်ား ဆီ ဓာတ်ပုံတွေပို့ရင်း အိမ်မှာရှိနေကြောင်း Isabel ဟန်ဆောင်ပြီး လိမ် တာပေါ့။ ဒါပေမဲ့ Bodil တခြားယောကျ်ားတစ်ယောက်နဲ့ ကမ်းခြေသွားအပြီး အိမ် ပြန်တော့ ကြမ်းပြင်မှာ သွေးတွေရွှဲပြီး Isabel ​ပျောက်သွားတာကို သိရ တယ်။ သူတို့ယောကျ်ားနှစ်ယောက်လည်း အဲဒီအိမ်ကို လိုက်လာပြီး ​ရဲ တွေကစစ်ဆေးတော့ Bodil လိမ်ရင်း လိမ်ရင်းနဲ့ သူ့အလိမ်တွေကြားရှုပ် ကုန်တော့တယ်။ နောက်ပိုင်း Isabel အသတ်ခံလိုက်ရတာဖြစ်ကြောင်း သိလိုက်ရချိန်မှာတော့ Bodil ဘယ်လိုတွေ ဖြေရှင်းရမလဲ၊ တရားခံက ဘယ်သူလဲ၊ ဘာတွေဆက်ဖြစ်မလဲဆိုတာကို သံသဃတွေနဲ့ ​ကြည့်ရှုရမယ့် Mystery ဇာတ်လမ်းကောင်းတစ်ပုဒ် ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်) File Size..........(1.2 GB) / (544 MB) / (311 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 35Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller Translator.......Thwal Htoo Zin Encoder..........SWM

Comedy
6.3 2022 96 mins
Faithfully Yours
Joy Ride
7

ပွင့်လင်းမြင်သာတဲ့အဖော်အချွတ်တစ်ချို့ပါလို့ မိသားစုနဲ့အတူမကြည့်သင့်ပါကြောင်း.... ကဲ ဘာဘီနဲ့အတူထွက်ရှိလာတဲ့ joy ride ဆိုတဲ့ဇာတ်ကားလေးကို တောင်းဆိုနေတဲ့သူတွေအတွက် ရပါပြီနော်။ ဇာတ်လမ်းအကျဥ်းကတော့ အသက်၂၉နှစ်အရွယ်ရှိတဲ့ အော်ဒရီဆိုတဲ့သူဟာ ငယ်ငယ်လေးတည်းက အမေရိကမှာမွေးစားဖို့အပို့ခံခဲ့ရတဲ့ တရုတ်လူမျိုးတစ်ယောက်ဖြစ်ပြီးတော့ လက်ရှိမှာ ရှေ့နေ့ကုမ္ပဏီတစ်ခုမှာအလုပ်လုပ်နေပါတယ်။ အမေရိကမှာနေပြီး သူ့လိုပဲတရုတ်လူမျိုးဖြစ်တဲ့ လိုလိုဆိုတဲ့သူငယ်ချင်းတစ်ယောက်လည်းရှိပါတယ်။​ လိုလိုကတော့ sex organ တွေကို ပန်းချီဆွဲပြီးဖော်ပြရတာကို အရမ်းသဘောကျတဲ့သူပါ။​ လူတွေကို ဖုံးကွယ်ထားသင့်တဲ့ခန္ဓာအစိတ်အပိုင်းတွေနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိစေချင်တယ်ဆိုတာက သူ့ရဲ့ရည်ရွယ်ချက်ပါ။ တစ်ရက်မှာတော့ အော်ဒရီဟာ အလုပ်ကိစ္စနဲ့ သူ့ရဲ့မွေးရပ်မြေလို့သိထားတဲ့ တရုတ်ပြည်ကို လိုလိုနဲ့အတူခရီးထွက်ဖို့ဖြစ်လာပါတယ်။ လိုလိုက ခရီးမှာ သူ့ရဲ့တစ်ဝမ်းကွဲညီမဖြစ်တဲ့ ဒတ်အိုင်းကို အပါခေါ်လာခဲ့ပါတယ်။​ တရုတ်ကိုရောက်တော့ အော်ဒရီရဲ့သူငယ်ချင်းဖြစ်တဲ့ တရုတ်ပြည်မှာသရုပ်ဆောင်မင်းသမီးလုပ်နေတဲ့ ကတ်နဲ့တွေ့ကြပါတယ်။ ဒီလိုနဲ့လေးယောက်က အတူနေဖို့ဖြစ်လာကြပါတယ်။ တစ်ယောက်ချင်းစီရဲ့အကျင့်စရိုက်က ကွဲပြားခြားနားကြတာကြောင့် မကြာခဏရန်ဖြစ်ကြရင်းနဲ့ အလွဲတွေလုပ်ကြ၊ ပြန်ပြေလည်ကြနဲ့ ချစ်စရာကောင်းတဲ့သူတို့လေးယောက်ကြားက ဆက်ဆံရေးကိုရိုက်ပြထားတာပါ။ တရုတ်ယဥ်ကျေးမှုနဲ့ပတ်သက်ပြီးလည်း အများကြီးဖော်ပြထားပြီး လူမျိုးရေးခွဲခြားတတ်တာတွေပါ ပွင့်ပွင့်လင်းလင်းရိုက်ပြထားတဲ့ Asian-American, comedy ဇာတ်ကားအမျိုးအစားဖြစ်ပါတယ်။ ပြောရရင်တော့ ပေါ့ပေါ့ပါးပါးသူငယ်ချင်းဇာတ်ကားလေးလည်းကြည့်ချင်တယ်၊ ခွီလည်းခွီချင်တယ်၊ ဗဟုသုတလည်းရချင်တယ်ဆိုရင်ဖြင့် ဒီဇာတ်ကားလေးကိုကြည့်သင့်ပါကြောင်း... File size…1.5GB/ 666MB Quality… WEB-DL1080P / 720p Format…mp4 Duration….1h 38m Genre ….. Comedy, Drama Subtitle….Myanmar Subtitle (Hard Sub) Encoder… Phyo Pyae Translated by Yee Wai

7 2023 95 mins
Joy Ride
Revenge
6.4

IMDb Rating (6.4) / Rotten Tomatoes (93%) Thriller ဇာတ်ကားတွေကိုမှ ကြိုက်နှစ်တတ်သူတွေအတွက် I spit on your grave ဇာတ်ကားတွေလို ခပ်ကြမ်းကြမ်းဇာတ်ကားတစ်ကားကို တင်ဆက်လိုက်ပါတယ်။ ပြင်သစ်စကားပြောဒီဇာတ်ကားက အီတလီမော်ဒယ်မင်းသမီးနဲ့  ဘယ်လ်ဂျီယမ်မင်းသားတို့လို ပေါင်းစပ်မှုတွေနဲ့ တမူတော့ထူးခြားပါတယ်။ မိန်းကလေးတစ်ယောက်ထဲနဲ့ ဘဲကြီး ၃ ကောင်တို့ ပြေးတမ်းလိုက်တမ်းကစားကြမယ့်ပွဲမှာ ထုံးစံအတိုင်း အားနည်းတဲ့ဖက်ကတော့ အနိုင်ကျင့်ခံရစမြဲပါပဲ... ဒါပေမယ့် လွယ်လွယ်လက်လျော့မပေးတတ်ဘဲ အရေးကြုံလာရင် မိမိအသက်အတွက် ဉာဏ်ကိုအခြေပြုလို့ ပြန်လည်တိုက်ခိုက်လာတဲ့အခါမှာတော့.... Revenge ဆိုတဲ့ ဇာတ်ကားနာမည်အတိုင်း ဘယ်လိုတွေလက်စားပြန်ချေမလဲဆိုတာ......။ File size…(1.8 GB) /(900 MB) Quality….BluRay 1080p HEVC/720p Format…mkv/mp4 Duration….01:48:29 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Thuya Zarni Aung

Crime • Drama • Mystery
6.4 2017 109 mins
Revenge
The Grand Budapest Hotel
8.1

IMDb - 8.1/10_____Rotten - 91% Won 4 Oscars. Another 130 wins & 225 nominations. ဒီရုပ်ရှင်အကြောင်းမပြောခင် ဒီရုပ်ရှင်ကားနဲ့ ရခဲ့တဲ့ Award တွေ အရင်ပြောပြပါမယ်... 1. Best Achievement in Costume Design 2. Best Achievement in Makeup and Hair styling 3. Best Achievement in Music Written for Motion Pictures, Original Score 4. Best Achievement in Production Design ဆိုတဲ့ အော်စကာ ဆု လေးဆု ရရှိခဲ့ပြီး တစ်ခြား Award များစွာကိုလဲ ရရှိပိုင်ဆိုင်ထားပါတယ်... ဒီရုပ်ရှင် ကြည့်နေတုန်းမှာ မျက်လုံးကို အနားမပေးပါနဲ့ ဆံပင်ဒီဇိုင်း ဆက်တင်အခန်းအနား မျက်နှာအမူရာတွေကို မလွတ်တန်း လိုက်ကြည့်နေပါ အဖိုးတန်လွန်းပါတယ်... သင်ဟာ ပုံပြင်နားထောင်ရတာ ကြိုက်တယ်ဆိုရင် ပိုသင့်တော်ပါမယ် ဘာလို့ ဆိုတော့ ပုံပြင်ကောင်းတစ်ပုဒ်ကိုနားထောင်နေရတဲ့ အတိုင်း ဇတ်လမ်းကို ပြောပြနေလို့ပါ... ဒီရုပ်ရှင် ရဲ့ အဓိက နေရာကတော့ Grand Budapest ဆိုတဲ့ ပန်းရောင် အဆင်းချယ်ထားတဲ့ ဟိုတယ်ကြီး ဖြစ်ပြီး.... အဓိက ဇတ်ကောင်ကတော့ ဟိုတယ်အုပ်ချူပ်သူ ဂူစ်စတေ့စ် နဲ့ သူ့ရဲ့ တပည့်ကျော်လေး ဧည့်ကြို ဇီးရိုး တို့ပဲ ဖြစ်ပါတယ်... ဒီဇတ်လမ်းကို သင်ကြည့်နေတုန်း ဂူစ်စတေ့စ် နဲ့ ဇီးရိုး ရဲ့ ရာဇဝင်ကို ခန့်မှန်းမိအုံးမှာမဟုတ်ပါဘူး ဇတ်လမ်း ရဲ့ ၃ ပုံ ၂ ပုံ ရောက်ရင် မျက်ရည်သုတ်ရမှာမို့ လက်ကိုင်ပုဝါလေးတော့ ဆောင်ထားပါ.... အစပိုင်း အခန်းတစ်ချို့မှာ 18+ အခန်းတစ်ချို့ ဖြတ်ခနဲ ပါတာကလွဲရင် မိသားစု ကြည့်လို့ အဆင်ပြေတဲ့ ရုပ်ရှင်ကား ဖြစ်ပေမယ့် နားလည်လွယ်ဖို့ ခက်ပါတယ် ပေါတောတော ကားတွေ ကြည့်နေတဲ့ သူတွေ အဖို့ နားမလည်ပေမယ့် စဉ်းစားတက် တွေးတက် တဲ့ သူတွေ အတွက်ကတော့ လက်မလွှတ်နိုင်တဲ့ ရုပ်ရှင်ကားကောင်း တစ်ကား ဖြစ်ကြောင်း အာမခံပါတယ်... ဒီဇတ်လမ်း ရဲ့ အကြောင်းကို နည်းနည်းလေးမှ ရှင်းမပြချင်ပါဘူး ဘာဖြစ်လို့လဲ ဆိုတော့ ပြောပြလိုက်ရင် ကြည့်ရတဲ့ နေရာမှာ အရသာ ပျက်သွားမှာ ဆိုးလို့ပါ အဓိက အချက်ကတော့ ဂူစ်စတေ့စ် နဲ့ ဇီးရိုး တို့ ရဲ့ ကမောက်ကမ စွန့်စားခန်းတွေက ပေါတောတော မဆန်ပဲ ရယ်ရတာရယ် ဆရာတပည့် ၂ ယောက်ရဲ့ သံယောဇဉ် တစ်ခုရယ် အချစ်တွေ ဟာသတွေ သစ္စာရှိမှု နဲ့ အလွမ်းအဆွေး တွေ တစ်နေရာထဲမှာ ခံစားလို့ရမှာ ဖြစ်တဲ့အတွက်ပါ အခုပဲ Channel Myanmar ကနေ တဆင့် ကြည့်ရှုလိုက်ပါတော့.... ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့ Archi Thang Gyi ဖြစ်ပါတယ် File size - ( 944 MB ) Quality - BluRay Rip Format - MP4 Duration -1h 40m Subtitle - Myanmar Subtitle Translator - Archi Thang Gyi Encoder - Thit San Khant

Action • Drama
8.1 2014 100 mins
The Grand Budapest Hotel
D@bbe: The Possession
6.8

ခရစ်ယာန်သရဲကို ဗမာဘုန်းကြီး နိုင်ပါ့မလားဆိုပြီး ဟီးဟီးဟားဟားနဲ့ ဟာသ ပြောဖူးကြတယ်မို့လား။ ဒီကားထဲက သရဲက အဲ့လို သရဲ။ဘယ်ဘုရားပြေးကပ်ရမှန်း မသိအောင်ကို ကြမ်းတာ။သူတို့ အခေါ်အရတော့ ဂျင်(မကောင်းဆိုးဝါး)ပေါ့။ အဲ့တာကလည်း အကြောင်းရှိတယ်။ ဒီဇာတ်ကား ဇာတ်အိမ်တည်ရာ တူရကီက ဟိုးနှစ်ပေါင်းထောင်ချီ ကတည်းက Abrahamic Religions လို့ခေါ်တဲ့ ဂျူး၊ခရစ်ယာန် နဲ့ အစ္စလာမ်ဘာသာတွေ ထွန်းကားခဲ့တဲ့ နေရာ။ဆိုတော့ သရဲကလည်း ကြမ်းပြီပေါ့။ဘာသာ(၃)ခုလုံးက ဘုရားတွေကို ဆင်းကယ်ကြပါဆို သလိုမျိုးပဲ။အလာရှင်မြတ်ကို တိုင်တည်ပါ၏ ဖြစ်လိုက် ၊သခင်ယေရှု၏ နာမတော်တွင် ဖြစ်လိုက်ရယ်။ဆိုတော့ ဇာတ်ကားအကြောင်း ဆက်ကြရအောင်။ ဒီကားကတော့ Dabbe series တွေထဲမှာ (၄)ကား မြောက်ပေါ့။ ပြီးတော့ အကြမ်းဆုံး ကြောက်စရာအကောင်းဆုံး ကားလို့လည်း ညွှန်းကြတယ်။ ဇာတ်လမ်းအစမှာ ဖရော့အာကတ်လို့ခေါ်တဲ့ ဟောဂျာ(ပရောဂဆရာ) တစ်ယောက်က အက်ဘရူလို့ ခေါ်တဲ့ စိတ်ရောဂါကုဆရာဝန်မ တစ်ယောက်ကို ဖိတ်ပြီး ဂျင်အပူးခံထားရတဲ့ လူနာတစ်ယောက်ကို ပရောဂ နှင်ပြတယ်။စဉ်းစားကြည့်ဗျာ။ပရောဂဆရာက လူနာကို မှော်တို့ ဓာတ်တို့ နတ်တို့နဲ့ ကုတယ်။ဆရာဝန်မက ဆေးတို့ ဘာတို့နဲ့ သိပ္ပံနည်းကျ ကုတယ်။ပရောဂဆရာအမြင်မှာ သရဲပူးတယ်ဆိုပေမယ့် ဆရာဝန်မအမြင် မှာတော့ စိတ်ကစဉ့်ကလျားဖြစ်တယ်။လူတစ်ကိုယ် စိတ်အမျိုးမျိုးဖြစ် တယ်ပေါ့။အဲ့မှာ ပရောဂဆရာ သူ့ကို ဖိတ်ပြီး ကုပြတဲ့ လူနာက ပျောက်သွားရော။ဆရာဝန်မကတော့ လုပ်ဇာတ်ကြီး မယုံဘူးပေါ့။ပြီးတော့ ရှင်ဟာ လူလိမ်မဟုတ်ဘူးဆိုရင် သူခေါ်လာပေးမယ့် လူနာကို ကုပြပါဆိုပြီး စိမ်ခေါ်တယ်။ အဲ့လူနာက သူနဲ့ တူမလိုရင်းနှီးတဲ့ ကလေးမလေး။မင်္ဂလာဆောင်တဲ့နေ့မှာ အကောင်းကြီးကနေ ထဖောက်ပြီး လူရာချီရှေ့မှာ သတို့သားကို ဓားနဲ့ ထိုးသတ်ပလိုက်တာ။ အဲ့နောက်တော့ အရူးထောင်ရောက်သွားရော။အဲ့မှာလည်း ဘယ်ဆရာဝန်မှ ကုလို့မရတဲ့သူ။ ဒါနဲ့ ပယောဂဆရာကလည်း စိမ်လိုက်ပေါ့။နှစ်ယောက်သား ကင်မရာတွေ မှတ်တမ်းတင်ပစ္စည်းတွေနဲ့ အဲ့ကောင်မလေးဆီ ချီတက်ကြရရော။ အဲ့ဒီမှာပဲ ငါးပါးရော သံဃာစင်ရော မှောက်တာပဲ။ ဘာဖြစ်မလဲ သိချင်တော့ ကိုယ့်ဟာကိုယ် ဆက်ကြည့်ကြပါ :3 IMDB လည်း 6.8 ရထားပြီး ဘာသာပြန်တဲ့ ကျွန်တော်လည်း ညဘက်မပြန်ရဲလို့ နေ့ခင်းဘက် ပြန်ထားတဲ့ ကားဆိုတော့ သရဲကားကြိုက်တဲ့သူတွေ သေချာပေါက် အကြိုက်တွေ့ပါလိမ့်မယ်။ ( ဘာသာပြန်နှင့် အညွှန်းကတော့ Damien ပဲ ဖြစ်ပါတယ် ) File size…1.26GB / 472MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….2h 14m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Damein

Drama
6.8 2013
D@bbe: The Possession
Body Parts
5

Body Parts (2023) Horror ဆိုကြည့်ချင်ကြတဲ့သူတွေအတွက် ဇာတ်လမ်းပုံစံဆန်းဆန်းလေးနဲ့ movie လေးတစ်ခုတင်ဆက်ပေးပါဦးမယ် ဘာလို့ဆန်းတယ်လို့ ပြောရလဲဆို ရုပ်ရှင်တစ်ခုလုံးက ဇာတ်အိမ်တစ်မျိုးတည်းကိုပဲ ပြသွားတာမျိုးမဟုတ်ဘဲ မတူညီတဲ့ ဇာတ်လမ်း ၅ မျိုးကို ပုံစံအဖုံဖုံနဲ့ တင်ဆက်သွားတာပါ ဒီဇာတ်လမ်းမှာဆို Stink, A Child Who Sees Ghosts, exorcism.net, The Person Who Lived, String ဆိုပြီး ဇာတ်လမ်း ၅ မျိုးပါဝင်ပါတယ် တစ်ခုချင်းစီရဲ့ ရှုထောင့်နဲ့ အယူအဆ၊ တစ္ဆေသရဲဆိုတာကို ပုံဖော်တဲ့နေရာမှာ မတူညီတဲ့အတွက် ကြည့်ရင်းပျင်းလာတာမျိုး၊ အကြောက်ပေါ့သွားမှာတွေ စိတ်ပူဖို့မလိုပါဘူးနော်… ကိုရီးယား horror တွေ ကြိုက်တတ်တဲ့သူဆို ဒါလေးက မဆိုးဘူးလို့ပဲ ညွှန်းရမှာပဲ.. ဇာတ်လမ်းအသေးစိတ်ကိုတော့ ခေါင်းစဉ်ခွဲလေးတွေကို ဖတ်ပြီး ခန့်မှန်းမိမယ်ထင်လို့ ထည့်မရေးတော့ဘူး ဘယ်လိုဇာတ်လမ်းတွေ ဖြစ်မလဲဆိုတာ ကြည့်လိုက်ကြပါဦးနော်… အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။ Genre….. Horror Quality…. 1080p | 720p File size… 1.1GB | 476MB Format… mp4 Duration…. 1h 44min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Joyz Encoder ….. Aaron

5 2023
Body Parts
The Cabin in the Woods
7

၂၀၁၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ လျှို့ဝှက်ဆန်းကျယ်၊ သည်းထိတ်ရင်ဖို့ ဇာတ်လမ်းကောင်း တစ်ခု ဖြစ်ပါတယ်။ IMDb 7/10 နဲ့ RT 92% အထိ ရရှိထားလို့ Horror ကြိုက်သူတွေအတွက် အတော်ကြည့်ကောင်းမယ့် ဇာတ်ကားဖြစ်ပါတယ်။ Thor မင်းသား Chris Hemsworth နဲ့ Grey’s Anatomy ထဲက Jesse Williams တို့ ပါဝင် သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ သူငယ်ချင်းတစ်စု အပတ်ကုန်ရက်မှာ မြို့ပြနဲ့ ဝေးရာဆီ အပန်းသွားဖြေကြမယ်လို့ စီစဉ်ကြတယ်။ ကာ့က သူ့ဝမ်းကွဲ ဝယ်ထားတဲ့ အိမ်ကို သွားအပန်းဖြေကြဖို့ စီစဉ်ပေးတယ်။ တဲအိမ်ကို ရောက်တဲ့အခါမှာတော့ သည်းထိတ်ရင်ဖိုတွေ စလာပါတော့တယ်။ ဒါပေမဲ့ ဒီလို ဖြစ်လာတာတွေက သာမန် လူသတ်၊ ကြောက်စရာကောင်းအောင် လုပ်ပြတာထက် ပိုကြီးတဲ့ အကြောင်းရင်းတွေ ရှိနေမလား၊ သူတို့ အဲဒီအိမ်ကို လာဖြစ်တယ်ဆိုတာ သူတို့ကိုယ်တိုင် ဆုံးဖြတ်ပြီး သွားခဲ့ရတာရော ဟုတ်ပါ့မလား… File size… 5.5 GB / 1.4 GB / 676 MB Quality… BluRay 4K HDR / 1080p / 720p Format… mp4 Duration…. 1h 35m Genre ….. Horror, Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by EL MoH

7 2011 95 mins
The Cabin in the Woods
Visher
5

ညဖက်စောင်ခြုံမီးပိတ် Horror ကားကြည့်‌ချင်သူတွေအတွက် Paranormal Activity လို Vibe မျိုးရစေမဲ့ Visher ဆိုတဲ့ Horror ဇာတ်ကားအသစ်တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ Production အကြီးကြီးတွေ နာမည်ကြီးမင်းသားမင်းသမီး တွေနဲ့တော့မဟုတ်ပေမဲ့ ကြည့်ရင်းနဲ့ကျောချမ်းစေမဲ့ခံစားချက်တွေ ဘယ်အချိန်မှာကင်မရာရှေ့မှာ Jumpscare ကောက်ပေါ်လာမလဲ ဆိုတာတွေကိုရင်တထိတ်ထိတ်နဲ့ကြည့်ရှုရတဲ့ခံစားချက်မျိုးတွေတော့ ပေးစွမ်းနိုင်မှာပါ။ အွန်လိုင်းကျားဖြန့်လိမ်လည်မှုတို့ ဖုန်းဆက်လိမ်လည်တာတို့က ဘယ်နိုင်ငံမှာမဆိုရှိကြတဲ့တရားမဝင်လုပ်ငန်းတွေပါပဲ။အမေရိကန် နိုင်ငံလို ဥပဒေစိုးမိုးတဲ့နိုင်ငံကြီးတွေမှာတောင်ဒါမျိုးတွေက မှိုလိုပေါက်နေတာပါ။ အခုဇာတ်ကားရဲ့အစမှာလည်း ကျားဖြန့်လုပ်ငန်းလုပ်ကိုင်တဲ့ ဖုန်းခေါ်ဆိုသူ တစ်ယောက်က သူ့သားကောင်တွေကို တစ်ယောက်ပြီးတစ်ယောက်လိုက်လိမ်နေတာကိုတွေ့ရမှာပါ။ သူ့ရဲ့လိမ်လည်မှုတွေကရုသ်ဆိုတဲ့ ကောင်မလေးနဲ့တွေ့မှပဲ ရုတ်တရက်ရပ်တန့်သွားခဲ့ပါတယ်။ ဘယ်လိုဖြစ်ရတာလဲဆိုတော့ သူ့အလုပ်ထုံးစံအတိုင်းရုသ်ကို လိမ်ဖို့ဖုန်းဆက်အချက်အလက်တွေတောင်းပြီး ရုသ်ရဲ့ကင်မရာတွေ ထဲဝင်ခွင့်ရသွားတဲ့အချိန်မှာသူ့ကိုတွေ့ပြီး ကြွေဆင်းသွားခဲ့လို့ ပါပဲ။သူကလည်းမိန်းမလိုချင်နေတဲ့သူဆိုတော့ ရုသ်နဲ့သူ့ပုံကို တောင်တွဲပြီး မင်္ဂလာဆောင်ဓာတ်ပုံကောက်လုပ်လိုက်ပါသေးတယ်။ ဒါပေမယ့် သူမသိခဲ့တာကတော့ရုသ်ကို ဆက်သွယ်ခဲ့တဲ့အဲ့ဒီညမှာ သူရောရုသ်အတွက်ပါ အလွန်ကြောက်မက်ဖွယ်ရာကောင်းတဲ့ သဘာ၀လွန်ဖြစ်ရပ်တွေနဲ့ ကြုံတွေ့ရမယ်ဆိုတာပါပဲ။ဒီတော့ သူတို့နှစ်ယောက်ဘယ်လိုအရာတွေကို ကြုံတွေ့ရမလဲ အဲ့ဒီတစ်ညတာ ကရော ဘယ်လိုမထင်မှတ်ထားတဲ့လှည့်ကွက်တွေနဲ့ အဆုံးသတ် သွားမယ်ဆိုတာကိုကြည့်ရှုရမဲ့ Horror ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ File size…976MB / 379MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 5m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5 2024 65 mins
Visher
A Dog Year
6

ဒီတစ်ခါတော့ ၂၀၀၉ ခုနှစ်ကထွက်ရှိခဲ့တဲ့ A Dog Year ဆိုတဲ့ ဇာတ်ကားနဲ့မိတ်ဆက်ပေးပါရစေ ဒီဇာတ်ကားကတော့ စာရေးဆရာ Jon Katz ရေးထားတဲ့ A Dog Year စာအုပ်ကိုပဲ ဇာတ်လမ်းပြန်ရိုက်ထားတာဖြစ်ပါတယ်.. ဇာတ်လမ်းလေးကတော့ စာရေးဆရာJon Katz တစ်ယောက် သူ့ရဲ့စာဖတ်ပရိသတ်တစ်ယောက်ဆီကနေ သိုးထိန်းခွေး တစ်ကောင်မွေးပေးဖို့ တောင်းဆိုချက်ကို လက်ခံလိုက်မိတာကနေ စတာပါပဲ နဂိုလည်းခွေးနှစ်ကောင်ရှိပြီသား ခွေးချစ်တတ်သူစာရေးဆရာ ဖြစ်လို့ အိမ်တွင်းညှင်းပန်းနှိပ်စက်ခံထားရတဲ့ ခွေးတစ်ကောင်အရမ်း သောင်းကျန်းနေလို့ စာဖတ်ပရိသတ်တစ်ဦးက မွေးပေးဖို့တောင်းဆို ခဲ့တာပါ ဒါပေမဲ့ စာရေးဆရာကိုယ်တိုင်က Mid life Crisis တွေဖြစ် စာမရေးချင်ဖြစ်လို့ စာအုပ်တိုက်တွေကပူညံပူညံလုပ်နေချိန်ပါ ထိန်းမနိုင်သိမ်းမရခွေးတစ်ကောင်အသစ်ရလာတော့ အတော် ကွိုင်ပါတော့တယ်.. ခွေးချစ်သူ စာရေးဆရာလူ့ဂွစာတစ်ယောက် ဒီခွေးနဲ့အတူတူ သူ့ဘဝ သူ့လူနေမှုပတ်ဝန်းကျင်အသိုက်အဝန်းမှာ ကောင်းကောင်းဖြတ်သန်း နိုင်ပါ့မလားဆိုတာကိုတော့ ဒီဇာတ်ကားမှာကြည့်ရှူရမှာပါ ဒါရိုက်တာ Gegore LaVoo ရိုက်ကူးထားပြီး Jon Katz နေရာမှာ သရုပ်ဆောင်ထားကတော့ Crazy Heart ဇာတ်ကားနဲ့ အော်စကာဆု ရထားတဲ့ မင်းသားကြီး Jeff Bridges ပဲဖြစ်ပါတယ်( မသိတဲ့သူတွေ အတွက်ကတော့ Iron man, Tron, Kingsman ဇာတ်ကားတွေမှာ မြင်ဖူးကျမှာပါ) File size…1.61GB / 896MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 20m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aung Khant Paing

6 2009
A Dog Year
Adios Amigo
6.1

Adios Amigo(2024) နှုတ်ဆက်ပါတယ် သူငယ်ချင်း သြဂုတ်လအတွင်း လောလောလတ်လတ်ထွက်ထားတဲ့ ဘောလီးဝုဒ်ဟာသ ဒရမ်မာကားလေးကို တင်ဆက်သွားမှာပဲဖြစ်ပါတယ်။ မိခင်ဖြစ်သူ ဆေးရုံတင်ထားရလို့ သောကဗျာများနေရပြီး ဆေးရုံစရိတ်အတွက်ပူပန်နေရတဲ့သူနဲ့ ဥစ္စာကြွယ်ဝလှပြီး ဘဝကိုပေါ့ပေါ့ဖြတ်သန်းနေတဲ့သူ..ဘဝအခြေအနေမတူလှတဲ့လူနှစ်ယောက် ဥဒဟိုသွားလာနေကြတဲ့ ဘတ်စ်ကားမှတ်တိုင်လေးတစ်ခုမှာ ဆုံစည်းခဲ့ကြပြီး ခရီးတစ်ခုတည်းသွားဖြစ်ခဲ့ရာမှာတော့ ဘာတွေဖြစ်လာမှာလဲ… IMDB 6.1/10 ရရှိထားပြီး အခြေအနေမတူတဲ့ လူနှစ်ယောက်ရဲ့ဘဝကို ခံစားကြည့်ရှူရမယ့် ကားလေးဖြစ်လို့ ကြည့်ရှုလိုက်ပါဦးနော်။ (ဘာသာပြန်နဲ့ အညွှန်းကိုတော့ CM Bollywood Team က ခံစားရေးသားထားပါတယ်)

6.1 2024 156 mins
Adios Amigo
Peeping Tom
7.6

Peeping Tom (1960) ~ IMDb – 7.6/10, Rotten Tomatoes – 95% ~ Peeping Tom ဆိုတာက ချောင်းရတာကြိုက်တဲ့သူလို့ လူတိုင်းသိကြမှာပါ။ လူတစ်ယောက်ရဲ့ တစ်ကိုယ်ရည်တစ်ကာယ လွတ်လွတ်လပ်လပ်နေတဲ့အချိန်ကို ချောင်းကြည့်ရတာ၊ အဝတ်အစားချွတ်တာ ဒါမှမဟုတ် လိင်ဆက်ဆံတာတွေကို ချောင်းကြည့်ရတာ ကြိုက်တဲ့သူတွေပေါ့။ ဒီဇာတ်ကားက ချောင်းကြည့်သူကတော့ အကာအကွယ်မရှိတဲ့ ခန္ဓာကိုယ်ကို ချောင်းရုံတင်မဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့ ဝိညာဉ်ကို အကြောက်တရားကတဆင့် ဗလာကျင်းဖြစ်တာကို ချောင်းကြည့်ရတာ ကြိုက်တဲ့သူပါ။ ဇာတ်ကားက နာမည်နဲ့မလိုက်အောင်ပဲ ဘာအဖော်အချွတ်မှမပါဘဲ ဆင်ဆာလွတ်ရိုက်ပြသွားပါတယ်။ ဝတ်လစ်စလစ်ခန်းတွေမပါသလို သတ်ခန်းဖြတ်ခန်းတွေလည်းမပါပါဘူး။ ဒါပေမဲ့ သူ့ခေတ်သူ့အခါက အရမ်းကို မသတီစရာကောင်းတယ်လို့ ကြမ်းကြမ်းတမ်းတမ်းဝေဖန်ခံခဲ့ရတဲ့ ဇာတ်ကားဖြစ်ပြီး ဒါရိုက်တာ Michael Powell ရဲ့ နောက်ဆုံး ဇာတ်ကား သူ့ရဲ့ ဒါရိုက်တာဘဝကို သတ်ခဲ့တဲ့ ဇာတ်ကားလို့ ပြောလို့ရပါတယ်။ ရုပ်ရှင်လောကမှာ တော်တော်လေး ဂယက်ရိုက်ခဲ့ပြီး တချို့နေရာတွေမှာ အချိန်တစ်ခုထိ ပိတ်ခံထားရတာပါ။ ၁၉၉၉ ခုနှစ်မှာတော့ British Film Institute က သတ်မှတ်တဲ့ အကောင်းဆုံး ဗြိတိသျှဇာတ်ကား စာရင်းရဲ့ အဆင့် ၇၈ ထိရောက်ခဲ့ပြီး ၂၀၁၇ Time Out မဂ္ဂဇင်းရဲ့ အကောင်းဆုံး ဗြိတိသျှဇာတ်ကားစာရင်းမှာ အဆင့် ၂၇ ထိရထားခဲ့ပါတယ်။ ပထမဆုံး Slasher ရုပ်ရှင်လို့ သတ်မှတ်ခံခဲ့ရပေမဲ့ တချို့ Slasher ရုပ်ရှင်တွေလို လှီးဖြတ် ခုတ်ထစ် ရွံစရာကောင်းနေတာမျိုး မဟုတ်ဘဲ ရုပ်ရှင်ရဲ့သဘောလေးနဲ့တင် Slasher ရုပ်ရှင်တစ်ခုရဲ့ ခံစားချက်မျိုး ပေးနိုင်တဲ့ ဇာတ်ကားမျိုးပါ။ အကြောင်းအရာတွေက မကောင်းပေမဲ့ တော်တော်လေးကို လှလှပပပုံဖော်ထားပြီး လူကို စိတ်အနှောင့်အယှက်ပေးနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.95GB, 950MB Quality – 1080p, 720p IMDb Rating – 7.6/10 Format – mp4 Duration – 1H 41Min Genre – Slasher Horror, Drama, Horror, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

War • Drama
7.6 1960 101 mins
Peeping Tom
Chop
5.5

Chop သဲထိပ်ရင်ဖိုလည်းဖြစ် ဟာသလည်းဆန်တဲ့ ရုပ်ရှင်မျိုးကို ကြည့်ချင်တဲ့သူများအတွက် ဒီဇာတ်ကားလေးက ကွက်တိပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာ လန့်စ်ဆိုတဲ့လူတစ်ယောက် လမ်းမှာကားထပျက်တော့ ဘေးကလမ်းကြုံခေါ်ပေမယ့် လူတစ်ယောက်နောက်လိုက်သွားပါတယ်။ စိတ်မကောင်းစွာနဲ့ပဲ လမ်းကြုံကားတင်ပေးတဲ့သူဟာ သူ့ကိုရန်ညှိုးရှိနေတဲ့သူဖြစ်ပြီး သူ့ကိုပြန်ပေးဆွဲပါတော့တယ်။ အဲဒီလူဟာ လန့်စ်ကိုပြန်ပေးဆွဲပြီးတဲ့အခါမှာ လန့်စ်မှာရှိသမျှအရာတွေကို တစ်ခုပြီးတစ်ခုဖျက်ဆီးပစ်ပါတော့တယ်။ ဒါပေမဲ့ ဘာလို့များ သူလန့်စ်ကိုဒီလိုလုပ်နေရတာလဲ ဘယ်လိုအခြေအနေတွေက လန့်စ်ကို ဒီလိုဖြစ်စေခဲ့လဲဆိုတာကို ဟာသဆန်ဆန် သွေးထွက်သံယိုတွေကြည့်ရမှာပဲဖြစ်ပါတယ် File size_(1.7GB)/(920MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Comedy, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Mark

Drama • Romance
5.5 2011 98 mins
Chop
The Braid
7.2

The Braid (2023) IMDb Rating (7.2) Alejandroရဲ့ Babel (2006 )လိုမျိုး မတူညီတဲ့နိုင်ငံတွေက အဖြစ်အပျက်တွေကို ချိတ်ဆက်ရိုက်ကူးထားတဲ့ သူ့အရသာနဲ့ ခပ်ဆင်ဆင် ကားလေးလို့ပြောရမယ်။ တော်တော်လည်း ကြည့်လို့ကောင်းပါတယ်။ ဒီရုပ်ရှင်မှာတော့ အမျိုးသမီးဇာတ်ကောင်တွေနဲ့ သူတို့ရဲ့ဖြတ်သန်းရုန်းကန်မှုတွေကိုပဲ အသားပေးပြီး အမျိုးသမီးတွေရဲ့အင်အားကို ပြသပြီး အမျိုးသမီးတွေကို ဂုဏ်ပြုထားတယ်ပြောရမယ်။ ပြင်သစ်ဒါရိုက်တာ Laetitia Colombaniက သူရေးခဲ့တဲ့ နာမည်တူဝတ္တုကိုပဲ ပြန်ရိုက်ကူးထားတာပါ။ ဒီလိုမတူတဲ့နေရာတွေက မတူတဲ့လူတွေရဲ့ အဖြစ်အပျက်တွေကို သူတင်ဆက်တာက တည်းဖြတ်တာကအစ ခြောက်ပြစ်ကင်းနေတယ်လို့တော့ ပြောမရပေမဲ့ ကြည့်လို့ကောင်းတဲ့ အရသာတစ်ခုတော့ ပေးနိုင်တဲ့ ရုပ်ရှင်ပါပဲ။ အိန္ဒိယ, ကနေဒါနဲ့ အီတလီနိုင်ငံသုံးနိုင်ငံက အမျိုးသမီးသုံးယောက်ကို အဓိကထားပြီး သူတို့ရဲ့နေလာရင်းဘဝမှာ ရှိပြီးသား အခက်အခဲတွေ, အသစ်ထပ်ကြုံလာရတဲ့အခက်အခဲတွေ အဲဒီအခက်အခဲတွေကို သူတို့ရင်ဆိုင်ဖြေရှင်းကြပုံတွေကို ပြထားပေးတယ်။ ဒီမတူတဲ့နိုင်ငံသုံးခုက အနိမ့်ဆုံးကနေ အမြင့်ဆုံး ဘယ်လိုမှ မတူတဲ့ဘဝ၃ခုကို ချိတ်ဆက်ပြသသွားပုံကလည်း ထူးခြားတယ်။ မသေခင်ကြည့်သင့်တဲ့တို့ ဘာတို့စာရင်းမဝင်ပေမဲ့ ရသတစ်ခုလိုချင်ရင် ကြည့်သင့်ကြည့်ထိုက်တဲ့ရုပ်ရှင်ပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ဖြစ်ပါတယ်။) File size…(2.7 GB) / (1.2 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….02:01:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by WiRa Aung

7.2 2023 121 mins
The Braid
That Untold Story
6

ဒီနေ့မှာတော့ CM တရုတ်ကားချစ်သူတို့အတွက်… ပေါက်စီမြေမှာ ဝတ္ထုဖတ်ပြီး ဝက်ဝက်ကွဲ မျက်ရည်မိုးရွာခဲ့တယ်လို့ နာမည်ကြီးခဲ့တဲ့… စာရေးသူ ကျိုးအိုက်ဟွားရဲ့ “ဘယ်သူမှမသိခဲ့သော ဇာတ်လမ်းလေး တစ်ပုဒ်” ဆိုတဲ့ ဝတ္ထုလေးကို မှီငြမ်းရိုက်ကူးထားတဲ့ ထိုင်ဝမ်ရုပ်ရှင်ဗားရှင်းလေးပါပဲ… ဟုတ်ပါတယ်… ဒရာမာဗာရှင်းလေးလည်း ရှိသေးတာမို့ ဒရာမာစောင့်ရင်း ရုပ်ရှင်ဗားရှင်းအရင်ကြည့်ထားနိုင်ပါတယ်နော်… ဇာတ်လမ်းလေးကတော့… ရှေးဟောင်းပစ္စည်းတွေကို မြတ်နိုးလို့ ပျက်စီးဆုံးရှုံးနေတဲ့ ရှေးဟောင်းပစ္စည်းတွေကို ပြန်လည်ပြုပြင်ထိန်းသိမ်းတဲ့အလုပ်လုပ်နေသူ ယန်ကျောင်းဆိုတဲ့ မိန်းကလေးတစ်ယောက်ကကံကြမ္မာရဲ့ ဇာတ်ညွှန်းအတိုင်း ဘဝအချိုးအကွေ့တစ်ခုမှာ ဒုက္ခတိခြေပြတ် ချန်မင်ရှန်းနဲ့ ဆုံတွေ့ခဲ့ပါတော့တယ်… အတိတ်ကံကြောင့်ပဲလား နတ်ဖူးစာရွာလည်လို့လားမသိပေမယ့်… အချစ်တစ်ခု သူတို့ကြားမှာ ပေါက်ပွားလာခဲ့ပါတယ်… ထူးခြားတာကတော့ ဒီချန်မင်ရှန်းက…မူးယစ်ဆေးနဲ့ပတ်သက်ရင် အရမ်းကို အထိမခံဖြစ်လွန်းပြီး တုံ့ပြန်မှုက ပြင်းထန်လွန်းပါတယ်… နောက်ပြီးတော့ သူက လူသိမခံတဲ့ မြေကြွက်လေးလိုပဲ ဘဝကြီးကို ပုန်းလျိုပြီး ဖြတ်သန်းနေတတ်ပြန်တယ်…ဓာတ်ပုံလည်းအရိုက်မခံဘူး… တစ်ခုခုဆို ကိုယ့်အသားအနာခံပြီး ရှောင်ပြေးတတ်တယ်… သူဘာကိုလျို့ဝှက်နေတာလဲ…ဒီလျို့ဝှက်ချက်တွေပေါ်လာတဲ့တစ်နေ့မှာ သူတို့ကြားက ဇာတ်လမ်းလေးက ဘာဆက်ဖြစ်သွားမှာလဲ

Drama
6 2024
That Untold Story