YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

The Spirealm E47+48 1080p WEB-DL CM.mp4

379.31 MB 1080p video/mp4 91 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The 3rd Guest
7.7

အီဗီကန်းနက်သ်ဟာ စာရေးဆရာမတစ်ယောက်။ ဟာ့တ်ကန်းနက်သ်က ဓာတ်ပုံဆရာတစ်ယောက်။ သူတို့လင်မယားနှစ်ယောက်က သမီးလေးဆုံးပြီး တဲ့နောက် ဝိညာဉ်တွေနဲ့လိုက်ဆက်သွယ်ဖို့လုပ်ရင်း ဇာတ်လမ်းယူပြီး စာအုပ်ရေးကြတဲ့သူတွေပေါ့။ တစ်နေ့ကျ သူတို့ကို အမျိုးသမီးတစ်ယောက်က အလုပ်လာအပ်ပါလေရော။ အဲ့အမျိုးသမီးရဲ့ ဆုံးသွား တဲ့ အဖေ့အမွေအိမ်ကို သူတို့ရောက်သွားပြီးနောက် ကြုံတွေ့လိုက်ရတဲ့အရာတွေက သူတို့ဘဝကိုတဖြည်း ဖြည်းနဲ့ ကမောက်ကမဖြစ်လာစေတဲ့အခါ....။ (18+ဇာတ်ဝင်ခန်းအနည်းငယ်ပါတာကြောင့် မိသားစု နဲ့အတူ ကြည့်ရှုရန်မသင့်တော်ပါ။) (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူ ကတော့ Ngwe Zin ဖြစ်ပါတယ်) File Size..........(1.34 GB) / (472 MB) / (263 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 27Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Thriller Translator.......Ngwe Zin Encoder..........SWM

Adventure • Drama • Fantasy • Music
7.7 2023 86 mins
The 3rd Guest
Shiv Shastri Balboa

Shriv Shastri Balboa(2023) IMDb 6.8/10 Comedy/Drama မင်းသားကြီး Arnupam Kherရဲ့ အသစ်ထွက်ရှိထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ Jugal Hansraj၊ Nargis Fakhri စတဲ့နာမည်ကြီးသရုပ်ဆောင်တွေလည်း ပါဝင်ထားပါတယ်။ အငြိမ်းစားယူထားတဲ့ ‌လက်ဝှေ့ပညာရှင်ကြီး ရှာစတီဟာ ရော့ကီရုပ်ရှင်ရဲ့အမာခံပရိသတ်တစ်ဦးဖြစ်ပါတယ်။ သူရဲ့အောင်မြင်မှုတွေဟာ ရော့ကီရုပ်ရှင်ကြောင့် ဖြစ်တည်လာတာလို့ပြောရရင်လည်း မမှားပါဘူး။ ရှာစတီဟာ ကျန်ရှိနေတဲ့သူ့ရဲ့ဘဝကို တစ်ဦးတည်းသောသားလေးရှိတဲ့ အမေရိကန်မှာ နေထိုင်ရင်း ကုန်ဆုံးဖို့အတွက် ခရီးစတင်ခဲ့ပါတယ်။ အိန္ဒိယနဲ့ အမေရိကန်ဟာ ဓလေ့တွေ နေထိုင်ပုံတွေ အကုန်ကွဲပြားနေတဲ့ နိုင်ငံနှစ်ခုဖြစ်တဲ့အတွက် နေသားကျဖို့ဆိုတာ မလွယ်ကူခဲ့ပါဘူး။ မိသားစုရှိရာကိုပြောင်းလာခဲ့ပေမယ့်လည်း အိမ်ကြီးထဲမှာ ခွေးလေးတစ်ကောင်နဲ့သာ အဖော်ပြုနေထိုင်ရင်း အချိန်ကုန်ဆုံးနေရပါတယ်။ အမေရိကန်မှာ နေထိုင်နေရတဲ့ သူ့ရဲ့ဘဝဟာ ဘယ်လိုအခက်အခဲတွေကြုံရဦးမလဲ။ ဘယ်လိုစိတ်ဝင်စားစရာဇာတ်လမ်းတွေဖြစ်လာဦးမလဲဆိုတာကို ဟာသလေးလည်းနှောရင်း ကြည့်ရှုကြရမယ့် မိသားစုဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size…2.3GB / 1GB Quality…1080p WEB DL /720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Moon~Voldemort~Zwe ~Cherry~BpL

Drama • Romance
0 2023 129 mins
Shiv Shastri Balboa
Nomadland
7.2

IMDb Rating- 7.7/10 Rotten Tomatoes- 96% ဖန်တီးမှုလက်ရာကောင်းတစ်ခုဟာ ပြောပြချင်တာတွေများလာတဲ့အခါ ဖြစ်တည်လာတော့တာပါပဲ။ ဝေါင်ကာဝေးရုပ်ရှင်အများစုရဲ့ Cinematographyသမား ခရစ္စတိုဖာဒွိုင်းက ရုပ်ရှင်ရိုက်ကူးရေးနဲ့ ပက်သက်ပြီး ပြောဖူးတာတစ်ခုရှိတယ်။ " ကမ္ဘာကြီးကို မြင်အောင်ကြည့်၊ ထောင်ထဲသုံးလေးခါနေကြည့်၊ ခင်ဗျားအတွေ့အကြုံတွေစုဆောင်းမိမယ်။ စုဆောင်းမိလာတာနဲ့ ခင်ဗျား ပြောချင်တာတွေရှိလာမယ်။ ခင်ဗျားပြောချင်တာဘာမှမရှိရင်တော့ ရုပ်ရှင်မရိုက်သင့်ဘူး"တဲ့ Nomadlandဟာ ပြောစရာ သိပ်များတဲ့လူတွေအတူဖန်တီးထားတဲ့ လက်ရာတစ်ခုလို့ဆိုရမယ်။ ညနေစောင်းလို့ တိမ်တောက်တဲ့အခါ မြင်ရတဲ့ နေ၀င်ချိန်တိမ်ပွင့်အမျောကလေးကို ကြည့်ပြီး ပြောစရာသိပ်များတဲ့လူတွေ၊ ရှင်သန်မှုဆိုတဲ့စကားလုံးကလေးနဲ့ ပက်သက်ပြီး‌ ပြောစရာသိပ်များတဲ့လူတွေပေါ့။ ဒီတော့ ဒီရုပ်ရှင်မှာ ရှင်သန်မှုနဲ့ ပက်သက်ပြီး အများကြီးတွေ့ရလိမ့်မယ်။ Nomadဆိုတာ အိမ်ခြေအတည်မရှိ လေလွင့်နေသူတွေ ခြေသလုံးအိမ်တိုင်တွေကိုပြောတာ ၊Nomadlandဆိုတာကို ပြန်ဆိုရရင်တော့ လေလွင့်သူတို့ကွန်းလို့ ဆိုရမယ်။ အိမ်ခြေရာမဲ့လို့တော့ မဆိုချင်ဘူး။ သူတို့မှာ houseဆိုတဲ့အိမ်မရှိပေမဲ့ homeဆိုတဲ့ အိမ်တော့ရှိကြတာကိုး။ ရုပ်၀တ္တုအဆောက်အဦးတွေပေါ်မှာ အမှတ်ရစရာတွေက မတည်ကြဘူးတဲ့ ရုပ်ခန္ဓာထင်ရှားမရှိတော့တဲ့ သူတို့ချစ်ခဲ့တဲ့လူတွေကို အမှတ်ရစေဖို့ သူတို့နည်းသူတို့ဟန်နဲ့ ကြိုးစားနေကြတဲ့ ဒီရုပ်ရှင်ထဲက Nomadတွေနဲ့ သူတို့ရဲ့ ဘ၀နေထိုင်နေမှုဟာ တစ်ချို့အတွက်တော့ ဒုက္ခလို့ ဆိုလို့ရပေမဲ့ ကျွန်တော်တော့ သိပ်ချစ်စရာကောင်းတယ်လို့ပဲ ဆိုချင်တယ်။ ခွဲခွာခဲ့ရတဲ့သူတွေကို တစ်နေ့မှာ အနာဂတ်ရဲ့လမ်းခုလတ်မှာ ပြန်တွေ့ရမယ်လို့ မျှော်ရည်ယုံကြည်ရင်း သူတို့ရှင်သန်ကြတယ်။ အဆုံးသတ်ရန်တစ်နေရာမှာတော့ အားလုံးဟာ အဆုံးသတ်ကြရတာပါပဲ အဲ့ဒီနေ့မရောက်သေးသမျှတော့ ‌မျှော်လင့်ချက်တွေကို လိုအပ်ကြတယ် မဟုတ်လား။ Nomadlandဟာ ဒီမျှော်လင့်ချက်တွေအကြောင်းပါပဲ။ ဒီဇာတ်ကားရဲ့ ထူးခြားချက်ကတော့ ဇာတ်ကားမှာပါဝင်တဲ့ဇာတ်ကောင်တိုင်းရဲ့ နာမည်တွေက သရုပ်ဆောင်တွေရဲ့ နာမည်အတိုကောက်ပါပဲ Castအပိုင်းမှာတော့ အော်စကာနှစ်ဆုရှင် Frances McDormandပါရင် သရုပ်ဆောင်ထားပြီး တတိယမြောက်အော်စကားရရှိဖို့ တစ်ပြေးနေပါတယ် တစ်ချို့ကတော့ ဒီနှစ်ရဲ့အော်စကာ Best Pictureရနိုင်ခြေအများဆုံး ရုပ်ရှင်လို့ဆိုကြတယ်။ Cineamatographyကလည်း Landscape viewနဲ့ရိုက်ပြထားပြီး အတော်ခမ်းနားတယ်။ ဘာပဲဖြစ်ဖြစ် ဒီနှစ်ရဲ့ အကောင်းဆုံးရုပ်ရှင် ဆယ်ကားကိုပြောပါဆိုရင် Nomadlandက ထိပ်ကပါနေမှာပါ။ ကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင်တစ်ကားပါပဲ။ (အညွှန်းရေးသားပေးထားသူကတော့ WiRa Aungပါ) Translated by Daniel Lawwai Encoded by : YK Quality : 1080p WEBSCR and 720p File  Size : 1.5GB and 800MB Subtitles : Myanmar(Hardsub) Duration : 1h 48mins

Drama • Mystery • Sci-Fi & Fantasy
7.2 2021 108 mins
Nomadland
Vaan Moondru
7

Vaan Moondru (2023) IMDb-5.7/10 တစ်ခါတလေမှာဘဝကို အကောင်းမြင်စိတ်ခွန်အားပေးအရာတွေထက် ခါးသီးတဲ့လက်တွေ့ဖြစ်ရပ်တွေက ပိုအားဖြစ်စေတဲ့အချိန်တွေရှိပါတယ် ချစ်ရတဲ့သူတွေကို ပစ်ခွာသွားကြလို့ သေကြောင်းကြံရင်း ဆေးရုံပေါ်ရောက်ပြီး ရင်းနှီးသွားသူတဲ့သူတွေ အဖေသဘောမတူတဲ့ကြားက ဆက်တွဲရင်းကိုယ်ဝန်ရပြီထင်ရာက ဦးနှောက်အကြိတ်ဖြစ်မှန်းသိလိုက်ရတဲ့သူ ဇနီးခွဲစိတ်ကုသဖို့ သားဆီဆေးရုံစရိတ်တောင်းခံဖို့သွားရာက ပစ်ပစ်ခါခါငြင်းဆိုခံလိုက်ရတဲ့သူ ဒီလိုကာရိုက်တာမျိုးစုံနဲ့ ခက်ခဲကြတဲ့ဘဝတွေကို ရှုစားရင်းလက်တွေ့ဘဝကို ပိုတန်ဖိုးထားရှင်သန်နိုင်စေဖို့ တင်ဆက်ပေးလိုက်ရပါတယ် (အညွှန်းနှင့်ဘာသာပြန်ကတော့ BpL ~ Zwe ~ V ~ Cherry တို့ပဲဖြစ်ပါတယ်) File size…1.25GB  / 568MB Quality…1080p WEB DL /720p Format…mp4 Duration…. Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Zwe ~ V ~ Cherry

Action & Adventure • Crime • Drama
7 2023 99 mins
Vaan Moondru
Ghost in the Shell
6.1

မတ်လထဲမှာ ရုံတင်ပြသခဲ့တဲ့ သိပ္ပံစိတ်ကူးယဉ်ကားသစ်ကို တင်ပေးလိုက်ပါတယ်။ ဂျပန်နာမည်ကြီး Anime ကို ပြန်လည်ရိုက်ကူးထားတဲ့ liv-action ဖြစ်သလို မင်းသမီး စကားလက် ဂျိုဟန်ဆန်လည်းဖြစ်တာမို့ မထွက်ခင်ကတည်းက လူအတော်များများ စိတ်ဝင်စားနေကြပါတယ်။ လက်ရှိမှာတော့ IMDb မှာ 6.8 ရထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အနာဂါတ်ကာလတစ်ခုမှာ လူသားတွေဟာ နည်းပညာတွေ တိုးတက်လာနေပြီး စက် နဲ့ လူသားတွေကြားက စည်းကို ဖြတ်ကျော်သွားခဲ့ပါပြီ။ လူသားတွေကိုယ်ထဲမှာ စက်အစိတ်အပိုင်းတွေအစားထိုးပြီး စွမ်းအင်မျိုးစုံကို မြှင့်တင်နေနိုင်ပါပြီ။ ဒါပေမယ့် မေဂျာဆိုတဲ့ မိန်းကလေးကတော့ ခန္ဓာတစ်ခုလုံးကို ပြုလုပ်ဖန်တီးပြီးတော့မှ လူသားအစစ်ရဲ့ ဦးနှောက်နဲ့ ပေါင်းစပ်ထားတဲ့ ပထမဆုံး မျိုးဆက်အဖြစ် ပေါ်ပေါက်လာခဲ့ပါတယ်။ သူဟာ ဟန်ကာ စက်ရုပ်ကုမ္မဏီရဲ့ အစွမ်းထက်ဆုံး လက်နက်နဲ့ အဆင့်မြင့်ဆုံး နည်းပညာတစ်ခု ဖြစ်လာခဲ့ပါတယ်။ အဲဒီကုမ္မဏီရဲ့ သိပ္ပံပညာရှင်တွေကို လိုက်လံသတ်ဖြတ်နေတဲ့ နည်းပညာအကြမ်းဖက်သမား ကူဇေးကို လိုက်လံဖမ်းဆီးဖို့ ကြိုးစားရင်းနဲ့ မထင်မှတ်တာတွေ ကြုံလာရပါတော့တယ်။ အမှန်နဲ့အမှား၊ လူဆိုးနဲ့ လူကောင်း၊ မှတ်ဉာဏ် နဲ့ အတိတ်စစ်တွေဟာ သူထင်သလို မရိုးရှင်းတာတွေကို သိလာရတဲ့အခါ..... (ဘာသာပြန် သူကတော့ Myoko Yeman ပါ)

Drama • Thriller
6.1 2017 107 mins
Ghost in the Shell
Warming Up to You
6.3

Warming Up to You (2022) ===================== IMDb Rating – 6.3/10 ဒီဇာတ်ကားလေးကတော့ လတ်တလောခေတ်စားနေတဲ့ ဇာတ်လမ်းမျိုးဖြစ်တဲ့ gym trainer ကောင်မလေးနဲ့ နာမည်ကျော်မင်းသားတစ်ယောက်တို့ရဲ့ ရိုမန့် ဇာတ်လမ်းလေးလို့ပဲ ဆိုကြပါစို့။ ကျန်းမာရေးအတွက်ပဲ အမြဲအဓိကထားပြီး လေ့ကျင့်ပေးတတ်လို့ ပေါ်ပင်တွေ နောက်လိုက်တတ်တဲ့ Gym နဲ့ အမြဲကတောက်ကဆဖြစ်ရတဲ့ ပါဆင်နယ်ထရိန်နာမလေး ကိတ်ဝို့ဖ်။ နာမည်ကြီးမင်းသားတစ်လက်ဖြစ်ပေမယ့် body structure ကို ဂရုမစိုက်ဘဲ စားချင်သလိုတွေစားလို့ ကြွက်သားတွေပျောက် ဝဖိုင့်လာရတဲ့ မင်းသား ရစ်ခ်စတီးလ်။ တစ်နေ့မှာ ရစ်ခ် ရဲ့ စတူဒီယိုကနေ ပါဆင်နယ်ထရိန်နာအဖြစ် လေ့ကျင့်ပေးဖို့ ကိတ် ကို ငှားရမ်းလာတဲ့အခါ၊ စတွေ့ကတည်းက ‌ကြောင်နဲ့ ကြွက်လို အမြင်မတည့်ခဲ့ကြတဲ့ သူတို့နှစ်ယောက် ထရိန်နင်ဆင်းကြတဲ့အခါ ကြုံတွေ့ရတဲ့ ပြဿနာတွေကို ရိုမန့်စ် လေးတွေရောပြီး ပေါ့ပေါ့ပါးပါးလေး စီးမျောခံစားကြည့်ရဦးမှာပါ။ ကိုယ့်ရဲ့ ကလိုင်းရန့်နဲ့ လုံးဝ ဒိတ်မလုပ်ဘူးလို့ ကြွေးကြော်ထားခဲ့တဲ့ ကိတ် အတွက်ရော ဘယ်လို challenge တွေဖြစ်လာမလဲဆိုတာကတော့ … ဒီဇာတ်ကားလေးကိုတော့ ဒါရိုက်တာ Christie Will Wolf ကရိုက်ကူးထားကာ မင်းသား Christopher Russell နဲ့ မင်းသမီး Cindy Busby တို့က အဓိကပါဝင် သရုပ်ဆောင်ထားပြီး IMDb 6.3 ထိ ရရှိထားပါတယ်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းကို May Thet Khine Soe မှရေးသားပေးပြီး၊ ဘာသာပြန် ရေးသားပေးသူများကတော့ May Thet Khine Soe, Yoon Sandi Aung တို့ဖြစ်ပါတယ်။) File Size – (2.05 GB) / (885 MB) / (575 MB) Quality – WEB-DL 1080P / 720p / 480P Duration – 1Hr 24Mins (@Episode) Subtitle – Myanmar Hardsub Format – MP4 Genre : Drama, Romance Translator – May Thet Khine Soe, Yoon Sandi Aung Encoder – SWM

Comedy
6.3 2022
Warming Up to You
Fruitvale Station
7.5

Creed နဲ့ Black panther တွေမှာ နာမည်ကြီးစတားဖြစ်လာတဲ့ Michael B. Jordan ကိုလူတွေ (လူမည်းအများစု)သိပြီး နာမည်ကြီးလာစေမယ့် ဖြစ်ရပ်မှန်ဇာတ်ကားလေးပါ။ ၂၀၀၈ ခုနှစ်က Fruitvale ဘူတာမှာဖြစ်ခဲ့တဲ့လူမည်းကောင်လေးကို ရဲကပစ်သတ်မိတဲ့ဖြစ်ရပ်မှန်ကို ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ အော်စကာ ဟာအရင်ကဆေးခြောက်ရောင်း‌တဲ့သူပေမယ့် ထောင်ကျပြီးနောက် သမီးလေးလဲရှိတော့ လိမ္မာတော့မယ် ဆုံးဖြတ်ပြီးကာမှ အလုပ်ပြုတ်ပြီး ဇနီးဖြစ်သူရဲ့ ငြိုငြင်ခံနေရပါတယ်။ ဒီလိုနဲ့ နှစ်ကူးညမှာမီးပန်းကြည့်ဖို့ မြို့ထဲကိုရထားစီးပြီးသွားကြရာမှာတော့ အဖြစ်ဆိုးနဲ့ကြုံရပါတော့တယ်။ သာမန်ရန်ပွဲလေးတခုကို လာဖြေရှင်းကြတဲ့ ရဲကစိတ်တိုပြီး ပစ်သတ်လိုက်ပေမဲ့ တရားရုံးမှာ အမှုရင်ဆိုင်ရာမှာတော့ လျှော့တိုက်သေနတ်နဲ့ သေနတ်အစစ်မှားပစ်မိတာဖြစ်ကြောင်းလျှောက်တင်ပြီး ထောင်၂နှစ်သာကျခဲ့လို့ ဆန္ဒပြပွဲတွေဖြစ်ခဲ့တဲ့အမှုတခုပါ။ ဖြစ်ရပ်မှန်မှုခင်းတွေကို စိတ်ဝင်စားတဲ့သူတွေ အတွက်ကြည့်သင့်တဲ့ကားလေးပါ။ File size…2.65GB / 614MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 25m Genre ….. Biography , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Chit Min Thu

Horror • Thriller • Mystery
7.5 2013
Fruitvale Station
Under the Fig Trees
6.5

Under the Fig Trees (2021) ==================== IMDb Rating – 6.5/10 တူနီးရှားကျေးလက်ဒေသက သဖန်းသီးခြံထဲကို တစ်ရက် လောက် အလည်သွားကြရအောင်… ဒီဇာတ်လမ်းလေးမှာ ကျောင်းပိတ်ရက် သစ်သီးခြံထဲမှာ သစ်သီးခူးရင်းအလုပ်လုပ်ကြတဲ့ လူငယ်လေးတွေရဲ့ တစ် နေ့တာကို ရိုက်ပြထားပါတယ်။ ဇာတ်လမ်းအစမှာတော့ မနက်အရုဏ်တက် သူတို့ကို လာ ကြိုမဲ့ကုန်တင်ကားကို စောင့်ရင်း စကားမမြည်ပြောနေကြ တာနဲ့ အစပြုထားပါတယ်။ ခဏနေတော့ သစ်သီးခြံက သူဌေးရဲ့ ကားရောက်လာပြီး အသီးသီး ကားပေါ်တက်ကြ ပါတယ်။ ဒီထဲမှာ ဖီဒဲဆိုတဲ့ ခပ်သွက်သွက်ပုံစံနဲ့ ကောင်မ‌လေး က သူများတွေလို နောက်မှာမထိုင်ဘဲ ရှေ့ခန်းက သူဌေးဘေးမှာ ဝင်ထိုင်လိုက်ပါတယ်။ ထုံးစံအတိုင်း အနောက်ခန်းကလူတွေ အတွက် အတင်းပြောဖို့ အကြောင်းရသွားတောပေါ့။ ခြံထဲကို ရောက်တော့ သစ်သီးခြင်းတွေ ရေပုံးတွေ တစ်ပင်နဲ့ တစ်ပင်ကူးပြီး သစ်သီးခူးကြပါတော့တယ်။ သူတို့တစ်နေ့တာမှာ အတူအလုပ်လုပ်တဲ့ ကောင်လေးတွေနဲ့ မထိတထိ စကြပြောကြ တာတွေရှိမယ်။ သူတို့အချင်းချင်း အချစ်အကြောင်း အိမ်ထောင် ရေးအကြောင်းတွေ ပြောကြမယ်။ စားကြသောက်ကြရင်း ရယ် စရာလေးတွေ ပြောကြမယ်။ အချင်းချင်း သူ့ရည်းစားကိုယ့်ရည်း စားစွပ်စွဲကြရင် ရန်သတ်ကြတာတွေလည်း ရှိမယ်။ အလုပ်ရှင်ရဲ့ အနိုင်ကျင့်တာ ခေါင်းပုံဖြတ်တာတွေလည်း မြင်ရမှာပါ။ တစ်နေ့ တာရဲ့ အနိမ့်အမြင့် အတက်အကျတွေကြား ဇာတ်လမ်းအဆုံးမှာ တော့ ပျော်ပျော်ပါးပါးပဲ သီချင်းတွေဆိုပြီး အိမ်ပြန်သွားကြပါတယ်။ “Under the Fig Trees” ဆိုတဲ့ နာမည်အတိုင်းပဲ သဖန်းပင်တွေ အောက်မှာ အလုပ်လုပ်ကြတဲ့ လူငယ်လေးတွေရဲ့ တစ်နေ့တာကို တွေ့မြင်ရမှာပါ။ သူတို့အချင်းချင်း ပြောဆိုဆက်ဆံကြတာတွေ၊ ပြောင်းလဲလာတဲ့ခေတ်ရေစီးကြောင်းနဲ့အတူ ပြောင်းလဲလာတဲ့ သူတို့ရဲ့ အမြင်တွေ၊ လူငယ်ပီပီ စိတ်ကစားကြတာတွေ၊ သမီး ရည်းစားဆက်ဆံရေးတွေကို တွေ့ရမှာပါ။ တူနီးရှားကျေးလက်ဒေသ သဖန်းပင်တွေအောက်က လူငယ်လေးတွေရဲ့ တစ်နေ့တာကို ခံစား ကြည့်လိုက်ပါဦးနော်… (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Phu Myat Thwe ဖြစ်ပါတယ်) File Size……….(1.5 GB) / (700 MB) / (395 MB) Quality…………WEB-RIP 1080p / 720p / 480p Duration………1Hr 32Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….Phu Myat Thwe Encoder……….SWM

Drama • Crime • Horror
6.5 2021
Under the Fig Trees
Archana 31 Not Out
5.7

Archana 31 Not Out (2022) IMDb-5.7/10 “ကျွန်မဘဝကို ဗေဒင်ဆရာရော မင်္ဂလာအကျိုးဆောင်ရော ဘယ်သူမှဝင်ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး” ဆိုတဲ့ အသက် ၂၈ ရောက်နေတဲ့ ကျောင်းဆရာမလေး အာချနာ သူငယ်ချင်းတွေ အနီးနားကရွယ်တူအမျိုးသမီးလေးတွေ အိမ်ထောင်တွေကျ သားသားမီးမီးလေးတွေရနဲ့ ပျော်ရွှင်တဲ့ဘဝလေးတွေပိုင်ဆိုင်နေကြချိန်မှာ အာချနာတစ်ယောက်ကတော့ မိသားစုအတွက်အလုပ်တွေကြိုးစားလုပ်ရင်း အချစ်ရေးအိမ်ထောင်ရေးတွေမေ့ပြီး အပျိုကြီးဘဝထဲ ဝင်မှန်းမသိဝင်လာတဲ့အချိန် မင်္ဂလာအကျိုးဆောင်နဲ့ ဘဝလက်တွဲဖော်ကိုရှာတဲ့ချိန်မှာလည်း အကြောင်းပြချက်ပေါင်းများစွာနဲ့ ၃၁ ကြိမ်တိုင် အဆင်မပြေတေ့လွဲလေးတွေလွဲနေခဲ့တယ် အချစ်ဆိုတာလိုက်ဖမ်းရင်းပတ်ပြေးတတ်ပြီး ငြိမ်နေရင်တည့်တည့်လာတိုးတတ်တဲ့အရာမလား အာချနာရောနဖူးစာရွာလည်ပြီး ဖူးစာဘက်နဲ့တွေ့သွားမလား အပျိုကြီးအဖြစ်နဲ့ပဲ တစ်သက်လုံးစာသင်တဲ့ဆရာမလေးလုပ်သွားတော့မလား… ဘာဝါဒီဝါဒတွေမှ မပါဘဲ ဘဝဆန်ဆန်ဆရာမလေးအကြောင်း ဟာသဒရာမအရောလေးနဲ့ခံစားကြည့်ပါဦး အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ V ~ BpL ~ Moon ~ Zwe Yan ~ Yunni တို့ပဲဖြစ်ပါတယ်

5.7 2022 110 mins
Archana 31 Not Out
Maria Full of Grace
7.4

IMDB 7.4 ရရှိထားတဲ့ ကိုလံဘီယာဘတ်ဂျတ်ရုပ်ရှင်တစ်ကားပါ။ ဘတ်ဂျတ်ရုပ်ရှင်ဆိုပေမဲ့ သရုပ်ဆောင်ချက်တွေက လက်ဖျားခါစရာပါပဲ။ ကိုလံဘီယာက အမှီအခိုကင်းပြီး စိတ်ဓာတ်ပြင်းတဲ့ ၁၇ နှစ်အရွယ် မာရီယာဟာ ထိုက်သင့်သလောက် လခမရတဲ့ ပန်းထုပ်ပိုးတဲ့အလုပ်မှာ လုပ်နေတဲ့ ကောင်မလေးတစ်ယောက်ဖြစ်တယ်။ သူ့ရဲ့ဘဝက အသုံးမကျတဲ့ရည်းစား ဝမ်ကြောင့် စိတ်ပျက်စရာကောင်းသလို မျှော်လင့်မထားဘဲ ကိုယ်ဝန်ရသွားပြီး အလုပ်ရှင်နဲ့ ဆက်ဆံရေးအဆင်မပြေလို့ အလုပ်ထွက်လိုက်ပြီးတဲ့နောက်မှာ ပိုဆိုးလာတော့တယ်။ အစ်မနဲ့အမေဖြစ်သူရဲ့ ဖိအားကြောင့်ရော ငွေကြေးအခက်အခဲရောကြောင့် မာရီယာဟာ မူးယစ်ဆေးတို့လိုမျိုး တရားမဝင်ပစ္စည်းတွေပို့ဆောင်ပေးတဲ့ ကောင်မလေးတစ်ယောက်ဖြစ်လာခဲ့တယ်။ ဒါပေမဲ့ အမေရိကားကိုသွားရတဲ့ သူ့ရဲ့ပထမဆုံးပို့ဆောင်မှုမှာတင် အခြေအနေက ထင်သလိုဖြစ်မလာခဲ့ဘဲ အဆိုးဘက်ကိုပဲ ဆက်သွားနေတဲ့အခါ နောက်ဆုံးမှာ မာရီယာနဲ့ သူ့ကလေးဟာ ဘေးကင်းတဲ့အနာဂတ်တစ်ခု ရလာနိုင်မလားဆိုတာကိုတော့… File size… 2 GB / 958 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 41m Genre ….. Crime , Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kasashi

7.4 2004 101 mins
Maria Full of Grace
RedLife
6.9

Redlife 2023 အညွှန်း ‌ဒီတစ်ခေါက်မှာတော့ Hormones S2 S3 မှာ စပြီးပါဝင်ခဲ့ပြီး၊ My Ambulance၊ Mind Game ထဲက မင်းသား Bank Thiti Mahayotaruk နဲ့ BNK48 ရဲ့ 2nd Generation မန်ဘာဟောင်း, Queendom Puzzle မှာတုန်းက တစ်ဦးတည်းသော ထိုင်းမန်ဘာအဖြစ်ပါဝင်ခဲ့တဲ့ Fye တို့ရဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ရပါတယ်။ ဒီဇာတ်ကားလေးကတော့ ထိုင်းနိုင်ငံရဲ့ အခြေခံလူတန်းစားဘ၀ကနေ ရုန်းထွက်ကြမယ့် လူငယ်နှစ်ယောက်အကြောင်းကို ရိုက်ပြထားပါတယ်။ ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုရင်တော့ ပရိသတ်တွေက နှစ်ပိုင်းခွဲကြည့်ရပါလိမ့်မယ်။ မဟုတ်ရင် အစပိုင်းမှာ လည်ထွက်နေမှာပါ။ Ter (Bank) ကြိုက်နေတဲ့ကောင်မလေးကတော့ ပြည့်တန်ဆာ တစ်ယောက်ပါ။ Ter ကိုယ်တိုင်ကလည်း သူခိုးတစ်ယောက်ဆိုတော့ Mild အတွက် တင့်တောင့်တင့်တယ်မထားနိုင်တဲ့အပြင် ကောင်မလေးအဲလိုလုပ်နေတာကိုပါ မြင်တွေ့နေရတာပါ။ ‘Ter က Mild ကိုလက်ထပ်ချင်တဲ့အတွက် သူ့အနေနဲ့ Mild ကို အဲလိုဘဝကနေ ရုံးထွက်ရအောင် ကြိုးစားရပါတော့တယ်။ တစ်ဖက်ကဇာတ်လမ်းကလည်း ဆင်တူပါပဲ။ မတူတာကဘာလဲဆိုတော့ Som ကို သူ့အမေက ပြည့်တန်ဆာလုပ် ပိုက်ဆံရှာပြီးကျောင်းထားပေးနေတာပါ။ အဲလိုလုပ်နေတာကို Som ကမကြိုက်တဲ့အပြင် ကျောင်းမှာလည်း ဆင်းရဲလို့ သူ့ကိုအပေါင်းအသင်းမလုပ်ကြပါဘူး။ အဲလိုနဲ့ တစ်နေ့ သူ့ကိုဂရုစိုက်တဲ့သူ Peach (Fye) ပေါ်လာပါတော့တယ်။ အဲလိုနဲ့ သူ့ရဲ့ဘဝကြီးက သာယာသွားမလား သူ့အမေရဲ့ အရိပ်မည်းကြီးအောက်က ရုန်းထွက်နိုင်မလား။ ရုန်းထွက်ချင်တဲ့ လူငယ်နှစ်ယောက် Ter နဲ့ Som နှစ်ယောက်တို့ရဲ့ ဇာတ်လမ်းက ဘယ်တွေဆက်ဖြစ်မလဲဆိုတာ ကြည့်ရှုလိုက်ရအောင်နော်။ (ဇာတ်ကား၏ အပြုအမူနှင့် အပြောအဆိုများသည် အရမ်းကြမ်းတမ်းလွန်းပြီး ဝတ်စလစ်ခန်းများ ပါဝင်သောကြောင့် မိသားစုနဲ့ ကြည့်ရှုရန် မသင့်တော်ပါကြောင်း) အညွှန်း နဲ့ ဘာသာပြန်ကတော့ Kaung Set ပဲ ဖြစ်ပါတယ်။ Genre….. Drama, Thriller Quality…. 1080p | 720p File size… 1.3GB | 574MB Format… mp4 Duration…. 2h 1min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Kaung Set Encoder ….. Aaron

Drama • Thriller
6.9 2023
RedLife
Harakiri
8.6

Harakiri ( 1962 ) =============== ဟာရခိရိက ဘယ်လိုရုပ်ရှင်မျိုးလဲဆိုရင် ကျွန်တော်တော့ ရှက်ဖို့အကောင်းဆုံးရုပ်ရှင်လို့ ဖြေမိမှာပဲ။ Harakiriဟာ ကြည့်ဖူးသမျှ ရုပ်ရှင်တွေထဲ ကျွန်တော့်အတွက် ရှက်ဖို့အကောင်းဆုံးရုပ်ရှင်တစ်ကားဖြစ်ခဲ့တယ်။ ဟာရခိရိဆိုတဲ့ဂျပန်စကားရဲ့ အဓိပ္ပာယ်က ဝမ်းဗိုက်ကိုခွဲတယ်ဆိုတဲ့ အဓိပ္ပာယ်။ ပြောရရင် ဆာမူရိုင်းတွေ ရိုနင်တွေ အခမ်းအနားနဲ့ ဝမ်းဗိုက်ကိုခွဲပြီး သတ်သေခြင်းကို ဆိုလိုတာ။ အဲဒီအခမ်းအနားကိုတော့ Seppukuလို့ခေါ်တယ်။ ဆာမူရိုင်းတွေရဲ့ သိက္ခာကို ဖော်ပြနည်းတစ်မျိုးပေါ့။ ကီနူးရိဗ်ရဲ့ 47 Ronin နောက်ဆုံးခန်းက ဟာရခိရိလုပ်တဲ့အခန်းကို တော်တော်များများရင်းနှီးပြီးသားဖြစ်ကြမှာပဲ။ ဒါပေမဲ့ အမြဲတမ်း ဟာရခိရိက သိက္ခာရှိတဲ့ လုပ်ရပ်တစ်ခုဖြစ်ရဲ့လားဆိုတာကို ဒီဟာရခိရိရုပ်ရှင်က မေးခွန်းထုတ်ပြီး ဒီဟာရခိရိရုပ်ရှင်ကပဲ ဟာရခိရိရဲ့ ဂုဏ်ကို ပြန်အဖတ်ဆည်ပေးသွားတယ်။ ဟာရခိရိဟာ ကျွန်တော်ကြည့်ဖူးတဲ့ ဘယ်ဆာမူရိုင်းကားနဲ့မှ မတူတဲ့တစ်ချက်က ကြည့်နေတဲ့လူကိုပါ ရှက်အောင်လုပ်နိုင်တဲ့အချက်ပါပဲ။ ဒီအချက်အတွက် ဒါရိုက်တာ Masaki Kobayashi ရဲ့ တင်ပြပုံကို ချီးကျူးရမှာပါပဲ။ Masaki Kobayashiဟာ ဟာရခိရိအပြင် Kwaidanတို့ The Human Condition ၃ကားတို့ Samurai Rebellionတို့ကိုလည်း ရိုက်ခဲ့တယ်။ ဟာရခိရိကို တစ်ချို့ ဂျပန်ရုပ်ရှင် ပရိသတ်တွေကတော့ Seven Samuraiထက် ကောင်းတဲ့ ဆာမူရိုင်းကားလို့ပြောကြသလို အကောင်းဆုံးဆာမူရိုင်းရုပ်ရှင်တွေထဲက တစ်ကားလို့တော့ လူတိုင်းပြောကြတယ်။ ပြောကြတာလည်း မလွန်ပါဘူး။ ဇာတ်ကို တငွေ့ငွေ့ချင်း ရုပ်လုံးပေါ်အောင် ပုံဖော်သွားပုံဟာ လှပလွန်းတယ်။ ဇာတ်အိမ်တည်ရာ ၁၆၃၀ခုနှစ်ဟာ အဲဒိုခေတ်လို့ ခေါ်တဲ့ တိုခုဂါဝခေတ်။ ရှိုးဂန်းလို့ခေါ်တဲ့ စစ်နယ်ရှင်တွေ နယ်မြေအသီးသီးကို အုပ်ချုပ်ကြတဲ့ ခေတ်။ ၁၆၀၃မှာ စခဲ့တဲ့ တိုခုဂါဝခေတ်မှာ ရှိုးဂန်းတွေ အိမ်တော်တွေကြား တိုက်ပွဲတွေများခဲ့ပြီး ပြိုလဲသွားတဲ့ အိမ်တော်တွေလည်း မနည်းခဲ့ဘူး။ အခုရုပ်ရှင် ဇာတ်အိမ်တည်ရာ ၁၆၃၀ခုနှစ်မှာတော့ သခင်မဲ့ ငတ်ပြနေတဲ့ ဆာမူရိုင်းတွေ တော်တော်များနေခဲ့ပြီ။ တစ်ချို့လည်း သခင်သေကတည်းက ဟာရခိရိလုပ်ပြီးကြပြီ ။ ဇာတ်ကတောာ့ သခင်သစ်လည်းရှာမရသလို ဆင်းရဲငတ်မွတ်ခေါင်းပါးခြင်းဒဏ်ကို မခံနိုင်တော့လို့ ဟာရခိရိလုပ်ပေးဖို့ အဲဒီနယ်ကို လက်ရှိအုပ်စိုးနေတဲ့ာ အဲယိအိမ်တော်ကို လာပြောတဲ့ ဟန်ရှိရိုဆုဂုမိုဆိုတဲ့ ဆာမူရိုင်းတစ်ယောက်နဲ့စတယ်။ အိမ်တော်အရှင်ဟာ ငတ်လို့ ဟာရခိရိလုပ်ဖို့ တောင်းဆိုလာတဲ့ သူတွေကို တကယ်မသေရဲပဲ ပေးစာကမ်းစာယူပြီး ပြန်သွားချင်လို့ လာတာလို့ မှတ်ယူထားတယ်။ ရှေ့မှာလည်း သာဓကတစ်ခုရှိခဲ့ပြီးပြီကိုး။ ဒီတော့ သူက ဆုဂုမိုကို အိမ်ထဲခေါ်ပြီး လုပ်ဖို့သေချာလားမေးတယ် ဟိုက သေချာတယ်ပြောတော့ ဆန္ဒမစောနဲ့ဦးဆိုပြီး ရှေ့က ဟာရခိရိလုပ်ဖို့ တောင်းဆိုခဲ့ဖူးတဲ့ ဆာမူရိုင်းတစ်ယောက်ရဲ့ ဇာတ်လမ်းကို ပြောပြတယ်။ အဲဒီလူနာမည်က မိုတိုမဲ ချိဂျိဝိ။ တစ်ခုသောနေ့မှာ မိုတိုမဲချိဂျိဝလို့ခေါ်တဲ့ ရိုနင်တစ်ယောက်ဟာ သခင်သစ်လည်းရှာမရသလို ဆင်းရဲငတ်မွတ်ခေါင်းပါးခြင်းဒဏ်ကို မခံနိုင်တော့လို့ ဟာရခိရိလုပ်ခွင့်ပေးဖို့ ခွင့်တောင်းဖို့ အဲယိအိမ်တော်ကို ရောက်လာတယ်။ အကြီးအကဲတွေဟာ ငွေပေးပြီးလွှတ်လိုက်ရင်လည်း နောက်ထပ်လာတဲ့လူတွေနည်းမယ်မထင်ဘူး။ အိမ်တော်လည်း သိက္ခာကျတယ်လို့ ယူဆတယ်။ ဒီတော့ သူတို့ဟာ စစချင်း မိုတိုမဲကို ရေမိုးချိုးပြီး ဝတ်ကောင်းစားလှလဲစေတယ်။ မိုတိုမဲစိတ်ထဲတော့ ဒီလူတွေ သူ့ကိုပေးမသေဘဲ ပေးသင့်ပေးထိုက်တာပေးမယ်လို့ ထင်ခဲ့တယ်။ အိမ်တော်အကြီးအကဲတွေက မိုတိုမဲရဲ့ ဓား၂ချောင်းကို စစ်ကြည့်တော့ ၂ချောင်းလုံးက ဝါးဓားတွေ ဖြစ်နေတယ်။ ဆာမူရိုင်းတစ်ယောက်ဟာ ကိုယ့်ဓားနဲ့ပဲကိုယ် ဟာရခိရိလုပ်ရတာဆိုတော့ ဒီကောင် သတ္တိနည်းပြီး တို့ဟူးလှီးလို့တောင်မပြတ်တဲ့ ဝါးဓားနဲ့ ရောက်ချလာတယ်လို့ သတ်မှတ်လိုက်ကြတယ်။ တော်တော်လည်းအထင်သေးခဲ့ကြတယ်။ သူရဲဘောကြောင်တဲ့ ဆာမူရိုင်းလို့သတ်မှတ်ပြီး စက်ဆုပ်ရွံရှာခဲ့ကြတယ်။ ဒါပေမဲ့လည်း သူ့ဝါးဓားနဲ့ပဲ သူ့ကို ဟာရခိရိလုပ်ခိုင်းခဲ့တယ်။ ဟာရခိရိလုပ်တယ်ဆိုတာ ကိုယ့်ဓားနဲ့ကိုယ်က ဝမ်းကိုပဲ ခွဲပြီး နောက်ကအကူတစ်ယောက်က အသက်ထွက်သက်သာအောင် ခေါင်းကို ခုတ်ဖြတ်ပေးရတယ်ဆိုပေမဲ့ ဝါးဓားနဲ့ သူ့ကိုယ်သူ မချိမဆန့်ထိုးနေရတဲ့ မိုတိုမဲကိုတော့ အဲဒီအိမ်တော်က ဆာမူရိုင်းတွေက မသက်ညှာခဲ့ဘူး။ ခုတ်လိုက်ပါတော့လို့ ပြောနေပေမဲ့ မခုတ်ခဲ့ဘူး။ နောက်ဆုံး မိုတိုမဲဟာ လျှာကိုက်ပြီး သေသွားခဲ့တယ်။ သူ့သတင်းဟာလည်း နှစ်ရက်အတွင်း အဲဒီနယ်တစ်ခွင်လုံးကို ပျံ့သွားခဲ့တယ် ။ သူရဲဘောကြောင်တဲ့ ဝါးဓားဆာမူရိုင်းဆိုပြီး နာမည်တွင်သွားခဲ့တယ်။ အဲယိအိမ်တော်က အကြီးအကဲဟာ ဆုဂုမိုကို ဒီဇာတ်လမ်းပြောပြပြီး တိတ်တိတ်လေး ပြန်သွားလိုက်တော့ ပြောပေမဲ့ ဆုဂိုမိုကတော့ အခမ်းအနားလုပ်ဖို့ကိုပဲ စိုင်းပြင်းနေတယ်။ သူ့ပုံစံကလည်း သေဖို့လာတာပေမဲ့ တည်ငြိမ်အေးဆေးမှု အပြည့်ပဲ။ သူ့ပုံစံကို မြင်ရုံနဲ့ သူ့စိတ်ဆုံးဖြတ်ချက်က ခိုင်မာပြီးသားဆိုတာ ကျွန်တော်တို့မြင်နေရတယ်။ အေးစက်ပြီး ရှိန်ချင်စရာကောင်းတဲ့ ဒီဆုဂုမိုဇာတ်ကောင်ကို သရုပ်ဆောင်ပေးထားတာက Tatsuya Nakadai။ ကူရိုဆာဝါရဲ့ Ranတို့ Yojimboတို့ Sanjuroတို့ နောက် အခုကားကိုရိုက်တဲ့ မာစခိ ခိုဘယရှိ Kwaidanတို့ Human Condition တို့အပါအဝင် တကယ့်ဂန္တဝင်ကာားကြီးတွေချည်းရိုက်ခဲ့တဲ့ ဂန္တဝင်မင်းသားကြီးပဲ။ Ranမှာလည်း သူအိုကြီး ရူးသွားတဲ့ပုံစံဟာ တော်တော်လေး အသက်ဝင်ခဲ့လို အခုလည်း သေရတော့မယ့်အချိန်မှာတောင် အေးစက်ပြီး တည်ငြိမ်နေတဲ့ ဆုဂုမိုဇာတ်ကောင်ဟာ လုံးဝအသက်ဝင်နေခဲ့တယ်။ ဒီတော့ တားမရတဲ့အဆုံး အကြီးအကဲက အခမ်းအနားလုပ်ပေးတယ်။ ဆုဂိုမိုဟာ တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးနဲ့ပဲ တောင်းဆိုချက်တွေလုပ်ရင်း အဲယိအိမ်တော်အကြီးအကဲရဲ့ ဒေါသကိုဆွရင်း သူ့ဘက်က ပြောပြချင်တဲ့ ဇာတ်လမ်းကို တဖြည်းဖြည်းချင်း ရုပ်လုံးပေါ်အောင် ပြောပြလာတယ်။ မိုတိုမဲချိဂျိဝဆိုတဲ့ ဝါးဓားဆာမူရိုင်းရဲ့ တကယ့် အဖြစ်မှန်ကိုပေါ့။ အမှန်ပြောရရင် စစချင်း မိုတိုမဲချိဂျိဝကို ဒါရိုက်တာပုံဖော်ထားတဲ့ ပုံစံမှာ ကြည့်ရှုသူ ကျွန်တော်ကိုယ်တိုင်လည်း မိုတိုမဲကို တော်တော်အထင်သေးသွားခဲ့တယ်။ ဇာတ်ရဲ့ ရုပ်လုံးပေါ်လာတဲ့အချိန်မှာတော့ မိုတိုမဲကို အထင်သေးခဲ့တဲ့ ကျွန်တော်ရဲ့ အဆုံးဖြတ်စောမှု မသိနားမလည်မှုကို ရှက်လာရတယ်။ ဆုဂုမိုရဲ့ ဇာတ်လမ်းရုပ်လုံးပေါ်လာလေ ဆုဂိုမိုရဲ့ စကားလုံးတွေ ထိရှလာလေလေ ကျွန်တော့်အတွက် ရှက်ဖို့ကောင်းလာလေပဲ။ ဒါရိုက်တာဟာ ကြည့်ရှုသူကို ဒီလိုအခြေအနေရောက်အောင် ကြည့်ရှုသူတွေပါ မိုတိုမဲကို အဆုံးဖြတ်စောမိအောင် ခင်းကျင်းထားပုံရပါတယ်။ တကယ်လည်း အဲယိအိမ်တော်ကလူတွေနဲ့အတူ ကြည့်ရှုသူတွေပါ ရှက်စိတ်ဝင်လာအောင် လုပ်နိုင်ခဲ့တယ်။ ဟာရခိရိဟာ ကျွန်တော် ဘယ်တော့မှ မမေ့မယ့် ရုပ်ရှင်တစ်ကားဖြစ်သွားခဲ့တယ်။ ဘယ်လိုရုပ်ရှင်လဲ မေးလာရင်လည်း သိပ်ကောင်းတဲ့ ဆာမူရိုင်းကား ဘာညာထက် ရှက်ဖို့အကောင်းဆုံးရုပ်ရှင်လို့ပဲ ဖြေမိမှာပဲ။ ဒါကလည်း ပိုမှန်နေတယ်။ ဟာရခိရိဟာ အကောင်းဆုံး ဆာမူရိုင်းရုပ်ရှင်ဆိုတဲ့ ဂုဏ်နဲ့တော့ တကယ်တန်ခဲ့ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ )

8.6 1962 135 mins
Harakiri
The Perfect Candidate Candidatul Perfect

ဘဝမှာ ဘာရည်မှန်းချက် ဘာအိပ်မက်မှ မရှိဘဲ ဖြတ်သန်းနေတဲ့ ခပ်တုံးတုံးလူတစ်ယောက် ကိုစတီကာ……… အကြောင်းအမျိုးမျိုးကြောင့် ရွေးကောက်ပွဲကို ရှုံးမှဖြစ်မယ့် နိုင်ငံရေးပါတီတစ်ခုက ကိုစတီကာကို လှည့်စားပြီး သမ္မတရွေးကောက်ပွဲအတွက် ဝင်ပြိုင်ခိုင်းလိုက်သောအခါ………….. ကားပါကင်နေရာတစ်ခုရဖို့ သမ္မတလောင်းအဖြစ် ရွေးကောက်ပွဲဝင်ပြိုင်ဖို့ ဆုံးဖြတ်လိုက်တဲ့ ကိုစတီကာတစ်ယောက် နိုင်ငံရေးလောကမှာ ဘယ်လိုအခြေအနေမျိုးတွေကို ကြုံတွေ့ရမလဲ???? သမ္မတလောင်းအဖြစ် မဲဆွယ်တဲ့အခါမှာရော ဘယ်လိုအလွဲလေးတွေကို ကြုံတွေ့ရမလဲ???? နိုင်ငံရေးလှည့်ကွက်တွေ၊ အစိုးရအဖွဲ့အစည်းတွေရဲ့ လာဘ်စားမှုတွေ၊ အလိမ်အညာတွေ၊ လှည့်စားမှုတွေကို ကွက်ကွက်ကွင်းကွင်းမြင်နိုင်အောင် ဟာသလေးနှောပြီး ရိုက်ကူးထားတဲ့ တစ်မူထူးခြားတဲ့ဟာသဇာတ်ကားတစ်ကားဖြစ်ပါတယ်…… ကိုစတီကာတစ်ယောက် ပါတီကဖြစ်စေချင်သလို ရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားမှာလား ဒါမှမဟုတ် အလွဲလွဲအချော်ချော်နဲ့ ရွေးကောက်ပွဲမှာ အနိုင်ရရှိသွားပြီး ရိုမေးနီးယားသမ္မတကြီး ဖြစ်လာမလားဆိုတာကို Candidatul Perfect (2024) မှာ ကြည့်ရှုလိုက်ရအောင်……… File size… (1.9 GB) / (961 MB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre…Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Su Mon

Horror
0 2024
The Perfect Candidate Candidatul Perfect