YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The Spirealm E 01+02 1080p WEB-DL CM.mp4

411.97 MB 1080p video/mp4 175 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Karthikeya 2
7

ခုတစ်ခါထွက်ရှိလာတဲ့ အိန္ဒိယတောင်ပိုင်းတေလဂူကားလေးကတော့ တကယ်ကို စိတ်ဝင်စားစရာကောင်းတဲ့ကားလေးပါပဲ... မင်းသားချော နီခေလ်နဲ့ မင်းသမီးချောလေး အန်နူပမာတို့ ခေါင်းဆောင်မင်းသား မင်းသမီးနေရာကနေ ပါဝင်သရုပ်ဆောင်ထားတယ် ဒီဇာတ်ကားမှာ ကာသစ်က လက်တွေ့သိပ္ပံကလွဲရင် ကျန်တာတွေကို အယုံအကြည်မရှိဘူးဆိုပေမယ့် လက်တွေ့ဆန်တာ ယုတ္တိရှိတာတွေကိုတော့ ယုံလေ့ရှိသလို တစ်မူထူးခြားတဲ့လူတစ်ယောက်လည်း ဖြစ်တယ်... သူဟာ ဆရာဝန်တစ်ယောက်ဖြစ်သလို စူးစမ်းလေ့လာရေးသမားတစ်ယောက်လည်း ဖြစ်သေးတယ်... ဘုရားအဆင်တန်ဆာတွေကို လိုချင်တပ်မက်နေကြတဲ့ သိုက်တူးသမား အဖွဲ့အစည်းတစ်ခုရှိတယ်...လောဘသားကောင်တွေဆိုပါတော့ ကမ္ဘာမီးလောင်ရင် သားကောင်ချနင်းမယ့် လူစားမျိုးတွေ... အဲ့ဒီအဖွဲ့အစည်းထဲက ပရော်ဖက်ဆာတစ်ယောက်ဟာတော့ ဒီအဖြစ်ကို မလိုလားခဲ့ဘူး..ဒါကြောင့် အဆင်တန်ဆာတွေရဲ့ တည်နေရာကို ခဲရာခဲဆစ်နဲ့ တစ်ယောက်တည်း သဲလွန်စတွေ ရှာဖွေဖေါ်ထုတ်ခဲ့တယ်... နောက်ဆုံး ဒီသဲလွန်စတွေနဲ့ အဆင်တန်ဆာတွေကို ကာကွယ်ရမယ့်တာဝန်က ကာသစ်ဆီရောက်လာတော့.. ဗီဇအရ စူးစမ်းရှာဖွေလိုစိတ်အပြည့်ရှိတဲ့ ကာသစ်ဟာ ဒီသဲလွန်စတွေကို ဘယ်လိုရှာဖွေဖေါ်ထုတ်မလဲ...။ ဆန်းကြယ်မှုတွေပြည့်နှက်နေတဲ့ သူ့ခရီးကို ဘယ်လိုဖြတ်သန်းမလဲဆိုတာကတော့....။ File size…4.5GB / 2.21GB / 1GB Quality…4k HEVC WEB DL  / 1080p WEB DL / 720p Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor

Comedy
7 2022 145 mins
Karthikeya 2
Call Me by Your Name
8.2

IMDb Rating - 7.8/10 ၁၉၈၃ ခုနှစ်ရဲ့ အီတလီနွေရာသီမှာ ကားလေးတစ်စီးနဲ့ အိမ်ကို စရောက်လာတဲ့ ခင်ဗျားဟာ ကျွန်တော့်ရဲ့ အိပ်ခန်းကို ဦးစွာ သိမ်းပိုက်ခဲ့တယ်။ အရပ်အမောင်း ကောင်းကောင်းနဲ့ သိပ်ကို ဆွဲဆောင်မှု ရှိတဲ့ ခင်ဗျားဟာ ကျွန်တော်နဲ့ ၇နှစ်တောင် အသက်ကွာခြားသတဲ့။ အချင်းချင်း နှုတ်ဆက်ခါနီးကို သူများနဲ့မတူ တမူထူးခြားစွာ " နောက်မှပဲ " " နောက်မှပဲ" လို့ ပြောတတ်တဲ့ခင်ဗျားကို ကျွန်တော် အမြင်တော့ကပ်မိသား။ ဒီလို တုံးတိဆန်တဲ့ စကားက ကျွန်တော့်အတွက်တော့ ရိုင်းပြမောက်မာတဲ့ အပြုအမူလို့ ထင်မိတယ်လေ။ ဟော တွေ့လား ဒီလိုနဲ့ ခင်ဗျားက ကျွန်တော့်ရဲ့ အတွေးနယ်ကို နယ်ချဲ့သိမ်းပိုက်လိုက်ပြန်ပြီ။ အိမ်ကို လာတဲ့ ဧည့်သည်ကို အိမ်ရှင် ဖြစ်တဲ့ ကျွန်တော်က မြို့တစ်ဝိုက်ကို လမ်းပြရင်း အချိန်ကုန်ဆုံးပေးခဲ့ရပြန်တယ်။ ကျွန်တော့်ဘက်က ဧည်၀တ်ကျေရဲ့လား သေချာမသိပေမယ့် သေချာတာတစ်ခုက ကျွန်တော့်အချိန်တွေကို ခင်ဗျား သိမ်းပိုက်သွားပြန်ပြီ။ အချိန်ကြာလာတော့ "နောက်မှပဲ" ဆိုတဲ့ ကျွန်တော်ကိုယ်တိုင် အရိုင်းဆန်တယ် ပြောခဲ့တဲ့ စကားလေးကိုမှ ကျွန်တော် စွဲလမ်းလာတယ်။ ကျွန်တော့်ရဲ့ အိပ်ခန်း၊ စိတ်နဲ့ အချိန်တွေကို သိမ်းပိုက်ခဲ့တာ ခင်ဗျား ဆိုပေမယ့် နှလုံးသားနဲ့ အသွေးအသားကို အသိမ်းပိုက်ခံချင်သူက ကျွန်တော် ဖြစ်လာ တယ်။ နှစ်ယောက်တည်းသိတဲ့ အခေါ်အဝေါ်တွေနဲ့ တစ်ယောက်ကိုတစ်ယောက် ရည်ညွှန်းတဲ့အခါ လောကကို မေ့ပြီး အပျော်ကြီး ပျော်တတ်ခဲ့ပြီ။ သို့ပေမဲ့ အတားအဆီး ချုပ်ချယ်မှုတွေ များတဲ့ ဒီလောကမှာ ကျွန်တော်တို့ နှစ်ယောက်ရဲ့ ပတ်သတ်မှုဟာ ယိုယွင်းသွားနိုင်တာကိုတော့ ခင်ဗျားက အစောကြီးကတည်းက ပိုနားလည်ခဲ့ပုံပါပဲ။ ကျွန်တော်ဆိုတဲ့ကောင်က ဘာဆိုဘာမှ မသိခဲ့တဲ့ ၁၇ သာသာ ကောင်လေးတစ်ယောက်ပါ။ ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့ အိုလီဗာ ... ခင်ဗျား ထွက်သွားတော့မယ်ဆိုရင် အနားမှာ ဘယ်သူမှ မရှိတော့ချိန် ပတ်၀န်းကျင်ကလည်း တိတ်ဆိတ်သွားချိန်မှာ ကျွန်တော့် ဘက်ကို တစ်ချက် မျက်နှာမူပြီး ခင်ဗျားရဲ့ နာမည်လေးနဲ့ ကျွန်တော့်ကို ခေါ်လို့နှုတ်ဆက်ခဲ့ပါ ...... /အယ်လီယို (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Yoon Sandi Aung ဖြစ်ပါတယ်) File Size..........(2 GB) / (1 GB) / (650 MB) Quality............WebRip 1080p / 720p / 480p Duration.........2Hr 12mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Romance Translator.......Yoon Sandi Aung Encoder..........SWM

Drama
8.2 2017 132 mins
Call Me by Your Name
[18+]Blue Rain Osaka
4.3

[ပွင့်လင်းတဲ့အိပ်ရာခန်းတွေပါတာမို့ မိသားစုနဲ့အတူမကြည့်သင့်ပါဘူး] ကလပ်မယ်လေး မာချီကိုဟာ သူ့အစ်မပိုင်တဲ့ ဘားတစ်ခုမှာကိုယ်တိုင်ဝင်လုပ်ရင်းနဲ့ ဘားကိုဦးစီးနေတယ်။ သူလေးကချော လုပ်ရည်ကိုင်ရည်လည်းရှိတော့ ယိုရိနိုတဲ့လုပ်ငန်းရှင်တစ်ယောက်က လက်ထပ်ဖို့အထိ ရည်ရွယ်ပြီးစကားပြောထားတယ်။ ဒါပေမယ့် မာချီကိုဟာ ယိုရိနိုကိုငြင်းပေးမယ့် ယိုရိနိုကတော့ သူ့ကိုစိတ်ဝင်စားတဲ့အထိစောင့်မယ်လို့ပြောထားတယ်။တစ်ဖက်လည်း မာချီကိုသူ့ထက်ငယ်တဲ့အီဆာအိုဆိုတဲ့ကောင်လေးတစ်ယောက်နဲ့တွဲနေတာပေါ့။ ဒီလိုနဲ့တစ်နေ့မှာ လွန်ခဲ့တဲ့သုံးနှစ်က မာချီကိုနဲ့ချစ်ကြိုက်ခဲ့တဲ့ယူဂျီဆိုတဲ့ရည်စားဟောင်းနဲ့ မထင်မှတ်ဘဲတွေ့ဆုံခဲ့တယ်။ အလုပ်ကိစ္စနဲ့လာတဲ့ယူဂျီဟာ သူ့ရည်စားဟောင်းနဲ့တွေ့တော့ အရင်ကစိတ်တွေပြန်ဖြစ်လာပြီး မာချီကို ကိုပြန်ချဉ်းကပ်ပါတော့တယ်။ လက်ရှိမှာတွဲနေတဲ့ အလန်းလေးအီဆာအို၊ တစ်ဖက်မှာလည်းလက်ထပ်ဖို့အထိရည်ရွယ်ထားတဲ့ ယိုရိနို၊ ရည်းစားဟောင်း ယူဂျီကိုလည်းစိတ်မပြတ်သေးတဲ့ မာဂျီကိုတစ်ယောက်ဘယ်လိုတွေခရီး ဆက်မလဲဆိုတာ ဆက်လက်ကြည့်ရှုပေးပါဦး File Size :(2.3 GB) and (689MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:20:00 Genre : Adult , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by SD Encoded by DS

Comedy • Science Fiction
4.3 1983 79 mins
[18+]Blue Rain Osaka
The Twilight Saga: Breaking Dawn - Part 2
6.5

စာရေးဆရာ Stephenie Meyer ရဲ့ Twilight ဝတ္ထုကိုရုပ်ရှင်ပြန်ရိုက်ထားတဲ့ The Twilight Saga ရုပ်ရှင်ကားတွေဟာ သူ့ခေတ်အခါမှာ ပရိသတ်အားပေးမှုကို သောက်သောက်လဲ ရရှိခဲ့ပြီး လူငယ်တွေကြားမှာ အတော်ကိုအောင်မြင်ခဲ့တဲ့ ရုပ်ရှင် franchise တစ်ခု ဖြစ်ပါတယ်။ မင်းသား Robert Pattinson နဲ့ Taylor Lautner ၊ မင်းသမီး Kristen Stewart တို့ ဦးဆောင်ပါဝင်ခဲ့ပြီး Twilight Saga ရဲ့ ပထမဆုံးရုပ်ရှင် Twilight ရုပ်ရှင်ကားကို ၂၀၀၈မှာ စတင်ရိုက်ကူးခဲ့ပါတယ်... Twilight Saga: New Moon(2009), Twilight Saga: Eclipse(2010),Twilight Saga: Breaking Dawn Part 1 (2011) နဲ့ Twilight Saga: Breaking Dawn Part 2 (2012) ဆိုပြီး စုစုပေါင်း ၅ ကားထုတ်လုပ်ရိုက်ကူးခဲ့ပါတယ်။ သွေးစုတ်ဖုတ်ကောင်၊ သမန်းဝံပုလွေ၊ လူသား စတဲ့ မတူညီတဲ့ လောကတွေအကြားက ချစ်ခြင်းမေတ္တာအကြောင်းကို ရိုမန့်တစ်ဆန်ဆန်တင်ဆက်ထားပြီး သရုပ်ဆောင်တွေရော ဇာတ်လမ်းရော ဒိုင်ယာလော့ခ်တွေရော ထိမိလှတာကြောင့် ပရိတ်သတ်တွေရဲ့ အသည်းစွဲ အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။ File size…(1.5 GB) Quality….BluRay 1080p HEVC Format…mkv Duration….01:55:12 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung

Action • Adventure • Comedy
6.5 2012 115 mins
The Twilight Saga: Breaking Dawn - Part 2
A Lifeguard’s Obsession

A Lifeguard’s Obsession (2023) အသက်ကယ်ရတဲ့အလုပ်ဆိုရင် ကျန်တဲ့အလုပ်တွေထက် ပိုပြီးမြင့်မြတ်တယ်လို့ ကျွန်တော်တို့တော်တော်များများ ယူဆတတ်ကြပါတယ်။ အသက်ကယ်လိုက်တဲ့လူကိုလည်း အသက်သခင်ကျေးဇူးရှင်ရယ်ဆိုပြီး အရေးတယူပြုတတ်ကြတာ သဘာဝပါပဲ။ သင့်ကိုအသက်ကယ်လိုက်တဲ့လူက လူကောင်းလား လူဆိုးလားဆိုတာကိုတော့ ဘယ်သူမှမသိကြပေမဲ့ ကူညီချင်စိတ်ရှိတဲ့လူဟာ လူကောင်းရယ်လို့ပဲ တထစ်ချတွက်ဆတတ်ကြပါတယ်။ မက်ဂီဆိုတဲ့ကောင်မလေးဟာ ပင်လယ်ကိုအင်မတန်မှာချစ်တဲ့ကောင်မလေးတစ်ယောက်၊ ပင်လယ်ပျော်ပီပီ လှိုင်းစီးနေရတာကို ပျော်မွေ့သူတစ်ယောက်ပေါ့။ ဒါပေမဲ့ အားကစားသမားနဲ့ဒဏ်ရာဆိုတာကလည်း အမြဲဒွန်တွဲနေတဲ့အရာဖြစ်နေလေတော့ တစ်နေ့မှာ ဒူးခေါင်းအရွတ်ပြဲဒဏ်ရာရသွားပြီးတော့ လှိုင်းစီးရတာကို စွန့်လွှတ်ထားရသူဆိုလည်း မမှားပါဘူး။ လှိုင်းစီးတာကို တစ်ကမ္ဘာလို့ထင်မှတ်ထားတဲ့မက်ဂီအတွက်တော့ ဒီဒဏ်ရာဟာ ဘဝတစ်ခုလုံးကို အမှောင်ချလိုက်သလိုပါပဲ။ မက်ဂီရဲ့ချစ်သူကတော့ ကမ်းခြေကlifeguardလည်းဖြစ် နှုတ်ခမ်းနီမလေးတွေရဲ့ အသဲစွဲလည်းဖြစ်တဲ့ Influencer celeချောလေး ကိတ်ဒ်ပေါ့။ တစ်ချိန်က သိပ်ချစ်ကြတဲ့ မက်ဂီတို့ ချစ်သူစုံတွဲဟာ ဒဏ်ရာပြဿနာကြောင့် အရာရာကိုစိတ်မကြည်တဲ့မက်ဂီ ဒါကို ကိတ်ဒ်က Influencer ပီပီ လိုင်းပေါ်မှာပဲ ၂၄/၇ အချိန်ကုန်နေပြီး မက်ဂီကိုအချိန်မပေးနိုင်တော့ ဆက်ဆံရေးအဆင်မပြေဖြစ်နေတဲ့အပြင် အဆင်လေးတွေပတ်လည်ဝိုင်းနေတတ်တဲ့ သူ့ဘေးမှာလည်း လုပ်ဖော်ကိုင်ဖက်ထက်ပိုတဲ့အရိပ်အယောင်တွေနဲ့ တီနာဆိုတဲ့ကောင်မလေးပါရှိနေတဲ့ကိတ်ဒ်ကြောင့် RS တစ်ခုရဲ့ လေစိမ်းတိုက်နေတဲ့အခိုက်အတန့်ကို ရောက်ရှိနေချိန်ပေါ့။ ထုံးစံအတိုင်းပါပဲ rsတွေကြားမှာ ပြဿနာတက်ပြီဆိုရင် ရောက်လာတတ်တာကတော့ third partyလို့ခေါ်တဲ့ ကြားပွဲစားလေးတွေပေါ့။ အခုမက်ဂီတို့အတွဲကြားကိုလည်း လှိုင်းခိုးစီးဖို့ကြိုးစားရင်း ရေနစ်နေတဲ့မက်ဂီကို ကယ်တင်ပေးရင်းနဲ့ ဝင်ရောက်လာတဲ့ တောင့်တောင့်ဖြောင့်‌ဖြောင့်Lifeguardတစ်ယောက်ဖြစ်တဲ့ ဘလိတ်ခ်၊ မက်ဂီကတော့ အသက်သခင်ကျေးဇူးရှင်လို့မြင်နေတာကတစ်ကြောင်း တော်ကီကောင်းလွန်း သူ့ကိုဖေးမတတ်လွန်းတဲ့ ဒီဘဲကြီးရဲ့ခြွေချက်တွေကြားမှာ မျောမလိုဖြစ်သွားတဲ့အခါမှာတော့…. ကိတ်ဒ်နဲ့ကတောက်ကဆတွေများနေချိန်မှာ ကယ်တင်ရှင်လိုပေါ်လာတဲ့ဘလိတ်ခ်ကို မိန်းမသားပီပီ အားကိုးချင်စိတ်ဖြစ်လာမိတဲ့ မက်ဂီ၊ မက်ဂီကိုချစ်ပေမဲ့ အလုပ်ကိုပိုချစ် ပိုအလေးပေးနေမိတဲ့ကိတ်ဒ်၊ အသက်ကယ်တာကိုအရင်းတည်လို့ မက်ဂီရဲ့ဘဝမှာပါ နေရာဝင်ယူဖို့ကြိုးပမ်းလာတဲ့ဘလိတ်ခ် ဒီ ၃ ပွင့်ဆိုင်ချစ်ဇာတ်လမ်းကနေ ဘာတွေဘယ်လိုဆက်ဖြစ်မလဲဆိုတာ အားလုံးအတူတူ ကြည့်ရှုခံစားလိုက်ရအောင်ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။ Genre….. Thriller Quality…. 1080p | 720p | 480p File size… 1.5GB | 712MB | 335MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mary Christ Encoder ….. Aaron

Drama • Thriller • Mystery
0 2023
A Lifeguard’s Obsession
15 Cameras
5.1

15 Cameras (2023) ============== ၂၀၁၅ , ၂၀၁၈ တို့မှာ ထွက်ရှိခဲ့တဲ့ 13,14 ကင်မရာတို့ရဲ့ အဆက် 15 Cameras ဆိုတဲ့ ဒီဇာတ်လမ်းကတော့ အတော်လေး ကျော ချမ်းဖို့ကောင်းပါတယ်။ ကိုယ့်ကိုတစ်ချိန်လုံး စောင့်ကြည့်နေတဲ့ ဆိုက်ကိုတစ်ယောက်ရဲ့ ရှုထောင့်ကနေ ရိုက်ကူးထားတာပါ။ အိမ် ခြံမြေဈေးကွက်မှာ ငွေတွေရင်းနှီးမြှုပ်နှံပြီး အိမ်ငှားစားတဲ့ ဆလမ်း လော့ (ခေါ်) မြေပိုင်ရှင်ကြီးတစ်ယောက်ရှိတယ်။ သူက သူပိုင်တဲ့အိမ်တွေအများကြီးမှာ..လျှို့ဝှက်စီစီတီဗီတွေတပ် ပြီး မြေအောက်ခန်းတစ်ခုကနေ အကုန်ထိန်းချုပ်ပြီး စောင့်ကြည့်ပြီး အရသာခံတတ်တယ်။ သူ့ရဲ့ဝါသနာဗီဇတစ်မျိုးပေါ့။ သူဖမ်းဆီးထိန်း သိမ်းခံရပြီး သတင်းကလည်း နိုင်ငံအနှံ့ ဟိုးလေးတကျော်ဖြစ်သွားတဲ့ အချိန်မှာ ကိုယ့်ကိုကိုယ်အဆုံးစီရင်တယ်ဆိုပြီး ပျောက်ချင်းမလှ ပျောက်သွားပါတယ်။ စုံတွဲတစ်တွဲကလည်း သူပိုင်ဆိုင်တဲ့ အိမ်ကြီး ထဲကို ဈေးပေါပေါနဲ့ရလိုက်တဲ့အတွက်ပြောင်းရွှေ့လာကြပါတယ်။ ဒါပေမယ့် ဆလမ်းလော့မရှိတော့ပေမယ့် သူ့ရဲ့ကင်မရာတွေ ထိန်း ချုပ်ခန်းတွေက နောက်ထပ်မျိုးဆက်တစ်ခုကို လက်ဆင့်ကမ်းရင် psycho ကောင်တစ်ယောက်ထပ်မံမွေးဖွားလာတဲ့အခါမှာ..လူတွေ ကို ဘယ်လိုဒုက္ခတွေထပ်ပေးဦးမလဲ သည်းထိပ်ရင်ဖိုကြည့်ရှုရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်) File Size……….(1.57 GB) / (465 MB) Quality…………WEB-RIP 1080p / 720p Duration………1Hr 29Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror Translator…….Thiha Yan Naing Encoder……….SWM

5.1 2023
15 Cameras
You’re Not Supposed to Be Here

ဒီတစ်ခေါက်မှာတော့ အသစ်ထွက် Thriller ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မင်းသမီး Chrishell Stause (A Rose for Her Grave: The Randy Roth Story)နဲ့ Diora Baird (Hot Tamale), မင်းသား Curtis Hamilton (In Broad Daylight) တို့ အဓိကပါဝင်သရုပ်ဆောင်ထားကြတာပါ။ လိင်တူချစ်သူနှစ်ဦးဖြစ်တဲ့ ကန်နဒီနဲ့ ဇိုဝီတို့ နှစ်ဦးက တစ်ဦးနဲ့ တစ်ဦး သစ္စာရှိစွာ ချစ်ခင်ကြသူတွေဖြစ်ပြီး ကံဆိုးစွာနဲ့ ပထမကလေး ပျက်ကျသွားခဲ့တဲ့အဖြစ်ဆိုးကို ရင်ဆိုင်ထားရသူတွေပါ။ သို့ပေမဲ့လည်း ကလေးလိုချင်ကြသူ သူတို့နှစ်ဦးက ဇိုဝီ့သူငယ်ချင်းကောင်လေး အက်ဒမ့်ဆီကနေ သုတ်ပိုးအလှူခံပြီး နောက်တစ်ကြိမ်ကြိုးစားခဲ့ရာကနေ ဇိုဝီက မကြာခင်မွေးဖွားခါနီး နေ့စေ့လစေ့ အခြေအနေကို ရောက်ရှိနေချိန်မှာ သူတို့ဘဝအတွက် အလှည့်အပြောင်းတစ်ခု ဖြစ်ပေါ်လာပါတော့တယ်။ အဲဒါကတော့ ပထမကလေး ပျက်ကျထားမှုရဲ့စိတ်ဒဏ်ရာကြောင့် ဇိုဝီတစ်ယောက် မကြာခဏ သံသယစိတ်တွေနဲ့ ကလေးအတွက် စိုးရိမ်ပူပန်မှုတွေ ကြီးထွားလာတာပါပဲ။ ဇိုဝီ့ရဲ့ကလေးနဲ့ ပတ်သက်တဲ့ ပူပန်မှုတွေက ငါးစက္ကန့်တစ်ကြိမ်လောက် ဖြစ်နေတာမို့ ကန်နဒီတစ်ယောက် အလုပ်ဖြောင့်ဖြောင့် မလုပ်နိုင်ဘဲ အာရုံထွေပြားနေခဲ့တာကြောင့် ကန်နဒီ့ရဲ့သူဌေးက တခြားမြို့တစ်မြို့မှာရှိတဲ့ သူ့ရဲ့တောအုပ်ထဲက အပန်းဖြေအိမ်လေးကို အားလပ်ရက် ခရီးထွက်ဖို့ အကြုံပြုခဲ့ပါတော့တယ်။ သူဌေးရဲ့အကြံပြုချက်အတိုင်း နှစ်ယောက်သား ပျော်ပျော်ရွှင်ရွှင်နဲ့ စိတ်ပြေလက်ပျောက် ခရီးတိုလေးထွက်လာကြပေမယ့် သူတို့ရောက်သွားတဲ့မြို့လေးမှာ မထင်မှတ်ထားတဲ့ အန္တရာယ်တွေက စောင့်ကြိုနေခဲ့ချိန်မှာတော့.. (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ) File size…(1.6 GB)/(800 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:26:00 Genre…Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Emily

0 2023 88 mins
You’re Not Supposed to Be Here
Perjanjian Gaib
8.4

Perjanjian Gaib 2023 (သို့) ငွေနောက်လိုက်လူမိုက်များ IMDb-8.4/10 ညဆို စောင်ခေါင်းမြီးခြုံပြီး သရဲကားလေးကြည့်ရမှဇိမ်ရှိသူတွေအတွက် 2023ထွက် အင်ဒိုသရဲကားလေးတစ်ကား တင်ဆက်ပေးလိုက်ပါပြီ။ အင်ဒိုသရဲကားတွေ နောက်ပိုင်းမှာ အဆင့်မြင့်လာပြီး ratingကောင်းလာကြပြီဆိုတော့ ဒီကားလေးလည်း ဘယ်လိုလာမလဲဆိုတာ ရှုစားကြပါဦး။ အန်ဒရီနဲ့ဝတီတို့လင်မယားဟာ စိတ်တူကိုယ်တူရှိတဲ့လင်မယားနှစ်ယောက်ပီပီ ဖြတ်လမ်းနည်းနဲ့ချမ်းသာချင်တာကအစတူညီပြီး ချမ်းသာဖို့ဆို သင်္ချိုင်းသွားပြီး အုတ်ဂူပေါ်ဆုတောင်းဖို့ပါ ဝန်မလေးသူတွေပါ။ ခိုးဖို့လည်း လက်ယဉ်နေလေးတော့ အလောင်းဆီကပိုက်ဆံအိတ်အနှိုက်ကောင်းပြီး အန်ဒရီတစ်ယောက် ရင်ခွဲရုံသန့်ရှင်းရေးအလုပ်ကပါ ပြုတ်သွားပါတော့တယ်။ အိမ်လခကမပေးနိုင် အလုပ်ကပြုတ်နဲ့ လမ်းဘေးရောက်တော့မယ့်လင်မယားနှစ်ယောက် တိုက်တိုက်ဆိုင်ဆိုင်ပဲ ထူးထူးဆန်းဆန်းလခအရမ်းများနေတဲ့ အဘွားအိုကိုစောင့်ရှောက်ပေးရမယ့်အလုပ်ကို မျက်စိကျပြီး အလုပ်လျှောက်ဖို့သွားရာက အိမ်ကြီးတစ်လုံး‌ဆီ ရောက်လာတဲ့အခါ တိုက်တိုက်ဆိုင်ဆိုင်ပဲ စောင့်ရှောက်ပေးရမယ့်အဘွားကြီးကလည်း သူတို့စနက်မကင်းစွာနဲ့ ရုတ်တရက်ဆုံးသွားတဲ့အပြင် လက်စလက်နကလည်းရှိကြတဲ့လင်မယားနှစ်ယောက် ဗီဇလေးတွေပေါ်လာပြီး အိမ်ကတန်ဖိုးရှိတာတွေခိုးပြီးထွက်ပြေးကြဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ အဲဒီနောက်မှာ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ကိုယ်တိုင်ပဲကြည့်ရှုခံစားလိုက်ရအောင်ပါ။ (အညွှန်းကို Alexမှရေးသားပြီး ဘာသာပြန်ကတော့ ToMo ~ Yunni ~ Alexတို့ပဲဖြစ်ပါတယ်)

Comedy
8.4 2023
Perjanjian Gaib
Rescuing Christmas
6.4

Rescuing Christmas (2023) ==================== IMDb Rating – 6.4/10 ခရစ္စမတ်ဆိုတာ ယုံတမ်းပုံပြင်တွေ၊ ပဉ္စလက်ဆန်ဆန် မှော်ဆန်ဆန် အဖြစ်တွေနဲ့မကင်းတာမို ဒီကားကလည်း ယုတ္တိတန်တာမတန်တာထက် မိသားစုအတူ ပျော်ပျော်ပါးပါး ကြည့်လိုရမဲ့ စိတ်ကူးယဉ်ဆန်ဆန်ခရစ္စမတ် နောက်ခံ အချစ်-ဟာသ-ဒရမ်မာ ရုပ်ရှင်ဇာတ်မြူးလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့… အယ်ရင်ဟာ အရင်နှစ်ခရစ္စမတ်တုန်းက အသည်းကွဲခဲ့တာကြောင့် ခရစ္စမတ် ကိုစိတ်နာပြီး ရှောင်ပြေးချင်တဲ့ ဓာတ်ပုံဆရာမလေးပေါ့။ ဒါပေမဲ့ သူ့မှာ ချစ်စ ရာမိသားစုလေးနဲ့ တူ/တူမလေးတွေရှိပါတယ်။ ခရစ္စမတ်ကို ဘယ်လိုစိတ်နာ ပါစေ၊ မိသားစုနဲ့အတူ ခရစ္စမတ်ကိစ္စတွေ ၀င်ပါနေရတာပါပဲ။ တစ်နေ့တော့ ထူးဆန်းစွာပဲ ရေဒီယိုပရိုဂရမ်တစ်ခုကနေ သူ့ကို ခရစ္စမတ်ဆု ၃ ဆု တောင်း နိုင်မယ့် ကံထူးရှင်အဖြစ် ရွေးချယ်လိုက်ပါတယ်။ သူကတော့ ခရစ္စမတ်ကို စိတ်နာနေသူပီပီ ဆုတောင်းကို စိတ်မ၀င်စားသလို ယုံလည်းမယုံခဲ့ပါဘူး။ အယ်ရင်မသိတာက အဲဒီဆုတောင်းတွေဟာ သာမန်မဟုတ်ဘဲ ပဥ္စလက်ဆန် နေတယ်ဆိုတာပါပဲ။ ဒီလိုနဲ့တစ်နေ့မှာ သူ့စိတ်ဆိုးဆိုးနဲ့တောင်းလိုက်တဲ့ဆု ကြောင့် ခရစ္စမတ်ဆိုတာကြီး ပျော်ကွယ်သွားပါတယ်။ အဲဒီလို ခရစ္စမတ်ဆိုတာ မရှိတဲ့ဘ၀ကြီးကျတော့လည်း အယ်ရင်တစ်ယောက်မနေတတ်ပြန်ပါဘူး။ အဲဒါကြောင့် သူ့မိသားစုနဲ့ တူ/တူမလေး‌တွေအပါအ၀င် လူတွေအားလုံးချစ်တဲ့ ပျော်စရာခရစ္စမတ်ပွဲတော်ကြီးကို ပြန်အသက်သွင်းဖို့ကြိုးစားပါတော့တယ်။ အယ်ရင်ရဲ့ဆုတောင်းရုတ်သိမ်းပြီး ခရစ္စမတ်ပွဲတော်နေ့က ပြန်ပေါ်လာပါ့မလား၊ ခရစ္စမတ်ပြန်လာအောင် အယ်ရယ်ဘယ်လိုတွေကြိုးစားမလဲဆိုတာ ပျော်စရာ ရယ်စရာ ချစ်စရာ ကြည်နူးစရာတွေအဖြစ် ကြည့်ရှုကြရမှာမို ခရစ္စမတ်ရာသီ အမီ ခရစ္စမတ်ရသလေးကိုအပီအပြင်ခံစားလိုက်ရအောင်နော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C’mon ဖြစ်ပါတယ်) File Size……….(1.94 GB) / (647 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 24Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama, Romance Translator…….C’mon Encoder……….SWM

Horror • Thriller • Drama
6.4 2023 99 mins
Rescuing Christmas
Head Count
5.5

ဇာတ်လမ်းအကျဉ်းကတော့ ကျောင်းခဏတာပိတ်တဲ့အတွက် အဲဗန်ဟာ အစ်ကိုဖြစ်သူပေတန်ဆီကို အတူနေဖို့ထွက်လာပါတယ်။ ပေတန်က ဥယျာဉ်မှာ သဘာဝတရားကိုခံစားရင်းနဲ့အေးချမ်းတည်ငြိမ်တဲ့ ဘဝကိုတည်ဆောက်နေပါတယ်။ အဲဗန်လည်းရောက်သွားတော့ ပေတန်က ညီဖြစ်သူနဲ့အတူအချိန်ကုန်ချင်တဲ့အတွက် ဥယျာဉ်ထဲမှာတောင် တက်ဖို့ပြောတယ်။ ညီအစ်ကိုနှစ်ယောက် စကားပြောရင်းနဲ့ခရီးဆက်လာကြပြီး တောင်ကုန်းတစ်နေရာအရောက်မှာ လူငယ်တစ်ချို့နဲ့ဆုံဖြစ်တယ်။ အဲဗန်ဟာ အဲ့အဖွဲ့က ဇိုး ဆိုကောင်မလေးကိုသဘောကျသွားတယ်။ ဒါကို ဇိုး ရဲ့သူငယ်ချင်း ကမ်မီးလ်က သတိထားမိပြီးဝင်ရောက်ကြံဖန် ပေးလိုက်တဲ့အခါ တစ်ဖွဲ့လုံးနဲ့ခင်သွားတယ်။ညနေစောင်းပြန်ကြတဲ့အခါ ကမ်မီးလ်က အဲဗန်နဲ့ပေတန်ကိုသူတို့ဆီလာဖို့ဖိတ်ခေါ်တယ်။ ပေတန်ကမလိုက်ပေမယ့်ညီဖြစ်သူကို သွားခွင့်ပြုလိုက်တယ်။ ညအရောက်မှာတော့ လူငယ်တွေပီပီသောက်စားမူးယစ်ကြရင်းနဲ့ သရဲအကြောင်းပြောကြတယ်။ အဲဗန်အလှည့်လည်းရောက်ရော မပြောတတ်တာနဲ့ အင်တာနက်ပေါ်က ဇာတ်လမ်းတစ်ပုဒ်ကို ကျပန်းရွေးပြီးဖတ်ပြလိုက်တယ်။ အမှတ်မထင် အဲဗန်ဖတ်ပြတဲ့ ဇာတ်လမ်းက မကောင်းဆိုးဝါးဆင့်‌ခေါ်တဲ့ မန္တာန်ပါနေတဲ့အခါမှာ…….. File size…1.09 GB / 513 MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 30m Genre ….. Horror , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

Drama
5.5 2018
Head Count
The Darjeeling Limited
7.2

The Darjeeling Limited (2007) ~ IMDb – 7.2/10, RT – 69%, Meta – 67% ~ The Darjeeling Limited ဟာ နာမည်ကျော်အမေရိကန်သရုပ်ဆောင်တွေချည်းသုံးထားပေမဲ့ အိန္ဒိယမှာပဲ တစ်ကားလုံးနီးပါးပြီးသွားတဲ့ ရုပ်ရှင်ပါပဲ။ Wes Anderson ဟာ သူ့ထုံးစံအတိုင်း ဒီကားမှာလည်း နာမည်ကြီးစတားတွေ မြိုင်မြိုင်ဆိုင်ဆိုင်သုံးပြီး အိန္ဒိယခရီးစဉ်တစ်ခုကို ရိုက်ပြထားခဲ့တယ်။ အန်ဒါဆန်စကားအရတော့ “အိန္ဒိယဟာ သူမတူအောင် အရောင်အသွေးစုံလင်တဲ့ နိုင်ငံပေါ့။ အိန္ဒိယဟာ သိပ်မြူးကြွနေတဲ့ နိုင်ငံဆိုလည်း ဟုတ်တယ်။ အိန္ဒိယမှာ တစ်ယောက်တည်း အေးဆေးနေချင်လို့တောင် နေမရဘူး”တဲ့။ အိန္ဒိယဟာ ဒီဇာတ်ကားရဲ့ ဇာတ်အိမ်တည်ရာဖြစ်နေရုံတင်မဟုတ်ဘဲ အိန္ဒိယကိုယ်တိုင်ကိုက ဒီဇာတ်ရဲ့အကြောင်းအရာဖြစ်နေတယ်လို့လည်း ဆိုတယ်။ အန်ဒါဆန်ဟာ The Darjeeling Limited ကို ရိုက်တဲ့နေရာမှာ အိန္ဒိယကို သူ့ပုံစံအတိုင်းပဲထားပြီး ရိုက်ကူးခဲ့တယ်။ သူတို့ရိုက်ကွင်းမှာ ရှိနေတဲ့အရာတွေ ရောက်လာတဲ့အရာတွေကို ထိန်းချုပ်ဖို့ လုံးဝမကြိုးစားခဲ့ဘူး။ ရိုက်ပြီးလို့ ပြန်ကြည့်တဲ့အခါ သူတို့ရုပ်ရှင်ထဲ ဘယ်သူတွေဖြတ်သွားလဲ ဘယ်သူတွေရှိနေလဲ ပြန်ကြည့်ပြီး သူတို့ကိုယ်တိုင်လည်း အံ့ဩခဲ့ရတယ်။ ဒီအရာတွေကို သူတို့က လုံးဝမထိန်းချုပ်ခဲ့ဘူး။ အိန္ဒိယကကိုက ဒီဇာတ်ဖြစ်လာခဲ့တာပါပဲ။ ဒီဇာတ်လမ်းအတွက် ဇာတ်ညွှန်းရေးဖို့ အန်ဒါဆန်ရယ် ဒီရုပ်ရှင်ထဲက မင်းသားတစ်ဖြစ်လဲ Jason Schwartzman ရယ်၊ ဖရန်စစ်ဖို့ဒ်ကော်ပိုလာရဲ့သား ရိုမန်ကော်ပိုလာရယ်ဟာ အိန္ဒိယကိုခရီးထွက်ခဲ့တယ်။ ခရီးမှာပဲ ရေးခဲ့တယ်။ ဒါကြောင့် ဒီဇာတ်မှာ အိန္ဒိယအငွေ့အသက်တွေ အိန္ဒိယဓလေ့တွေကို အိန္ဒိယကားစစ်စစ်တွေထက်တောင် ပိုတွေ့နိုင်တယ်။ ဒီအိန္ဒိယဆိုတဲ့ ဇာတ်လမ်းကျောရိုးကြီးကို ပရိသတ်ဆီရောက်အောင်စီးကူးပေးဖို့ သူ့ထည့်ထားတဲ့ ဒြပ်ကူပစ္စည်းက ညီအစ်ကိုသုံးယောက်။ မကြာသေးခင်ကမှ အဖေဆုံးထားပြီး အမေက သူတို့အနားမရှိနေသလို သူတို့ချင်းလည်း ပွင့်ပွင့်လင်းလင်းမရှိ ချစ်တော့ချစ်ကြပေမဲ့ တစ်ကောင်နဲ့တစ်ကောင် ချောက်ချမိနေတဲ့ ညီအစ်ကိုသုံးယောက်။ ဒီခရီးကိုထွက်မှာကလည်း သူတို့သုံးယောက်ပဲ။ ဘာလို့ ညီအစ်ကိုသုံးယောက်သုံးထားသလဲဆို အန်ဒါဆန်ကိုယ်တိုင်လည်း ညီအစ်ကိုသုံးယောက်ထဲကတစ်ယောက်ဖြစ်ပြီး သူတို့နဲ့ အန်ဒါဆန်ဟာလည်း ဒီရုပ်ရှင်ထဲက ကောင်တွေလိုပဲ အမြဲရန်ဖြစ်နေကြတာပဲ။ ဒါပေမဲ့လည်း သူတို့ဟာ အန်ဒါဆန်ရဲ့ အရင်းနီးဆုံးတွေလည်းဖြစ်နေတယ်။ အန်ဒါဆန်ကတော့ ဒီရုပ်ရှင်ထဲက ညီအစ်ကိုသုံးယောက်လုံးက စိတ်ကူးယဉ်သက်သက်လို့ပြောခဲ့တယ်။ ဒါပေမဲ့ ရုပ်ရှင်ထဲမှာလည်း အငယ်ဆုံးညီဖြစ်တဲ့ စာရေးဆရာဂျက်ဟာ သူတို့ညီအစ်ကိုတွေအကြောင်းကို မသိမသာဆိုသလို သူ့စာထဲထည့်ထည့်ရေးပေမဲ့ အမြဲ စိတ်ကူးယဉ်ဇာတ်ကောင်တွေလို့ပဲ ပြောတတ်တယ်။ ဘာပဲဖြစ်ဖြစ် သူ့စိတ်ကူးတွေဟာ သူ့အစ်ကိုတွေနဲ့မကင်းနိုင်ခဲ့ဘူး။ အန်ဒါဆန်အတွက်လည်း ဒီရုပ်ရှင်ဟာ ထိုနည်းလည်းကောင်း ဖြစ်လိမ့်မယ်။ အိန္ဒိယမှာ သူတို့ခရီးထွက်ဖို့ အဓိကသုံးရတဲ့ ယာဉ်က ရထားဖြစ်သလို ဇာတ်ညွှန်းရေးတဲ့လူတွေလည်း အိန္ဒိယက ရထားပေါ်ပဲ တက်ရေးခဲ့ကြတာပါပဲ။ ဒီခရီးမှာ အိန္ဒိယက ကျင့်စဉ်ဓလေ့ ပူဇော်ပသမှုတွေကို မနည်းမနောတွေ့ရတယ်။ မြွေတွေကနေ ယောဂအထိအကုန်ပါတယ်လို့လည်း အန်ဒါဆန်က ဆိုထားတယ်။ ဒီရုပ်ရှင်မှာ အိန္ဒိယက ကျင့်စဉ်ဓလေ့တွေအကုန် ထည့်သွင်းထားပေမဲ့ အကြီးဆုံးကျင့်စဉ်က ဒီရုပ်ရှင်ကိုယ်တိုင်ပဲလို့လည်း ဆိုထားတယ်။ ဒီဘက်ရာစုရဲ့ အကောင်းဆုံး အိန္ဒိယသရုပ်ဆောင်လို့ သတ်မှတ်ရမယ့် Irrfan Khan တောင်ပါတယ်။ သိပ်တော့မပါလိုက်ရပါဘူး။ ဒါပေမဲ့ သိပ်ပါတာမပါတာက အရေးတော့မပါလှဘူး။ ဘာလို့ဆို ဒီရုပ်ရှင်မှာ Bill Murray လည်း သိပ်မပါဘူး။ ဒါပေမဲ့ အန်ဒါဆန်က သူ့ကို နားချတော့ သူ့ရုပ်ရှင်မှာ ဧည့်သည်သရုပ်ဆောင်အနေနဲ့မဟုတ်ဘဲ Symbolism နိမိတ်ပုံတစ်ခုအနေနဲ့ ပါပေးနိုင်မလားမေးခဲ့တာ။ မာရေးကလည်း သဘောကျပြီး လက်ခံခဲ့တယ်။ ဒီရုပ်ရှင်မှာ Symbolism နိမိတ်ပုံတွေ မနည်းဘူး။ ညီအစ်ကိုသုံးယောက်ကိုယ်တိုင်ကိုကလည်း Symbolism နိမိတ်ပုံဖြစ်နေခဲ့တယ်။ နောက် ဒီရုပ်ရှင်မှာသုံးထားတဲ့ နောက်ခံတေးတွေကလည်း “အိန္ဒိယတွင်ပြုလုပ်သည်” တွေပဲ။ ဆတ္တရာဂျစ်ရေးရဲ့ ရုပ်ရှင်တွေကနေ ယူထားတယ်လို့ဆိုတယ်။ ရေးရဲ့ ရုပ်ရှင်တွေကြောင့်ပဲ အန်ဒါဆန်ဟာ အိန္ဒိယကို လာချင်ခဲ့တာပါတဲ့။ ရေးဟာ သူ့ကားတွေအတွက် နောက်ခံတေးကို သူကိုယ်တိုင်ပဲဖန်တီးခဲ့တယ်။ အန်ဒါဆန်ကိုယ်တိုင်လည်း ဆတ္တရာဂျစ်ရေး လွှမ်းမိုးမှုမကင်းတဲ့လူတစ်ယောက်ဆိုတော့ အိန္ဒိယကို သူချစ်ခဲ့၊ Homage ပေးချင်ခဲ့တာလည်း မဆန်းလောက်ဘူး။ ဂီတနဲ့ အကြောင်းအရာပိုင်းနဲ့ အပြင်အဆင်မှာတင်မဟုတ်ဘဲ အရောင်အသွေးမှာလည်း The Darjeeling Limited ဟာ အိန္ဒိယလို့ ကျွန်တော်တို့ ယုံကြည်တဲ့ အရောင်အသွေးမျိုးရှိနေတယ်။ ဝေဖန်ရေးသမားတွေအတွက်တော့ အရမ်းကြီးအကြိုက်တွေ့စရာမဖြစ်ခဲ့ပေမဲ့ ဝက်စ်အန်ဒါဆန်ဟာ သူ့ရည်ရွယ်ချက်ကို သူပြည့်မြောက်အောင်လုပ််နိုင်ခဲ့တယ်။ လွယ်လွယ်ပြောရရင် The Darjeeling Limited ဟာ အိန္ဒိယရုပ်ရှင်မဟုတ်တဲ့ အိန္ဒိယအကြောင်းရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.95GB, 935MB Quality – 1080p, 720p IMDb Rating – 7.2/10 Format – mp4 Duration – 1H 31Min Genre – Adventure, Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.2 2007
The Darjeeling Limited
Okiku and the World
6.8

Okiku and the World (2023) IMDb 6.8 ရထားတဲ့ ဂျပန် အချစ်ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် ၁၉ ရာစုအလယ် အဲဒို(လက်ရှိတိုကျို)မှာ ဇာတ်လမ်းတည်ထားတဲ့ ဒီရုပ်ရှင်လေးမှာ ချူးဂျိဆိုသူက မစင်တွေလိုက်ကျုုံးပြီး ရောင်းချအသက်မွေးရတဲ့လူပါ ဒီလိုနဲ့ တစ်နေ့မှာ အိုကီကူဆိုတဲ့ ကောင်မလေးနဲ့တွေ့ပါတယ် အိုကီကူကတော့ ဆာမူရိုင်းမဟုတ်တော့တဲ့ တစ်ချိန်က ဆာမူရိုင်းကြီးရဲ့သမီးဖြစ်ပြီး လက်ရှိမှာတော့ ဆင်းရဲသားအိမ်တန်းလျားမှာ ငှားနေရပါတယ် နိမ့်ဆင်းသွားတဲ့လက်ရှိဘဝကို စိတ်ပျက်ညှိုးမှိုင်လျက်ရှိတဲ့ မိန်းကလေးတစ်ယောက်… သူ့ဘဝထဲကို မစင်ကျုံးသမားလေး ဝင်လာတဲ့အခါမှာ အေးစက်တဲ့ လောကဓံကြားမှာ နွေးထွေးတဲ့ ချစ်ခြင်းကို ရှာတွေ့သွားနိုင်မှာလား ပရိသတ်ကြီးပဲ ဆက်လက်ကြည့်ရှုအားပေးပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ BpL ~ KKKZ ~ ToMo တို့ပဲ ဖြစ်ပါတယ်

6.8 2023
Okiku and the World
A Reason for the Season

Christmas နီးလာပြီဆိုတော့ Christmas နဲ့ပတ်သက်တဲ့ဇာတ်ကားလေးတွေ အပြိုင်အဆိုင်ထွက်လာတဲ့အချိန်ပေါ့။ ဒီတစ်ခါဇာတ်ကားလေးကတော့ မိသားစုနဲ့ကြည့်လို့ကောင်းမယ့် ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်တဲ့ A Reason For A Season ဆိုတဲ့ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။ Elizabeth Lane လို့ခေါ်တဲ့ Single Mother လေးတစ်ယောက်ဟာ သူမရဲ့အိမ်မက်ဖြစ်တဲ့ အလှကုန်ပစ္စည်းကုမ္မဏီကြီးတည်ထောင်ချင်တဲ့အတွက် တစ်အိမ်ဝင်တစ်အိမ်ထွက် ဈေးလိုက်ရောင်းနေတဲ့သူပါ။ သူမဟာ Christmas ညမှာ ကိုယ်ဝန်ကြီးနဲ့ ဈေးရောင်းနေတုန်း ဗိုက်နာလာတဲ့အတွက် Brookswood လို့ခေါ်တဲ့မြို့လေးမှာဝင်နားခဲ့ရပါတယ်။ စိတ်ကောင်းရှိတဲ့ မြို့သားတစ်စုဟာ စားသောက်ဆိုင်ထဲမှာ အစည်းဝေးလုပ်နေတုန်း Elizabeth အကူညီလိုတဲ့အခါ သူမကို စိတ်ရင်းအမှန်နဲ့ ကူညီပေးခဲ့တဲ့အတွက် Elizabeth ရော ကလေးပါ‌အသက်ရှင်ခဲ့ရပါတယ်။ Elizabeth က သူ့သမီးလေးမွေးတဲ့ Christmas Eve နေ့ကိုအစွဲပြုပြီး Evie လို့ နာမည်ပေးခဲ့ပါတယ်။ ၃၅နှစ်ကြာတော့ Elizabeth ဟာ သူ့တို့သားအမိကိုကူညီခဲ့တဲ့ Brookswood မြို့ကမြို့သူမြို့သားတွေကို ပြန်ကျေးဇူးဆပ်ဖို့ Evie ကိုလွှတ်လိုက်ပါတယ်။ Evie တစ်ယောက် ယောင်ချာချာနဲ့ရောက်သွားခဲ့ပေမဲ့ Kyle Newman လို့ခေါ်တဲ့ရှေ့နေနဲ့တွေ့ပြီး သူတို့ကိုကူညီခဲ့တဲ့ လူတွေကိုပြန်လာရှာဖွေပြီး ကျေးဇူးဆပ်ကြပုံကို ကြည့်ရှု့ခံစားရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားက အက်ရှင်ခန်းတွေ plot twist တွေမပါဘဲ Green Book တုန်းကလို Positive energy တွေရစေမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ အရာရာကို အကောင်းမြင်တတ်တဲ့ Brookswood မြို့သားတွေအနေနဲ့ Evie လေးအတွက်ဘဝသင်ခန်းစာရအောင် ဘယ်လိုကူညီပေးသွားမလဲဆိုတာကို ပေါ့ပေါ့ပါးပါးလေးကြည့်လို့ကောင်းမယ့် ဇာတ်ကားလေးဖြစ်ပါတယ်။ IMDb မှာလည်း 7.3 အထိရထားပြီး ပူပူနွေးနွေးထွက်ရှိထားတဲ့ Christmas ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ File size…(1.6 GB)/(875 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Romance, TV Movie Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by S4L

0 2024
A Reason for the Season
Bang Rajan 2
5.7

Bang Rajan 2 (2010) ******************** ဒီတစ်ခေါက်မှာတော့ Bang Rajan 1 ရဲ့ ဇာတ်လမ်းအဆက်ဖြစ်တဲ့ Bang Rajan 2 ဆိုတဲ့ ထိုင်းသမိုင်းအက်ရှင်ဇာတ်လမ်းတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်…Thanit Jitnukul မှ ဒါရိုက်တာအဖြစ် ရိုက်ကူးထားပြီး ရှေးဟောင်းအယုဒ္ဓယခေတ်နောက်ပိုင်းမှာ ဗမာတိုရဲ့ ကျူးကျော်မှုကို တိုက်ခိုက်ကာကွယ်နေတဲ့ရွာသား‌တွေရဲ့ သတ္တိနဲ့ စွန့်စားမှုတိုကို ရိုက်ကူးထားတာဖြစ်ပါတယ်… အင်အားနည်းပါးပြီး လက်နက်ပစ္စည်း မလုံလောက်ပေမဲ့ လွတ်လပ်မှုအတွက် တိုင်းပြည်ကို စွန့်စားကာကွယ်ဖို ကြိုးစားခဲ့တဲ့ သူရဲကောင်းတွေရဲ့ လက်ရုံးရည်ကို ကြည့်ရှုရမှာပါ… စိတ်လှုပ်ရှားဖွယ်ရာ တိုက်ပွဲမြင်ကွင်းများနဲ့ ရိုးရာထိုင်း တိုက်ခိုက်မှုပုံစံ‌တွေလည်း ပါဝင်ပါတယ်… တိုင်းပြည်နှစ်ခု စစ်ပွဲတစ်ပွဲဖြစ်တိုင်းကြုံရတတ်တဲ့ နစ်နာဆုံးရှုံးမှုတွေကို ရိုက်ကူးပြထားပါတယ်… ဒီဇာတ်လမ်းလေးထဲမှာတော့ ဘယ်ဘက်ကနိုင်တယ် ဘယ်ဘက်ကရှုံးတယ်ဆိုတာထက် စစ်ပွဲအတွင်း ကြုံတွေ့ကြရတဲ့ ဖြစ်ရပ်တွေကို အဓိကထားပြီး ရိုက်ကူးပြသထားပါတယ်… ဇာတ်လမ်းအညွှန်းကို Reddy မှရေးသားပေးထားပါတယ်… File Size : 4.09GB / 1.79GB Quality : WEB-DL 1080p / 720p Duration : 2hr 7m Genres : Action, Adventure, War Subtitle : Myanmar Subtitle (Hard Sub) Translated by Reddy Encoded by Heather Oo

5.7 2010 121 mins
Bang Rajan 2
Kupu-Kupu Kertas
7.2

ရိုမီယို ဂျူးလီးယက်တို့လို စိတ်ကူးယဉ်ဇာတ်လမ်းထက် ပိုရိုတဲ့ ပိုသနားရတဲ့ ပိုကြေကွဲစရာကောင်းတဲ့ ၁၉၆၄ ခုနှစ် တုန်းက အင်ဒိုနီးရှားနိုင်ငံထဲမှာဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်တွေကို ပြန်လည်ကိုးကားပြီး ရိုက်ကူးထားတဲ့ အချစ်ဇာတ်ကားလေး တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားလေးရဲ့နာမည်ကတော့ Kupu-Kupu Kertas ဖြစ်ပြီး လက်ရှိ IMDb Rating 7.2 အထိတောင်ရရှိထားတဲ့အတွက် ဒရာမာကားကောင်းကောင်းလေးတွေကို ကြိုက်နှစ်သက်တဲ့ သူတွေအတွက် ကြည့်သင့်တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ၁၉၆၄ ခုနှစ်မှာ PKI လို့ခေါ်တဲ့ အင်ဒိုနီးရှားကွန်မြူနစ်ပါတီနဲ့ NU ဆိုတဲ့ အစ္စလာမ်အဖွဲ့အစည်းတို့ကြားမှာ လယ်ယာပိုင်ဆိုင် မှုနဲ့ပတ်သတ်ပြီး တင်းမာမှုတွေများစွာဖြစ်နေခဲ့ပါတယ်။ အထူးသဖြင့်ပြဿနာကြီးကတော့ PKI ကလူတွေက သာမန် လယ်သမားတွေရဲ့မြေတွေကို လူမိုက်အဖွဲ့တွေငှားပြီး အတင်း အဓမ္မလိုက်လံသိမ်းပိုက်နေတာပဲဖြစ်ပါတယ်။ မတရားမှုတွေနောက်မှာ တရားမှုကိုရဖို့တော်လှန်တတ်တဲ့ လူတွေအမြဲတမ်းရှိသလို ဒီထဲမှာလည်း မင်းသားဖြစ်သူအီဆန်က ဒီလိုမတရားမှုတွေကိုတော်လှန်ဖို့ NU လက်အောက်မှာ ဖွဲ့စည်းထားတဲ့ အန်ဆော်ဆိုတဲ့ လူငယ်အဖွဲ့ခေါင်းဆောင်ရဲ့ ညီဖြစ်ပါတယ်။ထို့အတူပဲ မင်းသမီးဖြစ်သူ နှင်း ကလည်း အဲ့လိုမတရားမှုတွေကိုဦးဆောင်လုပ်နေတဲ့ခေါင်းဆောင်ကြီးရဲ့ သမီးဖြစ်နေပါတော့တယ်။နှင်းက သူ့အဖေရဲ့လုပ်ရပ်တွေကို သဘောမကျဘဲ စာနာသနားတတ်သူ ကြင်နာတတ်သူဖြစ်တဲ့ အတွက် သူ့အဖေ ထပ်မံယုတ်မာပြီး လယ်ယာတွေကိုသိမ်းပိုက်ဖို့ ကြိုးစားတဲ့အခါမှာ အဲ့ဒီလယ်ကလယ်သမားတွေကို သွားရောက်သတိပေးခဲ့ပါတော့တယ်။အဲ့ဒီမှာတင် နှင်းနဲ့ဆန်တို့ တွေ့ခဲ့ကြပြီး မတူညီတဲ့ဆန့်ကျင်ဖက်နှစ်ဖက်ကြားက အခက်အခဲ တွေကိုဘယ်လိုကျော်ဖြတ်သွားပြီး အချစ်ခရီးကိုလျှောက်လှမ်း သွားကြဦးမလဲဆိုတာကိုရှုစားရမဲ့ ဒရာမာဇာတ်ကားကောင်းလေး တစ်ကားပဲဖြစ်ပါတယ်။ File size… (1.58 GB) / (984 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 53m Genre …..Drama , History , Romance , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Drama • Family • Adventure • Crime
7.2 2024 113 mins
Kupu-Kupu Kertas