YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The.Sound.Of.Summer.2022.BLURAY.720p.(CM).mp4

886.78 MB N/A video/mp4 103 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Private Eye
6.5

Private Eye(2009) ***************** ကိုရီးယားရဲ့အထင်ကရမင်းသားကြီး Hwang Jung-min ပါဝင်ထားတဲ့ ဒီဇာတ်ကားကလည်း အတော်ကောင်းပါတယ်..Thriller vibe အပြည့်ရသလို plot twist တွေလည်းပါတာမို့ ဒေါင်းရကျိုးနပ်စေမှာပါ.. ဂျိုဆွန်းပြည်မှာ ဂျပန်တွေ အုပ်စိုးနေတဲ့အချိန်ကို အခြေတည်ထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ ဖောက်ပြန်နေတဲ့မိန်းမတွေကို ဓာတ်ပုံလိုက်ရိုက်ပြီး သတင်း​တွေ ဖန်တီးတတ်တဲ့ ဟုန်းဂျင်ဟိုဆီ တစ်နေ့မှာ ဆေးကျောင်းသားလေးတစ်ယောက်က လူတစ်ယောက်ကို ရှာပေးဖို့ အကူအညီလာတောင်းပါတော့တယ်။ ပြဿနာကတော့ ရှာပေးရမယ့်လူက အတွင်းဝန်ရဲ့ပျောက်နေတဲ့သားကို သတ်သွားတဲ့ လူသတ်တရားခံပါ။ ဆေးကျောင်းသားလေးက တိရစ္ဆာန်အ​သေတွေနဲ့ပဲ လေ့လာရာကနေ တစ်နေ့မှာ လူသေအလောင်းတွေ့လို့ လေ့လာဖို့ ယူသွားလိုက်တာ အဲ့အလောင်းက အတွင်းဝန်ရဲ့သားမှန်း နောက်ကျမှ သိလိုက်ရတော့ ရဲဆီ သွားပြန်ရင်လည်း သူသတ်တယ်ဆိုပြီး အထင်ခံရမှာစိုးလို့ ကြောက်ကြောက်လန့်လန့်နဲ့ ဟုန်းဂျင်ဟိုဆီ အကူအညီသွားတောင်းလိုက်ရတာပါ။ နှစ်ယောက်သားအတူတူ လူသတ်တရားခံကို လိုက်ရှာရာကနေ အစိုးရအရာရှိတွေရဲ့ အကျင့်ပျက်​ခြစားမှုတွေ၊ ဆက်စပ်နေတဲ့ ရာဇဝတ်မှုတွေကို သိလိုက်ရပြီး အားလုံးကို အတူတူထုတ်ဖော်ဖို့ ကြိုးစားရာကနေ ကြုံတွေ့ရမယ့် အဖြစ်အပျက်တွေကို ဟာသတစ်မျိုး ရင်ဖိုစရာတစ်ဖုံနဲ့ စိတ်လှုပ်ရှားဖွယ် ကြည့်ရမှာပါ။ ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Myat Noe ဖြစ်ပါတယ်.. File Size : (2.1GB) and (875MB) Quality : WEB-DL1080p5.1Ch, 720p Format…mp4 Duration…01:32:00 Genre : Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Myat Noe Encoded by Phyo Pyae

Drama • Horror • Mystery • Romance • Thriller
6.5 2009 111 mins
Private Eye
Journey to the West
7.2

UFOတွေ ဂြိုလ်သားတွေဆိုတာ တကယ်ရှိသလားဆိုတဲ့မေးခွန်းကို သိချင်တဲ့သူတွေ စိတ်ဝင်စားတဲ့သူတွေအတွက်အကြိုက်တွေ့မယ့် ကားကောင်းတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။ ထန်ကျစ်ကျွင်းဟာ (စကြာဝဠာကိုစူးစမ်းခြင်း)ဆိုတဲ့မဂ္ဂဇင်းရဲ့ အယ်ဒီတာတစ်ယောက်ဖြစ်တယ်။ ထန်ကျစ်ကျွင်းက ကမ္ဘာပြင်ဘက်ကယဉ်ကျေးမှုတွေအပေါ်စိတ်ဝင်စားမှုက သာမန်ထပ်ပိုပြီး အလွန်အကျွံလို့တောင်ပြောလို့ရပါတယ်။ သူ့ရဲ့စွဲလမ်းမှုတွေကြောင့်မိန်းမလဲမခံနိုင်ကွာရှင်းခဲ့ပြီး သ မီးလေးဟာလဲစိတ်ကျရောဂါနဲ့ဆုံးသွားခဲ့ပါတယ်။ တစ်နေ့မှာတော့ စင်္ကြာဝဠာအဝေးတစ်နေရာမှပို့လာတယ်လို့ယူဆရတဲ့ Signalကိုလက်ခံရရှိလာတဲ့အခါ နေရာအနှံ့ကသူလိုလူတွေစုစည်းပြီး သူ့တစ်ဘဝလုံးမဖြေရှင်းနိုင်ခဲ့တဲ့ပုစ္ဆာတစ်ခုနဲ့အတူ ဂြိုလ်သားရှာဖွေရေးခရီးစဉ်ကိုပြန်လည်စတင်လိုက်ပါတော့တယ်...... Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated By CM Team Reviewed By Nu Mon Encoded by LK

Drama
7.2 2023 117 mins
Journey to the West
Eiffel
6.3

ပြင်သစ်သမိုင်းဖြစ်ရပ်မှန် ဒရာမ အသစ်လေး ကြည့်လိုက်ရအောင်။ ဇာတ်ကားနာမည်ကိုတွေ့တာနဲ့ သိသာနေပါပြီ။ အိုက်ဖယ်မျှော်စင် (အီဖယ်မျှော်စင်)ကို တည်ဆောက်ခဲ့တဲ့ အင်ဂျင်နီယာ ဂုစတက် အိုက်ဖယ်ရဲ့ အကြောင်းပါပဲ။ အိုက်ဖယ်မျှော်စင်ကို ၁၈၈၇ ခုနှစ် ဇန်နဝါရီလမှာ စတင်တည်ဆောက်ခဲ့ပြီး ၂ နှစ် ၂ လ နဲ့ ၅ ရက်အကြာ ၁၈၈၉ မတ်လမှာ ပြီးစီးခဲ့ပါတယ်။ မီတာ ၃၀၀ အထိ မြင့်ပြီးတော့ သံတွေနဲ့တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ဒီလောက်ကမ္ဘာကျော် ဧရာမအဆောက်အဦအမြင့်ကြီးကို ဆောက်တဲ့နေရာမှာ ထူးခြားစွာပဲ သေဆုံးခဲ့သူ ကြီးကြီးမားမားထိခိုက်ခဲ့သူမရှိခဲ့ပါဘူး။ ဒါဟာလည်း အလုပ်သမားတွေနဲ့ ခေါင်းဆောင်တွေရဲ့ အရည်အချင်းတစ်ရပ်ပါပဲ။ ဒီရုပ်ရှင်ထဲမှာတော့ မျှော်စင်ကြီးစတည်ဆောက်ဖို့အကြောင်းဖန်လာပုံတွေ၊ ကြိုးစားခဲ့တာတွေ အခက်အခဲတွေကို ရိုးမန့်စ်ဒရာမာလေးတွေနဲ့ရောပြီး ပြသထားပါတယ်။  ရုပ်ရှင်ကောင်းတစ်ခုပဲမို့ တင်ပေးလိုက်ပါတယ်။ File size…(1.49GB)/(662MB)/(425.5 MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:01:00 Genre...Drama, Biography, History Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson

Action • Comedy • Family • Science Fiction
6.3 2021 108 mins
Eiffel
The Good Liar
6.7

လူလိမ်အဘိုးကြီးတစ်ယောက်ဖြစ်တဲ့ Roy Courtney က သူ့ရဲ့နောက်ဆုံးပစ်မှတ်အနေနဲ့ သန်းချီချမ်းသာတဲ့ ပူပူနွေးနွေးမုဆိုးမ Betty McLeish ဆီကို ချဉ်းကပ်လာခဲ့ပါတယ်။ အရမ်းပီရိတဲ့ လူလိမ်အဘိုးကြီးက အဘွားကြီးဆီက သန်းချီတဲ့ ပိုက်ဆံတွေကို ဘယ်လိုနည်းတွေနဲ့ လိမ်လည်ယူမလဲ။ အဘိုးကြီးရဲ့ အတိတ်ကပြစ်မှုတွေက ဘယ်လိုတွေ လာအနှောင့်အယှက်ဖြစ်နေမလဲ။ နောက်ဆုံးမှာ သန်းချီတဲ့ပိုက်ဆံတွေကို အဘွားကြီးဆီက လိမ်လို့ရသွားမလားဆိုတာ ရင်ခုန်စွာနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ မထင်ထားတဲ့လှည့်ကွက်ပေါင်းများစွာပါတဲ့အတွက် အညွှန်းအရှည်ကြီးရေးရင် spoiler ဖြစ်မှာစိုးလို့ တိုတိုနဲ့ လိုရင်းပဲ ညွှန်းလိုက်ပါတယ်။ File Size : ( 1 GB , 330 MB ) Quality : BluRay 720p Running Time : 1 hr 49min Format : Mp4 Genre : Crime , Drama , Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by Ye Man Aung Encoded by Moe Myint Lwin

Action & Adventure • Drama
6.7 2019 109 mins
The Good Liar
Invalid
7.7

ပြတိုက်ထဲက သေနတ်ပစ်ခတ်မှုရဲ့ နောက်ကွယ်က ဇာတ်ကြောင်းက ဘာဖြစ်မလဲ… ထူးထူးခြားခြား ဆလိုဗက်ကီးယားကားတစ်ကားဖြစ်တဲ့ Invalid ဆိုတဲ့ကားကတော့ Drama, Comedy အမျိုးအစားကားတစ်ကားပဲ ဖြစ်ပါတယ်။ ဟုန်းဒဲရာ့လာ့စ်ကိုးဆိုတာက စက်တွေပြင်ဆင်တဲ့နေရာမှာ ကျွမ်းကျင်ပညာရှင်ပဲ။ ဒါပေမဲ့ သူက ဒေါသအရမ်းကြီးတဲ့သူ။ သူ့ဒေါသကြောင့်ပဲ သူ့သားကို အိမ်ပေါ်က နှင်ချမိလိုက်သလို သူ့မိန်းမကလဲ အိမ်ပေါ်က ဆင်းသွားခဲ့တယ်။ နောက်တော့ သူ နောင်တရပြီး သူ့သားဖြစ်သူကို ပြန်ချော့ဖို့ ဓာတ်စက်ဝယ်တာကနေ ဇာတ်လမ်းကစတယ်။ ဓာတ်စက်ကြော်ငြာဆီမှာ အလိမ်ခံလိုက်ရတဲ့အပြင် ပိုက်ဆံတွေပါ ဓားပြတိုက်ခံရပြီး ဒုက္ခိတပါ ဖြစ်သွားခဲ့တဲ့ လာ့စ်ကိုးက ဘယ်လိုလက်စားပြန်ချေမလဲ။ လာ့စ်ကိုးကို ကယ်တင်ပေးခဲ့တဲ့ ဂါဘိုရဲ့ မိတ်ဆွေကောင်းပီသမှုတွေကိုလဲ ထင်ထင်ရှားရှားတွေ့မြင်ရမဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre…Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Moshimoshi

7.7 2023
Invalid
The Adventures of Jurassic Pet 2: The Lost Secret
6.1

IMDB 6.1/10 ရရှိထားတဲ့ ဒီ Adventure/Family အမျိုးအစား ဇာတ်ကားလေးကိုတော့ လူသားကမ္ဘာနဲ့ ဒိုင်နိုဆောတို့ရဲ့ကမ္ဘာကို ခြားထားတဲ့ ဆန်းကြယ်တဲ့ တံခါးတစ်ချပ်ကနေ အစပြုထားပါတယ်။ လပြည့်နေ့ပြီး နောက်တစ်ရက်ရောက်တိုင်းမှာ ဟိုဘက် ဒီဘက် ကမ္ဘာနှစ်ခုကိုဆက်ထားတဲ့ တံခါးတစ်ချပ်က တစ်ရက်တာပွင့်လာတတ်ပြီး အဲဒီတံခါးကိုစောင့်ကြပ်ရသူကတော့ ဝင်ဒီရဲ့အဘွား တက်ဒရီနာပဲဖြစ်ပါတယ်။ ဒိုင်နိုဆောတွေနဲ့ ရင်းနှီးကျွမ်းဝင်စွာ တစ်လတစ်ခါ သွားသွားတွေ့လေ့ရှိတဲ့ ဝင်ဒီတို့နှစ်ယောက်ရဲ့ ဘဝလေးထဲကို ကာတစ်ဆိုတဲ့ မိဘမဲ့ဂေဟာက ကောင်လေးက ခရစ်စမတ်စ်ပိတ်ရက်အချိန်မှာ အလည်ရောက်လာခဲ့ချိန်မှာတော့ သူတို့ရဲ့ လျှို့ဝှက်ကမ္ဘာလေးက အပြောင်းလဲကြီးပြောင်းလဲသွားခဲ့ပါတော့တယ်။ ကာတစ်သိသွားတဲ့အချိန်မှာ တိုက်ဆိုင်စွာနဲ့ပဲ ဒိုင်နိုဆောပေါက်လေး ဂျူနီယာကလည်း ဒိုင်နိုဆောကမ္ဘာဆီမပြန်ဘဲ သူတို့နောက်လိုက်လာရင်း ဒီဘက်လူသားကမ္ဘာမှာ သောင်တင်နေခဲ့ရာမှာတော့ တစ်လတာ တံခါးပြန်ပွင့်ဖို့စောင့်ရင်း ဒိုင်နိုဆောငယ်လေးအကြောင်းကို ဘယ်သူမှသိမသွားအောင် ဖုံးကွယ်ထားဖို့ဖြစ်လာခဲ့ပါတော့တယ်.. ချစ်ဖို့ကောင်းပြီး စကားပါ ပြောတတ်တဲ့ ဒီဒိုင်နိုဆောပေါက်လေးအကြောင်း ဘယ်သူမှမသိအောင် ကာတစ်နဲ့ ဝင်ဒီတို့နှစ်ယောက် ပိပိရိရိ ဖုံးကွယ်နိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုခံစားလိုက်ကြပါဦးနော်… (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ) File size…(1.3 GB)/(700 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre…Adventure, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Emily

Horror
6.1 2023 84 mins
The Adventures of Jurassic Pet 2: The Lost Secret
Scott Pilgrim vs. the World
7.5

Scott Pilgrim vs. the World (2010) ~ IMDb – 7.5/10, Rotten Tomatoes – 82% ~ ခင်ဗျားတို့အတွက် စီနီမာ (ရုပ်ရှင်) ဆိုတာ ဘာများလဲ။ မက်ဆေ့တစ်သီတစ်သန်းနဲ့ကားတွေလား။ ကြီးကျယ်ခမ်းနားလှတဲ့ ဆက်တင်ကြီးတွေ သိပ်ကောင်းတဲ့ စီဂျီအိုင်တွေ တပြုံတမကြီးသုံးထားတဲ့ ခမ်းကြီးနားကြီးကားတွေလား။ ကျွန်တော့်အတွက်တော့ စီနီမာဟာ အရသာရှိနေခြင်းပဲ။ ခမ်းနားချင်မှလည်း ခမ်းနားမယ်၊ ဘာတစ်ခုမှမပါဘဲ ပြကွက်တစ်ကွက်တည်းကိုပဲ အကြာကြီးပြချင်လည်းပြမယ်၊ သောက်တလွဲတွေချည်း ပြောချင်လည်းပြောမယ်၊ ဂလည်အူကြောင်ပြကွက်တွေ ပြချင်လည်းပြမယ်။ ဒါပေမဲ့ ဒီရုပ်ရှင်ကို ကြည့်လိုက်လို့ အရသာတော်တော်ကြီးရှိနေပြီဆိုရင် အဲဒီရုပ်ရှင်ဟာ ရုပ်ရှင်စစ်တယ်။ စီနီမာဖြစ်တယ်လို့ပဲ ပုဂ္ဂလိကအရ သတ်မှတ်လိုက်တာပဲ။ Scott Pilgrim vs. the World ဟာ အဲဒီစီနီမာအရသာ အပြည့်ရှိနေတဲ့ကားပေါ့။ မသိတဲ့လူဆို ဘာမှမဟုတ်ဘူးထင်ရင်း ကြည့်နေရင်း ကြည့်နေရင်း အရသာက တဖြည်းဖြည်းတက်လာမယ့် ရုပ်ရှင်မျိုးပဲ။ နောက်တစ်ချက်အားဖြင့်တော့ ဒီဘက်ခေတ်မှာ ကျွန်တော်တို့ ပြန်မရနိုင်တော့တဲ့ ကျွန်တော်တို့ငယ်ငယ်က ရုပ်ရှင်တွေမှာရှိနေခဲ့တဲ့ အငွေ့အသက်မျိုးပေးနိုင်တဲ့ကားလို့ ပြောလို့ရပါတယ်။ အဲဒီအငွေ့အသက်ကို ခင်ဗျား ဇာတ်လမ်းကတင်မဟုတ်ဘဲ သရုပ်ဆောင်တွေဆီကပါ ရလိမ့်မယ်။ Chris Evans, Brie Larson, Mary Elizabeth Winstead, Aubrey Plaza, Brandon Routh, Ellen Wong, Alison Pill နဲ့ Anna Kendrick တို့ကို ခင်ဗျား ဘယ်တော့မှ ထပ်မမြင်ရတော့မယ့်ပုံစံတွေနဲ့ မြင်ရလိမ့်မယ်။ မြင်ရရင်တောင် ဒီလိုမဟုတ်ဘဲ ကြောင်တောင်တောင်ဖြစ်နေမှာပဲ။ စကော့အဖြစ်သရုပ်ဆောင်တဲ့ Michael Cera ကိုလည်း ခင်ဗျား ဒီလိုပုံစံနဲ့ထပ်မြင်ရတော့မှာမဟုတ်ဘူး။ ပိုထူးတာက Jason Schwartzman ပဲ။ ဝက်စ်အန်ဒါဆန်ကားတွေတိုင်းပါခဲ့ဖူးတဲ့ သူ့ကို ဒီမှာမြင်ရတဲ့အဖြစ်မျိုးက ကြောင်တောင်တောင်တော့နိုင်ပေမဲ့ မိုက်လည်းမိုက်နေတယ်။ ပါတဲ့ပုံစံကလည်း စားတာကိုး။ မဆန်းပါဘူး ဂရပ်ဖစ်နိုဗယ်ကို ပြန်ရိုက်ထားပြီး စာအုပ်ကို အပြည့်အဝသစ္စာရှိထားတော့ ကြောင်တောင်တောင်ကြီးလုပ်ပြမနေမှကို ဆန်းနေမှာ။ ဇာတ်လမ်းအကျဉ်းကတော့ ရှင်းရှင်းလေးပဲ။ Scott Pilgrim ဆိုတဲ့ကောင်လေးက ကောင်မလေးတစ်ယောက်ကိုချစ်မိတယ်။ သူ့အချစ်ကိုရဖို့ အဲဒီကောင်မလေးရဲ့ ဆိုးရွားလှတဲ့ ရည်းစားဟောင်းခုနှစ်ယောက်ကို အနိုင်ပိုင်းရတယ်။ ဒါတွေကို ဂီတာဟီးရိုးလိုလို စထွိဖိုက်တာလိုလို မြင်ရုံနဲ့ Nostalgia ဖြစ်မယ့် အကွက်ဆန်းကြီးတွေနဲ့ချည်းပြသွားတာ။ တစ်ခါတလေ နိုင်ပုံနိုင်နည်းတွေကလည်း တော်တော်ဂလည်အူကြောင်နိုင်တယ်။ ဒါပေမဲ့ သူ့ Inner Logic ထဲဆို‌တော့ “လခွမ်းဟ” ဆိုပြီး ဖြစ်သွားရုံကလွဲ ကြည့်ကောင်းနေတာပါပဲ။ ဆက်တင်တွေကလည်း တော်တော် Nostalgia ဖြစ်တယ်။ ဒါကြောင့်လည်း တချို့က Scott Pilgrim vs. the World ကို စီနီမာရဲ့ တစ်ထောင့်တစ်နေရာက စီနီမာစစ်စစ် အရသာပေးနိုင်တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားလို့ဆိုကြတယ်။ ဂရပ်ဖစ်နိုဗယ်ကို ရိုက်ပြီး ဒီလိုခပ်ကြမ်းကြမ်း လှလှပပ ရုပ်ရှင်ထွက်လာတာလည်း ကြက်ကန်းဆန်အိုးတိုးတာတော့မဟုတ်ဘူး။ Edgar Wright ကိုယ်တိုင် ရိုက်ကူး ဇာတ်ညွှန်းဝင်ရေး ပရိုဂျူဆာပါလုပ်ထားသကိုး။ ဒီဘဲက Satirical ဖလင်တွေမှာ ဂျွတ်လေတော့ ဒီကားကလည်း သူနဲ့အပြည့်အဝလည်း ကီးကိုက်သွားတယ်။ ဒီဘဲရိုက်တဲ့ကားတွေအကုန်ကလည်း ကြည့်လို့တော်တော်ကောင်းတဲ့ ကားတွေချည်း။ Shaun of the Dead, Hot Fuzz နဲ့ The World’s End ဆိုတဲ့ နာမည်ကျော် Cornetto Trilogy နဲ့ Baby Driver တို့လို ကားတွေကို ရိုက်ခဲ့တဲ့အပြင် သူရိုက်ခဲ့တဲ့ပုံစံတွေကနေ ကွဲထွက်ပြီးရိုက်ခဲ့တဲ့ Last Night in Soho ကလည်း တော်တော်လေး ကောင်းခဲ့တယ်။ ဒီလိုဘဲက အသက်သွင်းထားတဲ့ ကားဆိုတော့လည်း ဒီလိုထွက်လာတာပါပဲ။ Scott Pilgrim vs. the World ဟာ Edgar Wright ရဲ့ မာစတာပိစ်အဖြစ်ဆုံးရုပ်ရှင်ဖြစ်သလို စီနီမာရဲ့ စီနီမာစစ်မှန်တဲ့ ရုပ်ရှင်တွေထဲက တစ်ကားပါပဲ။ ဒီကားရဲ့အရသာမျိုးက ဒီကားမှာပဲရနိုင်တာမို့ Comic Book Movies တွေကြိုက်ရဲ့နဲ့ ဒီကား မကြည့်ဘူးဆိုတာက ဘယ်လိုမှမဖြစ်သင့်ပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 7.75GB(HDR), 8.77GB(SDR), 2.75GB, 1.25GB Quality – 4K HEVC, 1080p, 720p IMDb Rating – 7.5/10 Format – mp4 Duration – 1H 52Min Genre – Action, Comedy, Fantasy Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y, Ka Naung

7.5 2010
Scott Pilgrim vs. the World
Junkyard Dog
7.1

Junkyard Dog (2023) ဒီ Comedy, Drama ဇာတ်ကားကတော့ အရမ်းချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက်အပေါ် ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံရဲ့တောင်ဘက်က မြို့ငယ်လေးတစ်မြို့မှာ နေထိုင်ကြတဲ့ ဒေါ့နဲ့ မီရာလယ်စ်ဆိုလို့ခေါ်တဲ့ သူငယ်ချင်းနှစ်ယောက်အကြောင်းပေါ့။ ငယ်မွေးခြံပေါက်သူငယ်ချင်းနှစ်ယောက်မှာ တစ်ယောက်က တော်ရုံစကားမပြော မှုန်မှုန်ကုပ်ကုပ်လေးနေ ဘာဆိုဘာမှဂရုမစိုက်ဘဲနေတတ်တဲ့ Introvert ဖြစ်ပြီး နောက်တစ်ယောက်ကတော့ အမြဲလိုလို အခြားသူငယ်တွေနဲ့ပျော်ပါးတတ် စကားစမြည်ပြောပြီး ဝေလေဝါးလားနေတတ်သူပေါ့။ နှစ်ယောက်က တောင်နဲ့မြောက်တခြားစီဆိုပေမဲ့ ငယ်ငယ်ကတည်းက အရမ်းကိုချစ်တတ်ကြတဲ့သူငယ်ချင်းဖြစ်ပါတယ်။ ဒီလိုနဲ့ သူငယ်ချင်းနှစ်ယောက်ထဲက Introvert ဖြစ်တဲ့ ဒေါ့ဆိုတဲ့သူက အခြားမြို့ကနေခဏတစ်ဖြုတ်ပြောင်းလာတဲ့ အမျိုးသမီးတစ်ယောက်နဲ့ချစ်ကျွမ်းဝင်ဖို့ဖြစ်လာပါတော့တယ်။ အဲဒီ ဒေါ့ရဲ့ အချစ်ဇာတ်လမ်းက နောက်ဆုံးမှာဘယ်လိုအဆုံးသတ်သွားရမလဲဆိုတာအပြင် အမှန်တကယ်ကိုယ့်ကိုချစ်မြတ်နိုးတဲ့သူတွေကပဲ ကိုယ်မုန်းတာကိုခံပြီး ကိုယ့်ကိုကူညီပေးတတ်တယ်ဆိုတာကိုပါ ရသအပြည့်နဲ့ခံစားရမယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.85GB, 760MB Quality – 1080p, 720p IMDb Rating – 7.1/10 Format – mp4 Duration – 1H 33Min Genre – Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

Drama • Action • Adventure • History • War
7.1 2023 93 mins
Junkyard Dog
Udeekan Teriyan
6

Udeekan Teriyan (2023)”ကံကြမ္မာ” ============================= ၂၀၂၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ ပန်ချာပီ အချစ်ဒရာမာရုပ်ရှင်လေးတစ်ပုဒ်ကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဆူခီဆင်းဆိုတဲ့ အဘိုးကြီးတစ်ယောက်ရဲ့ဇနီးဟာ လေယာဉ်ခရီးစဉ်တစ်ခုမှာ ပျောက်ဆုံးသွားခဲ့ပါတယ်။ သူဟာ သူ့ဇနီးကို ရှာပေးဖို့အတွက် ဆိုင်ရာပိုင်ရာကို နေ့တိုင်းတောင်းဆိုပေမဲ့ ဆိုင်ရာပိုင်ရာက အဖက်မလုပ်ခဲ့ပါဘူး။ သူဟာ ဇနီးဖြစ်သူကို ရှာမတွေ့လို့ ပူဆွေးသောကရောက်ပြီး အထီးကျန်နေတုန်းမှာပဲ သူ့လိုပဲ တစ်ပုံစံတည်းကြုံတွေ့ခဲ့ရတဲ့ အာမရီတာဆိုတဲ့ အမျိုးသမီးနဲ့ တဖြည်းဖြည်း ရင်းနှီးသွားခဲ့ကြပါတယ်။ သူတို့နှစ်ယောက်ဟာ ရိုးရိုးသားသားခင်မင်တာဖြစ်ပေမဲ့ ကိုယ့်ထမင်းကိုယ်စားပြီးသူများအကြောင်းပြောချင်တဲ့ ပတ်ဝန်းကျင်က မဟုတ်တာတွေ သမုတ်လာတဲ့အခါ သူတို့နှစ်ယောက် ဘယ်လိုရင်ဆိုင်ကြမလဲ။ သူတို့လဲ လက်တွဲဖော်တွေကိုရော ပြန်ရှာတွေ့မှာလားဆိုတဲ့ အဖြေတွေကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ကြရမှာပါ။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

6 2023
Udeekan Teriyan
The Dark Sisters
5

Channel Myanmar ပရိသတ်ကြီးကို ခု2023 မှာတင် ထွက်ရှိထားတဲ့ “Dark Sisters” နဲ့မိတ်ဆက်ပေးပါရစေ ဇာတ်လမ်းအကျဉ်းကတော့ နှစ်ပေါင်းများစွာကွဲကွာနေတဲ့ ညီအစ်မနှစ်ယောက် တစ်ယောက်နဲ့တစ်ယောက်အရင်ကလို နွေးနွေးထွေးထွေးပြန်ဖြစ်ဖို့ကြိုးစားတာကနေ ဇာတ်အိမ်တည် ထားတာပါ….. ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့အတိတ်ကနွေးထွေးမှုတွေပဲ ရှိခဲ့တာမဟုတ်ပဲ ဒဏ်ရာတွေလည်းရှိနေတာပါ အခြားစိတ်လှုပ်ရှား ဖွယ်ရာ ရုပ်ရှင်များနှင့်မတူဘဲ သေဆုံးမှုပတ်ဝန်းကျင်တွင် ရင်တထိတ်ထိတ်ဖြင့် ရင်ဆိုင်ကြုံတွေ့ရသော မိန်းကလေးများ၏ စိတ်ခံစားမှုများကို အမှန်တကယ်ပြသတဲ့ ကားမျိုးပါ။ မိန်းကလေးတစ်ဦးတစ်ယောက်စီရဲ့ စိတ်နှင့်ခန္ဓာကိုယ်ကို ဖိစီးမှုကြောင့် ဆုံးရှုံးရခြင်းတွေ ရုန်းကန်ပုံတွေကို ဇာတ်ကားမှာ ကောင်းကောင်းမွန်မွန် ဖော်ပြထားတာကိုကြည့်ရှူခံစားရမှာပါ “Dark Sisters” ရုပ်ရှင်က သည်းထိတ်ရင်ဖိုဆန်ဆန် ခြောက်ချားစရာ ဆန်ဆန် ဇာတ်ကားမျိုးကြည့်ရှုလိုသူများအတွက် ရွေးချယ်မှုတစ်ခုပါလို့ပဲ ညွှန်းဆိုလိုက်ရပါတယ်… File size…1.39GB /681MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 20m Genre ….. Drama , Horror , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aung Khant Paing

Action • Comedy • Drama • Romance
5 2023 78 mins
The Dark Sisters
Snow White and the 7 Samurai

ဇာတ်လမ်းအကျဉ်းကတော့ … အန်ညာဟာ လော့စ်အိန်ဂျယ်လိစ်က ရာဇဝတ်ဂိုဏ်းခေါင်းဆောင် တစ်ယောက်ရဲ့ သမီးပါ။ သူ့အဖေဟာလည်း လေးဦးအဖွဲ့ဆိုတဲ့ အဖွဲ့နဲ့ မြို့ကြီးကို လက်ဝါးကြီး အုပ်ထားတာပါ။ သူ့ကို စနှိုးဝှိုက် ဆိုပြီးနာမည်ပြောင်ခေါ်ကြပါတယ်။ ဘယ်ကမှန်းမသိတဲ့ လုပ်ကြံရေးသမားတစ်ယောက်က လုံခြုံရေးတွေကို ဘယ်လိုကျော်လာတယ်မသိ အန်ညာ့အဖေကို လုပ်ကြံသွားပါတယ်။ သူ့အဖေ သေတော့ အမွေတွေအားလုံးကို အန်ညာ့ကို ပေးထားခဲ့ပြီး မိထွေးဖြစ်သူ ကွင်းစ်က နည်းနည်းလေးပဲ ရလို့ မကျေနပ်ပါဘူး။ ဒါနဲ့ပဲ မိထွေးက အန်ညာ့ကို လုပ်ကြံခိုင်းတာ အန်ညာက မသေဘဲ လွတ်မြောက်သွားပြီး အိုနာမူရှာဆိုတဲ့ အမျိုးသမီး ဆာမူရိုင်း ၇ ယောက်နဲ့ တွေ့ပါတယ်။ အန်ညာလည်း ဆာမူရိုင်း ၇ ယောက်နဲ့ပေါင်းပြီး သူ့မိထွေး ကွင်းစ်ကို ပြန်လည်တိုက်ခိုက်ပြီး သူ့အမွေတွေ ပြန်လုပါတော့တယ်…… အညွှန်းနဲ့ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ် Genre…..Action Quality…. 1080p WEB-DL | 720p WEB-DL File size… 1GB | 540MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Leonard Lin Encoder ….. Aaron

0 2024
Snow White and the 7 Samurai
24 Frames
6.8

24 Frames (2017) ~ IMDb – 6.8/10, Rotten Tomatoes – 92% ~ Abbas Kiarostami ရဲ့ 24 Frames က Experimental Film ဖလင်အမျိုးအစား။ သူမသေခင်နောက်ဆုံးရိုက်သွားတဲ့ လက်ရာလည်း ဟုတ်တယ်။ ရုပ်ရှင်လို့ပြောဖို့ထက် ဒီရုပ်ရှင်ကို ကြည့်ရတဲ့အရသာက ပန်းချီတစ်ချပ် ဓာတ်ပုံတစ်ပုံ အဲဒီလိုမျိုးဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့ အဲဒီထက်ပိုတဲ့အရာတစ်ခုတော့ရှိတယ်။ ကျွန်တော်တို့ပြတင်းပေါက်ကနေ အမြဲမြင်နေရမယ့် သစ်ပင်တွေကို မိုးဆင်းလို့ ယိမ်းနွဲ့နေတုန်း အရသာရှိရှိ ထိုင်ကြည့်လိုက်ရသလိုမျိုး… ကိုယ့်မြို့က တံတားကြီးတစ်စင်းပေါ်ကနေ ဖြတ်သွားဖြတ်လာတိမ်တွေကို ထိုင်ကြည့်နေရသလိုမျိုး… နေစောင်းလို့ တိမ်တွေအရောင်းပြောင်းတဲ့အခါ စိတ်ရှိလက်ရှိထိုင်ကြည့်နေရသလိုမျိုး အရသာမျိုးပေါ့။ ဒိုင်ယာလော့မပါ၊ ဇာတ်လမ်းမပါ၊ အဖြစ်အပျက်မပါတဲ့ ဒီဇာတ်လမ်းမှာ အသေထားထားတဲ့ ဖရိန်တစ်ခုအောက် ငြိမ်သက်နေတဲ့အရာတွေ ရွေ့လျားနေတဲ့အရာတွေ သက်ဝင်နေတဲ့အရာတွေ သက်ငြိမ်နေတဲ့အရာတွေကို ဖမ်းယူထားတာတွေကိုချည်း သူတပ်ထားတဲ့ နံပါတ်အရတော့ ၂၄ဖရိန်တိတိပြထားတယ်။ တံတားတစ်စင်းပေါ်က လှုပ်ခတ်နေတဲ့ရေပြင်… အဲဒီနောက်မှာ ညိုမွဲနေတဲ့တိမ်တွေ… တံတားဘောင်ပေါ်မှာက ငှက်ကလေး၂ကောင်… အဲဒီလိုအရာတွေကို အရသာခံကြည့်ရတာကြိုက်တဲ့လူဆိုရင်တော့ ဒီရုပ်ရှင်က ကျွန်တော်မြင်ဖူးသမျှထဲတော့ တစ်ကားတည်းသော ဒီလိုရုပ်ရှင်ပဲ။ ပုဂ္ဂလိက အမြင်အရတော့ Abbas ဟာ ကျွန်တော်တို့ကို ရုပ်ရှင်ဟာ ဒီဇာတ်လမ်းတွေကြားမှာပဲရှိတာမဟုတ်တဲ့ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာလည်း ရှိနေတဲ့အရာလို့ ပြောချင်ခဲ့တာလို့ပဲမြင်တယ်။ ယူသလိုပဲရပါတယ်။ ဒီနေရာမှာ ကျွန်တော်သတိရလိုက်မိတဲ့ ဂိုးဒတ်ရဲ့စကားတစ်ခွန်းတော့ ရှိတယ်။ ဓာတ်ပုံက ဘယ်တော့မှမမှားဘူး။ တစ်စက္ကန့်မှာ ဓာတ်ပုံ၂၄ပုံ (ဝါ) ၂၄ဖရိန်ရှိနေတဲ့ ရုပ်ရှင်ကလည်း ဘယ်တော့မှ မမှားဘူးတဲ့။ ဒါကြောင့်လည်း ဒီကားကို Abbas က ဒီနာမည်ပေးခဲ့သလားတော့မသိဘူးပေါ့။ ” Photography is truth. The cinema is truth twenty-four times per second. “ – Jean-Luc Godard (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 945MB Quality – BluRay 1080p, 720p IMDb Rating – 6.8/10 Format – mp4 Duration – 1H 54Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

6.8 2017
24 Frames
Collision
5.1

Collision (2017) **************** ဒီတစ်ခေါက် တင်ဆက်ပေးသွားမယ့် Collision ဆိုတဲ့ဇာတ်ကားလေးထဲမှာ .. သရုပ်ဆောင်တွေအနေနဲ့ ထယ်ဟွာအဖြစ် အီဆွန်းဂျွန်း၊ ဂျောင်ဆူအဖြစ် အီအိဂျွန်တို့က ပါဝင်ထားတဲ့ Crime, Thriller ဇာတ်လမ်းအမျိုးစားပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ငွေမည်းရနိုင်မယ့်အချက်လက်ကို ရလာတဲ့ထယ်ဟွာက ညီဖြစ်သူတွေနဲ့အတူ အစီစဉ်ကို စတင်အကောင်ထည်ဖော်ပါတော့တယ် .. အဲဒီအချိန်မှာပဲ သူတို့ရှိရာအိမ်ကိုရောက်လာတဲ့ သူငယ်ချင်းအုပ်စုနဲ့ဆုံပြီး ကိစ္စတွေက ထင်သလိုဖြစ်မလာဘဲ လူသေဆုံးမှုတွေပါ ပါဝင်လာတဲ့အခါမှာ‌တော့ .. ထယ်ဟွာတို့ငွေမည်းတွေကို ဘယ်လိုနည်းနဲ့ရအောင်ယူသွားမလဲ၊ ဒီကိစ္စတွေရဲ့နောက်ကွယ်ကလူက ဘယ်သူဖြစ်နေမလဲ၊ ဘယ်သူကလူဆိုး ဘယ်သူကလူကောင်းဖြစ်နေမလဲဆိုတာကိုတော့… Collision ဆိုတဲ့ဇာတ်ကားလေးကိုကြည့်ရင်း အတူတူအဖြေရှာလိုက်ကြပါစို့နော် .. File size…2.21GB / 712MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 27m Genre ….. Thriller, Crime Subtitle….Myanmar Subtitle (Hard Sub) Translated by Double M Encoded by AHtet

5.1 2017
Collision
The Dead Thing
5

cm ရဲ့ Horror ပရိသတ်ကြီးကို ဇာတ်ကားကောင်းလေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားက သာမန်သရဲကားတွေလို ပြူးပြူးပြဲပြဲ ခြောက်လှန့်ပြနေတဲ့ ဇာတ်ကား အမျိုးအစားမျိုး မဟုတ်ဘဲ အထီးကျန် ခြောက်သွေ့တဲ့ မိန်းကလေး တစ်ယောက်ရဲ့ ဘဝ၊ အင်တာနက်ဒိတ်တင်း အပျော်ဒိတ်တွေနဲ့ပဲ တွေ့ဆုံဆက်ဆံရင်း ပိုပိုပြီး အထီးကျန်လာတဲ့ လူနေမှုဘဝ၊ နေ့စဉ်နေ့တိုင်း လုပ်နေကျအလုပ်တွေကိုပဲ အသက်မပါ အပ်ကြောင်းထပ်အောင် လုပ်နေရင်း ပိတ်မိနေတဲ့ ခံစားချက်တွေ၊ လှပတဲ့ ချစ်ခြင်း မေတ္တာဟာ စွဲလန်းတပ်မက်ခြင်း အစွန်းရောက်သွားတဲ့အခါမှာ toxic ဆက်ဆံရေးတစ်ခုလို ပြောင်းလဲသွားပြီး ကိုယ်တိုင် ပျောက်ဆုံးသွားရတဲ့ ခံစားချက်တွေကို ထင်ဟပ်ရိုက်ကူး ထားတဲ့ ဇာတ်ကား တစ်ကားပါ။ ဇာတ်ကြောင်းက အဲလက်စ်ဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ ငြီးငွေ့ဖွယ်ကောင်းတဲ့ ရုံးပိုင်း စာရွက်စာတမ်းတွေကို စကင်ဖတ်ပေးရတဲ့ အလုပ်ကို ညဆိုင်း လုပ်ကိုင်ပါတယ်။ တစ်နေ့တော့ “ဖရစ်ရှင်” ဆိုတဲ့ အင်တာနက် ဒိတ်တင်အက်ပ် တစ်ခုကနေ ကိုင်လ်ဆိုတဲ့ ကောင်လေးတစ်ယောက်နဲ့ ဒိတ်ဖြစ်ခဲ့ပါတယ်။ ခါတိုင်းသူတွေနဲ့ မတူဘဲ ခံစားချက်ချင်း တူညီပြီး ကြင်နာတတ်ပုံရတဲ့ ကိုင်လ်ကို အဲလက်စ်က ချစ်မိ သွားပြီး နောက်ထပ် တွေ့ဆုံဖို့ ကြိုးစားခဲ့ပေမယ့် ကိုင်လ်ဘက်က တုံ့ပြန်မှု မရှိခဲ့ပါဘူး။ အစွဲအလန်းကြီးတဲ့ အဲလက်စ်တစ်ယောက် ကိုင်လ်ကို အမှတ်မထင် ဘားတစ်ခုမှာ တခြားကောင်မလေး တစ်ယောက်နဲ့ ဒိတ်နေတာကို တွေ့ခဲ့ပြီး နောက်ယောင်ခံလိုက်ခဲ့ ပါတယ်။ ကိုင်လ် အလုပ်လုပ်တယ် ဆိုတဲ့ စားသောက်ဆိုင်မှာ သွားပြီး ကိုင်လ်အကြောင်း စုံစမ်းခဲ့တဲ့ အဲလက်စ်တစ်ယောက် သူမ လုံးဝထင်မထားတဲ့ လျှို့ဝှက်ချက်ကြီး တစ်ခုကို သိလိုက် ရပါတော့တယ်။ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ အားပေးကြည့်ရှု ကြည့်ပါဦး ခင်ဗျ….။ File size… (1.40 GB) / (707 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 34m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Drama
5 2024 94 mins
The Dead Thing
Ramen Shop
6.8

စားဖိုမှူးလေးမာဆာတိုဟာ ရာမန်ဆိုင်ပိုင်ရှင် သူ့အဖေနဲ့ ဆက်ဆံရေးမပြေလည်ကြ။ ဖခင်ဖြစ်သူ ရုတ်တရက်ကွယ်လွန်သွားချိန်မှာ ဆုံးပါးသွားတာကြာပြီဖြစ်တဲ့သူ့အမေရဲ့ဒိုင်ယာရီဟောင်းလေးကိုတွေ့ရှိခဲ့တယ်။ သူ့အမေက စင်္ကာပူသူ တရုတ်လူမျိုးဖြစ်တာကြောင့် တရုတ်လိုရေးထားတာကို သူဖတ်မတတ်ခဲ့။ သူ့မိဘတွေနှစ်ယောက်လုံးမှာ အဖေက ရာမန်ခေါက်ဆွဲစားဖိုမှူးဖြစ်ပြီး အမေက ၀က်နံရိုးစွပ်ပြုပ်ဆိုင်ပိုင်ရှင်ရဲ့သမီး။ သူတို့တွေဟာ စင်္ကာပူမှာတွေ့ဆုံ မေတ္တာမျှခဲ့ကြပေမဲ့ တရုတ်နဲ့ဂျပန် ကမ္ဘာမကြေရန်သူတွေဖြစ်နေတော့ သူတိုရဲ့အချစ်ခရီးလမ်းကမဖြောင့်ဖြူးခဲ့။ မာဆာတိုဟာ စင်္ကာပူမှာမွေးဖွားခဲ့တာဖြစ်ပြီး သူ့အမေရဲ့ဒိုင်ယာရီဟောင်းလေးကိုပိုက်ကာ သူ့မွေးရပ်မြေ စင်္ကာပူကို သူ့မိဘအတိတ်အကြောင်းတွေကိုသိရဖို့ တစ်ယောက်တည်း ခရီးနှင်ခဲ့ပါလေတော့တယ်။ File size…(1.2 GB)/(730 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:29:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su

Adventure • Fantasy • Comedy • Mystery
6.8 2018 90 mins
Ramen Shop