YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

The_Sound_of_Magic_2022_Episode3_1080p_mmfilm.orgg.mp4

663.17 MB N/A video/mp4 2 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Apur Sansar
8.2

" အကောင်းဆုံး Art house Trilogyများ " ဆိုတဲ့ IMDb ရဲ့ List တစ်ခုမှာ ထိပ်ဆုံး၆ကားလုံးက ဘင်္ဂါလီဒါရိုက်တာကြီး ဆာတရာဂျစ်ရေးရဲ့ Trilogy နှစ်ခုပါပဲ။ ပထမကတော့ အပု Trilogy ပါ၊ နောက် ကာလကတ္တား Trilogy ကိုမြင်ရမှာပါ။ ရေးရဲ့အပု Trilogy မှာ Pather Panchali, Aparajito, Apur Sansar ဆိုတဲ့ သုံးကားပါပြီး သုံးကားလုံးဟာ IMDb ၈.၅ဝန်းကျင် ရထားတဲ့ ရုပ်ရှင်တွေပါပဲ။ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာလည်း ဆုအလီလီ ရရှိခဲ့တယ်။ နောက်ဆုံး ရေးဟာ မာတင်စကောဆေးစိရဲ့ ကမကထပြုမူနဲ့ ၁၉၉၂ အော်စကာဆုပေးပွဲမှာ Honorary Award ကိုတောင် ရခဲ့ပါတယ်။ ကျွန်တော်တို့ဆီက စွယ်စုံရဒါရိုက်တာကြီးဝင်းဖေကတော့ ဝင်းဖေလွယ်အိတ် စာအုပ်မှာ "ရုပ်ရှင်ဒါရိုက်တာတစ်ယောက်အနေနဲ့ နိုင်ငံတကာရုပ်ရှင်ဆု အများဆုံးရထားသူဟာ ဥရောပကမဟုတ် အမေရိကက မဟုတ်တဲ့ အိန္ဒိယရုပ်ရှင်ဒါရိုက်တာကြီး ရှော်ဒိုးဂျီးရွိုင်း (ဘင်္ဂါလီသံဖြင့်) ဖြစ်တယ်" လို့ ဆိုထားပါတယ်။ အပု Trilogy ဟာ ဘင်္ဂါလီစာရေးဆရာ ဘီဘုတိဘုဆန် ဘနားဂျေး (Bibhutibhushan Bandyopadhyay) ရဲ့ ပသာပန်ချာလီ (၁၉၂၉)နဲ့ အပရာဇိတ (၁၉၃၂) စာအုပ်၂အုပ်ကို အခြေတည်ပြီး ရေးကိုယ်တိုင် ဇာတ်ညွှန်းရေးသား ရိုက်ကူးထားတာပါ။ ရေးရဲ့ ပထမကား ပသာပန်ချာလီကတော့ နာမည်တူစာအုပ်ကိုပဲ အခြေတည်ထားပြီးတော့ ဒုတိယကား အပရာဇိတကတော့ အပရာဇိတစာအုပ်ရဲ့ ပထမတစ်ဝက်ကို ရိုက်ကူးထားတာဖြစ်ပြီး နောက်ဆုံးကား အပုဆန်းဆားကတော့ အပရာဇိတစာအုပ်ရဲ့နောက်ဆုံးတစ်ဝက်ကိုရိုက်ကူးထားတာပါ။ ဒီသုံးကားလုံးဟာ အပုဆိုတဲ့ ဘင်္ဂါလီလူမျိုး အောက်ခြေလူတန်းစားကလေးရဲ့ လူမှန်းမသိတတ်သေးတဲ့ အရွယ်ကနေ ဖခင်ဖြစ်တဲ့အရွယ်အထိ အရွယ်သုံးပါးလုံးကိုပြပြီး ဘင်္ဂါလီမိသားစုတွေရဲ့ ဘဝကို အရိုးရှင်းဆုံးနဲ့အလှပဆုံးပုံဖော်ထားခဲ့တယ်။ နောက်ဆုံးကားအရ ဒီစာအုပ်၂အုပ်ဟာ စာရေးဆရာရဲ့ ဘဝဖြစ်စဉ်တွေလည်း နှောနေမယ်လို့ ယူဆလို့ရပါတယ်။ ဒါကြောင့်လည်း ဒီသုံးကားဟာ တော်တော့်ကို ခံစားရ စစ်မှန်နေတာပါပဲ။ ဘယ်လောက်ပဲနည်းပညာတွေဖွံ့ဖြိုးလာပါစေ အရှိတရားကို အရိုးရှင်းဆုံးပြထားတဲ့ ရုပ်ရှင်တွေက ခံစားမှုကတော့ အမြဲတစ်ပန်းသာနေမြဲမို့ ရေးရဲ့ရုပ်ရှင်တွေဟာ ခုလည်း ခေတ်ရဲ့နောက်မှာမကျန်ခဲ့သလို နောင်လည်းကျန်ခဲ့မှာမဟုတ်ပါဘူး။ ရေးဟာ ရုပ်ရှင်နယ်ပယ်မှာတင်မဟုတ်ဘဲ နယ်ပယ်အစုံမှာ ခြေဆန့်နိုင်တဲ့ အနုပညာသမားပါ။ Screen Writer, Documentary, Filmmaker, Author, Essayist, Lyricist, Magazine Editor, Illustrator, Calligrapher, နဲ့ Music Composer စတဲ့ နယ်ပယ်တွေမှာလည်း ခြေဆန့်နိုင်ခဲ့ပါတယ်။ ရုပ်ရှင်မှာလည်း လိုင်းပေါင်းစုံကို ခြေဆန့်နိုင်ခဲ့ပါတယ်။ Goopy Bagha ရုပ်ရှင်သုံးကားတွဲနဲ့ အိန္ဒိယ fantasy ကမ္ဘာတစ်ခုကို ဖန်တီးခဲ့သလို စုံထောက်ကြီး Feluda ဇာတ်ကားတွေရိုက်ကူးပြီးလည်း အိန္ဒိယရဲ့ကိုယ်ပိုင်ပုံစံနဲ့ ရှားလော့ခ်ကိုဖန်တီးခဲ့ပါတယ်။ သူ့ရုပ်ရှင်တွေရဲ့ costume ဒီဇိုင်းတွေ နောက်ခံတေးသံတွေကို ကြည့်ခြင်းအားဖြင့် ရေးဟာ အဘက်ဘက်မှာ ပါဖက်ရှင်နစ်ဖြစ်တဲ့ လူတစ်ယောက်ဖြစ်တယ်လို့လည်း ဆိုကြပါတယ်။ ရေးကို အိန္ဒိယရဲ့ ယဉ်ကျေးမှုကို ပြောင်းလဲပေးခဲ့တဲ့သူလို့လည်း ဆိုကြပါတယ်။ သူ့ရုပ်ရှင်တွေမှာ ဘင်္ဂါလီဓလေ့တွေကို သေသေချာချာပြထားပြီး ကရုဏာသက်စရာ ဘင်္ဂါလီအမျိုးသမီးတွေ ဘဝကိုပါ ပေါ်လွင်အောင်ပြနိုင်ခဲ့ပါတယ်။ ဘယ်မှာဖတ်ခဲ့ဖူးတာလဲ မမှတ်မိတော့ပေမဲ့ ကျွန်တော် ခပ်ရေးရေး မှတ်မိနေတဲ့ အကြောင်းအရာလေးတစ်ခုရှိတယ်။ လူတစ်ယောက်ရှိတယ်။ သူက ဝက်အကြောင်းကလွဲ ဘာမှစိတ်မဝင်စားဘူး။ သို့ပေမဲ့ အိမ်နားက ကလေးမလေးလားမသိ မြူးထူးနေတာကိုကြည့်ပြီး ဒါဝက်မတွေအတွက်ဆို လင်လိုချင်နေတဲ့ အခြေအနေပဲ လို့ပြောတယ်။ နောက်ရက်ကျ အဲဒီကလေးမလေး တကယ် လင်နောက်လိုက်သွားတော့တာပါပဲ။ လောကဟာ ရှုပ်မယောင်နဲ့ အတော်ရိုးရှင်းပါတယ်။ တစ်ခုခုကို အတွင်းကျကျသိသွားပြီး သော့ချက်ရသွားတဲ့အခါ ဘာမဆို သိသွားသလိုပါပဲ။ တစ်ချို့ပြောကြသလို ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းနားလည်လိုက်တာနဲ့ လူတွေအားလုံးကို နားလည်နိုင်သလောက်ပဲမလား။ ဒါကြောင့်လည်း တရားတော်မှာ ကိုယ့်ကိုယ်ကိုယ်ပဲ မြင်အောင်ကြည့်ဖို့ ဆိုခဲ့တယ်ထင်ပါတယ်။ ရေးဟာ အနုပညာနဲ့ပတ်သက်ရင် ဘက်စုံတော်တဲ့သူ၊ အနုပညာရဲ့သော့ချက်ကိုသိရှိပြီး ဘယ်အနုပညာမှာမဆို အသုံးချနိုင်တဲ့သူပါပဲ။ ဒီလိုလူတွေ မနည်းပေမဲ့ မများလှသလို ရေး‌လောက်လည်း ဘယ်သူမှ နာမည်မကျော်ဖူးကြတာတော့ အမှန်ပါပဲ။ " အပုရဲ့ကမ္ဘာ " အပုသုံးကားဟာ အပုရဲ့ကမ္ဘာပါပဲ။ ဒီသုံးကားဟာ အပုဘဝရဲ့ ရယူခြင်း ဆုံးရှုံးခြင်း၊ အောင်မြင်ခြင်း ကျရှုံးခြင်း၊ ဆုံဆည်းခြင်း ကွဲကွာခြင်းများကို မခြွင်းမချန်ပြထားတဲ့ ရုပ်ရှင်တွေပါပဲ။ ရှေ့၂ကားအကြောင်းရေးခဲ့ဖူးပြီမို့ အပုဆန်းဆားကားကိုပဲ အခုတော့ အပုဆန်းဆားကားကိုပဲ ဦးတည်လိုက်ပါမယ်။ ရှေ့သုံးကားလုံးကိုလည်း အောက်ကလင့်ခ်မှာ ဝင်ရောက်ကြည့်ရှူနိုင်ပါတယ်။ ~~ " The Apu Trilogy "  ~~ " Apur Sansar "(1959) " အပုဆန်းဆား " IMDb - 8.5/10 အဖေရော အမေရောမရှိတော့တဲ့ တစ်ကောင်ကြွက် အပုဟာ ကျောင်းပြီးအောင် မတက်နိုင်တော့ပါဘူး။ အပုဟာ သူနဲ့အဆင်ပြေတဲ့အလုပ်ကို ရှာကြည့်ပေမယ့်လည်း အခြေနေအကြောင်းကြောင်းကြောင့် သူနဲ့ အံကိုက်တဲ့အလုပ်ကိုမတွေ့ခဲ့ပါဘူး။ ဒီနောက်မှာတော့ အပုဟာ ပြန်လာရင်အလုပ်သွင်းပေးမယ်ဆိုတဲ့ သူ့သူငယ်ချင်းနဲ့အတူ သူ့ငယ်ချင်းအမဝမ်းကွဲရဲ့ မင်္ဂလာဆောင်ကိုသွားခဲ့တယ်။ ကံဆိုးချင်တော့ သူ့သူငယ်ချင်းအမရဲ့ သတို့သားလောင်းက မင်္ဂလာချိန်နီးမှ ရူးသွားခဲ့တယ်။ ဒုတိယကားမှာ ထုံးတမ်းစဉ်လာအောက်က အိန္ဒိယဇနီးသည်တွေရဲ့ဘဝဒုက္ခကို မြင်သာအောင်ပြသွားပြီးတဲ့နောက် ဒီတစ်ခါတော့ အိန္ဒိယသမီးပျိုတွေရဲ့ ဘဝဒုက္ခကို မြင်သာအောင်ပြတော့တာပါပဲ။ သတို့သားရူးသွားလို့ မင်္ဂလာပွဲကိုဖျက်လိုက်ကြပေမယ့် သတို့သမီးဟာ အဲဒီတစ်နေ့တာရဲ့ ဒုတိယမင်္ဂလာချိန်မှာမှ ခင်ပွန်းလောင်းလုပ်ပေးမယ့်သူကို ရှာမတွေ့ရင် တစ်သက်လုံးလက်ထပ်လို့မရတော့တဲ့ အမျိုးသမီးဖြစ်တော့မှာပါ။ ဒီတော့အပုသူငယ်ချင်းဟာ အပုကို သူ့အမကိုယူပေးဖို့ စကားဆိုလာတယ်။ အဆောင်လခက မပေးနိုင် အလုပ်ကရေရေရာရာမရှိတဲ့ တစ်ကောင်ကြွက် သူ့ဘဝပေးကြောင့် အပုဟာ အစပိုင်းမှာ အင်တင်တင်ဖြစ်နေပေမဲ့ သူ့ကိုသွင်းပေးမယ့် အလုပ်ရမှာသေချာလားမေးပြီးတဲ့နောက် အပုဟာ လက်ထပ်ဖို့ သဘောတူလိုက်ပါတယ်။ အပုနဲ့ သူ့မိန်းမရဲ့ အိမ်ထောင်ရေးကို ရေးဟာ အတော်ကြည်နူးစရာကောင်းအောင် ပုံဖော်သွားခဲ့တယ်။ အပုမိန်းမရဲ့ကာရိုက်တာဟာ မိန်းမဆန်တဲ့မိန်းမတစ်ယောက်ရဲ့ ကာရိုက်တာပါပဲ။ ဒီလိုကာရိုက်တာမျိုးကို ကျွန်တော်သေချာရင်းနှီးဖူးတာက Farewell My Concubine ထဲက ဂေါင်လီရဲ့ကျူရှန်းကရယ်၊ မီနရီထဲက Han Ye-Ri ရဲ့ မိုနီကာရယ်မှာပါ။ မိန်းမနဲ့တူတဲ့ မိန်းမအဖြစ်ကောင်းကောင်း ပုံဖော်နိုင်ခဲ့တဲ့ အဲဒီအမျိုးသမီး ၂ယောက်ကြောင့် အဲဒီရုပ်ရှင်၂ကားလုံးဟာ ကျွန်တော့်အတွက် အတော်ညှိလောက်စရာကားတွေဖြစ်ခဲ့တယ်။ အပုဆန်ဆားကတော့ သူတို့ထက် ပိုလှပအောင်ပုံဖော်သွားနိုင်တယ်ပဲ ဆိုရမှာပါ။ ၃၉မိနစ်ကနေ ၁နာရီ၁၃မိနစ်အထိ နာရီဝက်လောက်ပဲမြင်ခဲ့ရတဲ့ ဒီဇာတ်ကောင်ဟာ ဒီရုပ်ရှင်မှာ ရင်ထဲ အရောက်ဆုံး ဇာတ်ကောင်ဖြစ်ခဲ့ရလောက်အောင် သရုပ်ဆောင်ခဲ့တဲ့မင်းသမီးရော ရေးရောရဲ့ ပုံဖော်နိုင်စွမ်းက ပြောင်မြောက်ခဲ့တယ်။ ရေးဟာ ဇာတ်လိုက်‌နေရာမှာသာ အပုကို ထားထားပေမဲ့ သူ့အပုသုံးကားလုံးမှာ အပုဘဝထဲက အမျိုးသမီးဇာတ်ကောင်တွေကို ကြည့်ရှုသူ ရင်ထဲပိုရောက်အောင်၊ သူတို့ကိုစာနာတတ်အောင်၊ အိန္ဒိယယဉ်ကျေးမှုကြီးကို ပြောင်းလဲနိုင်အောင်များ ပုံဖော်သွားသလားတော့ မသိပါဘူး။ ရေးပြောဖူးသလိုပါပဲ။ " ရုပ်ရှင်တစ်ကားက ဘာအကြောင်းကို ရိုက်ထားခဲ့တာလဲဆိုတာကို ဒါရိုက်တာတစ်ယောက်တည်းသိမှာပါ"။ ကြည့်ရှုသူ ခံယူတဲ့အတိုင်းပဲ ဖြစ်သွားမှာပါပဲ။ တစ်နာရီဆယ့်သုံးမိနစ်နောက်ပိုင်းမှာ ရေးဟာ အပုမိန်းမ အပါနာဇာတ်ကောင်ကို စာတစ်စောင်နဲ့တော့ ဆက်ပုံဖော်သွားခဲ့ပါတယ်။ ဒီစာနဲ့တင် ဇာတ်ကောင်ဟာ ဘယ်လိုမျိုးလဲဆိုတာ သိစေနိုင်စွမ်းခဲ့ပါတယ်။ " ပွဲတော်ရှစ်ရက်မြောက်နေ့မှာ ကျွန်မဆီလာမယ်လို့ ရှင် ကျွန်မကို ကတိပေးထားတယ်နော်။ ကျွန်မ အဲဒီနေ့ကိုစောင့်နေမယ်။ ရှင်မလာရင် ကျွန်မရှင့်ကိုလုံးဝမခေါ်တော့ဘူး။ ရှင်ကလူလိမ်ကြီးပဲ။ အရင်လက ရှင်ကျွန်မဆီ စာ၇စောင်ပဲပို့တယ်။ တစ်ပတ်နှစ်စောင်ပို့ရမယ်လို့ ကျွန်မမှာထားတယ်လေ။ ရှင်က ရှင့်ကတိကိုတကယ်မတည်ဘူးပဲ။ ကျွန်မရှင်လာမယ့်ရက်ကို လက်ချိုးရေနေမယ်။ ရှင်မလာဘူးဆိုရင် ကျွန်မရှင့်ကို စကားမပြောဘူး။ ရှင့်အိမ်နားက ကောင်မလေးကို ကျွန်မမနာလိုဘူး။ သူကျ ရှင့်ကို မနက်တိုင်း ညနေတိုင်းတွေ့ရတယ်။ ကျွန်မကျ မတွေ့ရဘူး။ ဒါတော်တော်မတရားဘူး။ ရှင့်အခန်းပြတင်းပေါက်ကို သေချာပိတ်ထားနော်။ ကျွန်မစာလုံးပေါင်းတွေ အများကြီးမှားတယ်မလား။ ရှင် ရယ်တော့မှာ ကျွန်မသိနေတယ်။ ကျွန်မက စာရေးဆရာမှမဟုတ်ဘဲ။ စာရေးတတ်ရုံလောက်ရှိတာ။ ရှင့်ကိုယ်ရှင် ကောင်းကောင်းဂရုစိုက်ပါ။ ကျွန်မက ကျန်းမာပေမဲ့ ကျွန်မနှလုံးသားကတော့ မကျန်းမာဘူး။ ရှင်ရောက်လာမှပဲ ပျောက်မှာ။ ရှင်ရောက်မလာရင် ကျွန်မ ရှင့်ကို ဘယ်တော့မှ မခေါ်တော့ဘူး။ " ရုပ်ရှင်ဟာ စိတ်ရဲ့အစာပဲလို့ ရေးကဆိုပါတယ်။ အပုသုံးကားဟာ ကြည့်ရှုသူရဲ့ စိတ်ကို ဘယ်လိုပုံစံနဲ့ အဆာပြေစေမလဲကတော့ ကြည့်ရှုသူတစ်ယောက်ချင်းအလိုက် မူကွဲသွားမှာပါပဲ။ " ကိုယ်တိုင်တွေ့ရှိတဲ့ အဖြေတွေဟာ အကောင်းဆုံးအဖြေတွေပဲ "လို့ ရေးကိုယ်တိုင်ကပဲဆိုဖူးတော့ ဘယ်လိုအဆာပြေစေမလဲဆိုတာ ကိုယ်တိုင်ပဲအဖြေရှာကြည့်လိုက်ပါတော့။ အမှန်ပြောရရင် ရေးကတော့ အပုသုံးကားကို အနိုင်နဲ့ပိုင်းပြီး ဇာတ်သိမ်းပစ်လိုက်ပေမဲ့ ကျွန်တော်ကတော့ အပုရဲ့ နောက်ပိုင်းဇာတ်ကို ဆက်ကြည့်ချင်မိတာပါပဲ။ သို့ပေမဲ့လည်း သုခမိန်လှိုင်ရေးဖူးတဲ့ စာသားတစ်ခုလို " အနုပညာမှာ ဘဝမှာ အချစ်မှာ အဆုံးသတ်ရန် တစ်နေရာမှာတော့ အဆုံးသတ်လိုက်ရတာပါပဲ။ " ဘာပြောပြောပါ အပုရဲ့ဇာတ်လမ်းဟာ အဆုံးသတ်သွားပေမဲ့ အပုနဲ့ ရေးနဲ့ ဘနားဂျေးနဲ့ကတော့ ကျွန်တော်တို့ရင်ထဲကျန်နေမှာပါပဲ။ (ဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆိုရေးသားထားပါတယ်) Size - 1.7GB, 1GB Quality - 1080p, 720p IMDb Rating - 8.5/10 Format - mp4 Duration - 1H 45Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Science Fiction
8.2 1959 105 mins
Apur Sansar
Will You Be My Ex?

Will you be my Ex? (2023) ပြီးခဲ့တဲ့ June လကမှ ထွက်ရှိထားတဲ့ ဖိလစ်ပိုင် Romance-Drama ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ အဓိက မင်းသားဖြစ်တဲ့ Diego Loyzaga တစ်ယောက် တစ်လောလေးကမှ သားလေးမွေးတဲ့အကြောင်း မီဒီယာတွေပေါ်မှာ သတင်းမွှေးနေတာနဲ့အတူ တွဲဖက် သရုပ်ဆောင်တဲ့ အဓိက မင်းသမီးကလည်း ဖိလစ်ပိုင်ရုပ်ရှင်ခေတ်သစ်လောကမှာ ဒရာမာဘုရင်မလေးလို့ နာမည်ကြီးနေတဲ့ Julia Barretto ဖြစ်တာကြောင့် ဒီကားမှာ သူတို့နှစ်ယောက် ဘယ်လိုတွေ အစွမ်းပြကြမလည်းဆိုတာ ဇာတ်ကားမထွက်ခင်ကတည်းက ဖိလစ်ပိုင်ရုပ်ရှင်တွေကို သဘောကျနှစ်ခြိုက်သူတွေက မျှော်လင့်နေခဲ့ကြတာပါ။ ပြဇာတ်သရုပ်ဆောင် အနုပညာရှင် မိသားစုအသိုင်းအဝိုင်းကလာပြီး လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ ပြဇာတ်မင်းသမီးပေါက်စလေး Chris အဖြစ် Julia Barretto က သရုပ်ဆောင်ထားပြီး ချမ်းသာပြီးလူသိများတဲ့အပြင် စည်းမြင်းကနားတွေနဲ့ နေတတ်တဲ့ မိသားစုမျိုးက ပေါက်ဖွားလာတဲ့ ရည်မှန်းချက်ကြီးတဲ့ ဗိသုကာပညာရှင်လေး Joey အဖြစ် Diego Loyzaga က သရုပ်ဆောင်ထားပါတယ်။ သူတို့နှစ်ယောက်လုံးဟာ ကောလိပ်ကျောင်းကတည်းကတွဲလာတဲ့ ငယ်ရည်းစားတွေဖြစ်ပြီး ကျောင်းပြီးတဲ့နောက် Joey မိဘတွေက ပေးတဲ့ ကွန်ဒိုအခန်းတစ်ခုမှ အတူတူနေထိုင်ပြီး ဘဝကို ဖြတ်သန်းဖို့ စီစဉ်ထားကြပါတယ်။ မတူညီတဲ့ မိသားစုအသိုင်းအဝိုင်း၊ မတူညီတဲ့ ပင်ကိုယ်စိတ်နေစိတ်ထားတွေ၊ မတူညီတဲ့ ဘဝရည်မှန်းချက်တွေကြောင့် မမျှော်လင့်ထားတဲ့ အခက်အခဲတွေ ကြုံပြီး ဝေးခဲ့ကြရပါတယ်။ ကာလအတန်ကြာမှ ပြန်ဆုံကြတဲ့အခါ သူတို့အကြားက ဆက်ဆံရေးကို ပြန်လည်ပြင်ဆင်ဖို့ နှစ်ယောက်လုံးက ကြိုးစားကြည့်ကြပေမယ့် အဆင်ပြေကြပါ့မလား? ဇာတ်လမ်းကတော့ သာမန် အချစ်ဒရမာကားတွေ ထုံးစံအတိုင်း ချစ်ကြိုက်ကွဲ( မငြား) လေးပါပဲ။ ဇာတ်လမ်းနာမည်ကိုက Will You Be My Ex? လို့ ပေးထားတဲ့အတွက် အဓိက ဇာတ်ကောင်နှစ်ယောက် ကွဲပြီး မငြားခဲ့ကြရတာကိုတော့ ကြိုသိနေကြပါပြီ။ ချစ်လျက်နဲ့များ ဘာလို့ ဝေးကွာခဲ့ရတာလဲ။ သူတို့နှစ်ယောက်အကြားမှာ ဘယ်လို ဆုံးဖြတ်ချက်တွေက အပြောင်းအလဲ ဖြစ်ခဲ့တာလဲ ပြန်လည်ဆုံဆည်းကြတဲ့ အချိန်မှာရော ဘာတွေ ဆက်ဖြစ်ဲကြမလဲ ဆိုတာကိုတော့ အဓိကဇာတ်ဆောင်နှစ်ယောက်ရဲ့ အပြိုင်အဆိုင် သရုပ်ဆောင်ချက်တွေနဲ့အတူ စိတ်ဝင်တစားကြည့်ကြရမှာပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Masuji Ono ပဲ ဖြစ်ပါတယ်။

Action & Adventure • Drama • Mystery
0 2023 111 mins
Will You Be My Ex?
Life of the Party
6.2

Spy ဆိုတဲ့ ဟာာသကားကို ကြည့်ဖူးရင် ဒီဇာတ်ကားထဲက မင်းသမီး Melissa ကိုသိကြမှာပါ။ သရုပ်ဆောင်တဲ့နေရာမှာ ပိုင်နိုင်လွန်းလို့ သူ့ရဲ့ဇာတ်ကားတစ်ကားကြည့်ရုံနဲ့သူ့ကိုမှတ်မိနေမှာပါ။ အခုဇာတ်ကားကလည်း ဟာသကားတစ်ကားဖြစ်ပြီးတော့ ဒီယာနာဆိုတဲ့ ကလေးအမေတစ်ယောက်နေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းပြောရရင်တော့ ဒီယာနာတို့လင်မယားနှစ်ယောက်ဟာ ၂၆ နှစ်ကြာအိမ်ထောင်သက်တန်းရှိခဲ့ကြပါတယ်။ တစ်ရက်မှာတော့ သူ့ရဲ့ခင်ပွန်းဖြစ်တဲ့သူက ရုတ်တရက်ကြီး သူ့ကိုကွာရှင်းဖို့ တောင်းဆိုလာပါတယ်။ မမျှော်လင့်ထားတာတွေ ရုတ်တရက်ဖြစ်လာပြီး ချက်ချင်းဆိုသလို တခုလတ်ဖြစ်သွားတဲ့ ဒီယာနာဟာ သူမရဲ့ မိဘအိမ်ကို ပြန်ရောက်သွားပါတော့တယ်။ အဲဒီအချိန် သူ့သမီးဖြစ်တဲ့ မယ်ဒီက တက္ကသိုလ်နောက်ဆုံးနှစ် ကောလိပ်ကျောင်းသူဖြစ်နေပါပြီ။ ဒီယာနာက ကျောင်းမပြီးခဲ့ပါဘူး။ သူတက္ကသိုလ်နောက်ဆုံးနှစ်မှာ သူ့သမီးလေးကို မွေးရတော့မှာဖြစ်တဲ့အတွက်ကြောင့် ငွေစုရမှာမို့လို့ ကျောင်းကနေထွက်ခဲ့တာပါ။ ဒါနဲ့ပဲ သူ့ဘဝတစ်လျှောက်လုံးမှာ သူ့သမီးကပဲ သူ့အတွက်ဘဝတစ်ခု ဖြစ်နေခဲ့တာပေါ့။ သူ့သမီးလေးကို ပြုစုပျိုးထောင်ပေးရင်းနဲ့နောက်ဆုံးနှစ်ရောက်တော့မှ ယောက်ျားစွန့်ပစ်တာခံရပြီး မိဘအိမ်ကို ပြန်ရောက်သွားတာပေါ့။ အရင်က ယောက်ျားကိုပဲ ဦးစားပေးခဲ့တဲ့အတွက် ယောက်ျားကစွန့်ပစ်သွားတဲ့အချိန် သူ့ရဲ့ဘဝမှာ သူ့အတွက်ဘာဆိုဘာမှ မကျန်တော့တဲ့အထိ ဖြစ်သွားတာပေါ့။ ပညာရေးတန်းလမ်း ကလေးထိန်းပြီးအိမ်ထောင်ထိန်းခဲ့တဲ့အတွက် အလုပ်အကိုင်မရှိတဲ့အခြေအနေထိကိုရောက်ခဲ့တာပေါ့။ အဲဒီအချိန်မှာ ဘဝကိုအရှုံးမပေးဘဲနဲ့ သူရှေ့ဆက်ရမဲ့လမ်းကို ရဲရဲဝံ့ဝံ့ဆက်ပြီးတော့ လျှောက်လှမ်းခဲ့တယ်။ သူမပြီးသေးတဲ့ ကျောင်းကိုပြန်တတ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီတော့သမီးနဲ့အမေ တစ်ကျောင်းထဲမှာ အတူတူပြန်တက်ဖြစ်သွားတာပေါ့။ သမီးသူငယ်ချင်းတစ်သိုက်နဲ့မိခင်ဖြစ်တဲ့ဒီယာနာက ပေါင်းမိသွားပြီး ကျောင်းမှာအတူသွားအတူလာရင်း သမီးနဲ့ပါတီအတူတူတက်တဲ့အမေဖြစ်လာပါတော့တယ်။ အဲဒီမှာပဲ သူ့ဘဝရဲ့ခရီးကို ကောလိပ်ကျောင်းကနေ ပြန်စပြီးတော့ ပျော်ရွှင်မှု လွတ်လပ်မှုတွေနဲ့ကိုယ့်လမ်းကိုယ်လျှောက်မဲ့သူတစ်ယောက် ဖြစ်လာပါတော့တယ်။ တစ်ကားလုံးဟာသရွှန်းပြီး ရိုက်ကူးထားတာဖြစ်လို့ အပျင်းပြေပြီး စိတ်ရွှင်လန်းစေမဲ့ ဇာတ်ကားတစ်ကားပါလို့ ညွှန်းလိုက်ပါရစေ။ File size…(850 MB) and (400 MB) Quality…WEB-DL Rip 720p Format…mp4 Duration….01:47:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Yazar Htun

6.2 2018 105 mins
Life of the Party
[18+] Raped by an Angel 4: The Rapist’s Union
4.5

Raped by An Angel စီးရီးရဲ့ ၄ ကားမြောက်ဇာတ်ကားပါ။ ဒီဇာတ်ကားက ရှေ့ကားတွေထက် ပိုကြမ်းတမ်းတဲ့ဇာတ်လမ်းဇာတ်ကွက်ရှိပါတယ်။ မိန်းကလေးသူငယ်ချင်းတစ်အုပ်စုကို မျက်စိကျပြီး မကောင်းကြံနေတဲ့ နှာဘူးကောင်အုပ်စုလိုက်ကို တွေ့ရမှာပါ။ နှာဘူးကောင်အုပ်စုက သေချာအကွက်ချစီစဉ်ပြီး အုပ်စုလိုက်ယုတ်မာတတ်တာမို့ သူတို့ကို ပြန်တွယ်ဖို့ မိန်းကလေးတွေဖက်က ဘယ်လိုစီစဉ်မလဲ ဘယ်လိုလက်စားပြန်ချေမယ်ဆိုတာကို အသည်းတယားယားကြည့်ရှုရမှာပါ။ တင်ပြီးသမျှ Raped by An Angel ဇာတ်ကားတွေကို ဒီမှာ https://channelmyanmar.to/?s=raped+by+an+angel ရှာကြည့်လို့ရပါတယ်။ File Size : (3.8 GB) & (850 MB) Quality : BluRay 1080p & 720p Running Time : 01:28:00 Format : mp4 Subtitle : Myanmar Subtitle (Hard Sub) Translated by Ye Khant Encoded by RGB

Drama
4.5 1999 81 mins
[18+] Raped by an Angel 4: The Rapist’s Union
Middle Class Love
6.4

Middle Class Love (2023) IMDb 6.4/10 မင်းသားချောလေး Prit Kamani က Kavya Thapar , Eisha Singh တို့လို အလန်းလေးတွေနဲ့ မချောနှစ်ယောက်ကိုယ်တစ်ယောက်မယ့် Comedy/Drama/Romantic ဇာတ်ကားမျိုးပါ လူလတ်တန်းစားကနေမွေးဖွားလာတဲ့လူတွေအတွက်‌ကတော့ မလိုအပ်တဲ့နေရာမသုံးဖို့ ပိုက်ဆံစုဖို့ဆိုတာ ထပ်ကာတလဲလဲ ကြားရမဲ့ ဓာတ်ပြားဟောင်းတွေပဲပေါ့ ဒါကိုယူဒီ( Prit Kamani) က ငြီးငွေ့နေပါတယ် သူ့အိပ်မက်ကတော့ ချမ်းသာတဲ့ဘောစိမမနဲ့တွဲပြီး ဒီလူလတ်တန်းစားဘဝထဲကရုန်းထွက်ဖို့ပါ ဖြစ်ချင်တော့သူဝင်ခွင့်ရတဲ့ကျောင်းမှာကလည်း သူ့စံပြ‌ ဘောစိကောင်မလေးရှိနေတယ်ပေါ့ ဒီတော့ ယူဒီကဆုံးဖြတ်ချက်ချပြီး အပိုင်လိုက်ဖို့ကြံပါပြီ ဒါပေမဲ့ သူလိုက်မဲ့ကောင်မလေးဆာရှာမှာ သူနဲ့မတည့်တဲ့အက်ရှ်ဆိုတဲ့ တစ်ယောက်ရှိနေပါတယ် ဘုံလုံတစ်လှည့်ငါးဖျံတစ်လှည့် သူဦးသူဆော် ကိုယ်ဦးကိုယ်ဆော်နှစ်ယောက်ပါ ဒီနှစ်ယောက်ကြားထဲမှဝင်မိတဲ့ ယူဒီ့တစ်ယောက်ဘာဆက်ဖြစ်မလဲ ဆာရှာက အက်ရှ်ကိုအသည်းကွဲအောင်လုပ်နိုင်ရင် ရည်းစားအဖြစ်ရွေးချယ်မယ်ဆိုတော့ ယူဒီတစ်ယောက်ဘယ်လို အလွဲတွေနဲ့ရှေ့ဆက်သွားမလဲ သူ့အိပ်မက်ကရောအောင်မြင်မလားဆိုတာ လူငယ်တွေကြားပေါ့ပေါ့ပါးပါးနဲ့ကြည့်ရှုရမဲ့ကားလေးပဲဖြစ်ပါတယ်

Comedy • Drama
6.4 2022
Middle Class Love
Wolf and Dog
6.2

Wolf and Dog (2022) ================ IMDb Rating – 6.2/10 ဘာသာရေးကိုင်းရှိုင်းပြီး ဓလေ့ထုံးတမ်းတွေကို အလေးထားတဲ့ အတ္တလန္တိတ် ပင်လယ်ထဲက ကျွန်းတစ်ကျွန်းနဲ့ အများက သာမန်လို့ လက်ခံယုံကြည်ထားတဲ့ ဖြစ်တည်မှုတစ်ခုကနေ ရုန်းထွက်ချင်နေတဲ့ လူငယ်တစ်စု။ အန်နာဟာ ဒီကျွန်းလေးမှာ အိပ်မက်တွေကို စွန့်လွှတ်ပြီး ဘဝကို ရောင့်ရဲတင်း တိမ်နေရတယ်။ တဲလ်မိုဆိုတဲ့ ကောင်လေးကတော့ အလှတွေ ပြင်ပြီး ပန်းပွင့် လေးလို ပွင့်လန်းချင်တဲ့ လူငယ်ကောင်လေးတစ်ယောက်။ ကလိုဝီကတော့ ဘဝကို လွတ်လပ်စွာနေထိုင်နေပြီး ဒီကျွန်းကို ခဏတစ်ဖြုတ် လာလည်သူ အန်နာ့ သူငယ်ချင်း ကနေဒါသူလေးတစ်ယောက်။ တဲလ်မိုနဲ့ ကလိုဝီတို့ အန်နာနဲ့ မတူတဲ့ အချက်ကတော့ သူတို့ရဲ့ စိတ်ဆန္ဒကို ဦးစားပေးပြီး ကိုယ်ပိုင် ပျော်ရွှင်မှုကို ရွေးချယ်ရဲတဲ့ သတ္တိရှိကြတယ်။ ဒါတွေ က တစ်နေ့မှာ အန်နာ့အတွက် ခွန်အားတွေဖြစ်လာခဲ့ပါတယ်။ ဒီဇာတ်လမ်းလေးဟာ ယဉ်ကျေးမှုတွေ ထွန်းကားရာ ကျွန်းတစ်စုက Queer Community အတွက် လှပတဲ့ တေးသွားလေးတစ်ပုဒ်ဆို မမှားပါဘူး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Act Molemy ဖြစ်ပါတယ်) File Size……….(3.5 GB) / (1.33 GB) Quality…………WEB-DL 1080p / 720p Duration………1Hr 51Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….Act Molemy Encoder……….SWM

6.2 2022
Wolf and Dog
Escalation
5.5

Genre – Action ခရစ္စတိုဖာဆိုတာက ရဲတွေရဲ့ လုပ်ရိုးလုပ်စဉ်ကို သဘောမကျလို့ ရဲအလုပ်ကထွက်ပြီး အားကစားခန်းမ ဖွင့်ထားကာ ဒဿနနဲ့ ကိုယ်ခံပညာ သင်ကြားပေးနေသူတစ်ယောက်။ အဖေ ဖြစ်သူက ရဲတစ်ယောက် ဖြစ်ပြီး အစ်ကိုကလည်း ရဲတစ်ယောက် ဒါပေမဲ့ အဖေ ဆုံးပါးပြီး အစ်ကိုနဲ့ စကားသိပ်မပြောဖြစ်ခဲ့ဘူးပေါ့လေ။ တစ်ရက်ကျ အဖေရဲ့ မိတ်ဆွေဖြစ်သူ ဗိုလ်တစ်ယောက်က ခရစ္စတိုဖာကို အပြင်လူအနေနဲ့ နည်းပြလုပ်ဖို့ ကမ်းလှမ်းခဲ့တယ်။ အဲဒီမှာ စကားမပြောဖြစ်တဲ့ အစ်ကိုကလည်း တာဝန်ကျနေတယ်။ ဒီလိုနဲ့ ပထမရက် ပြီးတဲ့အချိန် ညရောက်တော့ အစ်ကို ဖြစ်သူက သွေးသံတရဲရဲနဲ့ ရောက်ချလာပြီး ပစ္စည်းတစ်ခုကို ပေးအပ်ရင်း သေဆုံးသွားတော့တယ်။ သူကိုယ်တိုင်လည်း စွပ်စွဲခံ သံသယရှိသူ ဖြစ်လာပြီး ထွက်ပြေးကာ သူ့အစ်ကို လူသတ်မှုအတွက် တရားမျှတမှုကို သူ့ကို ယုံကြည်တဲ့ စုံထောက်မလေးတစ်ယောက်နဲ့ ဖြေရှင်းဖို့ ဖြစ်လာပါတော့တယ်…။ File size…1.04 GB / 433 MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 29m Genre ….. Action Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eainmat

5.5 2023
Escalation
Footloose
5.8

ဒီဇာတ်ကားလေးကတော့ အားလုံးလည်း ကြားဖူးနေလောက်တဲ့ သံစဉ်တွေနဲ့ဇာတ်ကားလေး ဖြစ်ပါတယ်.. footloose ဆိုတဲ့ ၁၉၈၄ ကဇာတ်ကားကို remake ပြန်ရိုက်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားလေးလည်း ဖြစ်ပါတယ်… ဇာတ်လမ်းအကျဉ်းလေးကတော့ ဘုန်းမောက်ဆိုတဲ့ နယ်မြို့ကဦးလေးဆီကို တစ်ကောင်ကြွက် ဘဝနဲ့ရောက်လာတဲ့ ရန်မက်ကောမက်ဆိုတဲ့ကောင်လေး တစ်ယောက် သူဟာမြို့ကိုရောက်ရောက်ချင်းမှာပဲထူးခြားတဲ့ ကန့်သတ်ချက် ဥပဒေတွေနဲ့ကြုံရပါတော့တယ် လွတ်လပ်ပါတယ် ပါတီတွေနေညမပြတ်လုပ်နေပါတဲ့ဆိုတဲ့ အမေရိကန်နိုင်ငံထဲက ဒီမြို့လေးထဲမှာ အကကခွင့်ကိုရော လူငယ်တွေညထွက်ခွင့် ကိုပါပိတ်ပင်ထားတာပါ အကဟာသူ့ဘဝအတွက်အရမ်းအရေး ပါတဲ့အရာတစ်ခုဖြစ်နေတဲ့ ရန်မက်ကောမက်အတွက်တော့ ဒါကအဓိပ္ပာယ်မရှိတဲ့ပိတ်ပင်မှုတစ်ခုလိုဖြစ်နေပြီး ဘုန်းမောက်က ကျောင်းသားတော်တော်များများကလည်း မကြိုက်ကြပါဘူး ဒီလိုနဲ့ သူဒါတွေကိုဆန့်ကျင်ရင်း နောက်ဆုံးကျောင်းသားတွေလွတ်လပ်ခွင့် ရမလား သီချင်းတွေ အကတွေ ဒရမ်မာတွေ ပုန်ကန်မှုတွေနဲ့ musical drama ကားကောင်းလေးကိုကြည့်ရှူရမှာပဲဖြစ်ပါတယ် မင်းသားအဖြစ် လက်တွေ့ဘဝမှာလည်းအကသမား တစ်ယောက်ဖြစ်တဲ့ Kenneth Edgar Wormald နဲ့ Dancing with the Stars ကဒိုင်တစ်ယောက်ဖြစ်တဲ့ မင်းသမီး Julianne Alexandra Hough တို့ကိုကြည့်ရှူရမှာလည်းဖြစ်ပါတယ်.. File size…2.22GB / 1.10GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 53m Genre …..Comedy , Drama , Music Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aung Khant Paing

5.8 2011 113 mins
Footloose
Forget Me Not

Forget me not 2024 မေ့မရတဲ့ချစ်ဒုက္ခ အချစ်ဟာလိုက်လို့ပြေးတာလား ပြေးလို့လိုက်တာလားဆိုတာတော့မသိပေမဲ့ နှလုံးသားနဲ့ဦးနှောက်ရဲ့ အားပြိုင်မှုအောက်မှာ မကြာခဏဆိုသလို လမ်းပျောက်ရတတ်တာကတော့ ဒီအချစ်ဆိုတဲ့အရာပါပဲ။ အော်သီရဲ့နှလုံးသားကို အချစ်ဆိုတဲ့အရာနဲ့ မိတ်ဆက်ပေးခဲ့တဲ့ဖာဟင်းတစ်ယောက် သူ့ရဲ့နှလုံးသားမှာ ဒီအချစ်မျိုးစေ့လေး အမြစ်တွယ်ခါမှ ရုတ်တရက်ကြီး ခြေရာဖျောက်သွားပါတော့တယ်။ အော်သီလည်း ဒွိဟသံသယတွေနဲ့ ဒေါသတွေ ရောပြွန်းကျန်ရစ်ဖြစ်ပြီး မိုတူဇာဆီကနေ လက်ထပ်ခွင့်တောင်းခံရပြီးမှ ပျောက်နေတဲ့ဖာဟင်းက ဘယ်ကမှန်းမသိ ပြန်ပေါ်လာပါတော့တယ်။ အချစ်ဦးဆိုတာ အနှစ် ၁၀၀ မမေ့နိုင်သူဆိုတော့ အော်သီတစ်ယောက် လက်ထပ်ခွင့်တောင်းတာကို လက်ခံပြီးမှ စိတ်ခံစားချက်တို့ လွန်ဆွဲနေချိန် ဖာဟင်းက ရုတ်တရက် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားချိန်မှာတော့ …. ဖာဟင်းတစ်ယောက် ကိုယ့်ကိုယ်ကိုယ်သတ်သေသွားတာဘာကြောင့်လဲ။ ချစ်ခဲ့ပြီးမှ ဘာလို့ရုတ်တရက် ခြေရာဖျောက်ဂို့စ်သွားတာလဲ။ အော်သီကရော ဒါတွေကိုစုံစမ်းရင်းနဲ့ သူ့နှလုံးသားထဲကမေးခွန်းရဲ့အဖြေကို ရှာတွေ့နိုင်မလားဆိုတာကတော့…. (အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ ToMo ~ BpL ~ Yunni တို့ပဲဖြစ်ပါတယ်)

0 2024 90 mins
Forget Me Not
The Blue Rose

The Blue Rose (2023) ဒီရုပ်ရှင်ဟာ တစ်မျိုးထူးဆန်းပါတယ်။ အမျိုးအစား သတ်မှတ်ထားခြင်းမရှိတဲ့ genre bending ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော့်အမြင်မှာတော့ သဘာဝလွန်၊ မှုခင်းအမျိုးအစားလို့ သတ်မှတ်ချင်ပါတယ်။ ဒါကလည်း ကြည့်ရှုသူရဲ့အမြင်ပေါ်မှာ မူတည်သွားနိုင်ပါတယ်။ ဇာတ်လမ်းတည်ဆောက်ပုံကလည်း ထူးခြားပြီးတော့ သာမန်ကြည့်ရှုသူ ပရိသတ် ကြိုက်နိုင်တဲ့ ပုံစံမျိုး မဟုတ်ပါဘူး။ ဒါပေမယ့် ကြည့်ရှုရင်း ခံစားချက်တစ်ခုခုတော့ ပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ၁၉၅၀ ခုနှစ်မှာ ဒယ်လ်တန်နဲ့ လီလီဆိုတဲ့ လူသစ်စုံထောက် နှစ်ယောက်ဟာ လူသတ်မှုတစ်ခုကို လိုက်လံစုံစမ်းကြပါတယ်။ အသတ်ခံရသူက ဟဲရိုး အိုမယ်လီဆိုတဲ့ လူပါ သူ့ဇနီးသည် ဆိုဖီ အိုမယ်လီဟာလည်း ပျောက်ဆုံးနေတာမို့၊ ပြန်ပေးဆွဲခံရတာဆိုပြီး ရဲဖက်က ကောက်ချက်ချထားပါတယ်။ အယ်လ်တန်နဲ့ လီလီလည်း အခင်းဖြစ်နေရာကိုသွားကြရင်း ထူးဆန်တဲ့လက္ခဏာတွေ တွေ့ကြရပါတယ်။ တွေ့တဲ့ သဲလွန်စအရ ဆိုဖီ့အစ်မ နော်မာစတီးလ်ရဲ့ အိမ်ကို ဆက်သွားကြပါတယ်။ အဲလိုနဲ့ သဲလွန်စတွေကို လိုက်လံ့ စုံစမ်းရင်း ဒီဖက်လောကနဲ့ မတူညီတဲ့ တခြားဖြစ်တည်မှုတစ်ခုကို ရောက်သွားပါတယ်။ အဲမှာက သူတို့ရဲ့ အဆိုးဆုံးအိပ်မက်ဆိုးတွေနဲ့တည်ဆောက်ထားပြီး သူတို့ လွတ်မြောက်နိုင်ဖို့ ရုန်းကန်ကြရပါတော့တယ်….. အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre….. Fantasy, Horror, Mystery Quality…. 1080p WEB-DL | 720p WEB-DL File size… 1.6GB | 626MB Format… mp4 Duration…. 1h 43min Subtitle…. Myanmar Subtitle (Hardsub) Translator …..Leonard Lin Encoder ….. Aaron

0 2023
The Blue Rose
Super Princess
5.6

CM ချစ်ပရိတ်သတ်တို့ ဘဝအမောတွေကို ဟာသကားလေးကြည့်ပြီး ရယ်မောဖြေလျှော့နိုင်ဖို့အတွက်… ဟာသကားလေး ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဒီကားလေးအကြောင်းကို မိတ်ဆက်ပေးရမယ်ဆိုရင်… ဇာတ်လိုက်မင်းသမီးက တိုင်းပြည်တစ်ပြည်ရဲ့ မင်းသမီးလေးပေါ့… ဒါပေမယ့်… မွေးရာပါ သူနဲ့လက်ထပ်တဲ့ယောက်ျားတိုင်း သေစေတဲ့ နက္ခတ်နဲ့ မွေးဖွားလာခဲ့သူပေါ့… သူပထမယောက်ျားလည်း မင်္ဂလာပွဲခန်းမမှာတင်သေတာပဲ… ဒုတိယယောက်ျားလည်း အတူတူပဲ…. တတိယယောက်ျားလည်း အမြှုပ်တွေထွက်လာပြီး သေခဲ့တယ်… ဒီတော့ သူ့ခမည်းတော်လည်း သမက်တော်ကိုရှာဖွေရှင်းနဲ့ ဆန့်ကျင်ဖက်ပြည်ထောင်က မင်းသားနဲ့ လက်ဆက်ပေးဖို့ဖြစ်ခဲ့တယ်… အံ့ဩစရာကောင်းတာက ဒီတစ်ခေါက်မှာတော့ မင်္ဂလာပွဲခန်းမတစ်လျှောက်လုံး မသေခဲ့ဘူး… မင်္ဂလာအိပ်ခန်းဝင်တဲ့အထိပေါ့… ဒါပေမယ့် မင်းသမီးအနားကပ်တိုင်းမှာ ရင်ဘတ်ထဲက နာကျင်ပြီးလျှပ်စီးလိုက်တဲ့ဒဏ်ကို ခံစားနေရတယ်ပေါ့… ဒီအချိန်မှာပဲ သူ့ကံတရားကို သူနားလည်ခဲ့ပြီး နန်းတွင်းက ထွက်ပြေးခဲ့တယ်… နောက်ဆုံးမှာ သူတို့နှစ်ဦး ဘယ်လို ဖူးစာရေးနတ်ရဲ့ ဇာတ်ညွှန်းအတိုင်း ဘဝဇာတ်ခုံမှာကရမလဲ… နောက်ပြီး ဒီနက္ခတ်ဆိုးကြီးကရော ကျော်လွှားသွားနိုင်မှာလားဆိုတာကို ဇာတ်ကားလေးကြည့်လိုက်ကြတာပေါ့…

5.6 2024
Super Princess
Early Man
6.3

အခုတစ်​ခါ​တော့ ၂၀၁၈ ခုနှစ်​ထွက်​ထားတဲ့ Early Man ဆိုတဲ့ ​ကျောက်​​ခေတ်​ကာလကို ​နောက်​ခံထားပြီးရိုက်​ကူးထားတဲ့ Animation ကား​လေးတစ်​ကားကိုတင်​ဆက်​​ပေးလိုက်​ပါတယ်​ ဒီကား​လေးကို ဒါရိုက်​တာ Nick Park ကရိုက်​ကူးခဲ့တာဖြစ်​ပြီး Aardman Animation က ​နေထုတ်​လုပ်​ဖြန်​့ချီထားတာဖြစ်​ပါတယ်​ ဒီကား​လေးက ​ကျောက်​​ခေတ်​ကာလက​နေ​ကြေး​ခေတ်​​ပြောင်​းတဲ့ကာလမှာ ​ကျောက်​​ခေတ်​မှာ ​အေး​ဆေ​း​နေခြင်​တဲ့ ​ကျောက်​​ခေတ်​လူသား​လေး Dug က သူ့အိမ်​ကို အ​နှောက်​အယှက်​​ပေးဖျက်​ဆီး မယ်​့ လူဆိုးကြီး Nooth ရဲ့ရန်​က​နေကာကွယ်​တာကို ရိုက်​ကူးပြထားတာဖြစ်​ပါတယ်​ ဇာတ်​ကား​လေးက​တော်​​တော်​ ​ကောင်​းပြီး ဒီကားထဲမှာပါတဲ့ သီချင်​း​လေး​တွေကလဲ ​တော်​​တော်​ ​ကောင်​းပါတယ်​ ဒီကား​လေးထဲမှာ Dug အဖြစ်​ Eddie Redmayne က သရုပ်​​ဆောင်​ထားပြီး Goona အဖြစ်​ Maisie Willians နဲ့ လူဆိုးကြီး Lord Noothဖြစ်​ Tom Hiddlestom က အသံသရုပ်​​ဆောင်​​ပေးထားတာဖြစ်​ပါတယ်​ ကဲ Animation ပရိတ်​သတ်​ကြီးအ​နေနဲ့က​တော့လက်​လွတ်​မခံသင်​့တဲ့ကား​လေး ဆိုတာ​ပြောလိုက်​ပါရ​စေ File size… 1.7 GB /1.2 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 24m Genre ….. Action, Animation, Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Benni

6.3 2018 89 mins
Early Man
Couples Retreat Murder
5

ဒီဇာတ်ကားကတော့ ဒါရိုက်တာ Amy Barrett ရိုက်ကူးထားပြီး Jessica Morris, Rib Hillis, Natalie Daniels စတဲ့ မင်းသား၊ မင်းသမီးတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ psychological thriller သည်းထိတ်ရင်ဖိုဇာတ်လမ်းလေးပါ။ ဒီကားအစမှာတော့ ဂျင်မ်နဲ့ ဘက်ကီတို့က ရန်အမြဲဖြစ်နေကြတဲ့ စုံတွဲတွေဖြစ်ပါတယ်။ ဂျင်မ်ကအလုပ်ပဲလုပ်နေတယ်လို့ ဘက်ကီက ထင်ပြီးတော့ ဘက်ကီက အမြဲရန်လုပ်နေလို့ ဂျင်မ်ကစိတ်ပျက်‌ နေတာပါ။ ဒီလိုနဲ့ သူတို့စကားများပြီးနောက်မှာ ဘက်ကီက သူငယ်ချင်းဖြစ်တဲ့ ပေါလီနာနဲ့ ဘားမှာသောက်ဖို့ချိန်းရင်း အိမ်ထောင်ရေးအကြောင်း ရင်ဖွင့်ပါတယ်။ ပေါလီနာက သူတို့လင်မယားလည်းအဆင်မပြေလို့ စုံတွဲတွေ ဆက်ဆံရေးအဆင်ပြေဖို့ အကြံပေးဆွေးနွေးပေးမယ့်‌ အပန်းဖြေ စခန်းတစ်ခုကို သွားဖို့အကြံပေးလိုက်တဲ့အခါ သူငယ်ချင်း စုံတွဲနှစ်တွဲလုံး စခန်းဝင်ဖို့ဖြစ်လာခဲ့ပါတယ်။ ‌ဝေးပြီးခေါင်တဲ့စခန်းကြောင့် ဂျင်မ်က သိပ်သဘောမကျသလို ပေါလီနာယောကျ်ား ဖေးလ်က ဘက်ကီနဲ့ဇာတ်လမ်းရှိဖူးခဲ့တာကို သိနေခဲ့ပါတယ်။ အဲဒီနောက် အပန်းဖြေစခန်းက တာဝန်ခံကလည်း ဘက်ကီကို ကြိုက်သွားခဲ့ပြန်ပါတယ်။ ဒီလိုနဲ့ဇာတ်လမ်းတွေရှုပ်လာတဲ့အချိန် စခန်းချသွားရင်း ဖေးလ် တစ်ယောက် ပျောက်သွားတဲ့အခါ… ‌စခန်းကိုပြန်ရောက်တဲ့အချိန် ကျန်တဲ့သူတွေမရှိတော့ဘဲ သူတို့စုံတွဲနှစ်တွဲပဲ ကျန်နေပြီး တာဝန်ခံဖြစ်တဲ့ အယ်လန်ကလည်း အသတ်ခံလိုက်ရတဲ့အခါ… ဘယ်သူကလူသတ်သမားလဲ…ဘာတွေဆက်ဖြစ်မှာလဲ… သူတို့တွေရော လွတ်မြောက်သွားနိုင်မလား… ရင်ခုန်စွာနဲ့ မထင်မှတ်ထားတဲ့ plot twisတွေကိုဖြေရှင်းရင်း ကြည့်ရှုခံစားရမှာပါ။ File size… (1.40 GB) / (668 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 31m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by K

Action
5 2024 99 mins
Couples Retreat Murder
Bad Influence
5.8

ဒီတစ်ခေါက်မှာတော့ ထွက်ထားတာ သိပ်မကြာသေးတဲ့ စပိန်ရုပ်ရှင်တစ်ခုကို ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ် ။ စီးပွါးရေး လုပ်ငန်းရှင်ကြီး သမီးဖြစ်သူ rich kid လေး Reese ဟာ stalker တစ်ယောက်ကြောင့် စိတ်သောက ရောက်နေရပြီး အန္တရာယ်လည်း အမျိုးမျိုးတွေ့နေရတာ ကြောင့် သူ့အဖေဖြစ်တဲ့ Bruce က သမီးဖြစ်သူအတွက် သက်တော်စောင့် ငှါးပေးလိုက်ပါတော့တယ် ။ ဒါပေမဲ့ သူငှါးပေးလိုက်တဲ့ သက်တော်စောင့်က လူငယ် ပြုပြင်ထိန်းသိမ်း ရေးစခန်းကနေ လောလောလတ်လတ် ထွက်လာတဲ့သူ ဖြစ်နေတဲ့အခါ… ရုပ်ရှင်ရဲ့ နာမည်အတိုင်းပဲ သက်တော်စောင့် Eros က Reese အပေါ် ဘယ်လို လွှမ်းမိုးမှုမျိုးတွေ ရှိလာနိုင်မှာလဲ ။ သက်တော်စောင့်ငှါးပြီး အမျိုးမျိုးကာကွယ်ပေးပေမဲ့ stalker ဆီကနေ ဆက်တိုက် ခြိမ်းခြောက်ခံလာရတဲ့အခါ… Reese တစ်ယောက် ဘယ်လိုအဖြေရှာမလဲ ။ တကယ့် stalker က သူ့ကို လိုက်ဒုက္ခပေးနေတဲ့ ရည်းစားဟောင်း Raul လား ဒါမှမဟုတ် သူ့ဘဝထဲကို လေပွေမုန်တိုင်းတွေလိုမျိုး ဝင်ရောက်လာတဲ့ Eros လား ဒါမှမဟုတ် ဘယ်လို မထင်မှတ်ထားတဲ့သူ ဖြစ်နေမလဲ ဆိုတာကိုတော့ Bad Influence ရုပ်ရှင်မှာ စိတ်ဝင်တစားနဲ့ လိုက်ပါ ကြည့်ရှုလိုက်ရအောင်နော် ။ File size… (1.25 GB) / ( 733 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 46m Genre …..Romance , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Hazelle

Drama
5.8 2025 106 mins
Bad Influence