YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

The Social Dilemma.2020.WEB-DL.720P.PP.mp4

851.2 MB N/A video/mp4 2239 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Beat

IMDb 7.3ရရှိထားတဲ့ musical dramaလေးဖြစ်ပါတယ် အယ်လီဆိုတဲ့ ကောင်မလေးက ကားအက်စီးဒင့်ကြောင့် နှလုံးအစားထိုးကုသလိုက်ရပြီးတဲ့နောက်မှာတော့ သူမဟာ စန္ဒရားတီးတဲ့နေရာမှာ တစ်ဖက်ကမ်းခတ်အောင် ထူးချွန်သွားပါတယ်။ ဒီလိုနဲ့ သူမရဲ့နေ့စဉ်ဘ၀မှာ တိုက်ဆိုင်မှုတွေရှိလာတိုင်း အိမ်ခြေယာမဲ့လူတစ်ဦးနဲ့ သူမအကြား ဂန္တ၀င်ဂီတကနေတစ်ဆင့် လျှို့ဝှက်ဆန်းကြယ်တဲ့ ဆက်သွယ်မှုတစ်ခုရှိလာတာကို သတိထားမိလာပါတယ်။ ဒီကားလေးက musical filmဆိုတဲ့အတိုင်း အခန်းတိုင်းကို သီချင်းကောင်းကောင်းလေးတွေ စန္ဒရားသံလှလှလေးတွေနဲ့ ကြည့်ရှုသူရင်ထဲကိုထိအောင် လှလှပပ ပုံဖော်ထားပါတယ်။ Newcastle မြို့ရဲ့အလှ‌တရားတွေကိုလည်း နောက်ခံသီချင်းကောင်းကောင်းတွေ လှပတဲ့ဇာတ်၀င်ခန်းတွေနဲ့ ဇာတ်အိမ်ခိုင်ခိုင် ရိုက်ပြထားတာမလို့ ဂီတကိုမြတ်နိုးတဲ့သူတွေအနေနဲ့ ကြည့်ဖို့သင့်တဲ့ကားလေးတစ်ကားပါပဲ။ File size…(1.3 GB)/(600 GB)/(350 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:41:00 Genre...Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min khant

Comedy • Drama
0 2022
Beat
The Whale
8

ဖြစ်စေချင်ဝာာကတော့ ဘာမှဆက်ဖတ်မနေပါနဲ့။ ဒီတိုင်းသာ ကောက်ကြည့်လိုက်ပါ။ ပေါင်၆၀၀လူဝကြီးတစ်ယောက်က အသည်းကို ဖင်ခုထိုင်ပြီး တစ်စစီခွဲပစ်မယ့် ရုပ်ရှင်ပါပဲ။ "ဝေလငါး ( သို့ ) ဝမ်းနည်းခြင်းအက်ဆေး" ကမ္ဘာကြီးက လူ၀ကြီးကို ထမ်းထားတယ်လို့ စကားဦးပျိုးလိုက်ရင် မှန်ပါ့မလား။ ဟင့်အင်း... မမှန်တာ သေချာတယ်။ ကမ္ဘာကြီးက လူ၀ကြီးကို ထမ်းထားတယ်ထင်ရပေမဲ့ တကယ်တမ်းကျ လူဝကြီးက ကမ္ဘာကြီးကို ထမ်းထားခဲ့တယ်။ လူဝကြီးအကြောင်းပြောပြရရင် လူဝကြီးက အလေးချိန် ပေါင်၆၀၀ရှိတယ်။ ဇနီးဟောင်းတစ်ယောက်၊ သမီးတစ်ယောက်၊ သူငယ်ချင်းတစ်ယောက်ရှိတယ်။ လူဝကြီးမှာ ကောင်လေးတစ်ယောက်ရှိခဲ့ပေမဲ့ အခုတော့ မရှိတော့ဘူး။ လူဝကြီးစကားအရတော့ အဲဒါကြောင့်ပဲ သူ့ကိုယ်အလေးချိန် တက်လာခဲ့တယ်တဲ့။ လူဝကြီးရဲ့ အ၀လွန်နေတဲ့ကိုယ်ပေါ်မှာ ဖက်ခွက်နာ၊ ပြည်တည်နာ၊ အဆီကျိတ်၊ အသားဆွေး အရေပြားရောဂါမျိုးစုံ ကျက်စားနေကြတယ်။ လူဝကြီးအကြောင်းဆက်မပြောခင် ကျွန်တော် လူဝကြီး အကြိုက်ဆုံး အက်ဆေးတစ်ပုဒ်ကို အရင်ပြချင်တယ်။ " မိုဗီဒစ်ဆိုတဲ့စာအုပ်မှာ စာရေးဆရာက ပင်လယ်ပြင်က သူ့အတွေ့အကြုံတွေကို ပြန်ပြောင်းပြောပြထားတယ်။ ဒီစာအုပ်ဟာ စာရေးဆရာနဲ့ သူ့သူငယ်ချင်းတို့ရဲ့ ကပ္ပတိန်အာဟတ်လို့ခေါ်တဲ့ ခြေထောက်တစ်ဖက်မရှိတဲ့ ပင်လယ်ဓားပြနဲ့အတူ ဝေလငါးဖမ်းထွက်တဲ့အကြောင်းပေါ့။ အာဟတ်ရဲ့ ဘဝပန်းတိုင်က ဝေလငါးကြီးကို သတ်ဖို့ပဲ။ ဒီအဖြစ်က ဝမ်းတော့ဝမ်းနည်းစရာပဲ။ အာဟတ်က သူ့ကို ဘယ်လောက်တောင် သတ်ချင်နေလဲ အဟိတ်တိရိစ္ဆာန် ဝေလငါးကြီးမှ မသိရှာပဲလေ။ သနားစရာသတ္တဝါကြီးပါပဲ။ တကယ်တမ်းဆို အာဟတ်လည်း သနားစရာကောင်းပြန်တာပါပဲ။ ဝေလငါးကြီးကို သတ်လိုက်နိုင်ရင် သူ့ဘဝကြီး အဓိပ္ပာယ်ရှိသွားမယ်လို့ ထင်ယောင်ထင်မှား ဖြစ်နေခဲ့တာကိုး။ တကယ်တမ်းကျ ဘာတစ်ခုမှ ထူးခြားသွားမှာမဟုတ်ဘူး။ အင်မတန်ဝမ်းနည်းဖို့ကောင်းတဲ့စာအုပ်ပေါ့။ ဇာတ်ကောင်တွေဟာလည်း အင်မတန် သနားစရာကောင်းတယ်။ ဝမ်းနည်းစရာအကောင်းဆုံးဇာတ်ဝင်ခန်းကတော့ ဝေလငါးကြီး ဘယ်လိုဘယ်ပုံပါလို့ ပုံဖော်ထားတာကလွဲ ဘာမှမပါတဲ့ ပျင်းစရာဇာတ်ဝင်ခန်းတွေပေါ့။ စာရေးဆရာဟာ စာဖတ်သူ ရှေ့မှာကြုံလာရမယ့် သူပြောပြမယ့် ဝမ်းနည်းစရာဇာတ်လမ်းကနေ ခဏလောက်ဖြစ်ဖြစ် ဆိုင်းငံ့ပေးဖို့ ကြိုးစားနေတာကို သိနှင့်နေခဲ့တာကိုး " လူဝကြီးဟာ ဒီအက်ဆေးကို သိပ်ကြိုက်တယ်။ သေတော့မလိုလိုဖြစ်တဲ့ အချိန်တိုင်းမှာ လူဝကြီးနောက်ဆုံးတောင်းဆိုတာက ဒီအက်ဆေးကို ဖတ်ပြပေးဖို့ပဲ။ ဒီအက်ဆေးကို ခင်ဗျားသေချာဖတ်ကြည့်ပြီးပြီဆို လူဝကြီး ဒီအက်ဆေးကို ဘာလို့ကြိုက်လဲ ခင်ဗျားနားလည်လောက်ပြီ။ လူဝကြီးပြောခဲ့တဲ့ စကားတွေထဲ တော်တော်လှတဲ့ စကားတစ်ခွန်းရှိတယ်။ " လူတွေဟာ လူတွေကို ဂရုမစိုက်ဘဲ မနေနိင်ပါဘူး "တဲ့။ လူဝကြီးသိပ်ကြိုက်တဲ့ အက်ဆေးမှာ ရေးသူဟာ မိုဗီဒစ်အကြောင်းပြောပြတယ်။ ဒါပေမဲ့ သူ့ပြောပြပုံက စာရေးဆရာအပါအဝင် မိုဗီဒစ်ထဲက ဇာတ်ကောင်တိုင်းကို နားလည်ပေး ဂရုစိုက်ပေးနေတဲ့ ပြောပြပုံမျိုး။ ဒီအက်ဆေးကို ဘယ်သူရေးလဲဆိုတဲ့ အချက်ကို ဖယ်ထားလိုက်ရင်တောင် ဒီအက်ဆေးဟာ သိပ်ချစ်စရာကောင်းနေတယ်။ ဒီလိုနဲ့ပဲ ပေါင်၅၈၀လုံး ချစ်ခြင်းတွေနဲ့ ပြည့်နေတဲ့ လူဝကြီးဟာ ဒီအက်ဆေးကို သိပ်ချစ်ခဲ့တယ်။ လူဝကြီးဟာ အင်္ဂလိပ်စာဆရာဖြစ်တယ်။ လူဝကြီးဟာ အင်္ဂလိပ်စာကိုချစ်တယ်။ ဘာသာစကားတစ်ခုကိုချစ်ရင် အရေးအသားကိုလည်းချစ်ရမှာပေါ့။ ဒီတော့ လူဝကြီးဟာ အက်ဆေးတွေကို ချစ်တယ်။ လူဝကြီးဟာ စကားလုံးတွေကို ချစ်တယ်။ လူဝကြီးဟာ အက်ဆေးနဲ့ အသက်မွေးတယ်။ အက်ဆေးနဲ့ ပတ်သက်ပြီး လူဝကြီးရဲ့ ခံယူချက်ကရှင်းတယ်။ " ဒီအဆိုင်းမန့်လည်း အရေးမကြီးဘူး။ ဒီသင်ခန်းစာလည်း အရေးမကြီးဘူး။ အရေးကြီးတာက မင်းတို့ရေးတဲ့ စာတွေရိုးရိုးသားသားနဲ့လှနေဖို့ပဲ " တဲ့။ တော်တော်သဘောကျဖို့ကောင်းတဲ့ စကားပဲ။ ဘယ်စာမျိုးမှာမဆို စကားလုံးထက် ရိုးသားမှုက ပိုအရေးကြီးတယ်မလား။ ဒါပေမဲ့ ရိုးသားဖို့က အခက်ဆုံးပဲ။ လူဝကြီးကိုယ်တိုင်တောင် အမြဲမရိုးသားနိုင်ခဲ့ဘူး။ လူဝကြီးရဲ့ သမီးလေးကတော့ သိပ်ရိုးသားတယ်လို့ပြောရမလား သိပ်ရက်စက်တယ်လို့ပြောရမလား။ လူဝကြီးရဲ့ သမီးလေးဟာ လူဝကြီးပုံကိုရိုက်ပြီး " ငရဲမှာ သူ့ကိုမီးရှိ့တဲ့အချိန်ကျရင် ဝက်ဆီတွေထွက်လာလိမ့်မယ် "လို့ တင်လိုက်တယ်။ ဒီပို့စ်ကို လူဝကြီးက " ငါ့သမီးက စာအရေးအသားကောင်းချက် "လို့ တုံ့ပြန်တယ်။ လူဝကြီးဟာ သူမသေခင်မှန်တာတစ်ခုခုတော့ လုပ်သွားချင်ခဲ့တယ်။ သူ့သမီးကို " လူတွေက သူ့ကို ဂရုစိုက်ပြီး သူက လူတွေကို ဂရုစိုက်မယ့် "အရပ်မှာ နေစေချင်ခဲ့ခြင်းနဲ့ပေါ့။ ဒီလိုနဲ့ လူဝကြီးဟာ ကမ္ဘာကြီးကို ထမ်းထားခဲ့တယ်။ ရှောင်လွှဲလို့မရနိုင်တဲ့အရာတွေထဲ မလိုချင်တဲ့ဇာတ်ဝင်ခန်းတွေ, ရက်စက်တဲ့ဇာတ်သိမ်းတွေ ပါကောင်းပါနေပါလိမ့်မယ်။ လူဝကြီးသိပ်ကြိုက်တဲ့ အက်ဆေးထဲကလို ပြန်ပြောင်းပြောပြသူဟာ လာမယ့်ရက်စက်ခြင်းတွေကနေ ကယ်တင်ပေးချင်လည်းပဲ တစ်ကွေ့ကွေ့မှာတော့ တည့်တည့်ကို လာမှန်တာပါပဲ။ The Whale ဟာ သိပ်ရက်စက်တဲ့ ဇာတ်လမ်းတစ်ပုဒ်ပေးပြီး သိပ်လှတဲ့ ဇာတ်ဝင်ခန်းတွေ ပေါင်းထည့်ပေးသွားတယ်။ ဒါပေမဲ့လည်း ဒီရုပ်ရှင်ဟာ ပေါင်၆၀၀ လူဝကြီးတစ်ယောက်က အသည်းကို ဖင်ခုထိုင်ပြီး တစ်စစီခွဲပစ်မယ့် ရုပ်ရှင်ပါပဲ။ မှတ်မိသလောက်ဆို ဒီကားလောက် မျက်ရည်ကျအောင်လုပ်နိုင်တဲ့ ရုပ်ရှင် မရှိခဲ့ဖူးပါဘူး။ ဒီမျက်ရည်ဟာ ဝမ်းသာခြင်းလား ဝမ်းနည်းခြင်းလားတော့ အခုထက်ထိလည်း မသည်းကွဲသေးပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.2GB, 930MB Quality - 1080p, 720p IMDb Rating - 7.9/10 Format - mp4 Duration - 1H 57Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Animation • Family
8 2022 116 mins
The Whale
Thallumaala
6.6

ဒီတစ်ခေါက်တော့ Vaashi ထဲမှာ ရှေ့နေအဖြစ်သရုပ်ဆောင်တဲ့ မာလာရာလမ်မင်းသား တိုဗီနိုသောမတ်စ်နဲ့ Bro Daddy ထဲကမင်းသမီး ကလျာနီ ပရီရာဒါရှန် တိုရဲ့ ၂၀၂၂ နှစ်ထွက် မာလာရာလမ် Action / Comedy ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။IMDB 7.6 မို Rating လေးလည်း မဆိုးလှပါဘူး ဒီကားကို ကြည့်တဲ့သူထဲမှာ တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်ရင်းကနေ သူငယ်ချင်းတွေဖြစ်သွားကြတဲ့သူတွေရှိလား။ ရန်ဖြစ်တယ်ဆိုတာ ကလေးဘဝရဲ့အစိတ်အပိုင်းပါပဲလို ပြောကြပါတယ်။ သွေးပူတဲ့အရွယ်၊ တက်ကြွတဲ့အရွယ်မှာ ထစ်ခနဲ စိတ်ထဲရှိတဲ့အတိုင်း ဝုန်းဒိုင်းကြဲကောက်လုပ်မိကြလို ရန်တွေထသတ်ကြရာကနေ ခင်မင်ရင်းနှီးသွားတဲ့ သူငယ်ချင်းတွေ ရှိကြပါတယ်။ ဒီထဲမှာလည်း ဒီလိုပါပဲ။ သူတို့ငါးယောက်က ရန်ဖြစ်ကြရာကနေ သူငယ်ချင်းတွေဖြစ်လာကြတာပါ။ အဓိကဇာတ်လိုက်ဖြစ်သူ ဝါဇီက သူ့ရဲ့ကောင်မလေးနဲ့ မင်္ဂလာဆောင်ဖို့ ပြင်ဆင်နေတဲ့အချိန်မှာ သူ့သူငယ်ချင်းလေးယောက်က ရာဂျီမက်သရူးဆိုသူနဲ့ ရန်စရှိနေကြပြီးတော့ ရာဂျီက ရန်ပွဲကို ရပ်ချင်တာကြောင့် ပြန်ဖြန်ဖြေဖို့ကြိုးစားပေမဲ့လည်း နားလည်မှုတွေလွဲကြပြီးတော့ ဝါဇီရဲ့မင်္ဂလာဆောင်မှာ နောက်ထပ်ရန်ပွဲတစ်ခုပေါ်ပေါက်လာပါတော့တယ်။ ဒီရန်ပွဲကနေပဲ ဝါဇီက အင်တာနက်မှာ ရေပန်းစားတဲ့သူ ဖြစ်သွားခဲ့ပြီး မင်္ဂလာပွဲလည်းပျက်ကာ နှစ်နှစ်အကြာ သူ့မြို့ကို ပြန်ရောက်လာတဲ့အချိန်မှာ သူ့ကောင်မလေးဟာ တခြားလူတစ်ယောက်နဲ့ စေ့စပ်လို့ထားပါပြီ။ အရင်ရန်ငြှိးရှိခဲ့တဲ့ ရာဂျီနဲ့ ဘယ်လို ပြန်ရင်ဆိုင်သွားမလဲ...သူချစ်ရတဲ့သူနဲ့ရော ပေါင်းဖက်ခွင့်ရပါ့မလား ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်စောင့်ကြည့်ပေးပါနော်။ File size…2.8GB / 1.36GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 28m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by BpL & Kham Mon & Lwin Htoo Aung & Yunni & Yate

Action • Thriller
6.6 2022 146 mins
Thallumaala
The Fall
7.6

နိုင်ငံပေါင်း ၂၈ နိုင်ငံမှာ ၄ နှစ်ကြာအောင် ရိုက်ခဲ့ပြီး ဆက်တင်မသုံးပဲ တကယ့်ရှုခင်းအလှအပ သဘာဝစစ်စစ်တွေနဲ့ Landscape အလန်းစားတွေ သုံးထားတဲ့ စိတ်ကူးယဉ် ဒရမ်မာကားကောင်းလေးပါ။ ရိုက်ထားတဲ့ Cinematography တွေဆိုလည်း ဓာတ်ပုံပညာတတ်စရာ မလိုပဲ မြင်လိုက်တာထက် မှင်သက်ရအောင်ထိ မိုက်တဲ့ ရိုက်ချက်တွေ Landscape အယူအဆတွေ မြင်ရမှာပါ။ ဒါတင်ပဲလား ရိုက်ချက်တွေ ရှုခင်းတွေကတော့ ဟုတ်ပါရဲ့ ဇာတ်လမ်းကျ ကောင်းရဲ့လားဆိုပြီးလည်း စိတ်ပူမနေနဲ့ ဇာတ်လမ်းလေးက ရိုးမလိုနဲ့ တင်ဆက်ပုံဆန်းပြီး IMDB မှာက 7.8 ရထားတယ် လူ ၁ သိန်းကျော်ပေးထားတာ Legit ဖြစ်ချက်ပဲ။ သရုပ်ဆောင်ထားတဲ့မင်းသားကလည်း ခပ်ဖြောင့်ဖြောင့် နဲ့ ဘဲကြီး Lee Pace နာမည်ကြီးဇာတ်ကောင်တွေ ပြောရရင် Gurdian of the Galaxy ပထမကားထဲက ဗီလိန် Ronan တို့ နောက်ပြီး Hobbit ထဲမှာ ပါမန်း Legolas ရဲ့ အဖေနေရာက Thranduil လုပ်ထားတာ ဒီထဲမှာလည်း သရုပ်ဆောင်ထားတာရှယ်၊ သူနဲ့ အပြိုင်ကြမ်းထားတဲ့ကလေးမကလည်း အရမ်းချစ်စရာကောင်းတာ။ ဇာတ်လမ်းအကျဉ်းလေးကတော့ ၁၉၂၀ ခုနှစ် လော့အိန်ဂျလိစ့်က သာသနာပြုဆေးရုံမှာ ရုပ်ရှင်စတန့်သမားတစ်ယောက် စတန့်လုပ်ရာ ကနေ ခြေကျိုးလို့ ဆေးရုံတင်ထားရတယ်။ အဲဒီဆေးရုံမှာလည်း လိမ္မော်သီးခူးရာကနေ လက်ကျိုးလို့ ရောက်လာတဲ့ ချစ်စရာကောင်မ လေးတစ်ယောက်လည်း ရှိတယ်၊ လူအများက ဝိုင်းချစ်ကြပြီး ဆေးရုံပတ်မွှေနေတဲ့ ကောင်မလေးပေါ့လေ။ တစ်ရက်ကျ ကောင်မလေး စာတစ်စောင် ဆော့လိုက်ရာကနေ စတန့်သမားဆီကို ရောက်သွားတော့ ပြန်ယူရင်း နှစ်ယောက်သား ခင်သွားခဲ့တယ်၊ စကားတွေပြောရင်းနဲ့ စတန့်သမားက ကောင်မလေးကို ပုံပြင်တွေ ပြောပြတာပေါ့။ အဲဒီပုံပြင် တွေကို ရှုခင်းအလှတွေနဲ့ ပုံဖော်ထားပြီး အမြင်တစ်မျိုးနဲ့ ပြသထားတယ်။ သူ့ ပုံပြင်လေးကကျတော့ အနယ်နယ်အရပ်ရပ်က လူမျိုးမတူတဲ့ လူ ၅ မျိုးက ကိုယ်စီနာကြည်းချက်ကြောင့် အကျင့်မကောင်းတဲ့ ဘုရင်ခံကြီးကို လက်စားချေဖို့ စွန့်စားခန်းထွက်ကြတဲ့ အကြောင်းပေါ့လေ။ ဒါပေမဲ့ ဒီလို ပုံပြင်တွေပြောပြီး စတန့်သမားက ကလေးမလေးကို ဘာခိုင်းချင်နေတာလဲ နောက်ကွယ်မှာရော ဘာတွေဖြစ်ခဲ့လို့ ဒီရောက်လာတာလဲ၊ ကောင်မလေးရော ဘာဆက်ဖြစ်မလဲဆိုပြီး ပုံပြင်လေးနဲ့အတူ သူတို့ နှစ်ယောက်ကြားက သံယောဇဉ်ကို ကြည့်ရမယ့် အပြင် ပြောနေတဲ့စွန့်စားခန်းအကြောင်းကိုလည်း ကြည့်ရှုရမယ့် ဒရမ်မာ စွန့်စားခန်း ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ ဇာတ်လမ်း၊ သရုပ်ဆောင်ကောင်းတဲ့အပြင် ရှုခင်းအလှအပတွေကိုလည်း တဝကြီး ခံစားရလို့ တန်စေရမယ်လို့ အာမခံလိုက်ပါတယ်ဗျာ။

Adventure • Animation • Family
7.6 2006 117 mins
The Fall
The French Dispatch
7.1

ရုပ်ရှင်တစ်ပုဒ်ဟာ ပြဇာတ်တစ်ပုဒ်လို အိပ်ရာဝင်ပုံပြင်တစ်ပုဒ်လို စိတ်ကူးယဉ်ဆန်ပြီးလှပ​နေပြီဆိုရင် Director Wes Andersonရဲ့လက်ရာ​တွေနဲ့ မကင်းနိုင်ပါဘူး၊ သူ့ဇာတ်ကား​တွေရဲ့ narrativeပုံစံ ဇာတ်လမ်းတင်ဆက်ပုံနဲ့ Uniqueဖြစ်သလို Colorfulလည်းဖြစ်တဲ့ ရိုက်ကွင်းအပြင်အဆင်တွေ​ကြောင့် ရုပ်ရှင်နဲ့မတူဘဲ ပုံပြင်ကမ္ဘာထဲ လက်​တွေ့​ရောက်သွားသလို ခံစားချက်မျိုး၊ The Palais Garnier ပြဇာတ်ရုံမှာ ကိုယ်တိုင်ပြဇာတ်ကြည့်​နေရသလို ခံစားချက်မျိုး ရ​စေတာကို - The Grand Budapest Hotel (2014) နဲ့ - Moonrise Kingdom (2012)မှာ ခံစားခဲ့ရပြီးပါပြီ၊ ဒီ ဇာတ်လမ်းကလည်း Wes Andersonရဲ့ ​နောက်ထပ် ရုပ်ရှင်မဟုတ်​သောရုပ်ရှင်၊ ပြဇာတ် မဟုတ်​​သော ပြဇာတ်လို့ ထပ်ရည်ညွှန်းရမယ်ထင်ပါတယ် ဒီဇာတ်လမ်းက​​တော့ Andersonရဲ့ ဝတ္ထုတို​တွေကို ချစ်မြတ်နိုးမှု၊ စာနယ်ဇင်း​လောကကို နှစ်ခြိုက်မှုအ​ပေါ် ရုပ်ရှင်ဇာတ်ကားအဖြစ် အသက်သွင်းလိုက်တဲ့ လက်ရာမွန်တစ်ခုပါပဲ၊ Cast​တွေကလည်း ​ပြေးကြည့်စရာမလို​​​​အောင်ကို ဒိတ်ဒိတ်ကြဲ​ဖြစ်တဲ့၊ သူ့လက်စွဲ​တွေ ဖြစ်တဲ့ - Tilda Swinton (Dr. Strange, The Grand Budapest Hotel) - Ghostbusters မင်းသားကြီး Bill Murray၊ - The Pianistရဲ့မင်းသားကြီး Adrien Brody၊ - Edward Norton (Fight Club) တို့အပြင် Timothée Chalamet, Saoirse Ronan, Owen Wilson, Léa Seydoux, William Dafoe တို့လို အရှိန်အဝါကြီးတဲ့ Cast​တွေဖြစ်တာမလို့ Wesရဲ့လက်ရာဟာ ပိုကြွသလို ပိုလည်း လှပ​စေပါတယ်၊ USA ..Kansasမြို့ လုပ်ငန်းရှင်ကြီးတစ်ဦးရဲ့သားဖြစ်သူ ပထမနှစ်​ကျောင်းသား​လေး Arthur Juniorရဲ့ ခရီးသွားမှတ်တမ်း​စာစဉ်မှအစပြုခဲ့တဲ့ The French Dispatch မဂ္ဂဇင်းဟာ သူဆုံးပါးချိန်မှာပဲ ​နောက်ဆုံးထုတ်​ဝေမှုနဲ့ ပိတ်သိမ်းရ​တော့မှာပါ၊ နှုတ်ဆက်စာအုပ်မှာအထူးစာမူအဖြစ် ထည့်​ဝေဖို့ မဂ္ဂဇင်းရဲ့ထိပ်သီးစာမူရှင်​တွေဆီက စာမူ​တောင်းတဲ့အချိန်မှာ စာမူ၄ပုဒ်ထွက်လာပါတယ်၊ မဂ္ဂဇင်းတိုက်ရဲ့ဘဏ္ဍာ​ရေးအ​ခြေအ​နေအရ စာမူတိုင်းကိုထည့်ဖို့ခက်ခဲ​နေတဲ့အချိန်မှာ တစ်ပုဒ်ချင်းစီကို အယ်ဒီတာ​တွေအ​​နေနဲ့ အ​သေးစိတ်အကဲဖြတ်ရင်း ဇာတ်လမ်းတို​လေး ၄ပုဒ်အဖြစ် ကွဲထွက်သွားပါတယ် ဇာတ်လမ်း၁ပုဒ်ချင်းစီတိုင်းဟာ Arc တစ်ခုလို စာမူရှင်ရဲ့အာ​ဘော်အရ အ​ရေးအသား၊ တင်ဆက်ပြသပုံ၊ အ​ကြောင်းအရာ​တွေ အမျိုးမျိုးကွဲထွက်​နေတဲ့အခါ တစ်ပိုင်း​ရောက်တိုင်း အရသာတစ်မျိုးခံစားရင်း ချိုချဉ်ငန်ဖန်စပ်ခါး ​သောင်း​ပြောင်း​ထွေလာအရသာကို တပြိုင်တည်းရရှိစေမှာပါ၊ ဝတ္ထုတို​တွေဖြစ်တဲ့အတွက်​ကြောင့် တစ်ပိုင်းချင်းစီဟာ ပုံပြင်ဖတ်​နေရသလို ခံစားမိ​စေတဲ့ Wesရဲ့အာ​ဘော်က​နေလည်း ​သွေဖီမသွားပြန်ပါဘူး၊ တစ်ပိုင်းချင်းစီက ရသတစ်မျိုး​ပေးသလို ကိုယ့်အ​တွေးနဲ့ ကိုယ်​​​သောက်ကြသည် ဆိုသလို ဇာတ်လမ်းက​ပေးတဲ့ အမြင်​တွေ၊ ခံစားချက်​တွေ အ​တွေးအ​ခေါ်​တွေ တစ်ဦးနဲ့တစ်ဦးတူမှာ မဟုတ်ပါဘူး၊ ဒီလိုမတူခြားနားတဲ့ အမြင်​တွေကိုပဲ Wes Anderson အ​နေနဲ့ ​ပေးချင်ပုံရပါတယ် ဇာတ်ကား​ကောင်းကြီးဖြစ်တာနဲ့အညီ သူနဲ့ထိုက်တန်တဲ့ rating​တွေ အသိအမှတ်ပြုခံရမှု​တွေ ကပ်ပါလာမြဲပါပဲ၊ ရုပ်ရှင်အသိုင်းအဝိုင်းမှာ အရှိန်အဝါကြီးတဲ့ Cannes နဲ့ Golden Globe award ​တွေအတွက် Nominations ​ဝင်ထားသလို လက်ရှိမှာ စုစု​ပေါင်း nomi 44ခုထိ စာရင်းရှိတဲ့ဇာတ်ကားဖြစ်ပါတယ်။ Detroit Film Critics Society (DFCS) နဲ့ Southeastern Film Critics association မှာ Best Ensemble 2 ဆုကိုလည်း ပူပူ​နွေး​နွေးရရှိထားတာပါ၊ ပုံမှန် ရုပ်ရှင်ကြည့်ပရိတ်သတ်​တွေနဲ့ မစိမ်းတဲ့ - IMDbမှာ 7.5, -Rotten Tomatoes မှာ review​ပေါင်း 273ခုနဲ့ Tomatometer 74%အထိ ​မှတ်​ကျောက်တင်ထားနိုင်ပါတယ်၊ ဒါရိုက်တာ Wes Andersonရဲ့ရုပ်ရှင်မဟုတ်​သောရုပ်ရှင်ကို ခံစားကြည့်ရှုရင်း စိတ်ကူးယဉ်ကမ္ဘာမှာ ​ပျော်​မွေ့နိုင်ဖို့ CMမှ တင်ဆက်​ပေးလိုက်ပါပြီ အညွှန်းကိုတော့ JimX က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ JYJ ပဲ ဖြစ်ပါတယ်။ Genre.....Comedy, Drama, Romance Quality….WEB-DL 1080p and 720p File size…1.5GB and 894MB and 293MB Format…mp4 Duration….1h 47min Subtitle….Myanmar Subtitle (Hardsub) Translator ..... JYJ Encoder ..... August

Sci-Fi & Fantasy
7.1 2021 108 mins
The French Dispatch
Let Him Go
6.8

IMDb.....7.0 ဝါရင့်သရုပ်ဆောင် Diane Lane နဲ့ Kevin Costner ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး IMDB 7/10 ရရှိထားပါတယ်... ဂျော့နဲ့ မာဂရက်ဆိုတဲ့အဘိုးကြီး လင်မယားမှာ တစ်ဉီးထဲသောသားလေးတစ်ယောက်ရှိတယ်... အချိန်တန်အရွယ်ရောက်လို့ သားဖြစ်သူ အိမ်ထောင်ကျပြီး သားယောင်္ကျားလေးရလို့ အဘိုးအဘွားဖြစ်သူတို့အတွက် ပီတိတွေဖြာလို့ပေါ့...သားအချစ်မြေးအနှစ်ဆိုတဲ့အတိုင်း မြေးလေးကိုအရိပ်တကြည့်ကြည့်ပေါ့... တစ်နေ့ မြင်းပေါ်ကပြုတ်ကျပြီး သားဖြစ်သူဆုံးပါးသွားတယ်...နှစ်အနည်းငယ်ကြာတော့ ချွေးမဖြစ်သူလည်း နောက်အိမ်ထောင်ပြုသွားတယ်....မြေးလေးနဲ့ အိမ်မှာပဲနေစေချင်ပေမဲ့ ချွေးမဖြစ်သူလည်း သူ့အားကိုးရာရှာလေတော့ အဘိုးအဘွားလင်မယားဟာ မြေးလေးနဲ့ခွဲရတော့တာပေါ့...အဘိုးအဘွားဆိုတာ ပထွေးနဲ့ ဘယ်စိတ်ချပါ့မလဲ.. တစ်နေ့ အဘွားဖြစ်သူဈေးသွားတော့ ချွေးမနဲ့သားကို ပထွေးဖြစ်သူကရိုက်နှက်နေတာတွေ့သွားတယ်.. အဘိုးအဘွားရဲ့စိုးရိမ်မှုတွေဟာ ပြောမပြနိုင်အောင်ပါပဲ..ဒါ့ကြောင့် မြေးလေးတို့အိမ်လိုက်သွားပေမဲ့ အိမ်ပြောင်းသွားကြတယ်...မြေးလေးရဲ့ပထွေးဖြစ်သူဟာ ထစ်ခနဲရှိလက်ပါတတ်ပြီး သဘောထားကျဉ်းမြောင်းတဲ့သူ ဖြစ်နိုင်တာကြောင့် မြေးလေးကို ပြန်တွေ့ပြီး အိမ်ကိုပြန်ခေါ်ဖို့ ရေဆုံးမြေဆုံးလိုက်ပါတော့တယ်.. တကယ်တော့ ဒီဇာတ်ကားဟာ ဆန်းပြားပြီးလှည့်ကွက်တွေပါတဲ့အမျိုးအစားမျိုးမဟုတ်ပေမဲ့ မင်းသားကြီး မင်းသမီးတွေရဲ့သရုပ်ဆောင်မှုနဲ့အတူ အဘိုးအဘွားတွေရဲ့ချစ်ခြင်းမေတ္တာကို ခံစားရတဲ့ကားမို့ တော်တော်ကြီးကိုကြည့်လို့ကောင်းပါတယ်...အမလေးငါ့မြေးလေးရဲ့ဆိုပြီး ငိုကြီးချက်မနဲ့ အာဗြဲကြီးနဲ့အော်ငိုနေတဲ့ ပုံစံမျိုးတွေမပါဘဲ ခပ်တိုးတိုးစကားသံနဲ့ မျက်လုံးတွေကိုကြည့်ရုံနဲ့ သူတို့ဘယ်လောက်စိုးရိမ်ပြီး မြေးလေးကိုလွမ်းဆွတ်နေလဲဆိုတာ အလိုလိုခံစားရပါတယ်...မြေးလေးနဲ့ပြန်တွေ့နိုင်မလား..တခြားဘယ်လို အခက်အခဲတွေရော မမျှော်လင့်ဘဲကြုံတွေကြရမလဲဆိုတာကိုတော့... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ May Myat Thu ပဲဖြစ်ပါတယ်... File Size :(900 MB) and (380 MB) Quality : WEB-DL  720p Format…mp4 Duration…01:53:00 Genre : Crime , Drama,Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Phyo Pyae

Drama
6.8 2020 114 mins
Let Him Go
The Spy Who Dumped Me
6.4

ဒီတစ်ခေါက် CM ပရိတ်သတ်တွေအတွက် မိတ်ဆက်ပေးချင်တဲ့ ဇာတ်လမ်းကတော့ "The Spy who dumped me"ဆိုတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်... ဒီကားလေးမှာ အွန်ဒရေးနဲ့ မော်ဂန်ဆိုတဲ့ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ရဲ့ စပိုင်ဆန်ဆန်နဲ့စွန့်စားခန်းတွေကို ရယ်ရယ်မောမောနဲ့ ကြည့်ရမယ့် ကားကောင်းလေးတစ်ကားဖြစ်ပါတယ်.... အွန်ဒရေးဆိုတဲ့ ကောင်မလေးဟာ သူသိပ်ချစ်ရတဲ့ ချစ်သူနဲ့ပြတ်ပြီးနောက်ပိုင်းမှာ သူ့ချစ်သူက စပိုင် သူလျိုတစ်ယောက်ဆိုတာ သိခဲ့ပါတယ်... အဲဒီသူ့ချစ်သူစခဲ့တဲ့ ဇာတ်လမ်းနောက်တွဲကိစ္စတွေဟာ ချစ်သူဖြစ်တဲ့ သူမဆီကိုပါရောက်လာပါတော့တယ်... သူမဆီကိုရောက်လာတော့ သူမရဲ့သူငယ်ချင်းဖြစ်တဲ့ မော်ဂန်ပါ ပါဝင်ပတ်သက်လာရတော့တာပေါ့.... ဒီလိုနဲ့ သူမတို့နှစ်ယောက် ဒီအရှုပ်ဇာတ်လမ်းတွေကြား အပစ်အခတ်သတ်ဖြတ်မှု့တွေကြားမှာ ဘယ်လိုအူကြောင်ကြောင်နဲ့စွန့်စားခန်းတွေ လုပ်ကြမလဲဆိုတာ ရယ်ရယ်မောမောနဲ့ ကြည့်ရမှာဖြစ်ပါတယ်.... Rating 6.3  ရရှိထားပြီးတော့ စပိုင်ဇာတ်လမ်း အက်ရှင်ပုံစံတွေ ဟာသဆန်ဆန်ရယ်မောရတာကို ကြိုက်တဲ့ လူတွေအတွက်ကတော့ ဒီဇာတ်လမ်းလေးထဲက စာသားအများစုက သင်တို့ကို စိတ်ကျေနပ်မှု့ပေးစွမ်းနိုင်မှာဖြစ်ပါတယ်.... အားလုံးပဲကြည့်လိုက်ရအောင်လား.... File Size : (747 MB) and (305 MB) Quality : BluRay 720p Running Time : 1hr 57min Format : Mp4 Genre : Action , Adventure , Comedy Subtitle : Myanmar Subtitle (Hard Sub) Source :BluRay 1080p Translated by May Haruko & Mg King Encoded by Moe Myint Lwin

Action & Adventure • Drama
6.4 2018 117 mins
The Spy Who Dumped Me
A Far Shore
7.1

Review- မိတ်ဆွေတို့ရဲ့ဘဝမှာအဆင်မပြေတာတို့ ခက်ခဲတဲ့အချိန်တို့ကြုံတွေ့ရတဲ့အချိန်တွေမှာ တသ်နေရာမှာတစ်ယောက်တည်းနေပြီး ဒီအခက်အခဲတွေအကြောင်းစဉ်းစားကြည့်ဖူးမယ်ထင်ပါတယ်, ဒါမှမဟုတ် အခြားသူတစ်ယောက်အခက်အခဲြစ်နေတာတွေကိုကြည့်ပြီးတော့ သူ့နေရာကိုခဏဝင်ကြည့်ပြီး စဉ်းစားဖြစ်လားဗျ, လူတိုင်းကတော့ ရှင်းပြလို့မရတဲ့ကိုယ်အခက်အခဲနဲ့ကိုယ်ပါ, ဒီကားကတော့ Nightclub က အပျော်မယ်လေး Aoi ရဲ့ခက်ခဲတဲ့ဘဝအကြောင်းပါ, Aoi ဟာ ဘဝပေးအခြေအနေကြောင့် ကျောင်းဆက်မတက်နိုင်တော့ဘဲ အသက်မပြည့်သေးဘဲ ဒီအလုပ်တွေနဲ့ရှာဖွေစားသောက်လျက်ရှိပါတယ်, ငယ်ငယ်ရွယ်ရွယ်နဲ့အိမ်ထောင်ကျခဲ့ပြီး ဘာမှလက်လုပ်လက်စားမရှိ ရှိသမျှပိုက်ဆံကိုသုံးဖြုန်းတတ်တဲ့ ယောကျာ်းMasaya နဲ့ 2နှစ်အရွယ်သားလေးတစ်ယောက်မွေးဖွားခဲ့ပါတယ်, ပိုက်ဆံမပေးနိုင်ရင်လည်း ယောကျာ်းဆီမှာထိုးကြိတ်ခြင်းခံရပါသေးတယ် တစ်နေ့မှာ အသက်မပြည့်သေးတဲ့လူတွေနဲ့လုပ်ကိုင်စားသောက်တဲ့ Club တွေကို ရဲတွေကဝင်ဖမ်းပြီးပိတ်သိမ်းလိုက်တာကြောင့် Aoi တစ်ယောက်အလုပ်လက်မဲ့ဖြစ်သွားခဲ့ပြီး အခြားကလပ်တွေပါအလုပ်မခံ့ကြတော့ပါဘူး, ဒီကြားထဲ Masaya တစ်ယောက်ရန်ဖြစ်ပြီး အချုပ်ထဲရောက်သွားလို့ လျော်ကြေးပေးရမယ်အခြေအနေတွေဖြစ်လာတာကြောင့် Aoi မှာပိုက်ဆံလိုလာခဲ့ပြီး သူ့မှာရွေးချယ်စရာတစ်ခုပဲရှိလာပါတော့တယ်, ဒါကတော့ ဒိတ်လိုက်တဲ့ဝန်ဆောင်မှုပါ, သာမန်နေ့ပိုင်းအလုပ်ကလည်း လစာပိုက်ဆံနည်းပါးလွန်းတာကြောင့် Aoi ဟာ ဒိတ်လုက်တဲ့ဝန်ဆောင်မှုနဲ့ ဒီအခက်အခဲတွေကိုဘယ်လိုဖြေရှင်းရမလဲ အကျိုးဆက်တွေဘယ်လိုတွေဖြစ်လာမလဲဆိုတာကြည့်ရှုရမှာပါ (မင်းသမီးကတော်တော်လှတယ်) ( ဘာသာပြန်ပြီး အညွှန်းရေးသာထားသူကတော့ Son Gohan ပါ ) File Size__(2GB) / (1GB) Quality__1080p, 720p IMDb Rating__7/10 Format__mp4 Duration__02:04:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by Son Gohan Encoded by Naing Aung Latt

7.1 2022 123 mins
A Far Shore
Naked Weapon
5.5

Naked Weapon 2002 ကမ္ဘာတစ်ဝှမ်းလုံးမှာ ၁၃ နှစ် အရွယ် မိန်းကလေးတွေ ပျောက်နေကြတယ်။ ဒါနဲ့ ပတ်သတ်ပြီး CIA က Jack Chen နဲ့ သူ့အဖွဲ့ဟာ လိုက်လံစုံစမ်းနေခဲ့တာကြာပြီ။ သူတို့ရဲ့ တစ်ခုတည်းသော သဲလွန်စက မဒမ် M ဆိုတဲ့ အမျိုးသမီး နဲ့ သူဦးဆောင်တဲ့ အဖွဲ့အစည်းပဲ။ မဒမ် M ဟာ ကမ္ဘာ တစ်ဝှမ်းမှာရှိတဲ့ ၁၃ နှစ် အရွယ် မိန်းကလေးငယ်တွေကို ပြန်ပေးဆွဲတယ်။ လူသူမနီးတဲ့ ကျွန်းဆီ ခေါ်သွားပြီး အဲဒီ မိန်းကလေးတွေကို စစ်ရေးလေ့ကျင့် သင်ကြားပေးတယ်။ မဒမ် M ပြန်ပေးဆွဲတဲ့ မိန်းကလေးတွေအားလုံးဟာ အားကစား ဒါမှမဟုတ် ကိုယ်ခံပညာ တစ်ခုခုမှာ အများနဲ့ မတူအောင် ထူးချွန်တဲ့ သူတွေ ဖြစ်တယ်။ အဲဒီထဲမှာ Charlene ဆိုတဲ့ ကလေးမလေးလည်း ပါတယ်။ CIA က Jack Chen က လည်း ပျောက်သွားတဲ့ ကလေးတွေနဲ့ Charlene တို့ အကြောင်းကို လိုက်စုံစမ်းနေခဲ့တာ ၈ နှစ်ကြာတဲ့အထိ ဘာသဲလွန်စမှ မရခဲ့ဘူး။ ၈ နှစ်ကျော်ကြာပျောက်ဆုံးနေတဲ့ ကလေးမတွေဟာ မဒမ် M ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လေ့ကျင့်ရေးစခန်းကနေ လှပချောမောပြီးရက်စက်စွာဇီဝိန်ချွေတတ်တဲ့ မိန်းမလှလေးအဖြစ် ထွက်ပေါ်လာတဲ့အမှာတော့… မဒမ် M တစ်ယောက် သူပျိုးထောင်ထားတဲ့ မိန်းမငယ် လူသတ်သမားလေးတွေနဲ့ ဘယ်လို ပြစ်မှုတွေကို ကျူးလွန်မှာလဲ Charlene တစ်ယောက်ကရော မဒမ် M အားကိုးရတဲ့ အတော်ဆုံး လူသတ်သမား ဖြစ်လာမှာလား သူ့ကို လိုက်စုံစမ်းနေတဲ့ Jack Chen နဲ့ ရော ဘယ်လိုတွေ ရေစက်ဆုံဖြစ်ကြမှာလဲ မဒမ် M တို့ အဖွဲ့အစည်းကြီးကရော နောက်ဆုံးမှာ ဘာဖြစ်သွားမှာလဲဆိုတာ……။ ဒီကားမှာ Charlee Ching အဖြစ် Nikita မင်းသမီး Maggie Q အဓိကပါဝင်ထားပြီး မင်းသား Daniel Wu နဲ့အခြားသရုပ်ဆောင်များစွာအားဖြည့်ထားပါတယ်။ 2002 ခုနှစ်ကထွက်ရှိခဲ့တဲ့ဇာတ်ကားဖြစ်ပေမယ့် အမျိုးသမီးဖိုက်တာဇာတ်ကြမ်းတွေထဲမှာတော့ အခုချိန်ထိဗိုလ်စွဲနေသေးတဲ့ အက်ရှင်ဇာတ်ကားဖြစ်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို DreamWalker မှ တင်ဆက်ထားပါတယ်။)

5.5 2002
Naked Weapon
Prison Flowers
5.9

ဇာတ်ကားတစ်ကားလုံးမှာ အမျိုးသမီးတွေပဲပါတဲ့ ရုပ်ရှင်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဟောင်ကောင်ရုပ်ရှင်ကောင်းတွေ ရှားပါးလာတဲ့အချိန်မှာ ဒီဟောင်ကောင်ရုပ်ရှင်လေးက ကြည့်ရှုသူတိုင်းကို ခံစားချက်တစ်ခုခုတော့ ပေးခဲ့မယ်ဆိုတာ သေချာပါတယ်။ 1995 ခုနှစ်က ဟောင်ကောင်ရဲ့အမျိုးသမီးထောင်ထဲမှာ ဖြစ်ပါတယ်။ စီးပွားရေးသမားတစ်ယောက်ဖြစ်တဲ့ အစ်မတင်ဟာ ဥပဒေကို နားမလည်ပဲ စာချုပ်မှားချုပ်မိတဲ့အတွက် ထောင်ကျခဲ့ပါတယ်။ ထောင်ထဲဝင်ဝင်ချင်း ထောင်ထဲကစီနီယာဖြစ်သူ ယောက်မပေါ်နဲ့ အတိုက်အခံဖြစ်ခဲ့ပါတယ်။ ထောင်ထဲကစည်းကမ်းတွေကို သဘောမကျတဲ့အတွက် လူအများက သူမကို ပယ်ထားခြင်းခံခဲ့ရပါတယ်။ ခိုင်လိက သူမကို ထောင်ပတ်ဝန်းကျင်နဲ့ အသားကျအောင် ကူညီပေးခဲ့ပါတယ်။ အဲ့ကတစ်ဆင့် သဘောကောင်းပြီး ထောင်ထဲက ညီအစ်မတွေကို စောင့်ရှောက်ပေးတဲ့ အမေပေါ်နဲ့ ရင်းနှီးသွားခဲ့ပါတယ်။ ထောင်ထဲမှာ ဂွမ်းထုပ်မလောက်ငမှုကို ဖြေရှင်းဖို့အတွက် အစ်မတင်ဟာ စီးပွားရေးဦးနှောက်ကို အသုံးချပြီး အမေပေါ်နဲ့ပူးပေါင်းပြီးတော့ ထောင်ထဲကညီအစ်မများအတွက် အခက်အခဲတွေ ကူညီဖြေရှင်းပေးပြီး အမျိုးသမီးထောင်ကို ငြိမ်းချမ်းအောင် ကြိုးစားခဲ့ကြပါတယ်။ အစ်မတင်လည်း လူအများရဲ့ချစ်ခင်လေးစားခြင်းကို ခံခဲ့ရပါတယ်။ ဒါပေမဲ့ မထင်ထားပဲ အမျိုးသမီးထောင်က လူဆိုးကြီးထန်းကျူးဟွမ်က ထောင်ထဲပြန်ဝင်လာပြီး ထောင်တည်ငြိမ်အေးချမ်းမှုကို ဖျက်ဆီးခဲ့ပါတယ်။ အစ်မတင်တစ်ယောက် ထောင်တည်ငြိမ်မှုရအောင် ဘယ်လိုကြိုးစားခဲ့သလဲ …… ထန်းကျူးဟွမ်ကရော ဘယ်လိုရက်စက်ယုတ်မာသလဲ…… အစ်မတင်တို့အဖွဲ့ ထန်းကျူးဟွမ်ကို ဘယ်လိုအနိုင်ယူမလဲဆိုတာကို ရုပ်ရှင်လေးကိုပဲ ကြည့်ရှုခံစားလိုက်ပါနော်။

5.9 2023
Prison Flowers
Pippa

Pippa (2023) “စစ်သည်တော် ပစ်ပ်ပါ” Amazon Prime Videoကနေ ထုတ်လွှင့်လိုက်တဲ့ အိန္ဒိယစစ်ကားကောင်းလေး တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ အမေရိကန်ဒေါ်လာ ခုနစ်သန်းကျော်အကုန်ကျခံ ရိုက်ကူးထုတ်လွှင့်ခဲ့တဲ့ ဒီကားဟာဆိုရင် အရှေးကူးမားသရုပ်ဆောင်တဲ့ Airlift(2016)ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာကြီး ရာဂျာခရစ်ရှ်နာမီနွန် ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ Airlift(2016)ကို ကြည့်ဖူးရင် သူ့ရဲ့ရိုက်ကူးတင်ဆက်မှုကို ခန့်မှန်းကြည့်လို့ရမှာပါ။ Fury(2014)တို့ T-34(2019)တို့ကရတဲ့ Vibeကို အိန္ဒိယဗားရှင်းနဲ့ခံစားရတာမျိုးဗျ။ “စစ်သည်တော် ပစ်ပ်ပါ”ဆိုလို့ ပစ်ပ်ပါဟာ စစ်သည်တော်တစ်ဦးတော့မဟုတ်။ “ပစ်ပ်ပါ”ဆိုတဲ့ အိန္ဒိယရဲ့ ကုန်း‌ရောရေပါသုံးလို့ရတဲ့ ပထမဆုံးတင့်ကား PT-76ကြီးပေါ့။ အိန္ဒိယစစ်ကားဆိုတာနဲ့ အားလုံးလည်းသိတဲ့အတိုင်း ဘယ်နဲ့ဖြစ်မလဲဆို မြေကြီးလက်ခတ်မလွဲ ဖန်တရာထပ်‌နေတဲ့ အင်ဒို-ပါကစ္စတန်စစ်ပွဲပဲပေါ့။ ဘာလ်ရမ်ဟာ ခပ်နောက်နောက်စစ်သားတစ်ယောက်ဆိုပေမဲ့ မျိုးနဲ့ရိုးနဲ့ စစ်သားလုပ်နေကြတဲ့ နိုင်ငံ့သစ္စာတော်ခံမိသားစုကပါ။ အရည်အချင်းရှိသူဆို‌ပေမဲ့ စစ်ရေးလေ့ကျင့်တာကိုတောင် အမိန့်ကို မသိမသာလေးဖီဆန်ပြီး စွန့်စားတတ်လွန်းလို့ အထက်အရာရှိတွေကပါ တော်ရုံဆို မျက်ကွယ်ပြုပေးထားရသူပါ။ ဒီလိုနဲ့ တစ်နေ့မှာ ပါကစ္စတန်ဘက်က တင့်ကားတပ်ဟာအိန္ဒိယနယ်စပ်ဘက်ကို ဦးတည်လာနေတယ်ဆိုတဲ့သတင်းပေါက်ကြားလာခဲ့တယ်။ အရှေ့ပါကစ္စတန်နဲ့အနောက်ပါကစ္စတန် အင်အားပြိုင်ဆိုင်မှုကြားမှာ အိန္ဒိယနယ်စပ်ကို ပြုံပြီးရောက်ရှိလာတဲ့ ဘင်္ဂလီစစ်ဘေးရှောင်ဒုက္ခသည်တွေ၊ စီးပွားရေးဝန်ပိနေတဲ့ကြားက လူသားချင်းစာနာမှုကို ရွေးချယ်လိုက်ခါမှ စစ်မီးကူးစက်လာဖို့ ဖြစ်လာတဲ့အခါ၊ အေးချမ်းသာယာနေတဲ့ ဘာလ်ရမ်တို့ရဲ့မိသားစုဘဝလေးဟာလည်း စစ်သားမိသားစုပီပီ ရှေ့တန်းကနေထွက်ဖို့ဖြစ်လာလေတော့… တင့်ကားမောင်းတဲ့တပ်သားတစ်ယောက်ဖြစ်တဲ့ ဘာလ်ရမ်တစ်ယောက် သူ့ရဲ့စီးတော်ယာဉ်ကြီးပစ်ပ်ပါနဲ့အတူ ရှေ့တန်းကနေ တိုက်စစ်ဆင်တဲ့အကြောင်း ရှေ့တန်းထွက်စစ်သည်တစ်ယောက်ရဲ့ရှုထောင့်နဲ့ တင်ဆက်ထားတဲ့ရုပ်ရှင်လေးကို ရှုစားပေးကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alex – ToMo – Zwe – V – BpL – Yunniတို့ပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

0 2023
Pippa
Irena’s Vow
6.2

စစ်ကားကြီးတွေက ပျင်းစရာကောင်းလွန်းလို့ မကြည့်ချင်ပါဘူးဆိုတဲ့ သူတွေအတွက် စိတ်ဝင်စား သွားစေရမယ်လို့ အာမခံတဲ့ ဒုတိယကမ္ဘာစစ် ဖြစ်စဉ် တုန်းက ဂျာမန်ဒရာမာဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ပုံမှန်စစ်ကားတွေလိုမျိုး စစ်တိုက်နေတာပဲ မဟုတ်ဘဲနဲ့ တကယ့် ဖြစ်ရပ်မှန် ဒရာမာဇာတ်လမ်းတစ်ပုဒ်ကို ပြန်လည် ရိုက်ကူးထားတဲ့အတွက် ကွဲထွက်နေပြီး ကြည့်လို့ကောင်းမှာတော့ အသေအချာပါပဲ။ ဒီဇာတ်ကားထဲမှာ ပါဝင်တဲ့ ဇာတ်လမ်းဇာတ်အိမ်တွေက အပြင်မှာ တကယ်ရှိခဲ့တဲ့ ဂျူးတွေရဲ့ အမျိုးသမီးသူရဲကောင်း အီရယ်နာဂွတ်ရဲ့အကြောင်းကို အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်ကားနာမည်ကတော့ အီရန်နာရဲ့ဇာတ်ကြောင်းဆိုတဲ့ အတိုင်း Irena’s Vow ဖြစ်ပြီး IMDb Rating 6.2 အထိရရှိထားပါတယ်။ အီရန်နာရဲ့ ဇာတ်ကြောင်းကိုစပြောရရင်တော့ ၁၉၃၉ ခုနှစ် စက်တင်ဘာလမှာ အီရန်နာနေထိုင်တဲ့ ပိုလန်ကိုဂျာမနီနဲ့ ဆိုဗီယက်တွေက ကျူးကျော်ခဲ့ပြီးနောက်မှာတော့ အီရန်နာအပါအဝင် ပိုလန်သူပိုလန်သားတွေအကုန် နေစရာအိမ် လုပ်ကိုင်စရာအလုပ်တွေနဲ့ အရေးအကြီးဆုံး လွတ်လပ်ခွင့်တွေ ပျောက်ဆုံးသွားခဲ့ရပါတော့တယ်။ အဲ့ဒီနောက်ပိုင်း အီရန်နာကို ဂျာမန်စစ်စခန်းတစ်ခုမှာ အတင်းအဓမ္မအလုပ်လုပ်ဖို့ စေခိုင်းခဲ့ပေမဲ့ အီရန်နာက စိတ်ဓာတ်ခွန်အားပြည့်၀ပြီး အလုပ်ကြိုးစားတတ်တဲ့ အမျိုးသမီးတစ်ယောက် ဖြစ်တဲ့အတွက် သိပ်မကြာခင်မှာပဲ ဂျာမန်အရာရှိကြီးတစ်ယောက်ရဲ့ အိမ်မှာအိမ်တော်ထိန်း အဖြစ် အလုပ်ရသွားပါတော့တယ်။အဲ့ဒီမတိုင်ခင်က သူက စက်ချုပ်ခန်းမှာရှိတဲ့ ဂျာမန်တွေအရမ်းမုန်းတီးပြီး နိမ့်ချဆက်ဆံကြတဲ့ ဂျူးတွေရဲ့ အလုပ်ခေါင်းဆောင် ဖြစ်ခဲ့ပါသေးတယ်။ ဂျာမန်တွေက သူတို့နေထိုင်ရာမြို့မှာ ဂျူးကင်းစင်သွားအောင် အကုန်သုတ်သင်ပစ်မဲ့အကြောင်းကို အီရန်နာကြားသွားပြီး နောက်မှာတော့ အဲ့ဒီဂျူးတွေအားလုံးကို သူအလုပ် သွားလုပ်ရမဲ့ ဂျာမန်အရာရှိကြီးရဲ့ အိမ်မှာ ဖွက်ထား ပေးဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ်။ဒီလိုနဲ့ အီရန်နာတစ်ယောက် မီးခဲကြီးကို လက်ထဲမှာကိုင်ထားရသလို ရင်တထိတ်ထိတ်နဲ့ အိမ်ထဲမှာ ဂျူးတွေကို ဖွက်ထားပေးရင်း အီရန်နာနဲ့ဂျူးတွေ အန္တရာယ်တွေကြားက ဘယ်လိုတွေအတူတူရင်ဆိုင် ကျော်ဖြတ် သွားရမယ်ဆိုတာတွေအပြင် မထင်မှတ်ထားတဲ့ဒရာမာအချစ် ဇာတ်လမ်းလေးတစ်ခုကို ပါကြည့်ရှုရမဲ့ စိတ်ဝင်စားစရာ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.30GB / 610MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….2h 1m Genre …..War Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.2 2023
Irena’s Vow
Parijatha Parvam
7.5

Parijatha Parvam (2024) မင်းသားတစ်ယောက် ဖြစ်ဖို့အရေး ဒီတစ်ခါမှာတော့ Comedy, Thriller အမျိုးအစား အိန္ဒိယဇာတ်လမ်းကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ နယ်မြို့လေးတစ်မြို့က သာမညကောင်လေးနှစ်ယောက် တစ်ယောက်က ဒါရိုက်တာ တစ်ယောက်က မင်းသားဖြစ်ဖို့အတွက် ပရိုဂျူဆာတွေကို ကပ်ရင်း ဇာတ်ကားထွက်ရှိဖို့ ကြိုးစားတဲ့အခါ တိုက်ခိုက်ခြင်းမျိုးစုံကို ကြုံရပါတော့တယ် အဲဒီအချိန်မှာ ပရိုဂျူဆာတစ်ယောက်က သူတို့ကို နှိမ့်ချဆက်ဆံတဲ့အတွက် နှစ်ယောက်သား အဲဒီပရိုဂျူဆာရဲ့ မိန်းမကို ပြန်ပေးဆွဲဖို့ စီစဉ်ပါတော့တယ် ဒါပေမဲ့ ပြန်ပေးဆွဲရတဲ့တကယ့်နောက်ကွယ်က အကြောင်းအရင်းက နှိမ့်ချဆက်ဆံတာကြောင့်တင် ဟုတ်ပါ့မလား ဘာလို့များ တကူးတကကြီး ပြန်ပေးဆွဲတာလဲက တွေးစရာဖြစ်လာပါတယ် ဒီတော့ ဘာတွေဆက်ဖြစ်မလဲ…. ဘယ်လိုတိုက်ခိုက်ခံရလို့ ပြန်ပေးဆွဲတာအထိပါ လုပ်ဖို့ ကြံစည်ရတာလဲ…. နောက်ကွယ်မှာ တခြားအကြောင်းအရင်း ရှိနေမလား…သိချင်ရင် ဇာတ်လမ်းလေးကို ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါရစေ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood team က ဖြစ်ပါတယ်)

7.5 2024 133 mins
Parijatha Parvam
Roxana
5.2

Roxana 2024 ယခုတစ်ခါမှာတော့ မလေးရှား အက်ရှင်ဟော်ရာကားကောင်းလေးတစ်ကားတင်ဆက်ပေးချင်ပါတယ်။ ရိုဇယ်နာရဲ့ကောင်လေးဖြစ်သူ အာမန်ရဲ့ လက်ဝှေ့ပြိုင်ပွဲမှာအနိုင်ရတဲ့အထိန်းအမှတ်အနေနဲ့ ပါတီလုပ်ဖို့အတွက် အာမန်တို့သူငယ်ချင်းတွေ စီစဉ်ကြရင်း မတော်တဆ အာမန်တစ်ယောက် လူသတ်မိပါတော့တယ်။ ဒီအမှုကနေ ရှောင်နိုင်ဖို့အတွက်နဲ့ အမှုဖြစ်ရာနေရာကနေ ထွက်ပြေးဖို့လုပ်ကြပါတော့တယ်။ ဒီအချိန်မှာပဲ အလောင်းနဲ့ ရွှေလဲဖို့လုပ်နေတဲ့ လူနာတင်ကားမောင်းသူ လူနှစ်ယောက်ဟာ ရောက်ရှိလို့လာပြီးတော့ အလောင်းကို ယူသွားပါတယ်။ အဲဒီနောက်မှာ အလောင်းကို လက်ခံရယူလိုက်တဲ့သူဟာ ဒီအလောင်းကို အသုံးပြုပြီးတော့ ဂျင်ကို ခေါ်ဖို့လုပ်တဲ့အခါမှာတော့ ……. အာမန်တို့ သူငယ်ချင်းအုပ်စုတွေ မှုခင်းနေရာကနေ ထွက်ပြေးလာရင်း ဘာတွေတွေ့ကြုံရမလဲ …… အလောင်းကနေ ဂျင်ကိုခေါ်ဖို့ လုပ်ရာကနေရော ဘယ်လို ခြောက်ခြားဖွယ်ရာတွေဖြစ်လာမလဲ ……. ဆိုတာကို ကြည့်ရှုရမယ့် အက်ရှင်ဟော်ရာဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ ToMo~ Star~ KKKZ~ Yunni တို့ပဲဖြစ်ပါတယ်)

5.2 2024 98 mins
Roxana
Chicken Coop
5.6

Chicken Coop (2024) IMDb Rating (5.6) မိဘနဲ့ သားသမီးကြား ဆက်ဆံရေးတွေကို ရိုက်ပြထားတဲ့ မိသားစုဒရာမာ ကားကောင်းတွေထဲက တစ်ကားဖြစ်ပါတယ်။ ရုပ်ရှင်ကို ဇာတ်ဆောင်က သူ့မိန်းမနဲ့အတူ ခရစ္စမတ်မှာ အဖေဖြစ်သူနေတဲ့ ပြည်နယ်ဆီ သွားနေတဲ့ အခန်းနဲ့ စထားပါတယ်။ ရုပ်ရှင်ကားထဲမှာ ဇာတ်ဆောင်ကို နာမည်မပေးထားပါဘူး။ သူက ရှေ့နေတစ်ယောက်ဖြစ်ပြီး သူ့ အမေဆုံးသွားပြီးထဲက အဖေနဲ့ စကားမပြောဖြစ်တာ ငါးနှစ် ရှိနေပြီ ဖြစ်ပါတယ်။ ဒီလို အေးစက်နေတဲ့ သားအဖဆက်ဆံရေးကို ပြုပြင်ဖို့အတွက် သူ့မိန်းမက ခရစ္စမတ်မှာ အဖေ့ဆီသွားလည်ဖို့ အကြံပေးပါတယ်။ အဖေဖြစ်သူ Abe ဟာ ခါး ခွဲစိတ်မှု လုပ်ထားတဲ့အတွက်လည်း အဖေ့အိမ်မှာ လိုအပ်နေတဲ့ဝေယျာဝေစ္စတွေကို ကူပြီး လုပ်ရင်းနဲ့ သားအဖတွေ ပြန်ပြီး ရင်းနှီးမှု ရလာတာကို ကြည့်ရမှာဖြစ်ပါတယ်။ မိသားစု ဒရာမာကားကောင်းလေးမို့ ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Leonie ဖြစ်ပါတယ်။) File size…(940 MB) / (510 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Drama, Family Duration….01:38:49 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Leonie

Drama • Music
5.6 2024
Chicken Coop