YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The Slave Hunters (2010)Ep14 WEB-DL 1080p(CM).mp4

1.35 GB N/A video/mp4 136 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Omen
7.4

~ IMDb - 7.5/10, RT - 86%, Meta - 62% ~ တစ်ချို့ရုပ်ရှင်တွေက ကျိန်စာသင့်နေတတ်ကြတာ အားလုံးပဲ ကြားဖူးကြပါလိမ့်မယ်။ The Omen ဟာ အဲဒီကျိန်စာသင့်ရုပ်ရှင်တွေထဲမှာမှ အဆိုးဆုံးကျိန်စာသင့်နေတဲ့ ရုပ်ရှင်အဖြစ် သတ်မှတ်ခံထားရတဲ့ ရုပ်ရှင်ပါ။ အိုမန်ရိုက်ကွင်းမှာ သေတာတွေရော ဒဏ်ရာရတာတွေရော မိုးကြိုးပစ်တာတွေပါ အစုံဖြစ်ခဲ့ပြီး ဒီရုပ်ရှင်ကိုလုပ်တဲ့သူက အဖွဲ့သားတွေကို ဒီရုပ်ရှင်ရိုက်တာကို စေတန်ကြိုက်မှာမဟုတ်ဘူးလို့တောင် ပြောခဲ့ဖူးပါတယ်။ ဒီရုပ်ရှင်ဟာ ရုပ်ရှင်သမိုင်းမှာ စေတန်ကို စိတ်ဆိုးအောင်လုပ်ခဲ့တဲ့ ရုပ်ရှင်အဖြစ်လည်း သတ်မှတ်ခံခဲ့ရပါတယ်။ သူရိုက်ထားတဲ့အကြောင်းအရာကလည်း ခရစ်တော်ရဲ့ ဆန့်ကျင်ဘက် Antichrist ဖြစ်တဲ့ ယေဝါဖန်ဆင်းတဲ့ နိုင်ငံတော်ကို အရင်းကဖြိုဖို့ စေတန်က လူ့အသွင်နဲ့ လူ့လောကထဲ အကြံကြီးကြံဖို့ လွှတ်ထားတဲ့ ဒေမီယံဆိုတဲ့ စေတန်ရဲ့သားတော် လူ့လောကထဲရောက်လာတဲ့အကြောင်းပါ။ ဒေမီယံဟာ လူ့လောကထဲကကို သွန်းဆိုတဲ့ လူကုံထံတစ်ယောက်ရဲ့သားကို သတ်ပြီး သူ့နေရာအစားဝင်ပြီး သွန်းရဲ့ စည်းစိမ်တွေကို အသုံးချပြီး ဒီလောကကြီးကို စေတန်လိုချင်တဲ့ ပုံစံအတိုင်းဖန်ဆင်းပစ်ဖို့ ရောက်လာခဲ့တာပါ။ ဒီရုပ်ရှင်ဟာ ဒေမီယံရဲ့ နိဒါန်းကိုရိုက်ပြထားတဲ့ ရုပ်ရှင်ပါပဲ။ အိုမန်ဟာ Horror ကားပေမဲ့ ထူးထူးခြားခြား စီနီမာတိုဂရပ်ဖီရော အသံပိုင်းရော အတော်လေးလက်ရာမြောက်ပြီး Best Music Oscar ဆုကိုပါ ရခဲ့ပါတယ်။ ဒီလိုရတယ်ဆိုပေမဲ့ ကြုံနေကျ သရဲကားတွေလို အသံကို ဇွတ်ဆက်တွေ သုံးထားတာမဟုတ်ဘဲ လိုအပ်တဲ့နေရာမှာပဲသုံးပြီး အဲဒီလိုသုံးတဲ့အခါမှာလည်း ကြက်သီးထစရာကောင်းအောင် သုံးခဲ့တာပါ။ ရုပ်ရှင်ရဲ့ Theme Song ဖြစ်တဲ့ Jerry Goldsmith ရေးစပ်ထားတဲ့ "Ave Satani" ဟာလည်း အတော်အောင်မြင်ခဲ့ပါတယ်။ အိုမန်ကို လန်ဒန်မှာအဓိကရိုက်ခဲ့ပြီး ရောမ အီတလီ ဂျေရုဆလင်နဲ့ အစ္စရေးတို့မှာပါ သွားရောက်ရိုက်ကူးခဲ့ပါတယ်။ To Kill A Mockingbird, Roman Holiday, Cape Fear တို့နဲ့ နာမည်ကျော်ခဲ့တဲ့ ဂန္ထဝင်မင်းသားကြီး Gregory Peck ဟာ ဒီကားကို ပိုပြီးထူးခြားစေတဲ့ အကြောင်းအရင်းတစ်ခုဖြစ်ခဲ့သလို သူ့ရဲ့ မိန်းမနေရာက သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Lee Remick ဟာလည်း ကောင်းကောင်းကြီး ပံ့ပိုးပေးနိုင်ခဲ့တယ်။ ဒါပေမဲ့ သူတို့ကာရိုက်တာတွေဟာ ဒေမီယံရဲ့နေရာလောက် မခက်ခဲခဲ့ဘူး။ ဒီကားရဲ့ ဇာတ်သိမ်းပိုင်းမှာ Harvey Spencer Stephens ရဲ့ Damien သရုပ်ဆောင်ပုံဟာ ဒီလိုကျောချမ်းစရာကောင်းလွန်းတဲ့ကားရဲ့ အံ့မခန်း နိဂုံးဖြစ်သလို ရုပ်ရှင်သမိုင်းရဲ့ အကောင်းဆုံး Ending တစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ အိုမန်ဟာ Jumpscare တွေကို အလွန်အကျွံမသုံးဘဲ အတိုင်းအတာတစ်ခုလောက်အထိသာ သုံးထားပေမဲ့ သူ့ဇာတ်ဝင်ခန်းတွေက တစ်ခန်းဆိုတစ်ခန်းဆိုသလို ရင်ထိတ်စရာကောင်းတဲ့အပြင်ကို ပဟေဠိတွေချန်ခဲ့နိုင်တဲ့ အတော်ကောင်းတဲ့ Storytelling နဲ့ ချပြထားတာပါ။ အိုမန်ရုပ်ရှင်ရဲ့ ဇာတ်ဝင်ခန်းတွေထဲ တစ်ခန်းဟာလည်း ကြောက်စရာအကောင်းဆုံး ရုပ်ရှင်အခန်းတစ်ရာမှာ နံပါတ် ၁၆ ချိတ်ခဲ့ပါတယ်။ Horror ကားလည်းဖြစ် Horror အငွေ့အသက်စစ်စစ်ကိုလည်းရနေရင်းမှ ဒီလောက်ကောင်းတဲ့ကားဆိုတာ အတော်ရှားပါလိမ့်မယ်။ (ဒီဇာတ်ကားအညွှန်းကို ရေးပေးထားသူကတော့ WiRa Aung ဖြစ်ပြီး ပြန်ဆိုပေးထားသူကတော့ 666 ဖြစ်ပါတယ်) Size - 2.33GB, 1.2GB, 650MB Quality - 1080p, 720p, 480p IMDb Rating - 7.5/10 Format - mp4 Duration - 1H 51Min Genre - Horror, Mystery Subtitle - Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Drama • Science Fiction
7.4 1976 111 mins
The Omen
Three Thousand Years of Longing
7

ဒီရုပ်ရှင်ကို ရိုက်တဲ့သူက Mad Max ကားတွေရဲ့ ဒါရိုက်တာ စာရေးဆရာဖြစ်တဲ့ George Miller ဖြစ်တဲ့အပြင်ကို အမျိုးအစားကလည်း Fantasy, ပိုစတာကြည့်တော့လည်း မီးခွက်စောင့်ဘီလူးလိုဘဲနဲ့ဆိုတော့ Fantasy / Adventure ဆန်ဆန်ကားဖြစ်မယ် ထင်ခဲ့မိတာပေါ့။ တက်တက်စင်အောင်လွဲပါတယ်။ Before Trilogy နဲ့များ မှားဒေါင်းမိသလားထင်ရတဲ့အထိ အတိတ်မှာ ဂျင် ဖန်ပုလင်းထဲ ဆော်လမုန်ပိတ်တာခံရတဲ့ ရှီဘာဘုရင်မနဲ့ဆော်လမုန်တို့ခေတ်တို့၊ ကွန်စတန်တီနိုပယ်နန်းတော်ထဲရောက်သွားတာတို့၊ ဒါဗင်ချီလိုလို ဂျီးနီးယပ်စ်မနဲ့ ခေတ်သုံးခေတ်ကလွဲ ကျန်တဲ့တစ်ကားလုံး Tilda Swinton ရဲ့ဇာတ်ကောင် အလစ်သီယာနဲ့ အခန်းထဲ စကားတွေထိုင်ပြောရင်းတင် ပြီးသွားပါတယ်။ ရိုလည်းရိုပါတယ်။ စကားတွေက ဒိလည်းဒိပါတယ်။ ဒါကြောင့် Before Trilogy နဲ့များ မှားသွားလား ပြန်မေးယူရတာပါပဲ။ ဇာတ်ကတော့ အလစ်သီယာလို့ ခေါ်တဲ့မိန်းမတစ်ယောက်က ဖန်ပုလင်းတစ်ခု ဝယ်တာကနေ စတာပါပဲ။ အထဲက အာလာဒင်ရဲ့ မီးခွက်စောင့် ဘီလူးလို ဂျင်တစ်ကောင် ထွက်လာပြီး သူ့ကိုဆုတောင်း၃ခုဖြည့်ပေးမယ်ပြောတယ်။ ဒါပေမဲ့ ဆော်လမုန်က ဂျင်ဟာ သူ့ဆန္ဒ ထုတ်ပြမိလို့ ဖန်ပုလင်းထဲ ပိတ်ထားခဲ့တာဆိုတော့ သူဖြည့်ပေးရမယ့်ဆုသုံးခုက ဆုတောင်းတဲ့သူ အသည်းထဲကနေ နှစ်နှစ်ကာကာ တကယ်လိုချင်တဲ့ဆုဖြစ်ရပါမယ်။ အဲဒီလိုဆုမဟုတ်ရင် သူမလွတ်နိုင်ပါဘူး။ ဒီလိုနဲ့ဂျင်နဲ့ အလစ်သီယာဟာ အလစ်သီယာ ဘာလိုချင်တာလဲ သိရဖို့ စကားတွေထိုင်ပြောကြရင်း ဂျင်ကလည်း အလစ်သီယာကို သူ့အခြေအနေကို နားလည်အောင် သူ သုံးကြိမ်သုံးခါပိတ်လှောင်ခံထားခဲ့ရတဲ့ နှစ်ပေါင်းသုံးထောင်အကြောင်း ပြန်ပြောကြရင်း သူတို့၂ယောက်ကြားက ကွက်လပ်ကို အဖြေရှာကြမှာပါ။ ဘယ်လိုဆုမျိုးတောင်းမလဲကတော့ ခင်ဗျားလည်း ထင်မိမှာမဟုတ်ပါဘူး။ တော်တော်လေး စိတ်ဝင်စားစရာကောင်းပါတယ်။ ဇာတ်လမ်းထဲမှာ အလစ်သီယာက ပုံပြင်တွေဇာတ်လမ်းတွေကို လေ့လာတဲ့သူပါ။ သူက ဆုတောင်းတာရဲ့ အန္တရာယ်များတဲ့အကြောင်းတွေ အကုန်လုံးသိထားတယ်။ ဟိုကြားဖူးနေကျ လှေပေါ်သောင်တင်နေရာက ရှေ့ကဆုတောင်းပြီး လစ်သွားတဲ့ ၂ကောင်ကို တတိယကောင်က ကျွန်တော့်သူငယ်ချင်းတွေကို လွမ်းတယ်ဆိုပြီး ပြန်ခေါ်ခိုင်းတဲ့ ဇာတ်လမ်းကိုတောင် ထည့်ပြောထားပါတယ်။ ဆုတောင်းမတော်ရင် ဖြစ်တတ်တဲ့ အကျိုးဆက်တွေကို ကောင်းကောင်းနားလည်ထားတဲ့သူက ဆုကိုသတိထားပြီးတောင်းတာကို ပြထားတာက မိုက်ပါတယ်။ ဒီကားကြည့်ရတာ အာလာဒင်လိုကားမျိုးဖြစ်မလားထင်ခဲ့ပေမဲ့ တက်တက်စင်အောင်လွဲပြီး အနီးစပ်ဆုံးတူတဲ့ ဥပမာပေးရရင် The Man from Earth ကားနဲ့တူပါတယ်။ စကားပဲထိုင်များနေပေမဲ့လည်း သူက သိပ်တော့မပျင်းရအောင် (တကယ်ဆို စကားတွေက ပျင်းစရာလည်းမရှိပါဘူး) ဆော်လမုန်နဲ့ရှီဘာတို့လို စိတ်ဝင်စားစရာ ဒဏ္ဍာရီလာဇာတ်ကြောင်းတွေကို ညှပ်ညှပ်ပြီး စိတ်ကူးယဉ်ဆန်ဆန်လည်း ပြသွားတော့ အပျော်ကြည့်ကားဘက်ကို သိပ်မရောက်ဘဲ ဒိနေပေမဲ့လည်း ကြည့်လည်းပျော်ပါတယ်။ ဒီဇာတ်လမ်းဟာ သူ့နာမည် Three Thousand Years of Longing လို့တဲ့အတိုင်းပဲ ဆန္ဒတွေ အချစ်တွေအကြောင်းကိုပိုဦးတည်ထားတဲ့ ဇာတ်လမ်းပါပဲ။ ဒီဇာတ်လမ်းကို အစအဆုံးကြည့်မိရင် သေချာတာတော့ အဆုံးကျရင် ဒီဇာတ်လမ်းကို ခင်ဗျားချစ်မိမှာပါပဲ။ ကြည့်ဖူးသမျှ မီးခွက်စောင့်ဘီလူးကားထဲတော့ အကောင်းဆုံးကားလို့ပြောလည်း မလွန်တော့မလွန်ပါဘူး။ ကောင်းလည်းကောင်း၊ ဆန်းလည်းဆန်းတဲ့ ကားမျိုးကြည့်ချင်ရင်တော့ ကွက်တိပါပဲ။ ဒီရုပ်ရှင် ဘယ်လိုရုပ်ရှင်မျိုးလဲ ပြောရရင် စိတ်ရောဂါကုဆရာဝန်နဲ့ လူနာစကားပြောနေတာကို ထိုင်ကြည့်နေရသလို ရုပ်ရှင်မျိုးပေါ့။ မတူတာကတော့ အခုဒီမှာ ကျွန်တော်တို့ ကြည့်ရမှာက ရူးနေတဲ့ စိတ်ရောဂါကုဆရာဝန်တွေနှစ်ယောက် စကားထိုင်ပြောတာကို ထိုင်ကြည့်နေရတဲ့ ဖီလင်မျိုးပေးပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.2GB, 1.3GB, 680MB Quality - 1080p, 720p, 480p IMDb Rating - 6.9/10 Format - mp4 Duration - 1H 48Min Genre - Drama, Fantasy, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Romance
7 2022 108 mins
Three Thousand Years of Longing
See The Sea
6

အခုတစ်ခေါက် CM ပရိသတ်တွေအတွက် ပင်လယ်စွန့်စားခန်းဇာတ်လမ်းလေးတစ်ပုဒ်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- ပင်လယ်မုဆိုးတပ်မှ ဝူချင်နှင့် လျိုလီ၊ တုချန်ဖုန်း၊ လုံရှင်း တိုသည် ပင်လယ်မုဆိုးအဖွဲ ဖွဲလိုက်ပြီး ကွေးရွှးနယ်မြေကို သွားရောက်ကာ မသေခြင်းရဲ့ လျှို့ဝှက်ချက်ကို ရှာဖွေကြတာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းထဲတွင် သေသူကိုပြန်ရှင်ပြီး အရိုးကိုအသားပြည့်စေနိုင်တဲ့ ကွေးရွှးကျောက်ကို ရှာဖွေရန်အတွက် ဝူချင်တိုအဖွဲဟာ အန္တရာယ်တွေနဲ့ ပြည့်နက်နေတဲ့ စွန့်စားရေးခရီးတစ်ခုကို စတင်ခဲ့ကြပါတယ်။ တစ်ဖက်မှာလည်း တခြားလျှိဝှက်အဖွဲတစ်ခုက တိတ်တဆိတ်လှုပ်ရှားနေခဲ့ပါတယ်။ ရတနာကိုလုယူဖိုအတွက် အဖွဲနှစ်ဖွဲ့ဘယ်လို ထိပ်တိုက်တွေ့ကြမလဲ...... စွန့်စားရေးခရီးမှာ အန္တရာယ်တွေကို ဘယ်လိုဖြတ်ကျော်ကြမလဲ...... ဆိုတာကို CM ရဲ့ဘာသာပြန်နဲ့အတူ ကြည့်ရှုခံစားလိုက်ပါဦးနော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Mystery , Fantasy , Adventure Runtime : 1h 16min Subtitle : Myanmar Subtitle ( hardsub ) Translated by CM Team Encoded by LK

Comedy • Crime • Thriller
6 2022
See The Sea
A Thousand Little Cuts
5.5

Anne ဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာ ဆေးရုံမှာနိုးလာပါတယ်။သူဘာလို့ဆေးရုံရောက်နေလဲဆိုတာ ဇဝေဇဝါဖြစ်နေပါတယ်။စိတ်ရောဂါကုဆရာ၀န်က သူ့ရဲ့အတိတ်ကို တူးဆွပေးပြီးထိတ်လန့်စရာ ဖြစ်ရပ်ကို ပြန်မှတ်မိနိုင်အောင် လမ်းပြပေးပါတယ်။ ဒါပေမယ့် Anne ရဲ့မသိစိတ်က တကယ်ဖြစ်ခဲ့တာတွေကို ဖန်တီးထားတဲ့မှတ်ဉာဏ်တွေနဲ့ အစားထိုးပြီး ဖြစ်ရပ်မှန်ကို ဖုံးကွယ်နေတဲ့အတွက်မလွယ်ကူပါဘူး။ Anne တယောက်ဟာ တုန်လှုပ်စရာဖြစ်ရပ်ကို မှတ်မိနိုင်ဖို့ နာကျင်ရတဲ့အတိတ်ကိုပြန်သွားရမှာပါ။ Director Josh Brandonရိုက်ကူးထားပြီး မင်းသမီးချော Rebecca Liddiard က အဓိကနေရာကနေပါ၀င်ထားပါတယ်။ဇာတ်လမ်းပြကွက်တွေက အတိတ်နဲ့ ပစ္စုပ္ပန်ကို တစ်လှည့်စီပြနေတာမျိုးပါ။စိတ်ပညာကိုစိတ်၀င်စားရင် ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်တစ်ကားပါပဲ။ File size…(1.1GB)/(623.97MB)/(306.2MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:27:00 Genre...Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....SP

Action • Fantasy
5.5 2022 87 mins
A Thousand Little Cuts
The First Day of My Life
6.7

“ကိုယ့်ဘ၀ရဲ့ ပထမဆုံးနေ့”ဆိုတဲ့အတိုင်း ရှင်သန်ခြင်းရဲ့အဓိပ္ပာယ်ကို သေချာ မီးမောင်းထိုး ရိုက်ကူးပြထားတဲ့ အီတလီဒရာမာကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မိုးတွေသည်းတဲ့ညတစ်ညမှာ ဘယ်ကမှန်းမသိတဲ့ အမည်မသိ အဖိုးကြီးတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ဖို့ကြိုးစားနေတဲ့ လူလေးယောက်ကို အသက်ဘေးကကယ်တင်ပေးခဲ့ပြီး စတေရှင်ဝက်ဂန်ကားလေးနဲ့ ခေါ်လာခဲ့ပါတယ်။ ဒီ အဆုံးစီရင်ဖို့ကြိုးစားခဲ့တဲ့ လူလေးယောက်ကတော့ နပိုလီယွန်လို့အမည်ရတဲ့ယောင်္ကျားကြီးရယ်၊ အာရီယာနာဆိုတဲ့ သက်လတ်အရွယ် မိန်းမကြီးရယ်၊ အမ်မီလီယာလို့ခေါ်တဲ့ မိန်းမပျိုလေးရယ်၊ ဒန်နီရယ်ဆိုတဲ့ ကလေးလေးတစ်ယောက်ပါ။ ဒီအဖိုးကြီးဟာ သူတို့လေးယောက်ကို ခုနစ်ရက်အချိန်ပေးလိုက်ပြီး သူတို့မရှိတော့တဲ့နောက်ပိုင်း သူတို့ဘ၀တွေဟာ ဘယ်လိုဖြစ်ဆက်သွားမလဲဆိုတာကို ခုနစ်ရက်တာကာလအတွင်း စတေရှင်ဝက်ဂန်လေးနဲ့ လိုက်လံပြသပေးပြီးတော့ သေဆုံးမှုထက် ရှင်သန်မှုကိုပဲရွေးချယ်ဖို့ရာကို တိုက်တွန်းဖို့ကြိုးစားပေးပါတော့တယ်။ ရုပ်ရှင်တလျှောက် လူလေးယောက်ရဲ့ မတူညီတဲ့ ဇာတ်လမ်းတွေကို အသေးစိတ်ပုံဖော်ထားပြီး စိတ်ခံစားမှုကို လှုပ်ခတ်‌စေအောင် နောက်ခံတေးတွေကိုလည်း သေချာအသုံးပြုထားတာကိုတွေ့ရပါမယ်။ ဒီလိုနဲ့ ခုနစ်ရက်ပြည့်တဲ့အချိန် သူတို့ဟာအသက်ရှင်နေခဲ့‌သေးရင် သူတို့ရဲ့အနာဂတ်နေ့ရက်မှာ သူတို့ကိုစောင့်မျှော်နေမယ့်သူတွေ၊ အဆုံးစီရင်ဖို့မကြိုးစားခင်က အထင်အမြင်လွဲမှားနေခဲ့တဲ့အရာတွေကို သိရှိသွားခဲ့ကြပြီးနောက်မှာတော့ သေကြောင်းကြံဖို့ ကြိုးစားနေခဲ့တဲ့ ဒီလူလေးယောက်ထဲမှာ ဘယ်သူတွေကဆက်ရှင်သန်ဖို့ လမ်းကို ရွေးချယ်မလဲ၊ ဘယ်သူတွေက‌ ကယ်တင်မှုကို လက်မခံဘဲ မူလရွေးချယ်မှုကိုပဲ ပြုလုပ်သွားကြမလဲဆိုတာကိုတော့ စိတ်ခံစားမှုကို ကိုင်လှုပ်‌ပေးမယ့် ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ရိုက်ကူးပုံဖော်ထားပါတယ်။ ဒီရုပ်ရှင်ဟာ စိတ်ဓာတ်ရေးရာ ဒရာမာကားဆိုပေမဲ့ တစ်ကားလုံး စိတ်ညစ်စရာတွေချည်းထိုင်ပြနေတာမဟုတ်ဘဲ ဘ၀မှာ ဘယ်လောက်ပဲ အခက်အခဲတွေနဲ့ ကြုံတွေ့ရပြီး ဆင်းရဲဒုက္ခခံစားနေရပါစေ ကိုယ့်ဘ၀ကိုရှေ့ဆက်‌နိုင်စေမယ့် အကြောင်းရင်း၊ ပျော်ရွှင်မှုတစ်စုံတရာ ရှိစမြဲဖြစ်ကြောင်းကို မက်ဆေ့ခ်ျပေးရင်း တချို့နေရာလေးတွေမှာ dark humor လေးတွေပါထည့်ထားပြီး ရိုက်ကူးထားပါတယ်။ ရုပ်ရှင်အပြီးမှာတော့ ကြည့်ရှုသူကိုယ်တိုင်လည်း ရှင်သန်ခြင်းရဲ့အဓိပ္ပာယ်နဲ့ ပတ်သက်ပြီး ခေါင်းထဲမှာ အတွေးတစ်ခုခုတော့ ကျန်ရစ်ခဲ့မှာမလို့ ရုပ်ရှင်ကြည့်ပရိတ်သတ်အနေနဲ့ ဒရာမာကားကောင်းတစ်ကားကို ကြည့်ချင်နေတယ်ဆိုရင်တော့ သေချာပေါက်မြည်းစမ်းကြည့်ဖို့ ညွှန်းဆိုရင်းနဲ့ပဲ နိဂုံးချုပ်လိုက်ပါတယ်။ File size…(1.4 GB)/(764 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Comedy, Drama, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

Drama • Comedy
6.7 2023
The First Day of My Life
The Whistleblower
7.1

၂၀၁၀ ပြည့်နှစ်ကထွက်ရှိခဲ့တဲ့ ကနေဒါမှတ်တမ်းရုပ်ရှင်ဒရမ်မာ အမျိုးအစားဖြစ်တဲ့ The Whistle Blower ကို ဒါရိုက်တာ Larysa Kondracki က ရိုက်ကူးပေးထားပြီး မင်းသမီး Rachel Weisz က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ၁၉၉၉ ခုနှစ်က ဘော့စနီးယားမှာ စစ်ပွဲလွန်ကာလအတွင်း DynCrop International အတွက် ကုလသမဂ္ဂငြိမ်းချမ်းရေး စောင့်ရှောက်သူအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ အမေရိကန်ရဲ အရာရှိအမျိုးသမီး Kathryn Bolkovac ရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံရိုက်ကူးထားတာပါ။ ဒီရုပ်ရှင်ထွက်ရှိလာပြီးတဲ့နောက် အဲဒီအချိန်က ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်တဲ့ဘန်ကီမွန်းက လူကုန်ကူးခြင်းနဲ့ပြည့်တန်ဆာ အဖြစ်အဓမ္မခိုင်းစေခြင်းတို့အပါအဝင် အမျိုးသမီးနဲ့ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုတွေကိုတိုက်ဖျက်ရေးအတွက် အဖွဲ့အစည်းရဲ့ ကြိုးပမ်းအားထုတ်မှုတွေနဲ့ပတ်သက်ပြီး ဆွေးနွေးပွဲတစ်ရပ်ခေါ်ယူခဲ့ ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်း *************** အမေရိကန်ရဲအရာရှိတစ်ယောက်ဖြစ်တဲ့ကတ်သီဟာ ဒီမိုကရာလို့ခေါ်တဲ့ပုဂ္ဂလိကကန်ထရိုက်တာအတွက် ကုလသမဂ္ဂနိုင်ငံတကာရဲတပ်ဖွဲ့နဲ့အတူ ဘော့စနီးယားမှာ တာဝန်ထမ်းဆောင်ဖို့ကမ်းလှမ်းချက်ကိုလက်ခံခဲ့ပါတယ်။ ဘော့စနီးယားကို ကတ်သီရောက်လာချိန်မှာတော့ လိင်ပိုင်းဆိုင်ရာခေါင်းပုံဖြတ်နေတဲ့ ဒေသခံလူကုန်ကူးမှု အဖွဲ့တစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီအဖွဲ့ဟာ တကယ်တော့ ဒီမိုကရာကဝန်ထမ်းတွေကို ဝန်ဆောင်မှုပေးနေရတာဖြစ်ပြီး ဒီရဲတွေကိုယ်တိုင်က လူကုန်ကူးမှုမှာပါဝင်နေတာကို အံ့အားသင့်ဖွယ်သိရှိလိုက်ရပါတယ်။ ကတ်သီက ဒီအဖွဲ့ကို နှိမ်နှင်းဖို့ကြိုးစားခဲ့တဲ့အတွက် အလုပ်ဖြုတ်ခံခဲ့ရပြီး နိုင်ငံတွင်း ကနေလည်း နှင်ထုတ်ခံခဲ့ရပါတယ်။ နည်းလမ်းရှာမရတော့တဲ့ အဆုံးမှာ ကတ်သီက ဒီအကြောင်းအရာတွေကို ဒီမိုကရာ အခြေစိုက်ရာဗြိတိန်မှာ ဘီဘီစီသတင်းဌာနကိုဖွင့်ချခဲ့ပြီး မတရားအလုပ်ဖြုတ်ခံခဲ့ရတဲ့အတွက်လည်း ဒီမိုကရာကို အမှုအနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ File size…1.56GB / 664MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 52m Genre …..Biography , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

Drama
7.1 2010 112 mins
The Whistleblower
Sophie Scholl: The Final Days

ဒီဇာတ်ကားလေးဟာ ဂျာမနီရဲ့ နာဇီဆန့်ကျင်ရေးလှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့အကျော်ကြားဆုံးအမျိုးသမီးသူရဲကောင်းဖြစ်တဲ့ ဆိုဖီရှိုးရဲ့ဖြစ်ရပ်မှန်ဘဝဇာတ်ကြောင်းကိုအခြေခံရိုက်ကူးထားတာပါ ဆိုဖီရှိုးဟာ “နှင်းဆီဖြူ”လို့ခေါ်တဲ့ကျောင်းသားခုခံတော်လှန်ရေးအဖွဲ့အစည်းရဲ့ ရဲရင့်လှတဲ့အဖွဲ့ဝင်တစ်ယောက်ပါ သူမဟာ သူမ၏အစ်ကိုဖြစ်သူ”ဟန်စ်ရှိုး”နဲ့အတူ နာဇီဆန့်ကျင်ရေးလက်ကမ်းစာစောင်တွေကို တက္ကသိုလ်ကျောင်းဝန်းထဲမှာဖြန့်ဝေခဲ့လို့အဖမ်းခံခဲ့ရပါတယ် ဒီဇာတ်ကားဟာ ဇာတ်ကားနာမည်အတိုင်း သူမဘဝရဲ့နောက်ဆုံးနေ့ရက် 6 ရက်အကြောင်းကိုရိုက်ကူးထားတာပါ ဒီဇာတ်ကားထဲမှာ သူမတို့မောင်နှမ နာဇီဆန့်ကျင်ရေးစာစောင်တွေဖြန့်ဝေတာကစလို့ အဖမ်းခံရပုံ,တရားရုံးတွင်ရင်ဆိုင်ရပုံနဲ့ နောက်ဆုံး 1943 မြူးနစ်မြို့မှာ ပြစ်ဒဏ်စီရင်ခံရပုံအထိကိုရိုက်ကူးပြထားပါတယ် ခံယူချက်တွေအပေါ်မှာ ဘယ်တော့မှတွေဝေမှုမရှိတဲ့သူမ, အဖွဲ့သားတွေအပေါ်ကိုလည်း သေတဲ့အထိသစ္စာမဖောက်ခဲ့တဲ့သူမ, သေဒဏ်ချမှတ်ခံရချိန်မှာလည်း တုန်လှုပ်မှုမရှိတဲ့သူမ အဲဒီ”ဆိုဖီရှိုး”ဆိုတဲ့ သူမ အသက်ရှင်ခဲ့ရတဲ့နောက်ဆုံးနေ့ရက်တွေကိုခံစားကြည့်ရှုရမှာဖြစ်ပါတယ် File size…(2.3 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:57:00 Genre…Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane

0 2005
Sophie Scholl: The Final Days
Do Aur Do Pyaar
6.4

Do Aur Do Pyaar (2024)”နှစ် အပေါင်း နှစ်” ================================== ဆုတွေအများကြီးရထားတဲ့ မင်းသမီးကြီး ဗီဒယာဘာလန်ရဲ့ IMDb 6.5/10 ရ အသစ်ထွက် dark fantasy ဆန်ဆန် အချစ်ဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ အချစ်ဆိုတာ သွားတိုက်ဆေးနဲ့တူတယ်။ မကုန်မချင်း ဖျစ်ညှစ်ခြစ်ကုပ်ပြီး သုံးကြပေမဲ့ ကုန်သွားရင်တော့ လွှင့်ပစ်ပြီး အသစ်ဝယ်ရတော့တာပဲတဲ့။ အန်နီနဲ့ ကာဗ်ရာတို့ လင်မယားနှစ်ယောက်ဟာ ချစ်လွန်းလို့ ခိုးပြေးလက်ထပ်ခဲ့ကြတဲ့သူတွေပါ။ သူတို့ဟာ ချစ်စကြင်နာစမှာတော့ ပျော်ရွှင်ခဲ့ကြပေမဲ့ အိမ်ထောင်သက် ကြာလာတာနဲ့အမျှ တစ်ယောက်နဲ့တစ်ယောက် အေးစက်လာပြီး အချစ်သစ်တွေရှာမိကြပါတော့တယ်။ သူတို့နှစ်ယောက်လုံးဟာ အသစ်တွေ့နေကြပေမဲ့ တစ်ယောက်နဲ့တစ်ယောက် အားနာပြီး သူက ကိုယ်မရှိရင်မဖြစ်ဘူးဆိုတဲ့စိတ်နဲ့ ပွင့်ပွင့်လင်းလင်း လမ်းမခွဲဘဲ တအုံ့နွေးနွေးဖြစ်နေကြတာပါ။ သူတို့တွေ တစ်ယောက်အကြောင်းကို တစ်ယောက်သိသွားကြမှာလား၊ ဖွင့်ပြောရင်ရော ဘယ်လိုတွေဖြစ်ကုန်မှာလဲ၊ လေးပွင့်ဆိုင်ဇာတ်ကို ဘယ်လိုကကြမလဲဆိုတာကို ဒီဒီရုပ်ရှင်ထဲမှာ ပုံစံတစ်မျိုးနဲ့မြင်ကြရမှာဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ BpL~ ToMo ~ KKKZ ~ Alex ~ Zwe Yan တို့ဖြစ်ပါတယ်။)

6.4 2024
Do Aur Do Pyaar
Inferno
6.5

ဒီရုပ်ရှင်ကတော့ ၁၉၈၀ ခုနှစ်ထွက် “Inferno” ဖြစ်ပါတယ်။ ဒါရိုက်တာ Dario Argento ရဲ့ သဘာဝလွန်ဖြစ်ရပ်ဆန်း ရုပ်ရှင်ဖြစ်ပြီးတော့ “Three Mothers” ဇာတ်လမ်းတွဲ၏ ဒုတိယမြောက်ကားဖြစ်ပါတယ်။ ဇာတ်လမ်းက နယူးယောက်မြို့ကို နေရာယူထားပြီး Rose Elliot (Irene Miracle) ဆိုတဲ့ မိန်းကလေးတစ်ယောက်ရဲ့ စိတ်ဝင်စားဖွယ် စုံစမ်းမှုနဲ့ စတင်ပါလိမ့်မယ်။ Rose က “The Three Mothers” ဆိုတဲ့ စာအုပ်တစ်အုပ်ကို ရှာဖွေတွေ့ရှိပြီး အဲဒီစာအုပ်ထဲမှာ ကမ္ဘာ့အမှောင်မိခင်သုံးဦးတွေ့ရှိတဲ့အကြောင်းကို ဖော်ပြထားပါတယ်။ Rose က သူနေတဲ့ အဆောက်အအုံမှာ နက်နဲတဲ့ လျှို့ဝှက်ချက်တွေကို ရှာဖွေရာက Mater Tenebrarum (အမှောင်၏မိခင်) နှင့် ဆိုင်တဲ့ ဖြစ်ရပ်ဆန်းတွေကို ရင်ဆိုင်တွေ့လာရတယ်။ Rose အမူအရာထူးထူးဆန်းဆန်း ဖြစ်နေတဲ့အခါမှာတော့သူရဲ့မောင်ဖြစ်သူ Mark (Leigh McCloskey) က ရောမကနေ နယူးယောက်ကို ခရီးထွက်ပြီး Roseရဲ့ သွားရာလမ်းကို စုံစမ်းရင်း ကြောက်ရွံ့မှုများ၊ နက်နဲတဲ့ လျှို့ဝှက်ချက်တွေကို ရှာဖွေတွေ့ရှိရမှာ ဖြစ်ပါတယ်။ Keith Emerson ရဲ့ အံ့သြစရာ တေးဂီတတွေနဲ့အတူ Argento ရဲ့ နက်နဲပြီး စိတ်ကူးယဉ်ဆန်သော ရိုက်ချက်တွေကိုတွေ့ရမှာဖြစ်ပါတယ်။ ၁၉၈၀ ​ရဲ့ horror ကားဆိုတော့ အခုခေတ် horror flowနဲ့တော့အတော်လေးကွာခြားတာကိုမြင်ရမှာပါ။ အတိအကျကိုတော့ ဇာတ်လမ်းလေးထဲမှာ ကြည့်ရှုပေးကြပါဦး။ File size…(2.2 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:46:00 Genre… Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Min Ye Htut

6.5 1980
Inferno
Jatt & Juliet
7.5

Jatt And Juliet (2012)”ကနေဒါ ဖူးစာ” ============================== နာမည်ကြီး ပန်ချာပီမင်းသား ဒီလ်ဂျစ်ဒိုဆန်ဂျ်ရဲ့ ၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဟင်ဒီစကားပြော အချစ်ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဟာဆိုရင် သူ့ခေတ် သူ့အခါက အောင်မြင်မှုတွေရရှိခဲ့တဲ့အတွက် နောက်ဆက်တွဲ ရုပ်ရှင် နှစ်ကားထိထွက်ရှိထားပြီး IMDb မှာလည်း 7.5 ထိ ရိတ်တင်းရထားပါသေးတယ်။ ဇာတ်လမ်းကတော့.. ဘိုစာကို နကန်းတစ်လုံးမှမသိဘဲ ကနေဒါကိုသွားပြီး ကနေဒါမှ အဖြူမလေးနဲ့ အိမ်ထောင်ပြုအခြေချချင်နေတဲ့ ဖာတယ်ဆင်းဂ်နဲ့ ဖက်ရှင်ဒီဇိုင်နာဖြစ်ချင်လို့ ကနေဒါကို ကျောင်းလာတက်တဲ့ ပူဂျာဆိုတဲ့ အိမ်ထောင်ပြုခါနီးကောင်မလေး။ သူတို့နှစ်ယောက် ကနေဒါမှာ တွေ့ဆုံကြပြီး အစပိုင်းမှာ တစောင်းစေးနဲ့ မျက်ချေးလို အချင်းချင်း ရန်ဆောင်ခဲ့ကြပေမဲ့ တဖြည်းဖြည်းချင်း ငြိတွယ်လာကြပုံကို ပေါ့ပေါ့ပါးပါးနဲ့ ဟာသနှောပြီး တင်ဆက်ထားတဲ့ရုပ်ရှင်လေးဖြစ်လို့ ချ န်နယ်မြန်မာ Bollywood Team ကနေ ညွှန်းဆို ဘာသာပြန်ပြီး တင်ဆက်ပေးလိုက်ပါတယ်…။

7.5 2012
Jatt & Juliet
Forget Me Not

Forget me not 2024 မေ့မရတဲ့ချစ်ဒုက္ခ အချစ်ဟာလိုက်လို့ပြေးတာလား ပြေးလို့လိုက်တာလားဆိုတာတော့မသိပေမဲ့ နှလုံးသားနဲ့ဦးနှောက်ရဲ့ အားပြိုင်မှုအောက်မှာ မကြာခဏဆိုသလို လမ်းပျောက်ရတတ်တာကတော့ ဒီအချစ်ဆိုတဲ့အရာပါပဲ။ အော်သီရဲ့နှလုံးသားကို အချစ်ဆိုတဲ့အရာနဲ့ မိတ်ဆက်ပေးခဲ့တဲ့ဖာဟင်းတစ်ယောက် သူ့ရဲ့နှလုံးသားမှာ ဒီအချစ်မျိုးစေ့လေး အမြစ်တွယ်ခါမှ ရုတ်တရက်ကြီး ခြေရာဖျောက်သွားပါတော့တယ်။ အော်သီလည်း ဒွိဟသံသယတွေနဲ့ ဒေါသတွေ ရောပြွန်းကျန်ရစ်ဖြစ်ပြီး မိုတူဇာဆီကနေ လက်ထပ်ခွင့်တောင်းခံရပြီးမှ ပျောက်နေတဲ့ဖာဟင်းက ဘယ်ကမှန်းမသိ ပြန်ပေါ်လာပါတော့တယ်။ အချစ်ဦးဆိုတာ အနှစ် ၁၀၀ မမေ့နိုင်သူဆိုတော့ အော်သီတစ်ယောက် လက်ထပ်ခွင့်တောင်းတာကို လက်ခံပြီးမှ စိတ်ခံစားချက်တို့ လွန်ဆွဲနေချိန် ဖာဟင်းက ရုတ်တရက် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားချိန်မှာတော့ …. ဖာဟင်းတစ်ယောက် ကိုယ့်ကိုယ်ကိုယ်သတ်သေသွားတာဘာကြောင့်လဲ။ ချစ်ခဲ့ပြီးမှ ဘာလို့ရုတ်တရက် ခြေရာဖျောက်ဂို့စ်သွားတာလဲ။ အော်သီကရော ဒါတွေကိုစုံစမ်းရင်းနဲ့ သူ့နှလုံးသားထဲကမေးခွန်းရဲ့အဖြေကို ရှာတွေ့နိုင်မလားဆိုတာကတော့…. (အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ ToMo ~ BpL ~ Yunni တို့ပဲဖြစ်ပါတယ်)

0 2024 90 mins
Forget Me Not
Nobody Nose
5.9

ရဲအရာရှိတစ်ယောက်ဟာ သူ့ကြောင့် သူလျှိုမလေးသေသွားတဲ့အခါ စိတ်ဒဏ်ရာတွေဖြစ်ကျန်ခဲ့ပြီး ထင်ယောင်ထင်မှားတွေမြင်လာတယ်။ အဲဒီလိုနဲ့ရဲဌာနကနေနှုတ်ထွက်လိုက်ရတယ်။ သူ့အခြေနေက ဆေးပုံမှန်မသောက်ရင် ပိုဆိုးလာနိုင်တယ်လို့ပြောကြပေမယ့် သူကတော့ ခေါင်းမာမာနဲ့ ငါအရူးဆိုတာ လူတိုင်းသိနေပြီပဲ မသောက်လဲဘာမှမဖြစ်ဘူးဆိုပြီးတော့ ပေတေပြီးနေနေတုန်းပဲ။ ရဲမဟုတ်တော့ပေမယ့် ဒီအမှုကိုဆက်စုံစမ်းတာတော့မရပ်ခဲ့ဘူး။ (၄)နှစ်ကြာသွားတဲ့အခါ အမှုဟာသဲလွန်စအသစ်ပြန်ရလာခဲ့တယ်။ သူကတကယ်ပဲ ထင်ယောင်ထင်မှားတွေမြင်နေပြီးတော့ အသုံးမကျတဲ့သူတစ်ယောက်ဖြစ်သွားပြီလား….. ဒီတစ်ခါရော နောက်ကွယ်ကတကယ်ချုပ်ကိုင်နေတဲ့ အဓိကတရားခံကိုအမိဖမ်းနိုင်မလား……

5.9 2018
Nobody Nose
Deep Fear
5

Deep Fear (2022) IMDb Rating (5.0) / Rotten Tomatoes (93%) သဲထိပ်ရင်ဖို ဇာတ်ကားတွေကို ကြိုက်နှစ်သက်သူတို့အတွက် တကယ်စိတ်ဝင်စားဖို့ ကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ကျောင်းပြီးသွားတဲ့ ကျောင်းသားသုံးယောက်ဟာ ဘားမှာဆိုရဲ့ ပဲရစ်ရောက်တုန်း ကြုံတောင့်ကြုံခိုက် ပဲရစ်ကိုသွားလည်ဖို့ ရွယ်ခဲ့ကြပါတယ်။ ဖြစ်ချင်တော့ သူတို့ရဲ့ လမ်းပြဟာ ပဲရစ်ရဲ့ နာမည်ကြီး မြေအောက်လိုဏ်ဂူဖြစ်တဲ့ “ကာတာကွန်း” ဆိုတဲ့နေရာကို ခေါ်သွားခဲ့ပါတယ်။ နှစ်ရာနဲ့ချီ ကမ္ဘာစစ်သက်တမ်းမှီတဲ့အထိ နာမည်ကြီးနေတဲ့ ပဲရစ်တစ်မြို့လုံးရဲ့ မြေအောက်ကို ဖုံးနေတဲ့ အဲဒီမြေအောက်လိုဏ်ဂူမှာ ဘာတွေရှိနေမလဲဆိုတာကို ဒီဇာတ်လမ်းထဲမှာ စိတ်ဝင်တစားကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size…(950 MB) / (630 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Horror Duration….01:20:31 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mark

Thriller • Crime • Action
5 2022
Deep Fear
Anomalisa
7.1

Anomalisa (2015) **************** ၂၀၁၅ ခုနှစ်က ထုတ်လွှင့်ခဲ့တဲ့ အမေရိကန် comedy-drama အမျိုးအစား ကာတွန်းကားဖြစ်ပါတယ်… Michael Stone ကစီးပွားရေးလောကမှာ ဝန်ဆောင်မှုလုပ်ငန်းများတွေနဲ့ပတ်သက်ပြီး ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်သလို ဝန်ဆောင်မှုများအကြောင်း စာအုပ်များရေးသားနေသူလည်းဖြစ်ပါတယ်…ဇာတ်လမ်းအစကတော့ Ohio မှာ ကျင်းပပြုလုပ်မယ့် သူ့စာအုပ်မိတ်ဆက်ပွဲအခမ်းအခန်းအတွက် Cincinnati မြို့လေးကို ခရီးထွက်လာတာပဲဖြစ်ပါတယ်… သူ့မှာ မိန်းမနဲ့ သားတစ်ယောက်ရှိနေပေမဲ့လည်း သူ့ကိုယ်သူ လူအားလုံးနဲ့ကွဲပြားနေသူလို့ ယူဆထားသူဖြစ်ပါတယ်… ဒါပေမဲ့လည်း သူ့ရဲ့စာအုပ်မိတ်ဆက်ပွဲကို လာနားထောင်တဲ့ Lisa ဆိုတဲ့ အမျိုးသမီးတစ်ဦးနဲ့ တွေ့ပြီးချိန်မှာတော့ အရာရာက ပြောင်းလဲသွားခဲ့ပါတယ်…ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ကြပါကုန်… ဒီကားက Best Animated Feature Film of the Year မှာ အော်စကာဆန်ကာတင်စာရင်းဝင်ခဲ့သလို အခြားဆုပေါင်း ၂၅ဆုလည်းရရှိခဲ့ပါတယ်… မှတ်ချက်….ဒီကားက လူကြီးတွေပဲကြည့်သင့်တဲ့အပြင် မိသားစုနဲ့ အတူမကြည့်သင့်တဲ့အခန်းတချို့လည်းပါလေတော့ ဒေါင်းကြည့်တဲ့နေရာမှာ သတိချပ်စေလိုကြောင်းပြောကြားပါရစေ… File Size : 791MB / 340MB Quality : 1080p / 720p Duration : 01:30:00 Genre : Animation, Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Megumi Encoded by Heather Oo

TV Movie • Drama
7.1 2015 91 mins
Anomalisa