YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The Slave Hunters (2010)Ep12 WEB-DL 720p(CM).mp4

567.54 MB N/A video/mp4 325 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Throne of Blood
8

~ IMDb - 8.1/10, Rotten Tomatoes - 96% ~ ကူရိုဆာဝါဟာ သူ့ရဲ့ရုပ်ရှင်သက်တမ်းတစ်လျှောက်မှာ ရှိတ်စပီးယားဝတ္တုတွေကို မှီငြမ်းပြီး ရုပ်ရှင်၃ကားရိုက်ဖူးတယ်။ Macbeth ကို မှီငြမ်းပြီး Throne of Blood (1957) ကို ရိုက်ခဲ့၊ Hamlet ကို မှီငြမ်းပြီး The Bad Sleep Well (1960) ကို ရိုက်ခဲ့သလို King Lear ကို မှီငြမ်းပြီး Ran (1985) တို့ကို ရိုက်ကူးခဲ့ဖူးတယ်။ ဇာတ်လမ်းကျောရိုးကို ယူပြီး ဂျပန်ရဲ့ ရေခံမြေခံမှာ ပြန်အသက်သွင်းလိုက်တာတွေပါပဲ။ ဒဲ့ကြီးတော့မဟုတ်ဘဲ ပြင်သင့်တာပြင် ရိုက်ထားတယ်။ ဒါပေမဲ့ သူပြင်ရိုက်ပုံတွေကတော့ တော်တော်လေးပြည့်စုံသလိုတော့ ခံစားရတယ်။ ဆန်းတော့လည်းမဆန်းလှပါဘူး။ ကူရိုဆာဝါဟာ ကူရိုဆာဝါပဲကိုး။ တကယ်ဆို ကူရိုဆာဝါက ရှိတ်စပီးယားရဲ့ မက္ကဘတ်ကို ရိုက်ချင်နေတာကြာပြီ။ Rashomon (1950) ကို ရိုက်ပြီးတဲ့နောက် ရိုက်ဖို့ လုပ်ခဲ့ပေမဲ့ အော်ဆန်ဝဲလ်ကလည်း ရိုက်ထားတာသိတော့ ခဏနောက်ဆုတ်လိုက်တယ်။ ၁၉၅၆ရောက်တော့ Throne of Blood, The Hidden Fortress နဲ့ Revenge ကို သူပရိုဂျူဆာလုပ်မယ်လို့ ကြေညာလိုက်ပေမဲ့ အခန့်မသန့်ချင်တော့ သူခန့်ချင်တဲ့ ဒါရိုက်တာတွေက အကြောင်းအမျိုးမျိုးနဲ့မရိုက်ဖြစ်တော့ သူကိုယ်တိုင်ပဲရိုက်လိုက်ရတယ်။ ဒီလိုနဲ့ ခမ်းနားလှတဲ့ Throne of Blood ထွက်လာတာပါပဲ။ Throne of Blood ဟာ မက္ကဘတ်ကိုပဲယူတယ်ဆိုပေမဲ့ Ozymandias ကဗျာအငွေ့လည်း သွင်းထားတယ်လို့ ထင်ရပါတယ်။ "The Most Successful Film Version of Macbeth" လို့လည်း ဝေဖန်ရေးသမားတွေ မှတ်ချက်ပေးခြင်းလည်း ခံခဲ့ရတယ်။ ကူရိုဆာဝါဟာ ဒီဇာတ်ကို အကြောင်းမဲ့ရိုက်ပြခဲ့တာတော့မဟုတ်ဘူး။ သူ့အမြင်မှာ အလယ်ခေတ်ကာလအတွင်း စကော့တလန်နဲ့ ဂျပန်မှာဖြစ်နေတဲ့ လူ့အသိုင်းအဝိုင်းဆိုင်ရာ ပြဿနာတွေဟာ ဆင်တူခဲ့သလို ဒီပြဿနာတွေက ဒီနေ့ခေတ်အတွက် သင်ခန်းစာပေးစရာတွေရှိနေတယ်လို့ သူယုံခဲ့တယ်။ ဒါကြောင့်လည်း သူ ဒီရုပ်ရှင်ကို ထွက်လာစေချင်ခဲ့တယ်။ နောက်ဆုံး သူပဲရိုက်ခဲ့တယ်။ သရုပ်ဆောင်တွေအနေနဲ့တော့ သူကားပေါင်းများစွာမှာ ထည့်သုံးနေကျဖြစ်တဲ့ ဂျပန်ရဲ့ ဂန္ထဝင်မင်းသားတွေဖြစ်သွားကြတဲ့ Toshiro Mifune, Takashi Shimura တို့ကို သုံးထားတယ်။ Throne of Blood ဟာ နောက်ပိုင်း ဒါရိုက်တာတွေ Homage ခဏခဏပေးခံရတဲ့ ဂျပန်ဂန္ထဝင်ကားလည်းဖြစ်လာခဲ့တယ်။ အန်နမဲဆရာတစ်ပါးဖြစ်တဲ့ စတိုရှိခွန်ရဲ့ Millennium Actress မှာဆို သိသိသာသာကိုမြင်နိုင်ပါတယ်။ ဇာတ်ကတော့ မက္ကဘတ်ဇာတ်ဆိုတော့ တော်တော်များများသိပြီးသား ဇာတ်လမ်းပါပဲ။ ဆုဇုခိဆိုတဲ့ ပင့်ကူအိမ်ရဲတိုက်ကို အုပ်ချုပ်တဲ့ စစ်နယ်ရှင်အရှင်တစ်ပါးမှာ ပထမကနေ ပဥ္စမအထိ ခံတပ် ငါးခုနဲ့ မြောက်ပိုင်းနယ်စပ်က မြို့စောင့်ခံတပ်တစ်ခုရှိတယ်။ မြောက်ပိုင်းခံတပ်က ဖူဂျိမခိက တစ်ဖက်ရန်သူအရှင်နဲ့ပေါင်းပြီး ပုန်ကန်တော့ ပဥ္စမနဲ့ စတုတ္ထခံတပ်တွေ ကျိုးပေါက်သွားတယ်။ တတိယခံတပ်လည်း အခြေအနေမကောင်းဘူး။ ဒီမှာပထမနဲ့ ဒုတိယခံတပ်က စစ်သူကြီးတွေဖြစ်တဲ့ ဝါရှိဇုနဲ့ မိခိတို့က အသည်းအသန်တိုက်ပြီး တိုက်ပွဲကို သူတို့ဘက်က အရေးသာအောင်လုပ်ပေးခဲ့တယ်။ ဒီလိုနဲ့တိုက်ပွဲအောင်သွားတော့ အရှင်က သူတို့ကို မြောက်စားဖို့ အခေါ်လွှတ်လိုက်တယ်။ ပင့်ကူအိမ်ရဲတိုက်ကို မရောက်ခင် ဝင်္ကပါလိုရှုပ်ထွေးနေတဲ့ ပင့်ကူအိမ်တောထဲမှာ သူတို့လမ်းပျောက်သွားကြတယ်။ ဒီလိုနဲ့ ပင့်ကူအိမ်တောက တစ္ဆေကြီးနဲ့တွေ့တယ်။ အဲဒီတစ္ဆေက ဝါရှိဇုကို ပထမခံတပ်ရဲ့စစ်သူကြီးကနေ မြောက်ပိုင်းခံတပ်ရဲ့စစ်သူကြီးဖြစ်လာပြီး သိပ်မကြာခင် ပင့်ကူအိမ်ရဲတိုက်ရဲ့အရှင်ပါဖြစ်လာမယ်လို့ပြောလိုက်တယ်။ မက္ကဘတ်ထဲဆိုရင်တော့ စုန်းမ၃ကောင်ပေါ့။ မိခိကိုတော့ ပထမခံတပ်ရဲ့စစ်သူကြီးဖြစ်လာပြီး သူ့သားကတော့ ပင့်ကူအိမ်ရဲတိုက်ရဲ့အရှင်ဖြစ်လာမယ်လို့ ပြောလိုက်တယ်။ တကယ်မြင်တာလား။ သူတို့ဆန္ဒတွေကိုလှည့်စားလိုက်တာလားမသိပေမဲ့ သူတို့တွေ ဒွိဟစိတ်တွေပေါ်လာကြတယ်။ ဒီလိုနဲ့ တစ္ဆေပြောတဲ့ ရာထူးတွေ မြောက်စားခံရတော့ ဝါရှိဇုရဲ့မိန်းမက ဒီကိစ္စကို အရှင်သိသွားရင် ဒီတိုင်းထားမှာမဟုတ်တာရော မိခိကို မယုံတာရော သူ့ယောက်ျားကို ကြီးကျယ်စေချင်တာရောပေါင်းပြီး အရှင့်ကိုသတ်ပြီး ပင့်ကူအိမ်ရဲတိုက်ရဲ့ အရှင်ဖြစ်အောင်လုပ်ဖို့တိုက်တွန်းတယ်။ ဝါရှိဇုဟာ စစချင်းတော့ တွေဝေနေပေမဲ့ အခြေအနေကလည်းပေးနေ ဆန္ဒကလည်းရှိနေ မိန်းမစကားကိုလည်း နားဝင်နေတဲ့အခါ သူ့အရှင်ကိုသတ်ချလိုက်တယ်။ ဒီကစပြီး ထီးရေးနန်းရေးအရှုပ်အထွေးတွေဖြစ်လာတယ်။‌ ဒီဇာတ်ကိုမှ ကူရိုဆာဝါစတိုင်နဲ့ ဂျပန်အငွေ့အသက်နဲ့ မြင်ရမှာပါ။ ရှိတ်စပီးယားဇာတ်ကို ပြန်ရိုက်ထားတယ်ဆိုပေမဲ့ သူပြန်ရိုက်ထားတဲ့ကားတွေဟာ သူ့နည်းသူ့ဟန် သူ့အလှနဲ့သူ လှပနေတာကို မျက်ဝါးထင်ထင်မြင်ကြရမှာပါပဲ။ သေချာတာတော့ ကူရိုဆာဝါဟာ ကူရိုဆာဝါပဲဆိုတာကို ဘယ်သူမှငြင်းဆိုနိုင်မယ်မထင်ဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.15GB, 840MB Quality - 1080p, 720p IMDb Rating - 8.1/10 Format - mp4 Duration - 1H 50Min Genre - Drama, History Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Crime
8 1957 108 mins
Throne of Blood
Heartsong
6.7

(1080p ရပါပြီ) Netflix ကထွက်ထားတဲ့ တူရကီ ဒရမ်မာ ဇာတ်ကားလေးပါ။ ဇာတ်လမ်းက ရွာဘက်မှာ no-mad တွေလိုမျိုး ရိုးရိုးပဲနေတတ်ပြီး အမြဲပျော်ရွှင် သီချင်းဆိုနေကြတဲ့လူတွေအကြောင်းကို ရိုက်ထားတာပါ။ Piroz က အမြဲသီချင်းဆို ပျော်ပျော်ရွှင်ရွှင်နဲ့နေတတ်ပြီး မင်္ဂလာဆောင်တွေမှာ သီချင်းဖျော်ဖြေတာ လိုက်လုပ်ပါတယ် မင်္ဂလာဆောင်တခုမှ သတို့သမီးကို တွေ့သွားပြီး သူ့ကိုချစ်မိသွားတယ်။ သတို့သမီးလေးကလည်း သူ့ကို အရူးလို့မိဘတွေကအစ သတ်မှတ်ပြီး ယောကျ်ားပေးစားပြီး လက်လွှတ်ချင်နေတာပါ။ သူလည်း Piroz ကို ကြိုက်ပြီး အတူပေါင်းချင်တာကနေ ... သူတို့ရဲ့ အချစ်ရေးက ဘာတွေဆက်ဖြစ်မလဲ? ဒီ ဒရမ်မာဇာတ်လမ်းလေးမှာ စီးမျောခံစားရင်း ကြည့်လိုက်ကြရအောင်ပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Marie ပါ။) File Size : 1.9GB, 772MB, 381MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 1hr & 35mins Genre : Comedy, Drama, Music Translated by Chevy Encoded by Kinnov

6.7 2022 95 mins
Heartsong
Dear Sathya
8

IMDb Rating-(7.8/10) "ဆတ်ရာ" ဆိုတာကတော့ စိတ်ကူးအိမ်မက်တွေနဲ့ ပြည့်ဝနေတဲ့ deli ပို့တဲ့ လူငယ်လေးတစ်ယောက်ဖြစ်ပါတယ် အလုပ်ကြိုးစားတဲ့သူဖြစ်တဲ့အပြင် မိခင်အပေါ်မှာလည်း အရမ်းသိတတ်တဲ့ သားလိမ္မာလေးတစ်ယောက်ပါ သူ့မှာ တစ်ဖက်သတ် ကြိတ်ကြွေနေရတဲ့ ကောင်မလေးတစ်ယောက်လည်း ရှိပါတယ် အစားအစာတွေပို့တဲ့ တာဝန်ပြီးတိုင်း ကောင်မလေးကို သွားသွားခိုးကြည့်နေကျပါ သို့သော် တစ်နေ့ ဆတ်ရာတစ်ယောက် သူ မကျူးလွန်ခဲ့တဲ အမှုအတွက် ချောက်တွန်းခံရပြီး ထောင်ကျသွားပါတယ် အဲ့ဒီထက်ဆိုးတာကတော့ သူ့မှာ သူအရမ်းချစ်ရတဲ့ မိခင်မရှိတော့ပါဘူး... ဒီကံကြမ္မာဆိုးက ဆတ်ရာဆီကို ဘယ်ပုံဘယ်နည်းနဲ့ ရောက်လာခဲ့တာလဲ... ဆတ်ရာကရော သူ့ဘဝကို ဇောက်ထိုးမိုးမျှော်ဖြစ်အောင်လုပ်ခဲ့တဲ့သူတွေကို ဘယ်လိုလက်စားပြန်ချေမှာလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမယ့် Action Thriller ကားကောင်းလေးဖြစ်တာမို့ အခုပဲကြည့်ရှုဖို့ ညွှန်းပေးလိုက်ရပါတယ်ဗျာ File size…2.07GB / 1GB Quality…1080p WEB DL / 720p Format…mp4 Duration…. Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by GuuGuu & Lai Lai & Honey

Action • Adventure • Fantasy
8 2022
Dear Sathya
Plan A
6.1

ဇာတ်လမ်းအစမှာတည်းက မေးထားတာလေးက ကိုယ့်မိသားစုဝင်တွေအကြောင်းပြချက်မရှိ အသတ်ခံလိုက်ရတာမျိုးနဲ့ ကြုံလာရတဲ့အခါမှာ ဘာလုပ်မှာလဲတဲ့။ ဘယ်လိုလုပ်မယ်လို့စိတ်ကူး ထားကြလဲ? ဒီမေးခွန်းလေးကိုကိုယ့်ကိုယ်ကိုအရင်မေးကြည့်ပြီးမှ ဇာတ်ကားလေးကိုဆက်ကြည့်ပါ။ ဇာတ်လမ်းလေးက နာဇီတွေရဲ့ရက်ရက်စက်စက်သတ်ဖြတ်မှုကနေလွတ်မြောက်လာကြတဲ့ ဂျူးတွေ... ကိုယ့်မိသားစုဝင်တွေ ချစ်ရတဲ့သူတွေက ကိုယ့်အရှေ့မှာရက်ရက်စက်စက်သတ်တာကို ကြုံခဲ့ရတဲ့ သူတို့တွေ..ဒုတိယကမ္ဘာစစ်မီးကြီးကပြီးသွားပေမယ့် သူတို့ရဲ့ရင်ထဲကမီးတောက်ကတော့မပြီးသေးပါဘူး။ သူတို့မိသားစုဝင်တွေကိုသတ်ခဲ့တဲ့ဂျာမာန်တွေကိုလက်စားချေမယ်ဆိုပြီး သူတို့တွေကြံစည်ကြပါတော့တယ်။ သူတို့အကြံအစည်က ဘာကိုဦးတည်မလဲဆိုတာကိုတော့ ပရိသတ်ကြီးရိပ်ခြည်ဖမ်းမိနိုင်လောက်မှာပါ။ ဒါပေမယ့် ဒီအကြံအစည်ကဘာလဲဆိုတာရယ်..အကြံအစည်ကိုအကောင်အထည်ဖော်ဖို့ သူတို့ ဘယ်လိုတွေလုပ်ပြီး သူတို့ရဲ့အဲ့ဒီအကြံအစည်ကရောဖြစ်မြောက်သွားမှာလား.. အစကပရိသတ် ကြီးစိတ်ကူးထဲမှာဖြေထားတဲ့အဖြေနဲ့ သူတို့နဲ့တူပါရဲ့လားဆိုတာကိုစောင့်ကြည့်သွားရမယ့် Drama/Thriller ဇာတ်ကားကောင်းလေးတစ်ကားပါ။ (ဒီဇာတ်လမ်းရဲ့ အညွှန်းကို Chit Tee မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ Chit Tee, Thiha Yan Naing တို့ဖြစ်ပါတယ်။) File Size - (1.8 GB) / (975 MB) / (500 MB) Quality – WebDL - (1080p) / (720p) / (480p) Duration - 1hr 49min Subtitle – Myanmar Hardsub Format – MP4 Genre : Drama, Thriller Translator – Chit Tee, Thiha Yan Naing Encoder – San Win Maung

Horror • Thriller
6.1 2021 109 mins
Plan A
Color Out of Space
6

မင်းသားကြီး Nicholas Cage ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီ Color Out of Space ဇာတ်ကားလေးကတော့ ၂၀၁၉ခုနှစ်ထွက် Fantasy/ Sci-fi အမျိုးအစားဖြစ်ပြီး ကြာမြင့်ချိန် ၁နာရီနဲ့၅၁မိနစ်ရှိပါတယ် နေသန်ဂါဒနာဟာ သူ့မိန်းမထရီဆာရဲ့ကျန်းမာရေးအခြေအနေကြောင့် လာဗီနီယာ ဘန်နီ နဲ့ ဂျက်လို့ခေါ်တဲ့သူ့သားသမီးသုံးယောက်နဲ့အတူ ကျေးလက်ဒေသလေးကိုပြောင်းရွှေ့နေထိုင်ကြပါတယ်။ တစ်ညမှာ သူတို့အိမ်ရှေ့ကိုထူးဆန်းလှတဲ့ဥက္ခာခဲကြီးကျရောက်လာပြီးတော့ အခြားဂြိုဟ်ကလာတဲ့သန္ဓေပြောင်းဇီဝသက်ရှိကြောင့် သူတို့ရဲ့တိတ်ဆိတ်ငြိမ်သက်တဲ့ကျေးလက်နေဘဝလေးဟာ အိပ်မက်ဆိုးတစ်ခုအဖြစ်ပြောင်းလဲသွားတဲ့အခါ နေသန်နဲ့သူ့မိသားစုဘယ်လိုရင်ဆိုင်ကြမလဲဆိုတာစောင့်ကြည့်ရမှာမို့ ကြည့်လို့ကောင်းတဲ့ကားကောင်းလေးတစ်ကားပါပဲ။ File Size : ( 1 GB , 375 MB ) Quality : WEB-DL 720p Running Time : 1 hr 51 min Format : Mp4 Genre : Horror , Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Translated by Su Su Encoded by Moe Myint Lwin

Drama • Mystery • Sci-Fi & Fantasy
6 2019 111 mins
Color Out of Space
The Square
6.8

IMDb - 7.2/10_____Rotten - 85% Channel Myanmar ပရိတ်သတ်တွေအတွက် ဒီတစ်ကြိမ်တင်ဆက်ပေးလိုက်တဲ့ The Square ဇာတ်ကားဟာဆိုရင် ပုံမှန်အတွေ့ရများလေ့ရှိတဲ့ဇာတ်ကားတွေလိုမဟုတ်ဘဲ တစ်မျိုးတစ်ဘာသာ ထူးခြားတဲ့သဘောကိုခံစားမိစေမယ့် ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ အရှေ့ဥရောပ နိုင်ငံတစ်ခုဖြစ်တဲ့ ဆွီဒင်နိုင်ငံက “ခရစ်စတီယန်”ဆိုတဲ့ ပြတိုက်မှူးတစ်ယောက်… စတော့ဟုမ်းမြို့လည်မှာ ဖုန်းနဲ့ပစ္စည်းအချို့ခါးပိုက်နှိုက်ခံရတာကနေ ဇာတ်ကားတစ်ခုလုံးရဲ့ အဓိကအကြောင်းအရာကိုစတင်ထားတာပါ။ ပျောက်ဆုံးသွားတဲ့ ဖုန်းနဲ့ပစ္စည်းတွေကို ပြန်လည်ရယူဖို့ကြိုးစားရင်းဇာတ်ရှိန်တဖြည်းဖြည်းတက်လာမှာပါ။ဇာတ်ကားတစ်ခုလုံးကို အစကနေအဆုံး ဂရုတစိုက်ကြည့်မှသာ ဇာတ်လမ်းရဲ့အရသာကို ခံစားလို့ရနိုင်မယ်လို့ ပြောချင်ပါတယ် အလွမ်းအဆွေးပိုင်းဆိုင်ရာ သရုပ်ဆောင်ခန်းတွေကို တင်ပြထားရင်းနဲ့ကြိုကြားကြိုကြားဆိုသလို အနုပညာပိုင်းဆိုင်ရာတီထွင်ဖန်တီးမှုတွေအကြောင်းလည်းဗဟုသုတဖြစ်စရာ တွေ့မြင်ကြရမှာပါ။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဒီဇာတ်ကားဟာရသခံစားမှုအပိုင်းထက် သုတပိုင်းကိုပိုပြီးအလေးပေးထားတဲ့ ဇာတ်ကားတစ်ကားသာဖြစ်တယ်လို့ ဆိုချင်ပါတယ်။ ရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျား File Size : (1.1 GB) Quality : WEB-DL 720p Running Time : 2hr 22min Format : Mp4 Genre : Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Source : SWEDISH.720p.WEB-DL.XviD.AC3-FGT Translated by Myo Myint Oo (Arakanese) Encoded by Thanhtike Zaw

Action & Adventure • Drama • Sci-Fi & Fantasy
6.8 2017 151 mins
The Square
To Leslie
7

ပယင်းရောင် ယစ်ရွှေရည်၊ စူးရှရှ ပြင်းပြပြ၊ မူးယစ်ရီဝေခိုက်မှာ အသူရာတို့ရဲ့ဘုံမှာ ပျော်ဝင်နစ်မြုပ်သွားသလို။ တစ်ခွက်ပြီးရင် နောက်တစ်ခွက်၊ နောက်တစ်ခွက်နောက်မှာ နောက်တစ်ခွက်၊ ပြန်ဖို့အိမ်အသင့်၊ အိပ်ကပ်ထဲမှာ ပိုက်ဆံအပြည့်၊ ကားထဲမ‌ှာ ဆီအပြည့်။ သူရာရည်ရဲ့ မဲဆွယ်ကာလ ယစ်မူးချိုမြိန်မှုတွေကုန်ချိန်၊ သူဟာ လမ်းဘေးက အိမ်ယာမဲ့။ စားစရာမရှိ၊ ခေါင်းချစရာမရှိ၊ ခိုလှုံရာနတ္ထိ။ ချစ်လှပါတယ်ဆိုတဲ့ အခြွေအရံတွေရဲ့ ခါးသီးတဲ့စွန့်ပစ်မှုတွေနောက်၊ ဘဝက အောက်ကျခဲ့ပြီလား။ လက်စလီ ဟာ တစ်ကိုယ်တည်းသမား သားသည်မိခင်။ ဒေါ်လာနှစ်သိန်းနီးပါး ထီဆုကြေးငွေတွေ အပြည့်အသိပ်နဲ့။ ဘာတဲ့၊ ဘဝပြောင်းမယ့် ပိုက်ဆံတွေတဲ့လား။ တကယ်ပဲ ဘဝပြောင်းသွားတယ်။ လူ့အမှိုက်တစ်ယောက်အဖြစ်ကိုပေါ့။ ပိုက်ဆံတွေကို ယစ်ရွှေရည်နောက် တကောက်ကောက်လိုက်ရင်း ချွတ်ခြုံ မွဲပြာကျ၊ လှလှကြီးဒုက္ခရောက်ရသူ။ ၁၃ နှစ်သားလေးကိုစွန့်ပစ်လို့ လောကဒဏ်ရိုက်ချက်တွေကြား အရက်သမားအဖြစ်နဲ့ ဘဝဇာတ်ခုံမှာ ဇာတ်နာလိုက်ပုံများ။ ကိုယ့်ကိုဖျက်ခဲ့တဲ့ အရက်ကိုပဲ တမ်းတမ်းတ စွဲလမ်းရသူ လက်စလီ တစ်ယောက်၊ သားဆီကို အပြန်လမ်း၊ သူရာနတ်မင်းရဲ့ ကလိထိုးကျီစားမှု ကြောင့် သားဖြစ်သူရဲ့ စွန့်ပစ်ခြင်းနဲ့ ဝဋ်တစ်ဖန်ပြန်လည်၊ ပလက်ဖောင်းမင်းသမီး အရင့်စားကြီးပေါ့။ မွေးရပ်မြေကို ပြန်ရောက်၊ တစ်အူထုံဆင်း အစ်မရင်းကပါ အိမ်ကနေနှင်ထုတ်ရလောက်အောင် ဘဝဆိုးရသူ။ လက်စလီ ဘယ်လဲ၊ ဘာလဲ။ ဘာတွေဆက်ဖြစ်မလဲ။ ဘာတေ‌ွကြုံရဦးမလဲ။ ဒီ ၂၀၂၂ နှစ်ထွက် မိသားစုဇာတ်ကားလေးက သင့်ကို တွေးစရာတွေတပုံတပင်နဲ့ အရောင်စုံခံစားချက်တွေ ပေးစွမ်းနိုင်တာမို့ ကြည့်ရှု့ရအောင် တင်ဆက်ပေးလိုက်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူက‌တော့ Arr Khun Winchester ပါ ) File Size__(2.7GB) / (1GB) Quality__WEB-DL_1080p, 720p IMDb Rating__7.0/10 Format__mp4 Duration__02:00:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Naing Aung Latt

Drama • History • Music
7 2022 119 mins
To Leslie
[18+] Money Shot: The Pornhub Story

Money Shot: The Pornhub Story (2023) ~ Rotten Tomatoes – 69% ~ (အပြာ ဝက်ဆိုဒ် ပွန်းဟတ်အ​ကြောင်းရိုက်ပြထားတာ​ကြောင့် ကြမ်းတမ်းတဲ့အသုံးအနှုန်း​တွေ တပုံကြီးပါ​တာ​ကြောင့် ၁၈ နှစ်ပြည့်မှ ကြည့်​စေလိုပါတယ်) ကမ္ဘာ​ပေါ်မှာလူကြည့်အများဆုံး ၁၀ခု​မြောက် ဝက်ဆိုဒ်တစ်ခုဖြစ်တဲ့ ပွန်းဟတ်ရဲ့ ဖြတ်သန်းလာရတဲ့ အခက်အခဲ​တွေကို Netflix က မှတ်တမ်းရုပ်ရှင်ရိုက်ထားတာပဲဖြစ်ပါတယ်။ ကုမ္ပဏီစစ​ထောင်ချင်းက​တော့ နည်းပညာပိုင်းဆိုင်ရာ​ကုမ္ပဏီ​ပေမယ့် ​နောက်ပိုင်း လူ​တွေ​ အပြာဓါတ်ပုံ​တွေ ဗီဒီယို​တွေ ​ဝေမျှဖို့ ဝက်ဆိုဒ်လုပ်ရင်း အဲ့ဒီကရတဲ့ ​ကြော်ငြာခ​တွေက​နေ ချမ်းသာလာပြီး ကမ္ဘာလူအကြည့်အများဆုံးဝက်ဆိုဒ်တစ်ခုဖြစ်လာတဲ့ပွန်းဟတ်… တစ်ဖက်မှာလည်း ပွန်းဟတ်​ပေါ်မှာ ​ဘယ်အရာမဆို ကန့်သတ်ချက်မရှိ ​ဝေမျှလို့ရတဲ့အချက်​ကြောင့် လူဝင်များလာတဲ့အ​လျောက် က​လေးသူငယ်ဆိုင်ရာ လိင်အကြမ်းဖက်မှု​တွေ မုဒိမ်းကျင့်တဲ့ဗီဒီယို​တွေ ဝက်ဆိုဒ်ထဲ အမည်မသိပဲ တင်လာကြတဲ့အခါ… ပွန်းဟတ်အတွက် ဘယ်လိုနစ်နာမှု​တွေဖြစ်လာ​စေလဲ ဘာ​တွေရင်ဆိုင်ရမလဲဆိုတာ​တွေ… ၂၀၂၀ ​နှောင်းပိုင်းမှာ လိုင်လာဆိုတဲ့အမျိုးသမီးစတင်လိုက်တဲ့ ပွန်းဟတ်ဖြုတ်ချ​ရေး ကမ်ပိန်းက​ရော ပွန်းဟတ်ကို ဘယ်​လောက်ထိ​ရိုက်ခတ်သွားလဲ၊ ဘာ​တွေ​​ပြောင်းလဲ​ပေးလိုက်ရလဲဆိုတာ​​တွေ … ရုတ်တရက် အသစ်ထွက်ရှိလာတဲ့ဥပ​ဒေ​တွေ၊ ကမ်ပိန်း​တွေ​​ကြောင့် ဒါကို မှီခို​နေရတဲ့ လိင်လုပ်သား​တွေအ​ပေါ် ဘယ်​လောက်ရိုက်ခတ်သွားလဲ၊ သူတို့ဘယ်လိုရုန်းကန်ခဲ့ရလဲ၊ ဒီလိုဖြစ်သွားတာ​တွေအ​​​ပေါ် သူတို့ အမြင်က​ရောဘာ​တွေ… ဆိုတာကို ဘက်​ပေါင်းစုံက​နေ ရိုက်ပြထားတဲ့ မှတ်တမ်းရုပ်ရှင်​ကောင်းတစ်ခုပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 800MB Quality – 1080p, 720p Format – mp4 Duration – 1H 35Min Genre – Documentary Subtitle – Myanmar Subtitle (Hardsub) Translated by DB Encoded by Y

0 2023
[18+] Money Shot: The Pornhub Story
[18+] Ikaw Lang Ang Mahal
6

Ikaw Lang Ang Mahal (2022) မှတ်တမ်းရုပ်ရှင် ရိုက်တဲ့ ဒါရိုက်တာပေါက်စတစ်ယောက်… အနားယူသွားတဲ့ နာမည်ကြီး ဒါရိုက်တာကြီး သုံးယောက်ကို အင်တာဗျူးဖို့ နယ်မြို့လေးတစ်မြို့ကိုရောက်လာတယ်။ တည်းခိုခန်းကို ရောက်တဲ့ညမှာပဲ အဲဒီကိုအရင်ရောက်နှင့်နေတဲ့ ဒါရိုက်တာ ပေါက်စမလေးတစ်ယောက်နဲ့ ဘုတယ်။ နောက်နေ့ အင်တာဗျူးသွားရင်း အဲဒီဒါရိုက်တာရဲ့ တူမနဲ့ စာရေးဆရာမနဲ့ တွေ့တယ်။ ကြိုက်သွားတယ်။ နောက်နေ့ပါတီလုပ်ပြီး ပစ္စည်းသိမ်းရင်း ဘုတယ်။ ဒါရိုက်တာမကြီး ပန်းချီဆရာမကို သွားအင်တာဗျူးရင်း ဘုတယ်။ ဇာတ်လမ်းကတော့ အဲဒီလိုပဲ။ အတော်လေးကို အားပါးတရရှိလွန်းလှပါတယ်။ ဖိလစ်ပိုင်သူလေးတွေရဲ့ အလှအပကို စပယ်ရှယ်ခံစားရင်း ကြည့်လိုက်ကြပါတော့။ (ဒီဇာတ်ကားနဲ့အညွှန်းကို 6 9 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 830MB Quality – 1080p, 720p IMDb Rating – 6/10 Format – mp4 Duration – 1H 50Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by 6 9 Encoded by RGB

6 2022
[18+] Ikaw Lang Ang Mahal
Dear Mr. Gacy
6.4

Dear Mr. Gacy (2010) ================= IMDb Rating – 6.4/10 စိတ္တဇလူသတ်သမားတစ်ယောက်ရဲ့စိတ်ကို နားလည်ချင်ပါသလား၊ နားလည်ချင်တယ်ဆိုရင်တော့ ဒီရုပ်ရှင်လေးကိုကြည့်ဖို့ တိုက်တွန်း ပါတယ်။ စိတ္တဇလူသတ်သမားနဲ့မိတ်ဆွေဖြစ်ခဲ့တဲ့သူက အရိပ်လို လွှမ်းမိုးနိုင်ခဲ့တဲ့အကြောင်းတွေရဲ့ ဖြစ်ရပ်မှန်အချက်အလက်တွေကို သေချာရိုက်ပြထားတာပါ။ အက်ဖ်ဘီအိုင်တောင်အဖြေမရှာနိုင်တဲ့ စိတ္တဇကွင်းဆက်လူသတ်သမား တစ်ယောက် ဂျွန်ဝိန်းဂေဆီ ကို ၁၈နှစ်အရွယ် ကောလိပ်ကျောင်းသား ဖြစ်တဲ့ ဂျေဆန်မော့စ် ကတော့ စိတ်ဝင်စားမိပါတယ်။ ကျောင်းမှာလည်း စာတော်တဲ့ မော့စ်က သူ့စာတမ်းအတွက် ဂေဆီ့အကြောင်းရေးဖို့ ဆုံး ဖြတ်ချက်ချခဲ့ပါတယ်။ အချိန်ကတော့ ဂေဆီကိုသေဒဏ်မပေးခင် ခြောက်လအလို… မော့စ်က ဂေဆီကိုချဉ်းကပ်ဖို့အတွက် စာတစ်စောင်ရေးခဲ့ပါတယ်။ လွယ်လွယ်နဲ့စာပြန်မလာတဲ့အတွက် ဂေဆီစိတ်ဝင်စားမယ့် ဂေးဆန် ဆန်ဓါတ်ပုံတွေပါ ထည့်ပြီး စာပို့လိုက်ပါတယ်။ ယောက်ျားလေး ၃၃ ယောက်ကို မုဒိန်းကျင့်လူသတ်ခဲ့တဲ့ ဂေဆီအတွက်တော့ ထောင်ထဲ နေရင်း မုတ်ဆိတ်ကိုပျားစွဲတော့တာပေါ့။ သိပ်မကြာခင်မှာ မော့စ် နဲ့ ဂေဆီတို့ စာအပြန်အလှန်ရေးဖြစ်ရင်း ဖုန်းပါပြောဖြစ်ခဲ့ကြပါတယ်။ ဂေဆီ့အကြောင်းတွေကို တစ်ဖြေးဖြေးနားလည်လာခဲ့တဲ့ မော့စ် တစ် ယောက်၊ ဂေဆီ နဲ့သူက တစ်သားတည်းဖြစ်လာသလို ခံစားခဲ့ရပါတယ်။ အပြစ်တင်စိတ်တွေစိုးမိုးလာခဲ့တယ်။ ကြောက်စိတ်တွေပြင်းထန်လာခဲ့ တယ်။ မော့စ်ဆိုတဲ့ လူတစ်ယောက် တစ်ဖြေးဖြေးပျောက်ကွယ်လာတဲ့ အချိန် ဂေဆီ သေဒဏ်ပေးခံရတဲ့နေ့မှာတော့…. မော့စ် ဘယ်လိုရပ်တည် သွားလဲ… အမှောင်ထုထဲကနေ ဘယ်လိုရုန်းထွက်ခဲ့လဲဆိုတာတွေကို ဆက်ပြီးကြည့်ရှူလိုက်ကြပါကုန်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်) File Size……….(1.75 GB) / (658 MB) Quality…………WEB-RIP 1080p / 720p Duration………1Hr 43Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Crime, Drama, Thriller Translator…….Jo Jo Va Encoder……….SWM

6.4 2010
Dear Mr. Gacy
Oracle
5.2

‌တက္ကသိုလ်ကျောင်းသူ ငမွဲမလေး Shayဟာ ကျောင်းစရိတ် မလုံလောက်တာကြောင့် အချိန်ပိုင်းအလုပ်တွေကို အသည်းအသန် ရှာဖွေနေပါတယ်။ လက်ရှိလုပ်နေတဲ့အလုပ်ကပါ အလုပ်ချိန်နာရီတွေ လျှော့ချခံရတော့ ပိုလို့အခက်တွေ့တာပေါ့။ တစ်ရက်တော့ ကလေးထိန်း ရှာဖွေရေးဝဘ်ဆိုက်တစ်ခုက အလုပ်ကိုလက်ခံဖို့ အကြောင်းဖန်လာပါတယ်။ သူကလေးသွားထိန်းပေးရမယ့်အိမ်ကြီးက သာမန်မဟုတ်ဘဲ ပြည်တွင်း စစ်ကာလတုန်းက လူမည်းကျွန်စနစ်သုံးစိုက်ခင်းဖြစ်တာကြောင့် သူဟာ သိပ်လက်မခံချင်လှပေမဲ့ အိမ်ကိုလာရောင်ကြည့်ရုံနဲ့တင် ဒေါ်လာ၂၀၀ပေးမယ် ဆိုတဲ့ ကမ်းလှမ်းမှုကြောင့် သွားကြည့်ဖြစ်ခဲ့ပါတယ်။ အဲဒီအိမ်ရောက်တော့ သူအမြဲမက်နေတဲ့အိပ်မက်ဆိုးတွေဟာ ဒီအိမ်ကြီးနဲ့ ဆက်စပ်မှုရှိနေတဲ့အခါ ဘယ်လိုခြောက်ခြားစရာတွေဖြစ်လာမလဲ ဇာတ်ကွက်အလှည့်အပြောင်းတွေ ဘယ်လိုဖြစ်မလဲ ကြည့်ရှုလိုက်ပါဦးနော်။ File size…1.08GB / 431MB Quality…WEB-Rip 1080p 5.1 CH / 720p Format…mp4 Duration….1h 25m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jane

5.2 2023 85 mins
Oracle
Jean de Florette
8.1

IMDb 8.1 အထိ ရထားပြီး ဇာတ်လမ်းဇာတ်အိမ်ကောင်းမွန်တဲ့ ပြင်သစ် ဟာသ ဇာတ်လမ်းဟောင်းလေး တစ်ပုဒ်ကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် Ugolin ဟာ စစ်ပွဲပြီးချိန် မွေးရပ်မြေ ကျေးလက်တောင်ပေါ်ဒေသကို ပြန်လာပြီး ဦးလေးဖြစ်သူ လူပျိုကြီး César ဆီကို ရောက်လာပါတယ် ဦးလေးဖြစ်သူက သူ့တူ Ugolin ဇော်မွှားပန်းတွေ စိုက်ချင်တဲ့အတွက် အိမ်နီးချင်းရဲ့ လယ်မြေကို ဝယ်ပေးဖို့ ဈေးညှိပေမယ့်တစ်ဖက်က လက်မခံရာ အချင်းများကြပြီး အိမ်နီးချင်းအဘိုးကြီး မတော်တဆ လျှောသွားပါတော့တယ် ဒီလိုနဲ့ အမွေအဖြစ် လယ်နဲ့အိမ်ကို အဘိုးကြီးရဲ့ ညီမဖြစ်သူက ရသွားပြီး ဖြစ်ချင်တော့ ညီမဖြစ်သူကပါ ဆုံးသွားလို့ ကျောကုန်းဘုကြီးနဲ့ မြို့က သားဖြစ်သူ အကောက်ခွန်အရာရှိ Jean Cadoret က ရသွားပြီး နယ်ကိုပြန်လာပါတော့တယ် Jean က ရည်မှန်းချက်ကြီးပြီး မြို့နေဘဝကနေ ကျေးလက်မှာ စိုက်ပျိုးမွေးမြူရေးကို အကြီးစားပြောင်းလုပ်ချင်သူပါ ဒါပေမယ့် မြေကို လိုချင်တဲ့ Ugolin ကတော့ Jean ကို မောင်းထုတ်ဖို့အတွက် ဦးလေးဖြစ်သူနဲ့ ပေါင်းကြံပါတော့တယ် ဇာတ်လမ်းအသေးစိတ် ပြောပြနေရင် ပေါ့သွားမှာစိုးလို့ သူတို့ တူအရီးနှစ်ယောက် ဘယ်လိုတွေ ကြံစည်ကြလဲဆိုတာကို ပရိသတ်ကြီးပဲ အားပေးလိုက်ပါဦး File size…(2.4 GB)/(1.3 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:00:00 Genre…Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Sike Tan

Drama • Fantasy
8.1 1986
Jean de Florette
Secretariat
7.2

တစ်ချိန်က ပြိုင်မြင်းလောကရဲ့ အမြန်ဆုံးမြင်းဖြစ်ခဲ့တဲ့ စက်ကပ်ထရီးရက် 25 နှစ်ကြာစံချိန်ကိုချိုးဖျက်ပြီးတော့ triple crownကိုဆွတ်ခူးနိုင်ခဲ့တဲ့ ပြိုင်မြင်းကြီး ဘစ်ရက်ဒ် အကြောင်း ရိုက်ကူးထားတဲ့ biography sport drama ကောင်းလေးကို တင်ဆက်ပေးချင်ပါတယ်။ မြင်းပြိုင်ပွဲ‌ ခေတ်စားတဲ့နိုင်ငံတွေမှာတော့ Secretriatကို မသိသူမရှိကြပေမဲ့ ဒီမှာလည်း ပြိုင်မြင်းအကြောင်း စိတ်ဝင်စား သူတွေရှိရင်တော့ ကြည့်ဖူးထားသင့်တဲ့ရုပ်ရှင်‌လေးပါပဲ။ ဒန်ဗာမှာ အိမ်ရှင်မလုပ်နေတဲ့ ပန်နီချနရီတစ်ယောက် အမေဆုံး သွားတဲ့အကြောင်း ကြားလိုက်ရချိန်မှာတော့ ရုတ်တရက် သူ့ရဲ့ မွေးရပ်မြေကို ပြန်လာဖို့ဖြစ်လာပါတယ်။ အဲဒီမှာပဲ အဖေလည်း သတိမေ့ရောဂါအခြေအနေဆိုးနေပြီ မိသားစုလုပ်ငန်းဖြစ်တဲ့ မြင်းမွေးခြံလုပ်ငန်းကြီးကလည်း အုပ်ထိန်းသူမရှိတော့ ဖရိုဖရဲပေါ့။ ဒီလို အမျိုးသားတွေကြီးစိုးတဲ့ ပြိုင်မြင်းလောကထဲကို မိဘအမွေမို့ ထိန်းဖို့ ဖြစ်လာတဲ့ လူသစ်အမျိုးသမီးပန်နီချနရီ၊ လူတွေရဲ့ အထင် သေးမှု လှောင်ပြောင်မှုတွေကြားက သူယုံကြည်ရတဲ့ မြင်းမွေးခြံက လူတွေနဲ့ သူရွေးချယ်ထားတဲ့ သူ့ကိုသိပ်ချစ်တဲ့ မြင်းနီကြီး Secretriatနဲ့ အတူ ယောက်ျားကအစ အစ်ကိုအဆုံး တစ်လောကလုံးနဲ့ ဘယ်လို ဆန့်ကျင်ရင်း triple crownဆုကို ဘယ်လိုယူပြမလဲဆိုတာ ရှုစားကြရအောင်ပါ။ File size…2.22GB / 1.1GB Quality…Blu-Ray 1080p / 720p Format…mp4 Duration….2h 3m Genre ….. Biography , Drama , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Darcy

Romance
7.2 2010
Secretariat
Paltan
5.2

Paltan (2018) IMDb – 5.2/10 တောင်းဆိုမှုတွေကြောင့် အဟောင်းထဲက အကောင်းစားရုပ်ရှင်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ Om Shanti Om (2007)က ဗီလိန်လူချောကြီး အာဂျွန်ရမ်ပယ်လ်၊ နွားရုပ်ကလေးလုပ်ပေးတဲ့ အစ်ကိုကြီးအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Ramaiya Vastavaiya (2013)က ဆိုနူးဆွတ်၊ ထာ၀ရထက်တစ်ရက်ဆိုပြီး နာမည်ကြီးခဲ့တဲ့ Sanam Teri Kasam(2016)က မင်းသားဟာရှ်ဗာဒန်ရိန်း မင်းသားကြီး တိုက်ဂါးရှရော့ဖ် စတဲ့ ဒိတ်ဒိတ်ကြဲမင်းသားတွေ ပါဝင်ထားတဲ့ ရုပ်ရှင်။ 1967ခုနှစ်က တရုတ်နဲ့ အိန္ဒိယစစ်တပ်ကြား နယ်စပ်ကပဋိပက္ခ။ တပ်စုအသစ်တစ်ခုရောက်လာတိုင်း မော်စီတုန်းရဲ့ မော်ဝါဒက စစ်သေနကနည်းဗျူဟာတွေနဲ့ ရန်လာစကြတဲ့ တရုတ်စစ်တပ်ကို စိတ်ဓာတ်ရေးရာအရ ပြန်အနိုင်ယူဖို့ကြိုးစားကြတဲ့ တပ်စုအသစ်။ ပြတ်သားတဲ့ ဗိုလ်ချုပ်ရောက်လာချိန်မှာ နှစ်ဖက်တပ်တွေ အခြေအနေတင်းမာကုန်ပြီး တစ်ဘက်နဲ့ တစ်ဘက် စစ်မြှူနေကြပုံကို အသည်းတလှပ်လှပ်နဲ့ခံစားကြည့်ရှုကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Yunni ~ V ~ KKKZ ~ Linn ~ Thaw တို့ပဲဖြစ်ပါတယ်)

5.2 2018 123 mins
Paltan
Kaadhal Enbadhu Podhu Udamai
6.3

Kaadhal Enbadhu Podhu Udamai (2025) အများနှင့်သက်ဆိုင်သော အချစ်ရဲ့ အရိပ် IMDb 7.4/10 ကမ္ဘာပေါ်မှာ ချစ်ခြင်းမေတ္တာတွေက ပုံစံမျိုးစုံနဲ့ တည်ရှိနေကြပါတယ်။ မိသားစုအချစ်၊ သူငယ်ချင်းအချစ်၊ ချစ်သူတွေကြားကအချစ် စသည်ဖြင့်ပေါ့လေ။ ဒီဒရမ်မာလေးထဲမှာလည်း ချစ်ခြင်းမေတ္တာ ပုံစံမျိုးစုံ သရုပ်ဖော်ထားတာကို တွေ့မြင်ရမှာပါ။ လက်ရှ်မီးက motivational speaker တစ်ဦးဖြစ်တဲ့အပြင် documentary လေးတွေကိုလည်း ရိုက်ကူးသူတစ်ဦးပါ။ သူ့မှာ ဆမ်ဆိုတဲ့ သမီးလေးရှိပါတယ်။ သူတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုအပြည့်ရှိပြီး အချင်းချင်း ပံ့ပိုးကူညီရင်း ကောင်းမွန်တဲ့ သားအမိဆက်ဆံရေးလေးကို ပိုင်ဆိုင်ထားရပါတယ်။ တစ်နေ့တော့ဆမ်က သူ့မှာချစ်သူရှိနေပြီ ဖြစ်တဲ့အကြောင်း သူ့မိခင်လက်ရှ်မီးကို ဖွင့်ဟပြောကြားလာပါတယ်။ လက်ရှ်မီးကလည်း ဘာမှမေးမြန်းခြင်းမရှိဘဲ တက်ကြွပျော်ရွှင်စွာနဲ့ အိမ်ကိုနေ့လယ်စာစားဖို့ ဖိတ်ကြားစေပါတယ်။ သူ့သမီးကို သူက ရိုးရာဝတ်စုံလေး ဝတ်စေချင်တာတောင် ဆမ်က မဝတ်ချင်ပါဘူးဆိုရင် ဖိအားမပေးသူ၊ ဟင်းချက်‌စေချင်ပေမဲ့ သူ့သမီး မချက်ချင်ရင် အတင်းမ စေခိုင်းသူ၊ သူ့သမီးဘာပြောပြော သဘောတူနားလည် လက်ခံပေးခဲ့သူက ဆမ်ရဲ့ချစ်သူက ယောက်ျားလေးမဟုတ်ဘဲ မိန်းက‌လေးတစ်ယောက်ပါဆိုတာ သိရှိသွားတဲ့အခါမှာတော့……………….. ဘယ်လိုပဲ ခေတ်မီတိုးတက်လာပါပြီပြောပြော တကယ်တမ်းကြုံတွေ့လာတဲ့အခါ ရင်ဆိုင် ဖြေရှင်းရခက်ခဲနေဆဲဖြစ်တာကို သူတို့ ကိုင်တွယ်ဖြေရှင်းပုံ၊ အိန္ဒိယရိုးရာထုံးတမ်းရဲ့ စိန်ခေါ်မှုတစ်ရပ်ပါဆိုတာကို ရင်ဆိုင်ပုံ၊ သားအမိချစ်ခြင်းမေတ္တာ၊ ကာယကံရှင်နှစ်ဦးရဲ့ အချစ် စတာတွေကို ရင်သပ်ရှုမော ကြည့်ရှုခံစား ကြည့်ကြရအောင်ပါ။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ V~Cym~Julien~STAR တို့ပဲဖြစ်ပါတယ်။

Fantasy • Thriller
6.3 2025 108 mins
Kaadhal Enbadhu Podhu Udamai