YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

The Sin (2024) WEB-DL 720P (CM).mp4

661.92 MB N/A video/mp4 643 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Raven's Hollow
5.4

အမေရိကန် နိုင်ငံရဲ့ ၁၈၃၀ ခုနှစ် ဆောင်းဦးကာလမှာ ဗိုလ်လောင်း အက်ဂါ ပိုး ဟာ တခြား ဗိုလ်လောင်း ၄ ယောက်နဲ့အတူ လေ့ကျင့်ရေးကွင်းဆင်းဖို့ ထွက်လာခဲ့ပါတယ်။ ထိုသို့ ထွက်လာရင်း လူတစ်ယောက်ကို စာ‌ခြောက်ရုပ်သဖွယ် ကြိုးတွေနဲ့ ချည်ထားပြီး ဗိုက်ကို ဓားနဲ့ အခွဲခံထားရတာကို တွေ့လိုက်ရပါတယ်။ ထိုသူမသေခင် နောက်ဆုံး ပြောသွားတဲ့ စကားမှာ "ကျီးကန်း" ဆိုပြီး တစ်ခွန်းတည်း ပြောသွားခဲ့ပါတယ်။ ထိုအခါမှာ ပိုးလည်း လိုက်စုံစမ်းရင်း ကျီးကန်းဆိုတဲ့ မြို့လေးတစ်မြို့ဆီကို ရောက်သွား ပါ‌တော့တယ်။ အဆိုပါ မြို့လေးဟာ သေးငယ်ပြီးတော့ လူလည်း မရှိသလောက်ဖြစ်နေပါ တော့တယ်။ လူတစ်ယောက်က သူတို့ကို မနေဖို့ တားပေမယ့် ဆက်နေခဲ့ကြပါတယ်။ ထိုနေ့ညမှာပဲ သူတို့ထဲက တစ်ယောက် ပျောက်ဆုံးသွားပါတော့တယ်။ ထိုမြို့လေးကတော့ "ကျီးကန်း" ဆိုသည့်အရာကြီးကို နတ်ဆိုးအဖြစ် သတ်မှတ်ထားပြီး ကြောက်ရွံ့နေပါတယ်။ ပိုးတို့ လူတစ်စုလည်း မြို့မှာ သောင်တင်နေပြီး ထွက်ဖို့ ကြိုးစားတဲ့ သူက သေဆုံးသွားပါတော့တယ်။ ထိုသို့ ဆန်းကြယ်တဲ့ အဖြစ်တွေကို ဆက်တိုက်ကြုံနေရ ပါတယ်။ "ကျီးကန်း" ဆိုတဲ့အရာကြီးက ဘာလဲ ထိုမြို့နဲ့ ဘယ်လို ပတ်သက်နေလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှု့ရမှာပဲ ဖြစ်ပါတယ်။  Horror, Thriller အရသာကို ကောင်းကောင်း ကြီး ခံစားရမှာဖြစ်လို့ ညအချိန် နားကြပ်နဲ့ တပ်ပြီး ကြည့်ရှု့ဖို့ အကြံပေးချင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Leonard Lin ဖြစ်ပါတယ်) File Size..........(1.46 GB) / (600 MB) / (400 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 38mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Thriller Translator.......Leonard Lin Encoder..........SWM

Action • Adventure • Mystery • Thriller
5.4 2022 98 mins
Raven's Hollow
November
6.9

November (2022) ============= IMDb Rating – 6.9/10 ၂၀၁၅ နိုဝင်ဘာသောကြာနေ့မှာပြင်သစ်နိုင်ငံ ပါရီမြို့တော် တစ်ဝှမ်းအကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပွားပြီး လူပေါင်း ရာချီသေဆုံးခဲ့ရပါတယ်။ အဲ့ဒီတိုက်ခိုက်မှုတွေဟာ ပြင်သစ်နိုင်ငံအတွက် ဒုတိယကမ္ ဘာစစ်ပြီးတဲ့နောက် အပြင်းထန်ဆုံးတိုက်ခိုက်မှုဖြစ်ခဲ့သလို၊ EU အတွက်လည်း ၂၀၀၄ မှာဖြစ်ပွားခဲ့တဲ့ မက်ဒရစ်ရထား ဗုံးဖောက်ခွဲမှုအပြီး လူသေဆုံးမှုအများဆုံးဖြစ်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာတော့ အဲ့ဒီဖြစ်ရပ်နောက်ကွယ်က လက်သည် တရားခံတွေကိုစုံစမ်းဖော်ထုတ်ကြတဲ့ ပြင်သစ်အကြမ်းဖက် တိုက်ဖျက်ရေးဌာနရဲ့ ငါးရက်တာကာလ လှုပ်ရှားရုန်းကန်ကြိုး စားမှုတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ရုံတင်ဝင်ငွေကြမ်းသလို ဝေဖန်ရေးဆရာတွေရဲ့မှတ်ချက်ကောင်းတွေကိုလဲရရှိထားပြီး လာမယ့် César Awards အတွက်လည်း ဆန်ကာတင် ခုနှစ်ဆု ထိဝင်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်လို့ ဖြစ်ရပ်မှန် မှုခင်းကြိုက်ပရိသတ်တွေအနေနဲ့လက်လွတ်မခံသင့်တဲ့ ဇာတ် ကားတစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်) File Size……….(1.36 GB) / (555 MB) / (313 MB) Quality…………Blu-Ray 1080p / 720p / 480P Duration………1Hr 40Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Crime, Drama, Thriller Translator…….Alias Encoder……….SWM

6.9 2022 105 mins
November
Rimini
7

Rimini (2022) ~ IMDb – 7/10, RT – 94%, Meta – 81% ~ အခုမိတ်ဆက်ပေးမှာကတော့ မနှစ်က ထွက်ခဲ့တဲ့ ဩစတြေးလျကားသစ်လေးတစ်ကားပါ။ ရီမီနီဆိုတာ အီတလီနိုင်ငံက မြို့တစ်မြို့ပေမယ့် ဩစတြေးလျပေါ့ပ်အဆိုတော်ကြီးတစ်ယောက်ကို ဇာတ်အိမ်တည်ပြီး အီတလီ၊ ရိုမေးနီးယား၊ ဂျာမနီ၊ ဩစတြေးလျတို့မှာ ရိုက်ထားတာပါ။ ရီချီဘရာဗိုလို့ ခေါ်တဲ့ တစ်ခေတ်တစ်ခါက အောင်မြင်ခဲ့တဲ့ ပေါ့ပ်စတားတစ်ဦးဟာ မှေးမှိန်သွားပြီဖြစ်တဲ့ သူ့အောင်မြင်မှုလေးတွေ လိုက်လံဖမ်းဆုပ်ရင်း သူ့သီချင်းတစ်ချို့ ခေတ်စားနေသေးတဲ့ အီတလီနိုင်ငံ ရီမီနီမြို့မှာ အခြေချဖြစ်ပါတယ်။ ဘဝကို အနိမ့်တကာ့အနိမ့်ဆုံးထိ ကိုယ်တိုင်ထိုးဆင်းပြီး အရက်၊ ဆေးလိပ်၊ (အထူးသဖြင့်) မိန်းမ အပျော်အပါးမှန်သမျှ အကုန်ချပြီး လူမဝင်သလောက်နီးပါး ရုံလေးတွေမှာ ဖျော်ဖြေရင်း မဖြစ်စလောက် ဝင်ငွေလေးနဲ့ ရပ်တည်နေပါတယ်။ ဒီလိုမျိုး ဘဝကို စိတ်ကြိုက်ဖြုန်းတီးပြီး ဖြစ်သလိုနေထိုင်နေတဲ့ ရီချီ့ဘဝထဲကို ငယ်ငယ်လေးကတည်းက သူပစ်ထားခဲ့တဲ့ သမီးဖြစ်သူရောက်လာပြီး သူရထိုက်တဲ့ သူ့ပိုက်ဆံ တစ်နည်းပြောရရင် အဖေဖြစ်သူက ဖန်တီးပေးသင့်တဲ့ သူ့အနာဂတ်ကို တောင်းဆိုလာပါတယ်။ ပစ်တုန်းက ပစ်ခဲ့ပေမယ့် ပြန်တွေ့တော့လည်း သမီးအတွက် ဘာမဆိုလုပ်ဖို့ ဆုံးဖြတ်မိသွားတဲ့ ရီချီတစ်ယောက် ဘယ်လိုများ သမီးရဲ့ ဆန္ဒကို ဖြည့်ဆည်းမလဲဆိုတာတော့ ဇာတ်လမ်းထဲမှာ ကိုယ်တိုင်ကြည့်ကြရမှာပါ။ အထူးသတိချပ်ရမှာကတော့… အပေါ်မှာရေးပြထားတဲ့ ဇာတ်အိမ်ကို ဖတ်ပြီးတော့ ” ဟာ..ဒီကားလေးဟာတော့ ခေတ်ဟောင်းအဆိုတော်ကြီးတစ်ယောက်အကြောင်းလေးပါလား၊ သားအဖ မေတ္တာဘွဲ့ဇာတ်လမ်းလေးပါလား ” ဆိုပြီး မိဘတွေနဲ့ အတူတူကြည့်ဖို့များတွေးမယ်ဆိုရင်တော့ အမှားကြီးမှားသွားလိမ့်မပေါ့။ ထိန်းမနိုင်အရွယ်တွေ ကဲရင် သာတောင်ဆိုးသတဲ့ လို့ အဆိုလည်း ရှိလေတော့ ဒီကားထဲမယ် ဆင်နှာမောင်းကိုတောင် ကင်မရာဦးတိုက် ပြထားသေးသမို့ စဉ်းစဉ်းစားစားသာ ကြည့်ကြစေချင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.85GB, 820MB Quality – 1080p, 720p IMDb Rating – 7/10 Format – mp4 Duration – 1H 54Min Genre – Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

7 2022 115 mins
Rimini
Raquel 1:1
6.8

Raquel 1:1 (2022) ~ IMDb – 6.8/10, Rotten Tomatoes – 80% ~ ဒီရုပ်ရှင်ကို ဘယ်လိုရုပ်ရှင်မျိုးလဲ ဒြပ်ခွဲဖို့တော့ နည်းနည်းတော့ခက်လိမ့်မယ်။ ဘာလို့ဆို ဒီရုပ်ရှင်က Concept ကောင်းကောင်းကိုအခြေတည်ပြီးမှ အဲဒီ Concept ကို အခြေတည်ပြီး ရင်းမြစ်ကို အများကြီးပြန်ဖြန့်ပစ်လိုက်တဲ့ ရုပ်ရှင်မျိုးလို့ပြောရမလားပဲ။ နည်းနည်းလည်းဆန်းတော့ဆန်းတယ်။ တခြားဘာသာရေးတွေရဲ့ အမျိုးသမီးဖိနှိပ်မှုတွေအကြောင်း ရုပ်ရှင်တွေကို ကျွန်တော်တို့ တော်တော်များများကြည့်ဖူးကြပေမဲ့ ခရစ်ယာန်ဘာသာရေးမှာလည်း ဒါမျိုးရှိတာကို ကျွန်တော်တော့ မကြည့်ခဲ့ဖူးဘူး။ ကြားလည်းမကြားဖူးခဲ့ဘူး။ ဒီရုပ်ရှင်ရဲ့ Concept က ခရစ်ယာန်ဘာသာရေးက အမျိုးသမီးဖိနှိပ်မှုတွေအကြောင်းလို့ ပြောလို့ရတယ်။ ဒါပေမဲ့ သူက ဒါကြီးကို ဒါပါလို့ ဒဲ့တော့မသွားဘူး။ စစချင်း အမေသေသွားပြီး အဖေနဲ့ အဖေ့ဇာတိမြို့မှာ သွားနေတဲ့ကောင်မလေးတစ်ယောက်အကြောင်းကိုပြတယ်။ နောက် သူကြုံရတဲ့ ဘာသာရေးလိုက်စားတဲ့ မြို့ခံလူတွေပေါ့။ သူလည်း အဲဒီလိုလူတွေထဲက တစ်ယောက်ဖြစ်လာတယ်။ ဒါပေမဲ့ သူ့မှာ စိတ်ဒဏ်ရာကရှိနေတယ်။ သူ့အမေသေတာက သမားရိုးကျသေတာမဟုတ်ဘဲ သူ့အမေရဲ့ ရည်းစားဟောင်းကြောင့်သေတာကိုး။ ဒီလိုနဲ့ ဒီစိတ်ဒဏ်ရာရယ် သူ့ပတ်ဝန်းကျင်ကမြင်ရတဲ့ ဖိနှိပ်မှုတွေရယ် ထိပ်တိုက်တိုးသွားတဲ့အခါ သူကျမ်းစာထဲက ဖိနှိပ်မှုတွေကို ဆန်ကျင်ချင်စိတ်ပေါ်လာပြီး ကျမ်းစာကို ပြန်ပြင်ရေးဖို့ ကြံကြတယ်။ ဒီလိုနဲ့ ဒီဇာတ်ဖြစ်လာတယ်။ ဒီဇာတ်က ဘယ်ကို ဆက်သွားမလဲတော့ ကိုယ်တိုင်ပဲ ကြည့်ကြည့်ကြပေါ့။ Mystery Drama ဇာတ်ပေမဲ့ Thriller လိုလို အရသာလည်း ပေါင်းထားပေးလို့ တော်တော်တော့ သို့လောသို့လောနဲ့ ကြည့်ကောင်းမယ့် ဇာတ်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို M မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.55GB, 680MB Quality – 1080p, 720p IMDb Rating – 6.8/10 Format – mp4 Duration – 1H 30Min Genre – Thriller Subtitle – Myanmar Subtitle (Hardsub) Translated by M Encoded by Y

6.8 2022 90 mins
Raquel 1:1
[18+] Sometimes Pornography Star

Sometimes Pornography အချစ်နဲ့လိင်ကိစ္စကို သိမ်သိမ်မွေ့မွေ့ခံစားချင်တဲ့ သူတွေအတွက် ဒီကားကကြည့်သင့်တဲ့ အထဲပါပါတယ် လိင် ကိစ္စရဲ့ သဘောသဘာ၀ ယောကျ်ားတွေရဲ့ စိတ်ခံစားချက် လွတ်လွတ်လပ်လပ်နေချင်တဲ့ ယောကျ်ား တစ်ယောက်ကိုမှ စွဲလမ်းမိတဲ့ မိန်းမတစ်ယောက်ရဲ့ စွဲလမ်းစိတ်သဘော စတာတွေကို စကားလုံးလှလှလေးတွေနဲ့ ပုံဖော်ထားသလို လိင်မှု ကိစ္စကိုလည်း နူးနူးညံ့ညံ့ တင်ဆက်ထားတဲ့ Pornograhpy ပဲဖြစ်ပါတယ် လိင် ကိစ္စဆို ၀ုန်းဒိုင်းကုတင်ပေါ်တက်ဆိုတာထက် အချစ်နဲ့ လိင် ကိစ္စကိုတွဲပြီး ညင်ညင်သာသာလေးမှ သဘောကျတယ်ဆို ဒီကားကိုကြည့်သင့်ပါတယ် မင်းသမီးရော မင်းသာရော လူလတ်ပိုင်းအရွယ်ဆိုပေမယ့် ရုပ်ရည်ကော ဘော်ဒီပိုင်းပါ တော်တော်လေးကြည့်ကောင်းပြီးသရုပ်ဆောင်လည်းကောင်းတယ်လို့ပြောလို့ရပါတယ် သာမန် 18+တွေနဲ့ ကွဲထွက်ပြီး မိန်းမတွေရဲ့ သဘောသဘာ၀ ယောကျ်ားတစ်ယောက်ရဲ့ စိတ်သဘောသဘာ၀ကို နားလည်ချင်တယ်ဆို 18+ကိုမှ Documentary ဆန်ဆန် ကြည့်ရှုရမယ့် ဇာတ်ကားလေးပါ

0 2015
[18+] Sometimes Pornography Star
The Other Woman
6.3

The Other Woman (2009) =================== IMDb Rating – 6.3/10 ဒီဇာတ်ကားလေးကတော့ အိမ်ထောင်ရေးနဲ့ မိသားစုအရှုပ်ထုတ်‌တွေ ကြားက ဒရမ်မာလေးတွေကို ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ အီမီလီယာ ရဲ့သမီးလေးဟာ မွေးပြီးသုံးရက်လောက်မှာပဲသေဆုံးခဲ့ပါ တယ်။ ကလေးဆုံးလို့စိတ်ဓာတ်ကျနေတဲ့ အီမီလီယာ ဟာသူ့ယောက်ျား ဂျက် နဲ့အိမ်ထောင်ရေးကိုလည်း တည်မြဲဖို့ကြိုးစားနေရပါတယ်။ ဂျက်က အရင်မိန်းမနဲ့ကွဲပြီး အီမီလီယာ နဲ့လက်ထပ်ထားသူပါ။ အရင်မိန်းမနဲ့ရခဲ့ တဲ့ ဝီလျံ ဆိုတဲ့သားလေးတစ်ယောက်လည်းရှိပါတယ်။ ကလေးဆုံးလို့၀မ်း နည်းပူဆွေးနေရတဲ့အပြင် ဝီလျံ နဲ့ဆက်ဆံရေးအဆင်မပြေမှုတွေ၊ ဝီလျံ အ‌‌မေရဲ့ ချုပ်ခြယ်ပြီး လက်ပေါက်ကပ်မှုတွေနဲ့ သူ့ရဲ့မိသားစုပြဿနာတွေ ကို အီမီလီယာ တစ်ယောက်ခံစားနေရတာပါ။ ဒီဇာတ်ကားလေးထဲမှာဆိုရင် မိထွေးနဲ့သား‌ဖြစ်သူတို့ကြားက မေတ္တာတွေ၊ ဝီလျံ ကိုသူငယ်ချင်းတစ်ယောက်လိုပေါ့ပေါ့ပါးပါးပဲ ဆက်ဆံတဲ့ မိထွေးအီမီ လီယာနဲ့ စည်းကမ်းကြီးပြီး ‌အသေးအမွှားလေးကအစဂရုစိုက်တတ်တဲ့ အမေ အရင်းတို့ရဲ့ ကွာခြားပုံ စတာတွေကို ခံစားကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Katt ဖြစ်ပါတယ်) File Size……….(1.6 GB) / (599 MB) Quality…………WEB-DL 1080p / 720p Duration……..1Hr 42Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator……Theo Katt Encoder……….SWM

6.3 2009
The Other Woman
Sunshine

အာကာသခရီးသွား ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး ရုပ်ရှင်ဒါရိုက်တာကို ရှာကြည့်တဲ့အခါမှာ 28 Days Later, Slumdog Millionaire, Yesterday စသဖြင့် ပရိသတ်ကြိုက်ကားတွေကို ရိုက်ဖူးတဲ့ Danny Boyle ဆိုသူ ဖြစ်နေတယ့်အပြင် သရုပ်ဆောင်တွေအနေနဲ့လည်း လက်ရှိအော်စကာရထားတဲ့ Cillian Murphy အပါအဝင် မြန်မာနိုင်ငံသားတိုင်းသိကြတဲ့ The Lady က မီရှဲလ်ယို၊ Chris Evans, Benedict Wong စသဖြင့် စုံစုံလင်လင် အားဖြည့်ထားတာကို တွေ့ရပါတယ် ဇာတ်လမ်းကို ၂၀၅၇ မှာ တည်ထားပြီး နေမင်းဟာ ပျက်စီးလုဆဲဆဲ ကမ္ဘာမြေအေးခဲပြီး လူသားမျိုးနွယ်ပျက်သုဥ်းမယ့် အရေးကို ကြုံနေရပါတယ် သိပ္ပံပညာရှင်တစ်သိုက်က Icarus 1 ကို မောင်းနှင်ပြီး နေကို အနုမြူဗုံးဖောက်ခွဲ အသက်သွင်းဖို့ လုပ်ဆောင်ခဲ့ပေမယ့် မအောင်မြင်ခဲ့လို့ ၇ နှစ်အကြာမှာ အဖွဲ့ဝင် ၈ ယောက်ပါ Icarus အမှတ် 2 နဲ့ နောက်တစ်ကြိမ် နေကို အသက်သွင်းဖို့ ကြိုးစားကြပါတယ် အာကာသကားဆိုတော့ ထုံးစံအတိုင်း ခရီးစဥ်မှာ မမျှော်လင့်ထားတဲ့ အန္တရာယ်တွေ၊ စွန့်လွှတ်အနစ်နာခံရမှုတွေ၊ ပဋိပက္ခတွေ စသဖြင့် ကြုံရတာပေါ့ဗျာ သိပ္ပံဇာတ်လမ်းချည်းမဟုတ်ပဲ Drama ပိုင်းကိုလည်း သေချာ လေးနက်အောင် ရိုက်ကူးထားတဲ့ ကားလေးမို့ ဒေါင်းကြည့်လိုက်ပါဦး File size…(1.7 GB)/(883 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:47:00 Genre…Drama, Science Fiction, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan

Drama • Thriller
0 2007
Sunshine
Blackwater Lane
5.5

မကြာသေးခင်ကမှထွက်ရှိထားတဲ့ လျှို့ဝှက်ဆန်းကြယ် လူသတ်တရားခံ ရှာပုံတော်ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ ကတ်စ်ဟာ ကျောင်းတစ်ခုမှာ ဆရာမအဖြစ်လုပ်ကိုင် နေတာဖြစ်ပြီး ခင်ပွန်းဖြစ်သူ မက်သရူးနဲ့ သာယာတဲ့ အိမ်ထောင်ရေးလေးကိုပိုင်ဆိုင်ထားသူပါ။ တစ်ညမှာ‌တော့ သူတို့နေတဲ့အိမ်နဲ့သိပ်မလှမ်းတဲ့ တောအုပ်ဘေးက Blackwater Lane ကားလမ်းမပေါ်မှာ အမျိုးသမီးယောက် ကားထဲသေဆုံးနေတာကို ရဲတွေရှာတွေ့ခဲ့ကြပါတယ်။ ဖြစ်ချင်တော့ သေဆုံးသွားတဲ့အမျိုးသမီးဟာ ကတ်စ်နဲ့ အနည်းငယ်ခင်မင်ရင်းနှီးတဲ့လူဖြစ်နေပါတယ်။ တစ်ချိန် တည်းမှာပဲ ကတ်စ်တစ်ယောက် ထူးဆန်းတဲ့အသံတွေ ကြားရတာမျိုးတွေ မှတ်ဉာဏ်တစ်ပိုင်းတစ်စပျောက်ဆုံး တာမျိုးတွေပါဖြစ်လာပါတယ်။ တကယ့်လူသတ်သမားအစစ်က ဘယ်သူဖြစ်မလဲ၊ နောက်ကွယ်မှာ ဘယ်လို လျှို့ဝှက်ချက်တွေရှိနေမလဲ၊ ဘယ်လို plot twist မျိုးကိုမြင်ရမလဲဆိုတဲ့မေးခွန်းတွေနဲ့ အတူ ဇာတ်လမ်းအဆုံးထိ ‌ဖြည်းဖြည်းချင်းဆွဲခေါ်သွားမဲ့ ရုပ်ရှင်ကားတစ်ကားပါပဲ။ မိုးအေးအေး ရာသီဥတုနဲ့လည်း လိုက်ဖက်ညီမဲ့ ဇာတ်ကားလေးဖြစ်တာကြောင့် ကော်ဖီတစ်ခွက်ဘေးနားချ နားကြပ်လေးတပ်ပြီး တစိမ့်စိမ့်နဲ့ ခံစားကြည့်ရှုရမဲ့ ဇာတ်ကားမျိုးဖြစ်ကြောင်း ညွှန်းဆိုလိုက်ပါစေ။ File size…1.49GB / 623MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 48m Genre ….. Crime , Drama , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

Fantasy • Action
5.5 2024 108 mins
Blackwater Lane
The Lion Roars
6

Cecilia Cheung ၊ Louis Koo နဲ့ Fang Bingbing တို့ရဲ့ 2002 ခုနှစ်မှာထွက်ရှိခဲ့တဲ့ဟောင်ကောင် အချစ်ဟာသဇာတ်ကားလေးပြန်တင်ပေးလိုက်ပါတယ်။ စုန့်ခေတ်ကိုအခြေခံထားတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ အစ်ကိုကြီးနဲ့နှစ်ယောက်ထဲကြီးပြင်းလာတဲ့ လျိုယွဲ့အော်က ကြမ်းတမ်းတဲ့အကျင့်စရိုက်ရှိတဲ့အတွက်ကြောင့် ကြင်ဖက်ရှာတဲ့နေရာမှာမအောင်မြင်နိုင်ဖြစ်နေခဲ့တယ်။ တစ်နေ့မှာ နူးညံ့တဲ့စာပေသမားကဗျာဆရာတစ်ယောက်နဲ့တွေ့တော့ ချစ်မိသွားခဲ့တယ်။ နန်းတွင်းကဂုဏ်ပြုပွဲတစ်ညမှာ ဘုရင်ကြီးကသူတို့နှစ်ယောက်ကို လက်ဆက်ပေးလိုက်တဲ့အခါ အကျင့်စရိုက်ဆန့်ကျင်ဘက်ရှိတဲ့သူနှစ်ယောက်ဟာ အကြင်လင်မယားတွေဖြစ်သွားကြတယ်။ သူတို့ရဲ့အိမ်ထောင်ရေးဟာအဆင်ပြေပါ့မလား…… အဲဒီအချိန်မှာပဲ ယုန်မိစ္ဆာယောင်ဆောင်တဲ့ မင်းသမီးတစ်ယောက်က ကဗျာဆရာလေးကို အပိုင်ကြံချင်လာတော့ သူတို့ရဲ့ ၃ပွင့်ဆိုင်အချစ်ဇာတ်လမ်းဟာ ဘယ်လိုဖြစ်လာမလဲ…..

6 2002
The Lion Roars
MAL·MO·E: The Secret Mission
6.9

MAL·MO·E: The Secret Mission (2019) *********************************** အရင်ဆုံး ဇာတ်ကားထဲက သရုပ်ဆောင်တွေအကြောင်းပြောရရင် ယောကျ်ားလေးပရိသတ်တွေ အရမ်းကြွေတဲ့ The Outlaws ထဲက ဆံရှည်ဘဲကြီးက အဓိကသရုပ်ဆောင်တစ်ဦးအနေနဲ့ပါဝင်ထားပါတယ် ဒီထဲမှာတော့ တာဝန်ယူမှုအပြည့်နဲ့ ထက်မြက်တဲ့ စာပေအဖွဲ့အစည်းကိုယ်စားလှယ်အဖြစ် မြင်တွေ့ရမှာပါ….. တခြားဇာတ်ဆောင်နဲ့ဇာတ်ပို့တွေကလည်း ကျရာဇာတ်ရုပ်ကိုပိုင်နိုင်တဲ့ ခပ်မိုက်မိုက် သရုပ်ဆောင်တွေဖြစ်တာမလို့ ဇာတ်ကောင်အတွက် နောက်ဆံတင်းစရာမလိုဘဲ စိတ်ချလက်ချကြည့်ရှုနိုင်ပါတယ်… ဇာတ်ကားနောက်ခံကတော့ ဂျပန်ကိုလိုနီခေတ်ကို အခြေတည်ပြီးရိုက်ထားတယ် ငါတို့အမိန့်အတိုင်းလိုက်နာရမယ် ဂျပန်ဘာသာစကားကိုပဲသုံးရမယ် မလုပ်ရင်ဖမ်းပြီးထောင်ချမယ် ဒီလိုကျွန်ပြုမှုတွေအောက်မှာ ကိုယ့်နိုင်ငံရဲ့ဘာသာစာပေမပျောက်ကွယ်ဖို့ နည်းမျိုးစုံနဲ့ကြိုးစားပုံကို ကွင်းကွင်းကွက်ကွက်မြင်အောင်ရိုက်ပြထားတယ် .. ဂျပန်ခေတ်ဖိနှိပ်ချုပ်ခြယ်မှုတွေအောက်မှာ ကိုယ့်နိုင်ငံရဲ့ စိတ်ဝိဉာဉ်မပျောက်ကွယ်အောင် တကယ်တမ်းလုပ်ဆောင်ကြတဲ့အခါ ဘယ်လောက်ထိခက်ခဲခဲ့တယ် .. ဘယ်လိုတွေပေးဆပ်ပြီး ဘာသာစာပေကို ဘယ်လိုပုံစံနဲ့ကာကွယ်ခဲ့ရတယ်ဆိုတာတွေ ရင်ထဲထိအောင် ကြည့်နေရင်းနားလည်ပေးနိုင်အောင် ရိုက်ပြထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်တာမလို့ လက်လွှတ်မခံသင့်ကြောင်းပြောချင်ပါတယ် (ကိုရီးယားလူမျိုးတွေ ဂျပန်ကိုလိုနီနဲ့ပတ်သတ်ရင် ဘာကြောင့်ဆတ်ဆတ်ထိမခံဖြစ်ရလဲ ဒီဇာတ်ကားထဲမှာ အသေအချာမြင်နိုင်ပါလိမ့်မယ် ) (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Phu Nge Nge Thein ပဲဖြစ်ပါတယ်…..) File size…1.77GB / 949MB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 2 hr. 15 min. Genre ….. Historical, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Phu Nge Nge Thein Encoded by AHtet

Comedy • Adventure
6.9 2019
MAL·MO·E: The Secret Mission
Do You Want to Die in Indio?
5.4

Do You Want to Die in Indio? (2024) လူငယ်ဘ၀မှာ အနည်းနဲ့အများ ရူးကြောင်ကြောင်အလုပ်တွေလုပ်ဖူးကြပါတယ်။ ဒီကားလေးကတော့ ၁၇ နှစ်အရွယ်ကောင်လေးဆဲလ်ဗီဟာ တက်ချင်တဲ့တက္ကသိုလ်အတွက် ငွေမတတ်နိုင်လို့ လုပ်မိလုပ်ရာ လပ်ကီးဆိုတဲ့ဆေးရောင်းသမားတစ်ယောက်နဲ့ ဆက်သွယ်မိခဲ့ရင်း ရိုးရှင်းတဲ့သူ့ဘ၀က စတင်ပြီး ရှုပ်ထွေးလာတော့တယ်။ အဲ့ဒီကြားမှာ ဆေးရောင်းသမားရယ် ဆဲလ်ဗီရယ် သူ့သူငယ်ချင်းရယ် ဟင်နရီလို့ခေါ်တဲ့ ဆေး၀ယ်သူရယ်ကြားမှာ ဘယ်လိုတွေဖြစ်လာမလဲဆိုတာလေးကို ဇာတ်ကား‌လေးကြည့်ရင်း အဖြေရှာကြည့်လိုက်နော်။ BL လေးလည်းပါတော့ BL ပရိတ်သတ်တွေလည်း လက်မလွှတ်သင့်ပါဘူးနော်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phu Thet Khin ဖြစ်ပါတယ်။) File size…(1.9 GB) / (840 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Crime, Drama, Romance Duration….01:40:18 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Phu Thet Khin

War • Romance • History
5.4 2024 100 mins
Do You Want to Die in Indio?
The Human Condition I: No Greater Love
8.5

The Human Condition Trilogy (1959 – 1961) ~ IMDb – 8.3/10, Rotten Tomatoes – 73% ~ ၁၉၅၈မှာ Junpei Gomikawa ဟာ The Human Condition ဆိုတဲ့ ဒုတိယကမ္ဘာစစ်နောက်ခံ အတ္ထုပ္ပတ္တိတစ်ခြမ်း ဇာတ်လမ်းတစ်ခြမ်းပါတဲ့ အတွဲ၆တွဲပါတဲ့ဝတ္တုကို ရေးခဲ့တယ်။ ဒီစာအုပ်ဟာ ထုတ်ဝေပြီး ချက်ချင်း Bestseller ဖြစ်သွားပြီး ထုတ်ဝေပြီး ၃နှစ်အတွင်း ကော်ပီ၂.၄သန်း ရောင်းခဲ့ရတယ်။ ဒီဝတ္တုဟာ စာရေးသူရဲ့ ဒုတိယကမ္ဘာစစ်အတွင်း ကြုံခဲ့ရတာတွေကို အခြေခံထားတယ်။ ဒီဝတ္တုမှာ ဂျပန်စစ်သားတွေကို စစ်အတွင်းက ရက်စက်တဲ့ကျူးကျော်သူတွေအဖြစ်ပုံဖော်ထားပြီး တရုတ်တွေ ကိုရီးယားတွေနဲ့ ဂျပန်ပြည်သူတွေကို ဂျပန်စစ်တပ်ရဲ့ အနိုင်ကျင့်ခံရတဲ့သူတွေအဖြစ်ပုံဖော်ထားတယ်။ နောက် ဒီစာအုပ်ဟာ ဂျပန်တွေရဲ့ညစ်နွမ်းခဲ့တဲ့အတိတ်ကို ပြန်အဖတ်ဆည်ဖို့ အရေးပါခဲ့တယ်။ တချို့ကတော့ Humanism ကို ဖော်ပြထားတယ်လို့လည်း ဆိုကြတယ်။ ၁၉၅၉မှာပဲ Masaki Kobayashi က The Human Condition ရဲ့ ပထမ၄တွဲကို No Greater Love (1959) နဲ့ Road to Eternity (1959) ကို ရိုက်ခဲ့ပြီး နောက်ဆုံး ၂တွဲကို နှစ်နှစ်အကြာ A Soldier’s Prayer (1961) အဖြစ် အသက်သွင်းခဲ့တယ်။ Masaki Kobayashi ဟာ Harakiri (1962), Kwaidan (1964) နဲ့ Samurai Rebellion (1967) တို့ကို ရိုက်ခဲ့တဲ့ ဒါရိုက်တာလည်း ဟုတ်တယ်။ The Human Condition ဟာ ၃ကားမှာ ဇာတ်လမ်းတစ်ဆက်တည်းဖြစ်ပြီး တစ်ကားကို ၃နာရီကျော်ကြာတယ်။ တစ်ဆက်တည်းဆိုတာက တစ်ချို့ကားတွဲတွေလို တစ်ကားတည်းကြည့်လည်းရတဲ့ပုံစံနဲ့ဆက်နေတာမဟုတ်ဘဲ ဒီ၃ကားလုံးပေါင်းမှ တစ်ဇာတ်တည်းဖြစ်နေတဲ့ တစ်ဆက်တည်းမျိုးပါ။ စုစုပေါင်း ၁၀နာရီနီးပါးကြာပြီး ရုံတင်တဲ့ ဂျပန်ရုပ်ရှင်တွေထဲ ရှားရှားပါးပါး အရှည်ဆုံးတွေထဲက တစ်ကားဖြစ်ခဲ့တယ်။ The Human Condition ဝတ္တုဟာ Kobayashi ကို တော်တော်လေးဆွဲဆောင်နိုင်ခဲ့သလို Kobayashi ကိုယ်တိုင်လည်း ဂျပန်တွေ စစ်မှုထမ်းဆွဲတာခံခဲ့ရပြီး မန်ချူးရီးယားမှာ တာဝန်ကျခဲ့တယ်။ သူကိုယ်တိုင်လည်း Pacifist တစ်ယောက်၊ Socialist တစ်ယောက်လည်း ဟုတ်ခဲ့တယ်။ တပ်သားအဆင့်ကနေ ရာထူးတက်ဖို့ ငြင်းခဲ့သလို ဂျပန်စစ်တပ်နဲ့ ဖက်ဆစ်အတွေးအခေါ်ကို ဆန့်ကျင်ခဲ့တယ်။ ဒါတွေဟာ ဒီရုပ်ရှင်က ဇာတ်ကောင် ခဂျိနဲ့ ဒါရိုက်တာတစ်သားတည်းဖြစ်နေတဲ့ အချက်တွေပါပဲ။ ဒါကြောင့်လည်း ဒီဝတ္တုဟာ ဒါရိုက်တာကို တော်တော်လေးရိုက်ခတ်ခဲ့သလို သူ့မာစတာပိစ် Trilogy ဖြစ်လာခဲ့တယ်။ The Human Condition Trilogy ဟာ ငြိမ်းချမ်းရေးဝါဒီ နဲ့ ဆိုရှယ်လစ်တစ်ယောက်ဖြစ်တဲ့ ခဂျိဆိုတဲ့လူ ဒုတိယကမ္ဘာစစ်ကာလမှာ အာဏာရှင်စနစ်အောက် ရှင်သန်ဖို့ကြိုးစားရပုံကို တင်ပြထားတဲ့ ရုပ်ရှင်ပဲ။ ဒီကားရဲ့၁၀နာရီလုံးမှာ ခဂျိရဲ့ အတွေ့အကြုံတွေကိုပဲ အခြေခံပြီး ကမ္ဘာစစ်၊ ဂျပန်ရဲ့စစ်မက်ရေးရာ၊ အဲဒီနောက်ကွယ်က ခဂျိအပါအဝင် ခံစားခဲ့ရတဲ့သူတွေကို ပြထားတယ်။ ပထမဆုံးကား No Greater Love (1959) မှာတော့ ခဂျိဟာ စစ်မှုထမ်းကင်းလွတ်ခွင့်ရခဲ့ပြီး အဲဒီအစား မန်ချူးရီးယားက မိုင်းတွင်းတွေမှာ အလုပ်သမားကြီးကြပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရတယ်။ ဂျပန်တွေဟာ စစ်အတွက် လက်နက်တွေထုတ်ဖို့ ဒီမိုင်းတွင်းတွေမှာ သံသတ္တုရိုင်းတွေကို ကိုလိုနီအပြုခံ တရုတ်အလုပ်သမားတွေကို မတန်မရာပေးပြီး မညှာမတာခိုင်းထားခဲ့တယ်။ ဂျပန်အလုပ်သမားခေါင်းတွေက အလုပ်သမားတွေကို ရက်ရက်စက်စက် နှိပ်စက်ပြီး ခိုင်းခဲ့ကြတယ်။ ဒါကို လူသားဆန်မှုကို လိုလားတဲ့ ခဂျိက ကြည့်မနေနိုင်ခဲ့ဘူး။ ဒီနောက်မှာ ခဂျိဟာ ကင်ပေတိုင်တွေက စစ်သုံ့ပန်းအနေနဲ့ ဖမ်းလာတဲ့ တရုတ်လယ်သမားတွေကိုလည်း စီမံခဲ့ရတယ်။ ဒီလိုလူတွေကို မညှာမတာခိုင်း မစာမနာကျွေးတဲ့ ဂျပန်တွေနဲ့ လူသားဆန်မှုကိုမြင်ချင်တဲ့ ခဂျိကြားက အဖုအထစ်တွေကို No Greater Love (1959) မှာ ပြထားတယ်။ Road to Eternity (1959) မှာတော့ စစ်တပ်ထဲ ပါသွားတဲ့ ခဂျိရဲ့ တပ်တွင်းအနိုင်ကျင့်ခံရတာတွေ၊ ဂျပန်စစ်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ပြထားတယ်။ ဂျပန်စစ်တပ်ရဲ့ ကြီးနိုင်ငယ်ညှင်းစနစ်ကို ပြထားတယ်။ တစ်ခုရှိတာက ဒီလေ့ကျင့်ရေးက အခန်းတော်တော်များများဟာ ကူးဘရစ်ရဲ့ Full Metal Jacket နဲ့ တော်တော်လေးတူနေတယ်။ Full Metal Jacket ထဲက ပိုင်းလ်ဇာတ်ကောင်နဲ့ ဒီထဲက အိုဘာရာဇာတ်ကောင်ဟာ လေ့ကျင့်ရေးမှာ ကြုံတွေ့ခဲ့ရပုံတွေနဲ့ နောက်ဆုံးရွေးချယ်မှုအထိကို အတူတူပဲ။ ဒီကားရော စာအုပ်ရောက ကူးဘရစ်ကားရော စာအုပ်ရောထက် အနှစ်၂၀စောခဲ့တယ်ဆိုတော့ ကူးဘရစ်ဟာ ဒီကားကို Inspire ယူခဲ့တယ်လို့ပဲ မြင်တယ်။ ဒီကားမှာပြထားတဲ့ ဂျပန်စစ်တပ်ရဲ့ စစ်စခန်းသွင်းတာဟာ Full Metal Jacket ထဲကထက် အများကြီးပိုပြီး လူမဆန်ခဲ့ဘူး။ လူသားဆန်တဲ့ ခဂျိဟာ ဒီလူမဆန်တဲ့နေရာမှာ လူဆန်ဆန်နေရင်း အဲဒီလိုနေလို့ကို သူ့အတွက် အကျပ်အတည်းတွေကြုံလာရတာကို Road to Eternity (1959) မှာ ပြထားတယ်။ ၂နှစ်ကြာပြီးမှ ထွက်တဲ့ A Soldier’s Prayer (1961) မှာတော့ တိုက်ပွဲမှာရှုံးသွားလို့ အိမ်ပြန်ခရီးထွက်လာတဲ့ခဂျိတို့ဟာ ဂျပန်ပြည်ကလည်း ဒုတိယကမ္ဘာစစ်မှာ စစ်ရှုံးနေပြီဆိုတာ သိလိုက်ရတယ်။ ဒီလိုနဲ့ သူတို့ဟာ စစ်ပွဲနယ်မြေကနေ အိမ်ကိုပြန်တဲ့လမ်းဆီ ဦးတည်လာကြတယ်။ ဒီလမ်းတစ်လျှောက်မှာ စစ်ရှုံးပေမဲ့ အညံ့မခံသေးတဲ့ ဂျပန်တွေရော၊ လမ်းတစ်လျှောက်မှာ ကြုံရတဲ့ ဒုက္ခသည်တွေ၊ သူတို့ဒဏ်ခံခဲ့ရတဲ့ တရုတ်လယ်သမားတွေရဲ့ကလဲ့စားချေမှုတွေ၊ စစ်သုံ့ပန်းစခန်းတွေ၊ စစ်သုံ့ပန်းစခန်းက ဂျပန်အချင်းချင်းရက်စက်မှုတွေ စသဖြင့် ကြုံခဲ့ရတာတွေကို ပြထားတယ်။ ထုံးစံအတိုင်း ခဂျိဟာ လူသားဆန်တဲ့လမ်းဘက်ကိုလိုက်တုန်းပါပဲ။ အဲဒါကပဲ သူ့ကိုအဆုံးမဲ့ဒုက္ခတွေထဲ တွန်းပို့ခဲ့တယ်။ ရယ်စရာကောင်းတာက ဂျပန်တွေက စစ်ရှုံးသွားတာတောင် အညံ့မခံသေးတဲ့ သူတို့ရဲ့ တချို့စစ်သားတွေအတွက် ဂုဏ်ယူကြပေမဲ့ ဒီကားက အခြေအနေတိုင်းဆို အဲဒီလိုလူတွေကတောင် ပိုရွံစရာကောင်းနေပါလိမ့်မယ်။ စစ်ပြီးကြောင်း တိုင်းပြည်က အညံ့ခံကြောင်းကြေညာပြီးတာတောင် ဆက်တိုက်နေသေးတာကိုကလည်း ရာဇဝတ်မှုဖြစ်နေပါပြီ။။ ဒီဇာတ်လမ်းဟာ ဂျပန်တွေရဲ့အတိတ်ကို ပြန်အဖတ်ဆည်တဲ့ ဇာတ်လမ်းလို့ ဆိုပေမဲ့လည်း ဂျပန်တွေရဲ့ အဆိုးတကာ့အဆိုးဆုံးလုပ်ရပ်တွေ၊ တလွဲဆံပင်ကောင်းတဲ့ ခံယူချက်တွေ၊ ဖက်ဆစ်စိတ်ဓာတ်၊ မုဒိန်းကောင်စိတ်ဓာတ်တွေကို ဘွင်းဘွင်းရှင်းရှင်းပဲပြထားခဲ့တယ်။ တခြားဂျပန်ကရိုက်တာမဟုတ်တဲ့ကားတွေမှာတောင် ဒီလောက် မပြပါဘူး။ ပြောရရင် သူတို့အဖတ်ဆည်ပုံက သူတို့အမှားကို သူတို့ဝန်ခံတဲ့နည်းနဲ့ပါ။ သူတို့ဂျပန်ပြည်သူတွေလည်း ခံခဲ့ရတယ်။ ဖက်ဆစ်တွေရဲ့ လုပ်ရပ်ကို တို့မကြိုက်ဘူးဆိုတဲ့ အဖတ်ဆည်ပုံမျိုးပဲ။ စစ်ရဲ့ ဆိုးယုတ်မှုကို ပြတဲ့ စစ်ဆန့်ကျင်ရေးကားတွေဖြစ်တဲ့ Apocaplyse Now, Full Metal Jacket, Come and See စတဲ့ နာမည်ကျော်ကားတွေထက်ကို ဒီကားကအများကြီး ပိုထိခတ်တယ်။ တစ်ချိန်တည်းမှာပဲ လူသားဆန်မှုနောက်ကိုလိုက်ရင်း သူ့လူသားဆန်မှုကြောင့်ပဲ လူသားတွေ နင်းခြေတာခံလိုက်ရတဲ့ ခဂျိရဲ့ အဖြစ်ကို ကြည့်ရင်း တော်တော်လေးဝေဝါးချင်စရာတော့ ကောင်းနေတယ်။ ငြိမ်းချမ်းရာကာလတွေမှာ လူသားဆန်ရတာ မခက်ခဲလှပေမဲ့ စစ်ဖြစ်ရာကာလမှာ လူသားဆန်တာကတော့ တစ်စစီ စုတ်ပြတ်သွားတဲ့အထိကို ခက်ခဲတယ်။ ဒါပေမဲ့လည်း ခဂျိဟာ အဲဒီလမ်းကိုပဲ အဆုံးထိလျှောက်ခဲ့တယ်။ ဒီလုပ်ရပ်မှန်လား မှားတော့ မပြောတတ်ပါဘူး။ သူ့အဖြစ်ကိုကြည့်ပြီး ဇာတ်ကားပြီးသွားတာတောင် စိတ်ထဲ မှိုင်းနေရလောက်တဲ့အထိ ဝမ်းနည်းစရာတော့ တော်တော်ကောင်းတယ်။ ဒီလိုဝမ်းနည်းစရာကောင်းအောင် အသက်အဝင်ဆုံး မျက်လုံးတွေနဲ့သရုပ်ဆောင်ခဲ့တဲ့ Tatsuya Nakadai ကိုလည်း ချီးကျူးရလိမ့်မယ်။ Harakiri, Ran, High and Low, Seven Samurai, Kwaidan, The Face of Another စတဲ့ ကားတွေမှာလည်း သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီးပါပဲ၊ The Human Condition Trilogy ဟာ ကိုးနာရီကျော်ကြာတဲ့ ဇာတ်လမ်းမှာ ပျင်းစရာတစ်ကွက်မှ မရှိအောင် သေသေသပ်သပ်ရိုက်ပြထားနိုင်တဲ့ ရုပ်ရှင်တွဲတစ်တွဲပါပဲ၊။ ဒီရုပ်ရှင်တွဲဟာ စစ်ဆန့်ကျင်ရေး ရုပ်ရှင်တွေထဲတော့ တော်တော်လေး ပြင်းပြင်းထန်ထန် ထိခတ်အောင် လုပ်နိုင်တဲ့ ရုပ်ရှင်တွဲလည်းဟုတ်တယ်။ ဒီရုပ်ရှင်တွဲရဲ့ တစ်ဘက်မှာ သမ္မာတရားတွေ ဆိတ်သုဉ်းနေတဲ့ အနိဌာရုံလောကကြီးကို မြင်ရလိမ့်မယ်။ တစ်ဘက်မှာတော့ အဲဒီလောကကြီးကို ဖြတ်သန်းနေတဲ့ အကောင်းတရားနဲ့ ချစ်ခြင်းကို မျှော်လင့်ထားတဲ့ အိမ်အပြန်လမ်းကို လျှောက်နေတဲ့လူတစ်ယောက်ကိုမြင်ရလိမ့်မယ်။ ဒါပေမဲ့လည်း အနိဌာရုံလောကကြီးကို အကောင်းတရားတွေက ဘယ်တုန်းကမှ တကယ်မနိုင်ဖူးပါဘူး။ “အချစ်ပန်းတွေနဲ့ ခေတ်လမ်းမှာ စစ်စခန်းတွေကို ဖုံးလွှမ်းပစ်ရမယ်”ဆိုတာတွေလည်း အိပ်မက်အဖြစ်ကျန်နေမြဲ။ အဲဒီလမ်းကိုဆက်လျှောက်မလျှောက်ဆိုတာကတော့ ကိုယ်စီမို့ရေးရာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3.1GB, 1.35GB Quality – BluRay 1080p, 720p IMDb Rating – 8.3/10 Format – mp4 Duration – 3H 28Min Genre – Drama, History, War Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Comedy
8.5 1959 206 mins
The Human Condition I: No Greater Love
Scorched Earth Verbrannte Erde
6.7

Scorched Earth (2024) IMDb Rating (6.7) ဒီရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ Thomas Arslan က စီစဥ်ရိုက်ကူးခဲ့ပြီးတော့ IMDb rating 6.7 ရရှိထားပါတယ်။ အမျိုးအစားကတော့ မှုခင်းရာဇဝတ်အမျိုးအစားပါ။ အိမ်တွေ ၊ ဘဏ်တွေ ၊ ပြတိုက်တွေ ဖောက်ထွင်းပြီးတော့ အသက်ရှင်ကြတဲ့သူတွေ အကြောင်းကို ရိုက်ကူးထားပါတယ်။ ထရိုဂျန်က သူရဲ့ ဘဝကို ဒီလိုပဲ ဖောက်ထွင်းပြီးတော့ ရှင်သန်ပါတယ်။ သူ့ဘဝကို ဒီလိုပဲ ဖြတ်သန်းနေရင်း ကိစ္စကြီးကြီးကို တစ်ချီတည်း လုပ်ကြည့်ဖို့ ကြိုးစားကြည့်တဲ့အခါမှာတော့ သူစဥ်းစားထားသလို ဖြစ်ပါ့မလား။ သေသပ်တဲ့ သရုပ်ဆောင်ချက်တွေ ၊ ခိုင်ခံ့တဲ့ ဇာတ်အိမ်တွေနဲ့ဆိုတော့ တကယ်ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်ပါလို့ ညွှန်းပေးချင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thy Santa ဖြစ်ပါတယ်။) File size…(1 GB) / (550 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Crime,Thriller Duration….01:41:48 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thy Santa

6.7 2024 101 mins
Scorched Earth Verbrannte Erde
A Carpenter Christmas Romance
6.4

A Carpenter Christmas Romance (2024) IMDb Rating (6.4) ဒါကတော့ အားလပ်ချိန်မှာ ပေါ့ပေါ့ပါးပါး healingဖြစ်စေမယ့် ရိုမန့်ဒရာမာကားတွေရှာနေတဲ့ပရိသတ်အတွက်ပါပဲ။ အန်ဒရီယာက စာရေးဆရာမတစ်ယောက်ပါ။ ရေးလက်စစာအုပ်ရဲ့ဇာတ်သိမ်းက ပေါက်ကြားသွားပြီး ပရိသတ်အချစ်တော်ဇာတ်ကောင်ကိုသတ်ပစ်လို့ ဇာတ်သိမ်းကိုပြန်ပြင်ရေးဖို့ ဖိအားပေးခံနေရပါတယ်။ ညီမဖြစ်သူရဲ့အကြံပေးမှုနဲ့ ခရစ်စမတ်ကာလမှာ အနားယူဖို့ မွေးရပ်မြေက မိသားစုပိုင်အိမ်ကိုပြန်လာခဲ့ရာမှ အဲဒီမှာ ဒဏ်ရာဟောင်းလဲဖြစ် အချစ်ဦးလဲဖြစ်တဲ့ ဆက်သ်နဲ့ပြန်တွေ့ပါတယ်။ အန်ဒီရဲ့စိတ်မလုံခြုံမှုတွေကို ဆက်သ်တစ်ယောက် ဘယ်လိုကုစားပေးမလဲ။ ဒဏ်ရာတွေကိုယ်စီနဲ့ အချင်းချင်းဖေးမကြတာကို ဆွတ်ပျံကြည်နူးဖွယ်ကြည့်ရှုနိုင်မှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Soe thiri swe ဖြစ်ပါတယ်။) File size…(1.2 GB) / (560 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Romance Duration….01:27:40 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Soe thiri swe

6.4 2024 85 mins
A Carpenter Christmas Romance
The Safari Duk dum dui

Duk dum dui (Aka) The Safari ဒီကားက ပေါက်ကရတွေချည်းရိုက်ထားတဲ့ ထိုင်းဟာသဇာတ်ကားပါ။ ထိုင်းကားဆိုပေမယ့် အာဖရိက ဆာဖာရီတောထဲ ရောက်သွားတဲ့ပုံနဲ့ ရိုက်ကူးထားတာမလို့ အာဖရိကလူမျိုးတွေရော တောတွင်းလူသားစ-ားလူရိုင်းတွေရော သရဲတွေရော ဘီလူးတွေရော လူပုလေးတွေရော မင်းသမီးလေးတွေရော ဘုန်းကြီးတွေရောနဲ့ တကယ့်ဗြုတ်ဇဗျင်းတောင်းဇာတ်ကားပါ။ ပိုက်ဆံရမယ်ဆိုလို့ အထူးအဆန်းလူသေမှုတွေဖြစ်နေတဲ့ ရွာကိုသွားစုံစမ်းကြမယ့် ဇာတ်လိုက်ကျော် ၄ ယောက်ဟာ ဇာတ်ကားစတာနဲ့ ကားပျက်သွားလို့ လမ်းဆင်းလျှောက်ကြရင်း ဘာမှန်းမသိတဲ့တောထဲရောက်သွားကြပြီး အထူးအဆန်းပေါင်းစုံနဲ့ တလွဲပေါင်းစုံကို ကြုံတွေ့ရပါတော့တယ်… တချိန်လုံးမရပ်မနား တလွဲတွေနဲ့ နင်းကန်ကြမ်းကြလို့ အခွီသက်သက်ကြိုက်တဲ့လူတွေတော့ကြိုက်ကြမှာပါ။ ဒီကားက ကြည်တောက်ရှင်း Quality တအားရှားတာမလို့ အတော်ကြည်တဲ့ Version ကို မနည်းရှာဖွေတင်ဆက်ပေးလိုက်ရပါတယ်။

Thriller
0 2003 102 mins
The Safari Duk dum dui