YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The.Signature.2024.1080p.ZEE5.WEB-DL.YK(CM).mkv

1.33 GB N/A video/x-matroska 88 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Princess Aurora
5.9

Princess Aurora (2005) ================= ၂၀၀၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ အမိုက်စား ကားဟောင်းတဖြစ် ကားကောင်းလေးကို မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောရရင်တော့ ကုန်တိုက်ကြီးတစ်ခု ကနေ စခဲ့တဲ့ လူသတ်မှုပေါ့နော်၊ ကုန်တိုက်ရဲ့ အမျိုးသမီး သန့်စင်ခန်းထဲမှာ အမျိုးသမီးတစ်ယောက် ချွန်ထက်တဲ့ အရာ တစ်ခုနဲ့ ထိုးသတ်ခံထားရပါတယ်။ အဲအမျိုးသမီးကတော့ မသေခင်မှာ သူ့သမီးကို ဆူပူရိုက်နှက်တတ်တဲ့မိခင်မျိုးဖြစ်ခဲ့ ပါတယ်။ ဒီအမှုကို စုံထောက်နှစ်ယောက်က တာဝန်ယူထားရပြီး သူတို့ ရတဲ့ တစ်ခုတည်းသော သက်သေအထောက်အထားကတော့ မှုခင်းနေရာမှာ "မင်းသမီး အော်ရိုရာ" စတစ်ကာလေးရှိနေတာပဲ ဖြစ်ပါတယ်။ မှုခင်းနေရာက အမျိုးသမီးသန့်စင်ခန်းဖြစ်တာကြောင့် သံသယရှိသူဟာ အမျိုးသမီးတစ်ယောက်လို့ယူဆထားကြပါတယ်။ နောက်နှစ်ရက်လောက်ကြာပြီးနောက်မှာ နောက်ထပ်အမျိုးသမီး တစ်ယောက် အသက်ရှူကြပ်ပြီးသေဆုံးနေပြန်တယ်။ ဒီနေရာမှာ လည်း "မင်းသမီး အော်ရိုရာ" စတစ်ကာလေးရှိနေပြန်ပါတယ်။ ဒီလိုနဲ့ နောက်ထပ် ဒီလိုပုံစံတူ လူသတ်မှုတွေလည်း ဆက်ဖြစ် လာပါတယ်။ ဒီအမှုကို တာဝန်ယူထားတဲ့ စုံထောက်နှစ်ယောက်အနက် တစ် ယောက်ဖြစ်တဲ့ စုံထောက်အို (Moon Sung-Geun)ကတော့ ဒီကွင်းဆက်လူသတ်သမားဟာ သူ့ရဲ့ အရင်မိန်းမ ဂျောင်ဆွန်း ဂျောင်း(Uhm Jung-Hwa)ဖြစ်နိုင်တယ်လို့ သံသယဝင်နေခဲ့ ပါတယ်။ ကိုရီးယားမှာ အဲအချိန်အခါကတည်းက ဇာတ်ကားရိုက်ကူးရေး နည်းပညာတွေ တိုးတက်နေခဲ့တဲ့အတွက် ဒီကွင်းဆက်လူသတ် ကားလေးဟာလည်း အခုခေတ်ကားတွေနဲ့ ယှဉ်ရလောက်အောင် ဒါရိုက်တာ(Pang Eun-jin)ရဲ့ လက်ရာပြောင်မြောက်လှပါတယ်။ သာမန် ဆိုက်ကိုလူသတ်ကားမျိုးမဟုတ်ဘဲ ဇာတ်အိမ်ခိုင်ခိုင်နဲ့ မိဘမေတ္တာကို ပေါ်လွင်အောင် ဖော်ပြထားတာကြောင့် ကြည့်ကို ကြည့်သင့်ပါတယ်နော်။ မင်းသမီး Uhm Jung-Hwa ဟာဆိုရင် လည်း အခုလက်ရှိ ၂၀၂၃ မှာ ongoing ပြသနေတဲ့ Doctor Cha ဇာတ်လမ်းတွဲရဲ့ အဓိကမင်းသမီး Dr. Cha Jung-Sook ပဲဖြစ်ပါ တယ်။ ကဲ...နာမည်ကြီး မင်းသားမင်းသမီးကြီးတွေနဲ့အတူ ၂၀၀၅ ကို ခဏလောက် ပြန်သွားလိုက်ရအောင်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khaing Khin ဖြစ်ပါတယ်) File Size..........(1.8 GB) / (770 MB) / (445 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 46Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Crime, Drama, Mystery Translator.......Khaing Khin Encoder..........SWM

5.9 2005 106 mins
Princess Aurora
Some Like It Rare
6.6

Some Like It Rare (2021) ================== IMDb Rating – 6.6/10 ကမ္ဘာတစ်ဝှမ်းမှာ အခြေအနေအမျိုးမျိုးကြောင့် ကွင်းဆက်လူသတ်သမားအဖြစ် ကျော်ကြားခဲ့တဲ့ လူသတ်သမားတွေအများကြီးရှိခဲ့ပါတယ်။ အခြေအနေရယ် အကျိုးအကြောင်းရယ် ဆက်စပ်မိတဲ့အခါမှာ လူတစ်ချို့ဟာကွင်းဆက် လူသတ်သမားအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ ဒီရုပ်ရှင်မှာလဲ ပြင်သစ်နိုင်ငံကဖော်ရွေပြီးခင်ဖို့အရမ်း ကောင်းတဲ့ လင်မယားနှစ်ယောက်ဟာ အခြေအနေ တစ်ခုကြောင့် လူသတ်မိပြီး တစ်ဖြည်းဖြည်းနဲ့ ကွင်းဆက် လူသတ်သမားဖြစ်လာခဲ့ပြီး လူဆယ့်သုံးယောက်အထိ သတ်ခဲ့တာပုံကို ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ လူသတ်သမားကားဖြစ်တာကြောင့် သွေးသံတရဲရဲ အခန်း နည်းပေမယ့် ရွံတတ်တဲ့သူတွေ ကြည့်ဖို့တော့ မသင့်လျှော် ပါဘူး။ ဖြစ်ရပ်မှန်မဟုတ်ပေမယ့် တင်ဆက်ပုံကောင်းတာ ကြောင့် Thriller ပရိတ်သတ်တွေအတွက်တော့ လက်မလွှတ် သင့်တဲ့မူဗီဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Lwin Htoo Aung ဖြစ်ပါတယ်) File Size……….(1.04 GB) / (577 MB) / (342 MB) Quality…………WebRip 1080p / 720p / 480p Duration………1Hr 27mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Horror Translator…….Lwin Htoo Aung Encoder……….SWM

Drama • Sci-Fi & Fantasy
6.6 2021
Some Like It Rare
Baragaki: Unbroken Samurai
6.3

Baragaki: Unbroken Samurai (2021) ~ IMDb – 6.3/10, MyDramaList – 7.2/10 ~ ဂျပန်နိုင်ငံရဲ့ Edo era နဲ့ Meiji Restoration က သမိုင်းဖြစ်ရပ်တွေကိုပြောပါဆိုရင် Bakufu (ဘာကူဖူ)၊ Bakumatsu (ဘာကူမာဆု)၊ Shinsengumi (ရှင်းဆန်းဂူမိ) အစရှိတဲ့ နာမည်ကြီးခဲ့တဲ့ အဖွဲ့တွေ၊ တည်နေရာတွေ၊ တိုက်ပွဲတွေ၊ အချိန်ကာလတွေကို လုံးဝကျန်ထားလို့မရပါဘူး။ အဲဒါတွေကို စာပေအနေနဲ့ ခေတ်အဆက်ဆက် ရေးသားထုတ်ဝေမှုများရှိသလို ဖျော်ဖြေရေးအနေနဲ့လည်း ထုတ်လုပ်ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွဲတွေ၊ Anime တွေမနည်းလှပါဘူး။ အဲဒီထဲကမှ တိုကုဂါဝါရှိုးဂန်းခေတ်ကုန်ကာလလို့ ပြောနိုင်တဲ့ ဘာကူမာဆု (၁၈၅၃ – ၁၈၆၇) အတွင်းမှာပေါ်ပေါက်ခဲ့တဲ့ ရှင်းဆန်းဂူမိ အကြောင်းကို Moeyo Ken (1964) နာမည်နဲ့ Ryotaro Shiba (1923-1996) ရေးသားခဲ့တဲ့စာအုပ်တစ်အုပ်ရှိပြီး အဲဒီစာအုပ်ကို အခြေခံရိုက်ကူးထားရာမှာ ရုပ်ရှင်နှစ်ကားနဲ့ စီးရီးသုံးခုရှိပါတယ်။ ဒီ Baragaki: Unbroken Samurai ကတော့ ၂၀၂၁ ခုနှစ်မှာ ထွက်ခဲ့တဲ့ ဒုတိယမြောက်ရုပ်ရှင်ကားပါ။ Hell Dogs (2022) နဲ့ Sekigahara (2017) ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Masato Harada ရိုက်ကူးပြီး Jidaigeki (သမိုင်းဆိုင်ရာရုပ်ရှင်ဇာတ်လမ်းတွဲများ) မှာ သရုပ်ဆောင်လေ့ရှိတဲ့ Junichi Okada က ဒီဇာတ်ကားရဲ့အဓိကဇာတ်ကောင်ဖြစ်တဲ့ Hijikata Toshizo (ဟီဂျိကာတာ တိုရှီဇိုး) အဖြစ် သရုပ်ဆောင်ထားပါတယ်။ Baragaki: Unbroken Samurai က ရှင်းဆန်းဂူမိအကြောင်းဆိုတာထက် ရှင်းဆန်းဂူမိရဲ့ ဒုခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဟီဂျိကာတာတိုရှီဇိုးကဘယ်လိုလူစားလဲ… သူကရှင်းဆန်းဂူမိကို ဘယ်လိုရည်ရွယ်ချက်နဲ့ဖွဲ့စည်းခဲ့သလဲ… ရှင်းဆန်းဂူမိကို သူ ဘယ်လောက်အထိ မျှော်လင့်ထားသလဲ… နောက်ဆုံးအချိန်အထိ ရှင်းဆန်းဂူမိအတွက် သူ ဘယ်လိုတိုက်ပွဲဝင်ခဲ့သလဲဆိုတာတွေကို အဓိကကြည့်ရှုခံစားရမှာဖြစ်သလို ရှင်းဆန်းဂူမိဘယ်လိုပေါ်ပေါက်လာသလဲ… ရှင်းဆန်းဂူမိဆိုတာဘာလဲ… ရှင်းဆန်းဂူမိရဲ့တစ်ခြားခေါင်းဆောင်တွေက ဘယ်လိုအကျင့်ရှိကြလဲ… ရှင်းဆန်းဂူမိရဲ့ နာမည်ကြီးတိုက်ပွဲတွေကဘာလဲ… ရှင်းဆန်းဂူမိဘယ်လိုအဆုံးသတ်သွားသလဲ ဆိုတာတွေကိုလည်း ဟီဂျိကာတာရဲ့အမြင်ကနေ သိရှိရမှာဖြစ်ပါတယ်။ ၂ နာရီခွဲနီးပါးကြာတဲ့ ဒီဇာတ်ကားကို ဖြစ်ရပ်မှန်သမိုင်းကားကြီးဆိုပြီး ပျင်းစရာကောင်းတယ်လို့ ယူဆကြမှာပါ။ ဒါပေမဲ့ ရှင်းဆန်းဂူမိကဒီလိုကြီးပါလား ဒီခေတ်မှာ ဒီလိုတွေ ဖြစ်သွားခဲ့ပါလားဆိုတာကို ခပ်သွက်သွက်ဇာတ်ညွှန်းကြောင့် မပျင်းရိဘဲ သိရှိရမှာဖြစ်ပြီး အိုဗာတင်းမဟုတ်တဲ့သရုပ်ဆောင်မှုတွေနဲ့အတူ ဟီဂျိကာတာတို့ရဲ့ဓားရေးယှဉ်ပြိုင်မှုတွေ၊ တိုက်ပွဲအချို့က ကြည့်နေရင်း ဒါမှမဟုတ် ကြည့်ပြီးတာနဲ့ Kenshin Live-Action ငါးကားစလုံးကို ပြန်ကြည့်ချင်စိတ်ဖြစ်ပေါ်စေမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို AK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.3GB, 1.1GB Quality – 1080p, 720p IMDb Rating – 6.3/10 Format – mp4 Duration – 2H 28Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by AK Encoded by Y

6.3 2021 148 mins
Baragaki: Unbroken Samurai
Yung Libro sa Napanood Ko

Yung Libro sa Napanood Ko (2023) ဒီကားလေးကတော့ ဖိလစ်ပိုင် အချစ်ဒရမ်မာကားလေးပါ။ ပုံမှန်အချစ်ကားတွေနဲ့ မတူတာတော့ ကြိုပြောထားချင်ပါတယ်။ မင်းသမီးက ဖိလစ်ပိုင်က ရောင်းအားအကောင်းဆုံး စာရေးဆရာမလေး ဖြစ်ပါတယ်။ သူက Kdrama ဖန်ဖြစ်တာမို့ သူ့ကြည့်ခဲ့ဖူးတဲ့ ဇာတ်လမ်းကို အခြေခံပြီး ရေးသားထားတဲ့ အခန်းနံပါတ် ၁၉ ဆိုတဲ့ စာအုပ်က တအားနာမည်ကြီးပါတယ်။ အဲ့မှာပဲ ကိုရီးယားက အိုပါးတယောက်က သူ့စာအုပ်ကို ဖတ်ပြီး သူ့ပရိသတ် ဖြစ်သွားပြီး စာအုပ်လက်မှတ်ထိုးပွဲမှာ လာပြီး မင်းသမီးရဲ့ လက်မှတ်လာထိုင်းခိုင်းတာကနေ ဇာတ်လမ်းစတာပါပဲ။ အဲ့မှာ ကိုရီးယားဇာတ်ကား ပရိသတ်မို့ သူ့ဖန်လေးက ကိုရီးယားကို အလည်ခေါ်တော့ စာရေးဆရာမလည်း ကောက်ကောက်ပါအောင် လိုက်သွားပါတော့တယ်။ တကယ်က စာရေးဆရာမလေးကလည်း အိုပါးမှာ မေရီဆိုတဲ့ ရည်းစားရှိနေမှန်း စတွေ့ကတည်းက သိခဲ့တာပါ။ အဲ့တော့ စာရေးဆရာမလေးနဲ့ ကင်ချီမြေက သူ့ဖန်လေးတို့ ဇာတ်လမ်းလေး ဘာဆက်ဖြစ်မလဲ အိုပါးရဲ့ ရည်းစား မေရီက ဘယ်သူလဲ ဆိုတာ သိချင်ရင်တော့ ဆက်ကြည့်ရှုခံစားလိုက်ပါဦးနော်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Hetang ပဲ ဖြစ်ပါတယ်။ Genre…..Drama Quality…. 1080p | 720p File size… 956MB | 500MB Format… mp4 Duration….1h 43min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Hetang Encoder ….. Aaron

0 2023 103 mins
Yung Libro sa Napanood Ko
Sisi & I
6.8

Sisi & I (2023) ~ IMDb – 6.8/10, Rotten Tomatoes – 80% ~ ခုတင်ဆက်ပေးလိုက်တဲ့ ဇာတ်ကားဟာဆိုရင်တော့ သာမန်ရိုးရိုး ဂျာမန်ဒရာမာကားတစ်ကားတင်မဟုတ်ဘဲ ဩစတြီးယားဧကရီ အဲလက်ဇဘက်အကြောင်းကို Biography သဘောမျိုး ရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားပါ။ ဂျာမန်ဝါရင့်မင်းသမီးနှစ်ဦးဖြစ်တဲ့ Sandra Hüller နဲ့ Susanne Wolff ကနေ ဇာတ်ဆောင်မင်းသမီးနှစ်ဦးအဖြစ်ပါဝင် သရုပ်ဆောင်ထားတာဖြစ်ပြီး ထွက်ထွက်ပြီးချင်း လပိုင်းအတွင်း ဆန်ကာတင်ဆု ၅ ခု ရရှိခဲ့ပါတယ်။ ~ ဇာတ်လမ်းအကျဉ်း ~ မြို့စားကတော်အနေနဲ့ မွေးဖွားလာခဲ့ရတဲ့ အိုင်မာဟာ စီစီလို့ လူသိများကြတဲ့ ဩစတြီးယားဧကရီ အဲလစ်ဇဘက်အတွက် အမှုထမ်းရဖို့အကြောင်းဖန်လာပါတယ်။ အိုင်မာကတော့ ငယ်ငယ်ကတည်းက မျိုးရိုးမြင့်တစ်ယောက်အနေနဲ့ ကြီးပြင်းလာခဲ့ရတဲ့အတွက် လောကကြီးကိုစိတ်ကုန်နေတာပေါ့။ ဒါပေမဲ့ မိခင်ရဲ့ တိုက်တွန်းမှုကြောင့် မိသားစုဂုဏ်ကိုထောက်ပြီး ဧကရီဆီမှာ အစေခံဖို့သွားခဲ့ပါတယ်။ အိုင်မာဟာ စီစီ့ဆီကိုရောက်ရောက်ချင်းမှာပဲ ပြင်းထန်တဲ့စမ်းသပ်မှုပေါင်းများစွာနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ သူဟာ စီစီ့ကိုမငြင်းဘဲ ရှိရှိတဲ့အတိုင်းရအောင်နေခဲ့ပါတယ်။ တကယ်တော့ စီစီရဲ့ ဘဝဟာလည်း အိုင်မာနဲ့ သိပ်မကွာလှပါဘူး။ ငယ်ငယ်တုန်းက မြို့စားမင်းသမီးအနေနဲ့ပျော်ပျော်ရွှင်ရွှင်နေခဲ့ရပေမဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့ပဲ ဧကရာဇ်မင်းကြီးရဲ့ ကြင်ယာဖက်အနေနဲ့ ရွေးကောက်ခံလိုက်ရတဲ့အတွက် စီစီ့ရဲ့ဘဝကြီးဟာ လူငယ်ဘဝကိုမခံစားရတော့ဘဲ ကံဆိုးမိုးမှောင်ကျသလိုဖြစ်သွားရပါတယ်။ အဲဒါကြောင့်ပဲ သူဟာ ဧကရီဖြစ်လာပြီးနောက်ပိုင်း ဧကရာဇ်မင်းကြီးနဲ့လည် းနန်းတော်ထဲမှာ အတူမနေ တိုင်းပြည်နဲ့ပတ်သက်တဲ့ကိစ္စတွေကို အရေးမစိုက်တော့ဘဲ ဧကရီအာဏာနဲ့ ဂရိပြည်မှာ လွတ်လွတ်လပ်လပ်သွားနေခဲ့တာပေါ့။ အဲဒီလိုနဲ့ စီစီနဲ့အိုင်မာတို့ ဆုံခဲ့ကြပါတယ်။ သူတို့နှစ်ယောက် စစတွေ့ချင်းကတည်းက ကံမကောင်းအကြောင်းမလှလို့ ဘေးဘီကလူတွေရဲ့ တိုက်ခိုက်မှုကြောင့် နှစ်ယောက်လုံးပြဿနာအသီးသီးခံစားခဲ့ရတာပါ။ ဒါပေမဲ့ အချိန်တွေကြာလာတာနဲ့အမျှ နှစ်ယောက်လုံး တစ်ဦးကိုတစ်ဦးသံယောဇဉ်တွယ်မိသွားပြီး သမိုင်းက စီစီ့ကိုအဆုံးသတ်မသွားခင်အထိ နှစ်ယောက်သားအတူယှဉ်တွဲနေထိုင်ခဲ့ကြပါတယ်။ ဒီဇာတ်ကားထဲမှာတော့ စီစီနဲ့ အိုင်မာတို့နှစ်ယောက် စတွေ့ရာက ဖြစ်ပေါ်လာတဲ့ဒုက္ခပြဿနာတွေအကြောင်းကိုပဲ အဓိကထားရိုက်ကူးထားတာဖြစ်လို့ သမိုင်းကြောင်းအကုန်အစင်မပါပေမဲ့လည်း အဆင့်အတန်းချင်းမတူပေမဲ့ အသက်ထက်ဆုံးမိတ်ဆွေတွေဖြစ်ခဲ့ကြတဲ့ အမျိုးသမီးနှစ်ဦးရဲ့သံယောဇဉ်ကို မြင်သာအောင်ရိုက်ထားတာဖြစ်လို့ လက်ရာမြောက် ဒရာမာဇာတ်ကားတစ်ကားလည်းဖြစ် ဩစတြီးယားဧကရီရဲ့ ဘဝအကြောင်းကိုလည်း သိရှိနိုင်မယ့် ရာဇဝင်ဇာတ်ကားကောင်းတစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.2GB, 1GB Quality – 1080p, 720p IMDb Rating – 6.8/10 Format – mp4 Duration – 2H 12Min Genre – Biography, Drama, History Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

Comedy • Romance
6.8 2023 132 mins
Sisi & I
The Thaw

Horror/Sci-fi အမျိုးအစားကားလေးပါ……. ဂေဟဗေဒ သုတေသန ကျောင်းသားလေးယောက်က ကြီးမားတဲ့ အာတိတ်မှာ ကမ္ဘာကြီးပူနွေးလာမှုရဲ့ ခြိမ်းခြောက်မှုတွေကို တွေ့ရှိခဲ့တဲ့အခါ… အခုတော့ ကမ္ဘာတစ်ဝှမ်း ကပ်ဘေးကို ရပ်တန့်ရန် သူတို့အပေါ်မှာ မူတည်နေပါပြီ ဒီဇာတ်ကားရဲ့ ဇာတ်ကွက်က အာတိတ်မှာ သေစေနိုင်တဲ့ လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိတဲ့ သိပ္ပံပညာရှင်အုပ်စုနဲ့ ပတ်သက်နေပါတယ်။ အရမ်းအမိုက်စားရုပ်ရှင်တစ်ကားမဟုတ်‌ပေမဲ့ ဒီကားကပရိသတ်များအတွက် စိတ်လှုပ်ရှားဖွယ်အခိုက်အတန့်အချို့နဲ့ ဆန်းကြယ်သောအကြောင်းအရာတွေပါတဲ့အတွက် ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ် File size…(1.6 GB)/(728 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Horror, Science Fiction, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Freddy

0 2009
The Thaw
Wings of Desire
7.9

Wings of Desire (1987) ~ IMDb – 7.9/10, RT – 95%, Meta – 79% ~ Directed by “Wim Wenders” လူများစုကတော့ Wim Wenders ကို လက်ရှိပူပူနွေးနွေးထွက်ထားတဲ့ ဂျပန်ရုပ်ရှင် Perfect Days နဲ့ ပိုရင်းနှီးနေကြလောက်မလားမသိဘူး။ ဒါပေမဲ့ ဝန်ဒါးရဲ့ မာစတာပိစ်ရုပ်ရှင်ဆိုရင်တော့ Wings of Desire လို့ပဲ ပြောကြရမှာပဲ။ တစ်နည်းပြောရရင် Wenders ကိုယ်တိုင်ထက် သူ့ရုပ်ရှင် Wings of Desire နဲ့ WoD ရဲ့ Remake ဖြစ်တဲ့ City of Angels ကိုတောင် လူသိပိုများရင် များလောက်မယ်။ ဘာပြောပြော Wings of Desire ဟာ Greatest Movies of All Time တွေထဲက တစ်ကားဖြစ်ခဲ့တယ်။ Wings of Desire နဲ့ ဝန်ဒါးဟာ Cannes မှာရော European Film Awards မှာရော အကောင်းဆုံး ဒါရိုက်တာဆု ရထားခဲ့တယ်။ ဇာတ်ရဲ့အကြောင်းအရာကိုပြောပြရင်တောင် ဒီဇာတ်ရဲ့ အကြောင်းအရာဖြစ်မယ်လို့ ကျွန်တော်တော့မထင်ဘူး။ ဒီရုပ်ရှင်ကရတဲ့ စီးကူးမှုဟာလည်း ဇာတ်ရဲ့အကြောင်းအရာ ဟုတ်မနေဘူး။ တာကော့စကီးရုပ်ရှင် ကြည့်နေသရသလား ထင်မှတ်မှားရလောက်အောင် ရုပ်ရှင်ကို Poetic Narrations တွေ ကဗျာတွေ Poetic ဆန်တဲ့အပြတွေနဲ့ အသက်သွင်းထားတယ်။ စတိလောက် ဇာတ်အကြောင်းအရာပြောရရင်တော့ ဘာလင်မြို့က တမန်တော်တစ်ယောက်ရဲ့ လူတွေရဲ့ဘဝတွေကို မြင်နေရခြင်း၊ လူတွေရဲ့အတွေးတွေကို ကြားနေရခြင်းတွေကနေ အဲဒီလူတွေရဲ့ ဝေဒနာတွေ ခံစားချက်တွေကို စီးကူးမိနေတဲ့ အကြောင်းပဲ။ ပြောရရင် အဲဒီတမန်တော်ဟာ စစချင်းမှာ ဒီလူတွေရဲ့ ခံစားချက်တွေကို ဖော်ပြဖို့ ကြားခံလိုမျိုးဖြစ်နေခဲ့တယ်။ သူ့ရှေ့က တမန်တော်ကားတွေမှာတော့ တမန်တော်တွေဟာ လူတွေဘဝရဲ့ အနည်းနဲ့အများတော့ ဝင်ရောက်စွက်ဖက် ပြုပြင်ပြောင်းလဲပေးနိုင်ပေမဲ့ Wings of Desire က တမန်တော်တွေကတော့ မြင်နေ ကြားနေ ဘေးက ကရုဏာသက်နေရုံကလွဲ ဘာမှမလုပ်ပေးနိုင်ဘူး။ It’s a Wonderful Life တို့လို ရုပ်ရှင်တွေထဲက တမန်တော်တွေကနေ ကွဲထွက်သွားတဲ့အရာပေါ့။ ပိုကွဲထွက်တာက ဒီမှာက တမန်တော်ဆိုတဲ့ ဖြစ်တည်မှုထက် လူရဲ့ လက်ရှိပစ္စုပ္ပန်တည့်တည့်မှာ အရသာကို ခံစားနိုင်ခွင့်ရှိတာက ပိုအလေးသာကြောင်းပြောထားတာမျိုးတွေပဲ။ ကော်ဖီနဲ့စီးကရက်ကို တွဲဖက်သောက်သုံးရတဲ့ ဘာနဲ့မှမတူတဲ့အရသာမျိုးကို မင်းမြည်းစေချင်စမ်းတယ်ဆိုတာမျိုးတွေပေါ့။ ဘဝကို အရသာခံတယ်လို့ ပြောရမယ်။ ဒါက Perfect Days အရင်ကြည့်ထားတဲ့လူတွေဆို ကောင်းကောင်းသိမှာပဲ။ Perfect Days မှာ ရှင်သန်နေတဲ့ဘဝကို ကောင်းကောင်းကြီး အရသာခံပြထားတယ်။ နောက် ဒီရုပ်ရှင်ရဲ့ ဇာတ်ကောင်တွေထဲမှာရော လိုကေးရှင်းမှာရော ဘာလင်တံတိုင်းကြီးလည်းပါထားတယ်။ အရှေ့ဂျာမနီနဲ့ အနောက်ဂျာမနီကို ပိုင်းခြားထားတဲ့ တံတိုင်းကြီးပေါ့။ ၁၉၆၁ကနေ စပိုင်းခြားထားတဲ့ ဒီတံတိုင်းကြီးဟာ Wings of Desire ထွက်ပြီး နှစ်နှစ်အကြာ ၁၉၈၉ မှပဲ ဖြိုချခဲ့တယ်။ Wings of Desire က တစ်ချို့လူတွေရဲ့ ဝေဒနာတွေဟာ ဒီပိုင်းခြားထားတဲ့ ဘာလင်တံတိုင်းကြီးနဲ့ မကင်းတာကိုလည်း ကျွန်တော်တို့ မြင်နိုင်တယ်။ ဒီရုပ်ရှင်မှာ တမန်တော်တွေဟာ အရောင်တွေကို မမြင်နိုင်တဲ့အတွက် တမန်တော်ဘက်ခြမ်းအကုန်နီးပါးက အဖြူအမည်းနဲ့ပြထားပြီး နတ်သက်လျှောလူဖြစ်သွားတဲ့နောက် အရောင်နဲ့ပဲပြခဲ့တယ်။ စီနီမာတိုဂရပ်ဖာက Henri Alekan… သူလည်း သူ့ခေတ်ရဲ့ အကြီးကျယ်ဆုံး စီနီမာတိုဂရပ်ဖာတွေထဲပါတယ်။ ဒီရုပ်ရှင်ရဲ့ အပြတွေမှာ သူ့ကိုယ်ပိုင်တီထွင်မှုတွေနဲ့ ရိုက်ကူးထားတာတွေလည်း ပါခဲ့တယ်။ French New Wave ရဲ့ တစ်တပ်တစ်အားလည်းဖြစ်ခဲ့တယ်။ ဒီရုပ်ရှင်အတွက် သူသုံးခဲ့တဲ့ Filter ကလည်း တော်တော်လန်းတယ် သူ့အဘွားရဲ့ စတော်ကင်အစုတ်ကြီး။ နောက် ဒီရုပ်ရှင်မှာ Nick Cave & the Bad Seeds တို့ရဲ့ Concert တစ်ခုပါတယ်။ ဝန်ဒါးအဆိုအရတော့ နစ်ကေ့ပွဲမပါဘဲ ဘာလင်ကို သူမရိုက်ပြနိုင်ဘူးလို့ဆိုတယ်။ နတ်သက်ကြွေ တမန်တော်တွေဟာ ဒီရုပ်ရှင်ထဲတင် အများကြီးရှိကြောင်းပြောခဲ့သလို ရုပ်ရှင်ရဲ့အဆုံးမှာ ဝန်ဒါးက ” Dedicated to all the former Angels, but especially to Yasujiro, François, Andrei ” လို့ အပိတ်စာတန်းထိုးထားခဲ့တယ်။ ဒီသုံးယောက်ကတော့ သူ သဘောအကျဆုံး အလေးစားဆုံး ဒါရိုက်တာတွေဖြစ်တဲ့ Yasujiro Ozu, François Truffaut နဲ့ Andrei Tarkovsky တို့တွေပါပဲ။ ဒီတော့ သူပြောချင်တဲ့ တမန်တော်ဆိုတာ တမန်တော်ဟုတ်ရဲ့လားလို့တော့ မေးခွန်းထုတ်စရာရှိနေလိမ့်မယ်။ ဝန်ဒါးဟာ အိုဇုကို တော်တော်ချစ်တာကြောင့်ပဲ ဂျပန်ကားကို ဂျပန်ကားစစ်စစ်ဖြစ်အောင် ရိုက်ပြနိုင်ခဲ့သလို Wings of Desire ကိုယ်တိုင်ကလည်း Tarkovsky ရုပ်ရှင်တစ်ကားကြည့်ရတဲ့ အငွေ့အသက်တော်တော်လေးရနေတဲ့ ရုပ်ရှင်ပါပဲ။ Truffaut ရုပ်ရှင်တွေလို လူတွေရဲ့ဘဝကို မြင်စေနိုင်စွမ်းမျိုးလည်းပါနေတယ်လို့ဆိုတယ်။ Wings of Desire ဟာ ပြန်ပြောပြဖို့တော်တော်ခက်တဲ့ ရုပ်ရှင်တစ်ကားပါ။ ကျွန်တော် ပြန်ပြောပြတတ်သလောက်ပြောရရင်တော့ ဝန်ဒါးရဲ့ သူချစ်တဲ့ဒါရိုက်တာတွေကို Homage ပေးပြီး သူချစ်တဲ့ပိုင်းခြားခံထားရတဲ့ဘာလင်ကို၊ သူချစ်တဲ့နာကျင်ကြေကွဲနေကြတဲ့ ဘာလင်က လူတွေကို၊ သူချစ်တဲ့ ရှင်သန်ခြင်းရဲ့အရသာကို ရိုက်ပြထားတဲ့ ရုပ်ရှင်တစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.2GB, 935MB Quality – 1080p, 720p IMDb Rating – 7.9/10 Format – mp4 Duration – 2H 8Min Genre – Drama, Fantasy, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.9 1987 128 mins
Wings of Desire
Falling in Love in Niagara
6.7

အသစ်စက်စက်ထွက်ရှိထားတဲ့ IMDb 6.7 ရရှိထားတဲ့ ရိုမန့်စ်ဒရာမာရုပ်ရှင်‌လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်လေးက Niagara Falls လို့အမည်ရတဲ့ ကနေဒါနိုင်ငံက ခရီးသွားဧည့်ဆွဲဆောင်တဲ့နေရာတစ်ခုမှာ ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတာပါ။ Niagara Falls ဆိုတဲ့နာမည်အတိုင်း ဒီမြို့မှာ နိုင်အာဂရာရေတံခွန်ကြီးတည်ရှိတာကြောင့် ကမ္ဘာလှည့်ခရီးသွားတွေမျက်စိကျကြတဲ့နေရာဖြစ်နေတာပါ။ ဇာတ်လမ်းအကျဉ်းကတော့ မက်ဒလင်း နဲ့ ဂျေဆင်တို့က လက်ထပ်ကြတော့မဲ့ စုံတွဲတစ်တွဲ‌ပါ။ မက်ဒလင်းတို့အတွဲက ဟန်းနီးမွန်းကို နိုင်အာဂရာမြို့ဆီသွားဖို့အတွက် စဉ်းစားထားကြပါတယ်။ မက်ဒလင်းက အရာရာမှာ အရမ်းစည်းစနစ်ကြီးပြီး တစ်ခုခုဆိုရင် အမြဲအစီအစဉ်ဆွဲပြီးတော့မှ အတိအကျလုပ်ကိုင်တတ်သူပါ။ ဟန်းနီးမွန်းအတွက်လည်း နိုင်အာဂရာခရီးစဉ်ကို အချိန်ဇယားနဲ့ အတိအကျကို ကြိုတင်စီစဉ်ထားတာပေါ့။ ခင်ပွန်းလောင်းဖြစ်သူ ဂျေဆင်ကတော့ မက်ဒလင်ရဲ့ အရာရာတိကျသေချာအောင် အမြဲ စီစဉ်နေတတ်တဲ့အကျင့်ကိုမကြိုက်တော့တာကြောင့် မင်္ဂလာပွဲမတိုင်ခင် ငါးပတ်အလိုမှ မင်္ဂလာပွဲကိုရုတ်တရက်ဖျက်သိမ်းလိုက်ပါတော့တယ်။ ဒီလိုနဲ့ အသည်းကွဲကျန်ရစ်ခဲ့တဲ့သူ မက်ဒလင်းကို ကူညီအားပေးဖို့ကတကြောင်း ကြိုတင်ဘွတ်ကင်လုပ်ပြီး ငွေပေးချေထားပြီးသားဖြစ်တဲ့ ဟန်းနီမွန်းခရီးစဉ်ကို အဆုံးရှုံးမခံသင့်တာက‌တကြောင်းကြောင့် မက်ဒလင်းရဲ့အစ်မဖြစ်သူ ဟာလီက မက်ဒလင်းနဲ့အတူ နိုင်အာဂရာကို ခရီးထွက်ဖို့ရာ စည်းရုံးဖို့ကို ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီလိုနဲ့ အစ်မဖြစ်သူရဲ့စည်းရုံးမှုကြောင့် ဟန်းနီးမွန်းမဟုတ်ဘဲ စစ်စတားမွန်းကိုထွက်ခဲ့ရတဲ့ မက်ဒလင်းတစ်‌ယောက် နိုင်အာဂရာကိုရောက်သွားတဲ့အချိန်မှာတော့ သူမဘ၀ရဲ့ ဖူးစာရှင်အစစ်ကိုမထင်မှတ်ဘဲရှာတွေ့သွားပြီး သူမ တစ်ကြိမ်တစ်ခါမှမလုပ်ခဲ့ဖူးတဲ့ စွန့်စားမှုတွေကို အရဲစွန့်လုပ်ကြည့်ပြီး အတွေ့အကြုံသစ်တွေကိုခံစားရင်း ဘ၀ကြီးကိုစိတ်သစ်လူသစ်နဲ့ပြန်လည်စတင်ဖို့ရာ အကြောင်းဖန်လာပါတော့တယ်။ ဒီရုပ်ရှင်လေးက ပေါ့ပေါ့ပါးပါးကြည့်ဖို့တကယ်သင့်တဲ့ရုပ်ရှင်လေးပါ။ အိမ်ထဲကနေ ထိုင်နေရင်း မက်ဒလင်းတို့ညီအစ်မနဲ့အတူ ခရီးအတူသွားပြီး နိုင်အာဂရာရဲ့အလှတွေကိုလည်း ခံစားရမှာပါ။ ပြီးတော့ ဘ၀မှာ ကိုယ်အမြဲကြောက်ရွံ့ခဲ့ရတဲ့ အကြောက်တရားတွေကို ရင်ဆိုင်ကျော်လွှားပြီး မလုပ်ဖူးသေးတဲ့အတွေ့အကြုံအသစ်တွေကို စမ်းလုပ်ကြည့်ဖို့သင့်တဲ့အကြောင်းကိုလည်း ဒီရုပ်ရှင်လေးက မီးမောင်းထိုးရိုက်ကူးပြထားတာကြောင့် စိတ်အပန်းဖြေချင်နေတဲ့သူတွေအတွက်တော့ အကြိုက်တွေ့စေမယ့် နိုင်အာဂရာက အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်‌ကြောင်း ညွှန်းဆိုပေးလိုက်ပါတယ်။ File size…(1.7 GB)/(970 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre… Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

Adventure • Family
6.7 2024 84 mins
Falling in Love in Niagara
Superman: Brainiac Attacks

Superman: Brainiac Attacks (2006) IMDb: 5.8/10 Rotten Tomatoes: 60% Genre: Action/Sci-fi/Animation ဇာတ်ညွှန်း ဘရိန်းနီးရာ့ခ်တစ်ယောက် ကမ္ဘာကိုတဖန်ပြန်ရောက်လာခဲ့ပြီး လက်စ်လူသာ ပိုင်ဆိုင်တဲ့ လက်စ်ဓာတ်ခွဲခန်းတစ်ခုကို အနုကြမ်းဝင်စီးခဲ့ပါတယ်။ ဓာတ်ခွဲခန်းမှာရှိသမျှ အသိဉာဏ်တွေအားလုံးကို စုပ်ယူနေတဲ့အချိန်မှာ စူပါမန်းရောက်လာပြီး ဘရိန်းနီးရာ့ခ်ကိုအနိုင်ယူခဲ့ပါတယ်။ ဒါပေမယ့်လည်း စူပါမန်းမသိခဲ့တာက ဘရိန်းနီးရာ့ခ်ရဲ့ အစိတ်အပိုင်းလေးတစ်ခုကျန်ခဲ့တယ်ဆိုတာပါပဲ။ အဲဒါကိုပထမဦးဆုံးမြင်ခဲ့တဲ့လူကတော့ လက်စ်လူသာဖြစ်ပါတယ်။ လက်စ်လူသာဟာလည်းခေသူမဟုတ်တော့ ဘရိန်းနီးရာ့ခ်ကိုအသက်ပြန်သွင်းခဲ့ပြီး အရင်ကထက်ပိုကောင်းတဲ့ ဝတ်စုံတစ်ခုကိုပေးခဲ့ပါတယ်။ နောက်ထပ်ကျန်ခဲ့တဲ့အရာတစ်ခုကတော့ စူပါမန်းရဲ့ ဒီအန်အေပဲဖြစ်ပါတယ်။ လက်စ်လူသာနဲ့ ဘရိန်းနီးရာ့ခ်တို့နှစ်ယောက်လက်တွဲပြီး စူပါမန်းကိုဘယ်လိုမျိုးတိုက်ခိုက်မှာလဲ။ ကမ္ဘာကိုအုပ်စိုးချင်နေတဲ့လူနှစ်ယောက်လက်တွဲလိုက်ခြင်းက မက်ထရိုပိုလစ်မြို့ကိုရော၊ ကမ္ဘာကိုရော ဘယ်လောက်ထိ အန္တရာယ်များစေလဲ။ File size… 1.2 GB / 544 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 16m Genre ….. Animation/Action/Sci-Fi Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Lucifer Maximoff

0 2006
Superman: Brainiac Attacks
Detective Dee : The Mystery of Humanoid Puppet
5.8

Detective Dee ရဲ့နောက်ဆုံးထွက်ရှိထားတဲ့ လူသားရုပ်သေးရုပ်အမှုဖြစ်ပါတယ်။ ဒီတစ်ခါတော့ စုံထောက်ကြီးဒီးနေရာမှာ ထိုင်ဝမ်မင်းသားချော Dylan Kuo ကသရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ မိဖုရားခေါင်ကြီးရဲ့အပန်းဖြေနန်းဆောင်မှာ မီးအကြီးအကျယ်လောင်ရာကစတင်ပါတယ်။ မိဖုရားခေါင်ကြီးရဲ့ အပန်းဖြေနန်းဆောင်မီးလောင်တဲ့အတွက် ဒါကမိဖုရားခေါင်ကြီးကို ပစ်မှတ်ထားတာဖြစ်နိုင်တယ်ဆိုပြီးတော့ စုံထောက်ကြီးဒီးကို နန်းတွင်းကိုဆင့်ခေါ်ပြီး အမှုကိုစုံစမ်းခိုင်းပါတယ်။ မီးလောင်သွားတဲ့နန်းဆောင်မှာ အရွယ်ရောက်ပြီးသားလူအရွယ်အစားရှိတဲ့ သစ်သားရုပ်တစ်ရုပ်ကိုတွေ့ရပါတယ်။ ထူးခြားတာကတော့ သစ်သားရုပ်ရဲ့နောက်ကျောမှာ မိဖုရားခေါင်ကြီးရဲ့ဇာတာကိုထွင်းထားပြီး သစ်သားရုပ်ဟာသွေးထွက်တတ်နေတာပဲဖြစ်တယ်။ ဒီဂန္ဘီရဆန်တဲ့ဖြစ်ရပ်တွေရဲ့ နောက်ကွယ်ကအမှန်တရားဟာဘာဖြစ်နေမလဲ။ စုံထောက်ကြီးဒီးရဲ့ထုံးစံအတိုင်း ရှေးခေတ်မှုခင်းဇာတ်လမ်းတွေကြိုက်တဲ့သူတွေ စိတ်မပျက်စေရတဲ့အပြင် အရည်အသွေးရှိတဲ့သရုပ်ဆောင်တွေပါဝင်ထားပြီးတော့ ပီပြင်တဲ့အက်ရှင်နဲ့ Effectsတွေနဲ့သေချာရိုက်ထားတာကြောင့် စိတ်ကျေနပ်စရာဇာတ်ကားတစ်ကားဖြစ်ပါတယ်။

5.8 2024
Detective Dee : The Mystery of Humanoid Puppet
Blood Promise Janji Darah
5.3

Janji Darah (2024) IMDb Rating (5.3) ဒီတစ်ခါမှာတော့ suspenseကောင်းကောင်းနဲ့ ကြည့်လိုကောင်းတဲ့ အင်ဒိုနီးရှားသရဲကားတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ပထမဆုံးကိုယ်ဝန်ရလို ပျော်နေတဲ့ လင်မယားနှစ်ယောက် Sheren နဲ့ Rayhan က ကလေးရပြီးမကြာခင်မှာပဲ သူတိုအိမ်ကို သရဲခြောက်လှန့်တာတွေ ကြုံလာရတယ်။ ခင်ပွန်းဖြစ်သူ Rayhan က ငယ်ငယ်က သရဲတွေမြင်နိုင်တဲ့သူဖြစ်ပြီး အခုအချိန်မှာတော့ အဲဒီစွမ်းအင်ပျောက်သွားတာမို သူတိုအိမ်ကို ခြောက်လှန့်တဲ့သရဲကဘယ်သူလဲ သိရအောင်ကြိုးစားခဲ့တယ်။ အစပိုင်းမှာ သာမန်သရဲခြောက်ရုံလောက်ပါဆိုပြီး ငြိမ်နေခဲ့ပေမဲ့ နောက်ပိုင်းမှာ သူတိုအိမ်က ဇနီး Sheren ကို အဓိကလိုက်ခြောက်နေတဲ့သရဲက Rayhan ရဲ့အရင်က အဆက်ဟောင်းဖြစ်နေပြီး Rayhan ပေးခဲ့တဲ့ အတိတ်ကကတိတည်ဖို လာခေါ်ဖိုလုပ်နေတာကို သိပြီးနောက်မှာတော့ Rayhan ဘယ်လိုတွေ ဖြေရှင်းရမလဲ၊ သူ့မိန်းမနဲ့ကလေးကို ကာကွယ်နိုင်ပါ့မလားဆိုတာကို ကျောချမ်းချမ်းနဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(1.5 GB) / (730 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Horror, Thriller Duration….01:44:27 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Thwal Htoo Zin

5.3 2024 104 mins
Blood Promise Janji Darah
Ghost of Spring
5.8

အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် မှုခင်းစုံထောက်ရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- ၁၂ နှစ်တစ်ကြိမ် ကျင်းပလေ့ရှိတဲ့ နိုင်ငံတော်ကန်တော့ပူဇော်ပွဲတော်ကြီး ရောက်ရှိလာချိန်မှာ ကန်တော့အိုးဖြစ်တဲ့ “တင်” ကို သွန်းလုပ်သူတွေ ဆက်တိုက် ထူးဆန်းစွာ သေဆုံးသွားခဲ့ပါတယ်။ သွေးကြောက်ရောဂါရှိတဲ့ အမှုစုံစမ်းစစ်ဆေးရာမှာ ထူးချွန်လှတဲ့ စုံထောက်နဲ့ သိုင်းပညာကျွမ်းကျင်ပြီး အတွေးရိုးအလှတဲ့ လက်ထောက်မလေးတို့က နှစ်ပေါင်းများစွာ ဖုံးကွယ်နေခဲ့တဲ့ အမှန်တရားတစ်ခုကို အဖြေရှာဖို့ ပူးပေါင်းခဲ့ကြပါတယ်။ ရက်စက်စွာ သေဆုံးသွားတဲ့ တင်သွန်းလုပ်သူတွေက လွန်ခဲ့တဲ့ ၁၂ နှစ်က ချွင်းညန်နဲ့ ပတ်သက်နေကြောင်း သိရတဲ့အခါ…… ချွင်းညန်ရဲ့ ဝိညာဉ်ကပဲ ပြန်လာပြီး ကလဲ့စားချေနေသလား…… တရားခံအစစ်က ဘယ်သူဖြစ်မလဲ…… ဘာဖြစ်လို့ ဒီလိုအမှုတွေ ဆက်တိုက်ဖြစ်နေရသလဲ…… ဆိုတာကို အကူအညီမဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဘဝကံကြမ္မာ ကြမ်းတမ်းရပုံကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

5.8 2024
Ghost of Spring
Special Monster
5.2

ကမ္ဘာဦးသတ္တဝါတွေနဲ့ဝန်းရံထားတဲ့ ဆန်းကြယ်တဲ့ကျွန်းတစ်ကျွန်း…… စုန့်ခေတ်မှာ အာရပ်ကုန်သည်တစ်ယောက်ကကုန်ကူးဖို့သွားရင်းနဲ့ ပင်လယ်ပြင်မှာမုန်တိုင်းမိပြီးတော့ သူတို့ရဲ့သင်္ဘောဟာပျောက်သွားခဲ့တယ်။ အဲဒီသင်္ဘောပေါ်မှာရတနာတွေအများကြီးပါတယ်လို့ဒဏ္ဍာရီရှိတယ်။ နောက်နှစ်ပေါင်း (၇၀၀)ကျော်ကြာလာပြီး လက်ရှိခေတ်ရောက်တဲ့အထိ အဲဒီသင်္ဘောကိုရှာနေတဲ့သူတွေရှိပါတယ်။ တံငါသည်တစ်ချို့ရဲ့အပြောအရ ရတနာလှေသင်္ဘောကြီးဟာ ဆန်းကြယ်တဲ့ကျွန်းမှာရှိတယ်လို့ဆိုတယ်။ ဒီလိုနဲ့ ချန်ဝူရယ်ဆိုတဲ့လူတစ်ယောက်ဟာဦးဆောင်ပြီးတော့ ဇီဝသက်ရှိဗေဒပညာရှင်၊ ရှေးဟောင်းသုတေသနပညာရှင်နဲ့ လုံခြုံရေးတပ်ဖွဲ့ကိုခေါ်ပြီးတော့ ဆန်းကြယ်တဲ့ကျွန်းကိုရှာဖို့ခရီးစလိုက်ပါတယ်။ ပင်လယ်ပြင်မှာအန္တရာယ်တွေကျော်ဖြတ်ပြီးမှာ ဆန်းကြယ်တဲ့ကျွန်းကို ရောက်လာခဲ့ကြပေမယ့် မှန်းဆမရတဲ့နောက်ထပ်အန္တရာယ်တွေကသူတို့ကိုစောင့်ကြိုနေတဲ့အခါ……

Action • Adventure • Drama
5.2 2025
Special Monster