YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The.Seventh.Day.2021.720p.WEBRip.x264.AAC5.1-[CM]_new.mp4

342.06 MB N/A video/mp4 201 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Love You My Arrogance 2

ဆန် အဖြစ် Nine Naphat အန်နာ အဖြစ် Mild Lapassalan တွန် အဖြစ် Oab Oabnithi "Love You My Arrogance "ပထမကားထွက်ပြီး ၂နှစ်အကြာမှာ " Love You My Arrogance 2 "ဆိုပြီး အဆက်ထွက်ရှိလို့လာခဲ့ပါပြီ ။ ဇာတ်လမ်းအကျဉ်း စာရေးဆရာမ အန်နာနဲ့ YouTuber တစ်ဦးဖြစ်တဲ့ ဆန်တို့က စကားတွေပြောရင်း သူငယ်ချင်းနက ရည်းစားမကျ နေရာမှာပဲ ရပ်နေကြတဲ့ နှစ်ယောက်ပေါ့ အန်အနေနဲ့လည်း ဆန့်ကို ဖွင့်ပြောလာစေချင်ပေမဲ့ ဖွင့်မပြောလာတာမို့ ကိုယ့်ဘက်ကလည်း စမရနဲ့ အကြပ်ရိုက်နေခဲ့ပါတယ် တစ်ရက် ဗီဒီယိုပြိုင်ပွဲတစ်ခုလုပ်ခဲ့ရာက YouTuber ဖြစ်တဲ့ ဆန်က ဆုကြေးရဖို့ ဝင်ပြိုင်ခဲ့ပါတယ် ဒီပြိုင်ပွဲကို အန်နာ့ ချစ်သူဟောင်း ဖြဖစ်တဲ့ ထိုင်းနိုင်ငံ Top 5 ဝင်တဲ့ ခရီးသွားyoutuber တွန်ပါ ဝင်ပြိုင်လာခဲ့ပြီး အန်နာ့ကို ပြန်ရဖို့ပါ ကြိုးစားလာခဲ့ပါတယ် အန်ကလည်း ရည်းစားမကျ သူငယ်ချင်းမက အခြေအနေကနေ ဆန် သူ့ကို ဖွင့်ပြောလာဖို့ နည်းမျိုးစုံသုံးကြိုးစားလာတဲ့အခါ... ဆန် တစ်ယောက် အန်နဲ့ တွန်ကို သဝန်တိုပြီးပဲ ဖွင့်ပြောလာမလား တွန်ကပဲ အန့်ကို စိတ်ပြောင်းပြီး သူ့ဆီပြန်လာအောင်လုပ်နိုင်မလား အလုပ်နဲ့ အချစ်ပြိုင်ပွဲနှစ်ခုမှာ ဆန်နဲ့ တွန် ဘယ်သူကများ အနိုင်ရမလဲဆိုတာ ကြည့်ရှုကြရအောင် ။ ( အညွှန်းရေးသားထားသူကတော့ Kyi Nue Zin ပါ ) File Size__(2.4 GB) / (1GB) Quality__WEB-DL_1080p, 720p IMDb Rating__7.6/10 Format__mp4 Duration__01:58:00 Type__Comedy, Drama, Romance Subtitle__Myanmar Subtitle (Hardsub) Translated by Kyi Nue Zin & Nang Mwe Kham Encoded by Naing Aung Latt

Fantasy
0 2022 192 mins
Love You My Arrogance 2
Jane Got a Gun
5.8

ဒီရုပ်ရှင်ကို ဘာကြောင့်တင်ဆက်ဖြစ်သလဲဆို တစ်အချက် နာတာလီ ပေါ့တ်မန်း၊ နှစ်အချက် နာတာလီ ပေါ့တ်မန်း၊ သုံးအချက် နာတာလီ ပေါ့တ်မန်းပါပဲ။ ပေါ့တ်မန်းဟာ ငယ်ငယ်ကတည်းကကို Léon: The Professional လို မာစတာပိစ်ရုပ်ရှင်ကားမှာ အဓိကနေရာက ပါဝင်သရုပ်ဆောင်နိုင်ခဲ့တဲ့ သူဖြစ်ပြီး V for Vendetta တို့ Heat တို့ Jackie တို့လို တကယ့်ကားကောင်းတွေမှာပါခဲ့သလို Black Swan နဲ့လည်း အော်စကာရထားတဲ့ မင်းသမီးတစ်လက်ပါပဲ။ ခုထိကို တကယ့်မင်းသမီးကောင်းတစ်လက်ဖြစ်နေသေးသလို ဒါကလည်း သူအဓိကနေရာက ပါတဲ့ ရုပ်ရှင်ဆိုတော့ မကောင်းမှာ ပူစရာမရှိဘူးပေါ့။ ပေါ့တ်မန်းအပြင် နောက်ထပ်အကြောင်းရင်းတွေကတော့ The Great Gatsby မှာပါခဲ့တဲ့ တွမ်ဘူချာနန်မင်းသား Joel Edgerton နဲ့ ကျွန်တော်သိပ်ချစ်တဲ့ သိပ်နှစ်လိုဖွယ်ကောင်းတဲ့ ရုပ်ခံနဲ့ Ewan McGregor တို့ပါပဲ။ အီဝန်ဟာ သိပ်ချစ်ဖို့ကောင်းတဲ့ မင်းသားဖြစ်သလို ကျွန်တော်သိသလောက် သူပါဝင်သမျှအားလုံး အတော်လေး နွေးထွေးတဲ့ရုပ်ရှင်တွေပါပဲ။ ဒီကားထဲမှာ ထူးတာကတော့ ဘူချာနန်အနေနဲ့ အတော်စမြင်ကတ်ဖို့ ကောင်းခဲ့တဲ့ Joel က လူကောင်းအဖြစ်သရုပ်ဆောင်ထားပြီး Ewan ကတော့ လူဆိုးနေရာက သရုပ်ဆောင်ထားပါတယ်။ ဇာတ်ညွှန်းရေးတဲ့ထဲ Joel လည်းပါပါတယ်။ တော်တော်တော့စားပါတယ်။ Ewan ကိုဆို မမှတ်မိနိုင်လောက်အောင်ပါပဲ။၊ သို့ပေမဲ့ သရုပ်ဆောင်ကောင်းပြီးသား ဆရာတွေဆိုတော့ ပြဿနာတော့မရှိခဲ့ပါဘူး။ ဇာတ်ကတော့ အနောက်ပိုင်းမှာအခြေတည်ထားတဲ့ ကောင်းဘွိုင်ဇာတ်ပါ။ ဆာဂျီယိုလီယွန်နီရဲ့ ရုပ်ရှင်တောင်ဆန်ပါတယ်။ ဆန်ဆို သူကလည်း ကောင်းဘွိုင် ဘိုးအေကြီးကိုး။ အနောက်ပိုင်း ရုပ်ရှင်ကြိုက်တဲ့လူတွေအတွက် မတရားမှုတွေ လက်စားချေမှုတွေ သေနတ်ပစ်ခန်းတွေ ဝေဝေဆာဆာနဲ့ ကြည့်ရမယ့် ခပ်ကြမ်းကြမ်း ကောင်းဘွိုင်ရုပ်ရှင်ပါပဲ။ နာတာလီပေါ့တ်မန်းရဲ့ ဇာတ်ကောင် ဂျိန်းဆိုတဲ့ ကောင်မလေးရဲ့ ယောက်ျားနောက်ကို ဘစ်ရှော့လို့ခေါ်တဲ့လူက လိုက်နေတယ်။ အဲဒီလူကပြောရရင်‌ ကောင်းဘွိုင်လူမိုက် ဖာခန်းထောင်ပြီး ကြီးပွားချင်တဲ့သူ။ ဂျိန်းယောက်ျားကလည်း သူ့လူဟောင်း။ ဂျိန်းကို ပခြုပ်သည်ဇာတ်သွင်းဖို့လုပ်နေတုန်း ဂျိန်းယောက်ျားက ကယ်ပြီး ထွက်ပြေးခဲ့ကြတာ။ သူတို့နောက်ကို ဘစ်ရှော့က လိုက်ရှာနေတယ်။ ဘစ်ရှော့က ဂျိန်းရဲ့ သမီးလေးကိုလည်း ဂျိန်းကို ပခြုပ်သည်ဇာတ်သွင်းတဲ့အချိန်မှာ သတ်ပစ်ခဲ့တယ်။ နောက်ကျ ဂျိန်းယောက်ျားကို သူတို့သေနတ်နဲ့ပစ်တာ ထိသွားတယ်။ ဂျိန်းက သူ့ယောက်ျားကို အားကိုးလို့မရတော့ သူ့ရည်းစားဟောင်းဆီက အကူအညီသွားတောင်းတယ်။ သူ့ရည်းစားဟောင်းကလည်း စစ်ပြန် သူရသတ္တိဆုတွေမနည်းရခဲ့တဲ့သူ။ ဒီလိုနဲ့ မိန်းမတစ်ယောက် ယောက်ျားတစ်ယောက်နဲ့ သေနတ်မှန်ထားတဲ့လူတစ်ယောက်က ဒီကောင်းဘွိုင်လူမိုက်ဂိုဏ်းကြီးကို ထိပ်တိုက်ရင်ဆိုင်ကြတဲ့အခါမှာတော့... (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.1GB, 1.1GB, 630MB Quality - Blu-ray 1080p, 720p, 480p IMDb Rating - 5.9/10 Format - mp4 Duration - 1H 38Min Genre - Action, Drama, Western Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Action • Adventure • Fantasy
5.8 2015 98 mins
Jane Got a Gun
No Bears
7.3

No Bears (2022) ~ IMDb – 7.3/10, Rotten Tomatoes – 99% ~ ဒီကားက​တော့ 2022 မှာထွက်ရှိထားပြီး စုံတွဲနှစ်တွဲကြားက အချစ်​အတွက်ရုန်းကန်ရတာ​တွေကို ရိုက်ပြထားတဲ့ ဒရာမာဇာတ်ကား No Bears ပဲဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ ထူးခြားချက်​က​တော့ ပါဝင်သရုပ်​ဆောင်တဲ့ ဇာတ်​ဆောင် Pahani ကိုယ်တိုင် ဒါရိုက်တာလုပ် ဇာတ်ညွှန်း​ရေးထားတာပဲဖြစ်ပါတယ်။ ~ ဇာတ်လမ်းအညွှန်း ~ ရွာရဲ့ရိုးရာအရ မိမိချက်ကြိုး​ပေါ်မှာ ​ရေးထိုးထားတဲ့ ​​​ယောက်ျားလေးနာမည်နဲ့သာလက်ထပ်ရမှာဖြစ်တဲ့ ဂျူဇယ်တစ်​ယောက် တခြား​ယောကျာ်း​လေးအ​ပေါ် ​ချစ်မိသွားတဲ့အလာ… တစ်ဖက်မှာ​တော့ ဆိုးဝါးခက်ခဲလှတဲ့ဘဝက​နေလွတ်​မြောက်ဖို့ နယ်​စပ်က​​နေအကြိမ်ကြိမ် ကြိုးစား​ပေမဲ့ တဖက်နိုင်ငံကိုမ​ရောက်ဘဲ တစ်​နေ့ ပတ်စ်ပို့အတု​တွေနဲ့ နိုင်ငံခြားသွားဖို့ အခွင့်အ​ရေးရလာ​ပေမဲ့ တစ်​ယောက်တည်းသာ သွားရမယ်မှန်း ဇာရာသိသွားတဲ့အခါ… မတူညီတဲ့ ​နေရာ​ဒေသ၊ မတူညီတဲ့ ဘဝဖြတ်သန်းမှု​တွေရှိ​နေ​ပေမယ့် တူညီတဲ့အချစ်​ရေးကိစ္စ​တွေရှိ​နေတဲ့ စုံတွဲနှစ်တွဲကို တစ်လှည့်စီ စိတ်ဝင်စားစရာ​ကောင်း​အောင် ရိုက်ပြထားတဲ့ ဒရာမာကား​ကောင်း​​​ပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.15GB, 860MB Quality – 1080p, 720p IMDb Rating – 7.3/10 Format – mp4 Duration – 1H 46Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by DB Encoded by Y

7.3 2022 107 mins
No Bears
Lover for a Day
6.7

Lover for a Day (2017) ~ IMDb – 6.7/10, Rotten Tomatoes – 82% ~ ပြင်သစ်ဆန်ဆန် အချစ်အကြောင်းလေးတစ်ပုဒ်။ ဓားရာကိုယ်စီနဲ့ ချစ်ဝေဒနာသည်တွေအတွက် အိုအေစစ်တစ်ခု။ အဖြူအမည်း၊ ဝတ်လစ်စလစ်အခန်းတွေ၊ စီးကရက်သောက်နေတဲ့လူတွေ၊ ရုတ်တရက်ထပြီး ဒဿနဆန်ပစ်တဲ့ ဒိုင်ယာလော့ခ်တွေနဲ့ နောက်ခံစကားပြော။ ဒါက ပြင်သစ်ရုပ်ရှင်စစ်စစ်ပါပဲ။ ပြင်သစ်အထာဆိုတာ ဒါ လို့ ကိုယ့်မျက်နှာရှေ့ ကပ်မပြောရုံတမယ်ပါ။ ပြင်သစ်ဒါရိုက်တာ Philippe Garrel ဟာ မှတ်ကျောက်တစ်ခုအနေနဲ့ Garrel’s Trilogy of Love ဆိုပြီး အချစ်အကြောင်း အဖြူအမည်း ရုပ်ရှင်သုံးခု ရိုက်ထားပါတယ်။ ဒါကတော့ အဲဒီ ၃ ကားထဲက နောက်ဆုံးတစ်ခုပေါ့။ အချစ်ဆိုတာ ဘာလဲ။ ဒီမေးခွန်းကို ခေတ်အဆက်ဆက်မေးခဲ့ကြတယ်။ ခေတ်အဆက်ဆက်အဖြေထုတ်(ဖို့ကြိုးစား)ခဲ့ကြတယ်။ အချစ်ဟာ အချစ်ပါပဲ။ အချစ်ကို ဘာနဲ့ဖွဲ့စည်းထားတာပါလို့ ဓာတုဗေဒမဆန်ကြရအောင်လေ။ အချစ်ဆိုတာ ရေလို့ပဲသတ်မှတ်တာပေါ့။ ပုံသဏ္ဍာန်အတည်တကျမရှိ။ မရှိတဲ့နည်းတူ ‌ပုံသဏ္ဍာန်ပေါင်းစုံလည်း ရှိနေနိုင်ပြန်တယ်။ ထွက်မသွားစေချင်တာလည်းအချစ်၊ လွှတ်မပေးချင်တာလည်းအချစ်၊ ကောင်းစားစေချင်တာလည်းအချစ်၊ ဘေးဒုက္ခတွေမရောက်စေချင်တာလည်းအချစ်… ဒီလို ဒီလိုတွေပေါ့။ ဒီရုပ်ရှင်ထဲက အချစ်ကလည်း သဏ္ဍာန်မဲ့တယ်။ မေတ္တာလား ချစ်ခြင်းလား ဆုံးရှုံးရမှာကြောက်လို့ ဒူးထောက်ထားခြင်းလား။ ဒီရုပ်ရှင်ထဲမှာ အဓိကအနေနဲ့ ၃ ယောက်ပါတယ်။ အဖေ(ဂျီးလ်)ရယ် ‌အဖေ့ရည်းစား(အေရီယန်)ရယ် သူ့သမီး(ဂျန်း) ရယ်။ တစ်နေ့မှာ ဂျန်းက သူ့သတို့သားလောင်းနဲ့ရန်ဖြစ်ပြီး သူ့အဖေဆီကို ပြန်လာခဲ့တယ်။ သူ့အဖေကလည်း သူ့သမီးနဲ့ရွယ်တူ ကျောင်းသူလေးတစ်ယောက်နဲ့တွဲနေတယ်။ အဲဒီမှာ သူတို့ သုံးယောက်ကြား မချည်တဲ့ကြိုးတွေ ထုံးကြတယ်။ အတူနေရာက ပြဿနာတွေ၊ အသက်အရွယ်ကွာဟမှုကြား ညှိလို့မရတာတွေ၊ ချစ်ခြင်းကို အဓိပ္ပာယ်ဖွင့်ပုံခြင်းမတူညီမှုတွေ ဒါတွေအားလုံးကို ရောသမမွှေ ချပြထားပါတယ်။ ဇာတ်ကောင်တွေကို တည်ဆောက်ပုံက လှတယ်။ ပြင်သစ်မလေး ၂ယောက်ကို ဆေးခြယ်ထားပုံများ… ဒီရုပ်ရှင်ပြီးတာတောင် မြန်တယ်ထင်ရတယ်။ ချစ်ခြင်းရဲ့ပုံသဏ္ဍာန်တစ်ခု နဲ့ လူတွေကြား လစ်ဟာနေတဲ့ကွက်လပ်တစ်ခု။ ဒီကွက်လပ်တစ်ခုကို ဒါရိုက်တာ Phillippe က မီးမောင်းထိုးပြဖို့ကြိုးစားခဲ့တယ်။ “မင်းတို့မှာ ဒီလိုလစ်ဟာမှုတစ်ခုရှိနေတယ်” ပေါ့။ ဖြည့်တာမဖြည့်တာ ကျွန်တော်တို့အပိုင်း။ ဆုတွေအနေနဲ့ဆိုရင် ဆု ၂ ခုရထားပြီး ဆန်ကာတင် စာရင်းမှာ ၃ခုပါထားပါတယ်။ ခံစားချက်တွေအကြောင်းရုပ်ရှင်တစ်ခုဖြစ်တာကြောင့် ဘာမှမတွေးဘဲ ခံစားကြည့်လိုက်ပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.5GB, 610MB Quality – 1080p, 720p IMDb Rating – 6.7/10 Format – mp4 Duration – 1H 16Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

6.7 2017 76 mins
Lover for a Day
Squared Love Everlasting

ပို​လန်ရုပ်ရှင်​တွေဖြစ်တဲ့​ Squared Love ဇာတ်ကား​တွေ​ရဲ့​ တတိယ​မြောက်​ဇာတ်ကား​ဖြစ်တဲ့​ Squared​ Love​ Everlasting​ က​ Romance​ Comedy​ အမျိုး​အစား​ဇာတ်ကား​ဖြစ်ပြီး​ ၂၀၂၃ ခုနှစ်​မှာ​ထွက်ရှိ​ခဲ့တဲ့​ Netflix​ ရဲ့ဇာတ်ကားဖြစ်ပါတယ်။ အရင်​နှစ်ကား​မှာ​ သရုပ်ဆောင်​ခဲ့တဲ့​သူတွေပဲ ပြန်လည်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ အရင်​ဇာတ်ကား​နှစ်ကားကိုမကြည့်ရသေးရင်လည်း ဒီဇာတ်ကားကိုကြည့်လို့ရမှာပါ။ Rom/Com အမျိုးအစား​ပီပီ​ ပေါ့ပေါ့ပါးပါးနဲ့ကြည့်ရှုခံစားလို့ရမဲ့​ လှပတဲ့အချစ်​ရုပ်ရှင်လေးဖြစ်ပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့​ အန်​ဇိုစတက်ဖန်နဲ့ မိုနီကာတို့နှစ်ဦးသား လက်ထပ်ဖို့စိုင်းပြင်နေတဲ့အချိန်မှာ ထင်မှတ်မထားတဲ့ဖြစ်ရပ်တစ်ခုပေါ်လာခဲ့ပါတယ်။ ဒီ​ကိစ္စ​က​ သူတို့​နှစ်ဦးရဲ့​ relationship​ ကိုပါသက်ရောက်လာခဲ့တဲ့အခါ​ သူတို့​နှစ်ဦးကြားကနားလည်မှုကို​ ပြန်လည်တည်ဆောက်နိုင်ပါ့မလား သူတို့​ဘဝမှာကြုံတွေ့နေရတဲ့ အခက်အခဲ​တွေကို​ရော​ ကျော်​လွှားနိုင်ပါ့မလားဆိုတာကို ပေါ့ပေါ့ပါးပါးကြည့်ရှုရမဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ဒီ​နောက်​ဆုံး​ဇာတ်ကားက​ Squared​ ​Love​ ​ရုပ်ရှင်​တွေထဲမှာ​ အကောင်း​ဆုံး​လို့သတ်မှတ်နိုင်ပါတယ်။ ဥရောပ​အချစ်ဟာသကားလေးဖြစ်တဲ့အတွက်​ ကြည့်နေ​ကျ​ အမေရိကန်​ရုပ်ရှင်​တွေနဲ့​ မတူတဲ့​ vibe တစ်ခုတော့ရမှာဖြစ်ပါတယ်။ ဇာတ်လမ်း​က​ရိုး​ရှင်းပေမဲ့​ ကြည်နူးဖို့လည်းကောင်းပြီး ပိုလန်ရဲ့ သဘာဝရှုခင်းနဲ့ညမြင်ကွင်းအလှတွေကို​ ကြည့်ရတာနဲ့တင်တန်နေပြီလို့ဆိုနိုင်ပါတယ်။ Rom/com ကြိုက်​တဲ့သူတွေ​၊ ပေါ့ပေါ့ပါးပါးဇာတ်လမ်းလေးကိုကြည့်ပြီး​ စိတ်​အပန်းဖြေ​လိုသူတွေကြည့်သင့်တဲ့ကားလေးပါ။ File size…(1.8 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:42:00 Genre…Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Wolfenheim

0 2023
Squared Love Everlasting
Spark: L.I.F.E.
9.4

Spark L.I.F.E (2023) IMDb -9.4/10 Mark Wahlberg ရဲ့ The Happening(2008)ကားကို မှတ်မိကြသေးလား။ လေထဲက ဘာမှန်းမသိတဲ့အရာတစ်ခုကြောင့် လူတွေ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားကြတာလေ။ ဒီတလေဂူးလ်ကားမှာလည်း လူတွေ ကိုယ့်ကိုယ်ကိုယ်သတ်သေကြတယ်။လေထဲက အရာကြောင့်တော့ မဟုတ် SPARKလို့ခေါ်တဲ့ အရာကြောင့်။ ထူခြားတာက သတ်မသေခင်မှာ ဘေးနားကလူတွေကိုပါရက်ရက်စက်စက် သတ်သွားကြတာပဲ။ လက်ခါဆိုတဲ့ ကောင်မလေးဟာ ထူးထူးဆန်းဆန်းပဲ သူ့ရဲ့အိပ်မက်ထဲကို အပြင်မှာတစ်ခါမှ မတွေ့ဘူးတဲ့ ကောင်လေးတစ်ယောက်က ဆယ်နှစ်တိုင်တိုင် အမြဲတမ်း ရောက်ရောက်လာတတ်ပါတယ်။ အိပ်မက်ထဲကကောင်လေးကိုပဲ လက်ထပ်ချင်နေပြီး သူ့အဖေပေးစားဖို့ ရည်ရွယ်ထားသူမှန်သမျှကို ငြင်းပစ်နေတဲ့အခါမှာတော့ လက်ခါအဖေဖြစ်သူကနေ ရက်၃၀အတွင်းမှာမှ သူ့ရဲ့ အိပ်မက်ထဲက ကောင်လေးကို သူ့ရှေ့ခေါ်လာမပြနိုင်ရင် သူပေးစားတဲ့သူနဲ့ ယူရမယ်ဆိုပြီး အမိန့်ထုတ်လိုက်တဲ့အချိန်မှာတော့ လက်ခါတစ်ယောက် ချစ်သူရှာပုံတော် ထွက်ရပါတော့တယ်။ ဒီလိုနဲ့ တစ်ရက်မှာ လက်ခါလေးဟာ သူ့ရဲ့ အိပ်မက်ထဲကချစ်သူကို ရှာတွေ့ပြီး နောက်ကလိုက်တဲ့အခါမှာတော့ အဲဒီကောင်လေးဟာ ဆေးရုံကို ဓားပြလာတိုက်တဲ့သူ ဖြစ်နေပါတော့တယ်။ အဲဒီအချိန်မှာပဲ လက်ခါတို့မြို့မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုတွေ ဖြစ်ပွားနေပါတယ်။ သတ်သေသွားသူတွေကလည်း သူတို့ကိုယ်တိုင် သတ်မသေခင်မှာ လူတချို့ကို သတ်ပြီးမှ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားကြတဲ့ ဖြစ်ရပ်မျိုးတွေ ဖြစ်ပွားနေတဲ့အချိန်ပေါ့။ လူလည်းသတ် ဆူဆိုက်လည်းလုပ်တဲ့အတွက် ဆူဆိုက်ကေလာတွေလို့တောင်ခေါ်ကြရတယ်။ ဒီနောက်ကွယ်ကနေ ကြိုးကိုင်နေသူက ဘယ်သူဖြစ်မလဲ ……… လက်ခါလေးရဲ့ အိပ်မက်ချစ်သူနဲ့ရော ဘယ်လိုဇာတ်လမ်းလေးတွေ ဖြစ်လာမှာလဲ …….. လက်ခါရဲ့ အိပ်မက်ထဲကချစ်သူက ကိုယ့်ကိုယ်ကိုယ်သတ်သေမှုတွေနဲ့ရော ဆက်စပ်နေမှာလား ……. စတာတွေကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာအပြည့်နဲ့ ရိုဆန်ဆန်လေး ကြည့်ရှူရမယ့် ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

9.4 2023
Spark: L.I.F.E.
Opponent
6.6

2011တုန်းက ထွက်တဲ့ A Seperation ဆိုတဲ့ အီရန် ရုပ်ရှင်ကားကိုကြည့်ဖူးရင် ဒီရုပ်ရှင်မင်းသား Payman Maadi ကို သိကြမှာပါ။ ဒီကားထဲမှာ သူက အီရန်ဒုက္ခသည် နပန်းသမားဟောင်း Iman အဖြစ်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်လမ်းက ဒုက္ခသည်တွေရဲ့ ဘဝကို နောက်ခံထားရိုက်ထားပေမယ့် Imanရဲ့ ပဋိပက္ခတစ်ခုကိုလည်း ထည့်သွင်းရိုက်ကူးထားပါတယ်။ အီရန်ရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်း ရုပ်ရှင်ကြည့်နေရတယ်လို့ မခံစားရဘဲ လက်တွေ့ဘဝကိုကြည့်နေရသလို နစ်ဝင်စီးမြောသွားစေမယ့်ကားပါ။ ဇာတ်လမ်းအနေနဲ့ Iman ရယ် သူ့မိန်းမနဲ့ သမီးလေးနှစ်ယောက်က အီရန်နိုင်ငံကနေ ဆွီဒင်နိုင်ငံကို ဒုက္ခသည်အနေနဲ့ ထွက်ပြေးခဲ့ပါ တယ်။ ဆွီဒင်မှာ နိုင်ငံရေးခိုလှုံခွင့်ရဖို့အတွက် တစ်ခုပြီး တစ်ခု ကြိုးစားပါတယ်။ နောက်ဆုံးမှာ ဆွီဒင်နိုင်ငံအတွက် နပန်းပြိုင်ပွဲဝင်ပေးရင် နေထိုင်ခွင့်ရမယ်အထင်နဲ့ နပန်းကိုပြန်လေ့ကျင့်ခဲ့ပါတယ်။ သူမေ့ချင်ခဲ့တဲ့ အတိတ်ကဖြစ်ရပ်နဲ့ သူကိုယ်တိုင် သူ့ကိုယ်သူဝန်မခံချင်ဘဲ ထွက်ပြေးနေတဲ့ အရာက ဘာများလဲ။ သူတို့မိသားစုရော ဘာဆက်ဖြစ်မှာလဲ သိရဖို့ ရုပ်ရှင်ကိုပဲ ဆက်ကြည့်ရှုလိုက်ပါ။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:59:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leonie

Horror • Fantasy
6.6 2023
Opponent
Cleveland Abduction

ဒီဇာတ်ကားကိုတော့ 2002 ခုနှစ်ကနေ 2004 ခုနှစ်အတွင်း ကလိဗ်လန်းမှာ ဖြစ်သွားခဲ့တဲ့ မိန်းကလေးသုံးယောက်ပျောက်ဆုံးမှုအကြောင်းကို အခြေတည်ပြီး ရိုက်ကူးထားတာပါ။ ဆင်ဂယ်မားသားတစ်ယောက်ဖြစ်သူ မီရှဲ နိုက်ခ်ဟာ ကလေးအုပ်ထိန်းပိုင်ခွင့်အတွက် တရားရုံးကိုသွားတဲ့လမ်းမှာ သူငယ်ချင်းအမ်မလီရဲ့အဖေဖြစ်သူ အေရီရယ် ကက်စထရိုက လမ်းကြုံလိုက်ပို့ပေးမယ်ဆိုပြီး ကလိဗ်လန်းနေအိမ်ဆီကို ပြန်ပေးဆွဲခေါ်သွားတာခံလိုက်ရပါတယ်။ နေအိမ်မြေအောက်အမှောင်ခန်းထဲမှာ သံကြိုးနဲ့ချည်ထားခံရပြီး ရိုက်ခံရလိုက် လိင်ပိုင်းဆိုင်ရာ စော်ကားခံရလိုက်နဲ့နေရင်း နှစ်နှစ်အတွင်းမှာ ကိုယ်ဝန်ရှိလာလို့ ပျက်ကျအောင်လည်းအရိုက်ခံခဲ့ရပါသေးတယ်။ ကက်စထရိုဟာ နှစ်နှစ်အတွင်း နောက်ထပ် မိန်းကလေးနှစ်ယောက်ကိုလည်း ပြန်ပေးဆွဲလာခဲ့ပြီး မိသားစုတစ်ခုလိုဖြစ်အောင် ဖန်တီးခဲ့ပါတယ်။ ဒီလိုဆိုးရွားလှတဲ့ ငရဲခန်းကိုဖြတ်ကျော်ရင်း နှစ်ပေါင်း ၁၁ နှစ်အကြာမှ ကောင်မလေးသုံးယောက်လုံးပြန်လွတ်လာခဲ့ပုံကို ခံစားကြည့်ရှုလိုက်ကြပါဦး။ ရုပ်ရှင်ထဲမှာ အေရီရယ် ကက်စထရိုအဖြစ် သရုပ်ဆောင်တဲ့ Raymond Cruz ရဲ့ဇာတ်ရုပ်ဟာ အပြင်က အေရီရယ် ကက်စထရိုနဲ့ တူလွန်းတာကြောင့် တကယ်ပြန်ပေးဆွဲခံခဲ့ရတဲ့ မီရှဲ နိုက်ခ်ဆိုရင် Raymond Cruz နဲ့တွေ့ဖို့တောင် တွန့်ဆုတ်ခဲ့ပါသေးတယ်လို့ဆိုပါတယ်။ အမြင်မသင့်တော်တဲ့ပြကွက်တွေနဲ့ ကြမ်းတမ်းတဲ့အသုံးအနှုံးတွေပါဝင်တာမလို့ (၁၈) နှစ်အောက် လူငယ်တွေ ကြည့်ရှုဖို့ မသင့်တော်ပါဘူးဗျ။ File size…(1.4 GB)/(660 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre…Drama, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMTT

0 2015
Cleveland Abduction
Camp Pleasant Lake

ဒီဇာတ်ကားလေးကတော့ ၂၀၂၄ မှ ပူပူနွေးနွေးထွက်ရှိထားတဲ့ ထိတ်လန့်ဖွယ်ရာ ရင်ထိတ်သည်းဖို ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ လွန်ခဲ့တဲ့နှစ် ၂၀ တုန်းက မဲဒိုးဆိုတဲ့ မိသားစုတစ်စုဟာ ကန်သာယာလို့ခေါ်တဲ့ မီးပုံစခန်းကိုအလာမှာ တစ်မိသားစုလုံး ရက်ရက်စက်စက် အသတ်ခံလိုက်ရပါတယ်။ ဒါကြောင့် ဒီမိသားစုရဲ့ သမီးဖြစ်သူ အဲကိုမဲဒိုးဟာ ဟောလိုးဝင်းညတိုင်း သူ့မိသားစုဝင်တွေကို ပြန်လိုက်ရှာတတ်ပြီးတော့ သူ့လမ်းမှာဝင်ရှုပ်တဲ့သူမှန်သမျှကို သတ်ပစ်လေ့ရှိတယ်ဆိုတဲ့ ရာဇဝင်ရှိပါတယ်။ ဒီရာဇဝင်ကို အသုံးချပြီးတော့ ရက်သာဖော့ဒ်လင်မယားမှာ ဒီမီးပုံစခန်းကို ပြန်ဖွင့်ပြီးတော့ လူတွေဆီက ငွေအများကြီးကောက်ခံကာ ကြောက်စရာအတွေ့အကြုံတွေကို ခံစားရမယ်ဆိုပြီး ဖိတ်ခေါ်ပါတော့တယ်၊ ဒီလိုနဲ့ သူတို့ရောက်လာပြီး လူတစ်ယောက်ပြီးတစ်ယောက်သေဆုံးလာတဲ့အခါမှာတော့ ဒီရာဇဝင်က တကယ်ဖြစ်နေမလား ဒါမှမဟုတ် တစ်ယောက်ယောက်က ဒီရာဇဝင်ကို အသုံးချပြီး သတ်ဖြတ်နေတာလား သူတို့တွေ လွတ်မြောက်နိုင်ပါ့မလားဆိုတာကို ရင်ထိတ်စွာ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre… Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Matteo

0 2024
Camp Pleasant Lake
Trafficked
5.8

Trafficked (2017) Genre – Drama, Thriller တကယ့်ဖြစ်ရပ်အပေါ် မှီငြမ်းစိတ်ကူးကွန့်မြူးထားတဲ့ လူကုန်ကူးပညာပေး ဇာတ်ကားလေး ဖြစ်ပါတယ်။ အမေရိကန် ကယ်လီဖိုနီးယားက ဆယ်ရာဆိုတဲ့ကောင်မလေးက မိဘမဲ့ဂေဟာကနေ ၁၆ နှစ်ပြည့်လို့ ထွက်လာတဲ့အခါ ကမ်းခြေမှာ စားပွဲထိုးလုပ်ရမယ်ဆိုပြီး လိမ်ခေါ်သွားရာကနေ လူကုန်ကူးခံလိုက်ရပါတယ်။ အိန္ဒိယက အမ်ဘာဆိုတဲ့ကောင်မလေးကျ ကောင်လေးတစ်ယောက်ကို မချစ်နိုင်လို့ ငြင်းလိုက်တာကို ဟိုကောင်က မကျေနပ်ပဲ အက်ဆစ်နဲ့ပက်ပြီး ဆောင်ကြာမြိုင်ကို ရောင်းစားရာကနေ လူကုန်ကူးခံရပါတယ်။ နိုင်ဂျီးရီးယားက မာလီဆိုတာကျ ယောက်ျားဖြစ်သူက ဆောက်လုပ်ရေးဝင်လုပ်ရင်း ခြေထောက်ထိသွားတော့ မိန်းမကိုယ်တိုင် အလုပ်ထွက်လုပ်မယ်ဆိုပြီး လူကုန်ကူးခံရတယ်။ ဒီလိုနဲ့ ဒီ ၃ ယောက်သားဟာ အမေရိကန် တက်ဆက်မှာရှိတဲ့ ဆောင်ကြာမြိုင်တစ်ခုမှာ အတူတူ သွားတွေ့ကြပြီး အခက်အခဲ ဒုက္ခတွေကြားက ဘယ်လိုတွေ ထွက်ပြေးလွတ်မြောက်ကြမလဲဆိုတာကို ကြည့်ရမှာ ဖြစ်ပါတယ်။ File size… 3 GB / 1 GB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 48m Genre ….. Drama/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Thura Aung

5.8 2017
Trafficked
Cora Bora
5.7

Cora Bora (2024) IMDb Rating (5.7) / Rotten Tomatoes (79%) LA မှာ ရုန်းကန်နေရတဲ့ musician တစ်​ယောက်ဖြစ်သူ Cora က ဂစ်တာတစ်လုံး သွားလေရာသယ်ပြီး ပေါ့ပေါ့နေပေါ့ပေါ့စား အရိပ်အကဲမခတ်တတ်တဲ့ ငစွာမလေးပါ။ တစ်နေ့တော့ Open relationship ဖြစ်တဲ့ မွေးရပ်မြေ Portland က သူ့ရဲ့ girlfriend Justine ကို surprise တိုက်ဖို့ Cora တစ်​ယောက် Portland ကို အ​ကြောင်းမကြားထားဘဲ ပြန်လာခဲ့တယ်။ ဒါပေမဲ့ သူ့ကောင်မလေး Justine မှာ တခြားကောင်မလေးရှိ​နေပြီး သူတို့အိမ်ပေါ် တက်နေနေတာကို သိလိုက်ရတဲ့အခါမှာ Cora တစ်​ယောက် ရှုပ်ထွေးပြီးသားဆက်ဆံရေးကို ဘယ်လိုတွေဆက်ပြီး ​မွှေနှောက်ပစ်မလဲဆိုတာ ဒီဟာသဇာတ်လမ်းမှာ အခွီတစ်လိုင်းကြည့်ရမှာပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(2.5 GB) / (910 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama Duration….01:33:28 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thwal Htoo Zin

Animation • Drama • Science Fiction
5.7 2024 92 mins
Cora Bora
Love in the Great Smoky Mountains: A National Park Romance
5.5

Love in the Great Smoky Mountains: A National Park Romance (2024) IMDb Rating (5.5) ပေါ့ပေါ့ပါးပါး အချစ်ဇာတ်လမ်း ကြိုက်သူတွေ အတွက် ဒီဇာတ်ကားလေးက ကြည့်ပျော်ပါတယ်။ သရုပ်ဆောင်တွေက The Uninvited နဲ့ The Grudge 2 က မင်းသမီး Arielle Kebbel ရယ် Rings နဲ့ The Vampire Diaries က မင်းသား Zach Roerig ရယ်ပါ။ ဇာတ်လမ်းကတော့ ငယ်ချစ်ဦးနှစ်ယောက် ရှေးဟောင်းသုတေသန တူးဖော်ရေး တူးကွက်တစ်ခုမှာ မထင်မှတ်ပဲ ပြန်ဆုံကြပါတယ်။ အစပိုင်းမှာ မတည့်ကြပေမယ့် တဖြေးဖြေးချင်း အနေနီးလာတဲ့အခါ ပြောင်းလဲလာကြမှာလား ဆိုတာကို ကြည့်ရမှာပါ။ ထူးခြားချက်ကတော့ Native American ဖြစ်တဲ့ ချီရို့ကီး မျိုးနွယ်စုရဲ့ ယဥ်ကျေးမှုတွေ ဒဏ္ဏာရီတွေကို အတော်အသားပေး ရိုက်ပြထားတာပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Boomer ဖြစ်ပါတယ်။) File size… (1.8 GB) / (880 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Romance Duration….01:22:43 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Boomer

Fantasy • Comedy • Drama
5.5 2024 82 mins
Love in the Great Smoky Mountains: A National Park Romance
Like Friends
6.5

Like Friends (2025) IMDb Rating (6.5) အာချီလီလို့ခေါ်တဲ့ စတော့ကစားသမားတစ်ယောက်ဟာ ကမ္ဘာ့စတော့ကစားသမားထဲမှာ ထိပ်တန်း ၁၀ ဝင်သူဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့အားနည်းချက်တစ်ခုက လူမှုဆက်ဆံရေးမကောင်းတာပါ။ သူ့နားကို တော်ရုံမိန်းမတွေကပ်တာမခံသလို သူနဲ့ဇာတ်လမ်းဖြစ်ခဲ့ဖူးတဲ့မိန်းမတွေဆိုရင်လည်း သူနဲ့ကြာကြာမခံပါဘူး။ ဒါပေမဲ့ တစ်နေ့မှာပဲ ထူးဆန်းစွာနဲ့ သူ့ဆီကိုအီးမေးလ်တစ်စောင်ရောက်လာပါတယ်။ အီးမေးလ်ထဲမှာ သူ့ကို လူသားတုပဉာဏ်နဲ့ပြုလုပ်ထားတဲ့ အဖော်မွန်စက်ရုပ်တစ်ရုပ်ကို လက်ဆောင်ရထားကြောင်းပြောလာပါတယ်။ ဒါကိုတွေ့ပြီး စိတ်ဝင်စားသွားတဲ့ အာချီလီဟာ အတည်ပြုလိုငြားဆိုပြီးတော့ အီးမေးလ်ပို့လာတဲ့ကုမ္ပဏီကိုပြန်ဆက်သွယ်ပြီး ရက်ချိန်းယူခဲ့ပါတယ်။ တကယ်လည်း စက်ရုပ်ကြီးတစ်ရုပ်သူ့အိမ်ရောက်လာတဲ့အချိန် အာချီလီတစ်ယောက် အံ့အားသင့်သွားရပါတယ်။ ဒီလိုနဲ့ အာချီလီနဲ့ သူ့အတွက်အဖော်မွန်ဖြစ်မယ်လို့ ကြော်ငြာခံထားရတဲ့ စက်ရုပ်မတို့ ဘယ်လိုနှစ်ပါးသွားကြမလဲဆိုတာကို ဒီဇာတ်လမ်းထဲမှာ ဟာသသဆန်ဆန်မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size… (2.1 GB) / (840 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy Duration….01:24:22 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mark

Horror • Action • Thriller
6.5 2025 83 mins
Like Friends
BA:BO – Miracle of Giving Fool
7.3

BA:BO – Miracle of Giving Fool (2008) ************************************ IMDb… 7.3 CM ပရိတ်သတ်ကြီးအတွက် ဒီတစ်ခေါက်တင် ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ မမလှလှ Ha Ji-wonတို့နဲ့အတူ မင်းသား Cha Tae-hyun နဲ့ မင်းသား Park Hee-soonတို့ ငယ်ရွယ်စဉ်က ပါဝင်သရုပ်ဆောင်ထားတဲ့ တစ်ခေတ်တစ်ခါက နာမည်ကျော်ရုပ်ရှင် Ba Boဆိုတဲ့ ကားလေးပဲ ဖြစ်ပါတယ်။ ဒီကားလေးဟာ webtoonကို အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပြီး အဆိုပါ webtoonကို ရေးသားသူကတော့ အားလုံးသိကြတဲ့ နာမည်ကျော် ဇာတ်လမ်းတွဲ Moving, Light Shop အစရှိတဲ့ ဇာတ်လမ်းတွဲတွေရဲ့ ဖန်တီးသူ Kang Full ပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း နယ်မြို့လေး တစ်မြို့မှာ နေထိုင်တဲ့ ဆွန်းယုံး (Cha Tae-hyun) ဟာ ငယ်ရွယ်စဉ် ကလေးဘဝတုန်းက မတော်တဆမှုတစ်ခုကြောင့် အဖေဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့အပြင် သူကိုယ်တိုင်လည်း ဦးနှောက်ပိုင်းဆိုင်ရာ ထိခိုက်ချို့ယွင်းမှုအချို့ ဖြစ်ခဲ့ရတဲ့အတွက် သူဟာ လက်ရှိမှာ အသက်၂၇ နှစ်အရွယ်ဖြစ်ပေမဲ့လည်း ၆နှစ်အရွယ် ကလေးတစ်ယောက်ရဲ့ ဉာဏ်ရည်ကိုသာ ပိုင်ဆိုင်ထားရသူတစ်ဦးပါ။ ဒါ့အပြင် အမေဖြစ်သူကလည်း ထိုမတော်တဆမှုဖြစ်ပြီး နှစ်အနည်းငယ်အကြာမှာ ဆုံးပါးသွားခဲ့ရရှာပြီး သူ့မှာ မိသားစုဆိုလို့ ညီမ ဖြစ်သူ ဂျီအင်တစ်ယောက်သာ ကျန်ရှိပါတော့တယ်။ သို့ပေမဲ့လည်း ဆွန်းယုံးဟာ ဘဝကို ဘယ်တော့မှ အရှုံးမပေးခဲ့ဘဲ ညီမဖြစ်သူ တက်ရောက်နေတဲ့ ကျောင်းရှေ့လမ်းဘေးတစ်နေရာမှာ ပေါင်မုန့်မီးကင်ဆိုင်လေး ဖွင့်ပြီး ဘဝကို ကြိုးကြိုးစားစား နေထိုင်ဖြတ်သန်းနေသူတစ်ဦးပါ။ ဒီလိုနဲ့ တစ်နေ့မှာတော့ ဆွန်းယုံးဟာ နိုင်ငံရပ်ခြားကနေ ဇာတိမြို့လေးကို ရုတ်တရက် ပြန်ရောက်လာတဲ့ ငယ်သူငယ်ချင်းဖြစ်သူ စန္ဒရားပညာရှင် ဆော့ဂျီဟို (Ha Ji-won) နဲ့ ပြန်လည်ဆုံစည်းခဲ့ပါတယ်။ ဆွန်းယုံးဟာ ငယ်စဉ်ကလေးဘဝကတည်းက ဂျီဟို့ကို တိတ်တခိုးချစ်ခဲ့ရပြီး နေ့စဥ်နဲ့အမျှ ဂျီဟို ပြန်အလာကို စောင့်မျှော်နေခဲ့ရသူလေး ဖြစ်တာကြောင့် ငယ်ချစ်ဦးနဲ့ ပြန်လည် ဆုံစည်းလိုက်ရတဲ့အချိန် ဆွန်းယုံးတစ်ယောက် အပျော်ကြီး ပျော်နေခဲ့တာပေါ့။ ဒီလိုကနေ သူငယ်ချင်းနှစ်ဦးဟာ ပိုမို ရင်းနှီးသွားခဲ့ကြပြီး တစ်ယောက်ကို တစ်ယောက် ဖေးမကူညီရင်းကနေ ဘဝရဲ့စိန်ခေါ်မှုတွေကို ဘယ်လို ရင်ဆိုင်သွားကြမလဲဆိုတာတော့ ဇာတ်ကားလေးထဲမှာ ဆက်လက်ရှုစားပေးပါဦးနော်… (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Phyo ပဲ ဖြစ်ပါတယ်။) File Size : 1.78GB/ 910MB Quality : WEB-DL 1080p/ 720p Format…mp4 Duration…01:43:49 Genre : Comedy, Romance, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Phyo Encoded by Tiff

Adventure • Drama • Family
7.3 2008 99 mins
BA:BO – Miracle of Giving Fool