YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

The Second Husband (2021) (Ep128).mp4

247.8 MB N/A video/mp4 1164 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Knights of Badassdom
5.6

မှော်ဇာတ်လမ်းကောင်းတွေကြိုက်တတ်လား။ ပေါ့ပေါ့ပါးပါးနဲ့ရယ်မောရတဲ့ဇာတ်ကားမျိုးကြိုက်တတ်လား။ အချစ်‌တွေ၊အမုန်းတွေနဲ့၀မ်းနည်း၀မ်းသာဖြစ်ချင်ပါသလား။ အားလုံးချစ်တဲ့ မင်းသားကြီး Peter Dinklage ပါ၀င်တဲ့ Knights of Badassdom လာပါပြီ။ ဂျိုး၊ အဲရစ် နဲ့ ဟန်း တို့ဟာ အတူတူနေထိုင်ကြတဲ့ အချစ်ဆုံး သူငယ်ချင်းတွေဖြစ်ကြပါတယ်။ အဲရစ်နဲ့ဟန်းဟာ ဂန္ဓ၀င် စာအုပ်တွေ၊ ဂိမ်းတွေ၊ ကစားစရာတွေကို အင်မတန်မှသဘော ကျကြပြီး ဂျိုးကတော့ ရည်းစားနဲ့ဂီတ သူ့ဘ၀ပါ။ အချစ်နဲ့ တည်ဆောက်ထားတဲ့ ဂျိုးရဲ့ဘ၀လေး... တစ်ရက်မှာ ချစ်သူက လမ်းခွဲသွားတဲ့အခါ အရိုးများထိအောင်ရူးပါတော့တယ်။ ဒီတော့ မကြည့်ရက်နိုင်လွန်းတဲ့ သူငယ်ချင်းတွေက စိတ်ပြေ လက်ပျောက် ဆေးတစ်ပေါက်တိုက်လိုက်ပြီး ဂျိုးခံစားရတာ တွေသက်သာအောင် ကူညီပါတော့တယ်။ သူငယ်ချင်းဆိုတဲ့ အတိုင်း သွေးရိုးသားရိုးတော့မဟုတ်ပါဘူး။ ဂျိုးပြန်နိုးလာတဲ့ အချိန်မှာ အဲရစ်နဲ့ဟန်းတို့ ပိတ်ရက်တိုင်းလာကစားနေကျ စစ်မြေပြင်ဂိမ်းတစ်ခုထဲကို ရောက်နေခဲ့ပါပြီ။ ဂျိုးလည်း ချော်လဲရောထိုင်ရင်း ကစားပွဲထဲပါပြီးတဲ့နောက်မှာတော့ အဆန်းထွင်လွန်းတဲ့ အဲရစ်ဟာ ဘယ်ကမှန်းမသိတဲ့မှော်စာအုပ် ကြီးထုတ်ပြီး ရွတ်ပါတော့တယ်။ သူဖတ်လိုက်တဲ့စာအုပ်ဟာ ‌ကစားစရာသက်သက်မဟုတ်ဘဲ နတ်ဆိုးတွေကိုဆင့်ခေါ်တဲ့ စာအုပ်ဖြစ်နေတာကို မသိခဲ့ပါဘူး။ ဒီလိုနဲ့ သူတို့ဟာ နတ်ဆိုး ကိုဆင့်ခေါ်မိခဲ့ကြပြီး အားလပ်ရက်မှာလာပျော်ကြတဲ့ လူတစ်စု တကယ့်နတ်ဆိုးနဲ့ရင်ဆိုင်အတွေ့မှာ ဘယ်လိုတွေများ စွန့်စားနှိမ်နှင်းသွားကြမလဲဆိုတာကို ကြည့်ရှုခံစားကြည့်လိုက်ပါဦး။ File size…1.73GB  / 751MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 26m Genre ..... Action , Adventure , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka

Drama • Sci-Fi & Fantasy
5.6 2013 86 mins
Knights of Badassdom
[18+] Madrid, 1987
6.5

IMDb Rating (6.2)/ Rotten Tomatoes (89%) ဝတ်လစ်စလစ်ခန်းများပါဝင်သဖြင့် အသက်မပြည့်သေးသူများကြည့်ရှုရန်မသင့်ပါ ၁၉၈၇... စပိန်နိုင်ငံမှာ နိုင်ငံရေးတင်းမာမှုတွေပြင်းထန်နေခဲ့တဲ့နှစ်။ အာဏာရှင်လက်အောက်က လွတ်မြောက်ခါစ အချိန် ဆိုရှယ်လစ်ပါတီရအာဏာရနေတုန်း အလုပ်သမားသမဂ္ဂနဲ့ အာဏာလွန်‌ဆွဲ‌ပွဲတွေဖြစ်နေကြတဲ့အချိန် ဒီရုပ်ရှင်နာမည်ထဲက ၁၉၈၇ ဆိုတဲ့‌ခုနှစ်ဟာ အဲဒီလိုခေတ်မှာ နေထိုင်ရတဲ့လူတွေရဲ့ဘဝကိုပါ အရိပ်အယောင်ပြထားတယ်။ အဲဒီလို အာဏာရှင်ခေတ်မှာ ကြီးပြင်းခဲ့ရတဲ့ စာရေးဆရာကြီး မီဂူရယ်လ်နဲ့ ‌ခေတ်သစ်မှာမှမွေးဖွားတဲ့ အိန်ဂျလာ ဆုံခဲ့ကြတယ်။ အိန်ဂျလာက သူ့ကျောင်းမှာရေးဖို့စာတမ်းအတွက် မီဂူရယ်လ်လို ဝါရင့်စာရေးဆရာကြီးကို အင်တာဗျူးချင်ခဲ့တာ။ အဲဒီလိုနဲ့ သူတို့ဟာ စာရေးဆရာကြီးရဲ့ မိတ်ဆွေအိမ်ဆီလာခဲ့ကြတာပေါ့။ "‌ငါဟာ တောင်ပံတွေပြိုနေတဲ့ငှက်အို... မင်းတောင်ပံ‌တစ်စုံနဲ့ ငါပြန်နုပျိုပါ‌ရစေ" မီဂူရယ်လ်ဟာ တကယ့်မုန်းစရာလူ၊ စတွေ့ကတည်းက အတူအိပ်ဖို့ပဲတဂျီဂျီတောင်းဆိုနေခဲ့တယ်။ အကြောင်းပြချက်ကဘာလဲ။ ငါပြန်နုပျိုကြည့်ချင်လို့ပါတဲ့။ ဒီလိုနဲ့ ကံကြမ္မာဆန်းပြားပုံက သူတို့နှစ်ယောက် ရေချိုးခန်းတံခါးပိတ်ရင်း တံခါးညှပ်ပြီး ပိတ်မိသွားတော့တယ်။ အဲဒီအချိန်မှပဲ အင်တာဗျူးစရတာပေါ့။ ရေချိုးခန်းထဲကတစ်နေ့တာအချိန်မှာ နိုင်ငံရေးတွေ ငယ်ဘဝတွေ ရုပ်ရှင်အကြောင်း စာပေအကြောင်းတွေဆွေးနွေးရင်း သူတို့ကြားက Generation Gap ကို တဖြည်းဖြည်းမြင်လာရတယ်။ အစမှာမြင်ခဲ့ရတဲ့ ဘုကန့်လန့်လူအိုကြီးဟာ တစ်ခါတစ်လေကျ သိပ်သနားစရာကောင်းသွားပြီး တစ်ခါတစ်လေကျလည်း သိပ်ချစ်စရာကောင်းနေပြန်တယ်။ ဇာတ်လမ်းပြီးခါနီးမှာ အိန်ဂျလာကိုခေါ်ထိုင်ရင်း ရုပ်ရှင်ကြည့်မယ်ဆိုပြီး စိတ်ကူးယဉ်ပိတ်ကားပေါ် ဇာတ်လမ်းတစ်ခုလုံးကိုပုံဖော်ပြောပြနေပုံက သိပ်နူးညံ့ရိုးသားလွန်းတယ်။ ‌ပြောရင်းတန်းလန်း တံခါးဖွင့်ပေးမယ့်လူရောက်လာတော့ သူပြောလက်စဇာတ်လမ်းလေး ဘယ်လိုဇာတ်သိမ်းသွားလဲ အိန်ဂျလာကိုယ်တိုင်ကော ကြည့်နေတဲ့လူတွေပါ မသိရတော့ဘူး။ သူကတော့ အိန်ဂျလာကိုပြောပါတယ် "ငါတို့နောက်တစ်ခါတွေ့မှ ဆက်ကြည့်ကြမယ်လေ" တဲ့။ နောက်တစ်ခါဆိုတာရှိမရှိ သူတို့နှစ်ယောက်လုံးသိနေခဲ့ကြပါတယ်။ ဒီရုပ်ရှင်ဟာ အစပိုင်းမှာတော့အေးအေးလေးသွားပေမယ့် နောက်ပိုင်းမှာ ဇာတ်ထဲမျောသွားတဲ့ ရုပ်ရှင်မျိုးပါ။ ဒိုင်ယာလော့ခ်ကောင်းကောင်းလေးတွေအများကြီးပါတဲ့အပြင် အနုပညာနဲ့ပတ်သက်ပြီး စိတ်ဝင်စားတဲ့လူတွေအတွက် ငြိမ့်ငြိမ့်လေးကြည့်ကောင်းမယ့် ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Min Thant Bo မှ တင်ဆက်ထားပါတယ်။) File size…(1.8 GB)/(580 MB) Quality….WEB-DL 1080p /720p Format…mp4 Duration….01:45:20 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Min Thant Bo

Action • Thriller
6.5 2011 104 mins
[18+] Madrid, 1987
Overdose
6.6

တိုလု့စ် ရဲတပ်ဖွဲ့ရဲ့ မူးယစ်ဆေးဝါး မှုခင်း အဖွဲ့ခေါင်းဆောင် ဆယ်ရာဟာ ပြင်သစ်နဲ့ စပိန် ၂ နိုင်ငံကြားမှာ ကူးသန်းရောင်းဝယ်နေတဲ့ မှောင်ခို မူးယစ်ရာဇာတွေကို အကွက်ဆင်ပြီး တစ်ပြုံတည်း ဖမ်းဖို့ ပြင်ဆင်နေတဲ့အချိန် ... တစ်ဖက်မှာလည်း ပြင်သစ်က ဆေးရုံတစ်ရုံမှာ ကလေးငယ် ၂ ယောက် အသတ်ခံလိုက်ရပြီး ရစ်ချက်ဆိုတဲ့ အမှုစစ်က လိုက်လံ စုံစမ်းနေချိန် ... လူသတ်မှုဟာ မူးယစ်ရာဇာတွေနဲ့ ဆက်နွယ်နေကြောင်း သံသယရှိခဲ့ပြီး ဆယ်ရာနဲ့ ရစ်ချက်တို့ ၂ ယောက် ပူးပေါင်းပြီး ဒုစရိုက်သမားတွေကို ဖမ်းဆီးဖို့ ကြိုးစားတဲ့ အခါမှာတော့ ... ဘာတွေဆက်ဖြစ်မလဲဆိုတာ ကိုယ်တိုင်ပဲ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်နော်။ ဇာတ်ကားတစ်လျှောက်လုံး ရဲတွေက အကွက်ပြလိုက် ဒုစရိုက်သမားတွေက အကွက်ပြလိုက်နဲ့ မပျင်းမရိ စိတ်ဝင်စားဖွယ် ကြည့်ရှူရမှာပဲ ဖြစ်ပါတယ်။ Action, Crime, Thriller အမျိုးအစားကို နှစ်သက်တဲ့ ရုပ်ရှင်ချစ်သူတို့အတွက် အသင့်တော်ဆုံး ဇာတ်ကား အသစ်လေးပဲဖြစ်ပါတယ်။ Plot twist လည်း ပါသေးတာမလို့ ဒီဇာတ်ကားကောင်းလေးကို ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Kit ပါ။) File Size          : 2.3GB, 891MB, 454MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 1hr & 59mins Genre              : Action, Crime, Thriller Translated by Kit Encoded by Kinnov

Action • Thriller
6.6 2022 119 mins
Overdose
[18+] Raped by an Angel 3: Sexual Fantasy of the Chief Executive
Mission Kashmir
6.3

ပထမဦးဆုံးအနေနဲ့ ပြောချင်တာက လောကမှာ ဘယ်လူမျိုး ဘယ်ဘာသာရယ်က အကြမ်းဖက်ဘာသာ အစွန်းရောက်လူမျိုးရယ်လို့မရှိပါဘူး..လူက နှစ်မျိုးပဲရှိပါတယ်..အဲ့ဒါကတော့ လူကောင်းနဲ့လူဆိုးပါ.. ဒီဇာတ်ကားလေးမှာ ဘာသာရေးအစွန်းရောက်အယူဝါဒတချို့ပါနေလို့ ဇာတ်ကားကြည့်ရင်း ဗဟုသုတယူရမယ့်အစား အစွန်းရောက်ဝါဒများ စိတ်ထဲမကိန်းအောင်စေဖို့ တိုက်တွန်းလိုက်ပါတယ်... အစွန်းရောက်ဝါဒီတွေရဲ့ ထုံးစံအတိုင်း ရင်ထဲမှာ အမုန်းတရားတွေစွဲကျန်နေတဲ့ တက်သစ်စလူငယ်လေးတွေကို သိမ်းသွင်း...ကိုယ်ကျိုးအတွက်ပဲ ကြည့်ပြီး ဘာသာရေးအမည်ခံ အမုန်းတရားတွေဖြန့်...လုပ်ဇာတ်တွေဖန်တီးပြီး ဆော်သြနေကြတဲ့ လူတွေလက်ထဲရောက်သွားခဲ့ရတဲ့ လူငယ်လေးတွေအကြောင်းကိုလည်း ဒီဇာတ်ကားမှာ မြင်တွေ့ရမှာဖြစ်ပါတယ်... အဓိကဦးတည်ချင်တာကတော့ မပြီးဆုံးနိုင်တဲ့ အိန္ဒိယ-ပါကစ္စတန်အမွှေဇာတ်ထုပ်ပေါ့... ဒီကားမှာ ဘောလီးဝုဒ်မင်းသားချောလေး ရီသစ်ရိုရှန်းနဲ့ မင်းသားကြီး ဆန်ဂျေးဒသ်တို့ပါဝင်သရုပ်ဆောင်ထားတယ်... မစ်ရှင်ကက်ရှမီးဆိုတဲ့ ကားနာမည်အတိုင်းပဲ ဟင်ဒူ-မွတ်စလင် အမြဲအဓိကရုဏ်းဖြစ်နေတတ်တဲ့ ကက်ရှမီးဒေသကို ဖျက်ဆီးပြီး အမုန်းတရားတွေဖြန့်ကျက်ဖို့ စစ်သွေးကြွအုပ်စုက လျှို့ဝှက်ကြံစည်နေကြတယ် ဒါကိုမှ ရဲအရာရှိက စုံစမ်းဖေါ်ထုတ်မယ့်ဇာတ်လမ်း.... ဒါပေမဲ့ အဲ့ဒီစစ်သွေးကြွအုပ်စုထဲကို မတော်တဆရောက်သွားခဲ့ရတာက ရဲအရာရှိရဲ့မွေးစားသား... နောက်ခံအမုန်းတရားဇာတ်အိမ်နဲ့ သူတို့နှစ်ယောက်ကို ထိပ်တိုက်ပေးတွေ့တဲ့အခါ.... ဆက်ဖြစ်လာမယ့်ဇာတ်အရှိန်ကိုတော့ တစိမ့်စိမ့်ကြည့်ရှုပေးကြပါလို့ ညွှန်းဆိုလိုက်ပါတယ်။ File size…(4.2 GB)/(1.4 GB) Quality….WEB-DL 1080p/720p Format…mp4 Duration….02:31:oo Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Taylor

Action • Crime • Drama
6.3 2000 151 mins
Mission Kashmir
Whiplash
8.4

IMDb - 8.5/10_____Rotten- 94% Won 3 Oscars. Another 91 wins & 144 nominations. ကြားဖူးတာလေးတစ်ခုရှိတယ်…တရုပ်ကြီးတစ်ယောက်နဲ့မြန်မာအမျိုးသမီးတစ်ယောက်နဲ့အိမ်ထောင်ကျသတဲ့… .အိမ်ထောင်ရေးကအဆင်ပြေတယ်ဆိုပေမယ့် တရုတ်ကြီးက သူ့မိန်းမကိုမကျေနပ်တဲ့အချိန်ရှိတယ်….အဲ့ဒါက ဂရိတ်ဦးဖိုးစိန်ကြောင့်ပဲ. ..ဦးဖိုးစိန်ကြီးလာကတဲ့အချိန်ဆို သူ့မိန်းမက ဘာအလုပ်ပဲရှိရှိ ဖျက်ပြီး သွားကြည့်တာကိုး..တရုပ်ကြီးက တစ်ခါလည်းမဟုတ် နှစ်ခါလည်းမဟုတ်ဆိုတော့ အတော်တင်းသတဲ့…တစ်နေ့တော့ သူ့မိန်းမ ဘာလို့အဲ့လောက်ကြည့်ချင်ရတာလဲဆိုတာသိချင်တာနဲ့ ဦးဖိုးစိန်ကပြတဲ့ပွဲကိုလိုက်ကြည့်သတဲ့.. .ဦးဖိုးစိန်ကြီးက မင်းသမီးတွေနဲ့ကတာကိုး….ဆိုင်းဝိုင်းကလည်းမြိုင်ဆိုင်…ဦးဖိုးစိန်ကြီးကလည်း မင်းသမီးတွေကြားမှာ လှပစွာကနေသတဲ့.. တရုတ်ကြီးအနေနဲ့မြန်မာ့ဆိုင်းဝိုင်းရယ် မင်းသားမင်းသမီးအကရယ်ကိုသိပ်နားမလည်ဘူး…ဒါပေမယ့် ကြည့်နေရင်း လူကမြူးလာတော့ မနေနိုင်မထိုင်နိုင်ထပြောသတဲ့…အမလေး ဦးဖိုးစိန်ကြီးနဲ့ကတဲ့မင်းသမီးသာဖြစ်လိုက်ချင်သတဲ့…အနုပညာဆိုတာဒါပဲနေမယ်…. ကျွန်တော်ဘာလို့ဒါတွေပြောနေလဲဆိုတော့ jazz  drummer ကောင်လေးတစ်ယောက်ကိုရိုက်ပြထားလို့ပါ..ခင်ဗျားတို့တော့မသိဘူး..ကျွန်တော်က jazz အမျိုးအစားနဲ့စိမ်းလွန်းလှတယ်…ဒါပေမယ့်ဒီကားထဲမှာတော့ Miles Teller ရဲ့ အမူအရာတွေ ဒရမ်တီးတဲ့ပုံတွေကြောင့်ရယ်လား J.K. Simmons ရဲ့အားပါပြင်းထန်လွန်းတဲ့ ဟန်ပန်တွေကြောင့်လား တီးဝိုင်းတစ်ခုလုံးရဲ့အသံတွေကြောင့်လားမသိ jazz ဂီတအမျိုးအစားထဲကိုစီးမျောသွားတယ်.. ဒီကားက ကျော်ကြားတဲ့ drummer သမားဖြစ်အောင်ကြိုးစားနေတဲ့ကောင်လေးတစ်ယောက်အကြောင်းကိုရိုက်ပြထားတာပါ ..ကြားဖူးသလောက် တူရိယာတွေတီးခတ်တဲ့သူတွေကို ရုပ်ရှင်ရိုက်တဲ့နေရာမှာ  piano သမား ဂစ်တာသမားတွေကပြသနာသိပ်မရှိဘူးတဲ့… ဘာလို့ဆိုတီးကွက်တွေပြတဲ့နေရာမှာ view ကိုအစားထိုးဖို့လွယ်ကူပါသတဲ့….ဒရမ်သမားကြတော့အဲ့ဒီလို view ပြဖို့မလွယ်ကူပါသတဲ့….ဒီဇာတ်ကားရဲ့အဓိကသရုပ်ဆောင်  Miles Teller ကတော့ ကိုယ်တိုင်ပဲတီးတာ…သူဟာ ၁၅နှစ်သားအရွယ်ထဲက ဒရမ်တီးတယ်ဆိုပဲ. ..ပြီးတော့ ဒီကားအတွက်ကြိုတင်ပြင်ဆင်မှုအဖြစ် တစ်နေ့ကို ၄နာရီလေ့ကျင့်ပါသတဲ့…..Rating တွေမြင့်တာကလည်း ဒါ့ကြောင့်နေမယ်….ကျန်တာကတော့ spoiler ဖြစ်သွားမှာစိုးလို့မပြောတော့ပါဘူး….. File Size…(903 MB) Quality…BluRay 720p Format…mp4 Duration…01:46:00 Subtitle…Myanmar Subtitle(Hardsub) Encoder…..Phyo Pyae Translated by  Lyric Lynn Khant

Action • Adventure • Science Fiction
8.4 2014 107 mins
Whiplash
Whatever Works
7.1

ဒီဇာတ်လမ်းလေးကတော့ လူ့အသိုင်းအဝိုင်းကို မုန်းတီးရှောင်ကြဥ်တဲ့ လူလတ်ပိုင်းအရွယ် လူ့ဂွစာ ဉာဏ်ကြီးရှင်ကြီးနဲ့ လူ့လောကအကြောင်း ဘာဆိုဘာမှမသိတဲ့ နှစ်ဆယ်ကျော်သက်အရွယ် ကောင်မလေးတို့ကြားက ဇာတ်လမ်းလေးတစ်ပုဒ်ကို ဟာသဆန်ဆန်ကြည့်ရှုရမှာပါ…။ ဒီလူ့ဂွစာကြီး ဘိုးရစ်ဆိုသူဟာ သာမန်မဟုတ်ဘူးဗျ၊ ရူပဗေဒပညာရပ်ထူးချွန်လို့ နိုဘယ်ဆုတောင် လျာထားခံရဖူးသူ၊ ကွမ်တမ်ဗေဒလည်း တတ်ကျွမ်းနားလည်သူ၊ လူတွေအကြောင်းသိတတ်နားလည်သူဖြစ်ပါတယ်…။ အဲ့လောက်သိတတ်နေမှတော့ သာမန်လူတွေကိုဆိုရင် အပြစ်ပဲမြင်ပြီး အမုန်းကြီးမုန်းပြီပေါ့…။ သူ့အတွက်ကတော့ လောကကြီးကို မုန်းတီးတယ်၊ အချစ်ဆိုတာလည်းမရှိသူ… ဘယ်သူဘာတွေပဲဆိုဆို အလုပ်ဖြစ်ရင်ပြီးရောဆိုပြီး “Whatever Works”ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားသူပါ…။ တစ်နေ့ကျတော့ သူ့ဘဝထဲကို မယ်လိုဒီဆိုတဲ့ အလှမယ်လေးရောက်ချလာပါတယ်…။ ဒီကောင်မလေးဟာ လူတွေအကြောင်းလည်းနားမလည်၊ ဘာမှမသိမတတ်နဲ့၊ အလှမယ်ပြိုင်ပွဲတွေပဲဝင်ပြိုင်ခိုင်းလွန်းလို့ အိမ်ကထွက်ပြေးလာသူပါ…။ ဘိုးရစ်ဆီလည်းရောက်တော့ အရာရာသိတတ်နားလည်သူဆိုပြီး အကြွေကြီး ကြွေပြီး ချစ်မိတယ်ထင်ပါရဲ့…။ ဒီလိုနဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်ရေး၊အိမ်ထောင်ရေးဇာတ်လမ်းလေးက ဘာဆက်ဖြစ်ကြမလဲဆိုတာကို ရယ်စရာဟာသလေးတွေနဲ့ကြည့်ရှုရမှာပါ….။ စူပါမန်းမင်းသား Henry Cavillရဲ့ ငယ်မူ သရုပ်ဆောင်ဟန်လေးကို ခဏတာ မြင်တွေ့နိုင်မယ့်ကားလေးလည်းဖြစ်ပါတယ်…။ File size…4.18GB / 1.03GB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 33m Genre ….. Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

7.1 2009 92 mins
Whatever Works
The Believer
7.1

The Believer (2001) ~ IMDb – 7.1/10, Rotten Tomatoes – 82% ~ ဒီရုပ်ရှင်က ဒါရိုက်တာ Henry Bean ရဲ့ မာစတာပိစ်လို့ ပြောလို့ရတယ်။ သူ့ရဲ့ရုပ်ရှင်တွေက အတွေးအခေါ်ပိုင်းဆိုင်ရာကို နက်နက်နဲနဲသေချာရိုက်ပြတတ်တယ်။ ဒါကတော့ ထောင်စုနှစ်နဲ့ချီအမြစ်တွယ်လာခဲ့တဲ့ ဂျူးမုန်းတီးရေးအကြောင်းပေါ့။ Ryan Gosling ကလည်း ဒီလိုရုပ်ရှင်တွေနဲ့မှ ကံပါတယ်ထင်ပါရဲ့။ သူ့ရဲ့ ခပ်အေးအေးမျက်နှာပေါက်က အဖြေထုတ်ရခက်တဲ့ အတွေးတွေကို ပိတ်ကားချထားမှန်း မြင်သာရတယ်။ အဓိကဇာတ်ကောင် ဒန်နီယယ်ဘေးလင့် (Ryan Gosling) က နာဇီတစ်ယောက်။ ပိုထူးခြားတာက သူကိုယ်တိုင်က ဂျူးဖြစ်နေပါရက် ဂျူးတွေကို သိပ်မုန်းတီးနေခဲ့တာပဲ။ ဂျူးနာဇီတစ်ယောက်ပေါ့လေ။ ဘာသာရေးကို မေးခွန်းထုတ်ရာကစလို့ သူ့ရဲ့ အစွန်းရောက်အတွေးအခေါ်တွေရဲ့ ခေါ်ဆောင်မှုနောက်လိုက်ရင်း နီယိုနာဇီလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တယ်။ ဂျူးတွေနဲ့ပတ်သက်လို့ သူပြောတဲ့စကားတွေက သိပ်ကို အစွန်းရောက်လွန်းတယ်။ အဲဒါတွေကြောင့် သူ့ကို ဂျူးဖြစ်မယ်လို့ ဘယ်သူမှ မထင်ခဲ့ကြဘူး။ ဒါပေမဲ့ အမှန်တရားဆိုတာ ဘယ်လိုဖုံးကွယ်လို့ရမလဲ။ လူတိုင်းဟာ ကိုယ့်လုပ်ရပ်ရဲ့ အကျိုးဆက်တွေကိုခံစားရတာပဲမလား။ အစကနေ အဆုံးထိ စိတ်ဝင်စားစရာသိပ်ကောင်းပါတယ်။ ဒီရုပ်ရှင်က ကြည့်ရှုတဲ့သူတွေကို ရှုပ်ထွေးတဲ့ယုံကြည်သက်ဝင်ခြင်းတွေအပေါ် ပြန်မေးခွန်းထုတ်စေတယ်။ ဒန်နီရဲ့ ဘဝကို ခြေရာကောက်ရင်း သူ့စိတ်တွင်းပဟေဠိတွေအပေါ် ဘယ်လိုအဖြေထုတ်ကြမလဲ ရွေးချယ်ခွင့်တွေပေးထားတယ်။ အစွန်းရောက်လွန်းနေတဲ့ ဒန်နီရဲ့ အတွေးအခေါ်တွေကို ကြည့်ရှုသူတွေနဲ့ ထိတွေ့ခွင့်ပေးပြီး ဒီလို ဆိုးယုတ်တဲ့လမ်းစဉ်အပေါ် ဘာကြောင့်လျှောက်လှမ်းစေသလဲဆိုတဲ့အဖြေကို ကြည့်ရင်းရှာဖို့ သဲလွန်စလေးတွေ ချန်ပေးခဲ့တယ်။ ရုပ်ရှင်ဇာတ်ကြောကောင်းလွန်းတဲ့အပြင် ရိုက်ကူးထားတဲ့ပုံစံကလည်း နက်နဲပြီး ကဗျာဆန်တယ်။ ဒန်နီရဲ့ စိတ်ကူးတွေကို အဖြူအမည်းနဲ့ အရောင်ခြယ်လိုက်ခြင်းက သူ့ရင်ထဲ စိုက်တဲ့ဓားသွားတွေ ဘယ်လောက်ထက်သလဲဆိုတာကို သွယ်ဝိုက်ဖော်ပြနေခဲ့သလိုပဲ။ အဲဒီလိုနောက်ကြောင်းပြန်တဲ့ပုံစံတွေက ဒန်နီရဲ့ စရိုက်ကို ပါ ထင်းနေအောင် ဖော်ပြတယ်။ ကျွန်တော်တို့ကိုယ်တိုင်ပါ ဒန်နီဖြစ်မှန်းမသိ ဖြစ်နေခဲ့ပြီလားလို့ ထင်ရစေတယ်။ ဒီရုပ်ရှင်ကို အဓိကထူးခြားစေတာက ရုပ်ရှင်ထွက်ပြီး ပေါ်လာတဲ့ဝေဖန်သံတွေပဲ။ လူတွေက ကောင်းကျိုးထက် ဆိုးကျိုးတွေပိုဖြစ်စေမယ်လို့ ဝိုင်းဝေဖန်ကြတယ်။ ဒါကတော့ ကြည့်ရှုသူနဲ့ပဲဆိုင်ပါလိမ့်မယ်။ လူမျိုးရေး၊ အစွန်းရောက်မှုနဲ့ပတ်သက်လို့ ရုပ်ရှင်အသိုင်းအဝိုင်းကဆွေးနွေးကြတိုင်း ဒီရုပ်ရှင်အကြောင်းက မပါမဖြစ်ပါခဲ့၊ ပါနေဆဲပဲ။ ဒီရုပ်ရှင်ဟာ လူတွေရဲ့ သက်ဝင်ယုံကြည်မှုတွေအပေါ် မေးခွန်းထုတ်ထားပြီး လူသားတွေရဲ့ စိတ်တွင်းအခြေအနေကိုပါ ထင်ဟပ်ထားတယ်။ စိတ်တွင်း ပဋိပက္ခတွေကနေ အစွန်းရောက်ခြင်းလမ်းမပေါ် ချော်ထွက်သွားဖို့ ဘယ်လောက်လွယ်ကူသလဲ။ ရုပ်ရှင်ပြီးတဲ့အချိန်အထိ မေ့မရမယ့် အတွေးတွေ ချန်ပေးခဲ့မယ့် ရုပ်ရှင်တစ်ခုပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 970MB Quality – 1080p, 720p IMDb Rating – 7.1/10 Format – mp4 Duration – 1H 38Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Drama • Romance
7.1 2001 98 mins
The Believer
The Naughty Nine

ခရစ်စမတ်ရာသီလေးမှာ ဆန်တာရဲ့ ရွာကို သွားဖောက်ကြမဲ့ လူဆိုးလေး ၉ ယောက် ❄️ 2023 မှာမှ အသစ်စက်စက်လေး ထွက်ထားတဲ့ ဒီဇာတ်ကားကတော့ Adventure, comedy အမျိုးအစားလေပဲ ဖြစ်ပါတယ်။ ဆန်တာဆီမှာ “လူဆိုးစာရင်း” ဆိုတာရှိတယ်။ လူဆိုးစာရင်းဝင်တဲ့ကလေးတွေက ခရစ်စမတ်နေ့မှာ လက်ဆောင်မရဘူးတဲ့။ ကမ္ဘာကြီးမှာ လက်ဆောင်မရတဲ့ကလေးတွေလဲ အများကြီးပါပဲ။ ဒါပေမဲ့ အန်ဒီစတီးဆိုတဲ့ ‌လူဆိုးစာရင်းဝင်ကောင်လေးကတော့ လက်ဆောင်မရတဲ့ကိစ္စကို မခဲမကျေပါဘူး။ အဲဒါနဲ့ သူက သူအပါအဝင် လက်ဆောင်မရတဲ့ နောက်ထပ် “လူဆိုးစာရင်းဝင်” ကလေး ၈ ယောက်ကို စည်းရုံးပြီး ဆန်တာရွာကို ဖောက်ဖို့ စီစဉ်တော့တယ်။ ဆန်တာရွာဆိုတာက မြောက်ဝင်ရိုးစွန်းမှာ တည်ရှိတာဖြစ်ပြီး ကလေးတွေအနေနဲ့ သွားဖို့ လုံးဝမဖြစ်နိုင်တဲ့ နေရာတစ်ခု။ ဒါပေမဲ့ စိတ်သာထည့်လိုက်ရင် မဖြစ်နိုင်တဲ့အရာမရှိတဲ့ ‌အန်ဒိီစတီးဆိုတဲ့ကောင်လေးက ဘယ်လိုမျိုးတွေ အကြံ‌ထုတ်ပြီး ဆန်တာရွာကို အရောက်သွားကြမလဲ❓ ဆန်တာရွာကို ရောက်သွားကြတော့လဲ ဘယ်လိုပြန်ထွက်လာမလဲ❓ ခရစ်စမမတ်ရာသီလေးမှာ လူဆိုးလေး‌ ၉ ယောက်ရဲ့ သူခိုးခရီးစဉ်လေးကို ကြည့်ရင်း ဘဝအမော ဖြေနိုင်ပါပြီ File size…(1.6 GB)/(933 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:23:00 Genre…Family, Adventure, Comedy, TV Movie Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Moshi Moshi

0 2023
The Naughty Nine
Bourek
6.2

Bourek (2015) Comedy Drama IMDB Rating: 6.2/10 အကောင်းနဲ့ အဆိုး ဒွန်တွဲနေတဲ့ လောကကြီးမှာ သင်က အကောင်းမြင်တတ်သူလား အဆိုးတွေပဲမြင်တတ်သူလား ဒါမှမဟုတ် ကိလေသာတဏှာကိုပဲ တပ်မက်နေတဲ့သူလား အခွင့်အရေးရတိုင်း အမြတ်ထုတ်ချင်နေတဲ့ ဓနရှင်လား။ ကိုယ်က ဘယ်အမျိုးအစားထဲမှာပဲ ပါပါ ဒီကားလေးကို ကြည့်ပြီးရင် ကိုယ်လိုချင်တာကို ရအောင် တစိုက်မတ်မတ် သွားချင်တဲ့ စိတ်ဖြစ်လာမှာပါ။ ဒီဇာတ်ကားလေဟာ (၂၀၁၂)ခုနှစ်မှာထွက်ပေါ်ခဲ့တဲ့ ကမ္ဘာပျက်ဟောကိန်းကို ယုံကြည်သူ တစ်ယောက်နဲ့ စတင်ပါတယ်။ ကမ္ဘာပျက်ရင် ရှောင်ဖို့ စည်းစိမ်တွေကို စွန့်လွှတ်ပြီး လွတ်မြောက်ရာလို့ ညွှန်းပေးလိုက်တဲ့ ဂရိနိုင်ငံက ကျွန်းလေးကို လာခဲ့ပါတယ်။ ဒီအချိန်မှာပဲ ကမ္ဘာကြီးတစ်ခုလုံး စီးပွားရေးကျဆင်းနေတာကြောင့် ဂရိအစိုးရက နိုင်ငံပိုင် ကျွန်းလေးတွေကို ပုဂ္ဂလိကလက်ထဲ ရောင်းချနေရတဲ့ အချိန်ပါ။ ဂရိနိုင်ငံက ခရိုးနို့စ်ကျွန်းလေးမှာ အဖွားရဲ့လက်ငုပ်လက်ရင်းဆိုင်လေးကို ဆက်ပြီးအသက်ဆက်အောင် ကြိုးစားနေတဲ့ အီလီနီဆိုတဲ့ ကောင်မလေးရှိနေပါတယ်။ သူမရဲ့ ဘဝကို အရှုံးမပေးပဲ ရင်ဆိုင်မယ့် တိုက်ပွဲမှာ အဖက်ဖက်က ပါဝင်လာကြမယ့်သူတွေရယ်။ ကမ္ဘာပျက်ရင် လွတ်မြောက်နယ်မြေဖြစ်မယ်လို့ ယုံကြည်ပြီးရောက်လာတဲ့ သူဌေးရယ်။ တဏှာကလွဲပြီး ကျန်တာ စိတ်မဝင်စားတဲ့ ညီအစ်ကို ဝမ်းကွဲနှစ်ယောက်ရယ်နဲ့ ဟာသဇာတ်မြူးတစ်ခုကို ကြည့်ရမှာဖြစ်ပါတယ်။ ဂရိမှာရှိတဲ့ ကျွန်းလေးပေါ်မှာ ရိုက်ထားတဲ့ ဒီကားလေးဟာ အီဂျစ်ရုပ်ရှင်ပြပွဲနဲ့ အေသင်ရုပ်ရှင်ပြပွဲတွေမှာ ပြသဖို့ အရွေးချယ်ခံခဲ့ရပါတယ်။ File size… 1.3 GB / 637 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 30m Genre ….. Comedy/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Hein Tayza Translated by Boomer

Crime • Horror
6.2 2015 90 mins
Bourek
Lost in Perfection
6

အလုပ်လုပ်ရာမှာအရမ်းစေ့စပ်သေချာပြီးနာမည်ကြီးသတင်းထောက်ဖြစ်တဲ့ ဟွမ်လိမေဟာ လူတိုင်းကလေးစားအားကျ အတုယူနေတဲ့သတင်းထောက်တစ်ယောက်ပါ မကြာခင်မှာသွားအထူးကုဆရာဝန်နဲ့လက်ထပ်တော့မယ့်သူပေါ့ ဒီလိုနဲ့တစ်နေ့ရာထူးတိုးအိမ်ပြန်လာတဲ့အချိန် အိမ်မှာ အဖေဖြစ်သူကတစ်တိုက်တည်းနေတဲ့ အမျိုးသမီးတစ်ယောက်နဲ့ လက်ထပ်ချင်ကြောင်းပြောလာခဲ့တယ်။ ဟွမ်လိမေကတော့ မိထွေးဖြစ်သူကို အစတည်းကမကြည်ခဲ့ပါဘူး တစ်နေ့မှာတော့လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့လို့ သတင်းထောက်ပီပီ သတင်းစုံစမ်းရာကနေ သေဆုံးသူက သူ့မိထွေးဖြစ်လာမယ့်သူ ဟယ်ရိူ့လန်နဲ့ ပတ်သက်နေတာသိလိုက်ရတယ်။ ဟယ်ရိူ့လန်ဆိုသူကတော့ငယ်ရွယ်စဉ်မှာ ဆင်းရဲတဲ့မိသားစုကနေမွေးပြီး အနှိပ်ခန်းမှာအနှိပ်နှိပ်ပေးရင်း ခန္ဓာကိုယ်ရောင်းစားလေ့ရှိတဲ့အမျိုးသမီးပေါ့။ သူနဲ့ပတ်သက်တဲ့ လူမှန်သမျှမီးဖိုကထွက်တဲ့မီးသွေးငွေ့နဲ့ အသက်ရူကျပ် အဆုံးစီရင်ပြီးကိုယ့်ကိုယ် သတ်သေသွားကြတယ်။ ဒါကိုဟွမ်လိမေ အပါအဝင်မီဒီယာအကုန်လုံး တစ်နိုင်ငံလုံးက ဟယ်ရိူ့လန့်တစ်ယောက် ယောကျ်ားတွေကိုချူစားပြီးသတ်ပစ်တဲ့အသားစားဘီးလူးမလို့ နာမည်တွင်ကြတာပေါ့။ဟွမ်လိမေကလည်း အဖေဖြစ်သူအသတ်ခံရမှာစိုးလို့ရဲစခန်းနဲ့ပေါင်းပြီး ဟယ်ရိူ့လန်ကိုထောင်ချရန် အမှုဖော်ထုတ်ကူညီပေးခဲ့တယ်။ ဒီလိုနဲ့ဟွမ်လိမေ တစ်ယောက်ထောင်ကျသွားတဲ့အချိန်မှာပဲ ဟွမ်လိမေတစ်ယောက် သူ့အဖေအေးချမ်းနေလို့ရပြီ ထင်ထားခဲ့ပေမဲ့ သူ့အဖေကောအဖွားပါ သေဆုံးသွားရာကနေ သူ့အဖေသေဆုံးရတဲ့အကြောင်း သတင်းပေးပို့လာတဲ့အခါမှာဟွမ်လိမေတစ်ယောက် ဘယ်လိုတွေဆက်လုပ်ကြမလဲ။ သူ့အဖေကကော ဘာကြောင့်များ သေဆုံးရတာလဲ ဟယ်ရိူ့လန်ကကောဘာကြောင့် သူနဲ့ပတ်သက်ခဲ့ဖူးတဲ့လူတွေအကုန်လုံးသေဆုံးတဲ့အချိန် တူညီတဲ့နည်းလမ်းအတိုင်းသုံးထားရတာလဲ။တရားခံကကော စတဲ့မေးခွန်းထုတ်စရာတွေကို ဒီဇာတ်လမ်းလေးထဲမှာစောင့်မျှော်ကြည့်ရူလိုက်ရအောင်

Science Fiction • Action • Adventure • Animation • Crime • Drama • Fantasy • Thriller
6 2023
Lost in Perfection
Desperado
7.1

ဘယ်လူမိုက်ကိုမှ အထာမထားဘဲ သမတတ်တဲ့ ဂီတာအိတ်ကြီးလွယ်ထားတဲ့သားသတ်သမား လူထွားကောင်ကြီး ဇာတ်လမ်းတွေကို ကြည့်ဖူးကြမှာပါ။ ဟုတ်ပါတယ်….အဲ့ဒီရုပ်ရှင်တွေကတော့… Mexico Trilogy ဆိုပြီး နာမည်ကျော်ကြားတဲ့ ဒါရိုက်တာ Robert Rodriguez ရဲ့ El Mariachi (1992), Desperado (1995), Once Upon a Time in Mexico (2003) ရုပ်ရှင် ၃ ကားပဲဖြစ်ပါတယ်။ ပထမဆုံးရုပ်ရှင် El Mariachi (1992)ဇာတ်ကားဆိုရင် ဘတ်ဂျတ် ဒေါ်လာ ၇၀၀၀ လောက်သာစရင်းပြီး ဒေါ်လာ ၂သန်းလောက်ထိပြန်လည်ရရှိခဲ့တာကြောင့် အားလုံးရဲ့ချီးကျူးမှုကိုရရှိခဲ့ပါတယ်။ ဒါရိုက်တာကြီး Quentin Tarantino က ဒီရုပ်ရှင်ကို ကြွေလွန်းလို့ ဒုတိယရုပ်ရှင် Desperado (1995) မှာ ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ခဲ့ပြီး Trilogy ဖြစ်အောင် Once Upon a Time in Mexico (2003) ကိုပါဆက်ရိုက်ဖို့ မြှောက်ပေးခဲ့ပါတယ်။ ၃ ကားလုံးကို CM App နဲ့ Website https://www.channelmyanmar.to/?s=Mexico+Trilogy မှာ ကြည့်လို့ရပါတယ်။ ++++++++++++++++ Desperado (1995) IMDb Rating (7.1) / Rotten Tomatoes (70%) ဒီရုပ်ရှင်က တစ်ကားလုံး ချတာမှမြင်ချင်တဲ့လူတွေအတွက် ရုပ်ရှင်ပါ။ ၈၀% လောက်က ဝုန်းဒိုင်းကြဲနေတာကို တွေ့လိမ့်မယ်။ ဂန်းတွေပစ်မယ်။ သွေးတွေအလိမ်းလိမ်းနဲ့ ကြမ်းပေ့ဆိုတဲ့ အက်ရှင်ကားမျိုးပေါ့။ ဒီရုပ်ရှင်က ရုပ်ရှင်လောကထဲ အန်တိုနီယို ဘန်းဒရက်စ် ခပ်ကြမ်းကြမ်း ဝင်လာတဲ့ရုပ်ရှင်တစ်ခုဆိုရင်လည်းဟုတ်တယ်။ ဒီရုပ်ရှင်ရှေ့မှာ ဒါရိုက်တာ ရောဘတ်ရိုဒရီဂူးဇ်က El Mariachi ဆိုတဲ့ ရုပ်ရှင်တစ်ခုရိုက်ခဲ့ဖူးတယ်။ ဘတ်ဂျက်ကို ဒေါ်လာ ၇၀၀၀ ပဲ သုံးပြီး သန်းနဲ့ချီ ပြန်အမြတ်ထွက်တဲ့အတွက် တော်တော် ချီးကျူးခံခဲ့ရတဲ့ရုပ်ရှင်ပေါ့။ ဒီကားက El Mariachi ကို အမေရိကန်အထာ ဘတ်ဂျက် ၇ သန်းသုံးပြီး ပြန်ရိုက်ထားတဲ့ကားပါ။ ဒီရုပ်ရှင်ကလည်း ၁၀ဆ နီးပါး ပြန်အမြတ်ထွက်ခဲ့တယ်။ ဇာတ်လမ်းက သူ့မိန်းမကို သတ်ခဲ့တဲ့လူကို ပြန်လက်စားချေတဲ့ Miriachi မက္ကဆီကန် ဂီတသမားအပေါ် တည်ထားတယ်။ သူ့မိန်းမကို သတ်သွားတဲ့ မူးယစ်ရာဇာတွေကို လက်စားချေဖို့ ဘဝတစ်ခုလုံးကို ရင်းထားတဲ့လူပေါ့။ ဂီတာသေတ္တာကြီးတစ်လုံးကို ဆွဲပြီး သူလက်စားချေချင်တဲ့ မူးယစ်ရာဇာကို တစ်မြို့ဝင် တစ်မြို့ထွက် လိုက်ရှာတယ်။ သူ့ရဲ့ ဂီတာသေတ္တာထဲက သေနတ်ကြီးကို ထုတ်ပြီး လူဆိုးတွေကို ဘယ်လိုသတ်ကြောင်း ဇာတ်လမ်းက ဂိုဏ်းတွေကြားမှာပါ ဒဏ္ဍာရီတစ်ပုဒ်အနေနဲ့ ပျံ့နေတယ်။ တစ်နေ့‌တော့ မက္ကဆီကို မြို့ငယ်လေးကို သူရောက်လာတယ်။ အဲဒီမြို့မှာ သူလက်စားချေချင်တဲ့ မူးယစ်ရာဇာလည်း ရောက်နေတယ်။ အဲဒီမှာ စာအုပ်ဆိုင်ကကောင်မလေး (Salma Hayek) နဲ့ တွေ့ပြီး ချစ်သွားကြတယ်။ ဒါပေမဲ့ ဒီရုပ်ရှင်က အက်ရှင်ကိုအသားပေးတဲ့အတွက် ချစ်ခန်း ကြိုက်ခန်းတွေ သိပ်တော့မပါဘူး။ ‌ဇာတ်လမ်းထဲမှာ သူ့ရဲ့ ဆုံးဖြတ်ချက်တွေကို သံသယဝင်ရက်စရာတွေ ပါတယ်။ လက်စားချေဖို့အတွက် သူ့ဘဝတစ်ခုလုံးကိုရင်းထားတာ တန်ရဲ့လားပေါ့။ ဇာတ်လမ်းကတော့ အပစ်အခတ်တွေနဲ့ လက်စားချေတဲ့ ဇာတ်ကြောင်းတစ်ခုပဲ။ Plot Twist ကတော့ ဇာတ်လမ်းပြီးခါနီးမှလာတယ်။ ဒီရုပ်ရှင်မှာ အန်တိုနီယိုဘန်းဒရက်စ်ရဲ့နာမည်ကို မပြောသွားဘူး။ Manito (ကောင်လေး) နဲ့ Miriachi (ဂီတသမား) လို့ပဲသုံးသွားတယ်။ အဲဒီလို နာမည်မပြောသွားတာက တမင်လုပ်ထားတဲ့သဘောပဲ။ သူ့ရဲ့ Mysterious ဆန်ဆန် အငွေ့အသက်ကို တတ်နိုင်သမျှ ထိန်းချင်တဲ့ ဒါရိုက်တာရဲ့ စိတ်ကူးပဲဖြစ်လိမ့်မယ်။ Cast တွေကလည်း တော်တော်ကောင်းတယ်။ ထိပ်တန်းသရုပ်ဆောင်တွေကို သူတို့ရဲ့ အရှိန်အတက်ဆုံးအချိန်မှာ သုံးလိုက်တာပဲ။ Antonio Banderas က ဒီရုပ်ရှင်မထွက်ခင်ကတည်းက စပိန်မှာ နာမည်တော်တော်ရနေပြီ။ Desperado မှာ သူ့ရဲ့ performance ကြောင့် ဟောလိဝုဒ်အက်ရှင်လောကမှာ ခြေဆန့်ဖို့ အရှိန်တော်တော်ရသွားတယ်။ Salma Hayek ကတော့ ဘာပြောကောင်းမလဲ ဟော့လိုက်တာမှ အရမ်းပဲ။ Quentin Tarantino လဲ Cameo ပါထားပါတယ်။ ဒီရုပ်ရှင်က အကောင်းရော၊ အဆိုးရော ဝေဖန်ခံခဲ့ရတဲ့ရုပ်ရှင်ပါ။ Cinematography ပိုင်းနဲ့ သရုပ်ဆောင်ပိုင်းမှာ ချီးကျူးခံရသလို ဇာတ်လမ်းသွက်တဲ့အပေါ်လည်း ဝေဖန်ခံခဲ့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ခုနောက်ပိုင်း ဖောဖောသီသီထွက်နေတဲ့ မရယ်ရတဲ့ဟာသတွေနဲ့ အက်ရှင်ကားတွေထက်စာရင်တော့ ဇာတ်လမ်းပိုင်း၊ စတန့်ပိုင်း နဲ့ Cinematography ပိုင်းမှာ သာတဲ့ ရုပ်ရှင်တစ်ခုပါပဲ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Min Thant Bo မှ တင်ဆက်ထားပါတယ်။)

7.1 1995
Desperado
Madanolsavam
6.9

Madanolsavam (2023) “အသုံးချခံ” အခုတစ်ခါမှာတော့ မလေယာလမ် ကျေးလက်ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် မာဒါနန်ဟာ အဒေါ်နဲ့အတူတူနေထိုင်ပြီး ကြက်တွေမွေး၊ အလှဆင်ကာ ရောင်းချတဲ့အလုပ်ကို လုပ်ကိုင်ပါတယ် ပူစရာဆိုလို့ အိမ်ထောင်ပြုဖို့ မသေချာရုံကလွဲလို့ ဘဝရည်မှန်းချက် ရေရေရာရာမရှိဘဲ အနှောင့်အယှက်ကင်းကင်းနဲ့ အေးအေးချမ်းချမ်းနေရုံပါပဲ တစ်နေ့မှာတော့ ဦးလေးဆိုသူက သူ့ကို ပါတီတစ်ခုက ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်ခိုင်းမယ်လို့ ပြောတာကြောင့် ဘုမသိဘမသိ လိုက်သွားပြီး ပြိုင်ဘက်ပါတီ နှစ်ခုကြားက ပြဿနာအရှုပ်အရှင်းများထဲ ဘယ်လိုရောက်သွားမလဲ ဆိုတာ ပရိသတ်တို့ကပဲ ဆက်လက်ကြည့်ရှုပေးပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

Action • Crime • Drama
6.9 2023 127 mins
Madanolsavam
Black Diamond
6.2

နှစ်ယောက်တည်းခရီးသွားလေ့ရှိတဲ့ စုံတွဲတွေအတွက် ပညာပေးကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ခေတ်ကြီးကောင်းကောင်း မကောင်းကောင်း မသမာသူတွေ ဆိုတာကနေရာတိုင်းမှာရှိနေတတ်တဲ့အတွက် ကိုယ်နဲ့မရင်းနှီးတဲ့ နေရာဒေသတွေသွားရင် ပိုလို့တောင်သတိကြီးကြီးထားသင့်ကြောင်းကို ရှုပ်ထွေးလွန်းတဲ့ဒရာမာ သည်းထိပ်ရင်ဖိုဇာတ်လမ်းလေးနဲ့ ထိမိအောင်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးရဲ့နာမည်ကတော့ Black Diamond ဖြစ်‌ပြီး လက်ရှိ IMDb Rating 6.2 အထိ ရရှိထားပါတယ်။ ဇာတ်လမ်းလေးရဲ့အစမှာတော့ အယ်လီနာဆိုတဲ့အမျိုးသမီး တစ်ယောက်က သူ့ချစ်သူကောင်လေးနဲ့အတူတူ အပန်းဖြေခရီးထွက်ဖို့ နှင်းတွေဖုံးလွှမ်းနေတဲ့ တောင်တွေပေါ်က အကောင်းစားသစ်လုံး အိမ်တစ်လုံးဆီထွက်လာပါတော့တယ်။ အယ်လီနာ အဲ့ဒီကိုရောက်အောင်ဂျက်ဆီဆိုတဲ့ကားသမားက လိုက်ပို့ ပေးခဲ့ပြီး ဂျက်ဆီက ပစ္စည်းတွေပါပြုပြင်တတ်တဲ့အတွက် အိမ်မှာ လိုအပ်နေတာတွေကိုပြင်ဆင်ဖို့ ဂျက်ဆီ့ကိုလိုရင်လိုသလိုခေါ်ခဲ့ ပါတော့တယ်။ဇာတ်လမ်းရဲ့လှည့်ကွက်ကအခုမှစတင်တာပဲဖြစ်ပါတယ်။ အယ်လီနာက သူ့ဘဲကို ပိုက်ဆံရှိလို့တွဲနေတာသာဖြစ်ပြီး ဂျက်ဆီ ကလည်း စွယ်စုံရနေတဲ့ဘဲကြီးဆိုတော့ အဲ့ဒီမှာတင်ငြိသွားခဲ့ကြ ပါတော့တယ်။ဒီလိုနဲ့ဂျက်ဆီနဲ့အယ်လီနာတို့ တိုးတိုးတိတ်တိတ် ကြိတ်ပုန်းခုတ်လာရင်းကနေ အခြေအနေတွေကပိုပိုဆိုးလာတဲ့ အခါမှာတော့ အယ်လီနာ့ဘဲလည်းရိပ်မိကုန်ပြီး ဘာတွေကွိုင်ကာ ဘာတွေဘယ်လိုဆက်ဖြစ်ကြမယ်ဆိုတာကို ဒရာမာပေါင်းစုံနဲ့ ရှုစားရမဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ File size… (1.08 GB) / (642 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 29m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Crime • Drama • Thriller
6.2 2025 89 mins
Black Diamond
Murder at the Country Club Country Club Scandal

Murder at the Country Club (2024) IMDb Rating (4.7) Country Club ဆိုတာ အများအားဖြင့် မြို့စွန်တွေမှာရှိပြီး ဂေါက်၊ တင်းနစ်၊ ရေကူး စတဲ့ အားကစားတွေကို အသင်းဝင်ကြေးနဲ့ ဝင်ခွင့်ပေးတဲ့ အားကစား အပန်းဖြေစခန်းတွေ ဖြစ်ပါတယ်။ တချို့ ကြီးကြီးကျယ်ကျယ်ကလပ်တွေဆိုရင် အသင်းဝင်ခွင့်အတွက် ငွေတင်မဟုတ်ဘဲ သတ်မှတ်ချက်တွေရှိပါသေးတယ်။ တည်းခိုဆောင်၊ စားသောက်ခန်းမ စတာတွေလည်းရှိပြီး တွေ့ဆုံပွဲ၊ မင်္ဂလာပွဲ စတဲ့ ပွဲတွေကိုလည်းကျင်းပလို့ ကောင်းတဲ့ နေရာဖြစ်ပါတယ်။ သာယာလှပတဲ့ ရှုခင်းနဲ့ စိတ်ကြည်နူးစရာနေရာလေးပါ။ “ဝါဝါမြင်တိုင်း ရွှေမထင်နဲ့”ဆိုသလို ဒီလို သာယာလှပပြီး ကိန်းကြီးခန်းကြီးနိုင်လှတဲ့ နေရာမှာ လူသတ်မှု၊ လိင်မှုဆိုင်ရာဖောက်ပြန်မှု၊ ငွေကြေးမသမာမှုတွေ ပြည့်နှက်နေနိုင်တယ် ဆိုတာ မယုံနိုင်လောက်စရာပါ။ ဒီဇာတ်လမ်းမှာတော့ Pinecrest Country Club မှာ လက်ထောက်မန်နေဂျာ အဖြစ် အလုပ်စဝင်တဲ့ ကတ်စီ ဟာ ကလပ်ရဲ့ ငွေကြေးစီမံပုံကို ဘဝင်မကျနိုင်ဖြစ်နေသလို၊ ကလပ်ရဲ့ ဂေါက် ကယ်ဒီတစ်ဦးဖြစ်သူ မိုင်လိုဟာလည်း သူ့အဆက် ယခင် လက်ထောက်မန်နေဂျာ လီဆာ ရုတ်တရက် ပျောက်ဆုံးသွားမှုအပေါ် မကျေမချမ်းဖြစ်နေပါတယ်။ နောက်ပိုင်းမှာတော့ ကလပ်နဲ့ ဆက်စပ်ပြီး မတော်တဆမှုလိုလို ဖြစ်ရပ်တွေ၊ ဥက္ကဌနဲ့ မန်နေဂျာချုပ်တို့ ဖောက်ပြန်နေတာတွေ၊ ငွေကြေးပြဿနာတွေ ဖြစ်လာတဲ့အခါ မိုင်လိုပြောပြတဲ့ အကြောင်းအရာတွေအပေါ် အခြေခံပြီး ကတ်စီ နဲ့ သူ့ခင်ပွန်း သတင်းထောက် ဂျေမီတို့ ပူးပေါင်းကာ ကလပ်ရဲ့အရှုပ်တော်ပုံတွေကို ဖော်ထုတ်ဖို့ကြိုးစားကြပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Alex Mitchell, Kyle Findley, Adam Harper, Layla Cushman နဲ့ Cody Kahaku တို့က အဓိကပါဝင်ထားပါတယ်။ ဒါရိုက်တာကတော့ Dave Thomas ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ T Lone ဖြစ်ပါတယ်။) File size…(1.4 GB) / (630 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Crime,Thriller,TV Movie Duration….01:26:45 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by T Lone

0 2024
Murder at the Country Club Country Club Scandal