YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The.Sandman.S01E04.720P[CM].mp4

240.17 MB N/A video/mp4 6275 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Yaanai Mugathaan
7

IMDb-9.6/10 ခါတိုင်းအရွှတ်အနောက်နေရာကပါဝင်နေကျ ဘာဘူက ဒီကားထဲမှာ တည်တည်တံ့တံ့သရုပ်ဆောင်ထားတာမို့ မတူညီတဲ့ပုံစံနဲ့ရှုစားရမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ် ဇာတ်လမ်းအညွှန်း အဖေဖြစ်သူက အရှင်ဗင်နာယာဂါကို သက်၀င်ယုံကြည်သူ ဖြစ်တာကြောင့် သူ့သားကို ဂန်နက်စန် ဆိုပြီး နာမည်ပေးခဲ့တယ်။ ဂန်နက်စန် လုပ်တတ်တာ နှစ်ခုရှိတယ် "သူများကို လိမ်ရင်လိမ် မဟုတ်ရင် သူ့ကိုယ်သူ ပြန်လိမ်နေတာ" တဲ့။ ဂန်နက်စန်က သုံးဘီးသမား၊အကြွေးပေးစရာရှိတဲ့ဟာကို ဟိုလူ့ဆီက ပတ် ဒီလူ့ဆီက ဝိုက်နဲ့ အကြွေးပတ်ချာဝိုင်းနေသူ။ တခုခု အဆင်မပြေတိုင်း အရှင်ဗင်နာယာဂါဆီမှာ တိုင်တည်ပြီး မြည်တွန်တောက်တီးနေတတ်တယ်။ တစ်ရက် သူကိုးကွယ်ပူဆာနေတဲ့ အရှင်ဗင်နာယာဂါရုပ်ထုကို ဘုရားစင်ပေါ်မှာလည်း မမြင်ရ၊ ဘုရားကျောင်းမှာလည်း မမြင်ရ၊ပုံတော်တွေမှာလည်း မမြင်ရနဲ့ သူတစ်ယောက်ပဲ မမြင်ရတော့တဲ့ဘ၀ ရောက်သွားရော။ ဘယ်သူကမှလဲ သူပြောတာ မယုံကြဘူး။ ဒီလိုနဲ့ ဟာသသရုပ်ဆောင် ယိုဂီဘာဘူက အရှင်‌ဗာနာယာဂါ ဆိုပြီး ရောက်လာရာကနေစပြီး သူ့ဘ၀ ဘယ်လိုတွေ ပြောင်းလဲသွားမလဲဆိုတာ လူတယောက်ရဲ့ လူသားဆန်မှုနဲ့အကျင့်စရိုက်တွေကို ဘာသာရေးပါးပါးသုံးပြီး တင်ဆက်ထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။"ဘုရားရှာ ကိုယ်မှာရှိ တရားရှာ ကိုယ်မှာသိ" ဆိုတဲ့အတိုင်း ဂန်နက်စန်တယောက် သူ့မျက်စိရှေ့မှာ ပျောက်နေတဲ့ ဘုရားကိုလိုက်ရှာရင်း ဘာတွေဆက်ဖြစ်မလဲဆိုတာ ဆက်လက်ကြည့်ရှုကြပါအုံးခင်ဗျ။ (အညွှန်းကို chiclon3 မှ ရေးသားထားပြီး ဘာသာပြန်တွေကတော့ BpL , HM , Aditi, chiclon3 တို့ပဲဖြစ်ပါတယ်) File size…2.02GB / 1GB Quality…1080p WEB DL /720p Format…mp4 Duration….2 h 5 min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ HM ~ Aditi~chiclon3

Action
7 2023 127 mins
Yaanai Mugathaan
Phony
3.5

ဆရာ ဆရာ့ကြီးတွေ ကျော်သွားပေးပါ။ ပညာသင်ဆဲ ညီကိုတွေကတော့ တန်းစီပေးပါ။ ဒီဇာတ်ကားကို အညွှန်းမရေးခင် Found Footage film ဆိုတာ ဘာလဲလို့ မိတ်ဆက်ပေးချင်ပါတယ်။ အတိုချုံ့ပြီး အကြမ်းဖျင်းဘာသာပြန်လိုက်ရရင် အပျော်တမ်းရိုက်တဲ့ မှတ်တမ်းရုပ်ရှင်ပေါ့။ လက်ကိုင်ကင်မရာတွေ ၊ CCTV ကင်မရာက ဗွီဒီယိုမှတ်တမ်းတွေကို ရုပ်ရှင်တစ်ခုအောင်ဖန်တီးထားတဲ့ ဇာတ်ကားတစ်ကားဆိုလည်း မမှားပါဘူး။ ဘာလို့ ဒီအကြောင်းကိုမိတ်ဆက်ပေးနေရသလဲဆိုတော့ ဒီလိုရုပ်ရှင်အမျိုးအစားတွေ ခေတ်စားလာတာနဲ့အမျှ ကြည့်ရှုသူတွေရဲ့အမြင်တွေလည်း နှစ်ခြမ်းကွဲလွဲလာလို့ပါပဲ။ တချို့ကတော့ ဒီရုပ်ရှင်တွေက အချိန်ဖြုန်းတာပဲလို့ မြင်ကြတယ်။ တချို့ကတော့ ဇာတ်လမ်းဇာတ်ညွှန်းကောင်းဖို့သာ အဓိကပဲမို့ သဘောကျတဲ့သူတွေလည်း အများကြီးရှိကြတယ်။ ဆိုတော့ အကြံပြုရရင် ဒီလိုမှတ်တမ်းရိုက်ချက်ရုပ်ရှင်နဲ့ မရင်းနှီးသေးတဲ့လူတွေက စစကြည့်ချင်းမှာ နဝေတိမ်တောင်ဖြစ်နေနိုင်ပါတယ်။ ဇာတ်လမ်းအညွှန်းကတော့ David Bush ဆိုတဲ့ အဓိကဇာတ်ကောင်တစ်ယောက်ဟာ ဒီနေ့ခေတ်မှာ လူတွေဟာ ရည်းစားသနာရဖို့ ၊ အိပ်ဖော်အိပ်ဖက်ရဖို့အတွက် လိမ်လည်နေကြတဲ့ အတုအယောင်တွေကို ဖော်ထုတ် ရိုက်ကူးတင်ပြချင်ခဲ့သူဖြစ်ပါတယ်။ သို့သော်.. ကိုယ်တိုင်ရိုက်ကူးဖို့ ကြိုးစားခဲ့ပေမဲ့လည်း စော်ငြင်းကောင်ဖြစ်နေခဲ့တာကြောင့် မြာပွေသူ သူငယ်ချင်းဖြစ်သူကို မင်းသားလုပ်ပေးဖို့ရာ အကူအညီတောင်းဖို့ ဖြစ်လာခဲ့ပါတယ်။ ထိုသူငယ်ချင်းဆီကနေပဲ သင်ခန်းစာတွေကိုလည်း အများကြီးရခဲ့ပါတယ်။ သူငယ်ချင်းဖြစ်သူ ဂျော့ရှ်ရဲ့အဆိုအရ မိန်းကလေးတွေရဲ့ dating app က ပရိုဖိုင်မှာ 'မိသားစုသာ အရေးကြီးဆုံးပါ' လို့ ရေးထားရင် အဲဒီအဓိပ္ပာယ်က သူ့မှာ ကလေးရှိနေတာပါ တဲ့..။ ပရိုဖိုင်မှာ 'တွယ်ငြိရာသာ ဆုံးရှုံးမှာ' လို့ ရေးထားရင်ရော ဘာအဓိပ္ပာယ်ဖြစ်မလဲဆိုတာတော့ သိချင်သားပဲ။ မှတ်တမ်းရိုက်ချက်တွေရဲ့ ထုံးစံအတိုင်း ကင်မရာတွေက သိပ်မငြိမ်လှဘဲ ရှုပ်ထွေးနေတယ်။ ဒါပေမဲ့ ဇာတ်ကြောင်းကတော့ သိပ်မဆိုးလှဘူးလို့ ပြောရမယ်။ Plot-twist ကိုလည်း ၂ ခါထည့်ထားပြီးတော့ အဆုံးသတ်မှာ ထဆဲမိအောင်လည်း လုပ်ထားသေးတယ်။ ဒီတော့ ကြည့်ရှုရမှာက ရသတော့ စုံပါတယ်။ ဒါကို ကြည့်နေရင်းနဲ့ ဘယ်လိုတွေးမိလဲဆိုတော့ လက်ဖက်ရည်ဆိုင်မှာ အာပေါင်အာရင်းသန်သန် သင်ခန်းစာပို့ချနေတဲ့ စားဘဲကြီးကို မြင်နေရသလို ခံစားရတယ်။ ပြီးတော့ လူတွေမှာရှိတတ်ကြတဲ့ အငုံစိတ်တွေကိုလည်း သာသာနဲ့နာနာ နှက်ထားသေးတယ်။ ချပြချင်စိတ်တွေများနေပြီး plot-twist ကိုသာ နှစ်ခါမထည့်ထားရင် အတော်လေး အဆင်ပြေမယ့်ရုပ်ရှင်ပဲလို့ ထင်မိတယ်။ ဒီလိုအမျိုးအစားနဲ့ရုပ်ရှင်မျိုးဆိုတော့ လူတွေအားလုံး ကြိုက်ပါ့မယ်လို့ အာမတော့မခံနိုင်ဘူး။ သဘောကျတဲ့သူရော သဘောမကျတဲ့သူတွေရော ရှိနိုင်မယ်ဆိုပေမဲ့လည်း သေချာတာကတော့ ဒီလို Found footage film တွေ ခေတ်စားလာဦးမှာပဲ။ ဒီတော့ မြည်းစမ်းကြည့်တဲ့သဘောနဲ့ပဲဖြစ်ဖြစ် ကြည့်ထားကြည့်ဖို့ CM မှ တင်ဆက်ပေးလိုက်ရပါတယ်။ P.S နောက်ဆုံးအခန်း မကြည့်ပါနဲ့။ File size…(1.81GB)  / (`1005MB) / (645MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:32:00 Genre...  Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Shin Man Htet Myat

Adventure • Family • Fantasy
3.5 2022 92 mins
Phony
Dreams of Getting Rich
7

“အသက် (၃၀) အရွယ် မိဘမဲ့တစ်ယောက်ဖြစ်သူ ၊ ရွာမှာ ရှိတဲ့ အလုပ်မှန်သမျှကို လုပ်ကိုင်ပြီး ရွာက ကျွေးတာကမ်းတာကိုပဲစားရသူ ၊ ဆင်းရဲပြီး အရပ်မှာ ၅ ပေပဲရှိလို့ လူစဥ်မမှီတဲ့ သူတစ်ယောက်အဖြစ် ရပ်တည်နေရသူ - စုန့်ရှောင်ပေါင်” စုန့်ရှောင်ပေါင်တစ်ယောက် ချမ်းသာချင်တဲ့အတွက် သူ့အစ်ကို(၂) ဖြစ်သူကို ပူဆာပြီး ရှန့်ကျန့်မြို့ကြီးဆီ ပိုက်ဆံရှာဖို့ထွက်လာခဲ့ပါတယ် ။ ပိုက်ဆံရှာဖို့ ထွက်လာတဲ့ ရှောင်ပေါင် တစ်ယောက် ပိုက်ဆံမရတဲ့အပြင် စွန့်ပစ်ခံထားရတဲ့ ကလေးငယ်တစ်ယောက်နဲ့ တွေ့ဆုံဖို့ ကံကြမ္မာက အကြောင်းဖန်လာခဲ့ပါတော့တယ် ။ ကိုယ်တိုင်ကမိဘမဲ့ တစ်ယောက်ဖြစ်တာမို့ ကလေးငယ်လေးကိုလဲ မစွန့်ပစ်ရက်ပဲ ဆင်းရဲမွဲတေတဲ့ ကြားကနေ မွေးစားခဲ့ပါတယ် ။ ကလေးတစ်ယောက်နဲ့ နေစရာအိမ်မရှိတဲ့ ရှောင်ပေါင် နဲ့ အစ်ကို (၂) တို့နှစ်ယောက်ဟာ အဘိုးတစ်ယောက်ရဲ့ ကူညီမှုနဲ့ နေစရာရရှိခဲ့ပြီး တစ်ချိန်ထဲမှာပဲ ရှောင်ပေါင်ဟာ မာလုဆိုတဲ့ မိန်းကလေးနဲ့ တွေ့ဆုံခဲ့ပါတယ် ။ ကလေးငယ်လေးနဲ့အတူ ကံကြမ္မာအရ တွေ့ဆုံကြရတဲ့ သူစိမ်းတွေဟာ ဆွေမျိုးရင်းလိုဖြစ်လာပြီး နွေးထွေးတဲ့ မိသားစုလေးအဖြစ်ပြောင်းလဲ လာခဲ့ပါတယ် ။ ဒါပေမဲ့လို့ ဒါတွေဟာ ကြာရှည်မခံခဲ့ပါဘူး ။ အရွယ်ယောက်လာတဲ့ ကလေးငယ်လေးဟာ အမေဖြစ်သူကို တွေ့ချင်လာတဲ့အခါမှာတော့ - ❏ ရှောင်ပေါင်တစ်ယောက် ဘယ်လိုဖြေရှင်းပေးမလဲ? ❏ မွေးစားသားပေမဲ့ သားအရင်းလို ရှာကျွေး ခဲ့တဲ့ “သူ” ❏ အရာရာကိုမျိုသိပ်ပြီး သားဖြစ်သူကိုသာ ရှေ့တန်းတင်ခဲ့တဲ့ “သူ” ❏ သားဖြစ်သူ အတွက်ဆို အသက်ကိုတောင် စတေးဝံ့တဲ့ “သူ” “သူ” ဘာတွေဆက်ဖြစ််မှာလဲ / ဘယ်လိုတွေရင်ဆိုင်ရမလဲ ဆိုတာ ဒီကားလေးမှာဆက်ပြီးတော့ စောင့်ကြည့်ပေးပါဦးရှင် ။ ဒီကားလေးကတော့ တကယ်ကိုကြည့်ရတာ အရမ်း အရမ်းတန်စေမယ်လို့ အာမခံပါတယ် ။ တကယ့်လက်တွေ့ဘဝမှာ ဖြစ်ပျက်နေရတာတွေကို ဟာသလေးတွေ နှောပြီးပြသထားတဲ့ အပြင် ဖခင်အရင်းမဟုတ်ပေမဲ့ သားဖြစ်သူကို ချစ်ရှာတဲ့ ဖခင်မေတ္တာတွေကို ကြည့်ရှုရင်းနဲ့ တကယ်ကို နွေးထွေးမှုတွေကူးစပ်စေမှာပါ ။ အခုပဲကြည့်ရှုလိုက်ရအောင်ပါနော် ။ [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama , Comedy Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub ) Translated by Chit Mya Mya Hmwe Encoded by LK

Drama
7 2021 90 mins
Dreams of Getting Rich
The Invincible Constable

"ကျန်ကျောင်းနှင့် ထူးဆန်းသောမီးနတ်ရုပ်ထုခိုးမှု" (2022) ရန်ကျုံးဧကရာဇ်စိုးစံစဥ်ကာလမှာ သူရဲကောင်းကျန်ကျောင်းကို ကြောင်ဘုရင်ဘွဲ့ချီးမြှင့်ခဲ့ပါတယ်။ ဒါကိုမကျေနပ်တဲ့ ကောင်းကင်ကျွန်းကကြွက်ငါးကောင်အဖွဲ့ဟာ ကျန်ကျောင်းကိုဒုက္ခရောက်အောင်ကြံစည်ဖို့ချောင်းနေခဲ့တယ်။ အငယ်ဆုံးကြွက်ဖြစ်တဲ့ ပိုင်ယွီထန်ကတော့ ကျန်ကျောင်းကိုဒုက္ခပေးဖို့စိတ်ဓာတ်အပြင်းပြဆုံးဖြစ်နေပါတယ်။ အခွင့်ကြုံလာတဲ့အချိန်ကတော့ မီးနတ်ပွဲတော်ကျင်းပတဲ့အချိန်ပါပဲ။ မင်းကြီးဟာတိုင်းပြည်အတွက်ဆုတောင်းဖို့မီးနတ်ရုပ်ထုကို သွန်းလုပ်ခဲ့ပြီး အဲ့ဒီရုပ်ထုကိုကာကွယ်ဖို့ကျန်ကျောင်းကို​တာဝန်ပေးထားခဲ့ပါတယ်။ ရုပ်ထုဟာအသက်တမျှအရေးကြီးလှတဲ့ရတနာပေါ့။ ပိုင်ယွီထန်ဟာမီးနတ်ရုပ်ထုကိုခိုးယူလို့ရခဲ့ပေမယ့် ပွဲတော်မှာမီးလောင်ပေါက်ကွဲမှုကြီးဖြစ်ပွားခဲ့ပြီး ပြည်သူအများဒုက္ခရောက်ရပါတော့တယ်။ ဒီအမှုကိုဖြေရှင်းဖို့ ကျန်ကျောင်းခေါင်းပေါ်ကျလာတဲ့အခါမှာတော့… မီးလောင်ပေါက်ကွဲမှုကြီးဟာ ကြွက်ငါးကောင်ကြောင့်လား နောက်ကွယ်မှာဘယ်သူရှိနေတာလဲ ဘယ်လိုမြှုပ်ကွက်တွေနဲ့ဘယ်လိုကိုင်တွယ်ဖြေရှင်းသွားမလဲဆိုတာ စိတ်ဝင်စားစွာကြည့်ရှုရမယ့်ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Drama , Mystery Runtime : 1h 11 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Drama • Romance
0 2022
The Invincible Constable
Measure of Revenge
3.6

မင်းသမီး အလန်းစားလေး Bella Throne ပါတဲ့ Thriller , Horror ရုပ်ရှင်ကားသစ်လေးထွက်လာပါပြီ။ ဆေးလွန်ပြီးသေသွားတဲ့ နုာမည်ကြီးအဆိုတော်ရဲ့ သေဆုံးမှုကို စုံစမ်းတဲ့ Drug Dealer တစ်ယောက်အဖြစ် Bella ကိုတွေ့ရပါမယ် ဇာတ်လမ်းအကျဉ်းက ကာတစ်ကူပါးဆိုတဲ့ နာမည်ကြီး Band ရဲ့ ပင်တိုင်အဆိုတော်ဟာ အောင်မြင်မှုဒဏ်တွေကြောင့် ဆေးသမားလုံးလုံးဖြစ်သွားခဲ့ပြီး ပြန်လည်ထူထောင်ရေးစခန်းမှာ နှစ်ချီနေလိုက်ရပါတယ်။ သူအဲ့ဒီကပြန်ထွက်လာပြီး အနုပညာလောက အနားယူ ဘဝသစ်တစ်ခုစတင် အိမ်ထောင်ပြုမယ်လို့ ဆုံးဖြတ်လိုက်ပြီး နောက်မှာပဲ တစ်ညမှာ အမ်ဖတ်တမင်းခေါ် စိတ်ကြွဆေး အများအပြားလွန်ကာ လင်မယားနှစ်ယောက်လုံး သေဆုံးနေတာကို တွေ့ရှိလိုက်ရပါတယ် ရဲတွေကတော့ ဒါကို သာမန် မတော်တဆဆေးလွန်ပြီးသေဆုံးတယ်လို့ အမှုသိမ်းလိုက်ပေမယ့် မကျေနပ်နိုင်တဲ့ ကာတစ်ရဲ့ အမေ လီလီယန်ကူပါးဟာ သားရဲ့အဆိုတော်ဘဝက အချိတ်အဆက်တွေကို လိုက်လံစုံစမ်းရင်း အရင်က သူဆေးဝယ်နေကျ Taz ခေါ် Bella Throne နဲ့ဆုံဖြစ်ပါတယ်။ သူတို့ နှစ်ယောက်ပေါင်းပြီး တရားခံကို ပူးပေါင်းစုံစမ်းရှာဖွေကြတဲ့အခါမှာတော့ .... ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကို စိတ်ဝင်စားစရာကြည့်ရှုရမှာ ဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကို Thiha Yan Naing ကရေးသားထားပါတယ်) Genre..... Thriler Quality….WEB-DL 1080p and 720p and 480p File size… 1.3GB and 673MB and 288MB Format…mp4 Duration….1h 32min Subtitle….Myanmar Subtitle (Hardsub) Translator ..... Thiha Yan Naing Encoder ..... August

Adventure • Animation • Comedy • Family • Fantasy
3.6 2022 92 mins
Measure of Revenge
That Peter Crouch Film
6.9

That Peter Crouch Film (2023) ~ IMDb - 7.2/10, Rotten Tomatoes - 89% ~ ရပ်ကွက်အခေါ် "ပီတာခရော့" ပြောင်ပြီးခေါ်တာ "ပီတာငပျော့" ချစ်လို့ခေါ်ရင် "ပီတာငကျော့" ပီတာခရောက်ခ်ျဆိုတဲ့နာမည်က ဘောလုံးပရိသတ်တွေနဲ့ စိမ်းတဲ့နာမည်တော့မဟုတ်ပါဘူး။ အက်စတွန်ဗီလာ၊ ဆောက်သမ်တန်၊ လီဗာပူး၊ စပါး၊ စတုတ်စီးတီးနဲ့ အင်္ဂလန်ရဲ့ ရွှေရောင်မျိုးဆက်မှာ ပါဝင်ခဲ့ဖူးတဲ့ ကစားသမားတစ်ယောက်အဖြစ် မှတ်မိနေကြမှာပါ။ အရပ်မြင့်မြင့် ခြေတံလက်တံရှည်ရှည်နဲ့ ဂိုးသွင်းပြီး စက်ရုပ်အက ကတယ်ဆိုတာ ဘုရားသခင်သွန်းလုပ်တဲ့ ဒီပုံမကျပန်းမကျကစားသမားနဲ့ ခွဲထုတ်လို့မရတဲ့အရာတွေပေါ့။ ဒီစက်ရုပ်ကြီးက ပရီးမီးယားလိဂ်မှာ ဂိုးပေါင်း ၁၀၀ သွင်းခဲ့ပြီး ခေါင်းတိုက်ဂိုးအများဆုံးဆိုတဲ့ စံချိန်ကိုတင်ထားပါတယ်။ ပီတာခရောက်ခ်ျဟာ ပရီးမီးယားလိဂ်မှာဆိုရင် တော်တော်ကို Underrated ဖြစ်တဲ့ ကစားသမားလို့ ကျွန်တော်ပြောရင် ငြင်းချင်တဲ့လူတွေရှိလိမ့်မယ်။ ဒါပေမဲ့ ဆက်ပြောပါရစေဦး။ ပီတာ‌ခရောက်ခ်ျလို အရပ်အမောင်းနဲ့ ရှေ့တန်းတိုက်စစ်မှူးဖြစ်ဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ပါဘူး။ သူ့လို ဂိုးတွေသွင်း ဖလားတွေယူဖို့ဆိုရင် ပိုတောင်ခက်ဦးမှာပါ။ သူ့ရဲ့ ကစားပေါက်ကိုကြည့်မယ်ဆိုရင် အရပ်အမောင်းမြင့်တာအပြင် သူ့မှာ နည်းစနစ်ကြွယ်ဝမှုတစ်ခုရှိနေတယ်ဆိုတာလည်း မြင်ရပါလိမ့်မယ်။ ဂိုးတွေ တဒိုင်းဒိုင်းလှိမ့်သွင်းတဲ့ကစားသမားမျိုးမဟုတ်ပေမဲ့ လွှတ်ထားလို့ရတဲ့ကစားသမားမျိုးလည်းမဟုတ်ပြန်ဘူး။ သူကန်တာက အချိုးမကျဖြစ်နေပေမဲ့ ခေါက်ရိုးမညီမှုကြားမှာ အနုပညာချည်မျှင်ပါးပါးလေးတစ်ချောင်းရှိတယ်။ အဲဒီချည်မျှင်လေးကပဲ ကျွန်တော်တို့ကို သူ့ကစားဟန်‌‌ကနေ ရုန်းမရအောင် ချည်ထားခဲ့တာဖြစ်မှာပါ။ ပီတာခရောက်ခ်ျ ဒိုင်ယာရီတွေက ကျွန်တော်တို့သတိမထားမိခင် ကျွန်တော်တို့ရင်ထဲ ကြိုထွင်းထုပြီးသားဖြစ်နှင့်နေတယ်။ စက်ရုပ်အက ကတဲ့ဘဲကြီး... ကလန်ကလား ဘဲကြီး... ခေါင်းတိုက်ဂိုးတစ်ပေါက်တော့ နောက်လို့မရဘူးဆိုတဲ့ဘဲကြီး... အစရှိသဖြင့်ပေါ့။ လက်ဖက်ရည်ဆိုင်ခေတ်မှာ ကျွန်တော်ဘောလုံးပွဲစကြည့်ဖြစ်တော့ ပီတာငကျော့ဟေ့လို့ တစ်ယောက်အော်လိုက်တာနဲ့ ကျွန်တော်တို့မှာ ပြူးတူးပြဲတဲ ကလန်ကလားနဲ့ ဘဲကြီးကို ရယ်ချင်သလိုလို ထူးဆန်းသလိုလို မျက်လုံးမျိုးတွေနဲ့ ငေးခဲ့ရဖူးတယ်။ သူ့မျက်နှာမှာ အပြုံးတစ်ပွင့်ပန်ပြီး က,လိုက်တဲ့ စက်ရုပ်အကမှာ သူ့လက်တစ်ချက်လှုပ်တိုင်း ကျွန်တော်တို့ အပျော်တွေ တစ်စက်ချင်း သွေးကြောထဲစိမ့်ဝင်ခဲ့ရတာပေါ့။ အောင်မြင်မှုအရ ခြေစွမ်းအရ ဆိုရင် သူ့ထက်သာတဲ့ကစားသမားတွေ မရေမတွက်နိုင်အောင်ရှိလိမ့်မယ်။ ဒါပေမဲ့ ပရိသတ်အချစ်ကိုရတဲ့နေရာမှာတော့ သူ့ထက်သာတဲ့လူ လက်‌နှစ်ဖက်ပြည့်မယ်မထင်ပါဘူး။ ကလန်ကလား၊ ဂိုးမသွင်းတတ်‌တဲ့ကောင်၊ အင်္ဂလန်လက်ရွေးစင်နဲ့ မတန်ဘူး ဘာညာဆိုတဲ့ ဝေဖန်သံတွေ၊ အမုန်းစကားတွေကြားထဲက ပီတာခရောက်ခ်ျတစ်ယောက်ဘယ်လို ရင်ဆိုင်ကျော်ဖြတ်ပြီး အိမ်ပြင်မထွက်ရဲတဲ့ထိဖြစ်ရာကနေ ပရိသတ်အချစ်တော် ကစားသမား‌တစ်ယောက် ဘယ်လိုဖြစ်လာခဲ့သလဲဆိုတာကို ဒီမှတ်တမ်းရုပ်ရှင်မှာ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဘောလုံးဆိုတာ အသင်းနှစ်သင်း အလုံးတစ်လုံးကို ဝိုင်းလုကြတာထက်ပိုပါတယ်။ ဘောလုံးခေတ်တစ်ခု၊ ကစားသမားတစ်ယောက်၊ ပွဲတစ်ပွဲ ကိုကြည့်လိုက်ရင် အဲဒါနဲ့ ပတ်သက်တဲ့ တစ်ချိန်က အမှတ်တရတွေဟာ အတွေးပိတ်ကားပေါ် ‌မှတ်ဉာဏ်ဆေးစက်တွေမှောက်ချလိုက်တဲ့အတိုင်း အလိုလို ပြန်မြင်ယောင်လာတတ်ကြတာပါပဲ။ ဒီမှတ်တမ်းရုပ်ရှင်‌လေးကြည့်ပြီး တစ်ချိန်က ကျွန်တော်တို့သဘောကျခဲ့ဖူးတဲ့ စက်ရုပ်ကြီးပီတာခရောက်ခ်ျနဲ့ပတ်သက်လို့ အမှတ်တရတချို့ အရိပ်ထင်လာခဲ့တာမျိုးရှိရင်လည်း ပြန်လည်မျှဝေပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ (ဒီမှတ်တမ်းရုပ်ရှင်နဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.85GB, 800MB Quality - 1080p, 720p IMDb Rating - 7.2/10 Format - mp4 Duration - 1H 25Min Genre - Documentary Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Crime • Drama
6.9 2023 85 mins
That Peter Crouch Film
Bedeviled
4.2

Bedeviled (2016) ============= ယနေ့ခေတ်ကမ္ဘာဟာ နည်းပညာတွေထွန်းကားလာတာနဲ့အမျှ လူတွေဟာလည်း နည်းပညာနောက်ကိုလိုက်ရင်း အမှားမှားအယွင်းယွင်းတွေ ဖြစ်လာကြပါတယ်။ အခု ဒီ Bedeviled ဆိုတဲ့ ရုပ်ရှင်ကားလေးကတော့ ထူးဆန်းတဲ့ သရဲကားလို့ ပြော ရမှာပါ။ မစ္စတာ ဘီဒီဗယ်လ်ဆိုတဲ့ အက်ပ်ပလီကေးရှင်းက သူ့ကို အင်စတောလုပ် ထားတဲ့ ဖုန်းပိုင်ရှင်တွေကို အကြောက်တရားတွေပေးပြီး သုတ်သင်တာမျိုးပေါ့။ ဇာတ်လမ်းအကျဥ်းကတော့ နစ်ကီဆိုတဲ့ ဆယ်ကျော်သက် အရွယ်ကောင်မလေး တစ်ယောက် ထူးဆန်းစွာသေဆုံးခြင်းကစတင်ပါတယ်။ သူသေဆုံးသွားပြီးနောက် မှာ သူ့သူငယ်ချင်းတွေရဲ့ စမတ်ဖုန်းထဲ အက်ပ်ပလီကေးရှင်းတစ်ခု အင်စတောလုပ် မလားဆိုပြီး အင်ဗိုက်ရောက်လာပါလေရော။ သူငယ်ချင်းတွေကလည်း အမှုမဲ့အ မှတ်မဲ့နဲ့ အင်စတောရာကနေ မဖြစ်သင့်တာတွေဖြစ်ပြီး အကြောက်တရားရဲ့ လွှမ်း မိုးမှုကို ခံရတော့တာပါပဲ။ Bedeviled ဟာ နာမည်ကြီးသရဲကားတွေလောက် ကြောက်စရာမကောင်းဘူးဆို ပေမယ့် သူ့နေရာနဲ့သူ အဆင်ပြေတဲ့ ရုပ်ရှင်ကားလို့ဆိုရမှာပါ။ ဇာတ်လမ်းကလည်း ထူးဆန်းပြီး တချို့ Jump Scare နေရာလေးတွေဆို တော်တော်ကို သေသပ်ပါတယ်။ ဒါကြောင့် ပရိသတ်တွေအနေနဲ့ အပျင်းပြေသရဲကားတစ်ကားဖွင့်ထားချင်တယ်၊ ကြည့်ချင်တယ်ဆိုရင်တော့ Bedeviled က သင့်တော်တဲ့အကြောင်း ညွှန်းလိုက်ပါ ရစေ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mugiwara Ya ဖြစ်ပါတယ်) File Size……….(1.4 GB) / (500 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 38Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror, Mystery, Thriller Translator……Mugiwara Ya Encoder……….SWM

4.2 2016 91 mins
Bedeviled
The Horseman
6.5

ကြမ်းကြမ်းရမ်းရမ်း R-rated movieတွေကို မျှော်လင့်နေကြတဲ့ CMပရိသတ်တို့အတွက် IMDb 6.5ရထားတဲ့ Revenge drama လေးဖြစ်တဲ့ The Horsemanဆိုတဲ့ရုပ်ရှင်‌လေးကို တင်ဆက် ပေးချင်ပါတယ်။ ဒီကားလေးထဲမှာတော့ ဆေးလွန်ပြီးဆုံးသွားတဲ့ သမီးတစ်ယောက်ရဲ့အဖေဖြစ်သူက သမီးဖြစ်သူသေဆုံးရခြင်း အကြောင်းအရင်းကို စုံစမ်းပြီးတော့ လက်စားချေမှာဖြစ်ပါတယ်။ ခရစ်စတီယန်ဟာ သမီးကိုသိပ်ချစ်တဲ့သူတစ်ယောက်၊ မမျှော်လင့်ဘဲ ရလာခဲ့တဲ့ကလေးဆိုပေမဲ့ အသက်နဲ့ထပ်တူချစ်ရတဲ့သမီးလေးဆိုရင်လည်း မမှားပါဘူး။ ဒီလိုနဲ့ ခရစ်စတီယန်ရဲ့အသဲနှလုံးကို ဆွဲထုတ်မယ့် သတင်းတစ်ခု ရောက်လာပါတော့တယ်။ ဒါကတော့ စက်မှုဇုန်ကလမ်းကြား တစ်ခုမှာ သမီးဖြစ်သူသေဆုံးနေတာကိုတွေ့ရှိရကြောင်း ရဲဘက်က အကြောင်းကြားလာတာပါ။ သေဆုံးရတဲ့အကြောင်းအရင်းက ဘိန်းဖြူအသုံးလွန်ပြီး အန်ဖတ်ဆို့ပြီး အသက်ရှူကြပ်တာဆိုတာရယ်၊ လူတစ်‌ယောက်က အခပေးဖုန်းကနေ ဆေးရုံကားခေါ်ပေးတယ်ဆိုတာကလွဲလို့ တခြားဘာမှမသိရ ဘာသက်သေမှ လည်းမရှိတော့ ခရစ်စတီယန်တစ်ယောက် အရူးမီးဝိုင်းပေါ့။ ဒီလိုနဲ့ တစ်နေ့မှာ သမီးဖြစ်သူရဲ့sex tapeကို သူ့ဆီကိုပို့လာတဲ့အခါမှာတော့ ညစ်ညမ်းကားရိုက်ကူးရေးကနေ အစဆွဲထုတ်ပြီး သမီးဖြစ်သူသေဆုံးမှုနဲ့ ပတ်သက်နေသူမှန်သမျှကို မိုက်မိုက်ကန်းကန်းနဲ့ ဘယ်လိုလက်စားချေမလဲဆိုတာ ရှုစားကြပါဦး။ File size…2.28 GB/ 1.15 GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 36m Genre ….. Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by TD

6.5 2008
The Horseman
Our Lady of the Assassins
6.8

‘Our Lady Of The Assassins’ ဆိုတဲ့ ဇာတ်ကားလေးက အသက်(၅၀)ဝန်းကျင်အရွယ်ရှိပြီဖြစ်တဲ့စာရေးဆရာ ဖာနန်ဒိုတစ်ယောက် သူ့မွေးရပ်ဇာတိဖြစ်တဲ့ မယ်ဒဲလ်ရင်မြို့ကို ပြန်ရောက်လာရာကနေဇာတ်အိမ်တည်ထားတဲ့ ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်။ လိင်တူချစ်သူဖြစ်တဲ့ ဖာနန်ဒိုဟာ သူ့သူငယ်ချင်းရဲ့ အမျိုးသားဆောင်ကြာမြိုင်မှာ ဆယ်ကျော်သက်အရွယ် အဲလက်စ်ဆိုတဲ့ ကောင်လေးနဲ့ တွေ့ဆုံခဲ့ရာကနေ သူ့ငယ်ဘဝမြို့ရဲ့ ပြောင်းလဲမှုတွေကို ကြုံတွေ့ရပါတော့တယ်။ ရာသီဥတုသာယာပြီးတော့ အလည်အပတ်သွားလို့ကောင်းတယ်ဆိုပြီး နာမည်ကြီးတဲ့မယ်ဒဲလ်ရင်မြို့ကလေးရဲ့ အမှောင်ဖက်ခြမ်းလို့ဆိုရမယ့် ခိုးဆိုးလုယက်မှုတွေနဲ့ လူတွေရဲ့ အမှောင်ဖက်ခြမ်းကိုပါ ဇာတ်ကောင်တွေကနေတဆင့်ပြောပြသွားတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ဖာနန်ဒိုဟာ အဲလက်စ်ကို မြို့တလျှောက်အလည်အပတ်သွားဖို့ အဖော်အဖြစ်ခေါ်ခဲ့တာ ဖြစ်ပေမယ့်လည်းနှစ်ယောက်ကြားက သံယောဇဉ်တွေဟာ မယ်ဒဲလ်ရင်မြို့ရဲ့ ပြောင်းလဲမှုလိုမျိုးပဲ တဖြည်းဖြည်းပြောင်းလဲလာခဲ့ပါတော့တယ်။ ဒီဇာတ်ကားထဲမှာ အသက်အရွယ်ကွာခြားလွန်းတဲ့ ဖာနန်ဒိုနဲ့ အဲလက်စ်တို့နှစ်ဦးကြားက တွယ်တာမှု သံယောဇဉ်တွေ၊ ချစ်ခြင်းမေတ္တာတွေကိုပါ ခံစားမိပြီးတော့ထူးဆန်းတဲ့ လူ့သဘောသဘာဝကိုလည်း အေးအေးလူလူ ကြည့်ရှုနိုင်ခံစားနိုင်မယ်။ ဒီဇာတ်ကားဟာမှုခင်းရေးရာနဲ့ ချစ်ခြင်းမေတ္တာတို့ကို အဓိကဖော်ပြထားတဲ့ (၂၀၀၀)ခုနစ်ထွက် စပိန်ဘာသာစကားပြော ဇာတ်ကားတစ်ကားဖြစ်ပြီးတော့ ကိုလံဘီယာစာရေးဆရာ Fernando Vallejo ရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိငယ် ဝတ္ထုတစ်ပုဒ်ကို ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ ဖာနန်ဒိုနဲ့ အဲလက်စ်တို့ရဲ့ ချစ်ခြင်းမေတ္တာကကော သူတို့နှစ်ဦးတွေးထားသလိုမျိုး လွယ်ကူခရီးပေါက်နေမလားဆိုတာကိုတော့ ဇာတ်လမ်းလေးကိုကြည့်ပြီး ခံစားသုံးသပ်ကြည့်ကြရမှာပဲဖြစ်ပါတယ်။ File size… 2.2 GB / 1.1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 38m Genre ….. Crime/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Doros

History • Drama • War
6.8 2000
Our Lady of the Assassins
The Grandmaster
6.6

The Grandmaster(2013) ************************* IMDb….6.6 တရုတ်သိုင်းရုပ်ရှင်ကို သဘောကျသူတွေကြားမှာ မသိသူမရှိလောက်တဲ့ Ip Manရဲ့ အကြောင်းကို ရိုက်ကူးထားတဲ့ သိုင်းကားတစ်ကားပါ။ Ip Man ကားတွဲတွေနဲ့တော့ တစ်စက်ကလေးမှ မဆင်တဲ့အပြင် ဝေါင်ကာဝေးရဲ့ ရုပ်ရှင်ပီပီသသပါပဲ ခမ်းခမ်းနားနား Dialougeတွေကို သေသေသပ်သပ် ထည့်သွင်းထားပါတယ်။ Ip Manကို ဗဟိုပြုပြီး သူ့ခေတ်ပြိုင် သိုင်းဆရာတွေကိုပါ လှလှပပ စက်ဝိုင်းလေးဝိုင်းပြီး ဘောင်မလွတ်ပဲ ပြထားပါတယ်။ ဘဝမှာသာ ရာသီအပိုင်းအခြားတွေရှိခဲ့ရင် သူ့ဘဝရဲ့ ပထမနှစ်လေးဆယ်က နွေဦးလို သာယာခဲ့တယ် ဆိုတဲ့ Ip Manရဲ့ဘဝ နှစ်လေးဆယ်နောက်ပိုင်း ဆောင်းရာသီနေ့ရက်တွေအကြောင်းကို တင်ဆက်ပြသထားပါတယ်။ သိုင်းပညာပြခန်းတွေသိပ်မများလှပေမယ့် ပါသမျှလောက်ကလည်း စက္ကန့်စိတ်စာမျှ ပယ်စရာမရှိတဲ့ တကယ့်အနှစ်တွေပါပဲ။ ဒီလိုပယ်စရာမရှိရအောင်လည်း ဒီရုပ်ရှင်ရဲ့ မင်းသား တိုနီချူဝေဟာ တစ်နေ့လေးနာရီနှုန်းနဲ့ တစ်နှစ်တိတိကျင့်ခဲ့ရပါတယ်။ တရုတ်ပြည်ကနေ ခုန်ပျံကျော်လွှားပြီး အမေရိကန်jမှာ အော်စကာနှစ်ဆု Nomineeဝင်ထားတဲ့ ဒီရုပ်ရှင်မှာ Ip Manရဲ့ ဝင်းချွန်းသိုင်းကွက်တွေ ထိုက်ကျိသိုင်းရဲ့ ဒဿ နတွေ ဝေဝေဆာဆာနဲ့ သိုင်းအနုပညာကို ထဲထဲဝင်ဝင် ခံစားကြရမှာပါ။ File Size : 2.74GB/ 1.82 GB Quality : BluRay 1080p/ 720 p Format…mp4 Duration…02:10:00 Genre : Action, Drama, Biography Subtitle : Myanmar Subtitle (Hard Sub) Translated by Wira Aung Encoded by AHtet

6.6 2013 130 mins
The Grandmaster
Meet Me Next Christmas
5.8

ခရစ္စမတ်အချိန်ကာလရောက်တိုင်း မရိုးရအောင်ကြည့်ကောင်းနေကျ ခရစ္စမတ်အချစ်ကားတွေထဲမှာ ၂၀၂၄ အတွက်အသစ်ထွက်ရှိလာတာ ကတော့ Meet Me Next Christmas ပဲဖြစ်ပါတယ်။ လေဆိပ်ဧည့်စောင့်ခန်းမှာဆုံရင်း စိတ်ချင်းဆက်သွယ်မိခဲ့ကြတဲ့ လေလာနဲ့ဂျိမ်းစ်ဟာ နောက်နှစ်ခရစ္စမတ်မှာ လူလွတ်တွေဖြစ်ခဲ့ကြရင် သူတို့ကြိုက်တဲ့အဆိုတော်အဖွဲ့ရဲ့ရှိုးပွဲမှာပြန်ဆုံတွေ့ကြမယ်လို့ ချိန်းဆိုခဲ့ကြပါတယ်။ တစ်နှစ်အကြာမှာတော့ ခရစ္စမတ်မတိုင်ခင်နှစ်ရက်အလိုမှာ လူလွတ်ဖြစ်သွားခဲ့တဲ့လေလာဟာ ဂျိမ်းနဲ့သွားတွေ့ချင်ပေမယ့် ရှိုးပွဲလက်မှတ်က ဝယ်လို့မရတော့ပါဘူး။ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားကြည့်တာတောင်မရတဲ့အခါမှာတော့ ဝန်ဆောင်မှု ကုမ္ပဏီတစ်ခုကိုအကူအညီတောင်းခံခဲ့ပါတယ်။ ဒီကုမ္ပဏီရဲ့ ဝန်ဆောင်မှုပေးသူတတ်ဒီဟာ လေလာနဲ့အတူ လက်မှတ်ရအောင် လိုက်ကြိုးစားပေးရင်း ချစ်ကြိုးသွယ်မိသွားခဲ့တာကြောင့် လေလာတစ်ယောက် တတ်ဒီနဲ့ဂျိမ်းစ်ကြားမှာတစ်ယောက်ကိုပဲ ရွေးချယ်ရဖို့ ဖြစ်လာခဲ့ပါတော့တယ်။ File size…(1.62GB) / (883MB) Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 45m Genre …..Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

5.8 2024 105 mins
Meet Me Next Christmas
Tales of Halloween
5.5

Tales of Halloween (2015) IMDb Rating (5.5) / Rotten Tomatoes (77%) Tales of Halloween ဟာအချင်းချင်း အနည်းငယ်ချိတ်ဆက်ထားတဲ့ Halloween Horror ဇာတ်လမ်းတို ဆယ်ပုဒ်နဲ့ဖွဲ့စည်းထားတဲ့ ရာသီစာ anthology တစ်ကားဖြစ် ပါတယ်။ ဟော်လိုဝင်းနောက်ခံကားဖြစ်တဲ့အတွက်အပိုင်းတိုင်းအပိုင်းတိုင်းမှာ ဟော်လိုဝင်းအငွေ့အသက်တွေအပြည့်နဲ့ပျော်ပျော်ကြီး ကြည့်ရမယ့် ဇာတ်ကားမျိုးပါ။ လူသားစား ဖရုံသီး၊ ‌Trick or treat လာလုပ်တဲ့ ဂြိုလ်သားတွေကအစ၊ အုပ်စုဖွဲ့အနိုင်ကျင့်တတ်တဲ့ ဘူလီတွေပညာပေးခံရတာမျိုး၊ လူသတ်ကားတွေ၊ တစ္ဆေတွေပါ ဇာတ်လမ်းတစ်ခုချင်းစီမှာ ရသစုံပါဝင်ပါတယ်။ အပိုင်းတိုင်းက ပေါ့ပေါ့ပါးပါးသရော်ထားတဲ့ ဟာသဘက်ကိုသွားထားပေမယ့် သွေးသံရဲရဲသတ်ဖြတ်ခန်းတွေထိတ်လန့်စရာတွေမှာလည်း လျော့မသွားပါဘူး။ Horror ပရိသတ်တွေအတွက် လုံး၀ Must Watch ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.6 GB) / (760 MB) Quality….Blu-Ray 1080p HEVC /720p Format…. mkv/mp4 Genre….Horror,Thriller Duration….01:38:07 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Alias

5.5 2015 97 mins
Tales of Halloween
Na Tum Jaano Na Hum
4.9

Na Tum Jaano Na Hum (2002) ဒီဇာတ်ကားလေးကတော့ ပရိတ်သည်းစွဲ မင်းသားကြီးလက်ပွားမင်းသားအဖြစ်လည်း သိကြတဲ့ ရီသစ်က်ရောဝ်ရှန်းနဲ့ ဆေ့ဖ်အလီခန်းတို့က ပါဝင်သရုပ်ဆောင်ထားကြပြီးတော့ မင်းသမီးကြီး အီရှာဒီယိုလ်ကလည်း ပါဝင်အားဖြည့်ထားတဲ့ ဟင်ဒီဇာကားပြော Romance/Drama အမျိုးအစား ဘောလိဝုဒ် ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ရာဟုလ်ဟာ ရှင်မလာ့ ကိုယ်ပိုင်ကျောင်းမှာ တက်ရောက်ခဲ့စဉ်စာတစ်စောင်ကို အမှုမဲ့အမှတ်မဲ့ ရေးထားခဲ့ပါတယ်။ ၄နှစ် အကြာမှာ တော့ အီရှာက အဲဒီစာစောင်ကို အမှတ်မထင်ရှာတွေ့ခဲ့ပြီး ရေဒီယိုရုပ်သံလိုင်းကနေတဆင့် ဆက်သွယ်ဖို့ အခွင့်ရခဲ့ကြပါလေရော။ ဒါပေမဲ့လည်း အီရှာက သူ့အဖိုး လက်ခံနိုင်တဲ့သူကိုပဲ သူက အဆုံခံမယ်ဆိုကာ လောလောဆယ်ဆယ် စာနဲ့ပဲ ဆက်သွယ်ကြမယ်လို့ ပြောလာတော့ ရာဟုလ်ကလည်း ဒါကို လက်ခံလိုက်တာပေါ့။အီရှာနဲ့ လက်တွေ့ဘဝမှာ မဆုံရသေးတဲ့ရာဟုလ်ဟာ ဆိုရင် သူ့နဲ့အတူ ညီအစ်ကိုလို နေလာတဲ့ အက်ရှေးအတွက် မိန်းမရှာပေးဖို့ဆိုကာအီရှာ့ဆီ ရောက်လာတဲ့အခါမှတော့… ရာဟုလ်နဲ့ အီရှာတို့ရဲ့ အချစ်ဇတ်လမ်းက ဘယ်လိုအလှည့်အပြောင်းတွေဆီ ဆွဲခေါ်သွားမလဲ… အီရှာဟာ အပြင်မှာမမြင်ဖူးတဲ့ သူ့ချစ်သူနဲ့ ဆုံဆည်းခွင့်ရနိုင်မှာလား… ဟောင်းပေမဲ့ ကောင်းနေဆဲ ဇာတ်ကားလေးတစ်ကား ဖြစ်တာမလို့ ဘောလိဝုဒ် ပရိသတ်များ လုံးဝ လက်လွတ်မခံသင့်ပါကြောင်း… ဘာသာပြန်ကတော့ သိုက်ဆန်းပဲ ဖြစ်ပါတယ်။

Drama
4.9 2002 159 mins
Na Tum Jaano Na Hum