YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The Sand Castle(2021)Ep.4.mp4

760.43 MB N/A video/mp4 904 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Love Is Blind, Hate Too
4.5

စာရေးဆရာမ အားပေါင် ဆိုသူနဲ့ ဆရာဝန်ယန်ယောက်ဟွာတို့ဟာ သူများတွေအားကျရတဲ့အထိ အရမ်းကိုမှ ချစ်ခင်ကြင်နာကြတဲ့ လင်မယားတွေပါ ။ အားပေါင်တစ်ယောက် ကားမတော်တဆမှုနဲ့ကြုံတွေ့ပြီး မျက်စိနှစ်လုံး အမြင်ကွယ်ခဲ့ပြီးတဲ့နောက်မှာ ဆရာဝန်ယန်ဟာ သူ့ဇနီးအပေါ်ကို အရင်ကထက် ဆထက်တစ်ပိုး တိုးလို့ချစ်ခဲ့ပါတယ် ။ ဒီလိုနဲ့ပဲ တစ်နေ့မှာတော့ ဆရာဝန်ယန်ဟာ အလုပ်ကိစ္စနဲ့ ခရီးထွက်သွားခဲ့ပြီး ဇနီးဖြစ်သူ အားပေါင်ကို အိမ်မှာတစ်ယောက်ထဲ ထားခဲ့ရပါတော့တယ် ။ ဒီလိုမျိုး ဆရာဝန်ယန် ခဏတာ အိမ်ကနေ ထွက်သွားခဲ့တဲ့အခိုက်အတန့်က သူ့ရဲ့ ဘဝကိုတစ်ဆစ်ချိုးပြောင်းလဲသွားခဲ့တယ်ဆိုရင်လဲမမှားပါဘူး ။ သူခရီးထွက်နေစဥ်အတွင်းမှာ ကျန့်ဝမ်တီ လို့ခေါ်တဲ့ အမျိူးသားတစ်ဦး အိမ်ရောက်လာခဲ့ပြီး မျက်မမြင်အားပေါင်ကို စတင်အနိုင်ကျင့်ခဲ့ပါတော့တယ် ။ ယောကျာ်းဖြစ်သူသူ ခရီးထွက်သွားနေတဲ့အတွက်ကြောင့် ကူရာမဲ့ဖြစ်နေတဲ့ အမျိုးသမီး မျက်မမြင်တစ်ယောက် ကြောက်မက်ဖွယ် အကြုံဆိုးနဲ့ ယောကျာ်းတစ်ယောက်ကို ရင်ဆိုင်ခဲ့တဲ့ အချိန်မှာ - ❏ ဘယ်လိုတွေ ရင်ဆိုင်ဖြေရှင်းသွားမှာလဲ ? ❏ ကျန့်ဝမ်တီလို့ခေါ်တဲ့ အမျိုးသားကရော ဘယ်လိုအညှိုးအတေးတွေ ရှိခဲ့လို့ ဒီလိုမျိုးကြောက်မက်ဖွယ်ကောင်းတဲ့ အကြံအစည်ကို ကြံစည်ရတာလဲ ? ❏ ဒီလိုမျိုးလျှို့ဝှက်ချက်တွေနဲ့ ပြည့်နှက်နေတဲ့ ဆက်ဆံရေးတွေကြားမှာ တကယ့်အဖြစ်မှန်က ဘာလဲဆိုတာ သိရဖို့ ဒီကားလေးကို ကြည့်ရှုလိုက်ရအောင်ပါနော် ။ [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

4.5 2022 90 mins
Love Is Blind, Hate Too
21 Grams
7.3

Directed by Alejandro G. Iñárritu IMDb Rating - 7.7/10 21 Gramsဟာ Death Trilogyရဲ့ ဒုတိယကားပါ။ Death Trilogy ကတော့ Alejandro ရိုက်ခဲ့တဲ့ ဇာတ်ကောင်တွေရဲ့ သေခြင်းကို အခြေတည်ရိုက်ပြထားတဲ့ ဇာတ်ကား၃ကားဖြစ်ပြီး ၃ကားလုံးရဲ့စာရေးဆရာကလည်း Guillermo Arriaga ပါ။ Death Trilogyမှာ Amores perros ( 2000 ) , 21 Grams (2003) , Babel (2006) တိုပါဝင်ပြီး ၃ကားလုံးကို ဆက်တိုက်ရိုက်ကူးခဲ့သလို ၃ကားလုံးလည်း ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးမှုရခဲ့တဲ့ ရုပ်ရှင်တွေပါ။ Alejandro ဟာ Death Trilogyအပြင် Birdman , The Revenant , biutiful ၃ကားကိုရိုက်ကူးခဲ့ပြီး ၃ကားလုံး ရုပ်ရှင်ကောင်းတွေဖြစ်ပြီး Birdmanနဲ့ The Revenantကတော့ အော်စကာ ၄ဆုနဲ့ ၃ဆုစီ ရခဲ့ပြီး birdman ကတော့ best pictureပါ ရခဲ့ပါတယ်။ ၆ကားပဲ ရိုက်ပြီး ၆ကားလုံး မာစတာပိစ်ဖြစ်နေတဲ့ သူလို ပြောလည်း မမှားပါဘူး။ သရုပ်ဆောင်တွေကလည်း Sean Penn ,ချေဂွေဗားရားမင်းသား Benicio Del Toro , Mulholland Drive နဲ့ ကင်းကောင်မင်းသမီး Naomi Watts တိုလို နာမည်ကြီး သရုပ်ဆောင်တွေပါ။ Del Toroနဲ့ Naomiဟာ ဒီရုပ်ရှင်နဲ့ပဲ အော်စကာsupporting ဆန်ခါတင်တွေ ဝင်ခဲ့ကြပါတယ်။ Del Toroကြီးရဲ့ ပီပြင်ပုံကလည်း ရူးလောက်ပါတယ်။ ၁၉၀၇မှာ Duncan MacDougallဟာ The 21 grams experiment ဆိုတဲ့ စာတမ်းတစ်စောင်ကို ထုတ်ဝေခဲ့ပါတယ်။ သူ့သီဝရီကတော့ လူ့ဝိညာဉ်မှာ ဒြပ်ထုအလေးချိန်ရှိပြီး အဲဒီဒြပ်ထုအလေးချိန်က ၂၁ဂရမ်ပါတဲ့။ ဒါကြောင့် လူတွေသေသွားရင် သေသေပြီးချင်းမှာ အလေးချိန်၂၁ဂရမ် ဆုံးရှုးသွားတယ်တဲ့။ ဒီရုပ်ရှင်ကတော့ အဲဒီ၂၁ဂရမ်ဆိုတဲ့ ဆုံးရှုးမှုမှာ အဆုံးအရှုးတွေ ဘယ်လောက်ပါဝင်နေလဲ။ အဲဒီ၂၁ဂရမ်ကို ဘယ်အချိန်မှာ တကယ်တမ်း ဆုံးရှုးသွားလဲ။ သေသူဆီက ဆုံးရှုးသွားတဲ့ အဲဒီ၂၁ဂရမ်ဟာ ကျန်ရစ်သူတွေဆီ ဘယ်နှဂရမ် ဘယ်နှအသည်းကွဲစာ ရောက်သွားလဲ။ အဲဒီဆုံးရှုးသွားတဲ့ ၂၁ဂရမ်မှာ စိတ်ဝိညာဉ်ပါဝင်မှု ဘယ်လောက်များလဲဆိုတဲ့ အမေးကို မေးပြီး ရိုက်ပြထားတဲ့ရုပ်ရှင်ပါ။ ဒီထဲမှာ ဇာတ်ကောင်မိသားစု၃ခုပါဝင်ပါတယ်။ မတော်တဆဖြစ်သွားတဲ့မိသားစုရယ် ၊ မတော်တဆမှုတရားခံရယ် ၊ အဲဒီမတော်တဆမှုဖြစ်ပြီး ဆုံးပါးသွားတဲ့လူဆီက နှလုံးကိုရလိုက်တဲ့သူရယ်ပါ။ သေတော့မယ့်လူရယ် ၊ အပြစ်ရှိတဲ့သူရယ် ၊ ကျန်ရစ်သူရယ်ဆီကို သေပြီးတဲ့လူတစ်ယောက်ရဲ့ ၂၁ဂရမ်ရဲ့ လေးလံခြင်း သိပ်သည်းခြင်းတွေအကြောင်း အပြစ်ရှိစိတ်‌တွေအကြောင်း ရိုက်ထားတယ်လို ပြောလိုရပါတယ်။ ဇာတ်လမ်းရဲ့ conceptကိုက ထူးခြားနေတာကို Alejandroက Nonlinearနဲ့ပြထားပါတယ်။ စစချင်းမှာ ကြည့်တဲ့သူကို ဘယ်မိသားစုက ဘယ်သူ့မိသားစုလဲတောင် ရောအောင် ပြထားပြီး ကြာရင်တော့ ရှုပ်မနေဘဲ ဇာတ်ရည်လည်သွားပါတယ်။ ကြည့်တဲ့သူရဲ့ စိတ်ကို ဖမ်းစားနိုင်တဲ့ တော်တော်သေသပ်တဲ့ပြသမှုပါပဲ။ သရုပ်ဆောင်တွေ တော်တော်လေး သရုပ်ဆောင်ကောင်းနေတာကလည်း ဒီဇာတ်လမ်းရဲ့ ကြည့်သူကို ဖမ်းစားနိုင်တဲ့ အဓိကအချက်တစ်ချက်ပါပဲ။ ၅ဆင့်တန်အကြွေစေ့ငါးပြားရဲ့ အလေးချိန် ငှက်ပိတုန်းတစ်ကောင်ရဲ့အလေးချိန် ချောကလက်တစ်ချောင်းရဲ့ အလေးချိန် ၂၁ဂရမ်ဟာ ဘယ်လောက်များလေးလံလဲ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ ) File Size__(2.2GB) / (1GB) Quality__Bluray_1080p, 720p IMDb Rating__7.7/10 Format__mp4 Duration__02:02:00 Type__Crime, Drama, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt

Action • Drama • Romance
7.3 2003 124 mins
21 Grams
Throw Down
6.9

Throw Downဟာ ဟောင်ကောင်ရုပ်ရှင်ဂုရုကြီးတစ်ပါးဖြစ်တဲ့ Johnnie Toရဲ့ မာစတာပိစ်အဖြစ်သတ်မှတ်ကြတဲ့ ရုပ်ရှင်တွေထဲက တစ်ကားပါပဲ။ တစ်ချို့ကလည်း Throw Downကို သူ့ရဲ့မာစတာပိစ်အကျဆုံး ရုပ်ရှင်အဖြစ် သတ်မှတ်ထားခဲ့ပါတယ်။ ဟောင်ကောင်ရုပ်ရှင်ဖန်အချို့ရဲ့ သဘောအကျဆုံး Johnnie Toကားလည်းဟုတ်ပါတယ်။ ဇာတ်ကတော့ မိန်းကာရိုက်တာ သုံးယောက်ကို လှည့်ပတ်ပြထားတဲ့ ဇာတ်ပါပဲ။ Louis kooနဲ့ Aaron Kwokတို့ရဲ့ ကာရိုက်တာတွေက ဂျူဒိုကစားသမားတွေ။ Louis kooကတော့ တစ်ချိန်က ဂျူဒိုလောကရဲ့နာမည်ကျော် ဒီတော့ သိုင်းပြိုင်ရတာ စိတ်အားထက်သန်တဲ့ Aaron Kwokက Louis kooကို လာစိန်ခေါ်တယ်။ သို့ပေမဲ့ Louis Kooက အဲဒီအချိန်မှာ ဘာမှမလုပ်ချင် မကိုင်ချင်နဲ့ လောင်းကစားပဲလုပ်နေတဲ့အချိန် ဒီတော့ ကောင်းကောင်းမပြိုင်ဘူး။ အကြွေးဆပ်စရာတွေကလည်း ပုံနေတယ်။ Aaron Kwokက သူပုံမှန်ဖြစ်တဲ့အထိ သူ့အရက်ဆိုင်မှာ ကူပေးပြီးမှ ပြိုင်ဖို့လုပ်တယ်။ သူတို့ရဲ့ ကာရိုက်တာChemistryထဲ ဝင်လာတဲ့ နောက်ကာရိုက်တာက Cherrie Yingရဲ့ မိုနာ။ သူလည်းရှေ့က ၂ကောင်လို ဗရုတ်သုတ်ခဘဝထဲ နေနေတာပဲ။ အဆိုတော်ဖြစ်ချင်ပေမဲ့ အသံကမကောင်း အေးဂျင့်က အောကားရိုက်ခိုင်းဖို့လုပ်ရာက အေးဂျင့်နဲ့ ပြဿနာတက်နေတဲ့ ကောင်မလေးပါပဲ။ သူ့ကာရိုက်တာက တစ်မျိုးတော့ဆန်းတယ်။ အိမ်လခမပေးနိုင်တာ ၆လရှိပြီမို့ အိမ်ရှင်ကမောင်းချတာကို ခေါက်ဆွဲစားရင်း မထုံတတ်သေး လမ်းပေါ်ရပ်နေတာလည်း ဂကြောင်နဲ့ကို တော်တော်ဆွဲဆောင်မှုရှိတဲ့အခန်းပါပဲ။ တိုနီလျောင်ခဖိုင်ကတော့ ခပ်ကြမ်းကြမ်းဇာတ်ပို့သက်သက်ပေါ့။ ဒီရုပ်ရှင်ဟာ ဇာတ်အိမ်ထက် ဇာတ်ကောင်တွေကို ဦးစားပေးထားတယ်ဆိုပေမဲ့လည်း ဂျပန်သိုင်းပညာဖြစ်တဲ့ ဂျူဒိုကို အဓိကအခရာအဖြစ် ဇာတ်အိမ်တည်ထားပြီး ကူရိုဆာဝါရဲ့ ပွဲဦးထွက်ရုပ်ရှင် Sanshiro Sugataအကြောင်းလည်း ထည့်ပြောရင်း အဲဒီရုပ်ရှင်လိုပဲ စိန်ခေါ်သိုင်းချတဲ့အခန်းတွေကို ဦးစားပေး ရိုက်ကူးထားသလို ကူရိုဆာဝါကိုလည်း ဂုဏ်ပြုကြောင်း ထည့်သွင်းရေးထားတဲ့ ကူရိုဆာဝါကို Homage ပေးထားတဲ့ ရုပ်ရှင်ပါပဲ Throw Downဟာ Johnnie Toအရိုက်များတဲ့ ခပ်ကြမ်းကြမ်းပုံစံကနေ နည်းနည်းခွဲထွက်ပြီး သူ့မူလထက် နည်းနည်းပေါ့ပါးတဲ့ ပုံစံနဲ့ ရိုက်ထားတဲ့ ရုပ်ရှင်ပါပဲ။ သို့ပေမဲ့ သူရဲ့ဟန်လိုဖြစ်နေတဲ့ Darkဆန်တဲ့ ဟန်ကနေတော့ ခွဲမထွက်သွားပါဘူး။ ဟောင်ကောင်ရုပ်ရှင်လောကရဲ့ ရှေးဆရာကြီးတွေဖြစ်ခဲ့တဲ့ Louis kooတို့ တိုနီလျောင်ခဖိုင်တို့အပြင် တရုတ်ပေါ့ဂီတရဲ့ နတ်မင်းကြီးလေးပါးထဲက တစ်ယောက်အပါအဝင်ဖြစ်တဲ့ Aaron Kwok တို့ကတော့ main castအဖြစ် သရုပ်ဆောင်ထားပါတယ်။ Aaron Kwokဟာ သရုပ်ဆောင်ကောင်းလှတဲ့သူ မဟုတ်ပေမဲ့ Johnnie Toဟာ အကောင်းဆုံးဖြစ်အောင် ထည့်သွင်းနိုင်ခဲ့တယ်လို့လည်း ပြောကြပါတယ်။ ဟုတ်မှာပါ။ ဒီထဲက Aaron Kwok ကာရိုက်တာဟာ တော်တော်လေး သဘောကျစရာကောင်းပါတယ်။ 2021မှာ art filmကားကောင်းတွေကိုပဲ ကွာလတီကောင်းကောင်းနဲ့ ပြန်ထုတ်ပေးတဲ့ The Criterion Collectionက throw downကို 4kပြန်ထုတ်ပေးခဲ့ပြီး တရုတ်ရှပ်ရှင်ဆုပေးပွဲတွေမှာ Best Pictureတို့ Best Directorတို့ ဆန်ခါတင်ဝင်ခဲ့တဲ့ ရုပ်ရှင်လည်း ဟုတ်ပါတယ်။ Johnnie Toလည်း ကားမရိုက်တာကြာပြီဖြစ်တဲ့အတွက် ဟောင်ကောင်ရွှေခေတ်က ရုပ်ရှင်တွေကို ကြိုက်တဲ့လူတွေအတွက် Throw Downဟာ ကြည့်ကိုကြည့်ရမယ့် ရုပ်ရှင်ပါပဲ။ ( ဘာသာပြန်ပြီး အညွှန်း‌ရေးသားထားသူကတော့ WiRa Aung ပါ ) File Size__(1.9GB) / (750MB) Quality__BluRay_1080p, 720p IMDb Rating__6.8/10 Format__mp4 Duration__01:35:00 Type__Action, Drama Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt

Comedy • Drama • Family
6.9 2004 95 mins
Throw Down
Last Night in Soho
7.4

ဒီရုပ်ရှင်ကတော့ rating အတော်မြင့်တဲ့ Horror ရုပ်ရှင်ပါပဲ။ ၁၉၆၀ အငွေ့အသက်တွေ အပြည့်ပါတယ်။ ရိုက်ချက်အလှအပတွေ အပြည့်ပါတယ်။ ခေါင်းဆောင်မင်းသမီး နှစ်ယောက်ကလည်း Anya Taylor-Joy နဲ့ Thomasin McKenzie ဆိုတဲ့ စတားလေး နှစ်ယောက်ဖြစ်နေတယ်။ အတော်ကို ကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ အယ်လီဆိုတဲ့ ဆယ်ကျော်သက်လေးတစ်ယောက် နယ်မြို့လေးတစ်ခုကနေ လန်ဒန်မှာ ဖက်ရှင်ကျောင်းတက်ဖို့ ရောက်လာခဲ့တယ်။ သ လန်ဒန်မြို့ပေါ်က မြို့ကြီးသူတွေနဲ့ အံမဝင်တဲ့အခါ ကိုယ်ပိုင်အခန်းလေးတစ်ခု ငှားနေလိုက်မိတယ်။ သူက ၁၉၆၀ သီချင်းတွေ ဖက်ရှင်တွေကို ကြိုက်တတ်တဲ့သူတစ်ယောက်ပါ။ အဲဒီအခန်းလေးမှာနေရင်းနဲ့ ၁၉၆၀ တုန်းက အဖြစ်ဆိုးကြီးကြုံခဲ့ရတဲ့ ကောင်မလေးတစ်ယောက်ကို ဆက်တိုက် မျက်စိထဲမှာမြင်လာတယ်။ သူ့ဘဝကို ကိုယ်တိုင်ခံစားနေရသလိုကို တွေ့လာတယ်။ အဲဒီလိုနဲ့ သူ ဆက်တိုက်မြင်ယောင်နေတဲ့ ကောင်မလေးအတွက် တရားမျှတမှုကို ရှာဖွေရင်းနဲ့ ကြောက်စရာ အဖြစ်မှန်တွေ ပေါ်ပေါက်လာတဲ့အခါ... File Size : (1.7 GB) & (900 Mb) Quality : Webrip HEVE, 1080p & 720p 5.1 CH Running Time : 1:56:00 Format : mp4 Subtitle : Myanmar Subtitle (Hard Sub)| Genre : Drama, Horror, Mystery Translated by CM Team Encoded by CM Team

Comedy • Drama
7.4 2021 117 mins
Last Night in Soho
Microhabitat
7.4

Microhabitat ( 2017 ) —————————- အိမ်မဟုတ်တောင် လူတစ်ယောက်အတွက် နေစရာ အမိုးတစ်ခု အကာတစ်ခုနဲ့ နေရာတစ်ခုတော့ အနည်းဆုံးရှိဖို့က မရှိမဖြစ်ပေါ့။ မိန်းကလေးတစ်ယောက်အတွက်ဆိုရင်တော့ အမိုးတစ်ခု အကာတစ်ခုထက် ပိုပြီးလုံခြုံတဲ့နေရာတစ်ခု လိုလိမ့်မှာပဲ။ အစစအရာရာဈေးတွေတက်လာပြီး လခတွေမတက်လာတဲ့အခါကျတော့ နေဖို့ထိုင်ဖို့တင် တော်တော်များများသုံးလိုက်ရတဲ့အခါ တခြားကိုယ်နှစ်ခြိုက်တဲ့အရာတွေကို လျှော့ချရဖို့ဖြစ်လာတယ်။ စီးကရက်ဟာ ဈေးတက်တဲ့ခေတ်မှာ ဇိမ်ခံပစ္စည်းပါပဲ။ စီးကရက် တစ်နေ့တစ်ဘူးကို တစ်လစာစုလိုက်ရင် အိမ်ငှားခတစ်လစာလောက်ရှိတယ်။ အကုန်ဈေးတက်လာပြီး နေဖို့စားဖို့နဲ့တင် ရသမျှကုန်တဲ့အခါကျ စီးကရက်တို့ ဝီစကီတို့ကို လျှော့တာလို့ ဖြတ်တာတို့ လုပ်ရမယ့် အခြေအနေဆိုက်သွားပါလိမ့်မယ်။ Microhabitatထဲက “မီဆို” ကတော့ စီးကရက်နဲ့ ဝီစကီကို ဖြတ်မယ့်အစား အိမ်နဲ့မနေဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ်။ အစကတော့ သူက အရင်က သူ့ဆီလာနေခဲ့ဖူးတဲ့ သူငယ်ချင်းတွေ အိမ် တစ်အိမ်ပြီး တစ်အိမ်သွားနေဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ နှစ်တွေလည်းကြာ ဘဝတွေလည်းပြောင်းနဲ့ တစ်အိမ်မှ အဆင်မပြေခဲ့ပါဘူး။ မပြောင်းလဲတဲ့သူဆိုလို့ သူပဲကျန်တာကိုး။ ဒီလိုနဲ့သူ သူ့ဘာသာ အခန်းကျဉ်းလေးငှားဖို့ ရှာခဲ့တယ်။ စုတ်ပြတ်သက်နေတဲ့ အခန်းတောင် သူ တတ်နိုင်တဲ့ဈေးမှာ မရှိနေဘူး။ ဒီအချိန်အထိ မီဆိုရဲ့ ဘဝမှာ အရေးအကြီးဆုံးက သုံးခုပဲရှိတယ်။ စီးကရက် … ဝီစကီ … သူ့ကောင်လေး။ ဒါပေမဲ့ သူ့ကောင်လေးကလည်း လုပ်အားပေးလုပ်ဖို့ ဆော်ဒီအာရေဗျကိုပါသွားတယ်။ ဒီတော့ သူ့မှာ ဘာမှမကျန်တော့ဘူး။ စီးကရက်နဲ့ ဝီစကီပဲ ကျန်တော့တယ်ပေါ့။ ဒီလိုနဲ့ သူ အရက်ဘားကို ရောက်သွားတယ်။ ဝီစကီဈေးကလည်း တက်သွားတယ်။ ဒီလိုနဲ့ မီဆိုဟာ စီးကရက်နဲ့ နေစရာ ဘာကိုရွေးသွားလဲဆိုတဲ့ အကြောင်းကို ဒါရိုက်တာက ပြထားခဲ့တယ်။ ဒါရိုက်တာက IU ရဲ့ Persona ဇာတ်လမ်းတွဲထဲက Kiss Is Sin ဆိုတဲ့ အပိုင်းကို ရိုက်ခဲ့တဲ့တစ်ယောက်ပါပဲ။ Persona ကို ရိုက်ခဲ့တဲ့ ဒါရိုက်တာလေးယောက်လုံးက Art House ဆန်ဆန်တွေ အရိုက်များကြပါတယ်။ ဒီဇာတ်လမ်းမှာ ဒါရိုက်တာက အစစအရာရာဈေးတက်လာခဲ့တဲ့ ကိုရီးယားနဲ့ ပြည်သူတွေအခြေအနေကို ပြချင်တာ ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ ဒီမှာလည်း မထူးဘူးမို့လား Mevius ၃၅၀၀, Dunhill ၅၀၀၀, တစ်နေ့တစ်ဘူးစာနဲ့ တစ်လဆို တစ်လစာအိမ်လခတော့ကောင်းကောင်းရတယ်။ ခင်ဗျားတို့ ကျွန်တော်တို့သာဆိုလည်း ဈေးပေါတဲ့အိမ်ငှားပြီး ဆေးလိပ်တော့ ဆက်သောက်ဖြစ်နေဦးမပေါ့။ ဒီရုပ်ရှင်ကို ဆေးလိပ်ငါးလိပ်လောက်သောက်ရင်း ကြည့်ပြီးတဲ့နောက် ဆေးလိပ်ဆိုတာ ဇိမ်ခံပစ္စည်းဆန်တာကို ကောင်းကောင်းကြီးပိုသတိထားမိသွားခဲ့တယ်။ ဒီလိုနဲ့ ရုပ်ရှင်အပြီးမှာ ကျွန်တော်သင်ခန်းစာရပြီး စီးကရက်နောက်တစ်လိပ် ထပ်မီးညှိဖြစ်သွားတယ်။ “သူများအိမ်မှာ ကပ်နေပြီး စီးကရက်သောက်နိုင်သေးတယ် ငါ အင်မတန်ကံကောင်းပါလား” ဆိုတဲ့ သင်ခန်းစာကြီးပေါ့။ အားလုံးပဲ ရုပ်ရှင်ကြည့်ပြီး သင်ခန်းစာ ယူနိုင်ကြပါစေ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Drama, Romance Quality…. 1080p | 720p | 480p File size… 1.21GB | 555MB | 264MB Format… mp4 Duration…. 1h 46min Subtitle…. Myanmar Subtitle (Hardsub) Translator ….. WiRa Aung Encoder ….. August

Action • Crime • Thriller
7.4 2017 105 mins
Microhabitat
Chevalier
6.6

Chevalier (2022) ============= IMDb Rating – 6.6/10 ဒီဇာတ်လမ်းက တေးရေးဆရာ Chevalier de Saint-Georges ဖြစ်တဲ့ Joseph Bologne အကြောင်းကို အခြေခံပြီး ရိုက်ကူးထား တာပါ။ ပြင်သစ် သစ်တောပိုင်ရှင် သခင် Bologneနဲ့ သူ့ရဲ့ အာဖရိကန် ကျွန်တို့ကနေ မွေးဖွားခဲ့တဲ့ Joseph က ကပြားလူမဲကလေးပါ။ အဲဒီခေတ်က လူမဲတွေကို ကျွန်အဖြစ်နဲ့ သတ်မှတ်ထားကြတာမို့ Joseph ကိုလည်း သူ့ရဲ့အသားအရေနဲ့ ပတ်သက်ပြီး ကလေး တွေက အနိုင်ကျင့်ကြတယ်။ ဒါပေမဲ့ တယောထိုးရာမှာ တစ်ဖက် ကမ်းခတ်အောင်ကျွမ်းပြီး ဓားထိုး၊ ဘာသာစကား စတဲ့ ကျန်တဲ့ ပညာရပ်တွေလည်း အရမ်းကျွမ်းကျင်တာမို့ Joseph က မကြာ ခင်မှာပဲ ပြင်သစ်အထက်တန်းလွှာ တစ်ဦးအဖြစ် ကျော်ကြား လာခဲ့ပါတယ်။ Josephက ပြင်သစ်ဘုရင်မ Marie Antoinette နဲ့လည်း သူငယ်ချင်း ဖြစ်ပေမဲ့ နောက်ပိုင်းမှာတော့ အထက်တန်းလွှာ ခင်ပွန်းသည်ဇနီး Marie Josephine နဲ့ ဖောက်ပြန်တာ၊ ပဲရစ်သံစုံတီးဝိုင်း ခေါင်းဆောင်နေရာကို ပြိုင်ကြတာနဲ့ ဘုရင်မနဲ့လည်း အခင်အမင်ပြတ်သွားတယ်။ နောက်ပိုင်း မှာ လူမျိုးရေးခွဲခြားတဲ့ အတားအဆီးတွေ၊ ပြင်သစ် လူ့အဖွဲ့ အစည်း တော်လှန်ရေးတွေကြောင့် အထက်တန်းလွှာ ကပြား ဖြစ်တဲ့ Joseph က ဘယ်ဘက်ကို သစ္စာစောင့်သိမလဲဆို တာကို ​ဒီဇာတ်လမ်းမှာ ဆက်ပြီးကြည့်ရှုရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်) File Size……….(1.5 GB) / (638 MB) / (384 MB) Quality…………WEB-DL 1080p / 720p / 480p Duration………1Hr 48Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Biography, Drama, History Translator…….Thwal Htoo Zin Encoder……….SWM

Drama • Comedy
6.6 2022 104 mins
Chevalier
HORROR MATE

Horror Mate (2023) ဒီတစ်ခေါက်ကို သည်းထိတ်ရင်ဖို ကျောင်းသားဇာတ်လမ်းလေးတင်ဆက်ပေးချင်ပါတယ် သူငယ်ချင်းသုံးယောက်က အတူတူ ဂိမ်းတီထွင်ခဲ့ပြီးတော့ ဆုတွေလည်းရခဲ့ပါတယ်… ဒါပေမဲ့ သူတို့တီထွင်တဲ့ဂိမ်းက သည်းထိတ်ရင်ဖို ဂိမ်းဖြစ်ပြီးတော့ ကျော်ဖြတ်ရမယ့်အဆင့်တွေလည်း တစ်ခုနဲ့တစ်ခု မတူပါဘူး အဲလိုနဲ့တစ်နေ့မှာ အပြင်လက်တွေ့မှာပါ အဲဒီဂိမ်းကို ကိုယ်တိုင်ဆော့ဖို့ဖြစ်လာတဲ့အချိန်ရောက်လာတော့ ကိုယ်တိုင်တီထွင်ထားတဲ့ ဂိမ်းကို ဘယ်လိုဖြေရှင်းမလဲ လက်တွေ့မှာပါ ဂိမ်းကိုဖြေရှင်းရမှာဖြစ်တဲ့အတွက် သူငယ်ချင်းသုံးယောက် ဘယ်လိုတွေတိုင်ပင်ပြီး ဒီဂိမ်းကိုအဆုံးသတ်မလဲဆိုတာကို ကြည့်ရှုပေးကြပါဦးနော် အညွှန်းနဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။ Genre….. Horror Quality…. 1080p | 720p File size… 1.3GB | 450MB Format… mp4 Duration…. 1h 32min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Joyz Encoder ….. Aaron

Drama • Thriller • Crime
0 2023
HORROR MATE
Green Night
5.9

Green Night (2023) ဒီတစ်ခါမိတ်ဆက်ပေးမှာကတော့ Fan Bing Bing နဲ့ Lee Joo Young တို့အဓိက cast အနေနဲ့ ပါဝင်ထားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ် ကိုရီးယားလေဆိပ်မှာ စစ်ဆေးရေးလုပ်နေတဲ့ တရုတ်အမျိုးသမီး ကျင်းရှားဟာ လေဆိပ်မှာ မူမမှန်တဲ့ မိန်းကလေးတစ်ယောက်ကို သံသယဝင်တာကနေ နောက်ဆက်တွဲတွေအများကြီးကြုံတွေ့လိုက်ရပါတော့တယ် ပိုက်ဆံအရမ်းလိုနေတဲ့ ကျင်းရှားဟာ အဲဒီမိန်းကလေးနဲ့ ပတ်သက်မိပြီး ပြစ်မှုတွေကို ဆက်တိုက်ကျူးလွန်မိတဲ့အခါမှာ အမျိုးသမီးနှစ်ယောက်ရဲ့ ဇာတ်သိမ်းကဘယ်လိုဖြစ်မလဲဆိုတာ ကြည့်ရမှာဖြစ်ပါတယ်… ထူးခြားတာလေးတစ်ခုကတော့ အမျိုးသမီးနှစ်ယောက်ကို ပုံဖော်တဲ့နေရာမှာ သာမန်ပတ်သက်မှုမျိုးထက် အဆင့်ကျော်တဲ့ ဇာတ်ကွက်တွေကို ပြသွားတဲ့အတွက် ရင်တလှပ်လှပ်နဲ့ ရှုစားရမှာဖြစ်ပါတယ်.. အများကြီးမပြောတော့ဘူး Fan Bing Bing တို့ ကိုရီးယားမှာ ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးဆိုတော့ အမိုက်စားဖြစ်မှာ အသေအချာပါပဲ ကြည့်လိုက်ကြပါဦးနော် အညွှန်း န့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p File size… 1.7GB | 586MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Joyz Encoder ….. Aaron

5.9 2023 92 mins
Green Night
Love on the Right Course
6.2

Love on the Right Course (2024) ~ IMDb – 6.2/10, Rotten Tomatoes – 60% ~ Pro Golfer တစ်ယောက်ရဲ့ ဖိအားတွေ အခက်အခဲတွေကို ကျော်ဖြတ်ပြီး ကိုယ်လိုချင်တဲ့အရာကို နောက်ဆုံးမှာ ရှာတွေ့သွားတဲ့ Romance ကား ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုရင် ဝှစ်တနီက သူ့‌အမေလိုပဲ Pro Golfer ဖြစ်ပြီး မိခင်ဖြစ်သူ အဲလစ်စ်က နည်းပြအဖြစ်နဲ့ ပွဲစဉ်တွေတစ်လျှောက် အနိုင်ယူခဲ့ပါတယ်။ သို့ပေမဲ့ အဲလစ်စ်ဆုံးသွားပြီးတည်းက ဝှစ်တနီက အလုပ်မှာ မပျော်တော့ဘဲ လက်ရည်ကျလာပါတယ်။ နောက်တော့ သူ့အဖေရှိတဲ့ ဘူတာပက်စ်မြို့နားမှာ လုပ်မယ့် ချန်ပီယံပွဲမှာ ပြိုင်ဖို့ ကပ်သီလေးပါသွားပါတယ်။ ဖိအားတွေများပြီး Golfer အဖြစ် ဆက်လုပ်ချင်သေးလားဆိုတာ အဖြေရှာဖို့ ဝှစ်တနီက လေ့ကျင့်တဲ့ကာလကို ဖခင်ရှိတဲ့အိမ်ကို ပြန်လာခဲ့ပါတယ်။ ဝှစ်တနီရဲ့ဖခင်က ဂေါက်ကွင်းဖွင့်ထားတာဖြစ်ပြီး ဇနီးဖြစ်သူကို သတိရစိတ်နဲ့ အကုန်ရောင်းချပြီး တခြားနေရာမှာသွားနေဖို့ စီစဉ်နေတာပါ။ အထီးကျန်နေတဲ့ ဖခင်ကို အဖော်ရအောင်လုပ်ပေးပြီး ပြိုင်ပွဲအတွက် ကွင်းမှာလေ့ကျင့်ရင်း ကက်ဒီ ဒယ်နီရယ်နဲ့ဆုံခဲ့ပါတယ်။ ဒယ်နီရယ်က ဝှစ်တနီကို ကိုယ်လုပ်တဲ့အရာကို ချစ်ဖို့ လမ်းညွှန်ပေးရင်း ပြိုင်ပွဲအတွက် ကူပေးခဲ့ပါတယ်။ အတားအဆီး‌တွေကိုကျော်ဖြတ်လို့ နောက်ဆုံးမှာ ဝှစ်တနီတစ်ယောက် အမေ့ခြေ‌ရာနင်းပြီး ချန်ပီယံဆုဖလားအနိုင်ရရုံမက အချစ်ကိုပါ တွေ့သွားတာကို ကြည့်ကြရပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.69GB, 695MB Quality – 1080p, 720p IMDb Rating – 6.2/10 Format – mp4 Duration – 1H 24Min Genre – Comedy, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

Comedy • Drama • Action
6.2 2024 84 mins
Love on the Right Course
Shri Swapankumarer Badami Hyenar Kobole
5.8

Shri Swapankumarer Badami Hyenar Kobole (2024) ==================================== ယခုတင်ဆက်ပေးချင်တဲ့ဇာတ်လမ်းလေးကတော့ ဟာသစုံထောက်ဇာတ်လမ်းမျိုးကိုမှ စာရေးဆရာနဲ့ စုံထောက်ဇာတ်ကောင်ကြားထဲက ဆက်နွယ်မှုလေးတွေကို တင်ဆက်ပြသထားပါတယ်။ စုံထောက်ကြီး ဒီပက်ချာတာဂျီးရဲ့ ရန်သူတော်ကြီး ဘာဒါမီဟိုင်နာဟာဖြင့် နျူကလီးယားဗုံးကို တီထွင်ပြီး ဒီပက်ချာတာဂျီးတိုနေတဲ့မြိုကို ဖျက်ဆီးဖိုလုပ်ပါတော့တယ်။ ဒီမှာပဲ စာအုပ်တွေကြားပဲ သူ့ကိုယ်သူနစ်မြှုပ်ထားတဲ့ စုံထောက်ကြီးဟာ သူ့တပည်ကျော်ဖြစ်တဲ့ ရာတန်လာနဲ့အတူ ရန်သူတော်ကြီး ဘာဒါမီဟိုင်နာကို စာရေးဆရာကြီးဆွာပန်ကူမားနဲ့ အတူတူ ဘယ်လိုတွေ ရင်ဆိုင်တိုက်ခိုက်သွားမလဲ… စုံထောက်ဇာတ်လမ်းဆိုတဲ့အတိုင်း ဘယ်လို ပဟေဠိတွေပါဝင်သွားမလဲ …. အဆုံးသတ်မှာရော စုံထောက်ကြီး အနိုင်ရသွားမှာလား…. ဆိုတာတွေကို ဟာသလေးတွေနှောရင်း ကြည့်ရှုရမယ့် စုံထောက်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Char Ou ပဲ ဖြစ်ပါတယ်။ File size_(1.4GB)/(750MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_02:26:00 Genre_Action, Comedy Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Char Ou

Horror • Thriller
5.8 2024
Shri Swapankumarer Badami Hyenar Kobole
Serial Mom
6.8

ဗယ်ဗလီဆပ်ဖင်း ဆိုတဲ့ အိမ်​ထောင်ရှင် အမျိုးသမီး၊ ​ယောက်ျားအတွက်​ရော သားသမီးဘအတွက်​ရော တာဝန်​ကျေပွန်တဲ့ အမျိုးသမီး တ​ယောက် သူ့မိသားစု က​တောင် မသိတဲ့ သူရဲ့စိတ်​နေစိတ်ထား တခြားတဘက်မှာ​တော့ သူက ​ကြောက်စရာ​သွေး​​အေး​အေး စိတ်​တဇ လူတ​ယောက်ဖြစ်​နေ​သောအခါ …. ၁၉၉၄ ခုနှစ်က ထွက်ရှိထားပြီး ယခုအချိန်ထိ ​ပြော​နေကြရတဲ့ classic ဇာတ်ကားဖြစ်ပါတယ် ဇာတ်ကားတခုလုံး တရှိန်ထိုးကြည့်ရှုရမှာမို့လို့ ဒီလိုဇာတ်ကား​တွေ ကြိုက်နှစ်သက်တဲ့သူ ​​တွေ လက်မလွတ်သင့်တဲ့ကားပါ က​လေးငယ်​တွေ၊နှလုံးမ​ကောင်းတဲ့သူ​တွေ အတွက် မသင့်​တော်တဲ့ ​သွေးထွက်သံယို အခန်း​တွေ ပါဝင်တာကို​တော့ သတိ​ပေးချင်ပါတယ် File size…(1.8 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:35:00 Genre… Comedy, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Dar Dar

Drama
6.8 1994
Serial Mom
Dawn of the Dead
7.3

ကြောက်တက်သူများ ကြည့်ဖို့မသင့်တော်ပါဘူး သွေးသံရဲရဲတွေနဲ့ သဘာဝကျစွာ ပုံဖေါ်ထားတာဖြစ်လို့ Horror ကြိုက်သူတို့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းလေးပါ။ ဇွန်ဘီကားဆိုပေမဲ့ ဖြစ်သလိုဇာတ်အိမ်ဖွဲ့ထားတာမျိုးမဟုတ်ပဲ သဘာဝကျကျ ဖွဲ့ထားပါတယ်။ သေချာခံစားပြီးကြည့်ရင် သင်ကိုယ်တိုင် ဇာတ်လမ်းထဲမှာ စီးမျောနေသယောင်ခံစားရပါလိမ့်မယ်။ ဘဝကို ရိုးရှင်းစွာဖြတ်သန်းနေတဲ့ သူနာပြုမလေးတစ်ယောက်။ တစ်နေ့ဂျူတီပြီးလို့ အိမ်အပြန် ညနေပိုင်းလောက်မှာ မိန်းကလေးတစ်ယောက် တံခါးဝမှာရပ်နေပါတယ်… ကလေးရဲ့ ပါးစပ်မှာသွေးတွေပေနေပြီး လူကလောက်ကျောက်ရုပ်လိုငြိမ်သက်နေပါတယ် ဂါဝန်အဖြူမှာလည်း သွေးတွေစွန်းထင်းနေပါတယ်။ သူမကိုမြင်တော့ အကူညီလိုနေတယ်ထင်လို့ အကူညီခေါ်ပေးဖို့ အနားသွားလိုက်တဲ့အခါမှာတော့.. ကမောက်ကမတွေဖြစ်ကုန်ပါတယ်… အသက်ရှင်ကျန်ရစ်သူ သူနာပြုမလေးကတော့ ခြေဦးတည့်ရာ ပြေးရင်းလွှားရင်း လူတစ်စုနဲ့ပေါင်းမိပြီး မောလ်ကြီးတစ်ခုထဲကို ရောက်ရှိသွားပါတယ်။ အဲဒီမောလ်ကြီးဟာ အသက်ရှင် ကျန်ရစ်တဲ့သူတွေအတွက် မှီခိုရာနေရာလေးဖြစ်သွားပါတော့တယ်..။ တစ်ကယ်တော့ သူတို့တွေအားလုံးက ဇွန်ဘီကောင်တွေရဲ့ သဘောသဘာဝကို မသိကြပါဘူး ဘယ်လိုကူးစက်လဲဆိုတာကိုလည်းမသိကြပါဘူး..။ တစ်နေ့မှာ မောလ်ထဲကို လူသစ်တွေထပ်ရောက်လာပါတယ် သူတို့ထဲက တစ်ယောက်က အကိုက်ခံထားရပြီး အခြေနေက အတော်ဆိုးရွားနေပါပြီ။ သူ..သေသွားပြီး တစ်ဖန်ပြန်ထလာကာ တွေ့တဲ့လူကို လိုက်ကိုက်ပါတော့တယ်။ အဲဒီအချိန်မှာပဲ အကိုက်ခံရရင် ကူးစက်တယ်ဆိုတာ သိရှိကြပါတော့တယ်…။ ဒါပေမဲ့ သူတို့သိတာနောက်ကျခဲ့ပါပြီ…။ တစ်ကယ်လို့များ အဲဒါကို အစကတည်းကသိခဲ့ကြရင်…။ ရင်တစ်ထိတ်ထိတ် သဲတဖိုဖိုနဲ့ အူယားစရာကောင်းအောင်းကြည့်ရှု့ခံစားရမဲ့ ဟောင်းပေမဲ့ ကောင်းနေဆဲ ဇာတ်ကားလေးဖြစ်တာကြောင့် တင်ဆက်ပေးလိုက်ပါတယ်။

7.3 2004 101 mins
Dawn of the Dead
The Shadow Strays
6.7

အင်ဒိုဇာတ်ကားဆိုရင် တော်ရုံတန်ရုံ ဒရာမာကား သရဲကားလောက်ပဲ နာမည်ကြီးတာများပြီးတော့ အက်ရှင်ကားရိုက်ရင်သိပ်မပေါက်မမြောက် ပါဘူး။ဒါပေမယ့် အခုတင်ဆက်ပေးမဲ့အင်ဒိုအက်ရှင်ဇတ်ကားကတော့ အက်ရှင်ချစ်သူတွေအချိန်ပေးကြည့်ရတာတန်စေမဲ့ နိုင်ငံတကာအဆင့်မှီ အင်ဒိုအက်ရှင်ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်ကားနာမည်ကတော့ The Shadow Strays ဖြစ်ပြီး လက်ရှိ IMDb Rating 6.8 အထိရရှိထားပါတယ်။ နိုင်ငံတကာမှာအာဏာကြီးမားတဲ့ ရာဇဝတ်ဂိုဏ်းခေါင်းဆောင် ကြီးတွေတောင်ကြောက်ရတဲ့ ကြေးစားလူသတ်အဖွဲ့တစ်ဖွဲ့ရှိပါတယ်။ အဲ့ဒီအဖွဲ့ရဲ့နာမည်ကတော့သေမင်းအရိပ်ဖြစ်ပြီး နာမည်အတိုင်းပဲ အရိပ်တွေထဲကနေထွက်လာပြီး တိုက်ခိုက်တတ်တဲ့ ကြေးစားလူသတ် သမားတွေဖြစ်တဲ့အတွက် အဖွဲ့ရဲ့အေးဂျင့်တွေကိုလည်း အရိပ်တွေလို့ပဲ ခေါ်ဆိုပါတယ်။ ဇာတ်လမ်းအစမှာတော့ အဲ့ဒီသေမင်းအရိပ်အဖွဲ့က ဂျပန်ယာကူဇာဂိုဏ်း တစ်ခုကိုဝင်ရောက်သုတ်သင်ပုံကိုတွေ့ရမှာဖြစ်ပြီး အရိပ်တွေအများကြီး ထဲကတစ်ယောက်ဖြစ်တဲ့ ၁၃ ကတော့သနားညှာတာမိပြီးတုံ့ဆိုင်းမိခဲ့တဲ့ အတွက် ရာထူးကနေရပ်နားခံလိုက်ရပါတော့တယ်။ကြေးစားလူသတ် သမားဆိုတာကလည်း သနားကြင်နာမှုတွေ ညှာတာမှုတွေရှိလို့မရတဲ့ အလုပ်ဖြစ်တဲ့အတွက် ၁၃ ကတော့တော်တော်နဲ့စစ်ဆင်ရေးပြန်လုပ်ခွင့် မရခဲ့ပါဘူး။းဒီလိုနဲ့စစ်ဆင်ရေးမရဘဲ ကြောင်ပျောက်နေတဲ့ ၁၃ ရဲ့အာရုံကို သူနဲ့တစ်တိုက်တည်းနေနေတဲ့သားအမိ ၂ ယောက်ကဖမ်းစားသွားပါ တော့တယ်။အမေဖြစ်သူက သူတို့နေထိုင်ရာ ဂျာကာတာမြို့မှာ လက်ဝါးကြီး အုပ်ထားတဲ့ မူးယစ်ဆေးရောင်းဝယ်တဲ့ဒုစရိုက်သမားကြီးတွေနဲ့ ပတ်သတ်ပြီး ပိုက်ဆံရှာနေတဲ့အတွက် သိပ်မကြာခင်မှာပဲ အသတ်ခံခဲ့ရပါတော့တယ်။ ဒီလိုနဲ့ကျန်ခဲ့တဲ့ကောင်လေးကို မောင်လေးတစ်ယောက်လိုစောင့်ရှောက် နေချိန်မှ အဲ့ဒီလူဆိုးတွေက သက်သေဖျောက်ဖို့ကောင်လေးကိုပါ ဖမ်းခေါ် သွားတဲ့အချိန်မှာ တစ်သက်လုံးလူသတ်ခဲ့တဲ့လက်နဲ့ အဲ့ဒီကောင်လေးရဲ့ အသက်တစ်ချောင်းကိုဘယ်လိုပြန်ကယ်မလဲဆိုတာကို အက်ရှင်အကြမ်းစား တွေနဲ့ကြည့်ရှုရမဲ့ အင်ဒိုဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ File size…1.84GB / 1.04GB Quality…NF WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….2h 24m Genre ….. Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.7 2024 145 mins
The Shadow Strays
Qimen Mechanism Scroll
5.8

ဒဏ္ဍာရီထဲမှာ ချီမိန်စက်ကျမ်းစာထဲမှာ အလောင်းဘုရင် ချုပ်ထိန်းပညာကို မှတ်တမ်းတင်ထားတယ်လို့ ပြောကြပါတယ်။အဲဒီ ကျမ်းစာကို ရသူက လောကကြီးကို ပိုင်နိုင်ပြီတဲ့။ အဲဒီကျမ်းစာကို ကွေကူသင်္ချိုင်းမှာ ရှိတယ်လို့ ပြောကြတဲ့အတွက် ချီတိုင်းပြည်နဲ့ ချူတိုင်းပြည်တို့က သူ့ထက်ငါအရင်ရအောင် သင်္ချိုင်းဂူထဲကို ဆင်းရှာခဲ့ကြပါတယ်။ ဒါပေမဲ့ ကျမ်းစာကိုမရတဲ့အပြင် နှစ်ဖက်လုံး ဒဏ်ရာရသူ သေဆုံးသူ များပြားခဲ့ပါတယ်။ မော့ဂိုဏ်းတပည့် မော့ရှင်းဟာ ဆရာတူအစ်ကို ကုံးစူးယန်နဲ့ ဆရာတူညီမလေး အားပေါင်းတို့ကို ခေါ်ပြီး နှစ်နိုင်ငံစစ်ရေးကို တားဆီးနိုင်ဖို့ မျှော်လင့်ချက်နဲ့ ကွေကူသင်္ချိုင်းကို သွားခဲ့ပါတယ်။ ကွေကူသင်္ချိုင်းထဲမှာ ကျမ်းစာကို မရခဲ့ပေမဲ့ ကျမ်းစာရှိရာနေရာကို ပြတဲ့ မြေပုံတစ်ခုတော့ ရခဲ့ပါတယ်။ စစ်ဖြစ်ချင်သူအဖွဲ့နဲ့ စစ်ကို ရှောင်ရှားချင်သူတို့ကြား ဘယ်လို ဉာဏ်နီဉာဏ်နက်တွေနဲ့ အကြံအစည်မျိုးတွေ ရှိနေမလဲ…… အဲဒီ အကြံအစည်တွေ နောက်ဆုံး အောင်မြင်လိမ့်မလား…… ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

Comedy • Action
5.8 2025
Qimen Mechanism Scroll
Parandhu Po
8.9

Parandhu Po 2025 (အထီးကျန်ဘဝလေး) အန်ဘူလို့ခေါ်တဲ့ ကလေးလေးဟာ အလုပ်များတဲ့ မိဘတွေကြောင့် အိမ်မှာပဲ အမြဲ သော့ပိတ်ခံထားရကာ အွန်လိုင်းအတန်းတွေ တက်ရင်း ဘဝကို အထီးကျန်နေထိုင်နေရသူတစ်ယောက်ပါ။ သူ့မိဘတွေဟာလည်း အန်ဘူကို မချစ်လို့မဟုတ်ဘဲ အကြွေးတွေဆပ်နိုင်ဖို့အတွက်နဲ့ ကြိုးစားရုန်းကန်နေရတာကြောင့်ပဲဖြစ်ပါတယ်။ အဖေဖြစ်သူကတော့ ကုန်ပစ္စည်းတွေကို လိုက်လံပို့ဆောင်ပေးတဲ့အလုပ်ကိုလုပ်ပါတယ်၊ မိခင်ဖြစ်သူကတော့ ကွိုင်ဘာတိုရ်မှာ အထည်သွားရောင်းနေတာပဲဖြစ်ပါတယ်။ အန်ဘူလေးဟာ အိမ်ထဲမှာပဲ အမြဲ သော့ပိတ်ခံထားရတဲ့သူဖြစ်တာကြောင့် အထီးကျန်ကာ အဖော်လိုချင်နေပြီး မိဘတွေအပေါ်မှာလည်း နွဲ့ဆိုးလေး ဆိုးရှာပါတယ်။ အန်ဘူတို့ မိသားစုသုံးယောက် အကြွေးကိစ္စတွေကို ဘယ်လို ဖြေရှင်းသွားကြမလဲ ……. အန်ဘူကိုရော အထီးကျန်ဘဝကနေ လွတ်မြောက်အောင် ဂရုစိုက်ပေးနိုင်ကြမလား …… ဆိုတာတွေကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ငွေကြေးမပြည့်စုံတဲ့ဘဝတွေရဲ့ ရုန်းကန်လှုပ်ရှားမှုတွေ၊ တစ်ဦးတည်းသောကလေးတွေရဲ့ ခံစားချက်တွေ၊ မိဘတွေရဲ့ သားသမီးအပေါ်မှာထားတဲ့ ချစ်ခြင်းမေတ္တာတွေကို ဟာသလေးတွေ နှောရင်း ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~ V~ Brian~ Alex~ KKKZ ဖြစ်ပါတယ်)

Crime • Action • Drama
8.9 2025 130 mins
Parandhu Po