YoteShin Drive is below this article. Scroll down to view.

Google Pixel Watch brows and major functions

Author: Anonymous Published on: 12 Aug 2022

Google will announce the first smartwatch of the company called Pixel Watch on October 6. Before the introduction of the smartwatch, the photo and key features of the smartwatch were leaked. Black It will produce silver with gold and gold and can choose the colors such as Lemongrass, Olive, Red, Gray, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige and Green. The photos have been seen in the photo and crown. Google Pixel Watch: That Pic.twitter.com/jfeac8fkuj & mdash; Snoopytech (@_snoopytech_) October 2, 2022 You can wear up to 50 meters of water and protect against Gorilla Glass. Sleeping, The health features that measure heart rate will include Emergency Mode, Quick Pairing Buds and 6-month Fitbit Premium subscription. Other functions will include Maps for Wear OS, Google Assistant, Google Wallet, and Health BY Fitbit. Google will sell the minewriting for the pixel watch in the winter, and the smartwatch in the photo box shared by the Google News Telegram Channel. Sports Band, There are a USB-C Magnetic Charging Cable and Quick Start Guides. The pixel watch will be supported by Gmail and Google Calendar and the smartwatter's battery life will be used for a day. Wifi / Bluetooth edition is expected to set the LTE edition $ 399 for $ 399. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

The.Rising.S01E02.1080p.CM.mp4

488.3 MB 1080p video/mp4 74 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Last Christmas
7.2

ဒီရုပ်ရှင်လေးက ရုံတင်ကတည်းက အတော်လူကြိုက်များခဲ့ပါတယ်။ Romance ကား ကောင်းကောင်းလေးပါပဲ။ ပျော်ဖို့ကောင်းတယ် ချစ်စရာကောင်းတယ် မထင်ထားတဲ့ ဇာတ်လမ်းမျိုးလေးဖြစ်နေတယ်ပေါ့။ နောက်ခံသီချင်းလှလှလေးတွေသုံးထားတယ်။ ကျွန်တော်ကတော့ မင်းသမီး အမ်မလီယာကလာ့ခ်ရဲ့ ဖန်မို့ ပိုကြိုက်မိပါတယ်။ မစ်ချဲယိုကလည်း ဇာတ်ပို့အဖြစ် အားဖြည့်ပေးထားပါတယ်။ ဇာတ်လမ်းကတော့ Last Christmas သီချင်းကို အဓိက ဇာတ်အိမ်တည်ထားတာပေါ့။ ကတ်ထရီးနား ခေါ် ကိတ် ဟာ အမေ နဲ့ရော အစ်မနဲ့ရော မတည့်တဲ့ ဂျစ်ကန်ကန်ကောင်မလေး၊ ဘဝကို အရက်တွေ ယောကျာ်းတွေနဲ့ ဖြစ်သလိုဖြတ်သန်းနေတဲ့သူပေါ့။ တစ်ရက်မှာတော့ ထူးဆန်းပြီး လူတွေကို ကူညီတတ်တဲ့ တွမ် ဆိုတဲ့ ကောင်လေးနဲ့ စမိချိန်မှာ…..။ File size…(2 GB) and (1 GB) Quality…Blu-Ray 1080p & 720p (HEVC Encode) Format…mkv Duration….01:43:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Little Neo

Drama • Romance
7.2 2019 102 mins
Last Christmas
Team America: World Police
6.7

IMDb..7.2,,,, Rt..77% ဂယ်ရီက ဘရော့ဝေးက ပြဇာတ်သရုပ်ဆောင်ပေါ့... တစ်နေ့မှာ သူ့ကိုချဉ်းကပ်လာတာက အမေရိကားအဖွဲ့ ဆိုတဲ့ နိုင်ငံတကာရဲတပ်ဖွဲ့ကို ညွှန်ကြားနေသူ စပေါ့စ်ဝုဒ်ပေါ့ သူတို့ပေးချင်တဲ့တာဝန်က အရှေ့အလယ်ပိုင်းသားဟန်ဆောင်ပြီး အကြမ်းဖက်သမားတွေဆီက သတင်းနှိုက်ထုတ်ပေးဖို့ပါပဲ ဒီလိုနဲ့ ဂယ်ရီတစ်ယောက် ဘယ်လိုမြွေကိုက်မလဲဆိုတာကတော့…. Imdb မှာ မှာ 7.2/10 အထိ ရရှိထားပြီး Stupid and offensive but funniest ဇာတ်ကားအဖြစ် ရီဗျူးတွေ ဝေဝေဆာဆာ ရရှိထားတဲ့ puppet ဇာတ်ကားဖြစ်တာမို့ အပိုတွေ မပြောတော့ပါဘူး။ တကယ့် တလွဲတွေနဲ့ parody ကားကောင်းကောင်းကြည့်ချင်နေရင် ကြည့်ဖို့ညွှန်းပါရစေ။ File Size : (1.9GB) (696 MB) and (232 MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…01:38:00 Genre : Action , Comedy, Animation Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Phyo Pyae

Drama • Fantasy • Horror • Thriller
6.7 2004 98 mins
Team America: World Police
Blast from the Past
6.7

ပရိတ်သတ်ကြီးရေ ထူးဆန်းထွေလာ စိတ်ကူးယဉ်ဇာတ်လမ်းတွေနဲ့ ပတ်သတ်လာရင် The Mummy, George of the Jungle, Journey ကားတွေလို ္Fantasy တွေနဲ့ နာမည်ကြီးတဲ့ မင်းသားကြီး Brendan Fraserကို မေ့ထားလို့မရပါဘူး။ ကျွန်တော်ဆိုလည်း ငယ်ငယ်ကတိုင် သူ့ရဲ့ဇာတ်လမ်းတွေကို သိပ်သဘောကျခဲ့တာပါ။ အခုလည်း စီအမ်ပရိသတ်ကြီးအတွက် မင်းသားကြီးရဲ့ အချစ်/ဟာသ ဇာတ်လမ်းလေဟောင်းတစ်ပုဒ် တင်ဆက်ပေးပါရစေ။ ၁၉၉၉ ခုနှစ်ကထွက်တာဆိုတော့ ကျွန်တော်နဲ့ သက်တူရွယ်တူပဲဗျ။ ဖေဖော်ဝါရီလမှာ ထွက်တာဆိုတော့ ကျွန်တော့်ထက်တောင် လပိုင်းကြီးသေးဗျာ။ ဘရန်ဒန့်ဇာတ်လမ်းပီပီ သောင်းပြောင်းထွေလာတွေ မပါမှာကလည်း ပူစရာမလို့ပါဘူး ဇာတ်လမ်းအစမှာတော့ သူ့ရဲ့နောက်ခံဝန်းကျင်က ၁၉၆၂ ခုနှစ် ဆိုဗီယက်တွေနဲ့ အမေရိကန်တို့ တင်းမာမှုတွေ ရှိနေတဲ့ အချိန်ကာလပေါ့၊ အဲဒီမှာ ကယ်ဗင်ဆိုတဲ့ သိပ္ပံပညာရှင်တစ်ယောက်က နျူကလီးယား တိုက်ခိုက်မှုတွေ ရှိလာတဲ့အခါ ဘေးရှောင်နိုင်ဖို့ မြေအောက်ဗုံးခိုကျင်းကြီး တစ်ခု တည်ဆောက်ခဲ့တယ်။ နျူကလီးယားကိုတောင် ခံနိုင်ရည်ရှိတယ်ဆိုတော့ တွေးသာကြည့်ပေးတော့ပေါ့။ ဒီလိုနဲ့ သူပြင်ဆင်ထားသလိုပဲ တစ်နေ့မှာ ဒီကိစ္စတွေ ဖြစ်လာပြီး သူ့မိန်းမ ကိုယ်ဝန်သည် ဟယ်လင်နဲ့အတူ နျူကလီးယားနောက်ဆက်တွဲဒဏ်တွေ ကာကွယ်ဖို့ မြေအောက်မှာပဲ ၃၅ နှစ်ကြာနေဖို့ အခြေအနေဖြစ်လာခဲ့တယ် ။ မွေးလာတဲ့ သား အဒမ်ကိုလည်း မြေအောက်ထဲမှာပဲ အကုန်ပျိုးထောင်သင်ကြားပေးခဲ့တာပေါ့။ တကယ်တော့ သူတို့ထင်သလို နျူကလီးယား ပေါက်ကွဲခဲ့တာမဟုတ်တဲ့အတွက် ကမ္ဘာကြီးရော လူတွေပါ ပုံမှန်လည်ပတ်နေခဲ့တာပါ။ ဒါကို မသိတဲ့ ကယ်ဗင်တို့ မိသားစုကတော့ မြေအောက်မှာပဲ ဆက်နေခဲ့ကြပါတယ်။ မြေပြင်ပေါ်မှာ ၃၅ နှစ်တာ ခံမယ့် အဆိပ်ငွေ့ ရှိတယ်ဆိုတဲ့ ယုံကြည်မှုကြောင့် တစ်ခါမှလည်း တက်ကြည့်ဖို့ မကြိုးစားခဲ့ကြပါဘူး ဒီလိုနဲ့ ၃၅ နှစ်အကြမှာ မြေပြင်ပေါ်ကို တစ်ယောက်တည်း အရင်တက်ကြည့်ပြီး ခေတ်အပြောင်းအလဲတွေကို လိုက်မမီတဲ့ ကယ်ဗင်ကြီးက ကမ္ဘာကြီး အရင်လိုမဟုတ်တော့ဘူး မြေအောက်မှာပဲ ဆက်နေရမယ်တွေ ဖြစ်ပြီး သားဖြစ်သူ အဒမ်ကို မြေပြင်ပေါ်တက် ရိက္ခာရှာခိုင်းတဲ့ အချိန်မှာတော့ …….. File size…( 2.03GB) / (1.44GB) / (660MB) Quality…. Web 1080P / 720p / 480P Format…mp4 Duration….01:52:00 Genre… Comedy / Drama / Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Act Molemy

Horror • Thriller
6.7 1999 112 mins
Blast from the Past
The Travelling Cat Chronicles
6.8

The Travelling Cat Chronicles (2018) “ခုနစ်ရောင်သက်တံ ဆိုတာ နန ရဲ့သက်တံပေါ့”တဲ့။ ဒါကတော့ ကျွန်တော့်သခင် ဆတိုးရု ပြောခဲ့တဲ့စကားပါ။ နန ဆိုတဲ့ ကျွန်တော့်နာမည်က ဂျပန်လိုဆို ခုနစ်မလို့တဲ့လေ။ ဆတိုးရုက သိပ်ကို ကြံကြံဖန်ဖန်တွေးတတ်တာပဲနော်။ပြီးတော့ ကျွန်တော့်ကို သိပ်ချစ်ရှာပြီး ကျွန်တော့်အတွက်ဆို ငိုပါငိုကြွေးတဲ့ လူသားပေါ့။ ဆတိုးရုနဲ့ ကျွန်တော်နဲ့ စတွေ့ခဲ့ပုံကို ပြောပြပါဦးမယ်။ကျွန်တော်ဆိုတာ အရင်တုန်းက လမ်းပေါ်မှာ လေလွင့်နေတဲ့ ကြောင်တေလေတစ်ကောင်ပေါ့ဗျာ။အဲဒီလိုကျွန်တော့်ကိုမှ တယုတယနဲ့ အစာလာကျွေးနေကျဖြစ်တဲ့ လူသားကတော့ အခု ကျွန်တော့်သခင်ဖြစ်လာတဲ့ ဆတိုးရုပေါ့။ သိတဲ့အတိုင်း စတွေ့တဲ့အချိန်တုန်းက ကျွန်တော်ဟာ ကြောင်လောကမှာလည်း ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နေတဲ့ ဆရာကြီးဆိုတော့ မာနကလည်းတစ်ခွဲသားနဲ့ဗျ။ စားစရာရှိတာစားပြီးရင် သံယောဇဥ်တွေအတွယ်မခံ၊ ပွတ်သပ်လည်း မခံဘူး။ဝတ်ကျေတန်းကျေလောက်ပဲ ဆက်ဆံတာပေါ့။ ဒါပေမဲ့ တစ်နေ့မှာတော့ ခါတိုင်းလို ကြောင်အစည်းအဝေးပွဲ သွားရမယ့်ညမှာ ကျွန်တော့်ဘဝကို တစ်ဆစ်ချိုး ပြောင်းလဲစေခဲ့တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့တယ်ဗျ။ ဒါကတော့ လမ်းဖြတ်ကူးနေတုန်း ကားတိုက်ခံလိုက်ရတာပါ။ အမှားလေး တစ်ချက်​ကအသက်ကို နှုတ်ယူသွားနိုင်တဲ့ လေလွင့်ကြောင်တွေရဲ့ဘဝပေါ့ဗျာ။ ကျွန်တော်တစ်ကောင်တည်း လမ်းမကြီးထက်မှာ ကူရာကယ်ရာမဲ့ ဝေဒနာခံစားနေရပြီး သိပ်နာကျင်လွန်းလို့ သေရတော့မှာပါလားလို့ တွေးမိတဲ့အချိန်မှာ ကျွန်တော့်အတွေးထဲ ပေါ်လာတာက သူပါပဲ။ ဟုတ်တယ် သူ၊ ကျွန်တော့်ကို ကြင်နာယုယပေးတဲ့သူ၊ ကျွန်တော်အသံကုန်ခြစ်ပြီး အော်ခေါ်ခဲ့တယ်။ ကယ်ပါဦး၊ ငါ့ကို လာကယ်ပါဦး ဆိုပြီးတော့လေ။ တကယ်လည်း သူ ရောက်လာခဲ့ပါတယ်။ ဒီလိုနဲ့ ကြင်နာတတ်တဲ့ နှလုံးသားပိုင်ရှင် ဆတိုးရုဆိုတဲ့ကောင်လေးက ကျွန်တော့်သခင်ဖြစ်လာတာပေါ့ဗျာ။ သူနဲ့ ကျွန်တော် ပျော်ပျော်ရွှင်ရွှင်နေလာခဲ့ပြီး တစ်နေ့မှာတော့ ဆတိုးရုက ထူးထူးဆန်းဆန်း ကျွန်တော့်ကို ခေါ်ပြီး ခရီးထွက်ပါလေရော။ ကျွန်တော်ကတော့ ဘာကြောင့်မှန်းမသိပေမယ့် ဆတိုးရုနဲ့အတူ မမြင်ဖူးမတွေ့ဖူးတဲ့ နေရာအသစ်အဆန်းတွေကို သွားရလို့ပျော်နေတာပေါ့ဗျာ။ ပြီးတော့မှ ဘယ်ဟုတ်မလဲ ဆတိုးရုက ကျွန်တော့်ကို သူများဆီမှာ ထားခဲ့ဖို့လုပ်နေတာဗျ။ ဘယ်လိုမှ နားမလည်နိုင်တော့ဘူး ကျွန်တော်က ဆတိုးရုရဲ့ကြောင်လေ။ တစ်သက်လုံး သူနဲ့ပဲနေမှာကို သူ့နားကနေ တစ်ဖဝါးမှခွာမှာ မဟုတ်ဘူးဆိုတာ အဲဒီအရူးကြီး မသိဘူးထင်တယ်။ ခင်ဗျားတို့ရော ဆတိုးရုကို ဘ ာလို့ကျွန်တော့်ကို သူများဆီပေးဖို့ လုပ်နေတာလဲ သိကြလားဟင်။ …………………….. ဂျပန်စာရေးဆရာမ Hiro Aikawa ရဲ့ ၂၀၁၂ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ နာမည်ကြီးဝတ္ထုဖြစ်တဲ့ 「旅猫リポート」ကြောင်လေးရဲ့ ခရီးသွားမှတ်တမ်း ဝတ္ထုစာအုပ်ကို ဇာတ်လမ်းအနေနဲ့ ပြန်လည်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ မြန်မာဘာသာပြန် စာအုပ်လည်းထွက်ရှိထားပြီး ဇာတ်ကားအနေနဲ့လည်း ကြောင်ချစ်သူတွေသာမက အားလုံးအတွက် အချိန်ပေးရတာနဲ့တန်တဲ့ ဇာတ်ကားကောင်းလေးမို့ ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါတယ်။

Action • Crime • Thriller
6.8 2018
The Travelling Cat Chronicles
Wayang Puaka

ဒီတစ်ခါမှာတော့ CM ရဲ့ Horror ပရိတ်သတ်ကြီးများအတွက် မလေးရှား သရဲကားကောင်းကောင်းလေးကို တင်ဆက်ပေးလိုက် ချင်ပါတယ်။ ဇာတ်ကားနာမည်က မြန်မာလိုဆိုရင်တော့ “သရဲခြောက်တဲ့ရုပ်ရှင်ရုံ” ပါတဲ့။ ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင် ဟက်တာလို့ခေါ်တဲ့ ကောင်လေးနဲ့ သူ့သူငယ်ချင်းတစ်စုက အာနိုမာလီလို့ခေါ်တဲ့ Ghost hunting YouTube channel တစ်ခုထောင်ထားကြပါတယ်။ မလေးရှားနိုင်ငံအတွင်းက သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့ နေရာတွေကိုသွားပြီး သရဲရှာတာမျိုးကို ရိုက်ကူးတင်ဆက်တဲ့ Channel မျိုးပေါ့။ အဲ့ channel က နာမည်ရလာခါစအချိန်မှာ အာနိုမာလီအဖွဲ့သားတွေက လူငယ်တွေဖြစ်တဲ့အလျှောက် သဘောထားမတိုက်ဆိုင်မှုတွေ ပြဿနာကိစ္စအဝဝတွေကြောင့် အဖွဲ့ပျက်သွားခဲ့ပါတယ်။ အာနိုမာလီအဖွဲ့ကိုစတည်ထောင်တဲ့ ဟက်တာတစ်ယောက်တည်းကပဲ ရိုက်ကူးရေးတွေဆက်လုပ်ရင်း တစ်နေ့မှာတော့ ရုတ်တရက်ပျောက်ဆုံးသွားပါတော့တယ်။ အာနိုမာလီ အဖွဲ့သားဟောင်းတစ်ဖြစ်လဲ ဟက်တာရဲ့ညီဖြစ်သူ အာဖစ်က ဟက်တာရဲ့ Laptop ထဲကို ဝင်ကြည့်တဲ့အခါမှာ ဟက်တာနောက်ဆုံး သွားခဲ့တဲ့နေရာဟာ သရဲခြောက်တဲ့ရုပ်ရှင်ရုံဆိုတာကိုသိသွားပြီး အာနိုမာလီအဖွဲ့သားဟောင်းတွေနဲ့ အဲ့နေရာကိုသွားရောက်ရိုက်ကူးဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဇာတ်လမ်းအကျဉ်းကတော့ဒီလောက်ပါပဲ။ ဒီဇာတ်ကားက Found footage horror movie မျိုးဖြစ်တဲ့အတွက် သူတို့ရဲ့ရိုက်ကူးရေးကင်မရာတွေ Cctvကင်မရာတွေ web camတွေ စတဲ့ ကင်မရာ footageမြင်ကွင်း တွေကိုတင်ဆက်ထားတာမို့ ပိုပြီး သဘာဝကျတဲ့ခံစားမှု‌မျိုးကိုပေးစွမ်းနိုင်မှာပါ။ Horror movieမှာဆို အဆင့်အတန်းတစ်ခုရှိတဲ့ ‌မလေးရှားသရဲကားဖြစ်တဲ့အတွက် horror အရသာကိုကောင်းကောင်းပေးနိုင်မယ့်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…2.13 GB / 727 MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 28m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

0 2023
Wayang Puaka
Laapataa Ladies
7.3

Laapataa Ladies 2023 (လွဲခဲ့လေသော ဘူတာ) IMDb 8.4 ဖူးစာပါရင်တော့ ရထားလွဲလည်း ဘူတာမှန်မှာပြန်ဆုံနိုင်ပါတယ် ဒီကားကတော့ ဇာတ်လမ်းအစတည်းကဘူတာမှားခဲ့ကြတဲ့ ဖူးစာဘက်တွေအကြောင်း ဟာသလေးနှောပြီးတင်ဆက်ထားတဲ့ ရုံတင်ကားတစ်ကားပါ Box office အနေနဲ့ 216 သန်းရရှိထားပြီး မဆိုးလှတဲ့ဇာတ်ကားလေးတစ်ကားဖြစ်လို့ ကြည့်ရှုကြဖို့ ညွှန်းဆိုလိုက်ရပါတယ် နေ့ထူးနေ့မြတ်ဖြစ်တဲ့ပွဲတော်ရက်မှာ လက်ထပ်ပွဲလုပ်ကြရင် တစ်သက်လုံးပျော်ရတယ်ဆိုတဲ့အစဉ်အလာနဲ့ ဒီပွဲတော်နေ့ဖြစ်တဲ့ထရီတီယာနေ့မှာ အိမ်ထောင်ပြုကြသူတွေ ကြိတ်ကြိတ်တိုးပေါ့ သျှောင်နောက် ဆံထုံးပါဆိုသလို ယူပြီးလို့ လင်ယောက်ျားရွာကို လိုက်ရမဲ့အချိန်ရောက်တော့လည်း ရထားဘူတာမှာ ကြိတ်ကြိတ်တိုးပေါ့ ရထားတစ်တွဲမှာ မင်္ဂလာစုံတွဲ ၃တွဲလောက်တော့ပါပြီးသားပါပဲ ဒီထဲမှာဒီပူတို့လည်းပါတာပေါ့ ကြင်စဦး လောလောလတ်လတ်မင်္ဂလာဆောင်ပြီး ဇနီးသည်လေးကို ရွာခေါ်လာဖို့ ဒီရထားပေါ်ပါလာခဲ့တယ် လူတွေများတဲ့ရထားတွဲပေါ်တက်မိပြီး သူတို့ရတဲ့နေရာဘေးမှာ သူ့ရဲ့ဇနီးလောင်းလေးလို ဆာရီအနီ အရပ်အမောင်း ကိုယ်လုံးကိုယ်ပေါက်တူပြီး ပဝါပါမျက်နှာခြုံထားတာတဲ့ နောက်ထပ်သတို့သမီးကလည်းရှိနေပါတယ် တစ်နေ့တာရထားစီးပြီး ညရောက်လို့ရွာရောက်ချိန်မှာတော့ ရထားပေါ်က ကမျောသောပါးဆင်းကြရင်း တွေးနေကြသလို သတို့သမီးမှားသွားပါတော့တယ် နောက်ပိုင်းဘာတွေဆက်ဖြစ်မယ်ဆိုတာကိုတော့ ကြည့်ရှုသူတို့ပဲ ဆက်လက်ကြည့်ရှုလိုက်ပါနော် (အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

7.3 2023 123 mins
Laapataa Ladies
The Zombies
5.8

ကွမ်ကျိုးမြို့ရဲ့ ဆိပ်ကမ်းကနေ မြို့ထဲကိုလာတဲ့လမ်းမှာ ရှေးဟောင်းဘုရားကျောင်းကြီးတစ်ကျောင်းရှိပါတယ် ။ အဲဒီရှေးဟောင်းဘုရားကျောင်းကြီးက မကောင်းတဲ့အငွေ့အသက်အရမ်းပြင်းပြီးတော့ ပုပ်စော်တွေလည်းနံပါတယ်တဲ့ ။ တစ်ခါတစ်ခါဆို ဘုရားကျောင်းထဲကနေ တဟူးဟူးအော်သံတွေပါကြားရတတ်ပါတယ် ။ တချို့လူတွေကတော့ လေတိုးသံလို့ပြောပေမဲ့ မြို့ထဲက တတ်သိနားလည်တဲ့လူကြီးတွေကတော့ အဲဒီဘုရားကျောင်းထဲမှာ စွန့်ပစ်ထားကြတဲ့ ပိုင်ရှင်မဲ့အလောင်းတွေရဲ့ လေလွင့်ဝိညာဉ်တွေက အော်တယ်ဆိုပြီး ပြောကြပါတယ် ။ ဒီလိုဒွိဟဖြစ်စရာ ကောလ‌ဟယလတွေကြားမှာ အင်္ဂလိပ်တွေက အဲဒီလမ်းကနေ မြို့ထဲကိုဘိန်းမှောင်ခိုတင်သွင်းဖို့လုပ်ပါတော့တယ် ။ အဲဒီဘိန်းမှောင်ခိုတင်သွင်းတဲ့လှည်းတန်းကြီး ရှေးဟောင်းဘုရားကျောင်းကဖြတ်တဲ့အချိန်မှာတော့ မထင်မှတ်ထားတဲ့ ပြဿနာတွေပေါ်ပေါက်လာပါတော့တယ် ။ ဟိုတုန်းက‌ ဟောင်ကောင်ဖုတ်ကောင်ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်ကြတဲ့ပရိသတ်ကြီးအတွက် အကြိုက်တွေ့စေမဲ့ ဇာတ်လမ်းကောင်းလေးဖြစ်လို့ ကျန်တာကို ဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုဖို့တိုက်တွန်းလိုက်ပါရစေ

5.8 2024
The Zombies
Do Not Expect Too Much from the End of the World

ထူးခြားဆန်းပြားတဲ့ ရိုမေးနီးယား ရုပ်ရှင်လေးတစ်ကား တင်ဆက်ပေးပါရစေဗျ။ အန်ဂျလာဆိုတဲ့ ကောင်မလေးက ကော်ပိုရေးရှင်းတစ်ခုမှာ ဗီဒီယိုထုတ်လုပ်ရေးလက်ထောက်အဖြစ် လုပ်ကိုင်ပါတယ်။ လစာနည်းနည်း၊ အလုပ်ချိန်များများနဲ့… ဟိုဟာအခိုင်းခံရ ဒီဟာအခိုင်းခံရ၊ ဟိုလူ့ညှိရ ဒီလူ့ညှိရနဲ့ အတော်တိုင်ပတ်တဲ့အလုပ်ပါ။ လူစိမ်းတွေနဲ့ ပြောဆိုဆက်ဆံရင် ယဥ်ကျေးပျူငှာတယ်ဆိုပေမဲ့ အလုပ်လုပ်ရင်း ပင်ပန်းလာရင် အင်စတာဂရမ်လေးဖွင့်ပြီး ယောကျာ်းပုံစံ နှုတ်ခမ်းမွှေး filterတွေထည့်၊ ရိုင်းရိုင်းစိုင်းစိုင်း ဟာသတွေပြော ပျစ်နှစ်နေအောင်ဆဲပြီး သူ့ဘာသာ ပျော်အောင်နေရရှာတယ်။ ဒီဇာတ်ကားမှာ အဓိကကတော့ လုပ်ငန်းခွင်မှာ ဒဏ်ရာရလို့ ဒုက္ခိတဖြစ်သွားတဲ့ လူတွေကို “လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးပညာပေးရုပ်ရှင်” ဆိုပြီး လူလိုက်ရှာပြီး ရုပ်ရှင်ရိုက်ဖို့ စီစဥ်ကြတာပါ။ ဥရောပအဆင်းရဲဆုံး ရိုမေးနီယားနိုင်ငံရဲ့ အခြေအနေတွေလည်း အရိပ်အမြွက်ပြထားပြီး အန်ဂျလာ ပြောတဲ့စကားလုံးတွေက ရယ်ရပေမဲ့ အရိုင်းဆန်ပြီး အဖော်အချွတ်တွေပါတာကြောင့် မိသားစုနဲ့ကြည့်ဖို့ မသင့်တော်ပါဘူး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(2.5 GB)/(1.9 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:44:00 Genre… Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo

0 2023
Do Not Expect Too Much from the End of the World
Malayalee from India
6

Malayalee From India 2024 ကြုံရဆုံရ ဒီဘဝ IMDb – 6.1/10 Heavy plotတွေပဲကြည့်ရတာ ရိုးအီနေသူတွေအတွက် ပေါ့ပေါ့ပါးပါးနဲ့ ဟာသခပ်များများပါတဲ့ ရိုးရှင်းတဲ့ဇာတ်လမ်းကောင်းလေးတစ်ခု တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်လမ်းကတော့ ယဉ်ကျေးမှုမတူ လူမျိုးမတူ အတွေးအမြင်မတူတဲ့ ဆရာတပည့်နှစ်ယောက်ကြားက သံယောဇဉ်အကြောင်းလေးကို ပုံဖော်ထားတာပါ။ မလေယာလီသား ဂိုပီဟာ သူငယ်ချင်းနဲ့ပေါင်းပြီး ပြဿနာအိုးလုပ်နေတဲ့ ဇိုးတစ်ယောက်၊ ဒီလိုနဲ့ အရေးအခင်းတစ်ခုမှာ သူငယ်ချင်းနှစ်ယောက် ပဲလှော်ကြားဆားညှပ်အဖြစ်ရောက်ပြီး ဂိုပီတစ်ယောက် နိုင်ငံခြားမှာ အလုပ်သွားလုပ်ဖို့ ပို့ခံလိုက်ရပါတော့တယ်။ ဖြစ်ချင်တော့ ဂိုပီရဲ့ဆရာက ပါကစ္စတန်လူမျိုး အိန္ဒိယနဲ့ပါကစ္စတန်ရဲ့ ရန်စတွေက အခုထိလည်း မငြိမ်းသေးတာမလို့ ဘုနဲ့ဘောက်ဖြစ်ရတဲ့ထဲ ဆရာသမားက မလေယာလီသားတစ်ယောက် တစ်ပတ်ရိုက်တာခံရဖူးတာကြောင့် မလေယာလီသားကို ပိုပြီးတော့ မျက်စိဆံပင်မွေးစူးနေတဲ့အခါ…. အလွဲလွဲအချော်ချော်နဲ့ ဘယ်လောက်ပဲမတည့်အတူနေဖြစ်နေပါစေ အရေးကြုံလာတော့ သွေးစည်းရသလိုပဲ ဒီဆရာတပည့်နှစ်ယောက်လည်း ရန်ဖြစ်ငြင်းခုန်ရင်းနဲ့ ဘယ်လိုသံယောဇဉ်တွယ်လာကြမလဲ။ ဘဝကပေးတဲ့အတွေ့အကြုံတွေကြောင့် ဇိုးလေးဂိုပီတစ်ယောက်ရော လူကောင်းတစ်ယောက်ဖြစ်လာမလားဆိုတာ ရှုစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)

Science Fiction • Drama • Thriller
6 2024
Malayalee from India
One Fast Move

ဝက်စ်ဆိုတဲ့လူငယ်လေးဟာ မိခင်ဆုံးပြီးနောက်မှာ ဆိုင်ကယ်မောင်းသမားဖြစ်ချင်တဲ့ သူ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့အတွက် ဆိုင်ကယ်မောင်းသမားတစ်ယောက်ဖြစ်တဲ့ သူ့ကို ငယ်စဉ်ကတည်းက စွန့်ပစ်သွားခဲ့တဲ့ ဖခင်ဖြစ်သူဆီကို ထွက်လာခဲ့ပါတော့တယ်။ ဒီလိုနဲ့ ဆိုင်ကယ်ဆိုင်ပိုင်ရှင် အေဘယ်လ်နဲ့ ဖခင်ဖြစ်သူ ဒင်းန်တို့ရဲ့ ပံ့ပိုးပေးမှုနဲ့ အတူတူ ဝက်စ်တစ်ယောက် ဆိုင်ကယ်ပြိုင်သမားတစ်ယောက်ရဲ့ လမ်းကြောင်းပေါ်ကို ဘယ်လိုတက်လှမ်းနိုင်သွားမလဲဆိုတာကို ကြည့်ရှုရမယ့် လူငယ်ကြိုက်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Sakura ဖြစ်ပါတယ်) File size…(1.9 GB)/(996 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre… Action, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sakura

Comedy • Drama • Romance
0 2024
One Fast Move
The Piano Lesson
6.2

August Wilson ရဲ့ The Piano Lesson ပြဇာတ်ကို ပြန်ပြီး မှီငြမ်းရိုက်ကူးထားတဲ့ Netflix ရဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ မိသားစု အမွေအနှစ်နဲ့ ပတ်သတ်ပြီး ဘယ်တွေလုပ်သင့်တယ်။ ဘယ်လိုတွေ အသုံးချသင့်တယ်ဆိုတာကို ပြသထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဘွိုင်းဝီလီဆိုတဲ့ အမျိုးသားဟာ တစ်နေ့မှာ သူ့ရဲ့ ဦးလေးနဲ့ ညီမရှိရာ အိမ်ကို ခဏတာ အလည်ပြန်လာခဲ့တယ်။ ဒီလိုလာရခြင်းကလည်း သူ့ဆီမှာ အကြောင်းပြချက်တစ်ခု ရှိနေပါတယ်။ ဘွိုင်းဝီလီ သူ့အဘိုးအဘွားတွေ လက်ထပ် ကျွန်ခေတ်က တစ်မိသားစုလုံး အလုပ်အကျွေးပြုခဲ့ရတဲ့ ဆက်တာဆိုတဲ့ လူရဲ့ မြေကို ဝယ်ချင်တယ်။ မြေရဲ့ တစ်စိတ်တစ်ပိုင်းကိုလည်း သူဝယ်ထားပြီးပြီ။ ဒါပေမဲ့ အကုန်ဝယ်နိုင်ဖို့ရာမှာ သူ့အတွက် ငွေလိုနေတယ်။ ဒါကြောင့်မလို့ သူဟာ မိဘအမွေဖြစ်တဲ့ စန္ဒရားကြီးကို ရောင်းပြီး ရလာတဲ့ငွေနဲ့ ‌မြေဝယ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ပြဿနာက သူ့ရဲ့ ညီမဖြစ်သူဟာ ဒီစန္ဒရားကို လုံးဝ ရောင်းခွင့်မပေးပါဘူး။ ဒီစန္ဒရားဟာ နယ်နယ်ရရ မဟုတ်ဘဲ မိသားစုသမိုင်ကြောင်း ရှိတဲ့အတွက်ကြောင့်ပါ။ ဒီလိုနဲ့ အစ်ကိုဖြစ်သူက ရောင်းမယ်။ ညီမဖြစ်သူက မရောင်းဘူး ငြင်းခုံကြရင်း စန္ဒရားကြီးရဲ့ အနာဂတ်က ဘာတွေ ဘယ်လိုဖြစ်သွားမလဲဆိုတာ ဆက်လက်ကြည့်ရှုပေးကြပါဦး။ File size… 1.9 GB / 794 MB Quality… Web-DL 1080p / 720p Format… mp4 Audio… AAC Duration…. 2h 5m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by… Act Molemy & Thiha Yan Naing

6.2 2024 127 mins
The Piano Lesson
Homestead
5.8

ယခုတစ်ခေါက် CM ပရိသတ်များအတွက် တင်ဆက်ပေးလိုတဲ့ ဇာတ်ကားလေးကတော့ စွန့်စွန့်စားစားအက်ရှင်ကားလေး တစ်ကားပဲဖြစ်ပါတယ်… အနုမြူဗုံးပေါက်ကွဲမှုရဲ့နောက်ဆက်တွဲဖြစ်လာတဲ့ ကမ္ဘာပျက် ကပ်ဘေးကို ရင်ဆိုင်ကြဖို့ပြင်ဆင်ရင်း ကြုံတွေ့လာရတဲ့အခက်အခဲတွေ အကြောင်း ရိုက်ကူးတင်ဆက်ထားတာဖြစ်ပြီး တတိယကမ္ဘာစစ် ဖြစ်ပေါ်ချိန်ကာလကို ဟောကိန်းထုတ်ကြည့်ဖို့ ကြိုးစားထားတဲ့ ရုပ်ရှင်ကားလေးတစ်ကား ဖြစ်တယ်ဆိုရင်လည်း မလွဲနိုင်ပါဘူး အစာရေစာပြတ်လပ်ရှားပါးမှုတွေ၊ ကူကယ်ရာမဲ့နေတဲ့ဒုက္ခသည်တွေ၊ အဖောက်ထွင်းခံနေရတဲ့ ကုန်တိုက်တွေ၊ ရှေ့ဆက်မတိုးနိုင်လောက်အောင် ပိတ်နေတဲ့ယာဉ်တန်းတွေ စတဲ့ ရုတ်ရုတ်သဲသဲအခြေအနေတွေကို စိတ်လှုပ်ရှားဖွယ်တင်ဆက်ပြသထားပြီး သဘာဝတရားကိုချစ်ကြဖို့ ငြိမ်းချမ်းရေးကို အချိန်မီထိန်းသိမ်းနိုင်ဖို့လည်း သတင်းစကားတစ်ခု အနေနဲ့ ပုံဖော်ဖန်တီးထားတယ်လို့လည်း ဆိုနိုင်ပါတယ်… Ian Ross တစ်ယောက်ဟာ ကမ္ဘာပျက်မယ့်ဘေးအတွက်ကို ရိက္ခာတွေ သိုလှောင်ရင်း လိုအပ်တာတွေစုဆောင်းကာ ကြိုတင်ပြင်ဆင်ထားသူ တစ်ယောက်ဖြစ်ပါတယ်.. တစ်နေ့မှာတော့ ကယ်လီဖိုးနီးယားပြည်နယ်အတွင်း အင်အားပြင်း ပေါက်ကွဲမှုတစ်ခုမှ အစပြုကာ အမေရိကန်ပြည်ထောင်စုအတွင်း လျှပ်စစ်မီးတွေ ပြတ်တောက်ကာ အနုမြူဗုံးအန္တရာယ်စတင်ဖြစ်ပေါ် နေပြီဖြစ်ကြောင်း ကောလဟာတွေပျံ့နှံ့လာပြီး ရှောင်ကြတိမ်းကြရင်း တစ်တိုင်းပြည်လုံးလှုပ်လှုပ်ရှားရှား ဖြစ်လာပါတော့တယ် Ian Ross နဲ့ နီးစပ်သူများဟာ Ian Ross တစ်ယောက် ထိုအခိုက်အတန့် အတွက် ပြင်ဆင်ထားကြောင်းသိရှိကြပြီး Ian Ross ဆီ ဝင်ခိုလှုံဖို့ တဖွဲဖွဲရောက်ရှိလာကြပါတယ်. သို့သော်လည်း Ian Ross ဟာ ၎င်းငှားရမ်းထားတဲ့ လုံခြုံရေးခေါင်းဆောင်ရဲ့ အကြံပြုချက်ကို မလွန်ဆန်နိုင်ဘဲ ၎င်းရဲ့ မိတ်ဆွေရင်းတွေကို အိမ်ထဲပေးမဝင်နိုင် အစာရေစာအကူအညီမပေးနိုင်ဘဲရှိနေကာ ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာကြား ဗျာများနေရတော့ပါတယ် ထိုအခိုက်မှာပဲ ဇနီးဖြစ်သူ Jenna Ross တစ်ယောက်က လက်ပိုက်ကြည့်မနေနိုင်တော့ဘဲ စားရေရိက္ခာတွေ ခြံပြင်ထွက်ပေးရာ ဗိုက်ဆာနေတဲ့ လူအုပ်ကြီးက အလုအယက်ဝိုင်းယူ ကြသဖြင့် လုံခြုံရေးတပ်ဖွဲဝင်များကပါ ဝင်ဆွဲရတဲ့အထိ ဖြစ်ပေါ်ခဲ့ရပါတယ် ဒုက္ခရောက်နေတဲ့သူတွေကို ကူညီချင်နေတဲ့ Jenna နဲ့ စိတ်ခံစားချက်ထက် ကျိုးကြောင်းဆီလျော်မှုကို ဦးစားပေးတဲ့ Ian တို့ လင်မယားနှစ်ယောက်ရဲ့ အပြန်အလှန်ပဋိပက္ခဖြစ်မှုအပေါ်မှာကျောရိုးတည်ပြီး ကမ္ဘာပျက်ကပ်ဘေး ဆိုက်လာတဲ့အခါ လူသားတွေရဲ့ အလိုအလျောက်တုံ့ပြန်မှုသဘာဝကို အမြင်ဖွင့်ပေးထားတဲ့ ရုပ်ရှင်ကားလေးတစ်ကားဖြစ်တာကြောင့် ရုပ်ရှင်ချစ်သူများအနေနဲ့ အတွေးပွားဖွယ်ကြည့်ရှုခံစားနိုင်မှာဖြစ်လို့ လက်မလွတ်ရလေအောင် တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ…. File size… (1.40GB) / (691MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 52m Genre ….. Action , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet

Action • History
5.8 2024 111 mins
Homestead
Spy and Butterfly
5.6

ကူမင်တန်ပါတီဝင်ဖြစ်တဲ့ ချန်ဆရာဝန်ဆိုတဲ့လက်အောက်မှာတပည့်သုံးယောက်ရှိတာပေါ့။ တစ်ယောက်ကတော့ တူမဖြစ်သူချန်ယိ၊နောက်နှစ်ယောက်ကတော့ ဟွလုံကျစ်နဲ့ လီယောင်းတို့တွေဖြစ်ကြတယ်။ဟွလုံကျစ်က တပည့်ထဲမှာ အတော်ဆုံးဖြစ်ပြီး သူကကွန်မြူနစ်ပါတီဝင်ကိုချန်ဆရာဝန်လက်အောက်မှာ သရုပ်မှန်ဖုံးကွယ်နေရင်းနဲ့ ဂျပန်တွေရဲ့ရှန့်ဟိုင်ကိုဖျက်ဆီးပစ်မယ့် ထျန်းကျောက်စီမံကိန်းကို ဖျက်ဆီးဖို့ကြိုးစားအကောင်အထည်ဖော်နေကြတာပေါ့။ ဒီလိုနဲ့တနေ့မှာတော့ သူတို့ပေါင်းနေကျစခန်းကိုဂျပန်တွေသိသွားပြီးလာတိုက်ခိုက်တဲ့အချိန်မှာ ပြင်းပြင်းထန်ထန်အသေအကျေပျက်စီးသွားရာကနေစပြီး အဖွဲ့အစည်းထဲမှာသူလျှိုရှိနေကြောင်းသံသယဝင်ပြီး သူလျှိုကိုပါစုံစမ်းတဲ့အပြင် ထျန်းကျောက်စီမံကိန်းကိုပါ ဖျက်စီးဖို့ နည်းလမ်းရှာကြပါတော့တယ်။ဒီလိုနဲ့ တဖြည်းဖြည်းတစစသိလာရတဲ့အခါမှာ ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲ။ကွန်မြူနစ်နဲ့ကူမင်တန်ပါတီတို့ကြားက ပဋိပက္ခတွေအပြင် ဂျပန်တွေရဲ့ရက်စက်ပုံပါတပါတည်း တွေ့မြင်ရမှာမို့လို့ ဒီဇာတ်ကားလေးကိုစောင့်မျှော်ကြည့်ရူလိုက်ရအောင်

5.6 2025
Spy and Butterfly
Ramam Raghavam
6.9

Ramam Raghavam (2025) “အဖေ” IMDb – 7.9/10 ဖခင်မေတ္တာကို ပုံဖော်ရိုက်ကူးထားတဲ့ အသစ်ထွက် တလေဂူးဒရာမာရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ ရာမမ်ဆိုတာ လာဘ်ပေးလာဘ်ယူကို ရွံမုန်းတဲ့ စာရေးကြီးတစ်ယောက်ပါ။ လာဘ်ထိုးတဲ့ငွေပမာဏ များချင်သလောက်များ ရာမမ်ကတော့ ငြင်းလွှတ်တတ်တဲ့သူ။ တစ်နေ့ သားလေးမွေးတော့ ရာမမ်ကြီး စိတ်ကူးတွေနဲ့ ကြိုတွေးပြီး ပျော်မြူးနေခဲ့တာပေါ့။ သားဖြစ်သူကို ဆရာဝန်ကြီးဖြစ်စေချင်တဲ့ ရာမမ်။ သားအတွက်ဆို အသက်စွန့်ဖို့တောင် ဝန်မလေးတဲ့ ရာမမ်။ သားဖြစ်သူကတော့ ဆရာဝန်ဖြစ်ဖို့မပြောနဲ့ အထက်တန်းကျောင်းတောင် ဆက်မတက်တော့ဘဲ ထွက်ပစ်လိုက်တယ်။ သောက်စား လောင်းကစားလုပ်ပြီး အဖေဖြစ်သူအပေါ်မှာလည်း လေးစားမှုကမရှိဖြစ်လေတော့ ရာမမ်ကြီးတစ်ယောက် ခဲလေသမျှ သဲရေကျဖြစ်ပြီး သားဖနှစ်ယောက် ဘယ်ပုံဘယ်စခန်းဆက်သွားမလဲဆိုတာ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်)

6.9 2025 118 mins
Ramam Raghavam