YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

The Revengers (2023) (Ep3)_1080p.mp4

1.8 GB 1080p video/mp4 27 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Kon-Tiki
6.9

IMDB - 7.2/10 ခင်ဗျားတို့သာ ရေမကူးတတ်ဘူးဆို ပစိဖိတ်သမုဒ္ဒရာထဲ မိုင် ၅ ထောင်ကျော်ကို ဖောင်လေးတစ်စင်းနဲ့ ဖြတ်ကူးရဲလား။ ဒါပေမဲ့ ဒီ သောရ်ဆိုတဲ့ဘဲကြီးကတော့ တကယ်လုပ်ခဲ့တယ်ဗျ။ အဲဒီလိုပြောလို့ စိတ်ကူးယဉ်ဇာတ်လမ်း မထင်နဲ့နော် တကယ်အပြင်မှာ ဖြစ်ပျက်ခဲ့တဲ့ ၁၉၄၇ ခုနှစ်က ဖြစ်ရပ်မှန်ဇာတ်လမ်း။ စူးစမ်းရှာဖွေရေးသမား သောရ်ဟာ ပိုလီနီရှားကကျွန်းတွေကို ၁၀ နှစ်ကြာအောင် ဇနီးဖြစ်သူနဲ့ သုတေသနတွေပြုလုပ်ပြီး စာတမ်းပြုစု နေထိုင်ခဲ့တဲ့လူပေါ့။ သူ အဲဒီမှာ နေထိုင်ရင်း ဒီ ပိုလီနီးရှားဒေသကို ဒေသခံတွေဟာ အာရှဖက်ကနေ ရောက်လာကြတာမဟုတ်ပဲ တောင်အမေရိကဖက်က ရောက်လာကြတယ်ဆိုတာကို ထူးဆန်းစွာနဲ့ သိရှိခဲ့ရတယ်။ ဒီတော့ ဆရာသမားက သူတွေ့ရှိခဲ့တဲ့ သီအိုရီကို လိုက်ပြီး ဖြန့်ဝေနိုင်အောင် ဆက်သွယ်တော့တာပဲ ဒါပေမဲ့ ကံဆိုးချင်တော့ ဘယ်သူမှမယုံကြည်ပဲ သူ့ကို ပရော်ဖက်ဆာတစ်ယောက်က ဒါမျိုး ပြောလိုက်ပါတယ်။ "မင်းရဲ့ သီအိုရီကို သက်သေပြချင်ရင် ဒီ တီကီဒေသခံတွေ လုပ်ခဲ့သလို ဖောင်တစ်စင်းနဲ့ ပီရူးနိုင်ငံကနေ ပိုလီနီရှားရောက်အောင်သွားပါလားကွ" တဲ့။ ဒီမှာတင် ကိုယ့်ဆရာက အကြံရသွားပြီး သင်္ဘောသားတွေ လိုက်စည်းရုံးတယ်၊ သေမှာလို့ပြောပြီး အငြင်းခံရတယ် ဒါပေမဲ့ မဆီမဆိုင် ရေခဲသေတ္တာရောင်းတဲ့ အင်ဂျင်နီယာတစ်ယောက်နဲ့ တွေ့သွားတယ်။ နောက်ပြီး သူ့ဘော်ဒါတွေဖြစ်တဲ့ ရေဒီယိုသမားနှစ်ယောက်နဲ့ ငယ်သူငယ်ချင်း ပင်လယ်တကယ်ထွက်ဖူးတဲ့လူကို ခေါ်တယ်။ နောက်ဆုံးတစ်ယောက်အနေနဲ့ ကင်မရာအကြောင်းနားလည်တဲ့လူလည်း ထပ်ပါလာတယ်။ လူအင်အားရပြီဆိုတော့ ငွေကြေးအထောက်အပံ့လိုလာပြန်ရော အဲဒီမှာ သောရ်တစ်ယောက် ဘယ်လိုတွေ ရှာဖွေသွားမလဲ၊ ဒီ မိုင် ၅ ထောင်ခရီးစဉ်ကို ဖောင်နဲ့ရောက်အောင်သွားနိုင်ပါ့မလား၊ လမ်းမှာ ဘယ်လိုအခက်အခဲပေါင်းများစွာ ကြုံရမလဲဆိုတာ သည်းထိတ်ရင်ဖို ကြည့်ရတဲ့ကားလေးပါ။ သိတဲ့အတိုင်း ပင်လယ်ပြင်အန္တရာယ်ဆိုတာလည်း အစုံ မုန်တိုင်းတွေ ငါးမန်းတွေ လမ်းပျောက်တာတွေ ဝေလငါးတွေ သန္တာကျောက်တန်းတွေနဲ့။ ဇာတ်ကားနာမည် ကွန်တီကီဆိုတာ ဗော်လဆာပင်နဲ့ ပြုလုပ်ထားတဲ့ဖောင်ငယ်လေးပါတဲ့။ သူကိုယ်တိုင်ရိုက်ကူးခဲ့တဲ့ တကယ့်မှတ်တမ်းရုပ်ရှင်ကတော့ ၁၉၅၁ ခုနှစ်မှာ အကယ်ဒမီဆု ရရှိခဲ့ပါတယ် ဒါပေမဲ့ ဒီ ပြန်ရိုက်ထားတဲ့ကားကလည်း ၂၀၁၃ ခုနှစ်မှာ နိုင်ငံခြားရုပ်ရှင်ဆုအနေနဲ့ စကာတင် ပါဝင်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ကျွန်တော် အရှေ့မှာပြောခဲ့သလိုပါပဲ ရေမကူးတတ်ပဲ ပင်လယ်ပြင်ထဲကို မိုင် ၅ ထောင် ဖောင်နဲ့သွားရဲတဲ့ ဘဲကြီးရဲ့ ဖြစ်ရပ်မှန် စွန့်စားခန်းကြီးကတော့ မကြည့်ရသေးရင် လူဖြစ်ရကျိုးမနပ်ဘူးလို့တောင် ပြောချင်ပါသေးတယ်ဗျာ။ File size…1.85GB / 892.6MB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….1h 58m Genre ..... Action , Adventure , Biography Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Comedy • Drama • Romance
6.9 2012 118 mins
Kon-Tiki
Lord Eagle

ရွှယ်ရင်း အရှင်သခင်လို့ အမည်တွင်တဲ့ တုန်းပေါ်ရွှယ်ရင်းဟာ မျိုးနွယ်စုရဲ့ စည်းမျဥ်းစည်းကမ်းတွေကို ဖောက်ဖျက်ပြီး အကျဥ်းချခြင်းခံနေရတဲ့ မိခင်ကို ကယ်တင်ဖို့ ကြိုးစားနေသူ တစ်ဦးပါ ။ အဲဒီအချိန်မှာပဲ ရွှယ်ယင်း(နှင်းသိန်းငှက်နတ်ဘုရား)မျိုးနွယ်စုရဲ့ မျိုးဆက်ဖြစ်တဲ့ ယွီကျင့်ချို ၊ ပြီးတော့ မိန်းကလေး ခုန်းယိုးယွဲ့ နှင့် တစ်ခြားအဖွဲ့သားတွေ အတူပူးပေါင်းကာ မတရားမှုတွေရဲ့ အဖြစ်မှန်ကိုရှာဖွေပြီး / တာဝန်ကို လုပ်ကိုင်ဖြေရှင်းကြဖို့ စီစဥ်ခဲ့ကြပါတယ် ။ ဒီတော့...- ❏ တစ်လမ်းလုံး အခက်အခဲတွေ အဆက်မပြတ် ကြုံတွေ့လာကြပြီးနောက်မှာ အောင်မြင်မှုတွေကိုအရယူနိုင်ကြပါ့မလား ? ❏ သူတို့ရှာနေတဲ့ အမှန်တရားတွေကိုရှာတွေ့ပြီး အညှိုးတွေ လက်စားချေမှုတွေကို ခဝါချနိုင်မလား ? ❏ အခက်အခဲကြားတွေထဲကမှ စစ်မှန်တဲ့ ချစ်ခြင်းတရားလေးကိုရော ရှာတွေ့သွားနိုင်မလား / မိခင်ဖြစ်သူကိုရော ကယ်တင်နိုင်ပါ့မလား ? ဆိုတာ ဒီဇာတ်ကားလေးကို ကြည့်ရှုလိုက်ရအောင်ပါနော် ။ [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Fantasy Runtime : 1h 24 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Comedy • Drama
0 2022 84 mins
Lord Eagle
The Real Charlie Chaplin
8

~ IMDb - 7.3/10, RT - 95%, Meta - 66% ~ " ကံအကြောင်းတိုက်ဆိုင်လို့ ချာလီချက်ပလင် ဇာတ်ကားတွေကို ကြည့်ဖြစ်ရင် ဒီအတိုင်းပဲကြည့်ပါ။ တခြားတွေ့ဖူးကြည့်ဖူးထားတဲ့ ချာလီချက်ပလင်တွေနဲ့ ဆက်စပ်ဖို့ မကြိုးစားပါနဲ့။ ချာလီချက်ပလင်တွေ အများကြီးရှိလို့ပါပဲ... " - မက်စ်အိစ်မန်း (စာရေးဆရာ၊ ချာလီချက်ပလင်၏ မိတ်ဆွေတစ်ဦး) ချာလီချက်ပလင်ဆိုတာနဲ့ ဘောင်းဘီအပွကြီးဝတ်ထားပြီး ဦးထုပ်ဝိုင်းလေးဆောင်း တုတ်ကောက်ကိုင်ထားတဲ့ တံမြက်စည်းနှုတ်ခမ်းမွေးနဲ့ လူညှက်ကလေးကို ပြေးမြင်မိကြမှာပါ။ ချက်ပလင်ကပ်ရောဂါလို့ တင်စားရလောက်အောင် ချာလီချက်ပလင်ကို နှစ်သက်သဘောကျ အတုခိုးကြသူတွေ ချက်ပလင်ရောဂါဖြစ်ကြသူတွေ တစ်ကမ္ဘာလုံးအနှံ့မှာရှိခဲ့ဖူးပါတယ်။ ဒီလူပိန်လေးက ဘုရင်တွေ၊ ဘုရင်မတွေ၊ တွေးခေါ်ပညာရှင်တွေ၊ ဘာသာရေးအထင်ကရပုဂ္ဂိုလ်တွေထက် နာမည်ကျော်ကြားခဲ့ပါတယ်။ ဒါပေမဲ့ သူက ချာလီချက်ပလင်မဟုတ်ပါဘူး ချာလီချက်ပလင်သရုပ်ဆောင်တဲ့ Tramp ဆိုတဲ့ ဇာတ်ကောင်လေးပါ။ အဲဒီတော့ ချာလီချက်ပလင်က အစစ်က ဘယ်သူလဲ..... ချာလီက အိမ်ထောင်ပျက် မိသားစုကနေ မွေးဖွားလာခဲ့တဲ့သူဖြစ်ပြီး မိဘတွေလို အနုပညာကို ဝါသနာထုံခဲ့သူပါ။ ဒုက္ခတွေကြားမှာ ဆင်းဆင်းရဲရဲနေခဲ့ရပေမဲ့ ဟာသညာဉ်ကို မပျောက်ပျက်အောင် ထိန်းသိမ်းနိုင်ခဲ့သူလည်းဟုတ်ပါတယ်။ ဇာတ်ဝင်ခန်းလေးတစ်ခန်းကို ၅၃၄ ရက်ကြာအောင် ရိုက်ခဲ့တဲ့ Perfectionist ပါ။ ရိုက်ကွင်းတစ်ခုလုံးကအလုပ်တွေကို သူတစ်ယောက်တည်း လုပ်နိုင်ရင် လုပ်လောက်တယ်လို့ ရိုက်ကူးရေးအဖွဲ့သားတွေကပြောကြတယ်။ တကယ်လည်း သူကိုယ်တိုင် အကုန်လုံးနီးပါးကို သူ့ခြေသူ့လက်ဖြစ်အောင် လုပ်ခဲ့တာပါပဲ။ ကမ္ဘာကြီးက သူ့ကို ဗဟိုထားပြီးလည်ပတ်နေတယ်လို့ ယူဆရလောက်အောင် အတ္တကြီးတယ်။ အဲဒါကြောင့်ပဲ သူ့ရဲ့ ဇနီးသုံးယောက်က သူ့ကို မကောင်းဆိုးရွားလို့ မြင်ကြတာဖြစ်နိင်ပါတယ်။ သူ့ရဲ့ အတ္တကြောင့် အချစ်ဆုံး ဇနီး Oona O'neil-Chaplin နဲ့ရခဲ့တဲ့ သားသမီးတွေကတောင် သူတို့အဖေနဲ့ ဝေးကွာနေတယ်လို့ ခံစားခဲ့ကြရပါတယ်။ သူက မိန်းမလည်းပွေတယ်။ နောက်ကွယ်ကနေ တိတ်တဆိတ်နဲ့ပါရမီဖြည့်ရတာနဲ့ပဲ ကျေနပ်တဲ့ Oona O'neil နဲ့မှ ကလေး ၈ ယောက်ဖွားမြင်တဲ့အထိ လက်တွဲသွားတာပါ။(အသက်ကလည်း ၅၀ ကျော်ပြီကိုး) အောင်မြင်မှုတွေရခဲ့သလောက် သူ့ရဲ့တစ်စိတ်တစ်ပိုင်းကတော့ ဆင်းရဲမှာကိုကြောက်နေတုန်းပဲ။ အမြဲတမ်းဆာလောင်မွတ်သိပ်နေခဲ့တဲ့သူလို့ ပြောလို့ရတာပေါ့။ ချာလီရဲ့အကြောင်းကိုပြောရင် Tramp က မပါမဖြစ်ပါပဲ။ ချာလီက Tramp ဖြစ်သလို Tramp ကလည်း ချာလီပါပဲ။ ချာလီက Tramp ကိုဖန်တီးခဲ့သလို Tramp ကလည်း ချာလီရဲ့အောင်မြင်မှုတွေကို ဖန်တီးပေးခဲ့တာကိုး။ Tramp က ချာလီ့လိုပဲ စကားလုံးတွေမပါဘဲ အမူအရာနဲ့ ကျယ်ကျယ်လောင်လောင် ပြောတတ်သူပါ။ သူ့ကို တစ်ကမ္ဘာလုံးကလည်း ကြားခဲ့ပါတယ်။ Tramp ကိုကြည့်ရင် ချာလီကို မြင်ရပါလိမ့်မယ်။ The Kid ဇာတ်ကားမှာ ချာလီရဲ့ ထပ်ခိုးထပ်က အိမ်လေးခန်းလေး၊ City Lights မှာ Tramp နဲ့ ပန်းသည်မလေးတွေ့တဲ့နေရာက ချာလီရဲ့အချစ်ဦးနဲ့ ပထမဆုံးချိန်းတွေ့ခဲ့တဲ့ ကင်လင်တန်ပန်းခြံအဝင်ပေါက်၊ The Gold Rush မှာတော့ ချာလီရဲ့ကလေးဘဝက အခက်အခဲတွေ၊ Tramp ကိုကြည့်လိုက်တိုင်း ချာလီကိုတွေ့နေရမှာပါပဲ။ ချာလီကို ကြည့်လိုက်တိုင်းလည်း နှုတ်ခမ်းမွေးမပါတဲ့ Tramp ကိုမြင်ရပါလိမ့်မယ်။ အနီးကပ်ကြည့်ရင် ဘဝဟာ ဝမ်းနည်းစရာဖြစ်ပေမဲ့ အဝေးကကြည့်ရင်တော့ ရယ်စရာပါလို့ ပြောခဲ့တဲ့အတိုင်းပဲ သူ့ရဲ့ ဝမ်းနည်းစရာဘဝအကြောင်းအရာတွေကို Tramp က ရယ်စရာအဖြစ်ပြောင်းပေးခဲ့ပါတယ်။ Tramp ရဲ့ နိဂုံးက ချာလီချက်ပလင်ကို ဘဝတစ်ဆစ်ချိုး ပြောင်းစေခဲ့ပါတယ်။ နာမည်မရှိ၊ နေရာမရှိ၊ အချိန်ကာလမရှိဘဲ အမြဲတမ်း နှုတ်ဆိတ်နေခဲ့တဲ့ Tramp တစ်ယောက် The Great Dicatator ဇာတ်ကားမှာ ပထမဆုံး စပြီးစကားပြောခဲ့ပါတယ်။ ဒါက Tramp ရဲ့ ဂူသင်္ချိုင်းလို့ပြောလို့ရပါတယ်။ တစ်ချိန်လုံး ပရိသတ်ကို ရယ်အောင်ဖျော်ဖြေနေခဲ့တဲ့ Tramp စပြီးစကားပြောတဲ့အချိန်မှာ အဓိပ္ပါယ်ပြည့်ဝလေးနက်တဲ့ စကားတွေပြောခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူက ဟာသသရုပ်ဆောင်ကောင်း မဟုတ်တော့ဘူးလို့ သတ်မှတ်လာကြတဲ့အထိ ဖြစ်လာပါတယ်။ ဒီစကားတွေကြောင့် ချာလီကို ကွန်မြူနစ်လို့ စွပ်စွဲလာကြပါတယ်။ သူကိုယ်တိုင်ကတော့ ကွန်မြူနစ်ပါလို့ သူကိုယ်သူ ဘယ်တုန်းကမှ မသတ်မှတ်ဘူးလို့ ပြောပါတယ်။ တိတ်ဆိတ်ခြင်းကို ချိုးဖျက်ခဲ့တဲ့ သူ့ရဲ့စကားလုံးတွေက ယန္တရားကြီးကိုတော့ အနိုင်မတိုက်နိုင်ခဲ့တာသေချာပါတယ်။ အမေရိကကနေ နယ်နှင်ဒဏ်ကျတဲ့ အခြေအနေထိ ရောက်သွားတယ်လေ။ ဒါပေမဲ့ လူတွေကို ဖျော်ဖြေဖို့ သူ့ရဲ့ကြိုးစားမှုကတော့ ရပ်မသွားခဲ့ပါဘူး။ ချာလီချက်ပလင်က အင်္ဂလန်က ချီးမြှင့်တဲ့ Sir ဘွဲ့ကို ရရှိချိန်မှာ လမ်းမလျှောက်နိုင်တော့ဘဲ ဝှီးချဲစီးနေရတဲ့အချိန် အသက် ၈၅ နှစ်ရှိပါပြီ။ အမေရိကန်က သူ့ကို ကွန်မြူနစ်လို့ စွပ်စွဲထားတဲ့ ကိစ္စမပြီးပြတ်သေးလို့ အနှစ် ၂၀ ကြာအောင် စောင့်ခဲ့ရတာပါ။ ဒူးမထောက်ဘဲ သူရဲကောင်းဘွဲ့ရခဲ့သူလို့ ပြောလို့ရတာပေါ့။ ဘုရင်မကြီးကိုယ်တိုင်က သူ့ရဲ့ဇာတ်ကားတွေအတွက် ကျေးဇူးတင်ခဲ့ပါသေးတယ်။ ချာလီချက်ပလင်(Tramp) ရဲ့ နှုတ်ခမ်းမွေးကို ကြည့်ပြီး တစ်ယောက်ယောက်ကို သွားပြီးသတိရကြမှာပါ။ သူကတော့ ချာလီလို လူချစ်လူခင်ပေါလို့ ကျော်ကြားတာမျိုးမဟုတ်ဘဲ လူပေါင်း ၁၇ သန်းကျော်ကို သတ်ဖြတ်ခဲ့လို့နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ အာဏာရှင် နာဇီပါတီခေါင်းဆောင် ဟစ်တလာပါပဲ။ ချာလီက လူတွေကောင်းဖို့ ပြောသလို ဟစ်တလာက လူတွေသတ်ဖို့လုပ်တယ်။ ဆန့်ကျင်ဖက်ဖြစ်နေပေမဲ့ သူတို့နှစ်ယောက်မှာ တူတာတွေလည်း အများကြီးရှိပါတယ်။ အမြင်သာဆုံးကတော့ နှုတ်ခမ်းမွေးပေါ့။ ဟစ်တလာက ချာလီရဲ့ နှုတ်ခမ်းမွေးကို ကူးချထားတာလို့လည်း မခိုင်လုံတဲ့သတင်းတွေရှိပါသေးတယ်။ ဟစ်တလာကတော့ ချာလီကို ဂျူးလို့ နာမည်တပ်ပြီး ချာလီမုန်းတီးရေးဝါဒပါ ဖြန့်ခဲ့ပါသေးတယ်။ ချာလီကအမြဲတမ်း သရုပ်ဆောင်နေတတ်တဲ့သူလို့ နီးစပ်သူတွေကပြောပါတယ်။ သူ့ရဲ့အတိတ်ကရခဲ့တဲ့ ဒဏ်ရာတွေကြောင့် စိတ်မလုံခြုံမှုဖြစ်ပြီး အမြဲတမ်း သရုပ်ဆောင်နေတတ်တာ ဖြစ်ပါလိမ့်မယ်။ သူက သူကိုယ်သူ ဖျော်ဖြေသူအဖြစ်မွေးလာတာလို့ သတ်မှတ်ထားလို့လည်း ဖြစ်နိုင်ပါတယ်။ ကင်မရာရှေ့မှာရော ကင်မရာမရှိတဲ့အချိန်မှာရော ပရိသတ်ရှိတိုင်း သူက ဖျော်ဖြေနေတတ်ပါတယ်။ သူဟာ ဖျော်ဖြေရေးသမားတစ်ယောက်.... သူဟာ ဟာသသရုပ်ဆောင်တစ်ယောက်... ယန္တရားကို မုန်းခဲ့သူတစ်ယောက်... တစ်ကမ္ဘာလုံးကို စကားတစ်ခွန်းမှမပြောဘဲ ကြီးစိုးခဲ့ဖူးတဲ့သူတစ်ယောက်.... သူက ချာလီချက်ပလင်ပါ... The Real Charlie Chaplin က ချာလီချက်ပလင် ပိတ်ကားနောက်ကွယ်က ချာလီရဲ့အကြောင်းကို ဇာတ်ကားဆန်ဆန်ရိုက်ကူးထားတဲ့ Biography, Documentary ဇာတ်ကားလေးပါ။ ချာလီချက်ပလင်ရဲ့ အကြောင်းတွေကို အကြောင်းအရာဆန်ဆန် သိရတာထက် ချာလီရဲ့ဘဝထဲကို စီးမျောလိုက်ပါနေသလိုခံစားရပါလိမ့်မယ်။ ချာလီချက်ပလင်ကို မသိသေးတဲ့သူတွေအတွက် ဒါမှမဟုတ် သိထားဖူးတဲ့သူတွေ တကယ်ရောသိရဲ့လားဆိုတာ ဒီဇာတ်ကားလေးက ချာလီချက်ပလင်ရဲ့အကြောင်းကို ပြောပြသွားပါလိမ့်မယ်။ ချာလီချက်ပလင်ရဲ့ အမှောင်ဘက်ခြမ်းတချို့ကိုလည်း ဖော်ပြထားပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အစကပြောခဲ့သလိုပဲ တကယ့်ချာလီချက်ပလင်ကို သိပြီလို့တော့ မထင်လိုက်ပါနဲ့... ချာလီချက်ပလင်တွေ အများကြီးရှိပါတယ်။ (ဒီဒိုကူမန်ထရီနဲ့အညွှန်းကို 666 မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2.72GB, 1.6GB, 600MB Quality - 1080p, 720p, 480p IMDb Rating - 7.3/10 Format - mp4 Duration - 1H 54Min Genre - Documentary Subtitle - Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Horror
8 2021 114 mins
The Real Charlie Chaplin
Sound of My Voice
6.6

Psychological thriller ကြိုက်သူတွေအတွက် Sound Of My Voice ဆိုတဲ့ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်ကားလေးကတော့ ပီတာနဲ့လော်နာတို့ချစ်သူစုံတွဲက လျှို့ဝှက်ဘာသာရေးကျင့်စဥ်အဖွဲ့တစ်ခုအကြောင်းကို မှတ်တမ်းရုပ်ရှင်ရိုက်ဖို့အတွက် အဖွဲ့ဝင်အဖြစ်ဝင်ရောက်ပြီး သက်ဝင်ယုံကြည်သူတွေအဖြစ်ဟန်ဆောင်နေခဲ့ကြတယ် အဲ့အဖွဲ့ရဲ့ခေါင်းဆောင်က​တော့ မက်ဂီဆိုတဲ့အမျိုးသမီးပါ သူမက သူမကိုယ်သူမ 2054 ကနေလာတဲ့အချိန်ခရီးသွားသူလို့ဆိုပြီး အဖွဲ့ဝင်တွေစုဆောင်းတယ် အနာဂတ်ကအကြောင်းတွေကိုပြောပြတယ် နောက်ပြီး သူမရဲ့အဖွဲ့ဝင်တွေကိုဘေးကင်းလုံခြုံတဲ့နေရာကိုခေါ်သွားပေးမှာဖြစ်ကြောင်းလည်းပြောဆိုစည်းရုံးထားတယ် ပီတာဟာ ငယ်ဘဝကအဖြစ်အပျက်တစ်ခုကြောင့် ဘာသာရေးကျင့်ထုံးတွေကိုမုန်းတီးနေသူတစ်ယောက်ပါ မှတ်တမ်းရုပ်ရှင်ရိုက်ပြီး ဒီလိုအဖွဲ့တွေရဲ့ရူးကြောင်ကြောင်နိုင်တာတွေကိုဖော်ထုတ်ချင်နေတာပါ အဲ့လိုမုန်းတီးနေသူတစ်ယောက်က ဒီဘာသာရေးကျင့်စဥ်အဖွဲ့ဝင်အဖြစ်ဟန်ဆောင်နေရတဲ့အခါ အဆင်ပြေပါ့မလား မက်ဂီရဲ့သရုပ်မှန်ကရောဘာဖြစ်မလဲ ပီတာကလည်းမှတ်တမ်းရုပ်ရှင်ကိုအောင်မြင်အောင်ရိုက်နိုင်ပါ့မလား ဒီဇာတ်ကားလေးဟာ တစ်ကားလုံး အေးအေးငြိမ်ငြိမ်လေးဆိုပေမယ့် အသည်းတယားယားနဲ့ကြည့်ရမယ်ကားကောင်းလေးပါ File size…(1.4 GB)/(693 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre…Drama, Mystery, Thriller, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane

6.6 2011
Sound of My Voice
[18+] Ahasss

Ahasss (2023) ဂျိတ်ခ်က ငယ်ရွယ်ပြီး အတွေ့အကြုံမရှိတဲ့ ခိုကိုးရာမဲ့ အိမ်စေကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ သူ့ဘော့စ်ဖြစ်သူ မစ္စတာစတုန်းဟေးလ်ကတော့ ချမ်းသာပြီး အပေးအကမ်းရက်ရောပေမယ့် အရက်မူးတဲ့အခါ သွေးဆိုးတတ် သူ့ဇနီးဖြစ်သူကိုနှိပ်စက်ပြီး အကြမ်းပတမ်း လိင်ဆက်ဆံတတ်သူပါ။ သူ့ဇနီးတင်မက သူနဲ့ဘဝတူအိမ်ဖော်အမျိုးသမီး ဂျန်နီကိုလည်းအလွတ်မပေးပါဘူး။ စတုန်းဟေးလ်ကို သူတုန်နေအောင်ကြောက်ပေမဲ့လည်း စတုန်းဟေးလ်ရဲ့ဇနီးသည် အိမ်ရှင်မ အယ်ဒလင်းက သူ့ကိုအထာပေး အစာကျွေးလိုက်တဲ့အခါမှာတော့ အရူးအမဲသားစားမိသလို တန်းတန်းစွဲသွားတဲ့ ဂျိတ်ခ်ဟာ အချစ်အတွက် အသက်ပင်သေသေ ဖင်ညှောင်ရိုးပင်ကျိုးကျိုး စွန့်စားရဲတဲ့သတ္တိတွေရှိလာပြီး မမအယ်ဒလင်းကို ဒီဘဝကြီးက ကယ်တင်ဖို့အတွက် သူ့ဘော့စ် စတုန်းဟေးကိုသတ်ဖို့ကြံပါတော့တယ်။ သူ့အကြံအစည်အောင်မြင်မလား… သူနဲ့အယ်ဒလင်းတို့လွတ်မြောက်ရာမှာနှစ်ကိုယ်တူဘဝထူထောင်နိုင်မလား… ဆက်လက်ရှုစားကြပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 910MB Quality – 1080p, 720p Format – mp4 Duration – 1H 47Min Genre – Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Action • Science Fiction • Horror
0 2023
[18+] Ahasss
4bia (Phobia)
6.7

VHS horrorတွေလို တိုတိုနဲ့လိုရင်းရောက်တဲ့ Anthology horror geneကိုလည်းကြိုက်တယ်၊ asian အငွေ့အသက်လေးလည်း ပါစေချင်တယ်ဆိုသူတွေအတွက် 2008 ခုနှစ်ထွက် Phobia ဆိုတဲ့ ထိုင်းသရဲကားလေး တင်ဆက်ပေးလိုက်ပါပြီ။ Anthology ပီပီ ဇာတ်လမ်းမတူ ဒါရိုက်တာမတူတဲ့ ဇာတ်လမ်း 4 ခုကို ဒီကားလေးမှာ ခံစားရမှာပါ။ ပထမဆုံးအနေနဲ့ အထီးကျန်နေလို့ အွန်လိုင်းမှာချစ်သူရှာရင်း အဖြစ်ဆန်းသွားတဲ့ မိန်းကလေးအကြောင်းရိုက်ကူးထားတဲ့ အထီးကျန်ကမ္ဘာ Loneliness သာမန်ကျောင်းတွင်းအနိုင်ကျင့်မှုကနေ အောက်လမ်းတွေပါလာတဲ့အခါ အဖြစ်ဆိုးသွားတဲ့ ကျောင်းသားတစ်စုအကြောင်း ပုံဖော်ထားတဲ့ မရဏကျိန်စာ Deadly Charm သိပ်ချစ်ကြတဲ့ ရွှတ်နောက်‌နောက်သူငယ်ချင်းရဲ့ အမြဲထာဝရသူငယ်ချင်းဆိုတာ ဘယ်အထိရောက်မလဲဆိုတဲ့ The Man In the Middle နောက်ဆုံးအနေနဲ့ကတော့ တော်ဝင်မင်းသားရဲ့ ကြင်ယာတော်မင်းသမီးနဲ့ လေယာဉ်မယ်ကြားက ဇာတ်ရှုပ်အကြောင်းတွေ့မြင်ရမယ့် Flight 244 Anthology တွေရဲ့ထုံးစံအတိုင်း fast plot ကိုတွေ့မြင်ရမှာဖြစ်ပြီး Horror sceneအသားပေးထားတာမလို့ မီးပြတ်နေတုန်း နားကြပ်နဲ့အရသာရှိရှိခံစားနိုင်ဖို့ ရှုစားလိုက်ရအောင်ပါ။ File size… 2.3 GB / 1 GB Quality… Web-DL NF 1080p / 720p Format… mp4 Duration…. 1h 55m Genre ….. Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Mary Christ

Mystery • Thriller • Crime • Horror
6.7 2008 120 mins
4bia (Phobia)
The Eye 2

ဒီဇာတ်ကားကတော့ Shu Qi (ရှုကြည်)အဓိကပါဝင်သရုပ်ဆောင်ထားပြီး IMDb 5.6/10ရရှိထားတဲ့ horrorဇာတ်ကားလေးတစ်ကားပါ။ ဇာတ်လမ်းအညွှန်းကိုပြောရရင်တော့ ရှုကြည်ဟာ သူ့ရည်းစားကသူနဲ့လမ်းခွဲသွားတဲ့အတွက် စိတ်ဓာတ်ကျပြီးတော့ အိပ်ဆေးတွေသောက်ပြီးသတ်သေဖို့လုပ်ရာကနေစပါတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ သူ့ကိုတွေ့တဲ့သူကတွေ့သွားပြီး ဆေးရုံကိုအမြန်ပို့ကာ အချိန်မှီကယ်လိုက်နိုင်ပေမယ့် အဲဒီနေ့ကစပြီး သူ့ရဲ့ဘဝဟာ အပြောင်းလဲကြီးပြောင်းလဲသွားပါတယ်။ အဲဒါကဘာလဲဆိုတော့ သေခါနီးဖြစ်ရာကနေပြန်ရှင်လာပြီးနောက် သူ့မျက်လုံးကပုံမှန်မဟုတ်တော့ပဲ တစ္ဆေသရဲတွေကိုမြင်လာရတာပါ။ အဲဒီထဲကမှ သူသွားလေရာကိုလိုက်ပြီးခြောက်လှန့်တတ်တဲ့ ထူးဆန်းတဲ့အမျိုးသမီးတစ္ဆေတစ်ကောင်လဲရှိပါသေးတယ်။ ဒီလိုမျိုး နေ့တိုင်းခြောက်ခြားစွာကုန်ဆုံးနေရင်းကနေ သူ့မှာအရင်ရည်းစားနဲ့ကိုယ်ဝန်ရှိနေကြောင်းပါသိလိုက်ရတဲ့အခါ ခံနိုင်ရည်‌ရှိပါတော့မလားဆိုတာကိုတော့ ကြည့်ရှုခံစားပေးကြပါဦး။ File size…(1.9 GB)/(959 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre… Thriller, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mastero

0 2004
The Eye 2
Abbé Pierre – A Century of Devotion
6.6

IMDb 6.6/10 ရရှိထားတဲ့ Biography/Drama/History/War ပြင်သစ် ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အိုဟီ ဂူဝက်စ် တစ်ဖြစ်လဲ အာဘစ်ပီယာက “ဆင်းရဲမွဲတေခြင်းနဲ့ စစ်ဖြစ်နေတဲ့သူ၊ အသံမဲ့လူသားတွေအတွက် အသံဖြစ်ပေးခဲ့သူ၊ ဆင်းရဲမွဲတေမှုကိုတိုက်ဖျက်ဖို့ နည်းလမ်းမျိုးစုံနဲ့ အစွမ်းကုန် ကြိုးစားနေတဲ့သူ” အဖြစ် သမိုင်းမှတ်တမ်းဝင်ခဲ့ပြီး သူ့ကိုဂုဏ်ပြုတဲ့အနေနဲ့ ဒီဇာတ်ကားကို ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ကတ်သလစ် ဘုန်းတော်ကြီးဖြစ်သူ အိုဟီ ဂူဝက်စ်က မေတ္တာတရားကြီးမားပြီး ဘဝရဲ့ရပ်တည်ချက်ကို အမြဲရှာဖွေနေသူပါ။ ကံမကောင်းအကြောင်းမလှစွာနဲ့ ဒုတိယကမ္ဘာစစ်အတွင်း စစ်ထဲဝင်ခဲ့ရပေမဲ့ ဘုန်းတော်ကြီးတစ်ဦးအဖြစ် သူ့ရဲ့ရပ်တည်ချက်ကို မစွန့်ပစ်ဘဲ အတတ်နိုင်ဆုံး ထိန်းသိမ်းထားခဲ့သူလည်း ဖြစ်ပါတယ်။ တော်လှန်ရေးကာလအတွင်း သရုပ်မှန်ကို ဖုံးကွယ်နေထိုင်ဖို့ရည်ရွယ်ချက်နဲ့ အာဘစ် ပီယာဆိုတဲ့ အမည်သစ်တစ်ခုနဲ့ လျှို့ဝှက်လုပ်ဆောင်ခဲ့ပါတယ်။ (အာဘစ်ဆိုတာက ပြင်သစ်လို ဘုန်းတော်ကြီးတွေကိုခေါ်တာမို့ ဘုန်းတော်ကြီး ပီယာဖြစ်ခဲ့တယ်လို့ ဆိုရမှာပေါ့လေ။) ဒုတိယကမ္ဘာစစ်အပြီး ကာလမှာတော့ ပြင်သစ်မှာ ငတ်မွတ်ခေါင်းပါးမှု၊ အိုးမဲ့အိမ်မဲ့တွေများပြားလာမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး သေကြေပျက်စီးမှုတွေရှိလာခဲ့ချိန်မှာတော့ အာဘစ်ပီယာတစ်ယောက် အိမ်ခြေရာမဲ့တွေအတွက် ရွတ်ရွတ်ချွံချွံ တိုက်ပွဲဝင်ခဲ့ပါတော့တယ်။ အိုးမဲ့အိမ်မဲ့တွေအတွက် အေမာရုဆိုတဲ့ နားခိုရာကိုဖွင့်လှစ်ပြီး အားလုံးကို နွေးထွေးစွာ ကြိုဆိုခဲ့တာပါ။ သူက နောက်ခံတောင့်တင်းပြီး လူချမ်းသာအသိုင်းအဝိုင်းကမို့ အစပိုင်းမှာတော့ သူ့မိသားစုဝင်တွေရဲ့ အင်အားနဲ့ တောင့်ခံနိုင်ခဲ့ပေမဲ့ အချိန်ကာလကြာလာတော့ သူရဲ့ အေမာရုနားခိုရာမှာ လူတွေများလာပြီး ပတ်ဝန်းကျင်က တိုင်ကြားမှုတွေ၊ ထောက်ပံ့ငွေမလုံလောက်တာတွေနဲ့ ရင်ဆိုင်ခဲ့ရပါတော့တယ်။ အာဘစ်ရဲ့ ဘဝတစ်လျှောက် ကြုံတွေ့ခဲ့ရတဲ့ လောကဓံက ဒါတင်မကသေးပါဘူး။ ဆောင်းရာသီမှာ အိုးမဲ့အိမ်မဲ့လူတွေက နေစရာမရှိ၊ စားစရာမဲ့စွာနဲ့ လမ်းဘေးမှာအေးခဲပြီး သေနေတာကို မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရပြီး ယူကြုံးမရဖြစ်ခဲ့ရတာမျိုးလည်း ရှိပါသေးတယ်။ မေတ္တာတရားကြီးမားပြီး လူသားအားလုံးကို ကူညီချင်သူ အာဘစ်တစ်ယောက် အားလုံးကို ကယ်ဆယ်ကူညီခဲ့ပေမဲ့ လူသားဆိုတဲ့အမျိုးက တကယ်ရော ကယ်ဆယ်ပေးတဲ့အတိုင်း ကျေးဇူးသိတတ်စွာနဲ့ တုံ့ပြန်ကူညီပေးတတ်သူလား၊ သူနိမ့်ကျလာတဲ့အခါ လူသားရဲ့သဘာဝက ဘယ်လိုတွေ ထွက်ပေါ်လာမှာလဲ၊ အာဘစ်ရဲ့ဆန္ဒအတိုင်း တကယ်ပဲ ဆင်းရဲမွဲတေမှုနဲ့ စစ်ပွဲကရော အဆုံးသတ်နိုင်ပါ့မလားဆိုတာကိုတော့ သူ့ဘဝရဲ့ အနိမ့်၊ အမြင့်၊ အတက်၊ အကျ အစုံစုံကို ဇာတ်ကားထဲမှာ ဗဟုသုတရဖွယ်၊ သံဝေဂယူဖွယ် ရှုစားကြည့်လိုက်ကြပါဦးနော်။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်က Emily ပါ။) File size…(1.8 GB)/(915 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 02:17:00 Genre… Biography, Drama, History, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Emily

6.6 2023 138 mins
Abbé Pierre – A Century of Devotion
Paths of Glory

၁၉၅၇ မှာ ထွက်ရှိခဲ့တဲ့ ဂန္ဓဝင်ရုပ်ရှင်တွေထဲက တစ်ကားဖြစ်တဲ့ ပထမကမ္ဘာစစ်နောက်ခံ ရုပ်ရှင်ပဲ ဖြစ်ပါတယ် စစ်ကားဆိုတာထက် စစ်ဆန့်ကျင်ရေးရုပ်ရှင်ဆိုရင် ပိုမှန်မှာပါ ပြင်သစ်တပ်က Anthill အမည်ရ ဂျာမန်တပ်စွဲထားရာ နယ်မြေတစ်ခုကို သိမ်းချင်နေပါတယ် ရာထူးတိုးချင် အဆောင်အယောင်ကိုမက်မောတဲ့ စစ်ဦးစီးတွေက မဖြစ်နိုင်တဲ့အင်အားနဲ့ တိုက်ခိုက်ဖို့ ကာနယ် Dax ကို အမိန့်ပေးလာပါတယ် ဒါပေမဲ့ မအောင်မြင်တဲ့အခါမှာ သိက္ခာဆယ်တဲ့အနေနဲ့ တပ်သားသုံးယောက်ကို ရမ်းသမ်းရွေးစေပြီး “သူရဲဘောကြောင်မှု” ခေါင်းစဥ်တပ်ကာ ခုံရုံးတင်ပါတယ် တပ်သားသုံးယောက်ဘက်ကနေ ရှေ့နေလိုက်ပေးမယ့်လူကတော့ အမှန်တရားဘက်က ရပ်တည်ပြီး ရိုးသားဖြောင့်မတ်တဲ့ ကာနယ် Dax ပါပဲ ကျန်တာကတော့ ပရိသတ်ကြီးပဲ ရှုစားအားပေးကြပါဦး တိုက်ပွဲက ဇာတ်ဝင်ခန်းနှစ်ခန်းလောက်သာပါပြီး နောက်ဆက်တွဲဖြစ်ရပ်တွေ အငြင်းအခုံတွေကို စိတ်ဝင်တစားကြည့်ရှုရမယ့် ဇာတ်ကားလေးပါ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre… War, Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan

0 1957
Paths of Glory
The Last Journey aka Den Sista Resan
8.2

The Last Journey (2024) Den Sista Resan လို့ခေါ်တဲ့ ဒီကားလေးဟာ ၂၀၂၄ခုနှစ်ထွက် ဆွီဒင် Documentary Film တစ်ခုဖြစ်ပါတယ်။ Filip Hammar နဲ့ Fredrik Wikingsson တို့ ကိုယ်တိုင်ရိုက်ကူးထားတဲ့ ဒီ film မှာတော့ အငြိမ်းစားယူသွားပြီဖြစ်တဲ့ Filip Hammar ရဲ့ အဖေဖြစ်သူ ပြင်သစ်ဆရာ Lars Hammar ကို သူ့ဘဝရဲ့ နောက်ထပ်အလင်းရောင်ကိုမြင်နိုင်စေဖို့အတွက် Filip Hammar က သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း Fredrik Wikingsson နဲ့အတူတူ အဖေဖြစ်သူချစ်တဲ့ ပြင်သစ်နိုင်ငံဆီ အလည်ခေါ်သွားရင်းနဲ့ သူတို့ရဲ့ငယ်ဘဝ အမှတ်တရတွေကို ပြန်လည်ဖော်ထုတ်တဲ့ ခရီးစဉ်အကြောင်းကိုရိုက်ကူးထားတာ ဖြစ်ပါတယ်။ IMDb 8.2/10 ရထားတဲ့ ဒီကားဟာ ဆွီဒင် documentary film သမိုင်းမှာ highest-grossing ဖြစ်လာတဲ့ film တစ်ခုလည်းဖြစ်ပါတယ်။

Drama • Comedy • Romance
8.2 2024 90 mins
The Last Journey aka Den Sista Resan
Commander Komandir
6.7

Komandir (2024) IMDb Rating (6.7) ရုရှက ထုတ်တဲ့ biographical actionအမျိုးအစားရုပ်ရှင်ပေါ့။ ၁၉၈၈မှာ တကယ်ဖြစ်ခဲ့တဲ့ ဆရာမနဲ့ ကလေး၃၀ကို ပြန်ပေးဆွဲခဲ့တဲ့ အဖြစ်ကို အခြေတည်ထားတယ်။ အဓိကကတော့ ရုရှက Alpha Groupခေါ် Group Aလို့ခေါ်တဲ့ အကြမ်းဖက်တိုက်ဖျက်ရေး အထူးအဖွဲ့အကြောင်းပဲ။ ဒီအဖွဲ့ကို ရုရှက 1974မှာ စတင်တည်ထောင်ခဲ့ပြီး အခုဆို အနှစ်၅၀အတိပေါ့။ ဒီအဖွဲ့ အနှစ်ငါးဆယ်ပြည့် အထိမ်းအမှတ်ပဲ ဒီရုပ်ရှင်ကိုရိုက်တယ်ဆိုတယ်။ ဇာတ်လမ်းအဆုံးမှာ ပူတင်တောင် ပါလာသေးတယ်။ ဇာတ်ကတော့ ရုရှရဲ့စစ်ပွဲကာလတွေကနေ ရုရုမှာ အိုလံပစ်ကျင်းပခဲ့တဲ့ ၁၉၈၀ကာလကနေ မျက်မှောက်ခတ်အထိသွားထားတယ်။ ဂျီနက်ဒီလို့ခေါ်တဲ့ ရုရှစစ်သားတစ်ယောက်ရဲ့ စစ်သားမဖြစ်ခင်ဘဝကနေ အထူးတပ်ဖွဲ့ခေါင်းဆောင်ဖြစ်လာတဲ့အထိ ဖြတ်သန်းပုံအဆင့်ဆင့်ကို ရုရှရဲ့ နိုင်ငံရေးတွေကိုပါ ရောယှက်ပြီး ပြသွားတယ်။ ပြောရရင် ဒီကားက hijackingကို အဓိကပြထားတဲ့ ကားလို့လည်း ပြောလို့ရတယ်။ စစ်တွေရော ပြန်ပေးဆွဲတာတွေရော အစုံပလုံမြင်ရမယ့်အပြင် ရုရှအကြောင်းကိုလည်း ပမာဏတစ်ခုအထိသိရအောင် ရိုက်ပြထားတဲ့ မဆိုးတဲ့ ရုရှရုပ်ရှင်ပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(2.6 GB) / (1.2 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Drama Duration….02:24:39 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by W

6.7 2024
Commander Komandir
The Unborn Soul Vong Nhi
5.3

The Unborn Soul (2023) IMDb Rating (5.3) ပြီးပြည့်စုံတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတဲ့ Tung နဲ့ Thao က သူတို့ဘဝမှာ အရာအားလုံးအဆင်ပြေနေပေမဲ့ သူတို့လိုချင်တဲ့ မိသားစုဝင်အသစ် ကလေးလေးကို တော့ အိမ်ထောင်သက်တမ်းသုံးနှစ်ပြည့်တဲ့အထိ ​မရနိုင်ဘူး ဖြစ်နေခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးမှာကံကောင်းပြီး Thao ကိုယ်ဝန်ရသွားတော့ သူတို့နှစ်ယောက် အပျော်လွန်နေချိန်မှာပဲ ထူးဆန်းတဲ့ ကလေးဝိဉာဥ် ခြောက်လှန့်မှုတွေကို သူတို့အိမ်မှာ စပြီး ကြုံခဲ့ရတော့တယ်။ အိပ်မက်ဆိုးတွေဆက်တိုက်မက်တဲ့ Thao က ကြာလာတော့ ကြောက်ရွံ့ပြီး အပနှင်ဆရာဆီကို သွားမေးတဲ့အခါ အဲဒီဝိဉာဥ်က Thao အတိတ်က သူ့ဝမ်းကွဲညီမလေးကို ကိုယ်ဝန်ဖျက်ချခိုင်းခဲ့လို့ Thao ကို အငြိုးထားနေတဲ့ သန္ဓေသားဝိဉာဥ်ဆိုတာ သိခဲ့ရတယ်။ Thao သူလွယ်ထားတဲ့ ကလေးလေးကို သူ့နောက်ခြောက်လှန့်ပြီး အနှောင့်အယှက်ပေးနေတဲ့ ကလေးသရဲဆီကနေ ဘယ်လိုကာကွယ်မလဲဆိုတာ ဒီဇာတ်လမ်းထဲမှာ သည်းထိတ်ရင်ဖိုနဲ့ ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဒီ Vietnam horror ကားက ဗီယက်နမ်နိုင်ငံမှာ ကိုယ်ဝန်ဖျက်ချမှုနှုန်းတွေက အတော်လေးမြင့်တက်နေတာကြောင့် လူ့ဘဝကိုရောက်ခွင့်မရသေးတဲ့ အပြစ်မဲ့ကလေး တွေရဲ့အသက်ကို တန်ဖိုးထားပြီး ကာကွယ်တတ်ဖို့ မက်ဆေ့ကိုပေးချင်တဲ့ Horror ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(1.7 GB) / (840 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Horror Duration….01:58:30 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thwal Htoo Zin

5.3 2023 117 mins
The Unborn Soul Vong Nhi
American Meltdown
5.5

အိုလီဗီယာဆိုတဲ့ အမျိုးသမီးလေးက အိမ်တွင်းအပြင်အဆင် ဒီဇိုင်နာအဖြစ်နဲ့ ဘဝကို ရိုးရှင်းစွာဖြတ်သန်းနေသူဖြစ်ပါတယ်။ တစ်ရက်မှာတော့ သူ အလုပ်လုပ်နတဲ့ ကုမ္ပဏီရဲ့ ပေါ်လစီ အရ သုံးလ လောက် အလုပ်နားရဖို့ဖြစ်လာတဲ့အခါမှာ အိမ်ငှားရမ်းခတွေ ပေးဖို့အတွက် အခက်အခဲဖြစ်လာပါတော့တယ်။ တစ်ပူပေါ်နှစ်ပူဆင့် ဆိုသလို သူ့အိမ်ကလည်း ဖောက်ထွင်း ခံလိုက်ရတာမို့ အိုလီဗီယာတစ်ယောက် ခေါင်းဆင်နင်းခံနေရပါပြီ။ အဲဒီအချိန်မှာပဲ မာရီ ဆိုတဲ့ ဗင်ကားတစ်စီးနဲ့ နိုင်ငံအနှံ့ပတ်နေတဲ့ ခါးပိုက်နှိုက်မလေး တစ်ယောက်နဲ့ ဆုံမိပါတော့တယ်။ ဒီဇာတ်ကားလေးမှာတော့ နိုင်ငံကြီးတွေက ကော်ပိုရိတ်ကြီးတွေရဲ့ စီးပွားရေးအမြတ်ထုတ်မှုတွေ၊ သာမန်လူတန်းစားတွေ ကြုံ‌တွေ့ ကြရတဲ့ ခက်ခဲမှုတွေကို မီးမောင်းထိုးတင်ဆက်ထားပြီးတော့ အိုလီဗီယာတို့ ဒီအခက်အခဲတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာ စိတ်ဝင်တစားကြည့်ရှုကြရမှာပါ။ File size… (847MB) / (408MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 48m Genre ….. Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil

5.5 2024 82 mins
American Meltdown
Aurora Teagarden Mysteries: Death at the Diner
6.6

Aurora Teagarden Mysteries: Death at the Diner (2024) IMDb Rating (6.6) ဒီဇာတ်ကားတော့ Aurora Teagarden Mysteries Franchise ထဲက ဇာတ်ကားကောင်းတစ်ခုပါ။ အထူးသဖြင့် ပဟေဋိဆန်ဆန် မှုခင်းဇာတ်ကားတွေကို သဘောကျနှစ်သက်တဲ့သူတွေအတွက်တော့ လက်မလွှတ်သင့်တဲ့ဇာတ်ကားတစ်ကားပါပဲ။ ဇာတ်လမ်းကိုတော့ စားသောက်ဆိုင်တစ်ခုမှာ လူသတ်မှုဖြစ်ရာကနေ ဇာတ်အိမ်တည်ထားပါတယ်။ အမီလီယိုဆိုတဲ့ စားသောက်ဆိုင်ပိုင်ရှင်ကြီးဟာ စားသောက်ဆိုင်လောကရဲ့ အခွန်တိုးတဲ့ကိစ္စကြောင့် စိတ်သောကရောက်နေရပေမယ့် တစ်ချိန်က သူငွေကြေးပြေလည်ခဲ့တဲ့အချိန်မှာ သူ့ပြည်နယ်တစ်ဝိုက်ကသူတွေအားလုံးကို စိတ်စေတနာသန့်သန့်နဲ့ လိုအပ်သူတွေကို အလကားခေါ်ပြီးကျွေးမွေးတဲ့အပြင် ပရဟိတပါအရမ်းလုပ်လို့ တစ်မြို့လုံးက သူ့ကိုချစ်ခင်နေကြသူပါ။ ဒါပေမဲ့ တစ်ညမှာ အမီလီယို့ဝန်ထမ်းတစ်ယောက်ဟာ ပစ္စည်းကျန်ခဲ့လို့ သွားရှာရင်း အမီလီယိုတစ်ယောက် မီးဖိုချောင်ထဲမှာသေနေတာကိုမြင်ခဲ့ရပါတယ်။ ဒီလိုနဲ့ပဲ အော်ရိုရာဂါးဒန်းဆိုတဲ့ အမီလီယို့ရဲ့ဝန်ထမ်းကောင်လေးတစ်ယောက်၊ စာကြည့်တိုက်မှူးလည်းဖြစ်သူတစ်ယောက်ဟာ ဒီအမှုကြီးကို ဘယ်လိုဖြေရှင်းမလဲဆိုတာ စိတ်ဝင်တစားစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size…(1.1 GB) / (590 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Mystery Duration….01:24:14 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mark

Adventure • Family • Fantasy
6.6 2024 84 mins
Aurora Teagarden Mysteries: Death at the Diner