YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The Revengers (2023) (Ep1)_1080p.mp4

1.98 GB 1080p video/mp4 42 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Wandering
7

ဒီကားရဲ့ဒါရိုက်တာ ကိုရီးယားနွယ်ဖွား Lee Sang-il။ သူ့ကား Unforgiven ( 2013 ) နဲ့ Rage ( 2016) တို့က အာရှရုပ်ရှင် ဂျပန်ရုပ်ရှင်ပရိသတ်တွေ တစ်ခုတ်တရထည့်ထည့်ပြောရတဲ့ထဲပါတတ်တော့ သူ့စကေးကိုက လျှော့တွက်လို့တော့မရဘူး။ ဒီကားဆိုလည်း ဇာတ်အိမ်က ရှားရှားပါးပါးဇာတ်အိမ်မျိုးလို့တောင် ပြောလို့ရတယ်။ တစ်သီးတစ်သန့်ပဲနေတတ်တဲ့ အပေါင်းအသင်းသိပ်မရှိတဲ့ လူငယ်လေးနဲ့ အိမ်ကထွက်ပြေးချင်နေတဲ့ ကလေးမပေါက်စနလေးတွေ့ကြတာကနေ သဘောကောင်းတဲ့ လူငယ်လေးက ကလေးမလေးကို ခေါ်ထားရင်း ကလေးတွေကိုမှ လိင်စိတ်တိမ်းညွတ်နေတဲ့လူလို့ စွပ်စွဲခံလိုက်ရပြီး အပြစ်ရှိတယ်လို့ပါ သတ်မှတ်ခံလိုက်ရတဲ့ ဇာတ်။ ဒါပေမဲ့ အဲဒီလူငယ်လေးက ကလေးမလေးကို ဘာမှမလုပ်ခဲ့သလို ကလေးမလေးကလည်း သူ့ကြောင့်ဖြစ်သွားတဲ့ အသိကြီးနဲ့ ရှင်သန်လာခဲ့ရတယ်။ ဒီလိုနဲ့ ကလေးမလေး အရွယ်ရောက်လာတဲ့အခါ သူတို့ပြန်တွေ့ကြရာကနေ ဇာတ်ကို ဆက်အသက်သွင်းထားတယ်။ အများအမြင်တော့ ကလေးမုဒိန်းကောင်နဲ့ သူ့နစ်နာသူကလေးမလေး ချစ်မိကြတယ်လိုလို ဖြစ်လာတဲ့အခါ သူတို့တွေ လူတွေရဲ့တိုက်ခိုက်မှုတွေကို သူတို့နည်းသူတို့ဟန်နဲ့ရင်ဆိုင်ကြရာက ဒီဇာတ်ဖြစ်လာတယ်။ ဒီကားရဲ့ ဇာတ်လိုက်က ၂၀၁၄တုန်းကထွက်ထားတဲ့ ကိုရီးယားကား monster ထဲက Lee Min Kiရဲ့ဇာတ်ကောင်နဲ့ တော်တော်တူတယ်။ တခြားပွိုင့်ကနေ အဲဒီကားကို ပြန်ပြထားသလိုလိုတောင် ဖြစ်နေတယ်။ ဒါပေမဲ့ ဒီထဲက ဇာတ်လိုက်ကတော့ လီမင်ကီကာရိုက်နဲ့ ဆန့်ကျင်ဘက် အရမ်းသနားတတ်တဲ့ကာရိုက်တာမျိုးအဖြစ် အသက်သွင်းထားတယ်။ စီနီမာတို ဂရပ်ဖီတွေလည်း အတိုင်းအတာတစ်ခုအထိ လှတာမို့ ဂျပန်ရုပ်ရှင်ပရိသတ်တွေ ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ မင်းသမီးကလည်း လက်ရှိဂျပန်ရဲ့ထိပ်တန်းဒါရိုက်တာတွေဖြစ်တဲ့ Hirokazu Koreeda ရဲ့Our Little Sister တို့ The Third Murderတို့ Shunji Iwaiရဲ့ Last Letter တို့လို ကားတွေမှာ အဓိကဇာတ်ကောင်အဖြစ် သရုပ်ဆောင်ဖူးတဲ့ Suzu Hiroseဆိုတော့ မကောင်းမှာတော့ စိတ်ပူစရာမလိုပါဘူး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ W ပဲ ဖြစ်ပါတယ်။ Genre..... Drama, Mystery Quality…. 1080p | 720p | 480p File size… 1.4GB | 773MB | 402MB Format… mp4 Duration…. 2h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ..... W Encoder ..... Aaron

Action • Drama
7 2022 150 mins
Wandering
(18+) A Good Lawyer's Wife
6.1

ဒီကားကို 2010 မှာ The Housemaid နဲ့တစ်‌ခေါက်၊ 2012 မှာ The Taste of Money နဲ့တစ်ခေါက် ကိန်းမှာ ပြိုင်ဖို့ အဖိတ်ခံခဲ့ရတဲ့ Im Sang-soo က ရိုက်ထားတာပါ။ ကိုရီးယားရဲ့ ပါချီပါချက်မဟုတ်တဲ့ A+ မင်းသားစာရင်း၀င် Hwang Jung Min က အဓိက ပါ၀င် သရုပ်ဆောင်ထားပါတယ်။ Hwang ဟာ Ode to My Father, Veteran, New World, Deliver us from Evil စတဲ့ ကားတွေမှာ သရုပ်ဆောင်ခဲ့ဖူးပါတယ်။ မင်းသမီးကတော့ တောင်ကိုရီးယားရဲ့ အတော်ဆုံးဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ လီချန်းဒုံရဲ့ လက်စွဲတော် မင်းသမီး Moon So Ri ပါ။ ကိုရီးယားမင်းသမီးပေမဲ့ Minari နဲ့ အော်စကာပါရဖူးတဲ့ မင်းသမီးကြီး Youn Yuh-jung ကလည်း အားဖြည့်ထားပါသေးတယ်။ ဇာတ်လမ်းကတော့ ရှေ့နေနဲ့ သူ့မိန်းမကြားက အိမ်ထောင်ရေး အရှုပ်အရှင်းတွေ၊ ရှေ့နေမိသားစုရဲ့အကြောင်းတွေ၊ သူတို့မွေးစားထားတဲ့ ကလေးရဲ့ အကြောင်းတွေကို ပြသထားတာဖြစ်ပြီး ရှေ့နေကားနဲ့ တိုက်မိတဲ့ စာပို့သမားရဲ့အကြောင်းကိုပါ အရန်အနေနဲ့ ပုံဖော်ထည့်ထားပြီး သူ့အခန်းကတော့ တော်တော်လေး အသက်၀င်လွန်းပါတယ်။ သူ့ဇာတ်ကောင်ဟာ ဘာမှဆုံးရှုံးစရာမကျန်တော့တဲ့ သူတစ်ယောက်က ဘယ်လောက်ထိ လုပ်နိုင်လဲနဲ့ လူတစ်ယောက်ရဲ့ အငုံ့စိတ်က ဘယ်လိုမျိုးလဲ သေချာပုံဖော်သွားတဲ့ ဇာတ်ကောင်ပါပဲ။ Hwang Jung Min ဟာ A+ စာရင်း၀င် မင်းသားပီပီသသ အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့သလို မင်းသမီးကြီး၂ယောက်ကလည်း ပြောင်မြောက်အောင် ပုံဖော်နိုင်ခဲ့ကြပါတယ်။ ဒီလိုသရုပ်ဆောင်တွေနဲ့တင် ကြည့်သင့်တဲ့ ကားကောင်းပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 6 9 မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.1GB Quality - 720p IMDb Rating - 6.2/10 Format - mp4 Duration - 1H 28Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by 6 9 Encoded by RGB

Action • History
6.1 2003 106 mins
(18+) A Good Lawyer's Wife
Resurrection
6.1

IMDb - 6.2/10 Rotten Tomatoes - 80% , Metacritic - 70% Thriller တစ်ပေါက်မှာ လျှမ်းလျှမ်းတောက်သလို နိုလန်တိုနာမည်ကျော် ဒါရိုက်တာကြီးတွေနဲ့ ကားကောင်းတွေရိုက်ဖူးပြီး မနှစ်က Passingဆိုတဲ့ အနုပညာအရ အတန်အသင့်အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ကိုပါ ဒါရိုက်တာအဖြစ် ပွဲဦးထွက်ရိုက်ကူးခဲ့တဲ့ Rebecca Hall ဦးဆောင်ပါဝင်ထားတဲ့ Thrillerရုပ်ရှင်အသစ်ပါ။ Tim Rothလို ဝါရင့်မင်းသားကြီးကလည်း အားဖြည့်ပေးထားပါတယ်။ ဇာတ်လမ်းပုံစံကတော့ A24 Thrillerတွေကြိုက်တဲ့သူတွေ ကြိုက်ကြမယ့်ပုံစံပါပဲ။ မသိမသာနဲ့ကို အရင်လတွေကထွက်ခဲ့တဲ့ Menရဲ့ အငွေ့အသက်မျိုးလည်း ရနေပါတယ်။ thriller horrorအနေဲ့ဆို သူရထားတဲ့ Rotten Tomatoesနဲ့ Metacriticတိုလို ဝေဖန်ရေးဆရာတွေပေးတဲ့ ရိတ်တင်တွေဟာ မိုးပေါ်ပျံနေတာကြောင့် Thrillerအနေနဲ့ဆို ရှားပါးကားကောင်းတွေထဲက တစ်ကားပြောရပါမယ်။ လန့်စရာတော့ မပါလှပါဘူး။ ဘာတွေဖြစ်နေမှန်းမသိတာကို ရင်တစ်သိမ့်သိမ့်တုန် ကြည့်ရင်း ရင်ဖိုရမယ့် ဇာတ်လမ်းမျိုးပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ မိန်းမတစ်ယောက်ရှိတယ်။ သူနဲ့ သူ့ယောက်ျားက တောခေါင်ခေါင်နေရာမှာ နေကြတယ်။ တစ်နေ့ကျ ကလေးလေးမွေးလာတယ်။ သူက ကလေးကို မျက်စိအောက်က အပျောက်ခံနိုင်အောင် သိပ်ချစ်တာပေါ့။ တစ်နေ့ကျ သူ့ယောက်ျားကသူ့ကို မြိုတက်ဈေးဝယ်ခိုင်းတယ်။ သူပြန်လာတော့ စားပွဲပေါ်ကလေးလက်လေး၂ချောင်းပဲတွေ့ရတော့တယ်။ ကလေးဘယ်မှာလဲမေးတော့ သူ့ယောက်ျားကစားပစ်ပြီတဲ့။ နောက်ကျသိလိုက်ရတာက ကလေးက သူ့ယောက်ျားကိုယ်ထဲမှာ ငိုကြွေးနေတယ် လှုပ်ရှားနေတယ် ရှင်သန်နေတယ်... ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့ ကိုယ်တိုင်ပဲ ရင်ဖိုကြည့်လိုက်ကြပါ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ ) File Size__(1.3GB) / (700MB) Quality__WEB-DL_1080p, 720p IMDb Rating__6.2/10 Format__mp4 Duration__01:42:00 Type__Crime, Drama, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Encoded by Naing Aung Latt

Adventure • Fantasy
6.1 2022 103 mins
Resurrection
Deewangee
6.4

မင်းသားကြီးအဂျေးနဲ့အရှေးခန်နာ...မင်းသမီး Urmila Matondkar တို့ပါဝင်ထားတဲ့ ဒီဇာတ်ကားက IMDb Rating(6.5) ရရှိထားတဲ့ Crime,Mystery အမျိုးအစား စိတ်ဝင်စားစရာ ဇာတ်ကားကောင်းလေးပါ။ "အချစ်" ခေတ်အဆက်ဆက်က ဒီစကားလုံးလေးနှစ်လုံးကို ကဗျာတွေ စာတွေ ပေတွေနဲ့ ဖော်ကျူးခဲ့ကြတယ်... ခံစားချက်ထောင်ချီကနေ ပေါက်ဖွားလာတဲ့ ဒီစကားလုံးလေးက လူသားကို လုံးဝ ရူးသွပ်သွားအောင် လုပ်နိုင်ခဲ့တယ်.. ပြောကြတယ်မလား အချစ်အတွက်ဆို အသက်လည်းပေးနိုင်သလို သေလည်းသေရဲတယ်ပေါ့ ဒါဟာ တကယ်အချစ်ကိုရူးသွပ်ကြတဲ့ လူတွေမှာ ပေါက်ဖွားလာတဲ့ ခံစားချက်လေးပါ... ဒီလိုအချစ်မျိုးတွေ တကယ်ရှိခဲ့ကောင်း ရှိခဲ့ပါလိမ့်မယ် ရှိလည်း ရှိနိုင်ပါတယ်... ဒီလိုစွဲလန်းရူးသွပ်စိတ်ကို ဖေါ်ပြထားတဲ့ ဒီကားလေးမှာ ငယ်ငယ်လေးကတည်းက တိတ်တခိုးချစ်စိတ်တွေနဲ့ ဖုံးကွယ်ထားခဲ့ရတဲ့ ခံစားချက်တွေကို ရင်မှာမျိုသိပ်ရင်း ဆရ်ဂမ်ဆိုတဲ့ကောင်မလေးကို တရန်းဆိုတဲ့ကောင်လေးဟာ ရင်မှာကျိတ်ပိုးငြိတွယ်နေခဲ့တယ်... မိဘတွေက ရင်းနှီးသိကျွမ်းကြလို့ သူတို့နှစ်ယောက်ကို ငယ်ငယ်လေးကတည်းက သဘောတူထားခဲ့ကြတယ်.. လောကဓံကြောင့် တရန်းရဲ့မိဘတွေ ငယ်ငယ်လေးကတည်းက ဆုံးပါးသွားခဲ့ကြပြီး ချစ်ရသူနဲ့ငယ်ငယ်လေးကတည်းက ကွေကွင်းသွားခဲ့ရပါတယ်.. ပြန်ဆုံမိတဲ့အခိုက်အတန့် သိပ်မကြာခင်မှာပဲ လူသတ်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်...ရဲတွေဟာ တရန်းကို လက်ပူးလက်ကြပ်မိလို့ လူသတ်တရားခံလို့ မှတ်ယူထားခဲ့ကြတယ်... ဆရ်ဂမ်ဟာ တရန်းကလူသတ်သမားမဖြစ်နိုင်ဘူးဆိုတာကို ယုံကြည်တဲ့အတွက် နာမည်ကျော်ရှေ့နေလေး ရာဂျ်ကို အမှုလိုက်ပေးဖို့ အကူအညီတောင်းခဲ့ပါတယ်... တရန်းကလည်း သူ လူမသတ်ပါဘူးလို့ ငြင်းတယ်... ရှေ့နေရာဂျ်ကလည်း ဆရ်ဂမ်ကို သဘောကျနေတော့ ဒီအမှုကိုလိုက်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်... ဒီလိုနဲ့ တရန်းဟာ တကယ်ပဲ လူသတ်သမားဖြစ်နေမလား... တကယ့်လူသတ်သမားက ဘယ်သူဖြစ်နေမလဲဆိုတာကို လှည့်ကွက်တွေများစွာနဲ့ ကြည့်ရှုအားပေးရမှာဖြစ်ပါတယ်... လောကမှာ အချစ်အတွက်ဆို ဘာမဆိုလုပ်ပေးနိုင်တဲ့ လူစားမျိုးကို ရလိုက်တာဟာ ကံကောင်းခြင်းလို့ မှတ်ယူနိုင်ပါတယ်... ဒါပေမဲ့ အချစ်ရဲ့စွဲလမ်းရူးသွပ်စိတ်မှာလည်း ဘေးထွက်ဆိုးကျိုးဆိုတာ ရှိတတ်တာကို ဒီဇာတ်ကားက အမိအရရိုက်ကူးထားပေးလို့ စိတ်လှုပ်ရှားစွာ ကြည့်ရှုနိုင်ကြပါတယ်လို့ ညွှန်းပေးလိုက်ပါတယ်။ File size…(3 GB) / (1.3 GB) Quality….WEB-DL 1080p /720p Format…mp4 Duration….02:37:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Taylor

Comedy • TV Movie
6.4 2002 156 mins
Deewangee
Bol Bachchan
5.8

အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ဟာသအက်ရှင်ကားကောင်းလေးတစ်ကားဖြစ်ပြီး မင်းသားကြီးအဂျေးနဲ့ အဘီရှိခ်ဘဂျမ်းတို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဘတ်ဂျက် ရူပီ ကုဋေ ၅၀ (ကန်ဒေါ်လာ ၆.၃သန်း) မှာ ကုဋေ ၁၆၅ (ကန်ဒေါ်လာ ၂၁သန်း) အထိ ပြန်လည်ရရှိခဲ့ပြီး ဒီကားထဲမှာ အဘီရှိခ်ဘဂျမ်းဟာ အကောင်းဆုံးဇာတ်ဆောင်မင်းသားဆု အကောင်းဆုံး ဟာသသရုပ်ဆောင်ဆု စတဲ့ဆုတွေကို ဆွတ်ခူးရရှိခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်...။ အဗာစ်က အမွေဆိုင်အိမ်ကြီးကို အမှုရှုံးသွားပြီးတဲ့နောက် ဘဝပျက်သွားခဲ့တယ်။ ကြံရာမရတဲ့အဆုံး ညီမဖြစ်သူ ဆာနီယားနဲ့အတူ ရနခ်ပူးဆိုတဲ့ ရွာလေးမှာ အခြေချဖု့ိထွက်လာခဲ့ပါတယ်။ အဲ့ဒီရွာမှာ ပရစ်ထဗီရာဂျ်ဆိုတဲ့ ဩဇာအာဏာအရှိဆုံးလူတစ်ယောက်ရှိပါတယ်။ ဒါပေမဲ့ နည်းနည်းတော့ ရိုးတယ် တုံးတယ်ပေါ့။ သူမကြိုက်ဆုံးအချက်က လိမ်တာပါပဲ။ တစ်ခါက သူ့ကိုလိမ်ခဲ့ဖူးတဲ့ သူ့အလုပ်သမားတစ်ယောက်ကို ရိုက်လိုက်တာ တော်ရုံနဲ့ ဆေးရုံကနေ မဆင်းနိုင်တော့ပါဘူး။ အဲ့ဒီမှာပဲ အဗာစ်ဟာ မလွဲသာမရှောင်သာနဲ့ ပရစ်ထဗီဆီမှာ အလုပ်ရသွားပြီး တစ်လိမ်ပေါ် နှစ်လိမ်ဆင့် အလိမ်ချင်းထပ်လာတဲ့အခါမှာတော့ ဇာတ်ကားလေး ဘယ်လိုကြည့်ကောင်းလာမလဲဆိုတာကို ဆက်လက်ရှုစားပေးပါဦးနော်။ File size…4.17GB / 1.7GB Quality…1080p BluRay Remux /720p Format…mp4 Duration….2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor

Animation • Family • Fantasy
5.8 2012 155 mins
Bol Bachchan
Harry Potter and the Order of the Phoenix
7.7

Platform 9¾ ကနေ ပြန်လည် ကြိုဆိုပါတယ်။ Hogwarts ရထားကြီးနဲ့ wizarding world ကို အလည်တစ်ခေါက် ထပ်သွားပြီး Chapter တစ်ခုချင်းစီကို အစဉ်လိုက် ပြန်အလွမ်းသည်ကြမယ်ဗျာ ... ခင်ဗျားက muggle မဟုတ်ရင်တော့ အသက်ရှင်ကျန်ခဲ့သူ ကောင်လေးအကြောင်း ကြားဖူးပြီးသားဖြစ်မှာပါ ... သူ့နာမည်က Harry Potter တဲ့ .. ထင်ရှားတဲ့အမှတ်အသားဆို နဖူးမှာ အမာရွတ်လေးနဲ့ မှန်ကြောင်ကောင်လေးတစ်ယောက်ပါပေါ့ ။ ဒီ အမာရွတ်လေး ရခဲ့တဲ့ ညကနေ စလို့ သူဟာ သူကိုယ်တိုင် မသိပါဘဲ မှော်လောကမှာ ကျော်ကြားလာခဲ့တယ်... မနာခံသူ မှန်သမျှ အရှင်မထားတတ်တဲ့ မှော်ဆရာကြီး တစ်ယောက်ရဲ့ လက်က လွတ်မြောက်ခဲ့သူအဖြစ်ပေါ့... မှော်ဆရာကြီးက ဘယ်သူလဲတော့ လာမမေးပါနဲ့ ... ကျွန်တော်တို့ သူ့နာမည်ကို ထုတ်မပြောကြဘူး ... သိုပေမဲ့ Harry Potter ဆိုတဲ့ မှော်ဆရာလေးကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ရဲစွမ်းသတ္တိအပြည့်မွေးပြီး ရွန်၊ ဟာမွိုင်နီဆိုတဲ့ သူငယ်ချင်း ၂ ယောက်နဲ့အတူ ဒီမှော်ဆရာကြီးနဲ့ အချိန်အကြာကြီး ရင်ဆိုင်ခဲ့ပါတယ် ... အဆိုးနဲ့အကောင်း အမှောင်နဲ့အလင်း အမည်းနဲ့အဖြူလို ဆန့်ကျင်နေတဲ့ ဒီ မှော်ဆရာ ၂ ယောက်ရဲ့ တိုက်ပွဲရှည်ကြီးကို ပြန်လှန်လေ့လာလိုက်ကြပါစို့... မြန်မြန်တက်ကြဗျို့ Hogwarts ရထားကြီး ထွက်တော့မယ် !! File size…(3.2 GB) /(1.7 GB)/(1.2 GB) Quality….BluRay 4K HEVC/1080p /720p Format…mkv/mp4 Duration….02:18:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Min Thet Oo , Mr.Anderson

Comedy
7.7 2007 138 mins
Harry Potter and the Order of the Phoenix
Paper Heart
6

Paper Heart (2009) ============== IMDb Rating – 6.0/10 ” အချစ် ” စကားလေး ၂လုံးတည်းနဲ့ တော်တော်ရှုပ်ထွေးတဲ့အရာပါ။ အချစ်ဆိုတာဘာလဲ၊ တစ်စုံတစ်ယောက်ကို ချစ်မိသွားရင်ကော ဘယ် လိုသိနိုင်မလဲ၊ အစရှိတဲ့မေးခွန်းတွေအတွက် တိကျရေရာတဲ့ အဖြေ မရှိပါဘူး လူအမျိုးမျိုး အဓိပ္ပာယ်အဖုံဖုံပေါ့။ အချစ်ကြောင့်ပဲ လူတွေ ပျော်ရွှင်ကြည်နူးဝမ်းသာကြရသလို၊ အချစ်ကြောင့်ပဲ လူတွေ ဝမ်းနည်း ပူဆွေးကြေကွဲ ကြရပြန်ပါတယ်။ ဒါပေမဲ့ လူတိုင်းအချစ်နဲ့မကင်းနိုင် သေးပါဘူး။ အဲဒီအထဲမှာမှ ရှာလင်းရီလို့ခေါ်တဲ့ ကောင်မလေးတစ် ယောက်တော့ပါမနေခဲ့ပါဘူး။သူမက အချစ်ကိုလည်းမယုံသလို၊ တစ်စုံ တစ်ယောက်ကိုချစ်မိဖို့ကိုလည်း ခက်ခဲနေတဲ့သူပါ။ ဒီလိုနဲ့ ” Paper Heart ” လို့ခေါ်တဲ့ ဇာတ်ကားလေးဖြစ်တည်လာပါတော့တယ်။ ဒီကားထဲမှာတော့ရှာလင်းရီတစ်ယောက် US ကိုပတ်ရင်း အချစ်ကို ယုံကြည်လာဖို့အတွက် လူအများစုဆီက အဖြစ်အပျက်တွေ၊ အချစ်နဲ့ ပတ်သတ်တဲ့ ခံစားချက် ခံယူချက်တွေကို လိုက်လံမေးမြန်းရင်း သူ့ရဲ့ အချစ်ပေါ်ထားရှိတဲ့ အမြင်ကိုပြောင်းလဲဖို့ ကြိုးစားမှာပဲဖြစ်ပါတယ်။ ရှာလီးရီတစ်ယောက် အဆုံးသတ်မှာ အချစ်ကိုယုံကြည်သွားမလား၊ သူကိုယ်တိုင်ကရော ချစ်ရသူတစ်ယောက်ကို တွေ့ရှိသွားမလားဆိုတာ ကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး ခင်ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်) File Size……….(700 MB) / (538 MB) Quality…………WEB-RIP 1080p / 720p Duration………1Hr 28Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama, Romance Translator…….Thetti Tun Encoder……….SWM

Thriller
6 2009
Paper Heart
[18+] The Cook, the Thief, His Wife & Her Lover
7.5

The Cook, the Thief, His Wife & Her Lover (1989) ~ IMDb – 7.5/10, Rotten Tomatoes – 86% ~ ” 18+ ခန်းတွေပါတာကြောင့် အသက်ပြည့်မှကြည့်ဖို့အကြံပေးပါရစေ “ ဒီကားကတော့ 1989 မှာထွက်ရှိထားပြီး ဆု​တွေလည်းအများကြီးရထားရုံတင်မက တစ်ခေတ်တစ်ခါရဲ့ ဗြိတိန်ဂန္ထဝင်မင်းသားကြီး မင်းသမီးကြီးတွေပါဝင်ထားတဲ့ မှုခင်းဒရာမာကားကောင်းတစ်ကား The Cook, the Thief, His Wife & Her Lover ဆိုတဲ့ကား​ပဲဖြစ်ပါတယ်။ ဒီကားရဲ့ ဒါရိုက်တာကလည်း BAFTA လို‌ ဗြိတိန်အကယ်ဒမီဆု အပါအဝင် ဆု​တွေအများကြီးရထားတဲ့ Peter Greenaway ပဲဖြစ်ပါတယ်။ ဇာတ်လမ်း​​ကျောရိုးကို​တော့ ဇာတ်လမ်းနာမည်အတိုင်း ဇာတ်​ကောင် ၄ ​​ယောက်ကို ဗဟိုပြုပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်။ လန်ဒန်မြို့က စား​​သောက်ဆိုင်တစ်ဆိုင်ကို ဝယ်လိုက်ပြီး ​​နေ့တိုင်း ထင်တိုင်းကြဲ​​သောင်းကျန်း​နေတဲ့ အဲဘက် (The Thief) အဲဘက်ရဲ့နှိပ်စက်သမျှ တင်စီးသမျှကို ခံ​နေရတဲ့ ​ဂျော်ဂျီနာ (His Wife) အဲဘက်ရဲ့ စား​သောက်ဆိုင်မှာ အဲဘက်ရဲ့ သ​ဘောထား​တွေကို ဆန့်ကျင်ပြီးလုပ်​​လေ့ရှိတဲ့ ဘို့စ် (The Cook) စား​သောက်ဆိုင်မှာ လာစားရင်း ​ဂျော်ဂျီနဲ့ ချစ်မိသွားတဲ့ မိုက်ကယ် (Her Lover) တို့ကို အဲဘက်တစ်​ယောက် မိသွားတဲ့အခါ ဘာ​တွေဆက်ဖြစ်မလဲ… သူတို့​လေး​ယောက်ကို ချိတ်ဆက်ပြီး ဇာတ်ကားတစ်ခုလုံးကို ဘယ်လိုရိုက်ပြသွားလဲ… ဆိုတာ​တွေကို စိတ်ဝင်တစားကြည့်ရှူရမယ့် ဂန္ထဝင်ဇာတ်ကား​ကောင်း​တစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 780MB Quality – 1080p, 720p IMDb Rating – 7.5/10 Format – mp4 Duration – 2H 4Min Genre – Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by DB Encoded by Y

7.5 1989 124 mins
[18+] The Cook, the Thief, His Wife & Her Lover
Thunder Monk
6.3

Thunder Monk (2023) ဦးဇင်းကျစ် အဖြစ် Oat Paramote Pathan ပတ်ပေါင့် အဖြစ် Pop PongKool Suebsung ဂျုံ အဖြစ် Fon Sananthachat ဝိုင် အဖြစ် Carissa Springgett ဇာတ်လမ်းအကျဉ်း အတိတ်ဘ၀ တုန်းက ဘုန်းဘုန်းကျစ်နဲ့မှော်ဆရာပတ်ပေါင်တို့က သိပ်ကိုချစ်ကြတဲ့ လင်မယားတွေပါ ဒီဘ၀မှာ နှစ်ယောက်လုံးက ယောကျာ်းလေးအဖြစ် မွေးဖွားလာပါသော်လည်း အတိတ်ဘ၀တုန်းက ပတ်ပေါင့် ဘုန်းဘုန်းကျစ်အစား အသေခံပေးခဲ့ပါတယ် ဒီအတွက် ဘုန်းဘုန်းကျစ်က ပတ်ပေါင့်ပြုသမျှ ၀ဋ်ကြွေးတွေကို သူခံယူပါ့မယ်လို တောင်းဆုပြုခဲ့ပါတယ် ဆိုတော့ ဘုန်းဘုန်းကျစ် အတိတ်တုန်းက သူ့မိန်းမဖြစ်ခဲ့တဲ့ မှော်ဆရာပတ်ပေါင့်ဆီကို ၀ဋ်ကြွေးလွှတ်မြောက်အောင် လုပ်ဖို့ သွားပါတော့တယ် ဖြစ်ချင်တော့ ဒီဘ၀မှာ မှော်ဆရာပတ်ပေါင့်က ကောင်မလေးတစ်ယောက်နဲ့ ချစ်ကြိုက်ပြီး ဖောက်ပြန်ရင် မိုးကြိုးပစ်ပါစေလို့ ကျိန်ဆိုထားပါတယ် သို့ပေမဲ့ သူ့စကားကို မတည်နိုင်ဘဲ နောက်ကောင်မလေး တစ်ယောက်ကို ချစ်ကြိုက်သွားပါတယ် သူ့ကျိန်စာကြောင့် မိုးကြိုးက မှော်ဆရာကို ပစ်ရမယ့်အစား အတိတ်ဘ၀က ဘုန်းဘုန်းကျစ်ရဲ့ တောင်းဆုကြောင့် ဘုန်းဘုန်းကိုပဲ ပစ်မှာပါ ဆိုတော့ ဘုန်းဘုန်းကျစ် မှော်ဆရာကို အချိန်မှီတားနိုင်ပါ့မလား ဆိုတာကို အူတက်အောင် ရယ်မောရင်း စောင့်ကြည့်လိုက်ပါ (အညွှန်းရေးသားသူမှာ Fake Love ဖြစ်ပြီးတော့ ဘာသာပြန်ထားတာကတော့ Nang Mwe Kham & Fake Love ဖြစ်ပါတယ်။) Genre….. Action, Comedy Quality…. 1080p | 720p File size… 1.4GB | 676MB Format… mp4 Duration…. 1h 40min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Nang Mwe Kham & Fake Love Encoder ….. Aaron

6.3 2023
Thunder Monk
Twinkle, Twinkle, Lucky Stars
6.2

ဒီဇာတ်ကားလေးကတော့ တရုတ်ကားတွေမှာ မြင်နေကျ ဂျက်ကီချန်းအပါအဝင် ဒိတ်ဒိတ်ကြဲသရုပ်ဆောင်တွေ အရွယ်ကောင်းတုန်းက ရိုက်ကူးထားတဲ့ အက်ရှင်ဟာသဇာတ်ကားလေးတစ်ပုဒ်ပါ။ ချီချီဝမ်ဆိုတဲ့ ပြဇာတ်သရုပ်ဆောင် ကောင်မလေးရဲ့ မိတ်ဆွေဖြစ်သူဟာ မူးယစ်ဆေးကုန်သွယ်မှုအကြောင်း သတင်းပေးထားတဲ့ စာတစ်စောင်ကို သူမဆီပို့လိုက်ပြီးတဲ့နောက်မှာ အသတ်ခံလိုက်ရပါတယ်။ ဒီအတွက်ကြောင့် ဒီသတင်းပေးထားတဲ့ စာစောင်ကို ရရှိမှ အမှုဆက်လိုက်လို့ရမှာဖြစ်တဲ့ စုံထောက်တွေဖြစ်တဲ့ ဂျက်ကီချန်းတို့ဟာ ချီချီဝမ်ကို အန္တရာယ်ကင်းကင်းနဲ့ စာကို လက်ခံရရှိနိုင်ပြီး သူတို့လည်း အမှုဖြောင့်ဖြောင့်စုံစမ်းလို့ရအောင် အသိဘော်ဒါတွေအိမ်မှာ ချီချီဝမ်ကို ပို့ထားလိုက်ပါတော့ တယ်။ ဒီတော့ ဒီဘော်ဒါတစ်အုပ် မိန်းကလေးချောချောလေး အိမ်ပေါ်ရောက်လာတော့ ဘယ်လိုအကြံအဖန်တွေလုပ်ပြီး နှာထကြမလဲ၊ မူးယစ်ဆေးအမှုကိုရော ဒီကောင်တွေက ဘယ်လိုစောက်တလွဲတွေလုပ်ရင်းနဲ့ အမှုကို ကူညီဖော်ထုတ်သွားမလဲဆိုတာ ခွက်ထိုးခွက်လန်ရယ်မောရင်းနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဂျက်ကီချန်း အရွယ်ကောင်းတုန်းက အချိန်ကို ပြန်မြင်ရမှာကလည်း အမြတ်ပါပဲ။ ဒီဇာတ်ကားက စော်ငြင်းကောင်၊ စောက်ပေါ၊ နှာဘူးဖွန်ကောင်တွေ၊ အတည်ပေါက်နဲ့ နောက်တဲ့ကောင်တွေအပြင် ဇာတ်ကောင်မျိုးစုံပါဝင်တဲ့အတွက် ရှယ်ရယ်ရမှာဖြစ်ပြီး ကြည့်ရတာတန်တဲ့ကားဖြစ်ပါတယ်။ ဒီတော့ if you need a good laugh, you better watch it လို့ သာပြောချင်ပါတယ်….. File size…(2 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre…Action, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo

Family • Drama
6.2 1985 94 mins
Twinkle, Twinkle, Lucky Stars
Kismat
8

Kismat (2024) “ကံကြမ္မာ” ============================ Cmပရိသတ်တွေအတွက် တကယ်ရယ်ရတဲ့ တေလဂူးစကားပြော မှုခင်းဟာသရုပ်ရှင်သစ်လေးတစ်ခု တင်ဆက်ပေးချင်ပါတယ်။ ရွာငယ်လေးတစ်ခုမှာ အင်ဂျင်နီယာကျောင်းပြီးထားတဲ့ လူငယ်သုံးယောက်ရှိကြပါတယ်။ သူတို့ဟာ အင်ဂျင်နီယာတွေဖြစ်ကြပေမဲ့ ဘွဲ့ရပြီး နှစ်တွေကြာတဲ့အထိ အလုပ်အကိုင်မရှိတာကြောင့် မိသားစုတွေက အမြင်မကြည်ကြတဲ့အတွက် မြို့တက် အလုပ်လုပ်ဖို့ ကြိုးစားကြပါတယ်။ အင်ဂျင်နီယာကျောင်း ထောင်ချီရှိနေပေမဲ့ အလုပ်အကိုင်အခွင့်အလန်းက ရာဂဏန်းတောင်မရှိတဲ့အတွက် သူတို့အလုပ်မရကြပါဘူး။ ဒီလို ပေါပေါပဲပဲအင်ဂျင်နီယာကျောင်းတွေကို ဖွင့်ထားတာကတော့ ဒုစရိုက်လုပ်ငန်းတွေ လုပ်နေတဲ့ နိုင်ငံရေးသမားတွေပါပဲ။ ဒီလိုနဲ့ ကျောင်းကသင်ပေးလိုက်တဲ့ ပညာရပ်တွေကိုအသုံးချပြီး သူငယ်ချင်းသုံးယောက် ဒုစရိုက်ဂိုဏ်းခေါင်းဆောင် နိုင်ငံရေးသမားဆီက ပိုက်ဆံခိုးဖို့ကြံကြပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

Action • Comedy • Crime
8 2024 128 mins
Kismat
You, Me, and that Mountain Retreat
6.1

ကိုယ်ရယ် မင်းရယ် ဒီတောစခန်းရယ် (You Me and that Mountain Retreat) ဒီဇာတ်ကားလေးကတော့ ၂၀၂၃ မှာတင်ထွက်ရှိထားတဲ့ ဇာတ်ကားလေးတစ်ကားပါ.. ဇာတ်လမ်းလေးကတော့ IAM ဆိုတဲ့ကုမ္ပဏီမှာ အလုပ်ဝင်ချင်တဲ့ ရေဗက္ကာဆိုတဲ့ ကောင်မလေးနေရာကနေ ကြည့်ရှူခံစားရမှာပါ ဒီဇိုင်နာတစ်ယောက်ဖြစ်တာနဲ့အညီ introvert တစ်ယောက်လိုအခန်းထဲမှာပဲ အောင်းပြီး အလုပ်လုပ်ချင်တဲ့သူမအတွက် ခေါင်းဆောင်ရာထူးတစ်ခုကို လျှောက်မိတဲ့အခါ ဘာလုပ်လို့ဘာကိုင်ရမယ်မသိ အခက်အခဲ တွေ့ရပါတော့တယ်.. ဒါ့အပြင်သူလျှောက်တဲ့ကုမ္ပဏီကလည်း သာမန်မဟုတ်ပါဘူး သဘာဝတရားကြီးကို ချစ်မြတ်နိုးတဲ့သူကိုယ်တိုင် တည်ထောင် ထားတဲ့ ကုမ္ပဏီမလို့ ကုမ္ပဏီရဲ့ပုံစံကတခြားခေါက်ရိုးကျိုး သမားရိုးကျပုံစံတွေနဲ့ ကွာခြားလှပါတယ် ဒီလိုပဲ ဆန်းဆန်းပြားပြားတွေ လုပ်တတ်တာနဲ့အညီ IAMရဲ့အလုပ်ခန့်ဖို့နောက်ဆုံးလူရွေးပွဲကို တောစခန်းတစ်ခုမှာလုပ်မှာပါ ဒီနေရာမှာ ၁၀ရက်ကြာ ဘယ်လိုမျိုးတွေတွေ့ကြုံဖြတ်သန်းရဦးမလဲ… ဒီကြားထဲမှာ သူမနဲ့ပြောင်းပြန် လူတွေနဲ့ပနံသင့် စကား ရွှန်းရွှန်းဝေအောင်ပြောနေတတ်တဲ့ အရောင်းစာရေးတစ်ယောက်နဲ့ အတူတူအတွဲက ကျလိုက်ပါသေးတယ် စရိုက်ချင်မတူတဲ့အပြင် ကိုယ့်ဆရာက အဲယားကွန်းခန်းထဲကမထွက်ချင်တဲ့သူတစ်ယောက် စခန်းချထွက်တဲ့နေရာကိုရောက်နေတဲ့အခါမှာတော့ ……….. အားလုံးအတွက် ပျော်ရ ရီရ အပန်းဖြေ ရတဲ့ comedy romance ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်… File size…2.07GB / 947MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 26m Genre ….. Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aung Khnat Paing

Drama • Romance
6.1 2023
You, Me, and that Mountain Retreat
Kurangu Bommai
7.9

Kurangu Bommai (2017) “မျောက်ရုပ်” IMDb – 7.9/10 လတ်တလော ဟစ်ဖြစ်နေတဲ့ Maharaja(2024)ရဲ့ ဖန်တီးရှင်ဒါရိုက်တာကြီး Nithilan Swaminathan ရိုက်ကူးထားတဲ့ ၂၀၁၇ခုနှစ်က ဇာတ်လမ်းဟောင်းလေးကို တောင်းဆိုမှုတွေကြောင့် တင်ဆက်ပေးလိုက်ရပါတယ်။ အဂမ်ဘာရမ်ဆိုတာ ရှေးဟောင်းရုပ်တုတွေကို မှောင်ခိုကူးနေတဲ့ လူမိုက်ခေါင်းဆောင်ကြီးတစ်ယောက်။ ဆွန်ဒါရမ်က အဂမ်ဘာရမ်ရဲ့ လုပ်ဖော်ကိုင်ဖက်လည်းဖြစ် ခင်မင်ရင်းနှီးတဲ့မိတ်ဆွေဆိုလည်းဟုတ်။ ဆွမ်ဒါရမ်မှာ ကာဒီရ်ဆိုတဲ့ ချန်နိုင်းမှာ အငှားယာဉ်မောင်းသားတစ်ယောက်ရှိပါတယ်။ ကာဒီရ်က ဗီဂျီဆိုတဲ့ကောင်မလေးနဲ့ ချစ်ခင်စုံမက်တာကြောင့် လက်ထပ်ပေးဖို့သွားကြောင်းလမ်းခဲ့ပေမဲ့ ကောင်မလေးအဖေဖြစ်သူ သဘောမတူတာကြောင့် အဆင်မပြေခဲ့။ မိန်းမတောင်းရာက ယောက္ခထီးနဲ့ပြဿနာတက်လာပြီး ဘူနေတဲ့ ကာဒီရ်တစ်ယောက် ချန်နိုင်းကိုပြန်လာတဲ့အချိန် ဘတ်စ်ကားမှတ်တိုင်မှာ အိတ်တလုံးကို ရူပီးဆယ်သန်း အိပ်ရာအောက်မှာထားအိပ်ဖို့ရည်မှန်းချက်ကြီးနဲ့ ခါးပိုက်နှိုက်က ခိုးပြေးပါရော။ ဒီမှာပဲ ကာဒီရ် ခါးပိုက်နှိုက်ကိုလိုက်ဖမ်းပြီး အိတ်ပြန်ယူလာခဲ့ပေမဲ့ ပိုင်ရှင်ကမရှိတော့။ အဲဒါနဲ့ ဖေ့စဘွတ်မှာ အိတ်ပိုင်ရှင်ပြန်လာယူဖို့ ပို့စ်တင်ချိန်မှာတော့ မထင်မှတ်ထားတဲ့ပြဿနာတွေ သူ့ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့ပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

7.9 2017
Kurangu Bommai
My Divorce Party

ဇန်ဟာ သူ့ယောက်ျားဖြစ်သူ တိုနီနဲ့ ကွာရှင်းဖို့အကြောင်းဖန်လာပြီး စိတ်ထောင်းကိုယ်ကြေဖြစ်နေလို့ သူ့အခင်ဆုံးသူငယ်ချင်းတွေဖြစ်တဲ့ ဆမန်သာ၊ ရန်၊ ဝင်ဒီနဲ့ အစ်စဘယ်လာတို့နဲ့အတူ ကန္တာရဘက်ကို စိတ်ပြေလက်ပျောက် ခရီးထွက်လာပါတော့တယ်။ တစ်ဖက်မှာ အစ်စဘယ်လာကလည်း မင်္ဂလာဆောင်တော့မှာဖြစ်ပြီး သူ့ခင်ပွန်းလောင်းနဲ့ တိုနီက ဘော်ဒါကောင်းတွေဖြစ်လို့ သတို့သားအရံလုပ်ဖို့ ဖိတ်ထားပြီးသားဖြစ်လို့ အစ်စဘယ်လာအနေနဲ့ ဇန်ကို သတို့သမီးအရံလုပ်ခိုင်းရင် ကွာရှင်းတော့မဲ့ လင်မယားကို မီးလောင်ရာလေပင့်ပေးသလို ဖြစ်နေမှာမို့ အခက်တွေ့နေပြီး ဇန်ကို မင်္ဂလာဆောင်ကိစ္စ မပြောသေးပဲ ထားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီအချိန်မှာ ပိုဆိုးတာက ဇန်က သူ့စုထားတဲ့ ဒေါ်လာတစ်သိန်းကို ကွာရှင်းပြီးသွားရင် တိုနီကို တစ်ဝက်ပေးရမှာဖြစ်လို့ မပေးချင်တဲ့အတွက် ကန္တာရထဲကို ယူလာပြီး သုံးဖြုန်းပစ်ဖို့ လုပ်ပါတော့တယ်။ ဒီအချိန်မှာ သူတို့ သူငယ်ချင်းငါးယောက် ကန္တာရထဲက သူစိမ်းပြင်ပြင်ကြားမှာ ဒေါ်လာတစ်သိန်းနဲ့ ဘယ်လို ငါးပါးမှောက်ကြမလဲဆိုတာက အခွီတလိုင်းကြည့်ရမှာဖြစ်လို့ လက်မနှေးပဲ အခုသာ ကြည့်လိုက်ကြပါတော့ဗျာ။ File size…(1.6 GB)/(960 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:56:00 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Matteo

0 2024
My Divorce Party
Blood pay
6.4

Blood pay (2025) IMDb Rating (6.4) 18+ အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။ သုခဘုံဆိုတာဟာ AI တွေက အလုပ်သမားစျေးကွက်ကိုဝင်ရောက်လုယူသွားပြီး အလုပ်လက်မဲ့နှုန်းတွေမြင့်တက်လာ၊လူငယ်တွေဟာလည်း အွန်လိုင်းကမ္ဘာထဲမှာသာ နစ်မျောနေပြီး လူသားချင်းထိတွေ့ဆက်ဆံမှု ကင်းပျောက်လုနီးပါး ပျက်ကိန်းဆိုက်နေတဲ့အနာဂတ်ကမ္ဘာထဲက မြို့တစ်မြို့ဖြစ်ပါတယ်။ အဲ့ဒီမှာမှ ဂျွန်ဆိုတဲ့လူတစ်ယောက်ကတော့ ခေတ်နဲ့လိုက်လျောညီထွေပြောင်းလဲနိုင်တဲ့အတွက်ပူပင်စရာမရှိလောက်အောင်ပြီးပြည့်စုံတဲ့ဘ၀တစ်ခုကိုပိုင်ဆိုင်နေပြီး ဘေးလူမနာလိုချင်စရာအနေအထားမျိုးပါ။ ဒါပေမယ့် ပြီးပြည့်စုံလွန်းတဲ့ဂျွန်ဟာ ဘ၀မှာ ဘယ်အရာကိုမှ စိတ်ကျေနပ်မှု၊ပြည့်စုံမှုမရနိုင်တော့ပဲ စိတ်ကျရောဂါဖိစီးနေပြီး ကိုယ်ကိုယ်ကိုသတ်သေဖို့အထိပါတွေးနေမိပါတယ်။ တစ်နေ့တော့ အွန်လိုင်းက ကြော်ငြာတစ်ခုကောင်းမှုနဲ့ BLOOD-PAY ဆိုတဲ့ AI ဖျော်ဖြေရေးကိရိယာတစ်ခုကို ဝယ်ယူမိသွားခဲ့ပါတယ်။ အဲဒီကိရိယာမှာ သူနဲ့ဆက်ဆံပြောဆိုတဲ့ အိဗ်ဆိုတဲ့ Ai မလေးကို အစွဲလန်းကြီးစွဲလန်းမိတဲ့နောက်မှာတော့ ဂျွန်ဟာ အိဗ်ညွှန်ကြားသမျှရူးရူးမိုက်မိုက်လိုက်လုပ်ရင်း ရုန်းထွက်ရခက်တဲ့ရမ္မက်နွံထဲကို ကျဆင်းသွားပါတော့တယ်။ အချိန်လွန်မှသိလိုက်ရတာကတော့ BLOOD-PAY ဆိုတဲ့အတိုင်းသူ့ရဲ့ဝန်ဆောင်မှုကို သွေးနဲ့ပေးချေရတယ်ဆိုတာပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.4 GB) / (660 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Horror,Science Fiction,Thriller Duration….01:23:07 Subtitle….Myanmar Subtitle (Hardsub) Encoder….Alvar Translated by Alias

6.4 2025 82 mins
Blood pay