YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

The Revenge(2021)Ep.4.mp4

312.34 MB N/A video/mp4 353 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Rushmore
7.4

Rushmore (1998) ~ IMDb - 7.6/10, Rotten Tomatoes - 90% ~ ဒီဇာတ်ကားဟာ Moonrise Kingdom, The Grand Budapest Hotel, Fantastic Mr. Fox တို့နဲ့နာမည်ကြီးတဲ့ဒါရိုက်တာ Wes Anderson ရိုက်ကူးခဲ့တဲ့ ဒုတိယမြောက်ကားဖြစ်ပါတယ်။ Wes Anderson ရဲ့ဇာတ်ကားတွေက ခေါက်ချိုးညီရိုက်ချက်တွေ၊ လှပတဲ့အရောင်တွေအလှတွေထည့်သွင်းအသုံးပြုတာတွေ၊ ဇာတ်လမ်းဇာတ်ညွှန်းထူးဆန်းမှုတွေနဲ့ နာမည်ကြီးပါတယ်။ ဒီဇာတ်ကားက ၁၉၉၀ ကျော်ကကားလို့မထင်ရအောင်ကိုခေတ်မှီပြီး ပုံစံကလုံးဝကို Unique ဖြစ်ပါတယ်။ ဟာသကားလို့ Genre တပ်ထားပေမဲ့လို့ လုံးလုံးဟာသကားမျိုးဖြစ်နေတာမဟုတ်ဘဲ Deep တဲ့သဘောသဘာဝတွေကိုနှစ်မြှုပ်ထားပါသေးတယ်။ ဒီဇာတ်ကားရဲ့​ကျောရိုးကို ဇာတ်ဆောင်သုံးဦးနဲ့ဖွဲ့စည်းထားပါတယ်။ အဓိကဇာတ်ကောင်ဖြစ်တဲ့မက်စ်က အသက် ၁၅ နှစ်အရွယ် အထက်တန်းကျောင်းသားဖြစ်ပြီး ရက်ရှ်မိုးလို့ခေါ်တဲ့ ကိုယ်ပိုင်ကျောင်းမှာ စကောလားရှစ်နဲ့တက်ရောက်နေသူဖြစ်ပါတယ်။ စကောလားရှစ်ရထားတာဆိုပေမဲ့ အသင်းအဖွဲ့တွေ ဘာ Club ညာ Club ဖွဲ့တာတွေစတဲ့ Activity တွေမှာသာအားစိုက်ပြီး စာမှာညံ့ဖျင်းတဲ့ကျောင်းသားမျိုးဖြစ်နေပါတယ်။ အသင်းအဖွဲ့ပေါင်းများစွာဝင်ထားပြီး ပြဇာတ်ရေးတာကိုအားသန်သူပါ။ မက်စ်ဟာ ကျောင်းရဲ့ပင်တိုင်အလှူရှင် ဟာမန်ဘလူးမ်ကိုလေးစားအားကျနေသူဖြစ်ပြီး သွားစကားပြောရင်းကနေ ရင်းနှီးတဲ့မိတ်ဆွေတွေဖြစ်သွားကြပါတယ်။ မစ္စတာဘလူးမ်ဟာ အသက် ၅၀ အရွယ် ချမ်းသာတဲ့ ကိုယ်ထူကိုယ်ထ ပိုက်ကုမ္ပဏီပိုင်ရှင်ဖြစ်ပြီး ဇနီးမယားနဲ့အတူ အမြွှာသားနှစ်ယောက်ရှိပါတယ်။ တစ်နေ့မှာ ရက်ရှ်မိုးကျောင်းကို ရို့မေရီခရော့စ်လို့ခေါ်တဲ့ ငယ်ငယ်ခပ်ချောချောဆရာမလေးရောက်လာပါတယ်။ မက်စ်ဟာ စာကြည့်တိုက်ကနေစာအုပ် ငှားဖတ်ရင်း မစ္စခရော့စ်ငှားဖက်ထားတဲ့ စာအုပ်ကိုဖတ်မိပြီး ဆရာမလေးကိုစိတ်ဝင်စားသွားပါတော့တယ်။ ဆရာမလေးနဲ့ ရည်းစားဖြစ်နိုင်ဖို့အတွက် မစ္စတာဘလူးမ်ဆီအကြံဉာဏ်တောင်းခံရင်း မစ္စတာဘလူးမ်ပါ ဆရာမလေးကိုကြိုက်သွားပါတယ်။ မက်စ်တစ်ယောက် သူရယ် မစ္စတာဘလူးမ်ရယ် မစ္စခရော့စ်ဆိုတဲ့ဆရာမလေးတို့ကြားက သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ... ကျောင်းမှာအမှတ်တွေမကောင်းလို့ ကျောင်းထုတ်ခံရနီးပါးဖြစ်နေတာကကောဘယ်လိုဖြစ်သွားမလဲ... ပြင်ပ Activity တွေလုပ်တာနဲ့ ပြဇာတ်ရေးတာတွေကကောရပ်သွားမှာလား... စတာတွေကို Background Music ကောင်းကောင်းရယ် သူမတူတဲ့ရိုက်ချက်​တွေနဲ့ ရှုမြင်ခံစားရမှာပါ။ ဇာတ်ညွှန်းကို Wes Andersonနဲ့ Owen Wilson တို့ပေါင်းရေးထားတာဖြစ်လို့ သာမန်ဟာသကားတစ်ကားလိုမရိုးရှင်းဘဲ ရယ်ရမောရရင်း အနှစ်သာရတစ်ခုကိုသေချာပေါက်ရရှိခံစားရမှာလို့ပြောရင်း Rushmore ကိုကြည့်ဖြစ်အောင်ကြည့်​ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Dinesh မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.7GB, 730MB Quality - 1080p, 720p IMDb Rating - 7.6/10 Format - mp4 Duration - 1H 33Min Genre - Comedy, Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by Dinesh Encoded by Y

Crime • Drama • Mystery
7.4 1998 93 mins
Rushmore
In the Line of Duty 4
6.8

မြန်မာပြည်မှာ ဟောင်ကောင်ဂျက်မလို့ လူသိများကြတဲ့ ဇာတ်ကားတွေကို ပြန်လည်တင်ဆက်သွားပါ့မယ် ဟောင်ကောင်ဂျက်မဆိုတာက အဲ့ချိန်တုန်းကမြင်ရခဲတဲ့ ဆံပင်တိုတိုနဲ့ ဟောင်ကောင်ရဲမေစုံထောက် ကွန်ဖူးဖိုက်တာတွေကို ဆိုလိုတာပါ… ဇာတ်ကားအများစုကို မီရှဲယိုနဲ့ Cynthia Khan တို့အဓိက သရုပ်ဆောင်ခဲ့ကြပါတယ်။ ဂျက်မ Franchise အဖြစ် နာမည်ကြီးကြတာတော့ In The Line of Duty ဆိုတဲ့ဇာတ်ကားတွေပါပဲ။ ဟောင်ကောင်ရဲ့ ရုပ်ရှင်ရွှေခေတ်မှာ နာမည်ကြီးခဲ့ကြတဲ့ မင်းသားမင်းသမီးအကုန်နီးပါး ဒီ Franchise ဇာတ်ကားတွေမှာ သရုပ်ဆောင်ခဲ့ကြပါတယ်။ ၁၉၉၀ ခုနှစ်လောက်က ဇာတ်ကားတွေဆိုပေမယ့် အခုချိန်ထိ ခေတ်မီနေပြီး သွက်လက်တဲ့ Action တွေကို ခံစားရမှာပါ။ ဂျက်ကီချန်းရဲ့ဇာတ်ကားတွေလိုပဲ Action,Comedy,Drama Theme တွေကို လှလှပပ ကူးသန်းချိတ်ဆက်ထားပါတယ်။ အခု ၄ ကားမြောက် တင်ဆက်လိုက်တဲ့ In the Line of Duty 4 (1989) ဇာတ်ကားကို The Witness လို့လဲ ခေါ်ဆိုကြပါတယ်။ မင်းသားကြီး Donnie Yen နဲ့ ဟောင်ကောင်ဂျက်မအဖြစ် မင်းသမီး Cynthia Khan တို့ အဓိကပါဝင်ထားပါတယ်။ Donnie Yen တို့က အမေရိကန်မှာ မူးယစ်ဆေးရောင်းဝယ်ရေးလုပ်နေတဲ့ အခင်းအခြေအနေကို ဝင်စီးတဲ့အခါမှာ အဖွဲ့ဝင်တစ်ယောက် ကျည်ထိမှန်ပြီးသေဆုံးသွားခဲ့ရပါတယ်။ အဲ့ဒီအခြေအနေကို မှတ်တမ်းအဖြစ် ရိုက်ကူးထားတဲ့ဖလင်လိပ်က လမ်းမှာဖြတ်လျှောက်သွားတဲ့ ရှောင်လျို့လက်ထဲကို အမှတ်မထင်ရောက်ရှိသွားတဲ့အချိန်ကစပြီး သူ့ခမျာကံဆိုးမိုးမှောင်ကျတာပါပဲ။ ဒီပြသနာတွေမှာ အကောင်ကြီးကြီးတွေပါဝင်ပတ်သက်နေတာမို့ မျက်မြင်သက်သေဖြစ်တဲ့ ရှောင်လျို့တစ်ယောက် ဘာကိုမြင်လိုက်ပြီး ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာ...။ IMDb Rating(7.1) ထိ ရရှိထားပြီး Donnie Yen နဲ့ဟောင်ကောင်ဂျက်မတို့ရဲ့ အပီအပြင်ဖိုက်ခန်းတွေကြောင့် Action ပရိတ်သတ်တွေ လက်လွတ်မခံသင့်ကြောင်း ညွှန်းဆိုပါရစေ။ ဟောင်ကောင်ဂျက်မဇာတ်ကားတွေကို ဒီမှာ https://channelmyanmar.org/?s=in+the+line+of+duty  ကြည့်လို့ရပါတယ်။ File size…(1.9 GB)/(900 MB) Quality….BluRay 1080p/720p Format…mp4 Duration….01:35:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Jo Jo Va

Action • Adventure • Family • Science Fiction
6.8 1989 94 mins
In the Line of Duty 4
Honeymoon with My Mother
6.4

ဒီတစ်ခါတော့ အမေနဲ့ ဟန်းနီးမွန်း ထွက်ကြည့်ကြရအောင်ပါ။ မင်္ဂလာဆောင်မှာ ကတိသစ္စာပြုတော့မယ့်ဆဲဆဲ သတို့သမီးကို သူ တကယ်ချစ်ရတဲ့သူက အချစ်သူရဲကောင်းဆန်ဆန် လာခေါ်သွားတဲ့ ဇာတ်ဝင်ခန်းမျိုး ကြည့်ဖူးကြမှာပါ။ ဒီဇာတ်လမ်းရဲ့ဇာတ်လိုက်ကြီးကတော့ ကြောင်တောင်တောင်နဲ့ ကျန်ရစ်ဖြစ်ခဲ့ရတဲ့ သတို့သားကြီး ဟိုဆေးလူးဝစ်ပါ။ မင်္ဂလာပွဲ ကုန်ကျ စရိတ်လည်းဆုံး သတို့သမီးလည်းဆုံး ဖြစ်နေတဲ့ ဟိုဆေးတစ်ယောက် ဟန်းနီးမွန်းအတွက် ပေးထားတဲ့ ပိုက်ဆံကလည်း ပြန်အမ်းခိုင်းလို့မရ ဖြစ်ရာကနေ သူ့အမေရဲ့ အကြံအတိုင်း အမေနဲ့အတူ ဟန်းနီးမွန်းထွက်ဖို့ ဖြစ်လာပါတော့တယ်။ သားအမိနှစ်ယောက် မော်ရေးရှပ်စ်ကျွန်းကို ဟန်းနီးမွန်းထွက်ကြရင်း ဇနီးမောင်နှံဟန်ဆောင်ကြရပုံတွေ တလွဲဖြစ်ကြပုံတွေကို ဟာသဆန်ဆန် ရိုက်ကူးထားတဲ့အပြင် သားအမိတွေကြားမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ နားလည်မှုအလွဲတွေ အမေတစ်ယောက်ရဲ့ ခံစားချက်တွေကိုပါ မီးမောင်းထိုးပြထားတဲ့ ဇာတ်လမ်းလေး ဖြစ်တာကြောင့် ကြည့်ရှူခံစားလိုက်ကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Roman NoX ပဲ ဖြစ်ပါတယ် Genre.....Comedy Quality….WEB-DL 1080p and 720p File size…1.5GB and 830MB and 283MB Format…mp4 Duration….1h 50min Subtitle….Myanmar Subtitle (Hardsub) Translator ..... Roman NoX Encoder ..... August

Drama
6.4 2022 110 mins
Honeymoon with My Mother
The Guilty
6.4

စောင့်​မျှော်​နေကြတဲ့ Jake Gyllenhaalရဲ့ Crime, Thrillerကားသစ် ရပါပြီ၊ ဒီကားက​​တော့ 2018 တုန်းက ထွက်ခဲ့တဲ့ ဒိန်းမတ်ရုပ်ရှင် The Guilty ကို Remake ပြန်ရိုက်ထားတာပါ သူ့နာမည်က ဂျိုး​ဘေလာ၊ LAရဲတပ်ဖွဲ့ရဲ့ အရာရှိတစ်ဦးဖြစ်​ပေမယ့် အတိတ်ကအ​ကြောင်းတစ်ခု​ကြောင့် ၉၁၁- အ​ရေး​ပေါ်ဌာနကို ရာထူးချခံထားရသူ အ​ရေး​ပေါ်ဌာနတို့ရဲ့ ထုံးစံအတိုင်း ကားပိတ်တာ၊ ​ကြောင်သစ်ပင်​ပေါ်တက်တာကအစ သဘာဝ​ဘေးအန္တရာယ်အဆုံး ဖုန်းတဂွမ်ဂွမ်ဆက်လာတာကို ပြန်​ဖြေပေးရတဲ့​နေရာဆို​​တော့ ဂျိုးတစ်​ယောက် ​သိပ်နေသားမကျလှ၊ ရဲအရာရှိဘဝကလာတာမလို့ ​ပေါင်းသင်းဆက်ဆံ​​ရေးကလည်းညံ့​တော့ အ​တော်ဘုကလန့်ကျ​နေတာ​ပေါ့၊ ဒီကြားထဲ အိမ်​ထောင်​ရေးကလည်း အဆင်မ​ပြေ​တော့ တစ်ပူ​ပေါ်နှစ်ပူဆင့် ဖြစ်​နေတာ​ပေါ့ တစ်ရက် LAမှာ မီးအကြီးအကျယ်​လောင်မှု​ကြောင့် အ​ရေး​ပေါ်ဌာနတစ်ခုလုံး ဗျာများ​နေချိန် ဂျိုးဆီကို ဖုန်းတစ်​ကောလ်ဝင်လာတယ်၊ ဖုန်းဆက်လာသူအမည်က အမ်မလီလိုက်တန်၊ ဂျိုးဖုန်းကိုင်ကိုင်ချင်းပဲ သူ့ကို Sweetyဆိုပြီး စ​ခေါ်​​​တော့ လူဂွစာကြီးဂျိုး ​ထောင်းခနဲ​ဒေါသထွက်သွားပြီ၊ ဌာနတစ်ခုလုံးအလုပ်များ​နေချိန် မျက်နှာ​ပြောင်ပြီး ဖုန်းဆက်တာပဲ​​ပေါ့ ဒါ​​ပေမယ့်အဲ့ဒီအမျိုးသမီးရဲ့အသံက တုန်​နေတယ်၊ ငိုသံပါ​နေတယ်၊ ​ကြောက်လန့်​နေတယ်၊ ​ နောက်​ပြောင်ပြီး​ခေါ်တဲ့ဖုန်းမဟုတ်ဘူး။ ဂျိုးလည်းစဉ်းစားရပြီ၊ သူ့ကိုဘာလို့ Sweetyလို့​ခေါ်ရတာလဲ? ဘာလို့ ဖုန်း​​ပြောတဲ့အသံက ထူးဆန်း​နေတာလဲ? စသဖြင့် ​မေးခွန်း​တွေ​မေး၊ စကား​တွေ​ပြောရင်း ကိစ္စကသူထင်ထားသလို ရိုးရှင်းမ​နေမှန်းသိသွားတဲ့အခါ.... အမ်မလီလိုက်တန်ဆိုတဲ့ အမျိုးသမီးက ဘယ်သူလဲ? သူအခုကြုံ​နေရတဲ့ကိစ္စက ဘာလဲ? ဂျိုးရဲ့အတိတ်ကအ​ကြောင်းက​ရော ဘာဖြစ်​နေမလဲ? ပတ်သက်ဆက်နွယ်မှု​တွေ​ရော ရှိနေတာလား စသဖြင့် ပ​ဟေဠိ​ပေါင်းများစွာထွက်​​ပေါ်လာပါတယ် ရိုက်ကူးထားတဲ့ပုံစံက Jake Gyllenhaalတစ်ဦးတည်း အသား​ပေးထားပြီး ကျန်သရုပ်​ဆောင်​တွေက များ​သောအားဖြင့် အသံပဲပါဝင်​ပေမယ့် Jakeရဲ့ ပိုင်နိုင်တဲ့သရုပ်​​ဆောင်မှု​ကြောင့် ဇာတ်ရှိန်အနှိမ့်အမြင့် တစ်ခုလုံးကို ဇာတ်လမ်းစတာနဲ့ ​တောက်​လျှောက်ဆွဲ​​ခေါ်သွားနိုင်မှာပါ။ ကြည့်​နေရင်းနဲ့ကို အထဲကဇာတ်​ကောင် ဂျိုး​ဘေလာနဲ့အတူ ကိုယ်တိုင် ရင်ခုန်မွန်းကြပ်လာတဲ့ ခံစားချက်မျိုးရမှာပါ၊ ​ မူရင်းဇာတ်​ကားနဲ့ ဘာ​တွေကွာ​သလဲ၊ ဘယ်ကားကပို​ကောင်းသလဲဆိုတာကိုတော့ မူခင်း သည်းထိပ်ရင်ဖိုဇာတ်လမ်းကြိုက်သူတိုင်း ကြည့်ပြီးမှ ဆုံးဖြတ်ကြည့်လိုက်ကြပါ အညွှန်းကိုတော့ JimX က ရေးသားထားပြီးတော့ ဘာသာပြန်ထားတာကတော့ JimX နဲ့ Pyi Ti Nyein တို့ပဲ ဖြစ်ပါတယ်။ Quality….720p File size… 1GB Format…mp4 Duration….1h 30min Subtitle….Myanmar Subtitle (Hardsub) Translator ..... JimX and Pyi Ti Nyein Encoder ..... August

Action & Adventure • Mystery • Sci-Fi & Fantasy
6.4 2021 91 mins
The Guilty
Storks
6.6

ဟိုးအရင်တုန်းက ကလေးမရနိုင်တဲ့သူတွေ ဆုတောင်းရင် သို့မဟုတ် ကလေးငယ်တွေက ညီလေး ညီမလေးတွေလိုချင်တယ်လို့ ဆုတောင်းခဲ့မယ်ဆိုရင် ငှက်ကြားဖြူ တွေဟာ ကလေးငယ်တွေကို နှုတ်သီးဖြင့် သယ်ယူလာပြီး အိမ်ခေါင်းတိုင်မှ ဖြစ်စေ အိမ်ရှေ့တံခါးမှ ဖြစ်စေ ပို့ပေးဖူးတယ်လို့ ပုံပြင်တွေထဲမှာ ရှိခဲ့ဖူးပါတယ်.... ဒါပေမယ့် အဲ့ဒါတွေဟာ ယနေ့ခေတ်မှာ ပျောက်ကွယ်သွားပါပြီ ငှက်ကြားဖြူတွေဟာ အလုပ်ရှုပ်ပြီး တာဝန်ကြီးတဲ့ ကလေးပို့တဲ့ အလုပ်တွေ မလုပ်တော့ပါဘူး Online Shopping လုပ်ငန်းက ပစ္စည်းတွေကို ပို့ပေးတဲ့ Stork.com က ပစ္စည်းပို့ဆောင်ရေး ငှက်တွေ ဖြစ်ကုန်ကြပါပြီ :D ထိုငှက်တွေ အားလုံးကို အုပ်ချူပ်တဲ့သူကို Boss လို့ ခေါ်ကြပြီး သူတို့ အားလုံးရဲ့ Boss ဟာ ဟန်တာ ဆိုတဲ့ ငှက်ကြားဖြူကြီး ဖြစ်ပါတယ်.... ငှက်ကြားဖြူ အားလုံးထဲမှာ မှ FA ဖြစ်ပြီး အလုပ်ကြိုးစားတဲ့ သူကတော့ ဂျူနီယာ လို့ခေါ်တဲ့ ငှက် ပါ သူဟာ သံယောဇဉ် တွယ်စရာမရှိပဲ အလုပ်ကို တာဝန်အကျေဆုံး ထမ်းဆောင် တက်သူ ဖြစ်ပြီး အမိန့်လဲ လိုက်နာတက်သူပါ တစ်ရက်မှာတော့ ဂျူနီယာကို ဘော့စ် ဖြစ်သူ ဟန်တာ မှ ရုံးခန်းအတွင်း ခေါ်ရောက် တွေ့ဆုံပြီး ဂျူနီယာ သည် အလုပ်ကြိုးစားသူ ဖြစ်သော ကြောင့် ဘော့စ် နေရာတွင် တာဝန်ထမ်းဆောင်စေမည် ဖြစ်ပြီး သူတို့ဆီတွင် ပို့ရမည့် လိပ်စာပျောက်ပြီး ငယ်စဉ်ကတည်းက သောင်တင်နေသော မိဘမဲ့ ကလေး ကျူးလစ် ကို နှင်ထုတ်ပစ်ရန် တာဝန်ကိုပါ ပူးတွဲပေးလိုက်ပါတယ် အဓိပ္ပါယ်ကတော့ ဂျူနီယာ သည် ကျူးလစ်အား နှင်ထုတ်နိုင်ပါက ဘော့စ် နေရာကို ရမှာ ဖြစ်ပါတယ်... အမိန့်လိုက်နာတက်သော်လဲ သနားကြင်နာတက်သော ဂျူနီယာ တစ်ယောက် Stork.com တွင် အပိုအရှုပ်ထုပ်ဖြစ်ပြီး ဘာမှ မယ်မယ်ရရ သုံးစား မရသော မိဘမဲ့ ကလေး ကျူးလစ်အား ဘယ်လို နှင်ထုတ်မလဲ ဘာတွေ ဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါ.... ဒီကားကို ဘာသာပြန်ပေးထားသူကတော့ CM Translator တစ်ဦး ဖြစ်သူ Bro Chan ပဲ ဖြစ်ပါတယ်... (သစ်ဆန်းခန့်)

Drama • Western
6.6 2016 87 mins
Storks
HiGH&LOW: The Red Rain
6.2

ဇာတ်လမ်းအစမှာတော့ အာမားမီးရားညီအစ်ကိုတွေဖြစ်ကြတဲ့. ဟီရိုးတိုးနဲ့ မာဆားကိတိုဟာရုတ်တရက် အစအနရှာမရအောင် ပျောက်ဆုံးသွားခဲ့တဲ့ အစ်ကိုဖြစ်သူ တာကဲရုကိုလိုက်လံရှာဖွေနေခဲ့ပါတယ်.မထင်မှတ်ဘဲ မိန်းမချောလေးဖြစ်သူ အိုင်ကာ နဲ့ တွေ့ဆုံမိပြီး.မိသားစု (၉) စု ရှိတဲ့ ခူရူးယုဂိုဏ်းရဲ့ မိသားစု (၁) စု ဖြစ်တဲ့. ကာမီဇိုနို မိသားစုရဲ့အရှုပ်အရှင်းတွေကြားထဲ ရောပါသွားချိန်မှာတော့.သူ့အဖေအတွက် တရားမျှတမှုကို ရှာဖွေနေသူ အိုင်ကာကို ကူညီရင်း. ဟီရိုးတိုးနဲ့ မာဆားကိတို့ ညီအစ်ကိုနှစ်ယောက်သူတို့တွေ့ချင်နေတဲ့ အစ်ကိုဖြစ်သူကို ရှာတွေ့မလား.ခူရူးယုဂိုဏ်းတင်မက တိုင်းပြည်ကိုပါ ရုန်းရင်းဆန်ခတ် ဖြစ်သွားစေနိုင်တဲ့လျို့ဝှက်ချက်ကြီးကို ဖော်ထုတ်နိုင်မလား. မထင်မှတ်ထားတဲ့ ဇာတ်ကွက်အလှည့်အပြောင်းတွေနဲ့.ညီအစ်ကိုသံယောဇဉ်. အနစ်နာခံမှု. မိသားစုရဲ့အဓိပ္ပါယ် ဆိုတာတွေကို ချပြထားတဲ့အက်ရှင်ကြမ်းကြမ်း. ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်. File size…1.76GB / 890MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 50m Genre ….. Action , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Sai Sumali

Action
6.2 2016
HiGH&LOW: The Red Rain
Mr. Nice Guy
6.2

ဂျက်ကီချန်း တဖြစ်လည်း ဂျက်ကီဟာ ဟင်းချက်တဲ့တီဗွီအစီအစဉ်မှာ နာမည်ကျော်ကြားတဲ့ စားဖိုမှူးတစ်ယောက်ပါ။ တနေ့မှာ သူဟာ ဈေးဝယ်သွားရင်း အမျိုးသမီးတစ်ယောက် လူဆိုးတွေဆီက ထွက်ပြေးနေတာတွေ့လို့ လွတ်မြောက်အောင် ကူညီလိုက်ပါတော့တယ်။ ဒီအမျိုးသမီးကတော့ ဒိုင်ယာနာဖြစ်ပြီး သူမဟာ တီဗွီသတင်းထောက်ဖြစ်ပါတယ်။ သူဟာ မူးယစ်ဆေးကုန်သွယ်တဲ့မူးယစ်ဘုရင်ကြီး တစ်ယောက်ဖြစ်တဲ့ ဂျင်ကာလိုတို့ မူးယစ်ဆေးအပေးအယူလုပ်နေတာကို ဗွီဒီယိုရိုက်ယူထားလို့ ဂျင်ကာလိုတို့နှင့် ဂျင်ကာလိုတို့ကိုငွေညစ်ချင်နေတဲ့ နတ်ဆိုးဂိုဏ်းတို့က ဒီဗွီဒီယိုကို ပြန်ယူဖို့အတွက် သူ့နောက်လိုက်နေခြင်းဖြစ်ပါတယ်။ဒါကို ဂျက်ကီက ဘုမသိဘမသိ ကူညီလိုက်ရာကနေ သူပါ လူဆိုးတွေရဲ့ပစ်မှတ်ဖြစ်လာခဲ့ပြီး သူနှင့် သူချစ်ခင်တဲ့မိတ်ဆွေတို့ပါ အန္တရာယ်ကျရောက်လာပါတော့တယ်။ ဒီတော့ ဂျက်ကီတစ်ယောက် မူးယစ်ဆေးဘုရင်ဆီကရော နတ်ဆိုးဂိုဏ်းဆီကပါ ဘယ်လိုလွတ်မြောက်အောင်လုပ်ပြီး ဒီအမှုကို သူတတ်စွမ်းသမျှ ဘယ်လိုဖြေရှင်းမလဲဆိုတာကို ရင်တမမ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဟောင်းပေမယ့် ရွှေဖြစ်တဲ့ ဂျက်ကီချန်းကားလေးကို ဘရားသားတို့ ကြည့်ရှုလိုက်ကြပါဦးခင်ဗျာ။ File size…(1.6 GB)/(940 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre…Action, Adventure, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo

6.2 1997 95 mins
Mr. Nice Guy
Free Birds
5.8

နှစ်တစ်နှစ်မှာရှိတဲ့ ပွဲတော်နေ့တွေရဲ့ နာမည်တွေသာကွဲပြားသွားမယ်။ တူညီတဲ့အရာတစ်ခုကတော့ စားသောက်ပွဲပါပဲ။ ပွဲတော်တစ်ခုမှာ သူနဲ့သက်ဆိုင်တဲ့အစားအသောက်တစ်ခုကတော့ မပါမဖြစ်ပေါ့။ အချိန်တွေ ဘယ်လိုပဲပြောင်းလဲသွားပါစေ… ပွဲတော်စားစရာဆိုတာ အရင်ကတည်းကရှိသလို အခုလည်းရှိနေပြီး နောင်လည်းရှိနေဦးမှာပါပဲ။ ဥပမာပြောရရင် ကျေးဇူးတော်နေ့အတွက် မပါမဖြစ် ကြက်ဆင်သားပေါ့… အဲ့ဒါကြောင့် ကျေးဇူးတော်နေ့ရောက်ခါနီးတိုင်း ကြက်ဆင်တွေမျက်ခုံးလှုပ်ရပါတယ်။ ကြက်ဆင်နိဗ္ဗာန်ဘုံဆီ ဘယ်သူ့ကိုခေါ်သွားမလဲပေါ့။ အကြောက်ဆုံးကတော့ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီး ရက်ဂျီ ပေါ့။ သူက ကြက်ဆင်အုပ်စုကြီးအစားခံရမှာကို တွေးပူနေပြီးတော့ ထွက်ပြေးဖို့အမြဲတမ်းစည်းရုံးနေခဲ့တာပါ။ ဒါပေမဲ့ အထိမ်းအမှတ်ပွဲအတွက် ကြက်ဆင်ဖမ်းကြတော့ သူစိတ်ပူပေးနေတဲ့ ကြက်ဆင်အုပ်စုကြီးက ရယ်ဂျီ ကိုစတေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကံကောင်းချင်တော့လည်း ရယ်ဂျီ ကို သတ်ဖို့မဟုတ်ဘဲ ဘေးမဲ့ပေးတဲ့ပွဲ ဖြစ်တာကြောင့် သမ္မတစခန်းကကြက်ဆင်ဖြစ်သွားပါတော့တယ်။ ရယ်ဂျီခဗျာ.. သမ္မတရွေးထားတဲ့ကြက်ဆင်ဆိုတော့ ကုသိုလ်ကံတွေကောင်းပြီး ဇိမ်ကျနေတဲ့အချိန်… ဂျိတ်ဆိုတဲ့ နောက်ထပ်ကြက်ဆင်တစ်ကောင်က ကျေးဇူးတော်နေ့ရဲ့ အစားအသောက်စာရင်းမှာ ကြက်ဆင်သားမပါအောင် မစ်ရှင်လုပ်ရမယ်ဆိုပြီး ရောက်ချလာတဲ့အခါ… ရက်ဂျီနဲ့ဂျိတ်တို့ ဘယ်လိုတွေလွဲမလဲ? ဘယ်လိုတွေ သောင်းကျန်းမလဲဆိုတာတွေကိုတော့ ဆက်ကြည့်လိုက်ပါတော့နော်…. File size… 1.8 GB / 900MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 31m Genre ….. Action , Comedy , Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JoJoVa

5.8 2013
Free Birds
Dead Mine

Dead Mine (2012) Genre – Action, Horror အင်ဒိုနီးရှားကျွန်းစွယ် တောနက်နက်ထဲကို လူတစ်စု စူးစမ်းရှာဖွေလျက် ရှိပါတယ်။ လက်နက်ကိုင် ကြေးစားစစ်သည်တွေလည်း ပါဝင်သလို ပညာရှင်တွေလည်း ပါဝင်ပြီး ဘယ်လိုမျိုးအရာကို လိုက်လံရှာဖွေနေတယ်ဆိုတာ ပညာရှင်တွေကလွဲပြီး ဘယ်သူမှ မသိနိုင်ပါဘူး။ ဒီလိုနဲ့ ရှာဖွေနေစဉ်မှာပဲ ပင်လယ်ဓားပြအုပ်စုနဲ့ တွေ့ပြီး တိုက်ခိုက်ရာကနေ မိုင်းတွင်းအဟောင်းကြီးတစ်ခုထဲကို ထွက်ပြေးခဲ့လိုက်ရပါတော့တယ်။ ဖြစ်ချင်တော့ ဒီမိုင်းတွင်းကြီးဟာ ဒုတိယကမ္ဘာစစ်တုန်းက ဂျပန်စစ်တပ်တွေ တပ်စွဲခဲ့တဲ့နေရာတစ်ခု ဖြစ်နေပြီး နောက်ကွယ်မှာကတော့ သာမန်တပ်စွဲသလောက်ထက် ကျော်လွန်ပြီး ထူးခြားဆန်းကြယ်မှုတွေ ရှိတဲ့နေရာ ဖြစ်လို့နေပါတယ်။ အဲဒီအခါကျမှ ပညာရှင်တွေဖက်ကနေ ဒီစူးစမ်းလေ့လာရေး ခရီးစဉ်ရဲ့ ရည်ရွယ်ချက်အမှန် ထွက်ရှိလာပြီး မိုင်းတွင်းထဲက မမျှော်လင့်ထားတာတွေ ဖြစ်ပျက်ခဲ့တဲ့ အချိန်မှာတော့ တစ်အုပ်စုလုံး အသက်ရှင်သန်ဖို့ ကြိုးစားရုန်းကန်ပြီး ရှာဖွေနေတာတွေလည်း တွေ့မလားဆိုတာ ကြည့်ရမယ့်ရုပ်ရှင်လေး ဖြစ်ပါတယ်။ ခုနောက်ပိုင်း နာမည်ကြီးလာတဲ့ အင်ဒိုနီးရှားမင်းသား Joe Taslim တောင် အရန်နေရာက သရုပ်ဆောင်ထားပါသေးတယ်။ File size… 1.4 GB / 703 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 27m Genre ….. Horror/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Thura Aung

Drama
0 2012 91 mins
Dead Mine
Jattu Nikhattu
7.8

Jattu Nikhattu 2023 (ဂျီတန်ဒရာဆင်းဂ်ဂျပ်တူ) ကိုယ်ရေးအတ္ထုပတ္တိဆိုရင် နာမည်ကြီးပြီး ထင်ပေါ်ကျော်ကြားတဲ့သူတွေရဲ့ ဇာတ်လမ်းကိုပဲ ရေးလေ့ရှိပေမယ့် အခုတစ်ခါမှာတော့ သာမန်လူတစ်ယောက်ရဲ့ဘဝကို ဖော်ပြထားတဲ့ ကိုယ်ရေးအတ္ထုပတ္တိဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ရပါတယ်။ ဂျီတန်ဒရာဆင်းဂ်ဂျပ်တူဆိုတဲ့သူတစ်ယောက်ရဲ့ ကိုယ်ရေးအတ္ထုပတ္တိလေးပေါ့။ ဂျပ်တူဟာ ဘဝကို အေးအေးဆေးဆေး ပျော်ပျော်ရွှင်ရွှင်ပဲ မိဘတွေနဲ့အတူ ဖြတ်သန်းနေရင်းနဲ့ပဲ တစ်နေ့မှာတော့ ကောင်မလေးတစ်ယောက်ကို မြင်မိပြီးတော့ မြင်မြင်ချင်းမှာပဲ ချစ်မိလို့သွားပါတော့တယ်။ မာနီဆိုတဲ့ နာမည်လေးတစ်ခုပဲ သိပြီးတော့ မာနီရှာပုံတော်ဖွင့်ပါတော့တယ်…. ဒီလိုနဲ့ ဂျပ်တူ့ဘဝရဲ့ အချစ်အလွမ်း, ပျော်ရွှင်မှု, ဝမ်းနည်းမှု, ဖြတ်သန်းကျော်ဖြတ်ခဲ့ရတဲ့ ဘဝအခြေအနေတွေကို တင်ဆက်ပြသထားတဲ့ ကိုယ်ရေးအတ္ထုပတ္တိဇာတ်ကားလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

Romance • Drama
7.8 2023 145 mins
Jattu Nikhattu
Battle for Sevastopol

IMDb 7.2 ရထားတဲ့ ၂၀၁၅ ထွက် ကားလေး တင်ပေးလိုက်ပါတယ်။ ဇာတ်လမ်းထဲက ဇာတ်ကောင်ကတော့ အပြင်မှာတကယ်ရှိခဲ့တဲ့ ယူကရိန်းသူ ဆိုဗီယက်စနိုက်ပါ တစ်ယောက်အကြောင်းပါပဲ။ ဒုတိယကမ္ဘာစစ်အတွင်း ထင်ရှားခဲ့တဲ့ အမျိုးသမီးသူရဲကောင်းတစ်ယောက်အကြောင်းပါ။ သူ့ကိုသမိုင်းတစ်လျှောက် အအောင်မြင်ဆုံး အမျိုးသမီးစနိုက်ပါ အဖြစ်သိကြသလို World Deadliest Sniper ၁၀ ယောက်စာရင်းမှာ နံပါတ်သုံး ချိတ်ခဲ့တဲ့ တဦးတည်းသော အမျိုးသမီးစနိုက်ပါအဖြစ်လဲ သိကြပါတယ်။ ဇာတ်လမ်းအစမှာတော့ အိမ်ဖြူတော်မှာ ကျင်းပတဲ့ တွေ့ဆုံပွဲတစ်ခုမှာ လူဘယ်နှယောက်သတ်ခဲ့ပြီလဲ ဆိုတဲ့မေးခွန်းကို လူတွေကိုသတ်တာမဟုတ်ဘူး ဖက်ဆစ်တွေကို သတ်တာပါ ၃၀၉ ယောက်ရှိပါပြီ ဆိုတဲ့ အဖြေနဲ့ အားလုံးအံ့သြသွားစေခဲ့ပြီး သူ့ဘဝဇာတ်ကြောင်းကို စဖွင့်ပြခဲ့တာပါ။ စစ်ပွဲအတွင်းမှာ လူတွေသိန်းနဲ့ချီပြီး သေတာ မထူးဆန်းခဲ့ပေမယ့် မိန်းမငယ်လေးတစ်ယောက်က ရိုင်ဖယ်သေနတ်တစ်လက်နဲ့ လူ ၃၀၀ ကျော် သတ်နိုင်ခဲ့တာကိုတော့ အံသြဘနန်း ဖြစ်စေခဲ့တာ အမှန်ပါပဲ။ သမ္မတ ရူးစဗဲ့ကတော်နဲ့ ခင်မင်ခဲ့ပြီး သမ္မတကတော်ကြီးက ပြန်ပြောပြတဲ့ ပုံစံလေးနဲ့ ပြသသွားပါတယ်။ သူတို့လာရင်းရည်ရွယ်ချက်ဖြစ်တဲ့ ဒုတိယကမ္ဘာစစ်ကို အမေရိကန်ကလဲ စစ်မျက်နှာဖွင့်ပေးဖို့ တောင်းဆိုရာမှာ ဒါကို မလိုလားတဲ့လူတွေ အတွက် တွန်းအားဖြစ်စေမဲ့ နာမည်ကျော်စကားတစ်ခွန်းကို ပြောခဲ့ပုံလေးနဲ့ သူ့ဘ၀ အနိမ့်အမြင့် အခက်အခဲတွေနဲ့ သေလုနီးနီးအချိန်တွေ သူချစ်ရတဲ့ သူတွေအကြောင်းကို ပြသွားတာကို တွေ့ရမှာပါ။ တကယ်လဲ သမိုင်းမှာ သူပြောခဲ့တဲ့ ” ကျွန်မ အသက် ၂၅ နှစ်မှာ ဖက်ဆစ် ၃၀၉ ယောက် သုတ်သင်ခဲ့ပြီးပါပြီ။ လူကြီးမင်းတို့၊ ရှင်တို့တွေ ကျွန်မနောက်ကျောမှာ ပုန်းကွယ်နေခဲ့တာ အချိန်အတော်ကြာပြီလို့များ မတွေးမိကြဘူးလား” ဆိုတဲ့စကားဟာ အမှတ်တရဖြစ်ကျန်ခဲ့ပါပြီ။ သူ့ဘဝနဲ့အတူ နာမည်ကျော် ဆီဗာစတာပိုစစ်ပွဲကြီးရဲ့ တစ်စိတ်တစ်ပိုင်းကိုပါ ခံစားကြည့်နိုင်ပါပြီ။ (Littleneo ဘာသာပြန်ပေးထားပါတယ်) File size…(2.5 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre… War, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Mr. Anderson

0 2015
Battle for Sevastopol
The Good Thief
6.5

The Good Thief (2002) IMDb Rating (6.5) / Rotten Tomatoes (77%) ဘော့ဆိုတာ အတိတ်က နေ့ရက်ကောင်းတွေကို ကျော်ခဲ့ပြီးတဲ့ အသက်ကြီးကြီး သူခိုးတစ်ယောက်။ ဆေးကလည်းစွဲနေပြီး လောင်းကစားကလည်း မဖြတ်နိုင်ဘူး။ သူခိုးပေမယ့် စိတ်ထားလေးက ကောင်းရှာတော့ သူ့ခိုးယက်မှု‌တွေမှာ လူမသတ်ဖူးသလို ကောင်မလေးတစ်‌‌ယောက်ကို‌တောင် ကူညီလိုက်သေးတယ်။ သူ ဘာကြံဦးမလဲတောက်လျှောက်စောင့်ကြည့်နေတဲ့ အသိဟောင်းရဲရော်ဂျာကလည်း ရှိသေးတယ်။ အဲ့တာတောင်မှ သူ့သူငယ်ချင်း ရာအို အကြံပေးချက်အရ မွန်တီကာလိုကာစီနိုကို လုယက်ဖို့ ကြံပြန်တယ်။ အဲ့လိုကြံ‌နေတာကို ရော်ဂျာသိသွားတော့ ဘော့ကို ဘယ်လိုဖမ်းဖို့ကြိုးစားမလဲ ဘော့ကကော ဘယ်လိုနည်းလမ်းတွေနဲ့ ကာစီနိုကို အလစ်သုတ်သွားမလဲ။ နာမည်အတိုင်းပဲ သူခိုးကောင်းတစ်ယောက်က ဉာဏ်နီဉာဏ်နက်တွေ ဘယ်လိုထုတ်သုံးသွားမလဲသိချင်ရင်တော့ ဇာတ်လမ်းလေးကို ကြည့်ကြည့်လိုက်ကြနော်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phu Thet Khin ဖြစ်ပါတယ်။) File size…(2.3 GB) / (1.2 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Crime, Drama, Romance, Thriller Duration….01:49:17 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Phu Thet Khin

6.5 2002 108 mins
The Good Thief
Jeepers Creepers III
4.2

Jeepers Creepers III ဟာဆိုရင်တော့ ယခင် Jeepers Creepers I နှင့် Jeepers Ceeper II တို့ရဲ့အဆက် ယခုနှစ်၂၀၁၇ကမှထွက်ထားတဲ့ Horror ဇာတ်ကားကောင်းလေးပါ။ ေ့ရှနှစ်ကားမှာအောင်မြင်မှုတွေရခဲ့ပြီး ပရိသတ်တွေကိုဖမ်းစားနိုင်ခဲ့တဲ့ Jeeper ကြီးကို နောက်ထပ် ၂၃နှစ်ပြည့်လို့ ပြန်လည်ရောက်ရှိလာတာကို တွေ့ရမှာပါ။ သူ့ရဲ့ဖြစ်စဉ်အတိုင်းပဲ ပြန်ရောက်လာတဲ့အချိန်ကစပြီး ၂၃ရက်တိုင်တိုင်သတ်ဖြတ် စားသောက် ပါတော့တယ်။လူသားတွေရဲ့ကြောက်စိတ်ကိုအနံ့ခံပြီး လိုက်လံသတ်ဖြတ်နေတဲ့သူ့ကို ယခုအခါမှာတော့ ပြန်လည်တိုက်ခိုက်မည့် လူ့အဖွဲ့အစည်းတွေပေါ်လာပါတယ်။ ဒီအပိုင်းမှာတော့ ေ့ရှနှစ်တွေမှာသူသောင်းကျန်းခဲ့တာတွေကို ပြန်လည် တန်ပြန်တိုက်ခိုက်ဖို့စီစဉ်ရင်း Jeeper ဆိုတဲ့အဲဒီသတ္တဝါကြီးရဲ့ လျို့ဝှက်ချက်တွေကိုသိလာပါတော့တယ်။တကယ်ကိုထိတ်လန့်စရာကောင်းပြီး ရင်တထိတ်ထိတ်နဲ့ကြည့်ရမည့်ကားပါပဲ။ယခုအပိုင်းမှာရက်စက်မှုအပေါင်းသရဖူဆောင်းခဲ့တဲ့ Jeeper ကြီးရဲ့လျို့ဝှက်ချက်ကိုပါ သိသွားတဲ့သူတွေရှိလာပြီဆိုတော့ ဇာတ်ရှိန်တက်လာပြီပဲဖြစ်ပါတယ်။ ဒီတော့ အဲဒီလျို့ဝှက်ချက်ဟာဘာလဲ၊အဲဒီသတ္တဝါကြီးကိုရော အဆုံးသတ်နိုင်ပါ့မလား၊လူသားတွေအနေနဲ့ တွန်းလှန်နိုင်ပါ့မလား။ဒါမှမဟုတ် ထင်သလောက်မလွယ်ကူဘဲ နောက်ထပ်၂၃နှစ်စောင့်လိုက်ရဦးမလား။ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတာတော့ စိတ်ဝင်စားမှုအပြည့်နဲ့ ရင်တထိတ်ထိတ်ဆက်ကြည့်လိုက်ကြပါဦး…။ File size…(1.5 GB)/(840 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Ye Yint

Horror
4.2 2017 100 mins
Jeepers Creepers III
Rain for Christmas

ဒီတစ်ခေါက်အတွက်တော့ ခရစ္စမတ်အငွေ့အသက်တွေနဲ့ မိသားစု သူငယ်ချင်း အချစ်တို့ကိုပုံဖော်ရိုက်ကူးထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းရဲ့အနှစ်သာရ စစ်မှန်တဲ့အချစ်တစ်ခုမှာ လူနှစ်ဦးပေါင်းစပ်ကြတဲ့အခါ လိုအပ်ချက်တွေထဲ တစ်ဖက်ကကြီးပဲ ပေးနေလို့မရသလို အယူကြီးပဲရှိတဲ့တစ်ဖက်ပဲလဲဖြစ်လို့မရပါဘူး မိသားစု အသိုင်းအဝိုင်း ဘဝရဲ့ဦးစားပေးပုံချင်းမတူကြတဲ့အခါ အချင်းချင်းနီးနီးလေးနဲ့ ဝေးနေကြသလို ဒီအတွက် အဆင်ပြေမယ်လို့မျှော်လင့်ချက်နဲ့နေလာခဲ့ရင် ဘဝဆိုတာ မသိလိုက်ဘဲစိတ်ညစ်စရာဖြစ်လာတော့မှာပါ ဒီကားထဲက Malik တစ်ယောက်လဲ သူယုံကြည်ထားတဲ့အချစ်တစ်ခုမှာ အပေးကြီးပဲရှိတဲ့သူဖြစ်လာတာကို မသိခဲ့ဘဲနဲ့ မိသားစုကိုပါလျစ်လျူရှုမိပြီး သူ့ကိုယ်သူပျောက်ဆုံးနေခဲ့ပါတယ် ဒါပေမဲ့လို့ ခရစ္စမတ်နေ့အတွက် မိသားစုရှိရာဆီပြန်သွားရင်း သူဘာတွေလွတ်သွားခဲ့ပြီလဲ သူပျောက်ဆုံးနေတာဘာတွေလဲမြင်လာနိုင်မလား အချစ်စစ်တစ်ခုကိုရော မှန်ကန်တဲ့သူတစ်ယောက်နဲ့အတူရှာဖွေတွေ့နိုင်မလားဆိုတာကြည့်ရမယ့် ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်

0 2024 91 mins
Rain for Christmas