YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

The Reincarnated Lovers E14 1080p WEB-DL CM.mp4

269.92 MB 1080p video/mp4 14 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Kandahar
6.3

Kandahar (2023) ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ နောက်ထပ် စစ်ကားကောင်းတစ်ခုလာပါပြီ။ ဒီကားက ဂျိတ်ယီလင်ဟောရဲ့ နာမည်ကြီးစစ်ကား The Covenant နဲ့ ဆင်တူပါတယ်။ ကောင်းတာချင်းလည်းတူပါတယ်။ မင်းသားကတော့ အက်ရှင်ကားကောင်းတွေအများကြီးရိုက်ထားတဲ့ ဂျရက်ဘတ်တလာပါပဲ။ ဒါရိုက်တာကတော့ Angel Has Fallen နဲ့ Greenland ကို ရိုက်ခဲ့တဲ့ Ric Roman Waugh ဖြစ်ပြီး ဒီရုပ်ရှင်တစ်ခုလုံးကို ဆော်ဒီမှာပဲ ရိုက်ကူးထားတာပါ။ ဇာတ်လမ်းကိုတော့ အမေရိကန်တွေ အာဖဂန်ကနေ ဆုတ်ခွာအပြီး တာလီဘန်တွေကြီးစိုးနေချိန်မှာ တည်ထားပါတယ်။ အီရန်နိုင်ငံနဲ့အနောက်နိုင်ငံတွေ အနုမြူလက်နက်လျှော့ချရေး သဘောတူညီချက်ရဖို့ ကြိုးစားနေဆဲကာလပါ။ တွမ်ဟားရစ်ဆိုတဲ့ စစ်ပြန် အမ်အိုင်-၆ လူဟောင်းဟာ စီအိုင်အေမှာ အငှားအေးဂျင့်အနေနဲ့ လုပ်နေပြီး အီရန်စစ်ဆင်ရေးတွေကို လျို့ဝှက်ဆောင်ရွက်နေသူဖြစ်ပါတယ်။ သူ့ရဲ့စစ်ဆင်ရေးကတော့ အီရန်နိုင်ငံထဲမှာအသွင်ယူပြီး အနုမြူဓာတ်ပေါင်းဖိုတွေကို ဖျက်ဆီးရတဲ့အလုပ်ပါပဲ။ ဒါပေမဲ့ နောက်ဆုံးစစ်ဆင်ရေးတစ်ခုစခါနီးမှာပဲ ပင်တဂွန်က သတင်းပေါက်ကြားမှုဖြစ်ပြီး သူ့နာမည်နဲ့ပုံဟာ အီရန်၊ အာဖဂန် တဝှမ်းမှာပြန့်သွားပါတော့တယ်။ တာလီဘန်၊ အိုင်းစစ်၊ အီရန်၊ အယ်ကိုင်ဒါ အဖွဲ့ပေါင်းစုံက သူ့ကိုလိုက်ဖမ်းဖို့ကြိုးစားတဲ့အချိန်မှာ သူနဲ့ စကားပြန် မိုဟာမက်တို့ နှစ်ယောက်တည်း ဘယ်လိုအသက်လုပြီး လွတ်မြောက်အောင် တိုက်ခိုက်ထွက်ပြေးကြမလဲဆိုတာ ကြည့်ရမှာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.55GB, 700MB Quality - 1080p, 720p IMDb Rating - 6.1/10 Format - mp4 Duration - 1H 59Min Genre - Action, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Mr. Anderson Encoded by Y

Comedy • Drama
6.3 2023 119 mins
Kandahar
King
6.6

ခြင်္သေ့ပေါက်လေးတစ်ကောင်ဟာ လေဆိပ်တစ်ခုကနေလွတ်လာပြီး ပျောက်ဆုံးသွားပါတယ်။ ရဲတွေဟာ ဒီခြင်္သေ့လေးကိုလိုက်လံရှာဖွေရင်း အန္တရာယ်ရှိတာမို့ အနားမကပ်ကြဖို့လည်း ထုတ်ပြန်နေကြပါတယ်။ အဲဒီလိုနဲ့ ခြင်္သေ့လေးဟာ Inès နဲ့ Alex တို့ရဲ့ အိမ်ထဲကိုရောက်လာတာပေါ့။ Inès ဟာ သူ့အမေဆုံးသွားပြီးတဲ့နောက် မိထွေးကသူတို့အပေါ်ကောင်းပေမယ့်လည်း အထီးကျန်စွာနေနေတတ်တဲ့ကလေးတစ်ယောက်။ မောင်နှမနှစ်ယောက်အနက် အငယ်ဖြစ်ပေမယ့် တွေးတတ်ခေါ်တတ်ရှိပြီး ထက်ထက်မြက်မြက်လေးပေါ့။ ဒီလိုနဲ့ပဲ ခြင်္သေ့လေးကို Inès တွေ့ကတည်းက ချစ်ခဲ့ရပြီး King လို့ မှည့်ခေါ်ခဲ့ပါတယ်။ ဒါပေမဲ့ ကလေးပီသစွာ မစဉ်းစားမဆင်ခြင်တတ်တဲ့ အကို Alex ကတော့ King လေးနဲ့ Video ရိုက်ပြီး လိုင်းပေါ်တင်လိုက်တာ Viral ပါဖြစ်သွားပါတော့တယ်။ အဲဒီကနေစလို့ Inès နဲ့ Alex နှစ်ယောက်သား ချစ်စရာ King လေးကို လွတ်လွတ်လပ်လပ် သူ့သဘာဝအတိုင်းရှင်သန်နိုင်အောင် တောထဲလွှတ်ဖို့ ပြင်သစ်ကနေ အာဖရိကထိဆိုတဲ့ Adventure ခရီးကြမ်းကို ဘယ်လိုရုန်းကန်လှုပ်ရှားစွန့်စားကြရမလဲဆိုတာကို ရှူစားကြရမယ့် ပြင်သစ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Nyan Hlyan Chit မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.85GB, 810MB Quality - 1080p, 720p IMDb Rating - 5.1/10 Format - mp4 Duration - 1H 45Min Genre - Adventure, Comedy, Family Subtitle - Myanmar Subtitle (Hardsub) Translated by Nyan Hlyan Chit Encoded by Y

Adventure • Drama
6.6 2022 105 mins
King
Accident Man
6.1

Accident Man ဆိုတာလူတစ်ယောက်ပေါ့။ ဘယ်လိုလူတစ်ယောက်လဲဆိုတော့ အခကြေးငွေယူပြီး လူသတ်ပေးရတဲ့ အလုပ်ကိုလုပ်ရတဲ့လူ။လူသတ်ကုန်သည်လို့လည်းခေါ်ကြတယ်။ သူတို့လောကမှာ အဲ့ဒီစျေးကွက်က တော်တော်ဖြစ်ထွန်းနေသလို ကိုယ့်အလုပ်ကိုကိုယ် ဂရုစိုက်ကြရတယ်။ အလုပ်အပ်တဲ့လူကပွဲစားကတစ်ဆင့် သတ်ရမယ့်လူရဲ့အချက်အလက်နဲ့ငွေကိုပေးတယ်။ ပွဲစားကနေပြီးတော့မှ သတ်ရမယ့်ပုံစံကိုလိုက်ပြီး လုတ်ကြံသတ်ဖြတ်သူတွေကို တာဝန်တွေပြန်ခွဲပေးတယ်။ သတ်ရမယ့်ပုံစံဆိုတာ အဆိပ်ခတ်သတ်ရမလား၊ လမ်းဘေးလူသတ်မှုပုံစံလား၊ မီးရှို့သတ်မလား၊ မတော်တဆပုံစံလားစသဖြင့်ပေါ့။ Accident Man ဆိုတာက မတော်တဆပုံစံသတ်ရတဲ့အခါ တာဝန်ယူပေးရတဲ့လူ။ ဇာတ်လမ်းကတော့ ပြောမပြတော့ဘူး။ အထိုးအကြိတ်အသတ်အပုတ်ကားကြိုက်တဲ့လူတွေအတွက်တော့ အကြိုက်ပဲပေါ့။ မင်းသားကလည်း ဘွိုင်ကာလက်ဝှေ့ကားထဲက နာမည်ကျော်ဆိုတော့ ကိုယ်တိုင်သာကြည့်ကြည့်လိုက်ပါတော့။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်က ဆရာဇွဲခန့်သွင်ပါ) File Size : (850 MB) and (344 MB) Quality : Blu-Ray 720p Running Time : 1hr 45min Format : Mp4 Genre :Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-NODLABS Translated by Zuel Khant Thwin Encoded by Thanhtike Zaw

Comedy
6.1 2018 101 mins
Accident Man
Bad Candy
4.8

Bad Candy (2020) ============== တစ်ချိန်တည်း တစ်မြို့တည်းမှာ တချို့တွေကပျော်ပါးနေပြီး တချို့တွေက လူမသိသူမသိကမ္ဘာပျက်နေတဲ့အဖြစ်မျိုးတွေ မြင်ဖူးမှာပါ။ ဒီဇာတ်လမ်း ထဲမှာပါတဲ့ နယူဆဲလမ်မြို့လေးရဲ့ ဟောလိုး၀င်းညဟာလည်း အဲဒီလိုပါပဲ။ နယူဆဲလမ်မှာ Chilly Billy ဆိုတာ သရဲအကြောင်းတွေတင်ဆက်ပေးနေတဲ့ ဒေသခံတွေအကြိုက် ရေဒီယိုအစီစဉ်တစ်ခုပေါ့။ ဟောလိုး၀င်းညမှာ တင်ဆက်သူ ဘီလီပြောပြမယ့် ခြောက်ခြားဖွယ်သရဲဇာတ်လမ်းတွေကို ပုံဖော်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ အဲဒီဇာတ်လမ်းတွေဟာ လက်တွေ့လိုလို ပုံပြင်သက်သက်လိုလို ရောထွေးပြီး သို့လောသို့လော ကြည့်ရှုကြရမှာကို ဒီဇာတ်လမ်းရဲ့အသက်လို့ ပြောရမယ်ထင်ပါတယ်။ လူ့လောကနဲ့ ဝိညာဉ်လောကရဲ့ကြားနံရံဟာ အပါးလွှာဆုံးဖြစ်သွားတယ်လို့ အယူရှိကြတဲ့ ဟောလိုး၀င်းည၊ နယူးဆဲလမ်မြို့လေးမှာ ဘယ်သူတွေက ကမ္ဘာ ပျက်သလိုခံစားကြရမလဲဆိုတာ ခြောက်ခြားဖွယ် ကြည့်ကြရမှာပါ။ ဒီဇာတ်လမ်းထဲမှာ Slipknot band ရဲ့ lead vocalist, Corey Taylor ကလည်း Chilly Billy ရဲ့တင်ဆက်သူ ဘီလီနေရာက ပါ၀င်သရုပ်ဆောင်ထားပါတယ်။ သွေးရဲရဲသံရဲရဲ သတ်ဖြတ်ခန်းတွေ၊ ၁၈ ယောက်စုကြည့်ရမယ့် ဇာတ်၀င်ခန်းနဲ့ စကားပြောခန်းတချို့ပါ၀င်ကြောင်း ကြိုတင်သတိပေးထားပါရစေနော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ C’mon ဖြစ်ပါတယ်) File Size……….(1.68 GB) / (652 MB) / (360 MB) Quality…………BluRay 1080p / 720p / 360p Duration………1Hr 43mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror, Thriller Translator…….C’mon Encoder……….SWM

Mystery • TV Movie
4.8 2020
Bad Candy
Soft & Quiet
6

Soft & Quiet( 2022 ) အမေရိကန်မှာ ထုတ်ပြီး လူမဲမပါတဲ့ကား နောက်ပိုင်းခေတ်မှာ မရှိသလောက်ရှားပါတယ်။ ကြည့်ဖူးတဲ့ထဲဆိုရင်တော့ မရှိကိုမရှိပါဘူး။ မဆီမဆိုင်တောင် ကြံဖန်ထည့်တဲ့ အဆင့်ဆိုတာလည်း အားလုံးအသိပဲပေါ့။ ဒီကားကတော့ ထူးခြားစွာနဲ့ လူမဲဆိုလို့ ဖြတ်လျှောက်တောင်မပါဘူး။ ဒီလိုမပါရတာလည်း ကားနဲ့ဆက်စပ်ပါတယ်။ အမျိုးသမီးတစ်စုဟာ တွေ့ဆုံပွဲတစ်ခုကျင်းပပြီး ဟိုအကြောင်း ဒီအကြောင်းအတင်းတုပ်ရာက အမေရိကန်ပြည်ထောင်စုကြီးမှာ လူဖြူတွေရဲ့ အခွင့်အရေးကပဲ လျော့ကျနေကြောင်းတွေကို ဆွေးနွေးမိကြပါတယ်။ နောက် ခိုးဝင်တွေ တိုင်းတစ်ပါးက ပြောင်းလာတဲ့လူတွေကပဲ အလုပ်အကိုင်အခွင့်အလမ်းတွေကို သိမ်းယူထားကြောင်းပါ ဆွေးနွေးမိကြပြီး အဲဒီလူတွေကို မကျေမနပ်ဖြစ်လာပါရော။ဒီအတွက် မဂ္ဂဇင်းထုတ်ပြီးး ဝါဒဖြန့်ဖို့ပါ စီစဉ်ထားပြီးပါပြီ။ အပြန် စတိုးဆိုင်မှာ အရက်ဝင်ဝယ်ရာကနေ အမေရိကန်နိုင်ငံသူမဟုတ်တဲ့ ကောင်မလေး၂ယောက်နဲ့ ပက်ပင်းတိုးရာက သူတို့ဒေါသကိုမထိန်းနိုင်ခဲ့တဲ့ နောက်ဆက်တွဲတွေကို ရင်တထိတ်ထိတ်နဲ့ကြည့်ရမှာပါပဲ။ File Size__(2GB) / (950MB) Quality__WEB-DL_1080p, 720p IMDb Rating__6.0/10 Format__mp4 Duration__01:32:00 Type__Horror Subtitle__Myanmar Subtitle (Hardsub) Translated by W Encoded by Naing Aung Latt

Drama • Romance
6 2022 91 mins
Soft & Quiet
Folklore Qizz Class
6

တစ္ဆေပွဲတော် ညတစ်ည မသန့်ရှင်းတဲ့ အရာတွေ လူတွေကြားထဲကို ဝင်ရောက်ပျော်မြူးသည့်အချိန်…? ချန်ရှိူ့ မြို့တော်ကြီးမှာ ထူးဆန်း ထိတ်လန့်ဖွယ်ကောင်းတဲ့ အရာတွေဖြစ်ပေါ်လာခဲ့ပါတယ် ။ ရွှီထျန်းယို့လိုခေါ်တဲ့ ဆင်းရဲသားကောင်လေးဟာ တစ္ဆေပွဲတော်ညမှာ အစာရှာဖို့ အပြင်ထွက်ရင်း ကစားပွဲတစ်ခုကို ထူးထူးဆန်းဆန်း ကစားနေကြတဲ့ လူတစ်စုနဲ့ တွေ့ရှိခဲ့ပါတယ် ။ စူးစမ်းလိုစိတ်အပြည့်ရှိတဲ့ ရွှီထျန်းယို့ဟာလဲ သူတို့နဲ့ အတူတူ ဝင်ရောက်ကစားခဲ့ပြီး အဲဲဒီလူတစ်စုဟာ သရဲတွေ ဖြစ်နေတဲ့ အကြောင်း သိရှိသွားတဲ့အခါ….? အိမ်ကို အမြန်ပြန်လာခဲ့ပေမယ့် သူရဲ့ တစ်ဦးတည်းသော မိခင်ကြီးဟာ ထူးဆန်းစွာနဲ့ သေဆုံးနေခဲ့ပါတော့တယ် ။ အဲဒီ ထူးဆန်းတဲ့ ဖြစ်စဥ် ဖြစ်ပြီးချိန်မှ စတင်ပြီး မြို့တော်အတွင်း ထူးဆန်း ကြောက်မက်ဖွယ်ကောင်းတဲ့ အရာတွေကြုံလာကာ မြို့တော်ဝန်ကတော်ပါ အသက်ဆုံးရှုံးရတဲ့အထိ ဖြစ်လာခဲ့ပါတော့တယ် ။ ဒီလိုနဲ့ပဲ ရွှီထျန်းယို့ကနေ စတင်ခဲ့တဲ့ ထူးဆန်းဖွယ်ရာ အမှုကို သူတို့တွေ ဘယ်လိုမျိုး စုံစမ်းရှာဖွေမလဲ? ဆိုတာ စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုလိုက်ရအောင်ပါ ။

Horror
6 2023
Folklore Qizz Class
Restart After Come Back Home
7.2

Restart After Come Back Home (2020) ============================ IMDb Rating – 7.2/10 LGBTQ+ ပရိတ်သတ်ကြီးအတွက် 2020 က ထွက်ရှိခဲ့တဲ့ ဂျပန် Bl ‌ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ မာနကြီး ပျင်းရိတတ်ပြီး တစ်ခုခုဆို မလုပ်ဘဲ ရှောင်ပြေးနေ တတ်တဲ့ Misuomi Kozuka (Yuki Furukawa) တစ်ယောက် တိုကျိုက ကုမ္ပဏီမှာ အဆင်မပြေတာကြောင့် အလုပ်ထွက်ခဲ့ပြီး သူ့ရဲ့မွေးရပ်မြေ ကျေးလက်ကအိမ်လေးဆီ ပြန်လာခဲ့ပါတယ်။ အဲဒီတောရွာလေးမှာ ‌လယ်ယာစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်တဲ့ အဘိုး Kumai ရဲ့တက်ကြွလန်းဆန်းပြီး အချိန်တိုင်းပြုံးပျော်နေ တတ်တဲ့ မွေးစားသားလိမ္မာလေး Yamato Kumai (Ryo Ryusei) နဲ့ တွေ့ပါတော့တယ်။ လူမှုဆက်ဆံရေးကောင်းတဲ့ Yamato နဲ့ တွေ့ပြီး Misuomi မှာ မလွှဲသာပဲ Greenhouse စိုက်ပျိုးရေးလုပ် ငန်းတွေ ကူလုပ်ရပါတော့တယ်။ အဲလိုနဲ့ သူတို့ နှစ်ယောက် ရင်းနှီး လာပြီး တစ်ယောက်ဘဝအတွက် တစ်ယောက် အားကိုးရတဲ့သူ တွေဖြစ်လာတဲ့အခါ… Misuomi ရဲ့ မွေးရပ်မြေပြန်လာပြီး ပြန်လည် စတင်လာမယ့် ဘဝ အသစ်လေးကို Rural vibes လေးနဲ့အတူ မိသားစု ဇာတ်လမ်းကောင်း လေးအဖြစ် ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ အ Ro လိုင်းလေးတွေ လည်းပါတာမို့ အခုပဲ ကြည့်လိုက်ကြပါတော့။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khaing Khin ဖြစ်ပါတယ်) File Size……….(1.62 GB) / (532 MB) / (335 MB) Quality…………WEB-DL 1080p / 720p / 480p Duration………1Hr 39Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Romance Translator…….Khaing Khin Encoder……….Zin Phyo Aung

7.2 2020 98 mins
Restart After Come Back Home
You’re All Gonna Die

You’re All Gonna Die ဇာတ်ကားက ၂၀၂၃ ခုနှစ်ထွက် horror, crime ရုပ်ရှင်ကားသစ်တစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းကို အမြည်းလေးပြောပြရမယ်ဆိုရင် အမေရိကန်နိုင်ငံက လူသွားလူလာနည်းတဲ့ အမြန်လမ်းမတစ်ခုမှာ လူသတ်မှုတွေ ဆက်တိုက် ဖြစ်လာနေခဲ့တာက စပါတယ်။ အဲ့အမှုကို ရဲတွေက အမှုမြန်မြန် ပိတ်ချင်ဇောနဲ့ တွေ့ရာလူ ဖမ်းပြီး အတင်းဝန်ခံခိုင်းခဲ့ပါတယ်။ အဲ့ဒါကို ရိပ်စားမိတဲ့ အမှန်တရားကို ချစ်မြတ်နိုးတဲ့ လူငယ်တစ်စုက အဲ့ဖမ်းထားတဲ့လူဟာ တကယ့်လူသတ်သမား မဟုတ်ကြောင်းကို သက်သေပြဖို့ ကြိုးစားခဲ့ပါတယ်။ အဲ့လို ကြိုးစားတဲ့နေရာမှာ အခင်းဖြစ်သွားရာနေရာကို သွားလေ့လာဖို့ သူငယ်ချင်းအုပ်စုတစ်ခုက ဆုံးဖြတ်ခဲ့ပါတယ်။ အဲ့အခင်းနေရာရောက်တဲ့အချိန်မှာ သူတို့ မထင်မှတ်ထားတဲ့ ဘယ်လိုအရာတွေကို တွေ့ရှိရမလဲ ဘာတွေရင်ဆိုင်ရမလဲ ရဲတွေကရော အကူအညီ ဖြစ်မှာလား ဇာတ်လမ်းရဲ့ နောက်တစ်ပိုင်းမှာလဲ အဓိကမင်းသမီးဖြစ်တဲ့ အန်နာရဲ့ နောက်ကြောင်းတွေကိုလည်း ချိတ်ဆက် ပြသထားတာဖြစ်လို့ သေချာတွေးတောစရာ တွေကို ပေးနိုင်မဲ့ ရုပ်ရှင်ကားလေးတစ်ခုဖြစ်ကြောင်း လက်တို့လိုက်ပါရစေ.. File size…1.80 GB / 1.19GB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 28m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung

0 2023
You’re All Gonna Die
Club Dread
5.7

ကျွန်တော်တို့ငယ်ငယ်က ကြည့်ခဲ့ရတယ့် အတော်လေးရယ်ရမယ့် comedy/horror ဇာတ်လမ်းမျိုးပါ “သုခဘုံကျွန်း”ဆိုတဲ့ ကျွန်းပေါ်က အပန်းဖြေစခန်းကို တစ်ချိန်က နာမည်ကြီးအဆိုတော် “Pete Coconut” က ပိုင်တယ် ကျွန်းပေါ်က ဝန်ထမ်းတွေကလည်း တစ်ယောက်တစ်မျိုးနဲ့ အဖောက်တွေချည်းပဲ တစ်နေ့ စော်နှစ်ဗွေနဲ့ ဘဲတစ်ဗွေ ကျွန်းဘေးက တောထဲကို သွားပြီး threesome ကြရင်း လူသတ်သမား သတ်တာခံလိုက်ရတယ် ဒီကနေ ဝန်ထမ်းတွေ တစ်ယောက်ပြီးတစ်ယောက် သေကုန်လို့ ကျွန်းပေါ်က ဝန်ထမ်းတွေအားလုံး လူသတ်သမားကို အဖြေရှာဖို့ လုပ်ရတော့တယ် ဖုန်းလိုင်းမမိ၊ လှေကလည်း ပျောက်သွားတဲ့အခါမှာ ကျွန်းပေါ်မှာ ပိတ်မိရင်း ဝရုန်းသုန်းကားတွေ ဖြစ်ကြတာကို ပရိသတ်ကြီး ခွီရမယ့်ကားလေးပါ လိင်ဆက်ဆံခန်းတွေများတာမို့ မိသားစုနဲ့ အတူကြည့်မယ်ဆိုရင်တော့ မျက်နှာပူနေရမှာ သေချာတယ်။ File size…(2.3 GB)/(1.4 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre…Comedy, Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Sike Tan

History • Drama
5.7 2004
Club Dread
Thunder Chase
6

မိုးကြိုး (Thunder) ဟာ နိုင်ငံခြားမှာ ပုဂ္ဂလိက လုံခြုံရေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်မှုထမ်းဟောင်းတစ်ယောက်ပါ။ သူ့သား လီယို (Leo) ဟာ နိုင်ငံခြားက ဂိုဏ်းတွေရဲ့ သားကောင်အဖြစ် အသုံးချခံရပြီး လူသတ်အမဲလိုက်ကစားပွဲမှာ စည်းကမ်းချက်တစ်ခုအဖြစ် အသုံးပြုခံရပါတယ်။ မိုးကြိုးနဲ့ သူ့သူငယ်ချင်း နှစ်ယောက်ဟာ လိုအပ်တဲ့ ပစ္စည်းကိရိယာတွေကို ယူဆောင်ပြီး နိုင်ငံခြားက တောအုပ်ထဲကို ဝင်ရောက်ခဲ့ပြီး တိုက်ပွဲတွေ အကြိမ်ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ သားဖြစ်သူကို ကယ်တင်နိုင်ခဲ့ပေမယ့် ညီဖြစ်သူက ဓားစာခံဖြစ်သွားပါတယ်။ ဒီလိုခက်ခဲတဲ့အခြေအနေမှာတော့ မိုးကြိုးဟာ သူ့အသက်နဲ့ လဲလှယ်ဖို့ ဆန္ဒရှိခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ သူကယ်တင်ခဲ့ဖူးတဲ့ အမျိုးသမီးတစ်ယောက် ပေါ်လာခဲ့ပါတယ်။ သူမဟာ အမဲလိုက်သတ်ဖြတ်ရေး အဖွဲ့အစည်းရဲ့ ခေါင်းဆောင်ဖြစ်နေတာ ပေါ်လွင်လာခဲ့ပါတယ်။ သူမက ကယ်တင်ဖို့ လာတာလား၊ ဒုက္ခပေးဖို့လာတာလား။ ဒါမှမဟုတ် သွေးဆာနေတဲ့ ရန်သူကို ရင်ဆိုင်ရတဲ့အခြေအနေကို ပြောင်းလဲနိုင်မှာလား

Drama
6 2021
Thunder Chase
Liar, Liar, Love is on Fire
5.8

ချစ်စရာကောင်းတဲ့ Influencerမလေးတစ်ယောက်ရဲ့ ပေါ့ပေါ့ပါးပါးဟာသအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ရှောင်လိနဲ့ဟောက်ကျားတို့ဟာ အများအမြင်မှာတော့အရမ်းကိုချစ်ကြတဲ့ အားကျရတဲ့ချစ်သူစုံတွဲဖြစ်ပြီးတော့ တကယ်တန်းမှာတော့ သူတို့ကဝင်ငွေရဖို့အတွက် ဟန်ဆောင်ပြီးVlogတွေရိုက်နေကြတာပဲဖြစ်ပါတယ်။ Followersတွေတဖြည်းဖြည်းနဲ့ကျလာတော့ သူတို့ရဲ့ဝင်ငွေထိခိုက်လာတော့ ရှောင်လိက အကြံကုန်ဂဠုန်ဆားချက် သူတို့ရဲ့မင်္ဂလာဆောင်ကို Liveလွှင့်မယ်ဆိုပြီးတော့ စီစဉ်လိုက်ပါတယ်။ ဒါပေမယ့် ဟောက်ကျားက ဘယ်လိုမှသဘောမတူပါဘူး။ ဟောက်ကျားသဘောတူလာအောင် အမျိုးမျိုးလှည့်ပြောရင်း ရှောင်လိကသစ္စာကျိန်ဆိုမိရာကနေပြီးတော့ လုံးဝလိမ်ပြောလို့မထွက်နိုင်တဲ့သူတစ်ယောက်ဖြစ်သွားပါတယ်။ ဘယ်လိုမှလက်မခံနိုင်တဲ့ဟောက်ကျားက ဇာတိမြို့လေးကိုပြန်သွားခဲ့တော့။ အရင်က Viewer တိုးဖို့အရေးဘာမဆိုလုပ်ပြီး အလိမ်အညာတွေကို လှည့်ပတ်ပြောတတ်တဲ့ ရှောင်လိတစ်ယောက် ဟောက်ကျားရဲ့ဇာတိကို လိုက်သွားပြီးတော့ လိမ်မပြောပဲ ဟောက်ကျားကလက်ထပ်ဖို့ သဘောတူအောင်ဘယ်လိုလုပ်မလဲဆိုတာကိုကြည့်ရမယ့် ဟာသကားလေးပဲဖြစ်ပါတယ်။

Drama • Comedy
5.8 2025
Liar, Liar, Love is on Fire
Sampiyonlar
4

Sampiyonlar (2025) ဒါက‌တော့ တူရကီဇာတ်လမ်းလေးပါ။ ဇာတ်လမ်းအကြောင်းအရာကတော့ မယ်တင်ဆိုတဲ့ ဘောလုံးနည်းပြက ဖလားလက်လွတ်လိုက်ရပြီးတော့ သူ့မိသားစုနဲ့ ခဏအနားယူဖို့ သူ့အဖေအိမ်ကို ထွက်လာကြတာပါ။ မယ်တင်ရဲ့ အဖေဟာ Chess ကစားရတာ ကြိုက်တဲ့သူပါ။ မယ်တင်ရဲ့သားကလဲ ချက်စ်ကစားတဲ့ ကောင်မလေးကို သဘောကျသွားရင်းနဲ့ Chess အရုပ်တွေကနေ ဘယ်လိုမျိုး ချက်စ်ကစားနည်းကို သင်ယူပြီး ပြိုင်ပွဲဝင်သွားမလဲဆိုတာကိုပေါ့ပေါ့ပါးပါးလေးနဲ့ ကြည့်ရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Aung Khant Min Myat ဖြစ်ပါတယ်။) File size… (2.1 GB) / (1.1 GB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy, Family Duration…. 01:34:11 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Aung Khant Min Myat

Action • Crime • Thriller
4 2025 93 mins
Sampiyonlar