YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The Reaping (2007) Blu-Ray,720p(CM).mp4

900.62 MB N/A video/mp4 167 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Step Up
6.9

Channing Tatum ဆိုတဲ့ဘဲကြီးဆို မသိတဲ့သူ မရှိလောက်ပါဘူး။ ဒီဘဲကြီး ငယ်စဉ်ကရိုက်ခဲ့တဲ့ အကဖက်စပ် လူငယ်ကားတွေပေါ့။ ဒီကားက Step up Franchise ရဲ့အစပါ။ ၂၀၀၀ ခုနစ်ကနာမည်ကြီးခဲ့တဲ့ teenage ကားတွေထဲကတစ်ခုပေါ့။အမေရိကန်အကရုပ်ရှင်တွေရဲ့ ခေတ်ကဒီကားတွေက စတာပေါ့။အကကြိုက်တဲ့သူတွေ၊ အကအခုန် ဝါသနာ ကြီးသူတွေတော့ လက်လွှတ်မခံသင်တဲ့ ဇာတ်ကားတွေပါပဲ။ မင်းသမီး Jenna Dewan ဆိုတာကလည်း ခန္ဓာကိုယ်အချိုးအစား ပြေပြစ်တဲ့သူမို့ သူ(မ)ရဲ့ ရင်ခုန်စရကကွက်လေးတွေနဲ့တင် ဇာတ်ကားကကြည့်ရတာတန်နေပါပြီ။ ပထမကားရဲ့အစကတော့ ဒီလိုပါ။ တစ်ကားစီဖြတ်ကြည့်လို့ရပေမဲ့ ဇာတ်လမ်းအားလုံးကို ကြည့်ထားတာ အကောင်းဆုံးပါ။ဖြစ်နိုင်ရင် အစဉ်လိုက်ကြည့်ဖို့ recommend ပေးပါတယ်။ ပထမဆုံးအနေနဲ့ မယ်ရီလန်းအနုပညာကျောင်းက မြို့ထဲကကျောင်းကြီး တွေထဲက တစ်ကျောင်းပါ။အဲ့ကျောင်းမှာ တက်နေတဲ့ ကျောင်းသူမလေး နိုရာကတော့ အကကိုဝါသနာပါပြီး ဘဝတစ်ခုလုံး ရင်းနှီးပုံအပ်ထားတဲ့ စိတ်အားထက်သန်တဲ့ အကကျောင်းသူလေးပေါ့။သူ(မ) သူ(မ)အတွက် အရေးအကြီးဆုံးဖြစ်တဲ့ ကျောင်းရဲ့ Senior Showcase မှာ အကောင်းဆုံး ဖျော်ဖြေတင်ဆက်နိုင်ဖို့ အားခဲနေတာပါ။တစ်ဖက်က တိုင်လာကတော့ သူငယ်ချင်းတွေနဲ့ လမ်းမထက်မှာ ပျော်ပါးအချိန်ကုန် ဖြတ်သန်းနေရင်း အကပညာမှာပါရမီပါလာတဲ့ အညတရသားလေးပါ။သူတို့နှစ်ဉီးရဲ့ ဇာတ်လမ်းကတော့ သူ့သူငယ်ချင်းတစ်စုနဲ့ မယ်ရီလန်းကျောင်းပိုင် ပစ္စည်းတွေကို ဖျက်ဆီးကျောင်းထဲခိုးဝင် လက်သရမ်းမြူးထူးမှု ဖြစ်ရပ်ကနေ စတင်ခဲ့ပါတယ်။ တရားရုံးကနေ ပြစ်ဒဏ်ချမှတ်ခံရပြီး လူမှုအကျိုးဆောင်အနေနဲ့ တိုင်လာ မယ်ရီလန်းကျောင်းမှာ နာရီ ၂၀၀ ကျောင်းပြုပြင်သန့်ရှင်းရေး ဆောင်ရွက်ရပါတယ်။ စိတ်ပါလက်ပါ သွက်သွက်လက်လက်ကပြ လေ့ကျင့်နေတဲ့ နိုရာကို အမြဲကြည့် နေတတ်သူ တိုင်လာနဲ့၊ လူစားထိုးဖို့ လူမရှိရာက သင့်တော်တဲ့သူမ​တွေ့တဲ့ အဆုံး လေ့ကျင့်သူနေရာမှာ ရွက်ပုန်းသီးလေးတိုင်လာ လူစားထိုးဝင်ပေးရာက ... File size…1.77GB / 746MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 44m Genre ..... Crime , Drama , Music Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Nwe Hnin Thazin

Drama
6.9 2006 104 mins
Step Up
Birdcage Inn
6.5

Birdcage Inn ဟာ ကင်ကီဒွပ်ရဲ့ အစောပိုင်း ကာလတွေတုန်းက ရုပ်ရှင်တစ်ကားပါ။ တိတိကျကျဆို တတိယမြောက်ကားပါ။ နောက်ပိုင်း တချို့ကားတွေမှာ ကင်ဟာ ပရိသတ်နဲ့ဈေးကွက်အကြိုက်အရ နာမည်ကျော်သရုပ်‌‌ဆောင်တွေသုံးရင်း သူ့ရုပ်ရှင်တွေကနေ သူပြချင်တဲ့အမှန်တရားရော သူကိုယ်တိုင်ရော ပျောက်ဆုံးဖူးခဲ့တယ်ဆိုပါတယ်။ အင်တာဗျူးတစ်ခုမှာ ရုပ်ရှင်ရိုက်တဲ့အခါ အရေးအကြီးဆုံးက ဘာလဲလို့မေးတော့ အမှန်တရား ဝါ ရိုးသားမှုလို့ဖြေခဲ့ဖူးပါတယ်။ ဒီရုပ်ရှင်ကတော့ သူ့ရုပ်ရှင်တွေမှာ သူ့ရင်ခုန်သံစစ်စစ်တွေကိုပဲ ကြားရချင်တဲ့ ကင်ရဲ့ အစောပိုင်းကာလတုန်းက အရိုးသားဆုံးရုပ်ရှင်တစ်ကားပါ။ ဇာတ်ကတော့ ငှက်လှောင်အိမ်အင်းလို့ခေါ်တဲ့ အင်းတစ်ခုဆီ ပြည့်တန်ဆာလုပ်ဖို့ လာတဲ့မိန်းမလှလေးတစ်ယောက်နဲ့စဖွင့်ထားတယ်။ ဒီအလုပ်က သူ့ကို ဘယ်လောက်ပင်ပန်းစေလဲတော့မသိပါဘူး။ အဖွင့်မှာ ရေစပ်နားချထားတဲ့ ခုံပေါ်မှာထိုင်ရင်း ငိုက်ပြီး ရေထဲပြုတ်ကျသွားတာနဲ့ စဖွင့်ထားတယ်။ Bad Guy မှာတော့ ကောလိပ်ကျောင်းသူလေးကနေ ဒီဘဝ ဘယ်လိုရောက်သွားလဲ အသေးစိတ်ပြထားပေမဲ့ ဒီထဲမှာတော့ ဒီကောင်မလေးရဲ့ ပြည့်တန်ဆာဘဝကိုပဲ သေချာပြထားတယ်။ တချို့အချက်တွေအရသူလည်း ကောလိပ်ကျောင်းသူ ဖြစ်ကောင်းဖြစ်ခဲ့ဖူးလောက်မယ်။ ဘာလို့ ဒီဘဝရောက်သွားလဲတော့ မရေမရာနဲ့ပဲ ပြသွားတယ်။ နောက်တော့ အဲဒီကောင်မလေးနဲ့ အင်းပိုင်ရှင်မိသားစုရဲ့ ဆက်ဆံရေးပေါ့။ သူတို့လည်း ချမ်းသာလှတယ်တော့ မဟုတ်ဘူး။ ဒီလိုပဲ။ မရှိလို့ လုပ်စားနေတာ။ ဒီရုပ်ရှင်ရဲ့ အဓိကဇာတ်ကောင် ၂ကောင်က သူတို့မိသားစုက ဒီအလုပ်ကိုမုန်းတဲ့သမီးရယ်၊ ခုနက ပြည့်တန်ဆာမလေးရယ်ပေါ့။ ထုံးစံအတိုင်း သူတို့၂ယောက်ရဲ့အခြေအနေကို အချစ်ကြောင့်လုပ်တာလား အမုန်းကြောင့်လုပ်တာလား မရေရာခြင်းတွေအပြည့်နဲ့ သီကျူးသွားတယ်။ ဒီပုံစံကိုတော့ ကင်ကီဒွပ်ပရိသတ်တွေရင်းနှီးပြီးသားပဲမလား။ ကင်ဟာ လုပ်ရပ်တွေမှာ အချစ်လားအမုန်းလားမသည်းကွဲနိုင်အောင်ပုံဖော်တတ်တဲ့ သူပါပဲ။ ဒီထဲမှာလည်း ပြည့်တန်ဆာမလေးက အိမ်ရှင်ကောင်မလေးနဲ့ အိမ်ရှင်ကောင်မလေးရဲ့ ရည်းစားကြား ပြဿနာရှာလိုက်တာလေးတွေရှိပေမဲ့ ဒါကို အချစ်ကြောင့်လည်း ပါတယ်လို့တော့ ကျွန်တော်တော့ မြင်တာပါပဲ။ ဒီရုပ်ရှင်ဟာ ပြည့်တန်ဆာမလေးရဲ့ အိပ်ခန်းတွေမနည်းပါပေမဲ့ အဲဒီအိပ်ခန်းတွေကိုယ်တိုင်ဟာ ဒီရုပ်ရှင်ရဲ့ ရိုးသားမှုကို အရောင်တင်ပေးထားတာတွေပါပဲ။ ကင်ဟာ ပြင်သစ်က ကမ်းခြေတစ်ခုမှာ ပန်းချီဆွဲရင်း နှစ်နှစ်လောက် အချိန်ဖြုန်းဖူးပါတယ်။ သူဘာပြပွဲမှလည်း မလုပ်ခဲ့ပါဘူး။ သူက သူ့ပန်းချီကားတွေကို လမ်းပေါ်မှာ တင်ပြခဲ့တဲ့သူပါ။ သူဘာလို့ပန်းချီဆွဲလဲဆို သူ့ပန်းချီကားတွေက စစချင်းကြည့်ရင် ဟီရိသြတ္တပ္ပ ကင်းမဲ့ပြီး ညစ်ညမ်းတယ်လို့ထင်ရပေမဲ့ သေချာကြည့်ကြည့်ရင်တော့ ဖန်တီးသူရဲ့ ရိုးသားခြင်းကို အပြည့်အဝ တွေ့မြင်နိုင်လို့ လို့ဆိုဖူးပါတယ်။ သူ့ရုပ်ရှင်တွေဟာလည်း ထိုနည်းလည်းကောင်းပါပဲ။ ညစ်ညမ်းတယ်လို့ထင်ကောင်းထင်ရနိုင်ပေမဲ့ သူဟာ သူသိတဲ့ဘဝတွေကို အရိုးသားဆုံးပြထားခဲ့တာပါပဲ။ ဒီရုပ်ရှင်ဟာလည်း ညစ်ညမ်းတာတွေ စိတ်ညစ်စရာတွေအပြည့်နဲ့ကို ရိုးရိုးသားသားနဲ့ လှနေတဲ့ ကင်ကီဒွပ်ရုပ်ရှင်တစ်ကားပါပဲ။ တစ်ခုရှိတာက ကင်ကီဒွပ်ဟာ ဒီပထမကားတွေမှာဆို ကိုရီးယားပြည်တွင်းမှာ ခွက်ခွက်လန်အောင်ရှုံးခဲ့တဲ့သူပါ။ ဒီကားနဲ့ နိုင်ငံတကာပရိသတ်တချို့ စရခဲ့ပါတယ်။ ဒီတော့ သူ့ဒီလိုကားဟောင်းတွေကို အကြည်ရဖို့ဆိုတာ အတော်လေးခက်ပါတယ်။ ဒီတိုင်းကြည့်ရဖို့တောင် မလွယ်ဘူးကိုး။ ဒီလိုတတိယမြောက်ရိုက်ခဲ့တဲ့ကားမျိုးဆို ရွှေထက်ရှားပါတယ်။ ဆိုတော့ကာ 1080p ဘာညာ ကွာလတီနဲ့ရှာမရပေမဲ့ ရုပ်သံကွာလတီမူကို နည်းနည်းအတိမ်းအစောင်းခံပြီး ကင်ကီဒွပ်ပရိသတ်တွေအတွက် ကင်ကီဒွပ်ကားကို ရှိတဲ့ကွာလတီလေးနဲ့ပဲ ကြံဖန် တင်ဆက်ပေးလိုက်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.5GB Quality - 480p IMDb Rating - 7/10 Format - mp4 Duration - 1H 45Min Genre - Adult, Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Drama
6.5 1998 101 mins
Birdcage Inn
The Stairs
4.1

Horror, Mystery ဆုတွေ 28 wins, 14 nominations လောက်ရထားပြီး အတော်လေးစိတ်ဝင်စားဖို့ ကောင်းတဲ့ လျှို့ဝှက်ဆန်းကြယ် Horror ကားလေးလာပါပြီ။ ၁၉၉၇ ခုနှစ်မှာ ဂျင်းနဲ့ဂျက်ဆီမာတင်ဆိုတဲ့ မြေးအဖိုး ၂ ယောက်ဟာ အမဲလိုက်ကြရင်း တောနက်ကြီးထဲက လှေကားတစ်ခုနဲ့ လျှိ့ဝှက်တစ်ခါးပေါက်တစ်ခုကို တွေ့ရှိရာကနေ စူးစမ်းရင်း ပျောက်ဆုံးသွားပါတယ်။ သူတို့ နှစ်ယောက်ပျောက်သွားတဲ့ သတင်းဟာ နေထိုင်ရာနယ်မြို့လေးမှာ ဟိုးလေးတစ်ကျော်ဖြစ်သွားခဲ့ပြီး အဖိုးဖြစ်သူရူးပြီး ကလေးကို ရောင်းစားလိုက်တာလား၊ နှစ်ယောက်လုံး တိရိစ္ဆာန်တစ်ကောင်ကောင်ရဲ့တိုက်ခိုက်မှုကို ခံလိုက်ရတာလား...သို့လောသို့လော မေးခွန်းပေါင်းများစွာနဲ့ အဖြေမရှာနိုင်ဘဲ ဆုံးစုံးမြုပ် သွားခဲ့တာ နှစ်ပေါင်း ၂၀ ကြာသွားခဲ့ပါတယ်။ နှစ်ပေါင်း ၂၀ အကြာမှာ သူငယ်ချင်း ၅ ယောက်ပါ အဖွဲ့တစ်ဖွဲ့က ၅ ရက်တာ အပန်းဖြေ ကမ့်ထိုးခရီးထွက်ဖို့အတွက်ပဲ ဒီတောထဲကို ခြေလျင်ခရီးပြန်ထွက်ခဲ့ပါတယ်။ ပျော်ပျော် ရွှင်ရွှင်ခရီးထွက်လာတဲ့ သူတို့အဖွဲ့ကို စိတ်ခြောက်ခြားဖွယ် အန္တိဌာန်အာရုံတွေကနေ တစ်ခုပြီးတစ်ခု ခြောက်လှန့်ပြီး လာရာလမ်းကနေပြန်ဖို့ သတိပေးခဲ့ပေမယ့် ရှေ့ဆက် တိုးရာကနေ ....လွန်ခဲ့တဲ့ နှစ် ၂၀ က လှေကားကြီးတစ်ခုနဲ့ လျှို့ဝှက်ဝင်ပေါက်ကို ပြန်လည် တွေ့ရှိရာကနေ အမြဲလူသားဆာလောင်နေတဲ့ သတ္တဝါဆိုးကြီးတစ်ကောင်ကိုပါ တွေ့လိုက် ရတဲ့အခါမှာတော့.... လွန်ခဲ့တဲ့နှစ် ၂၀ က မြေးအဖိုးပျောက်ဆုံးမှုနဲ့ ဘယ်လိုဆက်စပ်နေမလဲ ....သူတို့အဖွဲ့ဘယ်လို အသက်ရှင်နေထိုင်လွတ်မြောက်ပါ့မလားဆိုတာကိုတော့ plot twist အရမ်းကောင်းပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ Horror ကားလေးကို ကိုယ်တိုင်ပဲကြည့်ရှုလိုက်ပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်) File Size - (2 GB) / (995 MB) / (650 MB) Quality – WebRip 1080p / 720p/480p Duration - 1h 32mins Subtitle – Myanmar Hardsub Format – MP4 Genre : Horror, Mystery Translator – Thiha Yan Naing Encoder – SWM

Horror
4.1 2021 92 mins
The Stairs
Blizzard of Souls
7.3

The Rifleman လို့လည်း လူသိများတဲ့ ဒီဇာတ်ကားလေးဟာ ပထမ ကမ္ဘာစစ်ကာလက အသက် ၁၆ နှစ်အရွယ် လူငယ်လေးတစ်ယောက်အကြောင်း ဖြစ်ရပ်မှန်ကို အခြေပြုထားတာပါ။ သူရဲကောင်းဖြစ်ချင်တဲ့စိတ်နဲ့ ပထမကမ္ဘာစစ်ကို ဝင်တိုက်ခဲ့ပေမဲ့ စစ်ရဲ့ အနိဌာရုံတွေကို မြင်တွေ့ခဲ့ချိန်၊ ကိုယ့်ရဲ့ မိသားစုဝင်ကိုပါ ဆုံးရှုံးလိုက်ရချိန်မှာတော့ သူ့ရဲ့ ဦးတည်ချက်က သူရဲကောင်းဖြစ်ဖို့မဟုတ်တာ့ဘဲ အမိတိုင်းပြည်မှာ မိသားစုဝင်တွေကို တစ်စုတစည်းတည်း ပြန်ဖြစ်စေဖို့ ကြိုးစားပုံတွေကို ရိုက်ကူးပုံဖော်ထားတာပါ။ ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ ... အချိန်အားဖြင့် 1900 ကျော် ပထမကမ္ဘာစစ်ကြီးဖြစ်ခါနီးအချိန်ပေါ့၊ လာဗီယာဆိုတဲ့ ရုရှားနဲ့ ဂျာမနီနိုင်ငံကြားက နိုင်ငံငယ်လေးတစ်ခုမှာ အာတူ့စ်ဆိုတဲ့ ချာတိတ်လေးတစ်ယောက်ဟာ သူ့မိဘနှစ်ပါးရယ် အစ်ကိုဖြစ်သူရယ်နဲ့ နေထိုင်ပါတယ်။ ပထမကမ္ဘာစစ်ကြီးစဖြစ်တော့ သူ့မိခင်ကို ဂျာမန်စစ်သားတွေက သတ်သွားတယ်။ စစ်ပြန်ဖခင်ဖြစ်သူနဲ့ သူတို့ညီအစ်ကိုနှစ်ဦးလည်း လာဗီယာတပ်ဖွဲ့ထဲဝင်ပြီး စစ်တိုက်ထွက်ကြရတဲ့အချိန်ပေ့ါ။ အဲဒီချိန်မှာ လာဗီယာနိုင်ငံက ရုရှားလက်အောက်ခံအဖြစ်ပဲ ရှိပါသေးတယ်။ ရုရှားအတွက် စစ်တိုက်ပေးရင်း ဆိုဗီယက်ရုရှားဟာ လာဗီယာနိုင်ငံကို တကယ် လွတ်လပ်ရေးပေးမှာမဟုတ်ဘူး ဆိုတာကိုပါ အာတူ့စ်တို့နားလည်လာတဲ့အချိန်မှာတော့ ... ဒီလိုနဲ့ လွတ်လပ်ရေးရဖို့ အရွယ်မရောက်ရှာသေးတဲ့ အာတူ့စ်တစ်ယောက် ဘယ်လိုပါဝင်ပေးဆပ်အနစ်နာခံခဲ့ရလဲ ဆိုတာကို ရင်နင့်ဖွယ် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May Myat Thu ပါ) File Size          : 3.2GB, 1.4GB & 657MB Quality            : 1080p WEB-DL, 720p WEB-DL & 480p Format            : mp4 Duration         : 2hr & 3mins Genre              : Action, History, Drama Translated by  May Myat Thu Encoded by Kinnov

Crime • Drama • Horror
7.3 2019 124 mins
Blizzard of Souls
Give Them Wings
6.2

Give them wings မွေးကတည်းက ဦးနှောက်အမြှေးပါးရောင်ကြောင့် မသန်မစွမ်းဖြစ်နေခဲ့ရတဲ့ Paul Hodgson ကိုယ်တိုင်ရေးသားခဲ့တဲ့ သူ့ဘ၀အကြောင်းရိုက်ကူးထားတာဖြစ်ပါတယ်။ Paul ဟာမွေးကတည်းက မသန်မစွမ်းဖြစ်နေရပြီး လမ်း‌မလျှောက်နိုင်သလို စကားကိုလည်းပီသအောင်မပြောနိုင်ပါဘူး။ဒါပေမယ့် ဘ၀ကိုအရှုံးမပေးဘဲ အလုပ်ရအောင်ရှာနိုင်ခဲ့သလို ‌ရူးသွပ်တဲ့ဘောလုံးပရိသတ်တစ်‌ယောက်လည်းဖြစ်လာခဲ့ပါတယ်။ အမေဖြစ်သူက အားပေးသလောက် အဖေကသူ့အပေါ်ယုံကြည်ချက်မရှိပါဘူး။ဒါပေမယ့် သူ့အမေနဲ့သူငယ်ချင်းတို့ရဲ့ အားပေးမှုနဲ့ဘ၀မှာကြုံလာတဲ့အခက်အခဲမျိုးစုံကို လက်မလျှော့ဘဲ ကျော်လွှားနိုင်ခဲ့ပါတယ်။ Darlington FC ရဲ့အမာခံပရိသတ်ဖြစ်သူ Paul Hodgson ရဲ့ဖြစ်ရပ်မှန်ဘ၀အကြောင်းကို ရိုက်ကူးထားတာပါ။နာမည်ကြီး သရုပ်ဆောင်တွေမပါပေမယ့် ကောင်းမွန်စွာစွမ်းဆောင်ထားနိုင်တဲ့ British ကားလေးပါ။ File size…(1.33GB)/(714MB)/(462MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:32:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP

Comedy • Drama
6.2 2021
Give Them Wings
King of Killers
6

ဂယ်ရန်လို့ခေါ်တဲ့ လူတစ်ယောက်ကကြေးစား လူသတ်သမားတစ်ယောက်ဖြစ်ပြီး သူ့ကိုသတ်ဖို့ တာဝန်ပေးတဲ့လူတွေကို လိုက်သတ်ပေးရတဲ့လူဖြစ်ပါတယ်။ ပြီးတော့သူက အဲ့လိုလုပ်ကြံတဲ့နေရာမှာလဲ အရမ်းကိုထူးချွန်တဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ဒါပေမယ့်တစ်နေ့မှာတော့ သူအလုပ်လုပ်ဖို့သွားနေတုန်း သူ့မိန်းမက အဲ့ဒီကို လိုက်လာခဲ့ပါတယ်။ ဒီလိုနဲ့သူ့မိန်းမ သေနတ်မှန်သွားပြီးတော့ သေဆုံးသွားခဲ့ပါတယ်။ အဲ့ဒီကနေစပြီး ဘဝကလဲပျောက်ဆုံးသွားပြီးတော့ ကျန်ရစ်သူဖြစ်တဲ့ သူ့သမီး ကိုတောင်ဂရုမစိုက်ဖြစ်ခဲ့ပါဘူး။ဒါပေမဲ့ နောက်ပိုင်းမှာ သမီးဖြစ်သူက နှလုံးရောဂါ ဖြစ်ပြီးတော့ နှလုံးခွဲစိတ်အစားထိုးဖို့ဖြစ်လာပါတော့တယ်။ ဒါပေမယ့် သူ့မှာရှိတဲ့ ပိုက်ဆံနဲ့ မလောက်မငှဖြစ်နေတဲ့အချိန်မှာ သူ့ကိုကမ်းလှမ်းထားတဲ့ ဒေါ်လာဆယ်သန်းတန် ပစ်မှတ်တစ်ခုကို လက်ခံလိုက်ရပါတော့တယ်။အဲ့ဒီပစ်မှတ်ကတော့ တခြားသူမဟုတ်ပါဘူး သူတို့ရဲ့ လုပ်ကြံရေးသမားလောကထဲမှာ အတော်ဆုံးဆိုတဲ့ လူသတ်သမားတွေရဲ့ ဘုရင် ဒရေကိုဆိုတဲ့ လူကိုသတ်ဖို့ပါပဲ။ဒါပေမယ့် သူ့ကိုသတ်ဖို့က ပုံမှန်အလုပ်တွေလို ရိုးရှင်းမနေပဲနဲ့ တခြားလူတွေနဲ့ပြိုင်ဆိုင်ရမှာပဲဖြစ်ပါတယ်။ အဲ့ထက် ပိုထူးဆန်းတာက ဒရေကိုကိုသတ်ဖို့ သူတို့ကို ဒရေကိုကိုယ်တိုင်ကငှားထားတာပဲဖြစ်ပါတယ်။ဒီလိုနဲ့ ဂယ်ရန်နဲ့ တခြားလူသတ်သမားတွေ ဒရေကိုကို သတ်ဖို့ကြိုးစားပြီးတော့ နောက်ဆုံးမှာ လူသတ်သမားတွေရဲ့ ဘုရင်ဆိုတဲ့ဂုဏ်ပုဒ်ကို သူတို့ထဲက တခြားလူတွေက ပိုင်ဆိုင် သွားမလား ဒရေကိုကပဲ ဆက်ထိန်းသိမ်းထားနိုင်မလားဆိုတာကိုကြည့်ရမှာပဲဖြစ်ပါတယ်။ File size…1.24GB / 491MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 32m Genre ….. Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6 2023 91 mins
King of Killers
A Tale of Two Guns

အနောက်တိုင်းကောင်းဘွိုင်ကားတွေကိုကြိုက်တဲ့သူတွေအတွက် ၂၀၂၂ တုန်းကထွက်ရှိခဲ့တဲ့ A Tale Of Two Guns ဆိုတဲ့ ဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ကောင်းဘွိုင်ကားတွေ ထုံးစံအတိုင်း ဘိုင်ဝမ်းသေနတ်ယှဉ်ပစ်တာတွေနဲ့ သေနတ်ပစ် စကေးတွေကိုတစ်၀ကြီးကြည့်ရှုရမှာဖြစ်ပြီး ဇာတ်ညွှန်းကလည်း မဆိုးတဲ့အတွက်ကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကားလို့ပြောလို့ရပါတယ်။ ဇာတ်ကားအစမှာတော့ ကောင်းဘွိုင်များလို့ခေါ်တဲ့ လူဆိုးအဖွဲ့နဲ့ အရာရှိကြီးမက်တိတို့ တိုက်ခိုက်နေတာကိုတွေ့ရမှာဖြစ်ပြီး နှစ်ဖက်လုံး အထိနာခဲ့ကြပြီး လူဆိုးအဖွဲ့ထဲက အေဘယ်ဆိုတဲ့တစ်ယောက်က လွတ်သွားပါတော့တယ်။အရာရှိကြီးလည်း သူ့ရဲ့ ညာလက်ရုံးကို ဆုံးရှုံးလိုက်ရပြီး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါတော့တယ်။အဲ့ဒါကြောင့် ညာလက်ရုံးအသစ် လိုအပ်နေတဲ့အရာရှိကြီးဆီကို ဟိုလင်ဂျာဆိုတဲ့ လူတစ်ယောက်ရောက်ရှိလာပါတော့တယ်။ သူကလည်း ရာဇဝတ်သားတွေကို နှိမ်နင်းရာမှာအရမ်းနာမည်ကြီးတဲ့ အရာရှိ တစ်ယောက်ဖြစ်ပါတယ်။ဟိုလင်ဂျာရဲ့ အရည်အချင်းအစစ်အမှန် တွေကို အရာရှိကြီးတွေ့ပြီးနောက်မှာတော့ လွတ်မြောက်သွားတဲ့ အေဘယ်ဆိုတဲ့ ၀ရမ်းပြေးကိုလိုက်လံဖမ်းဆီးဖို့ယုံယုံကြည်ကြည် တာဝန်ပေးလိုက်ပါတော့တယ်။ဒီလိုနဲ့ ဟိုလင်ဂျာတစ်ယောက် အေဘယ်ကိုဘယ်လိုလိုက်ဖမ်းမလဲ လမ်းမှာရောဘယ်လို အခက်အခဲ တွေနဲ့ကြုံတွေ့ရမလဲ နောက်ဆုံးမှာရောဘယ်လိုအဆုံးသတ်သွားမလဲ ဆိုတာကိုစိတ်ဝင်စားစရာကောင်းစွာကြည့်ရှုရမဲ့ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ File size…1.30 GB / 618 MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 31m Genre ….. Western Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

0 2022 91 mins
A Tale of Two Guns
The Grey Man
5.9

ဒီဇာတ်ကားလေးကတော့ ဟောင်ကောင်က ဘိန်းရာဇာဂိုဏ်းတစ်ခုကိုဖယ်ရှားကြမဲ့ ရဲတွေနဲ့ ဘိန်းရာဇာဂိုဏ်းကြားထဲက ထောင်ချောက်တွေ အလှည့်အပြောင်းတွေကို ရင်ခုန်စွာနဲ့ကြည့်ရှုရမဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ် ။ Crime နဲ့ Action , Drugs စတဲ့ဇာတ်လမ်းအမျိုးအစားတွေကြိုက်တတ်တဲ့ ပရိတ်သတ်ကြီးအတွက် ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်မှာ အသေအချာပဲလို့ အာမခံပါတယ် ။ ဇာတ်လမ်းအကျဉ်းလေးကတော့ – ဘိန်းရာဇာဂိုဏ်းရဲ့ စီမံသူတစ်ဦးဖြစ်တဲ့ အစ်ကိုပေါက်ဆိုသူက လိုင်ခါးမှ ာဘိန်းအရောင်းအဝယ်လုပ်ရင်း ရဲတွေဆီမှာမိမလိုဖြစ်သွားခဲ့ပါတယ် ။ ဒါပေမဲ့ သူကလည်းအဆက်အသွယ်တွေရှိတော့ သူ့အစား သူ့ရဲ့ညာလက်ရုံး အားထျန်းခေါင်းပေါ်ကိုအကုန်ပုံချလိုက်ပါတော့တယ် ။ ငွေလည်းသုံးထားတာမို့ အားထျန်းကလည်း ထောင်အကြာကြီးတော့မကျဘဲ လိုင်ခါးမှာပဲ ထောင် ၃နှစ်ကျသွားပါတော့တယ် ။ ဒါပေမဲ့ ရဲတွေမိသွားတဲ့နေရာမှ ာတိုက်ရင်းခိုကိရင်းက ဘယ်လက်ရုံးခုန်ချွဲ့ရဲ့ညီလေးကလည်း သေဆုံးသွားခဲ့ပါတယ် ။ ခုန်ချွဲ့ကတော့ သူ့ညီလေးကို အားထျန်းသတ်ပါတယ်ဆိုပြီးယုံကြည်နေပြီး အမုန်းကြီးမုန်းနေပါတော့တယ် ။ အဲဒီလိုနဲ့ သုံးနှစ်အကြာ အားထျန်းတစ်ယောက် ထောင်ကထွက်ပြီး ဟောင်ကောင်ကိုပြန်ရောက်လာတဲ့အချိန် အဖွဲ့အစည်းကရောဘယ်လိုပုံစံဖြစ်နေမလဲ ? ‌ အစ်ကိုပေါက်ကရော သူ့ကတိအတိုင်း စီမံသူရာထူးကိုပေးပါ့မလား ? ရဲတွေကရော သူတို့ဂိုဏ်းကိုလိုက်ရင်းဘာတွေကြုံရမလဲ ? နောက်ဆုံး ဘယ်သူတွေနဲ့တွေ့ဆုံပြီးဘာတွေကြုံတွေ့ရမလဲဆိုတာကို ရင်တထိတ်ထိတ် စိတ်ဝင်စားဖို့ကောင်းစွာနဲ့ကြည်ရှုရမှာဖြစ်လို့ လက်မလွှတ်သင့်တဲ့‌ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်

Fantasy • Romance
5.9 2024
The Grey Man
Age of Heroes
5.5

ရိန်းစ်က ထူးချွန်တဲ့တပ်သားတစ်ယောက်ပါ၊ ဒန်ကပ်စစ်ဆင်ရေးမှာကိုယ့်တပ်ဖွဲ့ဝင်တွေကို ပြန်ခေါ်လာရင်းနဲ့ နောက်တန်းတစ်နေရမှာအမိန့်ဖီဆန်လို့ဆိုပြီး ထောင်ကျသွားတယ်။ တစ်ဖက်မှာ ဗြိတိန်စစ်တပ်ဟာ နာဇီတို့ရဲ့နောက်ဆုံးပေါ်ရေဒါနည်းပညာကိုအသည်းအသန် လိုအပ်နေတယ်။အကြောင်းကတော့ ဗြိတိန်စစ်တပ်က လွှတ်လိုက်တဲ့ လေယာဉ်တွေ စစ်သင်္ဘောတွေဟာ ဂျာမနီရဲ့ နောက်ဆုံးပေါ်ရေဒါကြောင့် အကြီးအကျယ်ထိခိုက်ပျက်စီးခဲ့ရတယ်။ အဲ့ဒါကြောင့်စစ်ဆင်ရေးလုပ်ဖို့နဲ့အထူးတပ်ဖွဲဖွဲ့စည်းဖို့ ဗိုလ်မှူးဂျုန်းစ် နဲ့ ဒုဗိုလ် မော်တန်ဆန်တို့ကိုတာဝန်ပေးအပ်လိုက်တယ်။ စစ်ဆင်ရေးရဲ့ ရည်ရွယ်ချက်က ဂျာမနီပင်မဆက်သွယ်ရေးဌာနထဲကို ဝင်ပြီး နောက်ဆုံးပေါ်ရေဒါနည်းပညာနဲ့ ပစ္စည်းတွေကိုအကောင်းပကတိအတိုင်း သယ်ဆောင်လာရမှာဖြစ်တယ်။ ခေတ်မှီတဲ့ဂျာမနီစစ်တပ်ထဲကို ခြောက်ပတ်တာလေ့ကျင့်ထားတဲ့အထူးတပ်ဖွဲ့ကဘယ်လိုပြီးမြောက်အောင် ဆောင်ရွက်မလဲဆိုတာ ဆက်လက်ကြည့်ရှူပေးပါဦး။ File size…2.05GB / 938MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 30m Genre ….. Action , Adventure , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

5.5 2011 90 mins
Age of Heroes
Sayen: The Huntress (aka) Sayen: La Cazadora

အသစ်ထွက်ရှိထားတဲ့ ‌စပိန်အက်ရှင်ကားတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်က ရှေ့မှာထွက်ရှိထားတဲ့ Sayen နဲ့ Sayen : Desert Road တို့ရဲ့အဆက်ပါ။ ချီလီနိုင်ငံမှာ ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ချီလီနိုင်ငံမှာ ရေသယံဇာတနဲ့ပတ်သက်တဲ့ အငြင်းပွားဖွယ်ရာဖြစ်ရပ်တွေဖြစ်ပေါ်နေပြီး ဒီဖြစ်ရပ်တွေကိုထိန်းပေးဖို့အတွက် ချီလီသမ္မတနိုင်ငံ အထက်လွှတ်တော်ကနေ ရေသယံဇာတအတွက် ဥပဒေမူကြမ်းတစ်ခုကို တင်သွင်းပြဠာန်းဖို့ရှိနေပါတယ်။ ဒီကိစ္စထဲမှာ ဂရင်းကော်ပိုရေးရှင်းလို့ခေါ်တဲ့ နိုင်ငံတကာကုမ္ပဏီတစ်ခုက ပါ၀င်ပတ်သက်နေပြီး ရေသယံဇာတကိုလက်ဝါးကြီးအုပ်အမြတ်ထုတ်ချင်တဲ့ ဒီကုမ္ပဏီဟာ ချီလိီအထက်လွှတ်တော်ရဲ့ အမတ်တွေကို လာဘ်ထိုးပြီး မဲခွဲဆုံးဖြတ်တဲ့နေရာမှာ အနိုင်ရဖို့အတွက် မသာမာတဲ့နည်းနဲ့ကြိုးစားနေပါတယ်။ ဆာယန်းဆိုတဲ့အမျိုးသမီးကတော့ ချီလီနိုင်ငံရဲ့ ဂေဟ-အကြမ်းဖက်သမားလို့ အမည်တပ်ခံထားရတဲ့ တိုက်ခိုက်ရေးသမားတစ်ဦးပါ။ ဆာယန်းဟာ သူမအပေါ် မှားယွင်းစွပ်စွဲပြောဆိုခံရမှုတွေကို ပြန်လည်ဖြေရှင်းဖို့ နဲ့ ဂရင်းကော်ပိုရေးရှင်းရဲ့ မသာမာတဲ့လုပ်ရပ်တွေကို တားဆီးနိုင်ဖို့အတွက် နည်းပညာရှင် ဟက်ကာအဖွဲ့တစ်ခုနဲ့ပေါင်းပြီး ဂရင်းကော်ပိုရေးရှင်းရဲ့အကြံအစည်တွေကို လိုက်လံစုံစမ်းရင်း အမှန်တရားကိုဖော်ထုတ်ဖို့ရာ ကြိုးစားပါတော့တယ်။ File size…(1.7 GB)/(900 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre… Action Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

0 2024
Sayen: The Huntress (aka) Sayen: La Cazadora
I Spit on Your Grave Day of the Woman
5.6

I Spit on Your Grave/ Day of the Woman (1978) I Spit on Your Grave ဟာ အဓမ္မမှုကိုရက်ရက်စက်စက်လက်စားပြန်ချေတဲ့ဇာတ်ကားတွေထဲမှာ အထင်ကရဖြစ်ဆုံးဇာတ်ကားတွေထဲက တစ်ကားဖြစ်ပြီး 2010 မှာပြန်ရိုက်ခဲ့တဲ့ remake ဇာတ်ကားတွေဟာလည်းအောင်မြင်မှုရခဲ့ပါတယ်။ ခုတင်ဆက်လိုက်တာကတော့ မူရင်း အော်ရဂျင်နယ် ၁၉၇၈ ခုနှစ်က ရုပ်ရှင်ကားဖြစ်ပါတယ်။ ပထမဆုံးဇာတ်ကားစတင်ထွက်ရှိချိန်မှာ သူ့ရဲ့ကြမ်းတမ်းရက်စက်မှုတွေ၊ဝတ်လစ်စားလစ်ဇာတ်ဝင်ခန်းပေါင်း မြောက်များစွာတွေကြောင့် ရုံမတင်ခင်ကတည်းက အငြင်းပွားမှုတွေပြဿနာတွေမျိုးစုံရင်ဆိုင်ခဲ့ရပြီး ဇာတ်ကား ရုံတင်ချိန်မှာလည်းဝေဖန်ရေးဆရာတွေရဲ့ရှုံ့ချမှုတွေကိုအပြင်းအထန်ခံခဲ့ရပါတယ်။ဒါပေမယ့် အခုချိန်မှာတော့ cult classic ဇာတ်ကားတစ်ကားအဖြစ် ရပ်တည်နေခဲ့ပါပြီ။ ဇာတ်လမ်းအကျဉ်းကတော့… စာရေးဆရာမပေါက်စလေး ဂျနီဖာဟေးလ်ဟာ နယ်စွန်နယ်ဖျားက လူသူဝေးလံတဲ့ တောအုပ်ထဲက အိမ်တစ်လုံးကို စာရေးဖို့ရည်ရွယ်ချက်နဲ့ငှားရမ်းခဲ့ပါတယ်။မြို့အဝင်ဆီဆိုင်မှာတွေ့ခဲ့ရတဲ့ လူရွယ်တစ်စုကို မြို့ကြီးသူပီပီ မိတ်ဖွဲ့ပြီးရင်းရင်းနှီးနှီးစကားဆိုခဲ့မိရာကနေ တောသားငစနူတွေက သူ့ရဲ့ ဖော်ရွေမှုကိုအထာပေးတယ်လို့ယူဆပြီး သူငှားနေတဲ့ အိမ်ကိုလာအုပ်စုဖွဲ့မုဒိမ်းကျင့်ရာကနေ နောက်ဆုံး လက်စဖျောက်ပစ်ဖို့အထိကြိုးစားခဲ့ကြပါတယ်။ဒါပေမယ့် ကံကောင်းထောက်မစွာသေကံမရောက်ခဲ့တဲ့ ဂျနီဖာဟာ သူ့ကိုအဓမ္မကျင့်ခဲ့တဲ့မုဒိမ်းကောင်တွေကို ရက်ရက်စက်စက်ပြန်ပြီးကလဲ့စားချေပါတော့တယ်။ Horror,Thriller အမျိုးအစားဖြစ်ပြီး ကြမ်းတမ်းရက်စက်တဲ့သတ်ခန်းဖြတ်ခန်း ဝတ်လစ်စားလစ်ဇာတ်ဝင်ခန်းတွေပါဝင်တဲ့အတွက် မိသားစုနဲ့ကြည့်ဖို့မသင့်ပါ။

5.6 1978 101 mins
I Spit on Your Grave Day of the Woman
Elevator
7.6

Elevator (2024) ဒီကားကတော့ ထူးထူးခြားခြား ဓာတ်လှေကားထဲပဲ ဇာတ်အိမ်တည်သွားတာများတယ်။ ဒါပေမဲ့ အဓိကကတော့ ဓာတ်လှေကားမဟုတ်ဘူးပေါ့။ နိုင်ငံခြားထွက်ပြီး အလုပ်လုပ်ကြတဲ့လူတွေအကြောင်း။ ကိုယ်တိုင်ကလည်း အဲဒီလိုလူဖြစ်နေပေမဲ့ အဲဒီလိုလူတွေကို ကူညီချင်လို့ App တစ်ခု ရေးပြီး အဲဒီappအတွက် ရင်းနှီးမြုပ်နှံသူကို ဓာတ်လှေကားစောင့်ကောင်လေးလုပ်ရင်း ဓာတ်လှေကားထဲပဲ ရှာခဲ့တဲ့အကြောင်းပေါ့။ ဓာတ်လှေကားမှာ အတက်နဲ့အဆင်းရှိသလို ဓာတ်လှေကားထဲမှာ သူလည်း အတက်တွေ အဆင်းတွေ ကြုံခဲ့ရတယ်။ ဓာတ်လှေကားထဲပဲ အချစ်ကိုတွေ့ခဲ့သလို ဓာတ်လှေကားကနေပဲ အချစ်နဲ့ဝေးခဲ့တယ်။ ဓာတ်လှေကားကနေပဲ ရင်းနှီးမြုပ်နှံသူရခဲ့သလို ဓာတ်လှေကားထဲကနေပဲ ငွေတွေကို သူကျောခိုင်းခဲ့တယ်။ သူ့အိပ်မက်ကတော့ သူ့လို ပြည်ပဝင်လုပ်သားတွေ အလုပ်အကိုင် အလွယ်တကူရှာလို့ရအောင် အိမ်ကိုငွေလွှဲရအောင် အဆင်ပြေအောင်လုပ်ပေးနိုင်တဲ့ App ကို သေချာလေး ထုတ်နိုင်ဖို့ပေါ့။ အဲဒီအိပ်မက်ဖြစ်လာအောင် သူဘာတွေဖြတ်သန်းရမလဲ ကျွန်တော်တို့ ဒီရုပ်ရှင်မှာ ကြည့်ရမှာပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre….. Drama, Romance Quality…. 1080p | 720p File size… 972MB | 485MB Format… mp4 Duration…. 1h 35min Subtitle…. Myanmar Subtitle (Hardsub) Translator ….. WiRa Aung Encoder ….. Aaron

Drama • Romance
7.6 2024
Elevator
Strange Tales of Mountain Folk
5.8

ဒီတစ်ခါမှာ CM ပရိသတ်တွေအတွက်ဘဝအမောပြေ ပျောက်စေမယ့်ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ တင်ဆက်ပေးလိုက်ချင်ပါတယ်။ တူလုံဆိုတဲ့ရွာလေးတစ်ရွာမှာ ညဘက်ဆိုလူတွေကိုလိုက်ဖမ်းစားနေတဲ့ သရဲမရှိတယ်ဆိုပြီးပျံ့နှံ့နေတဲ့ ကောလဟာလသတင်းတွေအပေါ် မိစ္ဆာဖမ်းဆီးတဲ့ဆရာကြီး လင်နဲ့သူ့တပည့် ရူယွဲ့တို့ကဒီနောက်ကွယ်က အမှန်တရားကိုဖော်ထုတ်ဖို့အတွက်တူလုံဆိုတဲ့ရွာကိုသွားခဲ့တာပေါ့။ ဒီလိုနဲ့ လမ်းမှာတင်တူလုံရွာသူကြီးနဲ့လက်အောက်ငယ်သားတွေကို မကောင်းဆိုးဝါး တစ်ကောင်ဖမ်းဆီးနေတာကို မြင်သွားပြီး တားဆီးခဲ့ပေမဲ့ မမှီလိုက်တော့နောက်တစ်နေ့မှာ ဝမ်လူဆိုးထိန်းတို့ကို မုံရွာသူကြီးက သွားတိုင်ကြားခဲ့တယ်။ဒီလိုနဲ့ရွာသူကြီး လက်အောက်ငယ်သား မုံကယ်ကညကမကောင်းဆိုးဝါး မြင်ခဲ့တာကြောင့် ရူးသွားတာကိုရွာဓလေ့နတ်ဆရာမ ဖေးရှန်းအဖွားကနတ်မကောင်းဆိုးဝါးတွေ ပင့်ဆောင်ပြီး ဝိဉာဉ်ပြန်ခေါ်ပွဲ ကျင်းပခဲ့တယ်။ သို့ပေမဲ့ မုံကယ်ကအတင်းရုန်းရင်းမီးတောထဲခုန်ချသေသွားခဲ့ပြီး ဖေးရှန်းအဖွားကလည်း ကွေဘုရားကျောင်းရှိရာဆီ ထွက်သွားခဲ့တယ်။ ဒါကိုဆရာကြီး လင်ကကွေဘုရားကျောင်းမှာသဲလွန်စရှိမယ်ဆိုတဲ့ အတွေးနဲ့ ဖေးရှန်းအဖွားကိုကွေဘုရားကျောင်းသွားမယ့် လမ်းကြောင်း ပြောပြခိုင်းပေမဲ့ အဖွားကဘုရားကျောင်းနားကပ်လို့မရကြောင်း၊ ကပ်ဘေးဆိုက်မယ်ဖြစ်ကြောင်းရေတွတ်နေတဲ့အပေါ် ဆရာကြီး လင်ကသံသယတွေဝင်သွားစေခဲ့တယ်။ ဒီ့အပြင် ရွာမှာမြွေတွေသောင်းကျန်းနေတာကြောင့် ရွာသူကြီးကဝမ်လူဆိုးထိန်းတို့ကိုတစ်ခါတည်းမြွေရှင်းလင်းခိုင်းဖို့ အကူအညီတောင်းခဲ့ရာကနေ ဘုရားကျောင်းရှိရာတောနက်ထဲဝင်သွားတဲ့အချိန်မှာ တစ်လမ်းလုံး ဒုက္ခမျိုးစုံအန္တရာယ်မျိုးစုံနဲ့တွေ့ကြုံခဲ့ကြပြီး တွေ့ကြုံလာတဲ့အန္တရာယ်တွေကနေတစ်စ တစ်စစီ သဲလွန်စတွေထွက်ပေါ်လာတဲ့အခါမှာ ဒီမကောင်းဆိုးဝါးဆိုတာတကယ်ကြီးရှိနေတာလား။ ဘာကြောင့်များဖြစ်ပေါ်လာရတာလဲ။ ဒီရွာကဘယ်လိုတွေထူးခြားမှုတွေနဲ့ ပြည့်စုံနေလဲဆိုတာကိုတော့ ဒီဇာတ်လမ်းလေးကနေဖော်ပြသွားမှာဖြစ်တာကြောင့်စောင့်မျှော်ကြည့်ရူလိုက်ရအောင်

Action • Crime • Thriller
5.8 2024
Strange Tales of Mountain Folk
Beyond the Lake
5.5

Beyond the Lake (2024) IMDb Rating (5.5) / Rotten Tomatoes (57%) သရုပ်ဆောင်တွေကတော့ David Socolar, Allison Elaine, Megan Mockensturm နဲ့ Domenic Porcari တို့ပါ။ Director ကတော့ Domenic Porcari ဖြစ်ပါတယ်။ Live Show ပုံစံသီချင်းကြိုက်တဲ့လူတွေအတွက် ရုပ်ရှင်ကောင်းလေးပါ။ ဇာတ်လမ်းလေးက သိပ်မရှုပ်ထွေးပါဘူး။ ဂီတပညာရှင်ဟောင်းဂျိုး ဟာ ဇာတ်မြှုပ်နေတုန်း သူ့ကို သီချင်းတွေဆက်မလုပ်ဖြစ်တော့အောင် စိတ်နာစေခဲ့တဲ့ ရည်းစားဟောင်းကို ပြန်ဆုံရတဲ့အခါမှာ အချစ်စိတ်တွေ ပြန်ပေါ်လာမလား.. ဒါမှမဟုတ် ပြန်မတွေ့ချင်လောက်အောင်ပဲ ခါးသီးနေမလား ဆိုတာကို ဟာသလေးနှောရင်း ခံစားကြည့်ပါ။ တချက်တချက်မှာ Horror Vibes လဲ ဝင်လာပါလိမ့်မယ်။ သီချင်းကောင်းလေးတွေနဲ့ ခံစားကြည့်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ T Lone ဖြစ်ပါတယ်။) File size…(1.3 GB) / (690 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Drama Duration….01:40:01 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by T Lone

Action • Crime • Thriller
5.5 2024 100 mins
Beyond the Lake