YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

The.Quest.2022.S01E08.720p.AAC2.0CH(CM).mp4

447.4 MB 720p video/mp4 552 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Horde
5.8

ဒီတစ်ခေါက်မှာတော့ ၂၀၀၉ခုနှစ်ကထွက်ရှိထားတဲ့ ပြင်သစ် ဇွန်ဘီကားတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားမှာ ရဲတပ်ဖွဲ့ရဲ့ အဖွဲ့၀င်တစ်ယောက်ဟာ ဂန်းစတားတစ်ယောက် သတ်တာကိုခံလိုက်ရပြီးတဲ့နောက် သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေဟာ သူ့အတွက် လက်စားပြန်ချေဖို့ ကြိုးစားကြပါတော့တယ်။ သူတို့ဟာ ဂန်းစတားနေတဲ့ မြို့အပြင်က စွန့်ပစ်ထားတဲ့ တိုက်ဆီကိုရောက်ပြီး မကြာခင်မှာပဲဇွန်ဘီတွေကလည်း သူတို့ဆီကို ရောက်လာကြပါတော့တယ်။ ဒီလိုနဲ့ ရဲတွေရယ်၊ ဂန်းစတားအဖွဲ့ရယ်၊ ဇွန်ဘီတို့ရဲ့ သုံးပွင့်ဆိုင်ဇာတ်လမ်းလေးကို စိတ်၀င်စားစရာကောင်းအောင်၊ အသည်းယားစရာကောင်းအောင် ရိုက်ကူးထားတာကြောင့် ဇွန်ဘီကားသဘောကျသူတွေ ကြည့်ရှုဖို့ တင်ဆက်ပေးလိုက်ပါတယ်။ File size…1.31GB / 538MB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….1h 30m Genre ..... Action / Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka

Comedy • Drama • Romance
5.8 2010 98 mins
The Horde
Confidential Informant
6.3

စုံထောက်ကားတော့ စုံထောက်ကား။ ဒါပေမဲ့ စုံထောက်ကားစစ်စစ် မှုခင်းကားစစ်စစ်တွေ အသေအချာကြည့်လေ့ရှိတဲ့ အမာခံပရိသတ်ဆိုရင်တော့ဖြင့် ဒီကားကို လက်ရှောင်ကြပါ။ မျှော်လင့်ပြီးမှ စိတ်ပျက်ရတာက မကြည့်ဖြစ်လိုက်တာထက် သာလို့ဆိုးပါတယ်။ ဒါပေမဲ့ သရုပ်ဆောင်နာမည်တွေကြောင့် လာတာဆိုရင်တော့ ဘာပဲပြောပြော မျက်နှာလေးတွေကြည့်ပြီး ကျေနပ်နိုင်မှာပါ။ ဒီကားရဲ့ နာမည် Confidential Informant ဆိုတဲ့အတိုင်းပဲ... ဇာတ်လမ်းကတော့ လျှို့ဝှက်သတင်းပေးတွေနဲ့ ဆက်စပ်လုပ်ကိုင်နေရတဲ့ မူးယစ်ရဲ၂ယောက်အကြောင်းပါ။ မူးယစ်လောကထဲက ရဲတစ်ယောက်ကိုသတ်သွားတဲ့ ရဲသတ်သမားကို ဖမ်းဖို့အတွက် ၂ယောက်သား လျှို့ဝှက်သတင်းပေးနဲ့ပေါင်းပြီး ကျားကုတ်ကျားခဲ ကြိုးစားကြမှာပါ။ Crime Thriller ဆိုတော့လည်း Spoil မမိအောင် ပြောပြလို့ရသလောက်က ဒီလောက်ပါပဲ။ အစကတည်းကမှ ဇာတ်က ခပ်ယိုင်ယိုင်ဆို‌တော့ Spoil မိသွားရင် ကြည့်စရာ မကျန်တော့မှာစိုးလို့ ဒီလောက်နဲ့ပဲ ရပ်လိုက်ပါတော့မယ်...။ အားလုံးသိကြတဲ့ မင်းသားကြီး Mel Gibson လို ထိတ်ထိတ်ကြဲဘဲကြီးအပြင် ငယ်ငယ်က ကြည့်ခဲ့ကြရတဲ့ Terminator 3: Rise of the Machines ထဲမှာ ဂျွန်ကော်နာလုပ်ခဲ့တဲ့ Nick Stahl ရယ်၊ Prison Break ထဲက Dominic Purcell တို့၊ Superman Returns ထဲက Kate Bosworth တို့လို စူပါတွေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ စူပါတွေပါတိုင်း စူပါရုပ်ရှင်လို့ မဆိုသာပေမယ့်လို့ စူပါဝိတ်လေးတင်ထားတော့ အိပ်ချင်စရာတော့ မကောင်းဘူးပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.95GB, 840MB Quality - 1080p, 720p Format - mp4 Duration - 1H 28Min Genre - Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Comedy • Drama
6.3 2023 88 mins
Confidential Informant
The Nan Movie
4.7

The Nan movie English နာမည်ကျော်comedy မင်းသမီးကြီး Catherine Tate ရဲ့ ဇာတ်ကောင်တစ်ယောက်ဖြစ်တဲ့ Nan အတွက် ရုပ်ရှင်ထွက်ရှိလာပါပြီ။အရင် series ထဲကလိုပဲ အပေါက်ဆိုးပြီး သောင်းကျန်းတတ်တဲ့အဘွားကြီး Nan ရဲ့ဇာတ်လမ်းပါ။Nan ရဲ့ကွဲကွာနေတဲ့ညီမဖြစ်သူ Nellက သူသေခါနီးဖြစ်နေလို့ Nan ကိုလာတွေ့‌ဖို့ခေါ်ပါတယ်။ ညီမဖြစ်သူနဲ့လွန်ခဲ့တဲ့နှစ်ပေါင်းများစွကရည်းစားလုဖက်ဖြစ်ပြီးရန်ဖြစ်ခဲ့လို့Nanကအဆက်အသွယ်ဖြတ်ထားတာပါ။Nan ကမသွားချင်ပေမယ့်မြေးဖြစ်သူကအတင်းတိုက်တွန်းတာကြောင့် မြေးအဖွားနှစ်ယောက် ခရီးထွက်ကြရင်း လမ်းမှာရယ်စရာ ပေါက်ကရတွေဖြစ်ပုံကို ရိုက်ကူးထားပါတယ်။ Catherine Tate အပြင် Katherine Parkinson (IT crowd),Mathew Horne တို့လည်းပါ၀င်ထားပါတယ် File size…(2.17GB)/(1.06GB)/(584MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:35:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP

Comedy • Fantasy • Science Fiction
4.7 2022
The Nan Movie
Romeo & Juliet Killers
5.7

Review မှုခင်းကားကောင်းကောင်းလေးကိုမှ ကြိုက်တယ်‌ဆိုတဲ့သူတွေအတွက် ဖြစ်ရပ်မှန်ကိုအခြေခံပြီး ရိုက်ကူးထားတဲ့ Thriller, Crime ဇာတ်ကားလေးကို တင်ဆက်ပေးမှာဖြစ်ပါတယ် ဒီဇာတ်လမ်းလေးကတော့ 2009 ခုနှစ်မှာဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ကူးထားတာပါ ဂျိုအန်းဆိုတဲ့ သတ်လတ်ပိုင်း အမျိုးသမီးတစ်ဦးဟာ တိုင်လာဆိုတဲ့ သမီးလေးကိုတစ်ယောက်တည်း ပြုစုစောင့်ရှောက်လာခဲ့ရသူပါ ဖတဆိုးလေး တိုင်လာဟာ တဖြည်းဖြည်းနဲ့ ထိန်းရခက်တဲ့ ကောင်မလေးတစ်ယောက်ဖြစ်လာခဲ့ပါတယ် တစ်ရက်မှာတော့ တိုင်လာဟာ ဘောစတန်ဆိုတဲ့ ကောလိပ်ကျောင်းသားတစ်ယောက်နဲ့ တွေ့ပြီး ချစ်ကြိုက်သွားကြပါတယ် အသက်မပြည့်သေးတဲ့ တိုင်လာတစ်ယောက် သူ့ကောင်လေးနဲ့ ဖြစ်ချင်တိုင်းဖြစ်နေတာကို သူ့အမေ သိသွားတဲ့အခါမှာတော့ သူ့အမေဟာ သူတို့နှစ်ယောက်ကို မရရအောင် ခွဲပါတော့တယ် အဲ့ဒီအခါမှာတော့ တိုင်လာနဲ့ သူ့ကောင်လေးဟာလည်း အတူတူရှိနေနိုင်ဖို့အတွက် ဘာမဆိုလုပ်မယ်ဆိုပြီး ဆုံးဖြတ်ကာ လူသတ်မှု ကျူးလွန်ပါတော့တယ် ဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ကူးထားတာဖြစ်တဲ့အပြင် ထင်မထားရတဲ့ Plot Twist တွေပါဝင်တာ‌ကြောင့် ကြည်ရှုသူတွေအတွက် စိတ်ဝင်စားစရာ ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်မှာ အသေအချာပါပဲ Quality….Webrip 720p Format…mp4 Duration….01:47:00 Genre…Thriller , Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ban

5.7 2022
Romeo & Juliet Killers
[18+] The Woman Upstairs

****************************** အလုပ်မရှိဘဲ အိမ်မှာပဲ WFH နေသလိုလို စတော့ရှယ်ယာတွေကိုပဲ ရင်းနှီးမြှုပ်နှံသလို ဘာလိုလို ညာလိုလိုနဲ့ ဝမ်းမထိန်းနိုင်ရောဂါဖြစ်နေတဲ့ ချာဒိုဟွမ်ဆိုတဲ့သူ တစ်ယောက်ရှိတယ် တိုက်ခန်းပိုင်ရှင်ကအစ လုံခြုံရေးဦးလေးကြီးအဆုံး ချာဒိုဟွမ်ကို အလုပ်မရှိ အကိုင်မရှိ ပိုက်ဆံမရှိ‌တဲ့ သူဆိုပြီး အထင်သေးပြီး ချဉ်နေကြတာပေါ့ တစ်နေ့မှာ ချာဒိုဟွမ်တို့ တိုက်ခန်းအပေါ်ထပ်ကို အင်ဂယောင်းဆိုတဲ့ ကောင်မလေးတစ်ယောက် ပြောင်းလာခဲ့တယ် ‌သူပြောင်းလာတဲ့ နေ့ကစပြီး‌တော့အ‌ပေါ်ထပ်မှာ တဒုန်းဒုန်းတဒိုင်းဒိုင်းနဲ့ ဆူညံနေလို့ အောက်ထပ်က ချာဒိုဟွမ်တစ်ယောက် စိတ်တွေ ညစ်တာပေါ့ အလုပ်ကလည်း အဆင်မပြေ ဝမ်းကလည်း တဗြွတ်ဗြွတ်ဆိုတော့ တစ်ညမှာ လုံးဝမနေနိုင်တော့လို့ အပေါ်ထပ်ကို သွားပြီး ငြိမ်ငြိမ်နေပေးဖို့ ပြောမယ်ဆိုပြီး သွားလိုက်တဲ့အခါမှာ တံခါးက မခတ်ထားတာတွေ့ရတယ် အဲဒါကြောင့် အခန်းထဲကို ဝင်ကြည့်လိုက်တဲ့ အခါမှာတော့ …. ဘာတွေ ဆက်ဖြစ်မလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုအားပေးလိုက်ကြပါဦးနော် File Size : 1.5GB& 682MB Quality : WEB-DL1080p,720p Format…mp4 Duration…01:26:00 Genre : Adult, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ‌SD Encoded by DS

0 2014
[18+] The Woman Upstairs
Jigsaw Saw 8
6.1

Saw Collection ============== CM ကနေ နာမည်ကျော် Saw ဇာတ်ကားတွေကို ဆင်ဆာမဖြတ်ထားတဲ့ Version တွေဖြစ်တဲ့ Unrated/Director’s cut Version တွေနဲ့ ပြန်လည် Update လိုက်ပါတယ်။ Saw ဇာတ်လမ်းတွေရဲ့အစကတော့ ရုပ်ရှင်ကျောင်းကနေ သင်တန်းဆင်းလာတဲ့ ဒါရိုက်တာပညာသင်ထားတဲ့ James Wan နဲ့ ဇာတ်ညွှန်းပညာသင်ထားတဲ့ Leigh Whannell တို့ ၂ ယောက် ရုပ်ရှင်လောကထဲဝင်ဖို့ လုံလောက်တဲ့ ငွေကြေးမရှိရာကနေ စပါတယ်။ ရုပ်ရှင်ရိုက်ဖို့ ပိုက်ဆံမရှိတော့ ဘတ်ဂျက်နည်းနည်းနဲ့ Twist များတဲ့ ဇာတ်ညွှန်းကို နှစ်ယောက်သားဖန်တီးရိုက်ကူးခဲ့ရာကနေ Saw 2004 ပထမဆုံးရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။ လူမငှားနိုင်လို့ ဇာတ်ညွှန်းဆရာ Leigh Whannell ကိုယ်တိုင်သရုပ်ဆောင်ဝင်ရိုက်ခဲ့ရပြီး အခန်းတစ်ခန်းအတွင်းမှာပဲ ရိုက်ကူးခဲ့ရတဲ့ Saw 2004 ရုပ်ရှင်ဟာ ဘတ်ဂျက် ၁ သန်းပဲ ကုန်ကျခဲ့ပေမယ့် ရုံတင်ဝင်ငွေ သန်း ၁၀၀ ကျော်ပြန်လည်ရရှိသည်အထိ အောင်မြင်သွားခဲ့ပါတယ်။ Saw ဟာ ဘယ်လိုရုပ်ရှင်တွေလဲဆိုတာကိုတော့….(လူသာမန်ရဲ့ အညွှန်း နဲ့ညွှန်းခဲ့ချင်ပါတယ်။) ဆိုးဆိုးရွားရွား လူသတ်ပြတဲ့ဇာတ်ကွက်တွေ၊ သွေးထွက်သံယို ရာဇဝတ်မှုတွေကို အိပ်မက်ထဲအထိ သယ်ပိုးယူဆောင်ကာ လန့်နိုးတတ်သူတွေအတွက် SAW Series ကို လုံးဝ ရှောင်သင့်တယ်။ ကြည့်မိရင် ကာလတစ်ခုစာအထိ ရက်စက်တဲ့လူသတ်ပုံတွေကို မေ့နိုင်မှာမဟုတ်လို့ ဒီလိုဆိုရခြင်းပါ။ Horror ရုပ်ရှင်တွေကို စွဲကြည့်တတ်သူတွေကတော့ SAW ကို လုံးဝ လက်မလွှတ်ကြ။ ● Jigsaw ဆိုပြီး ရဲတွေက အမည်သညာပေးထားတဲ့ ကွင်းဆက်လူသတ်သမားရဲ့ ထူးခြားတဲ့စီမံမှုတွေကြား Jigsaw ရွေးချယ်ထားတဲ့လူတွေဟာ ရှင်သန်မှုအတွက် ပါဝင်ကစားကြရတယ်။ ကစားကွင်းနယ်မြေကို Jigsaw က ရွေးချယ်ထားတာဖြစ်ပြီး ပါဝင်ကစားသူတွေဟာလည်း နိုးလာတာနဲ့ သူ့ကစားကွင်းထဲကို ရောက်နေကြရတာ ဖြစ်တယ်။ ထူးခြားတာက ဒီကစားပွဲမှာ ရှုံးရင် အသက်တွေ ပေးအပ်ကြရတာ။ Jigsaw ဟာ သူ ရွေးချယ်လိုက်တဲ့လူတွေကို မေ့မြောနေတဲ့အချိန်မှာကတည်းက သတ်ဖြတ်ပစ်လိုက်လို့ရပေမယ့် မသတ်ဘူး။ သူ့ရည်ရွယ်ချက်က ကိုယ့်အသက်ရှင်သန်မှုအတွက် ကိုယ်တိုင် ပါဝင်ပြီး ရွေးချယ်ဆုံးဖြတ်ကြစေလိုတာပဲ။ သူက တိကျတဲ့အချိန်တွေ သတ်မှတ်ပေးတယ်။ ရွေးချယ်ခွင့်တွေ ပေးတယ်။ လိုအပ်တဲ့တန်ဆာပလာတွေ ပေးတယ်။ ပေးထားချက်တွေကို ကိုယ် တတ်စွမ်းသမျှနဲ့ ဆောင်ရွက်ရင် အသက်ရှင်မယ်။ (တချို့သော ခန္ဓာကိုယ်အစိတ်အပိုင်းတွေတော့ ဆုံးရှုံးကောင်း ဆုံးရှုံးမယ်။) ပါဝင်ကစားရတဲ့သူတွေကလည်း အဆက်အစပ်မဲ့သူတွေ မဟုတ်ကြ။ တစ်နည်းမဟုတ်တစ်နည်းနဲ့ ဘဝမှာ ပတ်သက်ဖူးသူတွေကို ကွင်းတစ်ခုထဲ ချထားပေးသလို သူက ရွေးချယ်ထားတာ။ လူဖြစ်မှုနဲ့ပတ်သက်ပြီး Jigsaw ခံယူထားတာက ” ကိုယ့်ရှင်သန်မှုကို တန်ဖိုးထား တွယ်တာမှ လူဟာ ရှင်သန်နေထိုင်သင့်တယ် ” ဆိုတာပဲ။ ဒီ့အပြင် Jigsaw ဖော်ပြလိုတဲ့တခြားသောအရာတွေ ရှိသေးတယ်။ အထူးသဖြင့် ကလဲ့စားချေလိုမှုနဲ့ ခွင့်လွှတ်မှုပေါ့။ နောက် မိသားစုဘဝနဲ့ ရွေးချယ်ထားတဲ့အလုပ်ပေါ် တန်ဖိုးထားမှု။ Jigsaw ဆိုတဲ့ ကွင်းဆက်လူသတ်သမား ဖြစ်ပေါ်လာရခြင်းအကြောင်းကလည်း စိတ္တဇလူသတ်သမားတွေဖြစ်ပေါ်လာတတ်တဲ့အကြောင်းရင်းတွေအတိုင်းပါပဲ။ သို့သော် Jigsaw ရဲ့ ကြိုတင်စီမံမှုတွေကကျ တခြားလူသတ်သမားတွေထက် အဆင့်မြင့်တယ်။ မြင်နေကျ သာမန်သတ်ဖြတ်မှုပုံစံတွေလည်း မဟုတ်။ ရက်စက်လွန်းတဲ့သတ်ဖြတ်မှုပုံစံတွေဆိုတာကိုတော့ ပုံတွေ ကြည့်ရုံနဲ့တင် ခန့်မှန်းလို့ ရပါလိမ့်မယ်။ ● ကမ္ဘာပေါ်မှာ သမ္မာကျမ်းစာ စာအုပ်တွေပြီးရင် ရောင်းအကောင်းဆုံးဖြစ်တဲ့စာအုပ်တွေက ဖြစ်ရပ်မှန် ရာဇဝတ်မှုတွေအကြောင်းကို ပုံတွေနဲ့တကွ သေသေချာချာ ဖော်ပြ ရေးသားထားတဲ့စာအုပ်တွေပါတဲ့။ ဒီရုပ်ရှင်ဟာ အဲဒီလို လူတွေ အကြိုက်ဆုံးရုပ်ရှင်တွေထဲက တစ်ခုလို့ ဆိုကြတယ်။ တချို့လူတွေမှာ ဒီလိုအကြောင်းနဲ့ပတ်သက်ပြီး မေးခွန်းတစ်ခု ရှိတယ်။ ဒီလိုရက်ရက်စက်စက် ပြကွက်တွေ၊ ရေးသားချက်တွေကို လူတွေက ဘာလို့ကြိုက်ကြတာလဲ တဲ့။ စိတ်ပညာရှုထောင့်အရတော့ လူမှာ အမြဲဒွန်တွဲနေလေ့ရှိတဲ့ ဆန့်ကျင်ဘက် စိတ်နှစ်မျိုးအရ ဒီလိုကားတွေကို တချို့တွေ ကြိုက်ကြတာလို့ ဆိုတယ်။ လူဟာ သူတော်စင်လုပ်မလား၊ မကောင်းဆိုးဝါးလုပ်မလားဆိုတာကို ကိုယ်တိုင် ဆုံးဖြတ်ကြရတာပဲ။ သူတော်စင်ဘက် ယိမ်းသူက မကောင်းဆိုးဝါးကို ချိုးနှိမ်အုပ်ချုပ်ရာမှာ အောင်မြင်သူ၊ မကောင်းဆိုးဝါးဘက် ယိမ်းသူက သူတော်စင်ကို ချိုးနှိမ်အုပ်ချုပ်ရာမှာ အောင်မြင်သူ။ တချို့တွေကတော့ သူ ဖြတ်သန်းနေရတဲ့ဘဝအခြေအနေအရ ဟိုဘက် ယိမ်းလိုက် ဒီဘက် ယိမ်းလိုက်ဖြစ်နေကြသူတွေ။ လူတွေဟာ ကိုယ်တိုင် လက်တွေ့ မလုပ်ရဲတာတွေကို စိတ်ကူးနဲ့ပဲ ပုံဖော်ကြရတယ်။ ကိုယ့်အပေါ် တစ်ခုခု မတရားကျူးလွန်ခဲ့သူကို လက်တွေ့ မှာ ပေါ်ပေါ်ထင်ထင် မသတ်ရဲကြပေမယ့် စိတ်ကူးနဲ့ နေ့စဉ် သတ်ဖြတ်နေသူတွေ၊ ဝဇီကံနဲ့ သတ်ဖြတ်နေသူတွေ မနည်းလှဘူး။ ဒီလူတွေကပဲ ဘဝမှာ ခံခဲ့ရတဲ့မတရားမှုတွေ၊ အဆင်မပြေမှုတွေကို ဖြေဖျောက်ဖို့အတွက် သူတို့လိုတွေးတဲ့တခြားစိတ်ကူးတွေကို ရှာဖွေကြတယ်။ နွားရိုင်းသတ်ပွဲလို သွေးထွက်သံယို ပွဲတော်တွေကို နှစ်သက်ကြတယ်။ လူချင်း ထိုးသတ်ကြတဲ့ပွဲတော်တွေဆီ သွားကြတယ်။ နောက်တော့ စာပေထဲက ရက်စက်မှုတွေဆီ ရောက်တယ်။ ရုပ်ရှင်ကတော့ ကိုယ့်စိတ်ကူးနဲ့ကို ရိုက်စရာမလိုတော့ဘူး။ (စာပေက ကိုယ့်ဘာသာ ပြန်ရိုက်နေရသေးတာကိုး။) ဒါရိုက်တာက ပြထားတဲ့အတိုင်း ရက်စက်မှုတွေကို လိုက်ပါခံစားရုံ၊ ရင်ထိတ်ရုံ၊ ကျေနပ်ရုံပဲ။ ဒီတော့ Horror ကြိုက်တယ်ဆိုရင် . . . Jigsaw က စောင့်နေကြောင်း ဆိုပါရစေလား။ -လူသာမန်- Saw ဇာတ်ကားများအားလုံးကို ဒီမှာ https://channelmyanmar.to/category/special-package/saw-collection/ ကြည့်ပါ။ Jigsaw (2017) ရုပ်ရှင်ဟာ နာမည်ကျော် Saw ရုပ်ရှင် Franchise ရဲ့ ၈ကားမြောက် ရုပ်ရှင်ဖြစ်ပါတယ်။ သေဆုံးသွားပြီလို့ အားလုံးကထင်ထားကြတဲ့ ကွင်းဆက်လူသတ်သမား Jigsaw က ဆယ်စုနှစ်တစ်ခုအကြာမှာ ပြန်လည်ပေါ်ထွက်လာပြီး သူ့ရဲ့ထုံးစံအတိုင်း လူတွေကို ညှင်းပန်းနှိပ်စက် အပြစ်ဝန်ခံခိုင်းပြီး ရက်ရက်စက်စက် သတ်ပါတော့တယ်။ဒီတစ်ခါမှာလဲ Jigsaw က ဘယ်လိုတွေ ဖမ်းဆီးသတ်ဖြတ်ပြမှာလဲ၊သူ့ကိုရော ဘယ်လိုအမိဖမ်းကြဦးမလဲဆိုတာတော့ ရုပ်ရှင်ထဲမှာ ဆက်လက်ခံစားကြပါ။Budget အနေနဲ့ ဒေါ်လာ ၁၀ သန်းသာအသုံးပြုခဲ့ပေမယ့် ဝင်ငွေ သန်း ၁၀၀ ကျော်ပြန်လည်ရရှိခဲ့တဲ့ကားဖြစ်သလို သွေးထွက်သံယိုအခန်းတွေ အရမ်းများတာကြောင့် မြန်မာနိုင်ငံမှာတောင် ရုံတင်ခွင့်ပိတ်ပင်ခဲ့ရတဲ့ ကားတစ်ကားဖြစ်ပါတယ်။Saw franchise ရဲ့နောက်ဆုံးကားဖြစ်သလို ဇာတ်ကားကောင်းတစ်ကားဖြစ်တာကြောင့် Horror ကြိုက်တဲ့ပရိသတ်တွေ ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားပါ။

Animation • Action • Science Fiction • Adventure
6.1 2017
Jigsaw Saw 8
American Wedding American Pie 3

American Pie ဇာတ်ကားတွေဆိုတာနဲ့ အူတက်အောင် ရယ်နေရတဲ့ ကျောင်းသားဟာသ အခွီကားတွေမှန်း သိကြမှာပါ။ ဒါပေမယ့် အဲ့လိုဟာသက်သက် အပြောင်အပျက်ဇာတ်ကားတွေမဟုတ်ဘဲ သူ့မှာ တခြားအဓိပ္ပါယ်ရှိတဲ့ ချစ်ခြင်းမေတ္တာ နွေးထွေးမှုတွေအကြောင်း အများကြီးပါဝင်နေပါတယ်။ ဒါကို ရှင်းပြဖို့ဆို American Pie ဇာတ်ကားတွေကို အပိုင်း (၂)ပိုင်းနဲ့ ရှင်းပြဖို့လိုပါတယ်။ American Pie ရဲ့ Original မူလဇာတ်ကြောင်းက ဇာတ်ကား (၄) ကားပဲရှိတယ်။ – American Pie (1999) – American Pie 2 (2001) – American Wedding (2003) – American Reunion (2012) ဒီရုပ်ရှင်ကား ၄ ကားသာလျင် သရုပ်ဆောင်တွေရော ဇာတ်လမ်းရောက တဆက်တည်းဖြစ်ပါတယ်။ လူငယ်သဘာဝ လူပျိုဖော်ဝင်စ အပျိုဖော်ဝင်စ ပြသနာတွေနဲ့ ကျောင်းသားဟာသတွေကို အစပြုထားပြီးတော့ သူငယ်ချင်းတွေကြားက ခင်မင်မှုတွေ၊ ချစ်သူတွေကြားက ကြင်နာယုယမှုတွေ၊ မိသားစုတွေကြားက နွေးထွေးတဲ့မေတ္တာတွေကို အဓိကထားတင်ဆက်ထားတာမလို့ ရယ်လဲရယ်နေရသလို နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာတွေအကြောင်းကိုလဲ ခံစားမိစေမှာပါ။ ဒီရုပ်ရှင်ကား ၄ ကားစလုံးရဲ့ ကုန်ကျစရိတ်က Budget $147 million ခန့်သာရှိခဲ့ပေမယ့် ရုံတင်ဝင်ငွေ Box office $989.5 million ပြန်ရတဲ့ထိ အောင်မြင်ခဲ့ပြီး Rating တွေလဲ ထိုက်သင့်သလောက်ကောင်းမွန်ခဲ့သလို ဝေဖန်ရေးဆရာတွေလဲ အကြိုက်တွေ့ခဲ့ကြတဲ့ ဇာတ်ကားတွေဖြစ်ပါတယ်။ နောက်တပိုင်းကတော့ American Pie ရဲ့ Spin-off ဇာတ်ကားတွေဖြစ်တဲ့ American Pie Presents ဇာတ်ကားတွေပါ။ – American Pie Presents: Band Camp (2005) – American Pie Presents: The Naked Mile (2006) – American Pie Presents: Beta House (2007) – American Pie Presents: The Book of Love (2009) – American Pie Presents: Girls’ Rules (2020) ဒီ American Pie Presents ဇာတ်ကားတွေကတော့ ဇာတ်လမ်းတွေ ဆက်စပ်မှုသိပ်မရှိတော့ဘဲ ဆယ်ကျော်သက် ပါတီတွေ၊ နောက်ပြောင်မှုတွေ၊ လိင်မှုဆိုင်ရာ ဟာသတွေကိုသာ အသားပေး တင်ဆက်ထားပါတယ်။ မူလဇာတ်ကြောင်းထဲက Jim ရဲ့ အဖေဖြစ်သူနဲ့ Stifler ရဲ့မိသားစုကိုသာ အခြေခံထားပြီး Stifler ရဲ့ညီဝမ်းကွဲတွေက အဓိကဇာတ်ကောင်အဖြစ်ပါဝင်သွားပါတယ်။ ဒီ American Pie Presents ဇာတ်ကားတွေကတော့ direct-to-video(DVD)လိုအဖြစ်သာ ရိုက်ကူးထားတာဖြစ်လို့ Rating တွေလဲ သိပ်မကောင်းခဲ့ဘဲ ကျောင်းသားဟာသဇာတ်ကားတွေအဖြစ်သာ ကြည့်ရှုကြရမှာဖြစ်ပါတယ်။ +++++++++++++++ American Wedding (2003) IMDb Rating (6.3) ဒီကားကိုတော့ တနည်းအားဖြင့် American Pie 3 လို့ခေါ်ရမှာဖြစ်ပြီး ရှေ့ ၂ ကားတုန်းက ဟိုလိုဒီလိုဖြစ်နေတဲ့ ဂျင်မ်နဲ့မီရှယ်လ်တို့ ဒီအပိုင်းမှာတော့ အတည်လက်ထပ်ပါတော့တယ်။ ဂျင်မ်နဲ့ မီရှယ်ဟာ ပူပူနွေးနွေး ကျောင်းလည်းပြီး ဘွဲ့လည်းရထားပြီး အချစ်ဆိပ် အထွတ်အထိပ် တက်နေတဲ့အချိန်မှာ နှစ်ယောက်သား လက်ထပ်ဖို့ နှစ်ဘက်မိဘတွေကိုလည်း အသိပေးပြီး သူငယ်ချင်းမိတ်ဆွေတစ်သိုက်နဲ့ စည်ကားသိုက်မြိုက်စွာ မင်္ဂလာပွဲကျင်းပဖို့ ပြင်ဆင်ကြပါတော့တယ်။ ဂျင်မ်ရဲ့ ဘော်ဒါတွေကလည်း သတို့သားအရံတွေ လုပ်ဖို့ သဘောတူပြီး ဘော်ဒါတွေထဲက စတိဗ်နဲ့ ပေါလ်ဟာ သတို့သမီးအရံတဖြစ်လည်း မီရှယ့်ရဲ့ ညီမဖြစ်တဲ့ ခေးဒန်းစ်ကို ဖောင်းဒိုင်းရဖို့အတွက် နှစ်ယောက်သား အပြိုင်အဆိုင် ကြံစည်အားထုတ်ရာကနေ သောက်တလွဲလူသားတွေ စုနေတဲ့ မင်္ဂလာပွဲကြီးက ဘယ်လိုသောက်တလွဲဇာတ်တွေနဲ့ ငါးပါးမှောက်ကြမလဲဆိုတာကို အူတက်အောင်ခွီရင်း ကြည့်ရမှာဖြစ်လို့ အစာတွေနှင့် ရေတွေမသီးအောင် သတိထားကြည့်ကြဖို့ အကြုံပြုချင်ပါတယ်။ ဘာသာပြန်လက်စွမ်းပြထားတဲ့သူကတော့ ကျွန်တော် Matteo ဖြစ်ပါတယ်။ ဘာဆင်ဆာမှမဖြတ်ထားတဲ့ Unrated Version ကို တင်ဆက်ထားပြီး CM အနေနဲ့ မြန်မာစာတန်းထိုးကိုလဲ ယခင်ကထက်ပိုမိုကောင်းမွန်အောင် ပြင်ဆင်ပေးထားပါတယ်။ (American Pie ဇာတ်ကားတွေက အဖော်အချွတ်ခန်းတွေနဲ့ အပြောအဆိုတချို့ကြောင့် R-Rated အဆင့်ဖြစ်ပြီး မိသားစုနဲ့ကြည့်လို့မရပါဘူး။) File size…(1.7 GB)/(927 MB) Quality….BluRay Unrated 1080p / 720p Format…mp4 Duration….01:39:00 Genre… Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Matteo

0 2003
American Wedding American Pie 3
The Woodmen

ဟော်ရာရုပ်ရှင်တွေကို ရေးသားရိုက်ကူးတဲ့ ဒါရိုက်တာ Joshua Bruckerရဲ့ ဒိုကူဆန်ဆန်ရိုက်ကူးထားတဲ့ ဟော်ရာရုပ်ရှင်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ တောနက်ကြီးတစ်ခုက တောင်တန်းတွေဆီမှာ အမည်မသိတဲ့မျိုးစိပ်တစ်ခုနေထိုင်တယ်လို့ သတင်းတွေရှိပါတယ်။ အဲဒီဒေသမှာ ဘာအကြောင်းရယ်ကြောင့်မသိရဘဲ လူတွေကို ခေါ်ဆောင်သွားတာမျိုးတွေလည်း ကြုံနေရတယ်။မျက်မြင်ကြုံတွေ့လိုက်ရတယ်လို့ ပြောကြပေမဲ့ ကောလဟလသာသာပဲဖြစ်နေခဲ့တယ်။ ဒါကြောင့်ပဲ သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင် လာနာနဲ့ အဖော်တစ်ယောက် ဒီတောကြီးထဲမှာ အကြောင်းအရင်းအစစ်အမှန်ကို သုတေသနပြုရှာဖွေရင်း ရက်ရက်စက်စက်သတ်ဖြတ်ခံလိုက်ရတဲ့ ဗီဒီယိုကို တောင်ခေါင်းတစ်ယောက်တွေ့ခဲ့ရာကစပြီး… မတူညီတဲ့နောက်ခံကိုယ်စီနဲ့ ပညာရှင်တွေ ဒီတောထဲကို စူးစမ်းလေ့လာဖို့ ကိုယ်စီရောက်လာကြချိန်မှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.4 GB)/(740 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:15:00 Genre…Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo

0 2023
The Woodmen
Yojimbo
8.2

IMDb rating – 8.2 ဒီ​ရုပ်ရှင်​ကတော့ ဂျပန်​ဂန္တဝင်​ဒါရိုက်တာ​ Kurosawa Akira ရဲ့ နာမည်​ကျော်လက်ရာဖြစ်တဲ့ Yojimbo​ ဖြစ်ပါတယ်။ Rashomon (1950) Ikiru (1952) Seven Samurai (1954) နဲ့ Ran (1985) တို့လို​ရုပ်​ရှင်​တွေကို ရိုက်ကူး​ခဲ့​တဲ့​Kurosawa ရဲ့ ၂၁ ကားမြောက်​ဇာတ်ကား​ဖြစ်​ပါတယ်။ ဟောလီးဝုဒ်ဂန္တဝင်ရုပ်ရှင်များ ဖြစ်တဲ့ Dollars Trilogy ရဲ့ ပထမဆုံး​ရုပ်ရှင် A Fistful of Dollars က ဒီဇာတ်ကားကို Remake ပြုလုပ်ထားတာဖြစ်ပါတယ်။ အဖြူ​အမည်းရုပ်ရှင်ဖြစ်တဲ့ Yojimbo​ ဟာ ၁၉၆၁ ကထွက်ရှိခဲ့ပြီး အနောက်​တိုင်း​ရုပ်ရှင်​တွေအပေါ်မှာ လွှမ်း​မိုးမှုကြီးခဲ့ပါတယ်။ Clint Eastwood ရဲ့ နာမည်​ကျော်​ကောင်းဘွိုင်ဇာတ်ကောင် The​ Man with No Name ကနေ Star Wars နဲ့ Last Man Standing ရုပ်ရှင်​တွေအထိ ဒီဇာတ်ကားရဲ့သြဇာမကင်းတာ တွေ့နိုင်ပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့ Edo ခေတ်နှောင်းပိုင်းလောက်မှာ အမည်​မသိရတဲ့ လေလွင့်​ Ronin တစ်ဦး မြို့​လေးတစ်မြို့ကိုရောက်လာရာကနေ အစပြုပါတယ်။ ရိုနင်ဆိုတာ ခစားတဲ့သခင်မရှိဘဲ ခြေဦးတည့်ရာကိုလေလွင့်သွားလာနေတဲ့ ဆာမူရိုင်း​ကိုဆိုလိုပါတယ်။ မြို့​ရောက်​ပြီးမကြာခင် ဒီမြို့​လေးမှာ ရာကူဇာဂိုဏ်းနှစ်ဂိုဏ်း အပြိုင်ကြီးစိုးပြီး သောင်းကျန်းနေတာကြောင့် မြို့​လည်းကပ်ဆိုက်လုမတတ် ပျက်စီး​ယိုယွင်း​နေတာကိုသိလိုက်ရပါတယ်။ လောင်း​ကစားလုပ်ငန်းအတွက် နယ်​မြေလုရင်း တစ်ဂိုဏ်းနဲ့တစ်ဂိုဏ်း အပြတ်ချေမှုန်းဖို့ ရန်​စောင်နေကြတာကို ဆာမူရိုင်းသိလိုက်ချိန်မှာတော့ နှစ်ဂိုဏ်းလုံးကိုအပြတ်ရှင်းဖို့ ဆုံးဖြတ်​လိုက်​ပါတော့တယ်။ Edo ခေတ်​အဆုံး​ Meiji ခေတ်မတိုင်ခင်မှာ ဇာတ်​အိမ်​တည်ထား​တဲ့ ဒီရုပ်ရှင်​ဟာ မြေရှင်​ပဒေသရာဇ်​ခေတ် ဂျပန်​နိုင်ငံ​ကိုအခြေပြုထားပေမဲ့ Cinematography​ ကိုတော့​ ဟောလီးဝုဒ် Western ရုပ်ရှင်​ဆန်​ဆန် မြင်​ကွင်း​ကျယ်​များနဲ့​ရိုက်​ကူး​ထားပြီး​ မူလဇာတ်​လမ်း​ကလည်း အနောက်​တိုင်း​ဝတ္ထု​တစ်ပုဒ်ကို မှီတည်ထားတာဖြစ်ပါတယ်။ ဒါကြောင့်​လည်း ဆာမူရိုင်း​နေရာမှာ မြင်းစီးကောင်း​ဘွိုင်၊ Katana ဓား​နေရာ​မှာ သေနတ်​ပြောင်းပြီး ဟောလီးဝုဒ်​က Remake​ရိုက်ကူး​အောင်မြင်​သွားခဲ့တာဖြစ်နိုင်ပါတယ်။ ဂန္တဝင်​ဇာတ်ကား​ဖြစ်တာမလို့ အကျယ်ပြောနေစရာမလိုဘဲ Kurosawa ရဲ့​ရုပ်ရှင်​တွေကို မြည်း​စမ်း​ချင်သူတွေအတွက် ပထမဆုံး​ကြည့်ရှုသင့်တဲ့ ဇာတ်ကား​တွေထဲက တစ်ကားဖြစ်ပါတယ်။ File size…(1.8 GB)/(870 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:50:00 Genre…Action, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Wolfenhein

8.2 1961
Yojimbo
The Master Returns: Ghost Prisoner
5.9

တရုတ်ဗေဒင်ပညာကို ကျွမ်းကျင်တဲ့ ကျန်းကျိုယင်းဟာ တပည့်ဖြစ်တဲ့ ကျောင်းချိုင်နဲ့ ကျင့်ပေါင်နဲ့အတူ စစ်ဟိုင်မြို့ကို ရောက်လာပါတယ်။ အမှန်တော့ လီမိသားစုက မင်္ဂလာပွဲဖိတ်လို့ လာတာ ဖြစ်ပေမဲ့ အဲဒီမင်္ဂလာပွဲက လူသေတွေအတွက် လုပ်ပေးတဲ့ တမလွန်မင်္ဂလာပွဲဆိုတာ မသိခဲ့ဘူး ဖြစ်ပါတယ်။ မထင်ထားဘဲ မင်္ဂလာပွဲညမှာ ထူးဆန်းအဖြစ်တွေ ဖြစ်ပြီး လီမိသားစုမှာရှိသမျှ အစေခံအမျိုးသားတွေ အားလုံးသေပြီး အစေခံအမျိုးသမီးအားလုံး ပျောက်သွားခဲ့ပါတယ်။ မှုခင်းက ထူးဆန်းပြီး သဲလွန်စရှာမရ ဖြစ်နေတဲ့အတွက် မြို့သူမြို့သားတွေကြားမှာ လီမိသားစုမှာ သရဲခြောက်ကြောင်း ကောလာဟလက ညတွင်းချင်း ပျံ့သွားခဲ့ပါတယ်။ ဦးလေးယင်းကလည်း အစေခံအမျိုးသမီးတွေ ပျောက်ဆုံးမှုကို စုံစမ်းရှာဖွေဖို့အတွက် ထမင်းဆိုင် ဆိုင်ရှင်နဲ့ သိကျွမ်းခဲ့ပြီး ကင်းလှည့်အဖွဲ့ခေါင်းဆောင်နဲ့အတူ စုံစမ်းစစ်ဆေးမှုတွေ စတင်ခဲ့ပါတယ်။ ဦးလေးယင်းတို့အဖွဲ့ နောက်ကွယ်ကတရားခံအစစ်ကို ရှာတွေ့နိုင်ပါ့မလား…… တရားခံကို လိုက်ရှာတဲ့အချိန်မှာရော ဘယ်လို အန္တရာယ်မျိုးတွေနဲ့ တွေ့ရမလဲ…… ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

5.9 2024
The Master Returns: Ghost Prisoner
Kozhipannai Chelladurai
7.9

Kozhipannai Chelladurai (2024) “မိဘမဲ့” ဒီတစ်ခါမှာတော့ CM ပရိသတ်ကြီးအတွက် အသစ်ထွက်ရှိထားတဲ့ တမီးလ်ဒရာမာရုပ်ရှင်လေးကို တင်ဆက်လိုက်ပါတယ် ဟာသမင်းသား ယိုဂီဘာဘူလည်း တစ်ထောင့်တစ်နေရာက အားဖြည့်ထားတဲ့ ဒီရုပ်ရှင်မှာ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင် ဆူဒါနဲ့ ချလာဒူရိုင်တို့မောင်နှမဟာ ဖောက်ပြန်ပြီး ခိုးရာလိုက်သွားတဲ့မိခင်၊ စိတ်ညစ်ပြီး ကလေးတွေကို ဆက်မစောင့်ရှောက်နိုင်တော့တဲ့ ဖခင်ကြောင့် အဘွားအိမ်ကို ရောက်လာခဲ့တယ် ဒါပေမဲ့ ကံထပ်ဆိုးချင်တော့ အဘွားဖြစ်သူပါ ဆုံးပါးသွားတဲ့အတွက် သူတို့မောင်နှမနှစ်ယောက်ဟာ သူများပေးကမ်းတာတွေနဲ့ အသက်ရှင်နေရတဲ့အချိန် ရွာသားတစ်ယောက်က သူ့ရဲ့ကြက်ခြံမှာ အလုပ်တစ်ခုပေးခဲ့ပါတယ် လောကဓံကို သူတို့မောင်နှမ ဘယ်လိုဆက်လက်ရင်ဆိုင်မှာလဲ ဘယ်လိုဆူးငြှောင့်ခလုတ်တွေနဲ့ ရင်ဆိုင်ရဦးမှာလဲ ပရိသတ်တို့ကပဲ ဆက်လက်ကြည့်ရှုပေးပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်

7.9 2024
Kozhipannai Chelladurai
The Hidden
7

ဒီဇာတ်လမ်း‌‌လေးရဲ့အစမှာ‌တော့ ဘဏ်ဓားပြတစ်‌ယောက်ကိုလိုက်ဖမ်းတဲ့‌နေရာကနေစထားပါတယ် အဲဒီမြို့နယ်ရဲစခန်းရဲ့အကျော်အမော်ဖြစ်တဲ့ ဘက်လို့‌ခေါ်တဲ့ စုံထောက်ကိုယ်တိုင် ဦးဆောင်ပြီးဖမ်းနေကြတာပါ အဲဒီလိုနဲ့ဓားပြကိုအသေရရအရှင်ရရဖမ်းရင်းနဲ့ ဓားပြဖြစ်တဲ့‌ကောင်က accidentဖြစ်ပြီး မီးလောင်သွားခဲ့ပါတယ် ‌‌ အဲဒီလိုနဲ့ ဆေးရုံတင်ထားတုန်းမှာ FBIကအ့ဂျင့်ဖြစ်သူ လွိုက်တစ်ယောက်ဟာ ဘက်ဆီကိုရောက်လာပါတော့တယ် လွိုက်ကအဲဒီဓားပြဟာသူရှာနေတဲ့သူဖြစ်တာကြောင့်အမှုကိုတူတူကိုင်ချင်တယ်လို့ပြောပြီး ဆေးရုံကိုသွားကြည့်ချိန်မှာပဲ ဓားပြဖြစ်တဲ့ကောင်က‌သေသွားပြီး သူ့ဘေးကလူမမာက ပျောက်ခြင်းမလှ‌ပျောက်သွားပါတော့တယ် အဲဒါကိုလွိုက်က အဲဒီပျောက်သွားတဲ့လူနာကဘဏ်ဓားပြပဲဆိုပြီးပြောတော့ ဘက်တစ်‌ယောက်ဘယ်လိုမှနားမလည်နိုင်‌တွေဖြစ်ရပါတော့တယ် အဲဒီပျောက်သွားတဲ့သူဟာလည်းအရင်ဘဏ်ဓားပြလိုပဲ ကား‌တွေခိုးလူတွေသတ်နဲ့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌လုပ်နေခဲ့တာပါ အဲဒီလိုနဲ့စုံထောက်ဘက်က အရင်ဓားပြနဲ့အခုဆေးရုံကပျောက်သွားတဲ့လူနာတို့ရဲ့နောက်ကြောင်းကိုစုံစမ်းကြည့်တော့ သူတို့နှစ်ယောက်လုံးဟာ ပြစ်မှုဘာဆိုဘာမှအရင်ကလုပ်ထားတာမရှိတာကိုသွားတွေ့ရပါတယ် အဲဒီတော့ ဒီလူနှစ်ယောက်ဘယ်ကနဘယ်လိုစိတ်ရိုင်း‌‌တွေဝင်ပြီးအခုလို‌တွေဖြစ်သွားတာလဲ အေးဂျင့်လွိုက်‌ရော ဘာတွေလျှို့ဝှက်ထားလည်းဆိုတာကိုတော့ ဒီကားလေးကိုကြည့်ပြီးအရင်‌ခေတ် စိတ်ကူးယဉ်ဆန်ဆန်စုံထောက်ဇာတ်လမ်း‌လေးကို ကြည့်ကြည့်လိုက်ကြပါဦးဗျာ File size…(1.8 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:37:00 Genre… Crime, Horro, Sci-Fi, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Chan Myae Min Htike

Drama
7 1987 96 mins
The Hidden