YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The Punishment E19 720p WEB-DL.mp4

383.61 MB N/A video/mp4 0 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Ugram
4.6

Ugram 2023 ဒီတစ်ခါ တင်ဆက်ပေးချင်တဲ့ကားလေးကတော့ IMDb 9/10 ရထားတဲ့ အိန္ဒိယကားသစ်လေးပဲ ဖြစ်ပါတယ်။ ‌ ပရိသတ်ကြီးတို့ နေ့မြင်ညပျောက်ဆိုတဲ့စကားကြားဖူးကြမှာပါ။ ဒါဟာလည်း သေဆုံးမှုကို ရည်ညွှန်းတယ်လို့ပဲ သဘောပေါက်ထားကြပါလိမ့်မယ်။ ဒါပေမဲ့ ဒီစကားစုဟာ ဒီကားမှာတော့ ပျောက်ဆုံးမှုကို ရည်ညွှန်းတဲ့အသုံးဖြစ်သွားပါလိမ့်မယ်။ ညကလေးတင် ကားအက်ဆီးဒင့်နဲ့ကိုယ်တိုင် ဆေးရုံတင်ထားတဲ့ ဇနီးသည်နဲ့သမီးလေးဟာ နာရီပိုင်းလောက်ပဲကြာတဲ့ မ နက်ခင်းမှာတော့ ဆေးရုံကို ဘယ်တုန်းကမှရောက်မလာဖူးတဲ့သူတွေဖြစ်လို့နေပါတယ်။ မှတ်ဉာဏ်ထဲမှာ ထင်ထင်ရှားရှားသိနေပါရဲ့နဲ့ ဒီလိုဖြစ်တာဘာလို့များပါလဲ..။ ဒါမှမဟုတ် မင်းသားရဲ့ခေါင်းကဒဏ်ရာကြောင့်များ တစ်ယောက်တည်းဖြစ်တာကို အထင်လွဲနေတာလား...။ ဒါမှမဟုတ် လူနာတွေကို ပိုက်ဆံပဲယူပြီး လူနာရှင်နဲ့တွေ့ခွင့်မပေး ဈေးကြီးလွန်းတဲ့ ဒီဆေးရုံကြီးမှာများ လျှို့ဝှက်ချက်တွေရှိနေတာလား....။ ဒါမှမဟုတ် ရဲအုပ်ဖြစ်တဲ့မင်းသားနဲ့ ရန်ဘက်ဖြစ်တဲ့ သူ့ဇနီးသည်ရဲ့အဖေဖြစ်သူ မူးယစ်ရာဇာရဲ့ လက်ချက်များလား...။ ဒီလို သို့လောသို့လော ပဟေဠိတွေနဲ့ အချစ်/အမုန်း/ မှုခင်း/ ဆေးပညာ တွေကို စနစ်တကျပေါင်းစပ်ပြီး တစ်ခန်းချင်းမှာ စိတ်ဝင်စားဖို့ကောင်းအောင် ရိုက်ကူးထားတဲ့ကားလေးမို့ CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်နော်။ (အညွှန်းရေးသားသူကတော့ Aditi ဖြစ်ပြီး ဘာသာပြန်တွေကတော့ Aditi~Yunni~BpLနဲ့ Zwe Yanတို့ပဲဖြစ်ပါတယ်) File size… 3.08GB / 1.26GB Quality…1080p WEB DL /720p Format…mp4 Duration….2h 26m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Aditi~Yunni~BpL~Zwe Yan

Crime • Drama
4.6 2023 148 mins
Ugram
Infernal Affairs
7.8

Infernal Affairs ဇာတ်ကားတွေကတော့ Directer Andrew Lau and Alan Mak တို့ ရိုက်ကူးထားတဲ့ Hong Kong crime thriller အမျိုးအစားတွေဖြစ်ပါတယ် ။ ဇာတ်လမ်းအနေနဲ့ကတော့ ရဲအရာရှိနှစ်ဦးနဲ့ လူဆိုးဂိုဏ်းတွေ ရဲ့အကြောင်းကို အခြေခံရိုက်ထားတာပါ ။ တရုတ်မှာဆိုရင်တော့ "The Unceasing Path" လို့ လူသိများပြီး 76th Academy Awards မှာလည်း The Best Foreign Language Film and Best Picture awards in the Golden Horse Awards အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ကားတွေလည်းဖြစ်ပါတယ် ။ ဇာတ်လမ်းအကျဉ်း အရာရှိချန် ကတော့ triad ဒုစရိုက် လူသတ်မှု့တွေကို တိတ်တဆိတ် ထောက်လှမ်းနေတဲ့သူဖြစ်ပါတယ် ။ သူဒီလိုတိတ်တဆိတ် စုံစမ်းနေတာကိုသိတဲ့ တစ်ဦးတည်းသောသူကတော့ သူ့ရဲ့ အထက်ရဲအရာရှိမှူးဖြစ်တဲ့ အရာရှိဝေါင်ပါ ။ တစ်ဖက်မှာကတော့ ပါဝါအာဏာကြီးမားတဲ့ လူမိုက်ခေါင်းဆောင်ဆမ်ရဲ့ သတင်းထောက်လှမ်းစုံစမ်းဖို့ စေခိုင်းမှု့ကြောင့် ဟောင်ကောင်ရဲတပ်ဖွဲ့ထဲရောက်လာခဲ့တဲ့ triad အဖွဲ့ဝင် ကျင့်မင်း... အရာရှိချန် နဲ့ အရာရှိဝေါင် တို့ triad ဒုစရိုက် လူသတ်မှု့တွေကို စုံစမ်းရင်း တစ်ရက်မှာ အရာရှိဝေါင် ကို ဆမ်ရဲ့လူတွေက ဖမ်းမိသွားပြီး အရာရှိချန်ရဲ့ တည်နေရာကို ရိုက်နှက်ခါ မေးပေမယ့် မပြောတာကြောင့် အဆောက်အဦး ပေါ်ကနေ ပစ်ချပြီးသတ်လိုက်တဲ့နောက်.... အရာရှိချန် ဘာတွေဆက်လုပ်မလဲ... ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကတော့ ဇာတ်ကားတွေထဲမှာပဲ ဆက်လက်ကြည့်ရှု့လိုက်ပါ...။ IMDb Rating တွေနဲ့တင် ကောင်းကြောင်းသိလောက်ပြီမို့ အများကြီးညွှန်းဖို့မလိုလောက်ဘူးထင်ပါတယ် ။ ( အညွှန်း ကတော့ ZERO ပါ )

Comedy • Drama • Romance
7.8 2002 101 mins
Infernal Affairs
Lake Placid
5.9

ဧရာမသတ္တဝါကြီးတွေနဲ့ သည်းထိတ်ရင်ဖို ဇာတ်လမ်းတွေကိုကြိုက်တဲ့လူတွေ အကြိုက်တွေစေမယ့် Old But Gold ကားကောင်းလေးဖြစ်ပါတယ် နယူးအင်္ဂလန်ပြည်နယ် မိန်းမြို့လေးမှာ...ဘယ်ကမှန်းမသိတဲ့ ပေ ၃၀ ရှည် ဧရာမမိကျောင်းကြီးတစ်ကောင်ကို ပေါ်လာပြီး လူတွေရဲ့ အသက်အန္တရာယ်ကို တစ်စတစ်စ ခြိမ်းခြောက်လာပါတယ်... ဒီလိုဧရာမကောင်ကြီးတွေ မျိုးတုန်းသွားပြီလို့ ယူဆရပေမယ့် ပေါ်လာခဲ့တာကြောင့် စူးစမ်းလိုစိတ်နဲ့ နယူးယောက်က ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင် ကယ်လီစကော့ဟာ မိန်းမြို့သို့ ရောက်လာပါတယ်... ဒီမိကျောင်းကြီးက ဘယ်ကနေရောက်လာတာလဲ လူတွေကို ဘာကြောင့်ရန်ပြုနေတာလဲဆိုတာကိုတော့ ကယ်လီနဲ့ မိန်းမြို့က တောခေါင်း ရဲမှူးတစ်ယောက်ပူးပေါင်းပြီး အဖြေရှာနှိမ်နင်းပုံကို သည်းထိတ်ရင်ဖို ရိုက်ပြထားပါတယ် (အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်) File size…(2.34GB) / (1.24GB) / (719MB) Quality…. Web 1080P / 720p / 480P Format…mp4 Duration….01:22:00 Genre...Action / Comedy / Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Thiha Yan Naing

Crime • Drama • Thriller
5.9 1999 82 mins
Lake Placid
Black Box
7.4

IMDb Rating - 7.2/10 ကြည့်ဖူးနေကြ အမေရိကန် ဇာတ်ကားတွေနဲ့ ကွဲထွက်နေတဲ့ rating မြင့် ပြင်သစ်နိုင်ငံမှ ထုတ်လုပ်ထားတဲ့ ဥရောပရုပ်ရှင်တစ်ခုကို တင်ဆက်ပေး လိုက်ပါတယ်။ အဲလ်ပ်တောင်တန်းပေါ်မှာ လေယာဥ်တစ်စီး ပျက်ကျသွားခဲ့ပါတယ်။ ထို လေယာဥ်ဟာ ခရီးသည် ၃၀၀ ကို တင်ဆောင်ပြီး ဒူဘိုင်းကနေ ပဲရစ်မြို့ကို ဦးတည်ပြီး ပျံသန်းလာခဲ့တဲ့ အေထရီယန် ၈၀၀ လေယာဥ် ဖြစ်ပါတယ်။ ထိုအမှုကို ပြင်သစ်နိုင်ငံ စုံစမ်း‌ရေးနှင့် စိစစ်ရေးဗျူရိုက တာဝန်ယူကိုင်တွယ် ခဲ့ပါတယ်။ တစ်ရက်မှာတော့ အဆိုပါ လေယာဥ်မှ လေယာဥ်မှူးအခန်းက အသံဖမ်းစက်ကို တာဝန်ယူ နားထောင်ရတဲ့ ဗစ်တာ ပိုလော့ ဆိုတဲ့ အရာရှိ တစ်ယောက် ထူးဆန်းစွာ ပျောက်ဆုံးသွားသည့်အတွက် မက်သရူး ဗက်ဆာ ဟာ တာဝန်ယူကိုင်တွယ်ဖို့ ဖြစ်လာပါတယ်။ မက်သရူးဗက်ဆာ ဟာ အသံနားထောင်တဲ့နေရာမှာ အထူးကျွမ်းကျင်ပြီး နားထောင်ရုံထက်ပိုပြီး အမှုတွေကို ‌ဖော်ထုတ်ချင်သူ တစ်ယောက်ပါ။ မက်သရူး ဗက်ဆာရဲ့ မိန်းမဖြစ်သူ နိုအဲမီ ဗက်ဆာ ကတော့ ပျက်ကျသွားတဲ့ လေယာဥ်ကို စျေးကွက်ထဲ မဖြန့်ချီခင်မှာ အရည်အသွေး စစ်ဆေးမှုလုပ်ပေးခဲ့တဲ့ အဖွဲ့မှာ အလုပ်လုပ်သူပေါ့။ ကနဦး အသံဖမ်းစက် နားထောင်ချက်အရ အကြမ်းဖက် သမားရဲ့ တိုက်ခိုက်မှုလို့ ကောက်ချက်ချကြပေမယ့် မက်သရူးကတော့ အဲ့ထပ် ပိုနိုင်တယ်ဆိုပြီး သံသယဝင်ခဲ့ပြီး ဖော်ထုတ်ဖို့ ကြိုးစားခဲ့ပါတယ်။ ထိုကဲ့သို့ ဖော်ထုတ်ဖို့ ကြိုးစားရင်း မက်သရူးဟာ ဇနီးဖြစ်သူအပါအဝင် လုပ်ဖော်ကိုင်ဖက် တွေနဲ့ အဆင်မပြေဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် ထို လေယာဥ်ပျက်ကျမှုဟာ အကြမ်းဖက်မှုကြောင့်လား၊ နည်းပညာ ပြဿနာကြောင့်လား၊ တခြားအကြောင်းအရာကြောင့်လား။ စုံစမ်းရေးအရာရှိ ပျောက်ဆုံးသွားကရော လေယာဥ်ပျက်ကျမှုနဲ့ ဘယ်လို ပတ်သတ်နေမလဲ။ မက်သရူးတစ်ယောက် အစွမ်းကုန်ဖော်ထုတ်ပုံကို စိတ်ဝင်စားဖွယ် ကြည့်ရှု့ရမှာပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Leonard Lin ဖြစ်ပါတယ်) File Size - (1.16 GB) / (576 MB) / (394 MB) Quality – BluRay 1080p / 720p/480p Duration - 2h 09mins Subtitle – Myanmar Hardsub Format – MP4 Genre : Drama, Mystery, Thriller Translator – Leonard Lin Encoder – SWM

Comedy • Drama
7.4 2021 130 mins
Black Box
Museum
6.1

Museum လူသတ်သမားကို လိုက်ရှာဖမ်းတဲ့ စုံထောက်ရုပ်ရှင်တွေထဲမှာမှ စိတ္တဇ ကွင်းဆက်လူသတ်သမားရုပ်ရှင်တွေက ပိုထူးခြားပြီး စိတ်ဝင်စားဖို့ကောင်းတာကို သိကြမှာပါ။ ဒီကားကလည်း အခုလို genre ကြိုက်တဲ့သူတွေအတွက် အချိန်ကုန်ရတန်စေမဲ့ ဂျပန် စုံထောက်ရုပ်ရှင်တစ်ကားပါ။ စုံထောက် ဆဝမူရက အလုပ်ကြိုးစားတဲ့သူတစ်ယောက်ဖြစ်ပြီး ၂၄/၇ အလုပ်ပဲလုပ်နေတာကြောင့် အိမ်သူဇနီးနဲ့ သားလေးကို ပစ်ထားမိသလိုဖြစ်နေပါတယ်။ သူ့မိန်းမကလည်း တရားစီရင်ရေးဂျူရီတစ်ယောက်ဖြစ်ပြီး လွန်ခဲ့တဲ့ ၄နှစ်တုန်းက လူသတ်မှုတစ်ခုကို သေဒဏ်စီရင်ချက် ချပေးဖူးပါတယ်။ သေဒဏ်ကျခံရတဲ့အပြစ်သားက စီရင်မခံဘဲ ကိုယ့်ကိုယ်ကို သတ်သေသွားပါတယ်။ အခုချိန်မှာတော့ အဲဒီအမှုကိုစီရင်ခဲ့တဲ့ ဂျူရီ၉ယောက်ဟာ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံနေရပါပြီ။ ဂျူရီတစ်ယောက်ချင်းစီကို မတူညီတဲ့သတ်နည်းတွေနဲ့ ပြစ်ဒဏ်ပေးတယ်ဆိုပြီးလိုက်သတ်တာကို ခံလာရတာကြောင့် ဒီအမှုနဲ့ပတ်သက်ပြီး ပြန်စုံစမ်းဖို့ဖြစ်လာပါတယ်။ မိသားစုကိုပစ်ထားတဲ့ ဆဝမူရတစ်ယောက် မိန်းမကိုဘယ်လိုကယ်ဖို့ကြိုးစားမလဲဆိုတာနဲ့ လူသတ်သမားရဲ့ရောဂါနဲ့ဆိုင်တဲ့စိတ်ချို့ယွင်းမှုတွေကို ဖော်ထုတ်သွားမဲ့ ဇာတ်ကားပါ။ ( ဘာသာပြန်ပြီး အညွှန်းရေးသာထားသူကတော့ Ingyin San ပါ ) File Size__(1.9GB) / (1GB) Quality__WEB-DL_1080p, 720p IMDb Rating__6.1/10 Format__mp4 Duration__02:12:00 Type__Crime, Horror Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Naing Aung Latt

Comedy • Thriller
6.1 2016 132 mins
Museum
Spirited Away Live Stage Performance First Distribution
7

Spirited Away Live Stage Performance First Distribution(2022) *********************************************************** “Spirited Away” Live Stage Performance : First Stage Distribution Studio Ghibli ရဲ့ masterpiece တွေထဲက တစ်ခုဖြစ်တဲ့အပြင် ဆုတွေ ရရှိခဲ့တဲ့ ၂၀၀၁ ခုနှစ်ရဲ့ နာမည်ကျော် ဂျပန် anime ကားလေး Spirited Away ကို မကြည့်ဖူးတဲ့သူ မရှိသလောက်ပါပဲ ။ အခုဟာက Spirited Away ကို တိုက်ရိုက် ထုတ်လွှင့်ပြီး ပြဇာတ်အနေနဲ့ ကပြခဲ့တဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဂျပန်လူမျိုးတွေရဲ့ ပြဇာတ်အငွေ့အသက်လေးကို အပြည့်အဝ ခံစားရမှာဖြစ်ပြီး ဖန်တီးမှုတွေကိုလည်း အံ့ဩမှင်သက်ဖွယ် တွေ့ရှိရမှာပဲ ဖြစ်ပါတယ်။ ဇာတ်ဆောင်တွေရဲ့ သရုပ်ဆောင်ချက်ကလည်း အင်မတန် ချီးကျူးစရာကောင်းပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ချီဟီရိုဆိုတဲ့ ကလေးမလေးတို့ မိသားစုက နယ်မြို့လေးကို ပြောင်းလာရင်း လမ်းပျောက်ရာကနေ လှိုဏ်ဂူတစ်ခုထဲကို ဝင်ကြည့်ခဲ့တယ်။ ဒီလိုနဲ့ပဲ စူးစမ်းရင်း ချီဟီရိုရဲ့ မိဘတွေဟာ လူသူမရှိတဲ့ ဈေးထဲက အစားအစာတွေကို စားပြီး ဝက်တွေ ဖြစ်သွားခဲ့တယ်။ တကယ်တော့ သူတို့ဟာ မှော်အစွမ်း လောကထဲကို ရောက်ရှိသွားကြတာပါ။ မိဘတွေ ဝက်ဖြစ်သွားပြီး မှော်လောကမှာ ဒုက္ခရောက်နေတဲ့ ချီဟီရိုကို ဟခု ဆိုတဲ့ ကောင်လေးက ကူညီပေးခဲ့တယ်။ ဒီလိုနဲ့ပဲ ချီဟီရိုတစ်ယောက် ရောက်ရှိနေတဲ့ လောကကြီးက ဘယ်လိုလဲ ဘာတွေလဲ မိဘတွေနဲ့ရော လူ့လောကကို ပြန်နိုင်မှာလား သိရအောင် အဆုံးထိ ကြည့်လိုက်ကြရအောင်…. File Size :(3.03GB)(and (1.2GB) Quality :WEB-DL1080P, 720p Format…mp4 Duration…02:50:00 Genre : Family, Adventure , Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by Kit Encoded by Phyo Pyae

Drama
7 2022
Spirited Away Live Stage Performance First Distribution
Pusher

IMDb 7.3, Rotten Tomatoes 83% ရထားတယ်။ Cannibal မင်းသားကြီး Mads Mikkelson ပါ၀င်သရုပ်ဆောင်ထားတဲ့ ၁၉၉၆ ကထွက်ရှိခဲ့တဲ့ Crime/Thriller အမျိုးအစား trilogy တစ်ခုပါ။ စုစုပေါင်း ၃ ကားရှိပြီး Pusher 2 နဲ့ 3 ကိုတော့ ၂၀၀၄ နဲ့ ၂၀၀၅ ခုနှစ်မှာ ဆက်ထုတ်ခဲ့ပါတယ်။ Pusher trilogy ထဲက အဓိကဇာတ်ကောင်‌တွေကို ဟစ်ဟော့ပ်ဗီဒီယိုတွေထဲက ဂိုဏ်းစတားအကြမ်းစားကြီးတွေလိုမဟုတ်ဘဲ အောက်ခြေက မူးယစ်ဆေးရောင်းစားတဲ့ ငချွတ်လေးတွေအဖြစ် လက်တွေ့ဆန်အောင် အသက်သွင်းထားပါတယ်။ ဒီကားထဲမှာ Mads Mikkelson ကြီးကို မူးယစ်‌ဆေးရောင်းသမားကတုံး တိုနီ ကာရိုက်တာနဲ့မြင်ရမှာပါ။ ကတုံးတိုနီရဲ့ တွဲဖက်ဖြစ်တဲ့ ဖရန့်ခ်နေရာမှာ သရုပ်ဆောင်ထားတဲ့ Kim Bodnia ကလည်း နာမည်ကြီး ရုပ်ရှင်နဲ့ စီးရီးတွေမှာ ပါ၀င်သရုပ်ဆောင် ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ/သရုပ်ဆောင်တစ်ဦးပါ။ ဆိုတော့ကာ အက်တင်ပိုင်း ဘာညာအနေအထားကတော့ အလန်းလွန် အလွန်လန်းပါတယ်။ Pusher ဆိုတဲ့စကားလုံးရဲ့ အဓိပ္ပာယ်ကိုက တရားမ၀င် မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချတဲ့သူလို့ အဓိပ္ပာယ်ရပါတယ်။ ဖရန့်ခ် နဲ့ တိုနီတို့ ဘော်ဒါနှစ်ယောက်က မူးယစ်ရာဇာတွေဆီကနေ တဆင့်ပြန်ယူပြီး ရောင်းစားနေတဲ့ ဆေးရောင်းသမားနှစ်ယောက်။ အစပိုင်းမှာတော့ ဒီဘဲနှစ်ပွေရဲ့စည်းပွားရေးက သာသာယာယာပဲ။ စော်တွေကိုအမ်း၊ လိုချင်တာ၀ယ်၊ သုံးဖြုံးပြီး အိုကေစိုပြေနေတာပေါ့။ ဒါပေမဲ့ ဒီမြေအောက်လောကရဲ့ ထုံးစံအတိုင်း တစ်ရက်မှာ ဖရန့်ခ်တစ်ယောက် ဖင်မနိုင်ဘဲ ပဲကြီးဟင်းစားမိလိုက်ရာကနေ ကံဆိုးမိုးမှောင်ကျပြီး မူးယစ်ဆေးဒိုင်ဆီမှာ အကြွေးတွေတင်သွားပြီး ငါးပါးမှောက်ပါတော့တယ်။ Pusher 1 မှာတော့ ဖရန့်ခ်၊ တိုနီ နဲ့ သူ့ဘော်ဒါဘော်ဂျွတ်တွေအကြောင်းကို မိတ်ဆက်ထားပြီး ဖရန့်ခ်တို့ အကြွေးနွံထဲနစ်ရင်း တိုင်ပတ်တဲ့ကိစ္စကို ဇာတ်အိမ်တည်ပြီး ဖရန့်ခ် ဇာတ်ကောင်ကို အသားပေးရိုက်ကူးထားပါတယ်။ ဒီရုပ်ရှင်ရဲ့ ဇာတ်အိမ်က ရိုးရှင်းပြီး crime/thriller ရုပ်ရှင်ကားတွေထဲမှာ တော်တော်လေး လက်တွေ့ဆန်တယ်ဆိုတဲ့အထဲမှာပါပါတယ်။ ကျွန်တော်ပဲ ၉၀ ကျော်ကရိုက်ခဲ့တဲ့ရုပ်ရှင်တွေကို ပိုကြိုက်မိလို့လားတော့မသိဘူး မှောင်ခိုဆေးဖြန့်တဲ့အကြောင်းတွေရိုက်ကူးထားတဲ့ Crime/Thriller ကားတွေထဲ ဒီကားကတော်တော်ထူးခြားတယ်လို့မြင်မိတယ်။ ရိုင်းတာလည်းလွှတ်ရိုင်းပါတယ်။ မိသားစုနဲ့အတူကြည့်ဖို့ လုံး၀မသင့်တော်ပါဘူး။ ဒိန်းမတ်စကားပြောရုပ်ရှင်ဖြစ်နေတာကြောင့်လည်း အင်္ဂလိပ်ကားတွေနဲ့မတူဘဲ နည်းနည်းကွဲထွက်နေတာဖြစ်ပါလိမ့်မယ်။ နောက်ပြီး ဒီရုပ်ရှင်ကိုကြည့်နေရင်းသတိထားမိလိုက်တာက ရုပ်ရှင်တစ်ခုလုံးကို လက်ကိုင်ကင်မရာတွေနဲ့ပဲရိုက်ထားတာပါ။ ဒါကြောင့် ကားမောင်းခန်းတွေ၊ ထိုးတာကြိတ်တာတွေကအစ တခြားရုပ်ရှင်တွေနဲ့မတူဘဲ ဇာတ်လမ်းထဲ ကိုယ်တိုင်၀င်ပါနေရသလို အရသာကိုရစေမှာပါ။ ဇာတ်ကားနံပါတ် ၂ နဲ့ ၃ ရဲ့ rating တွေကလည်း အတူတူပဲဖြစ်ပြီး ၂ မှာဆိုရင် ဆုတွေလည်းရထားတဲ့အပြင် Mads Mikkelson ကြီးလည်း ထပ်မံပါ၀င်ထားတာကြောင့် သေချာပေါက်မြည်းစမ်းကြည့်ရှုသင့်တဲ့ Crime/Thriller trilogy တစ်ခုဖြစ်ကြောင်း ညွှန်းဆိုပေးလိုက်ပါတယ်။ File size…(2.5 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre…Action, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

0 1996
Pusher
The Wedding March
6.3

The Wedding March (2016) IMDb – 6.3/10 ခြောက်ကားမြောက်ထိထွက်ရှိခဲ့တဲ့ အမေရိကန်-ကနေဒီယန် rom-comရုပ်ရှင်ဇာတ်လမ်းတွဲတွေထဲက ပထမဆုံးရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ နာမည်ကျော် Before trilogyလို ရသမျိုးကို သူ့နည်းသူ့ဟန်နဲ့ ခံစားရစေမယ်လို့ ထင်ပါတယ်။ ရည်းစားဦးကို မြေးဦးရတဲ့ထိတောင် မေ့မရပါဘူးတဲ့။ မစ်ခ်နဲ့ အိုလီဗီယာဆိုတဲ့ စုံတွဲလေးကလည်း ငါ့ကို အသဲခွဲသွားတာဆိုတဲ့ တစ်ဖက်သက်ခံစားချက်ကိုယ်စီနဲ့ ဝေးကွာခဲ့ကြတဲ့ရည်းစားဦးတွေ။ မစ်ခ်ကတော့ သမီးတစ်ယောက်အဖေ မုဆိုးဖိုအဖြစ်နဲ့ သာယာလှပတဲ့ရေကန်အနီးက ဟိုတယ်အသေးစားလေးကို ဦးစီးလုပ်ကိုင်နေသူတစ်ယောက်။ ငယ်ရွယ်စဉ်က အောင်မြင်တဲ့အဆိုတော်ဖြစ်ခဲ့ပေမဲ့လည်း အကြောင်းကြောင်းကြောင့် ပရိသတ်တွေနဲ့ဝေးကွာသွားခဲ့သူ။ တစ်နေ့ သူ့ဟိုတယ်လေးမှာ မင်္ဂလာဆောင်မဲ့ အောင်မြင်နေတဲ့အိမ်ခြံမြေပွဲစားတွေအတွက် မဖြစ်မနေ ဧည့်ခံသီချင်းဆိုပေးဖို့ ကြုံလာပါတော့တယ်။ ဖြစ်ချင်တော့ သတို့သမီးက သူ့ငယ်ချစ်ဦး အိုလီဗီယာဖြစ်နေပါရော။ အိုလီဗီယာမှာလည်း ပထမအိမ်ထောင်နဲ့ရတဲ့ မစ်ခ်ရဲ့သမီးနဲ့ရွယ်တူ သမီးတစ်ယောက်ရှိနေပါတယ်။ ငါ့အသဲကိုခွဲသွားတာဆိုတဲ့ ခံယူချက်ကိုယ်စီနဲ့ မျက်နှာချင်းဆိုင်မရဖြစ်နေရာကနေ အကြောင်းအရင်းမှန်ကို သိလိုက်ရတဲ့နောက်မှာ။ မစ်ခ်နဲ့ အိုလီဗီယာတို့ရဲ့ ဇာတ်လမ်းလေးကို တစ်ကားချင်းစီမှာ ရသအမျိုးမျိုးခံစားရစေမှာမို့ အားပေးကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ aungmo3han ဖြစ်ပါတယ်) Genre….. Comedy, Drama, Family Quality…. 1080p | 720p File size… 1.3GB, 678MB Format… mp4 Duration…. 1h 24min Subtitle…. Myanmar Subtitle (Hardsub) Translator ….. aungmo3han Encoder ….. Aaron

6.3 2016
The Wedding March
Spooks: The Greater Good MI 5
6.2

Spooks: The Greater Good သို့မဟုတ် တစ်ချို့နိုင်ငံတွေမှာ MI-5 အဖြစ်မိတ်ဆက်ခဲ့တဲ့ဒီဇာတ်ကားဟာ နာမည်ကျော်ဗြိတိန်စပိုင်ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Spooks ရဲ့နောက်ဆက်တွဲဖြစ်ပြီး Jon Snow လို့ လူသိများတဲ့ GOT မင်းသား Kit Harington ခေါင်းဆောင်ပါဝင်ထားပါတယ်။ MI5 ရဲ့အကြမ်းဖက်တိုက်ဖျက်ရေး ဌာနအကြီးအကဲ ဟယ်ရီဟာ အမေရိကန်ကအလိုရှိနေတဲ့ အကြမ်းဖက်သမား Adem Qasim ကို ယာဉ်တန်းအစောင့်အရှောက်နဲ့လွှဲပြောင်းဖို့ပို့ဆောင်နေချိန်မှာ တိုက်ခိုက်မှုခံခဲ့ရပြီး Adem Qasim လွတ်မြောက်သွားခဲ့ပါတယ်။ ဒီဖြစ်ရပ်ကိုစုံစမ်းရင်းနဲ့ အဲ့ဒီကိစ္စမှာ MI5 ထဲကအကြီးတန်းတွေကိုယ်တိုင်ပါဝင်ပတ်သက်နေပြီး သူတို့အဖွဲ့အစည်းကို အမေရိကန်ဘက်ကသိမ်းယူနိုင်ဖို့ပူးပေါင်းကြံစည်ခဲ့ကြတယ်ဆိုတာ သိလိုက်ရတဲ့နောက် နောက်ဆက်တွဲဖြစ်ရပ်တွေကို Suspense အပြည့်နဲ့ရှုစားကြရမှာပါ။ File size_(1.9GB)/(980MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:41:00 Genre_Action, Drama, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias

6.2 2015 104 mins
Spooks: The Greater Good MI 5
The Radleys
5.5

အားလုံးပဲ ဗန်ပိုင်းယားဆိုတာ တကယ်ရှိတယ်လို့ ယုံကြပါသလား ။ ဒီနေ့ ဘာသာပြန်တင်ဆက်ပေးလိုက်တဲ့ The Radleys ရုပ်ရှင် ကားထဲမှာတော့ ဗန်ပိုင်းယားဆိုတာ မိသားစုလိုက် မျိုးရိုးလိုက်ပြီး ဖြစ်တဲ့ အခြေအနေတစ်ခုပါတဲ့ ။ တစ်မိသားစုလုံး ဗန်ပိုင်းယားတွေ ဖြစ်နေတဲ့ ရက်ဒလေ မိသားစုဟာ သာမန်နဲ့ တူအောင် အတတ်နိုင်ဆုံး ထိန်းသိမ်းပြီး လူယောင်ဆောင် နေကြတာဖြစ်ပါတယ် ။ ဒီလိုကနေ တစ်ရက်မှာတော့ ကိုယ့်ကိုယ်ကိုယ် ဗန်ပိုင်းယားမှန်း မသိသေးတဲ့ သမီးဖြစ်သူ ကလာရာက ပါတီမှာ တွေ့တဲ့ ကောင်လေးတစ်ယောက်ကို ကိုက်သတ်ပစ်ပါတော့တယ် ။ သမီးဖြစ်သူ အမှုပတ်ပြီး ထောင်နန်းစံရမှာ စိုးရိမ်တဲ့ မိဘနှစ်ပါးကလည်း ဦးလေးဖြစ်သူ ဝီလ်ကို လှမ်းခေါ်ပြီး အလောင်းဖျောက်ဖို့ အကူအညီ တောင်းရပါတယ် ။ ဒါပေမဲ့ ဝီလ် နဲ့ ကလေးတွေရဲ့အမေဖြစ်သူ ဟယ်လင်ရဲ့ ဇာတ်ကြောင်းက ထင်သလောက် မရိုးရှင်းတဲ့အခါ လင်မယားကြားမှာ ဘာတွေဖြစ်လာမလဲ ။ ရက်ဒလေမိသားစုရဲ့ နေထိုင်ပုံနဲ့ အများကြီး ကွာခြားနေတဲ့ ဝီလ်ဟာ ကလေးတွေအတွက် မကောင်းတဲ့ နမူနာတစ်ခု ဖြစ်လာတဲ့အခါ ကလေးတွေ အတုခိုးမှားပြီး ဘာတွေ ဖြစ်လာကြမလဲ ဆိုတာကိုတော့ The Radleys ရုပ်ရှင်မှာ အားလုံး ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ် ။ File size…1.46GB / 773MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 55m Genre ….. Comedy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Hazelle

5.5 2024 115 mins
The Radleys
Rhapsody in August
7.2

Rhapsody in August (1991) ~ IMDb – 7.2/10, Rotten Tomatoes – 60% ~ ကူရိုဆာဝါရဲ့ နောက်ဆုံးရုပ်ရှင်ဖြစ်တဲ့ Madadayo (1993) အရှေ့က ရုပ်ရှင်ပေါ့။ ကူရိုဆာဝါ ရိုက်ခဲ့တဲ့ အဖြူအမည်းမဟုတ်တဲ့ ၇ကားတည်းသော ကားတွေထဲက တစ်ကားပါပဲ။ Kiyoko Murata ရဲ့ ဝတ္တုကို ကူရိုဆာဝါကိုယ်တိုင် ဇာတ်ညွှန်းရေးသား ရိုက်ကူးထားတယ်။ အမျိုးသမီးက ဇာတ်ဆောင်ဖြစ်နေတဲ့ ကူရိုဆာဝါကား၃ကားထဲက တစ်ကားတည်း‌သော ကာလာကားလည်းဟုတ်တယ်။ သူ့အသက်၈၀မှာ ရိုက်ခဲ့တဲ့ ရုပ်ရှင်ပေါ့။ ဝေဖန်ရေးသမားတွေကတော့ Ran နောက်ပိုင်း Dreams ကလည်း သိပ်မအောင်မြင်ခဲ့သလို Rhapsody in August ကတော့ ကိန်းမှာပွဲဦးထွက်ပြတုန်းက စိတ်ပျက်စရာတောင်ဖြစ်ခဲ့တယ်လို့ ပြောကြတယ်။ သူတို့အမြင်ပေါ့။ သူတို့အမြင်ဆိုရာမှာ တချို့ကတော့ ဒီကားဟာ အနုမြူဗုံးကြဲခံရတာကိုတော့ စစ်ရာဇဝတ်မှုအနေနဲ့ ပုံဖော်ထားခဲ့ပြီး ပစိဖိတ်စစ်ပွဲကာလမှာ ဂျပန်တွေကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကိုတော့ ချန်လှပ်သွားတဲ့ အချက်ကိုလည်း ထောက်ပြခဲ့ကြတယ်။ ကျွန်တော့်အတွက်တော့ Dreams ဟာ ကူရိုဆာဝါရဲ့အကောင်းဆုံးရုပ်ရှင်ဖြစ်ခဲ့သလို Rhapsody in August ကလည်း ရှေ့က တချို့ကူရိုဆာဝါကားတွေထက်ကြိုက်မိတဲ့ ရုပ်ရှင်ပါပဲ။ ရုပ်ရှင်တစ်ကားရဲ့ သက်ရောက်မှုဟာ ကိုယ်ကြိုက်တဲ့ Taste ဖြစ်ခြင်းမဖြစ်ခြင်းနဲ့ ဆိုင်နိုင်သလို ဖြတ်သန်းမှုနဲ့လည်း ဆိုင်တာပါပဲ။ ဒီလိုပါပဲ မကြိုက်ခြင်းကလည်း ဖြတ်သန်းမှုနဲ့ အမြင်မတူခြင်းနဲ့ ဆိုင်တတ်တယ်။ လွန်ခဲ့တဲ့နှစ်တွေတုန်းက ဝေါင်ကာဝေးရုပ်ရှင်တွေထဲ ကျွန်တော်အကြိုက်ဆုံးက 2046 ဖြစ်ခဲ့ဖူးတယ်။ ဝေါင်ကာဝေးရုပ်ရှင်အများစုက အချစ်နဲ့မကင်းတဲ့ ခံစားချက်တွေအကြောင်းဆိုတော့ အဲဒီတုန်းက ကျွန်တော့်ယုံကြည်မှုအတိုင်း ကျွန်တော့်ဖြတ်သန်းမှုအတိုင်း တူညီတဲ့ခံစားချက်ရခဲ့တဲ့ ရုပ်ရှင်ကို ပိုကြိုက်မိခဲ့တာပါပဲ။ ဆန့်ကျင်ဘက်အနေနဲ့တော့ Days Of Being Wild ကိုတော့ လတ်စလီချောင်ကိုရော ဇာတ်လမ်းသွားကိုရော မက်ဂီချောင်ကိုရော ကြိုက်လို့ကြိုက်ခဲ့ပေမဲ့ အဲဒီထဲက လတ်စလီချောင်ကာရိုက်တာကို နားလည်ပေးနိုင်တဲ့ထဲတော့ မပါခဲ့ဘူး။ ဒီနှစ်တွေထဲတော့ အချစ်ဆိုတဲ့အရာနဲ့ပတ်သက်တဲ့ ကျွန်တော့်ဖြတ်သန်းမှုတွေ အမြင်တွေက Days Of Being Wild ထဲက လတ်စလီချောင်ကာရိုက်တာလို ဖြစ်မှန်းမသိဖြစ်လာတဲ့နောက် Days Of Being Wild ကို ပြန်ကြည့်မိပြီးတဲ့နောက် ဝေါင်ကာဝေးထဲ အကြိုက်ဆုံးက Days Of Being Wild ဖြစ်သွားခဲ့တယ်။ တချို့အနုပညာလက်ရာတွေအပေါ် ခံစားမှုတစ်ခုသေချာရနိုင်ဖို့က ဖြတ်သန်းမှုလိုတယ်လို့ ကျွန်တော်တော့ သေချာတယ်။ Rhapsody in August ရဲ့ ဇာတ်လမ်းက ဒုတိယကမ္ဘာစစ်အပြီး နှစ်ပေါင်းများစွာကြာတာတောင် ဒုတိယကမ္ဘာစစ်ကို မျက်မြင်ကြုံခဲ့ရတဲ့ ဂျပန်လူမျိုးတွေအတွက် နာဂါဆာခိနဲ့ ဟိရိုရှိမကို အနုမြူဗုံးကြဲခံခဲ့ရတာက ထရော်မာတစ်ခုဖြစ်နေတုန်းဆိုတာကို ပြထားတဲ့ရုပ်ရှင်လို့ပြောရမယ်။ ဒါကို သူက မျက်မှောက်ခေတ်ရဲ့ ဂျပန်ရဲ့တိုးတက်မှုအပြောင်းအလဲနဲ့ လူကြီးတွေနဲ့ လူငယ်တွေကြားက အမေရိကန်အပေါ် အမြင်ကွဲလွဲကြပုံတွေ၊ လူကြီးတွေနဲ့ လူလတ်တွေ လူငယ်တွေ သဘောထားကွဲလွဲကြပုံတွေနဲ့ တည်ဆောက်ထားတယ်။ အမေရိကန်နိုင်ငံနဲ့ အမေရိကန်လူမျိုးတွေနဲ့လည်း တိုက်ရိုက်ချိတ်ဆက်ထားတယ်။ ရစ်ချက်ဂီရိတောင် ဧည့်သည်သရုပ်ဆောင်လုပ်ထားပေးတယ်။ ပြောရရင် ဟိရှိရှိမရဲ့ဝေဒနာကို ရိုက်ထားတဲ့ Hiroshima Mon Amour က ရှိပြီးသားဆိုတော့ နာဂါဆာခိရဲ့ဝေဒနာကိုရိုက်ထားတဲ့ ဒီကားပါပေါင်းလိုက်ရင် အနုမြူဗုံးဒဏ်ခံခဲ့ရတဲ့ မြို့၂မြို့ရဲ့‌ဝေဒနာတွေ မြင်ရတာစုံသွားပြီပြောရမယ်။ Hiroshima Mon Amour လောက်တော့ ဒီကားက ကဗျာမဆန်ပေမဲ့ မျက်မှောက်ခေတ်ကိုရော အတိတ်သမိုင်းကိုပါ ပြထားတာမို့ သူ့နည်းသူ့ဟန်နဲ့တော့ မညံ့တဲ့ ရုပ်ရှင်လို့ပြောရမယ်။ အစောကပြောခဲ့သလို ကိုယ့်အပြစ်ကိုချန်လှပ်ခဲ့ပြီး သူများအပြစ်ကိုပဲ ထောက်ပြထားတာကို အားနည်းချက်လို့ဆိုချင်ဆိုလို့ရပါတယ်။ ဒါပေမဲ့လည်း ဂျပန်ရုပ်ရှင်တစ်ကားမှာ အနုမြူဗုံးကြဲခဲ့ရတဲ့အတိတ်ကို ခါးသက်တဲ့သမိုင်းတစ်ခုအဖြစ် ပုံဖော်ထားတာကိုတော့ ကျွန်တော်တော့ အလွန်လို့မြင်ပေးလို့မရပါဘူး။ မှန်တာမှားတာထက် သူတို့ရုပ်ရှင်ဟာ သူတို့အမြင်အတိုင်းဖြစ်နေဖို့ပိုလိုလိမ့်မယ်မြင်တယ်။ ဒီတော့ ဖြစ်သင့်တဲ့ကိစ္စပါပဲ။ Rhapsody in August ဟာ သတိရနေသေးရင် စစ်ကြီးက ဘယ်တော့မှ မပြီးသွားဘူးဆိုတဲ့အကြောင်းပါပဲ။ မီးလုံးကြီးတွေ ကောင်းကင်ယံထိ လျှံတက်ခဲ့တဲ့ ဩဂတ်စ်လရဲ့ အဆွေးသီချင်းတစ်ပုဒ်ကလည်း ဘယ်တော့မှ အဆုံးသတ်မသွားသလိုပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.05GB, 995MB Quality – 1080p, 720p IMDb Rating – 7.2/10 Format – mp4 Duration – 1H 38Min Genre – Drama, War Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Thriller • Mystery
7.2 1991 98 mins
Rhapsody in August
White Tiger
5.7

White Tiger (2012) ******************* ဒီတင့်ကတော့ ဂျာမန်တို့ရဲ့ White Tiger ဆိုတဲ့တင့်ပါ…. M4 Sherman တွေကို အားပါတရဖျက်ဆီးပြသွားတာ ကြည့်ဖူးတဲ့သူတွေသိမှာပါ] တစ်စီးတည်းက ဖျက်ဆီးသွားတော့ ရုရှားတင့်တပ်က အကြီးအကဲတွေနဲ့ နည်းပညာသမားတွေအတွက်တော့ တကယ့်သွေးပျက်စရာပါပဲ… ပျောက်ကျားစစ်ပုံစံဆင်နွဲနေတဲ့ ဒီ White Tiger ကြီးကြောင့် များစွာအထိနာနေတဲ့ရုရှားတွေဟာ တန်ပြန်တိုက်ခိုက်ဖို့ တင့်တပ်ဖွဲစီစဉ်ပါတော့တယ်.. ဒီအထဲမှာတော့ အတွေ့အကြုံများစွာရှိနေတဲ့ တင့်ကား(၁၅)စီးတိုက်ခိုက်ခံရစဉ် မသေဘဲ ကျန်ရစ်ခဲ့တဲ့ ယာဉ်မောင်းတစ်ဦးကို ခေါင်းဆောင်ခန့်ပြီး တိုက်ခိုက်ဖို့ကြံရွယ်ကြတယ်… ကိုင်း သူတို့အောင်မြင်မလားဆိုတာကိုတော့…ဇာတ်ကားထဲမှာ ဆက်လက်စောင့်ကြည့်လိုက်ပါဦး တင့်ကား စစ်ကားတွေမှ သဘောကြတဲ့သူတွေအတွက် ကားကောင်းတစ်ကားဖြစ်လို့ ခံစားကြည့်လိုက်ပါဦး…. File Size : 2.49GB / 1.01GB Quality : WEB-DL 1080p 5.1ch / 720p Duration : 01:44:00 Genres : Action, Adventure, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by Zwel Zan Aung Encoded by Heather Oo

Comedy • Drama • Romance
5.7 2012 105 mins
White Tiger
Souleymane’s Story
7.7

Original title: L’histoire de Souleymane အကြောင်းအမျိုးမျိုးနဲ့ ကိုယ့်နိုင်ငံမှာအဆင်မပြေလို့ တိုင်းတစ်ပါးကို ပြောင်းရွှေ့ရတော့မယ်ဆိုရင် အခက်အခဲတွေဆိုတာက အနည်းနဲ့ အများတော့ကြုံရစမြဲပါပဲ။ကိုယ်ပြောင်းရွှေ့ထားတဲ့နိုင်ငံမှာ အလုပ် လုပ်ဖို့အခက်အခဲရှိကြသူတွေရှိသလို နေထိုင်ဖို့အခက်အခဲဖြစ်ကြ သူတွေလည်းရှိပါတယ်။ ဒီလိုရွှေ့ပြောင်းလုပ်သားတွေရဲ့ အခက်အခဲတွေကိုမျက်စိထဲကွင်းကွင်း ကွက်ကွက်မြင်သာလာအောင် တောင်အာဖရိက ဂင်နီကနေ ပြင်သစ်ကို ပြောင်းရွေ့လာခဲ့တဲ့ ဆူလေမန်ဆိုတဲ့လူတစ်ယောက်နဲ့နှိုင်းယှဉ်ပြီး ရိုက်ကူးပြသထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားကို တင်ဆက် ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Souleymane’s Story ဖြစ်ပြီး IMDb Rating ကလည်း 7.7 အထိရရှိထားတဲ့အတွက် အချိန် ပေးရကျိုးနပ်စေပြီး ရင်ထဲမှာတစ်ခုခုထင်ကျန်စေမှာတော့အသေအချာ ပါပဲ။ ဆူလေမန်က ပြင်သစ်ကိုပြောင်းရွှေ့လာခဲ့ပြီးနောက်မှာ ခိုလှုံခွင့်တောင်းဖို့ ကြိုးစားခဲ့ပါတယ်။လက်ရှိမှာတော့ နိုင်ငံသားတစ်ယောက်အနေနဲ့ တရားဝင် အလုပ်လုပ်လို့မရသေးတဲ့အတွက် အလုပ်လုပ်ခွင့်ရပြီးတဲ့လူရဲ့အကောင့်ကို ငှားပြီး Food Panda Rider လိုမျိုး စက်ဘီးတစ်စီးနဲ့စားစရာတွေလိုက်ပို့ ပေးနေခဲ့ပါတော့တယ်။သူများကိုအားကိုးပြီးအလုပ်လုပ်ရတာဖြစ်တဲ့ အတွက် သူရှာတဲ့ပိုက်ဆံသူအကုန်မရဘဲ ဝေစုတော်တော်များများကို အကောင့်ပိုင်ရှင်ကိုပေးနေရပါသေးတယ်။ဒါပေမယ့် ဒါတွေအားလုံးက သူခိုလှုံခွင့်ရသွားတဲ့အခါကျရင်တော့ အဆင်ပြေသွားမှာပါဆိုတဲ့အတွေးနဲ့ ဆူလေမန်တစ်ယောက် အံကြိတ်ပြီး အားတင်းကာ ဆက်လုပ်ကိုင် နေခဲ့တာဖြစ်ပါတယ်။သဘက်ခါကျရင် သူ့ခိုလှုံခွင့်အင်တာဗျူးဖြေရ တော့မှာဖြစ်တဲ့အတွက်‌ အေးဂျင့်သဘောလိုမျိုးလူတွေနဲ့ချိတ်ပြီး သူ့ကို လက်ခံပေးနိုင်လောက်မဲ့ မျက်ရည်ခြူဇာတ်လမ်းတွေကိုလည်း ကြိုတင် ကျက်ထားရပါသေးတယ်။ဒီလိုနဲ့ သဘက်ခါမတိုင်မှီ ဆူလေမန်ရဲ့ ခက်ခက် ခဲခဲဘ၀ကိုဖြတ်သန်းနေရပုံနဲ့ တကယ်တမ်းခိုလှုံခွင့် အင်တာဗျူးဖြေတဲ့ အခါ သူ့အားထုတ်မှုတွေက အရာထင်ပါ့မလား သူလိုချင်တဲ့ ခိုလှုံခွင့်ကို ရော ရသွားမလားဆိုတာတွေကို စိတ်ဝင်စားစရာရှုစားရမဲ့ ဇာတ်ကား ကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File size… (1.52 GB) / ( 1.03GB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 33m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

History • Drama • Adventure
7.7 2024 92 mins
Souleymane’s Story
The Sound of Waves
5.9

The Sound of Waves (2023) ဇာတ်ကားကတော့ ခံစားချက်တွေနဲ့ပြည့်နေတဲ့ပုံစံနဲ့ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းကတော့ဇာတ်သရုပ်ဆောင်မင်းသမီးနဲ့ ဇာတ်ညွှန်းရေးဆရာဖြစ်တဲ့ အရင်ရည်းစားဟောင်းတို့ရဲ့ ဇာတ်လမ်းပါ။သူတို့ပြောတဲ့စကားတွေကလက်တွေ့ ကျပြီးတော့ တစ်ခြားတစ်ဖက်ကကြည့်မယ်ဆိုရင်လည်းစိတ်နာဖို့ကောင်းပါတယ်။ ဇာတ်လမ်းက ရိုးရှင်းပေမဲ့ ခံစားမှုတွေအနေနဲ့ သေချာလိုက်ကြည့်မယ်ဆိုရင်တော့ နက်နဲပါတယ်။ အချစ်၊ စိတ်ခံစားချက်တွေ အဆင်မပြေမှုတွေ နဲ့ မျှော်လင့်ချက်တွေပြန်ပြီးပေါက်ဖွားလာတာတွေကိုရိုက်ပြထားပါတယ် ။ သရုပ်ဆောင်တာကတော့ ပုံမှန်အနေအထားလောက်ပါပဲ စကားပြောတွေကတော့တကယ့်လက်တွေ့ဘဝတွေ့မှာဖြစ်လေ့ဖြစ်တဲ့ရှိတဲ့အကြောင်းတွေပါပဲ။ ကြီးကြီးမားမားမရှိပေမယ့် စိတ်ခံစားချက်တွေကိုခံစားတတ်တဲ့သူတွေအနေနဲံတော့ ကြည့်လို့ကောင်းမယ့်ဇာတ်ကားတစ်ကားပါပဲ။ File size… 1.2 GB / 500 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 17m Genre ….. Romance / Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Banyar Aung

5.9 2023 77 mins
The Sound of Waves