YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

The Punisher.2019.Se2 Ep3.WEB-DL.720P.PP(CM).mp4

300.24 MB 720p video/mp4 2109 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Sin City
7.4

ဇာတ်လမ်းလေးပုဒ်ပါတယ်။အဲ့ဒီလေးပုဒ်လုံးရဲ့ Time Lineကဆက်နေတယ်။ဘာကအရင် ဘာကနောက်ဆိုတာကိုတော့ ပရိတ်သတ်ကို Mind Blowningလုပ်ဖို့ချန်သွားတယ်။ ဒါကလည်း အရသာတစ်မျိူးပါပဲ။ နံပါတ်၂ဇာတ်လမ်းဆို ကျွန်တော်ဖတ်ဖူးတဲ့ဘာသာပြန် ၀တ္တုတစ်ပုဒ်ကိုတောင် သတိရစေတယ်။ မောင်မိုးသူရဲ့သေနေ့။ အဲ့ဒီ၀တ္တုထဲမှာ ရောဂါနဲ့သေတော့မယ့်အမျိုးသမီး တစ်ယောက်က သူ့ကိုယ်သူသတ်ဖို့ တစ်ဆင့် လူသတ် သမားငှားထားတယ်။ ဘယ်သူလဲ သူမသိရဘူး။ ရောဂါရှိတယ်ဆိုတာကမှားနေတော့ လူသတ်သမားလက်က သူပြေးဖို့ဖြစ်လာတယ်။ ဒီထဲက Customer always Rightဆိုတဲ့အပိုင်းဟာ အဲ့ဒီ၀တ္တုကို တခြားအမြင်ကပြထားသလိုပါပဲ။ Customer Always Rightက အတော်အနုပညာ ဆန်သလို ကျန်တဲ့ သုံးပိုင်းကလည်း မနုံနဲ့ဘူး။ Crimeကားတွေကြိုက်တဲ့လူဖြစ်ဖြစ် Actionကားတွေကြိုက်တဲ့လူဖြစ်ဖြစ် ဇာတ်အိမ်ဆန်းတာတွေ ကြိုက်တဲ့လူဖြစ်ဖြစ်မကြည့်ရသေးလို့ ကြည့်ပြီးရင်တော့ . . . လွန်ခဲ့တဲ့ဆယ့်ငါးနှစ်ကထွက်ခဲ့တဲ့ ရုပ်ရှင်ကို ဆယ့်ငါးနှစ်လုံးမကြည့်ခဲ့မိလို့ နောင်တ ရမယ့်ရုပ်ရှင်မျိုးပါပဲ။ Sin City အဆက်အနေနဲ့ Sin City: A Dame to Kill For (2014) ဆက်လက်ထွက်ရှိခဲ့ပြီး ဒီမှာ https://channelmyanmar.org/sin-city-a-dame-to-kill-for-2014/ ကြည့်ပါ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်တင်ဆက်ထားသူကတော့ WiRa Aung ဖြစ်ပါတယ်။) File size…(4.8 GB)/(2 GB) Quality….BluRay(Unrated.Recut.Extended Version)1080p HEVC/720p Format…mkv/mp4 Duration….02:21:45 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by WiRa Aung

Adventure • Comedy • Family • Fantasy
7.4 2005 124 mins
Sin City
Hidden Blade
6.6

အားလုံးစောင့်မျှော်နေတဲ့ Tony Leung နဲ့ Wang Yi bo ရဲ့ နာမည်ကြီးရုပ်ရှင်ဇာတ်ကားကြီး Hidden Blade ကိုCMကနေတင်ဆက်ပေးလိုက်ပါပြီ။ ဇာတ်လမ်းအကျဉ်းလေးကတော့ဒုတိယကမ္ဘာစစ်အတွင်း မျိုးချစ်စိတ်အပြည့်ရှိတဲ့ပြည်သူတစ်စုဟာ ဂျပန်ဆန့်ကျင်ရေး တော်လှန်ရေးအဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့တယ်။ ပုလဲဆိပ်ကမ်းကိုဂျပန်တွေတိုက်ခိုက်ပြီးနောက် ရုပ်သေးအစိုးရဖြစ်တဲ့ဝမ်းအစိုးရက အမေရိကန်မဟာမိတ်တပ်ကိုစစ်ကြေညာပြီး ဂျပန်နောက်ကိုလိုက်ခဲ့ပါတယ်။ အဲဒီနောက်မှာ ဂျပန်တွေကရှန်ဟိုင်းတစ်နယ်လုံးကိုသိမ်းပိုက်ခဲ့တယ်။ စစ်ရေးအခြေနေတွေပြောင်းလဲလာတာနဲ့အမျှ တရုတ်နိုင်ငံကလဲ ခံစစ်အနေအထားကိုပြောင်းလဲသွားပြီး တရုတ်ကွန်မြူနစ်အဖွဲ့ဝင်တွေက ဂျပန်ကိုတော်လှန်ပြီး နိုင်ငံတော်ကိုကာကွယ်တဲ့အချိန်ကာလကိုရိုက်ကူးထားတာပဲဖြစ်ပါတယ်။ Tony Leungရဲ့သရုပ်ဆောင်ချက်တွေကတော့ ထုံးစံအတိုင်းပြောစရာမရှိအောင်ပြည့်စုံပါတယ်။ ဒီကားမှာ Yi bo ရဲ့သရုပ်ဆောင်စွမ်းရည်ကိုချီးကျူးထားကြတော့ ဘယ်လိုပဲဖြစ်ဖြစ်ကြည့်ဖို့သင့်ပြီမဟုတ်လား အဝတ်အစားပိုင်း Cinematography စတာတွေကလဲအရမ်းကိုကျေနပ်စရာကောင်းပါတယ် အများကြီးမပြောတော့ပါဘူး ကြည့်ပြီးရင်စိတ်ကျေနပ်မှုရမှာပါလို့ပဲပြောပါရစေနော် [ Reviewed By Nu Moon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Drama , History , Mystery Runtime : 2h 8 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Action • Drama • Romance
6.6 2023 128 mins
Hidden Blade
Red Tails
6.5

Red Tailsဟာ STARWAR , Indiana Jonesတို့ရဲ့ ပဲ့ကိုရှင် LEGENDကြီး ဂျော့လူးကပ်စ်ရဲ့ lucas filmကို ဒစ္စနေးကို မရောင်းပစ်ခင် လူးကပ်စ် နောက်ဆုံး လွတ်လွတ်လပ်လပ် စီစဉ်ထုတ်ဝေခဲ့တဲ့ ရုပ်ရှင်ပါ။ သူကိုယ်တိုင် ဒီဇာတ်ကို အစပြုခဲ့တာလည်း ဟုတ်ပါတယ်။ Red Tailsကို လူးကပ်စ်ဟာ ၁၉၈၈လောက်မှာ သူ့သူငယ်ချင်းဆီကနေ Tuskegee လေတပ်သားတွေအကြောင်းကြားရတော့ စပြီး ရိုက်ဖို့လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ဟိုလုပ် ဒီလုပ်နဲ့ ၂၀၁၂မှ ထွက်လာပါတယ်။ ဂျော့လူးကပ်စ်လည်း တစ်ချို့နေရာတွေရိုက်ခဲ့ပေမဲ့ အများစုကိုတော့ Anthony Hemingway ကိုပဲ လွှဲပေးထားခဲ့ပါတယ်။ ဇာတ်ကြောင်းကတော့ Tuskegee airmenလို့ခေါ်တဲ့ အာဖရိကန် အမေရိကန်ပိုင်းလော့ တွေရဲ့ ဒုတိယကမ္ဘာစစ်အတွင်း လေသူရဲလုပ်ခဲ့တဲ့အကြောင်းကို ရိုက်ထားတာပါ။ လူမဲတွေကိုနေရာမပေးချင်တာတွေ လူမျိုးရေးတွေကြားကနေ လေသူရဲအစစ်တွေ ဖြစ်လာပြီး ဘာလင်ကိုပါ ဗုံးကြဲရာမှာ ပါဝင်ခဲ့တဲ့ ပထမဆုံးလူမဲပိုင်းလော့တွေအကြောင်းပါ။ တကယ့်ဖြစ်ရပ်ပေါ်အခြေတည်ပြီး စိတ်ကူးယဉ်ဇာတ်ကောင်တွေနဲ့ ပေါင်းစပ်ရိုက်ကူးထားပါတယ်။ ကောင်းကွက်နဲ့ဆိုးကွက်တော့ရှိပါတယ်။ ဆိုးကွက်ကတော့ ဒီရုပ်ရှင်ကိုဝေဖန်တဲ့ သူတော် တော်များများက saving the private ryanလို ဒရာမာပိုထည့်သင့်တယ်ပြောကြပါတယ်။ လေကြောင်းတိုက်ခိုက်ခန်း အကြမ်းကြီးတွေချည်း ဆက်တိုက်ထည့်ပြီး ဒရာမာတို့ ဇာတ်ကောင်chemistryတို့က ပါတယ်ဆိုရုံလေး ဗြုန်းစားဆန်ဆန်ကြီးထည့်သွင်းထားတာပါ။ ကောင်းကွက်ကတော့ လေကြောင်းတိုက်ခန်းတွေ အများကြီးပါတဲ့ကားတွေကို ကြည့်ချင်တဲ့ သူတွေအတွက် တော်တော်လေးကောင်းမှာပါ။ ဂိမ်းဆော့သလိုကို ခဏနားလိုက် ချပြလိုက် ခဏနားလိုက် ချပြလိုက် ဆက်တိုက်ကိုဆော်နေတာပါ။ မက်ဗရစ်လို စိတ်ထင်ရာလုပ် မောင်းချင်သလိုမောင်း အမိန့်မနာခံတဲ့ ပိုင်းလော့လည်းပါတဲ့အတွက် သူ့ရဲ့ အကြမ်းစားအခန်းတွေ တော်တော်များပါတယ်။ သို့ပေမဲ့ realityလည်း ပိုကျပါတယ်။ သရုပ်ဆောင်တွေကတော့ မူလ war machine ဖြစ်တဲ့ Terrence Howard , Men of Honor နဲ့ Gladiatorနဲ့ Jerry Maguireတို့က Cuba Gooding Jr, ဘလက်ပန်သာထဲက Erik Killmonger ဖြစ်တဲ့ Michael B. Jordan တို့အပါအဝင် တခြားနာမည်ကြီး လူမဲသရုပ်ဆောင်တွေအများကြီးကို သုံးထားပါတယ်။ Red Tailsဟာ စစ်ကားကောင်းကောင်း လေတပ်ကားကြမ်းကြမ်း ချခန်းပစ်ခန်း တစ်ပိဿနဲ့ ကြည့်ချင်တဲ့သူတွေအတွက် လူးကပ်စ်ကြီး နောက်ဆုံးထုတ်ပေးခဲ့တဲ့ ရုပ်ရှင်ပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ WiRa Aung ဖြစ်ပါတယ်) File Size..........(1.71 GB) / (853 MB) / (584 MB) Quality............BluRay 1080p / 720p / 480p Duration.........2Hrs 05mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Drama, History Translator.......WiRa Aung Encoder..........SWM

Action • Science Fiction
6.5 2012 125 mins
Red Tails
Charlie's Angels
6.5

ချာလီ နှင့် နတ်သမီးလေးများကို ၂၀၀၀ ခုနှစ်က ကြည့်ရှုခဲ့ကြတာကို မှတ်မိကြအုံးမယ်ထင်ပါတယ်.... ၁၉ နှစ်ကြာပြီးနောက် ဒီ Charlie's Angels (2019) မှာတော့ ချာလီ သေဆုံးပြီးနောက်ကို ဇတ်အိမ်တည်ထားပါတယ် ချာလီ မရှိတော့ပေမဲ့ နတ်သမီးလေးများ အဖွဲ့ဟာ ခေါင်းဆောင်ကောင်းတွေ လက်အောက် မှာ ဆက်လက် တိုးတက် ဖွံ့ဖြိုးရင်း နိုင်ငံအကျိုး သယ်ပိုးလျက်ရှိပါတယ် ဒီတစ်ခေါက်မှာတော့ သိပ္ပံပညာရှင်မလေး အယ်လီနာ တီထွင်ထားတဲ့ လျပ်စစ်နည်းပညာ ဖော်မြူလာ တစ်ခု ခိုးယူခံရတဲ့ ကိစ္စ နှင့် ပက်သက်၍ ချာလီ ရဲ့ နတ်သမီးလေးတွေက ပူးပေါင်းကူညီရမယ့် ကဏ္ဍ ရောက်ရှိလာပါတယ် ရုပ်ရှင်ကားကို Little Neo မှ ဘာသာပြန်ပေးထားပြီး Thit San Khant မှ တင်ဆက်ပေးထားပါတယ်

Comedy
6.5 2019 118 mins
Charlie's Angels
Million Dollar Man
5.4

Million Dollar Man (2018) ====================== (Kenshin နဲ့ Death Note ထဲက ဇာတ်လိုက်ခေါင်းဆောင်မင်းသား နှစ်လက်ပါဝင်ထားတဲ့ ဇာတ်ကားကောင်းလေး လာပါပြီ) ထီဆုကြီးပေါက်ရင် ဘာလုပ်ချင်လဲ။ ဇိမ်ခံပစ္စည်းတွေဝယ်ချင်လား။ ရှိသမျှမုန့်တွေ လျှောက်ဝယ်စားချင်လား။ အပန်းဖြေခရီးတွေထွက်ပြီး အေးဆေးနှပ်ချင်လား။ ကျွန်တော်တို့ဘဝမှာ အနည်းဆုံးတစ်ကြိမ်လောက်တော့ ထီပေါက်ရင်ဆိုတဲ့ အိပ်မက်ကိုမက်ပြီး စိတ်ကူးနဲ့ ရူးခဲ့ရတဲ့အချိန်တွေ ရှိခဲ့ကြမှာပါ။ တွေးကြည့်ရင် ငွေဆိုတဲ့ဘုရားက လူသားတွေကို အမျိုးမျိုးစေခိုင်းနိုင်တာနော်။ တစ်ဘဝလုံး ငွေနောက်ကိုပဲလိုက်ရင်း ဘဝပျော်ရွှင်မှုအစစ်အမှန်က ဘာလဲဆိုတာမသိတော့တဲ့သူတွေ၊ “ငွေ”ဆိုတဲ့ အဆုံးအစ မရှိတဲ့ ကိန်းဂဏန်းတန်ဖိုး သတ်မှတ်ချက်တွေအတွက် ပျော်တော်ဆက်ရင်း ဘဝနေဝင်သွားကြတဲ့သူတွေကို တွေ့မိတဲ့အခါမျိုးမှာ ခဏတာသံဝေဂရမိပေမယ့် သူနဲ့ကင်းကွာပြီးမနေနိုင်ပြန်တော့ ဒီငွေနတ်ဘုရားရဲ့ ကျေးကျွန်ဘဝနဲ့ထာဝရ ခြေချုပ်မိနေကြတာပေါ့။ အခု ဒီကားထဲက ဇာတ်လိုက်ကတော့ အကြွေးနွံထဲ နစ်မွန်းနေတဲ့ဘဝကနေ (ယန်း)သန်း ၃၀၀ ထီဆုကြီးထပေါက်ပြီး ဒီငွေကိုဘယ်လိုနည်းလမ်းနဲ့ အကောင်းဆုံးအသုံးချရမလဲဆိုတာ သူ့အချစ်ဆုံးသူငယ်ချင်းဆီ သွားတိုင်ပင်ပြီးနောက် နှစ်ယောက်သား ပါတီပေးအောင်ပွဲခံကြပြီး နောက်နေ့မနက်နိုးလာချိန်မှာတော့ သူ့ သူငယ်ချင်းနဲ့အတူ ထီပေါက်တဲ့ငွေတွေပါမရှိတော့ကို သိလိုက်ရပါတယ်။ နေ့ချင်းညချင်း မီလျံနာဘဝက သုညဘဝကို ပြန်ရောက်သွားတော့မယ့့် အခြေအနေမှာ အပူတပြင်း သန်း ၃၀၀ ရှာပုံတော်ဖွင့်ရင်း ခရီးစဥ်တစ်လျှောက်မှာ လူမျိုးမျိုးနဲ့ တွေ့ခဲ့ရပြီးနောက် ငွေဆိုတာဘာလဲဆိုတဲ့ သင်ခန်းစာနဲ့အတူ လောကမှာ တချို့အရာတွေကို ငွေဘယ်လောက်ပုံပေးပေး ဝယ်မရဘူးဆိုတာကို နားလည်သဘောပေါက်သွားကြောင်း ရိုက်ပြထားတဲ့ဇာတ်လမ်းပါပဲ။ တချို့အခန်းတွေမှာဆိုရင် နာကျင်စရာကောင်းတဲ့ အမှန်တရားကို မီးမောင်းထိုးပြသွားတဲ့ ဒိုင်ယာလော့တွေကြောင့် ငိုင်သွားရတာတွေလည်း အများကြီးပါပါတယ်။ ဇာတ်လမ်း ပြီးသွားတဲ့အချိန်မှာလည်း တွေးစရာတွေအများကြီး ကျန်ခဲ့တာမို့ ကြည့်ရတာတန်မယ်လို့ ထင်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moe Pwint Phyu ပဲ ဖြစ်ပါတယ်။ Genre….. Drama, Mystery Quality…. 1080p | 720p | 480p File size… 2.1GB | 1.1GB | 485MB Format… mp4 Duration…. 1h 56min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Moe Pwint Phyu Encoder ….. August

Animation • Drama • Fantasy • Romance
5.4 2018
Million Dollar Man
Never Back Down 2: The Beatdown
5.7

IMDb – 5.7 တိုက်ခိုက်ရေးကားခပ်ကြမ်းကြမ်းလေးတွေကိုမှ အားရ သဘောကျကြတဲ့ CM ပရိသတ်တွေအတွက် 2008 က ထွက်ခဲ့တဲ့ Never Back Down ရဲ့ အဆက်ဖြစ်တဲ့ The Beatdown ကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ မတူညီတဲ့ပြဿနာတွေရှိတဲ့ နောက်ခံပတ်ဝန်းကျင်ကနေလာတဲ့ တိုက်ခိုက်ရေးသမားလူငယ်လေးနှစ်ယောက်၊ The Beatdown ဆိုတဲ့ မြေအောက်တိုက်ပွဲတစ်ခုမှာဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ဆရာကောင်းတစ်ယောက်ဆီမှာ တပည့်ခံဖို့အတွက် MMA fighter ဟောင်း ကေ့စ် ဝေါကာ (Michael Jai White) ဆီကိုရောက်လာကြပါတယ်။ ကေ့စ်ကလည်းအရင်က ကျွမ်းကျင်တဲ့တိုက်ခိုက်ရေးသမားတစ်ယောက် ဖြစ်ခဲ့ပေမဲ့ အတိတ်ကဖြစ်ရပ်တွေကြောင့် ထောင်ကျသွားပြီး ပြန်လွတ်လာခဲ့တာပါ။ ဒီလိုနဲ့ ကေ့စ်လေ့ကျင့်ပေးနေတဲ့ လူငယ်နှစ်ယောက်အပါအဝငါ လူငယ်လေးယောက်ကို အတူလေ့ကျင့်ပေးပါတော့တယ်။ ဒီလိုနဲ့ပဲ Beatdown ပွဲနေ့မရောက်ခင်မှာတော့ ကေ့စ်ကို လက်နက်ကိုင်ဆောင်မှုနဲ့ ရဲကဖမ်းသွားခဲ့ပြီး သူ့ရဲ့တပည့်တွေက ကေ့စ်ကိုအကွက်ချသွားတဲ့လူကိုဘယ်လို ပြန်ပြီးလက်စားချေဆုံးမကြမလဲဆိုတာကို ဆက်လက်ကြည့်ရှုပေးကြပါဦးဗျ။ တိုက်ခိုက်ခန်းတွေကလည်း အရမ်းလန်းတဲ့အပြင် တိုက်ကွက်တွေကလည်း အစစ်အမှန်ဆန်တာမလို့ တိုက်ခိုက်ရေးကား တွေကိုလွမ်းနေတဲ့လူတွေအကြိုက်တွေ့မှာ အသေအချာပါပဲ။ File size…2.36 GB / 999.8 MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 39m Genre ….. Action , Drama , Sport Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tmmt

5.7 2011
Never Back Down 2: The Beatdown
You Can’t Escape Me
5.6

တက်သစ်ပန်းချီဆရာမတစ်ဦးဖြစ်သူ အယ်ရင်ကာဗာနဲ့ ရှေ့နေတစ်ဦးဖြစ်သူ ဂျဲရက်ကာဗာတို့ဟာ အိမ်ထောင်ကျခါစလင်မယားတွေပါ။ ဂျဲရက်ဟာ တရားသူကြီးမျိုးရိုးထဲက ဆွေးကြီးမျိုးကြီးတစ်ယောက်ဖြစ်ပေမယ့် အယ်ရင်ကတော့ မိဘနှစ်ပါးလုံးဆုံးပါးသွားပြီဖြစ်ပြီး ကိုယ့်ဒူးကိုယ်ချွန်ဖို့ကြိုးစားနေရတဲ့ ပန်းချီဆရာမတစ်ယောက်ပါ။ ဂျဲရက်ဟာ မိန်းမဖြစ်သူအပေါ်ကိုအရမ်းချုပ်ချယ်ပြီး အချိန်ပြည့် သူ့စိတ်တိုင်းကျ သူထားလိုရာမှာထားလို့ရမဲ့ အရုပ်တစ်ခုအဖြစ် လွှမ်းမိုးချုပ်ကိုင်ချင်သူတစ်ယောက်ပါ။ အိမ်ထောင်ကျပြီးနောက်ပိုင်း ယောင်္ကျားဖြစ်သူရဲ့ မနာလို၀န်တိုမှုကြီးမားပုံတွေ၊ အဆိပ်အတောက်ဆန်တဲ့ အပြောအဆို အပြုအမူတွေ၊ အိမ်တွင်းအကြမ်းဖက်မှုတွေကို အယ်ရင်တစ်ယောက် တွေ့ကြုံခံစားလိုက်ရတဲ့အခါမှာတော့ သူ့သူငယ်ချင်းရဲ့အကူအညီနဲ့ ပေါ့လန်းမြို့ကိုပြောင်းပြေးဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ပေါ့လန်းမြို့မှာ အခြေချပြီး ၅လအကြာမှာတောင် အယ်ရင်တစ်ယောက် မလုံခြုံသေးတာကို သိလိုက်ရတဲ့နောက်မှာတော့ သူခံစားနေရတဲ့စိတ်ဒဏ်ရာတွေ၊ ခြိမ်းခြောက်မှုတွေကနေ ဘယ်လိုရုန်းထွက်ဖို့ကြိုးစားမလဲ၊ ဂျဲရက်သူ့မျက်စိရှေ့ကိုပြန်ရောက်လာခဲ့ရင် ပြန်ရင်ဆိုင်ဖို့ရာသူဘယ်လိုကြိုးစားမလဲ၊ ဂျဲရက်ရဲ့လက်ထဲကနေရော သူလွတ်မြောက်နိုင်ပါ့မလားဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ Format…mp4 Duration….01:30:00 Genre…TV Movie, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

Drama • Romance
5.6 2023
You Can’t Escape Me
Alien Invasion

Lyra‌မွေးနေ့အတွက် သူငယ်ချင်းတစ်စုဟာ Lyraအိမ်ကို ရောက်ရှိလာကြပါတယ်။ မွေးနေ့ပါတီမှာ ဂိမ်းကစားရင်း ‌အလောင်းအစားနဲ့ ဘေးအိမ်ကရေကူးကန်မှာ ရေကူးကြဖို့ စိန်ခေါ်ကြပါတယ်။ လျှို့ဝှက်ချက်တွေပြည့်နှက်နေတဲ့ ဘေးအိမ်မှာ ရေခိုးကူးရုံတင်မက အဖွဲ့ထဲက ကိုစပ်စုက အိမ်ထဲကိုဖောက်ဝင်ပါတော့တယ်။ အိမ်ရဲ့မြေအောက်ခန်းမှာ သူတို့မထင်မှတ်ထားတဲ့အရာကို တွေ့ရှိကာ ပြန်ထွက်ဖို့ကြိုးစားပေမဲ့ အိမ်ရှင်လည်း ပြန်ရောက်လာတာကြောင့် ထွက်မရဘဲ ပိတ်မိနေပါတော့တယ်။ သူတို့ဘာဆက်လုပ်ကြမလဲ မြေအောက်ခန်းထဲမှာရှိနေတာကရောဘာလဲ ဘာအန္တရာယ်တွေကြုံရမလဲ ဆိုတာ ဆက်လက်ကြည့်ရှုကြပါဦးခင်ဗျာ။ File size…0.99GB / 383MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 13m Genre ….. Horror , Sci-fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jane

0 2023 73 mins
Alien Invasion
A Chinese Fairy Tale A Chinese Ghost Story
5.6

မိစ္ဆာမလေးနဲ့ ခပ်အအ လူငယ်လေးရဲ့ လောကတစ်ဖက်ခြား အချစ်ဇာတ်လမ်းလေးဟာ သိပ်ကိုလှပပြီး လွမ်းတရင်ဆို့ဖွယ်လေးပေါ့ဗျာ။ ကဝေမကြီးရဲ့ ထိန်းချုပ်မှုအောက်မှာ ယောက်ျားတွေကို မြူစွယ်လို့ ဝိညာဉ်အာဟာရ ရှာပေးရတဲ့ မိစ္ဆာမလေးတွေရဲ့ ဂန္ဓာလရာဇ် တစ်ထောင့်တစ်ညပုံပြင်လေးတစ်ခု။ ဒီဇာတ်ကားကို Joey Wong နဲ့ စတင်ရင်းနှီးခဲ့ရတာ။ လေပေါ်မှာလွင့်မြောနေပြီး ပိတ်စပါးပါးလေးတွေတလွင့်လွင့်နဲ့ သူ့ရဲ့အလှက ရွှေစင်ကို သကြားမင်းကိုယ်တိုင် ထုဆစ်ထားသလိုပါပဲ။ အဲဒီဇာတ်ကားဟာ သိပ်ကိုအောင်မြင်လွန်းလို့ ဟောင်ကောင်ရုပ်ရှင် ဂန္ထဝင်ဇာတ်ကား ၁၀၀ ထဲမှာ နံပါတ် ၅၀ ချိတ်ခဲ့တာပေါ့။ ဒါနဲ့ပဲ အဆက် ၂ ကား၊ animated ရုပ်ရှင်တစ်ကား၊ တီဗီ series တစ်ခုနဲ့ အခုတင်ဆက်ပေးမယ့် ၂၀၁၁ remake ဇာတ်ကားတို့ အဆင့်ဆင့်ရိုက်ကူးခဲ့ပါတယ်။ ဒီဇာတ်ကားမှာတော့ မကောင်းဆိုးဝါးမလေး စုစင်း နေရာမှာ Lui Yifei (ဂူးဂူး) ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဂူဂူးရယ်လို့ ထင်ရှားလှတဲ့ ကျွန်တော်တို့ရဲ့ အိပ်မက်မင်းသမီးလေးဟာ ဒီဇာတ်ကားမှာတော့ Joey Wong ရဲ့လောင်းရိပ်အောက်က ဖောက်မထွက်နိုင်ခဲ့ပါဘူး။ ဘယ်လိုပဲပြောပြော၊ မူလ A Chinese Ghost Story ရဲ့ဇာတ်ကွက်နဲ့ ကျောရိုးကိုဖောက်ထွက်ပြီး ရသအသစ်တွေကို ထပ်ပေးနိုင်တဲ့ကားဖြစ်ပါတယ်။ အချစ်မှာကန့်သတ်ချက်တွေမရှိဘူးဆိုကြပေမယ့် သဘာဝခြင်း ကွာခြားလှတဲ့လူသားနဲ့မိစ္ဆာလောက ၂ခုကြားမှာ လွမ်းမောဖွယ်အဖြစ် တည်ရှိနေမယ့် အချစ်တစ်ခုကိုမြင်တွေ့ရတာဟာ လက်တွေ့ဘဝတွေထဲမှာ အချစ်ကိုဖွေရှာခြင်းလို ရင်ကိုထိရှစေခဲ့ပါတယ်။ ဇာတ်လမ်းကတော့ အားလုံးသိထားပြီးသားပါ။ မကောင်းဆိုးဝါးမလေးတွေကို ကဝေမကြီးကထိန်းချုပ်ပြီးခိုင်းစား။ ခပ်အအ လူငယ်လေး သူတို့ဆီရောက်လာ။ စုစင်း နဲ့တွေ့။ ချစ်မိသွား။ စုစင်း က သူ့ကိုကာကွယ်။ တာအိုဆရာတွေနဲ့ ကဝေမကြီးနဲ့ချ။ နိုင်ချွေးစန် ဆိုတဲ့ ခပ်အအလူငယ်လေး ကဝေမကြီးလက်က စုစင်းရဲ့ ခန္ဓာကိုယ်ကို ခိုးယူပြီး ထွက်ပြေးကြတဲ့ဇာတ်လမ်းပါပဲ။ ကဲ။ သရဲကားကို စောင်ကိုက်ပြီး ကြည့်ကြရအောင်လား‌ဗျာ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ တင်ဆက်ထားပါတယ်)

Horror • Romance
5.6 2011
A Chinese Fairy Tale A Chinese Ghost Story
Oslo, August 31st
7.6

Oslo, August 31st (2011) ~ IMDb – 7.6/10, RT – 97%, Meta – 84% ~ ဟိုးအရင်နှစ်က အော်စကာရဲ့ အင်တာနေရှင်နယ်ဖီးချားမှာ ဆန်ခါတင်ဝင်ခဲ့ပြီး သူနဲ့အပြိုင်ကားက Drive My Car ဖြစ်နေတာကြောင့် ဆုမရသွားခဲ့တဲ့ The Worst Person in the World ကို သိကြမှာပါ။ The Worst Person in the World ရဲ့ ဒါရိုက်တာ Joachim Trier မှာ Oslo Trilogy ဆိုတဲ့ အော့စလိုမြို့နဲ့ဆက်စပ်နေတဲ့ ဘဝတို့အချစ်တို့အကြောင်း ရုပ်ရှင်သုံးကားရှိတယ်။ Reprise (2006), Oslo, August 31st (2011) နဲ့ The Worst Person in the World (2021) တို့ပါပဲ။ The Worst Person in the World (2021) ကို သဘောကျတဲ့လူတွေတော့ ဒီကားကို သဘောကျကြလိမ့်မယ်။ အကြောင်းအရာကတော့ The Worst Person in the World နည်းတူ ရိုးရိုးရှင်းရှင်းလေးပဲ။ သာမန်လူတစ်ယောက်ရဲ့ စိတ်ခံစားချက်တွေအကြောင်းပဲ။ ဒီထက် ဘာမှပိုမပါဘူး။ တစ်ခုရှိတာက သူ့တင်ပြပုံက ရိုးရိုးရှင်းရှင်းလေးနဲ့ကို ဇာတ်ကောင်ရဲ့ မရေရာခြင်းနောက်ကနေ သေချာတဲ့ ခံစားချက်တစ်ရပ်ပေးသွားတယ်။ TWPitW နဲ့ မတူတာက Olso Trilogy ပီသအောင်ပဲ အော့စလိုမြို့က အမှတ်တရတွေ အော့စလိုမြို့ရဲ့အရိပ်တွေအကြောင်း ပြထားတယ်။ TWPitW နဲ့တူတာက ဇာတ်ကောင်တွေရဲ့ စိတ်ခံစားချက်အမြင့်ဆုံးအချိန်တွေကို အော့စလိုရဲ့ လှပတဲ့နေရာတွေနဲ့ အမြဲတွဲပြသွားတာပါပဲ။ Trier ရဲ့ တခြားကားတွေနဲ့မတူဘဲ Olso မှာ ပြင်သစ်ဒါရိုက်တာ Louis Malle ရဲ့ ၁၉၆၃မှာထွက်ခဲ့တဲ့ The Fire Within ဆိုတဲ့ ရုပ်ရှင်ကို နည်းနည်းမှီးထားသလို Homage လည်း ပေးထားတယ်။ နောက် ဒီရုပ်ရှင်ရဲ့ ကျောရိုးကိုက Will o’ the Wisp ဆိုတဲ့ ပြင်သစ်စာအုပ်ကိုပဲ နည်းနည်းမှီးထားတယ်။ အဲဒီစာအုပ်ကတော့ သတ်သေဖို့ကြံထားတဲ့ အရက်စွဲနေတဲ့ စာရေးဆရာတစ်ယောက်က နောက်ဆုံးအနေနဲ့ သူနဲ့သူစိမ်းပြင်ပြင်ဖြစ်နေခဲ့တဲ့ သူချန်ရစ်ခဲ့တော့မယ့် ကမ္ဘာကြီးနဲ့လူတွေနဲ့ နောက်ဆုံးအနေနဲ့ တစ်ခေါက်လောက် ပြန်ချိတ်ဆက်ကြည့်တဲ့အကြောင်းပေါ့။ ဒီရုပ်ရှင်က ဒီလိုအကြောင်းအရာကိုပဲ ဆေးသမားတစ်ယောက်နဲ့ အော့စလိုမြို့ကို ပြန်ပြောင်းဖော်ပြထားတယ်။ ပြောရရင် ဒီရုပ်ရှင်က သမုဒ္ဒရာထဲ စုန်းစုန်းမြုပ်တော့မယ့်လူတစ်ယောက်က နောက်ဆုံးကောက်ရိုးလေးတစ်မျှင်ကို လှမ်းဆွဲကြည့်ခဲ့တဲ့အကြောင်းပေါ့။ ~~~~~~~~~~~~~~~~~~ မီးငှက်တစ်ကောင်သေဆုံးခြင်း မီးငှက်တစ်ကောင် ပြန်ရှင်နိုင်ဖို့ အရင် သေပေးရသတဲ့။ ဒီကမ္ဘာမှာတော့ တိမ်အဝါတွေဟာ ပြန်မရှင်နိုင်တော့တဲ့ မီးငှက်တို့ရဲ့အတောင်ပံတွေ။ ဘဝဟာ အက်စကိုးဘားပဲ ဒန်းပေါ်ထိုင်ရင်း ဒီပရက်ရှင်ဝင်လိုက် ပိုက်ဆံတွေ မီးထည့်လှုံလိုက် အဆုံးကျတော့လည်း အရာရာဟာ ဘာမှမဟုတ်နေပြန်လိုက် ဒီလိုပဲ ငါတို့ရှင်ခဲ့ရတယ်။ ဒုက္ခဟာ ဖြစ်နိုင်ခြေနည်းတဲ့ ကမ္ဘာကြီးကြောင့်လား ကြိုးစားမှုနည်းတဲ့လူတွေကြောင့်လား ငါကတော့ ဖြစ်နိုင်ခြေနည်းတဲ့ကမ္ဘာကြီးပေါ်က ကြိုးစားမှုနည်းခဲ့တဲ့လူတစ်ယောက်ပါပဲ။ ရယ်စရာကောင်းတဲ့ လျှို့ဝှက်ချက်တစ်ခုကတော့ သူ့အတိုင်း ဒုက္ခမှာ ဒူပေနာပေခံလာတဲ့ လူတွေဟာ မနက်ဖြန်ဟာ ဒီလိုနေ့မျိုးပဲဆိုတာကို လိမ်လည်ပစ်လိုက်ကြတာပါပဲ။ ဘယ်အရာမှာ ငါ ရှင်နေလဲ ကောင်းကောင်းသိပေမဲ့ ဘယ်နေရာမှာ ငါ ရှင်နေလဲ မသိသေးဘူး အချစ်ရယ် မင်းကိုငါချစ်ပေမဲ့ ငါ့ကိုယ်ငါတောင် အနိုင်နိုင်ရယ်ပါ။ ။ ~~~~~~~~~~~~~~~~~~ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.75GB, 735MB Quality – 1080p, 720p IMDb Rating – 7.6/10 Format – mp4 Duration – 1H 35Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.6 2011
Oslo, August 31st
Bull Durham
7

အားကစားသမား တစ်​ယောက် နာမည်​ကျော်ဖို့က ဇွဲ လိုတာလား၊ ကံလား ဉာဏ်လား၊ ဝီရိယ လား။ စန်း လား။ ဒါမှမဟုတ် ပါရမီလား။ ကယ်ရိုလိုင်းနား ပြည်နယ် ​မြောက်ပိုင်းက ဒါဟမ်မြို့ ​ဘေ့စ်​​ဘောအသင်းမှာ​တော့ ​Ebby ဆိုတဲ့ ​ရွှေလက်ပိုင်ရှင်​လေးက သူဟာ ဘယ်​လောက်ထိ ဖြစ်​မြောက်နိုင်တယ် ဆိုတာကို သတိမထားမိပဲ ​ရှိ​နေပါတယ်။ ပြာဖုံး​နေတဲ့ ပတ္တမြား​​လေး ကို အ​ရောင်တင်​ပေးဖို့ ​တချိန်တည်းမှာပဲ ​ဘေ့စ်​ဘောကို အလွန် နှစ်သက်တဲ့ Annie ဆိုတဲ့ ဆွဲ​ဆောင်မှုရှိလွန်းတဲ့ အမျိုးသမီး အပြင်၊ အ​တွေ့အကြုံများတဲ့ ​ဘောလုံးရိုက်သမားCrash တစ်​ယောက် ဒါဟမ် အသင်းဆီ​ရောက်လာတဲ့ အခါမှာ​တော့ ဘာ​တွေဆက်ဖြစ်မလဲဆိုတာကို ဒီ၁၉၈၉ ထုတ် ရုပ်ရှင်မှာ ရယ်​မော​ မြူးကြွစရာ ကြည့်ရှုရမှာပါ။ ၈၀​ကျော်ခုနှစ်က ဖက်ရှင်​တွေ၊ သီချင်း​​တွေနဲ့ ​ရင်ခုန်စိတ်လှုပ်ရှားဖွယ်ဘေ့စ်​ဘော ​​လောကကြီးကို ​ဘောင်သွင်းထားတဲ့ ဒီရုပ်ရှင်ဟာ ရုံတင်​ငွေ​ကြေးအရလည်း အလွန်​အောင်မြင်ခဲ့ပါတယ်။ ဒါရိုက်တာ ကလည်း ​ဘေ့စ်​ဘော ကစားသမား​ ဖြစ်ခဲ့တာ​ကြောင့် ​ဇာတ်ကားက ပိုအသက်ဝင်စစ်မှန်ပြီး ​ဝေဖန်သူ​တွေက အားကစားရုပ်ရှင်​တွေထဲ နံပါတ် ၁ ပါလို့ ချီးကျူးသံ​တွေလည်း ကြား​နေရဆဲပါ။ ငယ်ရွယ်တဲ့ Tim Robbinsနဲ့ Kevin Costner တို့ သူတို့ထက် အသက်​ရော၊ ဝါ ပါကြီးရင့်တဲ့ နုပျိုဆဲ မင်းသမီးကြီး Susan Sarandon နဲ့ အတွဲညီညီ သရုပ်​​ဆောင်တာကိုလည်း ​တွေ့မြင်ရမှာပါ။ ​ နောက်ဆုံးမှာ Annie တစ်​ယောက် ဘယ်သူနဲ့ လက်တွဲသွားမလဲ။ Ebby နဲ့ Crash ​ရော သူတို့ ​ရောက်ချင်တဲ့ ပန်းတိုင်ကို ဘယ်လိုသွားကြမလဲ။ အားကစားသမားတစ်​ယောက်ရဲ့ အ​ပြောင်​မြောက်ဆုံး၊ အောင်မြင်နိုင်​ချေအရှိဆုံး အသက်အရွယ်ဟာ ၂၁နှစ် ဖြစ်တယ်လို့ ​ပြောကြပါတယ်။ ဒီထက် အသက်ကြီးသွားပြီး​နောက်မှာ​ အဲ့ဒီကစားသမားရဲ့ ဘဝက ဘယ်လိုမျိုးလဲ ဆိုတာကို ရသ အစုံနဲ့ ကြည့်ရှုရမယ့် IMDB rating 7၊ Rt 97%​ တောင်ရထားတဲ့ ကား​ကောင်းတစ်ကား ပဲ ဖြစ်ပါတယ်။ File size…(2.4 GB)/(1.3 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:48:00 Genre… Comedy, Romance, Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Summer Lin

Drama
7 1988 108 mins
Bull Durham
Once Upon a Time in China I
7.2

ဒီဇတ်လမ်းကတော့ အများရင်းနှီးပြီးသား ဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ ရာဇဝင်မှာ ကျော်ကြားလှတဲ့ မဟုတ်မခံစိတ်ရှိသူ သနားတက်သူ ကြင်နာတက်သူ သဘောကောင်းလွန်းသူ သိုင်းအကျော်အမော် ဒေါက်တာ ဝမ်ဖေးဟုန် အကြောင်း ရိုက်ကူးထားသော ရုပ်ရှင်ကားဖြစ်ပြီး ကွန်ဖူးမင်းသားကြီး ဂျက်လီ မှ သရုပ်ဆောင်ရိုက်ကူးပေးထားပါတယ်… အင်္ဂလိပ်လက် ကျရောက်နေပြီး လူတွေက စိတ်ဓါတ်ပျက်ပြား အကျင့်တွေ ဖောက်ပြား နိုင်ငံခြားကို အထင်ကြီးစိတ်ဝင် ကိုယ့် လူမျိုးအချင်းချင်း အနိုင်ကျင့် ဗိုလ်ကျ တောကြောင် လက်ခမောင်း ခက်တာတွေ က အစ စိတ်ထဲ မဟုတ်မခံစိတ် ဝင်ရောက်လာအောင် ရိုက်ပြထားခဲ့ပြီး ရင်သက်ရှုမောဖွယ် သိုင်းကွက် များကို လဲ မြင်တွေ့ရမှာဖြစ်ပါတယ် ကြာမြင့်ချိန် ၂ နာရီကျော်တာမို့ မိသားစု နှင့် ကြည့်ရှုအပန်းပြေနိုင်သော ရုပ်ရှင်ကားကောင်းအဖြစ် ညွှန်းဆိုလိုက်ပါရစေ…. File size…(3.3 GB)/(2.4 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:14:00 Genre… Action, Adventure, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Jin Jin

7.2 1991
Once Upon a Time in China I
Iron Jawed Angels
7.4

Iron Jawed Angels ဒီဇာတ်ကားကတော့ အမေရိကနိုင်ငံရဲ့ သမိုင်းတွင်ဖြစ်ရပ်အကြောင်းကို ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ပြနပေါင်းပြီး ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ 2004 ထွက် ဒီဇာတ်ကားဟာဆိုရင် အမေရိကရဲ့ အမျိုးသမီးတန်းတူညီမျရေးထဲက လှုပ်ရှားမှုတစ်ခုအကြောင်းကို အသားပေးရိုက်ထားတာပါ။ ဒုတိယကမ္ဘာစစ်အပြီးမှာ အမေရိကက သူတို့ရဲ့ နိုင်ငံအဓွန့်ရှညစေရေးအတွက် ဥပဒေများကို အုတ်မြစ်ချသတ်မှတ်နေချိန်ဖြစ်ပါတယ်။ သို့ပေမဲ့ အုပ်ချုပ်ရေးအဆင့်ဆင့်မှာ အမျိုးသာတွေကသာ အရာခံအနေနဲ့ရှိနေပြီး အမျိုးသမီးများကို အယောင်ပြရာထူတွေမှာပဲထားရှိကြတာဖြစ်ပါတယ်။ အထူးသဖြင့် သမ္မတရွေးကောက်ပွဲရောက်လာတဲ့အချိန်တွေမှာ အမျိုးသမီးများဟာ မဲပေးခွင့်မရတာကြောင့် နိုင်ငံရေးလှည့်ကွက်တိုင်းမှာ ဖွတ်ဖွတ်ကြေအောင် ခံကြရတာဖြစ်ပါတယ်။ ဒါကို ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်ထွက်ဖြစ်တဲ့အမျိုးသမီးတချို့ဟာ သတိထားမိသွားပြီး အမေရိကအမျိုးများမဲပေးခွင့်ရရှိရေးအတွက် အစွမ်းကြိုးပမ်းပါတော့တယ်။ File size_(2.8GB)/(1.5GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_02:01:00 Genre_Action, Crime Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Mark

7.4 2004 125 mins
Iron Jawed Angels
No Voltees
6.5

No Voltees (2024) / IMDb Rating (6.5) ၂၀၂၄ ခုနှစ် အသစ်ထွက် စပိန်စကားပြော မက်ဆီကို သရဲကားလေး ဖြစ်ပါတယ်။ အော်ရိုရာဆိုတာ ညှင်းပန်းနှိပ်စက်တတ်တဲ့ ပါတနာကြောင့် စိတ်ဖိစီးမှု ခံစားနေရတဲ့သူလေးပါ။ တစ်ရက်ကျ အမွှာမောင်လေးဖြစ်သူ မာတင်က တစ်ယောက်တည်းနေတဲ့ အမေ့အိမ်မှာ တစ်ခုခု ဖြစ်နေလို့ လာပါဦးဆိုပြီး ဖုန်းဆက်ခေါ်ပါတယ်။ မာတင်က ငယ်ငယ်တုန်းက ဖခင်ဖြစ်သူနဲ့ ပတ်သက်တဲ့ ဖြစ်စဉ်တွေကို မေ့ပျောက်နေလို့ စိတ်ကုထုံးတွေပြပြီး အဖြေရှာနေသူပါ၊ မှတ်မိတဲ့ အစ်မကိုလည်း ဆက်တိုက်မေးနေခဲ့တာပေါ့။ ဒီလိုနဲ့ အမွှာမောင်နှမနှစ်ယောက် မပြန်တာကြာပြီဖြစ်တဲ့ အမေ့အိမ်ကို ပြန်ရောက်တဲ့အချိန် ပြဿနာတွေ တက်ပါတော့တယ်။ ဖခင်သေဆုံးခဲ့တာ အနှစ် ၂၀ ကျော်ပေမဲ့လည်း အမေဖြစ်သူက အဖေရှိတယ် ပြောလို့ပြော၊ အိမ်ထဲမှာလည်း ထူးထူးဆန်းဆန်းတွေ ဖြစ်လာတဲ့အခါ မောင်နှမနှစ်ယောက် အတိတ်တုန်းက စိတ်ဒဏ်ရာအဖြစ်အပျက်တွေနဲ့အတူ ထူးခြားဆန်းကြယ်တဲ့ ဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်လာချိန်မှာတော့… ဘယ်လိုတွေ ရင်ဆိုင်ဖြေရှင်းသွားကြမလဲဆိုတာကို ခြောက်ခြားထိတ်လန့်ဖွယ်ရာတွေနဲ့အတူ ကြည့်ရှု ခံစားရမှာပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thura Aung ဖြစ်ပါတယ်။) File size…(1.5 GB) / (660 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Horror, Duration….01:35:12 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Thura Aung

6.5 2024 95 mins
No Voltees
The Body
7.6

The Body (2012) El cuerpo IMDb Rating (7.6) / Rotten Tomatoes (79 %) စပိန်စကားပြော ဇာတ်ကားတစ်ကားဖြစ်တဲ့ The Body (စပိန်ဘာသာဖြင့် El Cuerpo) ဟာ လျှို့ဝှက်သည်းဖိုဇာတ်ကားကောင်းများစွာထဲမှာ တစ်ခုအပါအဝင်လည်း ဖြစ်ပါတယ်။ လျှို့ဝှက်သည်းဖိုဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း လှည့်ကွက်များစွာ ကြုံတွေ့ရမှာကို ကြိုသိနေသည့်တိုင်အောင် တစ်ခုကိုဖွင့်ချလိုက်တိုင်း နောက်ထပ်လှည့်ကွက်တစ်ခုက ထပ်ပေါ်လာတဲ့ Russian Doll ဆန်ဆန် ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ နာမည်အတိုင်း ရင်ခွဲရုံကနေ ထူးဆန်းစွာ ပျောက်ဆုံးသွားတဲ့ အလောင်းကောင်တစ်ကောင်နဲ့ စတင်ထားပါတယ်။ ထိုအလောင်းကတော့ ထက်မြက်ပြီး ကုမ္ပဏီများစွာကို ဦးစီးချုပ်ကိုင်နေတဲ့ မေကာ ဖြစ်ပြီးတော့ သူ့ထက်ငယ်ရွယ်တဲ့ အဲလက်စ် နဲ့ လက်ထပ်ထားသူလည်းဖြစ်ပါတယ်။ မေကာ နှလုံးရောဂါဖောက်ပြီးသေဆုံးတဲ့ညမှာပဲ အလောင်းထားရှိရာ ရေခဲတိုက်ရဲ့ညစောင့် အိန်ဂျယ်တောရက်စ်ဟာ ညကြီးမင်းကြီး ရင်ခွဲရုံကနေ တောအုပ်ကို ကြောက်လန့်တကြီး ထွက်ပြေးလာရင်းနဲ့ ကားလမ်းပေါ်အတက်မှာ ကားတစ်စီးက ဝင်တိုက်သွားခဲ့ပါတယ်။ ကားတိုက်ခံရတဲ့ဒဏ်ကြောင့်ပဲ ထိုညစောင့်က ကိုမာဝင်သွားခဲ့ပြီးတော့ သူ ထွက်မပြေးခင်မှာ ရဲတပ်ဖွဲ့ကို ဆက်သွယ်ခဲ့တယ်ဆိုတာ သိလိုက်ရပါတယ်။ ထိုအခြင်းအရာကို စုံစမ်းဖို့ ရင်ခွဲရုံကို ရောက်လာတဲ့ စုံထောက်ကြီး ဟိုင်မီနဲ့အဖွဲ့ဟာ မေကာရဲ့အလောင်း ထူးဆန်းစွာပျောက်ဆုံးနေမှန်း မျက်ဝါးထင်ထင် တွေ့လိုက်ရပါတယ်။ တစ်ဖက်မှာတော့ အဲလက်စ်က သူ့ရဲ့ အငယ်အနှောင်းဖြစ်တဲ့ ကာလာနဲ့ တွေ့ဆုံပြီး မေကာ့ကို အစဖျောက်ပစ်လိုက်ကြောင်း ပြောပြနေပါတယ်။ ထိုအချိန်မှာပဲ မေကာရဲ့အလောင်း ရင်ခွဲရုံကနေ ပျောက်ဆုံးသွားတဲ့အကြောင်း အဲလက်စ်ကို အကြောင်းကြားလာပါတယ်။ အဲလက်စ် ရင်ခွဲရုံကို ရောက်လာတဲ့အချိန်မှာ စုံထောက်ကြီးဟိုင်မီက စစ်ဆေးမေးမြန်းနေရင်းနဲ့ အဲလက်စ်အနေနဲ့ မေကာ့ကို မရှိတော့တဲ့လူတစ်ယောက်လို သုံးနှုန်းပြောဆိုနေတာ သတိထားမိပြီး သံသယဝင်လာပါတယ်။ အဲလက်စ်ကို ဆက်လက်စစ်ဆေးဖို့ ရင်ခွဲရုံမှာပဲ ထိန်းသိမ်းထားတဲ့အချိန် ရေခဲတိုက်ထဲက အသံတစ်ခု ကြားရလို့ သွားကြည့်တဲ့အချိန်မှာ သူနေ့ခင်းက မေကာသောက်မယ့်ဝိုင်ခွက်ထဲကို ထည့်ခဲ့တဲ့ TH-16 တံဆိပ်ကပ်ထားတဲ့ အဆိပ်ဆေးပုလင်းကို သော့ဖျက်ထားတဲ့ လော့ဒ်ကာတစ်ခုထဲမှာ တွေ့လိုက်ရပါတယ်။ သောက်ပြီး ၈ နာရီကြာမှ အစွမ်းပြတဲ့ TH-16 ဟာ သဲလွန်စတစ်စုံတစ်ရာ ရှာမတွေ့ဘဲ နှလုံးရောဂါဖောက်ပြီး သေဆုံးအောင် ပြုလုပ်နိုင်တဲ့ ဆေးပုလင်းတစ်ခုဖြစ်နေပါတယ်။ အဲလက်စ်အနေနဲ့ သူ တိတ်တဆိတ် ကြံစည်ထားတဲ့ ဒီဆေးပုလင်းကို သူမျက်စိရှေ့ရောက်အောင် ပို့နိုင်သူဟာ တခြားသူမဟုတ်ဘဲ သေဆုံးဟန်ဆောင်ပြီး သူ့ကို အကွက်ဆင်ဖမ်းမယ့် မေကာပဲလို့ တစ်ထစ်ချ ယုံကြည်နေပါတယ်။ စုံထောက်ကြီး ဟိုင်မီရောက်လာတဲ့အချိန်မှာတော့ အဲလက်စ်ရဲ့ အိတ်ကပ်ထဲက TH-16 ကို တွေ့ပြီးတော့ တစ်ခုခုကို ဖုံးကွယ်ထားမှန်းသိသာနေတဲ့ အဲလက်စ်ကို အလွတ်မပေးဖို့ အကြောင်းပြချက်တစ်ခု တိုးလာခဲ့ပါတယ်။ ဇာတ်လမ်းက ဒီနေရာအရောက်မှာပဲ မေကာက တကယ် မသေဘဲ အဲလက်စ်ကို ထောင်ချောက်ဆင်ဖို့ ကြိုးစားနေတာလား၊ စုံထောက်ကြီးဟိုင်မီကရော အဲလက်စ်ရဲ့ မသမာမှုကို ဖော်ထုတ်နိုင်မှာလား၊ အဲလက်စ်အနေနဲ့ ဒီအခြေအနေက အကောင်းဆုံး ဘယ်လိုရုန်းထွက်နိုင်မလဲ ဒါမှမဟုတ် ဒီကိစ္စတစ်ခုလုံးက သဘာဝလွန်ဖြစ်ရပ်ဆန်းတစ်ခုပဲလား ဆိုတဲ့ မေးခွန်းများစွာကို တောင်းဆိုလာပါတော့တယ်။ တွက်ရခက်တဲ့ပုစ္ဆာရှည်တစ်ပုဒ်ကို တစ်စချင်းစီဆွဲထုတ်ဖြေရှင်းသွားသလိုပဲ ဇာတ်လမ်းအစကနေ အဆုံးအထိ စိတ်အာရုံကို ဖမ်းစားသွားမယ့်ဇာတ်လမ်းတစ်ပုဒ်ကို CM ကနေ ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Sai Sumali မှ တင်ဆက်ထားပါတယ်။)

Drama • Family • Fantasy • TV Movie
7.6 2012
The Body