YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

The Potato Lab 2025 E07 1080p WEB-DL [RMC].mp4

1.19 GB N/A video/mp4 2 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
World War Z
6.8

World War Z  ဟာ 2013 June လ မှာ ရုံ တင်ခဲ့တဲ့ Horror ရုပ်ရှင်ကားတစ်ကား ဖြစ်ပြီးတော့ Resident Evil တို့လို ကူးစက်တတ်တဲ့ရောဂါပိုးမွှားတွေကြောင့် ဖုတ်ကောင်တွေဖြစ်ပြီး ကမ္ဘာကြီးပျက်မယ့်အရေးကို ရိုက်ကူးထားတာဖြစ်ပါတယ်... ၂၀၁၉ မှာတော့ ကမ္ဘာပေါ်မှာ ကူးစက်မြန်တဲ့ COVID-19 ရောဂါ တကယ်ပဲ ဖြစ်ပွားခဲ့ပြီး ကံကောင်းလို့ တစ်ကမ္ဘာလုံး ဖုတ်ကောင်မဖြစ်သွားတာပါ။ ဒါတောင် သေတဲ့နှုန်းတော်တော်မြင့်တက်ခဲ့ပြီး ကူးစက်မြန်ရောဂါပိုးတွေရဲ့ ကမ္ဘာဖျက်စီးနိုင်စွမ်းကို မျက်ဝါးထင်ထင်မြင်ခဲ့ကြရပါတယ်။ မင်းသားကြီး ဘရတ်ပစ် Brad Pitt အဓိကသရုပ်ဆောင်ထားပြီး ဒီရုပ်ရှင်က စာရေးဆရာ Max Brooks ရဲ့ World War Z ဝတ္ထုကိုပုံဖော်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းကတော့.... မြောက်ကိုရီးယားကနေ ပိုးတစ်မျိုး ပြန့်ပွားလာတာ ဖြစ်ပြီး စက္ကန့်ပိုင်း မိနစ်ပိုင်း အတွင်းမှာ အယောက်ပေါင်း ထောင်ချီ သိန်းချီ ကူးစက်နိုင်တဲ့ ရောဂါဖြစ်ပွား လာပါတယ်.. ရောဂါဟာ စက္ကန့်ပိုင်း အတွင်း ဖြစ်သလို ရောဂါ ပြန့်ပွားမှု နှုန်းကလည်း မြန်လွန်းတဲ့ အတွက် ကမ္ဘာပေါ်က နိုင်ငံ တစ်နိုင်ငံပြီး တစ်နိုင်ငံ မျိုးတုံး သွားနိုင်မဲ့ အခြေ အနေ ရှိနေပါတယ်.. ခနတွင်းမှာ အခြေအနေတွေက အရမ်းဆိုးရွားသွားခဲ့ပြီး ရောဂါဇစ်မြစ်အမျိုးအစားကို ဖော်ထုတ်ဖို့နဲ့ ကာကွယ်ဆေးထုတ်နိုင်ဖို့ ဘရတ်ပစ်တို့တသိုက် ဘယ်လိုကြိုးစားကြမလဲဆိုတာ...။ အားရစရာကတော့ ဇာတ်လမ်းရဲ့အဆုံးမှာ "စစ်ပွဲကအစပဲရှိပါသေးတယ်တဲ့" ....World War Z အဆက်တွေ ဆက်ထွက်လာဖို့ရှိပါတယ်။ File size…(5.4 GB)/(1.7 GB)/ (1 GB) Quality….BluRay 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….01:56:00 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung

6.8 2013 116 mins
World War Z
Dumplings
6.7

~ IMDb - 6.7/10, Rotten Tomatoes - 69% ~ ဒီကားက Three... Extremes ဆိုတဲ့ ဟောင်ကောင် ဂျပန်နဲ့ ကိုရီးယားနဲ့ ထိုင်းက Horror Thriller ဒါရိုက်တာတွေ စုပြီးရိုက်တဲ့ကားမှာပါတဲ့ Fruit Chan ရိုက်ခဲ့တဲ့ ဇာတ်လမ်းတိုကို ပြန်ရိုက်ထားတာ‌ပေါ့။ ကင်ဂျီးဝန်၊ ပတ်ချန်းဝု၊ တခဲရှိမိုက်၊ ပီတာချန်းတို့လိုလူတွေတောင်ပါတယ်။ ဒီကားကတော့ Fruit Chan ရဲ့ အပိုင်းတိုကို အရှည်ပြန်ရိုက်ထားတာသက်သက်ပါပဲ။ ထူးတာက ဒါရိုက်တာတွေတင် လန်းတာမဟုတ်ဘဲ စီနီမာတိုဂရပ်ဖာကိုလည်း ဟောင်ကောင်ရုပ်ရှင်ဖန်တိုင်းသိကြမယ့် ခရစ္စတိုဖာဒွိုင်းကို သုံးပေးထားတယ်။ Fruit Chan ရဲ့ ဒီအရှည်ပြန်ရိုက်ထားတဲ့ကားမှာလည်း ဒွိုင်းပဲ စီနီမာတို ပြန်ကိုင်ထားတယ်။ Three Husbands တို့၊ Made in Hong Kong တို့ရဲ့ ဒါရိုက်တာ Fruit Chan ရဲ့ Extreme ဖြစ်တဲ့ကားဆိုတော့ ဒီလိုကားမျိုးတွေ သဘောကျတဲ့လူတွေအတွက် ရွှေပါပဲ။ မိန်းမသားတွေအတွက် ငယ်ရွယ်နုပျိုလှပမှုဟာ သိပ်ကို အရေးပါပါတယ်။ အထူးသဖြင့် အိမ်ထောင်သည် အမျိုးသမီးတွေပေါ့။ ဇရာကတမျိုး အိမ်ထောင်မှုက တစ်ဖုံနဲ့ အိုမင်းရင့်ရော်ပြီး နုပျိုမှုတွေပျောက်ဆုံးလာတဲ့ အိမ်ထောင်သည်အမျိုးသမီးတွေမှာ တွေ့ရအများဆုံး ပြဿနာက ကိုယ့်လင်ယောက်ျားရဲ့ ဖောက်ပြန်ခြင်းပါပဲ။ ဒီဇာတ်လမ်းမှာလည်း လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ သရုပ်ဆောင်မင်းသမီးတစ်လက်ဟာ အိမ်ထောင်ကျပြီးနောက်မှာ လင်ယောကျာ်းရဲ့ သစ္စာဖောက်ခြင်းကို အကြိမ်ကြိမ်ခံနေရတယ်။ ကိုယ့်ရဲ့ နုပျိုမှုတွေပျောက်ဆုံးခြင်းကြောင့် ဖြစ်ရလေခြင်းလို့ ခံယူထားတဲ့ လီကတော်ဟာ နည်းလမ်းမျိုးစုံကို အသည်းအသန်ရှာဖွေပါတော့တယ်။ ဒီအချိန်မှာ ထူးခြားတဲ့ဖက်ထုပ်ရောင်းတဲ့ ဒေါ်ကြီးမေကို ရှာတွေ့သွားတယ်။ ဒေါ်ကြီးမေဟာ အသက်အရွယ်နဲ့မလိုက်အောင် နုပျိုလွန်းနေတော့ သူရဲ့ဖက်ထုပ်ကို မြည်းစမ်း စားသောက်ကြည့်ပါတော့တယ်။ သူ့ရဲ့ ဖက်ထုပ်ဟာ ဘာထူးခြားတဲ့ ပါဝင်ပစ္စည်းတွေပါဝင်နေလဲဆိုတာတော့ ပရိသတ်တို့ ကိုယ်တိုင်သာ ဆက်လက်ရင်ခုန်လိုက်ပါတော့... (ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 730MB Quality - 1080p, 720p IMDb Rating - 6.7/10 Format - mp4 Duration - 1H 31Min Genre - Drama, Horror Subtitle - Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Y

Horror
6.7 2004 91 mins
Dumplings
Seththumaan
8

ဘောလိ၀ုဒ် ပရိသတ်များအတွက် မြင်ဖူးကြည့်ဖူးနေကြ ဇာတ်အိမ်လေးမဟုတ်ဘဲ တမူထူးခြားနေတဲ့ ဇာတ်အိမ်ကို ဖွဲ့စည်းတင်ဆက်ရိုက်ကူးထားတဲ့ Sethuthumaan မြန်မာလို " ဝက် " လို့ အမည်ရတဲ့ ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါရစေ ။ အိန္ဒိယနိုင်ငံ ရွာလေးတစ်ရွာကို အခြေပြုရိုက်ကူးထားပြီး ခြင်းတောင်းလေးတွေကို ရက်လုပ်ရောင်းချပြီး ရိုးသားကြင်နာတတ်တဲ့အဘိုးအို ပူချီပါး ..... သူတို့ရွာရဲ့ ဟိန္ဒူအမျိုးဇာတ် ခွဲခြားမှုကြောင့် ဖြစ်ပွားခဲ့အဓိကရုဏ်းမှာ မိဘနှစ်ပါးလုံးဆုံးပါးပြီး လောကကြီးအလယ်မှာ တစ်ဦးတည်း အဘိုး ပူချီနဲ့ ကျန်ရစ်ခဲ့ရှာတဲ့ မြေးလေး ကူမရီဆန် ..... အဘိုး ပူချီကတော့ မြေးလေးကို ကျောင်းကောင်းကောင်းမှာထား ပညာတွေသင်ပြီး ဘ၀ကို ကောင်းကောင်းမွန်မွန် ဖြတ်သန်းစေချင်ခဲ့တဲ့ အိပ်မက်အကြီးကြီးကို လွယ်ထားရတဲ့ မြေးချစ်အဘိုးပေါ့ .... အဘိုးပူချီရဲ့ မြေရှင် ဒေါသအိုး ဗယ်လရမ်က အဘိုးပူချီ့ကို ဒေသခံအစားကြူးတဲ့သူတွေ ကြိုက်ကြတဲ့အသားဖြစ်ပြီး အမျိုးဇာတ်ထိန်းသိမ်းသူတွေ ရှုံ့ချတဲ့ အသားဖြစ်တဲ့ " ဝက်သား "ကို စားချင်လို့ ဝက်ရှာခိုင်းတဲ့အခါ ပူချီတို့ မြေးအဘိုးနှစ်ယောက် အလုပ်ရှုပ်ကြပါတော့တယ်။ ဒါပေမယ့်လည်း ဝက်ကိုပေါ်ပြီးချိန်မှာတော့ ဒေါသအိုးမြေရှင် ဗယ်လရမ်လိုပဲ ဝက်သားကြိုက်သူ ရွာသားတို့စုစည်းလာပါတော့တယ် .... အဲဒီထဲမှာမှ ဝက်သားလေးနဲ့ အရက်လေးကို မြည်းပြီး သောက်ရင်းစားရင်း မူးလာကြတဲ့အခါမှာ နဂိုကမှ မာနကြီးပြီး ဒေါသကြီးကြတဲ့ မြေရှင်တို့ ဘာဆက်ဖြစ်ကြမလဲ ..... ပြီးတော့ အဘိုး ပူချီနဲ့ မြေးလေးကရော ဒီလို တင်းမာမှုတွေကြားထဲကနေ ဘယ်လိုရှေ့ဆက်သွားမလဲ ဆိုတာကို ဆက်လက်ကြည့်ရှုပေးကြပါဦးနော် File size…2.3GB / 1.1GB Quality…1080p WEBDL / 720p Format…mp4 Duration….1h 52m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Guu Guu & OeliuJ & Poe

Horror • Thriller
8 2022 117 mins
Seththumaan
Stuck with You
4.7

နှစ်သစ်အချိန်အခါလေးမှာ ပူလောင်မှုတွေဝေးပြီး ပျော်ရွှင် စရာလေးတွေပဲ ကြုံတွေ့ရအောင်လို့ စိတ်ရွှင်လန်းရမယ့် ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ အစအဆုံးကို ပြုံးနေရပြီး ကြည်ကြည်နူးနူးလေးနဲ့ စိတ်ကို ပေါ့ပါးသွားစေတာမို့  ဒီကားလေးကိုကြည့်ဖြစ်အောင်ကြည့် ပါလို့ပြောချင်ပါတယ်။ ဇာတ်လမ်းလေးကတော့ ရိုးရှင်းပါတယ်။ နှစ်သစ်အကြိုညမှာ ဓာတ်လှေကားထဲ ပိတ်မိသွားကြတဲ့ ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်အ ကြောင်းပါ။ ဂေလ်က သူ့အိပ်မက်တွေနောက်လိုက်ရင်း အလုပ်လက်မဲ့ဖြစ်နေရတဲ့ကောင်လေးတစ်ယောက်ဖြစ်ပြီး ဟန်နာကတော့ အလုပ်မှာ အဆင်ပြေပေမဲ့ အချစ်ကံခေနေ ရတဲ့ ကောင်မလေးတစ်ယောက်ပေါ့။ သူတို့နှစ်ယောက် နှစ်သစ်အကြိုညမှာ ပါတီတစ်ခုကို လာကြ ရင်း ဓာတ်လှေကားထဲ ပိတ်မိသွားပြီး နှစ်သစ်ကို ဓာတ်လှေ ကားထဲမှာတင် ဖြတ်သန်းရမဲ့ အခြေအနေလေးတစ်ခု ဖြစ်လာ ခဲ့ပါတယ်။ ဒီတော့ ဓာတ်လှေကားထဲမှာ နှစ်သစ်ကြိုကြမဲ့ သူတို့ နှစ်ယောက်ရဲ့ ကြုံရဆုံရလူ့ဘဝလေးတွေကို ခံစားကြည့်လိုက် ကြပါဦးဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size..........(1.1 GB) / (440 MB) Quality............WEB-DL 1080p / 720p Duration.........59Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Romance Translator.......May Thet Khine Soe Encoder..........SWM

Action • Thriller
4.7 2022 59 mins
Stuck with You
Men
6.2

~ IMDb - 6.3/10, Rotten Tomatoes - 69% ~ A24 ဟာ တစ်နှစ်ထက်တစ်နှစ် တရှိန်ထိုးအောင်မြင်လာလိုက်တာ ဒီနှစ်ဆိုလည်း သူ့ပင်တိုင်လက်စွဲဒါရိုက်တာတွေဖြစ်တဲ့ Jordan Peele တို့ ရောဘတ်အက်ဂါတို့နဲ့ ကားမထုတ်ဖြစ်ပေမဲ့ တခြားနာမည်ကြီး ဒါရိုက်တာတွေ ဒါရိုက်တာအသစ်တွေနဲ့ ကားသစ်တွေထုတ်ခဲ့တာမှာ အကုန်လုံးနီးပါးလည်း အောင်မြင်ခဲ့ပါတယ်။ ဒီနှစ်ရဲ့ထွက်ပြီးသား A24ကားတွေကတော့ - " The Sky Is Everywhere, After Yang, X, Everything Everywhere All at Once နဲ့ Men " တို့တွေပါပဲ။ Everything Everywhere All at Once ဟာ A24 ရဲ့ ရုံဝင်ငွေအရရော အနုပညာအရရော စံချိန်တင်အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ဖြစ်သလို After Yang တို့ X တို့ကလည်း တကယ့်ရုပ်ရှင်ကောင်းတွေပါပဲ။ သို့ပေမဲ့ ဒီသုံးကားလုံးက သူတို့အရင်ကလက်မတွဲဖူးတဲ့ ဒါရိုက်တာတွေနဲ့ လက်တွဲရိုက်ကူးခဲ့တာပါ။ ဒီနှစ်မှာတော့ Ex Machina ကားနဲ့ A24 အတူ Debut လုပ်ခဲ့တဲ့ ဒါရိုက်တာ Alex Garland ရဲ့ Men ကို A24ကပဲ ထပ်ပြီးထုတ်ဝေခဲ့ပါတယ်။ Alex Garland ဟာ ရုပ်ရှင်သုံးကားပဲ ရိုက်ကူးထားပေမဲ့ သုံးကားလုံးအောင်မြင်ခဲ့ပါတယ်။ ပထမကား Ex Machina ဟာ တော်တော်အောင်မြင်ခဲ့သလို ဒုတိယကား Annihilation ကလည်း မခေပါဘူး။ ခုတတိယကားကလည်း ပရိသတ်တစ်ချို့ကတော့ တော်တော်သဘောကျနေကြပြီး ဝေဖန်ရေးသမားတွေကလည်း သရုပ်ဆောင်ပိုင်းနဲ့ Sound Design ပိုင်းကို တော်တော်ချီးကျူးထားကြပါတယ်။ Horror ကားတစ်ကားမှာ အသံကလည်း အသက်ပဲမို့လား။ စီနီမာလည်း လှပါတယ်။ ဇာတ်အိမ်အရမ်းကျဉ်းတာကလွဲ အပြစ်ပြောစရာမရှိတဲ့ ရုပ်ရှင်ကောင်းပါပဲ။ Folk horror Genre ကို ရိုက်ကူးထားတာပါ ။ ဒါရိုက်တာကောင်းရိုက်တာဆိုတော့ နည်းနည်းဇာတ်အိမ်ကျဉ်းသွားတာတောင် ကားကောင်းကားဆန်းကြီးဖြစ်နေတုန်းပါပဲ။ တော်တော်ထူးဆန်းတဲ့ ဇာတ်မို့ ဇာတ်လမ်းကိုတော့ မပြောပြချင်တော့ပါဘူး။ ဘာမှမသိဘဲကြည့်ရတာပိုအရသာရှိမှာပါ။ A24 ဖန်တွေ၊ Horror ဖန်တွေ၊ Alex Garland ဖန်တွေ၊ Ex Machina နဲ့ Annihilation ကို သဘောကျတဲ့လူတွေကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ တစိမ့်စိမ့် သိချင်စိတ်ကိုဆွပြီး တသိမ့်သိမ့်ကြောက်ရွံ့ခြင်းရသ ပါးပါးကို ရချင်တဲ့သူတွေအပြင် Body Horror ဖန်တွေလည်း ကြည့်သင့်ပါတယ်။ A24 ရဲ့ ရုပ်ရှင်ကားကောင်းတွေကို သဘောကျတဲ့လူတွေ အကြိုက်တွေ့မယ်လို့ပြောနိုင်ပေမဲ့ A24 ကိုက လူတိုင်းကြိုက်တဲ့ ကားမျိုးတွေဖြန့်ဝေတာမဟုတ်တော့ ဒီကားဟာလည်း လူတိုင်းကြိုက်တဲ့ကားဖြစ်မယ်လို့ အာမ, မခံနိုင်ပေမဲ့ ကားကောင်းတစ်ကားဆိုတာတော့ အာမခံနိုင်ပါတယ်။ 2022 ရဲ့အကောင်းဆုံး ရုပ်ရှင်တွေထဲ Men ကိုလည်းထည့်ရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.2GB, 575MB Quality - 1080p, 720p IMDb Rating - 6.3/10 Format - mp4 Duration - 1H 40Min Genre - Drama, Horror, Sci-Fi Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Comedy • Drama • Romance
6.2 2022 100 mins
Men
The Secret Life of Walter Mitty
7.2

အမှန်အတိုင်းပြောရရင် ဒီဇာတ်ကားကို အစပိုင်း မိနစ်(၂၀)လောက်အထိ သူ ဘာကိုပြချင်မှန်း နားမလည်ခဲ့ဘူး။ ဒီအတိုင်း ပေါကြောင်ကြောင် ဇာတ်ကားကြီးပါလားလို့ ထင်ခဲ့မိတယ်။ ဒီဇာတ်ကားဟာ 1939 ခုနှစ်က အရမ်းကို နာမည်ကြီးခဲ့တဲ့ ဟာသ/ကာတွန်း/စာရေးဆရာကြီး James Thurber ရဲ့ ဝတ္ထုတို The Secret Life of Walter Mitty ကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး 1947 ခုနှစ်မှာ တစ်ကြိမ် The Secret Life of Walter Mitty နာမည်နဲ့ပဲ ရုပ်ရှင်ရိုက်ကူးထားပါသေးတယ်။ အစောပိုင်းမှာ ကြည့်ရတာတစ်မျိုးကြီးဖြစ်နေပေမယ့် အဆုံးထိ ဆက်ကြည့်ဖြစ်ခဲ့ပြီး.. ကြည့်ရကျိုးနပ်ရုံမက မကြည့်ရသေးတဲ့ သူတွေကိုပါ ကြည့်ဖို့ညွှန်းချင်လောက်အောင်ပဲ ကြိုက်သွားခဲ့ပါတယ်။ လူတော်တော်များများပါပဲ.. (ကျွန်တော်အပါအဝင်) သမားရိုးကျ နေ့စဉ်ဘဝကို ကျင်လည်နေကြပါတယ်။ ပညာသင်မယ် .. ပိုက်ဆံရှာမယ်.. ဘဝကို ပုံမှန်ပဲ ကြိုးစားရုန်းကန်တည်ဆောက်မယ်ပေါ့။ ငယ်စဉ်က စိတ်ကူးယဉ်အိမ်မက်တွေ.. စွန့်စားချင်စိတ်တွေက ..အသက်အရွယ်ရလာတာနဲ့အမျှ.. စိတ်ကူးထဲမှာပဲ တဖြေးဖြေးတိမ်မြုပ်သွားကြတယ်။ တစ်ခါတစ်လေမှာတော့ ရုပ်ရှင်တွေထဲမှာ ဆက်လက်စိတ်ကူးယဉ်ကြတယ်။ တစ်ခါတစ်လေမှာတော့ ရုပ်ရှင်ထဲကအတိုင်း အပြင်မှာ ဆက်ပြီးစိတ်ကူးယဉ်ကြတယ်။ ဒီလိုနဲ့ အသက်တွေတဖြည်းဖြည်းကြီး သက္ကရာဇ်တွေက တိုက်စားရင်း လူတွေ လုံးပါး ပါးလာကြာတာပဲ မဟုတ်ပါလား.. Walter Mitty ဆိုတဲ့ လူကလည်း ထိုနည်းလည်းကောင်းပါပဲ… အသက်ကြီးနေတဲ့ အမေအိုတစ်ဦးရယ် ညီမတစ်ယောက်ရယ်နဲ့ ပုံမှန်အလုပ်သွားအလုပ်ပြန်ရင်း ..အချိန်တွေကုန်လာလိုက်တာ အသက်(၄၁)နှစ်ကိုရောက်လာရော… သူက Life မဂ္ဂဇင်းရဲ့ ဓာတ်ပုံဌာနက နဂ္ဂတစ်ဖလင်တွေစုဆောင်းထားတဲ့ ဌာနရဲ့ မန်နေဂျာတစ်ဦး.. သူ့ဌာနမှတဆင့် နဂ္ဂတစ်ဖလင်တွေကနေ ဓာတ်ပုံအဆင့်ကိုဖြတ်သန်းပြီးမှ မဂ္ဂဇင်းအတွက်အသုံးပြုရတာပါ။ သူစိတ်ဝင်စားနေတဲ့ အမျိုးသမီးကလည်း သူတို့ Life မဂ္ဂဇင်းမှာ လွန်ခဲ့တဲ့ (၁)လ လောက်ကမှ ရောက်လာတဲ့ ဝန်ထမ်းတစ်ဦး ၊ အသက်(၄၀)ကျော်လာတဲ့အထိ ဖခင်ကွယ်လွန်ပြီး (သူဆယ်ကျော်သက်အရွယ်ကတည်းက) မိသားစုအတွက် အစ်ကိုကြီးအဖရာ အနေနဲ့ ဘဝတစ်လျှောက်လုံးကြိုးစားရုန်းကန်လာခဲ့ပြီး ငွေကြေးကိုစနစ်တကျသုံးစွဲက မချမ်းသာပေမယ့် ပုံမှန်လည်ပတ်နေတဲ့ လခစားဝန်ထမ်းတစ်ယောက်အနေနဲ့ ရိုးသားအေးဆေးစွာနေလာခဲ့တဲ့သူ… မွေးနေ့မှာ ကံကောင်းခြင်းတွေထက် ကံဆိုးဖို့တွေသာဖြစ်လာခဲ့တာကတော့… သူတို့ မဂ္ဂဇင်းက ဒီလအတွက် နောက်ဆုံးထုတ်ဝေခြင်းပါတဲ့ ... ဝန်ထမ်းတွေလည်း ရုတ်တရက် ဆွံ့အသွားခဲ့ကြပါတယ်။ ဒါပေမယ့် သူဘာများတတ်နိုင်ဦးမှာလဲ… နောက်ထပ် တကယ့် လတ်တလောပြသနာကတော့ …သူ့ဌာနကို ရောက်လာတဲ့ တစ်ကိုယ်တော် စွန့်စားသွားလာ ဓာတ်ပုံရိုက်ကူးနေတဲ့ Sean O’ Connell က ပို့လိုက်တဲ့ နဂ္ဂတစ်ဖလင် (၂၅)ကွက်နဲ့ သူ့အတွက် မွေးနေ့လက်ဆောင် ပိုက်ဆံအိတ်ကလေးပါ။ ဖလင် (၂၅)ကွက်မှာ (၂၅)ကွက်မြောက် ဖလင်က ပါမလာပါဘူး။ ဒါပေမယ့် အထက်လူကြီးဆီကို ရောက်နေတဲ့ သတင်းကတော့ ဒီတစ်ပတ်နောက်ဆုံးထုတ်မဂ္ဂဇင်းရဲ့ အဖုံးကို ဖလင်နံပါတ်(၂၅) ကို အသုံးပြုဖို့ Sean O’ Connell က မှာလိုက်ပါသတဲ့…. အဲဒီတော့ Sean O’ Connell ကိုအရေးတကြီး ဆက်သွယ်မေးမြန်းဖို့ လိုအပ်လာပါပြီ.. ဒါပေမယ့် အဲ့ဒီတစ်ကိုယ်တော်ဓာတ်ပုံဆရာ လူစွန့်စားကြီးက Mobile Phone / Email / internet social media account ဘာတစ်ခုမှ မသုံးပါဘူး။ (၂၅)ကွက်မြောက် ဖလင်ကို ရရှိဖို့ကလည်း Walter Mitty အတွက် သေရေးရှင်ရေးတမျှအရေးကြီးပါတယ်။ ဒီတော့ ဘယ်လို ဆက်လုပ်ကြမလဲဗျ ??? Zoolander (2001) မင်းသားကြီး Ben Stiller ကိုယ်တိုင် ရိုက်ကူးသရုပ်ဆောင်ထားတဲ့ဇာတ်ကားဖြစ်ပြီး IMDb 7.3/10 ရရှိထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ ဒီဇာတ်ကားလေးက… ကျွန်တော်တို့ ဘဝ နေ့တဓူဝ ရုန်းကန်နေထိုင်ခြင်းရဲ့ အဓိပ္ပာယ်တွေ.. ရုပ်ဝတ္ထုတွေရဲ့ အရေးပါပုံတွေ… အလှတရားတွေ .. သဘာဝအလှ/ရုပ်အလှ ပြီးတော့ စိတ်ဓာတ်ခွန်အားရဲ့ ကြီးကျယ်ခန်းနားတဲ့ အလှ တွေကို ပြန်လည်သုံးသပ်မိစေအောင် လှုံ့ဆော်ပေးပါလိမ့်မယ်။ အညွှန်းရေးသားထားသူကတော့ (Nucleon_Content #Admin_N) မှဖြစ်ပါတယ် ။ File size__(1.9GB) and (950MB) Quality__1080p, 720p IMDb Rating__7.3/10 Format__mp4 Duration__01:54:35 Type__Comedy, Drama, Fantasy Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Naing Aung Latt

Drama
7.2 2013 114 mins
The Secret Life of Walter Mitty
Practical Magic
6.2

ဆန်ဒရာဘူးလော့နဲ့ နီကိုးကစ်မန်းတို့ လွန်ခဲ့တဲ့ နှစ် ၂၀ က စုန်းမအတူလုပ်ခဲ့တာလေး ကြည့်လိုက်ရအောင်။ အိုဝင်စ် မိသားစုထဲက မိန်းကလေးတွေဟာ မျိုးရိုးစဉ်ဆက် မွေးရာပါ စုန်းအတတ် တတ်နေကြတဲ့ စုန်းမတွေပဲ ဖြစ်ကြပါတယ်။ ဒါပေမဲ့ သူတို့မျိုးဆက်ထဲက ပထမဆုံး စုန်းမရဲ့ ကျိန်စာကြောင့် သူတို့ကို ချစ်မိတဲ့ ယောက်ျားတိုင်းဟာ အရွယ်မတိုင်ခင် အကြောင်းတစ်ခုခုနဲ့ သေဆုံးသွားတတ်ကြပါတယ်ဗျ။ ဆယ်လီအိုဝင်စ်နဲ့ ဂျီလီယန်အိုဝင်စ်တို့ဟာ စရိုက်ချင်း လုံးဝမတူကြတဲ့ ညီအစ်မနှစ်ယောက်ပဲဖြစ်ကြပါတယ်။ သူတို့ဟာ အကြောင်းတစ်ခုကြောင့် လူတစ်ယောက်ကို သဝာ်မိခဲ့ကြပြီး ဖုံးကွယ်ဖို့ကြိုးစားရာကနေ တလွဲတချော်တွေဖြစ်ကုန်ပါတော့တယ်ဗျ။ ဒီရုပ်ရှင်ထဲမှာဆိုရင် အိုဝင်စ်ညီအစ်မတွေအဖြစ် မင်းသမီးကြီး Sandra Bullock နဲ့ မင်းသမီးကြီး Nicole kidman တို့က အတွဲညီညီ သရုပ်ဆောင်ထားကြပါတယ်။ ဒီ Practical Magic ဆိုတဲ့ရုပ်ရှင်ဟာ fairy tale ဆန်ပြီး Romance နဲ့ Fantasy ရောထားတဲ့အပြင် ဆန်ဒရာဘူးလော့ခ်နဲ့ နစ်ကိုးလ်ကစ်ဒ်မန်းတို့လို ဂန္တဝင်မင်းသမီးကြီးတွေ ပါဝင်ထားတဲ့အတွက် အချိန်ပေးရကျိုးနပ်ပြီး စိတ်အပန်းပြေစေမယ့် ရုပ်ရှင်လှလှလေးတစ်ပုဒ်ပဲဖြစ်ပါတယ်ဗျ…။ File size…(2.09GB) / (1.06GB) / (527MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:44:00 Genre… Comedy / Drama / Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Zwe Yan Naing

Crime • Drama • Thriller
6.2 1998 104 mins
Practical Magic
We Are Marshall
7

Huntingtownဆိုတဲ့ မြို့ငယ်လေးမှာ Marshallလို့အမည်တွင်တဲ့ တက္ကသိုလ်တစ်ခုရှိပါတယ်။ ကျောင်းကိုယ်စားပြု American Footballအသင်းဖြစ်တဲ့ The Herd ပြိုင်ပွဲဝင်ချိန်တိုင်း မြို့သူမြို့သားတွေဟာ မြို့လုံးကျွတ်အားပေးခဲ့ကြပြီး သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြတယ်။ ငယ်ရွယ်နုပျိုတဲ့ လူငယ်တွေကလည်း မြို့ရဲ့ဂုဏ်သိက္ခာအတွက် အင်တိုက်အားတိုက်ကြိုးစားကြတယ်။ ဒါပေမယ့် မမျှော်လင့်တဲ့ ကံကြမ္မာဆိုးဟာ HuntingTownနဲ့ Marshallအတွက် ခြောက်ခြားစရာဖြစ်ရပ်ဆိုးကြိးတစ်ခုကို သယ်ဆောင်လာခဲ့ပါတယ်။ ဒီနာကျင်ကြေကွဲရတဲ့ ဒဏ်ရာတွေကို ခံစားနေရတဲ့ တက္ကသိုလ်ကျောင်းသားတွေနဲ့ မြို့ခံလူထုဟာ ဘောလုံးအသင်းကို ဘယ်လိုဆက်ပြီး တည်တံ့အောင်ကြိုးစားကြမလဲ၊ မိုင်၃၀၀ကျော်အဝေးက နည်းပြဂျက်လန်ရေးကရော Marshallနဲ့ ဘယ်လိုများရေစက်ဆုံလာမလဲ။ We are Marshallလို့ ကြွေးကြော်လိုက်တိုင်း သူတို့ရဲ့နာကျင်ဆုံးရှုံးမှု၊ အသင်းသားစိတ်ဓာတ်၊ အချင်းချင်းတန်ဖိုးထားမှု၊ လက်မလျှော့တဲ့ စိတ်အားထက်သန်မှု တွေကို ခံစားမိစေမယ့် ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။ ၂၀၀၆ခုနှစ်က ထွက်ရှိခဲ့ပြီး ၁၉၇၀ခုနှစ်ကို ဇာတ်အိမ်တည်ထားတဲ့ ဒီရုပ်ရှင်ဟာ တကယ့်ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ရုပ်ရှင်တစ်ကားထက်ပိုတဲ့ ဒီရုပ်ရှင်မှာ နာမည်ကြီး အနုပညာရှင်များဖြစ်တဲ့ The Wedding Planner,How to Lose a Guy in 10 Daysတို့ရဲ့ romantic iconလည်းဖြစ်ခဲ့သလို The Lincoln Lawyer, Interstellar တို့မှာဦးဆောင်ထားတဲ့ Matthew McConaughey၊ Captain America: The Winter Soldier (2014),The Falcon and the Winter Soldier(2021)တို့မှာ Falconအဖြစ်ပါဝင်ထားတဲ့Anthony Mackie၊ Fantastic Four(2015)မှာ invisible womanအဖြစ်သရုပ်ဆောင်ထားတဲ့ Kate Maraတို့အပါအဝင် အခြားနာမည်ကြီး castပေါင်းများစွာ ပါဝင်သရုပ်ဆောင်ထားတာမို့ ပိုင်နိုင်လှတဲ့သရုပ်ဆောင်ချက်တွေကြားမှာကိုယ်ကိုယ်တိုင် Marshallကျောင်းသားတစ်ယောက်လို၊ Huntingtownမြို့သားတစ်ယောက်လို ခံစားကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ် အညွှန်းနဲ့ဘာသာပြန် Ahorne ဖြစ်ပါတယ် File size…(2.8 GB)/(1.6 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:11:00 Genre…Drama, Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ahorne

Drama
7 2006 124 mins
We Are Marshall
Seagrass
6

ဒီဇာတ်ကားကတော့ အိမ်ထောင်ရေးတစ်ခုမှာ အချိန်ကြာလာတာနဲ့အမျှ ဖြစ်တတ်ကြတဲ့, ဖြစ်နေကြတဲ့ ပြဿနာတွေ အခက်အခဲတွေအကြောင်းကို ရိုက်ကူးပြ‌ပေးထားတာပါ။ အိမ်ထောင်တစ်ခုမှာ သားသမီးတွေရှိလာတဲ့အချိန် တစ်ဖက်နဲ့တစ်ဖက်အလျှော့ပေးပြီး နားလည်ပေးမှ အိမ်ထောင်ရေးသာယာနိုင်မှာဖြစ်ပြီး အဲဒီလိုမှမဟုတ်ရင်တော့ တစ်ခုခုဖြစ်တာနဲ့ စပြီးနစ်နာကြရမှာက သားသမီးတွေပဲမဟုတ်လား။ အခု ဒီဇာတ်ကားကတော့ အဲဒီအကြောင်းကို ဦးစားပေးပြီးရိုက်ကူးထားတာပါပဲ။ ဇာတ်လမ်းအကြောင်းပြောရရင်တော့ တစ်နေ့တစ်ခြားအဆင်မပြေဖြစ်လာတဲ့ အိမ်ထောင်ရေးပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် စတိဗ်နဲ့ ဂျူးဒစ်တို့ဟာ ချစ်သူတွေ, အိမ်ထောင်ရှင်တွေအတွက် နားထောင်ပြောဆို အကြံပေးတဲ့စခန်းတစ်ခုဆီကို သမီးနှစ်ယောက်နဲ့အတူ ခရီးထွက်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ထိုနေရာကိုရောက်မှ အကြောင်းအမျိုးမျိုးကြောင့်, လူတွေအမျိုးအမျိုးကြောင့် နဂိုထက်ပိုပြီး အခြေအနေတွေ တင်းမာလာတဲ့အချိန်မှာတော့ သူတို့တွေဘယ်လိုပြန်ပြီးဖြေရှင်းကြမလဲ, ဘယ်လိုအခက်အခဲတွေ‌ရောရှိနေကြမလဲဆိုတာကို ဇာတ်ကားထဲမှာပဲ ကြည့်ရှုခံစားပေးကြပါဦး။ File size…(1.6 GB)/(985 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:55:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mastero

6 2023 115 mins
Seagrass
Sapta Sagaradaache Ello – Side B
7

Sapta Sagaradaache Ello Side B (2023) “မေ့ပြီလား” မနှစ်ကတင်ခဲ့တဲ့ Side A ရဲ့ နောက်ဆက်တွဲဖြစ်တဲ့ ဟင်ဒီအချစ်ဒရာမာကားလေးကို အဆွေးဓာတ်ခံရှိတဲ့ ပရိသတ်တွေအကြိုက် တင်ဆက်ပေးလိုက်ပါတယ် ကိုယ်မလုပ်ခဲ့တဲ့ အပြစ်တစ်ခုအတွက် ထောင်ဆယ်နှစ်ကျပြီး ပြန်ထွက်လာတဲ့ မာနူတစ်ယောက် လေထဲအတူ တိုက်အိမ်ဆောက်ဖူးတဲ့ ချစ်သူ ပရီယာလည်း အိမ်ထောင်ကျ၊ ဘဝမှာ ကျန်တာဆိုလို့ ထောင်ကရခဲ့တဲ့ အမာရွတ်တစ်ခုနဲ့ အတိတ်က မေ့ဖျောက်မရတဲ့ မှတ်ဉာဏ်တစ်ချို့နဲ့အတူ တွဲရက်ပါလာတဲ့ ဒဏ်ရာတွေပါပဲ ဘဝသစ်စဖို့ ကြိုးစားရင်း သူ့မိတ်ဆွေတစ်ယောက်ညွှန်းတဲ့အတိုင်း ဟိုအတန်းက သဘောမနောကောင်းတဲ့ ပြည့်တန်ဆာလေးနဲ့ သွားအိပ်ပြီး ရင်းနှီးသွားကြရင်း သူ့အမြင်တချို့ ပြောင်းလာတယ် ဒီအချိန်မှာပဲ ပရီယာတစ်ယောက် အိမ်ထောင်ကျလို့ ရွှေဘုံပေါ် စံနေပါပြီ သူ့ဘဝသူပျော်နေပါပြီ ဆိုတဲ့ အထင်နဲ့ အမြင် လွဲနေတာကို တွေ့လိုက်ရတဲ့အခါမှာတော့… တစ်စစီကျိုးပဲ့သွားတဲ့ အတိတ်ဘဝက အိပ်မက်တစ်ချို့ကို ပြန်လည်ဆက်စပ်ဖို့ သူကြိုးစားလို့ အောင်မြင်မှာလား ဒီတစ်ကြိမ်မှာရော ရှေ့ကားကလို မျက်ရည်တွေနဲ့ပဲ အဆုံးသတ်ရဦးမှာလားဆိုတာကိုတော့ သီချင်းကအစ အဆွေးရော့ခ်သီချင်းတွေ ထည့်သွင်းထားပြီး ဟာသလုံးဝမနှောပဲ အပီအပြင်ဆွေးရဦးမယ့် ဇာတ်လမ်းလေးဖြစ်ကြောင်း ညွှန်းလိုက်ပါတယ် အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်

7 2023 146 mins
Sapta Sagaradaache Ello – Side B
Lobola Man

မင်္ဂလာဆောင်တွေမှာ မိသားစုနှစ်စုပေါင်းဖက်ဖို့အတွက် တင်တောင်းငွေညှိနှိုင်းမှုအတွက် ထုံးတမ်းကို သူတို့အတွက် လိုဘိုလာညှိနှိုင်းမှုလို့ခေါ်ကြပါတယ်။ မင်္ဂလာမဆောင်ခင်မှာ လိုဘိုလာညှိနှိုင်းမှုက မဖြစ်မနေလုပ်ဆောင်ရတဲ့ ထုံးတမ်းတစ်ခုပေါ့။ ဒီလို ညှိနှိုင်းမှုမျိုးမှာ ညှိနှိုင်းတတ်တဲ့သူမရှိရင် အဆင်မပြေဖြစ်တတ်ပါတယ်။ ဒီကိစ္စတွေကိုဖြေရှင်းဖို့အတွက် လိုဘိုလိုညှိနှိုင်းသူအနေနဲ့ လုပ်ကိုင်နေတဲ့ အေ့စ်ငူဘီနီဆိုသူရှိပါတယ်။ အေ့စ်ငူဘီနီဟာ ငယ်ငယ်လေးကတည်းက အချစ်ကို အယုံအကြည်မရှိခဲ့သူတစ်ဦးပါ။လိုဘိုလိုညှိုနှိုင်းသူအနေနဲ့လုပ်ဆောင်နေရင်း ဘားတစ်ခုမှာ ဇန်ဒီဆိုတဲ့ကောင်မလေးကိုမြင်ပြီးတော့ ကြွေသွားပါတော့တယ်။ ဖြစ်ချင်တော့ အဲဒီကောင်မလေးဟာ သူ့ရဲ့ ဖောက်သည်တစ်ဦးဖြစ်တဲ့ဒုခ်နဲ့ လက်ထပ်မဲ့သူဖြစ်နေတဲ့အခါမှာတော့ …… ပရော်ဖက်ရှင်နယ်ကျတဲ့ လိုဘိုလာညှိနှိုင်းသူတစ်ယောက်အနေနဲ့ ဒုခ်နဲ့ ဇန်ဒီကို ဘယ်လိုတွေ ညှိနှိုင်းမှုပြုလုပ်ပေးမလဲ …. သူတို့ကိစ္စတွေကရော အဆင်ပြေပါ့မလား …… အေ့စ်အနေနဲ့ကရော ဇန်ဒီနဲ့ ဘယ်လိုတွေ ဖြစ်လာဦးမလဲ… ဆိုတာတွေကို ကြည့်ရှုရမယ့် ဟာသအချစ်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Sakura ပဲ ဖြစ်ပါတယ်) File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:49:00 Genre… Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sakura

0 2024
Lobola Man
Soft Liquid Center

မင်္ဂလာပါ ရုပ်ရှင်ချစ်သူတို့ရေ ဒီနေ့မှာ “Soft Liquid Center” ဆိုတဲ့ ၂၀၂၃ ခုနှစ်ထွက် သည်းထိတ်ရင်ဖိုရုပ်ရှင်ကို မိတ်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဟာ ပရိတ်သတ်ကို စိတ်လှုပ်ရှားစေမယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပြီး၊ အထူးသဖြင့် စိတ်ပညာရေးသဘောထားပါဝင်တဲ့ သည်းထိတ်ရင်ဖိုရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာ အဆင်မပြေတာကြောင့်ချစ်သူဖြစ်သူနဲ့ ခွဲခွာပြီးတဲ့အမျိုးသမီးတစ်ဦးအကြောင်းကို အခြေပြုပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ သူ့ရဲ့ဘဝကို ပြန်လည်စတင်ဖို့ကြိုးစားတဲ့အခါမှာ အိမ်ထဲမှာ ထူးဆန်းတဲ့ အဖြစ်အပျက်တွေစတင်ဖြစ်ပေါ်လာပါတယ်။ ဒီဇာတ်လမ်းဟာ ပရိတ်သတ်ကို စိတ်ဖိစီးမှုနဲ့ တစ်ချိန်တည်းမှာ စိတ်ကူးယဉ်ဆန်တဲ့ ခံစားချက်တွေကို လှုံ့ဆော်ပေးမှာပါ။စိတ်ကူးယဉ်ဆန်တဲ့ သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကို ချစ်မြတ်နိုးတဲ့ ပရိတ်သတ်တွေကြည့်ရှူးပေးကြဖို့ညွန်းချင်ပါတယ်။ကြည့်ရှုပေးကြပါဦး။ File size…(1.6 GB)/(731 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre… Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Ye Htut

0 2023
Soft Liquid Center
The Monkey King 3
6

ဒီဇာတ်ကားမှာတော့ ဆရာ တော် ရှန်ကျန်းနဲ့ တပည့်ကျော် သုံးဦးဖြစ်တဲ့ ဝူခုံး၊ ပါကျဲနဲ့ ဝူဂျင်းတို့တွေ မိန်းမလှနိုင်ငံကို ရောက် သွားပြီး ကြုံဆုံရတာတွေကို ဇာတ်အိမ်တည်ထားတာ ဖြစ်ပါတယ်။ ဆရာတော် ရှန်ကျန်းနဲ့ တပည့်ကျော်တွေဟာ ကျမ်းစာ အုပ်တွေ ယူဆောင်ဖို့ အနောက် ဘက်ကို ခရီးဆန့်ကြရင်း တစ် ရက်မှာတော့ စုလစ်မွမ်းချွန်တွေ နဲ့ ခမ်းနားတဲ့ နေရာတစ်ခုကို ရောက်ရှိခဲ့ပါတယ်။ အဲဒီနေရာက တော့ ငယ်ငယ်ချောချော ဘုရင်မ လေးအုပ်ချုပ်ရာ မိန်းမလှ တိုင်း ပြည်ပဲ ဖြစ်ပါတယ်။ အဲဒီကို ရောက်သွားပြီးတဲ့ နောက်မှာတော့ ဆရာတော် ရှန် ကျန်းနဲ့ ဘုရင်မလေးတို့ကြားမှာ သံယောဇဉ်ဖြစ်ခဲ့ပါတော့တယ်။ ဒါပေမဲ့ ဘုရင်မလေးရဲ့ အကြံပေး မိန်းကလေးကတော့ သူတို့နိုင်ငံ ရဲ့ စည်းမျဉ်းစည်းကမ်းအရ သူတို့ဆီကို ရောက်လာတဲ့ ဘယ် ယောကျ်ားသားကိုမဆို သတ်ပစ်ဖို့လုပ်ခဲ့တာ မို့ ပြဿနာနဲ့ ရင်ဆိုင်ရပါတော့ တယ်။ အဲဒါနဲ့ ဝူခုံး၊ ပါကျဲနဲ့ ဝူဂျင်း တို့တွေဟာ လွတ်မြောက်မယ့် နည်းလမ်းရှာတဲ့အခါမှာ မိန်းမလှ နိုင်ငံကို ဖုံးအုပ်ထားတဲ့ ဧရာမ မှော်ပိုက်ကွန်ရှိနေတယ်ဆိုတာသိခဲ့ပြီး အန္တရာယ် ဂိတ်တံခါးကို ကျော် ဖြတ်နိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းက ချစ်ခြင်းမေတ္တာဆိုတဲ့ သောနဲ့ ဖွင့်မှပဲ ဖြစ်ပါတယ်။ ဆရာတော် ရှန်ကျန်းအဖို့ ကျမ်းစာတွေသယ်ဖို့ ခရီးဆက် ထွက်မလား၊ အချစ်အတွက် ပေး ဆပ်မလားဆိုတာ ဝေခွဲမရဖြစ်နေ ချိန်မှာ ကွမ်ရင်မယ်တော်ရောက် လာပြီး အမှန်မြင်နိုင်ဖို့ လမ်းပြခဲ့ ပါတယ်။ အဲဒီအခါမှာ ဆရာတော်ရှန် ကျန်းတို့ရဲ့ မေတ္တာဇာတ်လမ်းက ဘယ်လိုပုံစံနဲ့ အဆုံးသတ်မလဲဆို တာကို အမိုက်စားဆက်တင်တွေ၊ ရိုက်ချက်တွေနဲ့ ဆက်ကြည့်ဖို့ ဖော်ပြလိုက်ပါတယ်။ ပါဝင်ထားတဲ့ သရုပ်ဆောင် တွေက မျောက်မင်းဝူခုံးအဖြစ် Aaron Kwok၊ ဆရာတော်ရှန် ကျန်းအဖြစ် Feng Shaofeng၊ မိန်းမလှဘုရင်မအဖြစ် Zhao Liying၊ ပါကျဲအဖြစ် Xiao Shenyang၊ ဝူဂျင်းအဖြစ် Him Law တို့ပဲ ဖြစ်ပါတယ်။

6 2018
The Monkey King 3
Wicked Little Letters
7

Wicked Little Letters (2024) IMDb Rating (7.0) / Rotten Tomatoes (80%) အော်စကာဆုရမင်းသမီးကြီး တစ်ဦးဖြစ်တဲ့ Olivia Colman ကတော့ ဇာတ်ကားသစ်တစ်ကားမှာ ဇာတ်ဆောင်နေရာကနေ ထပ်မံဦးဆောင်ခဲ့ပါပြီ။ ဒီဇာတ်ကားဟာဆိုရင် ထွက်ရှိချိန်ကတည်းက rating ကောင်းများစွာကို ရရှိခဲ့ပြီး ဒီကနေ့မှာဆိုရင်တော့ IMDB 7.0 နဲ့ Tomato Meter 80% အထိရရှိထားတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းနောက်ခံကိတော့ ဗြိတိသျှကားတွေရဲ့ ထုံးစံအတိုင်း စစ်ပွဲအပြီး ပြန်လည်ထူထောင်ရေးကာလကို နောက်ခံသရုပ်ဖော်ထားပါတယ်။ ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းဟာဆိုရင်တော့ comedy, dark comedy, drama, crime အစရှိတဲ့ category အထိ ဇာတ်အိမ်ကျယ်ပြန့်အောင် ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းနောက်ခံ အီဒစ်စွမ်းဆိုတဲ့ အမျိုးသမီးတစ်ယောက်ဟာ ခရစ်ယာန်ဘာသာဝင်တစ်ယောက်ဖြစ်ပြီး ဘာသာရေးအရမ်းကိုင်းရှိုင်းသူဖြစ်ပါတယ်။ သမ္မာသမတ်ကျလွန်းတဲ့သူဟာ ဘယ်လို အခက်အခဲပြဿနာတွေပဲရှိရှိ သမ္မာကျမ်းစာအတိုင်း မေတ္တာတရားအပြည့်နဲ့ ပြန်လည်တုံ့ပြန်တတ်သူဖြစ်ပါတယ်။ ဒါပေမဲ့ တစ်နေ့မှာ အိုင်ယာလန်ကနေ သမီးငယ်တစ်ယောက်နဲ့အတူ အီဒစ်နေထိုင်ရာ လစ်တဲဟမ်တန်မြို့ကို ရို့စ်ဂွတ်ဒင်းဆိုတဲ့ အမျိုးသမီးတစ်ယောက်ရောက်လာခဲ့ပါတယ်။ အိုင်ယာလန်သူဖြစ်တဲ့အလျောက် စကားကိုအတိအလင်း ပြတ်ပြတ်သားသာပြောတတ်တဲ့သူဖြစ်တဲ့အပြင် သူကိုယ်တိုင်က စကာပြောကြမ်းတဲ့အခါမှာ လူအများကငြူစူတာကို ခံနေရသူဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်ချိန်က အရမ်းချစ်ခဲ့ကြပေမယ့် လက်ရှိအချိန်မှာ ရန်သူသဖွယ်ဖြစ်သွားခဲ့တဲ့ အီဒစ် ဆီကို အပုပ်ချစာတိုတစ်စောင်ရောက်လာတဲ့အခါမှာတော့… (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size…(1.5 GB) / (820 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Crime, Drama, History, Mystery Duration….01:40:35 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mark

Action • Thriller
7 2024 100 mins
Wicked Little Letters
Trainspotting
8.1

Trainspotting (1996) IMDb Rating (8.1) / Rotten Tomatoes (90%) ဒါရိုက်တာ Danny Boyle က ရိုက်ကူးတင်ဆက်ထားပြီး Stars တွေဖြစ်တဲ့ Ewan McGregor, Jonny Lee Miller, Kevin McKidd မင်းသမီး Kelly Macdonald တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ Trainspotting 1996 ဒီဇာတ်ကားကတော့ မာခ့်ဆေးစွဲနေတဲ့လူငယ်လေးတစ်ဦးနဲ့ သူ့မိတ်ဆွေတွေ မူးယစ်ဆေးကိုစွဲလမ်းနေပုံ၊ မူးယစ်ဆေးကြောင့် အမှားအမှန်မသိအရှက်အကြောက်မရှိတော့ပဲနဲ့ လုပ်ချင်တာတွေကို စိတ်ထင်တိုင်းလုပ်ကြပုံ။ ပတ်ဝန်းကျင်မှတွန်းအားပေးကူညီမှုကြောင့် မာခ့်တစ်ယောက်ဆေးပြတ်သွားသောအခါ သူ့ဘဝရှေ့ခရီးဘယ်လိုဆက်ဖြစ်မလဲ။ သူနှင့်ဆေးအတူသုံးတဲ့ မိတ်ဆွေတွေကို ဘယ်လိုအဆက်ဖြတ်ဖို့ကြိုးစားမလဲ ၊သူ့ရဲ့ဆိုးဖော်ဆိုးဖက်မိတ်ဆွေတွေကရော မာခ့်ကို အလွတ်ပေးပါ့မလား ၊ သူ့မိတ်ဆွေတွေကရော မူးယစ်ဆေးဘယ်လိုအကျိုးဆက်တွေ ခံစားရမလဲ စသည်တို့ကို ဟာသနှောကရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Eunice ဖြစ်ပါတယ်။) File size…(2.5 GB) / (980 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Crime, Drama Duration….01:35:21 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Eunice

8.1 1996 94 mins
Trainspotting