YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The.Perfect.Storm.2000.1080p(CM).mp4

2.83 GB 1080p video/mp4 1225 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Custody
5.5

Custody(2023) IMDb 8.1/10 Forrest Gump ကို Remake ပြန်ရိုက်ထားတဲ့ Laal Singh Chaddha ထဲမှာ လေတအားပေါတဲ့ စွပ်ကျယ်ချုပ်တဲ့ဆရာကြီး ဘာလာရာဂျူး ခေါင်းဆောင်ပါဝင်ထားတဲ့ ရဲမှူခင်းဇာတ်ကားကောင်းလေးပါ။ ဇာတ်လမ်းအကျဉ်း လူနာတင်ကားအတွက် ဝန်ကြီးချုပ်ကားကိုတောင် တားပြီး လူနာတင်ကားကို လမ်းပေးရဲတဲ့ ရဲတပ်သားလေးရှီဗာတယောက် အချစ်ရေးနဲ့ အမှန်တရားကြားမှာ ဗျာများရတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ် ထုံးစံအတိုင်းပဲ အမှန်တရားဘက်ရပ်တည်တဲ့အခါ တလောကလုံးနဲ့ကိုယ်တစ်ယောက်တည်း ရင်ဆိုင်တိုက်ပွဲဝင်ရယုံသာမကရာဇဝတ်မှုကျူးလွန်တဲ့သူတွေကလည်း ဟိုလူနဲ့အပိုင် ဒီလူ့တပည့်ပါဆိုပြီး အကာအကွယ်တွေယူ လက်တစ်လုံးခြားတွေလုပ် ကိုယ်နဲ့ ဆန့်ကျင်ဘက်ကို အမျိုးမျိုးဖိနှိပ်ကြနဲ့ အက်ရှင်ဒရာမာ တရားခွင်စုံနေအောင် ရသစုံခံစားရမဲ့ဇာတ်ကားလေးဖြစ်ပါတယ် အိန္ဒိယရဲကားကောင်းလေးတွေ ကြိုက်နှစ်သက်တတ်တဲ့ ပရိသတ်ကြီးအတွက် ဒီဇာတ်ကားလေးကလည်း သရုပ်ဆောင်ကောင်းကောင်း rating ကောင်းကောင်း ဇာတ်လမ်းကောင်းကောင်းနဲ့ ရသစုံခံစားရမှာဖြစ်လို့ ကြည့်ရှုအားပေးနိုင်ဖို့အတွက် တင်ဆက်ပေးလိုက်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Sai,chiclon3,Thaik San,Bpl,Yunni,Zwe တို့ပဲ ဖြစ်ပါတယ်) File size…10.5GB / 3.45GB / 1.4GB Quality…4k HEVC / 1080p WEBDL / 720p Format…mp4 Duration….2h 28m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sai~chiclon3~Thaik San~Bpl~ Yunni~ Zwe Yan

Action • Adventure • Animation • Science Fiction
5.5 2023 150 mins
Custody
The Flu
7.5

လက်ရှိဝူဟန်ဗိုင်းရပ်စ်ဖြစ်နေတဲ့အချိန်မှာ ၂၀၁၃လောက်ကထွက်ထားတဲ့Flu လေးနဲ့မိတ်ဆက်ပေးချင်ပါတယ် ။ ဇာတ်လမ်းကတော့ တရုတ် ဖိလစ်ပိုင် စတဲ့မတူတဲ့နိုင်ငံတွေကနေကိုရီးယားကို တရားမဝင်လူကုန်ကူးတဲ့ကွန်တိန်နာပေါ်ကပါလာတဲ့ နိုင်ငံခြားသားလူမျိုးတွေဆီမှာ H5N1ဆိုတဲ့ဗိုင်းရပ်စ်အဖျားပိုးပါလာခဲ့တယ်... တောင်ကိုရီးယားဆိပ်ကမ်းကို ကွန်တိန်နာရောက်ရှိလာတဲ့အချိန်မှာ ကိုးရက်တာကြာခဲ့ပြီး ကိုးရက်တာအတွင်းအလုံပိတ်ကွန်တိန်နာထဲမှာရှိတဲ့အဖျားပိုးက ရောဂါအညစ်အကြေးဘာညာစတာတွေကြောင့် Avian Virusဆိုတဲ့တုတ်ကွေးဗိုင်းရပ်စ်အဖြစ်သန္ဓေပြောင်းခဲ့တယ် ၊ နိုင်ငံတကာမှာ H5N1 ဝက်တုတ်ကွေးစတဲ့ဗိုင်းရပ်စ်တွေဖြစ်ပြီး လူအသေပျောက်ရှိခဲ့ပေမယ့် ရာသီတုတ်ကွေးလောက်သာဖြစ်ပြီး ကြီးကြီးမားမားဖြစ်ဖူးတာမျိုးမရှိတဲ့တောင်ကိုရီးယားနိုင်ငံ ဘူဒန်မြို့ကို ထိုဗိုင်းရပ်စ်ရောက်ရှိလာတဲ့အချိန်မှာတော့.... ကန်ဂျီဂူးဆိုတဲ့ ကယ်ဆယ်ရေးအဖွဲ့ကဝန်ထမ်းလေးနဲ့ ရောဂါရှာဖွေရေးကဆရာမကင်အင်ဟေးနဲ့သမီးဖြစ်သူ ကင်မီရီဆိုတဲ့ ဇာတ်ကောင်တွေနဲ့ ဒီဇာတ်လမ်းကိုပိုအသက်ဝင်အောင်ပုံဖော်ထားပါတယ် ။ တစ်ကယ်ကြည့်လို့ကောင်းတဲ့ဇာတ်လမ်းလေးမို့ လက်ရှိ coronaဒဏ်ကိုအံတုနေရတဲ့ တရုတ်နိုင်ငံကြီးဘေးကင်းပါစေလို့ဆုတောင်းရင်း တင်ဆက်ပေးလိုက်ပါတယ်...။ (အညွှန်းနဲ့ဘာသာပြန်သူကတော့ Myint Myat Thinn ဖြစ်ပါတယ် ) File Size__(3GB) / (1.6B) Quality__Bluray_1080p, 720p IMDb Rating__6.7/10 Format__mp4 Duration__01:27:00 Type__Drama, Sci-Fi Subtitle__Myanmar Subtitle (Hardsub) Translated by Myint Myat Thinn Encoded by Naing Aung Latt

Action • Mystery
7.5 2013 122 mins
The Flu
Dumb and Dumber
6.6

Legendary comedian ကြီး နှစ်ယောက်ဖြစ်တဲ့ Jim Carrey နဲ့ Jeff Daniels တို့နှစ်ယောက်ပေါင်းပြီး စခွီတွေနဲ့နှောက်မယ့် “Dumb and Dumber.” IMDb rating 7.3/10 နဲ့ Box office မှာ $247 သန်းတောင်ရရှိခဲ့တဲ့အပြင် ၁၉၉၀ ခုနှစ်တွေရဲ့အကောင်းဆုံးစာရင်းဝင် comedy ကားတစ်ကားဖြစ်တာမို့ ကလိထိုးရယ်ရမယ့်ကားမဟုတ်တာတော့ ဧကန်ပါပဲ။ ဇာတ်လမ်းအကျဥ်းကတော့ Lloyd Christmas (Jim Carrey) နဲ့ Harry Dunne (Jeff Daniels) တို့နှစ်ယောက်က ဘာတစ်ခုမှကို အသုံးကျတာမရှိတဲ့ အချစ်ဆုံးသူငယ်ချင်းတွေတစ်ဖြစ်လဲ ချာတူးလန်ငတုံးနှစ်ယောက်။ တစ်ယောက်က သူဌေးတွေရဲ့ဇိမ်ခံကားကိုမောင်းတဲ့ ဒရိုင်ဘာလုပ်တယ် .. တစ်ယောက်က ခွေး spa မှာလုပ်တယ်။ လက်ကြောမတင်းတဲ့ငတုံးနှစ်ကောင်ပါဆိုမှတော့ အလုပ်ကမြဲပါတော့မလား .. နဂိုတည်းက ပြုတ်စော်နံနေရာကနေ ပထမဇာတ်ဝင်ခန်းမှာပဲ ပြုတ်သွားပါလေရော။ အယ် .. ဒါပေမယ့် Lloyd ကတော့ အလုပ်မပြုတ်ခင် ဖွန်ခွင့်ရလိုက်သေးတယ်။ အဖွန်လွန်ပြီး အလုပ်ပြုတ်သွားတာဆိုလည်းမမှားဘူးပေါ့။ အလုပ်ပြုတ်ရခြင်းရဲ့အဓိကတရားခံက Aspen ကိုသွားဖို့ Lloyd လေဆိပ်ကို ကားမောင်းပို့ပေးရတဲ့ အလှပဂေးလေး Mary Swanson. လမ်းမှာ ဘာဘာညာညာတော်ကီဖုတ်ရင်းနဲ့ Lloyd တစ်ယောက် Mary ကို မြင်မြင်ချင်း fall in love သွားပါလေရော။ Mary လေဆိပ်ထဲဝင်သွားတာကိုတောင် အကြည့်မလွှဲနိုင်တဲ့ ကိုယ်တော်ချောက Mary ရဲ့လက်ဆွဲသေတ္တာ လေဆိပ်မှာကျန်ခဲ့တာကိုတွေ့သွားတာနဲ့ အပြေးလေးယူထားလိုက်တယ်။ တစ်ဖက်မှာလည်း ရေမိုးချိုးအလှပြင်ပေးပြီးတဲ့ခွေးတွေကို ရှိုးပွဲကိုအချိန်မီမပို့နိုင်တဲ့အပြင် တလွဲတွေလုပ်တဲ့ပြစ်မှုနဲ့ Harry ပါအလုပ်ပြုတ်လာပြန်တော့ အလုပ်လက်မဲ့နှစ်ယောက်ရယ် အညွှန်းဖတ်သူရယ်နဲ့ဆို အလုပ်လက်မဲ့သုံးယောက်ဖြစ်သွားပြီး အဖော်ရသွားကြတာပေါ့။ အဲဒါနဲ့ အလုပ်မရှိလို့ဘူနေတဲ့နှစ်ယောက် အလုပ်မရှိမယ့်အတူတူ မိန်းမရလိုရငြားဆိုပြီး လက်ဆွဲသေတ္တာကြီးဆွဲပြီး Mary သွားတဲ့ Aspen ကို လိုက်သွားပါလေရော။ ဒီလိုနဲ့တလွဲခရီးစဥ်ကြီးအစပြုလာပြီး လမ်းခရီးတစ်လျှောက်နှစ်ယောက်ပေါင်းပြီး ဘယ်လိုတွေလောင်းကျော်ကြဦးမှာလဲ .. Lloyd တစ်ယောက် မိန်းမပဲရလာမှာလား ဘာများရလာမှာလဲ .. သူတို့မျက်နှာလုပ်ပြီးသွားပို့တဲ့လက်ဆွဲသေတ္တာကရော ဘာသေတ္တာဖြစ်နေမှာလဲဆိုတာကို ဘာအလုပ်မှလုပ်စရာမရှိမယ့်အတူတူ ထိုင်ကြည့်ရင်းခွီနိုင်ဖို့တင်ဆက်ပေးလိုက်တာပဲဖြစ်ပါတယ်။ File size…2.4GB / 1.3GB Quality…1080p Blu Ray  / 720p Format…mp4 Duration….1h 47m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lai Laii

Family • Fantasy
6.6 1994 107 mins
Dumb and Dumber
Bang Bang!
6.1

မင်းသား Hrithik Roshan နဲ့ မင်းသမီး Katrina Kaif တို့အဓိကပါဝင်ထားတဲ့ ဒီ Bollywood ဇာတ်ကားက Hollywood ရဲ့နာမည်ကြီးရုပ်ရှင်ဇာတ်ကားတစ်ကားကို မှီငြမ်းထားတာဖြစ်ပါတယ်...။ နိုင်ငံတော်တော်များများကို လှည့်ပတ်ပြီး ခမ်းနားစွာရိုက်ကူးထားတာကြောင့် ရှုခင်းတွေ အရမ်းလှပါတယ်။ ဒါ့အပြင် ဘောလိဝုဒ်ရဲ့အနှစ်လို့ဆိုရမယ့် အကအလှပိုင်းမှာလဲ ဒီဇာတ်ကားက လုံးဝပြည့်စုံတယ်ဆိုရအောင် မိုက်ပါတယ်... မိုက်ဆို မင်းသားရော မင်းသမီးရောက လုံးဝအလန်းတွေလေ။ ဇာတ်လမ်းကတော့ အက်ရှင်ကြမ်းကြမ်း အချစ်ကြမ်းကြမ်း စွန်းစားခန်းကြမ်းကြမ်းတွေနဲ့ ဟာသလေးတွေလဲ ဖြည့်စွက်ထားပါသေးတယ်။ ကြည့်ပျော်တဲ့ဇာတ်ကားဖြစ်ပြီးတော့ အချိန် ၂ နာရီခွဲလောက်ကြာတာကိုပါ မေ့သွားပါမယ်။ File size…(7.1 GB)/ (1.9 GB) Quality….BluRay 1080p /720p Format…mp4 Duration….02:33:49 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Thaik San

Action • Thriller
6.1 2014 153 mins
Bang Bang!
The Siege
4.7

The Siege (2023) ============ အက်ရှင်ကား ကြိုက်သူများအတွက် ၂၀၂၃ ခုနှစ်မှာ အသစ်ထွက် ရှိလာတဲ့ အက်ရှင်ကားအသစ် တင်ဆက်ပေးလိုက်ပါတယ်။ ဘက် ဂျက်အကြီးကြီး ရုပ်ရှင်မျိုးတော့ မဟုတ်ပေမယ့် သူ့ဘက်ဂျက်နဲ့ နိုင်သလောက် လုပ်ပြထားတဲ့ ပုံစံမျိုးပါ။ တစ်ချို့ပြကွက်တွေမှာ John Wick လို ရုပ်ရှင်မျိုးကိုမှ မတူတဲ့ပုံစံတစ်မျိုးနဲ့ ကြည့်ရှု့ရမှာပဲ ဖြစ်ပါတယ်။ ဝေါ်ကာဟာ ကြေးစားလုပ်ကြံရေးသမားတစ်ယောက်ပါ။ မစ်ရှင် တစ်ခုမှာ သူ့ရဲ့ ရုပ်ကိုမြင်သွားလို့ ခဏလောက် ခြေရာဖျောက်နေရင်း အထောက်အထားအသစ်လုပ်ဖို့အတွက် ပြန်လည်ခန့်အပ်ရေးစင် တာကို ရောက်လာခဲ့ပါတယ်။ ပြန်လည်ခန့်အပ်ရေးစင်တာဆိုကတော့ John Wick ထဲက Continental Hotel လိုမျိုးပဲ လုပ်ကြံရေးသမား တွေအတွက် ညအိပ်ဖို့၊ အထောက်အထားအသစ်တွေ လုပ်ဖို့ ကူညီ ပေးတဲ့နေရာတစ်ခုပါ။ စင်တာမှာ ဝေါ်ကာရောက်နေတုန်း လူဆိုးအဖွဲ့တစ်ဖွဲ့က သူတို့သူဌေး ဖမ်းဆီးထားတဲ့ မိန်းကလေးတစ်ယောက်နဲ့ သူ့ကို ကယ်ထုတ်သွားတဲ့ အယ်လ်ဒါ့ကို ဝင်ရှာဖို့အတွက် စင်တာကို ဝင်စီးပါတော့တယ်။ အယ်လ် ဒါလည်း ဝေါ်ကာ့အကြောင်းကို သိထားပြီးသားဆိုတော့ သူတို့ကို ကူညီဖို့အတွက် ဝေါ်ကာ့ကို အကူအညီတောင်းပါတော့တယ်။ ဝေါ်ကာ လည်း ပဲလှော်ကြား ဆားညှပ်ဆိုသလိုပဲ လူဆိုးဂိုဏ်းလက်ထဲကနေ အမျိုးသမီး နှစ်ယောက်ကို ကယ်ရင်းနဲ့ တစ်ညတာရှင်သန်နိုင်ဖို့ ကြိုး စားရပါတော့တယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Leonard Lin ဖြစ်ပါတယ်) File Size..........(1.11 GB) / (413 MB) / (231 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1H 37Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action Translator.......Leonard Lin Encoder..........SWM

Drama
4.7 2023 97 mins
The Siege
City Hunter
6.3

ဂျက်ကီချန်း Crazy တွေ ဒီကားသိမယ်လို့ထင်ပါတယ်.ကြည့်ဖူးတဲ့သူလည်းများမယ်ထင်ပါတယ်. 1993ခုနှစ်ကထွက်ရှိခဲ့တဲ့ ဇာတ်လမ်းဖြစ်ပြီး ဂျက်ကီချန်းရဲ့ ထုံးစံအတိုင်း ဟာသ နဲ့အက်ရှင် တွဲဖက်ရိုက် ကူးထားတဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ် ငယ်ငယ်တုန်းက ကြိုက်နှစ်သက်ခဲ့တဲ့ဇာတ်ကားလေးမို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်.. ဇာတ်လမ်းအကျဉ်း – မန်ပေါ နဲ့ ကီမူရာတို့ဟာ လုပ်ဖော်ကိုင်ဖက်စုံထောက်၂ဦးပါ..တစ်နေ့မှာ ကီမူရာဟာ တာဝန်တစ်ခုထမ်းဆောင်ရင်းနဲ့ သေဆုံးခါနီးမှာ မန်ပေါ ကို သူ့တူမလေးကိုအပ်ခဲ့ပါတယ် သူ့တူမလေးနဲ့ မန်ပေါ တို့ ရဲ့ နောက်ပိုင်းဇာတ်လမ်းတွေကိုတော့ ဟာသနှောပြီးရိုက်ကူးထားပါတယ် ဆက်လက်ကြည့်ရှုကြပါ ———————————————————————— ဂျက်ကီချန်း Crazy တွေ ဒီကားသိမယ်လို့ထင်ပါတယ်.ကြည့်ဖူးတဲ့သူလည်းများမယ်ထင်ပါတယ်. 1993ခုနှစ်ကထွက်ရှိခဲ့တဲ့ ဇာတ်လမ်းဖြစ်ပြီး ဂျက်ကီချန်းရဲ့ ထုံးစံအတိုင်း ဟာသ နဲ့အက်ရှင် တွဲဖက်ရိုက် ကူးထားတဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ် ငယ်ငယ်တုန်းက ကြိုက်နှစ်သက်ခဲ့တဲ့ဇာတ်ကားလေးမို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်.. ဇာတ်လမ်းအကျဉ်း – မန်ပေါ နဲ့ ကီမူရာတို့ဟာ လုပ်ဖော်ကိုင်ဖက်စုံထောက်၂ဦးပါ..တစ်နေ့မှာ ကီမူရာဟာ တာဝန်တစ်ခုထမ်းဆောင်ရင်းနဲ့ သေဆုံးခါနီးမှာ မန်ပေါ ကို သူ့တူမလေးကိုအပ်ခဲ့ပါတယ် သူ့တူမလေးနဲ့ မန်ပေါ တို့ ရဲ့ နောက်ပိုင်းဇာတ်လမ်းတွေကိုတော့ ဟာသနှောပြီးရိုက်ကူးထားပါတယ် ဆက်လက်ကြည့်ရှုကြပါ File size…(2.3 GB)/(1.5 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre…Action, Comedy, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by LK

6.3 1993 99 mins
City Hunter
Steal Your Heart
5.7

Ro တာလေးတွေကိုမှကြည့်ချင်ပါတယ်ဆိုတဲ့သူတွေအတွက် ဇာတ်ကားနာမည်အတိုင်းပရိသတ်တွေရဲ့အသည်းနှလုံးကိုခိုးသွားမဲ့ Steal Your Heart ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ IMDb Rating 5.7 ရရှိထားပြီးအချစ်ကားငြိမ့်ငြိမ့်လေးတွေ ကြည့်ချင်တဲ့သူတွေအတွက်တော့အဆင်ပြေစေမဲ့ကားလေးပဲဖြစ်ပါတယ်။ ဒီကားထဲမှာအဓိကဇာတ်ကောင်တွေကတော့ဂျိတ်နဲ့မလစ်ဆာတို့ဖြစ်ပြီး ဂျိတ်က ဗလဲ လို့ခေါ်တဲ့ဒီဇိုင်နာကုမ္ပဏီကြီးရဲ့အကြီးတန်းဒီဇိုင်နာဖြစ်သလို ကုမ္ပဏီဥက္ကဌရဲ့သားလည်းဖြစ်ပါတယ်။မလစ်ဆာဆိုတဲ့ ကောင်မလေး ကတော့ အစ်မဖြစ်သူနဲ့အတူတူဖက်ရှင်ဆိုင်လေးဖွင့်ထားတဲ့ လက်ဝတ် လက်စား ဒီဇိုင်းဆွဲပြီး လုပ်ရောင်းရတာကို ဝါသနာပါတဲ့ သာမန် ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ဝါသနာတွေက တူညီကြပေမဲ့ အခြေအနေတွေကတော့မိုးနဲ့ မြေလိုကွာခြားနေကြ ပါတယ်။ဒီလိုကွာခြားနေတဲ့ လူနှစ်ယောက်ကိုဆုံစည်းစေခဲ့တာကတော့ ဂျိတ်အမေကော်ဒီလီယာပဲဖြစ်ပါတယ်။ကော်ဒီလီယာကမလစ်ဆာရဲ့ ဆိုင်လေးမှာ ပစ္စည်းလေးတစ်ခုသွားဝယ်ရင်းနဲ့ မလစ်ဆာတို့မိသားစု အတွက် အရမ်းအရေးကြီးတဲ့ ဆောင်းနှင်းဆီဆိုတဲ့လည်ဆွဲလေး မှားပါသွားပါတော့တယ်။အဲ့ဒါနဲ့ မလစ်ဆာပြန်သွားတောင်းတဲ့ အခါမှာတော့ ဂျိတ်နဲ့ဆုံစည်းခဲ့ပြီး သူတို့နှစ်ယောက်အတူတူမဖြစ်မနေ လက်တွဲလုပ်ဖို့ဖြစ်လာတဲ့အခါမှာတော့ ဘယ်သူက ဘယ်သူ့အသည်း နှလုံးကိုခိုးယူသွားမလဲဆိုတာကို ဒရာမာဆန်ဆန်ကြည့်ရှုရမဲ့ ဇာတ်ကား လေးပဲဖြစ်ပါတယ်.. File size…2.13GB / 964MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 27m Genre ….. Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Horror • Mystery • Science Fiction • Thriller
5.7 2023 90 mins
Steal Your Heart
Boat People
7.6

၁၉၇၅မှာ ဗီယက်နမ်ပြည်တွင်းအခြေအနေတွေကြောင့် ဗီယက်နမ်ဒုက္ခသည်တွေ ဟောင်ကောင်ကို လှေတွေနဲ့ ထွက်ပြေးလာခဲ့ကြတယ်။ အဲဒီဗီယက်နမ်ဒုက္ခသည်တွေကို Boat People လို့ခေါ်ကြတယ်။ ဒါကို ၁၉၇၉မှာ Hong Kong New Waveရဲ့ အခရာတွေထဲကတစ်ယောက်ဖြစ်တဲ့ အမျိုးသမီးဒါရိုက်တာ Ann Huiက The Boy From Vietnamဆိုတဲ့ ဒိုကူမန်ထရီတစ်ကားရိုက်ခဲ့တယ်။ ၁၉၈၁မှာ ချောင်ယွန်ဖတ်နဲ့ The Story of Woo Viet ဆိုတဲ့တစ်ကားကို ဆက်ရိုက်ခဲ့တယ်။ ဒီကားမှာ ချောင်ယွန်ဖတ်က ဗီယက်နမ်ဖွား တရုတ်အနေနဲ့ သရုပ်ဆောင်ထားတယ်။ နောက်ဆုံးနဲ့ အကျော်ကြားဆုံးရုပ်ရှင်ဖြစ်တဲ့ Boat Peopleမှာတော့ ဆိုင်ဂုံကျပြီး ဗီယက်နမ်စစ်ပွဲအပြီး ဗီယက်နမ်ရဲ့ ပြန်လည်ထူထောင်ရေးကာလ ဗီယက်နမ်ရဲ့ ပြည်တွင်းရေးအခြေအနေကို ပြထားတယ်။ အင်္ဂလိပ်နာမည်က နည်းနည်းတော့ အကောက်လွဲနေတယ်လို့ ပြောကြတယ်။ ဒီကားမှာ Boat Peopleတွေပါပေမဲ့ Boat People တွေအကြောင်းထက် ကွန်မြူနစ်လက်အောက်က ဗီယက်နမ်တွေရဲ့ဒုက္ခကို အဓိကပြထားတယ်လို့ဆိုတယ်။ တရုတ်နာမည်ကတော့ ‌ “Run Towards the Angry Sea”ဆိုတဲ့ အဓိပ္ပာယ်ရတယ်။ ဒါတော့ ဇာတ်ကားနဲ့ကွက်တိပဲလို့ ဆိုကြတယ်။ တရုတ်အကယ်ဒမီပေးပွဲမှာ Best Picture, Best Director, Best New Performer, Best Screenplay, and Best Art Direction စတဲ့ ဆုတွေရခဲ့သလို 1983 Cannes Film Festivalမှာလည်း ဆန်ခါတင်ဝင်ခဲ့တယ်။ ပြီးခဲ့တဲ့နှစ်တစ်ရာအတွင်း အကောင်းဆုံးတရုတ်စကားပြောရုပ်ရှင်တစ်ရာစာရင်းမှာ နံပါတ်၈ချိတ်ခဲ့တယ်။ အန်ဒီလောင်ကလည်း ဒီကားမှာ တက်သစ်စအနေနဲ့ပါဝင်ခဲ့ပြီး ဇာတ်ပို့ဆုရခဲ့ဖူးတယ်။ တရုတ်ကားဆိုပေမဲ့ အန်းဟွေက ဗီယက်နမ်မှာ ဇာတ်အိမ်တည်ပြီး ဗီယက်နမ်ရေးရာတွေကိုပဲ ပြထားတော့ တရုတ်ကားဆိုတဲ့ ဖီလင်တောင် သိပ်တော့မရနေပါဘူး။ ဗီယက်နမ်ကို သတင်းလာယူတဲ့ ဂျပန် ဓာတ်ပုံသတင်းထောက်ကို အဓိကဇာတ်ကောင်အဖြစ်ထားထားတယ်။ သူကတော့ စစ်ပွဲမနိုင်ခင်ကလည်း ဗီယက်နမ်ကို ရောက်ခဲ့ပြီး သူ့ကြောင့် သူတို့အခြေအနေကို နိုင်ငံတကာက သတိထားမိသွားတာဆိုတော့ သူ့ကို အရာရှိတွေကိုယ်တိုင် ပြန်လည်ထူထောင်ရေးနေရာတွေကို သေချာလိုက်ပို့ပေးကြတယ်။ ဒါပေမဲ့ ဓာတ်ပုံသတင်းထောက်ဟာ သူ့ဘာသာ ဓာတ်ပုံတွေလိုက်ရိုက်ရင်း သူ့ကိုပြထားတာက ဗီယက်နမ်ရဲ့ တကယ့်ပြန်လည်ထူထောင်ရေး အခြေအနေမှန်မဟုတ်ဘဲ သူတို့ပြချင်တဲ့ကောင်းတဲ့နားတွေကိုပဲ ပြထားတယ်ဆိုတာကိုသိလာရတဲ့ အကြောင်းကို အဓိကထားပြထားတယ်။ ဒါတွေကို အဓိကထားပြပေမဲ့လည်း သတင်းထောက် သံယောဇဉ်တွယ်မိတဲ့ ဗီယက်နမ်မိသားစုနဲ့ သူ့အခြေအနေကို အဆုံးထိ ဇာတ်ရှိန်အပြည့်နဲ့ ပုံဖော်သွားတာလည်း ဆက်တိုက် အရှိန်ကျဘဲ စိတ်ဝင်စားစရာကောင်းတယ်။ ဒီရုပ်ရှင်ဟာ ကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။

7.6 1982
Boat People
The Wizard of Oz
8.1

ရုပ်ရှင်သမိုင်းရဲ့ လက်ချိုးရေလို့ရတဲ့ ဂန္တဝင်အတွင်ဆုံး မြူဇစ်ကယ်ကားတွေထဲက တစ်ကားဖြစ်တဲ့ The Wizard of Oz ( 1939 )ကို L. Frank Baumရဲ့ 1900ပြည့်နှစ်မှာ ထုတ်ခဲ့တဲ့ The Wizard of OZစာအုပ်ကို ပြန်ရိုက်ထားတယ်။ L. Frank Baumဟာ Oz စီးရီးစာအုပ်တွေအများကြီး‌ရေးခဲပေမဲ့ ဒီ၁၉၀၀မှာ ထုတ်ခဲ့တဲ့စာအုပ်ကတော့ သူ့အအောင်မြင်ဆုံးစာအုပ်ဖြစ်သလို ရုပ်ရှင်အဖြစ်လည်း တော်တော်အသက်သွင်းခဲ့ကြတယ်။ ကျွန်တော်တို့ခေတ်မှာထွက်ခဲ့တဲ့ Sam Raimiရဲ့ Oz: The Great and Powerfulကတော့ ဒီဇာတ်ရဲ့အရှေ့ကအဖြစ်အပျက်တွေကိုပြထားတယ်။ ဒါပေမဲ့ အဲဒီကားက ဒီကားရဲ့ရှေ့ကအဖြစ်သက်သက်ပါပဲ။ ကျန်တဲ့ Ozဇာတ်လမ်းတွေနဲ့ ဒီကားက Wizard of Ozကြီးရဲ့ဖြစ်တည်မှုက မတူသလို Sam Raimiရဲ့ Wizardကလည်း ဒီကားက Wizardရဲ့ ဖြစ်တည်မှုကိုပဲ အခြေတည်ထားခဲ့တယ်။ ပြောရရင် တရားဝင်မဟုတ်ပေမဲ့ ဒီကားက ကျွန်တော်တို့ခေတ်က Ozရဲ့အဆက်လို့ပြောလို့ရတယ်။ ဇာတ်လမ်းကတော့ ဒိုရိုသီလို့ခေါ်တဲ့ကောင်မလေးက သူ့ခွေးလေးကို ကယ်ဖို့ အိမ်ကနေ သူ့ခွေးလေးနဲ့အတူတူထွက်လာရင်း လေမုန်တိုင်းတစ်ခုနဲ့တိုးရာကနေ အဲဒီလေမုန်တိုင်းက သူ့ကို Ozလို့ခေါ်တဲ့ စိတ်ကူးယဉ်ဆန်တဲ့ ကမ္ဘာဆီခေါ်သွားခဲ့တယ်။ ဒိုရိုသီဟာ ဒီကမ္ဘာကနေသူ့အိမ်ပြန်တဲ့လမ်းကိုရှာဖို့ အော့ဇ်ရဲ့မှော်ဆရာကြီးဆီကို သွားရင်း လမ်းမှာ သတ္တုလူသား , စာခြောက်ရုပ်, ခြင်္သေ့အစရှိတဲ့အရာတွေနဲ့တွေ့ခဲ့ပြီး သူတို့မှာလည်း သူတို့ချို့ငဲ့နေတဲ့အရာတွေရှိနေတာကို သူသိလိုက်ရတယ်။ ဒီလိုနဲ့ သူတို့တွေ အော့ဇ်ရဲ့မှော်ဆရာကြီးဆီအတူတူသွားပြီး အကူအညီသွားတောင်းကြဖို့ ခရီးဆက်ကြတဲ့ဇာတ်လမ်းပါပဲ။ ဒီလမ်းတစ်လျှောက်မှာ အနောက်ဘက်စုန်းမဆိုးကြီးက သူတို့ကို နှောင့်ယှက်အန္တရာယ်ပေးတာတွေကို ကျော်လွှားပြီး မှော်ဆရာကြီးဆီ သူတို့ရောက်အောင်သွားကြမယ့် ခရီးကို ကြည့်ရမှာပါ။ ဇာတ်လမ်းအရတော့ Ozဟာ ကလေးပုံပြင်တစ်ပုဒ်ပါပဲ။ အရမ်းခမ်းနားကြီးကျယ်တဲ့ ဇာတ်လမ်းကြီးမဟုတ်ပေမဲ့ ခေတ်အဆက်ဆက် အားလုံးရဲ့ ရင်ထဲရောက်နိုင်ခဲ့တဲ့ဇာတ်လမ်းပါပဲ။ ကလေးပုံပြင်တစ်ပုဒ်ရဲ့ ဒြပ်တွေအကုန်ပါနေတဲ့ ကလေးပုံပြင်စစ်တဲ့ ကလေးပုံပြင်တစ်ပုဒ်လို့ပြောလို့ရပါတယ်။ ပုံပြင်ဟာ ပုံပြင်ပါပဲ။ ပုံပြင်မဆန်တဲ့ပုံပြင်တွေထက် ပုံပြင်ဆန်တဲ့ပုံပြင်တွေက ကျွန်တော်တို့ရင်ထဲပိုရောက်တတ်တာပါပဲ။ ကလေးပုံပြင်တွေဟာ ကြီးကျယ်ခမ်းနားစရာမလိုသလို ရိုးသားစရာလည်းမလိုပါဘူး။ ကလေးပုံပြင်တွေက လက်တွေ့မကျပေမဲ့ ကမ္ဘာကြီးရဲ့ တကယ့်မျက်နှာအစစ်ကို ရင်ဆိုင်တွေ့ပြီး ကိုယ့်အတွေးအခေါ်တွေ ကိုယ်ဖြစ်တည်မလာခင် စပ်ကြားမှာ ကျွန်တော်တို့ခေါင်းထဲရှိနေတာကောင်းတဲ့ အကောင်းဘက်က အမြင်တွေကို ဖြည့်စွက်ပေးနိုင်တဲ့ ဇာတ်လမ်းတွေပါပဲ။ Ozဟာ ဒီလိုဒြုပ်မျိုး အပြည့်အဝရှိတဲ့ ကြည့်သင့်တဲ့ ဇာတ်လမ်းတစ်ပုဒ်ပါပဲ။ ဒုတိယကမ္ဘာစစ်စတဲ့ကာလ ၁၉၃၉မှာ ထွက်ခဲ့တဲ့ ရုပ်ရှင်ပေမဲ့ The Wizard of Ozဟာ သူ့ကာလက ကားလို့မထင်ခဲ့ရသလို မြူဇစ်ကယ်ရုပ်ရှင်တွေရဲ့ အရွေ့အပေါ်လည်း သက်ရောက်မှုကြီးခဲ့တယ်။ သူ့နောက်မှာ နာမည်ကျော် မြူဇစ်ကယ်ရုပ်ရှင်တွေအများကြီးထွက်လာခဲ့သလို Ozဇာတ်လမ်းတွေလည်း ဆက်တိုက်ဆိုသလို ရိုက်ကူးခဲ့ကြတယ်။ ဒီနှစ်နဲ့နောက်နှစ်မှာလည်း Jon M. Chuရဲ့ Wicked ( 2024 )နဲ့ Wicked: For Good (2025)ထွက်ဦးမှာဆိုတော့ ဒီအသစ်တွေရဲ့ဇာတ်လမ်းကို သေချာသိဖို့ရော ဂန္တဝင်မြူဇစ်ကယ်တစ်ကားအနေနဲ့ရော ကြည့်ထားသင့်တဲ့ ရုပ်ရှင်ပါပဲ။ File size… 4.5 GB / 2.7 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 42m Genre ….. Adventure/ Fantasy/ Family/ Musical Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by WiRa Aung

Romance • Drama
8.1 1939 102 mins
The Wizard of Oz
A Dog’s Purpose
7.2

ဘေလီ လို့ခေါ်တဲ့ ရွှေဝါရောင် အမဲလိုက်ခွေး အမျိုးအစားလေး က သူ့ကို တကယ်ချစ်ပြီး ကြင်နာပေးတဲ့ အီသန် နဲ့ ဟန်နာ တို့ရဲ့အချစ်တော်ခွေးလေးပေါ့ အီသန် က ဘေလီ ကို Rugby ဘောလုံးလေးနဲ့ကစားနည်းလေးတွေ သင်ပေးခဲ့တယ် တစ်နေ့မှာတော့ အကြောင်းကြောင်းကြောင့် အီသန် နဲ့ ဟန်နာ တို့ လမ်းခွဲ ခဲ့ကြတယ် နောက်ပိုင်း အီသန် ပညာသင်ဖို့ထွက်ခွာသွားခဲ့တဲ့အချိန်မှာတော့ ဘေလီ လေးလည်း သခင်ကို လွမ်းတဲ့စိတ်နဲ့ နေမကောင်းဖြစ်ပြီး ဆရာဝန်တွေက သူ့အတွက် အကောင်းဆုံး ဖြစ်အောင် လုပ်ပေးခဲ့ကြတယ် ဒီလိုနဲ့ ဘေလီဟာ နောက်ဘဝတစ်ခုမှာတော့ ရဲတပ်သား ခွေးလေးဘဝကို ပိုင်ဆိုင်ခဲ့ပြီး သူတတ်စွမ်းသလောက် အခြားလူတွေ နဲ့သူ့ရဲ့သခင်အသစ်ကို ကူညီပေးခဲ့တယ် ဒါပေမဲ့လည်း ဘေလီ ကတော့ အီသန် ကို မေ့လို့မရနိုင်ခဲ့ပါဘူး နောက်ဆုံး ဘဝတစ်ခုမှာတော့ သူတကယ် အကျပ်အတည်းနဲ့ရုန်းကန်ခဲ့ရပါတယ် သူ့ကိုမချစ်တဲ့ သူ့သခင်တစ်ယောက်က စွန့်ပစ်ခဲ့တဲ့ အချိန်မှာတော့ အိမ်မပြန်တော့ပဲ ခြေဦးတည့်ရာထွက်လာရင်း အရင်ဘ၀ သူနဲ့ရင်းနှီးတဲ့ နေရာတစ်ခုကို ပြန်ရောက်လာခဲ့တယ် ဒီအချိန်မှာတော့ သူဟာ အီသန် ကို ရှာတွေ့နိုင်ခဲ့ပါပြီ အီသန် ကတော့ သူ့ကို မသိခဲ့ပါဘူး ဘေလီလေး တစ်ယောက် အထီးကျန်နေတဲ့ အီသန်ကို ဘယ်လိုကူညီမလဲ သူက ဘေလီ ပါဆိုတာကို အီသန် သိအောင် ဘယ်လို ကြိုးစားမလဲဆိုတာတော့ ဇာတ်လမ်းထဲမှာ ကြည့်ရှုလိုက်ကြပါဦး ခင်ဗျာ ဘဝများစွာ ဖြတ်သန်းခဲ့ရပေမဲ့ သခင်ကို ချစ်တဲ့စိတ် သခင်အပေါ်သံယောဇဉ်ကြီးတတ်တဲ့ ခွေးလေးတွေ ရဲ့အကြောင်းကို ရိုက်ကူးထားတာတဲ့ ဇာတ်လမ်းလေးဖြစ်တာကြောင့် CM ပရိသတ်တွေထဲကမှ တိရိစ္ဆာန်ချစ်သူလေးတွေ သဘောကျ နှစ်သက်ကြလိမ့်မယ် ထင်ပါတယ် (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ Carey Nyein ပဲဖြစ်ပါတယ်) File size…(1.9 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:40:00 Genre… Adventure, Comedy, Drama, Family, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Carey Nyein

Drama • Romance
7.2 2017 100 mins
A Dog’s Purpose
Bolehkah Sekali Saja Kumenangis
7.3

Bolehkah Sekali Saja Kumenangis (2024) IMDb Rating (7.3) ဒီဇာတ်လမ်းကတော့ ဒါရိုက်တာ Reka Wijaya ရဲ့ အိမ်တွင်းအကြမ်းဖက်မှုအကြောင်း ပေါ်လွင်အောင်ရိုက်ကူးထားတဲ့ အင်ဒိုနီးရှား ဒရမ်မာတစ်ပုဒ်ပဲဖြစ်ပါတယ်။ Tari ဆိုတဲ့ မိန်းမငယ်လေးက အကြမ်းဖက်တတ်တဲ့ သူ့အဖေ Pras ဆီကနေ သူ့အမေ Devi ကို ကာကွယ်ပေးရင်း အိမ်ကနေမထွက်နိုင် ဖြစ်နေတဲ့သူပါ။ Pras က သူ့မိန်းမနဲ့သမီးကို ကြမ်းကြမ်းတမ်းတမ်းဆက်ဆံ၊ အရာရာချုပ်ချယ်‌နေပေမဲ့ Devi ကတော့ သူပြောင်းလဲသွားမှာပါဆိုတဲ့ မျှော်လင့်ချက်နဲ့ သူ့သမီးတွေအတွက် အရာအားလုံးကို ငြိမ်ခံဝပ်တွားနေခဲ့တယ်။ ဒါပေမဲ့ အကြမ်းဖက်အိမ်ထောင်ဦးစီး အုပ်ချုပ်တဲ့ မိသားစုတစ်စုကြောင့်ရတဲ့ စိတ်ဒဏ်ရာတွေ၊ ရှုပ်ထွေးမှုတွေနဲ့ ဘာကိုမှ မပြောရဲမဆိုရဲတဲ့ Tari တစ်ယောက် သူ့ရဲ့ trauma တွေကိုကုစားပြီး ဘယ်လိုသတ္တိတွေမွေး ပြောင်းလဲမလဲဆိုတာကို ဒီဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလို့ရပါတယ်။ တကယ့်လက်တွေ့မှာ ဖြစ်နေရှိနေတဲ့ အကြမ်းဖက်တတ်တဲ့ ‌အိမ်ထောင်ဦးစီးဖခင်လက်အောက်မှာ ချုပ်ချယ်ညှင်းဆဲခံနေရတဲ့ သားသမီးတွေ၊ မိဘတွေဆီက ရလာတဲ့စိတ်ဒဏ်ရာနာကျည်းမှုတွေနဲ့ သားသမီးတွေမျက်နှာငဲ့ပြီး အိမ်ထောင်မကွဲချင်လို့ မကောင်းတဲ့ယောက်ျားကို ငြိမ်ခံပြီးဆက်ပေါင်းနေရတဲ့ အမျိုးသမီးတွေ စတဲ့ အကျည်းတန်တဲ့ဖြစ်ရပ်မှန်တွေကို ပေါ်လွင်အောင် ရိုက်ကူးပြသထားတာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(2.1 GB) / (810 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:43:04 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thwal Htoo Zin

Comedy
7.3 2024 101 mins
Bolehkah Sekali Saja Kumenangis
The Hustler
7.9

ဒီဇာတ်ကားဟာ ၁၉၅၉ ခုနှစ်ထွက် အမေရိကန်စာရေးဆရာ Walter Tevis ရဲ့ အမည်တူစာအုပ်ကို အခြေခံရိုက်ကူးထားတဲ့ Edward “Fast Eddie” Felson ဆိုသူ pool player တစ်ယောက်ရဲ့ အနိုင်အရှုံးတွေအကြောင်းပါ။ အက်ဒီဟာ နယ်လှည့်ကာ ကျူထိုးရင်း အသက်မွေးနေတဲ့သူတစ်ယောက်ပါ။ ကစားပွဲအစမှာ မကစားတတ်ချင်ယောင်‌ဆောင်ပြီး နောက်မှကြေးမြှင့်ကာ အနိုင်ယူတတ်တဲ့ Hustler တစ်ယောက်။ သူ့ရဲ့ရည်မှန်းချက်ဟာ ၁၅ နှစ်လုံး ဘယ်သူမှအနိုင်မယူနိုင်ခဲ့တဲ့ ဂန္ဓ၀င်ကစားသမားကြီး Minnesota Fats ကိုအနိုင်ယူဖို့ဖြစ်တာကြောင့် စိန်ခေါ်လိုက်တဲ့အချိန်မှာ နိုင်နိုင်ရှုံးရှုံး ဘယ်အချိန်ရပ်ရမယ်မှန်းမသိဘဲ အရည်အချင်းတစ်ခုပဲရှိတဲ့ အက်ဒီတစ်ယောက် ဘယ်လိုမျိုးတွေဖြစ်လာမလဲ။ နှဲသမားပါးစပ်လို ပိန်‌လိုက်ဖောင်းလိုက်ဖြစ်နေတဲ့ သူ့ဘ၀ရဲ့အဆိုးဆုံး အခြေအနေမှာ ဆာရာဆိုသူမိန်းကလေးတစ်ယောက်နဲ့လည်း ဆုံဖြစ်ခဲ့တယ်။ ဇာတ်လမ်းအစကနေ အဆုံးထိ အက်ဒီဟာ တကယ့်ကို ငယ်ရွယ်တဲ့လောင်းကစားသမားတစ်ယောက်ပီသခဲ့ပါတယ်။ File size…(1.8 GB)/(810 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:14:00 Genre… Drama, Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su

Drama
7.9 1961 134 mins
The Hustler
My Ordinary Love Story
6.3

My Ordinary Love Story (2014) ****************************** IMDb ကလည်း 6.3 ရရှိထားပြီး My Mister, Possessed စတဲ့ စီးရီးတွေမှာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင် Song Sae Byeok နဲ့ Tidal Wave ရုပ်ရှင်က မင်းသမီး Kang Ye Won တို့ရဲ့ အချစ်ဟာသ သည်းထိတ်ရင်ဖို ဇာတ်ကားကောင်းလေး တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်…။ အွန်းဂျင်ဆိုတဲ့ မိန်းကလေးက ငယ်ငယ်ကတည်းက ထားခဲ့သမျှ ရည်းစားတွေရဲ့ သစ္စာဖောက်မှုတွေကို ခံခဲ့ရပြီး အချစ်ရေးနဲ့ ပတ်သက်လို့ ကံဆိုးတဲ့ မိန်းကလေး တစ်ယောက်ပါ…။ အသက် ၃၀ရောက်ပေမဲ့ ချစ်သူရယ်လို့ အတည်တကျမရှိခဲ့ဖူးပေါ့…။ အဲဒီလို အချစ်ရေးနဲ့ ပတ်သက်ပြီး ကံဆိုးနေတဲ့အချိန် ဟျွန်းဆော့ဆိုတဲ့သူနဲ့ စတွေ့ဖြစ်ခဲ့တယ်…။ ဟျွန်းဆော့ကတော့ သူ့အပေါ်လည်း ကောင်းတယ်။ အလုပ်အကိုင်လည်း အတည်တကျရှိတော့ နှစ်ယောက်သား လက်ထပ်ဖို့အထိပါ စီစဉ်လိုက်ကြတာပေါ့ …။ ဒါပေမဲ့ တစ်ရက်မှာ ဟျွန်းဆော့ဆီ မိန်းမတစ်ယောက် မက်ဆေ့ချ်ပို့တာကို မြင်လိုက်ပြီး သူ့အပေါ် သစ္စာဖောက်နေတာလားလို့ သံသယ စဝင်လာတော့တယ်…။ ဒီလိုနဲ့ အွန်းဂျင်က ဟျွန်းဆော့ကို နောက်ယောင်ခံလိုက်ရင်း သူမသိသေးတဲ့ ဟျွန်းဆော့ရဲ့ အမှောင်ဘက်အခြမ်းကိုပါ စပြီး သိလာရတော့တာပါပဲ…။ ဒီဇာတ်ကားက ကြည့်ရင်းနဲ့ ရယ်လည်း ရယ်ရ၊ ကြောက်ဖို့လည်းကောင်းနဲ့ ခံစားချက်အစုံ ပေးနိုင်မဲ့ကားလေးမို့လို့ ညွှန်းလိုက်ပါတယ်နော် .. (အညွှန်းကို M မှ ရေးသားထားပါတယ်) File size…1.21GB / 512MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 33 min. Genre ….. Thriller, Comedy, Romance, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by M Encoded by AHtet

Crime • Drama • Comedy • Action
6.3 2014 93 mins
My Ordinary Love Story
The Thief and the Cobbler
7.1

1993 မှာထွက်ခဲ့တဲ့ animation လေးပါပဲ။ သာမန် သမားရိုးကျဖြစ်နေတဲ့ ဇာတ်လမ်းမျိုးလို့ ထင်ရပေမဲ့ သူ့ရဲ့ animation style တွေ၊ sound effects တွေက surreal ဆန်ပြီး ကြည့်ရတာ အီလေးမသွားစေတဲ့အချက်က ဒီကားကို သမားရိုးကျ 20 ရာစုနှစ် ကာတွန်းရုပ်ရှင်တွေဆီကနေ ကွဲထွက်သွားစေတဲ့ အချက်ပါပဲ။ ဇာတ်လမ်းအကြောင်းလေး နည်းနည်းပြောရအောင်။ ဟိုးရှေးရှေးတုန်းက ရွှေမြို့တော်ကြီးတစ်ခုရှိတယ်တဲ့၊ အဲမြို့ကြီးရဲ့ အလယ်ကမျှော်စင်ထိပ်မှာ မြို့ကို အန္တရာယ်မကျရောက်အောင် စောင့်ရှောက်ထားတဲ့ ရွှေဘောလုံးသုံးလုံးရှိတယ်တဲ့။ အဲဘောလုံးသုံးလုံးသာ အခိုးခံရမယ်ဆို မြို့ကြီးလှည်း ပျက်သုဥ်းရလိမ့်မယ်ဆိုပြီး ဟောကိန်းတွေထုတ်ထားတာရှိတယ်။ ဇာတ်လမ်းတစ်ခုလုံးကလည်း ဒီဟောကိန်းပေါ်မှာပဲ အခြေပြုပြီး ဖြစ်လာတာပေါ့။ Classic 2d animation လည်း ကြည့်ချင်တယ်၊ မြင်တွေ့နေကျ ဇာတ်ကောင်တွေသီချင်းဆိုပြီး စွန့်စားခန်းဖွင့်ကြတဲ့၊ မင်းသမီးကသီချင်းဆိုရင်း မင်းသားလာကယ်တာစောင့်တဲ့ ဇာတ်လမ်းမျိုးတွေလည်း ကြည့်ရတာအီနေပြီဆို surreal ဆန်တဲ့ animation တွေနဲ့ ရိုးရှင်းတဲ့ story ကို ကောင်းကောင်းပေါင်းစပ်ထားတဲ့ သူခိုးနှင့် ဖိနပ်ချုပ်သမား ဆိုတဲ့ ရုပ်ရှင်က သင့်အတွက်ပါပဲ။ File size… 2.2 GB / 1 GB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 12m Genre ….. Family/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Ginevera

Mystery • Thriller • Drama
7.1 1993 72 mins
The Thief and the Cobbler