YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The Outsider E01 720p WEB-DL CM.mp4

351.07 MB N/A video/mp4 89 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Kanjoos Majnu Kharchili Laila
2

ပိတ်ရက်မှာဘာကြည့်ရမလဲမသိဖြစ်နေသူတွေအတွက် မင်းသမီးချောလေးSehar Shehnaz ပါဝင်ထားပြီး လောကမှာတွေ့ရလေ့ရှိတဲ့ ကပ်စေးနှဲလူတွေကိုဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ အရွှန်းဖောက်ထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ် ရီသိက်တို့ မိသားမှာရှိတဲ့ ယောက်ျားလေးတွေဟာ ချမ်းသာပေမဲ့ အင်မတန်မှကပ်စေးနှဲကြတဲ့သူတွေဖြစ်ပါတယ်။ အဘိုးကစပြီး မြေးအထိ ရည်းစားထားတာကအစ ဈေးတွက်တွက်ပြီး တစ်ပြားကို နှစ်ပြားဖြစ်အောင်ခွာနေကြတဲ့ ကမ္ဘာကျော်ကော်တရာများဖြစ်ကြပါတယ်ဗျ။ တစ်နေ့မှာတော့ သူတို့မိသားစုက အမျိုးသမီးတွေဟာ သူတို့ကပ်စေးနှဲယောက်ျားတွေကို သည်းမခံနိုင်ကြတော့ဘဲ ကွာရှင်းခွင့်တောင်းကြပါတော့တယ်။ ရီသိက်ဟာ ကပ်စေးအင်မတန်နည်းပေမဲ့ သူနဲ့ အိမ်ထောင်ကျတဲ့ သူ့ဇနီးကတော့ အကောင်းဆုံးတွေကိုမှ ကြိုက်တတ်တဲ့ လက်ဖွာတဲ့မိန်းကလေးဖြစ်နေပါတယ်ဗျ။ ဒါပေမဲ့ ရီသိက်ရဲ့အမျိုးသမီးမှာလည်း လျို့ဝှက်ချက်တွေရှိနေပါသေးတယ်။ ရီသိက်ဇနီးရဲ့ လျှို့ဝှက်ချက်က ဘာတွေလဲ၊ ကပ်စေးနဲတဲ့ယောက်ျားတွေကရော မိသားစုအပေါ် ပျက်ကွက်မိတာတွေအတွက် သင်ခန်းစာရကြမလား၊ ကပ်စေးနဲ ရီသိက်နဲ့ လက်ဖွာတဲ့ သူ့ရဲ့ဇနီးတို့ ဘယ်လို ဖူးစာပါခဲ့ကြလဲဆိုတာတွေကို ရယ်ရယ်မောမော၊ ပေါ့ပေါ့ပါးပါးနဲ့ ခံစားကြည့်ရှုရမယ့် ရုပ်ရှင်လေးပဲဖြစ်ပါတယ်ဗျ...။ File size…1.57GB / 738MB Quality…1080p NF WEB DL /720p Format…mp4 Duration….1h 49m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Zwe Yan Naing~Yunni~  Khin Khin

Action
2 2023 109 mins
Kanjoos Majnu Kharchili Laila
Bull
6.6

ဒီတစ်ခါတော့ Thriller အမျိုးအစား ရုပ်ရှင်ကားကောင်းလေး ကို တင်ဆက်ပေးလိုက်ပါတယ်။ သွေးအေး ရက်စက်တဲ့ ဂိုဏ်းစတားတစ်ယောက်ဖြစ်တဲ့ ဘူးလ်ဟာ သားဖြစ်သူကို ဆေးစွဲနေတဲ့ သူ့မိန်းမနဲ့ ခွဲထားဖို့ ကြိုးစားရာကနေ ဂိုဏ်းခေါင်းဆောင်ဖြစ်တဲ့ ယောက္ခမ ဖြစ်သူနဲ့ ကတောက်ကဆ တွေ ဖြစ်ပါတော့တယ်။ ဒီလိုနဲ့ လူမိုက်တွေရဲ့ ထုံးစံအတိုင်း ဘူးလ်ကို နှိပ်စက်ပြီးတဲ့နောက်မှာ ဝေဒနာကြီးစွာ ခံစားရပြီး သေသွားအောင် ပစ်ထားခဲ့ပါတယ်။ နောက်ဆယ်နှစ်အကြာမှာတော့ ဘူးလ်တစ်ယောက် အမှတ်မထင် ပြန်ပေါ်လာပြီး သူ့သားကို ပြန်ခေါ်နိုင်ဖို့နဲ့ သူ့ကို သစ္စာဖောက်ခဲ့တဲ့ မိတ်ဆွေဟောင်းတွေကို လက်စားချေဖို့ ကြိုးစားလာတဲ့အခါမှာတော့ ... နဂိုကတည်းက သွေးအေးရက်စက်ပါတယ်ဆိုတဲ့ ဂိုဏ်းစတား တစ်ယောက် နာကျည်းချက်တွေနဲ့ လက်စားချေဖို့ အကြောင်းဖန်လာတဲ့အခါ ... ဘယ်လိုရက်စက်တဲ့ နည်းတွေ သုံးမလဲ? သားဖြစ်သူကို ပြန်ခေါ်ထားနိုင်ပ့ါမလား? ယောက္ခမနဲ့ မိန်းမတို့ကကော သူ့ကို ဒီအတိုင်း လက်ပိုက်ကြည့်နေပါ့မလား? ဆိုတာကိုတော့ ရုပ်ရှင်ထဲ ဆက်လက် ကြည့်ရှုကြရအောင်ပါ။ File Size          : 1.4GB,  571MB, 270MB Quality            : 1080p WEBRip AC3 5.1CH, 7200p WEBRip, 480p Format            : mp4 Duration         : 1hr & 28mins Genre              : Thriller Translated by May Myat Thu Encoded by Kinnov

6.6 2021 87 mins
Bull
Love Like the Falling Petals
7.9

(၁) ဓာတ်ပုံဟူသည် အသိဉာဏ်၊ နှလုံးသားနဲ့ စက္ခုကို မြင်ကွင်းတစ်ခုတည်းအောက် ထည့်ထားလိုက်ခြင်းပင်။ ဓာတ်ပုံဆရာဖြစ်ဖို့ ပါရမီနဲ့ အတတ်ပညာကိုလိုကောင်းလိုပေမဲ့ အရေးအကြီးဆုံးမှာ ဓာတ်ပုံဆရာ၏ နှလုံးသားဟုဆိုသည်။ ကင်မရာခလုတ်ကို နှိပ်လိုက်သောအချိန်တွင် ကိုယ့်နှလုံးသားက ဘာကိုဖမ်းယူချင်စိတ်ရှိလဲဆိုသော အချက်က ဓာတ်ပုံ၏ အနှစ်သာရပင်။ ဓာတ်ပုံတို့သည် အခိုက်အတန့်လေးများကို ထာ၀ရတည်တံ့အောင် ထိန်းသိမ်းပေးထားနိုင်စွမ်းရှိ၏။ သူမသည် ဓာတ်ပုံများထဲတွင်တော့ ဟိုအရင်လို မပြောင်းမလဲတမ်း ရှိနေသည်သာ။ နှလုံးသားသည် ပွင့်ဖတ်ကြွေလွင့်လို ဖူးလွယ်ကြေလွယ်သောအရာဟု ရှေးလူတို့ ပြောကြဖူးသည်။ ပသို့ပဲဆိုဆို ဓာတ်ပုံတို့ထဲတွင် ကျွန်တော့်အချစ်တို့ ကျွန်တော်တို့အတိတ်တို့ ထာ၀ရ တည်တံ့နေလိမ့်ဦးမည်။ (၂) ချယ်ရီတွေကို သယ်ဆောင်လာတဲ့ နွေဦးမှာ ကိုယ်မင်းနဲ့တွေ့ခဲ့တယ်။ အဲဒီအချိန်တုန်းက ကိုယ်ဟာ အိပ်မက်တွေနောက်ကို ရဲရဲမလိုက်ရဲခဲ့တဲ့ ခပ်ညံ့ညံ့ကောင်လေးတစ်ယောက်ပါပဲ။ ဓာတ်ပုံဆရာဖြစ်ချင်ခဲ့ပေမဲ့ ခက်ခဲလွန်းလို့ လက်လျှော့ခဲ့တဲ့သူပေါ့။ အစကတော့ အဲဒီနေ့ဟာ သာမန်နေ့တစ်နေ့ပါ။ မထူးခြားနား မိန်းကလေးတစ်ယောက်ရဲ့ သာမန်မဟုတ်တဲ့အပြုံးက တလောကလုံးကို လင်းကျင်းစေနိုင်တယ်လို့ ကိုယ် ဘယ်သိခဲ့ပါမလဲ။ ချယ်ရီတွေလို ပန်းနုရောင် အလင်းဟာ ဒီလိုနဲ့ပဲ ကိုယ့်တစ်ဘ၀လုံး လင်းကျင်းစေခဲ့ဖူးတယ်။ (၃) ကြယ်မမြင်နိုင် ညပေါင်းများစွာကို လင်းစေသော တစ်စုံတရာရှိလိမ့်မည်ဆိုပါက ထိုအရာသည်ချစ်ခြင်းမေတ္တာပင်ဖြစ်ပါလိမ့်မည်။ ဒုက္ခသစ္စာအပြည့်နဲ့ ကမ္ဘာကို လှပနိုင်စေသည်မှာ အနုပညာနဲ့ ချစ်ခြင်းမေတ္တာသာရှိသည်ကို ကျွန်တော်သေချာပါသည်။ သူမသည် ကင်မရာခလုတ်ကို ထပ်နှိပ်ဝံ့စေသော နှလုံးသားကို ကျွန်တော့်အား ပေးအပ်ခဲ့၏။ မင်းဟာ ကိုယ့်အိပ်မက်တွေကို ကိုယ်လက်မလျော့တတ်အောင် သင်ပေးခဲ့တာပေါ့။ ပန်းညများစွာကို ဖန်ဆင်းခဲ့သူဟာ ပြန်လည်း ဖျက်သိမ်းတတ်တယ်လို့ ကိုယ်ဘယ်မြင်နိုင်ခဲ့ပါ့မလဲ။ (၄) ရထားချင်းလမ်းလွှဲ ဘူတာချင်းကွဲခဲ့ချိန်တွင် အလွမ်းသည် ဗေဒါရောင်ဖြစ်သည်။ တစ်လွှာချင်းကွာကျသော ချယ်ရီပွင့်ဖတ်များ ရပ်တန့်သွားချိန်တွင် ပြန်မရခဲ့ရသော သူမသည် ပန်းနုကောင်းကင်ကလေးဖြစ်ခဲ့၏။ (၅) ဘေဘီ ခံစားချက်လမ်းပေါ်မှာ မျှော်လင့်ချက်ဆုံးနေလည်း သိပ်သိပ်ချစ်တဲ့ မြေကြီးနဲ့ကောင်းကင်ပဲ အချစ်ဆုံးနှစ်ယောက် ဝေးလေပြီ။ (၆) မင်းမရှ်ိတော့တာ နည်းနည်းတောင်ကြာခဲ့ပါပြီ။ အဲဒီနောက်ပိုင်းမှာ မင်းစွန့်ခွာသွားတဲ့အကြောင်းရင်း အမှန်တရားကို ကိုယ်သိခဲ့ရတယ်။ ကြာခဲ့ပါပြီ။ အဖြစ်မှန်ကို သိခဲ့ပေမဲ့ ကိုယ့်အတွက်အဖြေမှန်ကိုတော့ ကိုယ် အခုထိမသိခဲ့ပါဘူး။ ဒါပေမဲ့ ကိုယ်ဆက်ကြိုးစားရှာနေဦးမှာပါပဲ။ ဒီလိုနွေဦးရောက်တိုင်းလည်း မင်းကို သတိရနေဦးမယ်။ ကိုယ့်အချစ်က ပွင့်ဖတ်ကြွေလို....... (၇) ဘေဘီ ခံစားချက်လမ်းပေါ်မှာ နင်ရယ်ငါ အသည်းနှလုံးကွဲအောင် ဝေးလေပြီ။ တို့ဟာ မြေကြီးနဲ့ကောင်းကင်ပဲ မျှော်လင့်ချက်ဆုံးနေလည်း အသည်းမကွဲဘူး။ (၈) ချယ်ရီကြွေသောလမ်းများ၊ တိုကျိုတာဝါ၊ ဆံပင်ညှပ်ဆိုင်ခုံကလေးများ၊ အတူသွားဖူးသော စားသောက်ဆိုင်၊ ရောင်နီများ၊ နေ၀င်ချိန်များ၊ သစ်ခြောက်ပင်များ၊ ချယ်ရီပန်းများ တစ်ခါက ဓာတ်ပုံများထဲ ကျန်ရှိနေသေးသည်။ မရှိတော့ပြီဖြစ်သော သူမသည် ဓာတ်ပုံတို့ထဲတွင် ထင်ကျန်နေသေးသည်။ သူမကို ကျွန်တော် ရှာရပါဦးမည်။ ဓာတ်ပုံများထဲပင်ဖြစ်စေ လမ်းဟောင်းလေးထဲတွင်ဖြစ်စေ ကျွန်တော် သူမကို ရှာနေမိဦးမည်။ ရှာရဦးမည်......။ ချယ်ရီတို့ဝေနေပြန်ပါပြီ... ကျွန်တော် သူမကို ရှာရဦးမည်။ ရှာရဦးမည်....။ စာကြွင်း - ရုပ်ရှင်ကောင်း ဟုတ်မဟုတ် ကျွန်တော်တို့ ဘာပေတံနဲ့ တိုင်းပြီး ဆုံးဖြတ်ကြတာလဲ။ ခန့်မှန်းရခက်တဲ့ Plot Twistတွေနဲ့လား၊ တစ်စုံတရာသော မက်ဆေ့နဲ့လား၊ တခြားအကြောင်းရင်းနဲ့လား၊ လူတစ်ကိုယ် မူတစ်မျိုးကွဲကြမှာပဲ။ ကျွန်တော်တော့ ကြည့်ပြီး ခံစားမှုတစ်ခုခုရရင် ရုပ်ရှင်ကောင်းလို့ သတ်မှတ်လိုက်တာပါပဲ။ အထူးသဖြင့် ဒါရိုက်တာရဲ့ နှလုံးသားကို‌ တွေ့ရတဲ့ ရုပ်ရှင်တွေကိုပေါ့။ Love Like Falling Petalsဟာ တစ်စုံတရာသော ခံစားမှုကိုပေးနိုင်တဲ့ ရုပ်ရှင်ကောင်းတစ်ကားပါပဲ။ Color Me Trueကို ဇာတ်ညွှန်းရေးခဲ့တဲ့စာရေးဆရာမက ၀တ္တုကိုရေးထားပြီး Let Me Eat Your Pancreas ဇာတ်ညွှန်းဆရာမက ဇာတ်ညွှန်းရေးသားထားပါတယ်။ ရည်ညွှန်း- ၅၊ ၇ နင်ကကောင်းကင် ငါကမြေကြီး သုခမိန်လှိုင် ၊ နော်လီဇာ =================================== အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre.....Drama, Romance Quality….WEB-DL 1080p and 720p and 480p File size… Format…mp4 Duration…. Subtitle….Myanmar Subtitle (Hardsub) Translator .....WiRa Aung Encoder .....August

Comedy • Drama
7.9 2022 128 mins
Love Like the Falling Petals
Masquerade Night
7

~ IMDb rating - 6.3/10 ~ ဂျပန်စုံထောက်ကားတွေကိုကြည့်ရတာကြိုက်တဲ့သူတွေအတွက် စလယ်ဆုံးမပျင်းရမယ့် ဇာတ်ကားတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ ဘာလို့လဲဆိုတော့ လူသတ်သမားရှိတယ်ဆိုတာလွဲပြီး ဘာ info မှမသိရတဲ့သူတစ်ယောက်ကို ဟိုတယ်ထဲမှာလိုက်ရှာကြရမှာမို့လို့ပါ။ ဟိုတယ်လုပ်ငန်းဆောင်တာနဲ့ စည်းမျဉ်းစည်းကမ်းတွေကိုရော အမှုလိုက်တဲ့နေရာမှာ ဆက်စပ်ချိတ်ဆက်မှုကိုရော အသားပေးရိုက်ထားတဲ့ ရုပ်ရှင်တစ်ကားပါပဲ။ ၂၀၁၉မှာထွက်ခဲ့တဲ့ Masquerade Hotel ရဲ့ အဆက်အဖြစ်ရိုက်ထားတာပါ။ သို့ပေမဲ့ ပထမကားကို မကြည့်ဘဲ ကြည့်လည်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့... နဲရိမခရိုင်မှာ အမျိုးသမီးတစ်ဦးဟာ သူ့ရဲ့တိုက်ခန်းထဲမှာပဲ အသတ်ခံခဲ့ရပါတယ်။ သတ်ခံရစဉ်မှာ Lolita ဝတ်စုံဝတ်ထားပြီး ဓာတ်လိုက်သေစေတဲ့နည်းနဲ့သတ်ခံရတာကြောင့် ပုံမှန်မဟုတ်တဲ့အမှုတစ်ခုပါပဲ။ တိုကျို မြို့တော်ရဲတွေလည်း စုံစမ်းလို့မရဖြစ်နေတုန်း အမည်လျှို့ဝှက်ပြီးသတင်းပေးလို့ရတဲ့ hotline ကနေ စာတစ်စောင်ရောက်လာခဲ့ပါတယ်။ အဲဒါကတော့ "အမျိုးသမီးကိုသတ်ခဲ့တဲ့လူသတ်သမားက ဒီဇင်ဘာ ၃၁ရက်နေ့မှာ Hotel Cortesia တိုကျို ကိုရောက်လာလိမ့်မယ်"ဆိုတာပါပဲ။ လူသတ်သမားရဲ့အသွင်အပြင်ကိုလည်းမသိ သဲလွန်စလည်းတစ်ခုမှမရှိတဲ့အမှုကို ဟိုတယ်ဝန်ထမ်းတွေရဲ့ ပူးပေါင်းမှုနဲ့အတူ လိုက်ရှာဖို့ဖြစ်လာပါတယ်။ ခက်တာက ပွဲကိုတက်မယ့်သူပေါင်း ၅၀၀ရှိတဲ့အပြင် မျက်နှာဖုံးတပ်ထားတာဖြစ်လို့ ဘယ်သူဘယ်ဝါခွဲခြားဖို့ကလည်း ခက်လှပါတယ်။ တိုကျိုရဲတွေ ကောက်ရိုးပုံထဲအပ်ပျောက်ရှာတာကို ရုပ်ရှင်ကြည့်သူကလည်း ရင်တမမနဲ့ တရားခံဘယ်သူဖြစ်မလဲ လိုက်တွေးရမှာပါ။ Plot Twist ကို ဇာတ်လမ်းပြီးခါနီးထိထည့်ထားလို့ ဇာတ်လမ်းဆုံး တရားခံမိတော့မှ "ဪ သူပါလား"လို့တွေးမိကြပါလိမ့်မယ်။ ပြီးတော့ ဂျပန်က ရဲအရာရှိတွေနဲ့ ဟိုတယ်ဝန်ထမ်းတွေရဲ့ စည်းကမ်းလွန်စွာလိုက်နာပုံကိုလည်း အသားပေးပြီးရိုက်ထားတာဖြစ်လို့ ကွာခြားမှုတွေကိုလည်း အတော်လေးမြင်တွေ့ရဦးမှာပါ။ ပထမကားကြည့်ထားတဲ့ ပရိသတ်တွေအနေနဲ့ မထွက်ခင်ကတည်းက မျှော်နေခဲ့ကြတဲ့ ရုပ်ရှင်ဖြစ်သလို ပထမကားကိုလည်း မီတဲ့ရုပ်ရှင်ပါပဲ။ စုံထောက်ကားတွေနဲ့ သိပ်ပြီးရင်းနှီးမှုမရှိတဲ့သူတွေကြည့်ရင်တောင် ဇာတ်လမ်းနဲ့အတူလိုက်ပါပြီး စိတ်လှုပ်ရှားရမယ့် ဇာတ်ကားတစ်ကားဖြစ်မှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Ingyin San မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.4GB, 830MB Quality - 1080p, 720p IMDb Rating - 6.3/10 Format - mp4 Duration - 2H 9Min Genre - Crime, Drama, Mystery Subtitle - Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Y

Comedy • Drama • War
7 2021 129 mins
Masquerade Night
[18+] You’ve Got A Friend
5.8

(18+) You’ve got a friend (2022) နာကျင်မှုက စိတ်ဒဏ်ရာတွေကိုဖြေဖျောက်ဖို့ဆိုတာ နားမလည်နိုင်တဲ့ စိတ်ပညာတစ်ခုပါပဲ။ အဲဒါကြောင့်လည်း တချို့သောသူတွေက လိင်ဆက်ဆံတဲ့အချိန်မှာ နာကျင်မှုကို သာယာတိမ်းညွတ်ကြတာပါ။ ဂျပန်ရုပ်ရှင်လောကက ခေတ်ဟောင်းကနေ ယခုချိန်ထိ သူတို့ဟာ ဒီလိင်စိတ်တိမ်းညွှတ်မှုတွေကို နည်းလမ်းပေါင်းစုံနဲ့ ဖော်ပြခဲ့ကြပါတယ်။ ဒီဇာတ်ကားထဲမှာလဲ ဒီစိတ်နေသဘောထားကိုပဲ ဇာတ်လမ်းတစ်ခုနဲ့တင်ပြသွားတယ် BDSM ကိုနားလည်ချင်တဲ့သူတွေကြည့်ကြပါ မိသားစုတွေ အသက်မပြည့်သေးတဲ့သူတွေတော့ မကြည့်ကြပါနဲ့ ဇာတ်လမ်းအကျဉ်းကတော့ ….. သာမန်ဝန်ထမ်းတစ်ယောက် ဖြစ်တဲ့ Yoshio တစ်ယောက် BDSM ဆရာမကြီး ယူကီကို နဲ့ တွေ့ပြီး ခင်မင်သွားကြပါတော့တယ်။ မကြာခဏ ဆိုသလို တွေ့ဖြစ်ကြပြီးတော့ မတွေ့ရ မနေနိုင် ဖြစ်သွားပါတော့တယ် အမဲသား စားမိသွားတဲ့ အရူးတစ်ယောက်ဖြစ်တဲ့ Yoshio နဲ့ ဗေဒင်ဆရာမကြီး Yukiko တို့ရဲ့ ခင်မင်မှုအကြောင်းကို နှောင်ဖွဲ့ တည်ဆောက်ထားတဲ့ ဗေဒင်ဟောကြတဲ့ ဆက်ဆံရေးအကြောင်းကို မြင်တွေ့ကြရမှာပဲ ဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre….. Drama, Romance Quality…. 1080p | 720p | 480p File size… 1.2GB | 577MB | 312MB Format… mp4 Duration…. 1h 55min Subtitle…. Myanmar Subtitle (Hardsub) Translator ….. K.Hein Encoder ….. Blank

Adventure • Animation • Comedy • Family
5.8 2022
[18+] You’ve Got A Friend
The Perfect Find
6.7

The Perfect Find(2023) ********************** ဂျန်နာဂျုံးစ်ဟာ တစ်ချိန်က နာမည်ကျော် ဖက်ရှင်မော်ဒယ်ဖြစ်ပေမယ့် ချစ်သူဖြစ်သူက (၁၀)နှစ်တာ အချစ်ရေးကို တစ်ဖက်သတ် တစ်ခန်းရပ်လိုက်တာကြောင့် အသည်းကွဲရုံသာမက အလုပ်ကပါအထုတ်ခံလိုက်ရပြီး အမေ့အိမ်မှာ သောင်တင်နေတာပါ။ အသက်ကလည်း ၄၀ကျော်ဖြစ်နေပြီဖြစ်တဲ့အပြင် အသည်းကွဲပြီး ၁နှစ်လောက် စားလိုက်သောက်လိုက်နဲ့ အလုပ်မလုပ်ဘဲနေနေတဲ့အတွက် အမေဖြစ်သူက အိမ်ကနေ အတင်းနှင်ထုတ်ပြီး အလုပ်ပြန်လျှောက်ခိုင်းပါတော့တယ်။ ကြံရာမရတော့ တချိန်က ပြိုင်ဘက်လည်းဖြစ်၊ ရည်းစားလုဘက်လည်းဖြစ် တဲ့ ဒါစီရဲ့ ဖက်ရှင်မဂ္ဂဇင်းတိုက်မှာ လစ်လပ်နေတဲ့ ကြော်ငြာကဏ္ဍမှာ အလုပ်ဝင်လုပ်ပါတယ်။ သိပ်မကြာခင်မှာပဲ အသက်ကြီးပေမယ့် မပျက်စီးသေးတဲ့ သူ့ဆီကို မောင်လေးတစ်ယောက်၊ အစ်ကိုကြီးတစ်ယောက်နဲ့ တချိန်က ပလစ်သွားတဲ့ ရည်းစားဟောင်းတို့က တပြိုင်နက်တည်း ချဉ်းကပ်လာပါတော့တယ်။ ကဲ သူ ဘယ်သူ့ကို လက်ခံမှာ လဲ၊ အချစ်ရေးကို စိတ်ပျက်သွားတဲ့ သူ့အတွက် ဒါဟာ အကောင်းလား၊ အဆိုးလား၊ ပြိုင်ဘက်ဖြစ်သူဆီမှာ ခေါင်းငုံ ပြီးအလုပ်ဝင်လုပ်တာ အဆင်ပြေပါ့မလား၊ သူ့ဘဝတက်လမ်းဘက်ကိုပဲဦးတည်မှာလားဆိုတာတွေကို ရယ်စရာ မောစရာအဖြစ်တွေနဲ့ ခံစားရမှာဖြစ်ပါတယ်။ အသက်ကြီးပေမယ့် မပျက်စီးသေးဘူးထင်တဲ့ မမကြီးများအတွက်ရော၊ အသည်းကွဲနေသူများအတွက်ရော အင်မတန်ကြည့်ရှုသင့်တဲ့ကားလေးတစ်ကားဖြစ်ပါတယ်။ ကျွန်တော်တို့ငယ်စဉ်တုန်းက လူကြီးအများစုနဲ့ အမြင်မတူကြပါဘူး။ လူကြီးတွေကလည်း ကျွန်တော်တို့ ကလည်း လူကြီးတွေကို ခေတ်ဟောင်းနေပြီ၊ ဒိတ်အောက်နေပြီ ဆိုပြီး ကိုယ်ကြီးလာတဲ့တစ်နေ့ကျ သူတို့တွေ လုပ် တာတွေ၊ သူတို့အတွေးအမြင်မျိုးတွေနဲ့ မတူအောင် ပြောင်းလဲမယ်လို့ အများစုက တွေးဖူးကြပါတယ်။ ဒီလိုသဘော ထားခဲ့တဲ့သူတွေအတွက် ဒီကားလေးက မီးမောင်းထိုးပြနေပါတယ်။ လူတွေရဲ့အခြေခံစိတ်ထားတွေအားလုံးကို ဒီ ဇာတ်ကားလေးထဲမှာ တွေ့နိုင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့သားဖြစ်သူ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့် မရလို့ ပေါက်ကွဲနေတဲ့ ဖခင် တစ်ယောက်က ကျောင်းရှိ ဒုကျောင်းအုပ်နှင့် ဝင်တွေ့ပြီး အကြောင်းခြင်းရာကို လာဆွေးနွေးပါတယ်။ ထိုကိစ္စ အပေါ် အခြေတည်ပြီး ကျောင်းရှိ ကာယဆရာ၊ ဓါတုဗေဒဆရာ၊ အလုပ်သင်ဆရာမ၊ ဂီတဆရာမ၊ လက်တင်ဆရာ၊ ဂျာမန်ဆရာတို့က စုရုံးစည်းဝေးကြပြီး အများရဲ့အမြင်ကိုဆွေးနွေးကြပါတယ်။ “စကား စကားပြောပါများ စကား ထဲကဇာတိပြ” ပြီး ဆရာ၊ ဆရာမတွေ အချင်းချင်း သူ့အမြင်၊ ကိုယ့်အမြင်ပေါ်မှာ အကြိုက်မတွေ့တာတွေ၊ တစ်ယောက်အမှား တစ်ယောက် ထောက်ပြဝေဖန်တာတွေဖြစ်လာပါတော့တယ်။ ဇာတ်ကားကတော့ သူတို့ဆွေး နွေးတာ၊ တိုင်ပင်တာနဲ့ပဲ ဒီစာသင်ခန်းလေးထဲမှာပဲပြီးသွားတာပါ။ ဒါပေမယ့် သင်ခန်းစာယူစရာတွေအများကြီးပါပဲ။ လောကကြီးမှာ ကိုယ်ဖြစ်ချင်တိုင်း၊ လုပ်ချင်တိုင်း အမြင်စောင်းနေတတ်တဲ့ ပတ်ဝန်းကျင်ဆိုတာကြီးရဲ့ အမြင်တွေ၊ တလွဲတချော်ဖြစ်နေတဲ့ သဘောသဘာဝကို သေသေသပ်သပ် ရိုက်ပြထားတာပါ။ ဒီကားကြည့်လိုက်ရင် တစ်ခုခု တော့ ရင်ထဲမှာ ကျန်သွားမှာ သေချာပါတယ်။ File Size :(1.2GB)& (546MB) Quality :WEB-DL1080P,720p Format…mp4 Duration…01:39:00 Genre : Drama , Comedy , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Ko Myo Encoded by Phyo Pyae

Drama
6.7 2023 99 mins
The Perfect Find
Taxi 3
5.8

Taxi 3 (2003) IMdb Rating (5.8) / Rotten Tomatoes (51%) Taxi ဇာတ်ကားလို့ ဆိုလိုက်တာနဲ့ ပြင်သစ်က အူကြောင်ကြားရဲနဲ့ မာဆေးလမ်းမတွေပေါ်က မြန်နှုန်းမြင့် လန်ပျံနေတဲ့ တက္ကစီသမားတို့ကို ပြေးမြင်ကြမှာပါ။ Taxi ဇာတ်ကားတွေဟာ အက်ရှင်ဟာသရုပ်ရှင်ကားတွေထဲ Rating မြင့်ပြီး တကယ်လဲရယ်ရတဲ့ဇာတ်ကားတွေပါ… ပြင်သစ်က ရိုက်ကူးထားတဲ့ Taxi ဇာတ်ကား ၅ ကားရှိပြီး ၁ ကနေ ၄ ထိကတော့ မင်းသား၊မင်းသမီး၊ဇာတ်ပို့တွေက အတူတူပါပဲ။ ပြင်သစ်မင်းသားတွေဖြစ်ကြတဲ့ Samy Naceri,Frédéric Diefenthal,Bernard Farcy ၊ မင်းသမီး Marion Cotillard,Emma Wiklund တို့ပါဝင်ထားပြီး တခါတလေ နာမည်ကြီးဧည့်သည်သရုပ်ဆောင်တချို့ ပါလာတတ်ပါတယ်။ Taxi-5 မှာတော့ လူတွေပြောင်းရိုက်ထားပြီး Theme လောက်ပဲ တူတော့သလိုဖြစ်တာကြောင့် သိပ်မကြိုက်ကြပါဘူး။ ၁ ကနေ ၄ ထိကတော့ တကယ်ကိုရယ်ရတဲ့ ဗရုတ်သုတ်ခဇာတ်ကားတွေဖြစ်ပြီး တစ်ကားနဲ့တစ်ကားဆက်စပ်မှုရှိပါတယ်… ဇာတ်လမ်းက ပေါ့ပေါ့ပါးပါးနဲ့ သွက်သွက်လက်လက်တင်ဆက်ထားမှုကြောင့် ကြည့်ရှုနေသူတွေ ချက်ချင်းလိုက်ပါစီးမျောသွားမှာပါ။ ပါသမျှသရုပ်ဆောင်တွေရဲ့ ရုပ်တည်ကြီးနဲ့ လုပ်လိုက်ရင် လွဲသမျှကလဲ ပါးစပ်မစေ့ရအောင် ရယ်နေရမှာပါ။ ပိတ်ရက်မှာ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ကြည့်ရှုခံစား အနားယူဖို့ အသင့်တော်ဆုံး Comedy ဇာတ်ကားတွေဖြစ်ပါတယ်။ (Taxi ဇာတ်ကားအားလုံးကို https://channelmyanmar.to/?s=taxi မှာ ကြည့်လို့ရပါတယ်။ )

Action • Crime • Thriller
5.8 2003
Taxi 3
The Game of Trust
6.7

အခုတင်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ Trust Game ဆိုတဲ့ ဘူဂေးရီးယားဇာတ်ကားလေးပဲဖြစ်ပါတယ် ဒီဇာတ်ကားလေးကတော့ စိတ်ဓာတ်ကြံ့ခိုင်သန်မာတဲ့အမျိုးသမီးနှစ်ယောက် သူတို့ဘဝလွတ်လပ်မှုရဖို့ကို ဘယ်လိုရှာဖွေကြိုးပမ်းမလဲဆိုတာကို ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်…… ဒီအမျိုးသမီးနှစ်ယောက်ကတော့ ဒန်နီရယ်လာနဲ့ အယ်လီနာဆိုတဲ့ အမျိုးသမီးနှစ်ယောက်ပဲဖြစ်ပါတယ် သူတို့နှစ်ယောက်က တကယ်တော့သားအမိပါ။ ဇာတ်လမ်းလေးကို အယ်လီနာတစ်ယောက် မျက်နှာမှာ ဒါဏ်ရာဒဏ်ချက်တွေနဲ့ ရဲစခန်းမှာ စစ်ဆေးမေးမြန်းခံနေရတာနဲ့ စတင်ဖွင့်ထားပါတယ် အဲ့ကနေမှ အယ်လီနာတစ်ယောက် သူ့ရဲ့အိမ်ထောင်ရေးမှာဘယ်လိုတွေဖြစ်ခဲ့တာလဲ သူငယ်ငယ်က သူ့အမေရဲ့ဘဝကရောဘယ်လိုလဲ သူ့အမေ ဒန်နီရယ်လာက သူမကို ယုံကြည်မှုကစားပွဲဆိုပြီး မိတ်ဆက်ပေးခဲ့ပါတယ် ယုံကြည်မှုကစားပွဲဆိုတာ ဘယ်လိုမျိုးလဲ…….. အမေရော သမီးရော သူတို့ရဲ့ဘဝတွေကို ယောက်ျားတွေရဲ့ ဖိနှိပ်မှုကနေ လွတ်လပ်အောင် ဘယ်လိုတွေကြိုးပမ်းရမလဲဆိုတာကို အမေရဲ့ ဘဝရော သမီးရဲ့ ဘဝရောကို တစ်လှည့်စီ စိတ်ဝင်စားဖွယ်ကောင်းအောင်ရိုက်ကူးပြထားတာဖြစ်ပါတယ်……. File size…(1.1 GB)/(660 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ruby jane

6.7 2023
The Game of Trust
Ugly
7.9

Ugly (2013) “အကျည်းတန်” ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ IMDb 7.9/10, Rotten Romatoes 60% ရရှိထားတဲ့ ဘောလိဝုဒ်ကားလေးပဲဖြစ်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း အိန္ဒိယနိုင်ငံဟာ ခိုးမှု၊ လုယက်မှု၊ ကိုယ်ထိလက်ရောက်ပြုလုပ်မှု၊ လိင်ပိုင်းဆိုရာ‌စော်ကားမှု၊ ပြန်ပေးဆွဲမှု အစရှိသည်ဖြင့် ရာဇဝတ်မှုဖြစ်ပွါးမှုနှုန်း အတော်လေးမြင့်တဲ့ နိုင်ငံတစ်ခုပါ။ ခေတ်ကာလတိုးတတ်လာနဲ့အမျှ အမှုဖြေရှင်းနှုန်း ပိုကောင်းလာသော်ငြား တပြိုင်ထဲမှာပဲ ပြစ်မှုကျူးလွန်မှုဟာလည်း လျော့သွားခြင်းမရှိပါဘူး။ ဒါမျိုးနိုင်ငံမှာ ကလေးတစ်ယောက်ပျောက်တယ်ဆို ဘယ်‌လိုတောင် ပူပန်နေရမလဲ တွေးသာကြည့်ပါတော့။ မင်းသားရူးရူးနေတဲ့အဖေနဲ့ တီဗီကလွဲ လောကကြီးကိုစိတ်ပျက်နေတဲ့အမေတို့ရဲ့ တစ်ဦးတည်းသောသမီး ကာလီဟာ စနေနေ့တိုင်းအဖေနဲ့ သွားတွေ့ခွင့်ရပါတယ်။ ဒီလိုနဲ့တနေ့ ကားပေါ်မှာ ကာလီတစ်ယောက်တည်းချန်ခဲ့ပြီး ဇာတ်ညွှန်းသွားယူတဲ့အဖေဖြစ်သူ ပြန်လာတဲ့အချိန်မှာတော့ ကာလီလေးရဲ့အရိပ်အယောင်တောင်မတွေ့ရတော့ပါဘူး။ ဖြစ်ချင်တော့ တစ်ခုတည်းသောသဲလွန်စဖြစ်တဲ့ လူကလည်း လိုက်ဖမ်းရင်း အသက်ဆုံးသွားခဲ့တယ်။ လူပျောက်မှုထက် လူသေမှုကိုပဲစိတ်ဝင်စားတဲ့ရဲတွေဟာလည်း ကလေးကို ဖိဖိစီးစီးမရှာပေးကြတဲ့အခါ ကာလီ့ရဲ့ပထွေးဖြစ်တဲ့ အမှုစစ်ကပါ ဝင်ပါလာရပါတော့တယ်။ ရှာရင်းဖွေရင်း အမှုလိုက်ရင်းနဲ့ သမီးဇောကပ်လာတဲ့အခါ ဒီအဖေနှစ်ယောက်လည်း အချင်းချင်းသံသယမကင်းဖြစ်လာပါတော့တယ်။ အမျိုးမျိုးသော ရှုထောင့်တွေကနေ အကွက်ကျကျရိုက်ကူးထားတဲ့ကားလေးမို့ စိတ်ဝင်စားဖို့ကောင်းမှာ အသေအချာပဲမို့ ကြည့်ရကျိုးနပ်တဲ့ကားလေးမို့ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်နော်။ (အညွှန်းနဲ့ ဘာသာပြန်ထားတာကတော့ Aditi~Cherry~KKKZ~V~BpLတို့ပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

7.9 2013 128 mins
Ugly
Cleveland Abduction

ဒီဇာတ်ကားကိုတော့ 2002 ခုနှစ်ကနေ 2004 ခုနှစ်အတွင်း ကလိဗ်လန်းမှာ ဖြစ်သွားခဲ့တဲ့ မိန်းကလေးသုံးယောက်ပျောက်ဆုံးမှုအကြောင်းကို အခြေတည်ပြီး ရိုက်ကူးထားတာပါ။ ဆင်ဂယ်မားသားတစ်ယောက်ဖြစ်သူ မီရှဲ နိုက်ခ်ဟာ ကလေးအုပ်ထိန်းပိုင်ခွင့်အတွက် တရားရုံးကိုသွားတဲ့လမ်းမှာ သူငယ်ချင်းအမ်မလီရဲ့အဖေဖြစ်သူ အေရီရယ် ကက်စထရိုက လမ်းကြုံလိုက်ပို့ပေးမယ်ဆိုပြီး ကလိဗ်လန်းနေအိမ်ဆီကို ပြန်ပေးဆွဲခေါ်သွားတာခံလိုက်ရပါတယ်။ နေအိမ်မြေအောက်အမှောင်ခန်းထဲမှာ သံကြိုးနဲ့ချည်ထားခံရပြီး ရိုက်ခံရလိုက် လိင်ပိုင်းဆိုင်ရာ စော်ကားခံရလိုက်နဲ့နေရင်း နှစ်နှစ်အတွင်းမှာ ကိုယ်ဝန်ရှိလာလို့ ပျက်ကျအောင်လည်းအရိုက်ခံခဲ့ရပါသေးတယ်။ ကက်စထရိုဟာ နှစ်နှစ်အတွင်း နောက်ထပ် မိန်းကလေးနှစ်ယောက်ကိုလည်း ပြန်ပေးဆွဲလာခဲ့ပြီး မိသားစုတစ်ခုလိုဖြစ်အောင် ဖန်တီးခဲ့ပါတယ်။ ဒီလိုဆိုးရွားလှတဲ့ ငရဲခန်းကိုဖြတ်ကျော်ရင်း နှစ်ပေါင်း ၁၁ နှစ်အကြာမှ ကောင်မလေးသုံးယောက်လုံးပြန်လွတ်လာခဲ့ပုံကို ခံစားကြည့်ရှုလိုက်ကြပါဦး။ ရုပ်ရှင်ထဲမှာ အေရီရယ် ကက်စထရိုအဖြစ် သရုပ်ဆောင်တဲ့ Raymond Cruz ရဲ့ဇာတ်ရုပ်ဟာ အပြင်က အေရီရယ် ကက်စထရိုနဲ့ တူလွန်းတာကြောင့် တကယ်ပြန်ပေးဆွဲခံခဲ့ရတဲ့ မီရှဲ နိုက်ခ်ဆိုရင် Raymond Cruz နဲ့တွေ့ဖို့တောင် တွန့်ဆုတ်ခဲ့ပါသေးတယ်လို့ဆိုပါတယ်။ အမြင်မသင့်တော်တဲ့ပြကွက်တွေနဲ့ ကြမ်းတမ်းတဲ့အသုံးအနှုံးတွေပါဝင်တာမလို့ (၁၈) နှစ်အောက် လူငယ်တွေ ကြည့်ရှုဖို့ မသင့်တော်ပါဘူးဗျ။ File size…(1.4 GB)/(660 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre…Drama, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMTT

0 2015
Cleveland Abduction
Pusher

IMDb 7.3, Rotten Tomatoes 83% ရထားတယ်။ Cannibal မင်းသားကြီး Mads Mikkelson ပါ၀င်သရုပ်ဆောင်ထားတဲ့ ၁၉၉၆ ကထွက်ရှိခဲ့တဲ့ Crime/Thriller အမျိုးအစား trilogy တစ်ခုပါ။ စုစုပေါင်း ၃ ကားရှိပြီး Pusher 2 နဲ့ 3 ကိုတော့ ၂၀၀၄ နဲ့ ၂၀၀၅ ခုနှစ်မှာ ဆက်ထုတ်ခဲ့ပါတယ်။ Pusher trilogy ထဲက အဓိကဇာတ်ကောင်‌တွေကို ဟစ်ဟော့ပ်ဗီဒီယိုတွေထဲက ဂိုဏ်းစတားအကြမ်းစားကြီးတွေလိုမဟုတ်ဘဲ အောက်ခြေက မူးယစ်ဆေးရောင်းစားတဲ့ ငချွတ်လေးတွေအဖြစ် လက်တွေ့ဆန်အောင် အသက်သွင်းထားပါတယ်။ ဒီကားထဲမှာ Mads Mikkelson ကြီးကို မူးယစ်‌ဆေးရောင်းသမားကတုံး တိုနီ ကာရိုက်တာနဲ့မြင်ရမှာပါ။ ကတုံးတိုနီရဲ့ တွဲဖက်ဖြစ်တဲ့ ဖရန့်ခ်နေရာမှာ သရုပ်ဆောင်ထားတဲ့ Kim Bodnia ကလည်း နာမည်ကြီး ရုပ်ရှင်နဲ့ စီးရီးတွေမှာ ပါ၀င်သရုပ်ဆောင် ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ/သရုပ်ဆောင်တစ်ဦးပါ။ ဆိုတော့ကာ အက်တင်ပိုင်း ဘာညာအနေအထားကတော့ အလန်းလွန် အလွန်လန်းပါတယ်။ Pusher ဆိုတဲ့စကားလုံးရဲ့ အဓိပ္ပာယ်ကိုက တရားမ၀င် မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချတဲ့သူလို့ အဓိပ္ပာယ်ရပါတယ်။ ဖရန့်ခ် နဲ့ တိုနီတို့ ဘော်ဒါနှစ်ယောက်က မူးယစ်ရာဇာတွေဆီကနေ တဆင့်ပြန်ယူပြီး ရောင်းစားနေတဲ့ ဆေးရောင်းသမားနှစ်ယောက်။ အစပိုင်းမှာတော့ ဒီဘဲနှစ်ပွေရဲ့စည်းပွားရေးက သာသာယာယာပဲ။ စော်တွေကိုအမ်း၊ လိုချင်တာ၀ယ်၊ သုံးဖြုံးပြီး အိုကေစိုပြေနေတာပေါ့။ ဒါပေမဲ့ ဒီမြေအောက်လောကရဲ့ ထုံးစံအတိုင်း တစ်ရက်မှာ ဖရန့်ခ်တစ်ယောက် ဖင်မနိုင်ဘဲ ပဲကြီးဟင်းစားမိလိုက်ရာကနေ ကံဆိုးမိုးမှောင်ကျပြီး မူးယစ်ဆေးဒိုင်ဆီမှာ အကြွေးတွေတင်သွားပြီး ငါးပါးမှောက်ပါတော့တယ်။ Pusher 1 မှာတော့ ဖရန့်ခ်၊ တိုနီ နဲ့ သူ့ဘော်ဒါဘော်ဂျွတ်တွေအကြောင်းကို မိတ်ဆက်ထားပြီး ဖရန့်ခ်တို့ အကြွေးနွံထဲနစ်ရင်း တိုင်ပတ်တဲ့ကိစ္စကို ဇာတ်အိမ်တည်ပြီး ဖရန့်ခ် ဇာတ်ကောင်ကို အသားပေးရိုက်ကူးထားပါတယ်။ ဒီရုပ်ရှင်ရဲ့ ဇာတ်အိမ်က ရိုးရှင်းပြီး crime/thriller ရုပ်ရှင်ကားတွေထဲမှာ တော်တော်လေး လက်တွေ့ဆန်တယ်ဆိုတဲ့အထဲမှာပါပါတယ်။ ကျွန်တော်ပဲ ၉၀ ကျော်ကရိုက်ခဲ့တဲ့ရုပ်ရှင်တွေကို ပိုကြိုက်မိလို့လားတော့မသိဘူး မှောင်ခိုဆေးဖြန့်တဲ့အကြောင်းတွေရိုက်ကူးထားတဲ့ Crime/Thriller ကားတွေထဲ ဒီကားကတော်တော်ထူးခြားတယ်လို့မြင်မိတယ်။ ရိုင်းတာလည်းလွှတ်ရိုင်းပါတယ်။ မိသားစုနဲ့အတူကြည့်ဖို့ လုံး၀မသင့်တော်ပါဘူး။ ဒိန်းမတ်စကားပြောရုပ်ရှင်ဖြစ်နေတာကြောင့်လည်း အင်္ဂလိပ်ကားတွေနဲ့မတူဘဲ နည်းနည်းကွဲထွက်နေတာဖြစ်ပါလိမ့်မယ်။ နောက်ပြီး ဒီရုပ်ရှင်ကိုကြည့်နေရင်းသတိထားမိလိုက်တာက ရုပ်ရှင်တစ်ခုလုံးကို လက်ကိုင်ကင်မရာတွေနဲ့ပဲရိုက်ထားတာပါ။ ဒါကြောင့် ကားမောင်းခန်းတွေ၊ ထိုးတာကြိတ်တာတွေကအစ တခြားရုပ်ရှင်တွေနဲ့မတူဘဲ ဇာတ်လမ်းထဲ ကိုယ်တိုင်၀င်ပါနေရသလို အရသာကိုရစေမှာပါ။ ဇာတ်ကားနံပါတ် ၂ နဲ့ ၃ ရဲ့ rating တွေကလည်း အတူတူပဲဖြစ်ပြီး ၂ မှာဆိုရင် ဆုတွေလည်းရထားတဲ့အပြင် Mads Mikkelson ကြီးလည်း ထပ်မံပါ၀င်ထားတာကြောင့် သေချာပေါက်မြည်းစမ်းကြည့်ရှုသင့်တဲ့ Crime/Thriller trilogy တစ်ခုဖြစ်ကြောင်း ညွှန်းဆိုပေးလိုက်ပါတယ်။ File size…(2.5 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre…Action, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

0 1996
Pusher
Hoax: The Kidnapping of Sherri Papini
5.2

ဒီဇာတ်ကားလေးကတော့ သင်ခန်းစာယူစရာ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ အိမ်ထောင်ရေး ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ် ရှယ်ရီပါပီနီ ဆိုတဲ့ မိန်းမတစ်ယောက်ဟာ ခင်ပွန်းသည်၊သားသမီး နှစ်ယောက်တို့နဲ့ ပျော်ရွှင်စရာမိသားစု ဘဝလေး ပိုင်ဆိုင်ထား သူပါ။ တစ်နေ့မှာ ရှယ်ရီပါပီနီ ရုတ်တရက် ပျောက်ဆုံး သွားတဲ့နောက်မှာတော့ ခင်ပွန်းဖြစ်သူကလိုက်ရှာရင်း တစ်စတစ်စနဲ့ အမှန်တရားတစ်ခုဟာပေါ်ပေါက်လာပါတော့တယ်။ ရှယ်ရီပါပီနီ ဘာတွေဆက်ဖြစ်ခဲ့လဲ သူမရဲ့ မိသားစုလေးနဲ့ ပြန်လည်တွေ့နိုင်မလား ဘယ်လိုတွေ ရှေ့ဆက်ဖြစ်သွားမှာလဲ ဆိုတာ ဒီဇာတ်လမ်းလေးက အဖြေပေးသွားပါလိမ့်မယ် File size…(1.4 GB)/(610 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre… Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ei Mon

Drama
5.2 2023 88 mins
Hoax: The Kidnapping of Sherri Papini
Spooks: The Greater Good MI 5
6.2

Spooks: The Greater Good သို့မဟုတ် တစ်ချို့နိုင်ငံတွေမှာ MI-5 အဖြစ်မိတ်ဆက်ခဲ့တဲ့ဒီဇာတ်ကားဟာ နာမည်ကျော်ဗြိတိန်စပိုင်ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Spooks ရဲ့နောက်ဆက်တွဲဖြစ်ပြီး Jon Snow လို့ လူသိများတဲ့ GOT မင်းသား Kit Harington ခေါင်းဆောင်ပါဝင်ထားပါတယ်။ MI5 ရဲ့အကြမ်းဖက်တိုက်ဖျက်ရေး ဌာနအကြီးအကဲ ဟယ်ရီဟာ အမေရိကန်ကအလိုရှိနေတဲ့ အကြမ်းဖက်သမား Adem Qasim ကို ယာဉ်တန်းအစောင့်အရှောက်နဲ့လွှဲပြောင်းဖို့ပို့ဆောင်နေချိန်မှာ တိုက်ခိုက်မှုခံခဲ့ရပြီး Adem Qasim လွတ်မြောက်သွားခဲ့ပါတယ်။ ဒီဖြစ်ရပ်ကိုစုံစမ်းရင်းနဲ့ အဲ့ဒီကိစ္စမှာ MI5 ထဲကအကြီးတန်းတွေကိုယ်တိုင်ပါဝင်ပတ်သက်နေပြီး သူတို့အဖွဲ့အစည်းကို အမေရိကန်ဘက်ကသိမ်းယူနိုင်ဖို့ပူးပေါင်းကြံစည်ခဲ့ကြတယ်ဆိုတာ သိလိုက်ရတဲ့နောက် နောက်ဆက်တွဲဖြစ်ရပ်တွေကို Suspense အပြည့်နဲ့ရှုစားကြရမှာပါ။ File size_(1.9GB)/(980MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:41:00 Genre_Action, Drama, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias

6.2 2015 104 mins
Spooks: The Greater Good MI 5
Little Lord Fauntleroy
7.5

ဆက်ဒရစ်လေးဟာ မုဆိုးမဖြစ်သူအမေရယ် သူ့ကိုမွေးပေးခဲ့တဲ့၀မ်းဆွဲသည်ရယ်နဲ့ အမေရိကားက လူပေါင်းစုံတဲ့ ဆင်းရဲသားရပ်ကွက်လေးမှာနေတယ်။ တစ်နေ့မှာတော့ သူ့ဘ၀ကိုပြောင်းသွားစေမဲ့ အလှည့်အပြောင်းကြီးတစ်ခုဖြစ်လာတယ်။ ဆုံးပါးသွားတဲ့သူ့အဖေဟာ အင်္ဂလန်ကမင်းမျိုးမင်းနွယ်တစ်ယောက်ရဲ့သားဖြစ်တာကြောင့် အဖိုးဖြစ်သူ အမတ်ကြီးက မျိုးရိုးကိုဆက်ခံဖို့ ဆက်ဒရစ်ကို ခေါ်လာခိုင်းလိုက်တာဖြစ်တယ်။ နိုင်ငံလည်းမတူ တစ်ခါမှလည်း မတွေ့ဖူးတဲ့အဖိုးဟာ သူ့အမေကို ကြည့်မရလောက်အောင်မုန်းနေမှန်းလည်းမသိဘူး အင်္ဂလန်ကိုလိုက်သွားရတယ်။ အဖိုးဖြစ်သူကရော သူ့ကို လက်ခံနိုင်ပါ့မလား ချစ်မြတ်နိုင်းနိုင်ပါ့မလား ကြည့်ရှုလိုက်ကြပါဦး။ File size…(2.2 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:43:00 Genre… Drama, Family, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su

Comedy
7.5 1980 103 mins
Little Lord Fauntleroy
Spit
6.3

၂၀၀၃ ခုနှစ်တုန်းက ထွက်ရှိထားတဲ့ Gettin Squre ရဲ့အဆက်ဖြစ်ပြီး နောက်ထပ် အနှစ် ၂၀ ကြာတဲ့အခါဖြစ်လာတဲ့ စပစ် ဇာတ်ကြောင်းကို ရိုက်ကူးထားတာဖြစ်ပြီး 6.8 rating ရရှိထားပါတယ်။ ရာဇဝင်သားဟောင်း ဂျွန် စပီတီရီ “စပစ်” (David Wenhem)က အနှစ် ၂၀ အကြာမှာ ဩစတေးလျကို ပတ်စပို့အတုနဲ့ ပြန်ဝင်လာပြီး လူဝင်မှုကြီးကြပ်ရေးမှာတင် မိသွားပါတယ်.. အဲဒီမှာတင် ထိန်းသိမ်းရေးစန်းရောက်ပြီး နေတတ်ထိုင်တတ်တ့ စပစ်က မိတ်ဆွေသစ်တွေ၊ မိတ်ဆွေဟောင်းတွေရဲ့ အကူအညီနဲ့ တစ်ပတ်ရိုက်ပြီး ရန်သူဟောင်းကြီးတွေကို ဘယ်လိုရှောင်ရှားသွားမလဲဆိုတာ ဟာသအနှောနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်။ ဆိုးသွမ်းခဲ့ပေမဲ့ သစ္စာရှိပြီးခင်မင်တတ်တဲ့ စပစ်နဲ့ သူ့ရဲ့ ကြုံရဆုံရပုံတွေကို အကွက်ကျကျလှုပ်ရှားသွားတာကို ကြည့်ရမဲ့ ဩစတေးလျရုပ်ရှင်ကားကောင်းတစ်ခုပါပဲ။ File Size… (1.63 GB) / ( 914 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 45m Genre …..Comedy , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Alice

Horror • Comedy
6.3 2025 105 mins
Spit