YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

The Outsider 2023 E22 1080p WEB-DL CM.mp4

617.65 MB N/A video/mp4 17 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Self/less
6.4

CM ဖန်တွေအတွက် Deadpool မင်းသား Ryan Reynolds ရဲ့ 2015 တုန်းက ထွက်ရှိခဲ့တဲ့ သိပ္ပံစိတ်ကူးယဉ် အက်ရှင်ကားကောင်းတစ်ကား‌ကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကျိကျိတက်အောင်ချမ်းသာနေပေမဲ့လည်း ကင်ဆာ‌ နောက်ဆုံးအဆင့်‌ ရောက်နေတာကြောင့် နောက်ထပ်ခြောက်လတောင်မနေရတော့တဲ့ အိမ်ခြံမြေသူဌေးကြီး ဒေမီယန် ဟေးလ် တစ်ယောက် သူ့ရဲ့အသိစိတ်ကို တခြား ခန္ဓာကိုယ်တစ်ခုထဲကိုပြောင်းထည့်ပြီး ဆက်လက်ရှင်သန်လို့ရမယ်လို့ ဆိုတဲ့ "အရေခွံလဲခြင်း" ဆိုတဲ့ ပရိုဂရမ်ကို သဘောတူလိုက်ပြီး အက်ဒ်ဝပ် ကစ်ဒ်နာဆိုတဲ့ နာမည်အသစ်နဲ့ ဘဝအသစ်မှာ ပျော်ပျော်ကြီးဆက်လက် နေထိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ထင်ယောင်ထင်မှားဖြစ်မှုတွေကနေပြီး သူယူထားတဲ့ ခန္ဓာကိုယ်ကဓာတ်ခွဲခန်းထဲမှာဖန်တီးထားတဲ့ ခန္ဓာကိုယ်မဟုတ်ပဲ လူစစ်စစ်တစ်ယောက်ရဲ့ခန္ဓာကိုယ်ဖြစ်နေမှန်းသိလိုက်ရတဲ့အခါမှာ နောက်ကွယ်ဖုံးကွယ်ထားတဲ့ဖြစ်ရပ်တွေကို လိုက်ပြီးစုံစမ်းရင်း ဘယ်လို အန္တရာယ်တွေကို ရင်ဆိုင်ကျော်လွှားရမလဲဆိုတာကို အက်ရှင်ခန်း အကြမ်းစားတွေနဲ့ ကြည့်ရှုရမဲ့ဇာတ်လမ်း‌ကောင်းလေးတစ်ပုဒ်ပါပဲဗျ။ File size…1.15GB / 491MB Quality…Blu-Ray 1080p  5.1CH/ 720p Format…mp4 Duration….1h 57m Genre ..... Action , Mystery , Sci-fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tmmt

Crime • Drama • Romance • Thriller
6.4 2015 117 mins
Self/less
Upstream Color
6.4

ဒီနေ့မှာတော့ တွေ့ရခဲတဲ့ ရုပ်ရှင်တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်လမ်းကိုရေးတာ၊ ဒါရိုက်တာလုပ်တာ၊ ထုတ်ဝေတာတွေကို Shane Carruth တစ်ယောက်တည်းက လုပ်ထားတာပါ။ ဒါ့အပြင် ဇာတ်လမ်းထဲမှာ Jeff ဆိုတဲ့ ဇာတ်ကောင်ကိုလည်း သရုပ်ဆောင်ထားပါသေးတယ်။ ရုပ်ရှင်ရဲ့ ဘတ်ဂျတ်အနေနဲ့ ဒေါ်လာ 5,0000 လောက်ပဲ သုံးထားတယ်လို့လည်း ပြောထားပါတယ်။ ဇာတ်လမ်းဇာတ်ကွက်နဲ့ တည်းဖြတ်ထားပုံက ထူးခြားပြီး စိတ်ဝင်စားစရာ ကောင်းလို့ ခံစားကြည့်လိုက်ကြပါဦးနော်။ ဇာတ်လမ်းထဲက ဇာတ်ဆောင်နှစ်ယောက် Kris နဲ့ Jeff ကို အဖြူရောင် သန်ကောင်တွေက ထိန်းချုပ်ထားတာပါ။ အဖြူရောင် သန်ကောင်တွေရဲ့ ဇီဝစက်ဝန်းမှာ လူ-ဝက်-သစ်ခွပင်ဆိုတဲ့ လက်ခံသုံးခုကို ဖြတ်ပြီး ရှင်သန်နေကြပါတယ်။ Kris ဆီက ပိုက်ဆံခိုးချင်တဲ့ သူခိုးတစ်ယောက်က Kris ခန္ဓာကိုယ်ထဲကို သန်ကောင်ထည့်ပေးပြီး ထိန်းချုပ်ပါတယ်။ သူ့အမေကို ဓားစာခံအဖြစ်အဖမ်းခံရလို့ ပိုက်ဆံနဲ့ရွေးရမယ်ဆိုပြီး ပိုက်ဆံတွေ လိမ်ထုတ်သွားတယ်။ Kris ကလည်း သန်ကောင်ကြောင့် အိပ်မွေ့ချခံရပြီး ထိန်းချုပ်ခံထားရပါတယ်။ သတိဝင်သွားလို့ ကြည့်လိုက်တော့ သူ့ခြေလက်တွေမှာ သန်ကောင် ဖြတ်သွားနေတာ တွေ့ရပါတယ်။ နောက်တော့ သန်ကောင်ကို အသံလှိုင်းနဲ့ ထိန်းချုပ်ပြီး Kris ဝက်ခြံတစ်ခုကို ရောက်သွားပါတယ်။ သူ့ခန္ဓာကိုယ်ထဲက သန်ကောင်ကို ထုတ်ပေးပြီး နောက်လက်ခံတစ်ခုဖြစ်တဲ့ ဝက်ဆီကလို လွှဲပေးလိုက်ပါတော့တယ်။ Jeff ကတော့ ကုမ္ပဏီက ပိုက်ဆံတွေကို လိမ်ထုတ်သွားလို့ ထောင်ကျ လုနီးပါးဖြစ်ခဲ့တဲ့ အကျိုးဆောင်တစ်ယောက်ပါ။ Kris နဲ့ Jeff ရထားပေါ်မှာ တွေ့မိကြပြီး တစ်ယောက်နဲ့ တစ်ယောက် ချိတ်ဆက်မိသွားကြပါတယ်။ Jeff ကလည်း Kris နဲ့ တစ်ပုံစံတည်း ကြုံတွေ့ခဲ့ရပြီး သန်ကောင်ရဲ့ ထိန်းချုပ်မှုကြောင့် သတိလွတ်ပြီး ကုမ္ပဏီငွေတွေကို လိမ်ထုတ်ခဲ့တာပါ။ လက်ရှိမှာတော့ သူတို့နှစ်ယောက်လုံးရဲ့ သန်ကောင်ကို ဝက်နှစ်ကောင်ဆီကို ပေးလိုက်ပြီး သူတို့ကလည်း ဝက်နှစ်ကောင်ရဲ့ ခံစားချက်တွေ အဖြစ်အပျက် တွေကို ခံစားနေရပါတယ်။ သန်ကောင်ထိန်းချုပ်တာ ခံနေရတဲ့ လူနှစ်ယောက် အချင်းချင်း ဆက်နွယ်မိကြပြီ း သူတို့ ပျောက်ဆုံးသွားတဲ့ အစိတ်အပိုင်းတွေကို ဘယ်လိုချိတ်ဆက်ကြမလဲ ဆိုတာကို ကြည့်ရှုရမှာပါ။ (အညွှန်းနဲ့ ဘာသာပြန်ရေးသားသူကတော့ Phu Myat Thwe ဖြစ်ပါတယ်) File size…1.42GB / 602MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 36m Genre ..... Drama , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Phu Myat Thwe

Adventure • Comedy • Family • Fantasy
6.4 2013 96 mins
Upstream Color
Kanjoos Majnu Kharchili Laila
2

ပိတ်ရက်မှာဘာကြည့်ရမလဲမသိဖြစ်နေသူတွေအတွက် မင်းသမီးချောလေးSehar Shehnaz ပါဝင်ထားပြီး လောကမှာတွေ့ရလေ့ရှိတဲ့ ကပ်စေးနှဲလူတွေကိုဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ အရွှန်းဖောက်ထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ် ရီသိက်တို့ မိသားမှာရှိတဲ့ ယောက်ျားလေးတွေဟာ ချမ်းသာပေမဲ့ အင်မတန်မှကပ်စေးနှဲကြတဲ့သူတွေဖြစ်ပါတယ်။ အဘိုးကစပြီး မြေးအထိ ရည်းစားထားတာကအစ ဈေးတွက်တွက်ပြီး တစ်ပြားကို နှစ်ပြားဖြစ်အောင်ခွာနေကြတဲ့ ကမ္ဘာကျော်ကော်တရာများဖြစ်ကြပါတယ်ဗျ။ တစ်နေ့မှာတော့ သူတို့မိသားစုက အမျိုးသမီးတွေဟာ သူတို့ကပ်စေးနှဲယောက်ျားတွေကို သည်းမခံနိုင်ကြတော့ဘဲ ကွာရှင်းခွင့်တောင်းကြပါတော့တယ်။ ရီသိက်ဟာ ကပ်စေးအင်မတန်နည်းပေမဲ့ သူနဲ့ အိမ်ထောင်ကျတဲ့ သူ့ဇနီးကတော့ အကောင်းဆုံးတွေကိုမှ ကြိုက်တတ်တဲ့ လက်ဖွာတဲ့မိန်းကလေးဖြစ်နေပါတယ်ဗျ။ ဒါပေမဲ့ ရီသိက်ရဲ့အမျိုးသမီးမှာလည်း လျို့ဝှက်ချက်တွေရှိနေပါသေးတယ်။ ရီသိက်ဇနီးရဲ့ လျှို့ဝှက်ချက်က ဘာတွေလဲ၊ ကပ်စေးနဲတဲ့ယောက်ျားတွေကရော မိသားစုအပေါ် ပျက်ကွက်မိတာတွေအတွက် သင်ခန်းစာရကြမလား၊ ကပ်စေးနဲ ရီသိက်နဲ့ လက်ဖွာတဲ့ သူ့ရဲ့ဇနီးတို့ ဘယ်လို ဖူးစာပါခဲ့ကြလဲဆိုတာတွေကို ရယ်ရယ်မောမော၊ ပေါ့ပေါ့ပါးပါးနဲ့ ခံစားကြည့်ရှုရမယ့် ရုပ်ရှင်လေးပဲဖြစ်ပါတယ်ဗျ...။ File size…1.57GB / 738MB Quality…1080p NF WEB DL /720p Format…mp4 Duration….1h 49m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Zwe Yan Naing~Yunni~  Khin Khin

Action
2 2023 109 mins
Kanjoos Majnu Kharchili Laila
The Whale
8

ဖြစ်စေချင်ဝာာကတော့ ဘာမှဆက်ဖတ်မနေပါနဲ့။ ဒီတိုင်းသာ ကောက်ကြည့်လိုက်ပါ။ ပေါင်၆၀၀လူဝကြီးတစ်ယောက်က အသည်းကို ဖင်ခုထိုင်ပြီး တစ်စစီခွဲပစ်မယ့် ရုပ်ရှင်ပါပဲ။ "ဝေလငါး ( သို့ ) ဝမ်းနည်းခြင်းအက်ဆေး" ကမ္ဘာကြီးက လူ၀ကြီးကို ထမ်းထားတယ်လို့ စကားဦးပျိုးလိုက်ရင် မှန်ပါ့မလား။ ဟင့်အင်း... မမှန်တာ သေချာတယ်။ ကမ္ဘာကြီးက လူ၀ကြီးကို ထမ်းထားတယ်ထင်ရပေမဲ့ တကယ်တမ်းကျ လူဝကြီးက ကမ္ဘာကြီးကို ထမ်းထားခဲ့တယ်။ လူဝကြီးအကြောင်းပြောပြရရင် လူဝကြီးက အလေးချိန် ပေါင်၆၀၀ရှိတယ်။ ဇနီးဟောင်းတစ်ယောက်၊ သမီးတစ်ယောက်၊ သူငယ်ချင်းတစ်ယောက်ရှိတယ်။ လူဝကြီးမှာ ကောင်လေးတစ်ယောက်ရှိခဲ့ပေမဲ့ အခုတော့ မရှိတော့ဘူး။ လူဝကြီးစကားအရတော့ အဲဒါကြောင့်ပဲ သူ့ကိုယ်အလေးချိန် တက်လာခဲ့တယ်တဲ့။ လူဝကြီးရဲ့ အ၀လွန်နေတဲ့ကိုယ်ပေါ်မှာ ဖက်ခွက်နာ၊ ပြည်တည်နာ၊ အဆီကျိတ်၊ အသားဆွေး အရေပြားရောဂါမျိုးစုံ ကျက်စားနေကြတယ်။ လူဝကြီးအကြောင်းဆက်မပြောခင် ကျွန်တော် လူဝကြီး အကြိုက်ဆုံး အက်ဆေးတစ်ပုဒ်ကို အရင်ပြချင်တယ်။ " မိုဗီဒစ်ဆိုတဲ့စာအုပ်မှာ စာရေးဆရာက ပင်လယ်ပြင်က သူ့အတွေ့အကြုံတွေကို ပြန်ပြောင်းပြောပြထားတယ်။ ဒီစာအုပ်ဟာ စာရေးဆရာနဲ့ သူ့သူငယ်ချင်းတို့ရဲ့ ကပ္ပတိန်အာဟတ်လို့ခေါ်တဲ့ ခြေထောက်တစ်ဖက်မရှိတဲ့ ပင်လယ်ဓားပြနဲ့အတူ ဝေလငါးဖမ်းထွက်တဲ့အကြောင်းပေါ့။ အာဟတ်ရဲ့ ဘဝပန်းတိုင်က ဝေလငါးကြီးကို သတ်ဖို့ပဲ။ ဒီအဖြစ်က ဝမ်းတော့ဝမ်းနည်းစရာပဲ။ အာဟတ်က သူ့ကို ဘယ်လောက်တောင် သတ်ချင်နေလဲ အဟိတ်တိရိစ္ဆာန် ဝေလငါးကြီးမှ မသိရှာပဲလေ။ သနားစရာသတ္တဝါကြီးပါပဲ။ တကယ်တမ်းဆို အာဟတ်လည်း သနားစရာကောင်းပြန်တာပါပဲ။ ဝေလငါးကြီးကို သတ်လိုက်နိုင်ရင် သူ့ဘဝကြီး အဓိပ္ပာယ်ရှိသွားမယ်လို့ ထင်ယောင်ထင်မှား ဖြစ်နေခဲ့တာကိုး။ တကယ်တမ်းကျ ဘာတစ်ခုမှ ထူးခြားသွားမှာမဟုတ်ဘူး။ အင်မတန်ဝမ်းနည်းဖို့ကောင်းတဲ့စာအုပ်ပေါ့။ ဇာတ်ကောင်တွေဟာလည်း အင်မတန် သနားစရာကောင်းတယ်။ ဝမ်းနည်းစရာအကောင်းဆုံးဇာတ်ဝင်ခန်းကတော့ ဝေလငါးကြီး ဘယ်လိုဘယ်ပုံပါလို့ ပုံဖော်ထားတာကလွဲ ဘာမှမပါတဲ့ ပျင်းစရာဇာတ်ဝင်ခန်းတွေပေါ့။ စာရေးဆရာဟာ စာဖတ်သူ ရှေ့မှာကြုံလာရမယ့် သူပြောပြမယ့် ဝမ်းနည်းစရာဇာတ်လမ်းကနေ ခဏလောက်ဖြစ်ဖြစ် ဆိုင်းငံ့ပေးဖို့ ကြိုးစားနေတာကို သိနှင့်နေခဲ့တာကိုး " လူဝကြီးဟာ ဒီအက်ဆေးကို သိပ်ကြိုက်တယ်။ သေတော့မလိုလိုဖြစ်တဲ့ အချိန်တိုင်းမှာ လူဝကြီးနောက်ဆုံးတောင်းဆိုတာက ဒီအက်ဆေးကို ဖတ်ပြပေးဖို့ပဲ။ ဒီအက်ဆေးကို ခင်ဗျားသေချာဖတ်ကြည့်ပြီးပြီဆို လူဝကြီး ဒီအက်ဆေးကို ဘာလို့ကြိုက်လဲ ခင်ဗျားနားလည်လောက်ပြီ။ လူဝကြီးပြောခဲ့တဲ့ စကားတွေထဲ တော်တော်လှတဲ့ စကားတစ်ခွန်းရှိတယ်။ " လူတွေဟာ လူတွေကို ဂရုမစိုက်ဘဲ မနေနိင်ပါဘူး "တဲ့။ လူဝကြီးသိပ်ကြိုက်တဲ့ အက်ဆေးမှာ ရေးသူဟာ မိုဗီဒစ်အကြောင်းပြောပြတယ်။ ဒါပေမဲ့ သူ့ပြောပြပုံက စာရေးဆရာအပါအဝင် မိုဗီဒစ်ထဲက ဇာတ်ကောင်တိုင်းကို နားလည်ပေး ဂရုစိုက်ပေးနေတဲ့ ပြောပြပုံမျိုး။ ဒီအက်ဆေးကို ဘယ်သူရေးလဲဆိုတဲ့ အချက်ကို ဖယ်ထားလိုက်ရင်တောင် ဒီအက်ဆေးဟာ သိပ်ချစ်စရာကောင်းနေတယ်။ ဒီလိုနဲ့ပဲ ပေါင်၅၈၀လုံး ချစ်ခြင်းတွေနဲ့ ပြည့်နေတဲ့ လူဝကြီးဟာ ဒီအက်ဆေးကို သိပ်ချစ်ခဲ့တယ်။ လူဝကြီးဟာ အင်္ဂလိပ်စာဆရာဖြစ်တယ်။ လူဝကြီးဟာ အင်္ဂလိပ်စာကိုချစ်တယ်။ ဘာသာစကားတစ်ခုကိုချစ်ရင် အရေးအသားကိုလည်းချစ်ရမှာပေါ့။ ဒီတော့ လူဝကြီးဟာ အက်ဆေးတွေကို ချစ်တယ်။ လူဝကြီးဟာ စကားလုံးတွေကို ချစ်တယ်။ လူဝကြီးဟာ အက်ဆေးနဲ့ အသက်မွေးတယ်။ အက်ဆေးနဲ့ ပတ်သက်ပြီး လူဝကြီးရဲ့ ခံယူချက်ကရှင်းတယ်။ " ဒီအဆိုင်းမန့်လည်း အရေးမကြီးဘူး။ ဒီသင်ခန်းစာလည်း အရေးမကြီးဘူး။ အရေးကြီးတာက မင်းတို့ရေးတဲ့ စာတွေရိုးရိုးသားသားနဲ့လှနေဖို့ပဲ " တဲ့။ တော်တော်သဘောကျဖို့ကောင်းတဲ့ စကားပဲ။ ဘယ်စာမျိုးမှာမဆို စကားလုံးထက် ရိုးသားမှုက ပိုအရေးကြီးတယ်မလား။ ဒါပေမဲ့ ရိုးသားဖို့က အခက်ဆုံးပဲ။ လူဝကြီးကိုယ်တိုင်တောင် အမြဲမရိုးသားနိုင်ခဲ့ဘူး။ လူဝကြီးရဲ့ သမီးလေးကတော့ သိပ်ရိုးသားတယ်လို့ပြောရမလား သိပ်ရက်စက်တယ်လို့ပြောရမလား။ လူဝကြီးရဲ့ သမီးလေးဟာ လူဝကြီးပုံကိုရိုက်ပြီး " ငရဲမှာ သူ့ကိုမီးရှိ့တဲ့အချိန်ကျရင် ဝက်ဆီတွေထွက်လာလိမ့်မယ် "လို့ တင်လိုက်တယ်။ ဒီပို့စ်ကို လူဝကြီးက " ငါ့သမီးက စာအရေးအသားကောင်းချက် "လို့ တုံ့ပြန်တယ်။ လူဝကြီးဟာ သူမသေခင်မှန်တာတစ်ခုခုတော့ လုပ်သွားချင်ခဲ့တယ်။ သူ့သမီးကို " လူတွေက သူ့ကို ဂရုစိုက်ပြီး သူက လူတွေကို ဂရုစိုက်မယ့် "အရပ်မှာ နေစေချင်ခဲ့ခြင်းနဲ့ပေါ့။ ဒီလိုနဲ့ လူဝကြီးဟာ ကမ္ဘာကြီးကို ထမ်းထားခဲ့တယ်။ ရှောင်လွှဲလို့မရနိုင်တဲ့အရာတွေထဲ မလိုချင်တဲ့ဇာတ်ဝင်ခန်းတွေ, ရက်စက်တဲ့ဇာတ်သိမ်းတွေ ပါကောင်းပါနေပါလိမ့်မယ်။ လူဝကြီးသိပ်ကြိုက်တဲ့ အက်ဆေးထဲကလို ပြန်ပြောင်းပြောပြသူဟာ လာမယ့်ရက်စက်ခြင်းတွေကနေ ကယ်တင်ပေးချင်လည်းပဲ တစ်ကွေ့ကွေ့မှာတော့ တည့်တည့်ကို လာမှန်တာပါပဲ။ The Whale ဟာ သိပ်ရက်စက်တဲ့ ဇာတ်လမ်းတစ်ပုဒ်ပေးပြီး သိပ်လှတဲ့ ဇာတ်ဝင်ခန်းတွေ ပေါင်းထည့်ပေးသွားတယ်။ ဒါပေမဲ့လည်း ဒီရုပ်ရှင်ဟာ ပေါင်၆၀၀ လူဝကြီးတစ်ယောက်က အသည်းကို ဖင်ခုထိုင်ပြီး တစ်စစီခွဲပစ်မယ့် ရုပ်ရှင်ပါပဲ။ မှတ်မိသလောက်ဆို ဒီကားလောက် မျက်ရည်ကျအောင်လုပ်နိုင်တဲ့ ရုပ်ရှင် မရှိခဲ့ဖူးပါဘူး။ ဒီမျက်ရည်ဟာ ဝမ်းသာခြင်းလား ဝမ်းနည်းခြင်းလားတော့ အခုထက်ထိလည်း မသည်းကွဲသေးပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.2GB, 930MB Quality - 1080p, 720p IMDb Rating - 7.9/10 Format - mp4 Duration - 1H 57Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Animation • Family
8 2022 116 mins
The Whale
Naanum Rowdydhaan
6.4

နာမည်ကြီးတောင်ပိုင်းမင်းသားဗီဂျေးစည်သူပတီ နဲ့မင်းသမီးချောလေး Nayanthara ပါဝင်သရုပ်ဆောင်ထားပြီး အချစ်စစ်နဲ့သာဆို အရာရာကျော်‌ဖြတ်နိုင်ကြောင်း ရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ် ဇာတ်လမ်းအညွှန်း... ကာဒမ်ဘရီ (Nayanthara) ရဲ့အဖေကရဲတစ်ယောက်ပါ မပတ်သက်သင့်တဲ့ လူမိုက်ကိုသွားရန်စမိရာက ဇနီးဖြစ်သူပါဆုံးရှုံးလိုက်ရပြီး သမီးဖြစ်သူ ကာဒမ်ဘရီကပါ နားမကြားဘဝရောက်သွားခဲ့ပါတယ် ဒီကလဲ့စားသွေးကြွေးကိုပြန်ဆပ်မယ်ဆိုပြီး အိမ်ကထွက်သွားတဲ့ဖခင် ရက်အတော်ကြာထိပြန်ရောက်မလာလို့ ကာဒမ်ဘရီတစ်ယောက်ရှာဖွေခန်းဖွင့်တော့ အမှတ်မထင် ဗရုတ်ကောင်ပန်ဒီနဲ့‌သွားဆုံမိပါလေရော မြင်မြင်ချင်းသဘောကျသွားတဲ့ ပန်ဒီက ဒီသနားစရာကောင်မလေးရဲ့ဖခင်ဖြစ်သူကို လိုက်ရှာပေးဖို့ဆုံးဖြတ်လိုက်ပါတော့တယ် ဒါပေမယ့် ထင်မှတ်မထားတဲ့ ကိစ္စကတော့ သူ့အဖေက သေဆုံးသွားပြီဆိုတာပါပဲ ဒီလိုနဲ့ သူတို့နှစ်ယောက်ပေါင်းပြီး ဒီကလဲ့စားချေမယ့်ခရီးလမ်းကြောင်းကိုဘယ်လိုရှေ့ဆက်သွားမလဲ ပန်ဒီကရောသူလိုချင်နေတဲ့အချစ်ကိုရနိုင်မလားဆိုတာတော့ ဆက်လက်ကြည့်ရှူလိုက်ကြပါရှင် File size…2.87GB / 1.33GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 19m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Yunni

Action • Adventure • Comedy
6.4 2015 140 mins
Naanum Rowdydhaan
Satyaprem Ki Katha
6

Satyaprem Ki Katha (2023) IMDb-7/10 Freddy(2022)ထဲမှာ သွားဆရာဝန်အဖြစ်နာမည်ကြီးခဲ့တဲ့မင်းသား ကာတစ်အာရန်းရယ် ဖြူဖွေးဝင်းဥနုဖတ်နေတဲ့အလှတရားတို့ရဲ့ပိုင်ရှင် မင်းသမီးချောလေးကီရာရာတို့ရဲ့ အချစ်ဇာတ်လမ်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအညွှန်း ဂူဂျာရတ်ကမြို့ငယ်လေးတမြို့မှာ မိဘတွေနဲ့အတူနေပြီး ဘာအလုပ်အကိုင်မှမရှိတဲ့ ဆပ်တူ။ အလုပ်အကိုင်မရှိပေမဲ့ မိန်းမလိုချင်နေလို့ မိဘတွေကို နားဂျီပူဆာလုပ်နေတဲ့ သဘောကောင်းမနောကောင်း မေမေ့သားလေး ဆပ်တူ။သူတမ်းတမ်းစွဲချစ်မိနေတာက ချမ်းသာတဲ့အသိုင်းအဝိုင်းက အကမယ်လေး ကာသာ။ကာသာမှာ ရည်းစားရှိမှန်းသိသွားပေမယ့် ယောက်ျားကြိုက်တော့ ဆိုက်ဆိုက်လာဆိုတဲ့အတိုင်း မလွန်ဆန်နိုင်တဲ့နှလုံးသားနဲ့ ရစ်နှောင်တွယ်နှင့်ခဲ့ပြီလေ။ တစ်ရက် အက်စီးဒန့်တခုမှာ ကာသာရဲ့အသက်ကို ကယ်တယ်ခဲ့ရပြီးတဲ့နောက်မှာတော့ အရာရာပြောင်းလဲသွားခဲ့ပေမယ့် အလုပ်အကိုင်မရှိတာကို မနှစ်မြို့တဲ့ယောက္ခမလောင်းကြီး သဘောကျဖြစ်ဖို့ အလုပ်တွေကြိုးစားနေပြီဗျို့ဆိုပြီး ကြိုးစားလိုက်တာ တစ်ရာ့ကိုးတစ်ရာ့တစ်ဆယ်ကနေ မန်နေဂျာဘ၀ရောက်သွားပါလေရော။ သို့ပေမယ့်လည်း ကံတရားရဲ့စီမံမှုတွေက ဘယ်လိုတွေလွဲချော်ပြီး ဘယ်အချိန်မှာသူတို့တွေကို ဆုံစည်းစေမလဲဆိုတာတော့ မိတ်ဆွေတို့စိတ်ကြိုက်ဖန်သားပြင်ပေါ်မှာ ကြည့်ရှုလိုက်ကြပါဦး။ ကြည်နူးဖို့ကောင်းတဲ့ ဇာတ်ကားတစ်ကားရှာနေတယ်ဆို Satyaprem Ki Kathaက မိတ်ဆွေအတွက်ဆိုတာ သေချာပါတယ်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~BpL~Zwe~Saii~Yunniတို့ဖြစ်ပါတယ်) File size…7GB /2.29GB / 1.15GB Quality…4k AMZ WEB DL/ 1080p WEB DL / 720p Format…mp4 Duration….2h 26m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~BpL~Zwe~Saii~Yunni

Comedy • Music • Romance
6 2023 146 mins
Satyaprem Ki Katha
Darkest Hour
7.3

Gary Oldman တစ်ယောက် Darkest Hour ရုပ်ရှင်နဲ့ Golden Globe Best Actor Award ရသွားပြီ၊ Academy Awards မှာလဲ Best Picture နဲ့ Best Actor Nomination ဝင်ထားပြန်ပြီ။ လူတိုင်းသိတဲ့ ဝင်စတန်ချာချီအကြောင်း ရိုက်ထားတဲ့ရုပ်ရှင်က ဘာလို့များ ဒီလောက်နာမည်ကြီးနေရတာလဲ? Darkest Hour ဟာ ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီအကြောင်းရိုက်ကူးထားတဲ့ရုပ်ရှင်ကားတစ်ကားဖြစ်ပေမယ့် ဝင်စတန်ချာချီရဲ့ ဘဝတစ်ခုလုံးကိုပြတာလဲမဟုတ်သလို ဒီကားထဲမှာ စစ်တိုက်တာတွေလဲ မပါပြန်ပါဘူး။ ဒီရုပ်ရှင်မှာ အဓိကပြသွားတာကတော့ ချာချီ ဝန်ကြီးချုပ်ဘယ်လိုဖြစ်လာတယ်၊ ဂျာမနီရဲ့ကျူးကျော်စစ်ကြီးကို ပြန်အံတုနိုင်ဖို့ သူ့ရဲ့ပါတီ၊ လွှတ်တော်ထဲမှာတင် ဘယ်လောက်တောင် လုံးလည်ချာလည်လိုက်ခဲ့ရလဲဆိုတာတွေပါ။ ဒီလောက်ရိုးရှင်းတဲ့ရုပ်ရှင်က ဘာလို့များ ဒီလိုဆုတွေအတွက် လျာထားခံရသလဲ? အဖြေကရှင်းပါတယ်။ ဒီရုပ်ရှင်ထဲမှာ Gary Oldman ဟာ တကယ့်ဝင်စတန်ချာချီ ဝင်သရုပ်ဆောင်နေသလား အောက်မေ့ရလောက်အောင် တူလွန်းလှပါတယ်။ တစ်နေ့ကို ၁၈ နာရီရိုက်ကူးရေးလုပ်ရပြီး ၆ နာရီသာအိပ်ခဲ့ရပါတယ်။ ဝင်စတန်ချာချီလို ဗိုက်ပူပူနဲ့ လူကောင်လုံးလုံးကြီးဖြစ်အောင် ပိန်ပိန်ပါးပါး Gary Oldman ဟာ လူခန္ဓာကိုယ်ပုံစံတူပြုလုပ်ထားတဲ့ဝတ်စုံအကြီးကြီးကိုဝတ်ဆင်ပြီး သရုပ်ဆောင်ခဲ့ရပါတယ်။ ဆေးလိပ်တွေသောက်ရလွန်းလို့ အဆိပ်သင့်တဲ့အထိလဲ ဖြစ်ခဲ့ပါသေးတယ်။ အဲ့လောက်အထိကို ကြိုးစားခဲ့ရတာပါ ဒီဇာတ်လမ်းရဲ့ထူးခြားချက်ကတော့ ဝင်စတန်ချာချီကို ဘယ်တုန်းကမှမမြင်ဖူးတဲ့ အမြင်နဲ့ တွေ့ရတာပါ။ ဇာတ်လမ်း အစအလယ်အဆုံး ဆူပုတ်ပုတ် ဂျစ်ကန်ကန်ပုံစံ ဝင်စတန်ချာချီကို မြင်တွေ့ရမှာဖြစ်ပြီး သူ့ရဲ့နာမည်ကျော် မိန့်ခွန်းတွေကိုလဲ နားထောင်ရမှာဖြစ်သလို ဘုကလန့်ဂွစာပုံစံတွေကိုလဲ ကြည့်ရှူရမှာပါ။ ဇာတ်လမ်းက တခြားအတ္ထုပတ္တိရုပ်ရှင်တွေလိုမျိုး ဇာတ်အိမ်အရမ်းနက်နဲမှုမရှိပဲ ပေါ့ပေါ့ပါးပါးနဲ့ သမိုင်းရုပ်ရှင်တစ်ကားကို စိတ်ဝင်စားအောင်တင်ဆက်ထားပါတယ်။ သမိုင်းအချက်အလက်တွေလဲ အများကြီးပါဝင်သလို ပါဝင်အားဖြည့်ပေးထားတဲ့ ဇာတ်ပို့သရုပ်ဆောင်တွေကလဲ Gary Oldman ရဲ့ ချာချီဇာတ်ကောင်ကို အများကြီးထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။ ဒီဇာတ်လမ်းရဲ့ နောက်ခံသမိုင်းကြောင်းအနေနဲ့ ဒန်းကတ်ကမ်းခြေမှာသောင်တင်နေတဲ့ စစ်သား ၄သိန်းကို ကယ်ထုတ်ဖို့ကြိုးစားတဲ့ဖြစ်ရပ်ကို အခြေခံထားပြီး ဝင်စတန်ချာချီအနေနဲ့ ဒီလူ ၄ သိန်းကို ကယ်ထုတ်ဖို့၊ သူ့ကို ဗြိတိန်လွှတ်တော်၊ ဘုရင်၊ သူ့ရဲ့ပါတီဝင်တွေ ယုံကြည်လာအောင်၊ ပြည်သူတွေ သူ့ကိုထောက်ခံအားပေးလာအောင် ဘယ်လိုအားထုတ်ခဲ့ရတယ်ဆိုတာကို မြင်တွေ့ရမှာပါ။ ဒီရုပ်ရှင်ကိုကြည့်ပြီးရင် ချာချီရဲ့စိတ်နေစိတ်ထား၊ သူ့ရဲ့ခံယူချက်၊ သူ့ရဲ့သတ္တိကို ပိုပြီးနားလည်သဘောပေါက်လာမှာသေချာပါတယ်။ ဒီနှစ် Academy Awards မှာတော့ The Disaster Artist မင်းသား James Franco မရမှာသေချာနေပြီဆိုတော့ Gary Oldman ကိုတော့ တစ်ပေးထားလိုက်ပါပြီ။ ဆုတွေလဲအများကြီးဆွတ်ခူးထားတဲ့ရုပ်ရှင်ဖြစ်သလို Academy Award Best Picture Nominee ရုပ်ရှင်ကားတစ်ကားဖြစ်တဲ့အတွက် ကြည့်ဖြစ်အောင်ကြည့်သင့်တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကြည့်ပြီးရင် Christopher Nolan ရဲ့ Dunkirk ရုပ်ရှင်ကိုလဲ ကြည့်ဖြစ်အောင်ကြည့်စေချင်ပါတယ်။ ဒီဇာတ်ကားနှစ်ကားက ဆက်စပ်မှုရှိနေသလို နှစ်ကားလုံးကလဲ အကောင်းဆုံးရုပ်ရှင်ဆု လျာထားခံထားရတဲ့အတွက်ကြောင့်ပါ။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ကတော့ ကိုအာကာဖြိုးပါ) File Size : (953 MB) Quality : WEB-DL 720p Running Time : 2hr 5min Format : Mp4 Genre :Biography, Drama, History Subtitle : Myanmar Subtitle (Hard Sub) Source : 720p.WEB-DL.DD5.1.H264-FGT Translated by Arkar Phyo Encoded by Thanhtike Zaw

Drama • Sci-Fi & Fantasy
7.3 2017 125 mins
Darkest Hour
REC 4 Apocalypse
6.5

REC 4 Apocalypse(2014) ********************** လူကြိုက်များတဲ့ REC ရုပ်ရှင်စီးရီးရဲ့ နောက်ဆုံးစတုတ္ထမြောက်ကားပဲ ဖြစ်ပါတယ်။ အရှေ့က သုံးကားနဲ့ တိုက်ရိုက်ချိတ်ဆက်ထားတာဖြစ်လို့ အရှေ့သုံးကားကိုအရင်ဆုံးကြည့်ပြီးမှ ဒီဇာတ်ကားကိုကြည့်ဖို့ အကြံပေးပါရစေ။ REC 4 ကိုတော့ ဒါရိုက်တာ Jaume Balaguero ကရိုက်ကူးထားပြီး ရှေ့ကားတွေရဲ့ ဇာတ်လိုက်ကျော်ကြီး အန်ဟယ်လာဗီဒယ်အဖြစ် မင်းသမီး Manuela Velasco ကအဓိကသရုပ်ဆောင်အနေနဲ့ ပြန်လည်ပါဝင်လာပြီး Pavo Manzanedo, Hector Colome, Ismael Fritschi နဲ့ Crispulo Cabezas တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ Rec 3 အဆုံးမှာ အန်ဟယ်လာဗီဒယ်ကို ကယ်တင်ခဲ့ပြီးနောက်မှာ စစ်ဆေးမှုတွေအကြိမ်ကြိမ်အခါခါလုပ်ပြီး ရောဂါဖြစ်ပွားတဲ့နေရာကိုဝင်ရောက်ခဲ့သူများကို သင်္ဘောတစ်စီးဖြင့် ပင်လယ်ထဲစေလွှတ်ခါ ဗိုင်းရပ်စ်ကိုအနိုင်ယူနိုင်မယ့် ဖြေဆေးကိုဖော်စပ်ဖို့ ကြိုးစားကြပါတယ်။ ဒါပေမယ့် ဖြေဆေးကမအောင်မြင်တဲ့အတွက် နောက်ထပ်နည်းလမ်းတစ်ခုကိုရှာဖွေတဲ့အခါမှာ ကင်မရာထဲက အန်ဟယ်လာရဲ့မှတ်တမ်းတွေကို တွေ့ရှိသွားတဲ့အခါမှာတော့… အန်ဟယ်လာအနေနဲ့ ဘယ်လိုလျှို့ဝှက်ချက်တွေရှိနေခဲ့တာလဲ သူ့ကတကယ်ပဲ ကူးစက်ခံထားရတာလား ဖြေဆေးကိုရော တကယ်ပဲဖော်စပ်နိုင်သွားမလား သူတို့စီးနေတဲ့ သင်္ဘောကရော ဘယ်လိုဖြစ်သွားမလဲဆိုတာကို သွေးသံတရဲရဲနဲ့ စိတ်ဝင်စားဖွယ် ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။ သွေးထွက်သံယိုအခန်းများ အများအပြားပါဝင်တဲ့အတွက် ကလေးသူငယ်များနဲ့ နှလုံးမကောင်းသူများကြည့်ရှုဖို့ မသင့်တော်ပါခင်ဗျာ… File Size : (1.6GB) and (744MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…01:35:00 Genre : Horror , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by APP Encoded by Phyo Pyae

Action • Comedy • Drama • Family
6.5 2014 95 mins
REC 4 Apocalypse
Black or White
6.6

ဒီဇာတ်လမ်းလေးမှာ ဇနီးဖြစ်သူ ဆုံးပါးသွားတဲ့အခါ အဲလီရော့တ်အန်ဒါဆန်ဟာ သူ့မြေးမလေး အဲလူဝီးစ်ကို တစ်ယောက်တည်း ပြုစုပျိုးထောင်ပေးဖို့ ဖြစ်လာပါတယ်။ အဲလူဝီးစ်ရဲ့ အမေ၊ အဲလီရော့တ်ရဲ့သမီးကတော့ နှလုံး‌ရောဂါ အခံနဲ့ ကလေးမွေးဖွားစဉ်က ဆုံးပါးသွားခဲ့တာဖြစ်ပြီး အဖေဖြစ်သူကတော့ မူးယစ်ဆေးမှုတွေနဲ့ ပြစ်မှုမှတ်တမ်း တွေရှိပြီး သတင်းအစအနတောင် မကြားရတဲ့သူပါ။ အဲလီရော့တ်က သမီးဖြစ်သူကို ဆုံးရှုံးခဲ့ရတဲ့အပြင် ဇနီးဖြစ်သူကိုပါ ဆုံးရှုံးရပြန်တော့ အရက်သောက်‌နေတဲ့ အရက်သမားကြီးလို ဖြစ်နေပေမယ့် သူ့မြေးမလေးကိုတော့ ဘယ်နေရာမှလစ်ဟင်းမှုမရှိအောင် ချစ်ခြင်းမေတ္တာအပြည့်နဲ့ ဂရုစိုက်ပေးပါတယ်။ ဒါပေမဲ့ အဲလူဝီးစ်လေးရဲ့ တစ်ဖက်က အဘွား ရိုဝီနာကတော့ သူ့မြေးမလေးကို အဘိုးဖြစ်သူ အဲလီရော့တ် စောင့်ရှောက်တာကို စိတ်မချဖြစ်ပါတယ်။ ဒီလိုနဲ့ ရိုဝီနာက သူ့မောင် ရှေ့နေနဲ့အတူ ကလေးအုပ်ထိန်း စောင့်ရှောက်ခွင့်အတွက် တရားရင်ဆိုင်ပါတော့တယ်။ ဒီနေရာမှာ ပြဿနာကတော့ အဲလူဝီးစ်လေးရဲ့ အဘိုးအဲလီ‌ရော့တ်က လူဖြူဖြစ်ပြီး အဖေဘက်၊ အဘွားဝီဝီဘက်ကတော့ လူမဲ တွေဖြစ်နေတာပါ။ ကလေး အုပ်ထိန်းခွင့်အတွက် တရားရင်ဆိုင် ကြတဲ့အခါ အဘိုးဖြစ်သူ အဲလီရော့တ်ကပဲ အုပ်ထိန်းခွင့်ရသွားမလား၊ အဘွားဝီဝီကပဲ အုပ်ထိန်းခွင့်ရသွားမလားဆိုတာတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။ ဒီဇာတ်လမ်းလေးဟာ မိသားစုချစ်ခြင်းမေတ္တာကို ဖော်ကြူးထားတဲ့ အပြင် လူမဲ လူဖြူဆိုတာ အသားအရောင်သာကွာခြားတဲ့ လူသားအချင်းချင်းပါပဲ ဆိုတဲ့ မက်ဆေ့ခ်ျလေးကို ရိုက်ပြထားတဲ့ ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ ( ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ် ) File size…1.79GB / 779MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….2h 1m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Orika

Drama
6.6 2014
Black or White
Squared Love Everlasting

ပို​လန်ရုပ်ရှင်​တွေဖြစ်တဲ့​ Squared Love ဇာတ်ကား​တွေ​ရဲ့​ တတိယ​မြောက်​ဇာတ်ကား​ဖြစ်တဲ့​ Squared​ Love​ Everlasting​ က​ Romance​ Comedy​ အမျိုး​အစား​ဇာတ်ကား​ဖြစ်ပြီး​ ၂၀၂၃ ခုနှစ်​မှာ​ထွက်ရှိ​ခဲ့တဲ့​ Netflix​ ရဲ့ဇာတ်ကားဖြစ်ပါတယ်။ အရင်​နှစ်ကား​မှာ​ သရုပ်ဆောင်​ခဲ့တဲ့​သူတွေပဲ ပြန်လည်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ အရင်​ဇာတ်ကား​နှစ်ကားကိုမကြည့်ရသေးရင်လည်း ဒီဇာတ်ကားကိုကြည့်လို့ရမှာပါ။ Rom/Com အမျိုးအစား​ပီပီ​ ပေါ့ပေါ့ပါးပါးနဲ့ကြည့်ရှုခံစားလို့ရမဲ့​ လှပတဲ့အချစ်​ရုပ်ရှင်လေးဖြစ်ပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့​ အန်​ဇိုစတက်ဖန်နဲ့ မိုနီကာတို့နှစ်ဦးသား လက်ထပ်ဖို့စိုင်းပြင်နေတဲ့အချိန်မှာ ထင်မှတ်မထားတဲ့ဖြစ်ရပ်တစ်ခုပေါ်လာခဲ့ပါတယ်။ ဒီ​ကိစ္စ​က​ သူတို့​နှစ်ဦးရဲ့​ relationship​ ကိုပါသက်ရောက်လာခဲ့တဲ့အခါ​ သူတို့​နှစ်ဦးကြားကနားလည်မှုကို​ ပြန်လည်တည်ဆောက်နိုင်ပါ့မလား သူတို့​ဘဝမှာကြုံတွေ့နေရတဲ့ အခက်အခဲ​တွေကို​ရော​ ကျော်​လွှားနိုင်ပါ့မလားဆိုတာကို ပေါ့ပေါ့ပါးပါးကြည့်ရှုရမဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ဒီ​နောက်​ဆုံး​ဇာတ်ကားက​ Squared​ ​Love​ ​ရုပ်ရှင်​တွေထဲမှာ​ အကောင်း​ဆုံး​လို့သတ်မှတ်နိုင်ပါတယ်။ ဥရောပ​အချစ်ဟာသကားလေးဖြစ်တဲ့အတွက်​ ကြည့်နေ​ကျ​ အမေရိကန်​ရုပ်ရှင်​တွေနဲ့​ မတူတဲ့​ vibe တစ်ခုတော့ရမှာဖြစ်ပါတယ်။ ဇာတ်လမ်း​က​ရိုး​ရှင်းပေမဲ့​ ကြည်နူးဖို့လည်းကောင်းပြီး ပိုလန်ရဲ့ သဘာဝရှုခင်းနဲ့ညမြင်ကွင်းအလှတွေကို​ ကြည့်ရတာနဲ့တင်တန်နေပြီလို့ဆိုနိုင်ပါတယ်။ Rom/com ကြိုက်​တဲ့သူတွေ​၊ ပေါ့ပေါ့ပါးပါးဇာတ်လမ်းလေးကိုကြည့်ပြီး​ စိတ်​အပန်းဖြေ​လိုသူတွေကြည့်သင့်တဲ့ကားလေးပါ။ File size…(1.8 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:42:00 Genre…Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Wolfenheim

0 2023
Squared Love Everlasting
Superman: Doomsday
6.9

Superman: Doomsday (2007) IMDB: 6.9/10 Rotten Tomatoes: 57% Superman: Doomsday (2007) ရုပ်ရှင်ဟာ DC Comics Book တစ်ခုဖြစ်တဲ့ The Death of Superman ကိုအခြေခံကာ ရိုက်ကူးထားတဲ့ DC Animation ဖြစ်ပါတယ်။ ဇာတ်ညွှန်း စူပါမန်းရှိတဲ့ ကမ္ဘာဟာငြိမ်းချမ်းပါတယ်။ စူပါမန်းဆိုတာ နှိုင်းယှဉ်လို့မရနိုင်တဲ့ စံပြု ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ ဒါပေမယ့် ခုလိုမျိုး အနှိုင်းမဲ့တဲ့လူတောင်မှ နေဝင်ချိန်ဆိုတာရှိလာတတ်ပါတယ်။ လက်စ်လူသာဟာသူ့ရဲ့ထုံးစံအတိုင်း လက်စ်ကော်ပိုရေးရှင်းကိုအကြောင်းပြပြီး တစ်ဖက်မှာ မှောင်ခိုလုပ်ငန်းတွေကိုလုပ်နေပါတယ်။ တစ်ရက်မှာတော့ လက်စ်ကော်ပိုရေးရှင်းက သိပ္ပွံပညာရှင် အချို့ဟာမြေအောက်မှာ လုပ်ငန်းတစ်ခုဆောင်ရွက်နေရင်း ပြင်ပကမ္ဘာကလာတဲ့ ယာဉ်ပျံတစ်စီးကိုတွေ့ခဲ့ပါတယ်။ အဆိုပါယာဉ်ပျံထဲမှာပါနေတဲ့အရာဟာ Doomsday ဖြစ်ပြီး မြင်မြင်သမျှကို ဖျက်ဆီးမယ့်လူတစ်ယောက်ဖြစ်ပါတယ်။ နောက်ဆုံးတော့ Doomsday ကိုတိုက်ခိုက်နိုင်မယ့် တစ်ဦးတည်းသောသူက စူပါမန်းဖြစ်လို့လာပါတယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ…. File size… 1.2 GB / 654 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 15m Genre ….. Animation/Action/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by LuciferMaximoff

6.9 2007 75 mins
Superman: Doomsday
[18+] The Servant

The Servant (2010) ****************** လူကြီးမင်းတို့ပိတ်ရက်မှာ အပန်းဖြေကြရအောင်လို့ အခုလို ပူပူစပ်စပ်… ၁၈ယောက်အထက် စုကြည့်ရတဲ့ စပိုင်စီကားလေးကိုတင်ဆက်‌ပေးပါရစေ။ Forbidden questဒါရိုက်တာကြီးရဲ့ နောက်လက်ရာတစ်ခုဖြစ်တဲ့ ဒီကားလေးမှာ… Parasite နဲ့ Casa Amor မှ မင်းသမီးချော Cho Yeo Jeong ကို… Kim Ju Hyeok နဲ့ Ryoo Seung Bum တို့မင်းသားနှစ်လက်နဲ့ အပြိုင်တွေ့ကြရမှာဖြစ်ပါတယ်။ ကိုရီးယားရိုးရာအချစ်ပုံပြင်လေးတစ်ခုကို အမှီသဟဲပြုပြီး ပြန်လည် ဆန်းသစ်ဖန်တီးထားတဲ့… ဒီဇာတ်လမ်းလေးထဲမှာ…ဆင်းရဲပေမဲ့ အချစ်တွေကတော့ အဆပေါင်းများစွာ ချမ်းသာတဲ့… အစေခံ‌ကောင်လေး ဘန်ဂျာကို ဇာတ်လိုက်အနေနဲ့ ကြည့်ရူခံစားရမှာဖြစ်ပါတယ် အထက်တန်းလွှာအိမ်တော်မှ သခင်လေးမုံယောင်းရဲ့ မိန်းကလေးချွန်းညန်းကိုမှ တမ်းတမ်းစွဲမိတဲ့ ဘန်ဂျာ၊ ‌မကျော်သင့်တဲ့စည်းကို ‌ကျော်လိုက်မိတဲ့ သူတို့‌‌တွေ၊ ပူပြင်းတောက်လောင်နေတဲ့ အချစ်တွေ… လိုချင်ရမ္မက်တွေနဲ့မတူဘဲ မထင်မှတ်ထားတဲ့ဇာတ်သိမ်းပိုင်းကြောင့်… ကြည့်ရူသူများ ရင်ထဲတစ်ခုခုကျန်ခဲ့မှာ အသေအချာပဲမို့ လက်မလွှတ်သင့်ပါဘူးနော်။ File size… 3.55GB / 1001MB Quality…WEB-DL 1080p 720p Genres: Historical, Comedy, Romance, Drama Duration: 2 hr 5 mins Subtitle….Myanmar Subtitle (Hard Sub) Translated By SD Encoded By DS

Drama
0 2010 124 mins
[18+] The Servant
Disaster Holiday
5

Disaster Holiday ဆိုတဲ့ ဇာတ်ကားလေးကတော့ အရမ်းဆွဲဆောင်မှု ရှိတဲ့ကားလေးဖြစ်ပါတယ်။ review ကောင်းတွေလဲအများကြီးရထားတဲ့ မိသားစုကားလေးပဲ ဖြစ်ပါတယ်။ ဂျိုးဇက်ဆိုတဲ့ဖခင်တစ်ဦးဟာ သူ့မိန်းမနဲ့ကွာရှင်းပြီး မိန်းမအသစ် တစ်ယောက်ယူထားသူပါ။ သို့သော်လည်း သူ့ရဲ့ကလေး သုံးယောက်ကိုတော့အချစ်မလျော့ပါဘူး။တတ်နိုင်သမျှအလုပ်လုပ်ပြီး အဘက်ဘက်ကဖြည့်စည်းပေးချင်တဲ့သူတစ်ဦးပါ။ ဒါပေမဲ့လည်းသူဟာအလုပ်တွေပဲဖိလုပ်ပြီး ကလေးတွေကို အချိန်မပေးနိုင်ဖြစ်နေတာဖြစ်ပါတယ်။ ကလေးအုပ်ထိန်းခွင့်အတွက်တရားရင်ဆိုင်ရင်း နောက်ဆုံး အခွင့်အရေးအနေ နဲ့ ကလေးတွေနဲ့ အားလပ်ရက်ခရီးထွက်ရဖို့ ဖြစ်လာပါတော့တယ်။ သို့သော်လည်း အလုပ်အစည်းအဝေးနဲ့အားလပ်ရက်ခရီး သွားချိန်နဲ့ကိုက်နေတဲ့အခါမှာ သူဘယ်လိုဖြေရှင်းမလဲ… ကလေးတွေကိုရွေးမှာလားအလုပ်ကိုရွေးမှာလား လမ်းခရီးမှာလည်း ဘယ်လို အခက်အခဲအမှတ်တရတွေရှိလာမလဲ.. ကလေးတွေ သူ့အပေါ်ထင်မြင်ချက်ခံစားချက်တွေ ပြောင်းသွားမှာလားဆိုတာတွေကို Negative vibe တွေမပါဘဲ ပေါ့ပေါ့ပါးပါးကြည့်သွားရမှာဖြစ်ပါတယ်။ Family comedyကားဖြစ်တာမို့လို့ ပေါ့ပေါ့ပါးပါး ကားလေးတွေရှာနေတဲ့သူ စိတ်ပြေလက်ပျောက် ရယ်မောချင်တယ်ဆိုရင်တော့ ဒီကားလေးကိုကြည့်ဖို့ အကြံပေးချင်ပါတယ်။ File size… (2.20GB) / (1.07GB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 33m Genre ….. Comedy , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Koo Luu Moo

Crime • Thriller • Mystery
5 2024 93 mins
Disaster Holiday
Sister Street Fighter: Fifth Level Fist

(၁၉၇၆)မှာ ထွက်ရှိခဲ့တဲ့ “Sister Street Fighter: Fifth Level Fist” ဇာတ်ကားက ကိုယ်ခံပညာအက်ရှင် ဇာတ်ကားကောင်း တစ်ကားဖြစ်ပြီးတော့ ရှေ့က ထွက်ရှိခဲ့တဲ့ “Sister Street Fighter” ဇာတ်ကားတွေရဲ့ နောက်ထွက် ဇာတ်လမ်းလို့ ပြောလို့ရတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ ကီမိုနိုဆိုင်ပိုင်ရှင် မိဘတွေရဲ့ သမီးဖြစ်သူ ကီကုကို စစမြင်လိုက်ရင်တော့ အမျိုးသမီးအများစုလို သိမ်မွေ့နူးညံ့တဲ့ အသက်ငယ်ငယ် မိန်းကလေးတစ်ယောက်သာသာပဲလို့ ထင်ရစရာရှိပါတယ်။ တကယ်တမ်းတော့ ကရာတေးကိုယ်ခံပညာကို နှစ်သက်တဲ့ အမျိုးသမီးလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ကရာတေးကို စိတ်ဝင်စားသလို ဒီကိုယ်ခံပညာရပ်မှာပါ ကျွမ်းကျင်မှုရှိတဲ့ ကီကု တစ်ယောက် သူငယ်ချင်းဖြစ်သူရဲ့ အစ်ကို အသတ်ခံလိုက်ရရာကနေ ဝင်ကူညီရင်း ရဲတွေ စုံစမ်းထောက်လှမ်းနေတဲ့ မူးယစ်ရာဇာတွေနဲ့ ပတ်သက်မိပါတော့တယ်။ ဒီ “Sister Street Fighter: Fifth Level Fist” ဆိုတဲ့ ဇာတ်ကားလေးမှာ ကီကုတစ်ယောက်ရဲ့ အန္တရာယ်မှန်းသိသိနဲ့ တစ်ယောက်တည်း တိုးဝင်ရာကနေ လူဆိုးတွေနဲ့ ယှဥ်ပြိုင်တိုက်ခိုက်တာတွေကို ခံစားကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ကီကုတစ်ယောက် ကလဲ့စားပဲ ချေနိုင်သွားမလား၊ ဆုံးရှုံးစရာတွေနဲ့ပဲ ရင်ဆိုင်ရမလားဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာ ကြည့်ရှုခံစားနိုင်ပါပြီ။ File size… 1.4 GB / 747 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 17m Genre ….. Action / Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Doros

Action • Crime • Drama
0 1976 77 mins
Sister Street Fighter: Fifth Level Fist
City of Miracles
5.5

လူ့ဘဝဆိုတာ ခုရေတွင်းတူး ခုရေကြည်သောက်သလိုလွယ်ကူတဲ့အရာမဟုတ်တာလောကနိယာမပါပဲ ဒီရုပ်ရှင်မှာ‌တော့…၁၉၉၀ခုနစ်ဝန်းကျင်က “ကျန်းဟုန်ဝေး” “လျိုဝိန်ကျောက်”နဲ့ “တင်းကျွင့်”ဆိုတဲ့ ညီအကိုသုံးယောက်ကိုရိုက်ကူးပြသထား‌ပေမဲ့ သူတို့ကြုံတွေရတဲ့အခက်အခဲ‌တွေဟာပရိတ်သတ်တို့မှာလဲရင်ဆိုင်နေရတာဖြစ်နိုင်တာမို့ “City of miracles”ဆိုတဲ့ရုပ်ရှင်ကိုCM ကနေဘာသာပြန်တင်ဆက်‌ပေးထားတာပဲဖြစ်ပါတယ် ကျန်းဟုန်ဝေးက ရွာကမျက်မမြင်မိခင်ဖြစ်သူကိုဆေးကုပေးဖို့ မြို့ပေါ်တက်ပိုက်ဆံရှာခဲ့ပါတယ် လျိုဝိန်ကျောက်ကတော့ ညီလေးဖြစ်သူကို သူ့လိုမဖြစ်စေချင်တဲ့အတွက် ကျောင်းဆက်ထားဖို့ဆန္ဒတစ်ခုနဲ့ရှေ့ဆက်နေသူပါ တင်းကျွင့်ကတော့ မြို့‌ကြီးမှာစားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့လူငယ်လေးတစ်ယောက်ပေါ့ ကံကြမ္မာကြိုးဆွဲရာနောက်လိုက်တယ်ပဲပြောရမလား.. ခါးပိုက်နှိုက်သမားတစ်ယောက်လိုက်ရင်း လျိုဝိန်ကျောက်၊ တင်းကျွင်းတို့နဲ့ဆုံခဲ့ပါတယ် ။ဒီလိုနဲ့ကိုယ့်လမ်းကိုယ်စီသွားကြရင်း… ကျန်းဟုန်ဝေးရဲ့ ရေစိမ်းမြေစိမ်းနေရာမှာ မြို့ပေါ်ကတစ်ဦးတည်း‌သော လူယုံဖြစ်သူ အကိုကွမ်းဟာ မက်လုံးပေးပြီးလိမ်စားနေတဲ့သူပါ လောဘဟာ မိတ်ဆွေရင်းတွေကိုတောင်ပျက်ပြားစေနိုင်ရိုးလား… မလျော့တော့ဇွဲ မဆုတ်နစ်သောလုံ့လတွေနဲ့ပန်းတိုင်ကိုအရောက်လှမ်းနိုင်မှာလား ‘ဇာတ်လမ်းအစ စွန့်စားမှုက’ဖြစ်တာမလို့ သူတို့သုံးယောက်ဘာ‌တွေစွန့်စားပြီး ဘယ်လို အခက်အခဲတွေကြုံတွေ့ရမလဲဆိုတာကြည့်ရှုခံစားလိုက်ရအောင်

Comedy
5.5 2025
City of Miracles