YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The.Originals.S05Ep12.BluRay1080p(CM).mp4

706.91 MB 1080p video/mp4 62 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
You Do You
6.5

You Do You(2023) ***************** ကိုယ့်ဘဝမှာ ကိုယ်သာလျှင်ပဲ့ကိုင်ရှင်ပါ။ သူများတွေ ဘယ်လိုပဲပြောနေနေ ဘယ်လိုပဲယူဆဆ၊ ကိုယ့်ရဲ့ခံစားချက်ကို ထုတ်ပြကြိုးစားရင်း ပြာပုံထဲကျနေပြန်ရုန်းထနေရမှာပါ။ ဒီဇာတ်လမ်းလေးကတော့ အဲ့လိုခံယူချက်လေးနဲ့ ဖက်ရှင်လောကထဲ လျှောက်လှမ်းချင်တဲ့ အမျိုးသမီးလေး မာဗေ့ဗ်ရဲ့ ဇာတ်လမ်းလေးကိုရိုက်ကူးပြထားတာပါ။ မာဗေ့ဗ်ဟာ တီထွင်ဖန်တီးမှုဉာဏ်ရှိပြီး ဖက်ရှင်လောကမှာ အခြေချရပ်တည်ချင်သူလေးပါ။ သို့ပေမဲ့ အမေဖြစ်သူကတော့ ရုံးထိုင်အလုပ်တစ်ခုခုကိုအခြေတကျလုပ်စေချင်တာမို့ အလုပ်အင်တာဗြူးတွေခဏခဏဖြေခိုင်းပါတယ်။ ဖြေခိုင်းတိုင်းလည်း မာဗေ့ဗ်တစ်‌ယောက် အမေ့ရဲ့ဘီဒိုကြီးထဲက အဝတ်အစားလှလှတွေထုတ်ဝတ်သွားပြီး အင်တာဗြူးကို ကျအောင်ဖြေလေ့ရှိပါတယ်။ တကယ့်သမီးအလိမ္မာလေးပါပဲ။ မာဗေ့ဗ်ရဲ့ အမေဖြစ်သူဟာ တစ်ချိန်က ထိတ်ထိတ်ကြဲ နာမည်ကြီးသတင်းထောက်ပါ။ သိတဲ့အတိုင်းအပင်မြင့်လေ လေတိုက်လေဆိုတော့ ကြိတ်ပြီးမုန်းနေတဲ့ရန်ဖက်တွေလည်းရှိတာပါပဲ။ ဒီလိုနဲ့ တစ်နေ့ကျတော့ အဲ့ဒီရန်ဖက်ဖြစ်သူဟာ အကွက်ကျကျစီစဥ်ပြီး မာဗေ့ဗ်တို့မိသားစုကို လမ်းဘေးရောက်အောင်ကြံပါတော့တယ်။ မာဗေ့ဗ်တစ်ယောက် ဒီအခက်အခဲကို ဘယ်လိုကျော်လွှားမလဲ၊ ဒီရန်ဖက်ဆိုသူကရောဘယ်သူလဲ၊ ဘာတွေဆက်လက်ကြုံတွေ့ရမလဲဆိုတာကို လူငယ်ဆန်ဆန်ပေါ့ပေါ့ပါးပါး ဖက်ရှင်လေးတွေနဲ့ လိုက်ပါကြည့်ရှုလို့ရမယ့် Comedy Romanceကားလေးတစ်ကားပါပဲ။ File Size :(1.5GB) and (680MB) Quality :WEB-DL 1080P, 720p Format…mp4 Duration…01:40:00 Genre : Comedy , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae

Comedy • Drama
6.5 2023 99 mins
You Do You
Into the White
6.9

IMDb - 7.1/10 စစ်ပွဲအတွင်း အခက်ခဲဆုံးအချိန်တွေမှာ ရန်သူတွေဟာလည်း မိတ်ဆွေကောင်းတွေဖြစ်သွားတတ်ကြပါတယ်။ Christmas Truce လိုမျိူးဖြစ်ရပ်တွေကိုသဘောကျကြတဲ့ ပရိသတ်ကြီးအတွက် ဒုတိယကမ္ဘာစစ်အတွင်းကနော်ဝေးနိုင်ငံမှာ ဖြစ်သွားခဲ့တဲ့ ဖြစ်ရပ်‌မှန်ကိုရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဟယ်ရီပေါ်တာရုပ်ရှင်တွေထဲမှာ ရွန် ဝီစလီအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Rupert Grint ရဲ့ ဟယ်ရီပေါ်တာရုပ်ရှင်တွေအပြီးမှာ ပထမဆုံးရိုက်ကူးခဲ့တဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်ဗျ။ ဇာတ်လမ်းအကျဉ်းကတော့ ဒုတိယကမ္ဘာစစ်အတွင်း နော်ဝေးနိုင်ငံအတွင်းမှာ အင်္ဂလိပ်နဲ့ ဂျာမနီ လေယာဉ်တွေ တိုက်ခိုက်ခဲ့ကြပြီး နှင်းတွေဖုံးလွှမ်းနေတဲ့ လွင်ပြင်ကြီးထဲကို ဂျာမန်ဗုံးကျဲလေယာဉ်ကပျက်သွားခဲ့ပြီး သူတို့ပစ်ချခဲ့တဲ့ ဗြိတိန်လေယာဉ်ကလည်း အနီးနားလေးမှာပဲ ပျက်ကျသွားခဲ့ပါတယ်။ ပျက်ကျမှုမှာအသက်ရှင်ကျန်ရစ်ခဲ့တဲ့ လေယာဉ်မှူးတွေနဲ့ လေတပ်သားတွေက နှင်းတောကြီးထဲမှာ ခိုလှုံဖို့နေရာတစ်ခုကိုလိုက်ရှာရင်း လွင်ပြင်ထဲမှာရှိနေတဲ့အမဲလိုက်တဲလေးတစ်ခုမှာဆုံတွေ့မိကြပြီး ဗြိတိန်လေသူရဲတွေကို ဂျာမာန်တွေက စစ်သုံ့ပန်းအဖြစ်ဖမ်းထားလိုက်ပါတော့တယ်။ ဒီလိုနဲ့ လူသူဝေးတဲ့ နှင်းတောကြီးထဲကိုရောက်နေတဲ့ ဗြိတိန်နဲ့ ဂျာမန်တွေကြား ဘယ်လိုတွေဆက်ဖြစ်လာကြမလဲ၊ ရန်သူတွေဆိုတာက‌ရော မိတ်ဆွေတွေဖြစ်လာနိုင်ရဲ့လား ဆိုတာကို ကြည့်ရှုရမဲ့ စစ်ကားကောင်းလေးတစ်ကားပါဗျ။ စစ်ကားဆိုပေမဲ့လည်း တိုက်ခိုက်ခန်းသိပ်မပါပဲ ဖြည်းဖြည်းချင်းစီဆွဲခေါ်သွားတဲ့ ကားကောင်းလေးတစ်ကားဖြစ်တာမလို့ ကြည့်ရှု့လိုက်ကြပါဦးဗျ File size…1.16GB / 451.3MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 44m Genre ..... Aciton , Biography , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tmmt

Comedy
6.9 2012 104 mins
Into the White
HELL DOGS
7.2

ဂျပန်ယာကူဇာဂိုဏ်းနဲ့ အသွင်ယူ ရဲ တစ်ယောက်ရဲ့ ဇာတ်လမ်း လေးဖြစ်ပြီး ဂျပန်အက်ရှင်ကားအများစုလို အိုဗာအက်တင်တွေ မပါဘဲနဲ့ ကြည့်လို့အဆင်ပြေတဲ့ ဇာတ်ကားတစ်ကားပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ... ရဲတပ်သားသစ်တစ်ယောက်ဖြစ်တဲ့ တက်ခ် ဟာ အင်အားကြီးတဲ့ ယာကူဇာဂိုဏ်းကို ဖြိုချဖို့အတွက် အသွင်ယူ ရဲ တစ်ယောက်အဖြစ် တာဝန်ပေးခြင်းခံခဲ့ရပါတယ်။ သူ အသွင်ယူတစ်ယောက်မဖြစ်ခင်မှာ တာဝန်ကျတဲ့နားက ကုန်တိုက်တစ်တိုက်ကို ယာကူဇာတွေ ဓါးပြဝင်တိုက်ခဲ့ပြီး အဲ့မှာ မိန်းကလေးသုံးယောက်နဲ့ ဝန်ထမ်းအမျိုးသမီး အသတ်ခံလိုက်ရတယ်။ အဲ့နောက်မှာသူဟာ အဲ့ဒီဓါးပြတိုက်သွားတဲ့ ယာကူဇာတွေနောက်ကို လိုက်လက်စားချေရင်းနဲ့ ယာကူဇာဂိုဏ်းထဲကို အသွင်ယူ ရဲ တစ်ယောက်အဖြစ် ရောက်သွားတဲ့အခါမှာတော့ ... (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Zwel Zan Aung ပါ။) File Size          : 2.6GB, 1GB, 515MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 2hr 18mins Genre              : Action Translated by Zwel Zan Aung Encoded by Kinnov

Comedy
7.2 2022 137 mins
HELL DOGS
Life of the Party
6.2

Spy ဆိုတဲ့ ဟာာသကားကို ကြည့်ဖူးရင် ဒီဇာတ်ကားထဲက မင်းသမီး Melissa ကိုသိကြမှာပါ။ သရုပ်ဆောင်တဲ့နေရာမှာ ပိုင်နိုင်လွန်းလို့ သူ့ရဲ့ဇာတ်ကားတစ်ကားကြည့်ရုံနဲ့သူ့ကိုမှတ်မိနေမှာပါ။ အခုဇာတ်ကားကလည်း ဟာသကားတစ်ကားဖြစ်ပြီးတော့ ဒီယာနာဆိုတဲ့ ကလေးအမေတစ်ယောက်နေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းပြောရရင်တော့ ဒီယာနာတို့လင်မယားနှစ်ယောက်ဟာ ၂၆ နှစ်ကြာအိမ်ထောင်သက်တန်းရှိခဲ့ကြပါတယ်။ တစ်ရက်မှာတော့ သူ့ရဲ့ခင်ပွန်းဖြစ်တဲ့သူက ရုတ်တရက်ကြီး သူ့ကိုကွာရှင်းဖို့ တောင်းဆိုလာပါတယ်။ မမျှော်လင့်ထားတာတွေ ရုတ်တရက်ဖြစ်လာပြီး ချက်ချင်းဆိုသလို တခုလတ်ဖြစ်သွားတဲ့ ဒီယာနာဟာ သူမရဲ့ မိဘအိမ်ကို ပြန်ရောက်သွားပါတော့တယ်။ အဲဒီအချိန် သူ့သမီးဖြစ်တဲ့ မယ်ဒီက တက္ကသိုလ်နောက်ဆုံးနှစ် ကောလိပ်ကျောင်းသူဖြစ်နေပါပြီ။ ဒီယာနာက ကျောင်းမပြီးခဲ့ပါဘူး။ သူတက္ကသိုလ်နောက်ဆုံးနှစ်မှာ သူ့သမီးလေးကို မွေးရတော့မှာဖြစ်တဲ့အတွက်ကြောင့် ငွေစုရမှာမို့လို့ ကျောင်းကနေထွက်ခဲ့တာပါ။ ဒါနဲ့ပဲ သူ့ဘဝတစ်လျှောက်လုံးမှာ သူ့သမီးကပဲ သူ့အတွက်ဘဝတစ်ခု ဖြစ်နေခဲ့တာပေါ့။ သူ့သမီးလေးကို ပြုစုပျိုးထောင်ပေးရင်းနဲ့နောက်ဆုံးနှစ်ရောက်တော့မှ ယောက်ျားစွန့်ပစ်တာခံရပြီး မိဘအိမ်ကို ပြန်ရောက်သွားတာပေါ့။ အရင်က ယောက်ျားကိုပဲ ဦးစားပေးခဲ့တဲ့အတွက် ယောက်ျားကစွန့်ပစ်သွားတဲ့အချိန် သူ့ရဲ့ဘဝမှာ သူ့အတွက်ဘာဆိုဘာမှ မကျန်တော့တဲ့အထိ ဖြစ်သွားတာပေါ့။ ပညာရေးတန်းလမ်း ကလေးထိန်းပြီးအိမ်ထောင်ထိန်းခဲ့တဲ့အတွက် အလုပ်အကိုင်မရှိတဲ့အခြေအနေထိကိုရောက်ခဲ့တာပေါ့။ အဲဒီအချိန်မှာ ဘဝကိုအရှုံးမပေးဘဲနဲ့ သူရှေ့ဆက်ရမဲ့လမ်းကို ရဲရဲဝံ့ဝံ့ဆက်ပြီးတော့ လျှောက်လှမ်းခဲ့တယ်။ သူမပြီးသေးတဲ့ ကျောင်းကိုပြန်တတ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီတော့သမီးနဲ့အမေ တစ်ကျောင်းထဲမှာ အတူတူပြန်တက်ဖြစ်သွားတာပေါ့။ သမီးသူငယ်ချင်းတစ်သိုက်နဲ့မိခင်ဖြစ်တဲ့ဒီယာနာက ပေါင်းမိသွားပြီး ကျောင်းမှာအတူသွားအတူလာရင်း သမီးနဲ့ပါတီအတူတူတက်တဲ့အမေဖြစ်လာပါတော့တယ်။ အဲဒီမှာပဲ သူ့ဘဝရဲ့ခရီးကို ကောလိပ်ကျောင်းကနေ ပြန်စပြီးတော့ ပျော်ရွှင်မှု လွတ်လပ်မှုတွေနဲ့ကိုယ့်လမ်းကိုယ်လျှောက်မဲ့သူတစ်ယောက် ဖြစ်လာပါတော့တယ်။ တစ်ကားလုံးဟာသရွှန်းပြီး ရိုက်ကူးထားတာဖြစ်လို့ အပျင်းပြေပြီး စိတ်ရွှင်လန်းစေမဲ့ ဇာတ်ကားတစ်ကားပါလို့ ညွှန်းလိုက်ပါရစေ။ File size…(850 MB) and (400 MB) Quality…WEB-DL Rip 720p Format…mp4 Duration….01:47:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Yazar Htun

6.2 2018 105 mins
Life of the Party
Bad Education
6.8

ဒီရုပ်ရှင်က ၂၀၁၉ ခုနစ်ထွက် Biography/ Crime ဇာတ်ကားဖြစ်တယ် ပြောရရင်တော့ ဖြစ်ရပ်မှန်ပေါ့ဗျာ... ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းအကျဉ်းက... ဖရန့်ဆိုတဲ့ လူတစ်ယောက်ရှိတယ် သူက ကျောင်းဆရာဟောင်း.. အခုတော့ ရိုဆလင်းပြည်နယ်က အစိုးရကျောင်းမှာ ကျောင်းအကျိုးတော်ဆောင်ကောင်းတစ်ယောက်ဖြစ်နေပြီ.. သူက သိပ်ကိုတော်တဲ့လူတစ်ယောက်... သိပ်ဦးနှောက်ကောင်းတယ်... ဒီကျောင်းကြီးကို သုညအဆင့်ကနေ ထိတ်ထိတ်ကြဲကျောင်းကောင်းစာရင်းဝင်လာအောင် သူပဲလုပ်ပေးခဲ့တာ... ကလေးမိဘတွေကို သိမ်းသွင်းတတ်သလို လုပ်ဖော်ကိုင်ဘက်တွေကလည်း သိပ်လေးစားချစ်ခင်ကြတာပေါ့.... ဒီလောက်ထိပြီးပြည့်စုံနေတဲ့သူတစ်ယောက်ဆိုတာ ရှိပါ့မလား... ဒီကားကို ဘာလို့ကြည့်သင့်လဲဆိုတော့ နံပါတ်တစ်က Huge Jackman က ဖရန့်နေရာမှာ အပိုအလိုမရှိ ကွက်တိ... နံပါတ်နှစ် IMDB 7.2/10 ရထားတယ် နံပါတ်သုံး ကောင်းကိုကောင်းလို့ဗျာ File Size : ( 1 GB , 370 MB) Quality : WEBRip 720p Running Time : 1 hr 48 min Format : Mp4 Genre : Biography , Comedy , Crime Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Moe Myint Lwin

Action & Adventure • Drama • Mystery • Sci-Fi & Fantasy
6.8 2019 108 mins
Bad Education
King Kong
6.9

King Kong (2005) ~ IMDb - 7.2/10, Rotten Tomatoes - 84% ~ Directed By "Peter Jackson" " It was Beauty killed the Beast. " ခြင်္သေ့နဲ့ ဘယ်လိုတိုက်တိုက် ဘီလူးနဲ့ ဘယ်လိုကိုက်ကိုက် ချစ်မိသူလောက်တော့ ဘယ်သူမှ လူမိုက်မမည်တဲ့။ အဲဒီခေတ်က နယူးယောက်ရဲ့ အမြင့်ဆုံးအဆောက်အဦးဖြစ်ခဲ့တဲ့ အင်ပါယာစတိတ်ပေါ် တက်ကြဲခဲ့တဲ့ အသိဉာဏ်အရှိဆုံး တိရိစ္ဆာန်ဘဝကနေ အမိုက်မဲဆုံးကောင်ဖြစ်သွားတဲ့ ကင်းကောင်ကြီးကို မသိတဲ့သူလည်းမရှိလောက်ဘူး။ အသိဉာဏ်ရှိနေလို့ပဲ အရူးမိုက်ဆုံးဖြစ်ခဲ့သလား မသိနိုင်ပေမဲ့ ထင်သာမြင်သာအရှိဆုံး အဆောက်အဦးပေါ်တက် ကျည်ချက်ပေါင်းများစွာခံရင်း ၁၀၂ထပ်အမြင့်ကနေ ထိုးဆင်းသွားခဲ့တယ်။ နယူးယောက်ရဲ့ကြမ်းပြင်မှာ အသက်မဲ့နေတဲ့ ကင်းကောင်ကြီးကို ကြည့်ပြီး "ဘာလို့ ဒီကောင် ဟိုးထိပ်ထိတက်ပြီး ချောင်ပိတ်မိခံလိုက်တာလဲ သူ့အန္တရာယ်သူမသိဘဲတော့မနေလောက်ဘူး" လို့ လူတစ်ယောက်က ပြောတယ်။ ဘေးကလူရဲ့အဖြေကတော့ "ဦးနှောက်မရှိတဲ့တိရိစ္ဆာန်ကြီးပဲကိုကွာ ဘာသိမှာလဲ" တဲ့။ ခဏလောက်တော့ တိတ်သွားကြတယ်။ ခဏနေတော့ ခုနဖြေခဲ့တဲ့လူကပဲ "သိသိမသိသိ ဘာအရေးလဲကွာ တိုက်လေယာဉ်စာမိသွားတာပဲမလား" လို့ပြောပြီး လှည့်ထွက်သွားတယ်။ အသိရခက်တဲ့မျက်နှာနဲ့ လူတစ်ယောက်ကတော့ "တိုက်လေယာဉ်ကြောင့်မဟုတ်ဘူး အလှတရားက သူ့ကို သတ်သွားတာ" လို့ ပြောရင်း ဆက်မကြည့်ချင်တော့သလို သူလည်း လှည့်ထွက်သွားခဲ့တယ်။ တချို့ကတော့ ကဗျာဟာ ဉာဏ်မမီသူတွေအတွက် မဟုတ်ဘူးလို့ ပြောကြတယ်။ တစ်ချို့ကတော့ လက်မခံကြဘူး။ အဲဒီဉာဏ်မီမမီဆိုတာကို ဘယ်လိုသတ်မှတ်ကြလဲဆိုတာနဲ့တင် တော်တော်အငြင်းပွားစရာဖြစ်နေပါပြီ။ ဒီထက်သေချာတာတစ်ခုတော့ရှိတယ်။ အချစ်ဟာ ဘာကြီးလို့ ဘယ်လိုပဲပြောပြော ဉာဏ်နည်းတဲ့လူတွေအတွက်တော့ မဟုတ်ဘူး။ အဲဒီဉာဏ်နည်းမနည်းဆိုတာလည်း သိခြင်းတတ်ခြင်းတွေနဲ့ မဆိုင်ဘူး။ ဘာနဲ့ဆိုင်လဲ မေးလာရင်လည်း ဖြေစရာတော့မရှိဘူး။ အိမ်ပြန်ချိန်တိုင်း လှနေမယ့် နေဝင်ချိန်တစ်ခုတော့ ရှိနေလိမ့်မယ်။ ဒါပေမဲ့ ခင်ဗျား ဘယ်လောက်ထိ ငေးခဲ့ဖူးပြီလဲ။ King Kong လို့ဆိုလိုက်ရင် မသိတဲ့လူမရှိခဲ့လောက်အောင် ကင်းကောင်ဟာ နာမည်ကျော်တဲ့ကာရိုက်တာတစ်ခုပါပဲ။ ၁၉၃၃မှာ သူ့ကို ပိတ်ကားပြင်ထက် စအသက်သွင်းပြီးချိန်ကစလို့ ဒီနေ့ထက်ထိတိုင်အောင်ပဲ ဇာတ်လမ်းအမျိုးမျိုးနဲ့ ပြန်ရိုက်ကြတဲ့အထိကို အောင်မြင်ခဲ့တယ်။ ဒီ 2005 ရဲ့ King Kong ကို ရိုက်တဲ့သူကတော့ ပီတာဂျက်ဆန်ပါ။ ပီတာဂျက်ဆန်ဆိုတဲ့လူကိုတော့ အားလုံးသိကြမှာပါ။ The Lord of the Rings နဲ့ The Hobbit အတွဲလိုက်ကြီးနဲ့ Fantasy Genre မှာ မှတ်တမ်းရေးထိုးခဲ့သူပါ။ သူနဲ့ ဒီကင်းကောင်က တော်တော်လည်း ရေစက်ပါပါတယ်။ ၁၉၃၃ မူရင်း ကင်းကောင်ကားကို သူစကြည့်တဲ့အချိန်မှာ ကိုးနှစ်သားပီတာဂျက်ဆန်လေးဟာ ကင်းကောင်ကြီး အင်ပါယာစတိတ်က ပြုတ်ကျတဲ့အခန်းမှာ မျက်ရည်လည်ရွှဲဖြစ်ခဲ့ရဖူးတယ်။ အသက်၁၂နှစ်မှာတော့ သူ့မိဘတွေရဲ့ကင်မရာကိုသုံးပြီး ဒီကားကိုပြန်ရိုက်ဖို့ ကြိုးစားကြည့်ဖူးတယ်။ ၁၉၃၃ ကင်းကောင်ကို ရိုက်တဲ့အကြောင်းစာအုပ်တွေဖတ်ခဲ့သလို အမှတ်တရပစ္စည်းတွေလည်း ဝယ်ခဲ့တယ်။ သူရိုက်ခဲ့တဲ့ Braindead မှာလည်း Skull Island ကို Zombie Plague ရဲ့ ရင်းမြစ်နေရာအဖြစ် Tribute ခဲ့ဖူးတယ်။ ဒီကားကိုလည်း သူ LoTR နဲ့ ယှဉ်ရွေးရင်း လက်လွှတ်ခဲ့ရဖူးတယ်။ အမှန်ဆို ဒီကားက ၁၉၉၈ကတည်းက ထွက်ဖို့လုပ်ခဲ့တယ်။ အဲဒီတုန်းကသာဆို ပီတာဂျက်ဆန်ကြီးလည်း ရိုက်ခွင့်မရနိုင်တော့သလို အဲဒီတုန်းကရိုက်ဖြစ်ခဲ့ရင်လည်း LoTR တွေရိုက်ပြီး အထာနပ်နေတဲ့ ပီတာဂျက်ဆန်ရဲ့ အခုလက်ရာလောက် ကောင်းမယ်တော့မထင်လှဘူး။ ဒါလည်းကံပါပဲ။ ကင်းကောင်ကိုချစ်ခဲ့တဲ့ ပီတာဂျက်ဆန်လက်ထဲ ကင်းကောင်ဟာ ကံသီစွာနဲ့ပဲ အချိန်ကိုက်အခါကိုက်ရောက်လာခဲ့တယ်။ ကင်းကောင်ဟာ ရုပ်ရှင်သမိုင်းရဲ့ အထင်ကရဇာတ်ကောင်တစ်ကောင်ဖြစ်နေသလို၊ ကင်းကောင်ရုပ်ရှင်တွေဟာ သမိုင်းမှာ အခမ်းနားဆုံးရုပ်ရှင်တွေဖြစ်ခဲ့ဖူးသလို ပီတာဂျက်ဆန်ကလည်း အဲဒီခမ်းနားမှုကို မလျော့စေဘဲ လှလှပပရိုက်သွားခဲ့တယ်။ "တစ်ခုခုကို ကိုယ်တကယ်ချစ်ရင် စကြဝဠာကြီးက ကိုယ့်လက်ထဲရောက်အောင်ပို့ပေးလိမ့်မယ်" ဆိုတဲ့ စကားဟောင်းတစ်ခုတောင် အမှတ်ရမိပါ‌သေးရဲ့။ ဒီလိုနဲ့ ကင်းကောင်ဟာ ပီတာဂျက်ဆန်လက်ထဲ လှပစွာ ရောက်ရှိလာခဲ့တယ်။ ပီတာဂျက်ဆန်ကလည်း ကင်းကောင်ကို အားလုံးဆီ လှပစွာ ပြန်ပို့နိုင်ခဲ့ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 5,03GB, 3.14GB Quality - 1080p HEVC, 720p IMDb Rating - 7.2/10 Format - mkv, mp4 Duration - 3H 7Min Genre - Action, Adventure, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Ka Naung

Drama • Sci-Fi & Fantasy
6.9 2005 187 mins
King Kong
Imagine That
5.6

Imagine That ဆိုတာ ၂၀၀၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ နာမည်ကျော် သရုပ်ဆောင် Eddie Murphy ရဲ့ မိသားစု ဟာသဇာတ်ကားကောင်းလေး တစ်ခုပဲ ဖြစ်ပါတယ် ဟာသဆိုပေမဲ့ ရယ်ရဖို့သက်သက်လည်း မဟုတ်ဘဲ မိသားစုတွေကြားမှာ ဖြစ်ပျက်တတ်တာလေးတွေကိုပါ ထည့်ရိုက်ထားတာမို့ရော ပုံမှန်မဟုတ်တဲ့ fantasy စိတ်ကူးလေးတွေ နည်းနည်းပါတာရောကြောင့် စိတ်ဝင်စားပြီး ကြည့်လို့ကောင်းမှာ အသေအချာပါပဲ. ဇာတ်လမ်းကိုကို အမြည်းကျွေးရမယ်ဆိုရင်ရင် Evan လို့ခေါ်တဲ့ Eddie Murphy သရုပ်ဆောင်တဲ့ character ဟာ သူတို့ အမေရိကန်နိုင်ငံမှာ ထူးချွန်တဲ့ စတော့ရှယ်ယာဝယ်ရောင်းသမား တစ်ယောက်ဖြစ်ပါတယ်။ သူ့မိန်းမနဲ့ ကွဲနေပြီ Olivia လို့ခေါ်တဲ့ သမီးလေးတစ်ယောက်ရှိပါတယ်။ ဖခင်ဖြစ်ချင်ပေမဲ့ ဖခင်မဖြစ်တတ်တဲ့ Evan တစ်ယောက် သူ့ရဲ့အလုပ်ဘဝနဲ့ ဖခင်ဘဝကြား ဘယ်လိုချိန်ခွင်လျှာ ညှိမလဲ ပြီးတော့ သူ့သမီးရဲ့ ကလေးသဘာဝအဖော် စောင်ကလေးက သူ့သမီးပြောသလို အနာဂတ်ကိုကြိုမြင်နိုင်တဲ့အစွမ်းရှိနေမလား ရှိနေရင်ရော Evan ဘယ်လိုအသုံးချမှာလဲ အသုံးသတ်မှာ သူ့အနေနဲ့ ဖခင်ကောင်းတစ်ယောက် ဖြစ်သွားနိုင်ပါ့မလား စတာတွေကို ဒီရုပ်ရှင် ဇာတ်ကားတစ်လျှောက်လုံး စိတ်ဝင်စားဖွယ်ကောင်းအောင် ရိုက်ပြထားတာမို့ ကြည့်ဖြစ်အောင် ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်… File size…1.72 GB / 748MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 47m Genre ….. Comedy , Drama , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung

Thriller • Drama
5.6 2009 107 mins
Imagine That
Salisihan
6.3

Salisihan (2024) ============== ဒန်နဲ့အန်နာတို့က လူလတ်ပိုင်းလင်မယားနှစ်ယောက်ပါ။ နှစ်ဦးလုံးကလေးအသည်းအသန်လိုချင်ပေမယ့် ပထမဆုံး ကိုယ်ဝန်ပျက်ကျပြီးကတည်းက နောက်ပိုင်းကံမကောင်းသေးပါဘူး။ တစ်နေ့မှာတော့ သူတို့အိမ်ကို ဆိုဖီဆိုတဲ့ ကိုယ်ဝန်ဆောင်မိန်းကလေးတစ်ယောက်ရောက်လာပြီး သူဟာ ဒန်ရဲ့သားဖြစ်သူရဲ့ချစ်သူပါလို့ မိတ်ဆက်လာပါတယ်။ အဲ့ဒီလိုနဲ့ ဒန်ကိုယ်တိုင်မမြင်ဖူးသေးတဲ့ သားဖြစ်သူရဲ့ချစ်သူကို အိမ်ပေါ်မှာတင်ခေါ်ထားလိုက်ပြီးတဲ့နောက်မှာ..သူ့သားဖြစ်သူဆိုသူကလည်း ရောက်လာပါတယ်။ အဲ့ဒီမှာပဲ အရွယ်ချင်းမကွာလှတဲ့ ချွေးမနဲ့ယောက္ခမ၊မိထွေးနဲ့လင်ပါသား စသဖြင့် ပတ်လည်ရိုက်ဇယားတွေရှုပ်ကြပါတော့တယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ ) File size_(900MB)/(420MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_00:45:00 Genre_Adult, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias

Science Fiction • Thriller • Horror
6.3 2024 48 mins
Salisihan
Painted Skin: Love is Destroyed
5.8

ဒီဇာတ်ကား‌လေးကတော့ တရုတ် ဒဏ္ဍာရီထဲက ရှေးခေတ်မြေခွေးတွေ နဂါးတွေနဲ့အတူ ခွင်းလွင်တောင်က အမတနတ်မျိုးနွယ်တွေပါဝင်ပြီး ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ကြည့်ရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ် ။ ဇာတ်လမ်းအညွှန်းအနေနဲ့ – လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀၀ ခန့်က မိစ္ဆာဘုရင်မ‌ရဲ့သောင်းကျန်းမှုကြောင့်သက်ရှိတွေ ထိခိုက်အနာတရတွေအများကြီးဖြစ်ခဲ့ပါတယ် ။ ဒီလိုနဲ့ အဲဒီမိစ္ဆာဘုရင်မကို ဖိနှိပ်ဖို့အတွက် အရှေ့ပင်လယ်နဂါးမျိုးနွယ်စုနဲ့ခွင်းလွင်တောင်ရဲ့ အမတနတ်မျိုးနွယ်တွေပူးပေါင်းပြီး နှိမ်နင်းရတော့တာပေါ့ ။ အဲဒီအချိန်မှာ မိစ္ဆာဘုရင်မရဲ့နတ်ဆိုးဝိညာဉ်ကို နဂါးမျိုးနွယ်စုရဲ့ တတိယမင်းသမီးရဲ့ကိုယ်ထဲမှာ ချိတ်ပိတ်ခဲ့ကြပါတယ် ။ ဒါပေမဲ့ မထင်မှတ်ထားဘဲ အဲဒီနတ်ဆိုးဝိညာဉ်ဟာ ပြန်ပြီးတွန်းကန်လာခဲ့ပါတယ် ။ အဲဒါကိုသိတဲ့ ခွင်းလွင်တောင်ကသခင်လေးက သူ့ကိုယ်သူစတေးပြီး တတိယမင်းသမီးလေးကိုကယ်တင်ခဲ့ပါတယ် ။ အဲဒီလိုနဲ့သူလည်းသေဆုံးသွားပြီးလူ့လောကမှာလူဝင်စားသွားဖြစ်ချိန်မှာတော့… နဂါးမင်းသမီးလေးကလည်း သူ့ကိုလိုက်ရှာ ၊ နောက် နဂါးမင်းသမီးမှာရှိနေတဲ့ ချစ်ရွှမ်းဝိညာဉ်သစ်ရွက်ကိုလည်းလိုက်ရှာနေ‌တဲ့ မိစ္ဆာအုပ်စုတွေကလည်းရှိသေးပြန် ။ ဒီလိုနဲ့သူတို့၂ယောက် အဲဒီမိစ္ဆာတွေကိုဘယ်လိုရင်ဆိုင်ကြမလဲ ? မိစ္ဆာဘုရင်မကရောပြန်ပေါ်လာမှာလား ? ပေါ်လာရင်ဘယ်လို ဂြိုလ်မွှေအုံးမလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာစောင့်ကြည့်ပေးကြပါဦး

5.8 2024
Painted Skin: Love is Destroyed
Abbabba
7

Abbabba (2024) အဆောင်မှအပြန်ခရီး ဒီနေ့မှာတော့ ၂၀၁၅ ခုနှစ်က ဟစ်ဖြစ်ခဲ့တဲ့ မလေးယာလမ်ကား Adi Kappiyare Kootamani ကို မှီငြမ်းထားတဲ့Abbabbaကားကို တင်ဆက်ပေးလိုက်ပါတယ်။ အားလုံးရဲ့ဘဝမှာ အပျော်ရွှင်ဆုံးအချိန်ကို မေးရင် တက္ကသိုလ်ကျောင်းသားဘဝလို့ ဖြေကြမှာပါ။ လူ့ဘဝထဲ မဝင်ခင် တက္ကသိုလ် ကျောင်းသားဘဝမှာ ပူပန်စရာဆိုလို့ ကျောင်းခေါ်ချိန် မပြည့်တာရယ်၊ လမကုန်ခင် ပိုက်ဆံကုန်သွားလို့ ခေါက်ဆွဲပြုတ်နဲ့ညားတာရယ်၊ ချစ်သူရည်းစားအရေးကိစ္စတွေလောက်ပဲ ရှိကြမှာပါ။ တက္ကသိုလ်မှာ အဆောင်နေကြတဲ့အခါ ဘယ်လောက်ပဲကြမ်းပါတယ် ကျပ်ပါတယ်ဆိုတဲ့ အဆောင်ပဲပြောပြော ရှာကြံပျော်ရပါးရကြသေးတာပါ။ ဇာတ်ဆောင်ဒီလိကတော့ အရမ်းစည်းကမ်းတင်းကြပ်ပါတယ် ဆိုတဲ့ ဖာသာကြီးလက်အောက်က အဆောင်မှာ နေနေတဲ့သူပါ။ တက္ကသိုလ်မှာရတဲ့ ရည်းစားလေးနဲ့ ဘဝကိုပျော်မွေ့နေတဲ့ ဒီလိဟာ တစ်နေ့မှာ ချစ်ရသူရဲ့ အခက်အခဲကို ကူညီပေးရဖို့ ဖြစ်လာပါတော့တယ်။ ပိုက်ဆံမရှိ အစွမ်းအစမရှိတဲ့ တက္ကသိုလ်ကျောင်းသားလူမွဲလေးဟာ ကြံရာမရဖြစ်နေတုန်းမှာ သူတို့သမီးရည်းစား စကားဝိုင်းကို ကြားသွားတဲ့ အာကီလာက ကူညီပေးမယ်ဆိုလာခဲ့တယ်။ အပြန်အလှန်အနေနဲ့ သူတို့ယောက်ျားလေးအဆောင်ကို ငါးမိနစ်လောက် ခိုးဝင်ခွင့်ပေးရမယ် ဆိုလာတဲ့အခါ……. ဘာတွေဆက်ဖြစ်သွားမလဲ။ ဒီလီတစ်ယောက် ချစ်ရသူနဲ့ရော ပေါင်းစည်းနိုင်ပါ့မလား။ အာကီလာကရော ဘာလို့အဆောင်ထဲဝင်ချင်ရတာလဲ၊ အ​ဆောင်ကရော ပြန်ထွက်လို့ရပါ့မလား ဆိုတာတွေကို တက္ကသိုလ်အငွေ့အသက်တွေ၊ ယောက်ျားလေးအဆောင်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဟာသတွေနဲ့အတူ စောင့်မျှော်ကြည့်ရှုပေးကြပါဦး။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)

7 2024
Abbabba
Mountain Guardians
5.8

မင်ကော်ခေတ် အစပိုင်းမှာ နေရာတကာ စစ်ဖြစ်နေပြီး မိစ္ဆာမကောင်းဆိုးဝါးတွေအများအပြား ရှိနေပါတယ်။ ဂျပန်က တရုတ်နယ်မြေကို ကျူးကျော်မှုအရှိန်မြင့်နေချိန်လည်း ဖြစ်ပါတယ်။ ဂျပန်ယင်းယန်ဆရာက လျှို့ဝှက်တာဝန်တစ်ခုကို ထမ်းဆောင်နေပြီး ယဉ်ကျေးမှုမျှဝေမယ်လို့ ဆင်ခြေပေးပြီး တရုတ်ပြည်တွင်းကို ကြိုတင်ဝင်လာခဲ့ပါတယ်။ သူတို့အကြံအစည်ကတော့ တရုတ်ပြည်က နဂါးကြောကို ရှာပြီး တရုတ်နိုင်ငံရဲ့ ဖုန်းရွှေကို ဖျက်ဆီးပြီးနောက် နောက်ပိုင်း ကျူးကျော်ရေးအတွက် လမ်းခင်းထားဖို့ ဖြစ်ပါတယ်။ ဦးလေးချီးက ဂျပန်ယင်းယန်ဆရာရဲ့ အကြံအစည်ကို သိပြီး နဂါးကြောကို အသက်ပေးကာကွယ်ဖို့ လုပ်ပါတော့တယ်။ ဂျပန်တွေရဲ့ ယုတ်မာမှုက လူများစွာကို အန္တရာယ်ဖြစ်စေတဲ့အခါ…… ဦးလေးချီးကရော ဘယ်လို တန်ပြန်တိုက်ခိုက်မလဲ ဆိုတာကို ဆက်ကြည့်လိုက်ရအောင်နော်။

Science Fiction • Fantasy • Adventure
5.8 2024
Mountain Guardians
Frankie Freako
5.8

ဒီဇာတ်ကားလေးကတော့ Goosebumps တို့ Chucky တို့လိုမျိုး လက်ထိုးအရုပ်တွေကိုသုံးပြီးတော့ ရိုက်ကူးထားတဲ့ Horror ဆန်ဆန် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ အဓိကသရုပ်ဆောင်တွေအဖြစ် Kristy Wordsworth, Colin Cunningham, Rob Schrab တို့က ပါဝင်ပေးထားပြီးတော့ ဒါရိုက်တာ Steven Kostenski က ဦးဆောင်ရိုက်ကူးပေး ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ သာမန်ပျင်းစရာ ရုံးဝန်ထမ်းဘဝမှာ ပျော်ရွှင်နေတဲ့ Conner ရဲ့ဘဝထဲကို မှင်စာလိုမကောင်းဆိုးဝါးကောင်လေးတွေ ရောက်လာပြီးတော့ သူ့ပိုင်ဆိုင်မှုအားလုံးကို ဖျက်ဆီးဖို့ကြိုးစားပါတယ်။ ဒါပေမယ့် အဲဒီမကောင်းဆိုးဝါးလေးတွေမှာလည်း သူတို့ရဲ့အကြောင်းအရင်း တစ်ခုရှိနေခဲ့ပါတယ်။ အဲဒီအကြောင်းအရင်းက ဘာဖြစ်မလဲ၊ ဘာဖြစ်လို့ Conner ဆီကို ရောက်လာရတာလဲဆိုတာတွေကို ဇာတ်ကားထဲမှာ ကိုယ်တိုင် ခံစားလိုက်ပါ။ Low budget movie ဆိုပေမယ့် IMDb မှာ rating 5.9/10, Rotten Tomato မှာ rating 89% အထိ ရရှိထားပါတယ်။ Horror genre ဆိုပေမယ့် သိပ်ကြောက်ဖို့ မကောင်းပဲ ပေါ့ပေါ့ပါးပါးလေးနဲ့ ကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size… (1.71 GB) / (803 MB) Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 52m Genre ….. Comedy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin

5.8 2024 85 mins
Frankie Freako
Secret: Untold Melody
7.3

Secret: Untold Melody (2025) ********************************* IMDb…..7.3 ၂၀၀၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ ထိုင်ဝမ် ရုပ်ရှင် “Secret”ကို Remake အနေနဲ့ ပြန်လည် ဖန်တီးထားပြီး Exo D.O, Won Jin-Ah နဲ့ Shin Ye Eun တို့ အဓိက ပါဝင်ထားတဲ့ နူးနူးညံ့ညံ့ အချစ်ဇာတ်လမ်းလေး တစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ။ ယူဂျွန်း (D.O)ကတော့ နိုင်ငံခြားမှာ စန္ဒရား ပြိုင်ပွဲ ဝင်ပြိုင်ရင်းကနေ လက်‌ကောက်ဝတ် ကျန်းမာရေး အခြေအနေကြောင့် ကိုရီးယားကို ပြန်လည် ရောက်ရှိလာခဲ့တဲ့သူပါ။ ကိုရီးယားက ‌ဂီတ တက္ကသိုလ် တစ်ခုကို ရောက်ရှိလာတဲ့နေ့မှာပဲ ယူဂျောင်အာ (Won Jin Ah)ဆိုတဲ့ ကောင်မလေးနဲ့ ဆုံတွေ့ခဲ့ရင်း ဂျောင်အာရဲ့ စန္ဒရား တီးသံကို သဘောကျသွားခဲ့ပြီး ယူဂျွန်းနဲ့ ဂျောင်အာတို့ဟာ အတူသွား အတူလာ သူငယ်ချင်းတွေ ဖြစ်လာကြပါတယ်။ သူငယ်ချင်း အဖြစ်ကနေ ခံစားချက်တွေ နက်ရှိုင်းလာခဲ့ပေမဲ့ သူတို့ကြားမှာ ဆန်းကြယ်တဲ့ ဖြစ်ရပ်တစ်ခု တည်ရှိနေတယ်ဆိုတာကို ယူဂျွန်းက ရိပ်စားမိသွားတဲ့အခါမှာတော့.. နက်ရှိုင်းလာတဲ့ ဒီ ချစ်ခြင်းရဲ့ နောက်ကွယ်မှာ ဘယ်လိုအရာတွေ တည်ရှိနေတာလဲ… သူတို့ရဲ့ ချစ်ခြင်းတွေ ပေါင်းစပ်နိုင်သွားမလားဆိုတာကို ဇာတ်လမ်းထဲမှာ ဆက်လက်ရှုစားပေးကြပါဦး။ (ဇာတ်လမ်းအညွှန်းကိုတော့ာ Treasure Htet မှ ရေးသားထားပါတယ်။) File Size : 1.82GB/ 750MB Quality : WEB-DL 1080p/720p Format…mp4 Duration…01:43:00 Genre : Music, Romance, Youth, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by Treasure Htet, MMyo & Hnin Wai Oo Encoded by Tiff

Comedy
7.3 2025 104 mins
Secret: Untold Melody
Madagascar: Escape 2 Africa
6.6

ဒီတစ်ခါတော့ 2005 ခုနှစ်က ထွက်ခဲ့တဲ့ Madagascar ဆိုတဲ့ အမေရိကန် ကာတွန်းကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် Adventure comedy အမျိုးအစား ကာတွန်းကားလေးပါ မာတီဆိုတဲ့ မြင်းကျားလေးရယ်အဲလက်စ်ဆိုတဲ့ ခြင်္သေ့ရယ် မယ်လ်မန်းဆိုတဲ့ သစ်ကုလားအုတ်ရယ် ဂလော်ရီရာဆိုတဲ့ ရေမြင်းမလေးရယ် သူတို့ ၄ ကောင်က အဓိက ဇာတ်ဆောင်အဖြစ် ပါဝင်ထားပါတယ် သူတို့ လေးကောင်ဟာ နယူးယော့ခ်တိရစ္ဆာန်ရုံက တိရစ္ဆာန်လေးတွေပါ တိရစ္ဆာန်ရုံထဲမှာပဲ သူတို့ ဘဝကို နှစ်မြှုပ်ထားရင်း သာယာပျော်ရွှင်နေကြတဲ့ အချစ်ဆုံး သူငယ်ချင်း ၄ ယောက်ပေါ့ တစ်နေ့မှာ တိရစ္ဆာန်ရုံက ပင်ဂွင်း ၄ ကောင်က အန္တာတိကတိုက်ကို ထွက်ပြေးဖို့ ကြိုးစားနေကြတာကို မြင်းကျားလေးမာတီ တွေ့လိုက်ရာကငါတို့လည်း အရိုင်းတောထဲမှာ တောရိုင်းသတ္တဝါတွေနဲ့ သွားနေရင် ပျော်စရာကောင်းမယ်လို့ သူအတွေးရသွားပါတော့တယ် သူ့မွေးနေ့မှာ ကျန်တဲ့ သူငယ်ချင်း ၃ ယောက်က မွေးနေ့လုပ်ပေးပြီး လက်ဆောင်တွေ ပေးကြပေမဲ့ သူမပျော်တော့ပါဘူး အကျိုးအကြောင်းမေးမှ သူရှင်းပြလိုက်တော့ အကုန် အံ့သြပြီး မဖြစ်နိုင်တဲ့အကြောင်း ပြောကြပါတယ် မာတီကတော့ စိတ်ဓာတ်ကျပြီး သူတို့ အိပ်သွားတဲ့အချိန်မှာ တစ်ယောက်တည်း ထွက်သွားဖို့ ဆုံးဖြတ်လိုက်ပါတယ် သူထွက်သွားတာကိုတရေးနိုး အပေါ့သွားတဲ့ မယ်လ်မန်းက သိသွားပြီး အဲလက်စ်နဲ့ ဂလော်ရီရာကို ပြောပြလိုက်ပါတယ် ဒီလိုနဲ့ သူတို့တွေ မာတီ့နောက်ကို လိုက်ရင်းလူတွေ မိသွားတဲ့အခါ တိရစ္ဆာန်ရုံပြောင်းခံရပါတော့တယ် အဲမှာ သူတို့အချင်းချင်း သူ့ကြောင့် ငါ့ကြောင့် စကားများရန်ဖြစ်ရင်း လမ်းမှာ သင်္ဘောပေါ်က ပြုတ်ကျပြီး လူသူမရှိတဲ့ ကျွန်းတစ်ကျွန်းကို ရောက်သွားပါတော့တယ် အဲကျွန်းမှာ သူတို့ ဘာတွေနဲ့ ရင်ဆိုင်ရမှာလဲ သူတို့သူငယ်ချင်း ၄ ယောက်ရော အရင်လို ချစ်ချစ်ခင်ခင်နဲ့ ရှိပါတော့မလား ကြုံလာတဲ့အခက်အခဲတွေကိုရောရင်ဆိုင်ဖြေရှင်းနိုင်ပါ့မလား သူတို့အိမ်ဖြစ်တဲ့ နယူးယော့ခ်ကိုရော ပြန်နိုင်ပါ့မလားဆိုတာတော့ ဇာတ်လမ်းလေးကို ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါ IMDB rating 6.6 ထိရထားတဲ့ ကာတွန်းလေးမို့ ကာတွန်းချစ်ပရိသတ်တွေ လက်မလွတ်သင့်တဲ့ဇာတ်ကားကောင်းလေးပါ ပျော်ပျော်ရွှင်ရွှင်ဇာတ်ဝင်ခန်းလေးတွေနဲ့ အတူ ရယ်စရာဟာသလေးတွေရော နှောထားလို့ ကြည့်နေရင်း မပျင်းရမယ့် ဇာတ်ကားလေးပါလို့ ညွှန်းပေးပါရစေ

6.6 2008 89 mins
Madagascar: Escape 2 Africa