YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The.Originals.S04Ep6.BluRay1080p(CM).mp4

852.29 MB 1080p video/mp4 71 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Girl, Interrupted
7.6

Girl, Interrupted (1999) ~ IMDb - 7.3/10, Rotten Tomatoes - 53% ~ Angelina Jolie နဲ့ Winona Ryder တို့ရဲ့ ငယ်ရုပ်တွေကိုပြန်မြင်ရမယ့်ရုပ်ရှင်‌လေးဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ တကယ့်လက်တွေ့ဘဝမှာ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက် ကြုံခဲ့ရတဲ့ စိတ်‌ပိုင်းဆိုင်ရာအခက်အခဲအတွေ့အကြုံတွေကို ဇာတ်လမ်းလေးအတိုင်း အဖိအဖော့မှန်မှန်ရိုက်ပြသွားနိုင်တဲ့ ကားကောင်းလေးတစ်ကားပါပဲ။ ဒီရုပ်ရှင်ကို နာမည်တူ Girl, Interrupted ဆိုတဲ့ 1993 ခုနှစ်က အရောင်းရဆုံး ကိုယ်တွေ့မှတ်တမ်းစာအုပ်အပေါ် အခြေခံရိုက်ကူးထားတာပါ။ စာရေးသူက ဆူဇန်နာကေဆန် ဖြစ်ပြီး ရုပ်ရှင်ထဲမှာလည်း နာမည်အရင်းတွေပဲသုံးသွားပါတယ်။ စာအုပ်ပေါ်အခြေခံရိုက်တဲ့ရုပ်ရှင်တွေဆိုရင် စာအုပ်ကပိုကောင်းနေတတ်တာတွေ ခပ်များများဗျ။ ဒါကျမတူဘူး။ စာအုပ်ကော ရုပ်ရှင်ပါ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကောင်းနေတာမျိုး။ ကျွန်တော့်အမြင်အရဆိုရင်တော့ စာအုပ်ထက် ရုပ်ရှင်က ပိုကောင်းတယ်လို့ခံစားရတယ်။ စာအုပ်ထဲမှာက ကိုယ်တွေ့မှတ်တမ်းဆိုတဲ့အတိုင်း အခန်းတွေကပြန့်ကျဲနေတာ... ဘာဇာတ်ကွက် လှည့်ကွက် ဘာမှကိုမပါနေဘူး။ ဇာတ်ရှိန်တက်မယ့်နေရာတွေဆို ဝေလာဝေး။ ဒီနေရာမှာ သူက ဒီလိုလုပ်ခဲ့တာ သူကဘယ်လိုဖြစ်တာ၊ ဘယ်နေရာမှာကဘာရှိတယ် ဘယ်သူကဘယ်လို အဲဒီလိုတွေချည်းစုရေးပြထားတယ်။ စိတ်ဝင်စားဖို့ကောင်းပေမဲ့ ဇာတ်လမ်းလို ဇာတ်သွားမျိုးမရှိနေဘူး။ စာရေးသူ စိတ်ဆေးရုံကိုရောက်နေတုန်း ကြုံရသမျှအဖြစ်အပျက်တွေကို Timeline မရှိဘဲနဲ့ ကြုံသလို မှတ်တမ်းပီပီရေးပြထားတာမျိုးပေါ့။ ရုပ်ရှင်ကကျ မတူတော့ဘူး။ အဲဒီလိုပြန့်ကျဲနေတဲ့အခန်းတွေကို Timeline တစ်ခုအနေနဲ့စီပြီး ဇာတ်ရှိန်တက်တာ ကျတာတွေကို တခုချင်းဆွဲခေါ်သွားတယ်။ သရုပ်ဆောင်တွေကလည်းစိတ်ရောကိုယ်ပါနစ်ထားတာသိသာပါတယ်။ Angelina Jolie ကိုယ်တိုင်က Sociopath mood သွင်းတာလေးမပျောက်အောင် ရိုက်ကွင်းမှာဘယ်သူနဲ့မှတောင်အဆက်အဆံမလုပ်ဘဲ နေခဲ့တယ်ဆိုသဗျ။ ဒီရုပ်ရှင်ဟာ စာအုပ်နဲ့ ၏သည်မရွေး တစ်ထပ်တည်းမတူနေပေမယ့် ဇာတ်ကျောကိုတော့ ထပ်တူကျလောက်အောင် ဇာတ်လမ်းရုပ်ရှင်ပီပီ ရိုက်ပြထားနိုင်ပါတယ်။ ဒီရုပ်ရှင်ရဲ့ ဆူဇန်နာကေဆန်နေရာက သရုပ်ဆောင်တဲ့ Winona Ryder က စာအုပ်ကိုအရူးအမူးကြိုက်လွန်းလို့ မူပိုင်ခွင့်ကိုပါဝယ်ပြီး ရုပ်ရှင်ရိုက်ဖို့ နှစ်နဲ့ချီစောင့်ခဲ့တယ်လို့ဆိုတယ်။ ရိုက်ခွင့်ရတဲ့အချိန်မှာလည်း Logan, 3:10 Yuma, Ford vs Ferrari, ပြီးတော့ အခု Indiana Jones ‌And The Dial of Destiny ရုပ်ရှင်တွေကို ရိုက်တဲ့ ဒါရိုက်တာ James Mangold နဲ့ရိုက်ခဲ့ပါတယ်။ အဲဒီတုန်းကတော့ ရှေ့ကပြောခဲ့တဲ့ကားတွေမရိုက်ရသေးဘူးပေါ့နော်။ လီဆာ နေရာမှာ သရုပ်ဆောင်တဲ့ Angelina Jolie ကလည်း ဇာတ်ပို့သရုပ်ဆောင်နေရာအတွက် အော်စကာဆုကို ထိုက်ထိုက်တန်တန်ရရှိခဲ့ပြီး အခြားဆန်ကာတင်ဆုပေါင်းများစွာလည်း ဝင်ခဲ့ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.1GB, 820MB Quality - 1080p, 720p IMDb Rating - 7.3/10 Format - mp4 Duration - 2H 7Min Genre - Biography, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Comedy • Drama
7.6 1999 127 mins
Girl, Interrupted
Jesus Revolution
7.1

IMDB -7.4/10 အမေရိကန်သမိုင်းနောက်ခံ ဖြစ်ရပ်မှန်ဇာတ်လမ်းကောင်းတစ်ခုပါ 1966 အစောပိုင်း ဗီယက်နမ် - အမေရိကန်စစ်ပွဲကာလတွေမှာ ကယ်လီဖိုးနီးယားမှာ စုဝေးမှုကြီးတစ်ခုဖြစ်လာတယ် ... စစ်ကိုဆန့်ကျင်ကြ ...ခေတ်အမြင်ကို နားလည်ကြ ... သမားရိုးကျဘ၀ကြီးထဲ ဖောက်ထွက်ကြဆိုတဲ့ သမိုင်း၀င်စုဝေးမှုကြီးပေါ့ သူတို့က အဲ့ဒီစုဝေးမှုကနေ "ဟစ်ပီတွေ" လို့ စသိခဲ့ကြတယ် .. ‌‌ခြေသလုံးအိမ်တိုင်နေတယ် ... ဆေးချတယ် ... ဆံပင်အရှည်ကြီးတွေထားတယ်။ ရှေးရိုးစွဲ Conservative အမေရိကန်တွေအတွက်တော့ မျက်စိစပါးမွှေးစူးစရာလူတစ်စုပဲ.. နောက်တော့ လွန်နီဖရစ်စဘီဆိုတဲ့ဟစ်ပီတစ်ယောက်ဟာ 1970-1990 ကျော်ထိ အမေရိကန်သမိုင်းမှာ အကြီးမားဆုံး woke ဖြစ်စေတဲ့ ဘာသာရေးနိုးထမှုကြီးစတင်ခဲ့တယ် .. လွန်နီဟာ အဟောပြောကောင်းတဲ့အပြင် ရုပ်ကလည်း ယေရှုနဲ့တူတဲ့အတွက် အားပေးထောက်ခံသူတွေ တစ်စတစ်စများလာခဲ့ပါတယ် ...‌ နောက်ဆုံးမှာတော့ လူသန်းနဲ့ချီတဲ့ စုဝေးမှုကြီး အမေရိကန်သမိုင်းမှာ ဖြစ်လာပါတယ် ဒီဇာတ်လမ်းဟာ လွန်နီဖရစ်စဘီ နဲ့ သူ့နောက်လိုက် ဂရက်လော်ရီတို့ကို ကျော်ရိုးတည်ထားတာဖြစ်ပြီး သမိုင်းရုပ်ရှင်နဲ့ 90' ခေတ်က Culture တွေကို နားလည်ချင်သူတွေအတွက် ဖြစ်စေမှာပါ ။ ( အညွှန်းနဲ့ ဘာသာပြန်ကတော့ Thiha Yan Naing ပဲ ဖြစ်ပါတယ်။) Genre..... Drama Quality…. 1080p | 720p | 480p File size… 1.78GB | 858MB | 421MB Format… mp4 Duration…. 2h Subtitle…. Myanmar Subtitle (Hardsub) Translator ..... Thiha Yan Naing Encoder ..... Aaron

Action • Thriller
7.1 2023 120 mins
Jesus Revolution
18 Pages
6.5

IMDb 7.7/10 Rowdy Boys တုန်းက ချစ်စရာ့အလှလေး Anupama Parameswaran ရဲ့ဇာတ်ကားသစ်ထွက်ရှိလို့လာပါပြီ Box office မှာ သန်း၁၆၀ ရင်းပြီး သန်း၂၅၀ထိပြန်ရခဲ့လို့ အမြတ်လဲတော်တော်ထွက်ခဲ့တဲ့ဇာတ်ကားလေးပါ ဇာတ်လမ်းလေးကိုကြည့်ရတာ အိန္ဒိယကားဆိုတာထက် ဟောလီးဝုဒ် အငွေ့အသက်မျိုးထိရအောင်ကို ဇာတ်လမ်းသွားလေးက ရိုးရိုးလေးနဲ့လှပါတယ် လူတစ်ယောက်ကို ဒိုင်ယာရီလေးကနေချစ်မိသွားတဲ့အခါ သူ့ကိုတွေ့ချင်လာတဲ့အခါ ရေဆုံးမြေဆုံးလိုက်ရှာမိရင်း ဒိုင်ယာရီထဲက သူ့အကျင့်တွေပါ ကူးစက်လာမိတဲ့အခါ အချစ်စစ်သာဆိုရင် ဆူးခင်းလမ်းလည်း ပန်းခင်းလမ်းဖြစ်တတ်သွားကြောင်းပြသထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ဆက်လက်ကြည်နူးခံစားကြည့်လိုက်ပါဦး File size…2.2GB / 1.03GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sai Thu Rein ~ Yunni ~ BpL

Action • Science Fiction
6.5 2022 137 mins
18 Pages
Robbing Mussolini
5.6

မြူးမြူးလေးနဲ့ ရင်သပ်ရှုမောဖွယ် အက်ရှင်ဇာတ်ကားကောင်းလေး တစ်ပုဒ်ကို လိုအပ်နေတဲ့ ရုပ်ရှင်ချစ်သူတို့အတွက် ဒီဇာတ်ကားလေးကို ညွှန်းလိုက်ပါရစေ။ ဒုတိယကမ္ဘာစစ်ကြီး ပြီးကာစ မီလန်မြို့လေးမှာ ဇာတ်အိမ်တည်ပြီး ရိုက်ထားတဲ့ ဇာတ်ကားကောင်းလေး တစ်ခုပါ။ စစ်ပွဲအတွက် သုံးဖို့ အီတလီနိုင်ငံသားတွေ ပေးထားတဲ့ နှစ် ၂၀ ကျော်က ရတနာပစ္စည်းတွေကို ဖက်ဆစ်ခေါင်းဆောင် မူဆိုလီနီတို့က သိမ်းယူထားခဲ့တယ်။ အဲ့ဒါကို သိသွားတဲ့ မှောင်ခိုသမားလေး ပီအဲထရို တစ်ယောက် စီမံကိန်းကြီး အကြီးကြီးကို ချလိုက်တယ်။ အဲ့ဒါကတော့ "Robbing Mussolini" မူဆိုလီနီကို ဓါးပြတိုက်ဖို့ပဲ ဖြစ်ပါတယ်။ ပီအဲထရိုရဲ့ ချစ်သူ အီဘုန်းက မူဆိုလီနီရဲ့ အယုံကြည်ရဆုံး အရာရှိတစ်ဦးရဲ့ အငယ်အနှောင်းအဖြစ် နေခဲ့တယ်။ ဒီစီမံကိန်းကြီးမှာ ပီအဲထရိုတို့အဖွဲ့က လူ ၃ ယောက်ထပ်လိုခဲ့တယ်။ သူခိုးတစ်ယောက် ဖောက်ခွဲရေးကျွမ်းကျင် တစ်ယောက်နဲ့ ကားမောင်းကျွမ်းကျင်တစ်ယောက်။ မူဆိုလီနီတို့ ဖက်ဆစ်အုပ်စုကလည်း အီတလီကနေ ထွက်ပြေးတော့မယ့် အနေအထားမှာ ပီအဲထရိုတို့အဖွဲ့က ရတနာတွေကို ဘယ်လို ဉာဏ်နီဉာဏ်နက်တွေ သုံးပြီး ဖောက်ခွင်းမလဲဆိုတာကို တစ်ဝကြီး ရင်သပ်ရှုမောဖွယ်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Kit ပါ။) File Size          : 1.4GB, 575MB, 298MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 1hr 30mins Genre              : Action, Comedy, Crime Translated by Kit Encoded by Kinnov

5.6 2022 99 mins
Robbing Mussolini
The First Stab of Tang Dynasty

တရုတ်သမိုင်းရဲ့နာမည်ကြီးဧကရီ Wu Zhe Tian ကိုသိကြမယ်ထင်ပါတယ်။ ထန်ခေတ်ဧကရီဝူဇယ်ထျန်းကို ပုံစံတစ်မျိုးနဲ့ဖော်ပြထားတဲ့ သိုင်းကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ တထန်တိုင်းပြည်ကြီး တိုင်းရေးပြည်ရေးမတည်မငြိမ်ဖြစ်ပြီး အရှင်မဝူဇယ်ထျန်းက ဧကရီအမည်ခံအုပ်ချုပ်လိုက်တယ်။ ပြည်သူတွေကြားမှာ ကောလဟာလတစ်ခုပြန့်နေပါတယ် အမတ်ချုပ်ကြီးဟာထိုက်ကျုံးဘုရင်မင်းမြတ်ရဲ့အမိန့်တော်အရ လျို့ဝှက်ကျမ်းစာကိုရေးခဲ့တယ်။ ဒီကျမ်းစာဟာရှေ့ဖြစ်ဟောစာဖြစ်ပြီး ဝူဇယ်ထျန်းကို ထိန်းချုပ်ဖို့နည်းလမ်းဖြစ်တဲ့အတွက် ဧကရီမကြီးက ဒီလျို့ဝှက်စာကိုမရရအောင် ထျန်းကျီးဂိုဏ်းကလူသတ်သမားတွေကို စေလွှတ်တဲ့အကြောင်းကို သိုင်းအက်ရှင်တွေဝေဝေဆာဆာနဲ့ရိုက်ကူးထားပြီး တိုက်ရေးခိုက်ရေးတွေကြားထဲက အစွန်းနှစ်ဘက်က လူ၂ယောက်ရဲ့အချစ်ဇာတ်လမ်းလေးက ဘယ်လိုဖြစ်သွားမလဲဆိုတာလဲ စိတ်ဝင်တစားကြည့်ရမှာပါ..... ရက်စက်တဲ့ဧကရီနဲ့ သူတို့ချစ်သူနှစ်ယောက်ရဲ့အဆုံးသတ်ဟာ ဘယ်လိုဖြစ်လာမလဲဆိုတာ ဆက်ပြီးကြည့်ရှုအားပေးလိုက်ကြပါဦးနော် Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , History Runtime : 1h 11 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Thriller
0 2018
The First Stab of Tang Dynasty
Last Film Show
7.3

ဒီနှစ်ကတော့ နည်းနည်းတော့ဆန်းတယ်ပြောရမှာပဲ။ အိန္ဒိယရဲ့ ယခင်ဟိုဘက်ခြမ်း ပါကစ္စတန်ကားတစ်ကားကလည်း အော်စကာ ပဏာမစာရင်းထဲဝင်ခဲ့သလို အိန္ဒိယက ကားကလည်း ရှားရှားပါးပါး စာရင်းထဲဝင်လာခဲ့တယ်။ ဒီကားက မြင်နေကြုံနေကျ အိန္ဒိယကားတွေနဲ့ ကွဲထွက်တယ်လို့ ပြောရမှာပေမဲ့ အသစ်တော့မဟုတ်ဘူးပေါ့။ ဒါပေမဲ့ တော်တော်လေး ကြည့်ဖို့တန်တဲ့ကားပါပဲ။ ရုပ်ရှင်ကိုချစ်တဲ့လူတွေဆို ရုပ်ရှင်ကိုချစ်တဲ့အကြောင်း ရိုက်ပြထားတဲ့ ကားတွေကို ပိုသဘောကျတတ်တယ်မလား။ စကောဆေးစိရဲ့ Hugo တို့ , တော်နာတိုးရဲ့ Cinema Paradisoတို့ , နောက် ဒီနှစ်တင် ပူပူနွေးနွေးထွက်ထားတဲ့ စပီးဘာ့ချ်ရဲ့ the fablemens တို့လိုပေါ့။ ကျွန်တော်ဆိုလည်း မာတင်စကောဆေးစိမှာ ကားကောင်းတွေ ရိုက်သတ်မကုန်ပေမဲ့ သူ့ကားတွေထဲ ပြန်အကြည့်ဖြစ်ဆုံးကားက Hugo ဖြစ်ခဲ့တယ်။ ဒီကားကလည်း အိန္ဒိယရေ အိန္ဒိယမြေနောက်ခံနဲ့ ရုပ်ရှင်ကိုချစ်တဲ့ လူငယ်လေးတစ်ယောက်အကြောင်း ရိုက်ပြထားတဲ့ကားပါပဲ။ ဒီရုပ်ရှင်မှာ နာမည်ကျော် ဒါရိုက်တာပေါင်းများစွာကို Tribute ထားတယ်။ အိန္ဒိယရဲ့ ဂန္တဝင်ဒါရိုက်တာကြီး ဆတ္တရာဂျစ်ရေးကိုလည်း ထိပ်ဆုံးနားလောက်မှာ ထည့်ရေးထားတယ်။ ဒါပေမဲ့ ဒီရုပ်ရှင်မှာ ဆတ္တရာဂျစ်ရေးရဲ့ အခန်းကဏ္ဍက ဒီလောက်ပဲလို့တော့ မထင်ဘူး။ ဒီကားဟာ ဒီဒါရိုက်တာရဲ့ ငယ်ဘဝတစ်စိတ်တစ်ပိုင်းသွတ်သွင်းထားတဲ့ကားလို့ ဆိုပေမဲ့ ရေခံမြေခံတူတာကြောင့်ရော လွှမ်းမိုးမှုကြောင့်ရော ဖြစ်ကောင်းဖြစ်မယ်။ ဒီတစ်ကားလုံးရဲ့အစအဆုံးမှာ အပုရဲ့ အငွေ့အသက်တွေကို မြင်နေရတာပါပဲ။ ဒါကြောင့်လည်း အသစ်တော့မဟုတ်ဘူးလို့ ဆိုခဲ့တာပါ။ တစ်ချို့ကတော့ ဒီရုပ်ရှင်ကို Cinema Paradisoအိန္ဒိယဗားရှင်းလို့ ဆိုကြတယ်။ ရုပ်ရှင်ကိုချစ်တဲ့အကြောင်းကားချင်းဆိုတော့ အတိုင်းအတာတစ်ခုအထိတော့ အငွေ့အသက်တူနေမှာပါပဲ။ ပုဂ္ဂလိက အမြင်အရလည်း ဒီထက်လည်း နည်းနည်းပိုသလိုတော့ရှိတာပဲ။ ဒါပေမဲ့လည်း ဒီကားမှာ ကျွန်တော်တို့မြင်ရမယ့် စီနီမာပရာဒီဆိုရဲ့ အငွေ့အသက်ထက် အပုရဲ့အငွေ့အသက်က ပိုအားကောင်းနေတာတော့ တော်တော်လေးမြင်သာတယ်။ casting က အစ , ဇာတ်ရဲ့ဓာတ်ကူပစ္စည်းတွေအလယ် , ဖွဲ့စည်းပုံကနေ နောက်ဆုံး သိမ်းပုံအထိပါပဲ။ တူနေတာတော့မဟုတ်ပေမဲ့ အငွေ့အသက်ကထင်းနေတယ်။ အိန္ဒိယရဲ့ အော်စကာတန်းဝင်ကားတစ်ကားမှာ ရေးရဲ့အငွေ့အသက်ရတာ ကောင်းတဲ့ကိစ္စလို့ပဲ ပြောရမှာပဲ။ နောက်ဆုံးအနေနဲ့ အိန္ဒိယ ပဏာမစာရင်းဝင်ထားတာ ၂၀၀၁တုန်းက Lagaanဆိုတဲ့ကားနဲ့ဆိုတော့ ၂၂နှစ်တောင်ကြာပြီကိုး။ The Last Film Showဟာ ရုပ်ရှင်ကိုချစ်တဲ့အကြောင်း အဓိကရိုက်ပြထားတဲ့ကားပေမဲ့ သူ့ဆွဲဆောင်မှုက အဲဒီတစ်ခုတည်းတော့မဟုတ်ပါဘူး။ တခြားဆွဲဆောင်မှုတွေလည်းပါပါတယ်။ တစ်ဖြတ်တစ်ဖြတ်ဆိုသလို အဓိကဇာတ်ကောင် အာမေးရဲ့အမေ ချက်ချက်ပြသွားတဲ့ အိန္ဒိယဟင်းလျာတွေကလည်း ဒီရုပ်ရှင်ရဲ့ဆွဲဆောင်မှုတွေထဲက တစ်ခုလို့ပြောလို့ရတယ်။ Tribute အနေနဲ့ ထည့်ပြောသွားတဲ့ထဲ တာကော့စကီးတို့ စတန်လေကူးဘရစ်တို့ ရေးတို့ အင်ဂမာဘာ့ချ်မန်းတို့ ကင်းဟူတို့ ကူရိုဆာဝါတို့ ဂိုးဒတ်တို့လို ထိပ်ဆုံးမှ ထိပ်ဆုံး ဒါရိုက်တာတွေ ပါပေမဲ့ ထူးတာက အဲဒီထိပ်မှာ သူက အိန္ဒိယဒါရိုက်တာ Manmohan Desaiတို့ အမီတာဘချမ်းတို့ ခန်သုံးခန်တို့ကို ထိပ်မှာအရင်ထည့်သွားပါတယ်။ ပြတဲ့ကားတွေကလည်း သူတို့ကားတွေပါပဲ။ သူ့ငယ်ဘဝရဲ့ကောက်ကြောင်းဆိုတော့ သူ့အတွက် Nostalgia ဖြစ်ရတဲ့ လူတွေကို ရှေ့ကထားသွားခဲ့တယ်။ သူ့ကိုရုပ်ရှင်ပြတဲ့ဖလင်ထိုးသမားပြောတဲ့ ရုပ်ရှင်အပေါ် သူ့အမြင်တွေကတော့ နည်းနည်းတော့ သဘောမကျချင်စရာကောင်းသလိုလိုရှိပေမဲ့ အဲဒီလူ တကယ်ပြောခဲ့တဲ့အတိုင်း ထည့်ချလိုက်တာလည်း ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ ဘာနေနေ The Last Film Show ဟာ Samsara လိုကားမျိုးကို ရိုက်ခဲ့တဲ့ Pan Nalinရဲ့ မာစတာပိစ်ကားလို့တော့ ပြောမရပေမဲ့ တော်တော်လေးကောင်းတဲ့ အိန္ဒိယ Art House Filmလို့တော့ ပြောလို့ရပါတယ်။ အိန္ဒိယကားတွေ ကြည့်စမရှိရင်တောင် ရုပ်ရှင်တွေကိုချစ်တယ် ရေးကို ကြိုက်တယ်ဆိုရင် ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ ဒီရုပ်ရှင်ဟာ ရုပ်ရှင်ကို ခက်ခက်ခဲခဲကြည့်ရတဲ့ ကောင်လေးတစ်ယောက်အကြောင်းပါ။ သူကတော့ ဖလင်ခေတ်ကပေါ့။ ဒီဘက်ခေတ်လို ဘာမဆိုဒေါင်းလုတ်ဒ် လုပ်လို့ရတဲ့ ခေတ်ကြီးမှာတော့ ဒါမျိုးအခက်အခဲတွေ မရှိလောက်တော့ပါဘူး ထင်ကောင်းထင်ကြလောက်ပေမဲ့ ရှိတော့ရှိနေတာပါပဲ။ ကိုယ်တွေ့တင် 5G တောင် တွင်ကျယ်လာတော့မယ့် ၂၁ရာစုကြီးမှာ 2G တောင်ပြည့်ရဲ့လားမသိအောင် လိုင်းဖြတ်ခံထားရတဲ့ အရပ်က သူငယ်ချင်းတစ်ယောက် သူကြည့်ချင်တဲ့ကားကြည့်ရဖို့ တော်တော်အပင်ပန်းခံနေရတာလည်း မျက်မြင်ပါပဲ။ ဘယ်လိုပဲခက်ခဲခက်ခဲ လောကကြီးရဲ့အကျယ်ပြောဆုံးမြင်ကွင်းဖြစ်တဲ့ ရုပ်ရှင်တွေကို ချစ်တဲ့လူတွေကတော့ ကြည့်ခွင့်ရဖို့ ရအောင်ကြိုးစားကြမှာပါပဲ။ ဒီရုပ်ရှင်ဟာ ရုပ်ရှင်ကို ကြည့်ခွင့်ရဖို့ ထမင်းအငတ်ခံခဲ့ရတဲ့ ကောင်လေးတစ်ယောက်အကြောင်းပေါ့။ ကျွန်တော်တို့ဘဝတွေမှာလည်း ဒီလိုအဖြစ်မျိုးတွေ ကြုံဖူးခဲ့ရင် ပိုလှပနေမယ့် ရုပ်ရှင်ပေါ့။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre.....Drama Quality…. 1080p | 720p | 480p File size…1.68GB | 870MB | 484MB Format… mp4 Duration….1h 50min Subtitle…. Myanmar Subtitle (Hardsub) Translator .....WiRa Aung Encoder .....August

Comedy • Drama
7.3 2022 110 mins
Last Film Show
The Boss Baby
6.5

မိဘနှစ်ပါးရဲ့ အလိုလိုက်ချင်းကိုခံထားရတဲ့ တင်ဆိုတဲ့ကလေးလေးဘဝထဲကို ညီလေးတစ်ယောက် ယောက်လာခဲ့တယ်။ အဲဒီကလေးပေါက်စကို မနာလိုလည်းဖြစ် မသင်္ကာတဲ့အစ်ကိုဖြစ်သူ တင်မ် ဟာ လျို့ဝှက်ထောက်လှမ်းရင်းဘော့စ်ဘေဘီလေးရဲ့ လျိုှုဝှက်ချက်ကို သိသွားခဲ့ပါတယ်။ သူ့ညီမြန်မြန်ထွက်သွားစေဖို့အတွက် သူ့ညီရဲ့လျို့ဝှက်စစ်ဆင်ရေးကို လိုက်ကူညီရင်း ကမ္ဘာပေါ်က ကလေးတွေရဲ့ ချစ်ခြင်းကို လုယူမယ့် ဗီလိန်ကြီးတစ်ယောက်နဲ့ ရင်ဆိုင်လာရတဲ့အခါ.....။ဒါရိုက်တာ Tom McGrath က ရိုက်ကူးပြီး ဇာတ်ညွှန်းရေးသူကတော့ Michael McCullers ပါကာတွန်းဇာတ်ကောင်တွေရဲ့ နောက်ခံစကားပြောသူတွေအနေနဲ့ကတော့ Boss Baby အဖြစ် Alec Baldwin နဲ့ Older Tim အဖြစ်Patton Wswalt တို့က အဓိကပါဝင်အားဖြည့်ပေးထားပါတယ်။ 20th Century Foxကုမ္ပဏီက ရိုက်ကူးပြီး မတ် ၃၁ ရက်မှာ ထွက်ရှိထားတဲ့ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ဘာသာပြန်ကတော့ ဝေယံမောင် နဲ့ မျိုးမြင့်မောင်ဖြစ်ပါတယ် File Size - 765 MB Translated By - Wai Yan Maung & Myo Myint Maung Encoded By - Littleneo

Action & Adventure • Comedy • Drama • Sci-Fi & Fantasy
6.5 2017 97 mins
The Boss Baby
[18+] A Friend’s Wife Sold in Debt
5

(18+) My friend’s wife sold in debt (2022) ဇာတ်လမ်းကတော့ ခေါင်းစဉ်အတိုင်း သူငယ်ချင်း ပေးရမယိ့အကြွေးအစား မိန်းမဖြစ်သူနဲ့ လဲပြီး ပေးလိုက်တာပါ ငွေခဏခဏလိုနေတဲ့ ကောင်လေးက ငွေရှိတဲ့ သူ့သူငယ်ချင်းဆီက ပိုက်ဆံချေးပြီး မပေးနိုင်တော့ သူမိန်းမကို ပေးဖို့လုပ်တာပါ အစကတော့ သူငယ်ချင်းအိမ်မှာ အိမ်အကူ အလုပ်လုပ်ပေးရင်းကနေပဲ သူငယ်ချင်းရဲ့ တဏှာအောက်မှာ မြောပါသွားတဲ့ ဇာတ်ကားလေးပါ ဒါတင်မကသေးဘဲ ပိုက်ဆံချေးတဲ့သူက သူ့ကို ‌ပိုက်ဆံထုတ်ပေးတဲ့ သူ့သူငယ်ချင်းရဲ့ မိန်းမကိုပါ ပြန်စားရင်း အဆုံးပါ မင်းမိန်းမလည်းငါ့မိန်းမ ငါ့မိန်းမလည်း မင်းမိန်းမ ဆိုသလို ဖြစ်သွားတဲ့ ဇာတ်ကားလေးပါ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ရမယ့် ဒီကားလေးကိုတော့ တစ်ယောက်တည်း ကြည့်ဖို့တော့လိုပါမယ်နော် အညွှန်း နဲ့ ဘာသာပြန်ကတော့ Rookie ပဲ ဖြစ်ပါတယ်။ Genre….. Adult, Drama Quality…. 1080p | 720p | 480p File size… 971MB | 411MB | 184MB Format… mp4 Duration…. 1h 12min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Rookie Encoder ….. Blank

Action • Crime • Thriller
5 2022
[18+] A Friend’s Wife Sold in Debt
October Sky
7.8

IMDb 7.8 နဲ့ Rotten Tomatoes 91%အထိရရှိခဲ့တဲ့ NASA legend ကြီးတစ်ဦးဖြစ်တဲ့ ဟိုမာဟစ်ကမ်ရဲ့ ငယ်ဘ၀အကြောင်းကို ဇာတ်အိမ်တည် ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ “ကမ္ဘာမြေကြီးအတွင်းဖက်ကို စိတ်မ၀င်စားဘဲ ကမ္ဘာ့အပြင်ဖက်ကိုပဲ စိတ်၀င်စားတဲ့ ဟိုမာဟစ်ကမ် သို့မဟုတ် အောက်တိုဘာကောင်းကင်ယံက ဆိုဗီယက်ဂြိုဟ်တုကိုငေးကြည့်ရင်း ဒုံးပျံအိပ်မက် မက်ခဲ့တဲ့ သတ္တုတူးသမားတစ်ဦးရဲ့ သား” အချိန်ကာလအားဖြင့် ၁၉၅၀ခုနစ်၊ ဟိုမာဟာ ကိုးလ်ဝုလို့ခေါ်တဲ့ ကျောက်မီးသွေးတူးတဲ့အလုပ်နဲ့အသက်မွေးကြတဲ့ မြို့ငယ်လေးက လူငယ်လေးတစ်ဦးဖြစ်တယ်။ ဟိုမာရဲ့အဖေဖြစ်သူက ကိုးလ်ဝုကျောက်မီးသွေးတွင်းရဲ့ပိုင်ရှင်တစ်ဦး။ ဟိုမာတို့မြို့ငယ်လေးမှာ ပညာရေးအတွက် ရွေးချယ်စရာများများစားစားမရှိ။ အထက်တန်းပြီးသွားရင် ပညာသင်ဆုနဲ့ မြို့ကြီးတွေမှာ ကောလိပ်သွားတက်ရင်တက် မတက်ရင်တော့ အများစုက ကိုးလ်ဝုရဲ့ကျောက်မီးသွေးတွင်းထဲမှာပဲ သတ္တုတူးသမားအဖြစ် ၀င်ရောက်လုပ်ကိုင်ကြတာများတယ်။ ဒါပေမဲ့ တစ်နေ့မှာ နာဆာကိုရောက်မယ့် အင်ဂျင်နီယာလောင်းဟိုမာကတော့ သတ္တုတွင်းထဲမသွား၊ ကမ္ဘာမြေကြီးအတွင်းဖက်ကို စိတ်မ၀င်စားဘဲ ကမ္ဘာ့အပြင်ဖက်ကိုသာ စူးစမ်းချင်သူတစ်ဦး။ ဟိုမာဟာ ရေဒီယိုကနေ ဆိုဗီယက်ပြည်ထောင်စုရဲ့ စပတ်ခ်နစ်ခ်လို့အမည်ရတဲ့ ကမ္ဘာ့ပထမဆုံး လူလုပ်ဂြိုဟ်တုကို အာကာသထဲ လွှတ်တင်လိုက်နိုင်ပြီဆိုတဲ့ သတင်းကိုကြားပြီး ဒုံးပျံတည်ဆောက်ချင်စိတ်တွေ တဖွားဖွားပေါ်သွားတယ်။ ဒီလိုနဲ့ ဟိုမာနဲ့အတူ အိုဒဲလ် ကွင်တန် နဲ့ ရွိုင်လီတို့ဟာ ဒုံးပျံသိပ္ပံနဲ့ လားလားမှမအပ်စပ်တဲ့မြို့‌ငယ်လေးမှာ ဒုံးပျံတွေကိုအားမပေးတဲ့ ဟိုမာရဲ့အဖေဖြစ်သူရဲ့ ဆန္ဒကိုလွန်ဆန်ပြီး မလျှော့တဲ့ဇွဲနဲ့ လက်လုပ် အပျော်တမ်းဒုံပျံအသေးစားလေး‌တွေကို တည်ဆောက်ကြရင်းကနေ တစ်ချိန်မှာ ဒီလူငယ်လေးဦးရဲ့အနာဂတ်ဟာ ဘယ်လိုများပြောင်းလဲသွားမလဲ။ ဒီရုပ်ရှင်ဟာ ကျွန်တော်တို့ မကြုံ‌တွေ့ခဲ့ရဖူးတဲ့ ၁၉၅၀ခုနစ်များရဲ့ အောက်မေ့ဖွယ်ရာငယ်ဘ၀ကို ပြန်လည်ခေါ်ဆောင်သွားပေးလိမ့်မယ်။ အောင်မြင်သူဉာဏ်ကြီးရှင်တို့ရဲ့ စေ့ဆော်မှု မလျှော့တဲ့ ဇွဲ လုံ့လ တွေကိုမီးမောင်းထိုးရိုက်ကူးပြထားတယ်။ အားတက်စရာ အတုယူစရာရုပ်ရှင်ကောင်းဖြစ်တာမလို့ ကလေးလူကြီး‌မရွေး ကြည့်ရှုဖို့သင့်တဲ့ရုပ်ရှင်ဖြစ်တယ်။ ဟိုမာနေရာမှာသရုပ်ဆောင်ထားတဲ့ Donnie Darko, Southpaw, The Covenant အစရှိတဲ့ နာမည်ကြီးရုပ်ရှင်တွေရဲ့ သရုပ်ဆောင် Jake Gyllenhaal ဟာ ဒီရုပ်ရှင်ထဲမှာ အသက် ၁၇နှစ်အရွယ်သာ ရှိပါသေးတယ်။ စ လယ် ဆုံး အပြစ်ပြောစရာမရှိဘဲ ဇာတ်လမ်းအဆုံးအထိ ကြည့်ရှုသူရဲ့စိတ်အာရုံကို ဆွဲဆောင်သွားမယ့် ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်တာမလို့ သေချာပေါက် မြည်းစမ်းကြည့်ဖို့ အကြံပေးရင်းနဲ့ပဲ အဆုံးသတ်လိုက်ပါတယ်။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre…Biography, Drama, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

7.8 1999
October Sky
Planetquake

2024 ခုနှစ်ထွက် Disaster, sci-fi ကားလေးတစ်ကား လာပါပြီ။ ထုံးစံအတိုင်း ကမ္ဘာကြီးကို ဘေးအမျိုးမျိုးနဲ့ ဒါရိုက်တာတွေက လက်စွမ်းပြဖျက်ဆီးကြမှာပါ။ ဒါပေမယ့် နောက်ဆုံးမှာတော့ ဦးသန်မာကမ္ဘာကြီးပဲ ယက်ကန်ယက်ကန်နဲ့ ဆက်လက်တည်ရှိသွားမယ့် ဇာတ်လမ်းကျောရိုးပါ။ ကဲ အခုတစ်ခါလည်း ကမ္ဘာကြီးကို ဘယ်လိုဇာတ်လမ်းဆင်ပြီး ဖျက်ပြကြဦးမလဲ ကြည့်ကြရအောင်ပါ။ ဒေါက်တာ မီလီ၊ ဒေါက်တာ ဒရက်စ်ဒန်မောင်နှမဟာ ငလျင်ဗေဒပညာရှင် ဉာဏ်ကြီးရှင်ငတော်ကြီးနှစ်ယောက်ပါ။ ပြောရရင် အစ်ကိုဖြစ်သူဒရက်စ်ဒန်က ပိုတော်ပါတယ်။ တော်လွန်းလို့ အမေရိကန်စစ်တပ်က အာကာသနျူကလီးယားလက်နက်အခြေစိုက်စခန်းစီမံကိန်းမှာ ခေါ်ခန့်ပါတယ်။ ကောင်းစေချင်လို့ နတ်ပြည်တင်ပေးတာကို မြင့်တယ်ထင်တဲ့သကောင့်သားက ဒီလိုလက်နက်တွေမရှိသင့်ဘူးဘာညာစသဖြင့် စာရိတ္တတရားတွေ စွတ်ရှိပြပြီး လျို့ဝှက်ဖိုင်တွေခိုးပြေးကာ တစ်လောကလုံးနဲ့ အဆက်အသွယ်ဖြတ်ပြီး တစ်ယောက်တည်းနေပါတယ်။ ဇာတ်လမ်းက အခုမှစမှာပါ။ နျူကလီးယားအကြွင်းအကျန်တွေရှင်းတဲ့ ပုဂ္ဂလိကကုမ္ပဏီတစ်ခုက ဘယ်ကဘယ်လိုကလိလိုက်တယ်မသိ၊ ကမ္ဘာ့မြေအောက်ကျောက်ချပ်လွှာတွေ ဆက်စပ်နေတဲ့ ငလျင်ပြတ်ရွှေ့ကြောတွေကို လှုပ်နိုးလိုက်သလို ဖြစ်ပြီး ငလျင်တွေထလှုပ်ပါတယ်။ ရစ်ချ်တာ ၈ လောက်အထိတက်တဲ့ငလျင်တွေဆိုတော့ ပြင်းအားကတော့ ခန့်မှန်းသာကြည့်ကြပါတော့ခင်ဗျာ။ အဲ့အချိန်မှာ ဒေါက်တာ မီလီက ငလျင်စောင့်ကြည့်ရေးဌာနတာဝန်ခံဖြစ်တဲ့အတွက် ဒီငလျင်တွေကိုခန့်မှန်းတွက်ချက်ပြီး နောက်လာမယ့် ငလျင်တွေမတိုင်ခင် ကြိုတင်ဆောင်ရွက်စရာတွေအတွက် စီမံဆောင်ရွက်ပေးဖို့ဖြစ်လာပါတယ်။ ဖြစ်ချင်တော့ သမီးဖြစ်သူဆိုဖီကလည်း အဲ့နေ့မှာပဲ လေယာဥ်စီးပြီးသူ့ဆီလိုက်အလာ လေယာဥ်ကွင်းထဲမဆင်းနိုင်ခင်မှာတင် ငလျင်ကြောင့်တိုင်တွေပတ်ပြီး အကုန်ဇယားတွေနောက်ကုန်ပါတယ်။ မီလီ့အမျိုးသား ဆိုဖီ့အဖေကလည်း ခေသူတော့မဟုတ်ပါဘူး။ အမျိုးသားအစောင့်တပ်က ဗိုလ်မှူးပါ။ တိုက်ဆိုင်လိုက်ပုံက သူ့သမီးကိုသူကိုယ်တိုင်သွားကယ်ရမယ့် မစ်ရှင်ခေါင်းဆောင် အခန့်ခံရပါတယ်။ တစ်ဖက်မှာလည်း ဒေါက်တာမီလီတစ်ယောက် အားပြင်းငလျင်တွေကို ဘာလုပ်ရမှန်းမသိ၊ ခြေမကိုင်မိလက်မကိုင်မိနဲ့ ပျားတွေတုပ်နေပါတယ်။ အဲ့အချိန်မှာပဲ NSC ညွှန်မှူး ဗိုလ်ချုပ်ကြီးဝက်စ်ရဲ့ ညွှန်ကြားချက်နဲ့ သူ့အစ်ကို မာစတာဘရိန်းကြီး ဒရက်စ်ဒန်ကိုပြန်ခေါ်ပြီး ဂြိုဟ်ဖျက်ငလျင်ကြီးတွေကို လူလေးလက်တစ်ဆုပ်စာလောက်နဲ့ အံ့မခန်းတားဆီးပြမယ့် ဇာတ်လမ်းပဲဖြစ်ပါတယ်။ Erica Duke၊ Phillip Andre Botello၊ Anthony Jensen၊ Erin Gall၊ Doug Jeffery၊ Michael Pare တို့ခေါင်းဆောင်ပါဝင်ထားပြီး ဒါရိုက်တာကတော့ Monroe Robertson ပါ။ ပေါ့ပေါ့ပါးပါး ကြည့်ရှုခံစားလိုက်ကြပါစို့ဗျာ။ File size…(1.5 GB)/(793 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre…Adventure, Sci-Fi Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ninja

0 2024 85 mins
Planetquake
Turtles All the Way Down
6.8

John Green ရဲ့ Turtle all the way down ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကတော့ မေလ ၂ ရက် နေ့တုန်းကမှ ထွက်ရှိထားတာဖြစ်ပြီး Rotten Tomatoes ဝက်ဘ်ဆိုက်မှာ မှတ်ချက်ကောင်းတွေ ရထားတဲ့ ရုပ်ရှင်တစ်ခုလည်း ဖြစ်ပါတယ် ။ ဒီရုပ်ရှင်မှာတော့ Obsessive Compulsive Disorder (OCD) ရောဂါရှိနေတဲ့ ၁၆ နှစ်အရွယ် မိန်းကလေး အေဇာရဲ့ ရှုထောင့်ကနေ သူ့အတွေးတွေ သူ့ခံစားချက်တွေကို မြင်တွေ့ရမှာပါ ။ အေဇာဟာ OCD ရှိတဲ့မိန်းကလေး တစ်ယောက်ဖြစ်ပြီး ဘက်တီးရီးယားပိုးမွှားတွေကို အလွန်အမင်းကြောက်စိတ်ဝင်နေတတ်သူလည်း ဖြစ်ပါတယ် ။ သူ့မှာ ဒေစီနဲ့ မိုက်ကယ်ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ရှိပြီး တစ်ရက်မှာတော့ ဘီလီယံနာသူဌေးတစ်ယောက် ပျောက်သွားတဲ့ သတင်းကနေ သူ့ရဲ့ ငယ်သူငယ်ချင်း ဒေးဗစ်နဲ့ ပြန်လည်ဆုံစည်း လိုက်ရပါတော့တယ် ။ ဒီလိုနဲ့ အေဇာနဲ့ ဒေးဗစ်တို့ အချင်းချင်း မေတ္တာရှိလာကြတဲ့အခါ အဓိက အဟန့်အတားဖြစ်လာတာကတော့ အေဇာရဲ့ OCD ရောဂါပါပဲ ။ အေဇာရဲ့ အတွေးလွန်ဆွဲပုံတွေ ၊ ဒေးဗစ်ရဲ့ နားလည်ပေးနိုင်မှု တွေကိုတော့ သေချာလေး မြင်တွေ့ရမယ့်အပြင် အမေနဲ့သမီးရဲ့ ဆက်ဆံရေး ၊ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ကြားက ပဋိပက္ခတွေကိုလည်း ရင်ထဲထိရလောက်တဲ့အထိ ကြည့်ရှု ခံစားရမှာပါ ။ အဆုံးကျရင်တော့ အေဇာရဲ့ အတွေးတိုက်ပွဲမှာ ဘယ်ဘက်က အနိုင်ရမလဲ ။ ဒေးဗစ်နဲ့ရော ဘယ်လိုဖြစ်သွားမှာလဲဆိုတာကတော့ Turtles all the way down ရုပ်ရှင်ရဲ့ Ending လှလှလေးမှာ အတူတူခံစားကြည့်ကြပါလို့ပဲ အကြံပေးချင်ပါတယ် ။ File size…3.19GB / 873 MB Quality… WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 51m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Hazelle

6.8 2024 111 mins
Turtles All the Way Down
Mr. & Mrs. Mahi
6.5

IMDb 6.5/10 Rotten tomato 64% မာဟန်ဒရာဆိုတဲ့​ကောင်လေးခရစ်ကတ်ကစားသမားနဲ့ ဆရာဝန်မလေး မာဟီမာတို့ကို သူတို့ရဲ့မိဘ​တွေလက်ထက်ဖို့စီစဥ်ကြရာက​နေ ဇာတ်လမ်း​​လေးကိုအစပျိုးပဲဖြစ်ပါတယ်။ ခရစ်ကတ်အရှုံးသမား​လေးနဲ့ဆရာဝန်မ​လေးတို့မှာ မာဟီဆိုတဲ့နာမည်​ပြောင်တူ​နေကြတာက​နေ အချင်းချင်းနီးစပ်လာကြပါ​တော့တယ်။ ဒီလိုနဲ့ပဲတစ်​နေ့မှာ​တော့ မာဟီမာတစ်​ယောက် ​ ခရစ်ကတ်နဲ့​ဘောလုံးကိုရိုက်လိုက်တာကို မာဟန်ဒရာမြင်သွားပြီး​နောက်မှာ ပါရမီပါလာတာကိုသတိထားမိပြီး သူ့မိန်းမကို ခရစ်ကတ်ကစားသမားတစ်​ယောက်ဖြစ်လာ​အောင် သင်​ပေးဖို့ကြိုးစားလာပါ​တော့တယ်။ မာဟီမာကလဲဆရာဝန်ဘဝကိုစွန့်လွှတ်ပြီး သူဝါသနာပါတဲ့ ခရစ်ကတ်ကစားတာကို စိတ်နှစ်ဖို့လုပ်လာတဲ့အခါမှာ လင်မယားနှစ်​ယောက်အတူတူလက်တွဲပြီး ပြိုင်ပွဲ​တွေကိုရင်ဆိုင်​ကျော်ဖြတ်ကြပါ​တော့တယ်။ အညွှန်းနဲ့ဘာသာပြန်က​တော့ CM Bollywood team ပဲဖြစ်ပါတယ်။

Comedy • Drama
6.5 2024
Mr. & Mrs. Mahi
Roman Holiday
6.3

Roman Holiday (2017) ******************** လူမိုက်လုပ်နေပေမဲ့ နဂိုစိတ်ထားက အရမ်းကောင်းနေကြတော့… ပြန်ပေးဆွဲတာတောင် ဓားစာခံတွေကို ပျော်အောင်ထားပေးမယ့်… သူငယ်ချင်းသုံးယောက်ရဲ့ ကိုရီးယားဟာသ ဇာတ်ကားလေးဖြစ်ပါတယ်။ Cast တွေအနေနဲ့ကတော့ movie ပေါင်းများစွာမှာ ပါဝင်ခဲ့ကြတဲ့ မင်းသားတွေဖြစ်တဲ့… Im Chang Jung နဲ့ Gong Hyung Jin တို့အပြင်… ဟာသcharacter တွေနဲ့ လူသိများတဲ့ မင်းသား Jung Sang Hoon တို့က.. သုံးယောက် squad အနေနဲ့ chemistry မိမိပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း ————– အင်ဟန် (Im Chang Jung), ဂီဂျူ (Gong Hyung Jin)နဲ့ ဒူမန် (Jung Sang Hoon) တို့က.. ငယ်ငယ်ကတည်းက မိဘမဲ့ကျောင်းမှာ ခင်မင်ခဲ့ကြတဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေပါ။ မိဘတွေမရှိဘဲ ကြီးပြင်းလာကြတဲ့ သူတို့အတွက် တခြားငွေကြေးဥစ္စာပိုင်ဆိုင်မှုတွေ မရှိပေမဲ့.. ကောင်းတာလုပ်လုပ် ဆိုးတာလုပ်လုပ် အမြဲဘေးမှာအဆင်သင့်ရပ်တည်ပေးခဲ့ကြတဲ့… ညီအစ်ကိုလိုသူငယ်ချင်းတွေတော့ ပိုင်ဆိုင်ခဲ့ကြတယ်။ တစ်နေ့မှာတော့ သူတို့သုံးယောက်က.. ပိုက်ဆံသယ်လာတဲ့ ကုန်တင်ကားတစ်စီးကို ဓားပြတိုက်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဓားပြတိုက်တဲ့နေရာမှာ အောင်မြင်သွားခဲ့ပေမဲ့ ရဲတွေကချက်ချင်း သူတို့နောက်ကနေလိုက်ဖမ်းကြတော့ .. “Roman Holiday”ဆိုတဲ့ နိုက်ကလပ်ထဲကို ဝင်ပုန်းနေဖို့ရာ ဖြစ်လာခဲ့တယ်။ နိုက်ကလပ်ထဲမှာရှိတဲ့သူတွေကို သူတို့ရဲ့ဓားစာခံတွေအနေနဲ့ အသုံးချပြီး… ရဲတွေနဲ့ဘယ်လိုညှိနှိုင်းမှုတွေ ပြုလုပ်သွားကြမလဲ။ ဓားစာခံတွေကရော နိုက်ကလပ်ထဲမှာ… ဘယ်လိုရှင်သန်ကြမှာလဲ။ ရဲတွေကရော ဓားစာခံတွေကို ကယ်တင်ဖို့ ဘယ်လိုကြိုးစားကြပြီး… ပြန်ပေးသမားတွေနဲ့ ဘယ်လိုညှိနှိုင်းကြမလဲဆိုတာ ဒီကားလေးမှာ ကြည့်ရှုလိုက်ပါဦးနော်… ဓားပြတိုက်တာတွေ ပြန်ပေးဆွဲတာတွေပါလို့ မှုခင်းကားကြီးလို့ မထင်လိုက်ပါနဲ့နော်…. ဟာသတွေနဲ့မို့လို့ စိတ်အပန်းဖြေဖို့ ပေါ့ပေါ့ပါးပါး ကြည့်ချင်တဲ့ ပရိသတ်ကြီးအတွက်… ကွက်တိဖြစ်မယ့်ဇာတ်ကားလေးဆိုတာ အာမခံပါတယ်…. ဇာတ်လမ်းအညွှန်းကို Vanessa မှရေးသားထားပါတယ်။ File size… 1.54 GB / 700 MB Quality…WEB-DL 1080p 720p Genres: Comedy, Crime, Drama Duration: 1 hr 50 mins Subtitle….Myanmar Subtitle (Hard Sub) Translated By Vanessa & Hnin Wai Oo Encoded By Heather Oo

6.3 2017
Roman Holiday
Picture This
5.8

ဒီတစ်ခါမှာတော့ After ထဲက မင်းသားချော Hero Fiennes Tiffin ရဲ့ Romance Comedy ဇာတ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ။ ဇာတ်လမ်းအကျဉ်းကတော့ ယောကျ်ားမယူဘဲ career woman လုပ်မယ်ရယ်လို ကြွေးကြော်နေတဲ့ ဓာတ်ပုံဆရာမလေး Pia ကို သူ့မိသားစုဝင်တွေက အိမ်ထောင်ဘက် ဝိုင်းရှာပေးကြတဲ့ ဇာတ်လမ်းပါပဲ ။ ညီမဖြစ်သူရဲ့ မင်္ဂလာဆောင်မှာ ရှေ့ဖြစ်ဟောဆရာတစ်ယောက်က Pia အတွက် ဟောလိုက်တဲ့ ဟောကိန်းကတော့ နောက်ထပ် တွေ့ရမယ့် ကြင်ဖက် ၅ ယောက်ထဲမှာ သူ့ရဲ့ ဖူးစာရှင် ရှိပါတယ်တဲ့ ။ ဒီစကားကို ကြားတဲ့ မိသားစုဝင်တွေက Pia အတွက် ကြင်ဖက် တစ်ယောက်စီ ရှာပေးဖို တာဝန်ယူလိုက်ကြပါတော့တယ် ။ ဖြစ်ချင်တော့ ညီမဖြစ်သူရဲ့ မင်္ဂလာပွဲမှာ Pia ရဲ့ အချစ်ဦး ဖြစ်သလို ရည်းစားဟောင်းလည်း ဖြစ်တဲ့ Charlie က သတိုသားအရံ ဖြစ်နေပါသေးတယ် ။ ဒါဆိုရင်တော့ Pia ရဲ့ ကြင်ဖက် ငါးယောက်ထဲမှာ ဘယ်တစ်ယောက် ကများ သူ့အိမ်ထောင်ဘက် ဖြစ်နိုင်မလဲ ။ ဒါမှမဟုတ် ရည်းစားဦး ဖြစ်တဲ့ Charlie နဲ့ပဲ ပြန်ပေါင်းထုပ် သွားမလားဆိုတာကိုတော့ Picture This ဆိုတဲ့ ရုပ်ရှင်လေးမှာ ဆက်လက်ကြည့်ရှုလိုက်ရအောင်နော် ။ File size… (2.26 GB) / (1.23 GB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 41m Genre …. Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Hazelle & Muse

Comedy
5.8 2025 101 mins
Picture This
Karki Nanu BA, LLB

Karki (2025) “ဆရာကြီး” အသစ်ထွက်ရှိလာတဲ့ ကန်နာဒါစကားပြော အိန္ဒိယရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ရည်ရွယ်ချက်တို့ ပန်းတိုင်တို့ဆီကို တချို့က စမ်းတဝါးဝါးပြေးကြတယ်၊ တချို့က ဦးတည်ပြီးပြေးကြတယ်။ တချို့လည်းရောက်တယ် တချို့လည်း လမ်းခုလတ်မှာပဲ ရပ်ကျန်ခဲ့ကြတာပေါ့။ ဒီဇာတ်လမ်းထဲက ဇာတ်လိုက်ကျော်ကြီးကတော့ ရှေ့နေဖြစ်ချင်တဲ့ရည်ရွယ်ချက်နဲ့ ဥပဒေအဓိကယူခဲ့တယ်။ ခက်တာက ကျောင်းမှာ အင်္ဂလိပ်လိုတွေချည်းသင်နေရော။ ဒီမှာ အင်္ဂလိပ်လို နကန်းတစ်လုံးမှမသိတဲ့ ဆရာသမားက ကန်နာဒါလိုသင်ပေးဖို့ တောင်းဆိုရင်းက သူ့ကို သေချာရှင်းပြပေးမဲ့ မိန်းကလေးတစ်ယောက်နဲ့တွေ့ဆုံခွင့်ရခဲ့ပါရော။ ဒါ ဇာတ်လမ်းအစပေါ့။ ဇာတ်လမ်းဘယ်လိုဆုံးမလဲ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်)

Drama
0 2025
Karki Nanu BA, LLB