YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The.Originals.S04Ep11.BluRay1080p(CM).mp4

899.26 MB 1080p video/mp4 64 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Detective vs. Sleuths
6.5

CM ကနေ ဒီတစ်ခါမှာတော့ စိတ္တဆန်ဆန် လူသတ်မှုတွေကို ဖော်ထုတ်မယ့် Detective vs. Sleuths ဆိုတဲ့ စုံထောက်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဟောင်ကောင်မှာ စိတ္တဇဆန်ဆန် လူသတ်မှုတွေ ဖြစ်ပွားခဲ့ပြီး တစ်ချိုအမှုတွေဆို နှစ်နဲ့ချီပြီး မဖော်ထုတ်နိုင်ဘဲ ရှိနေဆဲအချိန်မှာ အဲ့လိုအမှုတွေကို တစ်ကိုယ်တော် ဖော်ထုတ်နေတဲ့ အံ့ဖွယ်စုံထောက် လီကျွင့်ကတော့ ရဲတပ်ဖွဲအတွက် မျက်စိနောက်စရာဖြစ်လိုနေပါတယ် ဘာလိုလဲဆိုတော့ သူတံတားအောက်မှာ ရေးလိုက်တဲ့ စာလုံးအတိုင်း အမှုတွေ ဖြစ်ဖြစ်လာနေလိုပဲ ဖြစ်ပါတယ် စိတ်ပိုင်းဆိုင်ရာပြဿနာကြောင့် တာဝန်ကနေ ရပ်နားခံလိုက်ရတဲ့သူ့ကို လူတွေက ရူးနေပြီလို သတ်မှတ်ကြပေမယ့် သူကတော့ သူ့ကိုယ်သူအံ့ဖွယ်စုံထောက် ဆိုတာကို သက်သပြဖို အမြဲကြိုးစားခဲ့ပါတယ် လုယက်လူသတ်မှု အလောင်းပျံအမှု ကွင်းဆက်လူသတ်မှု သားသတ်သမားအမှု အစရှိတဲ့အမှုတွေမှာလူသတ်တရားခံရဲ့လှည့်ကွက်တွေကို အံ့ဖွယ်စုံထောက်ကြီး လီကျွင့်က ဘယ်လိုဖြေရှင်းသွားမှာလဲ ဒီလိုစိတ္တဇလူသတ်မှုတွေ အစတည်ရာကရော ဘယ်ကနေ လာတာလဲ ဟောင်ကောင်ကားပရိသတ်တွေအတွက်တော့ ရင်းနှီးလောက်တဲ့ သရုပ်ဆောင်တွေကပဲ ပါဝင်ထားတာ‌ဖြစ်ပြီး ဇာတ်လမ်းဇာတ်ကွက်တွေကလည်း အရမ်းမိုက်တာမိုလို စုံထောက်ကားကြိုက်တဲ့သူတွေ အနေနဲ့တော့ သဘောကျမိမှာအမှန်ပဲဖြစ်လို ဒီကားလေးကို ကြည့်ကြည့်ဖို ညွှန်းပေးချင်ပါတယ် Quality : WEB-DL 1080p , 480p Format : mp4 Genres : Crime , Thriller , Mystery Runtime : 1h 42 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

6.5 2022 102 mins
Detective vs. Sleuths
Tari Sathe
7

တစ်ခါတလေတော့ အချစ်ကို ကျွန်တော်တို့တိုင်းတာတဲ့စံနှုန်းတွေဟာ တော်တော်ညှိရခက်သား။ အဲလိုညှိရနှိုင်းရခက်လာတိုင်း ခေတ်သစ်၊ စနစ်သစ်ကြီးရဲ့သဘောလို ကွဲကြပြတ်ကြမလား၊ ပြန်လည်ငြိမ်းချမ်းရေးယူမလားကတော့ လူတစ်ဦးနဲ့တစ်ယောက်ချင်း၊ အတွဲတစ်တွဲနဲ့တစ်တွဲချင်း တစ်ထပ်တည်းတော့ကျနိုင်မယ်မထင်ပါဘူး။ တစ်ခါတလေမှာ ယောက်ျားလေးဖက်ကချည်း တစ်ဖက်သတ်ဆွဲထားရတာမျိုးတွေတွေ့နိုင်သလို၊ တစ်ခါတလေကျပြန်တော့လည်း မိန်းကလေးဖက်ကချည်း တစ်ဖက်သတ် ခြေစုံကန်ထားရတာမျိုး၊ တစ်ခါတလေကျပြန်တော့လည်း နှစ်ဦးနှစ်ဖက် ကတောက်တဆညီတူညီမျှဖြစ်ရင်း သူ့အတ္တ၊ ကိုယ့်မာနပြိုင်ကြတာမျိုးတွေပေါ့။ ဒါမျိုးတွေဟာဖြစ်လေ့ဖြစ်ထရှိတဲ့သဘောတရားတွေမို့၊ ဒါမျိုးတွေကို‌ဖြေရှင်းတဲ့အခါ ညှိနှိုင်းတဲ့အခါ ဘယ်လိုမျိုးချဉ်းကပ်ကိုင်တွယ်ရမယ်နည်းလမ်းပေါင်းများစွာပါဝင်ပါတယ်။ ပထမရည်းစားရဲ့စပါယ်ရှယ်ဘဲပစ်ခံရပြီးပျက်သွားခဲ့ရတဲ့ ဘဲပစ်မလေးဟာ သူ့အမေပေးစားမယ့်သူရှိရာ ဘဒိုဒရာဆိုတဲ့မြို့လေးကိုရောက်လာခဲ့တယ်‌ဆိုပါတော့။ သူက အစကတော့ သူ့အမေပေးစားမယ့်သူကို လူချင်းမျက်နှာချင်း‌ဆိုင်တွေ့ပြီးချေပြီးတော့ ငြင်းဖို့သွားခဲ့တာဗျ။ ဒါပေမဲ့ အဲဒီမြို့က ခရစ်ကတ်ကစားသမားအရမ်းဖြစ်ချင်တဲ့ကောင်လေးနဲ့တွေ့တဲ့အခါ၊ အဲဒီကောင်လေးနဲ့ သူ့အမေပေးစားမယ့်သူကြား ဘယ်လိုနှစ်ပါးသွားကြမလဲဆိုတာ....။ ဘဲပစ်မလေးတွေပါ ကြည်နူးရမယ့် ဒီဇာတ်ကားလေးက အိန္ဒိယနိုင်ငံရဲ့ Gujarat စကားပြော ဇာတ်ကားလေးဖြစ်ပြီး အကအလှရိုမန့်တစ်တွေနဲ့မို့  ကြည့်ပျော်မယ့်ရုပ်ရှင်ကားလေးပဲဖြစ်ပါတယ်။ File size…(2 GB)/(900 MB) Quality….BluRay 1080p/720p Format…mp4 Duration….01:56:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by San Thu Aung

Crime • Mystery • Romance • Thriller
7 2021 119 mins
Tari Sathe
Marry My Dead Body
7.3

Marry my dead body (2023) စော်မရှိဘဲမရှိလေးတွေအတွက် ရွေးစရာတစ်ခုကိုချပြလိုက်တဲ့ Taiwan BL movie ကား Marry My Dead Bodyလေး ထွက်ရှိလို့လာပါပြီ။ Trailerထွက်လာကတည်းက ‌တော်တော်လေးစိတ်ဝင်စားခံနေရတဲ့movieလေးလည်းဖြစ် BL romance သီးသန့်ကြီးမဟုတ်ဘဲ Crime suspense လေးပါတွဲပါသေးတဲ့အပြင် ထိုင်ဝမ်BLပီပီ လက်ကိုင်ရုံနဲ့ပြီးတဲ့ဂျင်း‌တွေနည်းတဲ့ကားလေးဆိုတော့ အများကြီးဆက်မညွှန်းတော့ပါဘူး... 21 ရာစု LGBTQကာလကြီးထဲမှာ လိင်တူချစ်သူဆိုတာ ဘာရယ်မဟုတ်ပေမဲ့ homophobic ရဲသားလေးဝူမင်ဟန်ကတော့ ဒါကိုလက်မခံပါဘူး။ လိင်တူချစ်သူဆိုတာကို ရွံစရာလို့သတ်မှတ်တဲ့အပြင် ဂေး ဆို ပိုပြီး ချိုးနှိမ်တတ်လို့ အပြစ်ပေးခံရသူလည်းဖြစ်ပါတယ်။ ဒီလိုနဲ့ မူးယစ်ရာဇာကြီးရဲ့ တပည့်တစ်ယောက်ကိုလိုက်ဖမ်းရင်းနဲ့ သူပစ်ချခဲ့တဲ့သက်သေတွေကို လိုက်ကောက်ရင်း သက်သေမဟုတ်တဲ့ စာအိတ်အနီလေးကို ကောက်မိတဲ့အခါ ... စာအိတ်ကိုကောက်လိုက်တာနဲ့ ဝိုင်းအုံလာကြတဲ့အဒေါ်ကြီးတစ်သိုက်နဲ့ သူတို့ပြောသွားတဲ့ စာအိတ်ထဲက ဓာတ်ပုံပိုင်ရှင်‌ကောင်‌လေးနဲ့ လက်ထပ်ရမယ်ဆိုတဲ့ ထူးဆန်းတဲ့စကားတွေဟာ ဝူမင်ဟန်အတွက်တော့ ဟာသတစ်ခုထက်မပိုပါဘူး။ ဓာတ်ပုံပိုင်ရှင်က ကောင်လေးဖြစ်နေပြန်တော့ သရဲနဲ့မှတော့ မဂေးနိုင်ဘူးဆိုတဲ့မင်ဟန်ကတော့ အဘွားကြီးရဲ့ လက်မထပ်ရင်ကံဆိုးလိမ့်မယ်ဆိုတဲ့စကားကို လျစ်လျူရှုပြီးထားခဲ့တာပေါ့။ ဒါပေမဲ့ သူ့ရဲ့မူပိုင်ရှင်လေးက သူ့နောက်ကလိုက်နေလေတော့ သရဲကြောက်တဲ့မင်ဟန်တစ်ယောက် သရဲ‌နဲ့လက်ထပ်ရမယ့်အပြင် သရဲတွေမြင်နေရတဲ့ပြဿနာကြီးက ဆီးကြိုနေတဲ့အခါ... တျဲကြောက်ပါတယ်ဆိုမှ တျဲနဲ့မှညားတဲ့မင်ဟန်တစ်‌ယောက် ပဟေဠိတွေနဲ့ သေဆုံးသွားခဲ့ရတဲ့ တျဲလောင်ကုန်းလေး မောင်းပန်ယွီရဲ့အမှုကို အတူတူစုံစမ်းရင်းနဲ့ ထူးခြားတဲ့ခံစားချက်တွေ ပေါက်ဖွားလာလေမလား။ သာမန်မဟုတ်တဲ့နှောင်ကြိုးတစ်ခုကနေ အချစ်စစ်တို့ ဖြစ်တည်လာနိုင်မှာလား။ ‌ပန်ယွီရဲ့သေဆုံးမှုနောက်ကွယ်မှာရှိနေတဲ့လူကိုရော မင်ဟန်တစ်ယောက် ဖော်ထုတ်နိုင်မလားဆိုတာ အားလုံးအတူ ကြည့်ရှုခံစားလိုက်ရအောင်ပါ။ အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Joyz, Mary, Thae, Su Myat တို့ပဲ ဖြစ်ပါတယ်။

Horror • Thriller
7.3 2023 130 mins
Marry My Dead Body
[18+] Lan Kwai Fong

Lan Kwai Fong (2011) Lan Kwai Fong ဆိုတာ ဟောင်ကောင်ရဲ့ ကလပ်တွေ၊ ဘားတွေ၊ စားသောက်ဆိုင်တွေစသဖြင့် နာမည်အကြီးဆုံး nightlife hot spots တစ်ခုဖြစ်ပါတယ်။ အဲ့ဒီဝန်းကျင်တစ်လျှောက်မှာ ကျင်လည်ကျက်စားနေကြတဲ့သူတွေကလည်း လူပေါင်းစုံ အလွှာပေါင်းစုံ ဘဝပေါင်းစုံပါပဲ။ ဘီလျံနာသူဌေးကြီးတွေကနေ ညငှက်မလေးတွေအထိ နိစ္စဒူ၀ ဖြတ်သန်းနေတဲ့နေရာတစ်ခုမှာ ဇာတ်လမ်းတွေပေါင်းစုံရှိကြမှာလည်းအမှန်ပါပဲ။ Lan Kwai Fone Triology ဟာ အဲ့ဒီဘဝတွေအပေါ်မှာပဲအခြေခံပါတယ်။ ဇာတ်လမ်းနဲ့ထပ်တူကျအောင် တကယ့်ကိုငယ်ရွယ်တဲ့ သရုပ်ဆောင်တွေကိုပဲ ရွေးချယ်ထားတာဖြစ်တဲ့အတွက် ဟောင်ကောင်ရဲ့နာမည်ကြီး nightlife ဒေသတစ်ခုအကြောင်းကိုဘေးက ထိုင်ကြည့်နေသလို ကွက်ကွက်ကွင်းကွင်းမြင်ရမယ့်၊ ဘဝစုံ အလွှာစုံရဲ့ဇာတ်လမ်းအဖုံဖုံကိုလည်း မြည်းစမ်းထိတွေ့ရမယ့် ဇာတ်ကားဖြစ်ပါတယ်။ Lan Kwai Fong ဇာတ်ကား ၃ ကားရှိပြီး အားလုံးကို ဒီမှာ https://channelmyanmar.to/?s=lan+kwai+fong ကြည့်ပါ။

0 2011
[18+] Lan Kwai Fong
Rest Stop
4.5

Rest Stop (2006) ============= ဂျက်စ်နဲ့နစ်ကိုးလ်တို့ဟာ ပုန်ကန်ချင်တဲ့၊ စွန့်စားချင်တဲ့ ချစ်သူနဲ့ ဘဝသစ်ကိုထူထောင်ချင်တဲ့ ဆယ်ကျော်သက်လူငယ်တွေပါ။ အဲ့ဒီစိတ်ကူးယဉ်အိမ်မက်တွေနောက်ကိုလိုက်ဖို့တစ်နေ့မှာတော့ ဂျက်စ်ရဲ့အမိုးဖွင့်ကားလေးနဲ့အတူ မိဘတွေကိုအသိမပေးပဲ ဟော လိဝုဒ်ကိုဦးတည်ပြီး ခိုးထွက်လာခဲ့ကြပါတယ်။လမ်းတစ်နေရာမှာ တော့ အပေါ့သွားချင်လာတဲ့ နစ်ကိုးလ်ကြောင့် လမ်းဘေး အိမ် သာလေးတစ်ခုကိုဝင်မိရာကနေပြန်အထွက်မှာ ဂျက်စ်တစ်ယောက် ပျောက်ချင်းမလှပျောက်နေတာကိုမြင်တွေ့ခဲ့ရပါတယ်။ နီးစပ်ရာမှာ အကူအညီတောင်းဖို့ကြိုးစားရင်း လူနေကားတစ်စီးကို တွေ့မိလို့ ခဏလိုက်ပါမိရာကနေ ကြက်သီးထဖွယ်ကားပိုင်ရှင်မိသား စုကြောင့် ပြန်ဆင်းလာခဲ့ရပြီး လမ်းဘေးအိမ်သာဆီပြန်ရောက်လာခဲ့ ပါတယ်။ အဲ့ဒီလမ်းဘေးအိမ်သာမှာတော့ သူ့ကိုပိုပြီးခြောက်ခြားဖွယ် အဖြစ်အပျက်တွေက စောင့်ကြိုနေတာကို နစ်ကိုးလ်တစ်ယောက်အသိ နောက်ကျခဲ့ရပါတယ်။ ဒီကားလမ်းမပေါ်မှာ ထရပ်ကားနဲ့လူတစ်ယောက်လိုက်ဒုက္ခပေးနေ ကြောင်းရေးထားတဲ့ အိမ်သာနံရံက ခြောက်ခြားဖွယ်စာတွေ ၊Rolling stones ဂီတဖျော်ဖြေပွဲကိုသွားရင်း လူတစ်ယောက်ဖမ်းထားပြီးနှိပ်စက် ရာကနေထွက်ပြေးလာတယ်ဆိုတဲ့ မိန်းကလေးတစ်ယောက်၊ တကယ် တမ်းတော့ အဲ့ဒီမိန်းကလေးဟာ ၁၉၇၁ ထဲကပျောက်ဆုံးနေခဲ့တာဆိုတာ သူသိလိုက်ရချိန်၊ အခြေအနေတွေ အဖြစ်အပျက်တွေကို သူ ဆက်စပ်မိ လာချိန်မှာတော့..။ Wrong Turn တို့၊ The hills have eyes တို့လို မျက်စိလည်လမ်းမှားရာ ကနေ သွေးပျက်စရာလူသတ်သမားတွေရဲ့ပစ်မှတ်ထားခံရတဲ့ ပရိသတ် တွေအကြိုက်တွေ့မယ့် Franchise နောက်တစ်ခုပါပဲ။ အဲ့ဒီကားတွေထက် မလျော့တဲ့ ကြမ်းတမ်းရက်စက်တဲ့ သတ်ဖြတ်ခန်းတွေ၊ သွေးထွက်သံယို တွေ၊ အဖော်အချွတ်တွေပါဝင်တဲ့အတွက်၊ Genre ပရိသတ်တွေကျေနပ် နှစ်သိမ့်ကြမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်) File Size……….(731 MB) Quality…………WEB-DL 720p Duration………1Hr 44Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror, Thriller Translator…….Alias Encoder……….SWM

Action • Crime • Thriller
4.5 2006 85 mins
Rest Stop
Galaksi
6.5

Galaksi (2023) ဒီတစ်ခေါက်မိတ်ဆက်ပေးမယ့်ကားလေးကတော့ “ Galaksi “ လို့ခေါ်တဲ့လူငယ်ကြိုက်ကျောင်းသားလူမိုက်ကားလေးဖြစ်ပါတယ် ဂါလက်ဆီ လို့ခေါ်တဲ့ကောင်လေးတစ်ယောက်က Ravispa ဆိုတဲ့ကျောင်းသားတွေချည်းပါဝင်ထားတဲ့လူမိုက်အဖွဲ့ရဲ့ခေါင်းဆောင်ပါ လူမိုက်တွေဆိုပေမယ့် သူတို့တွေဟာ Broken Family ကနေ လာကြတဲ့ စိတ်ဒဏ်ရာကိုယ်စီနဲ့ ကလေးတွေဆိုလည်းမမှားပါဘူး တစ်နေ့မှာတော့ အဖွဲ့ခေါင်းဆောင်ဂါလက်ဆီဟာ သူတို့ကျောင်းက စာကြိုးစားတဲ့ စံပြကျောင်းသူမလေးတစ်ယောက်ကိုစိတ်ဝင်စားမိသွားပါတော့တယ် အဲ့ဒီကျောင်းသူမလေးကတော့ဂါလက်ဆီကိုဆိုရင်လုံးဝကိုကြည့်မရပါဘူး ဒါပေမယ့်တဖြည်းဖြည်းဂါလက်ဆီနဲ့သိကျွမ်းလာပြီး နောက်မှာ သူ့ကိုမမုန်းတော့တဲ့အပြင် ဂါလက်ဆီရဲ့ဘဝလေးကိုပြုပြင်ပေးနိုင်ဖို့ကြိုးစားပါတော့တယ် ဆက်လက်ပြီးတော့ သူမဂါလက်ဆီရဲ့ဘဝကိုပြုပြင်ပြီးလမ်းပြပေး နိုင်ပါ့မလား သူတို့နှစ်ယောက်ရဲ့အချစ်ရေးကချောမွေ့ပါ့မလားဆိုတာကြည့်လိုက်ကြရအောင် အညွှန်း နဲ့ ဘာသာပြန်ကတော့ Thae Thae ပဲ ဖြစ်ပါတယ်။ Genre….. Action, Drama, Romance Quality…. 1080p | 720p File size… 1.4GB | 792MB Format… mp4 Duration…. 1h 58min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Thae Thae Encoder ….. Aaron

6.5 2023
Galaksi
Jenny, Juno
6.3

Jenny, Juno ( 2005 ) ဂျယ်နီဂျူနိုဟာ ၁၅နှစ်ကလေးတွေရဲ့ အချစ်ဇာတ်လမ်းလို့ပြောရမလား။ ဒါမှမဟုတ် ၁၅နှစ်ကလေးတွေရဲ့ အမှားတွေအကြောင်းလို့ပြောရမလား။ ကလေးတွေရဲ့အသိစိတ်နဲ့ လူကြီးတွေရဲ့အသိစိတ်ကြားက သဘောထားကွဲလွဲမှုဇာတ်လမ်းလို့ပြောရမလား ခေါင်းစဉ်တပ်ရတော့ခက်တယ်။ ဂျယ်နီဂျူနိကို ရိုက်တဲ့ဒါရိုက်တာက ကင်ဟိုဂျွန်း။ လက်ရှိ အသက်အစိတ် ၃၀နားကပ်နေတဲ့လူတွေတော့ သူ့ကို မသိတောင် သူ့ကားတွေကို ရင်းနှီးကြမှာပဲ။ ကင်ရေဝန်း မွန်ဂန်ယောင်းနဲ့ ရှင်းဆယ်ဂယောင်းတို့ပါဝင်သရုပ်ဆောင်ခဲ့ဖူးတဲ့ My Little Bride ( 2004 )လိုကားမျိုးတွေ , Love Match (2014)တို့ , Touch By Touch (2015)တို့လို ၁၈ပလပ်ဆန်ဆန်ကိုရီးယားတွေ ရိုက်ခဲ့ဖူးတဲ့လူပါပဲ။ Love Match (2014)ကိုတော့ ကြည့်ဖူးတဲ့လူတွေ ငြိခဲ့ဖူးကြမှာပါ။ ဘာလို့လဲမသိ ဒီကားတွေမှာ တူညီတဲ့အချက်က မိန်းကလေးငယ်ငယ်လေးတွေနဲ့ လိင်မှုကိစ္စခန်းတွေပါနေတာပါပဲ။ My Little Bride ( 2004 ) နဲ့ အခုရုပ်ရှင် Jenny, Juno ( 2005 )ကတော့ အထက်တန်းကျောင်းသူ ကလေးမလေးတွေနဲ့ ဇာတ်လမ်းဖြစ်ကြတာကို ဇာတ်အိမ်တည်ထားပေမဲ့ အနုပညာအရတော့ အတိုင်းအတာတစ်ခုအထိတော့ အောင်မြင်ခဲ့တယ်။ ဇာတ်တွေလည်း ကောင်းခဲ့တယ်။ My Little Bride ( 2004 )ကတော့ သူ့ကားထဲ နာမည်အကြီးဆုံးလို့ပြောရမှာပေမဲ့ ဂျယ်နီဂျူနိုရဲ့ တမူထူးပြီး ရဲတင်းတဲ့ဇာတ်လမ်းကိုလည်း ပစ်ထားလို့မရပြန်ပါဘူး။ ဂျယ်နီဂျူနိုကတော့ သူ့နာမည်အတိုင်း ဂျယ်နီဆိုတဲ့ ကောင်မလေးနဲ့ ဂျူနိဆိုတဲ့ ၁၅နှစ်အရွယ်ကလေးတွေရဲ့ ဇာတ်လမ်းပါပဲ။ ဂျယ်နီဆိုတဲ့ တော်လည်းတော် လှလည်းလှတဲ့ ကောင်မလေးနဲ့ ဂျူနိုဆိုတဲ့ တော်လည်းတော် ချစ်ဖို့လည်းကောင်းတဲ့ ကောင်လေးဟာ ချစ်ကြိုးသွယ်မိရာက အဆင့်တက်ပြီး ချစ်ကြိုးတွေပါနွယ်မိကြတယ်။ သူတို့ထပ်ဆင့်နွယ်မိတဲ့ ချစ်ကြိုးလေးက ဂျယ်နီ့ဗိုက်ထဲက ကလေးလေးပေါ့။ ဒီကလေးလေးဖြစ်တည်စမှာ ဂျယ်နီကတော့ ဘာပဲဖြစ်ဖြစ် သူ့ကလေးကို သူမွေးမယ်လို့ ဆုံးဖြတ်ခဲ့တယ်။ ဂျယ်နီကတော့ ကလေးကို မွေးချင်ပေမဲ့ ဂျူနိုကတော့ နည်းနည်းအင်တင်တင်ဖြစ်နေခဲ့တယ်။ သူတို့ကလည်း အထက်တန်းကျောင်းသားလေးတွေပဲရှိကြသေးသကိုး။ ဒါပေမဲ့လည်း ဂျူနိုဟာ ဂျယ်နီ့သူ့ကလေးကို ချစ်သလောက်ကို ချစ်ခဲ့ပါတယ်။ ဂျယ်နီ ချဉ်ခြင်းတပ်တဲ့ စားစရာတွေဝယ်ကျွေးနိုင်ဖို့ သတင်းစာပို့တဲ့အလုပ်ကိုပါ လုပ်ခဲ့တဲ့အထိ ဂျူနိုဟာ သူ့မိန်းမကိုရော သူ့ကလေးကိုပါချစ်ခဲ့တယ်။ သူတို့ဟာ ကလေးအတွက် သူတို့နှစ်ယောက်တတ်နိုင်သလောက် လုပ်နေရင်းမှာပဲ သူတို့မိသားစုတွေကို ကာလတစ်ခုအထိဖုံးထားဖို့ပါ ကြိုးစားခဲ့ကြတယ်။ အစောကြီးသိသွားရင် ဖျက်ရလွယ်တော့ သူတို့ကလေးကို သူတို့မိဘတွေက ဖျက်ချခိုင်းမှာ စိုးခဲ့ကြလို့ပါပဲ။ ဒီရုပ်ရှင်ရဲ့ ၃ပုံ၂ပုံလောက်ဟာ သူတို့မိသားစုတွေ မသိအောင် သူတို့ဖုံးဖို့ ကြိုးစားရင်း သူတို့ဘာသာ ရုန်းကန်ရပုံတွေနဲ့ အသက်သွင်းထားတယ်။ နောက်တစ်ပုံမှာတော့ သူတို့မိဘတွေသိသွားရာကနေ လူကြီးတွေရဲ့အမြင်နဲ့ ကလေးတွေရဲ့ ဆုံးဖြတ်ချက်ကြား သဘောထားကွဲလွဲကြမှုကနေ ပြဿနာတွေတက်လာတော့ ဒီပြဿနာတွေကို ကျော်ဖြတ်နိုင်ပါ့မလား သူတို့ကလေးကိုရော မွေးခွင့်ရပါ့မလားကြည့်ရမယ့်ဇာတ်ပေါ့။ ဇာတ်ကတော့ တော်တော်မထော်မနန်းလို့ ပြောရမှာပေမဲ့ ကလေးတွေ သူတို့ကလေးကိုချစ်လို့ လုပ်ကြတာတွေကတော့ ကြည့်ရတာ ချစ်ဖို့တော့ကောင်းနေတယ်။ သရုပ်ဆောင်တွေကတော့ High Kick ( 2006 )နဲ့ Potato Star 2013QR3 တို့နဲ့ လူသိများတဲ့ Kim Hye-seongရယ် Time to Huntတို့ A Man and a Woman တို့လို အနုပညာအရအောင်မြင်ခဲ့တဲ့ ရုပ်ရှင်တွေထဲ သရုပ်ဆောင်ဖူးတဲ့ Park Min-jiတို့တွေပါပဲ။ ဇာတ်ရံတွေကလည်း လက်ရှိကေဒရာမာတွေမှာ မြင်နေကျလူတွေပဲဆိုတော့ ကြည့်ရတာတော့ အစိမ်းသက်သက်တော့ ဖြစ်မနေဘူး။ ဝေဖန်ရေးသမားတွေကတော့ ဂျယ်နီဂျူနိုရဲ့ ကလေးတွေကြားက ကိုယ်ဝန်ပြဿနာကို တင်ပြပုံဟာ တော်တော်လေးလက်တွေ့မကျတာမို့ ကလေးတွေကို အတုယူမှားစေနိုင်တယ်လို့ အပြစ်တင်ခဲ့ကြပေမဲ့ ဒါရိုက်တာကတော့ ဒီရုပ်ရှင်မှာ အပြစ်တင်ရမှာက အသက်မပြည့်ခင်အမှားလုပ်မိကြတဲ့ ဂျယ်နီဂျူနိတို့မဟုတ်ဘဲ သူတို့ဟာ သူတို့နည်းသူတို့ဟန်နဲ့ သူတို့အချစ်ကိုပြနေခဲ့တာဖြစ်ပြီး ဒီအချစ်ကို ငြင်းပယ်ခဲ့တဲ့ လူကြီးတွေကိုပဲ အပြစ်တင်ရမှာလို့ ဆိုခဲ့ပါတယ်။ ဒီရုပ်ရှင်ဟာ တာဝန်ယူမှုတာဝန်ခံမှုအကြောင်းလို့လည်း ဆိုခဲ့တယ်။ သူပြောတာလည်း သူ့နည်းသူ့ဟန်နဲ့တော့ ဟုတ်ပေမဲ့ ဝေဖန်ရေးသမားတွေပြောတာလည်း မမှားဘူး။ ဒါပေမဲ့ ရုပ်ရှင်ကို ရုပ်ရှင်လိုပဲ ကြည့်ကြရင်တော့ ဒီရုပ်ရှင်ဟာ အတိုင်းအတာတစ်ခုအထိတော့ ချစ်ဖို့ကောင်းတဲ့ ရုပ်ရှင်ပါပဲ။ ဆန်းကြယ်တာကတော့ ၂၀၀၇မှာ ကျွန်တော်တို့ချစ်ခဲ့ဖူးတဲ့ Elliot Pageလေးသရုပ်ဆောင်ထားတဲ့ အမေရိကန်ရုပ်ရှင် ဂျူနိုထွက်ခဲ့ပါတယ်။ သူလည်း ကိုယ်ဝန်ရသွားတဲ့ ဆယ်ကျော်သက်ကျောင်းသူလေးအကြောင်းပါပဲ။ ဒါပေမဲ့ ဇာတ်ညွှန်းဆရာကတော့ သူ့အနေနဲ့ ဂျယ်နီဂျူနိုကို မကြည့်ဖူးတာတော့ အမှန်ပါပဲလို့ပြောခဲ့ပါတယ်။ ဒီလိုအမေးခံရတာကြောင့်ပဲ စိတ်ဝင်စားပြီး ကြည့်ဖြစ်သွားခဲ့ပါတယ်။ ဒါပေမဲ့လည်း ဖန်တီးမှုတွေနဲ့ပတ်သက်ရင် ဒီလိုတိုက်ဆိုင်မှုမျိုးတွေက မြင်ရနေကျလိုလိုပါပဲ။ ဒီက သူစိမ်းအိမ်နဲ့ သူ့နောက်မှထွက်တဲ့ Ready Or Not ဇာတ်အခြေခံက တော်တော်လေးတူနေလို့ ဇစ်မြစ်တစ်ခုခုများရှိနေလို့ ရှာကြည့်ခ့ဖူးပေမဲ့ ဘာမှတော့မတွေ့ခဲ့ပါဘူး။ ထူးခြားတဲ့ တိုက်ဆိုင်မှုလို့ပဲပြောရမှာပါပဲ။ ဂျူနိုနဲ့ ဂျန်နီဂျူနိုကြားလည်း ဒီလိုပဲ ဖြစ်ပါလိမ့်မယ်။ အညွှန်းကိုတော့ WiRa Aung က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Lai Laii ပဲ ဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Lai Laii ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Romance Quality…. 1080p | 720p File size… 1.7GB | 882MB Format… mp4 Duration….1h 48min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Lai Laii Encoder ….. Aaron

Drama
6.3 2005
Jenny, Juno
Push
6.1

Push (2009) IMDb Rating (6.1) မင်းသားချော Chris Evans ၊ Djimon Hounsou ၊Clifford Curtis၊ မင်းသမီးချော Dakota Fanning ၊ Camilla Belle တို့လို သရုပ်ဆောင်တွေနဲ့ Push ရုပ်ရှင်ကတော့ စူပါဟီးရိုးခေတ်ဦးကို အမှတ်ရစေမယ့် စူပါဟီးရိုးရုပ်ရှင်တစ်ကားဖြစ်ခဲ့ပါတယ်။ ဇာတ်လမ်းကတော့… ဒုတိယ ကမ္ဘာစစ်အတွင်းမှာ နာဇီစစ်တပ်ဟာ သူတို့စစ်သားတွေရဲ့စွမ်းရည် မြင့်မားလာအောင် ဆေးဖော်စပ်ဖို့အတွက် မွေးရာပါ စွမ်းအားရှိသူ တွေကို ဖမ်းဆီးပြီး သုတသန လုပ်ခဲ့ပါတယ်။ အဲ့ဒီ့သုတေသနကြောင့် စွမ်းအားရှိသူတွေ အများအပြားသေဆုံးခဲ့ပေမယ့်မအောင်မြင်ခဲ့ပါဘူး စစ်ကြီးပြီးသွားတဲ့အခါမှာတော့ အမေရိကန်လျှို့ဝှက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Division လို့ခေါ်တဲ့အဖွဲ့က ထိုသုတေသနကိုဆက်လက်ဆောင်ရွက်ခဲ့ပြီး Kira လို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်က မသေဘဲ စမ်းသပ်ချက်အောင်မြင်ခဲ့ပေမယ့် ထွက်ပြေးလွတ်မြှောက်သွားတဲ့အခါမှာတော့ . . . ။

Thriller • Drama • Mystery • Horror • Crime
6.1 2009 111 mins
Push
High Forces
6

“ဝေဟင်ထက်က လေယာဉ်က မြေပြင်ပေါ်က စက်ဘီးကို ဝင်တိုက်သွားတယ်” ဆိုတာမျိုး ကြားဖူးမယ်ထင်ပါရဲ့… ဒီ Andy Lau နဲ့ နာမည်ကြီး မင်းသားမင်းသမီးတို့ကြိုးစားပြီးရိုက်ကူးထားတဲ့ High Force ကားလေးကတော့ ဒီလို ဆင်တူယိုးမား အဖြစ်ပျက်လေးကို ပုံဖော်ထားတာပါ… ဇာတ်လမ်းထဲမှာ ကောင်းဟောက်ကျွင်း တစ်ယောက်က ဘိုင်ပိုလာ ဆိုတဲ့ စိတ်ဓာတ်အတက်အကျမြန်တဲ့ ရောဂါကို ခံစားနေရတဲ့သူပေါ့… ဒါကြောင့်လည်း ရှိရင်းစွဲ အလုပ်က ထွက်ပြီး လေကြောင်းကုမ္ပဏီမှာ လုံခြုံရေးဝန်ထမ်းအဖြစ် အလုပ်ဝင်လုပ်ဖြစ်ခဲ့တယ်… သူ့ရောဂါကြောင့်ပဲ… သူချစ်ရတဲ့မိသားစုကို အဝေးကပဲ ဖြည့်ဆည်းပေးရသူဖြစ်လာခဲ့တယ်… ဘာလို့လဲဆိုတော့ သူစိတ်မထိန်းနိုင်ခဲ့တဲ့ လုပ်ရပ်တစ်ခုကြောင့် သူ့သမီးလေး ဘဝအလင်းပျောက်ခဲ့ရပြီး အမှောင်လောကထဲမှာ ရှင်သန်ရတဲ့ မျက်မမြင်လေးဘဝကို ရောက်သွားလို့ပါပဲ… သူတို့ မိသားစုအတူ ပြန်ဆုံတာကတော့ အိတ်ချ်ဝိုင် ၆၆၈ ဆိုတဲ့ လေယာဉ်ပေါ်မှာပေါ့… ဒီလေယာဉ်ပေါ်မှာ ကောင်းဟောက်ကျွင်းနဲ့အတူ ဘိုင်ပိုလာ ခံစားနေရသူ နောက်တစ်ဦးရှိပါသေးတယ်… သူ့နာမည်က မိုက်ခ်တဲ့… သူကတော့ ဒီလေယာဉ်ကို ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့သူတစ်ဦးပေါ့… မိုက်ခ်က ဘာလို့ လေယာဉ်ကို ထိန်းချုပ်ချင်တာလဲဆိုရင်တော့ လေကြောင်းပိုင်ရှင်ဆီက ငွေညှစ်ဖို့ပါပဲ… ဒါပေမယ့် သူကကြေးစားဆိုတော့နောက်ကွယ်မှာ ဘယ်သူရှိနေတာလဲ… သူတို့ဆန္ဒတွေပြည့်ဝမှာလား…သူတို့မမျှော်မှန်းထားတဲ့ အပြောင်းအလဲဖြစ်လာမှာလား… ‌နောက်ပြီး ကောင်းဟောက်ကျွင်းကရော ဒီခရီးမှာ သူ့မိသားစုနဲ့ အဖုအထစ်တွေ ဖြေရှင်းနိုင်မှာလား CM နဲ့အတူ ဇာတ်ကားလေးကြည့်ပြီး အဖြေရှာလိုက်ရအောင်နော်…

6 2024
High Forces
Tekka
6.4

Tekka 2024 ကောက်ရိုးတစ်မျှင် IMdb 6.4/10 လောကကြီးက တစ်ခါတလေ အရာရာကိုစွန့်လွှတ်ဖို့ တွန်းအားပေးလာချိန်မှာ ဆင်ခြင်တုံတရားကို အမှောင်ဖုံးလို့ လုပ်မိလုပ်ရာ ကောက်ရိုးတစ်မျှင်ကို ဆွဲမိတတ်ကြပါသတဲ့။ လူ့အဆင့်အတန်းရဲ့ အောက်ဆုံးအလွှာက ဒေါသအိုး သန့်ရှင်းရေးသမားလေးအစ်လက်ခ်တစ်ယောက် အထက်လူကြီးတွေရဲ့ သက်သက်မဲ့စော်ကားမှုတွေကို ဒေါသနဲ့တန်ပြန်မိတဲ့အတွက် အလုပ်ပြုတ်သွားတော့တာပေါ့။ အဲဒါနဲ့ပဲ အိမ်ကိုပြန်ရောက်လာတော့ သားဖြစ်သူကလည်း ကျောင်းလခမပေးနိုင်လို့ ကျောင်းထုတ်ခံလိုက်ရတဲ့အဖြစ်ဆိုးကို ရင်ဝကိုဆောင့်ကန်လိုက်သလိုပါပဲ။ စိတ်ပျက်နာကျည်းမှုတွေနဲ့ အထက်တန်းလွှာတွေရဲ့ နင်းပြားဘဝကို စိတ်ကုန်နေတဲ့ အစ်လက်ခ်တစ်ယောက် သူ့ရဲ့ရုံးအဆောက်အဦထဲမှာ ကလေးတစ်ယောက်ကို ပြန်ပေးဆွဲတဲ့အထိ ဖြစ်သွားပါတော့တယ်။ ဒီတော့ ACP မာယာတို့လည်း အစ်လက်ခ်ဆီကနေ ကလေးမလေးကိုကယ်ဖို့ ညှိနှိုင်းမှုလုပ်ဖို့လာရာကနေ အစ်လက်ခ်ရဲ့တောင်းဆိုမှုက ငွေမဟုတ်ဘဲ သူ့ရဲ့သန့်ရှင်းရေးအလုပ်ပဲဆိုတာကို သိလိုက်ရတာဖြစ်လို့ အားလုံး အဆင်ပြေလုဆဲဆဲမှာပဲ သမီးကိုကယ်ဖို့ ဘာမဆိုလုပ်ဖို့ အသင့်ဖြစ်နေတဲ့ ကလေးမလေးရဲ့အမေ ပူဂျာကလည်း အစ်လက်ခ်ကိုခြိမ်းခြောက်ဖို့ သူ့သားကိုပါ ပြန်ပေးဆွဲထားတာကို သိလိုက်ရချိန်မှာတော့… ဖခင်မေတ္တာနဲ့ မိခင်မေတ္တာရဲ့ အားပြိုင်မှုကြားမှာ ဒီကလေးနှစ်ယောက် မြေစာပင်မဖြစ်ရေးအတွက် ACP မာယာတို့အရာရှိတစ်သိုက် ဘယ်လိုတွေကြိုးစားသွားကြမလဲဆိုတာ ရှုစားကြပါဦး။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)

6.4 2024 130 mins
Tekka
The 97th Academy Awards LIVE | Oscar

The 97th Academy Awards LIVE | Oscars (2025) ရုပ်ရှင်လောကရဲ့ ဩဇာအကြီးဆုံးဆုပေးပွဲဖြစ်တဲ့ အော်စကာဆုပေးပွဲကြီးကို မြန်မာစံတော်ချိန် ၂၀၂၅ ခုနှစ် မတ်လ ၃ ရက်နေ့ မနက် ၆ နာရီအချိန်မှာ Live ထုတ်လွှင့်သွားခဲ့ပါတယ်။ Live ပွဲ စဆုံးကို မမီလိုက်သူတွေနဲ့ အေးအေးဆေးဆေးပြန်ကြည့်ချင်သူတွေအတွက် ရည်ရွယ်ပြီးတော့ Live တခုလုံးကို ပြန်လည်တင်ဆက်လိုက်ပါတယ်။ ကော်ဇောနီအင်တာဗျူး Red Carpet ကစလို့တင်ဆက်ထားပြီး ဆုပေးပွဲနဲ့ဆိုရင် စုစုပေါင်း ၃ နာရီခွဲ နီးပါးကြာမြင့်ပါတယ်။ HD 1080p Quality ဖြစ်ပြီး English Sub ကိုတော့ AI Sub ကနေယူပြီး တင်ဆက်ထားတာပါ။ CM App တခုထဲမှာ တင်ဆက်ထားတာမလို့ CM App ကနေအားပေးကြပါဦး။ CM App ကို www.cmapp.tv မှာရယူပါ။

Romance
0 2025
The 97th Academy Awards LIVE | Oscar
Alien Invasion: Rise of the Phoenix
5

ဇာတ်လမ်းအကျဉ်းကတော့ အဲလစ်နဲ့ဇွန်တို့ရဲ့အဖေ သိပ္ပံပညာရှင်ကြီးဟာဂြိုလ်သားကျူးကျော်မှုနဲ့ပက်သက်ပြီး တေသနတွေကိုတစိုက်မတ်မတ်ခဲ့ပေမယ့် လူအများကသူရဲ့သီအိုရီတွေ မှတ်တမ်းတွေကိုသိပ်မယုံကြဘူး။ အဲဒါကြောင့်ပဲ စိတ်ဓာတ်ကျကာကိုယ်ကိုယ်ကိုအဆုံးစီရင်သွားခဲ့တယ်။ အဲလစ်နဲ့ဇွန်တို့ကလည်းဖခင်ရဲ့ ရာကိုလိုက်နင်းပြီး အာကာသလေ့လာရေးကိုပဲအာရုံစိုက်ခဲ့တယ်။ ဇွန်ကတော့ PAX အာကာသယာဉ်မှာတာဝန်ထမ်းဆောင်နေပြီး လစ်ကတော့ မြေပြင်ထိန်းချုပ်ရေးစခန်းမှာလုပ်ကိုင်နေတယ်။ သူတို့အဖွဲ့ရဲ့အဓိကပရောဂျက်ဖြစ်တဲ့ ပစ္စည်းတွေသက်ရှိတွေကိုတစ်နေရာကနေတစ်နေရာကို Teleportation လုပ်ဖို့ပဲ။ နှစ်ပေါင်းများစွာအကြာလုပ်ကိုင်ပြီး ပထမဆုံးအကြိမ် တ္ထုပစ္စည်းလေးကို ကမ္ဘာမြေပြင်ကနေ PAX အာကာသယာဉ်ပေါ်ကိုလွှဲပြောင်းပေးမယ့်စမ်းသပ်ကိုလုပ်ဖို့အတွက် န္တာရကြီးထွက်လာကြခဲ့ကြတယ်။ လိုအပ်တဲ့ပြင်ဆင်မှုတွေလုပ်ပြီးလွှဲပြောင်းပေးလိုက်တဲ့အခါကထွက်ပေါ်လာစွမ်းအင်တွေကြောင့် မထင်ထားမိတဲ့အတိတ်ကသတ္တဝါဆိုးကြီးလှုပ်နိုးမိလိုက်တဲ့အခါမှာတော့…… File Size… (1.11 GB) / ( 731 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 29m Genre …..Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by TML

5 2025 90 mins
Alien Invasion: Rise of the Phoenix
My Tutor Friend 2
6.5

My Tutor Friend 2 (2007) ***************************** ဒီတစ်ခါမှာတော့ အချစ်ဟာသဇာတ်လမ်းလေးတွေကို ပေါ့ပေါ့ပါးပါး ကြည့်ရတာ သဘောကျတဲ့ ပရိသတ်ကြီးအတွက်် My Tutor Friend 2 ဆိုတဲ့ ရုပ်ရှင်လေးကို မိတ်ဆက်ပေးလိုက်ပါတယ်။ ၂၀၀၃ ခုနှစ်က ထုတ်လွှင့်ခဲ့တဲ့ My Tutor Friend ရုပ်ရှင်ရဲ့ နောက်ဆက်တွဲအနေနဲ့ ကြော်ငြာခဲ့ပေမဲ့ ဇာတ်ကောင်နဲ့ ဇာတ်လမ်းအကြောင်းအရာအားလုံးဟာ ကွဲပြားနေပြီး ကျောရိုးဇာတ်လမ်းသာ တူညီတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း **************** ဂျွန်ကို ဆိုတဲ့ကောင်မလေးဟာ ဂျပန်ကနေ ကိုရီးယားကို ဘာသာစကားလေ့လာဖို့ exchange ကျောင်းသူအနေနဲ့ ရောက်လာခဲ့ပါတယ်။ ကိုရီးယားရောက်ရောက်ချင်း ရင်းနှီးဖော်ရွေပြီး ဟင်းချက်ကောင်းလွန်းတဲ့ တည်းခိုရိပ်သာပိုင်ရှင်က သေချာပြင်ဆင်ထားတဲ့ အခန်းတစ်ခန်းပေးပြီး နေခွင့်ပေးထားပါတယ်။ ဒါပေမဲ့ ဒီအခန်းပိုင်ရှင်က သူနဲ့လုံးဝ အဆင်မပြေ မနှစ်မြို့စရာကောင်းတဲ့ ဂျုံးမန်ရဲ့ အခန်းမှန်း သိသွားတဲ့အခါမှာ နေရာပြောင်းဖို့ စီစဉ်ပါတော့တယ်။ တည်းခိုရိပ်သာပိုင်ရှင်က ဂျွန်ကိုကို မပြောင်းသွားဖို့ တောင်းဆိုရင်း သူ့သားဖြစ်တဲ့ ဂျုံးမန်ကိုပါ ဂျွန်ကိုအတွက် ကိုရီးယားစာသင်ပေးဖို့ စေခိုင်းလိုက်ပါတော့တယ်။ ဒီလိုနဲ့ မျက်နှာမြင်လိုက်တာနဲ့ မတည့်ကြတဲ့ ဂျွန်ကိုနဲ့ ဂျုံးမန်တို့ နှစ်ယောက်ကြား ဘယ်လို ပြဿနာတွေ ဖြစ်ကြပြီး ဘယ်လိုအလွဲတွေ ကြုံရမလဲဆိုတာကို ဟာသလေးနှောပြီး ကြည့်ရှုခံစားသွားရမှာပဲဖြစ်ပါတယ်။ Cast တွေအနေနဲ့ကတော့ VIP , Celebrity စတဲ့ ဇာတ်ကားတွေကနေ လူသိများခဲ့တဲ့ မင်းသမီး Lee Chung Ah နဲ့ My Man is Cupid, Bridal Mask စတဲ့ဇာတ်လမ်းတွဲတွေမှာ ပါခဲ့တဲ့ မင်းသား Park Ki Woong က အဓိကဇာတ်ကောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ (အညွှန်းကို Nyein Sandi မှ ရေးသားထားပါတယ်) File size…1.86 GB/ 899 MB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 2h 7m Genre ….. Comedy, Drama, Romance Subtitle….Myanmar Subtitle (Hard Sub) Translated by Nyein Sandi Encoded by AHtet

6.5 2007 125 mins
My Tutor Friend 2