YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The.Order.2024.720p.WEBRip (CM).mp4

734.13 MB N/A video/mp4 417 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Pretty Red Dress
6.7

Pretty Red Dress (2022) ================== သိပ်လှတဲ့ အနီရောင်ဝတ်စုံတစ်စုံက မိသားစုတစ်စုကို လုံးဝပြောင်းလဲ ပေးလိုက်တဲ့အကြောင်းပေါ့။ ဖုံးနေတာတွေ ပုန်းနေတာတွေ ပေါ်လာပြီး၊ မိသားစု၃ယောက်လုံး တစ်ဦးချင်းစီရဲ့သွင်ပြင်အစစ်အမှန်တွေကို ထွက် ပေါ်လာစေတယ်လို့ပဲ ဆိုရလေမလား။ သမီးကိုကျွေးမွေးဖို့ အလုပ်လုပ် ရင်း သူ့ရဲ့အိပ်မက်ကို လက်မလွှတ်နိုင်ဘဲ တစ်ဖက်တစ်လမ်းကနေ ဖြစ် ညှစ်ကြိုးစားနေတဲ့အမေ။ ယောက်ျားလေးဆန်ပြီး ဂျစ်ကန်ကန်နိုင်တဲ့ အပြင် မိဘတွေနဲ့အစေးမကပ်တဲ့ သမီးလေး။ ဇိုးလိုလို ဘာလိုလိုနဲ့ ထောင် ကနေ ထွက်လာခါစအဖေ။ တစ်နေ့မှာတော့ ချစ်ဇနီးရဲ့အလိုကိုအရင်းပြုလို့ အစ်ကိုဖြစ်သူရဲ့ဆိုင်မှာ အလုပ်လုပ်ပေးဖို့ဖြစ်လာပြီး အိမ်သူသက်ထားလိုချင်လှပါချည်ရဲ့ဆိုတဲ့ အနီရောင်ဝတ်စုံလှလှလေးကို မောင်မင်းကြီးသားက ချွေးနှဲစာနဲ့ မဖြစ် ညှစ်ကျယ်ဝယ်ပေးရှာတော်မူတယ်။ အဲလိုနဲ့ အဲဒီအနီရောင်ဝတ်စုံ သူတို့ အိမ်ရောက်လာချိန်ကစလို့ မထင်မှတ်ထားတဲ့ ပြဿနာတစ်ခုအရင်းပြု ပြီး မိသားစုဆက်ဆံရေးကြား အဖုအထစ်၊ချိုင့်ခွက်လေးတွေ ဟိုနေရာ သည်နေရာကနေ ပေါ်လာတော့တာပေါ့။ ပတ်ဝန်းကျင်က ဘယ်လိုပဲဖြစ်ဖြစ် ဘာတွေပဲပြောပြော၊ကိုယ့်ဘေးနားက ကိုယ့်မိသားစုလောက် အရေးကြီးပါ့မလား။ အဲဒီအနီရောင်ဝတ်စုံကြောင့် သူတို့၃ယောက်လုံး ပြောင်းလဲသွားတယ်။ အသိတွေပြောင်းလဲသွားတယ်။ အမူအကျင့်တွေပြောင်းလဲသွားတယ်။ အမြင်တွေပြောင်းလဲသွားတယ်။ နည်းလမ်းတွေပြောင်းလဲသွားတယ်။ ဒီမိသားစုကတော့ တစ်ဦးချင်းစီရဲ့ ပြောင်းလဲမှုတွေကို စစ်မှန်တဲ့သံယောဇဉ်တွေနဲ့ လက်ခံပေးခဲ့ကြပါသတဲ့လေ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size..........(2.19 GB) / (804 MB) / (465 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 50Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......Ngwe Zin Encoder..........SWM

Mystery • Thriller
6.7 2023 110 mins
Pretty Red Dress
Jungle Cruise
7.4

တောတွင်း အပျော်စီး သင်္ဘောကြီး စီးဖို့ အသင့်ဖြစ်ကြပြီလားဗျိုု့ မာလိန်မှူး ထူးစိန် တော့ မဟုတ်ဘူး ပရိတ်သတ်များရဲ့အချစ်​တော်ကြီး မာလိန်မှူးကြီး ​မောင်​ကျောက်ခဲ (The Rock) နဲ့ "ရူးတိုးတိုး"part 1 and 2ဇာတ်ကားထဲက မင်းသမီး "Emily Blunt" တို့ရဲ့ Jungle Cruise ဆိုတဲ့ အခွီ၊ စွန့်စားခန်း၊ အက်ရှင်ကားသစ်​ကြီးကို ဒီ​နေ့ထွက် ဒီ​နေ့ချက်ချင်း ချန်နယ်မြန်မာပရိတ်သတ်ကြီးဆီ တင်ဆက်​ပေးလိုက်ပါပြီ ပထမကမ္ဘာစစ်​ခေတ်ကို ​ကျောရိုးယူထားပြီး သ​င်္ဘောမာလိန်မှူးကြီး "ဖရန့်"ဦး​ဆောင်ကာ ​ဒေါက်တာ"လီလီဟော်တန်"နဲ့ သူ့အကိုတို့ပါဝင်တဲ့ လူစွန့်စားသုံး​ယောက်အဖွဲ့ဟာ အ​မေဇုန်​တောနက်ကြီးထဲမှာရှိတဲ့ "လမျက်ရည်"ဆိုတဲ့ သစ်ပင်ကြီးကို သွား​ရောက်ရှာ​ဖွေခဲ့ကြပါတယ်။ ဒီသစ်ပင်ကြီးဟာဆိုရင် ဖျားနာမှုမှန်သမျှကို ယူပစ်သလို သက်သာ​စေတဲ့ နတ်​ဆေးပင်ကြီး တစ်ပင်ပါ အဲ့ဒီနတ်​ဆေးပင်ကြီးကို သွား​ရောက်ရှာ​ဖွေရင်း ​တောကြီးမျက်မည်းတို့ရဲ့မာယာအတိုင်း ကြုံ​တွေ့ရမယ့်သတ္တဝါဆိုးတွေ၊ ​​ဘေးအန္တရာယ်တွေကို သူတို့ဘယ်လို စွန့်စွန့်စားစား​ကျော်ဖြတ်ကြမလဲ ဒီ​လောက်အစွမ်းထက်လှတဲ့ နတ်​ဆေးပင်ကြီးကို ရှာ​ဖွေဖို့ ကြိုးစား​နေတာ သူတို့သုံး​ယောက်ထဲ ဟုတ်ပါ့မလား၊ ဘယ်လိုလူဆိုး​​တွေပါ​နေဦးမလဲဆိုတာကို ကြည်​တောက်ရှင်းခံစားကြည့်ရှူလိုက်ပါဦး ပရိတ်သတ်ကြီးတို့... အညွှန်းကိုတော့ JimX က ရေးသားပေးထားပါတယ်။ ဘာသာပြန်တွေကတော့ CM Team ပဲ ဖြစ်ပါတယ်။ File size… (5GB) /(2.6GB)/ (1.3 GB) / (673 MB) Quality….BluRay 4K HEVC / WEBDL 1080p/720p/480p Format…mp4 Duration….2h 7min Subtitle….Myanmar Subtitle (Hardsub) Translator ..... CM Team Encoder ..... Nyeinseya Aung and August

Comedy • Drama • Family
7.4 2021 127 mins
Jungle Cruise
Jigsaw
6.2

Jigsaw 2017 ရုပ်ရှင်ဟာ နာမည်ကျော် Saw ရုပ်ရှင် Franchise ရဲ့ ၈ကားမြောက် ရုပ်ရှင်ဖြစ်ပါတယ်။ သေဆုံးသွားပြီလို့ အားလုံးကထင်ထားကြတဲ့ ကွင်းဆက်လူသတ်သမား Jigsaw က ဆယ်စုနှစ်တစ်ခုအကြာမှာ ပြန်လည်ပေါ်ထွက်လာပြီး သူ့ရဲ့ထုံးစံအတိုင်း လူတွေကို ညှင်းပန်းနှိပ်စက် အပြစ်ဝန်ခံခိုင်းပြီး ရက်ရက်စက်စက် သတ်ပါတော့တယ်။ ဒီတစ်ခါမှာလဲ Jigsaw က ဘယ်လိုတွေ ဖမ်းဆီးသတ်ဖြတ်ပြမှာလဲ၊ သူ့ကိုရော ဘယ်လိုအမိဖမ်းကြဦးမလဲဆိုတာတော့ ရုပ်ရှင်ထဲမှာ ဆက်လက်ခံစားကြပါ။ Budget အနေနဲ့ ဒေါ်လာ ၁၀ သန်းသာအသုံးပြုခဲ့ပေမယ့် ဝင်ငွေ သန်း ၁၀၀ ကျော်ပြန်လည်ရရှိခဲ့တဲ့ကားဖြစ်သလို သွေးထွက်သံယိုအခန်းတွေ အရမ်းများတာကြောင့် မြန်မာနိုင်ငံမှာတောင် ရုံတင်ခွင့်ပိတ်ပင်ခဲ့ရတဲ့ ကားတစ်ကားဖြစ်ပါတယ်။ Saw franchise ရဲ့နောက်ဆုံးကားဖြစ်သလို ဇာတ်ကားကောင်းတစ်ကားဖြစ်တာကြောင့် Horror ကြိုက်တဲ့ပရိသတ်တွေ ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားပါ။ File Size : 1.07GB Quality : Blu-Ray 720p Running Time : 1hr 32min Format : Mp4 Genre : Crime, Horror, Mystery Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BluRay.x264-GECKOS Translated by Khin Pyae Sone Kyaw Encoded by Thanhtike Zaw

Comedy • Fantasy
6.2 2017 92 mins
Jigsaw
[18+] Alapaap
7.3

Alapaap (2022) ~ IMDb rating – 7.3/10 ~ အဲရစ်ဦးဆောင်တဲ့ သူငယ်ချင်းအုပ်စုဟာ အခုချိန်မှာ ရုပ်ရှင်ကျောင်းဆင်းတစ်ယောက်ဖြစ်တဲ့ အဲရစ်ရဲ့ Thesis အတွက် မှတ်တမ်းရုပ်ရှင်တစ်ခုဖြစ်မြောက်ရေးကို ဝိုင်းဝန်းကူညီနေကြပါတယ်။ အားလုံးဟာ လူချမ်းသာ အသိုင်းအဝိုင်းကြီးတွေက မွေးဖွားဆင်းသက်လာတဲ့ ဘဝအပေါ်ရှုမြင်တွေးခေါ်ပုံတွေကအစ အစဉ်အလာနဲ့ဖောက်ထွက်ဆန့်ကျင်ကြတဲ့ လူငယ်ပညာတတ်တွေဖြစ်ပြီး K တွေ E တွေကို ပဲကြီးလှော်လိုသုံးစွဲ လိင်မှုကိစ္စအရာမှာလဲ ပွင့်လင်းလွတ်လပ်အစွန်းရောက်လွန်းပြီး Orgy တွေ သီရိစံတွေ ဘာညာဆိုတာ သူတို့ဘဝမှာနေ့စဉ်ထမင်းစားရေသောက်ပါ။ အားလုံးဟာ အတိတ်စိတ်ဒဏ်ရာတွေ အမှောင်ကိုယ်စီရှိတဲ့လူတွေဖြစ်ပေမယ့် လက်ရှိဘဝမှာတော့ အားလုံးကိုမေ့ထားပြီး ပေါ့ပေါ့ပါးပါးနေထိုင်ကြပါတယ်။ အဲရစ်ရဲ့မှတ်တမ်းရုပ်ရှင်ဟာ ဖိလစ်ပိုင်အစွန်အဖျားက ဘန်ယန်ဆိုတဲ့ ရှေးဟောင်းတိုင်းရင်းမျိုးနွယ်စုတစ်ခုအကြောင်းဖြစ်တဲ့အတွက် အဲ့ဒီနေရာကို ကုန်းတစ်တန်ရေတစ်တန်နဲ့ ခရီးသွားဖို့ဖြစ်လာတဲ့နောက်မှာတော့ အဲ့ဒီခရီးဟာ သူတို့ဘဝတွေကို တစ်ဆစ်ချိုးပြောင်းလဲစေမယ့် တစ်သက်မမေ့နိုင်စရာ ခရီးတစ်ခုဖြစ်လာပါတော့တယ်။ အဖော်အချွတ်တွေ လိင်ဆက်ဆံခန်းတွေ ပုံမှန်ထက်ပိုကြမ်းတမ်းတဲ့အပြင် သွေးထွက်သံယိုတွေ၊ ရက်စက်တဲ့ပြကွက်တွေလဲ အများကြီးပါဝင်တဲ့အတွက် စိတ်မထိန်းနိုင်တဲ့သူတွေ အသည်းငယ်တဲ့သူတွေကြည့်ဖို့မသင့်တော်ပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.91GB, 950MB Quality – 1080p, 720p Format – mp4 Duration – 2H 10Min Genre – Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Animation • Comedy • Family
7.3 2022 130 mins
[18+] Alapaap
Blood on the Nameless River
5.8

ကိုရီးယားအမေရိကန်စစ်ပွဲကိုအခြေခံထားတဲ့ သွေးနဲ့ရေးတဲ့စစ်ပွဲဇာတ်လမ်းတစ်ပုဒ်ကိုတင်ဆက်ပေးလိုက်ပါတယ်။ ရန်သူအမေရိကန်စစ်တပ်တွေကိုတားဆီးနိုင်ဖို့အတွက်ဆိုရင် သူတို့ရဲ့ရိက္ခာအထောက်အပံ့တွေကိုဖြတ်ပစ်လိုက်တာဟာ ခြေထောက်နှစ်ချောင်းကိုဖြတ်ပစ်သလိုပဲထိရောက်ပါလိမ့်မယ်။ အဲဒါကြောင့် တုချွမ်းတို့တပ်စုဟာရိက္ခာဖြည့်တဲ့ထောက်ပို့စခန်းတစ်ခုကိုဝင်စီးကြပါတယ်။ အဲဒီထောက်ပို့စခန်းကိုဝင်စီးလိုက်တဲ့အချိန်မှာ မထင်မှတ်ပဲ ရန်သူရဲ့စစ်ကြောင်းကိုသိလိုက်ရပါတယ်။ တရုတ်ပင်မစခန်းကြီးကို အမေရိကန်တွေရဲ့အမြှောက်တပ်ကြီးရောက်မသွားအောင် တုချွမ်းတို့တပ်စုဟာအစွမ်းကုန်ကြိုးစားရဖို့တာဝန်ဖြစ်လာပါတယ်။ ရန်သူနဲ့အင်အားမမျှတဲ့အတွက် သူတို့တပ်စုလေးဟာ ဘယ်လိုနည်းဗျူဟာတွေသုံးပြီး အမေရိကန်တွေကိုတားမလဲဆိုတာ စိတ်ဝင်စားဖို့အရမ်းကောင်းပါတယ်။ ပီပြင်တဲ့ဆက်တင်နဲ့သရုပ်ဆောင်ချက်တွေကြောင့် စစ်ကားကြိုက်တတ်တဲ့သူတွေရဲ့ ကျေနပ်စရာကောင်းတဲ့ကားလေးတစ်ကားဖြစ်မှာသေချာပါတယ်။

Drama
5.8 2023
Blood on the Nameless River
Paul, Apostle of Christ
6.6

၂၀၁၈ ကထွက်ရှိခဲ့တဲ့ Paul, the Apostle of Christ ဟာ အမေရိကန်သမ္မာကျမ်းလာရုပ်ရှင်ဇာတ်ကားတစ်ခုဖြစ်ပြီး Andrew Hyatt က ရိုက်ကူးပေးထားပါတယ်။ တမန်တော်ပေါလ်အဖြစ် James Faulkner နဲ့ သူတော်စင် လု့ခ်အဖြစ် Jim Caviezel တို့က ပါဝင်သရုပ်ဆောင် ပေးထားပါတယ်။ Jim Caviezel ဟာ ၂၀၀၄ ခုနှစ်ကရုပ်ရှင် The Passion of the Christ မှာလည်း ယေရှုအဖြစ်ပါဝင် သရုပ်ဆောင်ခဲ့ဖူးသူဖြစ်ပါတယ်။ Paul, the Apostle of Christ ကတော့ ပေါလ်ရဲ့ ဇာတ်ကြောင်းကိုရိုက်ကူးထားတာဖြစ်ပါတယ်။ ခရစ်ယာန်တွေကို ရက်ရက်စက်စက်နှိပ်ကွပ်တတ် သူဖြစ်တဲ့ပေါလ်ဟာ ခရစ်ယာဘာသာဝင်အဖြစ် ကူးပြောင်းပြီးတဲ့နောက် ခရစ်ယာန်ဘာသာအတွက် အကြီးမားဆုံးအကျိုးပြုသူတစ်ဦးဖြစ်လာခဲ့ပါတယ်။ ရောမမှာ ဧကရာဇ်နီရိုရဲ့ကွပ်မျက်မှုမခံရခင် အစောပိုင်း ကာလချာ့ချ်ကျောင်းတွေပေါ်ပေါက်လာရေးအတွက် အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့ပုံကို အဓိက ရိုက်ကူးပြထားပါတယ်။ ပေါလ်ဟာ ခွင့်လွှတ်မှုကို လက်ကိုင်ထားသူဖြစ်ပြီး ဒီအယူအဆက ဒီနေ့ခေတ်မှာ မဖြစ်နိုင်တော့တဲ့အရာတစ်ခုဖြစ်လာလုနီးပါးဖြစ်လာပေမယ့် အမှန်တကယ်လိုအပ်တဲ့အရာတစ်ခုလည်းဖြစ်တယ်ဆိုတာကို ပုံဖော်ပြထားပါတယ်။ ပေါလ်ရဲ့နောက်ဆုံးနေ့ရက်တွေမှာ လု့ခ်က ဆရာဖြစ်သူကိုတွေ့ရဖို့ အကြိမ်ကြိမ်အသက်စွန့်ပြီး ပေါလ်ရဲ့ဘဝအတွေ့အကြုံနဲ့အဆုံးအမတွေကို မှတ်တမ်း တင်ရေးသားခဲ့ပုံတွေကိုလည်း မြင်တွေ့ရပါတယ်။ Paul, the Apostle of Christ ရုပ်ရှင်ဟာ Grace Award for Movies နဲ့ Best Christian Movie ဆုနှစ်ခုကိုရရှိခဲ့ပါတယ်။ ဒေါ်လာ ၅ သန်းအကုန်အကျခံရိုက်ကူးခဲ့ပြီး ရုံတင်ဝင်ငွေဒေါ်လာ ၂၅.၅ သန်းပြန်လည်ရရှိခဲ့တဲ့ရုပ်ရှင်လည်းဖြစ်ပါတယ်။ File size…1.42GB / 638MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 48m Genre ….. Adventure , Biography , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

6.6 2018 108 mins
Paul, Apostle of Christ
End of the World
5.7

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကစပြီးတော့ Auroras ဥတ္တရအလင်းတန်းတွေကို ဝင်ရိုးစွန်းဒေသတွေတင်မှာမကဘူး ဥရောပအလယ်ပိုင်း အမေရိကန်နိုင်ငံအလယ်ပိုင်းဒေသနဲ့ ဩစတေးလျတိုက်နဲ့ နယူးဇီလန်တို့မှာပါမြင်ရလာတဲ့ Trendလေးအမီ (၂၀၁၈)ကထွက်ထားတဲ့ဒီကားလေးကိုတင်ပေးလိုက်ပါတယ်။ ဒီ Auroras တွေဟာ နေပေါ်မှာဖြစ်ပေါ်တဲ့ အလွန်ပြင်းထန်တဲ့မုန်တိုင်းကြောင့်ဖြစ်လာတာဖြစ်တယ်။ ယခု (၂၀၂၄)ခုနှစ်ဟာ နှစ်(၂၀)အတွင်း အပြင်းထန်ဆုံး နေမုန်တိုင်း ကမ္ဘာကိုရိုက်ခတ်တာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ နေမုန်တိုင်းပေါက်ကွဲမှုကြောင့် ဖြစ်လာတဲ့ Corona Mass Ejection (CME)ရဲ့အားဟာအရမ်းပြင်းတဲ့အခါ ကမ္ဘာလေထုကိုပါသက်ရောက်သွားပြီး ရာသီဥတုတွေဖောက်ပြန်ကာ သဘာဝကပ်ဘေးတွေကျရောက်လာတဲ့အကြောင်းကိုရိုက်ထားတာပဲဖြစ်ပါတယ်။ သိပ္ပံပညာရှင်အမေနဲ့ စစ်တပ်ထွက်အဖေတို့ဟာ သားနဲ့သမီးကို သဘာဝကပ်ဘေးကနေအစွမ်းကုန်ကြိုးစားပြီး သူရဲကောင်းဆန်ဆန်ကာကွယ်သွားတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ Low Budget ကားဖြစ်လို့Effectတွေသိပ်မကောင်းလှပေမယ့် solar flares တွေ solar storms တွေအကြောင်း ဗဟုသုတတွေရပါတယ်။

5.7 2018
End of the World
Always I Am

Always I Am ( 2023 )==================Always I Am ကို ကိုရီးယား Art House ရုပ်ရှင်လို့ပြောရင်လည်း ကောင်း‌ကောင်းကြီးရလောက်တယ်။ ကိုရီးယားဇာတ်လမ်းတွဲတွေမှာ အမြင်ရများတဲ့ ဇာတ်ပို့ဇာတ်ရံတွေကို အဓိကထားသုံးထားပေမဲ့ လူကြိုက်နည်းတဲ့ ရုပ်ရှင်ဖြစ်မယ်လို့တော့ ထင်ရတာပဲ။ ဒါလည်းမသေချာပါဘူး၊ Little Forsestလိုကားမျိုးတွေကို လူအများစု ကြိုက်တတ်ကြတော့ ဒီရုပ်ရှင်ကိုလည်း ကြိုက်ရင်လည်း ကြိုက်ကြမှာပဲ။ အဲဒီထက်တော့ နည်းနည်းလေး ပိုအေးစက်တယ်။ သေချာတာတစ်ခုကတော့ Always I Am ဟာ ဟုန်းဆန်းဆူပရိသတ်တွေတော့ ကြည့်ကို ကြည့်သင့်တဲ့ရုပ်ရှင်မျိုးပဲ။ဇာတ်ကတော့ ခက်ခဲတဲ့လက်တွေ့ကနေ မေ့ထားခဲ့တဲ့ တစ်ချိန်တစ်ခါဆီက လွတ်လပ်မှုတွေကို ပြန်ရှာကြတဲ့ လူတွေအကြောင်းလို့ပြောရမယ်။ အဆိုတော်တို့ ရုံးအလုပ်သမားတို့ ဘာတို့လို ဆိုးလ်လို မြို့ကြီးပြကြီးမှာ မွန်းကျပ်လာရာကနေ နယ်ဘက်ကျေးဘက်ကို စိတ်ပြေလက်ပျောက် ခဏခရီးထွက်သွားကြရင်း တစ်ချိန်ကမေ့ထားခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ရှာဖွေတွေ့ရှိကြတဲ့အကြောင်းအရာကို ရိုက်ပြထားတယ်။ ဇာတ်လမ်းတည်ဆောက်ပုံရော ပြောပြချင်တဲ့အမြင်ရော တော်တော်လေးကောင်းတဲ့ ရုပ်ရှင်တစ်ကားပါပဲ။ ဇာတ်အဖွင့်မှာရေးထားတာက ” တကယ့်မရှိလို့မဖြစ်တဲ့အရာတွေဟာ မျက်လုံးနဲ့မမြင်နိုင်တဲ့အရာတွေပဲ”တဲ့။ Always I Am ဟာ အဲဒီအရာတွေအကြောင်းပေါ့။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူက‌တော့ W ပါ )File size_(2.3GB)/(950MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:53:00 Genre_Drama, Music Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by W Download Nulled Scripts and Plugins Download Nulled Scripts and Plugins.generalmenu { font-size:0; }

0 2023 113 mins
Always I Am
Secret Sunshine
7.5

Secret Sunshine (2007) ************************* နောင်များဆိုရုပ်ရှင်ဇာတ်ကောင်တွေထဲ အမုန်းဆုံးဇာတ်ကောင်ကို ပြောပါဆို Secret Sunshineထဲက Shin Aeဇာတ်ကောင်ကိုပြောရလိမ့်မယ်။ ဒီဇာတ်ကောင်က ဘာမှထူးထူးခြားခြားတော့ ဆိုးယုတ်နေတာတော့ မဟုတ်ဘူး။ ခံစားမှုလားရာမတူရင် အထူးသဖြင့် မဝါဒီတစ်ယောက်ဆိုရင်တော့ အမြင်တူမယ်မထင်ဘူး။ ဒီဇာတ်ကောင်တစ်ကောင်တည်းမှာကို လီချန်းဒုံပြချင်တဲ့ အချက်က သိပ်များတယ်။ သူ့ဇာတ်လမ်းရဲ့ကျောရိုးထက် ဒီအမျိုးသမီးကအများကြီးပိုအရေးပါတယ်။ ဇာတ်အိမ်ဘက်ကိုပြောရရင်လည်း လီချန်းဒုံရဲ့ ရုပ်ရှင်ပီသစွာပဲ သူပြသချင်တဲ့ Main Pointဆိုတဲ့ အရာက ရှိမနေခဲ့ဘူ။ သူ့ရဲ့ အမြစ်တွေအများကြီးနဲ့သစ်ပင်မှာ အားလုံးဟာရေသောက်မြစ်တွေချည်း။ ဇာတ်အိမ်ဟာ အစနာရီဝက်လောက်မှာတင် ဘာမှဆက်ဖြစ်စရာ မရှိတော့သလိုပဲ။ အဲ့ဒီဆက်ဖြစ်စရာမရှိတာကိုဆက်ဖြစ်နေတာက ဒီရုပ်ရှင်ရဲ့ ထူးခြားမှုလို့ထင်ရတယ်။ ရိုက်ပြသွားတာကလည်း အကုန်ရိုးရိုးရှင်းရှင်းလေးတွေ လီချန်းဒုံဟာ စာပေသမားကနေ ဒါရိုက်တာဖြစ်လာတဲ့ လူပီပီပဲ သူ့ဇာတ်လမ်းဟာ လက်တွေ့ထက် လက်တွေ့ပိုဆန်တယ်။ ကျွန်တော်အကြိုက်ဆုံးကတော့ ဆေးလိပ်သောက်တဲ့အခန်းတွေပဲ။ ရုပ်ရှင်တော်တော်များများမှာ ဆေးလိပ်သောက်တာကိုထည့်ရင် လက်တွေ့ကျတာ ရှားတယ်။ စမတ်အရမ်းကျလွန်းတဲ့ ဟန်ဖြစ်နေတတ်တယ်။ လီချန်းဒုံရဲ့ ရုပ်ရှင်တွေက ဆေးလိပ်သောက်ခန်းတွေဟာ အဲ့ဒီလိုဖြစ်မသွားဘူး။ နိစ္စဓူဝတစ်ခုလို သူ့ဇာတ်ကောင်တွေသောက်နေကြတဲ့ဟန်ကို အပြည့်အဝခံစားရတယ်။ ကျန်တဲ့အခန်းတွေမှာလည်း သူဟာ ရုပ်ရှင် မဆန်ပါဘူး။ ရုပ်ရှင်ရိုက်ပြထားတာနဲ့မတူဘဲ တကယ့်ကမ္ဘာကြီးလိုဖြစ်နေတာကိုက။သူ့ဟန်ပါပဲ။ လီချန်းဒုံဟာ ကဗျာဆရာဖြစ်တဲ့အတွက် ကဗျာဆန်နေပြီး ဝတ္တုရေးတဲ့လူဖြစ်တဲ့အတွက် အရမ်းလက်တွေ့ကျတယ်။ သူဟာ ကဗျာဆန်တဲ့ လူဖြစ်ကြောင်းကို သူ့ရုပ်ရှင်နာမည်တွေကတင် သက်သေပြနေတယ်။ Peppermint Candy,Secret Sunshine, Poetry,Oasis စတဲ့ ချစ်စရာနာမည်လှလှလေးတွေ သူသုံးတတ်တယ်။ Novelist ပီသစွာပဲ အထဲကဇာတ်လမ်းတွေဟာ လက်တွေ့ထက် လက်တွေ့ဆန်နေတယ်။ စိတ်ပျက်စရာကောင်းတဲ့ကမ္ဘာကြီးနဲ့ စိတ်ပျက်စရာလူတွေကို တင်ပြတဲ့နေရာမှာ သူဟာ သိပ်ကဗျာဆန်တယ်။ ဒီလိုထူးခြားတဲ့တင်ပြမှုကြောင့်လည်း သူ့ရုပ်ရှင်ကားတိုင်ဟာ ပြည်တွင်းပြည်ပ ရုပ်ရှင်ဆုပေးပွဲတွေမှာ ဆုတွေတန်းစီရတယ်။ ကိုရီးယားရုပ်ရှင်လောကမှာ Kim Ki-duk, Park Chan-wook Kwak jae yong, Bong Joon-Ho, Kim Jee-woon, Im Sang-so၀ တို့လို ဒါရိုက်တာကောင်းတွေ ဆယ်စုနှစ်စုလောက်ရှိပေမယ့် ခြောက်ကားပဲရိုက်ထားပြီး တစ်ကားတလေမှ ညံ့မသွားခဲ့တဲ့ Art Filmအစစ်ပဲရိုက်တဲ့ ဒါရိုက်တာကတော့ ကိုရီးယား ရုပ်ရှင်လောကမှာ သူပဲရှိမယ်။ ( အညွှန်းရေးသားထားသူကတော့ WiRa Aung ဖြစ်ပါတယ် ) File size…3.44GB / 1.29GB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 2 hr. 22 min. Genre ….. Drama, Melodrama Subtitle….Myanmar Subtitle (Hard Sub) Translated by S Su Yee Encoded by AHtet

7.5 2007
Secret Sunshine
Street Trash
5.8

ဒီတစ်ခေါက် တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ Dark comedy နှစ်သက်သူတွေ သဘောကျစေမဲ့ Street Trash ဆိုတဲ့ဇာတ်ကားလေးပါ။ Cape Town မြို့ဟာ မြို့တော်ဝန် မော့စတက် စတင်အုပ်ချုပ် ချိန်ကနေစလို့ အရာရာ ပြောင်းလဲလာခဲ့ပါတယ်။ အစိုးရကနေ စီးပွားရေးလုပ်ငန်းတွေအကုန်လုံးကို လက်ဝါးကြီးအုပ်ပြီး အာဏာနဲ့ ပိတ်သိမ်းပစ်လိုက်လို့ အလုပ်လက်မဲ့လူဦးရေတွေနဲ့ အိမ်ခြေရာမဲ့ဦးရေတွေ တစ်ဟုန်ထိုး မြင့်တက်လာခဲ့ပါတယ်။ အဲလိုတွေကြောင့် လူလတ်တန်းစားဆိုတာမရှိတော့ဘဲ အစိုးရနဲ့ ပတ်သတ် ဆက်စပ်တဲ့ ခရိုနီလူတန်းစားရယ် အောက်ခြေက အိမ်ခြေရာမဲ့လူတန်းစားရယ်လို့ပဲရှိတော့ပြီး မြို့ကြီးလည်း ပျက်စီးသွားခဲ့ရပါတယ်။ အဓိကဇာတ်ကောင်တွေဖြစ်တဲ့ ရော်နယ်တို့အုပ်စုကတော့ စားရသောက်ရဖို့ ရုန်းကန်နေကြရတဲ့ လမ်းဘေးက အိမ်ခြေ ရာမဲ့တွေဖြစ်ပါ။ ဒီလိုနဲ့ မြို့တော်ဝန်မော့စတက်ဟာ မြို့ကို အကျည်းတန်စေတဲ့ အိမ်ခြေရာမဲ့တွေကို သုတ်သင်ရှင်းလင်းဖို့ ‌ဓာတုလက်နက်တစ်မျိုးကိုတီထွင်ခိုင်းခဲ့ပါတယ်။ အဲဒီ‌ ဓာတုလက်နက် ကို Viper -283လို့ခေါ်ပြီး ရှူမိသူဟာ ချက်ချင်း ခန္ဓာကိုယ်တွေပျက်စီး အရည်ပျော်ကျသွားမှာမျိုးပါ။ ဒီဓာတ်ငွေ့ကိုအသုံးချပြီး အိမ်ခြေရာမဲ့တွေကို သုတ်သင် ရှင်းလင်းမှာကို ရော်နယ်တို့တွေ အမှတ်မထင်သိသွားကြပြီး မြို့တော်ဝန်ကို တားဆီးဖို့ကြိုးစားကြပါတော့တယ်။ Body Horror ဇာတ်ကားဖြစ်တဲ့အလျှောက် မနှစ်မြို့စရာ ပြကွက်တွေကို ကွက်ကွက်ကွင်းကွင်းရိုက်ပြထားပြီး ပြောကြတဲ့ ဒိုင်ယာလော့တွေကလည်း ညစ်တီးညစ်ပတ် အဆဲပေါင်းတစ်သိန်းပါနေတာမလို့ မိသားစုဝင်တွေနဲ့ အတူကြည့်ဖို့မသင့်တော်ပါဘူး။ ဇာတ်ကားက လုံးဝကိုပေါ့ပေါ့ပါးပါးနဲ့ တောက်လျှောက်ရယ် နေရတာမလို့ Dark Comedy ကြိုက်နှစ်သက်သူတွေ သဘောကျမဲ့ ဇာတ်ကားလေးဖြစ်ကြောင်း ညွှန်းဆိုလိုက် ချင်ပါတယ်။ File size… (1.91GB) / (855MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 25m Genre …..Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

5.8 2024
Street Trash
Dust in the Wind
7.6

Dust in the Wind (1986) ~ IMDb – 7.6/10, Rotten Tomatoes – 100% ~ Dust in the Wind ဟာ နာမည်ကျော်ထိုင်ဝမ်နယူးဝေ့ဒါရိုက်တာတွေထဲကတစ်ယောက်ဖြစ်တဲ့ Hou Hsiao-Hsien နဲ့ ဇာတ်ညွှန်းဆရာ Wu Nien-Jen တို့ တွဲလုပ်ထားတဲ့ Hou and Wu’s Collaborations Trilogy ထဲက ပထမဆုံးကားပါပဲ။ ထိုင်ဝမ်နယူးဝေ့တွေမှာ အတွေ့ရများတဲ့အတိုင်း တိုးတက်မလာခင် တိုးတက်လာဆဲ ထိုင်ဝမ်ရဲ့ ခေတ်အခြေအနေကို ဇာတ်ကောင်တွေရဲ့ ဖြတ်သန်းကြပုံကို ရိုက်ပြထားတယ်။ Dust in the Wind ထဲက အခြေအနေတွေဟာ Hou တို့တွေ ဖြတ်သန်းခဲ့ရတဲ့ အခြေအနေတွေဖြစ်ပြီး ၁၉၇၀ ထိုင်ဝမ်ရဲ့ မြို့ပြရယ်လို့ တိုးတက်မှုတွေများပြားလာတဲ့ ကာလမှာဇာတ်အိမ်တည်ထားတယ်။ အဲဒီကာလမှာ နယ်မြို့ရွာလေးတွေက လူငယ်တွေဟာ တိုင်ပေမှာ အလုပ်လုပ်ရင်း ကျောင်းဆက်တက်သူတက်ကြတယ်။ အလုပ်ချည်းလုပ်သူက လုပ်ကြတယ်။ အိမ်ကို ငွေတွေပြန်ပို့ကြတယ်။ မြို့ပေါ်ကနေ စစ်မှုထမ်းဝင်သူတွေကလည်း ဝင်ကြတယ်။ ဒီလိုအချိန်မှာ လူငယ်တွေ ကြုံတွေ့ရတဲ့ လုပ်ငန်းခွင်အနိုင်ကျင့်မှုတွေကိုလည်း ပုံဖော်ထားသလို ကောင်းတဲ့အလုပ်ရှင်တွေကိုလည်း ပုံဖော်ထားတယ်။ ပြောရရင် Dust in the Wind ဟာ ခေတ်တစ်ခုရဲ့လူငယ်တွေဘဝကို ပုံဖော်ထားတဲ့ ရုပ်ရှင်သက်သက်ပဲ။ နယူးဝေ့ရုပ်ရှင်စာရင်းတော့ဝင်ပေမဲ့ ထိုင်ဝမ်နယူးဝေ့ဒိုကူမန်ထရီထဲ Hou ပြောဖူးသလိုပဲ အသစ်ဘာမှမရှိပါဘူး။ အရာတိုင်းက ရိုက်ပြပြီးသားချည်းပဲ။ ကိုယ့်ရှေ့ကခေတ်ရဲ့ အခြေအနေကို ရိုက်ပြထားတဲ့ရုပ်ရှင်တစ်ကားပါပဲ။ Hou ဟာ Ozu ရဲ့ လွှမ်းမိုးမှုအတန်ရှိတယ်ဆိုတဲ့အတိုင်း Hou ကတော့ အိုဇုရဲ့ ပတ်ဝန်းကျင်က ငြိမ်သက်တဲ့အခြေအနေတွေထဲက အရွေ့သေးသေးလေးတွေကို ရိုက်ပြတဲ့ဘက်အလေးသာပြီး Ozu ရဲ့ လွှမ်းမိုးမှုတော်တော်များတယ်လို့ ကျွန်တော်မြင်တဲ့ Kore-eda ကတော့ နောက်ပိုင်းမှာ အိုဇုရဲ့ ထိပ်လေးပဲ ရေပေါ်ပေါ်နေတဲ့ ရေခဲတုံးကြီးရဲ့ ရေမြုပ်နေတဲ့အောက်ပိုင်းဆန်တဲ့ မပြထားတဲ့ဇာတ်ဝင်ခန်းတွေရဲ့အရေးပါပုံကိုပြတဲ့ဘက် ပိုအလေးသာနေတယ်။ ဒီဇာတ်လမ်းမှာ ကောင်လေးနဲ့ကောင်မလေး သိပ်ချစ်ကြတယ်လို့ မပြောလည်း ကျွန်တော်တို့သိခဲ့ရတယ်။ တစ်နေ့မှာ ခေတ်ကြောင့်ပဲ ကောင်လေးနဲ့ကောင်မလေး တစ်သက်လုံးဝေးသွားကြတယ်။ တစ်ခုခုတော့ ဟုတ်ချင်ဟုတ်ပါလိမ့်မယ်။ ဒါပေမဲ့လည်း ဘာမှမဟုတ်သလိုပါပဲ။ သက်ငြိမ်နေတယ်။ ကျွန်တော်တို့ဘဝတွေရဲ့ သက်ငြိမ်မှုတွေလိုလို… (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 890MB Quality – BluRay 1080p, 720p IMDb Rating – 7.6/10 Format – mp4 Duration – 1H 49Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.6 1986 109 mins
Dust in the Wind
13: Game of Death
6.4

13: Game of Death (2006) ************************ ငွေဆိုတာ ဒုတိယဘုရားသခင်တဲ့…ငွေဟာအရာရာကိုမဝယ်နိုင်ပါဘူးလို့ပြောနေပေမဲ့ ဒီငွေဆိုတဲ့အရာဟာ လူတိုင်းရဲ့ဘဝမှာ မရှိမဖြစ်လိုနေတဲ့အရာတစ်ခုပါပဲ… တစ်ဘဝလုံး ငွေနောက်လိုက်ရင်း ငွေရဲ့ကျေးကျွန်ဘဝ ရောက်မှန်းမသိရောက်သွားရသူတွေလည်း ဒုနဲ့ဒေးရယ်ပေါ့လေ…ဒီငွေဆိုတာ စကားလုံးအရရိုးရှင်းသလောက် လက်တွေ့ဘဝမှာတော့ ဘယ်လောက်ထိလွှမ်းမိုးနိုင်လဲဆိုတာကို ရိုက်ကူးတင်ဆက်ထားတဲ့ Old But Gold ထိုင်း Thriller 13 Game of Deathဆိုတဲ့ဇာတ်ကားလေးကို တင်ဆက်ပေးချင်ပါတယ်… ဒီဇာတ်ကားကို လူတွေသိပ်မသိရင်တောင် သူ့ရဲ့ Remake versionဖြစ်တဲ့ 13 Sinsဆိုတဲ့ဇာတ်ကားကိုတော့ Thriller hardcore fanတွေက သိကြမယ်ထင်ပါတယ်… ဒီတော့ ဒီဇာတ်လမ်းလေးက ဘယ်လိုဖြစ်တည်လာလဲဆိုတာ ဆက်လက်ရှုစားကြပါဦး… ဇာတ်လမ်းအကျဉ်း ————- တစ်ခါတလေမှာ ရိုးသားကြိုးစားတဲ့သူတွေအတွက် လောကကြီးမှာ နေရာမရှိဘူးဆိုတဲ့စကားဟာ ဖူချစ်အတွက်တော့ ကွက်တိကိုမှန်နေတဲ့စကားတစ်ခွန်းပေါ့…အလုပ်လည်းအဆင်မပြေ အိမ်ကလည်းနှင်ချခံရ ကားလည်းသိမ်းခံရတဲ့အပြင် ဖောက်သည်ကိုပါ လုပ်ဖော်ကိုင်ဖက်ကဖျံကျသွားခဲ့ပါတယ်… ချစ်သူကလည်း ငမွဲမလို့ စွန့်ပစ်တာခံလိုက်ရတဲ့ဖူချစ်တစ်ယောက် ဘဝရဲ့ဟိုးအောက်ဆုံးကိုရောက်နေချိန်မှာ ထူးဆန်းတဲ့ဖုန်းကောလ်တစ်ခု ဝင်လာပါတယ်…စိန်ခေါ်မှု ၁၃ခုနဲ့အတူ စိန်ခေါ်မှုတစ်ခုချင်းစီတိုင်းအတွက် မက်လောက်စရာဆုကြေးငွေနဲ့ နောက်ဆုံးအထူးဆုဖြစ်တဲ့ ဘတ်သန်း ၁၀၀ကို ရယူပိုင်ဆိုင်နိုင်ခွင့်ရှိပါမယ်တဲ့… ဘဝရဲ့အောက်ဆုံးရောက်နေတဲ့ဖူချစ်အတွက် ဘတ်သန်း ၁၀၀ဆိုတာ ခြုံကြားကနေ ဘုံဖျားကိုပို့ပေးနိုင်မဲ့ အခွင့်အရေးတစ်ခုဆိုတော့ ရရာကောက်ရိုးတစ်မျှင်ကိုဆွဲဖို့ ဆုံးဖြတ်လိုက်ပါတယ်…အဲဒီလိုမျိုး ကြီးမားလှတဲ့ မက်လုံးတစ်ခုရဲ့နောက်ကွယ်က ပေးဆပ်ရမယ့်တန်ကြေးက ဘာဖြစ်မလဲဆိုတာ CMနဲ့အတူ ရှုစားလိုက်ကြရအောင်ပါ… ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Mary ဖြစ်ပါတယ်… File Size : 3.58GB / 1.03GB Quality : Blu-Ray 1080p 5.1ch / 720p Duration : 01:56:00 Genres : Horror, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Mary Encoded by Heather Oo

Drama
6.4 2006 114 mins
13: Game of Death
Chapel
5.5

Low Budget ဆိုပေမဲ့ သူ့အနေအထားနဲ့သူကြည့်လို့ကောင်းတဲ့ Chapel ဆိုတဲ့ လျှို့ဝှက်ဆန်းကြယ် သည်းထိပ်ရင်ဖို ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းသဘောတရားကိုပြောရရင်တော့ အတိတ်မေ့နေတဲ့ လျှို့ဝှက်ဆန်းကြယ်လူသားတစ်ယောက်ရဲ့ အတိတ်ကိုပြန်လည်တူးဆွရင်းနဲ့ စိတ်ဝင်စားစရာတွေ တစ်ခုပြီးတစ်ခု အဆက်မပြတ်ပေါ်လာတာမျိုးပါပဲ။ ဇာတ်လမ်းအစမှာ လူတစ်ယောက်က ရေကန်ထဲမှာသေလုမျောပါးအနေအထားနဲ့ မျောပါလာပြီးနောက်မှာတော့ အဲ့ဒီမြို့ကဆေးရုံမှာပဲ အရေးပေါ်ကုသလိုက်ရပါတော့တယ်။ ၅ လကျော်ကြာပြီးတဲ့နောက် သတိပြန်လည်လာတဲ့အခါမှာတော့ သူ့နာမည် သူ့အတိတ် သူဘယ်သူဆိုတာတွေ တစ်ခုမှမမှတ်မိတော့ပါဘူး။ သူသိတာသူ့ရှေ့မှာ လက်ရှိတွေ့နေရတဲ့ ဆိုဖီယာဆိုတဲ့ သူနာပြုမလေးတစ်ယောက်သာရှိပြီး စကားစမြည်ပြောကြရင်းကနေ သူ့ကိုဘယ်လိုခေါ်ရမှန်းမသိတော့ လောလောဆယ်အတွက် သူကြိုက်တဲ့အဆိုတော်ရဲ့နာမည်ဖြစ်တဲ့ ကိုဟန်လို့ပဲ နာမည်ပေးထားလိုက်ပါတော့တယ်။ ဒီလိုနဲ့နောက်ပိုင်းမှာတော့ ကိုဟန်နဲ့ဆိုဖီယာတို့ ချစ်မိသွားကြပြီး အတူတူနေထိုင်ရင်းကနေ ကိုဟန်ရဲ့မှောင်မိုက်ခဲ့တဲ့အတိတ်က သူဒီကိုလာခဲ့တဲ့ပုံစံနဲ့ ရောက်လာတဲ့အခါမှာတော့ သူအရင်တုန်းကဘယ်သူဖြစ်ခဲ့တယ်ဆိုတာကို စိတ်ဝင်တစားရှုစားရမဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ File size… (1.03 GB) / ( 541 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 32m Genre …..Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Science Fiction • Drama • Comedy
5.5 2025 92 mins
Chapel
The Ritual
4.6

The Ritual (2025) Exorcist movies တွေကြိုက်တတ်တဲ့ ပရိသတ်‌တွေတော့ ကြည့်သင့်ပါတယ်။ ဖြစ်ရပ်မှန်တွေကို အခြေခံထားကာ အမေရိကန်သမိုင်းတစ်လျှောက်မှာ ကူးယူဖော်ပြမှုအများဆုံးဖြစ်ခဲ့တဲ့ အဲမာရှမက်အပနှင်မှုကို ဒါရိုက်တာ David Midell မှမှီငြမ်းရိုက်ကူးထားပြီး မင်းသားကြီး Al Pacino ပါ၀င်ထားပါတယ် ။ ဇာတ်လမ်းအကျဉ်း အဲမာရှမက်ဆိုတဲ့ အမျိုးသမီးငယ်လေးက ဆေးပညာရှင်တွေအမည်ဖော်မရတဲ့ရောဂါဝေဒနာကို ခံစားခဲ့ရပြီး မရတော့တဲ့အဆုံးမှာတော့ ဘုရားကျောင်းလက်ထဲကိုပဲ အပ်လိုက်ရပါတော့တယ် ။ ဒီအမျိုးသမီးငယ်ကို ပယောဂနှင်ပေးဖို့ရန် တာ၀န်ကျတဲ့ ဖာသာ ဂျိုးဆက်စတိုင်ဂါ၊ ဖာသာသီအိုဖီးလစ်တို့ဟာ မိမိတို့ကိုယ်စီဒဏ်ရာတွေရှိပေမဲ့လဲ မိန်းမငယ်ကိုယ်တွင်းမှာ ကိန်းအောင်းနေတဲ့ ယုတ်ညံ့တဲ့နတ်ဆိုးကို ဘယ်လိုနှင်ထုတ်၊ ချိုးနှိမ်သွားကြမလဲကြည့်ရမှာပါ။ Exorcist ကားတွေမှာလိုမျိုးပဲ ရင်တထိတ်ထိတ်စောင့်ကြည့်ရမဲ့အခန်းတွေ၊ ဘုန်းတော်ကြီးနဲ့ နတ်ဆိုးကြား အပြန်အလှန်ပြောဆိုခန်းတွေပါ၀င်သလိုမျိုး ခြောက်ခြားစရာကောင်းတဲ့ရိုက်ကွက်တွေပါလို့ horror ကြိုက်တဲ့သူတွေအတွက်တော့ ကြည့်သင့်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phu Thet Khin ဖြစ်ပါတယ်။) File size… (920 MB) / (640 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama, Horror, Thriller Duration…. 01:38:18 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Phu Thet Khin

Adventure • Comedy • Romance
4.6 2025 98 mins
The Ritual