YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The Nice Guy (2025) E05 1080p DSNP WEB-DL [RMC].mp4

979.89 MB 1080p video/mp4 8 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Orphan
7

ဒီတစ်ခေါက်တော့ IMDb 7 ရထားပြီး စိတ်လှုပ်ရှားဖွယ်..ခြောက်ခြားဖွယ်..ကားတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်... ဂျွန်နဲ့ကိတ်ဆိုတဲ့မိသားစုမှာ ကလေးနှစ်ယောက်ရှိပါတယ်..ကိတ်ရဲ့ တတိယမြောက်ကိုယ်ဝန်လွယ်ထားရတဲ့အချိန်မှာ. ကလေးပျက်ကျသွားခဲ့လို့..သူတို့ဇနီးမောင်နှံနှစ်ယောက်လုံးမှာအကြီးအကျယ်ခံစားခဲ့ရပါတယ်...ဒါကြောင့်မို့ဒီဝေဒနာကိုကုစားဖို့.. လင်မယားနှစ်ယောက်အတူတိုင်ပင်ပြီး.ကလေးတစ်ယောက်ကိုမွေးစားဖို့ဆုံးဖြတ်ခဲ့ကြပါတယ်..ဒီလိုနဲ့ မိဘမဲ့ကလေးဂေဟာကိုရောက်တော့ အရွယ်နဲ့မလိုက်အောင်ကိုရင့်ကျက်ပြီး ထူးထူးဆန်းဆန်းစကားတွေပြောတဲ့စကားပြောကောင်းလှတဲ့အက်စတာ ဆိုတဲ့ကလေးငယ်ကိုသဘောကျသွားပြီး မွေးစားဖို့ခေါ်လာပါတော့တယ်အက်စကာရောက်လာတာကို သမီးအငယ်ကအဆင်ပြေမယ့် သားကတော့သိပ်သဘောကျပုံမရပါဘူး...အစပိုင်းမှာအဆင်ပြေပေမယ့် နောက်ပိုင်းမှာ ကိတ်နဲ့ပါအဆင်မပြေဖြစ်လာပါတယ်..တစ်အိမ်လုံးနဲ့အဆင်ပြေပေမယ့် ကိတ်ရဲ့ယောက်ကျားဂျွန်နဲ့တော့ အက်စတာ ဟာအမြဲတမ်းအဆင်ပြေပါတယ်..ဒီလိုနဲ့တဖြေးဖြေး အက်စတာကို တိတ်ဟာ တဖြေးဖြေးသံသယဝင်စရာတွေများလာပါတယ်.အက်စတာရဲ့ နောက်ကြောင်းကိုစုံစမ်းသိရှိပြီး သိလိုက်ရတဲ့အချိန်မှာတော့........... ================================================== ..... File size…(3.81GB) - (1.1GB) Quality…. 1080P Bluray Format… mp4 Duration….02:03:05 Subtitle….Myanmar Subtitle (Hardsub) Translated by ... Ei Pyae Encoder…. LK ~ Thit San Khant

Comedy • Drama • Fantasy • Romance • TV Movie
7 2009 122 mins
Orphan
Road to Ninja: Naruto the Movie
7.6

Narutoဆိုတဲ့ animeဟာ ၂၀၀၀ခုနှစ်ဝန်းကျင်က နာမည်အကြီးဆုံးကြီးသုံးကြီးမှာ (One piece, bleach, naruto)ပါခဲ့ပြီး သူ့​ခေတ်သူ့အခါအချိန်တုန်းက ကြည့်ရှုသူ​တွေရဲ့ပါးစပ်ဖျားမှာ never give up, this is my way of ninja, Dattebayo ?ဆိုပြီးရွတ်ဆို ခဲ့ကြတဲ့အထိ moti​ပေးနိုင်ခဲ့တာပါ။ ရုပ်ရှင်အ​နေနဲ့လည်း က​လေးဘဝကို ၃ကားထွက်ခဲ့ပြီး shippudenလူငယ် ဘဝက​တော့ ၇ ကားအထိထွက်ခဲ့ပါတယ်။ ဒီကားက​တော့ shippuden ရုပ်ရှင်​တွေထဲမှာ ဆဌမကားဖြစ်ပြီး IMDb 7.6/10 My anime list 7.7/10ရထားပါတယ် ဇာတ်လမ်းအကျဥ်းကို​ပြောရရင်​​​​တော့ Konohaရွာကို Akatsuki​ကြေးစားအဖွဲ့က ဝင်တိုက်ခိုက် ပါတယ်။ ထူးဆန်းတာက Narutoတို့သုတ်သင်ခဲ့တဲ့ Akatsukiအဖွဲ့သားအ​ဟောင်း​တွေပါ ပြန်ထွက်လာတာပါ။ Narutoတို့​တွေခုခံတာ​ကြောင့် Akatsuki​တွေဟာ ထွက်သွားခဲ့ပါတယ်။ ဒါ​ပေမဲ့ ညအချိန် Narutoနဲ့Sakura နှစ်​ယောက်ထဲရှိချိန်မှာ Madaraဟာ​ပေါ်လာပြီး Narutoတို့ကို ကမ္ဘာတခုစီပို့လိုက်ပါတယ်။ အဲ့ဒီကမ္ဘာမှာ ​သေသွားတဲ့ သူ​တွေဟာ မ​သေပဲဆက်ရှင်သန်​နေပြီး Naruto ရဲ့မိဘ​တွေ ဟာလည်း အ​ကောင်းအတိုင်းရှိ​နေဆဲပါ။ ကျန်တာ​တော့ ကိုယ်တိုင်ဆက်ကြည့်လိုက်ပါ။ ဒီကားမှာသ​ဘောကျမိတာက Narutoရဲ့မိဘ​တွေနဲ့အတူတူရှိချိန်မှာဖြစ်​ပေါ်လာတဲ့ ခံစားချက်​တွေပါ။ တစ်ရှူး​လေး​ဆောင်ပြီးကြည့်လိုက်ကြ​နော်။ File size…1.17GB / 600MB Quality…1080p  / 720p Format…mp4 Duration….1h 49m Genre ..... Animation , Action , Adventure Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Dr Nyan

Drama • Romance
7.6 2012 109 mins
Road to Ninja: Naruto the Movie
Asvins

Asvins ( 2023 ) ============== IMDb 6.9/10 အာသာဝဏီနတ်မင်းရဲ့တန်ခိုးကြောင့် သိဒ္ဓိဝင်နေတဲ့ နတ်ဆင်းတုနှစ်ခု။ အဲဒီဆင်းတုနှစ်ခုထဲက တစ်ခုဟာ နတ်ဆိုးတစ်ကောင်ကြောင့် ကျိန်စာသင့် အပမှီသွားပြီး အဲဒီဆင်းတုတွေရှိနေတဲ့ ရွာတစ်ခုလုံး အငတ်ဘေးကျ ကပ်ဆိုက်ကာ ရွာပျက်သွားတယ်။ အဲဒီနောက်မှာတော့ အဲဒီဆင်းတုတွေလည်း ပျောက်ချင်းမလှပျောက်သွားခဲ့ပါတယ်။ . လူတွေသေဖူးတဲ့၊ အဖြစ်ဆိုးတွေကြုံရဖူးတဲ့နေရာတွေ အိမ်အိုအိမ်ဟောင်းတွေမှာ မှတ်တမ်းတင်ဗွီဒီယိုတွေရိုက်ကြတဲ့ YouTuber အဖွဲ့တစ်ဖွဲ့ဟာ သရဲခြောက်တယ်လို့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အိမ်အိုကြီးတစ်ခုကို မှတ်တမ်းတင်ဖို့ သွားကြရင်း တစ်ယောက်ပြီးတစ်ယောက် အဖြစ်ဆိုးတွေကြုံရပါတယ်။ အဲဒီအဖြစ်ဆိုးတွေရဲ့နောက်ကွယ််မှာ ဘယ်လိုအကြောင်းအရာတွေရှိနေလဲ၊ ဘာလို့ ဒီလိုတွေကြုံနေရတာလဲဆိုတာ ဒီ ရုပ်ရှင်ထဲမှာ မြင်တွေ့ကြရမှာပါ။ ဒီရုပ်ရှင်ဟာဆိုရင် အိန္ဒိယသရဲကားတွေမှာမြင်ရခဲတဲ့ပုံစံနဲ့တင်ဆက်ထားပြီး စိတ်ဝင်စားစရာလည်းကောင်းတာမို့ ညဘက်တစ်ယောက်တည်း မီးမပြတ်တဲ့နေရာတွေဆို မီးလေးပိတ်ပြီး ကျောတစိမ့်စိမ့်နဲ့ကြည့်လို့ကောင်းမယ့် ရုပ်ရှင်လေးပဲဖြစ်ပါတယ်...။ ( ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ဘာသာပြန်တွေကတော့ BpL, ZweYan,V နဲ့ Yunni တို့ပဲဖြစ်ကြပါတယ်။ ) File size…1.34GB / 593.5MB Quality…1080p  WEB DL /720p Format…mp4 Duration….1h 51m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~ ZweYan~ V ~ Yunni

Action • Fantasy • Mystery
0 2023
Asvins
Sooryavanshi
5.8

မြန်မာစာတန်းထိုး ဒီ Sooryavanshi ကားကတော့ ပူပူနွေးနွေးထွက်ရှိလာတဲ့ Akshay Kumar နဲ့ Katrina Kaif တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး Singham , Simmba ကားတွေနဲ့ ရှေ့မှာ မိတ်ဆက်ခဲ့တဲ့ ကားဆိုလည်း မမှားပါဘူး။ ဟောလိဝုဒ်မှာလို ပြောရရင် Sooryavanshi ကို မိတ်ဆက်တဲ့ Solo ကားလို့ပဲ ဆိုရမယ်။ မတူတာကို ပြောရရင် ဆူရိယဗန်သျှီက အကြမ်းဖက်နှိမ်နင်းရေးဘက်ကမို့ ဟိုး 1993 ခုနှစ်က အိန္ဒိယနိုင်ငံတဝှမ်းမှာ ဖြစ်ပျက်ခဲ့တဲ့ အစဥ်လိုက် ဗုံးဖောက်ခွဲမှုတွေက စတင်ပြီး မျက်မှောက်ခေတ်မှာ ဘုံဘေမြို့ (ယခု မွန်ဘိုင်း) အတွင်း ဖောက်ခွဲရေးအဖျက်လုပ်ငန်းတွေ လုပ်မယ့် အကြမ်းဖက်သမားတွေကို လိုက်လံတားဆီးမယ့် အက်ရှင်ဆို လေပေါ်မပျံ ၊ အိုဗာတွေ မပါတဲ့ အမိုက်စား ဇာတ်ကားဖြစ်နေတဲ့ အချက်ပါပဲ။ အသတ်အပုတ်တွေထက် အပစ်အခတ်များများပါတဲ့ လူဆိုးနဲ့ရဲ့ ဥာဏ်ချင်းယှဥ်မယ့် ကြည့်ပျော်တဲ့ ကားကောင်းတကားဖြစ်ပါတယ်။ ဒါ့အပြင် မင်းသမီးချော Katrina Kaif ရဲ့ အလှအပကိုပါ ငေးခွင့်ရဦးမယ်ဆိုတော့ အတိုင်းထက်အလွန်ပေါ့ဗျာ။ File size…  5.68GB / 2.2GB / 1.49GB Quality…4k HEVC Web-Dl / 1080p AAC 5.1Ch / 720p Format…MKV / Mp4 Duration….2h 25mins Subtitle….Myanmar Subtitle (Hard Sub) Encoder….Nyein Saeya Aung & YK Translated by Myint Thu & Thaik San & Mr.Anderson

Action & Adventure • Drama • Sci-Fi & Fantasy
5.8 2021 145 mins
Sooryavanshi
Mr. Malcolm’s List
5.3

Mr.Malcolm’s List (2022) ~ Rotten Tomatoes – 82% ~ ကျွန်တော်တို့တွေ Marvel ရဲ့ Loki အနေနဲ့ သိကြတဲ့ မင်းသား Tom Hiddleston ရဲ့ မိန်းမ Zawe Ashton ပါတဲ့ ရုံတင်ကားသစ်လေးပါ။ ၁၈၁၈ခုနှစ် အင်္ဂလန်မှာ လင်ဖမ်းဖို့အသင့်ဆုံးလူတစ်ယောက်ရှိတယ်။ သူတို့စကားအရတော့ ရုပ်ကလည်းချော ငွေကလည်းထောတော့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ပါ။ ဒီတစ်ဇာတ်လုံးက ခေတ်ကာလနဲ့လည်းလုံးဝကိုက်ပါတယ်။ ဘာလို့ဆို ဇာတ်က အစအဆုံး မကြာခင်မှာ ကြင်နာမယ်ဆိုပြီး ကိုကို မောင်မောင်မရွေး အချိန်ပြည့် လင်ရှာနေတဲ့ မိန်းမတစ်အုပ်နဲ့ ခုန ပျိုတိုင်းကြိုက်တဲ့ ဘဲကြီးရဲ့ တိုင်ပတ်နေတဲ့ဇာတ်ပါပဲ။ ဘဲကြီးက ဘယ်မိန်းမကိုမှ လက်မခံပါဘူး။ ဒီတော့ မလိုချင်တာလားဆိုတော့ မဟုတ်ဘူး။ သူ့မှာ သတ်မှတ်အရည်အချင်းစာရင်းရှိတယ်။ မယားအဝယ်မှားရင် အလိုက်ပေးပြန်လဲလို့မရလို့ သေချာရွေးတယ်ပေါ့။ ရုပ်ချောရမယ် ဘာညာကအစ မျိုးကောင်းရမယ်အဆုံး ဉာဏ်ကောင်းရမယ် မျက်စမပစ်ရဘူး ဘာညာပါတဲ့ တကယ်တမ်းဆို အရေးမပါတဲ့အချက်တွေနဲ့ တိုင်းပြီး ရွေးတာပါ။ ဒီတော့ အငြင်းခံလိုက်ရတဲ့ ကလေးမက သူ့ကို လက်စားချေဖို့လုပ်ပါတယ်။ လက်စားချေမယ်ဆိုပြီး သူ့သူငယ်ချင်းကို ဟိုဘဲကြီး ကြိုက်လောက်တဲ့ပုံဖြစ်အောင် ပုံသွင်းပြုပြင်ပေးပါတယ်။ ကံကောင်းချင်တော့ နှင်းဆီခိုင်ကြီးက သူ့သူငယ်ချင်းကို ကြိုက်သွားပါတယ်။ ဒီနောက် ပျိုတိုင်းကြိုက်တဲ့ ဘဲကြီးနဲ့ စကီနှစ်‌ယောက်ဇာတ် ဘာဆက်ဖြစ်သွားမလဲကိုတော့ ဒီရုပ်ရှင်လေးမှာ ကြည့်ရှုရယ်မောလိုက်ကြပါဦး။ နာမည်ကျော်စာအုပ်လည်းရှိ ရုံတင်ကားလည်းဟုတ်တဲ့ ဇာတ် ရိတ်တင်ကလည်းမဆိုးဆိုတော့ ပေါနေမှာပူစရာမလိုပါဘူး။ Tom Hiddleston ရဲ့ မိန်းမ Zawe Ashton ကလည်း အဓိက‌ဇာတ်ကောင်တစ်ယောက်အဖြစ် ပြောင်ပြောင်မြောက်မြောင် ၀င်သရုပ်ဆောင်ထားလေတော့ သူ့စကေးတွေကို ရှိုးရမယ့်အပြင်ကို 19 ရာစုနှစ် အင်္ဂလန် ဝိတိုရိယခေတ်ကို ဇာတ်အိမ်တည်ထားတဲ့ ကားမျိုးတွေ ကြိုက်တတ်တဲ့သူတွေအတွက် ကြည့်သင့်တဲ့ ကားတစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 1GB Quality – 1080p, 720p IMDb Rating – 5.3/10 Format – mp4 Duration – 1H 57Min Genre – Comedy, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Crime • Drama
5.3 2022
Mr. Malcolm’s List
Tori and Lokita
7

Tori and Lokita (2022) ~ IMDb – 7/10, RT – 89%, Meta – 75% ~ Dardenne brothers လို့လည်း လူသိများတဲ့ ဒီကားရဲ့ Writer/Director Jean-Pierre နဲ့ Luc တို့ ညီအစ်ကို၂ယောက်ဦးရဲ့ ၂၀၂၂ ထွက် လက်ရာပါ။ သူတို့ ညီနောင် ၂ဦးဟာဖြင့် အခု Tori and Lokita အပါအဝင်ဆိုရင် Cannes ရဲ့ အမြင့်ဆုံးဆု Palme d’Or ကို ၂ကြိမ်တောင် ရထားကြတဲ့သူတွေပါ။ ဇာတ်လမ်းအကြောင်းလေး စလိုက်ပါမယ်။ လိုကီတာဆိုတဲ့ မြှီးကောင်ပေါက်ဆယ်ကျော်သက်မလေးနဲ့ တိုရီဆိုတဲ့ ၁၁နှစ်သာသာ ကောင်လေးတစ်ယောက် ဘလ်ဂျီယံနိုင်ငံမှာ ခိုလှုံဖို့ရောက်ခဲ့ပါတယ်။ တိုရီလေးဟာတော့ ချက်ချင်းလက်ခံခဲ့ရပေမယ့် လိုကီတာကတော့ မေးမြန်းခံရခြင်းတွေအဆင့်ဆင့်ကို ရင်ဆိုင်ရင်း တရားဝင်နေထိုင်ခွင့်လက်မှတ် ထုတ်ပေးခြင်းမခံရရှာပါဘူး။ ၂ယောက်သားဟာ မောင်နှမတွေလို့ လိမ်လည်ပြီး ရောက်ရှိလာတာပဲ ဖြစ်ပါတယ်။ တရားခွင်နေထိုင်ခွင့်လက်မှတ်ရရင်ဖြင့် အိမ်အကူသင်တန်းလေး တက်ပြီး အိမ်အကူလုပ်ရင်း မူလနိုင်ငံမှာကျန်ခဲ့တဲ့ မောင်အရင်း ၅ယောက်ရဲ့ ကျောင်းစားရိတ်အတွက် ပြန်ထောက်ပံ့ဖို့ စိတ်ကူးထားတဲ့ လိုကီတာလေးဟာတော့ အိပ်မက်နဲ့ ဝေးတဲ့အပြင် ၂ယောက်သား မူးယစ်ဆေးလိုက်ပို့ပေးတဲ့အလုပ်ကို လုပ်နေရပါတယ်။ အမေ့ဆီ ပြန်ပို့နိုင်ဖို့သာသာ သူတို့ကို နိုင်ငံထဲ ခိုးသွင်းပေးတဲ့ ပွဲစားတွေဆီလည်း အကြွေးတင်နေပါသေးတယ်။ ဘလ်ဂျီယံလို ဥရောပနိုင်ငံမျိုးဆီ လွတ်လပ်မှုနဲ့ လုပ်ပိုင်ခွင့်တို့ကို မျှော်ကိုးအိပ်မက်ပြီးရောက်လာကြတာပါပဲ။ မတော်တရားမှုတွေ မျှော်လင့်ချက်ပျက်သုဉ်းမှုတွေထဲ ပိတ်မိရင်း ဥပဒေပြင်ပကနေ ရာဇဝတ်မှုတွေရဲ့ ခြေကျင်းခတ်ခံရတဲ့ အာဖရိကန်ရွှေ့ပြောင်းနေထိုင်သူလေး ၂ဦးကြားက သွေးမတော်သားမစပ်သည့်တိုင် အပြန်အလှန်ဖေးမရင်း တွယ်ခဲ့ကြတဲ့ သံယောဇဉ်လေးကို ရှုစားရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.7GB, 680MB Quality – 1080p, 720p IMDb Rating – 7/10 Format – mp4 Duration – 1H 28Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Comedy • Thriller • Crime • Mystery
7 2022
Tori and Lokita
Department Q: The Absent One
7.1

Genre – Crime, Mystery, Drama IMDB – 7.1/10 Q ဌာနပရိတ်သတ်တွေအတွက် ဒုတိယကားတင်ဆက်ပေးလိုက်ပါပြီဗျာ။ ပထမကားမကြည့်ရသေးတဲ့လူတွေလည်း CM မှာ The Keeper of Lost Causes ဆိုပြီး ရိုက်ရှာလို့ရပါတယ်။ ပထမကားကြည့်ထားမှ ဒီ Q ဌာန ဘယ်လိုဖြစ်လာသလဲ သိမှာမို့လို့ပါ။ ကဲ ဒုတိယကားမှာတော့ ပထမဆုံးအမှု အောင်မြင်ထားတော့ Q ဌာနကို ချီးကျုးနေကြပြီပေါ့လေ ကားလ်နဲ့ အာဆတ်တို့လည်း အတွင်းရေးမှူးအသစ် ရိုစ့်ဆိုတာကို အဖွဲ့ထဲခေါ်လိုက်ကြတယ်။ ဒီလိုနဲ့တစ်ရက် ဌာနပါတီအပြီး ကားလ်အပြန် လူတစ်ယောက်က သူ့သားသမီးအမွှာလေး အသတ်ခံရတဲ့ကိစ္စ ကားလ်ဆီကို ပို့ထားတာ မကြည့်ပေးဘူးလား ဘာလား ဇွတ်ပြောတော့ ကားလ်က မောင်းထုတ်ခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ ဒီလူကြီး ကိုယ့်ကိုကိုယ်သတ်သေသွားကြောင်း ကားလ်သိလိုက်ရပြီး ဒီလူဟာ အရင်တုန်းက ရဲအရာရှိဖြစ်ကြောင်း လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က သူ့သားနဲ့သမီး အသတ်ခံရတာကို စုံစမ်းပြီး အငြိမ်းစား ယူထားကြောင်း သိရတဲ့အပြင် ကားလ်ဆီကိုပို့ဖို့ အထုပ်ကြီးပြင်ထား တာကိုပါ တွေ့လိုက်ရပါတယ်။ ဒါနဲ့ ကားလ်တစ်ယောက် ဒီအမှုကို လိုက်ကြတဲ့အခါ ဒီနှစ်လောင်းပြိုင် လူသတ်မှုဆိုတာက ပင့်ကူအိမ်ထဲက အမျှင်တစ်မျှင်သာ ဖြစ်နေတာကို တွေ့ရှိရပြီး လွန်ခဲ့တဲ့ အနှစ် ၂၀ က ဖုံးကွယ်ထားတဲ့ ရက်စက်တဲ့နောက်ကြောင်းတွေ ပေါ်လာပါတော့တယ်။ ဂရစ်ဖင်ဟွန်းဆိုတဲ့ ဘော်ဒါကျောင်းမှာ ဘာတွေဖြစ်ခဲ့ကြသလဲ၊ တနင်္ဂနွေဆိုတာကရော ဘာသက်ရောက်မှု ရှိတာလဲ၊ ကင်မီဆိုတဲ့ ကောင်မလေးကရော ဘယ်သူလဲ စသဖြင့် မေးခွန်းပေါင်းများစွာနဲ့ နောက်ထပ် သပွတ်အူအမှုကို ကားလ်တို့ ၃ ယောက်သား စွန့်စွန့်စားစား ဉာဏ်သုံးအဖြေရှာကြတာကို ဇိမ်ရှိရှိ ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ဒီကားမှာတော့ ပထမကားလို တရားခံကို နောက်ဆုံးမှ ပြတာမဟုတ်ပဲ အစကတည်းက ပြပြီး ဘယ်လို တစ်ဖက်နဲ့ တစ်ဖက် ဉာဏ်ကစားကြမလဲ ကြည့်ရမှာပါ။ ဒီကားမှာတော့ မုဒိမ်းမှုတွေပါ ပါဝင်တဲ့အပြင် ပြထားတဲ့ ရိုက်ကွက်တွေလည်း ခပ်ရှင်းရှင်းဖြစ်တဲ့အတွက် ကြည့်ရှုသူများအဖို့ သတိပြုစေလိုပါတယ်ဗျ။ File size…1.53GB / 552.7MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 59m Genre ….. Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Thriller • Horror
7.1 2014 116 mins
Department Q: The Absent One
Eat Pray Love
5.8

Eat, Pray, Love (2010) 2010 တုန်းကထွက်ရှိထားပြီး မင်းသမီး Julia Roberts ခေါင်းဆာင်မင်းသမီးအဖြစ် ပါဝင်ထားတဲ့ Eat Pray Love ဆိုတဲ့ Romantic drama ဇာတ်ကားတင်ဆက်ပေးလိုက်ပါတယ်။ ဘဝမှာ ကိုယ်တကယ်တမ်းဘာလိုချင်မှန်းမသိပဲ သေသွားခဲ့ကြတဲ့သူတွေအများကြီးပါ။ ငါမသေခင်လေး ဒါလေးစားဖူးချင်လိုက်တာ၊ ဒီနေရာလေးရောက်ဖူးချင်လိုက်တာ၊ သူနဲ့သာစကားပြောဖြစ်ခဲ့ရင် ဆိုတဲ့ အရာတွေအများကြီးကို နောင်တရ မနေချင်ရင်‌တော့ ကိုယ်တကယ်တမ်း ဘာကိုလိုချင်လဲ ကိုယ့်ကိုကိုယ် ဘယ်သူလဲဆိုတာ အဖြေရှာရမှာပဲဖြစ်ပါတယ်။ ယခုဇာတ်ကားလေးကလဲ ကိုယ်တကယ်အလိုရှိတာဘာလဲ ကိုယ်ကဘယ်လိုလူလဲဆိုတာ အဖြေရှာနေတဲ့ အမျိုးသမီးတစ်ယောက်အကြောင်းပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ အယ်လိဇဘတ် လစ်ဇ် ‌ဂေးလ်ဘတ် ဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာ အောင်မြင်တဲ့ စာရေးဆရာမတစ်ယောက်ဖြစ်တဲ့အပြင် အိမ်ထောင်သက် ၈ နှစ်ရှိပြီဖြစ်တဲ့ အမျိုးသမီးတစ်ယောက်ပါ။ ဒါပေမဲ့ သူ့ဘဝဟာလမ်းပျောက်နေခဲ့ပြီး သူတကယ်တမ်း ဘာလိုချင်လဲ သူ့ရဲ့စိတ်ဆန္ဒက ဘာကိုအလိုရှိလဲဆိုတာ အမြဲရှာဖွေနေတဲ့သူတစ်ယောက်။ ဒါပေမဲ့ သူဟာအမြဲကိုယ်လိုချင်တာကိုရှာမတွေ့ခဲ့ပါဘူး။ ဒါနဲ့ပဲ သူရဲ့‌အေးစက်နေတဲ့အိမ်ထောင်ရေးကို ကျောခိုင်းခဲ့ပြီး သူတကယ်တမ်းအလိုရှိတာ ဘဝမှာဖြစ်ချင်တာတွေကို ရှာဖွေဖို့ နေရာ ၃ နေရာကိုခရီးထွက်ပြီး ရှာဖွေပါတော့တယ်။ အီတလီ၊ အိန္ဒိယနဲ့ ဘာလီ ဆိုတဲ့ နေရာ ၃ ခုမှာ သူလိုချင်တဲ့ အရာတွေကို ရှာဖွေပါတော့တယ်။ ဒီနေရာ ၃ ခုကနေ ဘာတွေရှာဖွေတွေ့ရှိမယ်ဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ အညွှန်းနဲ့ဘာသာပြန်ကတော့ Khant Zaw Hein ပဲ ဖြစ်ပါတယ်။ Genre….. Biography, Dram, Romance Quality…. 1080p | 720p File size… 2.2GB | 1.2GB Format… mp4 Duration…. 2h 13min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Khant Zaw Hein Encoder ….. Aaron

5.8 2010
Eat Pray Love
Elegy
6.7

IMDB မှာ rating 6.7 ရရှိထားပြီး လူတွေရဲ့ကြားက ဆက်ဆံရေး သံယောဇဥ် မေတ္တာတွေကို ဖြည်းဖြည်းချင်းကြည့်ရှုခံစားမြင်သာလာစေမယ့် ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ Iron Man 3 ထဲကဟန်ဆောင်အကြမ်းဖက်သမားကြီးအနေနဲ့ လူသိများပြီး Shang Chi ထဲမှာလည်း ပါဝင်ထားတဲ့ မင်းသားကြီး Ben Kingsley နဲ့ Pirates of the Caribbean 4 ထဲက Captain Black Beard ရဲ့သမီးအဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသမီးချော Penelope Cruz တို့ ၂၀၀၈ခုနှစ်ကပါဝင်သရုပ်ဆောင်ထားတဲ့ကားဖြစ်ပြီး အမေရိကန် romance/drama အမျိုးအစားဇာတ်ကားဖြစ်ပါတယ်။ အဖော်အချွတ် ဇာတ်ဝင်ခန်းများ အနည်းငယ်ပါဝင်တဲ့ အတွက်ကြောင့် မိသားစုနဲ့အတူကြည့်ဖို့အတွက်ဆို သတိချပ် စေလိုပါတယ်။ အကြောင်းအမျိုးမျိုးကြောင့်အိမ်ထောင်ကွဲ ဘယ်သူနဲ့မှအတည်တကျရှိဖို့စိတ်မကူးခဲ့တဲ့ တက္ကသိုလ်ကပရော်ဖက််ဆာ ဒေးဗစ်ကစ်ပစ်ရှ်(Ben Kingsley) တစ်ယောက် သူ့ထက်အသက် ၃၀ လောက်ငယ်တဲ့ ခွန်ဆွယ်လာ(Penelope Cruz) ဆိုတဲ့ကျောင်းသူလေးနဲ့ ချစ်ကျွမ်းဝင်မိသွားခဲ့ကြပါတယ်။ အဲ့ဒီနောက် သူတို့၂ ယောက်ကြားက သမီးရည်းစားပဋိပက္ခတွေ ချစ်ခြင်းမေတ္တာတွေ အရင်အိမ်ထောင်က ဒေးဗစ်နဲ့သူ့ရဲ့သားတို့ကြားက သားအဖမေတ္တာတွေ သူ့ရဲ့တစ်ဦးတည်းသော ရင်ဖွင့်ဖော် သူငယ်ချင်းတို့ရဲ့ကြားက သူငယ်ချင်းမေတ္တာတွေ အားလုံးကို တစ်ဖြည်းဖြည်း နားလည်မြင်သာလာအောင် ကြည့်ရှုခံစားရမယ့် ရသဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ်။ File size… 2.3 GB / 906 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 52m Genre ….. Drama/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Ko Wunna

6.7 2008
Elegy
Le Samouraï
8

Le Samouraï (1967) ~ IMDb – 8/10, Rotten Tomatoes – 100% ~ Jean-Pierre Melville ဟာ ပြင်သစ်နယူးဝေ့ကို စတင်ခဲ့တဲ့ဒါရိုက်တာတချို့ရဲ့ စိတ်ကူးတွေမြစ်ဖျားခံရာဖြစ်သလို ပြင်သစ်နယူးဝေ့ရဲ့ အမြင်တွေပေါ်ပေါက်လာစေခဲ့တဲ့သူတွေထဲက တစ်ယောက်လည်းဟုတ်တယ်။ ပြင်သစ်နယူးဝေ့ရဲ့ အခရာကျတဲ့ ဒါရိုက်တာစာရင်းမှာတော့ မထည့်ကြပေမဲ့ ပြင်သစ်နယူးဝေ့ရဲ့ Spiritual Father လို့ဆိုကြတယ်။ ပြင်သစ်နယူးဝေ့ထွက်ပေါ်လာတဲ့အထဲ သူ့လွှမ်းမိုးမှုတော်တော်ကြီးခဲ့တယ်။ သူ့ရဲ့ Independence ဖြစ်တဲ့ တင်ပြပုံနဲ့ အတုလုပ်ထားတဲ့ရိုက်ကွင်းမသုံးဘဲ တကယ့်နေရာအစစ်မှာ ရိုက်ကူးခြင်းတွေကို နယူးဝေ့ဒါရိုက်တာတွေဟာ အတုယူခဲ့ကြတယ်။ ပြင်သစ်နယူးဝေ့ရဲ့ နာမည်အကျော်ဆုံးတွေထဲက တစ်ယောက်ဖြစ်တဲ့ Jean-Luc Godard ဟာ ရိုက်ထားတာတွေကို တည်းဖြတ်တဲ့နေရာမှာ အခက်အခဲဖြစ်နေတဲ့အချိန် Melville က ဂိုးဒတ်ကို သူဆို သူရိုက်ထားတဲ့ထဲက အကောင်းဆုံးအပိုင်းတွေကို ဖြတ်ယူလိုက်တာပဲလို့ ပြောပြခဲ့တယ်။ ဂိုးဒတ်ကလည်း အဲဒီနည်းကို နောက်ပိုင်းလည်း ဆက်တိုက်သုံးခဲ့တယ်။ Melville ဟာ Neo-noir တွေကို အရိုက်များခဲ့ပြီး နောက်ပိုင်း Neo-noir ကားတွေ Crime, Action ကားတွေရိုက်တဲ့ ဒါရိုက်တာတွေအားလုံးနီးပါးအပေါ် လွှမ်းမိုးမှုရှိခဲ့တယ်။ ဂျွန်ဝူးကတော့ The Killer ဆိုတဲ့ နာမည်နဲ့ ချောင်ယွန်ဖတ်ကိုသုံးပြီး ဇာတ်ကောင်ကိုနည်းနည်းမှီး ဇာတ်လမ်းကျောရိုးကိုနည်းနည်းမှီးပြီး ဒီအသွားအတိုင်းကို ပြန်ရိုက်ပြီး Heroic Bloodshed ကားတွေလို့ Genre ကွဲတစ်ခု တည်ဆောက်နိုင်ခဲ့တယ်။ ဒါလည်း ဆန်းတော့မဆန်းဘူး။ ဟောင်ကောင် Crime Action တွေဟာ ပြင်သစ်ကားတွေကို ပြန်လည်ဆန်းသစ်ပြီးရိုက်ထားခဲ့ကြတာများတယ်။ Infernal Affairs တို့ City on Fire တို့လည်း ဒီလိုပါပဲ။ ဖြစ်သင့်တဲ့ကိစ္စပဲမလား။ ဂိုးဒတ်တော့ပြောဖူးတာပဲ… ရုပ်ရှင်အတွက် အဓိကလိုတဲ့ Element က သေနတ်တစ်လက်နဲ့ မိန်းမလှတစ်ယောက်ဆိုပဲ။ အက်ရှင်နဲ့ လိင်မှုပေါ့။ Le Samouraï ဟာ ဘယ်လိုရုပ်ရှင်လဲဆို… Hitman တစ်ယောက်အကြောင်းသက်သက်ပဲ။ Hitman တစ်ယောက်က အလုပ်လက်ခံတယ်။ သူ့အလုပ်သူလုပ်တယ်။ ဒါကိုပြတဲ့အထိတော့ သိပ်တော့မဆန်းဘူး။ ဇာတ်ကောင်ပြောခဲ့သလိုပဲ။ လူသတ်ဖို့ငွေပေးထားလို့ သူက လူသတ်ပေးလိုက်ရုံပဲ။ ဒါပေမဲ့ အမှတ်မထင် အဲဒီအလုပ်က နောက်ဆက်တွဲပြဿနာတွေရှိလာတယ်။ ဒီပြဿနာတွေကို သူဖြေရှင်းတဲ့ပုံစံကနေ သူက ဘယ်လိုစိတ်ဓာတ်နဲ့ ဘယ်လိုလူမျိုးလဲဆိုတာကို ကာရိုက်တာတည်ဆောက်ပြသွားတယ်။ ဒီမှာထူးတာက သူ့အပြိုင်ဇာတ်ကောင်ဖြစ်တဲ့ ရဲအရာရှိကိုလည်း သူ့လောက်အချိန်မပေးထားပေမဲ့ သူ့လောက်နီးနီး ခိုင်မာအောင် အခန်းနည်းနည်းနဲ့ တည်ဆောက်ပြသွားတာပဲ။ မင်းသမီးကို သူလိုချင်တဲ့အတိုင်း ထွက်ဆိုလာအောင် နားချတဲ့အခန်းမှာ ဒီရဲဇာတ်ကောင်ကလည်း သူ့အလုပ်သူဖြစ်မြောက်ဖို့ ဘာမဆိုလုပ်မယ့်ဇာတ်ကောင်မျိုးဆိုတာကို မြင်သာစေခဲ့တယ်။ ဒါကြောင့်လည်း Hitman ဇာတ်ကောင်ရဲ့ အခြေအနေက ပိုကျပ်တည်းသွားသလို ကျပ်တည်းသွားတဲ့ အခြေအနေမှာ သူ့ခံယူချက်နဲ့ သူ့စိတ်ဓာတ်က ပိုထင်းလင်းလာတယ်။ ဒါကို Melville က အရိပ်တွေ အမှောင်တွေ အငြိမ်တွေသုံးပြီး ဒိုင်ယာလော့နည်းနည်းနဲ့ တင်ဆက်ထားတဲ့ ရုပ်ရှင်ပါပဲ။ သေချာတာတော့ Le Samouraï မှာ သေနတ်တစ်လက်နဲ့ မိန်းမတစ်ယောက်ပါတယ်။ ဒါပေမဲ့ အဲဒီသေနတ်ကလည်း အငြိမ် အဲဒီမိန်းမကလည်း အငြိမ်ပဲ။ “Action is the enemy of Suspense” ဆိုတဲ့စကားရှိပေမဲ့ Le Samouraï ကတော့ Action မှာ Suspense တွေ တွဲလွဲခိုနေတဲ့ ရုပ်ရှင်လို့ပြောရလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3.4GB, 700MB Quality – BluRay 1080p, 720p IMDb Rating – 8/10 Format – mp4 Duration – 1H 41Min Genre – Crime, Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama
8 1967 105 mins
Le Samouraï
4 Years, 2 Guys, 1 Love
5.4

4 Years, 2 Guys, 1 Love (2016) ဘဝမှာ တွေ့ဆုံမှုပေါင်းစုံရှိတယ်။ တစ်ချို့တွေ့ဆုံမှုတွေက အခိုက်အတန့်တစ်ခု , တစ်ချို့တွေ့ဆုံမှုတွေက ကြာရှည်သော , တစ်ချို့တွေ့ဆုံမှုတွေက သက်ဆုံးတိုင်။ တွေ့ဆုံမှုတိုင်းမှာ သူ့အကြောင်းတရားနဲ့ သူဖွဲ့စည်းထားတယ်။ ကမ္ဘာဟာ သူ့ဝင်ရိုးကို သူသွေဖီပြီး မသွားဘူးတဲ့။ ဒီလိုနဲ့ ဝင်ရိုးလိုအချစ်တွေဆီ ကမ္ဘာတွေ လည်ပြန်လာကြတယ်။ တစ်ခါတလေလည်း ဝေးကောင်းဝေးကြမှာပေါ့။ ဒါပေမဲ့ ကမ္ဘာလည်နေတာမို့ တစ်နေ့တော့ ဒီဆုံမှတ်ကို ငါတို့ပြန်ရောက်ကြမှာပဲ။ သာယာတဲ့နွေဦးဘယ်နှလီထိ ဝေးကြမလဲ။ ကမ္ဘာဟာ လည်နေတာမို့…. အညွှန်း နဲ့ ဘာသာပြန်ကတော့ W ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Romance Quality…. 1080p | 720p File size… 1.32GB | 666MB Format… mp4 Duration…. 1h 36min Subtitle…. Myanmar Subtitle (Hardsub) Translator ….. W Encoder ….. Aaron

Horror • Thriller • Comedy
5.4 2016
4 Years, 2 Guys, 1 Love
Maid in Manhattan

ဒီဇာတ်ကားလေးကတော့ 2002 ခုနှစ်ကထွက်ရှိထားတဲ့ Romance Drama အချစ်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ Jennifer Lopez, Ralph Fiennes စတဲ့ နာမည်‌ကျော်သရုပ်ဆောင်တွေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်း‌လေးကတော့ ဟိုတယ်အကူအမျိုးသမီးလေးတစ်ယောက်ကို လွှတ်တော်အမတ်လောင်းတစ်ယောက်က ချစ်ကြိုက်မိသွားတဲ့ ခေတ်သစ်စင်ဒရဲလားကားလို့ပြောရပါလိမ့်မယ်။ မာရီဆာဗန်တျူရာဆိုတဲ့ Single Mom တစ်ယောက်ဟာ နယူးရော့ခ်မြို့ရဲ့ဆင်ခြေဖုံးရပ်ကွက်မှာနေထိုင်ပြီး အဆင့်မြင့်ဟိုတယ်တစ်ခုမှာ အကူလုပ်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ခရစ်မာရှယ်လို့ခေါ်တဲ့ ဆွေကြီးမျိုးကြီး နိုင်ငံရေးသမားတစ်ယောက်ဟာ ဟိုတယ်မှာအလုပ်လုပ်‌နေတဲ့မာရီဆာကို ဧည့်သည်အမှတ်နဲ့ သဘောကျနှစ်သက်သွားပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ သူတို့နှစ်ယောက်ရဲ့ ရင်ခုံစရာအချစ်ဇာတ်လမ်းကို ကြည်နူးဆွတ်ပျံ့ဖွယ် တင်ဆက်ပြသထားပါတယ်။ Romance ချစ်သူတို့အနေနဲ့ ကြည့်သင့်တဲ့ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(1.7 GB)/(919 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre… Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Moon

0 2002
Maid in Manhattan
Angels of Sex El sexo de los ángeles
6.4

Angels of Sex (2012) Original title: El sexo de los ángeles IMDb Rating (6.4) *အဖော်အချွတ်အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ ကြည့်ရှုဖို့မသင့်တော်ပါ* အခုနောက်ပိုင်းခေတ်စားလာတဲ့ Throuple Relationship ကိုပုံဖော်တဲ့ဇာတ်ကားတစ်ကား (၂၀၁၀) အစောပိုင်းဆီက ထွက်ခဲ့ဖူးပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ဘရူနိုနဲ့ကာလာဆိုတဲ့ ကောလိပ်ကျောင်းသား စုံတွဲတစ်တွဲရှိပါတယ်။ သူတို့ဟာ ငယ်စဉ်ကတည်းကချစ်သူတွေဖြစ်ခဲ့ကြပေမယ့် ဘရူနို့ကိုတော့ ကာလာ့မိဘတွေက သိပ်ကြည့်မရပါဘူး။ တစ်နေ့တော့ ဘရူနိုဟာ ကာလာ့ဆီကိုလာရင်း လမ်းဘေးက Underground ကပွဲတစ်ခုကိုရပ်ငေးရင်း လုယက်ခံရရာကနေသူ့ကိုကူညီပေးတဲ့ ရိုင်း ဆိုတဲ့ကောင်လေးတစ်ယောက်နဲ့ဆုံပြီး သူကိုယ်တိုင်မသိခဲ့တဲ့ သူ့လိင်စိတ်တိမ်းညွတ်မှုရဲ့တစ်ခြားဘက်ကိုရှာတွေ့ခဲ့ပါတယ်။ ရိုင်းနဲ့အချစ်နယ်ကျွံမိသွားပေမယ့် ဘရူနိုဟာ ကာလာကို မစွန့်လွှတ်နိုင်ပြန်ပါဘူး။ ကာလာကိုယ်တိုင်ကလည်း အကြောင်းစုံသိသွားပေမယ့် နားလည်မှုပေးထားရာကနေ ဘရူနိုဟာ သူ့ချစ်သူနှစ်ယောက်ဖြစ်တဲ့ ရိုင်းနဲ့ ကာလာတို့ကို မိတ်ဖြစ်ဆွေဖြစ်စေ့စပ်ပေးရာကနေ သူတို့နှစ်ယောက်ကပါ မိတ်ဆွေအဖြစ်ထက်ပိုသွားတဲ့အခါမှာတော့..။ ထူးခြားဆန်းကြယ်တဲ့ အချစ်ကို ရိုးရှင်းစွာပေါ့ပေါ့ပါးပါးပုံဖော်ထားတဲ့ Rom/com ဇာတ်ကားကောင်းလေးတစ်ကားပါ။ ဒါပေမယ့် ဥရောပကားပီပီ ဝတ်လစ်စားလစ်ဇာတ်ဝင်ခန်းတွေ ခပ်များများပါဝင်ထားတဲ့အတွက် မိသားစုနဲ့ကြည့်ဖို့တော့မသင့်တော်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ပဲဖြစ်ပါတယ်။) File size…(2.1 GB) / (1.1 GB) Quality….BLU-RAY 1080P HEVC / 720p Format…. mkv/mp4 Duration….01:43:46 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Alias

6.4 2012
Angels of Sex El sexo de los ángeles
Legend of BuShenshan
5.9

အချစ်ဖန်တက်စီဟာသကားကောင်းလေးနဲ့မိတ်ဆက်ပေးပါမယ်ရှင် ကမ္ဘာကြီးစတင်ဖြစ်ပေါ်လာစဉ်အချိန်တုန်းက လူသားတွေနဲ့မိစ္ဆာမျိုးနွယ်တွေဟာ အတူတွဲနေထိုင်ကြတယ်။ မိစ္ဆာမျိုးနွယ်တွေကအသက်ရှည်ပေမယ့် မေတ္တာခေါင်းပါးကြတယ်။ မိစ္ဆာတွေဟာ နတ်ဖြစ်ဖို့အတွက် နှစ်ရာချီကြိုးစားပြီးကျင့်ကြံကြရတယ်။ အဲဒီလိုမှ နတ်နဲ့မိစ္ဆာတွေကြား ငြိမ်းချမ်းမှုတည်မြဲစေပါတယ်လို့ဆိုတယ်။ ပုရှန်းတောင်ကမိစ္ဆာမလေးပင်းချင်ဟာ နတ်ဖြစ်နိုင်ဖို့အတွက် ချစ်ခြင်းမေတ္တာကိုလိုက်ရှာရတဲ့အချိန်မှာ မိစ္ဆာနှိမ်နင်သူကောင်လေးနဲ့တွေ့ဆုံခဲ့ရပါတယ်။ ဒီလိုနဲ့ဆန့်ကျင်ဘက်အခြေနေတွေကြားက သူတို့နှစ်ယောက်ကြားမှာအချစ်ပန်းတွေပွင့်လာနိုင်မလား…… သူတို့ရဲ့မေတ္တာခရီးကရောဖြောင့်ဖြူးနိုင်ပါ့မလား…… ဘယ်လိုအခက်အခဲတွေကြုံရမလဲဆိုတာကို ပေါ့ပေါ့ပါးပါးနဲ့ ဟာသလေးတွေနှောပြီးကြည့်ရမှာဖြစ်တဲ့အတွက် CM Chinese fanတွေအဖို့ စိတ်အမောတွေဖြေဖျောက်ဖို့ ကားကောင်းလေးတစ်ကားပဲဖြစ်လို့ ကြည့်ရှုအားပေးဖို့တိုက်တွန်းချင်ပါတယ်

Fantasy • Comedy • Family
5.9 2022
Legend of BuShenshan