YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

The Mysterious Class Ep4 1080p(CM).mp4

136.69 MB N/A video/mp4 1483 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Cinderella
7

ဒီနေ့မှာတော့ CM က Disney ဖန်တွေအတွက် Old but Gold ဆိုတဲ့အတိုင်း ဟောင်းပေမဲ့လည်း ဘယ်အချိန် ကြည့်ကြည့်မရိုးပဲ ကောင်းနေဆဲဆိုတဲ့ ကာတွန်းကားလေး တစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ အဲ့တာကတော့ IMDb မှာ 7.3/10 နဲ့ Rotten Tomatoes မှာ 97% ရထားတဲ့ ကိုယ်တွေငယ်ဘဝရဲ့ အသည်းစွဲ Cinderella (I) 1950 လေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ မသိတဲ့သူမရှိသလောက်ပါပဲ။ မိထွေးနဲ့ မိထွေးရဲ့သမီး၂ယောက်ဆီမှာ အစေခံတစ်ယောက်လို အလုပ်လုပ်ပေးရပြီး အနိုင်ကျင့်ခံရတဲ့ စင်ဒရဲလားလေးရဲ့ သနားစရာ ဘဝဇာတ်ကြောင်းလေးပါပဲ။ ဟိုးအဝေးဆီက နန်းတော်ကြီးဆီ လှမ်းမျှော်ကြည့်ပြီး စင်ဒရဲလားလေးဟာ တော်ဝင်ကပွဲကိုတက်ခွင့် ရဖို့စိတ်ကူးယဥ်နေပါသတဲ့။ အဲ့လို စင်ဒရဲလား လေးရဲ့ စိတ်ကူးတွေကို အကောင်အထည်ပေါ်အောင် သူရဲ့သူငယ်ချင်း ကြွက်ကလေးတွေက ဘယ်လိုကူညီကြမလဲ၊ စိတ်ထားမကောင်းတဲ့မိထွေးဆိုးကြီးက ဘယ်လိုယုတ်မာပြမလဲ၊ သူတော်ကောင်းနတ်ကောင်းမ ဆိုတဲ့ စကားအတိုင်း အစောင့်အရှောက်နတ်သမီးဖွားဖွားက ဘယ်လိုတွေ ကူညီပေးမလဲ ဆိုတာကို ငယ်ဘဝကခံစားချက်တွေ နဲ့ ရသစုံလင်စွာ ပျော်ပျော်ရွှင်ရွှင်ခံစားကြည့်ရှုနိုင်ဖို့ CM က ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ သီချင်းလေးတွေကအစ သေချာလေးခံစားဘာသာပြန်ပေးထားတာမို့ CM လက်ရာ ကောင်းကောင်းလေးနဲ့ တစ်ဖန်ပြန်လည်ခံစားကြည့်ရှူ ချင်ကြတဲ့ ပရိတ်သတ်ကြီးတို့အတွက် down ရကျိုးနပ်စေမယ့် ကားကောင်းလေးတစ်ကားဖြစ်စေရဖို့ အာမခံပါတယ်လို့ပြောရင်း ... Let's Enjoy Guys ! ! File size…1.05GB / 718MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 14m Genre ..... Animation , Family , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aung Wai Wai Thin

Crime • Drama • Mystery • Sci-Fi & Fantasy
7 1950 74 mins
Cinderella
Twins Mission
5.1

Review- အမွှာတွေချည်းပဲဖွဲ့စည့်ထားတဲ့အဖွဲ့အစည့်တစ်ခုမှာ ခေါင်းဆောင်အမွှာညီနောင်၂ဦးဟာ ရည်မှန်းချက်မတူတာကြောင့် ၂ဖွဲ့ကွဲသွားခဲ့ပါတယ် ကျေးညီနောင်၂ဦးလိုတစ်ဖွဲ့ကမကောင်းတဲ့လမ်းစဉ်ကိုလိုက်ပြီး နောက်တစ်ဖွဲ့ကတော့တရားမျှတမှုအဖွဲ့ပါ တစ်ရက်မှာ Lau Hay နဲ့ Uncle Luck ဟာ Heaven's Bead လို့ခေါ်တဲ့အစေ့ကိုဟောင်ကောင်ကိုသယ်ယူလာတုန်းခြုံခိုတိုက်ခိုက်ခံရတာကြောင့် လမ်းမှာတင်ပျောက်ဆုံးသွားခဲ့ပါတယ် ဒီအစေ့ကိုမှော်စွမ်းအင်တွေရှိပြီး သေဆုံးသွားတဲ့လူတွေကိုပြန်ခေါ်နိုင်တယ်လို့ ယုံကြည်တာကြောင့် လူဆိုးအမွှာအဖွဲ့လိုက်ရှာတာကို နောက်တစ်ဖွဲ့ကတားဆီးတာပဲဖြစ်ပါတယ် တစ်ဖက်မှာလဲမြို့တော်စီမံကိန်းတွေရှိနေတယ့် Professor Mok ဟာ သူ့တူမ Li ပိုင်ဆိုင်တဲ့မြေနေရာကွက်တွေကိုလိုချင်နေတာကြောင့် နေမကောင်းဖြစ်နေတဲ့သူ့ညီမကို Heaven's Bead နဲ့အကျပ်ကိုင်လာပါတယ် Lau Hay နဲ့ Uncle Luck တို့ဟာအင်အားမမျှတာကြောင့် ပျောက်ဆုံးနေတဲ့အမွှာအဖွဲ့သားတွေကိုအကူအညီတောင်းလာရပါတော့တယ် သူတို့တွေHeaven's Bead ကို ဘယ်လိုပြန်ယူမလဲ Li ညီအစ်မနှစ်ယောက်ကိုပါဘယ်လိုကယ်တင်မလဲဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ် ။ ( ဘာသာပြန်ပြီး အညွှန်း‌ရေးသားထားသူကတော့ Son Gohan ပါ ) File Size__(1.8GB) Quality__BluRay_720p IMDb Rating__5.1/10 Format__mp4 Duration__01:33:00 Type__Action, Comedy, Crime Subtitle__Myanmar Subtitle (Hardsub) Translated by Son Gohan Encoded by Naing Aung Latt

Drama
5.1 2007 103 mins
Twins Mission
CBI 5: The Brain
5.5

ဒီတစ်ခါမှာလည်း ထုံးစံအတိုင်း ခေါင်းစားစရာတွေ တစ်ပုံကြီးနဲ့ အိန္ဒိယစုံထောက်ကား တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ IMDB မှာ ၆.၁ ရထားတဲ့ စုံထောက်အက်ရှင် Crime, Mystery, Thriller အမျိုးစားရုပ်ရှင်ဖြစ်ပါတယ်... ဇာတ်လမ်းအကျဉ်း... ဝန်ကြီးချုပ်နဲ့အတူ ခရီးထွက်ခဲ့တဲ့ ဝန်ကြီးတစ်ယောက် သေဆုံးသွားတဲ့နောက်ကွယ်ကနေစပြီး Basket Killings ဆိုတဲ့ ကွင်းဆက် လူသတ်မှုတွေ ဆက်တိုက်ဖြစ်လာပါတော့တယ် နောက်ဆုံးအသတ်ခံရတဲ့သူက ရဲအရာရှိတစ်ယောက်ဖြစ်တာမို့ ရဲတွေပါ အလုပ်ရှုပ်လာပါတယ် ဒီအချိန်မှာ "မာနကြီးပြီး ဘယ်တော့မှမကျရှုံးဘူး" လို့ ကြွေးကြော်ထားတဲ့ CBI အိန္ဒိယ ဗဟိုထောက်လှမ်းရေးကို အမှုကိုလွှဲပါတော့တယ် CBI နဲ့ ရဲအဖွဲ့ကြားက အဖုအထစ်တွေ အားပြိုင်မှုတွေနဲ့ တရားခံကို ဘယ်လိုဖော်ထုတ်ဖို့ကြိုးစားလည်းဆိုတာကိုတော့ ၂နာရီနဲ့ ၄၂မိနစ်ကြာတဲ့ ဒီရုပ်ရှင်မှာ တ၀ကြီး လိုက်ပါစီးမျောခံစားကြည့်လိုက်ပါဦး... File size…2.54GB / 1.2GB Quality…1080p WEB DL Malayalam AAC5.1CH / 720p Format...mp4 Duration….2h 42mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung ~ Yunni ~ Honey ~ OeliuJ

Action • Drama • Science Fiction
5.5 2022 163 mins
CBI 5: The Brain
AI Love You
6.1

ဒေါ့ပ် / ပေါ့ပ် အဖြစ် Mario Maurer လာန အဖြစ် Baifern Pimchanok ဇာတ်လမ်းအကျဥ်း ယနေ့ခေတ်မှာ နည်းပညာတွေတိုးတက်လာတာနဲ့အမျှ လူသားတွေဟာ စက်ရုပ်တွေကို အစားထိုးသုံးလာခဲ့ကြတယ် နေထိုင်ရာ အဆောက်အဦးတွေကအစ AI အစားထိုးသုံးလာပြီး "လာန" အလုပ်လုပ်နေတဲ့ အဆောက်အဦးလည်း အပါအဝင်ပေါ့ - "လာန" က ကြော်ငြာဌာနရဲ့ ဝန်ထမ်းတစ်ယောက်ဖြစ်ပြီး AI ဖြစ်တဲ့ "ဒေါ့ပ်" နဲ့ ခင်မင်နေတဲ့ လူသားတစ်ယောက်ပါ - "​ဒေါ့ပ်" တစ်ယောက် "လာန" အခက်အခဲတွေနဲ့ ချစ်သူတစ်ယောက်လိုချင်တာတွေကို နားထောင်ဖြေရှင်းပေးရာက အချစ်စိတ်တွေ ပေါက်ဖွားလာပြီး system error တက်လာခဲ့တော့တယ် - "ဒေါ့ပ်"ကို ပြုပြင်ဖို့ ဗဟိုထိန်းချုပ်ဌာနက နည်းပညာရှင် "ပေါ့ပ်"ကို စေလွှတ်ခဲ့ပါတယ် - "လာန" ပါဝင်တဲ့ မှတ်ဥာဏ်တွေကို "ပေါ့ပ်" တစ်ယောက်ဖျက်​ဆီးဖို့ကြိုးစားရင်း ရှော့ခ်ဖြစ်ပြီး AI ဖြစ်တဲ့ "ဒေါ့ပ်" ဟာ "ပေါ့ပ်" ခန္ဓာကိုယ်ထဲ ဝင်ရောက်လာပါတော့တယ် - "ပေါ့ပ်" ကို လူပွေဆိုပြီး သဘောမကျတဲ့ "လာန" - လူသားဖြစ်လာတာနဲ့ "လာန"ကို ချစ်ခွင့်ရချင်တဲ့ "ဒေါ့ပ်" AI နဲ့ လူသားရဲ့ အချစ်ခရီးက အဆင်ပြေနိုင်ပါ့မလား စက်ပစ္စည်းတွေက လူသားတွေရဲ့ အပေါင်းအဖော် သူငယ်ချင်းအဖြစ်ကနေပိုတဲ့အရာများဖြစ်လာနိုင်မလားဆိုတာ Baifern နဲ့ Mario တို့ရဲ့ ဆယ်စုနှစ်ကျော်ကြာပြီးမှ တွေ့ဆုံရိုက်ကူးထားတဲ့ "AI Love You" ဇာတ်လမ်းတွဲမှာ ကြည့်ရှုကြရအောင် အညွှန်း နဲ့ ဘာသာပြန်ကတော့ Kyi Nue Zin နဲ့ Nang Mwe Kham ပဲ ဖြစ်ပါတယ်။ Genre.....Drama, Romance, Sci-fi Quality….WEB-DL 1080p and 720p and 360p File size…1.69GB and 840MB and 260MB Format…mp4 Duration….1h 30min Subtitle….Myanmar Subtitle (Hardsub) Translator ..... Kyi Nue Zin and Nang Mwe Kham Encoder .....August

Comedy • Fantasy
6.1 2022 95 mins
AI Love You
The Substitute
6

IMDb Rating (6.0) Sniper ရုပ်ရှင်ဇာတ်ကားတွေကိုကြည့်ဖူးမယ်ဆိုရင် အဲ့ဒီထဲက ထီမထင်တဲ့မျက်နှာပေးနဲ့ လက်ဖြောင့်တပ်ကြပ်ကြီး ဘက်ကတ်အဖြစ်ပါဝင်ခဲ့တဲ့ မင်းသားကြီး Tom Berenger ကို မှတ်မှတ်ရရရှိကြမှာပါ…ဒီဇာတ်လမ်းကလဲ သူ့ရဲ့အက်ရှင်ဇာတ်လမ်းနောက်တစ်ပုဒ်ပါပဲ။ ဇာတ်လမ်းကတော့…. ဗီယက်နမ်စစ်ပြန်ကြီးတို့အဖွဲ့က အမေရိကန်အစိုးရရဲ့ ရုပ်သေးရုပ်လေးအဖြစ်နဲ့ အမည်မဲ့ စစ်ဆင်ရေးတွေမှာ တရားမဝင် စစ်တိုက်ပေးနေရပါတယ်။ သူတို့စစ်ဆင်ရေးဆိုတာက အောင်မြင်ရင်လည်း လူမသိ၊ တိုက်ပွဲကျတဲ့စစ်သားက အမည်မဲ့၊ သတင်းစာထဲပါသွားရင် ပိုင်ရှင်မဲ့ ကြေးစားစစ်တပ်၊ ဒီလိုလည်ပတ်ကြရတာပါ။ ကျူးဘားကမ်းတက်စစ်ဆင်ရေးတစ်ခုမှာ စစ်သားကြီးတို့အဖွဲ့ အထိနာပြီး သုံးယောက်ကို သေမင်းလက် ဝကွက်အပ်လိုက်ရတယ်။ အဲဒါတောင် ပိုင်ရှင်မဲ့စီးနင်းမှုအဖြစ် အမေရိကန်အစိုးရက ခေါင်းရှောင်လိုက်ချိန်မှာ စစ်ပြန်ကြီးတို့ အံကြိတ် တောက်ခေါက်ရုံမှတစ်ပါး အခြားမရှိတော့ပါဘူး။ ပိုင်ရှင်တကယ်မဲ့သွားတဲ့ စစ်ပြန်ကြီးတို့အဖွဲ့ 109 110 တွေဖြစ်ကုန်ချိန်မှာ အဖွဲ့ခေါင်းဆောင် ရှေးလ် က သူ့ချစ်သူဆီ ပြန်လာခဲ့တယ်။ သူ့ချစ်သူ ကျောင်းဆရာမက ကျောင်းသားဆိုးတွေ လက်ချက်နဲ့ ‌ခြေတောက်ကျိုးနေပါရော့လား။ သူ့ချစ်သူနေရာမှာ အစားထိုးသမိုင်းဆရာအဖြစ် ဝင်လာတဲ့ စစ်ပြန်ကြီး ရှေးလ်၊ ကျောင်းသားဆိုးတွေကို ဘယ်လိုကိုင်တွယ်မလဲ။ သူစာသင်နေတဲ့ကျောင်းက မူးယစ်ဆေးဝါးဖြန့်ချီရေး ဗဟိုဌာနဖြစ်နေတာကို သိလိုက်ရတဲ့ ရှေးလ် တစ်ယောက်၊ သေနတ်နဲ့ ကျည်ဆံတွေ ဖောဖောသီသီပါတဲ့ မူးယစ်ဆေးစစ်ပွဲထဲကို ကိုယ်တိုင်ဝင်ပါရတဲ့အခါ ဘာတွေကြုံရမလဲ။ အထိုးအကြိတ်၊ အပစ်အခတ်၊ ဆဲရေးတိုင်းထွာ၊ ဘာညာ။ ကျည်ဆံတွေပလူပျံနေတုန်း ယီးချင်းထပ်အောင်ဆဲနေတဲ့ ဟောဒီဇာတ်ကားက Sniper ဇာတ်ကားတွေထဲက လက်ဖြောင့်တပ်ကြပ်ကြီး ဘက်ကတ် နဲ့ တိတ်ခွေခေတ်တစ်ခေတ်ကို အလွမ်းပြေကြည့်ရှုရမယ့် ဇာတ်ကားဖြစ်ပါကြောင်း။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ တင်ဆက်ထားပါတယ်။)

Science Fiction • Comedy • Horror
6 1996 114 mins
The Substitute
The Dive
5.6

ဦးဆုံးအနေနဲ့ ဒီရုပ်ရှင်လေးဟာ 2020ခုနှစ်ထွက် Breaking Surfaceဆိုတဲ့ Swedish movieလေးကို english movieအဖြစ်ပြန်ရိုက်ကူးထားတာပါ…။ ဇာတ်လမ်းလေးကတော့ မေ နဲ့ ဒရူးဆိုတဲ့ ညီအစ်မနှစ်ယောက် နယ်ဝေးက ကမ်းခြေလှလှလေးတစ်ခုဆီ ပင်လယ်ရေငုပ်ထွက်ကြတယ်ပေါ့…။ တစ်ယောက်နဲ့တစ်ယောက် မတွေ့ဖြစ်တာလည်းကြာ၊ အတူရေမငုပ် ဖြစ်တာလည်းကြာဆိုတော့ နှစ်ယောက်သား စိတ်လျှော့လက်လျှော့နေနေမိတာပေါ့…။ ဒီလိုရေငုပ်နေရင်းနဲ့ ကံခေပြီး အစ်မဖြစ်သူ မေ ဟာ ပြဿနာတစ်ခုနဲ့ကြုံပါလေရော….။ ရေအောက်မှာ တစ်ခုခုဖြစ်လို့ အပေါ်ပြန်မတက်နိုင်သရွေ့ ပထမဆုံး ကြုံရတဲ့ဒုက္ခက အောက်စီဂျင်ပါပဲ…။ နောက်ပြီးတော့ အချိန်ပါ…။ အချိန်တစ်ရွေ့ရွေ့ကုန်လာလေ အသက်ဘေးနီးလာလေ၊ အခြားအန္တရာယ်အစုံတိုးလာလေပါပဲ….။ ဒီတော့ ဒီညီအစ်မနှစ်ယောက် အသက်ဘေးကလွတ်အောင် ဘယ်လိုဆုံးဖြတ်ချက် မှန်မှန်ချကြမလဲ…၊ ဘယ်လိုရုန်းကန်ကြမလဲတွေ့ရမယ့်အပြင် ဇွဲမလျှော့ကြတဲ့ညီအစ်မနှစ်ယောက်ကြားက သံယောဇဥ်မေတ္တာတရားကိုပါ မြင်တွေ့ရမယ့်ကားလေးဖြစ်ပါတယ်…။ File size…1.86GB / 685MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 31m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

5.6 2023
The Dive
Saw III Saw 3
6.2

Saw Collection ============== CM ကနေ နာမည်ကျော် Saw ဇာတ်ကားတွေကို ဆင်ဆာမဖြတ်ထားတဲ့ Version တွေဖြစ်တဲ့ Unrated/Director’s cut Version တွေနဲ့ ပြန်လည် Update လိုက်ပါတယ်။ Saw ဇာတ်လမ်းတွေရဲ့အစကတော့ ရုပ်ရှင်ကျောင်းကနေ သင်တန်းဆင်းလာတဲ့ ဒါရိုက်တာပညာသင်ထားတဲ့ James Wan နဲ့ ဇာတ်ညွှန်းပညာသင်ထားတဲ့ Leigh Whannell တို့ ၂ ယောက် ရုပ်ရှင်လောကထဲဝင်ဖို့ လုံလောက်တဲ့ ငွေကြေးမရှိရာကနေ စပါတယ်။ ရုပ်ရှင်ရိုက်ဖို့ ပိုက်ဆံမရှိတော့ ဘတ်ဂျက်နည်းနည်းနဲ့ Twist များတဲ့ ဇာတ်ညွှန်းကို နှစ်ယောက်သားဖန်တီးရိုက်ကူးခဲ့ရာကနေ Saw 2004 ပထမဆုံးရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။ လူမငှားနိုင်လို့ ဇာတ်ညွှန်းဆရာ Leigh Whannell ကိုယ်တိုင်သရုပ်ဆောင်ဝင်ရိုက်ခဲ့ရပြီး အခန်းတစ်ခန်းအတွင်းမှာပဲ ရိုက်ကူးခဲ့ရတဲ့ Saw 2004 ရုပ်ရှင်ဟာ ဘတ်ဂျက် ၁ သန်းပဲ ကုန်ကျခဲ့ပေမယ့် ရုံတင်ဝင်ငွေ သန်း ၁၀၀ ကျော်ပြန်လည်ရရှိသည်အထိ အောင်မြင်သွားခဲ့ပါတယ်။ Saw ဟာ ဘယ်လိုရုပ်ရှင်တွေလဲဆိုတာကိုတော့….(လူသာမန်ရဲ့ အညွှန်း နဲ့ညွှန်းခဲ့ချင်ပါတယ်။) ဆိုးဆိုးရွားရွား လူသတ်ပြတဲ့ဇာတ်ကွက်တွေ၊ သွေးထွက်သံယို ရာဇဝတ်မှုတွေကို အိပ်မက်ထဲအထိ သယ်ပိုးယူဆောင်ကာ လန့်နိုးတတ်သူတွေအတွက် SAW Series ကို လုံးဝ ရှောင်သင့်တယ်။ ကြည့်မိရင် ကာလတစ်ခုစာအထိ ရက်စက်တဲ့လူသတ်ပုံတွေကို မေ့နိုင်မှာမဟုတ်လို့ ဒီလိုဆိုရခြင်းပါ။ Horror ရုပ်ရှင်တွေကို စွဲကြည့်တတ်သူတွေကတော့ SAW ကို လုံးဝ လက်မလွှတ်ကြ။ ● Jigsaw ဆိုပြီး ရဲတွေက အမည်သညာပေးထားတဲ့ ကွင်းဆက်လူသတ်သမားရဲ့ ထူးခြားတဲ့စီမံမှုတွေကြား Jigsaw ရွေးချယ်ထားတဲ့လူတွေဟာ ရှင်သန်မှုအတွက် ပါဝင်ကစားကြရတယ်။ ကစားကွင်းနယ်မြေကို Jigsaw က ရွေးချယ်ထားတာဖြစ်ပြီး ပါဝင်ကစားသူတွေဟာလည်း နိုးလာတာနဲ့ သူ့ကစားကွင်းထဲကို ရောက်နေကြရတာ ဖြစ်တယ်။ ထူးခြားတာက ဒီကစားပွဲမှာ ရှုံးရင် အသက်တွေ ပေးအပ်ကြရတာ။ Jigsaw ဟာ သူ ရွေးချယ်လိုက်တဲ့လူတွေကို မေ့မြောနေတဲ့အချိန်မှာကတည်းက သတ်ဖြတ်ပစ်လိုက်လို့ရပေမယ့် မသတ်ဘူး။ သူ့ရည်ရွယ်ချက်က ကိုယ့်အသက်ရှင်သန်မှုအတွက် ကိုယ်တိုင် ပါဝင်ပြီး ရွေးချယ်ဆုံးဖြတ်ကြစေလိုတာပဲ။ သူက တိကျတဲ့အချိန်တွေ သတ်မှတ်ပေးတယ်။ ရွေးချယ်ခွင့်တွေ ပေးတယ်။ လိုအပ်တဲ့တန်ဆာပလာတွေ ပေးတယ်။ ပေးထားချက်တွေကို ကိုယ် တတ်စွမ်းသမျှနဲ့ ဆောင်ရွက်ရင် အသက်ရှင်မယ်။ (တချို့သော ခန္ဓာကိုယ်အစိတ်အပိုင်းတွေတော့ ဆုံးရှုံးကောင်း ဆုံးရှုံးမယ်။) ပါဝင်ကစားရတဲ့သူတွေကလည်း အဆက်အစပ်မဲ့သူတွေ မဟုတ်ကြ။ တစ်နည်းမဟုတ်တစ်နည်းနဲ့ ဘဝမှာ ပတ်သက်ဖူးသူတွေကို ကွင်းတစ်ခုထဲ ချထားပေးသလို သူက ရွေးချယ်ထားတာ။ လူဖြစ်မှုနဲ့ပတ်သက်ပြီး Jigsaw ခံယူထားတာက ” ကိုယ့်ရှင်သန်မှုကို တန်ဖိုးထား တွယ်တာမှ လူဟာ ရှင်သန်နေထိုင်သင့်တယ် ” ဆိုတာပဲ။ ဒီ့အပြင် Jigsaw ဖော်ပြလိုတဲ့တခြားသောအရာတွေ ရှိသေးတယ်။ အထူးသဖြင့် ကလဲ့စားချေလိုမှုနဲ့ ခွင့်လွှတ်မှုပေါ့။ နောက် မိသားစုဘဝနဲ့ ရွေးချယ်ထားတဲ့အလုပ်ပေါ် တန်ဖိုးထားမှု။ Jigsaw ဆိုတဲ့ ကွင်းဆက်လူသတ်သမား ဖြစ်ပေါ်လာရခြင်းအကြောင်းကလည်း စိတ္တဇလူသတ်သမားတွေဖြစ်ပေါ်လာတတ်တဲ့အကြောင်းရင်းတွေအတိုင်းပါပဲ။ သို့သော် Jigsaw ရဲ့ ကြိုတင်စီမံမှုတွေကကျ တခြားလူသတ်သမားတွေထက် အဆင့်မြင့်တယ်။ မြင်နေကျ သာမန်သတ်ဖြတ်မှုပုံစံတွေလည်း မဟုတ်။ ရက်စက်လွန်းတဲ့သတ်ဖြတ်မှုပုံစံတွေဆိုတာကိုတော့ ပုံတွေ ကြည့်ရုံနဲ့တင် ခန့်မှန်းလို့ ရပါလိမ့်မယ်။ ● ကမ္ဘာပေါ်မှာ သမ္မာကျမ်းစာ စာအုပ်တွေပြီးရင် ရောင်းအကောင်းဆုံးဖြစ်တဲ့စာအုပ်တွေက ဖြစ်ရပ်မှန် ရာဇဝတ်မှုတွေအကြောင်းကို ပုံတွေနဲ့တကွ သေသေချာချာ ဖော်ပြ ရေးသားထားတဲ့စာအုပ်တွေပါတဲ့။ ဒီရုပ်ရှင်ဟာ အဲဒီလို လူတွေ အကြိုက်ဆုံးရုပ်ရှင်တွေထဲက တစ်ခုလို့ ဆိုကြတယ်။ တချို့လူတွေမှာ ဒီလိုအကြောင်းနဲ့ပတ်သက်ပြီး မေးခွန်းတစ်ခု ရှိတယ်။ ဒီလိုရက်ရက်စက်စက် ပြကွက်တွေ၊ ရေးသားချက်တွေကို လူတွေက ဘာလို့ကြိုက်ကြတာလဲ တဲ့။ စိတ်ပညာရှုထောင့်အရတော့ လူမှာ အမြဲဒွန်တွဲနေလေ့ရှိတဲ့ ဆန့်ကျင်ဘက် စိတ်နှစ်မျိုးအရ ဒီလိုကားတွေကို တချို့တွေ ကြိုက်ကြတာလို့ ဆိုတယ်။ လူဟာ သူတော်စင်လုပ်မလား၊ မကောင်းဆိုးဝါးလုပ်မလားဆိုတာကို ကိုယ်တိုင် ဆုံးဖြတ်ကြရတာပဲ။ သူတော်စင်ဘက် ယိမ်းသူက မကောင်းဆိုးဝါးကို ချိုးနှိမ်အုပ်ချုပ်ရာမှာ အောင်မြင်သူ၊ မကောင်းဆိုးဝါးဘက် ယိမ်းသူက သူတော်စင်ကို ချိုးနှိမ်အုပ်ချုပ်ရာမှာ အောင်မြင်သူ။ တချို့တွေကတော့ သူ ဖြတ်သန်းနေရတဲ့ဘဝအခြေအနေအရ ဟိုဘက် ယိမ်းလိုက် ဒီဘက် ယိမ်းလိုက်ဖြစ်နေကြသူတွေ။ လူတွေဟာ ကိုယ်တိုင် လက်တွေ့ မလုပ်ရဲတာတွေကို စိတ်ကူးနဲ့ပဲ ပုံဖော်ကြရတယ်။ ကိုယ့်အပေါ် တစ်ခုခု မတရားကျူးလွန်ခဲ့သူကို လက်တွေ့ မှာ ပေါ်ပေါ်ထင်ထင် မသတ်ရဲကြပေမယ့် စိတ်ကူးနဲ့ နေ့စဉ် သတ်ဖြတ်နေသူတွေ၊ ဝဇီကံနဲ့ သတ်ဖြတ်နေသူတွေ မနည်းလှဘူး။ ဒီလူတွေကပဲ ဘဝမှာ ခံခဲ့ရတဲ့မတရားမှုတွေ၊ အဆင်မပြေမှုတွေကို ဖြေဖျောက်ဖို့အတွက် သူတို့လိုတွေးတဲ့တခြားစိတ်ကူးတွေကို ရှာဖွေကြတယ်။ နွားရိုင်းသတ်ပွဲလို သွေးထွက်သံယို ပွဲတော်တွေကို နှစ်သက်ကြတယ်။ လူချင်း ထိုးသတ်ကြတဲ့ပွဲတော်တွေဆီ သွားကြတယ်။ နောက်တော့ စာပေထဲက ရက်စက်မှုတွေဆီ ရောက်တယ်။ ရုပ်ရှင်ကတော့ ကိုယ့်စိတ်ကူးနဲ့ကို ရိုက်စရာမလိုတော့ဘူး။ (စာပေက ကိုယ့်ဘာသာ ပြန်ရိုက်နေရသေးတာကိုး။) ဒါရိုက်တာက ပြထားတဲ့အတိုင်း ရက်စက်မှုတွေကို လိုက်ပါခံစားရုံ၊ ရင်ထိတ်ရုံ၊ ကျေနပ်ရုံပဲ။ ဒီတော့ Horror ကြိုက်တယ်ဆိုရင် . . . Jigsaw က စောင့်နေကြောင်း ဆိုပါရစေလား။ -လူသာမန်- Saw ဇာတ်ကားများအားလုံးကို ဒီမှာ https://channelmyanmar.to/category/special-package/saw-collection/ ကြည့်ပါ။ Saw 3 (2006) အခုကားကတော့ Saw Franchise ရဲ့ တတိယမြောက်ကား။ ရှေ့နှစ်ကားရဲ့ Spoiler ပါနိုင်လို့ ရှေ့နှစ်ကားမကြည့်ရသေးရင် ဆက်မဖတ်ပါနဲ့တော့။ ဒီကားတွေက Spoiler ထိလို့ရှိရင် ကြည့်ရတဲ့ အရသာပျက်သွားတတ်တယ်။ Saw ရဲ့ ပထမကားကတော့ ရေချိုးခန်းတခုထဲမှာ နိုးလာတဲ့ လူနှစ်ယောက်နဲ့ စတင်ထားပြီး ကျနော်တို့ရဲ့ Jigsaw ကြီးစတင်ပွဲဦးထွက်လာတာလည်းဖြစ်တယ်။ အဲနောက်မှာတော့ Saw ll မှာ Jigsawက နာမည်ကြီးလာတဲ့အပြင် သူစမ်းသပ်တာခံရတဲ့သူတွေအရေအတွက်ကလည်း ပိုပြီး ကြီးမားလာခဲ့တယ်။ ပိုပြီးကြမ်းလာတာကတော့ ရဲတွေကိုပါမရှောင် သူ့ရဲ့ စမ်းသပ်မှုမှာထည့်လာတာပဲ။ အခု တတိယမြောက်ကားမှာတော့ ဒုတိယကားကနေ တိုက်ရိုက်အဆက်အနေနဲ့ ထွက်လာခဲ့တယ်။ ဒုတိယကားမှာ အဖမ်းခံခဲ့ရတဲ့သူကရော ဒီကားမှာ ဘယ်လောက်ထိအရေးပါမလဲ။ အခုကားမှာတော့ အစမှာ သံကြိုးတွေနဲ့ တုပ်နှောင်ထားခံရတဲ့သူတယောက် လွတ်မြောက်အောင် ကြိုးစားခဲ့ပေမယ့် ဗုံးပေါက်ကွဲမှုကနေ မလွတ်မြောက်ခဲ့ဘူး။ ပိုပြီး ထူးဆန်းတာက လွတ်မြောက်မယ့်လမ်းမထားတာပါပဲ။ Jigsaw ရဲ့ပုံစံတွေကနေ သွေဖယ်လာနေခဲ့တယ်။ အဲဒီအမှုကိုစုံစမ်းနေတဲ့ စုံထောက်တယောက်လည်း Jigsaw ရဲ့ ကစားပွဲထဲရောက်သွားခဲ့ရပြန်တယ်။ အဲနောက်မှာတော့ ဆရာဝန်တယောက်ဖြစ်တဲ့ လင်း ကို Jigsaw ဖမ်းခေါ်သွားခဲ့တယ်။ ဒုတိယကားမှာ Jigsaw က ကင်ဆာဝေဒနာနဲ့သေခါနီး ဖြစ်နေခဲ့တာကို သိကြပြီးပြီ။ အခု ဆရာဝန်ကိုရော ဘာလို့ ခေါ်လာခဲ့ရတာလဲ။ အဲလိုပဲ ဆရာဝန်ကိုသူ့အနားခေါ်ထားတုန်းမှာပဲ နောက်ထပ်စမ်းသပ်မှုတခုကလည်း ဆက်သွားနေခဲ့တယ်။အဲဒီစမ်းသပ်မှုကရော ဘာအတွက်လဲ။ Jigsaw ကရော ဘာတွေစီစဉ်ထားမှာလဲဆိုတာကို စိတ်ဝင်တစားကြည့်ရင်း လူတွေကိုပြောင်းလဲလို့ရနိုင်ပါ့မလား။ တကယ့်အသိတရားရနိုင်မယ့်လူတွေရော ရှိပါ့မလား။ ကိုယ့်ခံယူချက်နဲ့ကိုယ်သွားနေတဲ့လူတွေအကြောင်းကို တွေးတောနေရမယ့် တတိယကားပဲ ဖြစ်ပါတယ်။

Drama • History
6.2 2006
Saw III Saw 3
J. Edgar
6.5

J Edgar (2011) IMDb Rating (6.5) ဒီတစ်ခါ CM ပရိသတ်ကြီးကိုတင်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ ဆရာကြီး လီယိုနာဒိုက အဓိကဦးဆောင်ထားပြီး သူ့ထက်ဆရာ့ဆရာ ကလင့်စ်အိစ်ဝုဒ်က ပရိုဂျူဆာ ဒါရိုက်တာလုပ်ထားတဲ့ ဘိုင်အိုဂရပ်ဖီကားလေးပါပဲ လူတစ်ယောက်ရဲ့အကြောင်းကို ရိုက်ထားတဲ့ဘိုင်အိုဂရပ်ဖီကားဆိုပေမြ့ ဂျေအက်ဂါဆိုတဲ့ အမေရိကန်ရဲ့နာမည်ကြီး ထောက်လှမ်းရေး အဖွဲ့အစည်း FBI ကို စတင်တည်ထောင်ခဲ့တဲ့သူပါ အဲ့တော့ သူ့အကြောင်းဆိုတာက FBI အဖွဲ့ကြီးရဲ့သမိုင်းကြောင်းပါပဲ စစ်အေးတိုက်ပွဲကာလမှာ ကမ္ဘာမှာ ကွန်မြူနစ်စနစ်ကြီးစိုးချိန် အမေရိကန်နိုင်ငံမှာ ကွန်မြူနစ်တွေရဲ့အန္တရာယ်ကိုကာကွယ်ဖို့ ဒီအဖွဲ့ကြီးကို တည်ထောင်ခဲ့ရာကစပြီး အမေရိကန်ရဲ့ အကောင်းဆုံး ထောက်လှမ်းရေးအဖွဲ့အစည်းဖြစ်အောင် ဂျေအက်ဂါတစ်ယောက်သူ့ခြေသူလက်နဲ့ ဘယ်လိုတည်ထောင်ခဲ့လဲဆိုတာ သူ့ဘဝအကြောင်းနဲ့ ယှဉ်တွဲပြီးတော့ ပုံဖော်ပြထားတာပါ လီယိုနာဒိုကတော့ လီယိုနာဒိုပါပဲ လုံးဝကိုဇာတ်ကောင်နဲ့ထပ်တူညီတယ်လို့ခံစားရပြီး ရသလဲပေးနိုင်သလို အဲ့ခေတ်က အမေရိကန်အကြောင်း ဗျူရိုစနစ်တွေအကြောင်း တစေ့တစောင်းကို ဇာတ်လမ်းသွားလေးနဲ့ကြည့်ရမှာမို့ CM ပရိသတ်တို့ လက်မလွှတ်ကြဖို့ အကြံပေးလိုပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Sai Thurein Lynn မှတင်ဆက်ထားပါတယ်။)

Horror • Science Fiction
6.5 2011
J. Edgar
The Tall Man
5.9

ဝါရှင်တန် ပြည်နယ်က ကိုးရော့ခ်ဆိုတဲ့ မြို့ငယ်လေးဟာ ယခင်က သတ္တုမိုင်း တူးဖော်ရေး လုပ်ငန်းအမှီပြုပြီး စည်ကားသိုက်မြိုက်တဲ့ မြို့လေး တစ်မြို့ ဖြစ်ခဲ့တာပါ။ မိုင်းတွင်း တူးဖော်ရေး ပိတ်ချခံလိုက်ရပြီးတဲ့ နောက်ပိုင်းမှာ စီးပွားလည်ပတ်မှု မရှိတော့ဘဲ တစ်စထက် တစ်စ အကျဘက်ကို ဆုတ်ယုတ်လာခဲ့ပါတယ်။ အဆိုးဆုံးက မြို့နေလူထုထဲမှာ ကလေးငယ်တွေ တဖြည်းဖြည်း ပျောက်ဆုံးသွားကြတာပါ။ ဒီပျောက်ဆုံးမှုတွေအတွက် ဒဏ္ဍာရီလိုလို ယုံတမ်းပုံပြင်လိုလို ဖြစ်လာတာကတော့ ခေါင်းစွပ်နဲ့’လူရှည်ကြီး’ တစ်ယောက်က ကလေးတွေကို တောထဲကို ဆွဲခေါ်သွားခဲ့တာဆိုတာပါပဲ။ ဂျူလီယာဆိုတဲ့ သူနာပြုတစ်ယောက်က ခင်ပွန်းဖြစ်သူ ဆရာဝန်ဆုံးပါးပြီး နောက်ပိုင်း အိမ်မှာ သားလေးဒေးဗစ်နဲ့အတူ ကလေးထိန်း တစ်ယောက်နဲ့ နေထိုင်သူပါ။ တစ်နေ့အိပ်ယာနိုးလာချိန် တွေ့လိုက်ရတာက ကလေးထိန်းကို ကြိုးနဲ့တုပ် ပါးစပ် အဝတ်ဆို့ထားပြီး ကလေးကိုလည်း မတွေ့ရတော့ပါဘူး။ ကလေးကို ပြန်ရဖို့အတွက် ဂျူလီယာတစ်ယောက် ဘယ်လိုတွေ လုပ်မလဲ။ မြို့က ပျောက်ဆုံးနေတဲ့ ကလေးတွေနဲ့ သူမနဲ့ကရော ဘယ်လိုဆက်စပ်နေမလဲဆိုတာ ကြည့်ရှုခံစားလိုက်ပါဦး။ File size…1.44GB / 658MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 46m Genre ….. Crime , Drama , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Comedy • Crime
5.9 2012
The Tall Man
The Deliverance
5.8

လူဖြူအမျိုးသမီးနဲ့ လူမည်းအမျိုးသားက မွေးဖွားလာတဲ့ ‌ သွေးနှော လူမည်းအမျိုးသမီး အက်ဘနီကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားပါတယ်။ အက်ဘနီကိုယ်တိုင်က မူးယစ်‌ဆေးစွဲလို့ ပြုပြင်ထိန်းသိမ်းရေးအရာရှိ စောင့်ကြည့်တာကို ခံနေရတဲ့ကာလမှာ အမျိုးသားဖြစ်သူကလည်း ကလေးတွေနဲ့သူ့ကိုထားခဲ့ပြီး အီရတ်ကို ထွက်သွားကာ အဆက်အသွယ် ပြတ်သွားပါတယ်။ အဲဒီလိုနဲ့ ကလေးတွေကို ကိုယ်တိုင်ပျိုးထောင်မယ်၊ ဘဝသစ်စမယ်ဆိုပြီး ပြောင်းရွှေ့လာတဲ့ အိမ်သစ်ကို ရောက်ပြီးကာမှ ကလေးတွေမှာ တစ်ခုပြီး တစ်ခု ထူးဆန်းတဲ့အဖြစ်အပျက်တွေ ဖြစ်လာပါတယ်… ကိုယ်တိုင်က ဆေးစွဲခဲ့ပြီး အရင်တုန်းက သောင်းကျန်းခဲ့တဲ့ ပြစ်မှုဟောင်းတွေ ရှိတာကြောင့် ကလေးတွေမှာဖြစ်ပျက်နေတဲ့အရာတွေက သူလုပ်တာ မဟုတ်ဘဲ ထူးဆန်းတဲ့အရာတစ်ခုခုကြောင့်ဆိုတာကို ဘယ်သူကမှ မယုံကြည်ခဲ့ကြပါဘူး… အဲဒီလိုနဲ့ ကိုယ့်ရင်သွေးတွေကို မွေးစားဖို့ပေးလိုက်ရတော့မလို အခြေအနေဖြစ်နေရာကနေ ဒီအိမ်မှာစွဲကပ်နေတဲ့နတ်ဆိုးဆိုတာကို ဘယ်လိုရင်ဆိုင်မလဲ..သားသမီးတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ပြန်နေရပါ့ မလားဆိုတာကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်နိုင်တဲ့ ‌ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်… ဒီရုပ်ရှင်ကားက အပြင်ကလက်တွေ့ဖြစ်ရပ်မှန်ပေါ် အခြေတည်ပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းဖြစ်ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖို့၊ ကိုယ်ဟာ အချစ်ခံရတဲ့သူတစ်ယောက်ဆိုတာကို ယုံကြည်နိုင်ဖို့… အစရှိတဲ့ လူမှုရေးပြဿနာတွေ၊ အရှုပ်အထွေးတွေနဲ့ပတ်သက်ပြီး ဖြေရှင်းသင့်တဲ့နည်းလမ်းမျိုးကို ဘာသာရေးဆန်ဆန် Message တွေ ပေးထားတဲ့ ဇာတ်ကားတစ်ကားပုံစံ ပိုပေါက်တဲ့အတွက် Jump scenes တွေ ပါဝင်ပြီး ခြောက်လှန့်တာကိုပဲ ဦးစားပေးထားတဲ့ သဲထိတ်ရင်ဖိုသရဲ ဇာတ်လမ်းမျိုးတွေကြည့်ချင်တဲ့ပရိသတ်အတွက်တော့ အနည်းငယ် မျှော်လင့်ချက်နဲ့မကိုက်တာမျိုးဖြစ်နိုင်ကြောင်း အသိပေးလိုက်ရပါတယ်… File size…1.62GB / 794MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 52m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Chothet_mlmt

5.8 2024 112 mins
The Deliverance
Love in Wolf Creek

ဒီကားလေးကတော့ ပေါ့ပေါ့ပါးပါးရိုမန့်စ်ကားလေးတွေ ကြည့်ချင်သူတွေအတွက် ရွေးချယ်သင့်တဲ့ကားလေးပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ဆမ်နဲ့ဆန်နီ ညီအမနှစ်ယောက်က Wolf Creekမြို့လေးမှာ တိရစ္ဆာန်ကယ်ဆယ်ရေးစခန်းဖွင့်ထားတဲ့သူတွေပါ။ အော်စတင်ကတော့ အဖွားဖြစ်သူကိုကူညီဖို့ မွေးမြူရေးခြံကနေ မြို့ကိုခဏရောက်နေတဲ့သူဖြစ်ပါတယ်။ တစ်ရက်ကျတော့ အလှူရှင်လာဖို့ရှိလို့ ပြင်ဆင်မှုလုပ်နေတုန်း တောအုပ်ထဲမှာ ဒဏ်ရာရနေတဲ့ ဝံပုလွေတစ်ကောင်ကိုရှာပြီး ကယ်ဆယ်ရေးလုပ်ဖို့အကြောင်းဖန်လာပါတယ်။ ခြေရာကောက်ကျွမ်းတဲ့အော်စတင်က ဆမ်ကိုကူညီ‌ပြီးလိုက်ရှာကူပါတယ်။ တစ်ဖက်မှာလည်း ဝံပုလွေကို အရေခွံအတွက် လိုက်ဖမ်းနေတဲ့မှောင်ခိုသမားကိုလည်း ရင်ဆိုင်ရတဲ့ အော်စတင်နဲ့ဆမ်တို့ကြား အချစ်တွေ ဘယ်လိုပေါက်ဖွားလာမလဲဆိုတာ ပေါ့ပါးပါးပါးကြည့်ရှုရမှာပါ။ File size…(1.9 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre… Tv Movie, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Soe Thiri Nwe

0 2022
Love in Wolf Creek
Detective K: Secret of Virtuous Widow
6.5

Detective K: Secret of Virtuous Widow (2011) ************************************************** Comedy, Mystery ဇာတ်လမ်းအမျိုးအစား ဖြစ်တဲ့ ဂျိုဆွန်းခေတ်ရဲ့ စုံထောက်ဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီကားလေးက 2011,2015,2018 ဆိုပြီး 3ကားထွက်ရှိထားပြီး တစ်ကားချင်းစီမှာ မတူညီတဲ့ အမှုတွေကို စုံစမ်းဖော်ထုတ်သွားမှာ ဖြစ်ပါတယ်။ အဓိက ဇာတ်ဆောင်ကြီးကတော့ Your Honor ဇာတ်လမ်းတွဲထဲက မင်းသားကြီး Kim Myung Min နဲ့အတူ Oh Dal Soo၊ Han Ji Min တို့အပြင် နာမည်ကျော် ဇာတ်ပို့ဇာတ်ရန်များစွာ ပါရှိထားပါတယ်။ -ဇာတ်လမ်းအကျဥ်း- ဂျိုဆွန်းခေတ် ဂျောင်ဂျိုဘုရင်လက်ထက်မှာ အစိုးရ အမှုထမ်းတွေရဲ့ လာဘ်ပေးလာဘ်ယူမှုနဲ့ အတူ နောက်ဆက်တွဲ လူသတ်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဂျောင်ဂျိုဘုရင် ခန့်အပ်ထားတဲ့ လျှို့ဝက်အထောက်တော်ကြီး ဂင်မင်းဟာ ဒီလူသတ်မှုကို စုံစမ်းရင်းကနေ ကံဆိုးစွာနဲ့ပဲ တရားခံအဖြစ် အထင်လွဲခံရပြီး အကျဉ်းချခံလိုက်ရပါတယ်။ ဒါပေမဲ့ အထော်တော်ကြီးဟာ အကျည်းထောင်ကို ဖောက်ပြေးခဲ့တာကြောင့် ဘုရင်က နယ်နှင်ဒဏ်ပေးလိုက်ပြီး မုဆိုးမ အမှုတစ်ခုကို စုံစမ်းစေခဲ့ပါတယ်။ အဲဒီလိုနဲ့ နယ်နှင်ဒဏ်ပေးခံလိုက်ရတဲ့ အထောက်တော်ကြီးဟာ မထင်မှတ်ဘဲ သိကျွမ်းခဲ့ရတဲ့ သူ့ရဲ့ မိတ်ဆွေကြီး ဟန်ဆောဖီးနဲ့ အတူ ဂျော့ဆောင်းဆိုတဲ့ နယ်ဘက်ကို ရောက်ရှိလာပြီး ပေးအပ်ထားတဲ့ တာဝန်အတိုင်း အမှုကို စုံစမ်းဖော်ထုတ်သွားမှာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဂျိုဆွန်းခေတ် စုံထောက်ကြီးရဲ့ အမှုလိုက် ခရီးစဉ်ကို ဟာသနှောပြီး ရိုက်ကူးထားတာမို့လို့ အပန်းပြေစေမဲ့ ဇာတ်ကားလေး ဖြစ်စေမှာ အမှန်ပါပဲ။ (ဇာတ်လမ်းအကျဉ်းကို Treasure Htet မှ ရေးသားပေးထားပါတယ်။) File size…3.50GB / 1.26GB Quality… Blu-Ray 1080p 5.1 CH, Blu-Ray 720p Format…mp4 Duration….1h 57m Genre ….. Adventure, Historical, Mystery, Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Treasure Htet, Stary & Hnin Wai Oo

Comedy
6.5 2011 115 mins
Detective K: Secret of Virtuous Widow
The Elite of SWAT
5.6

ငယ်ငယ်ကတည်းက အဖေလိုပဲ အထူးရဲဖြစ်ချင်တဲ့သားတစ်ယောက်ရဲ့ အိပ်မက်ကိုအကောင်အထည်ဖော်တဲ့ဘဝခရီးပဲဖြစ်ပါတယ်။ လွီရင်းကျယ်ရဲ့အဖေဟာ အထူးရဲတစ်ယောက်ဖြစ်ပြီးတော့မစ်ရှင်မှာအသက်စတေးသွားခဲ့ရတယ်။ လွီရင်းကျယ်ကအဖေဆုံးသွားပြီး အမြဲဝမ်းနည်းနေတဲ့အမေကိုငဲ့ညှာတဲ့အနေနဲ့ သူ့အိပ်မက်ကိုဘေးချိတ်ပြီး သာမန်ရပ်ကွက်ကစခန်းခွဲလေးမှာ ရဲလေးတစ်ယောက်ပဲလုပ်နေခဲ့ပါတယ်။ တစ်နေ့မှာတော့ သားဖြစ်သူရဲ့အိပ်မက်ကိုသိတဲ့အမေက အထူးရဲတပ်ဖွဲ့ဝင်ဖြစ်ဖို့ သူ့သားကိုယ်စားလျှောက်လွှာတင်ပေးလိုက်ပါတယ်။ အဲဒီလိုနဲ့လွီရင်းကျယ်ရဲ့အိပ်မက်ကိုအကောင်အထည်ဖော်ဖို့စကြိုးစားဖို့ဖြစ်လာပါတယ်။ ခက်ခဲကြမ်းတမ်းတဲ့လေ့ကျင့်ရေးတွေနဲ့ ကြပ်မက်တဲ့စစ်ဆေးရေးတွေအောင်ဖို့ ဘယ်လိုကြိုးစားကြရလဲ အထူးရဲတစ်ယောက်ဖြစ်ဖို့ ဘာတွေလိုအပ်သလဲဆိုတာကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။

Drama • Fantasy
5.6 2025
The Elite of SWAT
#Viral Prapancham
6.3

Viral Prapancham” (2025) အွန်လိုင်းကမ္ဘာ၏ လျှို့ဝှက်အန္တရာယ်များ မျက်စိတစ်မှိတ်အတွင်း ပြောင်းလဲနေတဲ့ ဒီဂျစ်တယ်ကမ္ဘာကြီးထဲမှာ အွန်လိုင်းယုံကြည်မှုရဲ့ နောက်ကွယ်က လျှို့ဝှက်အန္တရာယ်တွေကို စူးစမ်းချင်ပါသလား ဒါဆိုရင်တော့ ဒါရိုက်တာဘရီဂျက်ရှ်တန်ဂီရဲ့ လက်ရာ “Viral Prapancham” က ကြည့်ရှုသူတို့ကို ဗိုင်းရပ်စ်ကမ္ဘာထဲ ရင်တထိတ်ထိတ်နဲ့ ဆွဲဆောင်သွားပါလိမ့်မယ် ဒီဇာတ်ကားက ခေတ်မီဆန်းသစ်တဲ့ “screenlife thriller” ပုံစံနဲ့ တင်ဆက်ထားတာကြောင့် ဇာတ်လမ်းတစ်ခုလုံးကို ကွန်ပျူတာမျက်နှာပြင်တွေ၊ ဗီဒီယိုခေါ်ဆိုမှုတွေနဲ့ ဆိုရှယ်မီဒီယာ ပို့စ်တွေကနေတစ်ဆင့် ပုံဖော်ထားတာကြောင့် တကယ့်ကို ထူးခြားတဲ့ အတွေ့အကြုံကို ပေးနိုင်မှာပါ ဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင်တွေကတော့ ဆွာပနာနဲ့ အာဒီတီဆိုတဲ့ အမျိုးသမီးနှစ်ဦးပါ ဆွာပနာ အမေရိကန်မှာနေထိုင်တဲ့ ချစ်သူရာဗီ နဲ့ LDRS ချစ်သူဘဝကို လေးနှစ်ကြာအောင် ထိန်းသိမ်းထားနိုင်ဖို့ ကြိုးစားနေသူပေါ့ တစ်ဖက်မှာလည်း ညီမဖြစ်သူ အာဒီတီက တစ်ယောက်တည်းနေထိုင်ရင်း ပရာဗင်န်ဆိုသူနဲ့ အွန်လိုင်းကနေ အဆက်အသွယ်တွေ လုပ်နေပါတယ် သူတို့နှစ်ဦးစလုံးက အွန်လိုင်းရည်းစားအပေါ် ယုံကြည်မှုအပြည့်အဝထားရှိခဲ့ကြပေမဲ့ မမျှော်လင့်တဲ့ အဖြစ်အပျက်တစ်ခုက သူတို့ရဲ့ဘဝတွေကို လုံးဝပြောင်းလဲပစ်လိုက်တဲ့အခါ မထင်မှတ်တဲ့ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရပါတော့တယ် ဒါက ဘာများဖြစ်မလဲဒီဇာတ်ကားက အွန်လိုင်းပလက်ဖောင်းတွေက လူမှုဆက်ဆံရေးအပေါ် ဘယ်လိုနက်နက်ရှိုင်းရှိုင်း သက်ရောက်မှုရှိတယ်ဆိုတာကို လက်တွေ့ဆန်ဆန် ပုံဖော်ပြထားပါတယ် အွန်လိုင်းကိုယ်ရေးကိုယ်တာ လုံခြုံရေးချိုးဖောက်မှုတွေ ဆိုက်ဘာရာဇဝတ်မှုတွေလိုမျိုး ဒီဂျစ်တယ်ခေတ်ရဲ့ အမှောင်ဘက်ခြမ်းကိုလည်း မီးမောင်းထိုးပြထားတာကြောင့် ပရိသတ်ကို စဉ်းစားစရာတွေ အများကြီး ပေးနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲရှင် ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် )

Science Fiction • Action • Adventure
6.3 2025 95 mins
#Viral Prapancham