YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The Motorcycle Diaries 2004 720p BluRay (CM) mp4.mp4

1.49 GB N/A video/mp4 466 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Das Boot
8.1

IMDB - 8.4/10 ဒုတိယကမ္ဘာစစ်ရဲ့ စစ်မျက်နှာပြင်မှာ ကုန်းကြောင်း၊ လေကြောင်းနဲ့ ရေကြောင်းရှိတဲ့အလျောက် ဒီလို ရေငုပ်သင်္ဘောအကြောင်း ရိုက်ထားတာ တော်တော်ကိုရှားတယ် ပြောရမယ်။ မှတ်မိသလောက်ဆို ၂၀၀၀ ခုနှစ်က U-571 ရယ် ထွက်ထားတာ သိပ်မကြာသေးတဲ့ Greyhound တို့ပဲ ရှိမယ်ထင်တယ်။ ပြီးတော့ ဂျာမန်စစ်ကားထုံးစံအတိုင်း ဝါဒဖြန့်မပါပဲ သဘာဝကျကျ ဖြတ်သန်းရတာမျိုးပဲ ကြည့်ရှုရမှာပါ။ ပြောလို့သာပြောတာ WW2 မှာ ဂျာမန်ရေငုပ်သင်္ဘောတွေက အမဲလိုက်မြေခွေးတွေဆိုတဲ့ နာမည်ပြောင်အတိုင်း ပင်လယ်ပြင်တွေမှာ မဟာမိတ်သင်္ဘောတွေကို တစ်စီးတည်းနဲ့ အုပ်လိုက်တွေကို အမဲလိုက်တာ အင်မတန်ကြောက်ဖို့ကောင်းပါတယ်။ မင်းသားကြီး တွန်ဟမ့်သရုပ်ဆောင်ထားတဲ့ Grey Hound မှာ ဥပမာအနေနဲ့ မြင်နိုင်ပါတယ်။ ဒါပေမဲ့ ဒီကားမှာကျ ဒီဂျာမန်ရေငုပ်သင်္ဘောသားတွေရဲ့ လက်တွေ့ဘဝ၊ အခက်အခဲ၊ သေရေးရှင်ရေး ကြိုးပမ်းရပုံတွေကို အမြင်တစ်မျိုးနဲ့ ပြန်ခံစားရမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ စစ်သတင်းထောက် ဗိုလ်လေးတစ်ယောက်က ရေငုပ်သင်္ဘောတစ်စင်းပေါ်ကို စစ်ကြောင်းထွက်တဲ့အချိန် လိုက်လာပြီး မှတ်တမ်းတင် အစီရင်ခံစာ တင်ဖို့ပေါ့။ အဲဒီမှာ ကပ္ပတိန်ကြီးရဲ့ အုပ်ချုပ်ပုံ၊ တိုက်ပွဲဖြစ်တဲ့ခါ ညွန်ကြားပုံတွေ နောက်ပြီး ဒီသင်္ဘောကျင်းကျင်းလေးပေါ်က နေထိုင်စားသောက်ရတဲ့ ဘဝတွေ ကြုံရပုံ တစ်ဖက်က ထောက်ပို့ယာဉ်တန်းတွေ တွေ့ရင် ဘယ်လိုအမဲလိုက်ကြပုံ ပြန်ခံရရင်လည်း ဘယ်လိုတွေ ခွာစစ်ဆုတ်ရပုံတွေ ဟိုက်ဒရိုဖုန်းဆိုတာနဲ့ အရပ်လေးမျက်နှာက အသံတွေကို နားထောင်ပြီး သင်္ဘောတစ်စင်းလုံး အပ်ကျသံမကြားရလောက်အောင်ထိ တိတ်ဆိတ်သွားပြီး ရန်သူ့အခြေအနေ အကဲခတ်လှုပ်ရှားရပုံတွေ စသဖြင့် စိတ်လှုပ်ရှားစရာ ဖြစ်ရပ်တွေနဲ့ တင်ဆက်ပြသထားတာပါ။ နောက်ပြီး သူတို့ဘဝတွေက သူများကိုအမဲလိုက်ပြီး ကြမ်းတမ်းကြတယ်ဆိုပေမယ့် တစ်ခုခုဆို သူတို့ဘဝကလည်း လေတပ်ကလူတွေလိုမျိုးပဲ သေဖို့ရာခိုင်နှုန်းများတဲ့ တပ်သားတွေပါပဲ။ ၁၉၈၁ ခုနှစ်ထွက်ရုပ်ရှင်ဆိုပေမဲ့ တော်တော်လေးအဆင်ပြေပြီး အတွေ့အကြုံအသစ်တွေ ပေးစွမ်းနိုင်မှာမို့ ပြေးသာကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်ဗျာ။ IMDB ကလည်း 8.4 ဆိုတော့ မကောင်းမှာတော့ ပူမနေပါနဲ့တော့။ File size…2.73GB / 1.25GB Quality…Blu-Ray 1080p 5.1 CH / 720p Format…mp4 Duration….2h 25m Genre ..... Drama , War Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Drama • TV Movie
8.1 1981 150 mins
Das Boot
(18+) Cruel Intentions 3
4.6

Cruel Intentions ဆိုပြီး ဇာတ်ကားသုံးကားထွက်ရှိဖူးရာမှာ တစ်ကားနဲ့တစ်ကား မင်းသားမင်းသမီးတွေလည်းမတူသလို ဇာတ်လမ်းဇာတ်အိမ်တွေကလည်း သက်သက်စီနီးပါးပါပဲ။ တစ်နဲ့နှစ်မှာဆို အဓိကဇာတ်ကောင်ရဲ့ ကာရိုက်တာချင်းတူပေမဲ့ ၃မှာတော့ သီးခြားစီ ဖြစ်သွားပါပြီ။ ဒီရုပ်ရှင်တွေမှာ တူညီတာတစ်ခုကတော့ လူငယ်တွေကြားက လိင်ပိုင်းဆိုင်ရာ အရှုပ်အထွေးတွေအကြောင်းကို မင်းသားမင်းသမီးချောတွေရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ ဖျော်ဖြေမှုအသားပေးတင်ဆက်သွားတာပါပဲ။ ဒီတစ်ခါမှာလည်း ထုံးစံအတိုင်း တက္ကသိုလ်ကျောင်းသားလူငယ်တစ်စုရဲ့ စာသင်နှစ်တစ်ခုအတွင်းက အချစ်ရေးနဲ့လိင်မှုကိစ္စတွေကို ဇာတ်လမ်းအသစ်တစ်မျိုးနဲ့ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ အရင်နဲ့မတူတာကတော့ ဒီတစ်ခါမှာ Plot Twist လေးတွေ လှိုင်လှိုင်သုံးပြီး အဆုံးထိဆွဲခေါ်သွားခဲ့တာပါပဲ။ ဇာတ်လမ်းအကျဥ်းကိုပြောရရင်တော့ အဓိကဇာတ်ကောင်သုံးယောက်ဖြစ်တဲ့ ကက်စဒီ၊ ဂျေဆန်နဲ့ပက်ထရစ်တို့ လူလည်လူငယ်သုံးယောက် တစ်ယောက်တစ်လှည့် အချင်းချင်းဖျံကျပြီး အကွက်ပေါင်းစုံရွှေ့ကြတာတွေကို ကြည့်ရှုရမှာဖြစ်ပါတယ်။ အဖော်အချွတ်နဲ့ ပွင့်လင်းလွန်းတဲ့လိင်ဆက်ဆံခန်းတွေလည်း ပါဝင်တာကြောင့် မိသားစုနဲ့အတူကြည့်ဖို့တော့အဆင်မပြေနိုင်ပါဘူး။ ဘ၀ဆိုတာ ခဏလေးပဲ။ ကွေးသောလက် မဆန့်ခင် ဆန့်သောလက်မကွေးခင်မှာ ရေပွက်လို ဒီဘ၀ဟာ စုန်းစုန်းနစ်မြုပ်သွားနိုင်တယ်။ ကောင်းတာတွေ မကောင်းတာတွေကို ဘယ်လိုပိုင်းခြားကြလဲ။ ကိုယ့်ကြောင့် ဘယ်သူမှ မနစ်နာခဲ့ရင် ကိုယ့်လိပ်ပြာကိုယ်လုံနေရင် ဒါကောင်းတယ်လို့ ကျွန်တော်တော့ သတ်မှတ်လိုက်ပြီ။ အပျက်လို့ထင်ရပေမဲ့ ရဲရဲကြီးပျော်လိုက်ကြဖို့ပဲ။ Cruel Intentions ဟာ ကျွန်တော်တို့ကို လိင်စိတ်တွေအကြောင်း ပြပေးလိမ့်မယ်။ ဒီကားမှ မဟုတ်ပါဘူး ဘယ်လောက်ပဲ ညစ်ညမ်းတဲ့ကားဖြစ်ဖြစ် ရဲရဲကြီး ကြည့်လိုက်ကြပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Khant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.4GB, 652MB Quality - 1080p, 720p Format - mp4 Duration - 1H 25Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Min Khant Bo Encoded by Y

Action
4.6 2004 85 mins
(18+) Cruel Intentions 3
Catfish Killer
4.5

** မူရင်းကိုက 720p ပဲ ရှိတာကြောင့် 1080p တင်ပေးနိုင်ဦးမည်မဟုတ်ပါ ** အခုတင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ ဟန်နာ၊ ဂျိန်းနဲ့ စကော့ ဆိုတဲ့ အချစ်ဆုံးသူငယ်ချင်းသုံးယောက်ကြားထဲက ပဟေဠိ ဆန်ဆန် ဇာတ်ကွက်အလှည့်အပြောင်းတွေနဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ကားလေတစ်ကားပဲဖြစ်ပါတယ်။ ကျောင်းသားတွေအများကြီးထဲကမှ ပညာသင်ဆုကိုရရှိသွားတဲ့ ဟန်နာ ... ဟန်နာ့ရဲ့ ပညာသင်ဆုနဲ့ ပတ်သက်ပြီး မကျေမနပ်ဖြစ်နေတဲ့ အီလီ ... အဲ့နောက် ဟန်နာ့ရဲ့ ပညာသင်ဆုကိုဆုံးရှုံးသွားအောင် ကြံစည်မှုတွေဖြစ်ပေါ်လာတော့ ဘယ်သူလဲ အဖြေရှာကြည့်ကြတဲ့အခါမှာ ... ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲ ဆက် ကြည့်လိုက်ကြစို့နော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Aung Win Htut ပါ။) File Size          : 810MB, 335MB Quality            : 720p WEB-DL, 480p Format            : mp4 Duration         : 1hr 30mins Genre              : Drama Translated by Aung Win Htut Encoded by Kinnov

Action • Drama
4.5 2022 90 mins
Catfish Killer
Disobedient
4

(18+ အခန်းများပါလို့ မိသားစုနဲ့အတူမကြည့်သင့်ပါ) ဇာတ်လမ်းအကျဉ်းလေးက‌တော့ အယ်လာဆိုတဲ့ Ecology တက္ကသိုလ်ကျောင်းသူလေးဟာ တောရိုင်းတိရိစ္ဆာန်တွေကို စောင့်ရှောက်ပေးတဲ့ဗီဒီယိုတွေကိုဆိုရှယ်မီဒီယာတွေပေါ်တင်လေ့ရှိပါတယ်၊ တစ်နေ့ ဘစ်ဆီစကာဥယျာဉ်ထဲကို အမည်မသိလူတွေက မိုးမျှော်တိုက်ဆောက်ဖို့အတွက်ပြင်ဆင်နေတာကို တွေ့သွားတယ် ၊ ဒီလူတွေကသဘာဝသစ်တောကို ဖျက်ဆီးတဲ့အကြောင်းလိုင်းပေါ်တင်တယ်၊ သူငယ်ချင်းတွေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှေ့မှာ ဆန္ဒတွေသွားပြတယ်၊ ဒီလိုနဲ့ ဆောက်လုပ်ရေးလုပ်ငန်းရဲ့ပိုင်ရှင်ဖြစ်တဲ့ လူချမ်းသာမတ်ထ်ဗီဟာ သူတို့ကျောင်းကို ဒီလုပ်ငန်းဟာ သဘာဝပတ်ဝန်းကျင်ကိုမထိခိုက်ကြောင်း ၊ တက္ကသိုလ်က ပညာရှင်တွေနဲ့ သေချာလေ့လာပြီးမှလုပ်တာဖြစ်ကြောင်းကိုရှင်းပြတယ်၊ ဒါပေမယ့် အယ်လာဟာ သူကို ဆိုရှယ်မီဒီယာကနေ မတ်ထ်ဗီဟာ ပိုက်ဆံနဲ့ ဘာမဆိုဖြေရှင်းတတ်ကြောင်း မကောင်းကြောင်းတွေကိုတောက်လျှောက်ပြောတယ်၊ ဒါကိုလက်မခံတဲ့ မတ်ထ်ဗီဟာ အယ်လာကို သူနဲ့တစ်ပတ်လောက်ပဲ အတူ နေကြည့်ပါ၊ သူက လူကောင်းဖြစ်ကြောင်းသက်သေပြပါမယ်ဆိုပြီး တောင်းဆိုတယ် ၊ အယ်လာကလည်း စမ်းကြည့်ချင်တာနဲ့ လက်ခံလိုက်တယ်၊ မတ်ထ်ဗီတစ်ယောက် တစ်ပတ်အတွင်းမှာ အယ်လာကိုလူကောင်းတစ်ယောက်ဖြစ်ကြောင်း ဘယ်လိုတွေဆွဲဆောင်ပြီးသက်သေပြမလဲဆိုတာ ဆက်လက်ကြည့်ရှုပေးပါဦး File size : 1.6GB/ 749MB Quality : WEB-DL 1080p/ 720p Format : mp4 Duratio : 1h 51min Genre : Drama , Romance , Adult Subtitle : Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded by Phyo Pyae

Drama • Horror • Thriller
4 2023 109 mins
Disobedient
Dark Cloud
6.3

ခေတ်ကြီးက တိုးတက်လာပြီ။ ကျွန်တော်တို့ငယ်ငယ်ကလို ညတွေဟာ အိပ်စက်ဖို့ရာမဟုတ်တော့ဘူး။ မကုန်နိုင်တဲ့ရုပ်ရှင်တွေ ဆိုရှယ်မီဒီယာတွေ ဂိမ်းတွေနဲ့ ညတွေဟာ ပိုစည်းကားလာကြပြီ။ အိပ်ချိန်တွေ မမှန်ကြတော့ဘူး။ ဒီလို အိပ်ချိန်မမှန်ရာကနေ အိပ်မပျော်တဲ့ရောဂါတွေပါ ရလာတယ်။ အစမှာတော့ သိပ်မသိသာပေမဲ့ အိပ်ချိန်မမှန်တဲ့အခါ စိတ်ဓာတ်တွေကျလာမယ်။ အသားအရေတွေ မကောင်းဖြစ်လာမယ်။ ၀က်ခြံတွေပေါက်လာမယ်။ ဘာမှကိုအကောင်းမရှိပါဘူး။ ဒါကြောင့် အများသူငါအတွက်မျှော်တွေးပြီး ဆယ်မိနစ်လောက်ကြည့်ရုံနဲ့ အိပ်ပျော်သွားစေမယ့် Sci-Fi ရုပ်ရှင်ကားသစ်ကြီးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းကတော့ အတိတ်ခဏခဏမေ့ပြီး ဘာမှမမှတ်နိုင်ဖြစ်နေတဲ့ မိန်းကလေးတစ်ယောက် A.I အိမ်ကြီးထဲ စမ်းသပ်နေထိုင်ကြည့်တဲ့ အကြောင်းပါ။ A.I က ထကြောင်ပြီး ပြဿနာရှာရာက ခြောက်ခြားစရာတွေ ဖြစ်လာတဲ့ရုပ်ရှင်ပေါ့။ ဒါပေမဲ့ ဘာအဓိပ္ပာယ်မှလည်းရှိမနေသလို ကောင်းကွက်တစ်ကွက်မှလည်း မတွေ့ပါဘူး။ အားလုံးပဲ ဒီရုပ်ရှင်လေးကြည့်ပြီး အိပ်ပျော်နိုင်ကြပါစေ... Size - 800MB, 390MB Quality - 1080p, 720p Format - mp4 Duration - 1H 21Min Genre - Horror, Sci-Fi, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Lucifer Encoded by Morningstar

Drama • History • Romance
6.3 2022 81 mins
Dark Cloud
Beauty Bookworm
5.2

Bookworm Beauty (2021) ကြည့်နေကျမဟုတ်တဲ့ ပေါ့ပေါ့ပါးပါး မှော်ဆန်ဆန် ဟာသကျောင်းသားကားလေး ရှာနေပါသလား ဒီတစ်ခေါက် ထိုင်းနဲ့ ဗီယက်နမ်ပူးတွဲရိုက်ထားတဲ့ Bookworm Beauty ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားလေးက ၂၀၂၁ မှာ ပြသခဲ့ပြီး အန်း ဆိုတဲ့ ကျောင်းသူလေးအကြောင်းကို ပုံပြင်တစ်ပုဒ်လို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ အန်းဟာ ဟားဗတ်တက္ကသိုလ်ကို တက်ချင်တဲ့ ကျောင်းသူလေးတစ်ယောက်ဖြစ်ပြီး ယုံကြည်ချက်တွေ ပိုရှိလာဖို့ international school တစ်ခုကို ပြောင်းလာခဲ့ပါတယ်။ အဲ့ကျောင်းမှာ Miss idol ဆိုတဲ့ စံပြကျောင်းသားဆုကို ပေးလေ့ရှိပါတယ်။ အန်း ရောက်လာပြီးမှာတော့ ကျောင်းမှာ အလှဆုံးကောင်မလေးသုံးယောက်ပါတဲ့ beauty club နဲ့ ဉာဏ်ကြီးရှင်အဖွဲ့ဖြစ်တဲ့ Genius club တို့ဟာ Miss idol ဆုကို ရဖို့အတွက် ယှဉ်ပြိုင်ကြပါတော့တယ်။ ဉာဏ်ကြီးရှင်အဖွဲ့ဟာ အန်းကို အဖွဲ့ဝင်အဖြစ် ဖိတ်ခေါ်ပြီး အဖွဲ့ထဲမှာ ကြည့်အကောင်းဆုံးဖြစ်တဲ့ အန်းကိုပြိုင်ပွဲဝင်အဖြစ် ပြိုင်ဖို့ တိုက်တွန်းပါတော့တယ်။ ဒါပေမဲ့ ရှက်တတ်တဲ့ အန်းလေးက ပြိုင်ပွဲပြိုင်ဖို့ ယုံကြည်ချက်ရှိမနေခဲ့ပါဘူး။ ဒါကြောင့်မို့ အန်းလေးကို အဖွဲ့သားတွေအပြင် ကျောင်းရဲ့ မင်းသားလေး ကွမ် ကပါ ကူညီပြင်ဆင်ပေးခဲ့ကြပါတယ်။ ဒါပေမဲ့ အန်း ကို beauty club က ကောင်မလေးတွေက အနိုင်ကျင့်နှိပ်စက်ပြီး အရှုံးပေးချင်အောင် လုပ်ခဲ့ကြပါတယ်။ အဲဒီအချိန်မှာပဲ အန်းဟာ မှော်ဆန်ဆန်စာအုပ်လေးတစ်အုပ်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ စာတစ်လုံးမှမပါတဲ့ စာအုပ်လေးကို စပ်စုရင်း အန်းဟာ စာအုပ်ရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးနိုင်တဲ့ ကုဒ်ကို အမှတ်မထင် ဖြည်မိသွားပါတယ်။ အဲဒီနောက်မှာတော့ စာအုပ်လေးက အန်း ရဲ့ ဆန္ဒတွေကို ဘယ်လိုဖြည့်ဆည်းပေးမလဲ၊ ပြိုင်ပွဲကိုရော အဆုံးထိ ယှဉ်ပြိုင်သွားနိုင်ပါ့မလား ဆိုတာကို ပေါ့ပေါ့ပါးပါး ဆက်လက်ကြည့်ရှုပေးကြဦးနော်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Thada ပဲ ဖြစ်ပါတယ်။ Genre….. Comeday, Drama Quality…. 1080p | 720p | 480p File size… 1.3GB | 702MB | 337MB Format… mp4 Duration…. 1h 40min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Thada Encoder ….. August

5.2 2021
Beauty Bookworm
SEE HEAR LOVE
6.5

See Hear Love (2023) ဒီနေ့မှာတော့ IMDb 6.8/10 ရ ဂျပန်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ Manga Artist တစ်ယောက်ဖြစ်တဲ့ “Shinji Izumoto” က သူရေးဆွဲတဲ့ဇာတ်လမ်းတွေနဲ့ လူငယ်တော်တော်များများကို စိတ်ဓာတ်ခွန်အားပေးနေတဲ့သူတစ်ယောက်ဆိုလည်းမမှားပါဘူး။ သူ့လက်ရာတွေဟာ တဖြည်းဖြည်းနဲ့လူကြိုက်များလာသလို ရုပ်ရှင်ပြန်ရိုက်ဖို့အထိပါ အောင်မြင်လာပြီဖြစ်တဲ့ Shinji ဟာ တစ်နေ့မှာတော့ အလုပ်ဒဏ်ပိလို့ပဲပြောရမလား သူကိုကကံဆိုးလို့ပဲပြောရမလား မျက်မမြင်ဒုက္ခိတဘဝကိုမထင်မှတ်ဘဲ ရောက်သွားပါတော့တယ်။ အနုပညာရှင်တစ်ယောက်အနေနဲ့ သူချစ်တဲ့အလုပ်ကို ဆက်မလုပ်နိုင်တော့ဘဲ လမ်းပျောက်နေတဲ့ Shinji ဆီကို သူ့ရဲ့စာဖတ်သူတစ်ယောက်လည်းဖြစ်သလို သူ့စာတွေကြောင့် ခွန်အားရခဲ့ရပါတယ်ဆိုတဲ့ “Hibiki Aida” ဆိုတဲ့ မိန်းမလှလေး ရောက်လာတဲ့အခါ ..။ Hibiki က မွေးရာပါ ဆွံ့အနားမကြားသူတစ်ယောက်ဖြစ်တာမို့ ငယ်ငယ်လေးတည်းက ကာတွန်းတွေ စာတွေကိုပဲအဖော်ပြုပြီးနေခဲ့ရတဲ့ကောင်မလေးပေါ့။ ဒီလိုကနေ မျက်မမြင်ကောင်လေးတစ်ယောက်နဲ့ ဆွံ့အနားမကြားကောင်မလေးတစ်ယောက်အကြား “အချစ်” ဆိုတဲ့အရာ မွေးဖွားလာတဲ့အခါမှာတော့ ..။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Lai Laii ပဲ ဖြစ်ပါတယ်။ Genre….. Drama, Romance Quality…. 1080p | 720p | 480p File size… 1.6GB | 777MB | 397MB Format… mp4 Duration…. 2h 12min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Lai Laii Encoder ….. Aaron

6.5 2023
SEE HEAR LOVE
Nada é por Acaso
6.6

IMDb 6.6 ရရှိထားတဲ့ plot twist တွေနဲ့ဒရမ်မာဇာတ်ကားတစ်ကားဖြစ်ပြီး စိတ်ဝိဉာဉ်နဲ့လူသားတွေရဲ့ဘဝက ဘယ်လောက်ထိ ဆက်စပ်နေသလဲဆိုတာကို ရိုက်ကူးပြသထားတာပါ။ ဇာတ်လမ်းအကျဉ်း….. မာရီနာဟာရှေ့နေမလေးတစ်ယောက်ဖြစ်ပြီး တစ်နှစ်အကြာပျောက်သွားရာကနေ ငွေထုပ်ပိုက်ပြီးအိမ်ပြန်လာခဲ့ပါတယ် သူအင်္ဂလန်ကိုသွားခဲ့တယ်လို့ပြောပေမဲ့ သူဘယ်သွားခဲ့သလဲ ဘာလုပ်ခဲ့သလဲဆိုတာကို သူ့မိသားစုအပါအဝင်ဘယ်သူမှသေချာမသိပါဘူး။ တစ်နေ့မှာတော့ စိတ်ဝိဉာဉ်တွေနဲ့လူဝင်စားတာကိုယုံတတ်တဲ့ စိတ်ရောဂါကုထုံးဆရာဝန်တစ်ယောက်နဲ့တွေ့ရာကနေ စိတ်ဝိဉာဉ်တွေအကြောင်းကိုဆက်စပ်မိသွားကြပါတော့တယ် မာရီနာကသူ့ရဲ့စိတ်ဝိဉာဉ်‌အာရုံဟာ သူဖုံးကွယ်ထားတဲ့လျှို့ဝှက်ချက်နဲ့လည်းပတ်သက်နေတာကိုလည်းသိလိုက်ရပါတယ်။ တစ်ဖက်မှာတော့ မာရီယာဟာချမ်းသာတဲ့အိမ်ထောင်ရှင်မတစ်ယောက်ဖြစ်ပြီး တစ်နေ့မှာအိမ်ထောင်ရေးပဋိပက္ခတွေရုတ်တရက် ကြုံတွေ့လာရပါ‌တော့တယ်။ ဒီပြဿနာတွေအားလုံးက အကြောင်းအရာတစ်ခုတည်းကနေအစပြုလာတာဖြစ်ပြီး သူတို့လျှို့ဝှက်ထားကြတဲ့ အဖြစ်အပျက်ကဘာဖြစ်မလဲ ဒီကိစ္စတွေအားလုံးက စိတ်ဝိဉာဉ်နဲ့ လူဝင်စားတဲ့ကိစ္စနဲ့ရော ဘယ်လိုတွေဆက်စပ်နေမလဲဆိုတာကို ကြည့်ရှုရမှာပါ….. File size…(1.7 GB)/(870 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:46:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Khunn

Horror • Thriller
6.6 2022 106 mins
Nada é por Acaso
Society of the Snow
8

Society of the Snow (2023) ~ IMDb – 8/10, Rotten Tomatoes – 90% ~ Society of the Snow ဟာ လာမယ့်အော်စကာမှာ Best International Feature Film ဆုအတွက် စပိန်ကိုယ်စားပြုရုပ်ရှင်ဖြစ်သလို Shortlist ၁၅ကားထဲလည်း ဝင်ထားတယ်။ ဒါရိုက်တာကတော့ A Monster Calls, Jurassic World: Fallen Kingdom နဲ့ The Impossible တို့ရဲ့ ဒါရိုက်တာ J. A. Bayona ဖြစ်တယ်။ The Lord of the Rings: The Rings of Power ရဲ့ ပထမဆုံး၂ပိုင်းကိုလည်း သူပဲရိုက်ထားတာ။ ကားတော့ သိပ်မရှိပေမဲ့ ရိုက်ထားသလောက်တော့‌ ကောင်းတယ်လို့ပြောရမယ့် ဒါရိုက်တာပဲ။ Society of the Snow ကိုတော့ သူ့ရဲ့အကောင်းဆုံးလက်ရာလို့ ဆိုကြတယ်။ Society of the Snow ရဲ့ ဇာတ်က အမှန်ဆိုမဆန်းတော့ဘူး။ ဥရုဂွေးကနေ ချီလီကိုသွားတဲ့ လေယာဉ် အန်းဒိဇ်တောင်ကြားမှာပျက်ကျပြီး နှင်းတွေကြား အစာရေစာမရှိဘဲ ရှင်ကျန်ဖို့ကြိုးစားခဲ့တဲ့သူတွေအကြောင်းပေါ့။ မဆန်းဆို ဒီဖြစ်ရပ်က တော်တော်ဟိုးလေးတကြော်ဖြစ်ခဲ့သလို စာအုပ်တွေထွက်တာလည်း ၁၆အုပ်လောက်ရှိသလို ရုပ်ရှင်တွေလည်း တော်တော်ထွက်ခဲ့ဖူးတယ်။ စတီဖင်ကင်းရဲ့ The Shining အပြင် Rick and Morty မှာတောင် ထည့်ပြောသွားဖူးတယ်။ နောက် Yellowjackets ဆိုတဲ့ နာမည်ကြီးစီးရီးတစ်ခုရဲ့ မူလဘူတကလည်း ဒီဖြစ်ရပ်ပဲ။ ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာကိုယ်တိုင်လည်း ၂၀၁၂တုန်းက The Impossible ရိုက်ဖို့ လေ့လာကတည်းက ဒီရုပ်ရှင်ဖြစ်လာမယ့်စာအုပ်ကို ဖတ်ပြီး မူပိုင်ခွင့်ဝယ်ထားခဲ့တာ။ သေချာအချိန်ယူခဲ့သလို သေချာလည်းလေ့လာခဲ့တယ်။ ဒီဖြစ်ရပ်ကို ရိုက်ခဲ့သမျှကားတွေထဲ ဒီကားက ဝေဖန်ရေးသမားတွေရဲ့ မျက်နှာသာအရဆုံးလို့ ဆိုရမယ်။ ဒီလေယာဉ်ပျက်ကျတဲ့ဖြစ်ရပ်ရဲ့ အထူးခြားဆုံးအချက်က လူသားစားခဲ့ကြတဲ့ အချက်ပဲ။ နှင်းတောထဲ အချိန်တစ်ခုထိ ရိက္ခာမရှိ နေလာရင်း ဘာမှမရှိတော့တဲ့အချိန် သူတို့ရွေးချယ်မှုက သေသွားတဲ့လူတွေကို စားဖို့ဖြစ်လာခဲ့တဲ့နောက် ဒီဖြစ်ရပ်ကို အဲဒီအချက်ကပဲ ပိုထူးခြားသွားစေခဲ့တယ်။ ဒီဖြစ်ရပ်ကနေ ရှင်ကျန်တဲ့သူ၁၆ယောက်ရှိတယ်။ ဒီထဲက ၁၅ယောက်နဲ့ ဒါရိုက်တာက စကားပြောခွင့်ရခဲ့သလို သူတို့ကိုရုံမတင်ခင် ကြိုလည်းပြခဲ့တယ်။ ဒီဖြစ်ရပ်အပေါ် ဒါရိုက်တာရဲ့အမြင်တွေက အဲဒီလူတွေဆီကလာတော့ ဒီဖြစ်ရပ်ရဲ့ အကျည်းတန်ခြင်းတွေကို ဒါရိုက်တာက သူတို့ရဲ့လုပ်ရပ်ကောင်းတွေနဲ့ပဲ ပြန်ဖုံးသွားခဲ့တယ်။ လူသားစားတဲ့ အခန်းတွေပါနေပေမဲ့ ဒီကိုဦးတည်မသွားခင် ပြသွားတဲ့အရာတွေရော နောက်မှာပြတဲ့အရာတွေရော၊ Narrative တွေရောက ဒီအကျည်းတန်ခြင်းကို စွ့န်လွှတ်အနစ်နာခံခြင်းအသွင်နဲ့ပဲ လူသားစားတာကို လူသားဆန်ဆန်ပြသွားတယ်။ ဒီလိုပြတာကိုကပဲ ဒီကားကို ထူးခြားစေတယ်။ ဒီလေယာဉ်တစ်စီးလုံးကလူတွေထဲက ခရီးသည်၄၀မှာ ရက်ဂီဘောလုံးအသင်းက လူ၁၉ယောက်ပါသလို ကျန်တဲ့လူတွေကလည်း သူတို့နဲ့ပတ်သက်ရာပတ်သက်ကြောင်းတွေဆိုတော့ ဒီလိုပြန်စားလိုက်တာက တော်တော်တော့ ခေါင်းကျိန်းစရာကောင်းပေမဲ့ အကျိုးနဲ့အကြောင်းနဲ့ပဲ လူသားဆန်အောင်ပြထားတယ်။ ရှင်သန်ချင်စိတ်တွေ၊ ရဲဝံ့မှုတွေ၊ ယုံကြည်ချက်တွေ၊ စွန့်လွှတ်ခြင်းတွေ၊ လူသားဆန်မှုတွေနဲ့ ဖြစ်ရပ်က ရက်စက်သလို ကားကလည်း Survival ကားပေမဲ့ တော်တော်လေး လူသားဆန်နေတယ်။ ဒီလိုထူးသွားလို့ပဲ အော်စကာ Shortlist ထဲ ဝင်သွားသလားတော့မသိဘူး။ Society of the Snow ဟာ အကျည်းတန်တဲ့ဇာတ်လမ်းတစ်ပုဒ်ကို လှပတဲ့အဖြေပေးသွားတဲ့ ဇာတ်လမ်းလို့ပြောရမယ်။ ဒီလိုအချင်းအရာမျိုးကို ကျွန်တော်တို့ ဒါဦးဆုံးတွေ့ဖူးတာလည်း မဟုတ်တော့ပါဘူး။ My Neighbor Totoro တို့လို အရှိတရားရဲ့ရက်စက်ခြင်းတွေကို အနုပညာက ထွက်ပေါက်တစ်ခုပေးသွားတဲ့ ရုပ်ရှင်မျိုးတွေ မြင်ရပေါင်းမနည်းတော့ပါဘူး။ ကမ္ဘာကြီးမှာ အကျည်းတန်တဲ့နေရာတွေရှိသလို လူသားမှာလည်း ရက်စက်တဲ့အခါတွေ မကင်းနိုင်ဘူး။ တစ်ခါတလေ အနုပညာက အဲဒီအတွက် ထွက်ပေါက်တစ်ခုတော့ ပေးနိုင်တတ်တယ်။ မလှပတဲ့အရာတွေကို လှပစေလိုက်တာမျိုးပေါ့။ Society of the Snow ဟာ ဒီဖြစ်ရပ်အတွက်ပေးသွားတဲ့ ထွက်ပေါက်တစ်ခုလို့ ယူဆလို့ရနိုင်ခဲ့ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.95GB, 990MB Quality – 1080p, 720p IMDb Rating – 8/10 Format – mp4 Duration – 2H 24Min Genre – Adventure, Drama, History Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

8 2023
Society of the Snow
Shaun of the Dead
7.9

ကဲ Three Flavours Cornetto Trilogy ထဲက ပထမဆုံးကားလာပါပြီ…. Cornetto Trilogy ဆိုတာကတော့ ဒါရိုက်တာ Edgar Wright ရိုက်ကူးပြီး မင်းသား Simon Pegg နဲ့ Nick Frost တို့အတွဲပါဝင်တဲ့ Shaun of The Dead (2004), Hot Fuzz (2007) နဲ့ The World’s End (2013) ဇာတ်ကားတွေပဲဖြစ်ပါတယ်။Trilogy ဆိုပေမယ့်တစ်ကားနဲ့တစ်ကားဆက်စပ်မှုတော့မရှိဘဲ အတည်ပေါက်ကြီးသရော်ထားတဲ့ရုပ်ရှင်အမျိုးအစားအဖြစ်သာ တူညီမှုရှိပါတယ်။ Shaun of The Dead (2004) ရုပ်ရှင်ကတော့ Cornetto Trilogy ရဲ့ ပထမဆုံးဇာတ်ကားဖြစ်တာနဲ့အညီ IMdb Rating (7.9) Rotten Tomatoes (92%) ထိ ရရှိခဲ့ပြီး အနုပညာအရည်အသွေးမြင့် Comedy Horror ရုပ်ရှင်ကားဖြစ်ခဲ့ပါတယ်…ရိုက်ကူးကုန်ကျစရိတ် Budget $6 million ပဲကုန်ကျခဲ့ပေမယ့် Box office $38.7 million ထိ ပြန်လည်ရရှိခဲ့တာကြောင့် ဝင်ငွေအရလဲအောင်မြင်ခဲ့ပြီး နောက်ဆက်ထွက်မယ့် ၂ ကားကိုလဲ ပံ့ပိုးနိုင်ခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့… ရှောင်ဆိုတဲ့ အသက်သုံးဆယ်ကျော် အရှုံးသမားတစ်ယောက်ဟာသူ့အချစ်ဆုံးသူငယ်ချင်း ငကြောင် အတ်ဒ်နဲ့ အတူနေထိုင်ပါတယ်။ သူ့မှာ ကြွားစရာဆိုလို့ သူ့ရည်းစား လစ်ဇ်ပဲရှိပါတယ်။ တစ်နေ့တော့ သူတို့ရဲ့ငကြောင်ကမ္ဘာထဲမှာ ဇွန်ဘီတွေ ပေါ်လာတဲ့အချိန်မှာတော့ ရှောင်တို့အဖွဲ့ အသက်ရှင်လွတ်မြောက်နိုင်မှာလား? ဇွန်ဘီတွေကြားထဲ သူတို့အဖွဲ့ ဘယ်လိုနှစ်ပါးသွားကြမလဲဆိုတာ….ရယ်မောပျော်ရွှင်အောင်ရိုက်ကူးထားပါတယ်။ Cornetto Trilogy ၃ ကားစလုံး အတည်ပေါက်နဲ့ရယ်နေရတာမလို့ လက်လွတ်မခံသင့်ပါဘူး။

Thriller • Crime • Drama
7.9 2004 99 mins
Shaun of the Dead
The Young Hoodlum
5.8

ဆင်းရဲမှာနဲ့ သေမှာ ဘယ်ဟာကိုကြောက်လဲ။ The Young Hoodlum ရုပ်ရှင်က က ဆယ်ကျော်သက်အရွယ် ကောင်လေး ၄ ယောက် ငွေနောက်လိုက်ပြီး လမ်းမှားပေါ် ရောက်သွားတဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- ဝူချန်ဟန့်ဟာ ညီမလေးရီရွှမ်းနဲ့အတူ အရက်သမားအဖေရဲ့ နှိပ်စက်သမျှ ခံနေရသူဖြစ်ပါတယ်။ နောက်ထပ် သူ့လို အောက်ခြေဘဝမှာ အတူတူကြီးပြင်းလာတဲ့ ညီအစ်ကိုလို ခင်ရတဲ့ သူငယ်ချင်း ၃ ယောက်လည်း ရှိပါသေးတယ်။ သူတို့ ၄ ယောက်ဟာ ငွေလွယ်လွယ်နဲ့ ရမဲ့ လိမ်လည်ရတဲ့ အလုပ်တွေကိုပဲ အပျော်လို့ သဘောထားပြီး လုပ်နေကြပါတယ်။ ရီရွှမ်းရဲ့ မွေးနေ့မှာ လျိုဖျင်ရန်ဆိုတဲ့ ကောင်မလေးနဲ့ ခင်သွားခဲ့ပြီး သူတို့ မမြင်ရတဲ့ ဘဝတစ်မျိုးကို မြင်ခဲ့ရပါတယ်။ ပိုက်ဆံကို လွယ်လွယ်နဲ့ ရှာခဲ့ပြီးနောက် လောဘဇောမသက်နိုင်ဖြစ်လာခဲ့ပါတယ်။ နောက်ဆုံးမှာ လျိုဖျင်ရန်က ဦးဆောင်ပြီး သူ့မိဘဆီက ပိုက်ဆံတောင်းဖို့ ပြန်ပေးဆွဲတဲ့ ဇာတ်လမ်းကို ကြံစည်ကြပါတော့တယ်။ ဒါပေမဲ့ လူ့စိတ်ဆိုတာ ခန့်မှန်းရခက်တဲ့အတွက် သူတို့ ပြန်ပေးဆွဲဖို့ အကြံအစည်က အောင်မြင်ပါ့မလား…… စနောက်ခြင်းကနေ ဒုစရိုက်အစစ် ကျူးလွန်မိသွားတဲ့အခါ ဘယ်လိုတွေ ဆက်ဖြစ်သွားမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

Comedy • Romance • Drama
5.8 2024
The Young Hoodlum
Close-Up
8.2

Close-Up (1990) ~ IMDb – 8.2/10, Rotten Tomatoes – 89% ~ အီရန်နယူးဝေ့ဟာ ၁၉၆၄မှာ Hajir Darioush ရဲ့ Serpent’s Skin နဲ့ စခဲ့တယ်။ ၆၅မှာပဲ သူက Social Documentaries နှစ်ကား ထပ်ရိုက်ခဲ့ပြီး Face 75 ကို ရိုက်ခဲ့တယ်။ ဒီရုပ်ရှင်တွေက အီရန်နယူးဝေ့ရဲ့ အုတ်မြစ်တွေလို့ အားလုံးလက်ခံထားကြတယ်။ နောက် Davoud Mollapour ရဲ့ Shohare Ahoo Khanoom ထွက်ပြီး ၁၉၆၉မှာ Dariush Mehrju က The Cow ကို ရိုက်ခဲ့တယ်။ အဲဒီမှာ အီရန်နယူးဝေ့က ခိုင်မာလာခဲ့တယ်။ ၁၉၇၀မှာတော့ Abbas Kiarostami က သူ့ရဲ့ပထမဆုံး ရုပ်ရှင်တို The Bread and Alley ကို ရိုက်ခဲ့တယ်။ အဲဒီနောက်ပိုင်း The Experience (1973), The Traveler (1974) အပါအဝင် တခြားရုပ်ရှင်ပေါင်းစုံ ဆက်တိုက်ဆိုသလို ဆက်ရိုက်ခဲ့တယ်။ ဒါပေမဲ့ Where is the Friend’s Home? (1987) ထွက်ပြီးနောက်ပိုင်းမှပဲ သူ့ကို နိုင်ငံတကာ ပရိသတ်က စလက်ခံခဲ့ကြတယ်။ အဲဒါနဲ့ခပ်ဆင်ဆင် Homework (1989) ဆိုတဲ့ ဒိုကူမန်ထရီတစ်ကားကိုရိုက်ခဲ့တယ်။ Close-Up (1990) ကလည်း ဒိုကူမန်ထရီလိုဖြစ်နေတော့ ဒီကာလမှာ သူ ဒိုကူမန်ထရီ ၂ကားဆက်တိုက်ရိုက်ခဲ့တယ်လို့ပြောရမယ်။ နောက် And Life Goes On (1992) နဲ့ Through the Olive Trees (1994) ကို ဆက်ရိုက်ခဲ့တယ်။ ဒီ၂ကားနဲ့ Where Is the Friend’s Home? (1987) က သူ့ရဲ့နာမည်ကျော် Koker Trilogy ဖြစ်လာခဲ့တယ်။ ဒီ Trilogy က ပြင်သစ်နဲ့ ဥရောပနိုင်ငံတွေမှာ အောင်မြင်ခဲ့တယ်။ နောက်ပိုင်း Taste of Cherry နဲ့ The Wind Will Carry Us တို့လို သူ့မာစတာပိစ်တွေကို ဆက်ရိုက်ခဲ့တယ်။ နောက် Ten (2002) နဲ့ Shirin (2008)… Certified Copy (2010) နဲ့ Like Someone in Love (2012) ကိုတော့ အီရန်ပြင်ပမှာ ရိုက်ခဲ့တယ်။ ၂၀၁၆မှာတော့ ဆုံးပါးသွားခဲ့ပြီး ၂၀၁၇မှာ သူ့ရဲ့နောက်ဆုံးရုပ်ရှင် 24 Frames ထွက်လာခဲ့တယ်။ ဒါက အီရန်နယူးဝေ့အစကနေ စရိုက်ခဲ့သလို အီရန်စီနီမာရဲ့ အခရာတစ်ယောက်ဖြစ်တဲ့ Abbas Kiarostami ရဲ့ ဒစ္စကိုဂရပ်ဖီပါပဲ။ Close-Up (1990) က တကယ့်အဖြစ်အပျက်ကို အဲဒီတကယ့်အဖြစ်အပျက်ထဲက လူတွေနဲ့ ဒိုကူမန်ထရီရိုက်ထားသလိုဖြစ်နေတဲ့ ဒိုကူမန်ထရီမကျ ဖစ်ရှင်မကျ ဒိုကူဖစ်ရှင် ရုပ်ရှင်အမျိုးအစားပဲ။ နာမည်ကျော် ရုပ်ရှင်ဒါရိုက်တာအယောင်ဆောင်ပြီး မိသားစုတစ်ခုကို လိမ်လည်ခဲ့တဲ့ လူတစ်ယောက်ရဲ့ လုပ်ရပ်ကို ခြေရာကောက်တဲ့အကြောင်း ရိုက်ပြထားတယ်။ ဒါပေမဲ့ ဒီလိုဖြစ်ရပ်ကို Abbas က စိတ်ဝင်စားစရာကောင်းအောင် Rashomon Effect သုံးပြီး တင်ပြသလို တင်ပြမှုမျိုးနဲ့ တင်ပြသွားခဲ့တယ်။ Abbas အတွက် ဒီကိစ္စက သိပ်တော့မဆန်းလှဘူး။ ကျွန်တော့်အမြင်အရတော့ သူရိုက်ခဲ့တဲ့ ရုပ်ရှင်တွေဟာ ဒိုကူမန်ထရီတွေသာ မဖြစ်နေမယ်။ ရုပ်ရှင်တစ်ခုကိုတင်ပြပုံထက် တကယ့်ဘဝကို တင်ပြပုံနဲ့ အမြဲတူနေလို့ပါပဲ။ တခြားအီရန်ဒါရိုက်တာတွေနဲ့ သူကွဲထွက်နေတဲ့ အဓိကအချက်ကလည်း ဒီအချက်လို့ပဲ မြင်တယ်။ ဒုက္ခကို ဇာတ်နာအောင် တင်ပြမှုများတတ်တဲ့ အီရန်ရုပ်ရှင်တွေထဲ Abbas ကတော့ ဒုက္ခကို တင်ပြပေမဲ့ ဇာတ်ကြောင်းပြောသူတစ်ယောက်အနေနဲ့မဟုတ်ဘဲ ဒီအဖြစ်ကို လိုက်ကြည့်နေတဲ့သူတစ်ယောက်အနေနဲ့ပဲ တင်ပြနေကျပဲ။ ပြောရရင် Abbas ဟာ လောကဓံတွေကို တင်ပြပေမဲ့ ဘယ်တော့မှ အဆိုးသက်သက်နဲ့ အဆုံးမသတ်သွားဘူး။ဒါကိုကလည်း ကမ္ဘာကြီးဆန်နေတာပါပဲ။ 24 Frames လို ရုပ်ရှင်ဟာ သူ့ရဲ့နောက်ဆုံးအဆင့်ဆိုရင် Abbas ဟာ ဒီတစ်လျှောက်လုံးမှာလည်း ရုပ်ရှင်ဟာ သေသပ်လှပစွာတည်ဆောက်ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်လို့ သူမမြင်သွားဘူးထင်ပါတယ်။ Close-Up (1990)ကလည်း လိမ်လည်မှုတစ်ခု တရားခွင်တစ်ခုကို တင်ဆက်ထားပေမဲ့ အဆိုးအကောင်းတွေအတွက် ဇာတ်ကြောင်းပြောသူဘက်က အကဲဖြတ်ခြင်းကို အတတ်နိုင်ဆုံးရှောင်ထားတဲ့ ဇာတ်လမ်းမဟုတ်တဲ့ ဇာတ်လမ်း ရုပ်ရှင်မဟုတ်တဲ့ ရုပ်ရှင်လို့ ပြောလို့ရတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 875MB Quality – BluRay 1080p, 720p IMDb Rating – 8.2/10 Format – mp4 Duration – 1H 38Min Genre – Docudrama, Biography, Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

8.2 1990 98 mins
Close-Up
Colonia
7

Colonia (2015) ~ IMDb rating – 7/10 ~ ကျွန်တော်တို့ အရွယ်ပတ်ချာလည် လူတိုင်းရဲ့ Crush စုန်းမလေး Emma Watson သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးပါ။ ချီလီနိုင်ငံမှာ တကယ်ရှိခဲ့တဲ့ အကြောင်းအရာကို အခြေခံပြီး ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအခြေတည်ထားရာကတော့ ချီလီမှာ စစ်တပ်က အာဏာသိမ်းပြီး နိုင်ငံရေးအကျဉ်းသားတွေ ဒါမှမဟုတ် အစိုးရနဲ့ ပြဿနာရှိတဲ့သူတွေကို ဖမ်းထည့်ပြီး နှိပ်စက် အစဖျောက်ပစ်တဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ Colonia Dignidad ဆိုတဲ့ လျှို့ဝှက် အကျဉ်းစခန်းတစ်ခုအကြောင်းပေါ့။ ဇာတ်ကားမှာတော့ မမ Emma က လေယာဉ်မယ်။ သူ့ရဲ့ ရည်းစားက ချီလီမှာ ဆန္ဒပြတာကို ကူပေးနေတဲ့ ဓာတ်ပုံဆရာ။ သူတို့နှစ်ယောက် အာဏာသိမ်းတဲ့အချိန်နဲ့ကြုံပြီး နှစ်ယောက်လုံး ဖမ်းခံရတဲ့ထဲပါသွားတယ်။ ဓာတ်ပုံဆရာက လှုပ်ရှားသူထဲမှာပါလို့ အဖမ်းခံလိုက်ရပြီး လေယာဉ်မယ်က လွတ်လာတယ်။ ဘယ်ကိုဖမ်းခေါ်သွားလဲဆိုတာ စုံစမ်းကြည့်ရင်း ဘာသာရေးအဖွဲ့ဟန်ဆောင်ထားတဲ့ Colonia Dignidad အကြောင်းကိုသိလာရတယ်။ ဘာသာရေးအဖွဲ့လို့ ဟန်ဆောင်ထားတော့ သူ့ရည်းစားကို ကယ်ဖို့အတွက် အဲဒီအဖွဲ့ထဲဝင်ပြီး နှစ်ယောက်သား လွတ်အောင် ဘယ်လိုကြံကြလဲ ကြည့်ရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 930MB Quality – BluRay HEVC 1080p, 720p IMDb Rating – 7/10 Format – mp4 Duration – 1H 50Min Genre – Political Thriller, Biography, Drama, History, Romance, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

7 2015 106 mins
Colonia
The Three Stooges Go Around the World in a Daze
6.2

ဘဝအမောတွေပြေစေဖို့ 1963 ခုနှစ်မှာထွက်ရှိခဲ့တဲ့ The Three Stooges ရုပ်ရှင်ကိုတင်ဆက်ပေးလိုက်ပါတယ်။ The Three Stooges ဆိုတာနဲ့ကို ဇာတ်ဝင်ခန်းတိုင်းမှာ အလွဲလွဲအချော်ချော်နဲ့ ရယ်ရယ်မောမောကြည့်ရှုကြရမယ်ဆိုတာ သိကြပြီးသားဖြစ်မှာပါ။ ဒီရုပ်ရှင်ကတော့ ကမ္ဘာပတ်လည် ရက် ၈၀ စာအုပ်ကို ပြန်ရိုက်ထားတာဖြစ်ပြီး ဖီးလီးယက်စ် ဖော့ဂ်ရဲ့ မြစ်ဖြစ်သူ တတိယ ဖိးလီးယက်စ် ဖော့ဂ်ရဲ့ ရက် ၈၀ အတွင်း ကမ္ဘာပတ်ခရီးစဉ်ကို ကြည့်ရှုကြရမှာပါ။ Three Stooges ကတော့ ဖော့ဂ်ရဲ့ အစေခံတွေနေရာကနေ သရုပ်ဆောင်ထားပြီး သူတို့သခင်လေးရဲ့ခရီးစဉ်မှာ ဘယ်လိုလိုက်လံကူညီကြမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File Size : 2.5 GB, 1.9 GB Quality : WEB-DL 1080p / 720p Running Time : 1hr 34min Format : Mp4 Genre : Adventure, Comedy, Family Subtitle : Myanmar Subtitle (Hard Sub) Translated by : TMMT Encode by : Thit San Khant

6.2 1963 94 mins
The Three Stooges Go Around the World in a Daze
Dick Dynamite: (2023)
5

ဒီတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Dick Dynamite 1944 လို့ အမည်ရတဲ့ ဒုတိယကမ္ဘာစစ်နောက်ခံ Action/Comedy ကားလေးပဲဖြစ်ပါတယ်… အမေရိကန်ပြည်ထောင်စုအပေါ် နာဇီတို့ရဲ့ လူသားစား Zombie အဖြစ်ပြောင်းလဲနိုင်တဲ့ ဇီဝဓာတုဗုံးကြဲမည့် စီမံကိန်းကို တားဆီးဖို့ Dick Dynamite နဲ့ သူ့ရဲ့လက်မရွံ့အဖွဲ့တို့ အသက်စွန့်ကြိုးပမ်းကြပုံကို ဇာတ်ကောင်များများနဲ့ ဟာသနှောကာ မြူးမြူးကြွကြွတင်ဆက် ရိုက်ကူးထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်… သွေးသံတရဲရဲနဲ့ကိုယ်လက်အင်္ဂါအပြတ်အတောက်တွေ စကားလုံး ညစ်ညစ်ညမ်းညမ်းတွေ တင်းကြမ်းပါဝင်ပြီး ဇာတ်ကောင်တွေရဲ့ အရွှန်းဖောက်မှုနဲ့ ပေါ့ပေါ့ပါးပါးရယ်ရယ်မောမော ကြည့်ရှုရမယ့် ဒီဇာတ်ကားလေးဟာ အဓိပ္ပါယ်နက်နက်နဲနဲတွေမပါဘဲ စိတ်အပန်းပြေရုံ ကြည့်ရှုခံစားလိုတဲ့ ရုပ်ရှင်ချစ်ပရိသတ်များအတွက် သင့်တော်တဲ့ရုပ်ရှင် ကားလေးဖြစ်ကြောင်း ညွှန်းဆိုလိုက်ရပါတယ်…….. File size… (2.45GB) / (1.25GB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 29m Genre …..Action , Comedy , Horror , Sci-Fi , War Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet

5 1944 87 mins
Dick Dynamite: (2023)